368+369+370+371

အပိုင်း(၃၆၈) စိုးမိုးခြယ်လှယ်ခြင်း


     ဒီအချိန်မှာ ရနျဟှမျတက်ကသျိုလျ လေ့ကျင့်ရေးစင်တာရဲ့ နောရာတစ်ခုမှာလူတွေအများကြီးစုဝေးနေကြပြီး သိသာမြင်သာတဲ့ဖက်တီးတစ်ကောင်က လူအုပ်ကြီးရဲ့ အာရုံစိုက်စရာဖြစ်နေပါတယ် ဒီဖက်တီးကတခြားသူမဟုတ်ဘဲ ဖန်းဟိုက်ထန်ဘဲဖြစ်ပါတယ်


     "ညီအစ်ကိုဖန်း မင်းပြောတာအမှန်ဘဲလား? ကြားရတာတော့ အခုတလောအရမ်းကျော်ကြားနေတဲ့မကောင်းဆိုးဝါးဝိညဥ်ရှပင်နဲ့ မင်းနဲ့အရမ်းသိကျွမ်းတယ်ဆိုဟုတ်လား?" ကျောင်းသားတစ်ယောက်က ဖန်းဟိုင်ထန်ကိုစူးစမ်းတဲ့အကြည့်နဲ့ ကြည့်ပြီး မေးလိုက်တယ်


     တခြားကျောင်းသားတွေလည်း ဖန်းဟိုက်ထန်ကိုဝိုင်းကြည့်လိုက်ကြပါတယ် ရန်ဟွမ်တက္ကသိုလ်တစ်ခုလုံးမှာရှိတဲ့သိုင်းတာအိုကလပ်အသင်းတွေကို အနိုင်ယူနိုင်တဲ့ရှပင်နဲ့ပက်သက်ရင် သူတို့တွေအရမ်းစူးစမ်းသိခြင်နေကြပါတယ်


    နှစ်အနည်းငယ်လောက်ကျောင်းမှာ လေ့ကျင့်နေတဲ့စီနီယာကျောင်းသားတွေတောင် သူ့ကိုမယှဥ်နိုင်ဘဲ အလွယ်တကူ သူရိုက်နှက်တာခံခဲ့ရပါတယ် အခုဆိုသူ့အသံကြားနည်းနည်းကြားရုံနဲ့ ကျောင်းသားဘယ်လောက်များများကြောက်ရွံ့နေကြပြီလဲမသိပါဘူး ရှပင်သတင်းကြားရုံနဲ့လူတွေကိုကြောက်ဒူးတုန်အောင်လုပ်နိုင်ပါတယ်


    ရန်ဟွမ်တက္ကသိုလ်မှာ ရှပင်ရဲ့ဂုဏ်သတင်းက ခလေးတွေအငိုတိတ်အောင် ခြောက်နိုင်တဲ့ထိလုပ်နိုင်တယ်ပြောရင် မမှားပါဘူး


    "သိကျွမ်းတာပေါ့ကွ ပွင့်ပွင့်လင်းလင်းပြောရရင် ငါကအစ်ကိုရှရဲ့နံပါတ်တစ်ညီငယ်လေးဘဲ လေ ငါတို့ဆက်ဆံရေးကသိကျွမ်းတာထက်အမျကြီးပိုတယ် သူ့ကိုမျက်နှာချိုသွေးဖို့အတွက်ငါ့ပါးစပ်နဲ့တောင် သူ့ကိုမှုတ်ပေးခဲ့သေးတယ်" ဖန်းဟိုက်ထန်ကကြွားဝါပြောဆိုလိုက်တယ်


    ရန်ဟွမ်တက္ကသိုလ်ကသိုင်းတာအိုအသင်းပေါင်းတစ်ရာကျော်ကိုနင်းချေကာ မရေတွက်နိုင်တဲ့ပြိုင်ဘက်တွေကို အနိုင်ယူပြီး ရန်ဟွမ်တက္ကသိုလ်မှာ ရှပင်ဂုဏ်သတင်းတည်ဆောက်ပြီးနောက်မှာ ရှပင်ရဲ့နံပါတ်တစ်ညီငယ်လေးဖြစ်တဲ့ ဖန်းဟိုက်ထန်ရဲ့ရာထူးကလည်း ဒီရေလှိုင်းထဲက လှေတစ်စင်းလိုမြင့်တက်လာခဲ့ပါတယ်
       
     သူလေ့ကျင့်ဖို့အပြင်ထွက်လာရင်တောင် လူတဈအုပျကသူ့ကျိုစူးစမျးခငြျစိတျနဲ့ မျက်နှာချိုလာသွေးနေကြတာကြောင့် ဖိန်းဟိုက်ထန်စိတ်တွေကြည်နူးနေပါတယ်
  
    လခွမ်း!
   
    ကျောင်းသားတစ်အုပ်ကမှင်တက်သွားတယ် ဒီစကားတွေမှာပါတဲ့သတင်းအချက်လက်ကအရမ်းကြီးမားတာကြောင့်သူတို့တစ်ယောက်စီရဲ့ ပါးစပ်တွေတွန့်သွားကြကာ ဖန်းဟိုက်ထန်ရဲ့မျက်နှာကို ကြည့်တဲ့အကြည့်တွေ ပြောင်းသွားကြတယ်


    "ကြမ်းလိုက်တာ အစ်ကိုဖန်းရာ ကြည့်ရတာမင်းနဲ့ရှပင်က အရမ်သိကျွမ်းကြတဲ့ပုံဘဲ"


     "ပါးစပ်နဲ့တောင်မှုတ်ပေးတယ်ပေါ့လေ ဒီလိုဆိုနှစ်ယောက်သားဆက်ဆံရေးခိုင်မြဲမှာဘဲ"
 
    "တောင်းပန်ပါတယ် ညီအစ်ကိုဖန်းရေ အရင်ကမင်းကိုငါနည်းနည်းအထင်သေးခဲ့မိတယ်
မင်းနဲ့ ရှပင်ရဲ့ ဆက်ဆံရေးကဒီလောက်ထိအရေးပါမယ်မထင်ထားဘူး တကယ်ဘဲလူတွေ
အမြင်သစ်တွေနဲ့ကြည့်ရအောင်လုပ်လိုက်တာဘဲ"


    "ညီအစ်ကိုဖန်းက အခြေနေနဲ့ လိုက်လျောညီထွေအောင်နေတတ်ပြီး လူတွေကိုလေးစားအောင်လုပ်နိုင်တာဘဲ"
    
    ကျောင်းသားအများအပြားက လေးစားအားကျမှုအပြည့်နဲ့ ဖန်းဟိုက်ထန်ကိုမျက်နှာချိုသွေးလိုက်ကြတယ် ဒီလိုလူတွေအများကြီးမလုပ်နိုင်တဲ့ကိစ္စမျိုးကို ရှပင်ကိုမျက်နှာချိုသွေးဖို့အတွက် ဖန်းဟိုက်ထန်လုပ်ခဲ့ပါတယ်


    "ရပါတယ်ဗျာ ရပါတယ် အခြေနေနဲ့လိုက်လျောညီထွေစွာ နေတတ်တာမဟုတ်ပါဘူး အစ်ကိုကြီးအပေါ်ငါ့ရဲ့လေးစားမှုတွေက မြစ်ပြင်ကျယ်ရဲ့လှိုင်းလုံးကြီးတွေလို ထိန်းချုပ်ရခက်တယ်" ဖန်းဟိုက်ထန်က လက်နဲ့ဝေ့ယမ်းလိုက်ပြီး "အစ်ကိုကြီးအတွက်ဆို ဘာဘဲလုပ်ရလုပ်ရ ငါလုပ်ပေးနိုင်တယ် ဒါပေမဲ့ဒါတွေကိုခုထိငါထုတ်မပြောဘဲ နိမ့်ချပြီနေနေခဲ့တာဘဲ သူများတွေငါ့ကိုအကျင့်ပျက်ခြစားတဲ့လက်အောက်ငယ်သားလို့ မထင်ရအောင် အားလုံးဘဲဒီကိစ္စကိုလိုက်မဖြန့်ကြဖို့ငါမျှော်လင့်တယ်"


    သူကအရမ်းနိမ့်ချတဲ့အမူအရာနဲ့ ပြောဆိုလိုက်တယ်


   သူ့စကားကြားပြီးကျောင်းသားတစ်အုပ်က ပါးစပ်တွေတွန့်သွားပါတယ် ဒီလိုအရှက်မရှိတဲ့လူမျိုးကိုသူတို့တွေပထမဆုံးကြုံဖူးတာပါ


    "ငါ့ယီးမို့ ဒီနေရာမှာလာကြွားနေတာလား"
    တစ်ချို့ကျောင်းသားတွေက ဖန်းဟိုက်ထန်ရဲ့ကြွားဝါနေတဲ့ ပုံစံကို မျက်စိနောက်လာပြီး သရော်လိုက်တယ် "အဲ့ဒီ့ရှပင်ရဲ့ သိုင်းတာအိုခွန်အားက ကောင်းရင်တောင် သူ့အကျင့်စာရိတ္တက ကောင်းတာမဟုတ်ဘူး ကိုယ်ကျင့်တရားမကောင်းရင် လူတွေသူ့ကိုအထင်သေးမှာဘဲ" 


    "ဒီအချက်နဲ့တင် ငါသူ့ကိုအထင်သေးတယ်"
 
    ဆွစ် ဆွစ် ဆွစ်!!!
   တစ်ခြားကျောင်းသားတွေ တစ်ယောက်ပြီးတစ်ယောက် စကားပြောတဲ့ကျောင်းသားဘက်ကိုလှည့်ကြည့်လိုက်ပြီး ဒီကျောင်းသားက ရှပင်အကြမ်းဖမ်းရိုက်နှက်တာခံရကာ ဆေးရုံမှာသုံးရက်လောက်သွားအိပ်နေရတဲ့ ဓားသမားအသင်းက ပါရမီရှင်ဆိုတာကို သူတို့မှတ်မိသွားတယ် အဲ့တာကြောင့် ဒီကောင်ရှပင်ကိုမုန်းတီးနေတာ မဆန်းပါဘူး
   
     ဒီစကားတွေကြားတာနဲ့ ဖန်းဟိုက်ထန်ကသူ့ကိုဘေးတစောင်းကြည့်လိုက်ပြီး "အို့ ဘယ်လိုလဲ? ငါအစ်ကိုကြီးကအကျင့်မကောင်းဘူးပေါ့လေ?"


   "ဘယ်လိုလုပ် သူ့အကျင့်စာရိတ္တက ကောင်းမှာလဲ? သူ့လုပ်ရပ်တွေကိုမင်းမမြင်ဘူးလား?" အဲ့ကျောင်းသားက ခုန်ထထွက်လာပြီး ကျိမ်ဆဲလိုက်တယ် "သိုင်းတာအိုအသင်းတွေကို သူစိန်ခေါ်နိုင်တာ ဘာဘဲဖြစ်ဖြစ်သူခွန်အားကြီးလို့လုပ်တယ်ဆိုတော့ ဒါကသင့်လျော်တဲ့ကိစ္စဘဲ ငါလက်ခံပါတယ်"


   "ဒါပေမဲ့ သိုင်းတာအိုအသင်းတွေကိုသူအနိုင်ယူပြီးနောက်မှာ မထင်မှတ်ဘဲသူတို့ရဲ့ကမ္ပည်းကျောက်စာပြားတွေကိုပါ လုယူသွားခဲ့တယ်လေ ဒါကသူတစ်ပါးအိမ်ကိုသွားဖျက်ဆီးပြီး သူတဈပါးရဲ့ပျိုငျဆိုငျမှုတှကေို လူယက်တာမဟုတ်လား? ဒီကိစ္စကလုယက်မှုမမြောက်ရင် ဘယ်ဟာမျိုးက လုယက်မှုမြောက်မှာလဲ?"


    ရှပင်ရဲ့အပြုအမူက လူယက်မှုဖြစ်ပြီး ရဇဝတ်မှုမြောက်တယ်ဆိုတဲ့အကြောင်း သူဖော်ပြလိုက်တယ်


    "အဓိပ္ပာယ်မရှိတဲ့စကားတွေ"
    ဖန်းဟိုက်ထန်က စိတ်တိုပြီးအော်ငေါက်လိုက်တယ် "ငါ့အစ်ကိုကြီးက မင်းတို့သိုင်းတာအိုအသင်းတွေကိုသွားတာ အပျော်ရှုခင်းတွေကြည့်ဖို့ ခရီးထွက်သလိုဘဲ မင်းတို့ရဲ့သိုင်းတာအိုကျင့်ကြံခြင်းကို အတွေ့အကြုံရအောင်သင်ကြားပေးဖို့အတွက်သွားတာလေ အဲ့တာကိုမင်းတို့ကောင်တွေတစ်ယောက်ချင်းစီက ကျေးဇူးမတင်တဲ့အပြင် ငါ့အစ်ကိုကြီးကိုအဖျက်အမှောင့်တွေလုပ်နေတယ်ထင်နေကြတယ် မင်းရှက်ရကောင်းမှန်းမသိဘူးလား?"


    "မင်းတို့အသင်းရဲ့ ကမ္ပည်းကျောက်ပြားတွေကို အစ်ကိုကြီးယူသွားရတဲ့အကြောင်းရင်းက ခရီးသွားအထိမ်းအမှတ်အနေနဲ့ အမှတ်တရဖြစ်အောင် ဒေသထွက်ကုန်တစ်ခုခုကို အိမ်ပြန်လက်ဆောင်ယူသွားတဲ့သဘောမျိုးဘဲ"


   "ခရီးသွားရင်း ဒေသထွက်ကုန်တွေကိုချောချော့မွေ့မွေ့သယ်ဆောင်သွားတဲ့ ဒီအပြုအမူမျိုးကလွန်တယ်ခေါ်လား မင်းပြောစမ်း"
သူမတရားစွပ်စွဲခံထားရသလို တံတွေးစင်အောင်ပြောလိုက်တယ်


    "မင်း!"
    အဲ့ဒီကျောင်းသားက ဖန်းဟိုက်ထန်စကားကြားပြီး ဒေါမွှန်သွားပါတယ် ဒီကောင်ပြောပုံအရဆို သူတို့ကိုမသေ့တသေရိုက်တာက ဖျက်ဆီးနေတာမဟုတ်ဘဲ သူတို့ရဲ့ကျင့်ကြံခြင်းကိုလေ့ကျင့်ပေးနေတာဖြစ်ပြီး သူတို့အသင်းရဲ့ကမ္ပည်းကျောက်စာပြားကို လုယူတာကလည်းခရီးကအပြန် ဒေသထွက်ကုန်ကိုအိမ်သယ်သွားတဲ့သဘောပေါ့?


    အမှန်တရားကိုတမင်တကာလိမ်ညှာရင်တောင်အကန့်အသတ်တော့ရှိသင့်ပါတယ် သူ့ကိုယ်တစ်ပိုင်းသေအောင်ဒေါသထွက်နေပြီး ဒီဖက်တီးကအရမ်းစျေးပေါပြီးတော့ အလွန်အမင်းအရှက်မဲ့တဲ့ရှပင်နဲ့တစ်အုပ်စုတည်းဘဲလို့ တွေးလိုက်တယ်


     "ငါ့ယီကို မင်းပါလား!"
     ဖန်းဟိုက်ထန်ဆင်တစ်ကောင်လိုခုန်ပြီးတော့ဘန်းကနဲ့ အဲ့ဒီ့ကျောင်းသားကိုလွင့်ထွက်အောင် ထိုးချလိုက်တာနဲ့ ဒီကျောင်းသားမျက်နှာတစ်ခြမ်းဖေါင်းကားပြီး လဲကျသွားပါတယ်
 
    "ဖန်းဟိုက်ထန်ဆိုတဲ့ငါက အမှန်တရားကိုတမင်တကာလိမ်ညာပြောတတ်တဲ့သူမျိုးကို အမုန်းဆုံးဘဲ ငါ့အစ်ကိုကြီးကိုသွားပုတ်လေလွင့်ပြောဆိုတဲ့ကာင်တွေ တစ်ယောင်ချင်းစီက ကိုယ်ကျင့်သိက္ခာမရှိကြတဲ့ကောင်တွေ"
   
    ဓားသမားအသင်းဝင်ကျောင်းသားကို လဲကျအောင်အလစ်ဖမ်းထိုးပြီးတာနဲ့ ဖန်းဟိုက်ထန်က အမှန်တရားဘက်တော်သားတစ်ယောက်အော်ရာနဲ့ ပြောဆိုလိုက်တယ်


    "ညီအစ်ကိုဖန်းပြောတာမှန်တယ် ဒီကောင်ကကအသိတရားမရှိဘဲ ကိုယ်ကျိုးဘဲကြည့်တဲ့ကောင်"


   "ငါသိတာပေါ့ ဒီသိုင်းတာအိုကလပ်အသင်းကျောင်းသားတွေအားလုံးက စိတ်ထဲမှာညစ်ပတ်တဲ့အကြံတွေရှိတဲ့ ကြောင်သူတော်တွေဘဲ ငါအခုလုံးဝနားလည်သွားပြီ"


    "သူများနဲ့တိုက်ခိုက်လို့မနိုင်တာနဲ့ ရန်သူကိုနောက်ကျောဓားနဲ့ထိုးတော့တာဘဲ ဒီလိုလူမျိုးကအထင်သေးစရာကောင်းပြီး မိတ်ဆွေဖွဲ့ဖို့မထိုက်တန်ဘူး"


    အနီးနားကကျောင်းသားတွေတစ်ယောက်ပြီးတစ်ယောက် ဖန်းဟိုက်ထန်ကိုမျက်နှာချိုသွေးလိုက်ကြတယ်


   "အို့ ကြည့်ရတာဒီလောကမှာ အမှန်တရားမြတ်နိုးတဲ့လူတချို့ရှိသေးတာဘဲ ကမ္ဘာကြီးကမကောင်းတဲ့လူတွေကြောင့် သက်ရောက်မှုမရှိဖို့ငါမျှော်လင့်တယ်" ဖန်းဟိုက်ထန်ကကျေနပ်ပြီး ခေါင်းငြိမ့်လိုက်တယ်
  
     တချို့သိုင်းတာအိုအသင်းဝင် ကျောင်းသားတွေက စိတ်ထဲမှာဒေါပွနေပြီးမကျေမနပ်ဖြစ်နေကြပါတယ် လူကိုရုတ်တရက်အလစ်တိုက်တဲ့ကောင်က မထင်မှတ်ဘဲဒီစကားမျိုးပြောရဲပါတယ် ဒါဘယ်ကကိုယ်ကျင့်သိက္ခာတွေ တရားမျှတမှုတွေ ဖြစ်ရမှာလဲ


    လူတိုင်းမှာဒီစကားတွေပြောခွင့်ရှိပေမဲ့ ဒီသေနာဖက်သီးပါးစပ် ဒီလိုတရားမျှတမှုစကားမျိုးပြောဖို့ အရည်ချင်းမပြည့်မှီပါဘူး


     "ဘာဖြစ်တာလဲ? မင်းတို့တစ်ယောက်ချင်းစီရဲ့ရုပ်တွေကိုကြည့်ရတာ မကျေနပ်ကြတဲ့ပုံဘဲ  မငျးတို့ရဲ့သိုငျးတာအိုအသငျးတှကျေို နောက်တစ်ခါလာလည်ပြီး မင်းတို့ကိုလေ့ကျင့်သင်ကြပေးဖို့ ငါ့အစ်ကိုကြီးကိုခေါ်လိုက်ရမလား တကယ်လို့ ဒီတစ်ခါမင်းတို့ကိုအတွင်းကြေအောင် မရိုက်နိုင်ရင် မင်းတို့မျိုးနွယ်နာမည်ငါပြောင်းပေးမယ်"
 
    ဖန်းဟိုက်ထန်က ဒီလူတွေကိုမောက်မာစွာနဲ့အပေါ်စီးကကြည့်ပြီးပြာလိုက်တယ်


   ဘာကွ?!


  သိုင်းတာအိုအသင်းကကျောင်းသားတစ်ချို့ ချက်ချင်းကြောက်ဒူးတုန်သွားကြပြီး တစ်ယောက်ပြီးတစ်ယောက်ခေါင်းငုံ့လိုက်ကြတယ် ရှပင်ပြဿနာရှာတာခံရရင် သူတို့တွေဆုတ်ပြတ်သတ်ပြီး ဆေးရုံမှာရပ်အနည်းငယ်လောက်သွားအိပ်နေရမှာပါ


    "ညီအစ်ကိုဖန်း ကိုယ့်ကိုယ်ကိုဒီသောက်ရူးတွေအဆင့်ထိနှိမ့်ချပြီး ပြိုင်မငြင်းပါနဲ့"


    "ဟုတ််တယ် ငါတို့ကိုအစ်ကိုကြီးရှနဲ့ ဘယ်ချိန်လောက်ညီအစ်ကိုဖန်းမိတ်ဆက်ပေးမလဲမသိဘူး?"


   "အစ်ကိုရှကို ငါလေးစားအားကျနေတာကြာပြီ"


    "တစ်ကယ်လို့အစ်ကိုရှဆင့်ခါ်လိုက်ရင် ငါတို့ချက်ချင်းရောက်လာလိုက်မယ်"


     "ဟုတ်တယ် တကယ်လို့အစ်ကိုရှသာ သိုင်းတာအိုအဖွဲ့အစည်းထောင်မယ်ဆိုရင် ငါတို့တှတောဝနျသျိတတျစှာနဲ့ ဝမ်းမြောက်ဝမ်းသာဝင်ချင်ပါတယ်"


     ကျောင်းသားတစ်အုပ်က အော်ပြောလိုက်ပါတယ်


    "အဖွဲ့အစည်းထောင်ဖို့လား?"
     ဖန်းဟိုက်ထန်က မျက်လုံးတွေလည်ပြီး အကြံစည်တွေချက်ချင်းထုတ်လိုက်တယ် "မင်းတို့ပြောတဲ့အကြံကောင်းတယ် ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ငါ့အစ်ကိုကြီးကရန်ဟွမ်တက္ကသိုလ်ကိုစိုးမိုးခြယ်လှယ်မဲ့ သိုင်းတာအိုအသင်းတစ်သင်း ထောင်ဖို့ဆန္ဒရှိနေတာကြာပြီ"
  
    "မင်းတို့အလုံးသာ ဝင်ကြမယ်ဆိုရင် အင်အားကောင်းလာမှဘဲ"
    စကားနည်းနည်း သူပြောလိုက်ပါတယ်


                             ..........................
အပိုင်း(၃၆၉) ကောင်းကင်ဘုံအလွှာအဆင့်၉


     နောက်တစ်နေ့မနက်စောစော နေထွက်လာတဲ့အချိန်မှာ ရှပင်သူ့စံအိမ်ထဲက တိတ်ဆိတ်တဲ့အခန်းထဲမှာထိုင်နေပြီး ရှင်းမပြနိုင်တဲ့စွမ်းအားတွေက အခန်းလေထုထဲပြည့်နှက်ကာ လေတွေတုန်ခါနေပါတယ် 
  
     သူ့အဝတ်အစားတွေက အလိုအလျောက်လှုပ်ရှားမှုမရှိဘဲ နှလုံးခုန်သံက စစ်ပွဲဗုံသံလိုတဒုန်းဒုန်းမြည်နေပါတယ်


    ဘန်း!
    ရုတ်တရက်ရှပင်ကိုယ်ထဲက အစစ်အမှန်ချီတွေ အမြင့်ဆုံးအထိရောက်သွားပြီး မီးတောင်ပေါက်သလိုသူ့ကိုယ်ထဲက နောက်ထပ်အမှတ်တစ်ခုပွင့်သွားပါတယ် နောက်ဆုံးမှာတော့ နဝမမြောက်အပ်စိုက်ကုထုံးအမှတ်ပေါက်ကို သူချိတ်ဆက်နိုင်ခဲ့ပါပြီ


    သိုင်းပညာရှင်ကောင်းကင်ဘုံအလွှာအဆင့်၉


    ဟွောင် လောင် လောင်!!!
    မြောက်များစွာသော အစစ်အမှန်ချီတွေက နဝမမြောက်တွင်းပေါက်ထဲကို ပင်လယ်ထဲစီးဝင်တဲ့ ဖြစ်ချောင်းတွေလိုစီးဝင်သွားပါတယ် သူ့ကိုယ်ထဲကသွေးပြန်ကြောတွေတုန်ခါနေပြီး အစစ်အမှန်ချီတွေကလှိုင်းလုံးကြီးတွေလို ကြောက်စရာခွန်အားနဲ့ မြင့်တက်လာခဲ့ပါတယ်


    ဒီအချိန်မှာ ထာဝရစစ်မှန်သောယန်ကျင့်စဥ်ရဲ့လုပ်ဆောင်ချက်ကြောင့် သူ့အစစ်အမှန်ချီတွေက စစ်မှန်တဲ့အဆီအနှစ်စွမ်းအင်တွေအဖြစ်ကိုလျင်မြန်စွာပြောင်းလဲသွားပြီး အနီနက်ရောင်အရည်တွေဖြစ်ကာ ဒန်တျန်အနက်ပိုင်းကိုစီးဝင်သွားပါတယ်


    "နောက်ဆုံးတော့ သိုင်းပညာရှင်ကောင်းကင်ဘုံအလွှာအဆင့်၉ကိုရောက်ခဲ့ပြီဘဲ"ရှပင်မျက်လုံးတွေဖွင့်လိုက်ပြီး ကြောက်စရာကောင်းတဲ့အလင်းတန်းတွေကို ထုတ်ဖော်လိုက်ပါတယ် သူ့မျက်ဆန်အတွင်းပိုင်းမှာ ကြောက်စရာကောင်းတဲ့ဖျက်ဆီးအားတွေပါတဲ့မီးတောက်တွေ လည်နေတယ်လို့ထင်ရပါတယ်


     သူ့ခွန်အားတွေကို ခံစားကြည့်လိုက်တာနဲ့အစစ်အမှန်ချီတွေအရင်ကထက် ၅၀%လောက်ပိုအားကောင်းလာကာ ဝိညဥ်စွမ်းအင်တွေတောင် ကြီးကြီးမားမားသန့်စင်ခံရပြီး ပျိုအားကောငျးလာကို ရှပင်သိလိုက်တယ်


    သုံးပတ်တိတိသိုင်းတာအိုကလပ်အသင်းတွေကိုဆက်တိုက်စိန်ခေါ်ကာ တိုက်ပွဲရာပေါင်းများစွာဆင်နွဲပြီး သူ့ကိုယ်တွင်းက လေးနက်တဲ့ယင်ဆေးဝါးနဲ့ လည်ပတ်ခြင်းကိုးခုမူလကျင့်ကြံခြင်းဆေးစွမ်းအင်တွေကို သန့်စင်နိုင်ခဲ့ပါတယ်


   နောက်ဆုံးမှာတော့ လုံလောက်တဲ့အစစ်အမှန်ချီတွေကိုစုစည်းပြီး သိုင်းပညာရှင်အဆင့်၉ကို ဒီကနေ့မှာ တက်လှမ်းနိုင်ခဲ့တာပါ


    အမှတ်ပေါက်ကိုးခုက အစစ်အမှန်အချီတွေ အဆက်မပြက်လည်ပတ်ပြီးတစ်ခုတည်းအဖြစ်စုစည်းကာ ဆက်လက်ကြီးထွားလာပါတယ် ဒါကသိုင်းပညာရှင်အဆင့်ရဲ့ အထွတ်အထိပ်ခွန်အားဖြစ်ပါတယ်


    သိုင်းပညာရှင်အဆင့်၈နဲ့ အဆင့်၉ကလုံးဝကွဲပြားပြီး အစစ်အမှန်ချီပြန်လည်ဖြည့်တင်းနှုန်းဖြစ်စေ အစစ်အမှန်ချီသိုလှောင်တဲ့ပမာဏဖြစ်စေ သိုင်းပညာရှင်အဆင့်၈က အဆင့်၉နဲ့မယှဥ်နိုင်ပါဘူး


    ခွန်အားကလည်းသိုင်းပညာရှင်အဆင့်၈မှာထက် နှစ်ဆလောက်ပိုကောင်းလာပြီး သိုင်းပညာရှင်အဆင့်၉ကိုရောက်ပြီးနောက်မှာ သိုင်းဆရာအဆင့်ရဲ့ ဆန်းကြယ်မှုနဲ့ စတင်ထိတွေ့လာနိုင်ပါပြီ


    "စစ်မှန်တဲ့အဆီအနှစ်စွမ်းအင်တွေလည်း အများကြီးပြောင်းလာသားဘဲ" ရှပင်မျက်လုံးမှိတ်လိုက်ပြီး ဝိညဥ်စွမ်းအင်နဲ့ ခန္ဓာကိုယ်အနှံ့အပြားကိုဖြန့်ကာ သူ့ဒန်တျန်အတွင်းပိုင်းမှာ အစစ်အမှန်ချီကနေ စစ်မှန်တဲ့အဆီအနှစ်စွမ်းအင်တွေအဖြစ် ဖြည်းဖြည်းချင်းပြောင်းနေတာကို အာရုံခံလိုက်ပါတယ်


    ဒီစစ်မှန်တဲ့အဆီအနှစ်စွမ်းအင်တွေက အရင်ကထက်ပိုကြီးမားလာပါတယ်


    တကယ်လို့ရှပင်အရင်က သိုင်းဆရာအဆင့်မီးစွမ်းအင်ပါဝင်တဲ့ လက်သီးချက်တစ်ချက်ထိုးနိုင်ရင် အခုသူဆယ်ချက်လောက်ထိုးနိုင်လာပြီး ဆယ်ဆလောက်ပိုစွမ်းအားကြီးလာပါတယ်


    အစစ်အမှန်ချီကနေ စစ်မှန်တဲ့အဆီအနှစ်ပြောင်းတဲ့အရှိန်ကလည်း သိသိသာသာမြန်လာကာ အချိန်တိုင်းမှာ သူတိုးတက်နေပါတယ်


    တကယ်လို့ အချိန်တချို့ကြာရင် သူတစ်ကိုယ်လုံးမှာရှိတဲ့အစစ်အမှန်ချီတွေအားလုံးကို စစ်မှန်တဲ့အဆီအနှစ်တွေအဖြစ် ပြောင်းလဲနိုင်တော့မှာပါ အဲ့ခါကျရင်သူ သိုင်းဆရာတစ်ယောက်ဖြစ်လာပြီး ရန်ဟွမ်တက္ကသိုလ်ရဲ့လက်ရွေးစင်ကျောင်းသားတစ်ယောက်ဖြစ်လာကာ ရာထူတိုးတော့မှာပါ
 
    သိုင်းဆရာအဆင့်ကိုရောက်ပြီး လက်ရွေးစင်ကျောင်းသားတစ်ယောက်ဖြစ်လာတာနဲ့ ကောင်းကင်ကိုတစ်ချက်တည်းခုန်တက်သွားသလို သက်တူရွယ်သူတွေရဲ့အထက်မှာ ရပ်တည်နိုင်တော့မှာပါ တကယ်လို့ကျောင်းကထွက်ပြီး ရန်ဟွမ်ဂြိုလ်ကိုပြန်ရင်တောင် စစ်သူကြီးတစ်ယောက်ဖြစ်လာနိုင်ပါတယ်
   
    "သတ်!"
     ရှပင်ခြေတစ်လှမ်းတိုးလိုက်ပြီး လက်တစ်ချောင်းညွှန်လိုက်တာနဲ့ အနီနက်ရောင်စစ်မှန်တဲ့အဆီအနှစ်စွမ်းအင်တွေထွက်ပေါ်လာပြီး လေထဲမှာအစိုင်အခဲအဖြစ်ပျစ်ခဲသွားကာ လေဟာနယ်ကိုလောင်ကျွမ်းစေတနိုင်တဲ့ တူမတူတဲ့ဖျက်ဆီးအားတွေပါတဲ့ မီးတောက်တွေလိုထွက်ပေါ်လာပါတယ်
 
    ဘုန်း!
    သူလက်တစ်ချောင်းညွှန်လိုက်ရုံနဲ့တင် တိုက်တေနီယမ်သတ္တုအခန်းနံရံ အလွယ်တကူကျွံထွက်သွားပြီး ကြောက်စရာကောင်းတဲ့မီးတွေလောင်ကျွမ်းပြီး သတ္တုအရည်ပျာ်ကာ တတောက်တောက်နဲ့ ကြမ်းပြင်ပေါ်ကျလာပါတယ်


    အပြင်ကနေရောင်ခြည်က အပေါက်ကနေသူ့အခန်းထဲကိုကျလာပါတယ်


    "ဒီသိုင်းပညာရှင်ကောင်းကင်ဘုံအလွှာအဆင့်၉အစွမ်းက တကယ်ကြောက်စရာကောင်းတာဘဲ ငါ့ရဲ့ကိုးခုမြောက်အပ်စိုက်ကုထုံးအမှတ်ပေါက်ကလည်း တကယ်ကြီးမားတာဘဲ" ရှပင်လက်သီးစုပ်ပြီး သူ့ကိုယ်ထဲကတက်လာတဲ့ အစစ်အမှန်ချီတွေရဲ့တိုက်ခိုက်အားကိုအာရုံခံကာ ခံစားချက်နဲ့သက်ပြင်းချလိုက်ပါတယ် စစ်မှန်တဲ့ ကောင်းကင်ဘုံအလွှာအဆင့်၁သိုင်းဆရာကို ရင်ဆိုင်ရရင်တောင် သူကြောက်စရာမလိုပါဘူး
 
     ဒါပေမဲ့သူ့ရဲ့ကိုးခုမြောက် အတွင်းပေါက်ကအတော်လေးကြီးတာကို သူသတိထားမိသွားတယ် ဒီတွင်းပေါက်မှာများပြားတဲ့အစစ်အမှန်ချီတွေဝင်ဆံ့ပြီး ရှေ့ကအပ်စိုက်ကုထုံးအမှတ်ပေါက် ရှစ်ခုလုံးပေါင်းထက်ကိုနှစ်ဆလောက်ပိုကြီးပါတယ်


    ဒီကိုးခုမြောက်တွင်းပေါက်ကြီးကိုဖြည့်ဖို့အတွက် များပြားတဲ့သဘာဝအရင်းမြစ်တွေကိုသုံးစွဲပြီး စွမ်းအင်အမြောက်အများကိူ သူစုပ်ယူဖို့လိုအပ်ပါတယ်


    ထို့အပြင်ရှပင်က ထာဝရစစ်မှန်သောယန်ကျင့်စဥ်ကို လေ့ကျင့်ထားတဲ့အတွက် တွင်းပေါက်ကိုဆက်ပြီးချဲ့လို့ရပါတယ် သူ့ကိုယ်ထဲသိုလှောင်နိုင်တဲ့အစစ်အမှန်ချီတွေက သာမန်သိုင်းပညာရှင်ထက်ကို ဆယ်ဆလောက်ပိုများနိုင်ပါတယ် ဒီအတွက်လည်းသဘာဝအရင်းမြစ်အမြောက်အများကို သုံးစွဲဖို့လိုအပ်တာပါ


    တကယ်လို့သာမန်သိုင်းပညာရှင်ဆိုရင်တော့ သုံးလေးနှစ်လောက် ကြိုးစားပြီး ကောင်းကင်နဲ့မြေပြင်ကချီဓာတ်တွေကိုဖြည်းဖြည်းချင်းစုပ်ယူကာ သိုင်းပညာရှင်အဆင့်၉အထွတ်အထိပ်ကိုရောက်ဖို့အခွင့်အရေးရှိမှာပါ


    ဒါပေမဲ့လက်ရှိရှပင်မှာ ကျောင်းအမှတ်ပေါင်း ၁၆၀၀၀၀ကျော်ရှိထားတဲ့အတွက် အစစ်အမှန်ချီကိုလျင်မြန်စွာ တိုးမြှင့်နိုင်တဲ့အကောင်းဆုံးဆေးဝါးတွေကိုဝယ်ယူပြီး ကျင့်ကြံခြင်းအချိန်တွေအများကြီးသက်သာအောင် လုပ်နိုင်ပါတယ်


    ဒါကလူချမ်းသာတွေရဲ့ အားသာချက်ဖြစ်ပါတယ် သူများတွေကောင်းကင်နဲ့မြေပြင်က ချီဓာတ်တွေကို ခက်ခက်ခဲခဲစုပ်ယူပြီးကျင့်ကြံနေချိန်မှာ လူချမ်းသာတွေကတော့ ဆေးဝါးတွေကိုအေးဆေးစားပြီး သူများတွေနှစ်နဲ့လေ့ကျင့်တာနဲ့ ညီမျှတဲ့ အကျိုးတွေခံစားရပါတယ် ကွာခြားချက်ကအရမ်းကြီးလွန်းပါတယ်


    ဒီကမ္ဘာမှာ ပိုပြီးချမ်းသာလေလေ ပိုခွန်အားကြီးလေလေပါဘဲ


    "ဆန္ဒနဂါးနဲ့ကျားဆေးဝါး ၁၅လုံး ဝယ်ရမယ်" ခနစဥ်းစားပြီးတာနဲ့ ရန်ဟွမ်တက္ကသိုလ် ဆိုင်ခန်းဝဘ်ဆိုဒ်ထဲကို ရှပင်ချက်ချင်းဝင်ပြီး ဆန္ဒနဂါးနဲ့ကျားဆေး၁၅လုံး မှာယူလိုက်ပါတယ်


    အင်တာနက်ပေါ်မှာ အော်ဒါတင်ပြီးတာနဲ့ တစ်စုံတစ်ယောက်က ဆေးဝါးတွေကိုလျင်မြန်စွာလာပို့ပေးတဲ့အတွက် ဝယ်ယူရတာအရမ်းအဆင်ပြေပါတယ်


    ဒီဆေးဝါးတွေက အရမ်းစျေးကြီးပြီးဆေးတစ်လုံးကို ရမှတ်တစ်သောင်းတန်ဖိုးရှိပါတယ် ဒါပေမဲ့ဒီဆေးမှာပါတဲ့စွမ်းအင်က အရမ်းပေါများပြီး နဂါးနဲ့ကြားလိုစှမျးအငျတှပေါတဲ့အတှကျသျိုငျးပညာရှငျအဆငျ့ရဲ့ အစစ်အမှန်ချီကျင့်ကြံခြင်းကို ကြီးကြီးမားမားတိုးတက်စေနိုင်တဲ့အတွက် ရှပင်ဝယ်ယူရခြင်းဖြစ်ပါတယ်


    "ဟုတ်တယ် ဒီရက်တွေမှာမုန်းတီးခြင်းရမှတ်ပေါင်း ဘယ်လောက်ရထားလဲမသိဘူး?" ရက်ပေါင်းများစွာအတွင်းမှာ လူဘယ်လောက်များမှန်းမသိအောင်သူရန်ရှာခဲ့တဲ့အတွက် မုန်းတီးခြင်းရမှတ်အမြောက်အများ သူရနိုင်တယ်လို့ရှပင်ခန့်မှန်းလိုက်တယ်


    ဒင်!
    ရှပင်အတွေးကို အာရုံခံမိတာနဲ့ စနစ်ကချက်ချင်းပြန်ဖြေလိုက်တယ် "ဂုဏ်ယူပါတယ်ပိုင်ရှင် ဒီတစ်ခါရန်ဟွမ်တက္ကသိုလ်ကျောင်းသားတွေကို ဒေါသထွက်အောင်လုပ်ခဲ့တဲ့အတွက် မုန်းတီးခြင်း ရမှတ်ပေါင်း လေးသိန်းရရှိခဲ့ပါတယ် အရင်ကရမှတ်တွေနဲ့ပေါင်းရင် လက်ရှိမှာစုစုပေါင်း မုန်းတီးခြင်းရမှတ်၈သိန်းခွဲရှိပါတယ်"


    ၈သိန်းခွဲလား?


    ရှပင်မျက်လုံးတွေတောက်ပပြီး ရမှတ်တစ်သန်းပြည့်ရင် စနစ်ကထောက်ပံ့ပေးမဲ့လက်ဆောင်ကြီးရမယ်ဆိုတာကို သတိရသွားတယ်
  
   ဒါပေမဲ့ရမှတ်တစ်သန်းပြည့်ဖို့ ၁သိန်းခွဲဘဲလိုတော့တာကြောင့် သိပ်များတယ်လို့မဆိုနိုင်ပါဘူး


    "သနားစရာကောင်းတာက မုန်းတီးခြင်းရမှတ် ၁၅၀၀၀၀ လိုနေသေးတယ်" ရှပင်နည်းနည်းနောင်တရသွားတယ် ဒီတစ်ခါသူ့လုပ်ရပ်ကြောင့်မုန်းတီးခြင်းရမှတ် တစ်သန်းပြည့်လာမယ် သူထင်ထားခဲ့တာပါ


   ဒါပေမဲ့ဒီလိုဖြစ်တာပုံမှန်ပါဘဲ ဒီတစ်ခါရှပင်လုပ်ရပ်က လူထုကိုဒေါသထွက်စေခဲ့ပေမဲ့ လူတိုင်းသူ့ကိုမုန်းတာမဟုတ်ပါဘူး တစ်ချို့ကသူ့မှာအပြစ်မရှိဘူးထင်ကာ တစ်ချို့တွေကတော့သူ့ကိုသူရဲကောင်းတစ်ယောက်အဖြစ် မြင်နေပါတယ်


    ပြီးတော့သူ့အပြုအမူတွေက အရမ်းမသင့်လျော်ဘူးဆိုပေမဲ့ လူတိုင်းသူ့ကိုမကျေပေးနိုင်တဲ့ရန်ငြိုးရှိလာပြီး သတ်ဖြတ်ချင်စိတ်ပေါက်အောင်မလုပ်နိုင်ခဲ့ပါဘူး
  
    ဒင် ဒင်!!
    ရုတ်တရက် ရှပင်လက်ပတ်နာရီမှာကျောင်းကပို့လိုက်တဲ့ သတင်းဝင်လာပြီး သူဖွင့်ကြည့်လိုက်ကာ "နောက်သုံးရက်ကြာရင် မြူခိုးတိမ်တောင်ဖွင့်မယ် စာရင်းသွင်းချင်တဲ့ကျောင်းသားတွေက ကျောင်းရဲ့မူရင်းစာမျက်နှာမှာ သတင်းအချက်အလက်တွေဖြည့်သွင်းပြီး စာရင်းပေးသွင်းလို့ရပါပြီ"


    "စာရင်းသွင်းလို့ရတဲ့အချိန်က တစ်ရက်ဖြစ်ပြီး ကြောငျးသားတှအေခြျိနျမှီသှငျးပေးကွဖို့မြှောျလငျ့ပါတယျ"
   
                           ............................
အပိုင်း(၃၇၀)  ငြိမ်းချမ်းသောကောင်းကင်ဘုံဂိတ်


    မြိူခိုးတိမ်တောင် နောက်ဆုံးတော့ဖွင့်တော့မှာလား?
 
    ရှပင်စိတ်လှုပ်ရှားပြီး လက်သီးစုပ်လိုက်တယ် ဒီအပတ်တွေမှာ မြိူခိုးတိမ်တောင်အကြောင်းတော်တော်များများကို သူနားလည်နေပါပြီ အဲ့ဒီနေရာကိုတောင်တန်းတစ်ခုလို့ခေါ်ကြပေမဲ့ တကယ်တမ်းမှာ မတူညီတဲ့လေဟာနယ်တစ်ခုဖြစ်ပါတယ်


    အတွင်းမှာ ကောင်းကင်နဲ့မြေပြင်ရဲ့ချီဓာတ်တွေကြွယ်ဝပြီး မတိုးတက်သေးတဲ့ကမ္ဘာဦးခေတ် ရတနာတိုက်လို့ မှတ်ယူနိုင်ကာ ကောင်းကင်ဘုံပစ္စည်းတွေနဲ့ မြေကမ္ဘာရတနာတွေအများအပြား ပေါက်ရောက်နေကြပါတယ် အထဲကရတနာတွေက အပြင်လောကမှာ အံ့အားသင့်စရာကောင်းတဲ့တန်ဖိုးရှိပြီး သိုင်းသမားဘယ်လောက်များများရူးသွပ်စေနိုင်လဲ မသိပါဘူး


    အထူးသဖြစ် အသက်စွမ်းအင်တွေအမြောက်အများပါတဲ့ အသက်ရေကိုသိုင်းပညာရှင်အဆင့်က သောက်လိုက်မယ်ဆိုရင် ချက်ချင်းအသက်အလားအလာကိုမြှင့်တင်ပေးပြီး သိုင်းဆရာအဆင့်ကိုအဆင့်တက်အောင်ကူညီပေးပါတယ်


    ဒါကပိုက်ဆံချမ်းသာရင်တောင် ဝယ်ယူလို့မရတဲ့ရတနာမျိုးပါ


    ဒါပေမဲ့မြူခိုးတိမ်တောင်တန်းက အရမ်းအန္တရာယ်များပြီး အထဲမှာခွန်အားကြီးတဲ့သားရဲအများအပြားရှင်သန်နေပါတယ် နည်းနည်းလောက်ဂရုမစိုက်တာနဲ့ ဒီသားရဲတွေရဲ့ဝမ်းဗိုက်ထဲက အစာဖြစ်ပြီး မြှုပ်စရာနေရာမရှိဘဲသေသွားနိုင်ပါသေးတယ်
    
    "အခုချက်ချင်း စာရင်းသွင်းလိုက်ရမယ်" 
    ရှပင်ဘာမှဆက်မတွေးတော့ဘဲ ကျောင်းရဲ့မူရင်းစာမျက်နှာကို ချက်ချင်းဝင်လာပြီး မြူခိုးတိမ်တောင်ကိုသွားမဲ့စာရင်းမှာ သူ့ကိုယ်ရေးအချက်အလက်တွေကို ဖြည့်လိုက်တယ်
   
     ဒင်!
    ဒီချိန်မှာသူ့စမတ်နာရီကနေ စက်သံထွက်ပေါ်လာပါတယ် "မြူခိုးတိမ်တောင်ကိုဝင်ဖို့အတွက် ပါဝင်ယှဥ်ပြိုင်လိုသူရဲ့သိုင်းတာအိုကျင့်ကြံခြင်းအဆင့်ကိုဆန်းစစ်ဖို့လိုအပ်ပါတယ် ကျေးဇူးပြုပြီးတော့ အဆင်ပြေအောင်စစ်ဆေးနိုင်ရန် နက်ဝေါ့စာမျက်နှာရှေ့မှာမတ်တပ်ရပ်ပေးပါ"


    ရှပင်ခေါင်းငြိမ့်လိုက်ပြီး ဝဘ်ပေ့ချ်ရဲ့ပုံရိပ်ယောင်ရှေ့မှာ မတ်တပ်ရပ်လိုက်တယ်


    ရုတ်တရက်ဝဘ်ပေ့ချ့်ပုံရိပ်ယောင်ကနေ အပြာရောင်အလင်တန်းတွေထွက်လာပြီး ရှပင်ခန္ဓာကိုယ်အပေါ်အောင်သိုင်းတာအိုကျင့်ကြံခြင်းအခြေနေ, သွေးပြန်ကြောတွေနဲ့ လက္ခဏာသွင်ပြင်တွေကို ဆန်းစစ်လိုက်တယ်


     စက္ကန့်အနည်းငယ်အကြာမှာစက်သံပြန်လည်ထွက်ပေါ်လာပါတယ် "ဆန်းစစ်မှုအရည်ချင်းပြည့်မှီပါတယ် ကျောင်းသားသစ်ရှပင်က သိုင်းပညာရှင်ကောင်းကင်ဘုံအလွှာအဆင့်၉ကို ရောက်ထားပြီး မြူခိုးတိမ်တောင်ကိုဝင်ရောက်မဲ့အခြေနေတွေနဲ့ ကိုက်ညီတဲ့အတွက် အောင်မြင်စွာစာရင်းသွင်းပြီးပါပြီ"


     "နောက်သုံးရက်အကြာမှာ မြိူခိုးတိမ်တောင်ကို အာကာသယာဥ်နဲ့ထွက်ခွါဖို့အတွက် ကျေဇူးပြုပြီး ရန်ဟွမ်တက္ကသိုလ်အဝင်ဝမှာ လာစုပေးပါ"


    ဒီစကားတွေပြောပြီးတာနဲ့ ဝဘ်ပေ့ချ်က အလိုအလျောက် ပိတ်သွားပါတယ်
 
   "အောင်မြင်သွားပြီ"
    ရှပင်လက်သီးစုပ်ပြီး ပြုံးလိုက်တယ် အစကတော့ကျောင်းရမှတ်သောင်းနဲ့ချီပေးရမယ်လို့ သူထင်ထားတာပါ ဒါပေမဲ့သိုင်းပညာရှင်ကောင်းကင်ဘုံအလွှာအဆင့်၉ကိုရောက်ပြီး နောက်မှာ ဘာဝင်ကြေးမှပေးစရာမလိုဘဲ သူအရည်ချင်းပြည့်မှီသွားပါပြီ
   
    ဒင် ဒေါင်!!
    ရုတ်တရက် သူ့စံအိမ်ရှေ့လူခေါ်ခေါင်းလောင်းသံမြည်လာပါတယ်


    "ဟမ် ဖန်းဟိုက်ထန်လား? ဘယ်လိုဖြစ်လို့ငါ့အိမ်ရှေ့မှာ လူတွေအများကြီးရောက်နေရတာလဲ?" သူ့စံအိမ်အပြင်ဘက်မှာ ဖန်းဟိုက်ထန်တစ်ယောက်တည်းမဟုတ်ဘဲ လူတွေအများကြီးရောက်နေတာကို စံအိမ်စောင့်ကြည့်ရေးကင်မရာကနေတွေ့ပြီး ရှပင်မျက်နှာတွေထူးဆန်းသွားတယ်
 
    ဒီကျောင်းသားတွေတစ်ယောက်ချင်းစီက အနက်ရောင်ဝတ်စုံတွေဝတ်ထာပြီး အနက်ရောင်သားရေဖိနပ်တွေစီးထားကြကာ ဖယောင်းသွင်းထားတဲ့အနက်ရောင်ဆံပင်ရှည်တွေကို ခေါင်းနောက်ကိုသိမ်းဖြီးထားပါတယ် သူတို့ရဲ့တစ်ကိုယ်လုံးကနေရဲစွမ်းသတ္တိရှိတဲ့အော်ရာတွေ ထွက်နေကြပါတယ်


     ဒီကောင်တွေလက်ထဲမှာ နံပါတ်တုတ် ဓားနဲ့ သံလက်သီး စတဲ့လာသတ်လက်နက်တွေပါမယ်ဆိုရင် မြေအောက်ဂန်းစတားတွေနဲ့အတော်လေးဆင်တူသွားမှာပါ
   
     စံအိမ်တံခါးပွင့်သွားပြီး ဖန်းဟိုက်ထန်ကသူ့အိမ်တံခါးရှေ့ကို ဂန်းစတားတစ်အုပ်ဘာကြောင့်ခေါ်လာခဲ့လဲဆိုတာကြည့်ဖို့ ရှပင်ထွက်လာခဲ့ပါတယ်
  
    "အစ်ကိုကြီး"
    ရှပင်ထွက်လာတာတွေ့တာနဲ့ ဖန်းဟိုက်ထန်ကအံ့သြပြီး ချက်ချင်းအော်ခေါ်လိုက်တယ် ပြီးတာနဲ့သူနောက်ကိုလှည့်ကြည့်ပြီး အနောက်မှာရှိနေတဲ့ ညီငယ်လေးတွေကိုလှမ်းအော်လိုက်တယ်
"မြန်မြန်အကိုကြီးကိုမနှုတ်ဆက်သေးဘဲ မင်းတို့ဘာလုပ်နေကြတာလဲ"


    ဒီညီငယ်လေးတွေရဲ့ ထုံးတမ်းအစဥ်အလာကိုနားမလည်တဲ့ပုံစံကိုကြည့်ပြီး ဖန်းဟိုက်ထန်စိတ်တိုတဲ့မျက်နှာထားနဲ့ပြောလိုက်တယ်


    "မင်္ဂလာပါ အကိုကြီးရေ"
    ဒီစကားတွေကြားတာနဲ့ အယောက်တစ်ထောင်နီးပါးရှိတဲ့ ညီငယ်လေးတွေက ညီညီညာညာ ပြိုင်တူအော်လိုက်ကြပါတယ် သူတို့အော်သံကို ၅ကီလိုမီတာပတ်ဝန်းကျင်ကလူတွေတောင် ကြားနိုင်ပါတယ်
 
    ရှပင်စံအိမ်နားမှာရှိတဲ့ အဆောင်တွေက ကျောင်းသားတွေတောင် သူတို့ပတ်ဝန်းကျင်မှာ ဘာကိစ္စကြီးဖြစ်လဲဆိုပြီး လှမ်းကြည့်လိုက်ကြပါတယ်


    "အစ်ကိုကြီးတဲ့လား? ဒီမှာဘာတွေဖြစ်နေတာလဲ?" ရှပင်ပါးစပ်ထောင့်တွေတွန့်သွားပြီး ဖန်းဟိုက်ထန်ကိုကြည့်လိုက်တယ် ဘယ်အချိန်ကသူ့ဆီမှာ ဒီညီငယ်လေးတစ်အုပ်ရှိသွားတာလဲဆိုတာ ကို ရှပင်နားမလည်ပါဘူး


    ဖန်းဟိုက်ထန်ချက်ချင်းရှင်းပြလိုက်တယ် "အစ်ကိုကြီး ဒီကောင်တွေအစ်ကိုကြီးရဲ့ဂုဏ်သတင်းကိုကြားပြီးတည်းက အစ်ကိုကြီးကိုလေးစားကိုးကွယ်ပြီး အစ်ကိုကြီးရဲ့နောက်လိုက်နောက်ပါတွေဖြစ်ချင်နေကြတာအစ်ကိုကြီးသူတို့ကိုလက်ခံပေးဖို့ သူတို့မျှော်လင့်နေကြတယ်"


    "ဒီကောင်တွေစိတ်ရင်းနဲ့ ပြောနေကြတဲ့အတွက် သူတို့ကိုအစ်ကိုကြီးရဲ့ညီငယ်လေးတွေအဖြစ် ကျွန်တော်လက်ခံရုံလက်ခံထားတယ် ကျွန်တော်တို့တွေရန်ဟွမ်တက္ကသိုလ်ကို စိုးမိုးခြယ်လှယ်ဖို့အတွက် အဖွဲ့အစည်းတစ်ခုတည်ဆောက်ချင််နေတယ်" စိတ်လှုပ်ရှားစွာနဲ့ သူပြောလိုက်တယ်


   "ဟုတ်တယ်အကိုကြီး ကျွန်တော်တို့ကိုညီငယ်လေးတွေအဖြစ်လက်ခံပေးပါ"


    "တစ်ခြားနေရာတွေမှာ ကျွန်တော်တို့မကျွမ်းကျင်ပေမဲ့ ယောကျာ်းလေးတွေကိုအကြမ်းဖက်ပြီး သူတို့ရဲ့မိန်းမတွေကိုလုတဲ့နေရာတွေ ပြဿနာရှာတဲ့နေရာမှာတော့ ကျွန်တော်တို့အကျွမ်းကျင်ဆုံးဘဲ"


    "အစ်ကိုကြီးကို ကျွန်တော်တို့အမြဲတမ်းလေးစားအားကျနေခဲ့တာပါ တကယ်လို့အစ်ကိုကြီးသာကျွန်တော်တို့ကို ညီငယ်လေးတွေအဖြစ်လက်ခံပေးမယ်ဆိုရင် အစ်ကိုကြီးကိုပါးစပ်နဲ့မှုတ်ပေးရရင်တောင် ပြဿနာမရှိပါဘူး"


    "ဒီပြဿနာအတွက် ကျွန်တော်တို့မှာသင့်တော်တဲ့ အသိညဏ်ရှိပါတယ် သေရမှာတောင်မကြောက်ပါဘူး"


     "ကျွန်တော်ကို့ကိုလက်ခံပေးပါ အစ်ကိုကြီး အကယ်၍အစ်ကိုကြီးမိန်းမတွေကြိုက်တယ်ဆိုရင်တောင် နောက်ဆိုကျွန်တော်တို့နေ့တိုင်းမိန်းကလေးလို ဝတ်ပေးနိုင်ပါတယ်"
   
    ညီငယ်လေးတွေတစ်အုပ်က ရှပင်အတွက်ဆို ဘယ်နေရာ ဘယ်အချိန်မှာမဆို သဘောထားကြီးကြီးနဲ့ အသက်ပေးမဲ့ပုံစံနဲ့ အော်ဟစ်လိုက်ပါတယ်


    သူတို့ပြောတာတွေကြားတာနဲ့ ရှပင်ပါးစပ်တွေတွန့်သွားတယ် ဒီမျိုးမစစ်လေးတွေ ဘယ်နေရာကဒီလိုထူးဆန်းတဲ့ကောလဟာသတွေကြားခဲ့လို့မထင်မှတ်ဘဲ သူ့ကိုမကောင်းမှုလုပ်ဖို့ကူညီပေးချင်နေရတာလဲ? ဒီမျိူးမစစ်တွေမှာ ဦးနှောက်ပြဿနာများရှိနေတာလား?
   
     ဒါပေမဲ့ဒီကောင်တွေ သူ့ညီငယ်လေးဖြစ်ချင်ရတဲ့ ရည်ရွယ်ချက်ကလည်း မတော်လျော်ပါဘူး မထင်မှတ်ဘဲ ယောကျာ်းတွေကိုအကြမ်းဖက်ပြီး မိန်းမတွေကိုလုယက်တဲ့ ပြဿနာတွေလုပ်ပြီး ရန်ဟွမ်တက္ကသိုလ်ကိုစိုးမိုးခြယ်လှယ်ချင်နေပါတယ် ဒီကောင်တွေက မကောင်းမှုလုပ်ဖို့အတွက် သူ့ဆီကအကာအကွယ်ကိုလိုချင်နေတာပါ


    ဒါပေမဲ့ ဒါကအခွင့်အရေးလည်းဖြစ်နိုင်ပါတယ်


    ရှပင်မျက်လုံးတွေလက်သွားတယ် သာမန်လူဆိုရင်ဝန်ထုပ်ဝန်ပိုးတစ်အုပ်ကို လက်ခံရမှာဖြစ်တဲ့အတွက် ဒီလိုမိုက်မဲတဲ့ကိစ္စမျိုးကိုသေချာပေါက်လုပ်ချင်မှာမဟုတ်ပါဘူး ဒါပေမဲ့ရှပင်ကသာမန်လူမဟုတ်ဘဲ ကိုယ်ထဲမှာစူပါမုန်းတီခြင်းစနစ်ရှိနေတဲ့အတွက် ရန်သူများပြီးလူမုန်းများလေလေ သူပိုပြီးခွန်အားကြီးလေပါဘဲ


    သူတစ်ယောက်တည်း လူမုန်းအောင်လုပ်နေရင် အလွန်နှေးပါတယ် အကယ်၍အဖွဲ့အစည်းတစ်ခုတည်ထောင်ပြီး ညီငယ်လေးတစ်အုပ်ကို သူ့အတွက်မုန်းတီးခြင်းတွေရှာခိုင်းရင် ဒါအကျိုးအမြတ်ဘဲ မဟုတ်လား?


    "ကောင်းပြီလေ ငါမင်းတို့ကိုလက်ခံပေးမယ်"ရှပင်ရုတ်တရက် ပြောလိုက်တယ်


    ချက်ချင်းဘဲ ဖန်းဟိုက်ထန်အပါအဝင်ညီငယ်လေးတွေတစ်အုပ်လုံး အားရကျေနပ်ပြီးအံ့သြသွားကြတယ် ရှပင်သူတို့ကို အခုလိုလွယ်လွယ်နဲ့လက်ခံပေးလိမ့်မယ် မမျှော်လင့်ထားပါဘူး အစကတော့သူတို့အငြင်းခံရဖို့ပြင်ဆင်ထားခဲ့ပါတယ်
   
    "ငါတို့အဖွဲ့အစည်း လူဦးရေကအရမ်းနည်းနေသေးတယ်"
    ရှပင်က စကားလှည့်လိုက်ပြီး "အဲ့တာကြောင့်မို့ ငါတို့ရဲ့သိုင်းတာအိုအဖွဲ့အစည်းထဲကို လူများများဝင်အောင်လုပ်ဖို့ ငါမင်းတို့ကိုတာဝန်ပေးမယ် ဘာနည်းလမ်းဘဲသုံးရသုံးရ လူများများရအောင်ဆွဲခေါ်ရမယ်"


    ဒီလူတွေကို သူအမိန့်ပေးလိုက်ပါတယ်


    "လူပိုများများလား? အစ်ကိုကြီးကလူဘယ်လောက်များများ လိုတာလဲ?" ဖန်းဟိုက်ထန်ကကြောင်ကြည့်ပြီးမေးလိုက်တယ်


    "ပိုများလေလေ ကောင်းလေဘဲ" ရှပင်ဖြေလိုက်တယ်


    "ပိုများလေ ကောင်းလေပေါ့လေ? အဲ့လိုလုပ်မယ်ဆိုရင် ငါတို့သိုင်းတာအိုအဖွဲ့အစည်းထဲမှာ ငါးနဲ့ နဂါးတွေရောပြီး ရှူပ်သွားနိုင်တယ်မလား?"
   
    ဖန်းဟိုက်ထန်နဲ့ တခြားလူတွေက နည်းနည်းကြောင်သွားပါတယ် သိုင်းတာအိုအဖွဲ့အစည်းတိုင်းမှာ လက်ရွေးစင်မူဝါဒတွေရှိပြီး ဝင်ချင်တဲ့သူတွေက လုံလောက်တဲ့အခြေနေကိုက်ညီရပါတဲ့အပြင် ကိုယ်ကျင့်တရားကောင်းဖို့လည်းလိုပါတယ် စာမေးပွဲနှစ်ခုသုံးခု ထပ်ခါထပ်ခါဆန်းစစ်ပြီးမှသာ အဖွဲ့ဝင်အဖြစ်လက်ခံကြတာပါ အဲ့တာတွေနဲ့မကိုက်ညီရင် အဖွဲ့ဝင်တစ်ယောက်ဖြစ်ဖို့ အရည်ချင်းမပြည့်မှီပါဘူး


    ဒါပေမဲ့ရှပင်ပြောပုံအရဆို သူတို့အဖွဲ့အစည်းမှာ အဲ့လိုစည်းကမ်းချက်တွေမရှိဘဲ ခွေးတိုင်း ကြောင်တိုင်း ဝင်လို့ရနေပါတယ်
 
    "မင်းတို့ဘာနားလည်လဲ? ငါးနဲ့နဂါးတွေအတူတကွ ရောထွေးပြီးရှုပ်ထွေးတာကို ငါလိုချင်တာ" ဖန်းဟိုက်ထန်တို့တွေကို ရှပင်အထင်သေးစွာကြည့်ပြီး ပြောလိုက်တယ် တကယ်လို့သူ့လူတွေတစ်ယောက်ချင်းစီက လိမ္မာရိုးသားပြီး ဘယ်တော့မှပြဿနာသွားမရှာရင် သူဘယ်ကမုန်းတီးခြင်းရမှတိတွေရနိုင်တော့မှာလဲ?


    "ဟုတ်ကဲ့ အစ်ကိုကြီးသဘောအတိုင်းပါ" ရှပင်ဘာကြောင့်ဒီလိုလုပ်ရလဲဆိုတာ ဖန်းဟိုက်ဖန်ဂရုမစိုက်ပါဘူး အစ်ကိုကြီးစကားကအမြဲတမ်းမှန်တယ်လို့သူတွေးပြီး "ဟုတ်သားဘဲ ကျွန်တော်တို့သိုင်းတာအိုအဖွဲ့အစည်းမှာ နာမည်ရှိလားမသိဘူး?"
     
   "ငါတို့အဖွဲ့အစည်းကို ငြိမ်းချမ်းတဲ့ကောင်းကင်ဘုံဂိတ် လို့ခေါ်မယ်" ရှပင်ကနာမည်တစ်ခု လွယ်လွယ်ပေးလိုက်တယ်


                            ............................
အပိုင်း(၃၇၁)  အလုပ်ခေါ်ယူခြင်း


    ရန်ဟွမ်တက္ကသိုလ်ရဲ့နေရာတိုင်းမှာ အနက်ရောင်ဝတ်စုံနဲ့ လူတွေအများအပြားပေါ်လာကြပြီး လက်ကမ်းစာဆောင်တွေဝေငှနေပါတယ်


     "အလုပ်ခေါ်နေတယ် ငြိမ်းချမ်းတဲ့ကောင်းကင်ဘုံဂိတ်က အလုပ်ခေါ်နေပါတယ်"


    "တစ်ခါလွတ်သွားရင် ဒီလိုအခွင့်ရေးမျိုးနောက်တစ်ခါမရနိုင်တော့ဘူးနော်"
 
    "အခုမဝင်ဘူးဆိုရင် နောက်တစ်ကြိမ်ဝင်ဖို့သုံးနှစ်ထပ်စောင့်ရမှာပါ သုံးနှစ်နဲ့သုံးနှစ်ပြီးရင်နောက်တစ်ခါ ခြောက်နှစ်စောင့်ရမှာပါ "


    အနက်ရောင်ဝတ်စုံနဲ့ကျောင်းသားတွေ တစ်ယောက်ပြီးတစ်ယောက်က ဖြတ်သွားဖြတ်လာကျောင်းသားတွေကို နွေးထွေးစွာနှုတ်ဆက်နေပြီး ငြိမ်းချမ်းတဲ့ကောင်းကင်ဘုံဂိတ်ကို ဝင်ဖို့ဖိတ်ခေါ်နေကြပါတယ်
 
    "ငြိမ်းချမ်းတဲ့ ကောင်းကင်ဘုံဂိတ်လား? အဲ့တာဘယ်လိုသိုင်းတာအိုအသင်းမျိုးလဲ?" ဇဝေဇဝါဖြစ်နေတဲ့ ကျောင်းသားတစ်ယောက်က စိတ်ဝင်စားသွားပြီး စူးစမ်းကာမေးလိုက်တယ်


    ဖန်းဟိုက်ထန်ချက်ချင်းရှေ့တိုးလာပြီး ရှင်းပြလိုက်တယ် "ဒါကအခုကတလောမှ တည်ထောင်ထားတဲ့ အင်အားကြီးပြီးအလားအလာကောင်းတဲ့ သိုင်းတာအိုအဖွဲ့အစည်းပါ အသင်းဥက္ကဌကရန်ဟွမ်တက္ကသိုလ်ရဲ့ နံပါတ်တစ်သိုင်းပညာရှင် ရှပင်ဘဲ အကယ်၍မင်းအခုဝင်မယ်ဆိုရင် ငါတို့အသင်းရဲ့ပထမဆုံးမျိုးဆက်အဖွဲ့ဝင်ဖြစ်လာပြီး အကျိုးအမြတ်တွေအများကြီးရမှာ"


    "ရှပင်လား?"
    အဲ့ဒီ့ကျောင်းသားက စူးစူးဝါဝါးအော်ဟစ်ပြီး အံကြိတ်ကာ "ဟိုမကောင်းဆိုးဝါးအာဏာရှင် ရှပင်လား? အဲ့ဒီ့မျိုးမစစ်က ကလပ်အသင်းပေါင်းများစွာက လူတွေကိုဒဏ်ရာရအောင်လုပ်ပြီး ငါ့သူငယ်ချင်းတွေအများကြီးကိုလည်း ဆေးရုံရောက်အောင်လုပ်ခဲ့တယ် ငါသူ့ကိုအရိုးထဲထိမုန်းနေတဲ့ကောင်ကွ အဲ့မျိုးမစစ်ရဲ့အဓိပ္ပာယ်မရှိတဲ့အသင်းကို ငါဝင်မယ်ထင်နေလား မင်းအိပ်မက်မက်နေတာဘဲ"
  
    သူဒေါသထွက်ပြီး သွားတွေယားလာပါတယ် အရင်တုန်းကရှပင်ထိုးတာခံထားရတဲ့ သူ့မှတ်ညဏ်တွေက သူ့ဦးနှောက်ထဲမှာ အသစ်စက်စက်ကြီး ရှိနေသေးပါတယ်


    "ဟုတ်တယ် ဒီမကောင်းဆိုးဝါးအာဏာရှင်ရဲ့ ကလပ်အသင်းကို ငါတို့ဝင်မှာမဟုတ်ဘူး"


    "တကယ်ရယ်စရာကောင်းတယ် ရန်ဟွမ်တက္ကသိုလ်မှာ သိုင်းတာအိုကလပ်အသင်းတွေအများကြီးရှိတာတောင် ငါတို့မဝင်ဘဲ ဘာလို့မင်းတို့ရဲ့အသစ်ထောင်ထားတဲ့ အသင်းကိုဝင်ရမှာလဲ?"


    "နံပါတ်တစ်သိုင်းပညာရှင်ဆိုတဲ့ ဂုဏ်သတင်းရှိတိုင်းနဲ့ ရန်ဟွမ်တက္ကသိုလ်မှာမောက်မာသောင်းကျန်းလို့ရမယ်မထင်နဲ့ ငါတို့မဝင်ဘူးလို့ပြောရင်မဝင်ဘူးဘဲ အရည်ချင်းရှိရင် ငါတို့ကိုလာကိုက်လေ"


    ကျောင်းသားတွေတစ်ယောက်ပြီးတစ်ယောက် သရော်လိုက်ကြတယ် ရှပင်အပေါ်သူတို့သိသိသာသာ စက်ဆုပ်မုန်းတီးနေတဲ့ခံစားချက်
ရှိနေတဲ့အတွက် ရှပင်တည်ထောင်ထားတဲ့သိုင်းတာအိုအသင်းကို ဝင်ဖို့ဆိုတာသူတို့အတွက်မဖြစ်နိုင်တဲ့ကိစ္စဖြစ်ပါတယ်


    ကျောင်းသားအများအပြားကလည်း သူတို့လက်ခံထားတဲ့လက်ကမ်းစာစောင်တွေကို မြေကြီးပေါ်လွှင့်ပြစ်ပြီး ခြေထောက်နဲ့အတင်းနင်းချေကာ တံတွေးနဲ့ထွေးကြပါတယ်


    တခြားကျောင်းသားတွေကလည်း ငြိမ်းချမ်းတဲ့ကောင်းကင်ဘုံဂိတ်က လူတွေကိုအထင်သေးစွာနဲ့ရယ်မောလှောင်ပြောင်နေပါတယ်


    ဖန်းဟိုင်ထန်တို့အဖွဲ့တွေ ရန်ဟွမ်တက္ကသိုလ်မှာ အချိန်အတော်အတန်ကြာ ကြေညာနေခဲ့တာတောင်သက်ရောက်မှုမရှိပါဘူး အသင်းဝင်ချင်တဲ့သူတွေရှိရင်တောင် ပတ်ဝန်းကျင်ကလူတွေရဲ့ဝိုင်းဝန်းဖျောင်းဖျတားမြစ်ခြင်းကို ခံလိုက်ရပါတယ်


    ရှပင်ရဲ့ဂုဏ်သတင်းက အရမ်းအနံ့ဆိုးတာကြောင့် လူအများအပြားကသူ့ကိုလွန်စွာစက်ဆုပ်နေပါတယ်


    "အစ်ကိုကြီးရေ အခြေနေမကောင်းဘူးဗျာ အပြင်မှာငါတို့တွေနေ့တစ်ဝက်လုံး ကြေညာနေတာတောင် ဝင်ချင်တဲ့လူတစ်ယောက်မှမရှိကြဘူး ဒီကောင်တွေတစ်ယောက်စီက အမြင်ကျဥ်းတဲ့ကောင်တွေ ငါသူတို့ကိုကြည့်ရတာတောင်အထင်သေးတယ်"
  
    ဖန်းဟိုက်ထန်က မခံမရပ်နိုင်တဲ့မျက်နှာနဲ့ ရှပင်စံအိမ်ဆီကို ပြန်ရောက်လာခဲ့ပါတယ်
 
    "ဟုတ်တယ် အစ်ကိုကြီးရဲ့အကာကွယ်ကိုရတာသူတို့အတွက်ဂုဏ်ယူစရာဆိုတာ ဒီကောင်တွေမသိဘဲ ငါတို့ကိုငြင်းပယ်ရဲတယ်"
     
    "ကျေးဇူးတင်ရကောင်းမှန်းမသိတဲ့လူတွေ ဒီလူတွေကိုငါမြင်တာနဲ့ စောက်ခွက်ထိုးချင်တယ်"


    ညီငယ်လေးတွေတစ်ယောက်ပြီးတစ်ယောက်က မကျေမနပ်ဖြစ်ပြီးအော်ဟစ်နေကြပါတယ်


    "မင်းတို့က ဘာလို့ ကြေညာနေရတာလဲ?" ရှပင်မျက်တောင်ခတ်ပြီး မေးလိုက်တယ်


    ဖန်းဟိုက်ထန်က ကြောင်ကြည့်ပြီးဖြေလိုက်တယ် "အစ်ကိုကြီးကလည်းဗျာ မကြေညာဘဲနဲ့ကျွန်တော်တို့အဖွဲ့ကို ဘယ်သူဝင်မှာလဲ?"


   "ငါတို့အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်ကဘာလဲဆိုတာမသိဘူးလား? ရှင်းရှင်းပြောရရင် ယောကျာ်းတွေကိုအကြမ်းဖက် သူတို့မိန်းမတွေကိုလုပြီး မကောင်းတာဆိုအကုန်လုပ်ဖို့ကွ" ရှပင်ကအလွန်အမင်းမျှော်လင့်ချက်နဲ့ "အဲ့တာကို မင်းတို့တွေကမထင်မှတ်ဘဲ လိုက်ကြေညာနေကြတာလား? ဒါဟာသဘဲ မင်းတို့ဘယ်သူ့ကိုမျက်စိကျလဲ အဲ့ကောင်ကိုတိုက်ရိုက်လုလိုက်ရင် ပြီးပြီပေါ့ သူသဘောမတူရင် ရိုက်ပုတ်ကြိမ်းမောင်းပြီးတော့ ခြိမ်းခြောက် ငွေညှစ် ရိုက်နှက် ပြန်ပေးဆွဲအကုန်လုပ်ပြီး သူတို့ကိုစိတ်ပါလက်ပါ အသင်းထဲဝင်လာအောင်လုပ်လေကွာ"


    "တစ်ခါလုပ်လို့ သဘောမတူသေးရင် အခါပေါင်းများစွာ ရိုက်နှက်ပြီး သဘောတူအောင်လုပ်ပေါ့ကွ"
ရှပင်အကြံပေးလိုက်တယ်


   "အစ်ကိုကြီး အဲ့တာကောင်းပါ့မလား?"
    ဖန်းဟိုက်ထန်တို့တွေ မှင်တက်သွားကြတယ် တကယ်လို့ဒီကျောင်းသားတွေကို အကြိမ်ပေါင်းများစွာရိုက်နှက်မယ်ဆိုရင် မသေချင်တဲ့ကောင်တွေက သူတို့အဖွဲ့ထဲဝင်ဖို့သဘောတူရမယ်ဆိုတာကိုတော့ သူတို့တွေဝန်ခံရမှာပါ


    "ငါပြောတာဘာမှားလို့လဲ? ရှေးခေတ်တုန်းက ခေါင်းပေါင်းဝါစစ်တပ်လို့ခေါ်တဲ့ ဓားမြအဖွဲ့တစ်ခုရှိခဲ့တယ် သူတို့တွေ ကမ္ဘာတစ်ခုလုံးကိုသိမ်းပိုက်နေစဥ်မှာ ဒုက္ခသည်တွေကို သူတို့ရဲ့ခေါင်းပေါင်းဝါစစ်တပ်ကို အတင်းအကြပ်ဝင်ခိုင်းခဲ့တယ်လေ တဈနှဈဆိုတဲ့အခြျိနျတိုလေးအတှငျးမှာ သူတို့လူအရည်အတွက် သန်းကျော်သွားပြီး ကမ္ဘာပေါ်ကဦးဆောင်အင်အားစုတစ်ခုဖြစ်လာခဲ့တယ်" ရှပင်ခံစားချက်နဲ့ပြောလိုက်တယ် "သမိုင်းကိုကြည့်ပြီး အနာဂတ်အဖြစ်အပျက်တွေအတွက် သင်ခန်းစာယူရမယ်ဆိုတာကို မင်းတို့မသိဘူးလား?"


    "အစ်ကိုကြီး ငါကြားတာတော့နောက်ဆုံးမှာ ခေါင်းပေါင်းဝါစစ်တပ်က အမြစ်ပြတ်သုတ်သင်ခံလိုက်ရတယ်ဆို?" ရှပင်ပြောတာကြားပြီး ဖန်းဟိုက်ထန်တို့ပါးစပ်တွေ တွန့်သွားကြတယ် ခေါင်းပေါင်းဝါစစ်တပ်ရဲ့ ကံကြမ္မာက သိပ်ပြီးပျော်ရွှင်စရာမကောင်းဘူးလို့ သူတို့တွေးလိုက်ကြတယ်


    "အဲ့တာသူတို့ခေါင်းဆောင်မကောင်းလို့ပေါ့ကွ အဲ့ကောင်ကတကယ့်ဆန်ကုန်မြေလေး"
    
    ရှပင်က သူ့လက်နှစ်ဖက်ကိုနောက်ပစ်ပြီး
မတ်တပ်ထရပ်ကာ အထင်သွေးစွာနဲ့ပြောလိုက်တယ် "တကယ်လို့ သူတို့မှာကောင်းကင်အောက်နံပါတ်တစ်အုပ်ချုပ်သူသာရှိရင် ပြိုင်ဘက်ကင်းပြီးဧကရာဇ် ထိီးနနျးကိုလူယူနိုငျမှာဘဲ ဒါပေမဲ့လောလောဆယ်မင်းတို့မှာကံကောင်းစွာနဲ့ ငါ့လိုခေါင်းဆောင်မျိုးရှိနေတယ်လေ အဲ့တာကြောင့်ငါတို့တွေ ရန်ဟွမ်တက္ကသိုလ်တခွင် စိုးမိုးခြယ်လှယ်နိုင်ရမယ် နားလည်ကြလား?"
ဖန်းဟိုက်ထန်တို့တွေကို ကြည့်ပြီး သူပြောလိုက်တယ်


    "နားလည်ပါပြီ အစ်ကိုကြီး ငါတို့အခုချက်ချင်းဆောင်ရွက်လိုက်ပါ့မယ်"


    "တကယ်လို့ ငါတို့အဖွဲ့ထဲမဝင်ချင်တဲ့ကောင်ရှိရင် ဝင်ချင်တဲ့အထိသူတို့ကို ရိုက်နှက်ပစ်မယ်"
   
     ညီငယ်လေးတွေက အော်ဟစ်လိုက်ကြတယ်


    "တစ်ခါတစ်လေမှာ အကြမ်းဖက်တဲ့နည်းလမ်းတွေဘဲ သုံးနေစရာမလိုပါဘူး အပျော့နည်းရောအကြမ်းနည်းရော နှစ်မျိုးလုံးသုံးပြီး ရည်ရွယ်ချက်တစ်ခုတည်း အောင်မြင်အောင်လုပ်လို့ရတယ်" သူ့အရင်ဘဝကမ္ဘာမှာ အင်အားတိုးချဲ့တဲ့အဖွဲ့အစည်းတွေရဲ့ စျေးကွက်ချဲ့ထွင်တဲ့နည်းလမ်းတွေကို ဖန်းဟိုက်ထန်တို့ကို ရှပင်သင်ပေးလိုက်တယ်
   
    ကောင်းကင်တိမ်တိုက်ကမ္ဘာလိုနေရာမျိုးမှာ ဒီနည်းလမ်းတွေမပေါ်သေးတာကြောင့် သေချာပေါက်ကြီးမားတဲ့ဖျက်ဆီးနိုင်စွမ်း ရှိမှာပါ


   "ဘုရားရေ အစ်ကိုကြီးမင်းကအရမ်းကောက်ကျစ်စဥ်းလဲတာဘဲ"


   "ဒီလိုယုတ်မာအရှက်မဲ့တဲ့ အကြံစည်မျိုးကို ငါဘာလို့မတွေးမိပါလိမ့် အစ်ကိုကြီးကတကယ်မြေခွေးအိုကြီးဘဲ"
 
    "ဒါမွေးရပါပင်ကိုယ်ပါရမီပါတဲ့ လူလိမ်ဘဲ အစ်ကိုကြီးလိမ်တာခံရမှာ ငါတောင်ကြောက်လာပြီ"


    "တကယ်လို့အစ်ကိုကြီးသာ ရာဇဝတ်မှုကျူးလွန်မယ်ဆိုရင် မိုးကောင်းကင်အောက်နံပါတ်တစ် ဝရမ်းပြေးဖြစ်လာလိမ့်မယ်ဆိုတာ ငါအာမခံတယ် လူဘယ်လောက်မျာများကိုအိမ်ခြေရာမဲ့အောင်လုပ်ပြီး ဆင်းရဲမွဲတွေအောင် အစ်ကိုကြီးလိမ်နိုင်မလဲမသိဘူး"
  
    "စိတ်ပညာရပ်ဘယ်လောက်များများအစ်ကိုကြီး တတ်မြောက်ထားလဲမသိဘူး ဒီလိုနည်းလမ်းမျိုးတွေတွေ့ရှိဖို့အတွက် လူဘယ်လောက်များများကို အရူးလုပ်ခဲ့ရမလဲ?" 


   "အစ်ကိုကြီးရန်ဟွမ်ဂြိုလ်မှာတုန်းက မိန်းမတွေကို ဒီလိုလိမ်ညာနေခဲ့တာလား? ဒီနည်းလမ်းမျိုးသုံးလိုက်ရင် မိန်းကလေးဘယ်လောက်များများဖြစ်ဖြစ် အစ်ကိုကြီးရှေ့မှာနာခံရမှာဘဲ"


    "အစ်ကိုကြီးဒီလိုပြောပြမှ ငါအညဏ်အလင်းပွင့်သွားတယ် တကယ်လို့ဒီအတိုင်းဖြစ်လာရင် ငါတို့ငြိမ်းချမ်းတဲ့ကောင်းကင်ဘုံဂိတ်က အင်အားမကြီးလာမှာကို စိတ်ပူစရာလိုနေအုံးမလား?"
   
    "နောက်ဆို ငါတို့တွေကအေးချမ်းတဲ့ကောင်းကင်ဘုံဂိတ်ရဲ့ အကြီးတန်းအရာရှိတွေဖြစ်လာပြီး ရန်ဟွမ်တက္ကသိုလ်ကိုသေချာပေါက် စိုးမိုးခြယ်လှယ်နိုင်မှာ"


    "အစ်ကိုကြီးနောက်ကိုလိုက်ရင် စားကောင်းသောက်ဖွယ်တွေ အရက်ကောင်းတွေစားရသောက်ရပြီး ဘဝရဲ့အထွတ်အထိပ်မှာသေချာပေါက်နေနိုင်မယ်ဆိုတာ ငါသိတာပေါ့"


    ရှပင်စကားတွေကြားပြီး ဖန်းဟိုက်ထန်တို့တွေ ထပ်ခါထပ်ခါသက်ပြင်းချလိုက်ပါတယ် သူတို့တွေရှပင်အပေါ်ကြည့်တဲ့အမြင်ပြောင်းလဲသွားပြီး တူမတူတဲ့လေးစားအားကျမှုနဲ့ မျက်နှာချိုသွေးလိုက်ကြတယ်


    ဒီစကားတွေကသူ့ကို မြှောက်ပင့်နေတာမဟုတ်ဘဲ စက်ဆုပ်အထင်သေးနေတာလို့ ခံစားရပြီး ရှပင်ပါးစပ်တွေတွန့်သွားတယ်


    ဒါပေမဲ့ဒါကိုသူစိတ်မရှိဘဲ ချက်ချင်းပြောလိုက်တယ် "အိုကေ ဒီမှာအဓိပ္ပာယ်မရှိတာတွေပြောမနေဘဲ ချက်ချင်းငါတို့ရဲ့ငြိမ်းချမ်းတဲ့ကောင်းကင်ဘုံဂိတ်အင်အားကိုတိုးချဲ့ကြ ငြိမ်းချမ်းတဲ့ကောင်းကင်ဘုံဂိတ်ကို ရန်ဟွမ်တက္ကသိုလ်ရဲ့အကြီးဆုံးသိုင်းတာအိုကလပ်အသင်းဖြစ်အောင် ငါလုပ်မယ်"
ဒီလူတွေကို သူအမိန့်ပေးလိုက်ပါတယ်


    "ဟုတ်ကဲ့ပါ အစ်ကိုကြီး"


     ဖန်းဟိုက်ထန်တို့တွေ တစ်ယောက်ပြီးတစ်ယောက် စိတ်လှုပ်ရှာစွာအော်လိုက်ကြတယ်


     ဆွစ် ဆွစ် ဆွစ်!!!
    သူတို့တွေစံအိမ်ကနေချက်ချင်းထွက်ခွါသွားပြီး လုပ်ငန်းစဖို့ခြေလှမ်းပြင်လိုက်ကြတယ်
    
                            ...........................
အပိုင္း(၃၆၈) စိုးမိုးျခယ္လွယ္ျခင္း


     ဒီအခ်ိန္မွာ ရန်ဟွမ်တက္ကသ်ိုလ် ေလ့က်င့္ေရးစင္တာရဲ႕ ေနာရာတစ္ခုမွာလူေတြအမ်ားႀကီးစုေဝးေနၾကၿပီး သိသာျမင္သာတဲ့ဖက္တီးတစ္ေကာင္က လူအုပ္ႀကီးရဲ႕ အာ႐ုံစိုက္စရာျဖစ္ေနပါတယ္ ဒီဖက္တီးကတျခားသူမဟုတ္ဘဲ ဖန္းဟိုက္ထန္ဘဲျဖစ္ပါတယ္


     "ညီအစ္ကိုဖန္း မင္းေျပာတာအမွန္ဘဲလား? ၾကားရတာေတာ့ အခုတေလာအရမ္းေက်ာ္ၾကားေနတဲ့မေကာင္းဆိုးဝါးဝိညဥ္ရွပင္နဲ႕ မင္းနဲ႕အရမ္းသိကြၽမ္းတယ္ဆိုဟုတ္လား?" ေက်ာင္းသားတစ္ေယာက္က ဖန္းဟိုင္ထန္ကိုစူးစမ္းတဲ့အၾကည့္နဲ႕ ၾကည့္ၿပီး ေမးလိုက္တယ္


     တျခားေက်ာင္းသားေတြလည္း ဖန္းဟိုက္ထန္ကိုဝိုင္းၾကည့္လိုက္ၾကပါတယ္ ရန္ဟြမ္တကၠသိုလ္တစ္ခုလုံးမွာရွိတဲ့သိုင္းတာအိုကလပ္အသင္းေတြကို အနိုင္ယူနိုင္တဲ့ရွပင္နဲ႕ပက္သက္ရင္ သူတို႔ေတြအရမ္းစူးစမ္းသိျခင္ေနၾကပါတယ္


    ႏွစ္အနည္းငယ္ေလာက္ေက်ာင္းမွာ ေလ့က်င့္ေနတဲ့စီနီယာေက်ာင္းသားေတြေတာင္ သူ႕ကိုမယွဥ္နိုင္ဘဲ အလြယ္တကူ သူရိုက္ႏွက္တာခံခဲ့ရပါတယ္ အခုဆိုသူ႕အသံၾကားနည္းနည္းၾကား႐ုံနဲ႕ ေက်ာင္းသားဘယ္ေလာက္မ်ားမ်ားေၾကာက္႐ြံ႕ေနၾကၿပီလဲမသိပါဘူး ရွပင္သတင္းၾကား႐ုံနဲ႕လူေတြကိုေၾကာက္ဒူးတုန္ေအာင္လုပ္နိုင္ပါတယ္


    ရန္ဟြမ္တကၠသိုလ္မွာ ရွပင္ရဲ႕ဂုဏ္သတင္းက ခေလးေတြအငိုတိတ္ေအာင္ ေျခာက္နိုင္တဲ့ထိလုပ္နိုင္တယ္ေျပာရင္ မမွားပါဘူး


    "သိကြၽမ္းတာေပါ့ကြ ပြင့္ပြင့္လင္းလင္းေျပာရရင္ ငါကအစ္ကိုရွရဲ႕နံပါတ္တစ္ညီငယ္ေလးဘဲ ေလ ငါတို႔ဆက္ဆံေရးကသိကြၽမ္းတာထက္အမ်ႀကီးပိုတယ္ သူ႕ကိုမ်က္ႏွာခ်ိဳေသြးဖို႔အတြက္ငါ့ပါးစပ္နဲ႕ေတာင္ သူ႕ကိုမႈတ္ေပးခဲ့ေသးတယ္" ဖန္းဟိုက္ထန္ကႂကြားဝါေျပာဆိုလိုက္တယ္


    ရန္ဟြမ္တကၠသိုလ္ကသိုင္းတာအိုအသင္းေပါင္းတစ္ရာေက်ာ္ကိုနင္းေခ်ကာ မေရတြက္နိုင္တဲ့ၿပိဳင္ဘက္ေတြကို အနိုင္ယူၿပီး ရန္ဟြမ္တကၠသိုလ္မွာ ရွပင္ဂုဏ္သတင္းတည္ေဆာက္ၿပီးေနာက္မွာ ရွပင္ရဲ႕နံပါတ္တစ္ညီငယ္ေလးျဖစ္တဲ့ ဖန္းဟိုက္ထန္ရဲ႕ရာထူးကလည္း ဒီေရလွိုင္းထဲက ေလွတစ္စင္းလိုျမင့္တက္လာခဲ့ပါတယ္
       
     သူေလ့က်င့္ဖို႔အျပင္ထြက္လာရင္ေတာင္ လူတစ်အုပ်ကသူ့က်ိုစူးစမ်းချင်စိတ်နဲ့ မ်က္ႏွာခ်ိဳလာေသြးေနၾကတာေၾကာင့္ ဖိန္းဟိုက္ထန္စိတ္ေတြၾကည္ႏူးေနပါတယ္
  
    လခြမ္း!
   
    ေက်ာင္းသားတစ္အုပ္ကမွင္တက္သြားတယ္ ဒီစကားေတြမွာပါတဲ့သတင္းအခ်က္လက္ကအရမ္းႀကီးမားတာေၾကာင့္သူတို႔တစ္ေယာက္စီရဲ႕ ပါးစပ္ေတြတြန့္သြားၾကကာ ဖန္းဟိုက္ထန္ရဲ႕မ်က္ႏွာကို ၾကည့္တဲ့အၾကည့္ေတြ ေျပာင္းသြားၾကတယ္


    "ၾကမ္းလိုက္တာ အစ္ကိုဖန္းရာ ၾကည့္ရတာမင္းနဲ႕ရွပင္က အရမ္သိကြၽမ္းၾကတဲ့ပုံဘဲ"


     "ပါးစပ္နဲ႕ေတာင္မႈတ္ေပးတယ္ေပါ့ေလ ဒီလိုဆိုႏွစ္ေယာက္သားဆက္ဆံေရးခိုင္ၿမဲမွာဘဲ"
 
    "ေတာင္းပန္ပါတယ္ ညီအစ္ကိုဖန္းေရ အရင္ကမင္းကိုငါနည္းနည္းအထင္ေသးခဲ့မိတယ္
မင္းနဲ႕ ရွပင္ရဲ႕ ဆက္ဆံေရးကဒီေလာက္ထိအေရးပါမယ္မထင္ထားဘူး တကယ္ဘဲလူေတြ
အျမင္သစ္ေတြနဲ႕ၾကည့္ရေအာင္လုပ္လိုက္တာဘဲ"


    "ညီအစ္ကိုဖန္းက အေျခေနနဲ႕ လိုက္ေလ်ာညီေထြေအာင္ေနတတ္ၿပီး လူေတြကိုေလးစားေအာင္လုပ္နိုင္တာဘဲ"
    
    ေက်ာင္းသားအမ်ားအျပားက ေလးစားအားက်မႈအျပည့္နဲ႕ ဖန္းဟိုက္ထန္ကိုမ်က္ႏွာခ်ိဳေသြးလိုက္ၾကတယ္ ဒီလိုလူေတြအမ်ားႀကီးမလုပ္နိုင္တဲ့ကိစၥမ်ိဳးကို ရွပင္ကိုမ်က္ႏွာခ်ိဳေသြးဖို႔အတြက္ ဖန္းဟိုက္ထန္လုပ္ခဲ့ပါတယ္


    "ရပါတယ္ဗ်ာ ရပါတယ္ အေျခေနနဲ႕လိုက္ေလ်ာညီေထြစြာ ေနတတ္တာမဟုတ္ပါဘူး အစ္ကိုႀကီးအေပၚငါ့ရဲ႕ေလးစားမႈေတြက ျမစ္ျပင္က်ယ္ရဲ႕လွိုင္းလုံးႀကီးေတြလို ထိန္းခ်ဳပ္ရခက္တယ္" ဖန္းဟိုက္ထန္က လက္နဲ႕ေဝ့ယမ္းလိုက္ၿပီး "အစ္ကိုႀကီးအတြက္ဆို ဘာဘဲလုပ္ရလုပ္ရ ငါလုပ္ေပးနိုင္တယ္ ဒါေပမဲ့ဒါေတြကိုခုထိငါထုတ္မေျပာဘဲ နိမ့္ခ်ၿပီေနေနခဲ့တာဘဲ သူမ်ားေတြငါ့ကိုအက်င့္ပ်က္ျခစားတဲ့လက္ေအာက္ငယ္သားလို႔ မထင္ရေအာင္ အားလုံးဘဲဒီကိစၥကိုလိုက္မျဖန့္ၾကဖို႔ငါေမွ်ာ္လင့္တယ္"


    သူကအရမ္းနိမ့္ခ်တဲ့အမူအရာနဲ႕ ေျပာဆိုလိုက္တယ္


   သူ႕စကားၾကားၿပီးေက်ာင္းသားတစ္အုပ္က ပါးစပ္ေတြတြန့္သြားပါတယ္ ဒီလိုအရွက္မရွိတဲ့လူမ်ိဳးကိုသူတို႔ေတြပထမဆုံးႀကဳံဖူးတာပါ


    "ငါ့ယီးမို႔ ဒီေနရာမွာလာႂကြားေနတာလား"
    တစ္ခ်ိဳ႕ေက်ာင္းသားေတြက ဖန္းဟိုက္ထန္ရဲ႕ႂကြားဝါေနတဲ့ ပုံစံကို မ်က္စိေနာက္လာၿပီး သေရာ္လိုက္တယ္ "အဲ့ဒီ့ရွပင္ရဲ႕ သိုင္းတာအိုခြန္အားက ေကာင္းရင္ေတာင္ သူ႕အက်င့္စာရိတၱက ေကာင္းတာမဟုတ္ဘူး ကိုယ္က်င့္တရားမေကာင္းရင္ လူေတြသူ႕ကိုအထင္ေသးမွာဘဲ" 


    "ဒီအခ်က္နဲ႕တင္ ငါသူ႕ကိုအထင္ေသးတယ္"
 
    ဆြစ္ ဆြစ္ ဆြစ္!!!
   တစ္ျခားေက်ာင္းသားေတြ တစ္ေယာက္ၿပီးတစ္ေယာက္ စကားေျပာတဲ့ေက်ာင္းသားဘက္ကိုလွည့္ၾကည့္လိုက္ၿပီး ဒီေက်ာင္းသားက ရွပင္အၾကမ္းဖမ္းရိုက္ႏွက္တာခံရကာ ေဆး႐ုံမွာသုံးရက္ေလာက္သြားအိပ္ေနရတဲ့ ဓားသမားအသင္းက ပါရမီရွင္ဆိုတာကို သူတို႔မွတ္မိသြားတယ္ အဲ့တာေၾကာင့္ ဒီေကာင္ရွပင္ကိုမုန္းတီးေနတာ မဆန္းပါဘူး
   
     ဒီစကားေတြၾကားတာနဲ႕ ဖန္းဟိုက္ထန္ကသူ႕ကိုေဘးတေစာင္းၾကည့္လိုက္ၿပီး "အို႔ ဘယ္လိုလဲ? ငါအစ္ကိုႀကီးကအက်င့္မေကာင္းဘူးေပါ့ေလ?"


   "ဘယ္လိုလုပ္ သူ႕အက်င့္စာရိတၱက ေကာင္းမွာလဲ? သူ႕လုပ္ရပ္ေတြကိုမင္းမျမင္ဘူးလား?" အဲ့ေက်ာင္းသားက ခုန္ထထြက္လာၿပီး က်ိမ္ဆဲလိုက္တယ္ "သိုင္းတာအိုအသင္းေတြကို သူစိန္ေခၚနိုင္တာ ဘာဘဲျဖစ္ျဖစ္သူခြန္အားႀကီးလို႔လုပ္တယ္ဆိုေတာ့ ဒါကသင့္ေလ်ာ္တဲ့ကိစၥဘဲ ငါလက္ခံပါတယ္"


   "ဒါေပမဲ့ သိုင္းတာအိုအသင္းေတြကိုသူအနိုင္ယူၿပီးေနာက္မွာ မထင္မွတ္ဘဲသူတို႔ရဲ႕ကမၸည္းေက်ာက္စာျပားေတြကိုပါ လုယူသြားခဲ့တယ္ေလ ဒါကသူတစ္ပါးအိမ္ကိုသြားဖ်က္ဆီးၿပီး သူတစ်ပါးရဲ့ပ်ိုင်ဆိုင်မှုတွေကို လူယက္တာမဟုတ္လား? ဒီကိစၥကလုယက္မႈမေျမာက္ရင္ ဘယ္ဟာမ်ိဳးက လုယက္မႈေျမာက္မွာလဲ?"


    ရွပင္ရဲ႕အျပဳအမူက လူယက္မႈျဖစ္ၿပီး ရဇဝတ္မႈေျမာက္တယ္ဆိုတဲ့အေၾကာင္း သူေဖာ္ျပလိုက္တယ္


    "အဓိပၸာယ္မရွိတဲ့စကားေတြ"
    ဖန္းဟိုက္ထန္က စိတ္တိုၿပီးေအာ္ေငါက္လိုက္တယ္ "ငါ့အစ္ကိုႀကီးက မင္းတို႔သိုင္းတာအိုအသင္းေတြကိုသြားတာ အေပ်ာ္ရႈခင္းေတြၾကည့္ဖို႔ ခရီးထြက္သလိုဘဲ မင္းတို႔ရဲ႕သိုင္းတာအိုက်င့္ႀကံျခင္းကို အေတြ႕အႀကဳံရေအာင္သင္ၾကားေပးဖို႔အတြက္သြားတာေလ အဲ့တာကိုမင္းတို႔ေကာင္ေတြတစ္ေယာက္ခ်င္းစီက ေက်းဇူးမတင္တဲ့အျပင္ ငါ့အစ္ကိုႀကီးကိုအဖ်က္အေမွာင့္ေတြလုပ္ေနတယ္ထင္ေနၾကတယ္ မင္းရွက္ရေကာင္းမွန္းမသိဘူးလား?"


    "မင္းတို႔အသင္းရဲ႕ ကမၸည္းေက်ာက္ျပားေတြကို အစ္ကိုႀကီးယူသြားရတဲ့အေၾကာင္းရင္းက ခရီးသြားအထိမ္းအမွတ္အေနနဲ႕ အမွတ္တရျဖစ္ေအာင္ ေဒသထြက္ကုန္တစ္ခုခုကို အိမ္ျပန္လက္ေဆာင္ယူသြားတဲ့သေဘာမ်ိဳးဘဲ"


   "ခရီးသြားရင္း ေဒသထြက္ကုန္ေတြကိုေခ်ာေခ်ာ့ေမြ႕ေမြ႕သယ္ေဆာင္သြားတဲ့ ဒီအျပဳအမူမ်ိဳးကလြန္တယ္ေခၚလား မင္းေျပာစမ္း"
သူမတရားစြပ္စြဲခံထားရသလို တံေတြးစင္ေအာင္ေျပာလိုက္တယ္


    "မင္း!"
    အဲ့ဒီေက်ာင္းသားက ဖန္းဟိုက္ထန္စကားၾကားၿပီး ေဒါမႊန္သြားပါတယ္ ဒီေကာင္ေျပာပုံအရဆို သူတို႔ကိုမေသ့တေသရိုက္တာက ဖ်က္ဆီးေနတာမဟုတ္ဘဲ သူတို႔ရဲ႕က်င့္ႀကံျခင္းကိုေလ့က်င့္ေပးေနတာျဖစ္ၿပီး သူတို႔အသင္းရဲ႕ကမၸည္းေက်ာက္စာျပားကို လုယူတာကလည္းခရီးကအျပန္ ေဒသထြက္ကုန္ကိုအိမ္သယ္သြားတဲ့သေဘာေပါ့?


    အမွန္တရားကိုတမင္တကာလိမ္ညွာရင္ေတာင္အကန့္အသတ္ေတာ့ရွိသင့္ပါတယ္ သူ႕ကိုယ္တစ္ပိုင္းေသေအာင္ေဒါသထြက္ေနၿပီး ဒီဖက္တီးကအရမ္းေစ်းေပါၿပီးေတာ့ အလြန္အမင္းအရွက္မဲ့တဲ့ရွပင္နဲ႕တစ္အုပ္စုတည္းဘဲလို႔ ေတြးလိုက္တယ္


     "ငါ့ယီကို မင္းပါလား!"
     ဖန္းဟိုက္ထန္ဆင္တစ္ေကာင္လိုခုန္ၿပီးေတာ့ဘန္းကနဲ႕ အဲ့ဒီ့ေက်ာင္းသားကိုလြင့္ထြက္ေအာင္ ထိုးခ်လိဳက္တာနဲ႕ ဒီေက်ာင္းသားမ်က္ႏွာတစ္ျခမ္းေဖါင္းကားၿပီး လဲက်သြားပါတယ္
 
    "ဖန္းဟိုက္ထန္ဆိုတဲ့ငါက အမွန္တရားကိုတမင္တကာလိမ္ညာေျပာတတ္တဲ့သူမ်ိဳးကို အမုန္းဆုံးဘဲ ငါ့အစ္ကိုႀကီးကိုသြားပုတ္ေလလြင့္ေျပာဆိုတဲ့ကာင္ေတြ တစ္ေယာင္ခ်င္းစီက ကိုယ္က်င့္သိကၡာမရွိၾကတဲ့ေကာင္ေတြ"
   
    ဓားသမားအသင္းဝင္ေက်ာင္းသားကို လဲက်ေအာင္အလစ္ဖမ္းထိုးၿပီးတာနဲ႕ ဖန္းဟိုက္ထန္က အမွန္တရားဘက္ေတာ္သားတစ္ေယာက္ေအာ္ရာနဲ႕ ေျပာဆိုလိုက္တယ္


    "ညီအစ္ကိုဖန္းေျပာတာမွန္တယ္ ဒီေကာင္ကကအသိတရားမရွိဘဲ ကိုယ္က်ိဳးဘဲၾကည့္တဲ့ေကာင္"


   "ငါသိတာေပါ့ ဒီသိုင္းတာအိုကလပ္အသင္းေက်ာင္းသားေတြအားလုံးက စိတ္ထဲမွာညစ္ပတ္တဲ့အႀကံေတြရွိတဲ့ ေၾကာင္သူေတာ္ေတြဘဲ ငါအခုလုံးဝနားလည္သြားၿပီ"


    "သူမ်ားနဲ႕တိုက္ခိုက္လို႔မနိုင္တာနဲ႕ ရန္သူကိုေနာက္ေက်ာဓားနဲ႕ထိုးေတာ့တာဘဲ ဒီလိုလူမ်ိဳးကအထင္ေသးစရာေကာင္းၿပီး မိတ္ေဆြဖြဲ႕ဖို႔မထိုက္တန္ဘူး"


    အနီးနားကေက်ာင္းသားေတြတစ္ေယာက္ၿပီးတစ္ေယာက္ ဖန္းဟိုက္ထန္ကိုမ်က္ႏွာခ်ိဳေသြးလိုက္ၾကတယ္


   "အို႔ ၾကည့္ရတာဒီေလာကမွာ အမွန္တရားျမတ္နိုးတဲ့လူတခ်ိဳ႕ရွိေသးတာဘဲ ကမၻာႀကီးကမေကာင္းတဲ့လူေတြေၾကာင့္ သက္ေရာက္မႈမရွိဖို႔ငါေမွ်ာ္လင့္တယ္" ဖန္းဟိုက္ထန္ကေက်နပ္ၿပီး ေခါင္းၿငိမ့္လိုက္တယ္
  
     တခ်ိဳ႕သိုင္းတာအိုအသင္းဝင္ ေက်ာင္းသားေတြက စိတ္ထဲမွာေဒါပြေနၿပီးမေက်မနပ္ျဖစ္ေနၾကပါတယ္ လူကို႐ုတ္တရက္အလစ္တိုက္တဲ့ေကာင္က မထင္မွတ္ဘဲဒီစကားမ်ိဳးေျပာရဲပါတယ္ ဒါဘယ္ကကိုယ္က်င့္သိကၡာေတြ တရားမွ်တမႈေတြ ျဖစ္ရမွာလဲ


    လူတိုင္းမွာဒီစကားေတြေျပာခြင့္ရွိေပမဲ့ ဒီေသနာဖက္သီးပါးစပ္ ဒီလိုတရားမွ်တမႈစကားမ်ိဳးေျပာဖို႔ အရည္ခ်င္းမျပည့္မွီပါဘူး


     "ဘာျဖစ္တာလဲ? မင္းတို႔တစ္ေယာက္ခ်င္းစီရဲ႕႐ုပ္ေတြကိုၾကည့္ရတာ မေက်နပ္ၾကတဲ့ပုံဘဲ  မင်းတို့ရဲ့သိုင်းတာအိုအသင်းတွေက်ို ေနာက္တစ္ခါလာလည္ၿပီး မင္းတို႔ကိုေလ့က်င့္သင္ၾကေပးဖို႔ ငါ့အစ္ကိုႀကီးကိုေခၚလိုက္ရမလား တကယ္လို႔ ဒီတစ္ခါမင္းတို႔ကိုအတြင္းေၾကေအာင္ မရိုက္နိုင္ရင္ မင္းတို႔မ်ိဳးႏြယ္နာမည္ငါေျပာင္းေပးမယ္"
 
    ဖန္းဟိုက္ထန္က ဒီလူေတြကိုေမာက္မာစြာနဲ႕အေပၚစီးကၾကည့္ၿပီးျပာလိုက္တယ္


   ဘာကြ?!


  သိုင္းတာအိုအသင္းကေက်ာင္းသားတစ္ခ်ိဳ႕ ခ်က္ခ်င္းေၾကာက္ဒူးတုန္သြားၾကၿပီး တစ္ေယာက္ၿပီးတစ္ေယာက္ေခါင္းငုံ႕လိုက္ၾကတယ္ ရွပင္ျပႆနာရွာတာခံရရင္ သူတို႔ေတြဆုတ္ျပတ္သတ္ၿပီး ေဆး႐ုံမွာရပ္အနည္းငယ္ေလာက္သြားအိပ္ေနရမွာပါ


    "ညီအစ္ကိုဖန္း ကိုယ့္ကိုယ္ကိုဒီေသာက္႐ူးေတြအဆင့္ထိႏွိမ့္ခ်ၿပီး ၿပိဳင္မျငင္းပါနဲ႕"


    "ဟုတ္္တယ္ ငါတို႔ကိုအစ္ကိုႀကီးရွနဲ႕ ဘယ္ခ်ိန္ေလာက္ညီအစ္ကိုဖန္းမိတ္ဆက္ေပးမလဲမသိဘူး?"


   "အစ္ကိုရွကို ငါေလးစားအားက်ေနတာၾကာၿပီ"


    "တစ္ကယ္လို႔အစ္ကိုရွဆင့္ခၚလိုက္ရင္ ငါတို႔ခ်က္ခ်င္းေရာက္လာလိုက္မယ္"


     "ဟုတ္တယ္ တကယ္လို႔အစ္ကိုရွသာ သိုင္းတာအိုအဖြဲ႕အစည္းေထာင္မယ္ဆိုရင္ ငါတို့တွေတာဝန်သ်ိတတ်စွာနဲ့ ဝမ္းေျမာက္ဝမ္းသာဝင္ခ်င္ပါတယ္"


     ေက်ာင္းသားတစ္အုပ္က ေအာ္ေျပာလိုက္ပါတယ္


    "အဖြဲ႕အစည္းေထာင္ဖို႔လား?"
     ဖန္းဟိုက္ထန္က မ်က္လုံးေတြလည္ၿပီး အႀကံစည္ေတြခ်က္ခ်င္းထုတ္လိုက္တယ္ "မင္းတို႔ေျပာတဲ့အႀကံေကာင္းတယ္ ပြင့္ပြင့္လင္းလင္းေျပာရမယ္ဆိုရင္ ငါ့အစ္ကိုႀကီးကရန္ဟြမ္တကၠသိုလ္ကိုစိုးမိုးျခယ္လွယ္မဲ့ သိုင္းတာအိုအသင္းတစ္သင္း ေထာင္ဖို႔ဆႏၵရွိေနတာၾကာၿပီ"
  
    "မင္းတို႔အလုံးသာ ဝင္ၾကမယ္ဆိုရင္ အင္အားေကာင္းလာမွဘဲ"
    စကားနည္းနည္း သူေျပာလိုက္ပါတယ္


                             ..........................
အပိုင္း(၃၆၉) ေကာင္းကင္ဘုံအလႊာအဆင့္၉


     ေနာက္တစ္ေန႕မနက္ေစာေစာ ေနထြက္လာတဲ့အခ်ိန္မွာ ရွပင္သူ႕စံအိမ္ထဲက တိတ္ဆိတ္တဲ့အခန္းထဲမွာထိုင္ေနၿပီး ရွင္းမျပနိုင္တဲ့စြမ္းအားေတြက အခန္းေလထုထဲျပည့္ႏွက္ကာ ေလေတြတုန္ခါေနပါတယ္ 
  
     သူ႕အဝတ္အစားေတြက အလိုအေလ်ာက္လႈပ္ရွားမႈမရွိဘဲ ႏွလုံးခုန္သံက စစ္ပြဲဗုံသံလိုတဒုန္းဒုန္းျမည္ေနပါတယ္


    ဘန္း!
    ႐ုတ္တရက္ရွပင္ကိုယ္ထဲက အစစ္အမွန္ခ်ီေတြ အျမင့္ဆုံးအထိေရာက္သြားၿပီး မီးေတာင္ေပါက္သလိုသူ႕ကိုယ္ထဲက ေနာက္ထပ္အမွတ္တစ္ခုပြင့္သြားပါတယ္ ေနာက္ဆုံးမွာေတာ့ နဝမေျမာက္အပ္စိုက္ကုထုံးအမွတ္ေပါက္ကို သူခ်ိတ္ဆက္နိုင္ခဲ့ပါၿပီ


    သိုင္းပညာရွင္ေကာင္းကင္ဘုံအလႊာအဆင့္၉


    ေဟြာင္ ေလာင္ ေလာင္!!!
    ေျမာက္မ်ားစြာေသာ အစစ္အမွန္ခ်ီေတြက နဝမေျမာက္တြင္းေပါက္ထဲကို ပင္လယ္ထဲစီးဝင္တဲ့ ျဖစ္ေခ်ာင္းေတြလိုစီးဝင္သြားပါတယ္ သူ႕ကိုယ္ထဲကေသြးျပန္ေၾကာေတြတုန္ခါေနၿပီး အစစ္အမွန္ခ်ီေတြကလွိုင္းလုံးႀကီးေတြလို ေၾကာက္စရာခြန္အားနဲ႕ ျမင့္တက္လာခဲ့ပါတယ္


    ဒီအခ်ိန္မွာ ထာဝရစစ္မွန္ေသာယန္က်င့္စဥ္ရဲ႕လုပ္ေဆာင္ခ်က္ေၾကာင့္ သူ႕အစစ္အမွန္ခ်ီေတြက စစ္မွန္တဲ့အဆီအႏွစ္စြမ္းအင္ေတြအျဖစ္ကိုလ်င္ျမန္စြာေျပာင္းလဲသြားၿပီး အနီနက္ေရာင္အရည္ေတြျဖစ္ကာ ဒန္တ်န္အနက္ပိုင္းကိုစီးဝင္သြားပါတယ္


    "ေနာက္ဆုံးေတာ့ သိုင္းပညာရွင္ေကာင္းကင္ဘုံအလႊာအဆင့္၉ကိုေရာက္ခဲ့ၿပီဘဲ"ရွပင္မ်က္လုံးေတြဖြင့္လိုက္ၿပီး ေၾကာက္စရာေကာင္းတဲ့အလင္းတန္းေတြကို ထုတ္ေဖာ္လိုက္ပါတယ္ သူ႕မ်က္ဆန္အတြင္းပိုင္းမွာ ေၾကာက္စရာေကာင္းတဲ့ဖ်က္ဆီးအားေတြပါတဲ့မီးေတာက္ေတြ လည္ေနတယ္လို႔ထင္ရပါတယ္


     သူ႕ခြန္အားေတြကို ခံစားၾကည့္လိုက္တာနဲ႕အစစ္အမွန္ခ်ီေတြအရင္ကထက္ ၅၀%ေလာက္ပိုအားေကာင္းလာကာ ဝိညဥ္စြမ္းအင္ေတြေတာင္ ႀကီးႀကီးမားမားသန့္စင္ခံရၿပီး ပ်ိုအားကောင်းလာကို ရွပင္သိလိုက္တယ္


    သုံးပတ္တိတိသိုင္းတာအိုကလပ္အသင္းေတြကိုဆက္တိုက္စိန္ေခၚကာ တိုက္ပြဲရာေပါင္းမ်ားစြာဆင္ႏြဲၿပီး သူ႕ကိုယ္တြင္းက ေလးနက္တဲ့ယင္ေဆးဝါးနဲ႕ လည္ပတ္ျခင္းကိုးခုမူလက်င့္ႀကံျခင္းေဆးစြမ္းအင္ေတြကို သန့္စင္နိုင္ခဲ့ပါတယ္


   ေနာက္ဆုံးမွာေတာ့ လုံေလာက္တဲ့အစစ္အမွန္ခ်ီေတြကိုစုစည္းၿပီး သိုင္းပညာရွင္အဆင့္၉ကို ဒီကေန႕မွာ တက္လွမ္းနိုင္ခဲ့တာပါ


    အမွတ္ေပါက္ကိုးခုက အစစ္အမွန္အခ်ီေတြ အဆက္မျပက္လည္ပတ္ၿပီးတစ္ခုတည္းအျဖစ္စုစည္းကာ ဆက္လက္ႀကီးထြားလာပါတယ္ ဒါကသိုင္းပညာရွင္အဆင့္ရဲ႕ အထြတ္အထိပ္ခြန္အားျဖစ္ပါတယ္


    သိုင္းပညာရွင္အဆင့္၈နဲ႕ အဆင့္၉ကလုံးဝကြဲျပားၿပီး အစစ္အမွန္ခ်ီျပန္လည္ျဖည့္တင္းႏႈန္းျဖစ္ေစ အစစ္အမွန္ခ်ီသိုေလွာင္တဲ့ပမာဏျဖစ္ေစ သိုင္းပညာရွင္အဆင့္၈က အဆင့္၉နဲ႕မယွဥ္နိုင္ပါဘူး


    ခြန္အားကလည္းသိုင္းပညာရွင္အဆင့္၈မွာထက္ ႏွစ္ဆေလာက္ပိုေကာင္းလာၿပီး သိုင္းပညာရွင္အဆင့္၉ကိုေရာက္ၿပီးေနာက္မွာ သိုင္းဆရာအဆင့္ရဲ႕ ဆန္းၾကယ္မႈနဲ႕ စတင္ထိေတြ႕လာနိုင္ပါၿပီ


    "စစ္မွန္တဲ့အဆီအႏွစ္စြမ္းအင္ေတြလည္း အမ်ားႀကီးေျပာင္းလာသားဘဲ" ရွပင္မ်က္လုံးမွိတ္လိုက္ၿပီး ဝိညဥ္စြမ္းအင္နဲ႕ ခႏၶာကိုယ္အႏွံ႕အျပားကိုျဖန့္ကာ သူ႕ဒန္တ်န္အတြင္းပိုင္းမွာ အစစ္အမွန္ခ်ီကေန စစ္မွန္တဲ့အဆီအႏွစ္စြမ္းအင္ေတြအျဖစ္ ျဖည္းျဖည္းခ်င္းေျပာင္းေနတာကို အာ႐ုံခံလိုက္ပါတယ္


    ဒီစစ္မွန္တဲ့အဆီအႏွစ္စြမ္းအင္ေတြက အရင္ကထက္ပိုႀကီးမားလာပါတယ္


    တကယ္လို႔ရွပင္အရင္က သိုင္းဆရာအဆင့္မီးစြမ္းအင္ပါဝင္တဲ့ လက္သီးခ်က္တစ္ခ်က္ထိုးနိုင္ရင္ အခုသူဆယ္ခ်က္ေလာက္ထိုးနိုင္လာၿပီး ဆယ္ဆေလာက္ပိုစြမ္းအားႀကီးလာပါတယ္


    အစစ္အမွန္ခ်ီကေန စစ္မွန္တဲ့အဆီအႏွစ္ေျပာင္းတဲ့အရွိန္ကလည္း သိသိသာသာျမန္လာကာ အခ်ိန္တိုင္းမွာ သူတိုးတက္ေနပါတယ္


    တကယ္လို႔ အခ်ိန္တခ်ိဳ႕ၾကာရင္ သူတစ္ကိုယ္လုံးမွာရွိတဲ့အစစ္အမွန္ခ်ီေတြအားလုံးကို စစ္မွန္တဲ့အဆီအႏွစ္ေတြအျဖစ္ ေျပာင္းလဲနိုင္ေတာ့မွာပါ အဲ့ခါက်ရင္သူ သိုင္းဆရာတစ္ေယာက္ျဖစ္လာၿပီး ရန္ဟြမ္တကၠသိုလ္ရဲ႕လက္ေ႐ြးစင္ေက်ာင္းသားတစ္ေယာက္ျဖစ္လာကာ ရာထူတိုးေတာ့မွာပါ
 
    သိုင္းဆရာအဆင့္ကိုေရာက္ၿပီး လက္ေ႐ြးစင္ေက်ာင္းသားတစ္ေယာက္ျဖစ္လာတာနဲ႕ ေကာင္းကင္ကိုတစ္ခ်က္တည္းခုန္တက္သြားသလို သက္တူ႐ြယ္သူေတြရဲ႕အထက္မွာ ရပ္တည္နိုင္ေတာ့မွာပါ တကယ္လို႔ေက်ာင္းကထြက္ၿပီး ရန္ဟြမ္ၿဂိဳလ္ကိုျပန္ရင္ေတာင္ စစ္သူႀကီးတစ္ေယာက္ျဖစ္လာနိုင္ပါတယ္
   
    "သတ္!"
     ရွပင္ေျခတစ္လွမ္းတိုးလိုက္ၿပီး လက္တစ္ေခ်ာင္းၫႊန္လိုက္တာနဲ႕ အနီနက္ေရာင္စစ္မွန္တဲ့အဆီအႏွစ္စြမ္းအင္ေတြထြက္ေပၚလာၿပီး ေလထဲမွာအစိုင္အခဲအျဖစ္ပ်စ္ခဲသြားကာ ေလဟာနယ္ကိုေလာင္ကြၽမ္းေစတနိုင္တဲ့ တူမတူတဲ့ဖ်က္ဆီးအားေတြပါတဲ့ မီးေတာက္ေတြလိုထြက္ေပၚလာပါတယ္
 
    ဘုန္း!
    သူလက္တစ္ေခ်ာင္းၫႊန္လိုက္႐ုံနဲ႕တင္ တိုက္ေတနီယမ္သတၱဳအခန္းနံရံ အလြယ္တကူကြၽံထြက္သြားၿပီး ေၾကာက္စရာေကာင္းတဲ့မီးေတြေလာင္ကြၽမ္းၿပီး သတၱဳအရည္ပ်ာ္ကာ တေတာက္ေတာက္နဲ႕ ၾကမ္းျပင္ေပၚက်လာပါတယ္


    အျပင္ကေနေရာင္ျခည္က အေပါက္ကေနသူ႕အခန္းထဲကိုက်လာပါတယ္


    "ဒီသိုင္းပညာရွင္ေကာင္းကင္ဘုံအလႊာအဆင့္၉အစြမ္းက တကယ္ေၾကာက္စရာေကာင္းတာဘဲ ငါ့ရဲ႕ကိုးခုေျမာက္အပ္စိုက္ကုထုံးအမွတ္ေပါက္ကလည္း တကယ္ႀကီးမားတာဘဲ" ရွပင္လက္သီးစုပ္ၿပီး သူ႕ကိုယ္ထဲကတက္လာတဲ့ အစစ္အမွန္ခ်ီေတြရဲ႕တိုက္ခိုက္အားကိုအာ႐ုံခံကာ ခံစားခ်က္နဲ႕သက္ျပင္းခ်လိဳက္ပါတယ္ စစ္မွန္တဲ့ ေကာင္းကင္ဘုံအလႊာအဆင့္၁သိုင္းဆရာကို ရင္ဆိုင္ရရင္ေတာင္ သူေၾကာက္စရာမလိုပါဘူး
 
     ဒါေပမဲ့သူ႕ရဲ႕ကိုးခုေျမာက္ အတြင္းေပါက္ကအေတာ္ေလးႀကီးတာကို သူသတိထားမိသြားတယ္ ဒီတြင္းေပါက္မွာမ်ားျပားတဲ့အစစ္အမွန္ခ်ီေတြဝင္ဆံ့ၿပီး ေရွ႕ကအပ္စိုက္ကုထုံးအမွတ္ေပါက္ ရွစ္ခုလုံးေပါင္းထက္ကိုႏွစ္ဆေလာက္ပိုႀကီးပါတယ္


    ဒီကိုးခုေျမာက္တြင္းေပါက္ႀကီးကိုျဖည့္ဖို႔အတြက္ မ်ားျပားတဲ့သဘာဝအရင္းျမစ္ေတြကိုသုံးစြဲၿပီး စြမ္းအင္အေျမာက္အမ်ားကိူ သူစုပ္ယူဖို႔လိုအပ္ပါတယ္


    ထို႔အျပင္ရွပင္က ထာဝရစစ္မွန္ေသာယန္က်င့္စဥ္ကို ေလ့က်င့္ထားတဲ့အတြက္ တြင္းေပါက္ကိုဆက္ၿပီးခ်ဲ့လို႔ရပါတယ္ သူ႕ကိုယ္ထဲသိုေလွာင္နိုင္တဲ့အစစ္အမွန္ခ်ီေတြက သာမန္သိုင္းပညာရွင္ထက္ကို ဆယ္ဆေလာက္ပိုမ်ားနိုင္ပါတယ္ ဒီအတြက္လည္းသဘာဝအရင္းျမစ္အေျမာက္အမ်ားကို သုံးစြဲဖို႔လိုအပ္တာပါ


    တကယ္လို႔သာမန္သိုင္းပညာရွင္ဆိုရင္ေတာ့ သုံးေလးႏွစ္ေလာက္ ႀကိဳးစားၿပီး ေကာင္းကင္နဲ႕ေျမျပင္ကခ်ီဓာတ္ေတြကိုျဖည္းျဖည္းခ်င္းစုပ္ယူကာ သိုင္းပညာရွင္အဆင့္၉အထြတ္အထိပ္ကိုေရာက္ဖို႔အခြင့္အေရးရွိမွာပါ


    ဒါေပမဲ့လက္ရွိရွပင္မွာ ေက်ာင္းအမွတ္ေပါင္း ၁၆၀၀၀၀ေက်ာ္ရွိထားတဲ့အတြက္ အစစ္အမွန္ခ်ီကိုလ်င္ျမန္စြာ တိုးျမႇင့္နိုင္တဲ့အေကာင္းဆုံးေဆးဝါးေတြကိုဝယ္ယူၿပီး က်င့္ႀကံျခင္းအခ်ိန္ေတြအမ်ားႀကီးသက္သာေအာင္ လုပ္နိုင္ပါတယ္


    ဒါကလူခ်မ္းသာေတြရဲ႕ အားသာခ်က္ျဖစ္ပါတယ္ သူမ်ားေတြေကာင္းကင္နဲ႕ေျမျပင္က ခ်ီဓာတ္ေတြကို ခက္ခက္ခဲခဲစုပ္ယူၿပီးက်င့္ႀကံေနခ်ိန္မွာ လူခ်မ္းသာေတြကေတာ့ ေဆးဝါးေတြကိုေအးေဆးစားၿပီး သူမ်ားေတြႏွစ္နဲ႕ေလ့က်င့္တာနဲ႕ ညီမွ်တဲ့ အက်ိဳးေတြခံစားရပါတယ္ ကြာျခားခ်က္ကအရမ္းႀကီးလြန္းပါတယ္


    ဒီကမၻာမွာ ပိုၿပီးခ်မ္းသာေလေလ ပိုခြန္အားႀကီးေလေလပါဘဲ


    "ဆႏၵနဂါးနဲ႕က်ားေဆးဝါး ၁၅လုံး ဝယ္ရမယ္" ခနစဥ္းစားၿပီးတာနဲ႕ ရန္ဟြမ္တကၠသိုလ္ ဆိုင္ခန္းဝဘ္ဆိုဒ္ထဲကို ရွပင္ခ်က္ခ်င္းဝင္ၿပီး ဆႏၵနဂါးနဲ႕က်ားေဆး၁၅လုံး မွာယူလိုက္ပါတယ္


    အင္တာနက္ေပၚမွာ ေအာ္ဒါတင္ၿပီးတာနဲ႕ တစ္စုံတစ္ေယာက္က ေဆးဝါးေတြကိုလ်င္ျမန္စြာလာပို႔ေပးတဲ့အတြက္ ဝယ္ယူရတာအရမ္းအဆင္ေျပပါတယ္


    ဒီေဆးဝါးေတြက အရမ္းေစ်းႀကီးၿပီးေဆးတစ္လုံးကို ရမွတ္တစ္ေသာင္းတန္ဖိုးရွိပါတယ္ ဒါေပမဲ့ဒီေဆးမွာပါတဲ့စြမ္းအင္က အရမ္းေပါမ်ားၿပီး နဂါးနဲ့ကျားလိုစွမ်းအင်တွေပါတဲ့အတွက်သ်ိုင်းပညာရှင်အဆင့်ရဲ့ အစစ္အမွန္ခ်ီက်င့္ႀကံျခင္းကို ႀကီးႀကီးမားမားတိုးတက္ေစနိုင္တဲ့အတြက္ ရွပင္ဝယ္ယူရျခင္းျဖစ္ပါတယ္


    "ဟုတ္တယ္ ဒီရက္ေတြမွာမုန္းတီးျခင္းရမွတ္ေပါင္း ဘယ္ေလာက္ရထားလဲမသိဘူး?" ရက္ေပါင္းမ်ားစြာအတြင္းမွာ လူဘယ္ေလာက္မ်ားမွန္းမသိေအာင္သူရန္ရွာခဲ့တဲ့အတြက္ မုန္းတီးျခင္းရမွတ္အေျမာက္အမ်ား သူရနိုင္တယ္လို႔ရွပင္ခန့္မွန္းလိုက္တယ္


    ဒင္!
    ရွပင္အေတြးကို အာ႐ုံခံမိတာနဲ႕ စနစ္ကခ်က္ခ်င္းျပန္ေျဖလိုက္တယ္ "ဂုဏ္ယူပါတယ္ပိုင္ရွင္ ဒီတစ္ခါရန္ဟြမ္တကၠသိုလ္ေက်ာင္းသားေတြကို ေဒါသထြက္ေအာင္လုပ္ခဲ့တဲ့အတြက္ မုန္းတီးျခင္း ရမွတ္ေပါင္း ေလးသိန္းရရွိခဲ့ပါတယ္ အရင္ကရမွတ္ေတြနဲ႕ေပါင္းရင္ လက္ရွိမွာစုစုေပါင္း မုန္းတီးျခင္းရမွတ္၈သိန္းခြဲရွိပါတယ္"


    ၈သိန္းခြဲလား?


    ရွပင္မ်က္လုံးေတြေတာက္ပၿပီး ရမွတ္တစ္သန္းျပည့္ရင္ စနစ္ကေထာက္ပံ့ေပးမဲ့လက္ေဆာင္ႀကီးရမယ္ဆိုတာကို သတိရသြားတယ္
  
   ဒါေပမဲ့ရမွတ္တစ္သန္းျပည့္ဖို႔ ၁သိန္းခြဲဘဲလိုေတာ့တာေၾကာင့္ သိပ္မ်ားတယ္လို႔မဆိုနိုင္ပါဘူး


    "သနားစရာေကာင္းတာက မုန္းတီးျခင္းရမွတ္ ၁၅၀၀၀၀ လိုေနေသးတယ္" ရွပင္နည္းနည္းေနာင္တရသြားတယ္ ဒီတစ္ခါသူ႕လုပ္ရပ္ေၾကာင့္မုန္းတီးျခင္းရမွတ္ တစ္သန္းျပည့္လာမယ္ သူထင္ထားခဲ့တာပါ


   ဒါေပမဲ့ဒီလိုျဖစ္တာပုံမွန္ပါဘဲ ဒီတစ္ခါရွပင္လုပ္ရပ္က လူထုကိုေဒါသထြက္ေစခဲ့ေပမဲ့ လူတိုင္းသူ႕ကိုမုန္းတာမဟုတ္ပါဘူး တစ္ခ်ိဳ႕ကသူ႕မွာအျပစ္မရွိဘူးထင္ကာ တစ္ခ်ိဳ႕ေတြကေတာ့သူ႕ကိုသူရဲေကာင္းတစ္ေယာက္အျဖစ္ ျမင္ေနပါတယ္


    ၿပီးေတာ့သူ႕အျပဳအမူေတြက အရမ္းမသင့္ေလ်ာ္ဘူးဆိုေပမဲ့ လူတိုင္းသူ႕ကိုမေက်ေပးနိုင္တဲ့ရန္ၿငိဳးရွိလာၿပီး သတ္ျဖတ္ခ်င္စိတ္ေပါက္ေအာင္မလုပ္နိုင္ခဲ့ပါဘူး
  
    ဒင္ ဒင္!!
    ႐ုတ္တရက္ ရွပင္လက္ပတ္နာရီမွာေက်ာင္းကပို႔လိုက္တဲ့ သတင္းဝင္လာၿပီး သူဖြင့္ၾကည့္လိုက္ကာ "ေနာက္သုံးရက္ၾကာရင္ ျမဴခိုးတိမ္ေတာင္ဖြင့္မယ္ စာရင္းသြင္းခ်င္တဲ့ေက်ာင္းသားေတြက ေက်ာင္းရဲ႕မူရင္းစာမ်က္ႏွာမွာ သတင္းအခ်က္အလက္ေတြျဖည့္သြင္းၿပီး စာရင္းေပးသြင္းလို႔ရပါၿပီ"


    "စာရင္းသြင္းလို႔ရတဲ့အခ်ိန္က တစ္ရက္ျဖစ္ၿပီး ကျောင်းသားတွေအချ်ိန်မှီသွင်းပေးကြဖို့မျှော်လင့်ပါတယ်"
   
                           ............................
အပိုင္း(၃၇၀)  ၿငိမ္းခ်မ္းေသာေကာင္းကင္ဘုံဂိတ္


    ၿမိဴခိုးတိမ္ေတာင္ ေနာက္ဆုံးေတာ့ဖြင့္ေတာ့မွာလား?
 
    ရွပင္စိတ္လႈပ္ရွားၿပီး လက္သီးစုပ္လိုက္တယ္ ဒီအပတ္ေတြမွာ ၿမိဴခိုးတိမ္ေတာင္အေၾကာင္းေတာ္ေတာ္မ်ားမ်ားကို သူနားလည္ေနပါၿပီ အဲ့ဒီေနရာကိုေတာင္တန္းတစ္ခုလို႔ေခၚၾကေပမဲ့ တကယ္တမ္းမွာ မတူညီတဲ့ေလဟာနယ္တစ္ခုျဖစ္ပါတယ္


    အတြင္းမွာ ေကာင္းကင္နဲ႕ေျမျပင္ရဲ႕ခ်ီဓာတ္ေတြႂကြယ္ဝၿပီး မတိုးတက္ေသးတဲ့ကမၻာဦးေခတ္ ရတနာတိုက္လို႔ မွတ္ယူနိုင္ကာ ေကာင္းကင္ဘုံပစၥည္းေတြနဲ႕ ေျမကမၻာရတနာေတြအမ်ားအျပား ေပါက္ေရာက္ေနၾကပါတယ္ အထဲကရတနာေတြက အျပင္ေလာကမွာ အံ့အားသင့္စရာေကာင္းတဲ့တန္ဖိုးရွိၿပီး သိုင္းသမားဘယ္ေလာက္မ်ားမ်ား႐ူးသြပ္ေစနိုင္လဲ မသိပါဘူး


    အထူးသျဖစ္ အသက္စြမ္းအင္ေတြအေျမာက္အမ်ားပါတဲ့ အသက္ေရကိုသိုင္းပညာရွင္အဆင့္က ေသာက္လိုက္မယ္ဆိုရင္ ခ်က္ခ်င္းအသက္အလားအလာကိုျမႇင့္တင္ေပးၿပီး သိုင္းဆရာအဆင့္ကိုအဆင့္တက္ေအာင္ကူညီေပးပါတယ္


    ဒါကပိုက္ဆံခ်မ္းသာရင္ေတာင္ ဝယ္ယူလို႔မရတဲ့ရတနာမ်ိဳးပါ


    ဒါေပမဲ့ျမဴခိုးတိမ္ေတာင္တန္းက အရမ္းအႏၱရာယ္မ်ားၿပီး အထဲမွာခြန္အားႀကီးတဲ့သားရဲအမ်ားအျပားရွင္သန္ေနပါတယ္ နည္းနည္းေလာက္ဂ႐ုမစိုက္တာနဲ႕ ဒီသားရဲေတြရဲ႕ဝမ္းဗိုက္ထဲက အစာျဖစ္ၿပီး ျမႇုပ္စရာေနရာမရွိဘဲေသသြားနိုင္ပါေသးတယ္
    
    "အခုခ်က္ခ်င္း စာရင္းသြင္းလိုက္ရမယ္" 
    ရွပင္ဘာမွဆက္မေတြးေတာ့ဘဲ ေက်ာင္းရဲ႕မူရင္းစာမ်က္ႏွာကို ခ်က္ခ်င္းဝင္လာၿပီး ျမဴခိုးတိမ္ေတာင္ကိုသြားမဲ့စာရင္းမွာ သူ႕ကိုယ္ေရးအခ်က္အလက္ေတြကို ျဖည့္လိုက္တယ္
   
     ဒင္!
    ဒီခ်ိန္မွာသူ႕စမတ္နာရီကေန စက္သံထြက္ေပၚလာပါတယ္ "ျမဴခိုးတိမ္ေတာင္ကိုဝင္ဖို႔အတြက္ ပါဝင္ယွဥ္ၿပိဳင္လိုသူရဲ႕သိုင္းတာအိုက်င့္ႀကံျခင္းအဆင့္ကိုဆန္းစစ္ဖို႔လိုအပ္ပါတယ္ ေက်းဇူးျပဳၿပီးေတာ့ အဆင္ေျပေအာင္စစ္ေဆးနိုင္ရန္ နက္ေဝါ့စာမ်က္ႏွာေရွ႕မွာမတ္တပ္ရပ္ေပးပါ"


    ရွပင္ေခါင္းၿငိမ့္လိုက္ၿပီး ဝဘ္ေပ့ခ်္ရဲ႕ပုံရိပ္ေယာင္ေရွ႕မွာ မတ္တပ္ရပ္လိုက္တယ္


    ႐ုတ္တရက္ဝဘ္ေပ့ခ့်္ပုံရိပ္ေယာင္ကေန အျပာေရာင္အလင္တန္းေတြထြက္လာၿပီး ရွပင္ခႏၶာကိုယ္အေပၚေအာင္သိုင္းတာအိုက်င့္ႀကံျခင္းအေျခေန, ေသြးျပန္ေၾကာေတြနဲ႕ လကၡဏာသြင္ျပင္ေတြကို ဆန္းစစ္လိုက္တယ္


     စကၠန့္အနည္းငယ္အၾကာမွာစက္သံျပန္လည္ထြက္ေပၚလာပါတယ္ "ဆန္းစစ္မႈအရည္ခ်င္းျပည့္မွီပါတယ္ ေက်ာင္းသားသစ္ရွပင္က သိုင္းပညာရွင္ေကာင္းကင္ဘုံအလႊာအဆင့္၉ကို ေရာက္ထားၿပီး ျမဴခိုးတိမ္ေတာင္ကိုဝင္ေရာက္မဲ့အေျခေနေတြနဲ႕ ကိုက္ညီတဲ့အတြက္ ေအာင္ျမင္စြာစာရင္းသြင္းၿပီးပါၿပီ"


     "ေနာက္သုံးရက္အၾကာမွာ ၿမိဴခိုးတိမ္ေတာင္ကို အာကာသယာဥ္နဲ႕ထြက္ခြါဖို႔အတြက္ ေက်ဇဴးျပဳၿပီး ရန္ဟြမ္တကၠသိုလ္အဝင္ဝမွာ လာစုေပးပါ"


    ဒီစကားေတြေျပာၿပီးတာနဲ႕ ဝဘ္ေပ့ခ်္က အလိုအေလ်ာက္ ပိတ္သြားပါတယ္
 
   "ေအာင္ျမင္သြားၿပီ"
    ရွပင္လက္သီးစုပ္ၿပီး ၿပဳံးလိုက္တယ္ အစကေတာ့ေက်ာင္းရမွတ္ေသာင္းနဲ႕ခ်ီေပးရမယ္လို႔ သူထင္ထားတာပါ ဒါေပမဲ့သိုင္းပညာရွင္ေကာင္းကင္ဘုံအလႊာအဆင့္၉ကိုေရာက္ၿပီး ေနာက္မွာ ဘာဝင္ေၾကးမွေပးစရာမလိုဘဲ သူအရည္ခ်င္းျပည့္မွီသြားပါၿပီ
   
    ဒင္ ေဒါင္!!
    ႐ုတ္တရက္ သူ႕စံအိမ္ေရွ႕လူေခၚေခါင္းေလာင္းသံျမည္လာပါတယ္


    "ဟမ္ ဖန္းဟိုက္ထန္လား? ဘယ္လိုျဖစ္လို႔ငါ့အိမ္ေရွ႕မွာ လူေတြအမ်ားႀကီးေရာက္ေနရတာလဲ?" သူ႕စံအိမ္အျပင္ဘက္မွာ ဖန္းဟိုက္ထန္တစ္ေယာက္တည္းမဟုတ္ဘဲ လူေတြအမ်ားႀကီးေရာက္ေနတာကို စံအိမ္ေစာင့္ၾကည့္ေရးကင္မရာကေနေတြ႕ၿပီး ရွပင္မ်က္ႏွာေတြထူးဆန္းသြားတယ္
 
    ဒီေက်ာင္းသားေတြတစ္ေယာက္ခ်င္းစီက အနက္ေရာင္ဝတ္စုံေတြဝတ္ထာၿပီး အနက္ေရာင္သားေရဖိနပ္ေတြစီးထားၾကကာ ဖေယာင္းသြင္းထားတဲ့အနက္ေရာင္ဆံပင္ရွည္ေတြကို ေခါင္းေနာက္ကိုသိမ္းၿဖီးထားပါတယ္ သူတို႔ရဲ႕တစ္ကိုယ္လုံးကေနရဲစြမ္းသတၱိရွိတဲ့ေအာ္ရာေတြ ထြက္ေနၾကပါတယ္


     ဒီေကာင္ေတြလက္ထဲမွာ နံပါတ္တုတ္ ဓားနဲ႕ သံလက္သီး စတဲ့လာသတ္လက္နက္ေတြပါမယ္ဆိုရင္ ေျမေအာက္ဂန္းစတားေတြနဲ႕အေတာ္ေလးဆင္တူသြားမွာပါ
   
     စံအိမ္တံခါးပြင့္သြားၿပီး ဖန္းဟိုက္ထန္ကသူ႕အိမ္တံခါးေရွ႕ကို ဂန္းစတားတစ္အုပ္ဘာေၾကာင့္ေခၚလာခဲ့လဲဆိုတာၾကည့္ဖို႔ ရွပင္ထြက္လာခဲ့ပါတယ္
  
    "အစ္ကိုႀကီး"
    ရွပင္ထြက္လာတာေတြ႕တာနဲ႕ ဖန္းဟိုက္ထန္ကအံ့ၾသၿပီး ခ်က္ခ်င္းေအာ္ေခၚလိုက္တယ္ ၿပီးတာနဲ႕သူေနာက္ကိုလွည့္ၾကည့္ၿပီး အေနာက္မွာရွိေနတဲ့ ညီငယ္ေလးေတြကိုလွမ္းေအာ္လိုက္တယ္
"ျမန္ျမန္အကိုႀကီးကိုမႏႈတ္ဆက္ေသးဘဲ မင္းတို႔ဘာလုပ္ေနၾကတာလဲ"


    ဒီညီငယ္ေလးေတြရဲ႕ ထုံးတမ္းအစဥ္အလာကိုနားမလည္တဲ့ပုံစံကိုၾကည့္ၿပီး ဖန္းဟိုက္ထန္စိတ္တိုတဲ့မ်က္ႏွာထားနဲ႕ေျပာလိုက္တယ္


    "မဂၤလာပါ အကိုႀကီးေရ"
    ဒီစကားေတြၾကားတာနဲ႕ အေယာက္တစ္ေထာင္နီးပါးရွိတဲ့ ညီငယ္ေလးေတြက ညီညီညာညာ ၿပိဳင္တူေအာ္လိုက္ၾကပါတယ္ သူတို႔ေအာ္သံကို ၅ကီလိုမီတာပတ္ဝန္းက်င္ကလူေတြေတာင္ ၾကားနိုင္ပါတယ္
 
    ရွပင္စံအိမ္နားမွာရွိတဲ့ အေဆာင္ေတြက ေက်ာင္းသားေတြေတာင္ သူတို႔ပတ္ဝန္းက်င္မွာ ဘာကိစၥႀကီးျဖစ္လဲဆိုၿပီး လွမ္းၾကည့္လိုက္ၾကပါတယ္


    "အစ္ကိုႀကီးတဲ့လား? ဒီမွာဘာေတြျဖစ္ေနတာလဲ?" ရွပင္ပါးစပ္ေထာင့္ေတြတြန့္သြားၿပီး ဖန္းဟိုက္ထန္ကိုၾကည့္လိုက္တယ္ ဘယ္အခ်ိန္ကသူ႕ဆီမွာ ဒီညီငယ္ေလးတစ္အုပ္ရွိသြားတာလဲဆိုတာ ကို ရွပင္နားမလည္ပါဘူး


    ဖန္းဟိုက္ထန္ခ်က္ခ်င္းရွင္းျပလိုက္တယ္ "အစ္ကိုႀကီး ဒီေကာင္ေတြအစ္ကိုႀကီးရဲ႕ဂုဏ္သတင္းကိုၾကားၿပီးတည္းက အစ္ကိုႀကီးကိုေလးစားကိုးကြယ္ၿပီး အစ္ကိုႀကီးရဲ႕ေနာက္လိုက္ေနာက္ပါေတြျဖစ္ခ်င္ေနၾကတာအစ္ကိုႀကီးသူတို႔ကိုလက္ခံေပးဖို႔ သူတို႔ေမွ်ာ္လင့္ေနၾကတယ္"


    "ဒီေကာင္ေတြစိတ္ရင္းနဲ႕ ေျပာေနၾကတဲ့အတြက္ သူတို႔ကိုအစ္ကိုႀကီးရဲ႕ညီငယ္ေလးေတြအျဖစ္ ကြၽန္ေတာ္လက္ခံ႐ုံလက္ခံထားတယ္ ကြၽန္ေတာ္တို႔ေတြရန္ဟြမ္တကၠသိုလ္ကို စိုးမိုးျခယ္လွယ္ဖို႔အတြက္ အဖြဲ႕အစည္းတစ္ခုတည္ေဆာက္ခ်င္္ေနတယ္" စိတ္လႈပ္ရွားစြာနဲ႕ သူေျပာလိုက္တယ္


   "ဟုတ္တယ္အကိုႀကီး ကြၽန္ေတာ္တို႔ကိုညီငယ္ေလးေတြအျဖစ္လက္ခံေပးပါ"


    "တစ္ျခားေနရာေတြမွာ ကြၽန္ေတာ္တို႔မကြၽမ္းက်င္ေပမဲ့ ေယာက်ာ္းေလးေတြကိုအၾကမ္းဖက္ၿပီး သူတို႔ရဲ႕မိန္းမေတြကိုလုတဲ့ေနရာေတြ ျပႆနာရွာတဲ့ေနရာမွာေတာ့ ကြၽန္ေတာ္တို႔အကြၽမ္းက်င္ဆုံးဘဲ"


    "အစ္ကိုႀကီးကို ကြၽန္ေတာ္တို႔အၿမဲတမ္းေလးစားအားက်ေနခဲ့တာပါ တကယ္လို႔အစ္ကိုႀကီးသာကြၽန္ေတာ္တို႔ကို ညီငယ္ေလးေတြအျဖစ္လက္ခံေပးမယ္ဆိုရင္ အစ္ကိုႀကီးကိုပါးစပ္နဲ႕မႈတ္ေပးရရင္ေတာင္ ျပႆနာမရွိပါဘူး"


    "ဒီျပႆနာအတြက္ ကြၽန္ေတာ္တို႔မွာသင့္ေတာ္တဲ့ အသိညဏ္ရွိပါတယ္ ေသရမွာေတာင္မေၾကာက္ပါဘူး"


     "ကြၽန္ေတာ္ကို႔ကိုလက္ခံေပးပါ အစ္ကိုႀကီး အကယ္၍အစ္ကိုႀကီးမိန္းမေတြႀကိဳက္တယ္ဆိုရင္ေတာင္ ေနာက္ဆိုကြၽန္ေတာ္တို႔ေန႕တိုင္းမိန္းကေလးလို ဝတ္ေပးနိုင္ပါတယ္"
   
    ညီငယ္ေလးေတြတစ္အုပ္က ရွပင္အတြက္ဆို ဘယ္ေနရာ ဘယ္အခ်ိန္မွာမဆို သေဘာထားႀကီးႀကီးနဲ႕ အသက္ေပးမဲ့ပုံစံနဲ႕ ေအာ္ဟစ္လိုက္ပါတယ္


    သူတို႔ေျပာတာေတြၾကားတာနဲ႕ ရွပင္ပါးစပ္ေတြတြန့္သြားတယ္ ဒီမ်ိဳးမစစ္ေလးေတြ ဘယ္ေနရာကဒီလိုထူးဆန္းတဲ့ေကာလဟာသေတြၾကားခဲ့လို႔မထင္မွတ္ဘဲ သူ႕ကိုမေကာင္းမႈလုပ္ဖို႔ကူညီေပးခ်င္ေနရတာလဲ? ဒီမ်ိဴးမစစ္ေတြမွာ ဦးႏွောက္ျပႆနာမ်ားရွိေနတာလား?
   
     ဒါေပမဲ့ဒီေကာင္ေတြ သူ႕ညီငယ္ေလးျဖစ္ခ်င္ရတဲ့ ရည္႐ြယ္ခ်က္ကလည္း မေတာ္ေလ်ာ္ပါဘူး မထင္မွတ္ဘဲ ေယာက်ာ္းေတြကိုအၾကမ္းဖက္ၿပီး မိန္းမေတြကိုလုယက္တဲ့ ျပႆနာေတြလုပ္ၿပီး ရန္ဟြမ္တကၠသိုလ္ကိုစိုးမိုးျခယ္လွယ္ခ်င္ေနပါတယ္ ဒီေကာင္ေတြက မေကာင္းမႈလုပ္ဖို႔အတြက္ သူ႕ဆီကအကာအကြယ္ကိုလိုခ်င္ေနတာပါ


    ဒါေပမဲ့ ဒါကအခြင့္အေရးလည္းျဖစ္နိုင္ပါတယ္


    ရွပင္မ်က္လုံးေတြလက္သြားတယ္ သာမန္လူဆိုရင္ဝန္ထုပ္ဝန္ပိုးတစ္အုပ္ကို လက္ခံရမွာျဖစ္တဲ့အတြက္ ဒီလိုမိုက္မဲတဲ့ကိစၥမ်ိဳးကိုေသခ်ာေပါက္လုပ္ခ်င္မွာမဟုတ္ပါဘူး ဒါေပမဲ့ရွပင္ကသာမန္လူမဟုတ္ဘဲ ကိုယ္ထဲမွာစူပါမုန္းတီျခင္းစနစ္ရွိေနတဲ့အတြက္ ရန္သူမ်ားၿပီးလူမုန္းမ်ားေလေလ သူပိုၿပီးခြန္အားႀကီးေလပါဘဲ


    သူတစ္ေယာက္တည္း လူမုန္းေအာင္လုပ္ေနရင္ အလြန္ႏွေးပါတယ္ အကယ္၍အဖြဲ႕အစည္းတစ္ခုတည္ေထာင္ၿပီး ညီငယ္ေလးတစ္အုပ္ကို သူ႕အတြက္မုန္းတီးျခင္းေတြရွာခိုင္းရင္ ဒါအက်ိဳးအျမတ္ဘဲ မဟုတ္လား?


    "ေကာင္းၿပီေလ ငါမင္းတို႔ကိုလက္ခံေပးမယ္"ရွပင္႐ုတ္တရက္ ေျပာလိုက္တယ္


    ခ်က္ခ်င္းဘဲ ဖန္းဟိုက္ထန္အပါအဝင္ညီငယ္ေလးေတြတစ္အုပ္လုံး အားရေက်နပ္ၿပီးအံ့ၾသသြားၾကတယ္ ရွပင္သူတို႔ကို အခုလိုလြယ္လြယ္နဲ႕လက္ခံေပးလိမ့္မယ္ မေမွ်ာ္လင့္ထားပါဘူး အစကေတာ့သူတို႔အျငင္းခံရဖို႔ျပင္ဆင္ထားခဲ့ပါတယ္
   
    "ငါတို႔အဖြဲ႕အစည္း လူဦးေရကအရမ္းနည္းေနေသးတယ္"
    ရွပင္က စကားလွည့္လိုက္ၿပီး "အဲ့တာေၾကာင့္မို႔ ငါတို႔ရဲ႕သိုင္းတာအိုအဖြဲ႕အစည္းထဲကို လူမ်ားမ်ားဝင္ေအာင္လုပ္ဖို႔ ငါမင္းတို႔ကိုတာဝန္ေပးမယ္ ဘာနည္းလမ္းဘဲသုံးရသုံးရ လူမ်ားမ်ားရေအာင္ဆြဲေခၚရမယ္"


    ဒီလူေတြကို သူအမိန့္ေပးလိုက္ပါတယ္


    "လူပိုမ်ားမ်ားလား? အစ္ကိုႀကီးကလူဘယ္ေလာက္မ်ားမ်ား လိုတာလဲ?" ဖန္းဟိုက္ထန္ကေၾကာင္ၾကည့္ၿပီးေမးလိုက္တယ္


    "ပိုမ်ားေလေလ ေကာင္းေလဘဲ" ရွပင္ေျဖလိုက္တယ္


    "ပိုမ်ားေလ ေကာင္းေလေပါ့ေလ? အဲ့လိုလုပ္မယ္ဆိုရင္ ငါတို႔သိုင္းတာအိုအဖြဲ႕အစည္းထဲမွာ ငါးနဲ႕ နဂါးေတြေရာၿပီး ရႉပ္သြားနိုင္တယ္မလား?"
   
    ဖန္းဟိုက္ထန္နဲ႕ တျခားလူေတြက နည္းနည္းေၾကာင္သြားပါတယ္ သိုင္းတာအိုအဖြဲ႕အစည္းတိုင္းမွာ လက္ေ႐ြးစင္မူဝါဒေတြရွိၿပီး ဝင္ခ်င္တဲ့သူေတြက လုံေလာက္တဲ့အေျခေနကိုက္ညီရပါတဲ့အျပင္ ကိုယ္က်င့္တရားေကာင္းဖို႔လည္းလိုပါတယ္ စာေမးပြဲႏွစ္ခုသုံးခု ထပ္ခါထပ္ခါဆန္းစစ္ၿပီးမွသာ အဖြဲ႕ဝင္အျဖစ္လက္ခံၾကတာပါ အဲ့တာေတြနဲ႕မကိုက္ညီရင္ အဖြဲ႕ဝင္တစ္ေယာက္ျဖစ္ဖို႔ အရည္ခ်င္းမျပည့္မွီပါဘူး


    ဒါေပမဲ့ရွပင္ေျပာပုံအရဆို သူတို႔အဖြဲ႕အစည္းမွာ အဲ့လိုစည္းကမ္းခ်က္ေတြမရွိဘဲ ေခြးတိုင္း ေၾကာင္တိုင္း ဝင္လို႔ရေနပါတယ္
 
    "မင္းတို႔ဘာနားလည္လဲ? ငါးနဲ႕နဂါးေတြအတူတကြ ေရာေထြးၿပီးရႈပ္ေထြးတာကို ငါလိုခ်င္တာ" ဖန္းဟိုက္ထန္တို႔ေတြကို ရွပင္အထင္ေသးစြာၾကည့္ၿပီး ေျပာလိုက္တယ္ တကယ္လို႔သူ႕လူေတြတစ္ေယာက္ခ်င္းစီက လိမၼာရိုးသားၿပီး ဘယ္ေတာ့မွျပႆနာသြားမရွာရင္ သူဘယ္ကမုန္းတီးျခင္းရမွတိေတြရနိုင္ေတာ့မွာလဲ?


    "ဟုတ္ကဲ့ အစ္ကိုႀကီးသေဘာအတိုင္းပါ" ရွပင္ဘာေၾကာင့္ဒီလိုလုပ္ရလဲဆိုတာ ဖန္းဟိုက္ဖန္ဂ႐ုမစိုက္ပါဘူး အစ္ကိုႀကီးစကားကအၿမဲတမ္းမွန္တယ္လို႔သူေတြးၿပီး "ဟုတ္သားဘဲ ကြၽန္ေတာ္တို႔သိုင္းတာအိုအဖြဲ႕အစည္းမွာ နာမည္ရွိလားမသိဘူး?"
     
   "ငါတို႔အဖြဲ႕အစည္းကို ၿငိမ္းခ်မ္းတဲ့ေကာင္းကင္ဘုံဂိတ္ လို႔ေခၚမယ္" ရွပင္ကနာမည္တစ္ခု လြယ္လြယ္ေပးလိုက္တယ္


                            ............................
အပိုင္း(၃၇၁)  အလုပ္ေခၚယူျခင္း


    ရန္ဟြမ္တကၠသိုလ္ရဲ႕ေနရာတိုင္းမွာ အနက္ေရာင္ဝတ္စုံနဲ႕ လူေတြအမ်ားအျပားေပၚလာၾကၿပီး လက္ကမ္းစာေဆာင္ေတြေဝငွေနပါတယ္


     "အလုပ္ေခၚေနတယ္ ၿငိမ္းခ်မ္းတဲ့ေကာင္းကင္ဘုံဂိတ္က အလုပ္ေခၚေနပါတယ္"


    "တစ္ခါလြတ္သြားရင္ ဒီလိုအခြင့္ေရးမ်ိဳးေနာက္တစ္ခါမရနိုင္ေတာ့ဘူးေနာ္"
 
    "အခုမဝင္ဘူးဆိုရင္ ေနာက္တစ္ႀကိမ္ဝင္ဖို႔သုံးႏွစ္ထပ္ေစာင့္ရမွာပါ သုံးႏွစ္နဲ႕သုံးႏွစ္ၿပီးရင္ေနာက္တစ္ခါ ေျခာက္ႏွစ္ေစာင့္ရမွာပါ "


    အနက္ေရာင္ဝတ္စုံနဲ႕ေက်ာင္းသားေတြ တစ္ေယာက္ၿပီးတစ္ေယာက္က ျဖတ္သြားျဖတ္လာေက်ာင္းသားေတြကို ႏြေးေထြးစြာႏႈတ္ဆက္ေနၿပီး ၿငိမ္းခ်မ္းတဲ့ေကာင္းကင္ဘုံဂိတ္ကို ဝင္ဖို႔ဖိတ္ေခၚေနၾကပါတယ္
 
    "ၿငိမ္းခ်မ္းတဲ့ ေကာင္းကင္ဘုံဂိတ္လား? အဲ့တာဘယ္လိုသိုင္းတာအိုအသင္းမ်ိဳးလဲ?" ဇေဝဇဝါျဖစ္ေနတဲ့ ေက်ာင္းသားတစ္ေယာက္က စိတ္ဝင္စားသြားၿပီး စူးစမ္းကာေမးလိုက္တယ္


    ဖန္းဟိုက္ထန္ခ်က္ခ်င္းေရွ႕တိုးလာၿပီး ရွင္းျပလိုက္တယ္ "ဒါကအခုကတေလာမွ တည္ေထာင္ထားတဲ့ အင္အားႀကီးၿပီးအလားအလာေကာင္းတဲ့ သိုင္းတာအိုအဖြဲ႕အစည္းပါ အသင္းဥကၠဌကရန္ဟြမ္တကၠသိုလ္ရဲ႕ နံပါတ္တစ္သိုင္းပညာရွင္ ရွပင္ဘဲ အကယ္၍မင္းအခုဝင္မယ္ဆိုရင္ ငါတို႔အသင္းရဲ႕ပထမဆုံးမ်ိဳးဆက္အဖြဲ႕ဝင္ျဖစ္လာၿပီး အက်ိဳးအျမတ္ေတြအမ်ားႀကီးရမွာ"


    "ရွပင္လား?"
    အဲ့ဒီ့ေက်ာင္းသားက စူးစူးဝါဝါးေအာ္ဟစ္ၿပီး အံႀကိတ္ကာ "ဟိုမေကာင္းဆိုးဝါးအာဏာရွင္ ရွပင္လား? အဲ့ဒီ့မ်ိဳးမစစ္က ကလပ္အသင္းေပါင္းမ်ားစြာက လူေတြကိုဒဏ္ရာရေအာင္လုပ္ၿပီး ငါ့သူငယ္ခ်င္းေတြအမ်ားႀကီးကိုလည္း ေဆး႐ုံေရာက္ေအာင္လုပ္ခဲ့တယ္ ငါသူ႕ကိုအရိုးထဲထိမုန္းေနတဲ့ေကာင္ကြ အဲ့မ်ိဳးမစစ္ရဲ႕အဓိပၸာယ္မရွိတဲ့အသင္းကို ငါဝင္မယ္ထင္ေနလား မင္းအိပ္မက္မက္ေနတာဘဲ"
  
    သူေဒါသထြက္ၿပီး သြားေတြယားလာပါတယ္ အရင္တုန္းကရွပင္ထိုးတာခံထားရတဲ့ သူ႕မွတ္ညဏ္ေတြက သူ႕ဦးႏွောက္ထဲမွာ အသစ္စက္စက္ႀကီး ရွိေနေသးပါတယ္


    "ဟုတ္တယ္ ဒီမေကာင္းဆိုးဝါးအာဏာရွင္ရဲ႕ ကလပ္အသင္းကို ငါတို႔ဝင္မွာမဟုတ္ဘူး"


    "တကယ္ရယ္စရာေကာင္းတယ္ ရန္ဟြမ္တကၠသိုလ္မွာ သိုင္းတာအိုကလပ္အသင္းေတြအမ်ားႀကီးရွိတာေတာင္ ငါတို႔မဝင္ဘဲ ဘာလို႔မင္းတို႔ရဲ႕အသစ္ေထာင္ထားတဲ့ အသင္းကိုဝင္ရမွာလဲ?"


    "နံပါတ္တစ္သိုင္းပညာရွင္ဆိုတဲ့ ဂုဏ္သတင္းရွိတိုင္းနဲ႕ ရန္ဟြမ္တကၠသိုလ္မွာေမာက္မာေသာင္းက်န္းလို႔ရမယ္မထင္နဲ႕ ငါတို႔မဝင္ဘူးလို႔ေျပာရင္မဝင္ဘူးဘဲ အရည္ခ်င္းရွိရင္ ငါတို႔ကိုလာကိုက္ေလ"


    ေက်ာင္းသားေတြတစ္ေယာက္ၿပီးတစ္ေယာက္ သေရာ္လိုက္ၾကတယ္ ရွပင္အေပၚသူတို႔သိသိသာသာ စက္ဆုပ္မုန္းတီးေနတဲ့ခံစားခ်က္
ရွိေနတဲ့အတြက္ ရွပင္တည္ေထာင္ထားတဲ့သိုင္းတာအိုအသင္းကို ဝင္ဖို႔ဆိုတာသူတို႔အတြက္မျဖစ္နိုင္တဲ့ကိစၥျဖစ္ပါတယ္


    ေက်ာင္းသားအမ်ားအျပားကလည္း သူတို႔လက္ခံထားတဲ့လက္ကမ္းစာေစာင္ေတြကို ေျမႀကီးေပၚလႊင့္ျပစ္ၿပီး ေျခေထာက္နဲ႕အတင္းနင္းေခ်ကာ တံေတြးနဲ႕ေထြးၾကပါတယ္


    တျခားေက်ာင္းသားေတြကလည္း ၿငိမ္းခ်မ္းတဲ့ေကာင္းကင္ဘုံဂိတ္က လူေတြကိုအထင္ေသးစြာနဲ႕ရယ္ေမာေလွာင္ေျပာင္ေနပါတယ္


    ဖန္းဟိုင္ထန္တို႔အဖြဲ႕ေတြ ရန္ဟြမ္တကၠသိုလ္မွာ အခ်ိန္အေတာ္အတန္ၾကာ ေၾကညာေနခဲ့တာေတာင္သက္ေရာက္မႈမရွိပါဘူး အသင္းဝင္ခ်င္တဲ့သူေတြရွိရင္ေတာင္ ပတ္ဝန္းက်င္ကလူေတြရဲ႕ဝိုင္းဝန္းေဖ်ာင္းဖ်တားျမစ္ျခင္းကို ခံလိုက္ရပါတယ္


    ရွပင္ရဲ႕ဂုဏ္သတင္းက အရမ္းအနံ႕ဆိုးတာေၾကာင့္ လူအမ်ားအျပားကသူ႕ကိုလြန္စြာစက္ဆုပ္ေနပါတယ္


    "အစ္ကိုႀကီးေရ အေျခေနမေကာင္းဘူးဗ်ာ အျပင္မွာငါတို႔ေတြေန႕တစ္ဝက္လုံး ေၾကညာေနတာေတာင္ ဝင္ခ်င္တဲ့လူတစ္ေယာက္မွမရွိၾကဘူး ဒီေကာင္ေတြတစ္ေယာက္စီက အျမင္က်ဥ္းတဲ့ေကာင္ေတြ ငါသူတို႔ကိုၾကည့္ရတာေတာင္အထင္ေသးတယ္"
  
    ဖန္းဟိုက္ထန္က မခံမရပ္နိုင္တဲ့မ်က္ႏွာနဲ႕ ရွပင္စံအိမ္ဆီကို ျပန္ေရာက္လာခဲ့ပါတယ္
 
    "ဟုတ္တယ္ အစ္ကိုႀကီးရဲ႕အကာကြယ္ကိုရတာသူတို႔အတြက္ဂုဏ္ယူစရာဆိုတာ ဒီေကာင္ေတြမသိဘဲ ငါတို႔ကိုျငင္းပယ္ရဲတယ္"
     
    "ေက်းဇူးတင္ရေကာင္းမွန္းမသိတဲ့လူေတြ ဒီလူေတြကိုငါျမင္တာနဲ႕ ေစာက္ခြက္ထိုးခ်င္တယ္"


    ညီငယ္ေလးေတြတစ္ေယာက္ၿပီးတစ္ေယာက္က မေက်မနပ္ျဖစ္ၿပီးေအာ္ဟစ္ေနၾကပါတယ္


    "မင္းတို႔က ဘာလို႔ ေၾကညာေနရတာလဲ?" ရွပင္မ်က္ေတာင္ခတ္ၿပီး ေမးလိုက္တယ္


    ဖန္းဟိုက္ထန္က ေၾကာင္ၾကည့္ၿပီးေျဖလိုက္တယ္ "အစ္ကိုႀကီးကလည္းဗ်ာ မေၾကညာဘဲနဲ႕ကြၽန္ေတာ္တို႔အဖြဲ႕ကို ဘယ္သူဝင္မွာလဲ?"


   "ငါတို႔အဖြဲ႕အစည္းရဲ႕ ရည္႐ြယ္ခ်က္ကဘာလဲဆိုတာမသိဘူးလား? ရွင္းရွင္းေျပာရရင္ ေယာက်ာ္းေတြကိုအၾကမ္းဖက္ သူတို႔မိန္းမေတြကိုလုၿပီး မေကာင္းတာဆိုအကုန္လုပ္ဖို႔ကြ" ရွပင္ကအလြန္အမင္းေမွ်ာ္လင့္ခ်က္နဲ႕ "အဲ့တာကို မင္းတို႔ေတြကမထင္မွတ္ဘဲ လိုက္ေၾကညာေနၾကတာလား? ဒါဟာသဘဲ မင္းတို႔ဘယ္သူ႕ကိုမ်က္စိက်လဲ အဲ့ေကာင္ကိုတိုက္ရိုက္လုလိုက္ရင္ ၿပီးၿပီေပါ့ သူသေဘာမတူရင္ ရိုက္ပုတ္ႀကိမ္းေမာင္းၿပီးေတာ့ ၿခိမ္းေျခာက္ ေငြညွစ္ ရိုက္ႏွက္ ျပန္ေပးဆြဲအကုန္လုပ္ၿပီး သူတို႔ကိုစိတ္ပါလက္ပါ အသင္းထဲဝင္လာေအာင္လုပ္ေလကြာ"


    "တစ္ခါလုပ္လို႔ သေဘာမတူေသးရင္ အခါေပါင္းမ်ားစြာ ရိုက္ႏွက္ၿပီး သေဘာတူေအာင္လုပ္ေပါ့ကြ"
ရွပင္အႀကံေပးလိုက္တယ္


   "အစ္ကိုႀကီး အဲ့တာေကာင္းပါ့မလား?"
    ဖန္းဟိုက္ထန္တို႔ေတြ မွင္တက္သြားၾကတယ္ တကယ္လို႔ဒီေက်ာင္းသားေတြကို အႀကိမ္ေပါင္းမ်ားစြာရိုက္ႏွက္မယ္ဆိုရင္ မေသခ်င္တဲ့ေကာင္ေတြက သူတို႔အဖြဲ႕ထဲဝင္ဖို႔သေဘာတူရမယ္ဆိုတာကိုေတာ့ သူတို႔ေတြဝန္ခံရမွာပါ


    "ငါေျပာတာဘာမွားလို႔လဲ? ေရွးေခတ္တုန္းက ေခါင္းေပါင္းဝါစစ္တပ္လို႔ေခၚတဲ့ ဓားျမအဖြဲ႕တစ္ခုရွိခဲ့တယ္ သူတို႔ေတြ ကမၻာတစ္ခုလုံးကိုသိမ္းပိုက္ေနစဥ္မွာ ဒုကၡသည္ေတြကို သူတို႔ရဲ႕ေခါင္းေပါင္းဝါစစ္တပ္ကို အတင္းအၾကပ္ဝင္ခိုင္းခဲ့တယ္ေလ တစ်နှစ်ဆိုတဲ့အချ်ိန်တိုလေးအတွင်းမှာ သူတို႔လူအရည္အတြက္ သန္းေက်ာ္သြားၿပီး ကမၻာေပၚကဦးေဆာင္အင္အားစုတစ္ခုျဖစ္လာခဲ့တယ္" ရွပင္ခံစားခ်က္နဲ႕ေျပာလိုက္တယ္ "သမိုင္းကိုၾကည့္ၿပီး အနာဂတ္အျဖစ္အပ်က္ေတြအတြက္ သင္ခန္းစာယူရမယ္ဆိုတာကို မင္းတို႔မသိဘူးလား?"


    "အစ္ကိုႀကီး ငါၾကားတာေတာ့ေနာက္ဆုံးမွာ ေခါင္းေပါင္းဝါစစ္တပ္က အျမစ္ျပတ္သုတ္သင္ခံလိုက္ရတယ္ဆို?" ရွပင္ေျပာတာၾကားၿပီး ဖန္းဟိုက္ထန္တို႔ပါးစပ္ေတြ တြန့္သြားၾကတယ္ ေခါင္းေပါင္းဝါစစ္တပ္ရဲ႕ ကံၾကမၼာက သိပ္ၿပီးေပ်ာ္႐ႊင္စရာမေကာင္းဘူးလို႔ သူတို႔ေတြးလိုက္ၾကတယ္


    "အဲ့တာသူတို႔ေခါင္းေဆာင္မေကာင္းလို႔ေပါ့ကြ အဲ့ေကာင္ကတကယ့္ဆန္ကုန္ေျမေလး"
    
    ရွပင္က သူ႕လက္ႏွစ္ဖက္ကိုေနာက္ပစ္ၿပီး
မတ္တပ္ထရပ္ကာ အထင္ေသြးစြာနဲ႕ေျပာလိုက္တယ္ "တကယ္လို႔ သူတို႔မွာေကာင္းကင္ေအာက္နံပါတ္တစ္အုပ္ခ်ဳပ္သူသာရွိရင္ ၿပိဳင္ဘက္ကင္းၿပီးဧကရာဇ္ ထိီးနန်းကိုလူယူနိုင်မှာဘဲ ဒါေပမဲ့ေလာေလာဆယ္မင္းတို႔မွာကံေကာင္းစြာနဲ႕ ငါ့လိုေခါင္းေဆာင္မ်ိဳးရွိေနတယ္ေလ အဲ့တာေၾကာင့္ငါတို႔ေတြ ရန္ဟြမ္တကၠသိုလ္တခြင္ စိုးမိုးျခယ္လွယ္နိုင္ရမယ္ နားလည္ၾကလား?"
ဖန္းဟိုက္ထန္တို႔ေတြကို ၾကည့္ၿပီး သူေျပာလိုက္တယ္


    "နားလည္ပါၿပီ အစ္ကိုႀကီး ငါတို႔အခုခ်က္ခ်င္းေဆာင္႐ြက္လိုက္ပါ့မယ္"


    "တကယ္လို႔ ငါတို႔အဖြဲ႕ထဲမဝင္ခ်င္တဲ့ေကာင္ရွိရင္ ဝင္ခ်င္တဲ့အထိသူတို႔ကို ရိုက္ႏွက္ပစ္မယ္"
   
     ညီငယ္ေလးေတြက ေအာ္ဟစ္လိုက္ၾကတယ္


    "တစ္ခါတစ္ေလမွာ အၾကမ္းဖက္တဲ့နည္းလမ္းေတြဘဲ သုံးေနစရာမလိုပါဘူး အေပ်ာ့နည္းေရာအၾကမ္းနည္းေရာ ႏွစ္မ်ိဳးလုံးသုံးၿပီး ရည္႐ြယ္ခ်က္တစ္ခုတည္း ေအာင္ျမင္ေအာင္လုပ္လို႔ရတယ္" သူ႕အရင္ဘဝကမၻာမွာ အင္အားတိုးခ်ဲ့တဲ့အဖြဲ႕အစည္းေတြရဲ႕ ေစ်းကြက္ခ်ဲ့ထြင္တဲ့နည္းလမ္းေတြကို ဖန္းဟိုက္ထန္တို႔ကို ရွပင္သင္ေပးလိုက္တယ္
   
    ေကာင္းကင္တိမ္တိုက္ကမၻာလိုေနရာမ်ိဳးမွာ ဒီနည္းလမ္းေတြမေပၚေသးတာေၾကာင့္ ေသခ်ာေပါက္ႀကီးမားတဲ့ဖ်က္ဆီးနိုင္စြမ္း ရွိမွာပါ


   "ဘုရားေရ အစ္ကိုႀကီးမင္းကအရမ္းေကာက္က်စ္စဥ္းလဲတာဘဲ"


   "ဒီလိုယုတ္မာအရွက္မဲ့တဲ့ အႀကံစည္မ်ိဳးကို ငါဘာလို႔မေတြးမိပါလိမ့္ အစ္ကိုႀကီးကတကယ္ေျမေခြးအိုႀကီးဘဲ"
 
    "ဒါေမြးရပါပင္ကိုယ္ပါရမီပါတဲ့ လူလိမ္ဘဲ အစ္ကိုႀကီးလိမ္တာခံရမွာ ငါေတာင္ေၾကာက္လာၿပီ"


    "တကယ္လို႔အစ္ကိုႀကီးသာ ရာဇဝတ္မႈက်ဴးလြန္မယ္ဆိုရင္ မိုးေကာင္းကင္ေအာက္နံပါတ္တစ္ ဝရမ္းေျပးျဖစ္လာလိမ့္မယ္ဆိုတာ ငါအာမခံတယ္ လူဘယ္ေလာက္မ်ာမ်ားကိုအိမ္ေျခရာမဲ့ေအာင္လုပ္ၿပီး ဆင္းရဲမြဲေတြေအာင္ အစ္ကိုႀကီးလိမ္နိုင္မလဲမသိဘူး"
  
    "စိတ္ပညာရပ္ဘယ္ေလာက္မ်ားမ်ားအစ္ကိုႀကီး တတ္ေျမာက္ထားလဲမသိဘူး ဒီလိုနည္းလမ္းမ်ိဳးေတြေတြ႕ရွိဖို႔အတြက္ လူဘယ္ေလာက္မ်ားမ်ားကို အ႐ူးလုပ္ခဲ့ရမလဲ?" 


   "အစ္ကိုႀကီးရန္ဟြမ္ၿဂိဳလ္မွာတုန္းက မိန္းမေတြကို ဒီလိုလိမ္ညာေနခဲ့တာလား? ဒီနည္းလမ္းမ်ိဳးသုံးလိုက္ရင္ မိန္းကေလးဘယ္ေလာက္မ်ားမ်ားျဖစ္ျဖစ္ အစ္ကိုႀကီးေရွ႕မွာနာခံရမွာဘဲ"


    "အစ္ကိုႀကီးဒီလိုေျပာျပမွ ငါအညဏ္အလင္းပြင့္သြားတယ္ တကယ္လို႔ဒီအတိုင္းျဖစ္လာရင္ ငါတို႔ၿငိမ္းခ်မ္းတဲ့ေကာင္းကင္ဘုံဂိတ္က အင္အားမႀကီးလာမွာကို စိတ္ပူစရာလိုေနအုံးမလား?"
   
    "ေနာက္ဆို ငါတို႔ေတြကေအးခ်မ္းတဲ့ေကာင္းကင္ဘုံဂိတ္ရဲ႕ အႀကီးတန္းအရာရွိေတြျဖစ္လာၿပီး ရန္ဟြမ္တကၠသိုလ္ကိုေသခ်ာေပါက္ စိုးမိုးျခယ္လွယ္နိုင္မွာ"


    "အစ္ကိုႀကီးေနာက္ကိုလိုက္ရင္ စားေကာင္းေသာက္ဖြယ္ေတြ အရက္ေကာင္းေတြစားရေသာက္ရၿပီး ဘဝရဲ႕အထြတ္အထိပ္မွာေသခ်ာေပါက္ေနနိုင္မယ္ဆိုတာ ငါသိတာေပါ့"


    ရွပင္စကားေတြၾကားၿပီး ဖန္းဟိုက္ထန္တို႔ေတြ ထပ္ခါထပ္ခါသက္ျပင္းခ်လိဳက္ပါတယ္ သူတို႔ေတြရွပင္အေပၚၾကည့္တဲ့အျမင္ေျပာင္းလဲသြားၿပီး တူမတူတဲ့ေလးစားအားက်မႈနဲ႕ မ်က္ႏွာခ်ိဳေသြးလိုက္ၾကတယ္


    ဒီစကားေတြကသူ႕ကို ျမႇောက္ပင့္ေနတာမဟုတ္ဘဲ စက္ဆုပ္အထင္ေသးေနတာလို႔ ခံစားရၿပီး ရွပင္ပါးစပ္ေတြတြန့္သြားတယ္


    ဒါေပမဲ့ဒါကိုသူစိတ္မရွိဘဲ ခ်က္ခ်င္းေျပာလိုက္တယ္ "အိုေက ဒီမွာအဓိပၸာယ္မရွိတာေတြေျပာမေနဘဲ ခ်က္ခ်င္းငါတို႔ရဲ႕ၿငိမ္းခ်မ္းတဲ့ေကာင္းကင္ဘုံဂိတ္အင္အားကိုတိုးခ်ဲ့ၾက ၿငိမ္းခ်မ္းတဲ့ေကာင္းကင္ဘုံဂိတ္ကို ရန္ဟြမ္တကၠသိုလ္ရဲ႕အႀကီးဆုံးသိုင္းတာအိုကလပ္အသင္းျဖစ္ေအာင္ ငါလုပ္မယ္"
ဒီလူေတြကို သူအမိန့္ေပးလိုက္ပါတယ္


    "ဟုတ္ကဲ့ပါ အစ္ကိုႀကီး"


     ဖန္းဟိုက္ထန္တို႔ေတြ တစ္ေယာက္ၿပီးတစ္ေယာက္ စိတ္လႈပ္ရွာစြာေအာ္လိုက္ၾကတယ္


     ဆြစ္ ဆြစ္ ဆြစ္!!!
    သူတို႔ေတြစံအိမ္ကေနခ်က္ခ်င္းထြက္ခြါသြားၿပီး လုပ္ငန္းစဖို႔ေျခလွမ္းျပင္လိုက္ၾကတယ္
    
                            ...........................

Comment