208

Uni
======
အပိုင်း (၂၀၈)      လာနှုတ်ဆက်တာ


    အဲ့ဒီ့အချိန်မှာ သွေးလက်ဝါးအဖွဲ့အစည်းလက်ရွေးစင်တွေက မျှော်စင်နက်အနီးမှာရှိတဲ့ ရုံးအဆောက်ဦးတစ်ခုရဲ့ အစည်းအဝေးခန်းကျယ်တစ်ခုထဲမှာ စုဝေးနေကြပါတယ်  သူတို့တွေကဒီနေရာကနေ မျှော်စင်နက်ကိုစောင့်ကြည့်ကြတာပါ


   တစ်ခုခုဖြစ်တာနဲ့ ဒီလက်ရွေးစင်တွေကို ချက်ချင်းတပ်ဖြန့်လိုက်လို့ရပါတယ်


  "ဘန်း"
   လူလိုင်ဆက်သွယ်ရေးကိရိယာအသံမြည်ပြီး ပုံရိပ်တစ်ခုက ချက်ချင်းပေါ်လာခဲ့ပါတယ် ဒီလူရိပ်ကတော့ ရှပင်ဘဲဖြစ်ပါတယ်


    "မင်းလား?"
    သူ့ဆက်သွယ်ရေးကိရိယာမှာပေါ်လာတဲ့ လူရိပ်ကိုကြည့်ပြီး လူလိုင်ကရုတ်တရက်လန့်ပြီး မျက်နှာတွေမဲနက်သွားတယ် သူ့ကိုသတ်မယ်ဆိုရင်တောင် ရှပင်သူ့ကိုဆက်သွယ်လာလိမ့်မယ်လို့ မထင်ထားပါဘူး


    တခြားသွေးလက်ဝါးအဖွဲ့အစည်းလက်ရွေးစင်တွေကလည်း အလွန်အံ့အားသင့်သွားကြတယ် ဘာမှမပြောဘဲပျောက်ကွယ်သွားတယ်လို့ သူတို့ထင်ထားတဲ့အဖော်မဲ့သိုင်းသမားက ဒီနေရာမှာမထင်မှတ်ဘဲ ပေါ်လာခဲ့ပါတယ် ဒါဘာကြောင့်လဲဆိုတာ သူတို့မသိပါဘူး


    "ဟုတ်တယ် ငါဘဲ"
    ရှပင်ကလူလိုင်ကိုအသာကြည့်လိုက်ပြီး "မင်းလည်းသိလိမ့်မယ်လို့ငါထင်တယ် မျှော်စင်နက်ထဲမှာငါ့ကိုတစ်လတိတိဝိုင်းထားရုံတင်မကဘဲငါ့ကိုသတ်ဖို့ပါကြိုးစားသေးတဲ့အတွက် ဒီစရင်းကိုငါမင်းနဲ့ကောင်းကောင်းရှင်းရမယ်"


    "ငါနဲ့စာရင်းရှင်းမယ်?"
    အဲလိုကြားတာနဲ့ လူလိုင်က အကျယ်ကြီးအော်ရယ်ကာ "ကောင်းလေးမင်းတော့ရူးသွားပြီဘဲ တကယ်တမ်းမင်းဘာနည်းလမ်းကိုသုံးပြီးတော့ ငါတို့သွေးလက်ဝါးအဖွဲ့ရဲ့ စောင့်ကြည့်မှုကိုရှောင်ပြီးမျှော်စင်နက်ထဲကနေ မင်းထွက်သွားလဲဆိုတာငါမသိဘူး"


    "ဒါပေမယ့် မင်းထွက်ပြေးပြီးမှတော့ ကြွက်တစ်ကောင်လိုတိုးတိုးတိတ်တိတ်နဲ့ မထုတ်ဖေါ်မိစေနဲ့ အဲ့လိုဆိုရင်တော့မင်းအသက်ရှင်နိုင်လိမ့်မယ်"

   "အခုမင်းက မထင်မှတ်ဘဲငါ့ကိုခေါ်ရဲပြီးတော့ စာရင်းပါရှင်းချင်သေးတယ်ပေါ့လေ ဒီလောက်လေကြီးနေရအောင် မင်းကြက်သွန်ဖြူတွေစားထားတာလား မင်းကမဆင်မခြင်လုပ်လိုက်တဲ့ကောင်ဘဲ" 


    တခြားသွေးလက်ဝါးအဖွဲ့အစည်း လက်ရွေးစင်တွေကလည်း သရော်လိုက်ကြတယ် ဒီကောင့်လိုသိုင်းပညာရှင်အဆင့်၁က သူတို့သွေးလက်ဝါးအဖွဲ့အစည်းရှေ့မှာ သူတို့ဖင်လောက်တောင် ဘောင်မဝင်ပါဘူး


    သူပြေးလို့လွတ်လို့ အသက်ရှင်နိုင်ရင်တောင် ကံအရမ်းကြီးတယ်လို့ပြောရမှာပါ 


    အခုတော့မထင်ထားဘဲ ဒီကောင်လေးက မကြောက်မရွံ့နဲ့ ပွင့်ပွင့်လင်းလင်းသူတို့ကို စာရင်းရှင်းဖို့ မေးရဲပါတယ် ဒါလုံးဝကိုဟာသလုပ်နေတာပါ ရူးနေတဲ့ကောင်ကသာဒီလိုစကားမျိုးပြောဆိုရဲမှာပါ


   တကယ်လို့ဒီကောင်သူတို့အရှေ့ကိုရောက်လာရဲရင် တစ်ချက်တည်းနဲ့တင် ဖျက်ဆီးပစ်ဖို့လုံလောက်ပါတယ်
  
    အနာဂတ်ဘုရင်ရင်အဆင့်ကျင့်ကြံသူဖြစ်လာမဲ့ ပါရမီရှင်တစ်ယောက်ကို ဖျက်ဆီးနိုင်ဖို့အတွက်သူတို့တွေက အလွန်အမင်းစိတ်လှုပ်ရှားနေကြပါတယ် ဘဝရဲ့နှစ်ပေါင်းများစွာမှာ ဒီလိုအခွင့်ရေးမျိုးဘယ်မှာမှ ရှာလို့မရပါဘူး


    "မဆင်မခြင်လုပ်တယ်ပေါ့လေ?"
    ရှပင်က လူလိုင်ကိုအေးစက်စွာကြည့်ကာ "ငါ့ကိုသတ်ချင်ရင် မင်းတို့သွေးလက်ဝါးအဖွဲ့အစည်းလောက်နဲ့ အဆင့်မမှီသေးဘူးလို့ ငါပြောထားလိုက်မယ်"


   "ငါ့ကိုဒေါသထွက်အောင်လုပ်ရင် ပြင်းထန်တဲ့တန်ဖိုးပေးဆပ်ရလိမ့်မယ်"


    "ဒီညက မင်းတို့သွေးလက်ဝါးအဖွဲ့ဝင်တွေအတွက်အိပ်မက်ဆိုးတွေပြည့်နေမဲ့ညမဲ့ လူလိုင်ဆိုတဲ့မင်းလည်းသေရမယ်" ရှပင်ရဲ့အေးစက်မှောင်မိုက်တဲ့လေသံက လေဟာနယ်ထဲကိုစိမ့်ဝင်ပြီး ပတျလညျကလူတှကျေို ကြောက်ရွံ့တုန်လှုပ်သွားစေပါတယ်


    "ရယ်စရာကောင်းလိုက်တာ မင်းရဲ့ခွန်အားလောက်နဲ့ ဘာလုပ်နိုင်မှာလဲ............." လူလိုင်ကက ဒီကောင်ကရန်လိုတဲ့စကားတွေပြောပြီး သူ့ရဲ့သွေးလက်ဝါးအဖွဲ့အစည်းကို မလှုပ်ခတ်နိုင်ဘူးလို့တွေးလိုက်ပြီး ရှပင်ကိုအထင်သေးနေပါတယ်
   
    သူ့သွေးလက်ဝါးအဖွဲ့က လနက်မြို့ရဲ့အကြီးဆုံးမြေအောက်အဖွဲ့အစည်းတွေထဲကတစ်ခုဖြစ်ပြီး ကျွမ်းကျင်သူတွေကတိမ်တွေလိုပေါများကာ လက်နက်တွေလည်း အမြောက်အများပိုင်ဆိုင်ပါတယ် သူ့အဖေကတောင်သိုင်းပညာရှင်ကောင်းကင်ဘုံအလွှာအဆင့်ကိုး ကျင့်ကြံသူပါ


    ဒီကောင့်လိုသိုင်းပညာရှင်အဆင့်၁အမှိုက်လေးက သူ့သွေးလက်ဝါးအဖွဲ့ကို လှုပ်ခါပြီး လူလိုင်ဆိုတဲ့သူ့အသက်ကိုလိုချင်နေတာ အိပ်မက်မက်နေတာမဟုတ်လို့ ဘာဖြစ်ရမှာလဲ


    "သခင်လေးလူ မြန်မြန်ကြည့်လိုက်စမ်း အပြင်ကနေအရာတစ်ခုလာနေတယ်" လက်အောက်ငယ်သားတစ်ယောက်က ရုတ်တရက်အော်ဟစ်လိုက်တယ်


    "ဘာ?"
    အဲလိုကြားတာနဲ့ လူလိုင်ကဖန်တံခါးအပြင်ကိုကြည့်လိုက်တာနဲ့ အနီရောင်အလင်းတန်းတစ်ခုက ကြယ်ကြွေသလိုကောင်းကင်ကနေကျလာတာကို တွေ့လိုက်ရတယ်


    အဲ့တာကြီးကဒုံးကျည်လိုကျလာနေတဲ့ဖရဲသီးအရွယ်ကျောက်တုံးကြီးတစ်ခုဖြစ်ပြီး အသံထက် မြန်တဲ့အရှိန်နဲ့ ထိုးကျလာပါတယ်


    သူ့အရှိန်ကအရမ်းမြန်တဲ့အတွက်ကြောင့် လေနဲ့ပွတ်တိုက်ပြီး ကျောက်တုံးတစ်ခုလုံးမီးလောင်ကျွမ်းတာ တဖြည်းဖြည်းအပိုင်းအစတွေကွဲထွက်ပြီး နောက်ဆုံးပုတိးစေ့အရွယ်ဘဲ ကျန်ပါတော့တယ်


    "မြန်မြန်ပုန်းကြစမ်း မြန်မြန်ရှောင်ကြ" ဒီအခြေနေကိုမြင်တာနဲ့ လူလိုင်ကအန္တရာယ်ကိုခံစားလိုက်ရပြီး အော်ဟစ်ကာကြမ်းပြင်ပေါ်ကိုဝပ်ချလိုက်တယ်


    ကျောက်တုံးက အဆောက်အဦးဖန်တံခါးတွေဖျက်စီးပြီး တံခါးနားမှာရပ်နေတဲ့ သိုင်းပညာရှင်အဆင့်၁ လူလတ်ပိုင်းလူကြီးကို လာထိမှန်ပါတယ် သူကဘာတစ်ခါမသိလိုက်တာကြောင့် လုံးဝကိုမတုံ့ပြန်နိုင်လိုက်ပါဘူး

    ချက်ချင်းဘဲ သူ့ခေါင်းတစ်ခုလုံဖရဲသီးကွဲသလို ပေါက်ကွဲပြီး ဦးနှောက်အရည်တွေပေါက်ထွက်လာပါတယ်


    ဒါပေမယ့်လည်း ဒီကျောက်တုံးအရှိန်က မရပ်သေးဘဲ အတန်းလိုက်တန်းစီရပ်နေတဲ့ နောက်ထပ် သွေးလက်ဝါးအဖွဲ့လက်ရွေးစင်နှစ်ယောက်ကို" ဘန်း ဘန်း " နဲ့ဆို တစ်ယောက်ပြီးတစ်ယောက်ဖောက်ဝင်ပြီး ရင်ဘတ်မှာ သွေးပေါက်ကြီးတွေပေါ်လာပါတယ်


    အလောင်းနှစ်ခုက အပေါ်အောက်ပြောင်းပြန်လှန်ကာ ဘိလပ်မြေနံရံနဲ့ရုတ်တရက်သွားစောင့်ပြီး လူပုံစံချိုင့်ကြီးပေါ်လာပါတယ်


     ဒီကျောက်တုံးကနံရံကို တိုက်ရိုက်ဖေါက်ဝင်ပြီးနံရံမှာအက်ကွဲကြောင်းတွေပေါ်လာကာ နောက်ထပ်အဆောက်အဦးနံရံတစ်ခုကို ဖောက်ဝင်သွားပါတယ်
   
    ဆန့်ကျင်ဘက်အဆောက်အဦးမှာလည်း အက်ကွဲကြောင်းတွေပေါ်လာခဲ့ပါတယ်


    "ဒါ ဒါ"
    အစည်းဝေးခန်းထဲက သွေးလက်ဝါးအဖွဲ့လက်ရွေးစင်တစ်ယောက်ချင်းစီက ဒီမယုံနိုင်စရာမြင်ကွင်းကို ပါးစပ်အဟောင်းသားနဲ့ကြည့်လိုက်ကြတယ် ကျောက်တုံးတစ်တုံးနဲ့တင် သွေးလက်ဝါးအဖွဲ့အစည်းလက်ရွေးစင်သုံးယောက်ကို ခုခံချိန်တောင်မရဘဲဆက်တိုက် သတ်သွားပါတယ်


    တစ်ယောက်ကခေါင်းပေါက်ထွက်ပြီး နောက်နှစ်ယောက်က နှလုံးတွေပေါက်ထွက်ကာ သွေးတွေ စီးကျနေပါတယ် အသက်ရှင်ကျန်ခဲ့တဲ့သူတွေက သူတို့ရဲ့ခြေထောက်အောက်ကကြမ်းပြင်ကနေ အေးစက်မှုတွေကိုခံစားလိုက်ရပါတယ်


    ဒီအဖော်မဲ့သိုင်းသမားက အရမ်းကြောက်စရာကောင်းပါတယ်


    "အဖော်မဲ့သိုင်းသမား မင်းသေချင်နေတာဘဲ ဒါသေချင်နေတာဘဲ မင်းသိလား"
    သူ့လက်ရွေးစင်သုံးယောက်သေသွားတာကို မြင်တာနဲ့ လူလိုင်ကပူပင်သောကရောက်ပြီး ဒေါသမထိန်းနိုင်ဘဲအော်ဟစ်လိုက်တယ်


    အစကတော့ဒီကောင်က သူ့သားကောင်ဖြစ်ပြီး လှောင်ပိတ်ခံထားရတဲ့ငါးလို သူ့စိတ်တိုင်းကျသတ်လို့ရတဲ့ကောင်ပါ အခုတော့မထင်မှတ်ဘဲ သူကသားကောင်ဖြစ်သွားပြီး လက်အောက်ငယ်သားသုံးယောက်အသတ်ခံလိုက်ရပါတယ်


    ဒီလိုရလဒ်မျိုးကို သူဘယ်လိုလုပ်လက်ခံနိုင်မှာလဲ


    "စိတ်မပူနဲ့ ဒါနှုတ်ဆက်တာဘဲရှိသေးတယ် ဒီညကအရမ်းရှည်တဲ့အတွက် ငါတို့တွေဖြည်းဖြည်းချင်းအချိန်ယူလို့ရတယ် ဒီညကမင်းမှတ်ညဏ်ထဲမှာအသစ်ဖြစ်နေမဲ့ ညဖြစ်ရမယ်လို့ငါပြောသားဘဲ" ရှပင်ကဆက်သွယ်ရေးကိရိယာကနေပြောလိုက်တယ်


   "နှုတ်ဆယ်တယ်ယုတ်လား ကောင်းတယ်နှုတ်ဆက်တာ အရမ်းမောက်မာတဲ့ကောင်ဘဲ"


    ဘန်းကနဲ့ဆို လူလိုင်ကသူ့လက်ထဲက ဆက်သွယ်ရေးကိရိယာကိုရိုက်ချေလိုက်တယ် သူ့လိုသွေးလက်ဝါးအဖွဲ့အိမ်ရှေ့စံက တစ်ခါမှဒီလိုအရှက်မကွဲဖူးပါဘူး


    သူ့လူတွေကို မျက်စိရှေ့မှာအသတ်ခံလိုက်ရတာတောင် သူဘာမှမလုပ်နိုင်ပါဘူး


    "သခင်လေးလူ ငါတို့ရှာတွေ့ပြီ"
    "သူ့ရဲ့အချက်ပြမှုကို ခြေရာခံပြီးနောက်မှာ အဲ့မျိုးမစစ်က ငါးကီလိုမီတာအကွာမှာရှိတဲ့ အဆောင်အဦးတစ်ခုရဲ့ ထိပ်ဆုံးအထက်ကနေ ငါတို့ကိုစောင့်ကြည့်နေတာကို တွေ့တယ်"


    ငါးကီလိုမီတာအကွာ?
    ဒါကိုကြားတာနဲ့ ဒီနေရာမှာရှိနေကြတဲ့လူတွေကလုံး ထိတ်လန့်သွားကြတယ် ငါးကီလိုမီတာအကွာကနေ လူသုံးယောက်ကိုသူပစ်သတ်နိုင်တာ ဘယ်လိုတောင်ကြောက်ဖို့ကောင်းတဲ့ သိုင်းပညာခွန်အားပါလဲ?


   ဒါကအိပ်မက်ဆိုးအဆင့်စမ်းသပ်မှုကိုကျော်ဖြတ်နိုင်တဲ့ ပါရမီရှင်တစ်ယောက်ရဲ့ခွန်အားလားလို့ သူတို့တွေးလိုက်ကြတယ်


                            ............................


Zg
======
အပိုင္း (၂၀၈)      လာႏႈတ္ဆက္တာ


    အဲ့ဒီ့အခ်ိန္မွာ ေသြးလက္ဝါးအဖြဲ႕အစည္းလက္ေ႐ြးစင္ေတြက ေမွ်ာ္စင္နက္အနီးမွာရွိတဲ့ ႐ုံးအေဆာက္ဦးတစ္ခုရဲ႕ အစည္းအေဝးခန္းက်ယ္တစ္ခုထဲမွာ စုေဝးေနၾကပါတယ္  သူတို႔ေတြကဒီေနရာကေန ေမွ်ာ္စင္နက္ကိုေစာင့္ၾကည့္ၾကတာပါ


   တစ္ခုခုျဖစ္တာနဲ႕ ဒီလက္ေ႐ြးစင္ေတြကို ခ်က္ခ်င္းတပ္ျဖန့္လိုက္လို႔ရပါတယ္


  "ဘန္း"
   လူလိုင္ဆက္သြယ္ေရးကိရိယာအသံျမည္ၿပီး ပုံရိပ္တစ္ခုက ခ်က္ခ်င္းေပၚလာခဲ့ပါတယ္ ဒီလူရိပ္ကေတာ့ ရွပင္ဘဲျဖစ္ပါတယ္


    "မင္းလား?"
    သူ႕ဆက္သြယ္ေရးကိရိယာမွာေပၚလာတဲ့ လူရိပ္ကိုၾကည့္ၿပီး လူလိုင္က႐ုတ္တရက္လန့္ၿပီး မ်က္ႏွာေတြမဲနက္သြားတယ္ သူ႕ကိုသတ္မယ္ဆိုရင္ေတာင္ ရွပင္သူ႕ကိုဆက္သြယ္လာလိမ့္မယ္လို႔ မထင္ထားပါဘူး


    တျခားေသြးလက္ဝါးအဖြဲ႕အစည္းလက္ေ႐ြးစင္ေတြကလည္း အလြန္အံ့အားသင့္သြားၾကတယ္ ဘာမွမေျပာဘဲေပ်ာက္ကြယ္သြားတယ္လို႔ သူတို႔ထင္ထားတဲ့အေဖာ္မဲ့သိုင္းသမားက ဒီေနရာမွာမထင္မွတ္ဘဲ ေပၚလာခဲ့ပါတယ္ ဒါဘာေၾကာင့္လဲဆိုတာ သူတို႔မသိပါဘူး


    "ဟုတ္တယ္ ငါဘဲ"
    ရွပင္ကလူလိုင္ကိုအသာၾကည့္လိုက္ၿပီး "မင္းလည္းသိလိမ့္မယ္လို႔ငါထင္တယ္ ေမွ်ာ္စင္နက္ထဲမွာငါ့ကိုတစ္လတိတိဝိုင္းထား႐ုံတင္မကဘဲငါ့ကိုသတ္ဖို႔ပါႀကိဳးစားေသးတဲ့အတြက္ ဒီစရင္းကိုငါမင္းနဲ႕ေကာင္းေကာင္းရွင္းရမယ္"


    "ငါနဲ႕စာရင္းရွင္းမယ္?"
    အဲလိုၾကားတာနဲ႕ လူလိုင္က အက်ယ္ႀကီးေအာ္ရယ္ကာ "ေကာင္းေလးမင္းေတာ့႐ူးသြားၿပီဘဲ တကယ္တမ္းမင္းဘာနည္းလမ္းကိုသုံးၿပီးေတာ့ ငါတို႔ေသြးလက္ဝါးအဖြဲ႕ရဲ႕ ေစာင့္ၾကည့္မႈကိုေရွာင္ၿပီးေမွ်ာ္စင္နက္ထဲကေန မင္းထြက္သြားလဲဆိုတာငါမသိဘူး"


    "ဒါေပမယ့္ မင္းထြက္ေျပးၿပီးမွေတာ့ ႂကြက္တစ္ေကာင္လိုတိုးတိုးတိတ္တိတ္နဲ႕ မထုတ္ေဖၚမိေစနဲ႕ အဲ့လိုဆိုရင္ေတာ့မင္းအသက္ရွင္နိုင္လိမ့္မယ္"

   "အခုမင္းက မထင္မွတ္ဘဲငါ့ကိုေခၚရဲၿပီးေတာ့ စာရင္းပါရွင္းခ်င္ေသးတယ္ေပါ့ေလ ဒီေလာက္ေလႀကီးေနရေအာင္ မင္းၾကက္သြန္ျဖဴေတြစားထားတာလား မင္းကမဆင္မျခင္လုပ္လိုက္တဲ့ေကာင္ဘဲ" 


    တျခားေသြးလက္ဝါးအဖြဲ႕အစည္း လက္ေ႐ြးစင္ေတြကလည္း သေရာ္လိုက္ၾကတယ္ ဒီေကာင့္လိုသိုင္းပညာရွင္အဆင့္၁က သူတို႔ေသြးလက္ဝါးအဖြဲ႕အစည္းေရွ႕မွာ သူတို႔ဖင္ေလာက္ေတာင္ ေဘာင္မဝင္ပါဘူး


    သူေျပးလို႔လြတ္လို႔ အသက္ရွင္နိုင္ရင္ေတာင္ ကံအရမ္းႀကီးတယ္လို႔ေျပာရမွာပါ 


    အခုေတာ့မထင္ထားဘဲ ဒီေကာင္ေလးက မေၾကာက္မ႐ြံ႕နဲ႕ ပြင့္ပြင့္လင္းလင္းသူတို႔ကို စာရင္းရွင္းဖို႔ ေမးရဲပါတယ္ ဒါလုံးဝကိုဟာသလုပ္ေနတာပါ ႐ူးေနတဲ့ေကာင္ကသာဒီလိုစကားမ်ိဳးေျပာဆိုရဲမွာပါ


   တကယ္လို႔ဒီေကာင္သူတို႔အေရွ႕ကိုေရာက္လာရဲရင္ တစ္ခ်က္တည္းနဲ႕တင္ ဖ်က္ဆီးပစ္ဖို႔လုံေလာက္ပါတယ္
  
    အနာဂတ္ဘုရင္ရင္အဆင့္က်င့္ႀကံသူျဖစ္လာမဲ့ ပါရမီရွင္တစ္ေယာက္ကို ဖ်က္ဆီးနိုင္ဖို႔အတြက္သူတို႔ေတြက အလြန္အမင္းစိတ္လႈပ္ရွားေနၾကပါတယ္ ဘဝရဲ႕ႏွစ္ေပါင္းမ်ားစြာမွာ ဒီလိုအခြင့္ေရးမ်ိဳးဘယ္မွာမွ ရွာလို႔မရပါဘူး


    "မဆင္မျခင္လုပ္တယ္ေပါ့ေလ?"
    ရွပင္က လူလိုင္ကိုေအးစက္စြာၾကည့္ကာ "ငါ့ကိုသတ္ခ်င္ရင္ မင္းတို႔ေသြးလက္ဝါးအဖြဲ႕အစည္းေလာက္နဲ႕ အဆင့္မမွီေသးဘူးလို႔ ငါေျပာထားလိုက္မယ္"


   "ငါ့ကိုေဒါသထြက္ေအာင္လုပ္ရင္ ျပင္းထန္တဲ့တန္ဖိုးေပးဆပ္ရလိမ့္မယ္"


    "ဒီညက မင္းတို႔ေသြးလက္ဝါးအဖြဲ႕ဝင္ေတြအတြက္အိပ္မက္ဆိုးေတြျပည့္ေနမဲ့ညမဲ့ လူလိုင္ဆိုတဲ့မင္းလည္းေသရမယ္" ရွပင္ရဲ႕ေအးစက္ေမွာင္မိုက္တဲ့ေလသံက ေလဟာနယ္ထဲကိုစိမ့္ဝင္ၿပီး ပတ်လည်ကလူတွေက်ို ေၾကာက္႐ြံ႕တုန္လႈပ္သြားေစပါတယ္


    "ရယ္စရာေကာင္းလိုက္တာ မင္းရဲ႕ခြန္အားေလာက္နဲ႕ ဘာလုပ္နိုင္မွာလဲ............." လူလိုင္ကက ဒီေကာင္ကရန္လိုတဲ့စကားေတြေျပာၿပီး သူ႕ရဲ႕ေသြးလက္ဝါးအဖြဲ႕အစည္းကို မလႈပ္ခတ္နိုင္ဘူးလို႔ေတြးလိုက္ၿပီး ရွပင္ကိုအထင္ေသးေနပါတယ္
   
    သူ႕ေသြးလက္ဝါးအဖြဲ႕က လနက္ၿမိဳ႕ရဲ႕အႀကီးဆုံးေျမေအာက္အဖြဲ႕အစည္းေတြထဲကတစ္ခုျဖစ္ၿပီး ကြၽမ္းက်င္သူေတြကတိမ္ေတြလိုေပါမ်ားကာ လက္နက္ေတြလည္း အေျမာက္အမ်ားပိုင္ဆိုင္ပါတယ္ သူ႕အေဖကေတာင္သိုင္းပညာရွင္ေကာင္းကင္ဘုံအလႊာအဆင့္ကိုး က်င့္ႀကံသူပါ


    ဒီေကာင့္လိုသိုင္းပညာရွင္အဆင့္၁အမွိုက္ေလးက သူ႕ေသြးလက္ဝါးအဖြဲ႕ကို လႈပ္ခါၿပီး လူလိုင္ဆိုတဲ့သူ႕အသက္ကိုလိုခ်င္ေနတာ အိပ္မက္မက္ေနတာမဟုတ္လို႔ ဘာျဖစ္ရမွာလဲ


    "သခင္ေလးလူ ျမန္ျမန္ၾကည့္လိုက္စမ္း အျပင္ကေနအရာတစ္ခုလာေနတယ္" လက္ေအာက္ငယ္သားတစ္ေယာက္က ႐ုတ္တရက္ေအာ္ဟစ္လိုက္တယ္


    "ဘာ?"
    အဲလိုၾကားတာနဲ႕ လူလိုင္ကဖန္တံခါးအျပင္ကိုၾကည့္လိုက္တာနဲ႕ အနီေရာင္အလင္းတန္းတစ္ခုက ၾကယ္ေႂကြသလိုေကာင္းကင္ကေနက်လာတာကို ေတြ႕လိုက္ရတယ္


    အဲ့တာႀကီးကဒုံးက်ည္လိုက်လာေနတဲ့ဖရဲသီးအ႐ြယ္ေက်ာက္တုံးႀကီးတစ္ခုျဖစ္ၿပီး အသံထက္ ျမန္တဲ့အရွိန္နဲ႕ ထိုးက်လာပါတယ္


    သူ႕အရွိန္ကအရမ္းျမန္တဲ့အတြက္ေၾကာင့္ ေလနဲ႕ပြတ္တိုက္ၿပီး ေက်ာက္တုံးတစ္ခုလုံးမီးေလာင္ကြၽမ္းတာ တျဖည္းျဖည္းအပိုင္းအစေတြကြဲထြက္ၿပီး ေနာက္ဆုံးပုတိးေစ့အ႐ြယ္ဘဲ က်န္ပါေတာ့တယ္


    "ျမန္ျမန္ပုန္းၾကစမ္း ျမန္ျမန္ေရွာင္ၾက" ဒီအေျခေနကိုျမင္တာနဲ႕ လူလိုင္ကအႏၱရာယ္ကိုခံစားလိုက္ရၿပီး ေအာ္ဟစ္ကာၾကမ္းျပင္ေပၚကိုဝပ္ခ်လိဳက္တယ္


    ေက်ာက္တုံးက အေဆာက္အဦးဖန္တံခါးေတြဖ်က္စီးၿပီး တံခါးနားမွာရပ္ေနတဲ့ သိုင္းပညာရွင္အဆင့္၁ လူလတ္ပိုင္းလူႀကီးကို လာထိမွန္ပါတယ္ သူကဘာတစ္ခါမသိလိုက္တာေၾကာင့္ လုံးဝကိုမတုံ႕ျပန္နိုင္လိုက္ပါဘူး

    ခ်က္ခ်င္းဘဲ သူ႕ေခါင္းတစ္ခုလုံဖရဲသီးကြဲသလို ေပါက္ကြဲၿပီး ဦးႏွောက္အရည္ေတြေပါက္ထြက္လာပါတယ္


    ဒါေပမယ့္လည္း ဒီေက်ာက္တုံးအရွိန္က မရပ္ေသးဘဲ အတန္းလိုက္တန္းစီရပ္ေနတဲ့ ေနာက္ထပ္ ေသြးလက္ဝါးအဖြဲ႕လက္ေ႐ြးစင္ႏွစ္ေယာက္ကို" ဘန္း ဘန္း " နဲ႕ဆို တစ္ေယာက္ၿပီးတစ္ေယာက္ေဖာက္ဝင္ၿပီး ရင္ဘတ္မွာ ေသြးေပါက္ႀကီးေတြေပၚလာပါတယ္


    အေလာင္းႏွစ္ခုက အေပၚေအာက္ေျပာင္းျပန္လွန္ကာ ဘိလပ္ေျမနံရံနဲ႕႐ုတ္တရက္သြားေစာင့္ၿပီး လူပုံစံခ်ိဳင့္ႀကီးေပၚလာပါတယ္


     ဒီေက်ာက္တုံးကနံရံကို တိုက္ရိုက္ေဖါက္ဝင္ၿပီးနံရံမွာအက္ကြဲေၾကာင္းေတြေပၚလာကာ ေနာက္ထပ္အေဆာက္အဦးနံရံတစ္ခုကို ေဖာက္ဝင္သြားပါတယ္
   
    ဆန့္က်င္ဘက္အေဆာက္အဦးမွာလည္း အက္ကြဲေၾကာင္းေတြေပၚလာခဲ့ပါတယ္


    "ဒါ ဒါ"
    အစည္းေဝးခန္းထဲက ေသြးလက္ဝါးအဖြဲ႕လက္ေ႐ြးစင္တစ္ေယာက္ခ်င္းစီက ဒီမယုံနိုင္စရာျမင္ကြင္းကို ပါးစပ္အေဟာင္းသားနဲ႕ၾကည့္လိုက္ၾကတယ္ ေက်ာက္တုံးတစ္တုံးနဲ႕တင္ ေသြးလက္ဝါးအဖြဲ႕အစည္းလက္ေ႐ြးစင္သုံးေယာက္ကို ခုခံခ်ိန္ေတာင္မရဘဲဆက္တိုက္ သတ္သြားပါတယ္


    တစ္ေယာက္ကေခါင္းေပါက္ထြက္ၿပီး ေနာက္ႏွစ္ေယာက္က ႏွလုံးေတြေပါက္ထြက္ကာ ေသြးေတြ စီးက်ေနပါတယ္ အသက္ရွင္က်န္ခဲ့တဲ့သူေတြက သူတို႔ရဲ႕ေျခေထာက္ေအာက္ကၾကမ္းျပင္ကေန ေအးစက္မႈေတြကိုခံစားလိုက္ရပါတယ္


    ဒီအေဖာ္မဲ့သိုင္းသမားက အရမ္းေၾကာက္စရာေကာင္းပါတယ္


    "အေဖာ္မဲ့သိုင္းသမား မင္းေသခ်င္ေနတာဘဲ ဒါေသခ်င္ေနတာဘဲ မင္းသိလား"
    သူ႕လက္ေ႐ြးစင္သုံးေယာက္ေသသြားတာကို ျမင္တာနဲ႕ လူလိုင္ကပူပင္ေသာကေရာက္ၿပီး ေဒါသမထိန္းနိုင္ဘဲေအာ္ဟစ္လိုက္တယ္


    အစကေတာ့ဒီေကာင္က သူ႕သားေကာင္ျဖစ္ၿပီး ေလွာင္ပိတ္ခံထားရတဲ့ငါးလို သူ႕စိတ္တိုင္းက်သတ္လို႔ရတဲ့ေကာင္ပါ အခုေတာ့မထင္မွတ္ဘဲ သူကသားေကာင္ျဖစ္သြားၿပီး လက္ေအာက္ငယ္သားသုံးေယာက္အသတ္ခံလိုက္ရပါတယ္


    ဒီလိုရလဒ္မ်ိဳးကို သူဘယ္လိုလုပ္လက္ခံနိုင္မွာလဲ


    "စိတ္မပူနဲ႕ ဒါႏႈတ္ဆက္တာဘဲရွိေသးတယ္ ဒီညကအရမ္းရွည္တဲ့အတြက္ ငါတို႔ေတြျဖည္းျဖည္းခ်င္းအခ်ိန္ယူလို႔ရတယ္ ဒီညကမင္းမွတ္ညဏ္ထဲမွာအသစ္ျဖစ္ေနမဲ့ ညျဖစ္ရမယ္လို႔ငါေျပာသားဘဲ" ရွပင္ကဆက္သြယ္ေရးကိရိယာကေနေျပာလိုက္တယ္


   "ႏႈတ္ဆယ္တယ္ယုတ္လား ေကာင္းတယ္ႏႈတ္ဆက္တာ အရမ္းေမာက္မာတဲ့ေကာင္ဘဲ"


    ဘန္းကနဲ႕ဆို လူလိုင္ကသူ႕လက္ထဲက ဆက္သြယ္ေရးကိရိယာကိုရိုက္ေခ်လိဳက္တယ္ သူ႕လိုေသြးလက္ဝါးအဖြဲ႕အိမ္ေရွ႕စံက တစ္ခါမွဒီလိုအရွက္မကြဲဖူးပါဘူး


    သူ႕လူေတြကို မ်က္စိေရွ႕မွာအသတ္ခံလိုက္ရတာေတာင္ သူဘာမွမလုပ္နိုင္ပါဘူး


    "သခင္ေလးလူ ငါတို႔ရွာေတြ႕ၿပီ"
    "သူ႕ရဲ႕အခ်က္ျပမႈကို ေျခရာခံၿပီးေနာက္မွာ အဲ့မ်ိဳးမစစ္က ငါးကီလိုမီတာအကြာမွာရွိတဲ့ အေဆာင္အဦးတစ္ခုရဲ႕ ထိပ္ဆုံးအထက္ကေန ငါတို႔ကိုေစာင့္ၾကည့္ေနတာကို ေတြ႕တယ္"


    ငါးကီလိုမီတာအကြာ?
    ဒါကိုၾကားတာနဲ႕ ဒီေနရာမွာရွိေနၾကတဲ့လူေတြကလုံး ထိတ္လန့္သြားၾကတယ္ ငါးကီလိုမီတာအကြာကေန လူသုံးေယာက္ကိုသူပစ္သတ္နိုင္တာ ဘယ္လိုေတာင္ေၾကာက္ဖို႔ေကာင္းတဲ့ သိုင္းပညာခြန္အားပါလဲ?


   ဒါကအိပ္မက္ဆိုးအဆင့္စမ္းသပ္မႈကိုေက်ာ္ျဖတ္နိုင္တဲ့ ပါရမီရွင္တစ္ေယာက္ရဲ႕ခြန္အားလားလို႔ သူတို႔ေတြးလိုက္ၾကတယ္


                            ............................

Comment