207
Uni
======
အပိုင်း (၂၀၇)    နှင်းသလင်းကျောက်ရေခူအဆိပ်
    "မကောင်းဆိုးဝါး မင်းကမကောင်းဆိုးဝါးဘဲ"
     "ငါ့ကိုခွင့်လွှတ်ပေးပါ ငါတို့ကိုခွင့်လွှတ်ပေးပါကွာ"
     "ငါတို့ကိုသတ်ရင် မင်းလည်းအဆုံးသတ်ကောင်းမှာမဟုတ်ဘူး လုံးဝအဆုံးသတ်ကောင်းမှာမဟုတ်ဘူး"
      ခေါင်မိုးပေါ်မှာတော့ ဝက်ဝံနက်ကုမ္ပဏီလက်ရွေးစင်တွေက တစ်ယောက်ပြီးတစ်ယောက် ကြောက်လန့်ကာအော်ဟစ်နေကြပါတယ် ဒါပေမယ့်လည်းရှပင်ကသနားညှာတာမှုမရှိဘဲ ဆက်ပြီးသတ်ဖြတ်လိုက်ပါတယ်
     "ဝှစ် ဝှစ် ဝှစ်"
     ရှပင်ပစ်လိုက်တဲ့ ကျောက်တုံးတွေတစ်ခုပြီးတစ်ခုကဒီလက်ရွေးစင်တွေရဲ့ ရင်ဘတ်ကိုဖောက်ဝင်သွားပြီး သွေးအပေါက်ကြီးတွေဖြစ်ပေါ်ကာ သူတို့ရဲ့အသက်အော်ရာကို အဆုံးသတ်လိုက်ပါတယ်
     အသက်ခနရှုကြာပြီးနောက် ကြမ်းပြင်တစ်ခုလုံးကသွေးတွေအမြောက်အများ စီးဆင်းနေပြီး နေရာတစ်ကာမှာအလောင်းတွေပြည့်သွားပါတယ်
     ဒီလူတွေက ရှပင်ကျောက်တုံးလက်ချက်နဲ့သေရတာမဟုတ်ဘဲ အဆိပ်ကြောင့်သေရဖြစ်ပါတယ်
    "မင်းတို့ကိုခွင့်လွှတ်ပေးလိုက်ရင် ငါ့ကိုဘယ်သူခွင့်လွှတ်ပေးတော့မလဲ?" ရှပင်မျက်လုံးကနေ အေးစက်မှုတွေထွက်လာပါတယ် ဒီလိုလူသားစားမြေခွေးတွေလိုကြမ်းကြုတ်တဲ့ မြေအောက်ဂိုဏ်းသားတွေကို သူလုံးဝညှာတာမှာမဟုတ်ပါဘူး
    တကယ်လို့ဒီလူတွေနေရာမှာသူဖြစ်ပြီး မြေအောက်ဂိုဏ်းသားတွေလက်ထဲရောက်သွားရင် သူခွင့်လွှတ်ပေးဖို့တောင်းပန်ရင်တောင်မှ ဒီမျိူးမစစ်တွေသူ့ကိုယ်ခွင့်လွှတ်မှာခို့လား? ဒါကလုံးဝမဖြစ်နိုင်စရာ ကိစ္စပါ
    အဲ့လိုဆိုမှတော့ သူ့အသက်ကိုလိုချင်ရင် သူကလည်း ဒီလူတွေအကုန်လုံးကိုဖျက်စီးရုံသာတတ်နိုင်ပါတယ်
    "ဒီနှင်းသလင်းကျောက်ရေခူအဆိပ်က ဒီလောက်ထိပြင်းမယ်လို့ မထင်မိဘူး အရောင်နဲ့အရသာမရှိဘဲ လည်မျိုမှာသွေးတွေပိတ်ပြီးသိုင်းပညာရှင်တွေကို အသက်ခနရှုအတွင်းမှာသတ်နိုင်တယ် စျေးနည်းနည်းကြီးပြီး မုန်းတီးခြင်းရမှတ် ငါးထောင်ပေးရတာတစ်ခုဘဲ"
    ဒီဝက်ဝံနက်ကုမ္ပဏီလက်ရွေးစင်အုပ်စုကို နှိမ်နှင်းဖို့အတွက်ရှပင်က မုန်းတီးခြင်းရမှတ်၅၀၀၀သုံးကာ ဒီကြောက်စရာအဆိပ်ကို လဲလှယ်ပြီး ကိုယ်ပျောက်ဆေးသုံးကာ သူ့ရဲ့အော်ရာနဲ့ခန္ဓာကိုယ်ကို ဖုန်းကွယ်ပြီး ဒီလူတွေရဲ့အစားအစာထဲကိုထည့်ခဲ့ပါတယ်
     တစ်လကြာစုံစမ်းပြီးနောက်မှာသူက ဒီဝက်ဝံနက်ကုမ္ပဏီအဖွဲ့ဝင်တွေရဲ့ အစားအစာထုံးစံတွေကို နားလည်ပြီး ဒီမြေအောက်ဂိုဏ်းသားတွေမရှာဖွေနိုင်တဲ့ အနံ့အရသာမရှိတဲ့အဆိပ်ကိုခတ်ကိခတ်လိုက်ပါတယ်
    ထင်ထားတဲ့အတိုင်းဘဲ သူတို့တွေတစ်ယောက်ပြီးတစ်ယောက် နှင်းသလင်းကျောက်ရေခူအဆိပ်ပါတဲ့ အစာတွေကိုစားမိပြီး အဆိပ်သင့်သွားပါတယ်
     နောက်ဆုံးမှာတော့ဝက်ဝံနက်ကုမ္ပဏီရဲ့ လက်ရွေးစင်အများစုက အဆိပ်သင့်ပြီးအသတ်ခံလိုက်ရပါတယ် ဥပမာအားဖြစ်မန်နေဂျာဒိုင်အန်လို အသက်စွမ်းအားကောင်းတဲ့သူတစ်ချို့က အဆိပ်ကို အချိန်ထနအထိတောင့်ခံနိုင်ပေမယ့် ရှပင်ကိုယ်တိုင်သတ်ပစ်တာခံလိုက်ရပါတယ်
    အစီစဥ်ကတော့ သဘဝအတိုင်းချောချောမွေ့မွေ့နဲ့ပြီးဆုံးသွားတာ ဒီဝက်ဝံနက်ကုမ္ပဏီလက်ရွေးစင်တွေအားလုံး သူ့လက်ချက်နဲ့သေသွားရပါတယ်
    "ကံကောင်းစွာနဲ့ ဒီနှင်းသလင်းကျောက်ရေခူအဆိပ်ကိုအဆိပ်ကို ဝယ်ထားပေလို့ အဲ့လိုမှမဟုတ်ရင်ဒီကျွမ်းကျင်သူတွေကို သတ်ဖို့လွယ်မှာမဟုတ်ဘူး" ရှပင်ကလက်သီးစုပ်လိုက်တယ် နှင်းသလင်းကျောက်ရေခူအဆိပ်ကြောင့် ဒိုင်အန်ခွန်အားအများစုဆုံးရှုံးသွားပြီး သိုင်းပညာရှင်ကောင်းကင်ဘုံအလွှာအဆင့်၁ခွန်အားလောက်ဘဲ ကျန်တော့လို့မဟုတ်ရင် သူဒိုင်အန်ကိုသတ်ဖို့အရမ်းခက်ခဲမှာပါ ဘယ်လိုဖြစ်ဖြစ်တစ်ဖက်လူက သိုင်းပညာရှင်အဆင့်၆ဖြစ်တာကြောင့် သူ့ထက်ကိုအစစ်မှန်ချီနဲ့ အသက်စွမ်းအားက အများကြီးပိုအားကောင်းပါတယ်
    "သနားစရာကောင်းတာက ငါ့ရဲ့မုန်းတီးခြင်းရမှတ်တွေမလုံလောက်ဘူးဘဲ နောက်မဟုတ်ရင်နှင်းသလင်းကျောက်ရေခူအဆိပ်အတော်များများလဲပြီးတော့ သွေးလက်ဝါးအဖွဲ့အစည်း ကျားရိုင်းအဖွဲ့အစည်းနဲ့ အဆိပ်မြေခွေးအဖွဲ့အစည်းအားလုံးကို ရိုးရှင်းစွာနဲ့အတူတူလုပ်ကြံသတ်ဖြတ်လိုက်လို့ရတယ်"
    ခွန်ပန်ခြေလှမ်းကို မုန်းတီးခြင်းရမှတ်၂၀၀၀၀သုံးပြီး ကိုယ်ပျောက်ဆေးတွေလဲထားတာကြောင့် သူ့မုန်းတီးခြင်းရမှတ်တွေမကျန်တော့ဘဲ နောက်ထပ်နှင်းသလင်းကျောက်ရေခူအဆိပ်အများကြီး ထပ်လဲဖို့မတတ်နိုင်တော့ပါဘူး
    "ဘယ်လိုဘဲဖြစ်ဖြစ် ဒီဝက်ဝံနက်ကုမ္ပဏီလက်ရွေးစင်တွေချန်ခဲ့တဲ့ လက်နက်တွေနဲ့ဆိုရင် တခြားရာဇဝတ်ဂိုဏ်းကြီးသုံးခုကို အခက်ခဲမရှိဘဲဆုံးရှုံးမှုကြီးမားအောင်လုပ်နိုင်မှာဘဲ" ရှပင်ကမြေပြင်မှာရှိနေတဲ့ လေဆာပစ္စတိုသေနတ်တွေ စနိုက်ပါရိုင်ဖယ်တွေ လက်ပစ်ဗုံးတွေ အထူးသဖြင့်အသေးစားနယူးကလီးယားဗုံးတွေ စတဲ့လက်နက်မျိုးစုံကိုကြည့်လိုက်ပါတယ်
     ဒီဗုံးတွေတစ်ခါပေါက်ကွဲတာနဲ့ ပတ်ဝန်းကျင်ဧရိယာလီတော်တော်များများကို ဖေါက်ကွဲပစ်နိုင်ပါတယ် သိုင်းပညာရှင်အဆင့်ကျင့်ကြံသူတွေတောင်မှာ ဒီလိုကြောက်မက်ဖွယ်ပေါက်ကွဲအားထဲမှာ အသက်မရှင်နိုင်ပါဘူး
    ဝက်ဝံနက်ကုမ္ပဏီက မှောင်ခိုပစ္စည်းမျိုးစုံကိုမျိုးစုံကိုကုန်သွယ်တဲ့ လက်နက်ခဲယမ်းကုမ္ပဏီဖြစ်ပြီး သူတို့အဖွဲ့ဝင်တွေမှာ ဖျက်အားမြင့်လက်နက်ပေါင်းစုံသယ်လာကြောင့် ရှပင်ကသူတို့နဲ့အရင်ဆုံး ရင်ဆိုင်လိုက်တာပါ
    သူ့ရည်ရွယ်ချွက်တော့ ဒီဝက်ဝံနက်ကုမ္ပဏီရဲ့ လက်နက်ခဲယမ်းတွေကို လိုချင်လို့ဘဲဖြစ်ပါတယ်
    "သွားမယ်"
    ရှပင်ကလျင်မြန်စွာနဲ့ဘဲ ကြမ်းပြင်မှာကျန်နေတဲ့ဗုံးတွေကို တစ်ခုမကျန်စုဆောင်းပြီး ခုန်ချကာအဝေးမှာရှိနေတဲ့အဆောက်အဦးကြီးဆီကို ထွက်ပြေးပျောက်ကွယ်သွားပါတယ်
   သတ်ဖြတ်မှုတွေက အရမ်းပြင်းထန်တာကြောင့် အောက်ထပ်မှာရှိနေတဲ့ ဝက်ဝံနက်ကုမ္ပဏီအဖွဲ့ဝင်တွေက ကြားသွားပါတယ်
   မြေအောက်ဂိုဏ်းသားတွေက အောက်ထပ်ကနေခေါင်မိုးပေါ်တက်ပြေးတက်လာကြပါတယ် ခေါင်းမိုးတစ်ခုလုံးသွေးတွေစီးဆင်းနေကာ ဒိုင်အန်အလောင်းကိုတွေ့တာနဲ့ သူတို့အားလုံးကြောက်လန့်သွားကြပါတယ်
    "ပြသနာကြီးဘဲ အခုပြသနာကြီးတက်ပြီ"
     "ဒီမှာဘာတွေ ဖြစ်သွားကြတာလား ဒီလူတွေကငါတို့ဝက်ဝံနက်ကုမ္ပဏီရဲ့ လက်ရွေးစင်တွေလေ မန်နေဂျာဒိုင်အန်လို သိုင်းပညာရှင်အဆင့်၆တောင် ပါသေးတယ် ဘယ်သူကသူတို့ကိုသတ်နိုင်တာလဲ"
    "ဒါဘယ်ကောင့်လက်ချက်လဲ တခြားဂိုဏ်းတွေက ငါတို့ကိုသတ်ချင်နေကြတာလား ဒီမျိုးမစစ်တွေက ဂိုဏ်းစစ်ပွဲစတင်နေချင်တာလား"
    "သူဌေးကို ချက်ချင်းသတင်းပို့ကြစမ်း ဒီကိစ္စကငါတို့ ကိုင်တွယ်နိုင်တဲ့ကိစ္စမဟုတ်ဘူး"
    လူတိုင်းကဒီမြင်ကွင်းကိုကြည့်ပြီး ထိတ်လန့်ကာပြောဆိုနေကြပါတယ် ဝက်ဝံနက်ကုမ္ပဏီရဲ့လက်ရွေးစင်တွေအများကြီးအသတ်ခံရတာဟာသေချာပေါက်ဝက်ဝံနက်ကုမ္ပဏီအတွက်တော့ ထိခိုက်မှုအရမ်းကြီးမားတဲ့ ဆုံးရှုံးမှုကြီးဖြစ်ပါတယ်
    ဒီသတင်းပြန့်သွားရင် ဘယ်လောက်ထိလှိုင်းတွေလှုပ်ခတ်သွားမလဲဆိုတာ သူတို့စိတ်မကူးနိုင်ပါဘူး
    ဝက်ဝံနက်ကုမ္ပဏီလက်ရွေးစင်တွေအကုန်လုံးအသတ်ခံလိုက်ရတဲ့သတင်းနဲ့ မျှောင်စင်နက်ထဲကနေရှပင်ပျောက်ကွယ်သွားတဲ့ သတင်းကဘက်ပေါင်းစုံကိုပြန့်သွားပြီး သွေးလက်ဝါးအဖွဲ့အစည်း ကျားရိုင်းအဖွဲ့အသည်းနဲ့ အဆိပ်မြေခွေးအဖွဲ့အစည်းတို့ကလည်း သိသွားကြပါတယ်  ဒီလိုသတင်းမျိုးက ဖုန်းကွယ်ထားလို့မရပါဘူး
    "ဝက်ဝံနက်ကုမ္ပဏီ လက်ရွေးစင်တွေအားလုံး ရှင်းပြစ်ခံလိုက်ရပြီး မန်နေဂျာဒိုင်အန်ပါအသတ်ခံလိုက်ရတယ်ဆိုတာ ကြားပြီးကြပြီလား"
    "ဒီကိစ္စကိုငါလည်းကြားတယ် တခြားဂိုဏ်းတွေက ဝက်ဝံနက်ကုမ္ပဏီကို တိုက်ခိုက်ခဲ့တာလား ဒါပေမယ့်ဝက်ဝံနက်ကုမ္ပဏီလက်ရွေးစင်တွေအားလုံးကို ရှင်းပြစ်နိုင်လောက်အောင် ဘယ်ဂိုဏ်းက အဲ့လောက်ထိအင်အားကြီးရတာလဲ"
    "ဒီကိစ္စဘယ်လိုဖြစ်လဲဆိုတာ ငါဂရုမစိုက်ဘူး ငါ့သူလျိုပြောပုံအရဆို အဲ့ဒီ့သေချင်းဆိုးအဖော်မဲ့သိုင်းလုလင်က ပျောက်ကွယ်သွားပြီး ဘယ်နေရာမှရှာလို့မတွေ့တော့ဘူးတဲ့ ဒီကောင်မျှော်စင်နက်ထဲကနေ လွတ်သွားလောက်ပြီ"
    "ဘယ်လိုဖြစ်နိုင်မှာလဲ ငါတို့လူတွေသူ့ကိုစောင့်ကြည့်နေတယ်မဟုတ်လား သူရေချိုးခန်းထဲသွားရင်တောင် နောက်ကလိုက်စောင့်ကြည့်နေတာလေ ဘယ်လိုလုပ်ပျောက်သွားရမှာလဲ ဘာသတင်းမှလည်းမပြန့်သေးဘူး"
    "အဲ့မျိုးမစစ်က ဝမ်းချုပ်နေတယ်ဆိုပြီးတော့ဟန်ဆောင်ပြီး သန့်စင်ခန်းထဲကနေတစ်နာရီကြာတာတောင်မထွက်လာလို့ ငါတို့လူတွေ အတင်းတွန်းပြီးဝင်သွားတာ အဲ့ကောင်ကိုမတွေ့ရတော့ဘူး အိမ်သာထဲကနေတိတ်တိတ်လေးခိုးပြီးထွက်သွားတာဖြစ်ရမယ်"
   "ငါ့လခွမ်းဘဲ အိမ်သာမှာရှာလို့မတွေ့တာတင်မဟုတ်ဘဲ မျှော်စင်နက်တစ်ခုလုံးနေရာတိုင်းရှာတာတောင် အဲ့ကောင်ကိုမတွေ့ရဘူး အခြေအမြစ်မရှိဘဲပျောက်ကွယ်သွားသလိုဘဲ ဒါမျိုးကိုသူဘယ်လို စွမ်းဆောင်နိုင်တာလဲ"
    "ဝက်ဝံနက်ကုမ္ပဏီလက်ရွေးစင်တွေ အသတ်ခံရတာ ဒီကောင့်လက်ချက်ဖြစ်နိုင်ချေရှိလား?"
    "ဘယျလျိုလုပျဖွဈနိုငျမလဲကှာ ဒီလိုလူသစ်လေးက ဒီလိုကိစ္စမျိုးကိုလုပ်နိုင်မလား မင်းလာနောက်နေတာဘဲ"
    မြေအောက်ဂိုဏ်းသားတွေက လေးနက်တဲ့မျက်နှာထားတွေနဲ့ အချင်းချင်းပြောဆိုနေကြပါတယ် သူတို့ကိုယ်တိုင်စောင့်ကြည့်နေတဲ့သူက မထင်မှတ်ဘဲသူတို့မျက်စိရှေ့မှာပျောက်ကွယ်သွားတာကို လုံးဝမယုံနိုင်ကြပါဘူး ဒီကိစ္စကလုံးဝစိတ်ကူးယဥ်ဇာတ်လမ်းဆန်ပါတယ်
    သွေးလက်ဝါးအဖွဲ့အစည်း ကျားရိုင်းအဖွဲ့နဲ့ အဆိပ်မြေခွေးအဖွဲ့ စတဲ့ရာဇဝတ်ဂိုဏ်းကြီးတွေရဲ့ တာဝန်ခံတွေကလည်း အရမ်းကိုပူပန်သွားကြတယ် ဒီကောင့်ကိုအခုလိုတိတ်တဆိတ်ထွက်ခွါခွင့်ပြုလိုက်ရင် သူတို့ရဲ့ရက်ပေါင်းများစွာစောင့်ကြည့်မှုတွေက အလဟဿဖြစ်ပြီး နောက်ဆို လူရယ်စရာဖြစ်ကာ မျက်နှာပျက်ရမှာပါ 
   "ကလင် ကလင်"
    အဲ့ချိန်မှာ သွေးလက်ဝါးအဖွဲ့အစည်းအိမ်ရှေ့စံ လူလိုင်ရဲ့ ဆက်သွယ်ရေးကိရိယာအသံမြည်လာခဲ့ပါတယ်
                            ............................
Zg
=======
     "ဝှစ် ဝှစ် ဝှစ်"
    တကယ်လို့ဒီလူတွေနေရာမှာသူဖြစ်ပြီး မြေအောက်ဂိုဏ်းသားတွေလက်ထဲရောက်သွားရင် သူခွင့်လွှတ်ပေးဖို့တောင်းပန်ရင်တောင်မှ ဒီမျိုးမစစ်တွေသူ့ကိုယ်ခွင့်လွှတ်မှာခို့လား? ဒါကလုံးဝမဖြစ်နိုင်စရာ ကိစ္စပါ
    "ဒီနှင်းသလင်းကျောက်ရေခူအဆိပ်က ဒီလောက်ထိပြင်းမယ်လို့ မထင်မိဘူး အရောင်နဲ့အရသာမရှိဘဲ လည်မျိုမှာသွေးတွေပိတ်ပြီးသိုင်းပညာရှင်တွေကို အသက်ခနရှုအတွင်းမှာသတ်နိုင်တယ် ဈေးနည်းနည်းကြီးပြီး မုန်းတီးခြင်းရမှတ် ငါးထောင်ပေးရတာတစ်ခုဘဲ"
    "သွားမယ်"
   "ကလင် ကလင်"
                            ............................
Comment