215
Uni
======
အပိုင်း (၂၁၅)   ဝက်ဝံခွဲခြမ်းလက်
    "ဘယ်လောက်လှလိုက်တဲ့ မီးရှူးမီးပန်းလဲ"
    အမဲရောင်မှိုပွင့်သဏ္ဍန်ဧရာမမီးတောက်ကြီးတိမ်ပေါ်ကိုတက်သွားတာကိုတွေ့ပြီး ဂိုထောငျနဲ့သုံးကီလျိုမီတာအဝေးကနကွေညျ့နတေဲ့ ရှပင်ကတစ်ကိုယ်လုံးသက်သောင့်သက်သာဖြစ်သွားပါတယ် နောက်ဆုံးတော့ဒီမြေအောဏ်ဂိုဏ်းသားတစ်အုပ်ကို သူရှင်းပစ်နိုင်ခဲ့ပါပြီ
    ဒီမြေအောက်ဂိုဏ်းသားတစ်အုပ် တစ်လလောက်သူ့ကိုဝိုင်းထားတုန်းမှာ အချိန်တိုင်းအန္တရာယ်တွေနဲ့ပြည့်နေပြီး မျှော်စင်နက်ကနေခြေတစ်လှမ်းတောင် သူမထွက်ရဲခဲ့ပါဘူး နောက်ဆုံးတော့ တစ်ဆင့်ပြီးတစ်ဆင့်ထောင်ချောက်တွေစင်ပြီးနောက်မှာ ဒီရန်သူအုပ်စုကို အပြတ်ရှင်းနိုင်ခဲ့ပါပြီ
     ဒီမြေအောက်ဂိုဏ်းသားတွေက ခွန်အားကြီးရင်တောင်မှ အခုလိုပေါက်ကွဲမှုထဲရောက်ရင် သေခြင်းနဲ့ဘဲအဆုံးသတ်ရမှာပါ
    ဒီလိုပြင်းထန်းတဲ့ပေါက်ကွဲအားကို ရင်ဆိုင်ဖို့သိုင်းပညာရှင်အဆင့်ကအားနည်းလွန်းပါတယ် ဒီဗုံးပေါက်ကွဲအားကို ခံနိုင်ဖို့ဆိုရင်အနည်းဆုံးသိုင်းဆရာအဆင့်ကိုရောက်နေရပါမယ်
    အဲ့လိုအဆင့်ပုဂ္ဂိုလ်တွေမှသာ ဗုံးပေါက်ကွဲအားကိုမကြောက်ဘဲ စစ်တပ်အရောက်တစ်ထောင်လောက်ကို ရှင်းပြစ်နိုင်တဲ့စစ်ဗိုလ်ချုပ်ဖြစ်ဖို့လုံလောက်တာပါ
     "ဟမ် မသေတဲ့ကောင်အချို့ရှိသေးတာလား"ရှပင်မျက်လုံးတွေဝင်းလတ်ကာ အဝေးမှာရှိတဲ့ပေါက်ကွဲမှုအလယ်ခေါင်ကနေ ထွက်ခွါနေတဲ့ လူရိပ်နှစ်ခုသုံးခုကိုတွေ့လိုက်တယ် ဒါပေမယ့်ဒီလူတွေတစ်လုံးမဲနက်အောင် မီးလောင်ကျွမ်းခံထားရပြီး ရက်စက်ကြမ်းကြုတ်တဲ့အော်ရာတွေထွက်နေပါတယ်
    ဝှစ်ကနဲ့ဆိုရှပင်က ရှေ့ကိုခပ်နီးနီးကပ်သွားပြီးကြည့်လိုက်တာနဲ့ ဒီလူသုံးယောက်က သွေးလက်ဝါးအဖွဲ့အစည်းအိမ်ရှေ့စံလူလိုင် ကျားရိုင်းအဖွဲ့အစည်းတာဝန်ခံ ချန်ဂိုဟူအနဲ့ အဆိပ်မြေခွေးအဖွဲ့တာဝန်ခံ လူရှီးတို့ဖြစ်နေတာကို တွေ့လိုက်ရတယ်
     ဒီလူသုံးယောက်က မထင်မှတ်ဘဲပေါက်ကွဲမှုထဲမှာ မသေဘဲအသက်ရှင်ကျန်ခဲ့ပါတယ်
    "မထင်မှတ်ဘဲ လူလိုင်ပါအသက်ရှင်နေတာလား?" ရှပင်ကအလွန်အံ့သြသွားတယ် လူရှီးနဲ့ချန်ဂိုအူဟတို့လို လူမျိုးတွေအသက်ရှင်တာထူးဆန်းတယ်လို့သူမထင်ပါဘူး ဒီနှစ်ယောက်ကသိုင်းပညာရှင်အင့်၆ဖြစ်တာကြောင့် ခန္ဓာကိုယ်မှာ ဝှက်ဖဲအချို့ရှိမှာ ပုံမှန်ပါဘဲ
    ဒါပေမယ့် ဒီလူလိုင်လိုသိုင်းပညာရှင်အဆင့်၂လေးက အသက်ရှင်ကျန်ခဲ့တာဘယ်လိုဖြစ်နိုင်မှာလဲ?
     "မဖြစ်နိုင်ဘူး သူ့အဝတ်တွေက ပါဝါချပ်ဝတ်တန်ဆာတွေလား ?"လူလိုင်ကိုယ်ပေါ်မှာဝတ်ထားတဲ့ အနက်ရောင်ချပ်ဝတ်ကို သူထင်ထင်ရှားရှား သတိထားမိသွားပြီး ရှပင်အံ့သြသွားပါတယ်
    ဒီချပ်ဝတ်ထဲမှာ နယူးကလီးယားစွမ်းအင်သုံးဘက်ထရီတွေအတူတကွထည့်ထားပြီး ညအချိန်မှာ တိတ်ဆိတ်တဲ့အပြာရောင်အလင်းတန်းတွေ မှိတ်တုတ်မှိတ်တုတ်လင်းနေပြီး သူ့တစ်ကိုယ်လုံးကိုစွမ်းအင်တွေနဲ့ ကာကွယ်ထားပေးပါတယ်
    ဒီစွမ်းအင်အကာအကွယ်ကြောင့် ပေါက်ကွဲမှုကြီးကိုခံနိုင်ပြီး လူလိုင်အသက်ရှင်ခဲ့တာပါ
    "သူဌေးသားဘဲ"
    ရှပင်က ခံစားချက်နဲ့သက်ပြင်းချလိုက်တယ် ဒီစွမ်းအင်ချပ်ဝတ်တန်ဆာက စစ်တပ်ထုတ်ကုန်ဖြစ်ပြီး ရောင်းချမှုကန့်သတ်ထားကာ စစ်တပ်ကလွဲပြီး တခြားသူတွေအသုံးပြုရင် ဥပဒေဖေါက်ဖျက်ရာရောက်ပါတယ်
    ဒါပေမယ့်လည်း ဒီကောင်တွေကမြေအောက်ဂိုဏ်းသားတွေဖြစ်တာကြောင့် တရားမဝင်လက်နက်မှောင်ခိုသွင်းနိုင်တာ မထူးဆန်းပါဘူး
    ဒါတောင်ဒီစွမ်းအင်ချပ်ဝတ်ရဲ့ တန်ဖိုးကဖက်ဒရယ်ဒေါ်လာ သန်း၁၅၀ရှိပြီး ဝတ်ထားတာနဲ့ပြင်းထန်တဲ့ပေါက်ကွဲမှုတွေကို ခံနိုင်ခြေရှိကာသိုင်းပညာသင်အဆင့်၉လေးဆိုရင်တောင်ပေါက်ကွဲမှုထဲ မသေနိုင်ပါဘူး
   ဒီလျိုခပြျဝတျတနျဆာမြိုးက တန်ဖိုးရှိတယ်ဆိုတာသိသာပါတယ်
    ဒါပေမယ့်လည်း ခုနတုန်းကပြင်းထန်တဲ့ပေါက်ကွဲမှုကြောင့် ဒီစွမ်းအင်ချပ်ဝတ်ရဲ့ စွမ်းအင်တွေအများကြီးကုန်သွားပါပြီ နောက်တစ်ခါပေါက်ကွဲမှုမျိုးထပ်ဖြစ်ရင် လူလိုင်သေချာပေါက်သေမှာပါ
   လူရှီးနဲ့ချန်ဂိုအူဟ နှစ်ယောက်ကလည်းဒီအတိုင်း ကာကွယ်ရေးဝတ်စုံတွေဝတ်ထားကြပါတယ် သူတို့ဝတ်စုံကလေဆာသေနတ်ဒဏ်ခံနိုင်တဲ့ကျည်ကာဖြစ်ပြီး အကာအကွယ်စွမ်းအားက အတော်လေးအံ့အားသင့်စရာကောင်းပါတယ်
    ဒီကာကွယ်ရေးဝတ်စုံကြောင့် သူတို့အသက်ရှင်ခဲ့ရပေမယ့် အခုတော့စုတ်ပြဲထွက်ကာ သူတို့လက်မောင်းတစ်ဖက်စီလဲပေါက်ကွဲပြီး သွေးတွေအလွန်အမင်းထွက်နေပါတယ် သူတို့ပုံစံတွေကမီးသွေးခဲလိုမဲနက်ပြီး အာဖရိကကဒုက္ခသည်တွေနဲ့တောင်ဆင်တူပြီး အလွန်သနားစရာကောင်းပါတယ်
    "အဖော်မဲ့သိုင်သမား"
    ရှပင်ပေါ်လာတာကိုတွေ့တာနဲ့ လူလိုင် လူရှီးနဲ့ ချန်ဂိုဟူတို့က ဒေါသကြာင့်စိတ်လွတ်တော့မလိုဖြစ်သွားတယ် သူတို့မျက်လုံးကနေကြောက်စရာဒေါသတွေထွက်ပေါ်နေပြီး မျက်လုံးကသာလူသတ်နိုင်ရင် ရှပင်သေပြီးတာတစ်ခါမကနိုင်တော့ပါဘူး
    အစကတော့သူတို့တွေက လုံးဝအသာရနေပြီး ခွေးတွေဝက်တွေသတ်သလို ရှပင်ကိုသတ်လိုက်လို့ရနေပါတယ် ဒါပေမယ့်လည်းဒီမျိုးမစစ်က အရှက်မရှိဘဲကောက်ကျစ်ယုတ်မာပြီး ဂိုထောင်တစ်ဝိုက်မှာ ဗုံးထောင်ထားကာ စက္ကန့်ပိုင်းအတွင်းသူတို့လူတွေကို ဖောက်ခွဲပစ်လိုက်ပါတယ်  
    ရာဇဝတ်ဂိုဏ်းကြီးသုံးခုက လက်ရွေးစင်အများစုဆုံးရှုံးသွားခဲ့ကာ တစ်ခါမှအခုလောက်များများမဆုံးရှုံးဖူးတာကြောင့် သူတို့အတွက်တကယ့်ကိုရင်နာစရာကောင်းပါတယ်
    ဒီထောင်ချောက်ကို သူတို့တွေမခန့်မှန်းမိတာမဟုတ်ဘဲ ဒီရှပင်ကအလွန့်အလွန်ညဏ်နီညဏ်နက်များတာပါ ဒီကောင်ကသူကိုယ်တိုင်ရှိနေတဲ့နေရာမှာဗုံးထောင်ထာလိမ့်မယ်လို့ ဘယ်သူတွေးထားမှာလဲ အဲ့လိုသာဆိုရင် ဗုံးပေါက်တာနဲ့ဒီရှပင်လည်းသေရမှာပါ
     ဒီကောင့်ရဲ့ပြိုင်ဘက်ကင်းမွေးရပါပါရမီနဲ့ ဘုရင်အဆင့်ကျင့်ကြံသူဖြစ်မဲ့အလားအလာရှိတဲ့သူက သူတို့လိုပုပ်ဆွေးနေတဲ့ဒုစရိုက်သမားတွေနဲ့အတူတူသေချင်မယ်ဆိုတာ သူတို့မယုံပါဘူး ဒါကကျိုးကြောင်းမဆီလျော်တဲ့ကိစ္စဖြစ်ပါတယ်
    ဒါပေမယ့်လည်းလောကမှာ မြူခိုးတိမ်သစ်သီးလို ထူးဆန်းတဲ့အသီးမျိုးရှိမယ်လို့ သူတို့မထင်ထားပါဘူး ဒီအသီးကသူတို့ပတ်ပတ်လည်ကိုလွှမ်းခြုံလိုက်ပြီး ထွက်ပေါက်ကိုတောင်မမြင်နိုင်အောင်လုပ်လိုက်ပါတယ်
    မိနစ်အနည်းကြာတာ့ ဗုံးပေါက်တာနဲ့သူတို့လူတွေအကုန်အထဲမှာ မြှုပ်ခံလိုက်ရပါတယ်
    ကံကောင်းလို့သူတို့တွေက အန္တရာယ်ကိုအမြဲသတိထားပြီး ကိုယ်မှာကာကွယ်ရေးဝတ်စုံတွေအချိန်ဝတ်ထားပေလို့ ခန္ဓာကိုယ်ကိုကာကွယ်နိုင်လိုက်တာပါ မဟုတ်ရင်သေချာပေါက်သူတို့လက်အောက်ငယ်သားတွေနဲ့အတူ ငရဲကိုဆင်းသွားရမှာပါ
    "ငါမင်းကိုသတ်မယ်"
    "အဖေါ်မဲ့သိုင်းသမား မင်းရဲ့ကံကြမ္မာကိုလက်ခံလိုက်တော့"
    လူရှီးနဲ့ ချန်ဂိုအူဟတို့နှစ်ယောက်က ဒေါသတွေဆက်မထိန်းနိုင်တော့ဘဲ ကျားရိုင်းတွေလို    ရှပင်ဆီပြေးဝင်လာကြပါတယ်
   "မိုက်မဲလိုက်တာ မင်းတို့ရဲ့လက်ရှိခွန်အားတွေနဲ့ငါ့ကိုသတ်ချင်သေးတာလား" ရှပင်မျက်လုံးတွေက အေးစက်သွားပါတယ် အကယ်၍အကောင်းဆုံးအခြေနေမှာရှိနေတဲ့ လူရှီးနဲ့ ချန်ဂိုအူဟတို့ဆိုရင် သူကြောက်ရင်ကြောက်မှာပါ
   ဒါပေမယ့်လည်း ဗုံးဒဏ်ခံရပြီးနောက်မှာ ဒီနှစ်ယောက်ရဲ့ လက်မောင်းတစ်ဖက်စီပေါက်ထွက်ကာအဆုတ်တွေလည်းအတော်လေးထိခိုက်သွားပါတယ် အဲ့တာကြောင့်သူတို့ရဲ့ခွန်အား က ၇၀%-၈၀% လောက်ဆုံးရှုံးသွားပြီးသိုင်းပညာရှင်အဆင့်၃လောက်သာ ခွန်အားရှိတော့မှာပါ
    ဒါပေမယ့်သူတို့တွေက ဒေါသဖြစ်ပြီးစိတ်ရိုင်းဝင်နေတာကြောင့် ခွန်အားကွာခြားချက်ကိုမတွေးမိပါဘူး
    သားရဲတစ်သောင်းလက်သီး တတိယအကွက် - ဝက်ဝံခွဲခြမ်းလက်
    ဘန်း
   ရှပင်တစ်ကိုယ်လုံးက ရှေးခေတ်ဝက်ဝံနက်တစ်ကောင်အသွင်ပြောင်းသွားပြီး မြေကြီးမှာအက်ကြောင်းတွေပေါ်လာကာ ခြေထောက်နှစ်ချောင်းအောက်မှာတွင်းနက်ကြီး ပေါ်လာပါတယ်
    ရှပင်လက်ဝါးတစ်ချက်ရိုက်လိုက်တာနဲ့ လေထဲမှာ မြေပြင်ပတ်လည်ကို ဖုံးအုပ်သွားတဲ့ဝက်ဝံကြီးတစ်ကောင်လေထဲပေါ်လာပြီး ပတ်ဝန်းကျင်မီတာတစ်ရာကို ကြောက်စရာကောင်းတဲ့ဖိအားတွေပြည့်နှက်သွားပါတယ်
   "ဘန်း ဘန်း"
    လူရှီး နဲ့ ချန်ဂိုအူဟတို့နှစ်ယောက်က ဒီဧရာမဝက်ဝံကြီးရိုက်တာခံရကာ တစ်ကိုယ်လုံးလွင့်ထွက်ပြီး ကိုယ်တွင်းကလီစာငါးခုနဲ့ အူမကြီးခြောက်ခုလုံး တစ်စစီဖြစ်သွားပါတယ်
    "အား"
    သူတို့တွေငယ်သံပါအောင်အော်ဟစ်ပြီး ကြောက်လန့်သွားကြပါတယ် ဒီလူငယ်ရဲ့လက်ဝါးတစ်ချက်တောင်သူတို့မခံနိုင်ဘဲ ဒီကောင်က သူတို့ထင်ထားတာထက်ကိုပိုကြောက်ဖို့ကောင်းပါတယ်
   "သေပေတော့"
    ရှပင်က မညှာမတာနဲ့ဝက်ဝံတစ်ကောင်မိုးပေါ်ကနေဆင်းလာပြီးရိုက်ချသလို ဒီလူနှစ်ယောက်ရဲ့ခေါင်းကို ရက်ရက်စက်စက်ရိုက်ချလိုက်ပါတယ်
    သူတို့ခေါင်းတွေက ဖရဲသီးကွဲသလိုအစိတ်စိတ်အမွှာမွှာကွဲကြသွားပြီး လူရှီးနဲ့ချန်ဂိုအူဟတို့နှစ်ယောက် သေဆုံးသွားပါတယ်
    "ဒါ ဒါ"
    ဒီမြင်ကွင်းကိုမြင်တာနဲ့ နဂိုကဒေါသတွေနဲ့ပြည့်နေတဲ့ လူလိုင်ကထိတ်လန့်သွားတယ် သိုင်းပညာရှင်အဆင့်၆နှစ်ယောက်လုံးက သူ့ရှေ့မှာတင်အသတ်ခံလိုက်ပါတယ် သူတို့ရဲ့ခွန်အားအတော်များများဆုံးရှုံးထားလို့အလွယ်တကူသတ်ခံလိုက်ရတာဆိုရင်တောင် ဒါကအလွန်အံ့အားသင့်စရာကောင်းတဲ့ကိစ္စဖြစ်ပါတယ်
   သူကိုယ်တိုင်ကလည်း ဒီကောင့်ကိုမယှဥ်နိုင်ဘဲ ဒီနေရာမှဆက်နေရင် လက်ဝါးတစ်ချက်နဲ့ရိုက်သတ်ခံလိုက်ရမှာကို လူလိုင်ရုတ်တရက်တွေးမိသွားပါတယ်
   "ထွက်ပြေးရမယ်"
    ဘာမှဆက်မပြောတော့ဘဲ လူလိုင်ကအဝေးကိုသုတ်ခြေတင်ပြေးပါတော့တယ်
                           ............................
Zg
=======
    "သူဌေးသားဘဲ"
    "အဖော်မဲ့သိုင်သမား"
    "ငါမင်းကိုသတ်မယ်"
    ဘန်း
   "ဘန်း ဘန်း"
    "အား"
   "သေပေတော့"
    "ဒါ ဒါ"
   "ထွက်ပြေးရမယ်"
                           ............................
Comment