217
Uni
======
အပိုင်း(၂၁၇)    လက်ဝါးတစ်ချက်နဲ့ရိုက်သတ်ခြင်း
     ဘာ?
     ရှပင်ရဲ့ဝိညဥ်စွမ်းအင်တွေက ပတ်ပတ်လည်ကိုဖြန့်ကျက်ထားတာကြောင့် လေထဲက ပြင်းထန်တဲ့အန္တရာယ်ကိုခံစားလိုက်ရကာ နောက်ကိုချက်ချင်းဆယ်မီတာလောက် ဆုတ်လိုက်ပါတယ်
    "ဘန်း ဘန်း ဘန်း"
    စနိုက်ပါကျည်ဆန်တွေက မြေပြင်ကိုထိမှန်ပြီး တွင်းနက်ကြီးတွေတစ်ခုပြီးတစ်ခုပေါ်လာကာ မြေပြင်တွတုန်လှုပ်ပြီး အက်ကြောင်းတွေဒါဇင်လောက်ပေါ်လာပါတယ်
    ဒီကျည်ဆန်တွေက ခန္ဓာကိုယ်ကိုထိတာနဲ့ ဆင်တစ်ကောင်ဆိုရင်တောင် နှစ်ပိုင်းဖြစ်သွားလောက်မှာပါ
    "စနိုက်ပါသုံးကောင်ဘဲ"
     တောင်ဘက်နဲ့ အနောက်ဘက်အရှေ့ဘက်အဆောက်အဦးအမြင့်တွေပေါ်မှာ စနိုက်ပါသုံးယောက်နေရာယူထားပြီး ကြောက်စရာကောင်းတဲ့သတ်ဖြတ်ချင်းအော်ရာတွေနဲ့ သားကောင်ကိုချောင်းတဲ့ကျားလို ချောင်းမြောင်းနေကြတာကို ရှာပင်တွေ့လိုက်တယ်
    "ဝှစ် ဝှစ် ဝှစ်"
    ဒီစနိုက်ပါသုံးယောက်က ပစ်မှတ်ကိုတွေ့တာနဲ့ မထိမချင်း ပစ်ခတ်တာမရပ်ပါဘူး
    စက္ကန့်ပိုင်းအတွင်းမှာနောက်ထပ် ကျည်ဆန်ငါးခုခြောက်ခုက အမြောက်ဆန်လိုဝင်လာပါတယ်
   ရှပင်က ဘေးကိုဆက်တိုက်ဆုတ်လိုက်ရပြီး လူလိုင်နားကိုဆက်မတိုးနိုင်တော့ဘဲ နောက်ကိုဆုတ်ပြီးရင်း ဆုတ်လိုက်ရပါတယ်
    "ဟုတ်တယ် အဲ့လိုဘဲဖြစ်နေရမယ်"
     ဒါကိုတွေ့တာနဲက လူလိုင်ကအပျော်ကြီးပျော်သွားကာ နိုက်ကလက်ကိုထွက်ခွါပြီးအဝေးကိုဆက်ပြေးဖို့လုပ်လိုက်တယ် ဒီအဖော်မဲ့သိုင်းသမားကိုတားပေးမဲ့ စနိုက်ပါတွေရှိနေရင်သူထွက်ပြေးလို့ရနိုင်ပါပြီ
    သွေးလက်ဝါးအဖွဲ့အစည်းဌာနချုပ်ကို သူပြန်ရောက်တာနဲ့ လုံးဝကိုလုံခြုံသွားပါပြီ ဒီကောင်ကဘယ်လောက်ဘဲ ခွန်အားကြီးကြီး မသေချင်သေးဘဲနဲ့ သွေးလက်ဝါးအဖွဲ့ဌာနချုပ်မှာတော့ လာသောင်းကြန်းရဲမှာမဟုတ်ပါဘူး
    "အဆောက်အဦးအမြင့်ပိုင်းမှာ နေနေလို့ ငါမင်းတို့ကိုသတ်လို့မရဘူးထင်နေတာလား"လုလိုင်ကထွက်ပြေးဖို့ပြင်နေပြီး ဒီစနိုက်ပါတွေကသူ့ကိုတားနေတာနဲ့ ရှပင်ကစိတ်ထဲမှာဒေါသတွေထွက်ပြီး သတ်ဖြတ်ချင်စိတ်တွေပေါက်လာတယ်
    ဘန်းကနဲ့ဆိုရှပင်ကလက်သီးတစ်ချက်နဲ့ အနီးနားက နံရံကိုထိုးလိုက်တာနဲ့ တှငျးနကျကွီးတဈခုပေါျလာပွိီး အတွင်းကကွန်ကရစ်တွေ ပေါ်လာပါတယ်
    သူကကွန်ကရစ်ထဲက ၇၀-၈၀စင်တီမီတာရှည်တဲ့စတီးချောင်းတစ်ချောင်းကို ချိုးပြီးဆွဲထုတ်လိုက်ကာ ညာလက်ကြားထဲကိုညှပ်လိုက်တယ်
    ချက်ချင်းဘဲ ဒီစတီးချောင်းကသူ့လက်ထဲဆုပ်ခံရပြီး လက်ငါးချောင်းရာထင်းသွားပါတယ်
    သူ့ကိုယ်ကိုအနည်းငယ်ကွေးညွန့်လိုက်ပြီး ကျောရိုးကိုအနည်းငယ်ဆန့်ကာ နဂါးတစ်ကောင်လို ကြွက်သားတွေကတင်းကြပ်ပြီး အရိုးတွေလှုပ်ခါလိုက်ပါတယ်
    ဒီကြောက်စရာခွန်အားတွေကရှပင်ခြေထောက်ကနေတက်လာပြီးကျောရိုးတွေ လက်မောင်းတွေကနေ နောက်ဆုံးလက်ငါးချောင်းမှာစုပြီး တစ်ကိုယ်လုံးကရှေးခေတ်နတ်ဘုရားတစ်ပါးလိုဖြစ်သွားပါတယ်
    ဝူရှ်း
    စက္ကန့်ပိုင်းအတွင်းမှာ ရှပင်ကစတီးချောင်းကို ချိုးလိုက်ပြီး ဒဏ္ဍာရီထဲကနတ်ဘုရားဟီဟူမြှားပစ်သလို လေကိုခွင်းကာပစ်ထုတ်လိုက်ပါတယ်
   "မဟုတ်ရဘူး"
    အရှေ့ဘက်အဆောက်အဦးကြီးပေါ်မှာရှိနေတဲ့စနိုက်ပါက ပထမတော့လုံခြုံမှုအပြည့်နဲ့ရှပင်ကိို စနိုက်ပါနဲ့တည်ငြိမ်စွာပစ်ခတ်နေရတာကို သူကျေနပ်နေပါတယ်
    ဒါပေမယ့်လည်းနောက်စက္ကန့်အရောက်မှာတော့ ကြောက်စရာကောင်းတဲ့စတီးချောင်းက မြေပြင်ကနေအသံထက်မြန်တဲ့အရှိန်နဲ့သူ့ဆီပျံဝင်လာတာကို တွေ့ပြီးမျက်လုံးတွေပြူးကာ ကြောက်လန့်သွားပါတယ်
    သူကစိတ်ထဲမှာထွက်ပြေးဖို့ပြင်လိုက်ပေမယ့် နောက်ကျသွားပြီး စတီးချောင်းကသူ့ဆီရောက်နှင့်နေပါပြီ
    ဘန်း
    ဒီစတီးချောင်းက သူ့ခေါင်းကိုစိုက်ဝင်ပြီး သူ့တစ််ကိုယ်လုံးဆယ်မီတာအကွာကို စိုက်ပြီး ပါသွားပါတယ်
    ဘန်းကနဲ့ဆို သူ့ခန္ဓာကိုယ်ကနောက်ကိုဆက်တိုက်ပါသွားပြီးတစ်ဖက်က အဆောက်အဦးနံရံမှာ ချိတ်သွားပါတယ်
    ဒီစနိုက်ပါက အသက်ရှင်လျက်နဲ့ နံရံပေါ်မှာတန်းလန်းကြီး ချိတ်နေပါတယ် စတီးချောင်းစိုက်ထားတဲ့သူ့ခေါင်းကနေ သွေးတွေစီးကျလာပြီး အဆောက်အဦးနံရံမှာတောင် အက်ကွဲကြောင်း နှစ်ခုသုံးခုလောက် ဖြစ်သွားပါတယ်
    "ဒါ ဒါ"
     ဒါကိုမြင်တဲ့ပတ်ဝန်းကျင်ကလူတွေက တစ်ကိုယ်လုံးကြောက်လန့်တုန်လှုပ်ပြီး သေးထွက်ကျတော့မလို ဖြစ်သွားပါတယ် ဒီလူငယ်လေးက အခုလောက်အထိရက်စက်ပြီး  မီတာရာကျော်လောက်မြင့်တဲ့အဆောက်အဦးပေါ်က လူကိုတိတိကျကျပစ်နိုင်မယ်လို့ မထင်ထားကြပါဘူး
    တစ်ချက်တည်းနဲ့တင်စနိုက်ပါရဲ့ခေါင်းကိုဖောက်ပြီး သတ်ပစ်ခဲ့ပါတယ်
    "သောက်ကျိုးနည်းပြီ ပြေးကြတော့" ကျန်တဲ့စနိုက်ပါနှစ်ယောက်ကလည်း မီတာရာချီကျော်ဝေးကွာနေတာတောင် သူတို့အတွက်လုံခြုံမှုမရှိတော့ဘူးလို့ခံစားနေရပြီးကျောချမ်းသွားပါတယ်
    ဒါမဲ့အဲ့ချိန်မှာ ရှပင်ကနောက်တစ်ခါထပ်ပစ်လိုက်ပြီး နောက်ထပ်စတီးချောင်းနှစ်ခုက မျက်စိတ်မှိတ်အတွင်းမှာ စနိုက်ပါနှစ်ယောက်ဆီကို မီတာရာချီဖြတ်ပြီး ဝင်လာပါတယ်
    "မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး" စနိုက်ပါနှစ်ယောက်က သူတို့သေနတ်တွေကိုပစ်ပြီးထွက်ပြေးပေမယ့် ခြေနှစ်လှမ်းမလှမ်းရသေးခင်မှာဘဲ စတီးချောင်းနှစ်ချောင်းက သူတို့ခေါင်းတွေကိုဖေါက်ဝင်သွားပြီး သူတို့အသက်ကိုအလွယ်တကူနှုတ်ယူလိုက်ပါတယ်
    "သေစမ်းကွာ အမှိုက်တစ်အုပ်ဘဲ" စနိုက်ပါသုံးယောက်လုံးအသတ်ခံလိုက်ရတာတွေ့တာနဲ့ လူလိုင်က သေးထွက်ကျလုနီးပါးကြောင်လန့်ပြီး ဒီနေရာမှာဆက်မနေရဲတော့ဘဲ ထွက်ပြေးပါတော့တယ်
    ဒါပေမဲ့အဲ့ဒီအခိုက်တန့်မှာ ကြောက်မက်ဖွယ်အစစ်မှန်ချီတွေနဲ့ပတ်ထားတဲ့စတီးချောင်းတစ်ခုက သူ့ဆီကိုနဂါးတစ်ကောင်လိုဝင်လာပြီး လူလိုင်ရဲ့ဘဟ်ခြေကိုဖောက်ဝင်ကာ သူဟန်ချက်ပျက်သွားပြီး အနီးကနံရံနဲ့ဝင်ဆောင့်သွားပါတယ်
    "အား အား! "
    သွေးလက်ဝါးအဖွဲ့အစည်းရဲ့ အိမ်ရှေ့စံတစ်ယောက်ဖြစ်တဲ့လူလိုင်က ငယ်စဥ်ကတည်းကတစ်ခါမှ ဒီလိုနာကျင်မှုမျိုးမခံစားဖူးတာကြောင့် နာကျင်ကိုက်ခဲကာသတိလစ်တော့မလိုဖြစ်သွားပါတယ်
    ဒါပေမယ့်လည်း သူကသတိမလစ်ရဲပါဘူး ဘာလို့လဲဆိုတော့ ဒီနေရာမှာသတိလစ်တာနဲ့ သူ့အတွက်နိဂုန်းချုပ်ပြီဆိုတာ လူလိုင်သိပါတယ်
    ရုတ်တရက် ရှပငျကလူလိုငျရှေ့ကိုရောကျလာပွီးအပေါျစိီးကနေ လူလိုင်ကိုငုံကြည့်လိုက်တယ်
    "ငါ့ကိုခွင့်လွှတ်ပေးပါ ဒီတစ်ခါလောက်ငါ့ကိုခွင့်လွှတ်ပေးပါကွာ " လူလိုင်ကငိုကြွေးကြီး ခွင့်လွှတ်ဖို့တောင်းပန်လိုက်တယ် "ငါ့အဖေက သွေးလက်ဝါးအဖွဲ့ရဲ့ခေါင်းဆောင်ဘဲ သူ့မှာပိုင်ဆိုင်မှုသန်းထောင်ချီရှိတယ် ရတနာတွေဆိုလည်းမရေမတွက်နိုင်လောက်အောင် အများကြီးဘဲ မင်းငါ့ကိုခွင့်လွှတ်ပေးတာနဲ့ လိုချင်တာငါပေးပါ့မယ်ကွာ"
    "ငါ့ကိုယုံပါ ငါ့မိသားစုကချမ်းသာတယ် တကယ်ကိုချမ်းသာတာ"
    "မင်း ကျင့်ကြံဖို့အတွက်သဘာဝအရင်းအမြစ်အမြောက်အများလိုမှာဘဲလေ အဲ့တာကြောင့်မင်းငါတို့သွေးလက်ဝါးအဖွဲ့ရဲ့ပိုင်ဆိုင်မှုတွေ မလိုချင်ဘူးလား ကြွယ်ဝချမ်းသာမှုတွေ အများကြီးမလိုချင်ဘူးလား ငါ့ကိုခွင့်လွှတ်ပေးလိုက်တာနဲ့ ဒါတွေအားလုံးကမင်းအတွက်ဘဲ"
သူ့အသက်ကို ရှပင်ခွင့်လွှတ်ပေးဖို့ မျှော်လင့်နေပါတယ်
    "အို့ ငါတွေ့တယ်"
    ရှပင်က ရုတ်တရက်လေပေါ်မှာလက်မြှောက်တာနဲ့ ဝက်ဝံတစ်ကောင်အော်သံနဲ့ထွက်လာပြီး လူလိုင်ခေါင်းကိုရိုက်ချလိုက်ပါတယ်
    လူလိုင်ခေါင်းတစ်ခုလုံးချက်ချင်းပေါက်ထွက်သွားပြီး သူ့မျက်လုံးကြီးတွေပြူးကာ သွေးမျက်ရည်တွေစီးကျလာပါတယ် ဒီလိုနဲ့သူအသတ်ခံလိုက်ရမယ်ဆိုတာကို မယုံနိုင်ခဲ့ပါဘူး
    ဒီမျိုးမစစ်ကောင်က သူ့စကားကိုတောင်နားမထောင်ဘဲ သူ့ကိုတစ်ချက်တည်းရိုက်သတ်လိုက်ပါတယ်
    သူမသေခင်မှာတောင် ဒီကောင်ကအံသြစရာကောင်းတဲ့ကြွယ်ဝချမ်းသာမှုတွေရှေ့မှာ မျက်တောင်မခတ်ဘဲ သူ့စကားကိုနားမထောင်မယ်လို့ လူလိုင်မထင်ထားပါဘူး
   ရှပင်အနည်းငယ်လောက်တွန့်ဆုတ်တာနဲ့ လူလိုင်က သူ့ပါဝါချပ်ဝတ်အင်္ကျီအစွမ်းကို သုံးပြီးတစ်ချက်တည်းအပိုင်သတ်တဲ့ အကွက်ကိုသုံးလိုက်မှာပါ ဒါပေမယ့်လည်း ရှပငျကသူ့ကျို အဲ့လိုအခွင့်အရေးမျိုးမပေးခဲ့ပါဘူး
    လူလိုင်ဇတ်လိမ်ကျိုးပြီး သေဆုံးသွားပါတယ်
                            ..........................
Zg
=======
     ဘာ?
    "ဘန်း ဘန်း ဘန်း"
    "စနိုက်ပါသုံးကောင်ဘဲ"
    "ဝှစ် ဝှစ် ဝှစ်"
    ဝူရှ်း
   "မဟုတ်ရဘူး"
    အရှေ့ဘက်အဆောက်အဦးကြီးပေါ်မှာရှိနေတဲ့စနိုက်ပါက ပထမတော့လုံခြုံမှုအပြည့်နဲ့ရှပင်ကို စနိုက်ပါနဲ့တည်ငြိမ်စွာပစ်ခတ်နေရတာကို သူကျေနပ်နေပါတယ်
    ဘန်း
    ဒီစတီးချောင်းက သူ့ခေါင်းကိုစိုက်ဝင်ပြီး သူ့တစ်ကိုယ်လုံးဆယ်မီတာအကွာကို စိုက်ပြီး ပါသွားပါတယ်
    "ဒါ ဒါ"
    "အား အား! "
    "အို့ ငါတွေ့တယ်"
                            ..........................
Comment