218
Uni
=======
အပိုင်း (၂၁၈ )   လနက်မြို့တုန်လှုပ်သွားခြင်း
    ကြွယ်ဝမှုလား?
    သေသွားတဲ့လူလိုင်ကိုကြည့်ပြီး ရှပင်ကသရော်လိုက်တယ် သွေးလက်ဝါးအဖွဲ့အစည်းရဲ့ပိုင်ဆိုင်မှုကုဋေတစ်ထောင်က သူ့အတွက်ဘာမှမဟုတ်ပါဘူး ပြီးတော့ဒီပိုက်ဆံတွေကငွေမဲတွေ ဖြစ်တာကြောင့် ယူပြီးရင်သူ့အတွက်ပြသနာတွေပိုရှုပ်စေမှာပါ  
    သူ့ရဲ့ဝတ္ထုရေးတဲ့လစာနဲ့တင် နှစ်တိုင်းနှစ်တိုင်းကုဋေတစ်ရာလောက်ရှာနိုင်ပါတယ်
    နောက်ပြီးဧရာမကုမ္ပဏီကိုဝင်ပြီးတာနဲ့ သူ့သိုင်းတာအိုကျင့်ကြံခြင်းအဆင့်တွေတဖြည်းဖြည်း မြင့်လာရင် သားရဲအများအပြားကို အမဲလိုက်သတ်ဖြတ်ပြီး ရှာနိုင်မဲ့ပိုက်ဆံကမှန်းလို့တောင်မရနိုင်ပါဘူး ဒီလူလိုင်က သူ့ကိုပိုက်ဆံနဲ့သွေးဆောင်ချင်တာ အရမ်းကိုမိုက်မဲလွန်းတယ်ပြောရမှာပါ
    "စမ်းသပ်မှုလည်းပြီးသွားပြီဆိုတော့ ငါပြန်သင့်ပြီ" သေနေတဲ့လူလိုင်အလောင်းကိုအသာကြည့်ကာ ရှပင်လှည့်ပြီးလမ်းလျှောက်ထွက်သွားပါတယ် ရာဇဝတ်ဂိုဏ်းကြီး၃ခုရဲ့ လက်ရွေးစင်အများစုကို ဖျက်ဆီးပြီးနောက်မှာ သူထွက်သွားတာကို ဘယ်သူမှတားနိုင်တော့မှာမဟုတ်ပါဘူး
    ဝှစ်
    သူ့ပုံရိပ်က လနက်မြို့လေဆိပ်ဘက်ကိုတဖြည်းဖြည်းလျှောက်သွားရင်း ပျောက်ကွယ်သွားပါတယ်
......................
     ရှပင်ထွက်သွားတာ အချိန်အချို့ကြာတဲ့အခါမှာ လူလိုင်ကိုလူရှေ့သူရှေ့မှာ သူကိုယ်တိုင်သတ်ပစ်လိုက်တယ်ဆိုတဲ့သတင်းနဲ့  ရာဇဝတ်ဂိုဏ်းကြီးသုံးခုကလက်ရွေးစင်အများစုကို ထောင်ခြောက်ဆင်ပြီး မြေမြှုပ်သဂြိုလ်လိုက်ဆိုတဲ့သတင်းက ပေါက်ကြားသွားပါတယ်
    ဒီကိစ္စကိုကြားတာနဲ့လနက်မြို့တစ်မြို့လုံး အုတ်အောသောင်းနင်း ဖြစ်သွားကြပါတယ်
    "နတ်ဆိုးဘုရင် ဒီအဖော်မဲ့သိုင်းသမားကသေချာပေါက်လူယောင်ဆောင်ထားတဲ့ နတ်ဆိုးဘုရင်ဘဲ"
    "တကယ့်ကို ရက်စက်တာဘဲ မထင်မှတ်ဘဲရာဇဝတ်ဂိုဏ်းကြီးသုံးခုရဲ့ လက်ရွေးစင်တွေကိုအတူတကွ မြေမြှပ်သဂြိုလ်လိုက်တာ  လူဘယ်လောက်တောင်အသတ်ခံလိုက်ရမလဲမသိဘူး ခန့်မှန်းရသလောက်ဆို ဒီမြေအောက်အဖွဲ့အစည်းကြီးသုံးခုရဲ့ ဒီတစ်ခါထိခိုက်မှုက ပြန်ကောင်းဖို့မလွယ်တော့ဘူး"
    "ဘယ်လိုလုပ်ပြန်ကောင်းလာမှာလဲ သေသွားတဲ့လူတွေက သိုင်းပညာရှင်တွေလေ ကော်ဗီထုပ်တွေမှမဟုတ်တာ ပေါ့ပေါ့တန်တန်စုဆောင်းဖို့လွယ်မလား"
   "အလွန့်အလွန်ရက်စက်လိုက်တာ ပြောကြတာတော့ ပေါက်ကွဲမှုကနေမသေရုံတမယ်အသက်ရှင်ပြီးလွတ်လာတဲ့သွေးလက်ဝါးအဖွဲ့အစည်းအိမ်ရှေ့စံလူလိုင်ကို အဲ့ဒီ့အဖာ်မဲ့သိုင်းလုလင်က လမ်းကိုးလမ်းကျော် လိုက်ဖမ်းပြီး လူမြင်ကွင်းမှာ ခေါင်းကိုရိုက်ခွဲပြီသတ်ပစ်လိုက်တယ်ဆိုဘဲ သူသေတဲ့ပုံစံက အရမ်းကိုသနားစရာကောင်းတယ်တဲ့"
   "တကယ့်ကိုအတိုင်းထက်အလွန်ရက်စက်တာဘဲ သူဒါမျိုးလုပ်လိမ့်မယ်လို့ ဘယ်သူထင်မှာလဲ အခုဆိုရာဇဝတ်ဂိုဏ်းကြီးသုံးခုက ဒေါသထွက်နေလောက်ပြီ"
   "ဒေါသထွက်တော့ရော ဘာဖြစ်လဲ အရင်ကလည်းသူတို့တွေဒေါသထွက်နေတာဘဲ အဲ့တာအလုပ်ဖြစ်လို့လား ဂိုဏ်းစတားလက်ရွေးစင်တစ်အုပ်လုံး တစ်ယောက်မကျန်အသတ်ခံလိုက်ရပြီးသွေးလက်ဝါးအဖွဲ့အိမ်ရှေ့စံလူလိုင်တောင်် ခေါင်းရိုက်ခွဲသတ်ခံလိုက်ရတာ ကြောက်ရွံ့ထိတ်လန့်စရာဘဲ"
   "တစ်လလုံးသည်းခံပြီးနောက်မှာ လူတိုင်းကသူ့ကိုရွေးချယ်စရာမရှိဘဲ ငကြောက်လိုပုန်းနေရမယ်ထင်ထားခဲ့ကြတာလေ ဒါပေမယ့်ဒီညမှာတော့အဖော်မဲ့သိုင်းလုလင်က ရုတ်တရက်ထပေါက်ကွဲပြီး သွေးလွှမ်းနေတဲ့သတ်ဖြတ်မှုကိုဖန်တီးကာ မြေအောက်ဂိုဏ်းသားတွေကို ဖိနှိပ်သတ်ဖြတ်ခဲ့တယ် ဒီအချက်ကအရမ်းကို အံ့အားသင့်စရာကောင်းတယ် အိပ်မက်ဆိုးအဆင့်စမ်းသပ်မှုကိုကျော်ဖြတ်နိုင်တဲ့ ကြောက်ခမန်းလိလိပါရမီရှင်မျိုးကို ပေါ့ပေါ့သေးသေးမှတ်လို့မရဘူး"
    "အခုဒီကောင်လွတ်သွားပြီဆိုတော့ ပင်လယ်ထဲဆင်းသွားတဲ့နဂါးတစ်ကောင်လို သူ့ကိုဘယ်သူမှထိန်းချုပ်နိုင်တော့မှာ မဟုတ်ဘူး"
    လူတွေက ဒီကိစ္စကြောင့်လုံးဝအထိတ်တလန့်ဖြစ်သွားကြပြီး စိတ်အားထက်သန်စွာနဲ့ပြောဆိုနေကြပါတယ် ကောင်လေးတစ်ယောက်က လနက်မြို့ရာဇဝတ်ဂိုဏ်းကြီးသုံးခူကို ဒီအခြေနေထိစုတ်ပြတ်သတ်သွားအောင် လုပ်နိုင်လိမ့်မယ်လိူ့ ဘယ်သူမှမထင်ထားပါဘူး
     ဒီဂိုဏ်းကြီးသုံးခုက ဘာရတနာမှမရတဲ့အပြင်ကို သူတို့လက်ရွေးစက်တွေပါလျော်ကြေးအဖြစ် ပေးဆပ်လိုက်ရပါတယ် သွေးလက်ဝါးအဖွဲ့အစည်းခေါင်းဆောင်ဆိုရင် ပျိုပွီးသနားစရာကောငျးပါတယျ သူ့ရဲ့သားဖြစ်သူတောင်လူမြင်ကွင်းမှာအသတ်ခံလိုက်ရပါတယ်
    ထင်တဲ့အတိုင်းဘဲ ဒီအချိန်မှာတော့ သွေးလက်ဝါးအဖွဲ့အစည်းအတွင်းပိုင်းမှာ စိတ်ဓာတ်ကျချင်ရာလေထုနဲ့ ပြည့်နေပါတယ် ဂိုဏ်းရဲ့လူကြီးပိုင်းတွေအများအပြား အတူတကွစုဝေးနေကြပြီး ရှေ့ဆုံးထိုင်ခုံမှာထိုင်နေတဲ့ ခေါင်းဆောင်လူဂန်ဒေါသထွက်မှာကြောက်လို့ သူတို့တွေဘာမှမပြောရဲကြပါဘူး
    ဒီဖြစ်ရပ်မှာ သွေးလက်ဝါးအဖွဲ့အစည်း လက်ရွေးစင်အများစုသာမကဘဲ ခေါင်းဆောင်ရဲ့သားပါအသတ်ခံလိုက်ရတဲ့အတွက် လူဂန်ဒေါသထွက်နေမယ်ဆိုတာ သိသာပါတယ်
    "အဖော်မဲ့သိုင်းလုလင်"
    ဘန်းကနဲ့ဆို လူဂန်ကရှေ့သစ်သားခုံကို အမုန့်ဖြစ်အောင်ရိုက်ချလိုက်ကာ မိုးပေါ်ကိုမခံမရပ်နိုင်ဟိန်းလိုက်တယ် "ငါ့သွေးလက်ဝါးအဖွဲ့အစည်းရဲ့ လက်ရွေးစင်အများအပြားကို သတ်ရုံတင်မကဘဲ ငါ့သားလူလိုင်ကိုပါ သတ်ပစ်ရဲတယ် ဒီကောင်သေချင်နေတာမဟုတ်လား ငါသူ့ခန္ဓာကိုယ်ကို အပိုင်းတစ်ထောင်ဖြစ်အောင် ဆွဲဖြဲပစ်မယ်"
    သူ့ရဲ့ဒေါသအပြည့်နဲ့အော်သံကြောင့် အခန်းထဲကဖန်ခွက်တေအကုန်ကွဲသွားပြီး ကြမ်းပြင်မှာတောင်အက်ကြောင်းကြီးတွေပေါ်လာပါတယ်
    "သွေးလက်ဝါးအဖွဲ့အစည်းတစ်ခုလုံးကို အသိပေးလိုက်"
   လူလိုင်က စိတ်တိုပြီး အော်ဟစ်လိုက်တယ် "အဖွဲ့ဝင်တစ်ယောက်ချင်းစီကနေစပြီး အဲ့ဒီအရိုင်းစိုင်းကောင် နေတဲ့နေရာနဲ့ သူဘယ်သူလဲဆိုတာကို ရှာဖွေကြ သူဘယ်ကနေလာပြီး ဘယ်ကိုပြန်မလဲဆိုတာကို ငါသိရမယ်"
    "သူ့မိသားစုနောက်ခံနဲ့ သူဘယ်မှာမွေး ဘယ်ကျောင်းတက်ပြီး ဘယ်မှာအလုပ်လုပ်လဲဆိုတာနဲ့သူ့နောက်မှာဘယ်သူထောက်ပံ့ပေးလဲဆိုတာ ငါသိရမယ်"
    "သူ့သဲလွန်စတွေကို ငါရှာတွေ့တာနဲ့ ကမ္ဘာမြေအဆုံးကိုထွက်ပြေးရင်တာင် သူ့အသက်ကိုငါနှုတ်မယ် သူ့မိသားစုတွေတောင် သူ့နောက်ကိုလိုက်ပြီးအတူတူမြေမြှုပ်သဂြိုလ်ရအောင်လုပ်မယ်" သူ့ကိုယ်ကနေကြောက်စရာ သတ်ဖြတ်ခြင်းအော်ရာတွေထွက်ပေါ်နေပါတယ်
    လူလိုင်က သူ့ရဲ့တစ်ဦးတည်းသောသားဖြစ်ပြီး သူ့သွေးလက်ဝါးအဖွဲ့အစည်းကို အနာဂတ်မှာဆက်ခံမဲ့သူလို့ ပြောလို့ရပါတယ် ဒါပေမယ့်အခုတော့ ဒီအဖော်မဲ့သိုင်းလုလင်သတ်တာခံလိုက်ရတာကြောင့် သူ့အဆုတ်တွေကြေမွတော့မလိုဒေါသဖြစ်နေပါတယ်
    အဖော်မဲ့သိုင်းလုလင်ကို မဖမ်းမိမချင်းသူ့အမုန်းတရားတွေ နာကျည်းမှုတွေပျောက်မှာမဟုတ်ပါဘူး
    "ဟုတ်ကဲ့ပါ သူဌေး"
    သွေးလက်ဝါးအဖွဲ့အစည်းလူကြီးတွေက မခံမရပ်နိုင်နဲ့ပြောလိုက်ကြတယ် ဘာလို့လဲဆိုတော့သေသွားတဲ့ထဲမှာ ခေါင်းဆောင်သားတင်မကဘဲ သွေးလက်ဝါးအဖွဲ့လက်ရွေးစင်တွေအများကြီးပါပါတယ်
    ဒီလက်ရွေးစင်တွေက သူတို့နဲ့အဓိကအဆက်အသွယ်ရှိပြီး တချို့ကသူတို့မိတ်ဆွေတွေ တချို့ကလည်းသူတို့ရဲ့ဆွေမျိုးတွေဖြစ်ပါတယ် ဒီရန်ကြွေးကို သူတို့တွေတစ်သက်လုံးမမေ့ဘဲ သတိရနေမှာပါ
    သဲလွန်စတစ်ခုခု ရှာတွေ့တာနဲ့ သူတို့တွေကဆာလောင်နေတဲ့မြေခွေးလိုချက်ချင်း ဒီအဖော်မဲ့သိုင်းလုလင်ကို ဝင်ဆွဲမှာပါ
....................
    သွေးလက်ဝါးအဖွဲ့အစည်းတင်မကဘဲ ကျားရိုင်းအဖွဲ့အစည်း အဆိပ်မြေခွေးအဖွဲ့အစည်းနဲ့ဝက်ဝံနက်ကုမ္ပဏီစတဲ့ ရာဇဝတ်ဂိုဏ်းကြီးသုံးခုလုံးလဲ တစ်ခုပြီးတစ်ခု အမိန့်ထုတ်ပြန်လိုက်ကြတယ်
    "အကြီးစားလူဆိုးအဖော်မဲ့သိုင်းလုလင်ကို ဖမ်းဖို့ဝရမ်းထုတ်ပြန်လိုက်"
    "အကယ်၍တစ်ယောက်ယောက်က အဖော်မဲ့သိုင်းလုလင်ကိုသတ်နိုင်ရင် ဆုကြေးငွေအဖြစ်ဒေါ်လာကုဋေတစ်ရာနဲ့ ချီစွမ်းအင်ပျစ်ခဲဆေးဆယ်ပုလင်းဆုချမယ်"
   "တစ်ယောက်ယောက်က အဖော်မဲ့သိုင်းလုလင်နဲ့ ပက်သတ်တဲ့ ထိရောက်တဲ့သဲလွန်စပေးနိုင်ရင် ဒေါ်လာသန်း၁၀၀ ဆုချီးမြှင့်မယ်"
   "အကယ်၍အဖော်မဲ့သိုင်းလုလင် လနက်မြို့ကိုနောက်တစ်ခါ ခြေချရင် ညှာတာမှုမရှိဘဲ သတ်ပစ်ကြ ဒီအမိန့်ကတစ်သက်စာဘဲ"
   "သွေးလက်ဝါးအဖွဲ့အစည်း ကျားရိုင်းအဖွဲ့အစည်း အဆိပ်မြေခွေးအဖွဲ့အစည်းနဲ့ ဝက်ဝံနက်ကုမ္ပဏီတို့က ဒီအဖော်မဲ့သိုင်းလုလင်နဲ့ ကမ္ဘာမကျေဘူးလို့ အတူတကွထုတ်ပြန််တယ်"
    အမိန့်တွေထွက်လာတာနဲ့ လနက်မြို့တစ်မြို့လုံး ထိတ်လန့်သွားကြပါတယ် ဒီရာဇဝတ်ဂိုဏ်ကြီးလေးခုက မထင်မှတ်ဘဲ အဖော်မဲ့သိုင်းလုလင်ကိုဖမ်းဆီးဖို့ အတူတကွဝရမ်းထုတ်ပြီးဆုချီးမြှင့်ဖို့ပါထုတ်ပြန်ကျလိမ့်မယ်လို့ မထင်ထားကြပါဘူး
    ဝက်ဝံနက်ကုမ္ပဏီကလည်းသူတို့လက်ရွေးစင်တွေ ရုတ်တရက်သေဆုံးရတဲ့ကိစ္စကို စုံစမ်းပြီးနောက်မှာ သက်သေတွေက အဖော်မဲ့သိုင်းလုလင်လုပ်နေတယ်ဆိုတာကို ညွှန်ပြနေပါတယ်
    ဒါကြောင့်မို့ ကုမ္ပဏီအတွင်းပိုင်းလူကြီးတွေက ဒေါသထွက်ပြီး အဖော်မဲ့သိုင်းလူလင်ကိုဖမ်းပြီးတော့ တစ်စစီဆုတ်ဖြဲပစ်မယ် ကြုံးဝါးလိုက်ကြတယ်
.....................
    အဲ့ဒီ့အချိန်မှာ ရှပင်ကတော့လနက်မြို့လေဆိပ်ကိုပြန်လည်ရောက်ရှိနေပါပြီ
    "ဒင် ဒင် ဒင်"
    စနစ်ရဲ့ စက်လိုအသံက သူ့စိတ်ထဲမှာမြည်လာပါတယ် "လူသားတွေအမြောက်အများကိုဒေါသဖြစ်စေခဲ့ပြီး အများစုကိုလက်ခံသူနဲ့ မကျေအေးနိုင်တဲ့အထိမုန်းတီးအောင်လုပ်နိုင်ခဲ့တဲ့အတွက် လက်ခံသူကို ဂုဏ်ပြုပါတယ် ဒီတစ်ခါမုန်းတီးခြင်းရမှတ် စုစုပါင်း၂၃၅၇၆၃မှတ်ရရှိခဲ့ပါတယ်"
    "ရမှတ်၂၀၀၀၀၀ကျော်တောင်ပေါ့လေ? " ဒီလိုကြားတာနဲ့ ရှပင်ကချက်ချင်းပြုံးလိုက်တယ် မုန်းတီးခြင်းရမှတ် အများကြီးနဲ့ဆိုရင် စနစ်ထဲကနေ ရှားပါးတန်ဖိုးရှိတဲ့ ရတနာတွေကို လဲလှယ်ပြီး သူ့ရဲ့သိုင်းတာအိုကျင့်ကြံခြင်း အခြေခံကိုဆက်တိုက်မြှင့်တင်နိုင်တော့မှာပါ
    ရာဇဝတ်ဂိုဏ်းကြီးသုံးခုရဲ့ မုန်းတီးမှုနဲ့ဝရမ်းတွေကတော့ သူသိုင်းဆရာအဆင့် ဂရန်းမာစတာအဆင့်နဲ့ ဘုရင်အဆင့်ရောက်တဲ့အချိန်ကျရင် ဟာသတွေဖြစ်သွားမှာပါ
    အဲ့ချိန်ကျရင် ဒီရာဇဝတ်ဂိုဏ်းတွေက ဒီလိုကိစ္စမျိုး မရှိခဲ့ဖို့ဆုတောင်းနေကြမှာပါ
    "အမ် မုန်းတီးခြင်းရမှတ်တွေကို လာလောဆယ်ထားလိုက်အုံး ဧရာမကုမ္ပဏီရဲ့ စမ်းသပ်မှုတာဝန်ကိုအရင်ပြည့်စုံအောင်လုပ်လိုက်ရမယ်" ရှပင်ကလေဆိပ်ထဲကို ခြေလှမ်းကြဲကြီးတွေနဲ့ လျှောက်ဝင်သွားကြတယ် ဒီအချိန်မှာတော့သူ့ကိုတားမဲ့သူမရှိတော့ပါဘူး
                          .............................
Zg
========
    ကြွယ်ဝမှုလား?
    ဝှစ်
......................
   "အလွန့်အလွန်ရက်စက်လိုက်တာ ပြောကြတာတော့ ပေါက်ကွဲမှုကနေမသေရုံတမယ်အသက်ရှင်ပြီးလွတ်လာတဲ့သွေးလက်ဝါးအဖွဲ့အစည်းအိမ်ရှေ့စံလူလိုင်ကို အဲ့ဒီ့အဖ်ာမဲ့သိုင်းလုလင်က လမ်းကိုးလမ်းကျော် လိုက်ဖမ်းပြီး လူမြင်ကွင်းမှာ ခေါင်းကိုရိုက်ခွဲပြီသတ်ပစ်လိုက်တယ်ဆိုဘဲ သူသေတဲ့ပုံစံက အရမ်းကိုသနားစရာကောင်းတယ်တဲ့"
   "ဒေါသထွက်တော့ရော ဘာဖြစ်လဲ အရင်ကလည်းသူတို့တွေဒေါသထွက်နေတာဘဲ အဲ့တာအလုပ်ဖြစ်လို့လား ဂိုဏ်းစတားလက်ရွေးစင်တစ်အုပ်လုံး တစ်ယောက်မကျန်အသတ်ခံလိုက်ရပြီးသွေးလက်ဝါးအဖွဲ့အိမ်ရှေ့စံလူလိုင်တောင် ခေါင်းရိုက်ခွဲသတ်ခံလိုက်ရတာ ကြောက်ရွံ့ထိတ်လန့်စရာဘဲ"
    လူတွေက ဒီကိစ္စကြောင့်လုံးဝအထိတ်တလန့်ဖြစ်သွားကြပြီး စိတ်အားထက်သန်စွာနဲ့ပြောဆိုနေကြပါတယ် ကောင်လေးတစ်ယောက်က လနက်မြို့ရာဇဝတ်ဂိုဏ်းကြီးသုံးခူကို ဒီအခြေနေထိစုတ်ပြတ်သတ်သွားအောင် လုပ်နိုင်လိမ့်မယ်လို့ ဘယ်သူမှမထင်ထားပါဘူး
    "အဖော်မဲ့သိုင်းလုလင်"
    "ဟုတ်ကဲ့ပါ သူဌေး"
....................
   "သွေးလက်ဝါးအဖွဲ့အစည်း ကျားရိုင်းအဖွဲ့အစည်း အဆိပ်မြေခွေးအဖွဲ့အစည်းနဲ့ ဝက်ဝံနက်ကုမ္ပဏီတို့က ဒီအဖော်မဲ့သိုင်းလုလင်နဲ့ ကမ္ဘာမကျေဘူးလို့ အတူတကွထုတ်ပြန်တယ်"
.....................
    "ဒင် ဒင် ဒင်"
                          .............................
Comment