353+354+355+356+357

အပိုင်း(၃၅၃) မွူခိုးတျိမျတောငျ


"အစ်ကိုကြီး ကျောင်းဖိုရမ်မှာ အရေးကြီးတဲ့ကိစ္စဖြစ်နေတယ် အဲ့တာအကိုကြီးသိလားမသိဘူး"


ရှပင်ဖုန်းကိုင်လိုက်တာနဲ့ ဖန်းဟိုက်ထန်က ချက်ချင်းစိတ်မရှည်စွာ ပြောလိုက်တယ်


"မတော်တဆလား? ဘာမတော်တဆရှိတာတုန်း?" ရှပင်မျက်တောင်ခတ်ပြီးမေးလိုက်တယ်သူတစ်နေကုန်တံခါးပိတ်ကျင့်ကြံနေတာကြောင့် အင်တာနက်ပေါ်ဘာတွေဖြစ်နေမှန်းမသိပါဘူး


"မနေ့ညနေတုန်းက အစ်ကိုကြီးရဲ့စနက်တံကြောင့် နေရာတိုင်းမှာကျောင်းသားတွေမကျေမနပ်ဖြစ်နေကြတယ် တစ်ချို့စီနီယာကျောင်းသားတွေတောင် အစ်ကိုကြီးကအလွန်မောက်မာပြီးသင်ခန်းစာပေးဖို့လိုနေတယ်လို့ ထင်မြင်ချက်တွေပေးနေကြတယ်"


ဖန်းဟိုက်ထန်ကဆက်ပြီးပြောလိုက်တယ် "နောက်ဆုံးမှာ ဓားသမားအသိုင်းဝိုင်းရဲ့ဥက္ကဌ
မျုဟော်ရန်က ခနလေးကဘဲ အစ်ကိုကြီးကိုသူကိုယ်တိုင်နှိမ်နင်းပြီးတော့ ရနျဟှမျတက်ကသိုလျရဲ့စညျးမြဥျးစညျးကမျးတှကျေို နားလည်အောင်လုပ်ပေးမယ်လို့ ခြိမ်းခြောက်ပြောဆိုထားတယ်"


"ဓားသမားအသိုင်းအဝိုင်းရဲ့ဥက္ကဌတင်မကဘဲလက်သီးသိုင်း အသိုင်းအဝိုင်းဥက္ကဌ, ဘလိတ်ဓားသမားအသိုင်းအဝိုင်း, လက်နက်ပုန်းအသိုင်းအဝိုင်း, အပစ်အခတ်အသိုင်းအဝိုင်း, တုတ်သိုင်းအသိုင်းအဝိုင်းစတဲ့ သိုင်းတာအိုအသင်းအဖွဲ့တွေကလည်း အစ်ကိုကြီးကိုအပြင်မှာတစ်ခါတွေ့ရင် တစ်ခါရိုက်နှက်မယ်လို့ လူသိရှင်ကြားပြောဆိုထားတယ်"
ဒီအကြောင်းတွေကို သူပြောပြလိုက်တယ်


"ဒီလိုကိစ္စမျိုးရှိတာလား?" ရှပင်မျက်မှောင်ကြုံ့လိုက်တယ် ရနျဟှမျတက်ကသျျိုလျမှာအသငျးအဖှဲ့တှအေမြားကွီးရှိတာကို သူသျိပါတယျ ဒီအသင်းအဖွဲ့တွေမှာခမ်းနားကြီးကျယ်တဲ့သမိုင်းရှိပြီး ရန်ဟွမ်တက္ကသိုလ်က ထူးချန်ကျောင်းသားတွေ ပါဝင်ကျပါတယ်


အင်အားကြီးတဲ့အသင်းအဖွဲ့တွေက ကိုယ်ပိုင်လေ့ကျင့်ရေးစင်တာတွေပိုင်ဆိုင်ထားပြီး မြောက်များတဲ့သဘာဝအရင်းအမြစ်တွေ ပိုင်ဆိုင်ပါတယ် ဒါတွေကြောင့်လဲကျောင်းသားတွေကို ဆွဲဆောင်နိုင်တာပါ ဒီအသင်းအဖွဲ့တွေရဲ့ ဥက္ကဌကတော့ လက်ရွေးစင်ထဲကလင်ရွေးစင်ဖြစ်ပြီး အနိမ့်ဆုံးသိုင်းပညာရှင်အဆင့်၉အထွတ်အထိပ်ရှိဖို့လိုအပ်ပါတယ်


ဒါပေမဲ့အသင်းတွေထဲမှာ သိုင်းဆရာအဆင့်ကျောင်းသားတွေတော့မရှိကြပါဘူး ဒီကျောင်းသားတွေက လက်ရွေးစင်ကျောင်းသားဖြစ်တာနဲ့အညီ ဒီနေရာမှာမနေကြဘဲလက်ရွေးစင်ဒေသမှာဘဲ ကျင့်ကြံကြပါတယ်


"အစ်ကိုကြီး ဘာဘဲဖြစ်ဖြစ်ကျောင်းဖိုရမ်ကိုဖွင့်ကြည့်လိုက်ရင် အားလုံးကိုရှင်းရှင်းလင်းလင်းသိသွားမှာဘဲ" ဖန်းဟိုက်ထန်အော်ပြောလိုက်တယ် "ဒီကောင်တွေက သေချင်းဆိုးတွေဘဲ အစ်ကိုကြီးကိုအတူပူးပေါင်းပြီးနှိမ်နင်းချင်နေတာ"


ရှပင်ဖုန်းချပြီးတာနဲ့ ချက်ချင်းအင်တာနက်ဖွင့်ပြီး ကျောင်းဖိုရမ်ထဲကိုဝင်ကြည့်လိုက်ပါတယ် ကျောင်းဖိုရမ်မှာအကျော်ကြားဆုံးမက်ဆေ့က ဓားသမားအသင်းဥက္ကဌမျုဟော်ရန်လို့ခေါ်တဲ့ ကောင်ရဲ့ပိုစ့်ဖြစ်နေတာကို သူတွေ့လိုက်ရတယ်


ဖိုရမ်မှာ မျုဟော်ရန်ရေးထားတာကတော့ "အစကတော့ ကျောင်းသားသစ်လေးတစ်ယောက်ဆိုလို့ ငါဝင်မပါချင်ဘဲနေနေတာ ကျောင်းသားသစ်ဆိုတော့ ဘဝင်မြင့်တတ်တာ
ပုံမှန်ပါဘဲ ဒါပေမဲ့ကောင်းကင်တိမ်တိုက်ကမ္ဘာမှာ အရည်ချင်းရှိတဲ့လူတစ်ယောက်မှမရှိဘူးလို့သူပြောရဲတာကိုတော့ ငါလုံးဝသည်းမခံနိုင်တော့ဘူး"


"အဲ့ဒီ့ရှပင်ကိုထွက်လာခိုင်းလိုက် "


"ရှောင်ယိရွှမ်ကိုအနိုင်ယူပြီးတော့ ကိုယ့်ကိုယ်ကိုအရမ်းထူးချွန်တယ်လို့မထင်လိုက်နဲ့ ကျောင်းသားသစ်လေးက ရန်ဟွမ်တက္ကသိုလ်မှာမောက်မာသောင်းကြန်းဖို့အတွက် ဒီကောင်အရည်အချင်းမပြည့်မှီသေးဘူး"


သူ့လေသံကအထက်စီးဆန်ပြီး ရှပင်ကသူ့ပြိုင်ဘက်မဟုတ်ဘဲ ရှပင်ကိုသူ့ဓားတစ်ချက်နဲ့အနိုင်မယူနိုင်ရင် သူရှုံးတယ်လို့သတ်မှတ်မယ်လို့ ပြောဆိုထားပါတယ်


ဒီစကားကြောင့် ချက်ချင်းဘဲကျောင်းသားတွေကြားမှာ ဆူဆူညံညံဖြစ်သွားပါတယ်


"ဒီတစ်ခါ ဓားသမားအသင်းဥက္ကဌမျုဟော်ရန်ပါ မကျေမနပ်ဖြစ်သွားလိမ့်မယ် မထင်ထားဘူး ကြည့်ရတာဒီရှပင် ကံကောင်းတာထက် ကံဆိုးတော့မှာ"


"ငါတကယ်မျုဟော်ရန်ကို မထောက်ခံဘူး ရှောင်ယိရွှမ်ကဘယ်လိုပုဂ္ဂိုလ်မျိုးမင်းထင်လို့လဲ ? မျင်းပျံသွေးမျိုးဆက်ရှိတဲ့သိုင်းပညာရှင်အဆင့် ၈လေ သာမန်သိုင်းပညာရှင်အဆင့်၉တွေတောင် သူ့ပြိုင်ဘက်မဟုတ်ဘူး အဲ့လိုပုဂ္ဂိုလ်မျိုးတောင် ရှပင်ကိုအရှုံးပေးရမှတာ့ ဒီမျုဟော်ရန်ရှပင်ကိုနှိမ်နင်းချင်နေတာ သူထင်ထားသလိုဖြစ်လာနိုင်မှာမဟုတ်ဘူး"


"အမှန်ဘဲ စီနီယာကျောင်းသားဆယ်ယောက်ကျော်ကို ရှပင်အသာလေးအနိုင်ယူလိုက်တဲ့ ဗီဒီယိုကို မင်းမတွေ့သေးလို့ သိုင်းပညာရှင်အဆင့်၉တွေအများကြီးနဲ့တောင် ရှပင်ကိုရင်ဆိုင်ဖို့မရိုးရှင်းဘူး"


"အဲ့ခါကျရင် ရှပင်ကိုသူနှိမ်နင်းရမဲ့အစား ဟိုကသူ့ကိုအသာလေး အနိုင်ယူလိုက်မှ အရှက်ကွဲနေမှာ အဲ့ခါကျရင်သူ့ဂုဏ်သတင်းလည်းခွေးချီးလိုနံသွားတော့မှာ"


ကျောင်းသားတစ်အုပ်က ဖိုရမ်ပေါ်မှာအချင်းချင်းဆွေးနွေးနေကြပါတယ် မျုဟော်ရန်က ရှပင်ကိုရင်ဆိုင်ဖို့သူ့ကိုယ်သူအလွန်အမင်းယုံကြည်ချက်ရှိနေပေမဲ့ သူနိုင်မယ်ဆိုတာမသေချာဘဲ အနိုင်က ရှပင်လက်ထဲမှာရှိနေတယ်လို့ ကျောင်းသားတစ်ချို့ကထင်ကြေးပေးကြပါတယ်


"ဓားသမားအသင်းဥက္ကဌမျူဟော်ရန်ရဲ့ အင်အားကိုမသိတာကိုကြည့်ရင် မင်းတို့တွေက ကျောင်းသားသစ်တွေဖြစ်မယ်ထင်တယ် " စီနီယာကျောင်းသားတစ်ယောက်က ဆွေးနွေးမှုထဲချက်ချင်းဝင်ပါလာပါတယ် "သူကစစ်မှန်တဲ့ဓားတာအို ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီး ပင်ကိုယ်ပါရမီက ရှောင်ယိရွှမ်ထက်မနိမ့်ဘူး ဒီလိုပုဂ္ဂိုလ်မျိုးကသိုင်းပညာရှင်အဆင့်၉အထွတ်အထိပ်ကို ရောက်ထားတယ်ဆိုရင် သိုင်းပညာရှင်အဆင့်မှာ ပြိုင်ဘက်ကင်းတဲ့လူလို့ပြောလို့ရတယ် ရှပင်ဆိုဘာမှမဟုတ်ဘူး"


"တကယ်လို့မင်းပြောသလောက် သူကွမျးတယျဆျိုရငျ ဘာလို့ခုထိသိုင်းပညာရှင်အဆင့်၉မှာဘဲ ရှိနေသေးတာလဲ? ငါကြည့်တာသူကသုံးနှစ်မြောက်စီနီယာကျောင်းသားတစ်ယောက်ဖြစ်ပေမဲ့ တိုးတက်မှုအရမ်းနှေးတာဘဲ" တစ်ချို့လူတွေကမျုဟော်ရန်ရဲ့ ခွန်အားကိုမေးခွန်းထုတ်လိုက်ပါတယ်


တခြားလူတွေလည်း ဒီအချက်ကိုဝင်ထောက်ခံလိုက်ပါတယ် တကယ်လို့စစ်မှန်တဲ့ကျွမ်းကျင်သူဆိုရင် ကျောင်းသုံးနှစ်အတွင်းမှာ သိုင်းပညာရှင်အဆင့်မှာရှိနေရမှာမဟုတ်ဘဲ သိုင်းဆရာအဆင့်ကိုရောက်နေသင့်ပါတယ် ဒါကတစ်ဖက်လူရဲ့ပင်ကိုယ်ပါရမီသိပ်မကောင်းတာကို သက်သေပြနေပါတယ်


အဲ့ဒီ့စီနီယာကအထင်သေးစွာပြောလိုက်တယ် "မင်းတို့ ဘာသိလို့လဲ? တကယ်လို့မျုဟော်ရန်သိုင်းဆရာအဆင့်ကိုတက်ချင်ရင် တက်လိုက်လို့ရတာကြာပြီး လွန်ခဲ့တဲ့သုံးနှစ်တည်းက သူကသိုင်းပညာရှင်အဆင့်၉အထွတ်အထိပ်မှာနေနေခဲ့တာ"


"သူအဆင့်မတက်တဲ့အကြောင်းရင်းက မြိုခိုးတိမ်တောင်ကို သွားရဖို့ပစ်မှတ်ထားပြီး သူ့ကျင့်ကြံခြင်းအဆင့်ကို ဖိနှိပ်ထားတာဘဲ"
မျုဟော်ရန်ရဲ့လျို့ဝှက်ချက်ကို သူပြောပြလိုက်တယ်


"မြူခိုးတိမ်တောင်လား? အရင်ကလည်းဒီကိစ္စကိုစီနီယာတွေပြောနေကြတာ ငါကြားတယ် အဲ့တာဘယ်နေရာမှာလဲမသိဘူး?" ကျောင်းသားအများအပြားက သိချင်စိတ်နဲ့မေးလိုက်ကြတယ် ဒီနေရာကိုသူတို့မသိပါဘူး


ရှပင်လည်း ဒါကျိုအလှနျသိခငြျနပေါတယျ ဘာကြောင့်လဲဆိုတော့ ဆေးဝါးဌာနမှာတုန်းက ဆရာဒီကိစ္စကိုအစဖော်လိုက်တာနဲ့ စီနီယာကျောင်းသားတွေက ဒါကျိုအလှနျအရေးကွီးတဲ့ကိစ်စအဖွဈ သဘောထားပုံရတဲ့အတွက်ပါဘဲ


"မြူခိုးတိမ်တောင်က ကောင်းကင်တိမ်တိုက်ကမ္ဘာရဲ့ အပျက်အစီးနယ်မြေဘဲ"


အဲ့ဒီစီနီယာကျောင်းသားက လေးလေးနက်နက်နဲ့ရှင်းပြလိုက်တယ် "မင်းတို့မသိလောက်သေးတာဖြစ်ရင်ဖြစ်မယ် ဟိုးအရင်တည်းက ကောင်းကင်တိမ်တိုက်ကမ္ဘာမှာ လူသားတွေရှိခဲ့ကြပြီး သားရဲမျိုးနွယ်တွေနဲ့တိုက်ပွဲဖြစ်ခဲ့ကြတယ် အဲ့တုန်းကဆို သိုင်းတာအိုကျွမ်းကျင်သူကြီးတွေရှိပြီး နတ်ဘုရားအဆင့်ကျင့်ကြံသူတွေတောင်ရှိခဲ့ကြတယ်"


"အဲ့ဒီ့ခေတ်ကို ဒဏ္ဍာရီခေတ်အဖြစ်သတ်မှတ်ကြတယ် ဒဏ္ဍာရီခေတ်မှာ ကျွမ်းကျင်သူတွေတိမ်တွေလိုပေါများပြီး ယနေ့ခေတ်ထက်ကို ဘယ်နှစ်ဆလောက်စွမ်းအားကြီးကြလဲတောင်မသိဘူး"


"ဒါပေမဲ့ဘာကိုကြုံတွေခဲ့ရမှန်းမသိဘဲ ကောင်းကင်တိမ်တိုက်ကမ္ဘာက လူသားမျိုးနွယ်တွေမျိုးသုဥ်းပျောက်ကွယ်သွားခဲ့တယ် သားရဲမျိုးနွယ်တောင် ထိခိုက်ပျက်ဆီးပြီး ဒဏ္ဍာရီအဆင့်ကျင့်ကြံသူတွေတောင် သမိုင်းထဲကနေပျောက်ကွယ်သွားခဲ့ကြတယ်"


"အဲ့တာတောင်မှ ထိုခေတ်ရဲ့ဆန်းကြယ်တဲ့အပျက်အစီးနယ်မြေတွေ တစ်ခုပြီးတစ်ခုကောင်းကင်တိမ်တိုက်ကမ္ဘာမှာ ကျန်ခဲ့တယ် ဒီမြူခိုးတိမ်တောင်ကတော့ အထဲမှာမရေတွက်နိုင်တဲ့ရတနာတွေရှိတဲ့ ဒဏ္ဍာရီလာအပျက်အစီးနယ်မြေတစ်ခုဘဲ"
ဒီကိစ္စကို သူရှင်းပြလိုက်တယ်


"မရေတွက်နိုင်တဲ့ ရတနာတွေလား?"ရှပင်အရမ်းစိတ်ဝင်စားသွားတယ်


အဲ့ဒီစီနီယာကျောင်းသားကလည်း မခန့်မှန်းခိုင်းဘဲဆက်ပြောလိုက်တယ် "မြူခိုးတိမ်တောင်ရဲ့ အရေးကြီးဆုံးအရာက အသက်ရေဘဲ အဲ့မှာအသက်အရင်းမြစ်ရှိတဲ့အတွက် အမြဲမပြတ်အသက်ရေတွေကို ထုတ်ပေးတယ်"


"တကယ်လို့အသက်ရေအမြောက်အများရနိုင်မယ်ဆိုရင် ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုသန်မာအောင်လုပ်ပြီး ပင်ကိုယ်ပါရမီကိုမြှင့်တင်နိုင်ကာ အသက်စွမ်းအင်အများအပြားတိုးမြှင့်နိုင်တယ် ရမဲ့အကျိုးအမြတ်တွေကမရေတွက်နိုင်အောင်ဘဲ အသက်ရေကသာမန်လူကိုတောင် ပါရမီဖြစ်အောင်လုပ်ပေးနိုင်တယ်"


"ဘုရင့်သွေးမျိုးဆက်ရှိတဲ့သူတွေအတွက်တော့ အသက်ရေကတန်ဖိုးအရှိဆုံးဘဲ အသက်ရေက သွေးမျိုးဆက်ကိုသိပ်သည်းအောင် သန့်စင်ပေးနိုင်ပြီး ဘျိုးဘေးပိုငျသှေးမြိုးဆကျကို နှိုးထပေးနိုင်တယ် အဲ့လိုဖြစ်တာနဲ့ချက်ချင်းသူတို့ပါရမီတွေ ထောင်တက်သွားမှာ"


"မျုဟော်ရန်က အသက်ရေကိုရရှိဖို့အတွက် သူ့ကျင့်ကြံခြင်းအဆင့်ကို သုံးနှစ်လုံး အတင်းဖိနှိပ်ထားခဲ့တဲ့အတွက် သူ့ဆုံးဖြတ်ချက်ဘယ်လောက်ခိုင်မှာလဲဆိုတာ မှန်းကြည့်လို့ရတယ်"


"သုံးနှစ်အတွင်းမျုဟော်ရန် ဘယ်လောက်ထိခွန်အားတွေစုဆောင်းထားလဲဆိုတာ မင်းတို့မှန်းဆကြည့်လို့ရတယ် သူကသာမန်သိုင်းပညာရှင်အဆင့်၉တွေ ယှဥ်လို့ရတဲ့သူမဟုတ်ဘူး ရှောင်ယိရွှမ်တောင် သူ့နဲ့ယှဥ်မရဘူး"


............................
အပိုင်း(၃၅၄) လူထုကိုဒေါသထွက်အောင်ဆွခြင်း


အသက်ရေတဲ့လား?"
ရှပင်မျက်လုံးတွေလက်ပြီး စိတ်လှုပ်ရှားသွားတယ် တကယ်လို့အသက်ရေကိုသာရမယ်ဆိုရင် သူ့ရဲ့ခန္ဓာကိုယ်ကိုသန်မာအောင်လုပ်ပြီး ခိုင်မာတဲ့သိုင်းတာအိုအုတ်မြစ် တည်ဆောက်လို့ရပါတယ် ပြီးတာနဲ့သူ့အနာဂတ်အလားအလာတွေအကန့်သတ်မရှိတော့ဘဲ ဘုရင်အဆင့်ကိုရောက်ဖို့က သူ့အတွက်ထမင်းစားရေသောက်ကိစ္စလောက်သာ ဖြစ်သွားမှာပါ


အသက်ရေတန်ဖိုးက ဧရာမကုမ္ပဏီစာမျက်နှာမှာ ပေါကျစြေးဒေါျလာကုဋတေဈသောငျးရှိတာကျို သူမှတ်မိပါတယ် ဒါကအလွန့်အလွန်တန်ဖိုးရှိတဲ့ရတနာစျေးနဲ့ညီမျှပြီး သာမန်လူမဝယ်နိုင်ပါဘူး


"စီနီယာ မင်းဒီလောက်အများကြီးပြောပြီးတော့ မျုဟော်ရန်ဘာကြောင့် သူ့ကျင့်ကြံခြင်းအဆင့်ကိုသုံးနှစ်တိတိဖိနှိပ်ထားခဲ့လဲဆိုတာကိုတော့ မရှင်းပြသွားဘူးရော?" ကျောင်းသားသစ်တစ်ယောက်က အခြေခံကျတဲ့အချက်ကိုမေးလိုက်တယ်


စီနီယာကျောင်းသားက လေးလေးနက်နက်ပြောလိုက်တယ် "ရှင်းရှင်းလေးဘဲ ဘာလို့လဲဆိုတော့အဲ့ဒီမြူခိုးတိမ်တောင်က ဒဏ္ဍာရီလာအပျက်အစီးနေရာတစ်ခုဖြစ်ပြီး ယနေ့ခေတ် လူသားတွေမထိန်းချုပ်နိုင်တာကြောင့် အထဲမှာရှိတဲ့ဆန်းကြယ်မှုတွေကိုဘယ်သူမှ နားမလည်နိုင်ဘူး"


"အချက်နှစ်ချက်ကို မင်းတို့သိထားရမယ် ပထမအချက်က မြူးခိုးတိမ်တောင်က လေးနှစ်မှာတစ်ကြိမ်ဖွင့်တယ် ဒုတိယအချက်က အဲ့ကိုသွားမဲ့သူတွေက သိုင်းပညာရှင်အဆင့်၉ကို မကျော်စေရဘူး"


"တကယ်လို့ သိုင်းဆရာအဆင့် ဒါမှမဟုတ် အဲ့ထက်မြင့်သွားရင် သူ့တစ်ဘဝလုံးသွားခွင့်မရှိတော့ဘူး တကယ်လို့တစ်စုံတစ်ယောက်က အတင်းဝင်ရဲတာနဲ့ ချက်ချင်း နယ်မြေအတွင်းကဆန်းကြယ်တဲ့စွမ်းအားရဲ့ ဖျက်ဆီးခြင်းကိုခံလိုက်ရမယ်" အကြောင်းအရင်းကိုသူရှင်းပြလိုက်တယ်


"လတ်စသတ်တော့ အဲ့လိုကိုး စီနီယာမြုကသုံးနှဈတိတျိကငြျ့ကွံခွငျးအဆငျ့ကို ဖိနှိပ်ထားတာ မြူခိုးတိမ်တောင်ကိုဝင်ချင်တဲ့အတွက်ကိုး"


"လေးနှစ်မှတစ်ကြိမ်ဖွင့်တာဆိုတော့ ဒီတစ်ကြိမ်လွတ်သွားရင် နောက်တစ်ကြိမ်ဆိုလေးနှစ်ထပ်စောင့်ရတော့မှာ ကြည့်ရတာစီနီယာမျုက တတ်နိုင်သမျှကြိုးစားအားထုတ်ထားပုံဘဲ"


"ကိုယ့်ကိုယ်ကိုတောင် ရက်စက်လိုက်တာ ဒီအခွင့်အရေးအတွက်နဲ့ ကိုယျ့ရဲ့ကငြျ့ကွံခွငျးအဆငျ့ကိုသုံးနှဈတိတျိဖိနှိပျထားဖို့ဆိုတာ ဒါမျိုးဘယ်သူလုပ်နိုင်မှာလဲ သာမန်သိုင်းပညာရှင်တွေတောင် သိုင်းဆရာအဆင့်ရောက်သွားတဲ့အချိန်မှာ အဲ့လိုလုပ်လို့ကိုယ့်နဲ့သက်တူရွယ်သူကျောင်းသားတွေထက်ကို ဘယ်နှစ်နှစ်လောက်နောက်ကျကျန်ခဲ့ပြီလဲ မသိဘူးလေ"


"သောက်ပိုမပြောနဲ့ သေချာပြင်ဆင်တယ်ဆိုတဲ့စကားကို မင်းနားလည်လား ဒီလိုလုပ်ခြင်းအားဖြစ် သုံးနှစ်လောက်အောင့်သွားပေမဲ့ ကျင့်ကြံခြင်းဆိုတာ မြန်တိုင်းကောင်းတဲ့အရာမဟုတ်ဘူး အုတ်မြစ်ခိုင်ခံဖို့လည်းလိုတယ် တကယ်လို့သိုင်းတာအိုအုတ်မြစ် မခိုင်ဘူးဆိုရင်နောက်ပိုင်းအဆင့်တွေကြရင် ကျင့်ကြံခြင်းအဆင့်တက်ဖို့ နှေးသထက်နှေးလာမှာ တစ်ချို့သိုင်းဆရာတွေဆို ကောင်းကင်ဘုံအလွှာအဆင့်၁ကနေ နှစ်တစ်ဒါဇင်လောက်နေတာတောင် ထပ်မတက်နိုင်တော့ဘူး"


"အမှန်ဘဲလေ အကယ်၍ကောင်းမွန်ခိုင်ခံ့တဲ့သိုင်းတာအိုအုတ်မြစ်ကို တည်ဆောက်နိုင်မယ်ဆိုရင် သိုင်းဆရာအဆင့်ရောက်တာနဲ့ ချက်ချင်းကျင့်ကြံခြင်းက မိုးထိုးတက်သွားမှာ သာမန်သိုင်းဆရာတွေထက်ကို ဘယ်နှစ်ဆလောက်ပိုမြန်မလဲမသိဘူး"


"သူများတွေပြောကြတော့ ကျင့်ကြံခြင်းအဆင့်ကို လေးနှစ်လောက်ဖိနှိပ်ထားခဲ့ပြီး မြူခိုးတိမ်တောင်ကိုသွားကာ အထဲမှာကြီးမားတဲ့ကံကောင်းမှုနဲ့ကြုံပြီးတော့ နောက်ဆုံးသိုင်းဆရာအဆင့်ကိုရောက်သွားတဲ့ စီနီယာတစ်ယောက်ရှိခဲ့ဖူးတယ်တဲ့"


"ပြီးတော့ နောက်ထပ်ဆယ်နှစ်အကြာမှာ အဲ့ဒီ့စီနီယာက သက်တူရွယ်တူတွေကိုအများကြီးကျော်လွန်ပြီး ဂရန်းမာစတာအဆင့်ကိုရောက်သွားတယ်တဲ့ အဲ့ချိန်မှာသူ့နဲ့သက်တူရွယ်တူတွေကတော့ သိုင်းဆရာအဆင့်မှာခက်ခက်ခဲခဲရုန်းကန်နေရတုန်းဘဲလေ ဒါမျိုးကျရင် သေချာမလေ့ကျင့်ဘဲအချိန်ဖြုန်းခဲ့တယ်လို့ သူ့ကိုဘယ်သူပြောရဲတော့မလဲ?"


"မိုးထိမြင့်တဲ့အဆောက်အဦးတိုင်းက ခိုင်မာတဲ့အုတ်မြစ်ကနေစခဲ့ရတာ ဘုရင်အဆင့်သိုင်းသမားတစ်ယောက်က အခုလိုပြောခံဖူးတယ် (အုတ်မြစ်က မင်းရဲ့အနာဂတ်အလားကိုအဆုံးအဖြတ်ပေးတယ်တဲ့) ငါ့စိတ်ထင်စီနီယာမျုမှာလည်း အဲ့လိုအတွေးမျိုးရှိနေမှာ"


ကျောင်းသားအများအပြားက အချင်းချင်းဆွေးနွေးနေကြပြီး မျုဟော်ရန်ဘာကြောင့်အခုလိုလုပ်ရလဲဆိုတာကို နားလည်သွားပါတယ်


"တကယ်တော့ ဒီလိုလုပ်တာမျုဟော်ရန်တစ်ယောက်တည်းမဟုတ်ဘူး ရနျဟှမျတက်ကသျိုလျမှာ မြူခိုးတိမ်တောင်ကိုသွားဖို့အတွက်
သိုင်းဆရာအဆင့်ကိုမတက်ဘဲနဲ့ ကိုယ့်ကျင့်ကြံခြင်း အဆင့်ကိုဖိနှိပ်ပြီးနေနေတဲ့ မွန်းစတားတွေအများကြီးရှိသေးတယ်"


အဲ့ဒီ့စီနီယာကျောင်းသားက ဆက်ပြီးပြောလိုက်ပါတယ် "အဲ့လိုလူတွေကသာ ရန်ဟွမ်တက္ကသိုလ်ရဲ့ စစ်မှန်တဲ့လက်ရွေးစင်တွေဘဲ သူတို့တစ်ယောက်ချင်းစီမှာ ရှောင်ယိရွှမ်ထက်အများကြီးသာလွန်တဲ့ ခွန်အားတွေရှိတယ် ရှပင်ဘာကြောင့်သောင်းကြန်းနိုင်မလဲ မင်းတို့ငါ့ကိုပြောကြည့်စမ်း"


သူ့စကားကြားတာနဲ့ လူတွေလည်းလက်ခံလိုက်ကြတယ် ကိုယ့်ကျင့်ကြံခြင်းအဆင့်ကိုသုံးနှစ်တိတိဖိနှိပ်ထားတဲ့ ပြိုင်ဘက်ကင်းပါရမီရှင်မျိုးက သိုင်းပညာရှင်အဆင့်ကိုကျေညက်နေပြီး ကျွမ်းကျင်မှုကလည်း သိုင်းပညာရှင်အဆင့်ရဲ့အကန့်အသတ်နီးပါး အပြည့်စုံဆုံးအခြေနေထိရောက်ရှိနေမှာပါ သူတို့တွေကိုသိုင်းဆရာအဆင့်မှာပြိုင်ဘက်ကင်းလို့ပြောရင်တောင် နောက်နေတာမဟုတ်ပါဘူး


ကျောင်းကိုခုမှရောက်ကာစ ရှပင်အနေနဲ့ မျုဘန်ချန်းတို့လိုပုဂ္ဂိုလ်တွေကို အနိုင်ယူချင်တာ မဖြစ်နိုင်တဲ့ ကိစ္စပါ


"မြန်မြန်ကြည့်လိုက်ကြစမ်း ဘလိတ်ဓားသမားအသင်းဥက္ကဌလည်း စပြောနေပြီ သူကဓားသမားအသင်းဥက္ကဌနဲ့အဆင့်တူပုဂ္ဂိုလ်ဘဲ ဘလိတ်ဓားကျင့်စဥ်ကို ပြည့်စုံတဲ့အဆင့်ထိရောက်ထားတယ်တဲ့" ဖိုရပ်ပေါ်မှာ ဒုတိယပိုစ့်တစ်ခုတက်လာတာကို တစ်ချို့လူတွေသတိထားမိသွားတယ်


ဒီပိုစ့်ကိုတင်တဲ့သူက အထင်ကြီးစရာကောင်းတဲ့ ဘလိတ်ဓားသမားအသင်းရဲ့ဥက္ကဌဖြစ်သူ ဂျူဇီဂျီအန်ဖြစ်ပါတယ်


"ကျောင်းသားသစ်လေးက ဘယ်သူ့ကိုယ်မှမျက်လုံးထဲမထည့်လောက်အောင်မောက်မာလွန်းတယ် မင်းရဲရင်ဘလိတ်ဓားအသင်းကိုလာခဲ့စမ်း ငါမင်းကိုစစ်မှန်တဲ့ ဘလိတ်ဓားသိုင်းက ဘာလဲဆိုတာ ပေးခံစားလိုက်မယ် ငါ့ဘလိတ်ဓားတစ်ချက်နဲ့မင်းကိုအပိုင်းပိုင်း ဖြစ်သွားစေဖို့လုံလောက်တယ်" ဂျူဇီဂျီအန်က ရှေ့တန်းကနေရှပင်ကို စိန်ခေါ်လိုက်တယ်


သူ့စာသားတွေက နည်းနည်းဘဲဆိုပေမဲ့ ပြိုင်ဘက်ကင်းတဲ့အော်ရာတွေကို ထုတ်ဖော်နေပါတယ် ဒါကိုကြည့်ခြင်းအားဖြစ် ဘယ်သူမှမယှဥ်နိုင်တဲ့ သူ့ရဲ့ကိုယ့်ကိုယ်ကိုယုံကြည်မှုကို အားလုံးတွေ့နိုင်ပါတယ်


ဒါပေမဲ့ ဒါအစဘဲရှိပါသေးတယ် ဂျူဇီဂျီအန်ပိုစ့်က နောက်ဆက်တွဲပိုစ့်တွေအတွက်အကြောင်းခံ ဖြစ်လာခဲ့ပြီး နောက်ထပ်ပိိုစ့်တစ်ခုပြီးတစ်ခုတက်လာပါတယ်


"ကောင်းကင်တိမ်တိုက်ကမ္ဘာကဘယ်သူ့ကိုမှမကြောက်ဖူးလို့ပြောတဲ့ရှပင် မင်းငါတို့လက်သီးနည်းစနစ်အသင်းကို လွတ်လပ်စွာလာကြည့်လို့ရတယ် ငါတို့လက်သီးနည်းစနစ်အသင်းက သာမန်ကာလျှံကာလူတစ်ယောက်က မင်းလိုကျောင်းသားသစ်ပထမလို့ခေါ်တဲ့ကောင်ကို တစ်ချက်တည်းအနိုင်ယူနိုင်တယ်"


"မဟုတ်ဘူး ငါတို့လက်နက်ပုန်းအသင်းကိုလာခဲ့လိုက် အဲ့ဒီ့ကျောင်းသားသစ်ရှပင်လို့ခေါ်တဲ့ကောင် မျှော်လင့်ချက်ကုန်ပြီး ကြောက်စရာကောင်းတာဘာလဲဆိုတာ သိသွားစေရမယ် သိုင်းတာအိုကမ္ဘာကအကျယ်ကြီးဘဲ လက်ရှိမှာမင်းပြိုင်ဘက်ကင်းဆိုတာ ရေတွင်းထဲကဖားသာသာဘဲ ရှိတယ်"


"မင်းတို့ရဲ့လက်နက်ပုန်းအသင်းဆိုတာ ဘာမှမဟုတ်ဘူး တကယ်သတ္တိရှိရင်ငါတို့ ခြေထောက်နည်းစနစ်အသင်းကိုလာခဲ့ တကယ်လို့ကန်ချက်သုံးချက်တည်းနဲ့ ကျောင်းသားသစ်ရှပင်ကို ဦးချပြီးအမှားဝန်ခံခိုင်းအောင်မလုပ်နိုင်ရင် နောက်နေ့ကစပြီး ငါတို့ခြေထောက်နည်းနစ်အသင်းအိမ်ထဲမှာ တစ်လပိတ်နေပြမယ်"


သိုင်းတာအိုကလပ်အသင်းဥက္ကဌတွေ တစ်ယောက်ပြီးတစ်ယောက်ပေါ်လာပြီး ရှပင်ကိုအထင်သေးတဲ့သဘောထားနဲ့ ပိုစ့်တင်လိုက်ကြတယ် ဒီလိုကျောင်းသားသစ်ပထမလို့ခေါ်တဲ့ရှပင်ကိုအနိုင်ယူဖို့ သုံးကွက်ထက်ပိုမလိုဘူးလို့ သူတို့တွေးထားကြပါတယ်


ရှပင်မှာ စီနီယာကျောင်းသားဆယ်ယောက်ကျော်ကို အနိုင်ယူထားတဲ့မှတ်တမ်းရှိတာတောင် ဒီမွန်းစတားအစစ်အမှန်တွေအတွက် ဘာမှမဟုတ်ပါဘူး ဒါမျိုးသူတို့လည်းလုပ်နိုင်ပါတယ်


အဲ့တာမှမဟုတ်ရင် ဘာလို့သူတို့ကသိုင်းပညာရှင်အဆင့်မှာ ပြိုင်ဘက်ကင်းတဲ့သူတွေလို့ ခေါ်ရဲကြမှာလဲ


"ကြမ်းလိုက်တာ အရမ်းကြမ်းတယ် ဒီရှပင်ကလူထုရဲ့ဒေါသကို ဆွလိုက်ပြီ ဓားသမားအသင်း, ဘလိတ်ဓားသမားအသင်း, လက်သီးနည်းစနစ်အသင်း, လက်နက်ပုန်းအသင်း, ခြေထောက်နည်းစနစ်အသင်းစတဲ့ ရန်ဟွမ်တက္ကသိုလ်က သိုင်းတာအိုကလပ်အသင်းပေါင်းစုံဘဲ"


ကျောင်းသားတစ်ယောက်က ထိတ်လန့်စွာအော်လိုက်တယ် "ဒီကလပ်အသင်းတွေမှာ ရန်ဟွမ်တက္ကသိုလ်ရဲ့စစ်မှန်တဲ့လက်ရွေးစင်တွေ စုဝေးနေကြတယ် အထဲမှာပုန်းလျှိုနေတဲ့နဂါး ဝပ်နေတဲ့ကျားတွေရှိတယ် လွန်ခဲ့တဲ့ ၂နှစ်၃နှစ်အတွင်းက ပါရမီရှင်တွေအားလုံး အဲ့မှာဘဲ"


"ဒါပေမဲ့ဒီမွန်းစတားတွေ ရှပင်ကိုချောင်းမြောင်းနေမှတော့ ရှပင်သေပြီဘဲ ရန်ဟွမ်တက္ကသိုလ်မှာသူခိုလှုံစရာနေရာမရှိတော့ဘူး"


လူတွေက လန့်နေကြပါတယ် ကလပ်အသင်းအများအပြားကရှပင်ကိုနှိမ်နင်းဖို့အတွက် တရစပ် သဘောထားထုတ်ပြန်လိမ့်မယ်လို့ သူတို့မထင်ထားကြပါဘူး


"သွားပြီ ဒီရှပင်တော့လုံးဝအဆုံးသတ်ပြီ"


"အခုလိုတိုက်ရိုက်အမည်နဲ့တကွဖော်ပြခံရမှတော့ သူတည့်ရင်မဆိုင်ချင်ရင်တောင် မဖြစ်နိုင်တော့ဘူး"


"ငါသိတာပေါ့ ဒီကောင်တွန့်ဆုတ်ရဲတာနဲ့ သိတ္တိမရှိဘဲငကြောက်ဖြစ်ပြီး ရန်ဟွမ်တက္ကသိုလ်မှာ သူ့ရဲ့ဂုဏ်သတင်းဖျက်ဆီးခံလိုက်ရမယ်လေ ဘယ်သူမှသူ့ကိုမြင့်မြင့်မှန်းကြတော့မှာမဟုတ်ဘဲ စိတ်အခြေနေတောင် ထိခိုက်သွားနိုင်တယ်"


"သူတိုက်ခိုက်မှရတော့မယ် ဒါပေမဲ့ဒီကျင့်ကြံခြင်းအဆင့်ကိုဖိနှိပ်ထားတဲ့ သိုင်းဆရာအဆင့်ပြိုင်ဘက်ကင်းတွေလို့သိကြတဲ့ ကလပ်အသင်းဥက္ကဌတွေနဲ့ တိုက်ခိုက်ရင် သူနိုင်နိုင်ချေရှိမှာမဟုတ်ဘူး"


"နောက်ဆို ဒီကောင်လူပါးဝမရဲတော့ဘဲ နာကျင်စရာသင်ခန်းစာ သေချာပေါက်ရသွားမယ်"


ကျောင်းသားအများအပြားက အချင်းချင်းပြောဆိုနေကြပါတယ် သူတို့တွေပထမဆုံးအကြိမ်အခုလိုကြီးကျယ်တဲ့ဖြစ်ရပ်မျိုးကြုံဖူးတာပါ အခုလိုကလပ်အသင်းအများအပြား တမင်ပစ်မှတ်ထားခံရတာ ဒီရှပင်ကရန်ဟွမ်တက္ကသိုလ်မှာ ပထမဆုံးလူဖြစ်ပါတယ်


............................
အပိုင်း(၃၅၅) ကိစ္စကတော်တော်လေးဆူညံလာပြီ


ကလပ်အသင်းတွေတစ်ခုပြီးတစ်ခု ရှပင်ကိုစိန်ခေါ်ပြီး ဒီလူပါးဝတဲ့ကျောင်းသားသစ်ကို သင်ခန်းစာပေးမယ်ဆိုတဲ့သတင်းက ရန်ဟွမ်တက္ကသိုလ်တစ်ခုလုံးကို ချက်ချင်းပြန့်သွားပြီး မရေတွက်နိုင်တဲ့ကျောင်းသားတွေရဲ့ နားထဲကိုရောက်သွားပါတယ်


တချို့လက်ရွေးစင်ကျောင်းသားတွေနဲ့ဆရာတွေတောင် ဒီကိစ္စကိုကြားသိရပါတယ်


အဲ့ဒီ့အချိန်မှာ ရနျဟှမျတက်ကသိုလျရဲ့စံအျိမျတဈခုရဲ့ ခန်းမထဲမှာတော့ လှပတဲ့မိန်းခလေးတစ်အုပ် စုဝေးနေကြပါတယ်


"အစ်မစူ ဘယ်လိုလုပ်သိုင်းတာအိုအသင်းအဖွဲ့တွေအများအပြားက ဒီအရှက်မရှိတဲ့ နှာဘူးကို စိန်ခါ်နေကြတာလဲ? ဒီဥက္ကဌတွေကိုအစ်မညို့ယူပြီး အဲ့နှာဗူးကိုပြဿနာရှာခိုင်းတာတော့ မဟုတ်ပါဘူးနော်?" မျက်လုံးပြူးပြူးနဲ့မိန်းခလေးက သိချင်စိတ်နဲ့မေးလိုက်တယ်


ကျန်တဲ့မိန်းခလေးတွေလည်း တစ်ယောက်ပြီးတစ်ယောက် စူဂျီကိုကြည့်လိုက်ကြတယ် အသင်းအဖွဲ့ဒီလောက်များများက ရှပင်ကိုစတင်ပုတ်ခတ်ပြီး သူ့နဲ့တိုက်ခိုက်ဖို့ကြုံးဝါးနေကြတာ ဘယ်လိုတွေးကြည့်တွေးကြည့် ဒီကိစ္စကနည်းနည်းထူးဆန်းနေပါတယ်


"ဒီလိုစိတ်ပျက်စရာကောင်းတဲ့ကိစ္စကို ငါလုပ်တာမဟုတ်ဘူး" စူဂျီက မကောင်းတဲ့သဘောထားနဲ့ပြောလိုက်တယ် "ဒီကိစ္စကို အဲ့ဒီ့ရှပင် တမင်လုပ်တာ သူမနေ့ညတုန်းကမထင်မှတ်ဘဲ လူအများကြီးရှေ့မှာသောင်းကြန်းပြီးတော့ ကောင်းကင်တိမ်တိုက်ကမ္ဘာကကျောင်းသားတွေတစ်ယောက်ချင်းစီက သုံးစားမရတဲ့ဆန်ကုန်မြေလေးတွေလို့ ပြောဆိုရဲတယ်လေ
ဘုရင့်မျိုးဆက်တွေကိုတောင် သူစော်ကားရဲတယ် ဒီစကားတွေကြောင့် လူတွေအများကြီးကသူ့ကိုဒေါသထွက်နေကြတယ်ဆိုတာသိသာတယ်"


အဲ့နှာဘူးကအခူလိုရူးမိုက်လိမ့်မယ်ဆိုတာလုံးဝမထင်ထားဘဲ သူမလည်းပြောစရာစကားမဲ့နေပါတယ် ဒီလောက်လူအများကြီးအရှေ့မှာ အခုလိုပြောဆိုရဲတာ လူထုရဲ့ဒေါသကိုဆွပေးလိုက်သလိုဘဲဆိုတာ ထင်ရှားပါတယ်


ဒီကောင်းကင်တိမ်တိုက်ကမ္ဘာကပါရမီရှင်တွေ ဘုရင့်မျိုးဆက်တွေထဲမှာ ကိုယ့်ကိုယ်ကိုဂုဏ်ယူပြီးမမောက်တဲ့သူ မရှိပါဘူး


တစ်ချို့လူတွေရဲ့အတွေးက နက်ရှိုင်းပြီးဒေါသထွက်တာတွေ ပျော်ရွှင်တာတွေကိုလွယ်လွယ်နဲ့ထုတ်မပြတတ်တဲ့သူတွေလည်းရှိပေမဲ့ အများစုက ကျမ်းမာသန်စွမ်းပြီးဖြတ်လတ်တဲ့ လူငယ်တွေဖြစ်တာကြောင့် အခုလိုလှောင်ပြောင်သရော်မှုကို သည်းမခံနိုင်ကြပါဘူး


အဲ့ဒီမျိုးမစစ်ရှပင် အပြီးတိုင်မရှုံးမချင်း သူတို့မှာဘာမျက်နှာပြစရာရှိတော့မှာလဲ? သူတို့ဒီကောင်းကင်တိမ်တိုက်ကမ္ဘာကျောင်းသားတွေက တရားမဝင်ဆေးဝါးတွေနဲ့ အဆင့်တက်လာတဲ့ သုံးစားမရတဲ့ဆန်ကုန်မြေလေးတွေဆိုတာကို ဝန်ခံလိုက်ရမှာပါလား?


"ငါလည်းဒီကိစ္စကိုအစ်မစူရဲ့ ပရိယာယ်ထင်နေတာ ဒီကောင်သူ့သဘောနဲ့သူလုပ်တာလို့ မထင်ထားဘူး"


"သူ့ထိုက်နဲ့သူ့ကံဘဲလေ ဒီအရှက်မဲ့ပြီးသုံးစားမရတဲ့ကောင်က သူ့ခွန်အားနည်းနည်းနဲ့ ပိုက်ဆံလေးရှိတာကိုအားကိုးပြီး မောက်မာသောင်းကြန်းကာ မိန်းခလေးဘယ်လောက်များများကိုဖျက်ဆီးခဲ့ပြီလဲမသိဘူး အခုတော့ဒဏ်ခတ်ခံရပြီ"


"ကြည့်ရတာငါတို့ဘာမှလုပ်စရာမလိုတော့ဘဲ အဲ့အရှက်မရှိတဲ့ကောင်ကို ရန်ဟွမ်တက္ကသိုလ်ကလူတွေကဘဲ သင်ခန်းစာပေးလိမ့်မယ်ထင်တယ်"


"အခုလိုဆန်ကုန်မြေလေးရန်သူမျိုးရှိတာ ငါတို့အတွက်အဓိပ္ပာယ်မဲ့လိုက်တာ ငါတို့ဘာမှမလုပ်ရသေးခင် သူ့ကိုယ်သူသက်သေနေပြီ"


"အဲ့ကောင်မညှာမတာအရိုက်ခံရပြီးရင် ငါတို့တွေသူ့ကိုရေနစ်သူဝါးကူထိုးဆိုသလို ပြန်ရိုက်နှက်ကြမယ်"


"သူ့အဝတ်တွေကိုချွတ်ပြီး ကိုယ်လုံးတီးနဲ့ရန်ဟွမ်တက္ကသိုလ်ဝင်ပေါက်မှာ သွားချိတ်ထားပြီး သူ့ဂွေးတိုလေးကို ပြသထားမယ် ဒါမှငါတို့ရဲ့ဒေါသပြေမှာ"


မိန်းမတစ်အုပ်က ရှပင်ကိုအထင်သေးပြီး တစ်ယောက်တစ်ပေါက်ပြောဆိုနေကြပါတယ် လူထုကိုဒေါသထွက်အောင်လုပ်ခဲ့တဲ့ရှပင် လုံးဝအဆုံးသတ်ကောင်းမှာမဟုတ်ဘူးလို့ သူတို့ထင်နေကြပါတယ် သူတို့ထဲကရဲတင်းတဲ့မိန်းမတွေကတော့ လက်တုံ့ပြန်နိုင်မဲ့နည်းလမ်းပေါင်းစုံကို စဥ်းစားနေကြပါတယ်


အဲ့ဒီမျိုးမစစ် မညှာမတာအရိုက်ခံနေရတဲ့ မြင်ကွင်းကို မြင်နိုင်ဖို့စူဂျီလည်း အလွန်မျှော်လင့်နေပါတယ်


........................


ဒီအချိန်မှာ ရှပင်က ကျောင်းဖိုရမ်ပေါ်မှာသိုင်းတာအိုကလပ်အသင်းတွေ ရဲ့ထုတ်ပြန်ချက်တွေ, လူသိရှင်ကြား သူ့ကျိုရှုတျခထြားတဲ့မကျဆေ့တှကေို တစ်ခုပြီးတစ်ခုကြည့်ရှုနေပါတယ်


"အစ်ကိုကြီး အခုကိစ္စကတော့ တော်တော်ကြီးလာပြီး ဆူညံနေပြီ"


ဖန်းဟိုင်ထန် ဖုန်းဆက်လာပြီးပြောလိုက်တယ် "ဓားသမားအသင်း, ဘလိတ်ဓားသမားအသင်းတွေတင်ဘဲ အဲ့ဒီ့လက်သီးနည်းစနစ်အသင်း, ခြေထောက်နည်းစနစ်အသင်းဆိုလား ဘာဆိုလားခေါ်တဲ့အသင်းတွေတောင် အစ်ကိုကြီးနဲ့စာရင်းရှင်းဖို့ပြောဆိုနေကြပြီ အခုကိစ္စကအတော်လေးဆူညံနေတာကြောင့် ငါတို့အထုပ်အပိုးတွပြင်ပြီး မြန်မြန်တနေရာရာမှာ ပုန်းကြရအောင်"


ဖက်တီးဖန်းမျက်နှာတွေ ဖြူဖျော့တဲ့အထိကြောက်ရွံ့နေပါတယ် အခုလိုသိုင်းတာအိုအသင်းအဖွဲ့အများအပြားရဲ့ ပစ်မှတ်ထားခံရတာက တစ်ကျောင်းလုံးကိုယ့်ရန်သူဖြစ်သွားသလို တောင်ပြိုပြီးပင်လယ်တွေ တိမ်းမှောက်သလို ဖိအားကြီးမားလွန်းပါတယ်


သာမန်လူဆိုရင် ဒီဖိအားကြောင့် ကြောက်လန့်ပြီးသေးထွက်ကျကုန်မှာပါ


ဖန်းဟိုက်ထန်လို ဒီကိစ္စမှာမပါတဲ့သူတောင် ကြောက်စရာကောင်းတဲ့ဖိအားကိုခံစားနေရရင် တရားခံဖြစ်တဲ့ရှပင်ဆို ပြောနေစရာမလိုတော့ပါဘူး


"ငါ့ယီးကိုလာပုန်းရမလား သူတို့လာပါစေ ငါသူတို့ကိုလက်တစ်ဖက်တည်းနဲ့အနိုင်ယူနိုင်တယ်" ရှပင်ဂရုမစိုက်ပါဘူး ဒီလူတွေရဲ့သဘောထားထုတ်ပြန်ချက်တွေကို သူအရမ်းစိတ်အားထက်သန်နေပါတယ်


တခြားသူတွေနဲ့တိုက်ခိုက်ပြီး သူ့ရဲ့ကျင့်ကြံခြင်းကိုတောင့်တင်းခိုင်မာလာအောင်လုပ်ချင်နေတဲ့ရှပင်အတွက်တော့ ဒါက ကြောင်ခံတွင်းပျက်နဲ့ ဇယပ်တောင်ပံကျိုးတို့တွေ့သလိုပါဘဲ


သူ့ကျင့်ကြံခြင်းနည်းစနစ်က တခြားသူတွေနဲ့ကွာခြားကြောင့် တိုက်ခိုက်ရင်းပိုပြီးခွန်အားကြီးလာနိုင်ပါတယ်


ပြီးတော့မုန်းတီးခြင်းရမှတ်အမြောက်အများကိုလည်း သူရနိုင်ပါသေးတယ် အကယ်၍မုန်းတီးခြင်းရမှတ်တစ်သန်းရမယ်ဆိုရင် သူအရမ်မျှော်လင့်နေတဲ့စနစ်ဆီက လက်ဆောင်ကြီးကို ရရှိအုံးမှာပါ


"အစ်ကိုကြီး မင်းကတော့တကယ့်ကောင်ဘဲ" ဖန်းဟိုက်ထန်က သူ့ဈိတျခံစားခကြျတှကေို ဖိနှိပ်လိုက်ပါတယ် သာမန်လူတွေသာဒီသတင်းကြားရင်ကြောက်လန့်ပြီး ကြံရာမရဖြစ်နေမှာပါ နည်းနည်းသတ္တရှိတဲ့သူတောင် ဒါမျိုးကြားရင်မျက်နှာတွေမဲနက်သွားမှာပါ


ဒါပေမဲ့အစ်ကိုကြီးကတော့ ပြောင်းပြန်ပါဘဲနည်းနည်းမှမကြောက်တဲ့အပြင် တစ်ဖက်လူတွေကိုရိုက်နှက်ချင်စိတ်ပေါက်နေပြီး ကြိုးစားကြည့်ဖို့စိတ်အားထက်သန်နေပါတယ် အစ်ကိုကြီးရဲ့သတ္တိကကြောက်စရာကောင်းတဲ့အခြေနေထိကို ရဲတင်းလွန်းပါတယ်


"ငါသောက်ဂရုမစိုက်ဘူး ဒီခွေးရူးတွေဟောင်နေတာကိုဂရုမစိုက်နဲ့ အနှေးနဲ့အမွနျငါသူတို့ကျို သူတို့အမေတွေအမှတ်မိနိုင်တဲ့အထိ ရိုက်နှက်ပြီးပုံစံပေးပစ်မယ်" ရှပင်သူ့ရင်ဘတ်ကိုပုတ်ပြီး ယုံကြည်မှုရှိစွာနဲ့ပြောလိုက်တယ်


သိုင်းပညာရှင်အဆင့်၈ကို ရောက်ရှိပြီး သူ့ကိုယ်ထဲက အစစ်အမှန်ချီတစ်စိတ်တစ်ပိုင်းအရည်ဖြစ်ပြောင်းလာပြီးနောက်မှာ သူ့တိုက်ရည်ခိုက်ရည်က အရမ်းကြောက်စရာကောင်းနေပါပြီ ဒီပြိုင်ဘက်ကင်းသိုင်းပညာရှင်အဆင့်လိုခေါ်တဲ့ စီနီယာကျောင်းသားတွေဆိုတာ သူ့အတွက်တော့အဓိပ္ပာယ်မရှိတာတွေဖြစ်ပြီး သူ့ရှေ့မှာဘောင်မဝင်ပါဘူး


သူ့မျက်စိထဲမှာတော့ ဒီစီနီယာကျောင်းသားတွေက သူ့တိုက်ခိုက်စွမ်းတွေ ထက်လာအောင်သွေးပေးတဲ့ ဓားသွေးကျောက်တွေပါဘဲ


"အစ်ကိုကြီး လိုအပ်တာရှိရင်ငါ့ကိုလွတ်လွတ်လပ်လပ်ပြောနော် ဓားတောင်ဖြစ်ဖြစ် မီးပင်လယ်ဖြစ်ဖြစ် အစ်ကိုကြီးအတွက်ကျွန်တော်ကျော်ဖြတ်နိုင်တယ်" ရှပင်ရဲ့ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတဲ့စကားတွေကြားပြီး ဖန်းဟိုင်ထန်ချက်ချင်း စိတ်သက်သာရသွားပါတယ်


ပြီးတာနဲ့လျင်မြန်စွာဘဲ သူလုံးဝကျေနပ်ပြီးဖုန်းချလိုက်တယ်


ဖန်းဟိုက်ထန်အပြင် ဂျန်းရရူ ချူရွန်းနဲ့ နန်ဂုန်ဝူတို့သုံးယောက်လည်း သူ့ကိုအရမ်းစိုးရိမ်စွာနဲ့ဖုန်းဆက်လာကြပါတယ် ရှပင်အခြေနေအရမ်းဆိုးနေတယ်လို့သူတို့ထင်နေကြပြီး အခြေနေတွေငြိမ်သက်တဲ့ထိအပြင်မှာ သွားပုန်းနေဖို့သူ့ကိုဖျောင်းဖျပြောဆိုကြပါတယ်


ဒီအနှောင့်အယှက်တွေပြီးသွားရင်တော့ သူ့ကျိုပဈမှတျထားတဲ့လူအမြားကွီးရှိတော့မှာ မဟုတ်ဘူးလို့ သူ့ကိုခနရှောင်ခိုင်းနေပါတယ်


ဒါတွေက အရေးမကြီးတဲ့ကိစ္စလေးတွေဖြစ်ပြီး သူသေချာပေါက်ဖြေရှင်းနိုင်တာကြောင့် သူတို့ကိုစိတ်မပူကြဖို့ ရှပင်ပြောလိုက်ရပါတယ်


ရှပင်နဲ့နည်းနည်းသိကျွမ်းခဲ့တဲ့ ရန်ဟွမ်ဂြိုလ်က တစ်မြေတည်းနေတစ်ရေတည်းသောက်ဖူးကြတဲ့ မျုဘန်ချန်း, လူအိုဒီ, ရှီဖေ,လူချန်း နဲ့ တခြားသူတွေတောင် တစ်ယောက်ပြီးတစ်ယောက်ဂရုတစိုက်ဖုန်းဆက်လာပြီး သူတို့ဘာကူညီပေးပေးစရာလိုလဲဆိုပြီး ပြောဆိုကြပါတယ်


ဒါပေမဲ့ရှပင်အားလုံးကို ငြင်းလိုက်ပြီး ဒီကိစ္စက ဘာမှမဟုတ်ဘဲ စောင့်ကြည့်နေကြဖို့ သူတို့ကိုပြောလိုက်ပါတယ်


ဖုန်းဆက်လာကြတဲ့သူတွေက အရမ်းစိတ်ပူကြပေမဲ့ ရှပင်ဒီလိုပြောတာကြောင့်သူတို့လည်း ဘာမှဝင်စွက်ဖက်ဖို့ မတတ်နိုင်ဘဲ ရှပင်စကားကိုသာ ယုံကြည်ပေးလိုက်ရပါတယ်


"တကယ်ပင်ပန်းလိုက်တာကွာ"
ရှပင်အသက်ပြင်းပြင်းရှူထုတ်လိုက်ပြီး ဒီလူတွေကိုရှင်းပြရတာ ရန်သူတွေနဲ့ရင်ဆိုင်တာထက် ပိုခက်တယ်လို့ တွေးလိုက်တယ်


"ဟုတ်သားဘဲ အဲ့ဒီ့မြူခိုးတိမ်တောင်အကြောင်း မေးရအုံးမယ်" မြူခိုးတိမ်တောင်ကိစ္စက ဒီကလပ်အသင်းခေါင်းဆောင်တွေရဲ့စိန်ခေါ်မှုထက်ကို သူ့အတွက်ပိုအရေးကြီးပါတယ် ဒါကသူသိုင်းဆရာအဆင့်ကိုတက်မဲ့ အရေးကြီးကိစ္စနဲ့ဆက်စပ်နေပါတယ်


အဲ့လိုတွေးပြီးတာနဲ့ ခနတုန်းကဖိုရမ်မှာ မြူခိုတိမ်တောင်အကြောင်းအရမ်းရင်းနှီးနေတဲ့ စီနီယာကျောင်းသားကို ရှပင်သီးသန့်စာပို့လိုက်ပြီး မြူခိုးတိမ်တောင်ကိုကျောင်းသားသစ်တွေ ဝင်ပါလို့ရလားမရလားလို့ ချက်ချင်းမေးလိုက်တယ်


"သာမန်အခြေနေတွေမှာဆိုရင်တော့ သိုင်းဆရာအဆင့်အောက် သိုင်းသမားဆိုတာနဲ့ ဝင်ပါလို့ရပြီ"


အဲ့ဒီ့စီနီယာကျောင်းသားက အခုလိုပြန်ဖြေလိုက်တယ် "ဒါပေမဲ့ တစ်ချို့ကျောင်းသားတွေကို ကိုယ့်အစွမ်းကိုအထင်ကြီးပြီး မြူခိုးတိမ်တောင်ကိုသွားပြီး ရူးရူးမိုက်မိုက်သွားသေတာတွေမဖြစ်စေဖို့အတွက် သိုင်းပညာရှင်ကောင်းကင်ဘုံအလွှာအဆင့်၉တွေကိုသာ
သွားခွင့်ပြုဖို့သဘောတူထားတယ်"


"တကယ်လို့ သိုင်းပညာရှင်အဆင့်၉အောက်ကျောင်းသားတွေ ဝင်ပါချင်တယ်ဆိုရင် ကျောင်းအမှတ်သုံးသောင်းပေးမှသာ မြူခိုးတိမ်တောင်သွားခွင့် ခွဲတမ်းကိုရမယ်"


ရှပင်နားလည်သွားတယ် ကျောင်းအမှတ်သုံးသောင်းကို ရှာနိုင်စွမ်းရှိတဲ့လူတွေက ယျေဘုယအခြေနေနဲ့ရင်ဆိုင်နိုင်စွမ်းရှိပြီး ခွန်အားကသိုင်းပညာရှင်အဆင့်၉ထက်ကို မနိမ့်တဲ့သူတွေဖြစ်ကြပါတယ် ရူးမိုက်ပြီးသွားတောင်းသေမဲ့သူတွေမဟုတ်ပါဘူး


"မြူခိူးတိမ်တောင်က ဘယ်တော့ဖွင့်မှာလဲ?" ရှပင်ဆက်ပြီးမေးလိုက်တယ်


အဲ့ဒီ့စီနီယာကျောင်းသားက ပြန်ဖြေလိုက်တယ် "တစ်လကြာရင်ဖွင့်ပြီ"


တစ်လလား?!
ရှပင်မျက်လုံးတွေ အေးစက်သွားတယ် ဒီတစ်ခေါက်မြူခိုးတိမ်တောင်ကို သူသေချာပေါက်ဝင်ပါရမယ် အဲ့လို့မလုပ်ဘဲလေးနှစ်စောင့်ဖို့အတွက်သူ့မှာ စိတ်ရှည်နိုင်စွမ်းမရှိပါဘူး


.............................
အပိုင်း(၃၅၆) ရယ်မောလှောင်ပြောင်ကြခြင်း


အချိန်တွေက လျင်မြန်စွာနဲ့စီးဆင်းနေပြီး
သုံးရက်တာကာလ ကုန်ဆုံးသွားခဲ့ပါတယ်


ဒီရက်တွေအတွင်းမှာ ရှပင်ဘာသံမှမထွက်ဘဲ တံခါးပိတ်ကျင့်ကြံနေပါတယ် အပြင်လောကမှာဘာတွေဖြစ်နေလဲဆိုတာကိုသူမသိဘဲ ဒီကလပျအသငျးခေါငျးဆောငျတှကျေျို ပြန်လည်တုံ့ပြန်မှု တစ်စုံတစ်ရာ သူမပြုလုပ်ပါဘူး


ဒါပေမဲ့ရှပင်အသံမထွက်လေလေ ဒီကိစ္စကပိုပြီးဆူညံလေလေပါဘဲ ပွဲရှာချင်တဲ့သူတွေက မီးထဲကိုလောင်စာထည့်ကြတဲ့အတွက် ဒီကိစ္စကပိုပြီးတောက်လောင်လာပါတယ်


"သုံးရက်ရှိသွားပြီ ဒီသုံးရက်အတွင်းမှာ အဲ့ကောင်ရှပင်ကဘာတုံ့ပြန်မှုမှမလုပ်ဘဲ ရူးချင်ယောင်ဆောင်နေတယ်ဆိုတော့ ဒီကောင်ဘာသဘောလဲ?" လူတစ်ချို့ကသံသယနဲ့ နားမလည်နိုင်ဖြစ်နေကြပါတယ်


အစကတော့သူတို့တွေက ပွဲကောင်းကောင်းကြည့်ရတော့မယ်လို့ထင်နေတာပါ ဒါပေမဲ့ရှပင်ကဘာမှမတုံ့ပြန်ဘဲ တောင်တစ်တောင်လိုတည်ငြိမ်ခိုင်မြဲစွာနေနေလိမ့်မယ်လို့ သူတို့မမျှော်လင့်ထားပါဘူး


"ဘာသဘောဖြစ်ရမှာလဲ? သေချာပေါက်ကြောက်နေတာပေါ့ ဒီလောက်များတဲ့သိုင်းတာအိုကလပ်အသင်းတွေပစ်မှတ်ထားခံရမှတော့ ဒီကောင်ရှပင်တစ်ယောက် ကြောက်လန့်နေပြီး အခြေနေတွေတဖြည်းဖြည်းငြိမ်သက်သွားတာကိုစောင့်နေမှာဘဲ"


တစ်ချို့လူတွေကတော့ ရှပင်ကြောက်နေတယ်ဆိုပြီး သရော်လိုက်ကြတယ်


လူအများအပြားကလည်း ခေါင်းငြိမ့်ပြီးဒီစကားကိုလက်ခံလိုက်ကြတယ် ရှပင်ဘယ်လောက်ဘဲကြမ်းကြမ်း ကြောငျးသားသဈတဈယောကျထကျမပျိုပါဘူး စီနီယာကျောင်းသားအများကြီးနဲ့ ဘုရင့်မျိုးဆက်ကြောက်ခမန်းလိလိပါရမီရင်တွေကို ရင်ဆိုင်ရမှတော့ ဒီကောင်ဘယ်လောက်ဘဲဘဝင်မြင့်နေပါစေ သူပြဿနာကြီးရှာမိဆိုတာတော့သိပြီး အပြင်ထွက်လာရဲတော့မှာမဟုတ်ပါဘူး ဒါကဖြစ်သင့်ဖြစ်ထိုက်တဲ့ကိစ္စပါ


"ဒီကိစ္စကိုငြိမ်သွားအောင်လုပ်ဖို့ အဲ့လောက်လွယ်မလား ဒီကောင်ဒါမျိုးလုပ်ပြီးမှ ဘာမှမဖြစ်သလိုနေနေလို့ရမယ်ထင်နေတာ ဟာသဘဲ"


"အစကတော့ဒီကောင် မောက်မာသောင်းကြန်းပြီးတော့ ငါတို့ကောင်းကင်တိမ်တိုက်ကမ္ဘာကကျောင်းသားတွေ ဘာမှသုံးစားမရဘူးဆိုပြီး ကြုံးဝါးရဲတယ်လေ အခုငါတို့ဘက်ကလူတစ်ချို့ရပ်တည်တာနဲ့ ဒီကောင်ဘောကြုံ့အောင်ကြောက်နေပြီတဲ့လား တကယ်သတ္တိမရှိတဲ့ငကြောက်ဘဲ"


"အဲ့တာကြောင့် ဒီရန်ဟွမ်ဂြိုလ်ကလူတွေက အားနည်းသူကိုအနိုင်ကျင့်ပြီး အားကြီးသူကိုကြောက်ကြတယ်လို့ ပြောတာပေါ့ တကယ့်ကျောရိူးမရှိတဲ့ငပျော့တွေ ဘာစစ်မှန်တဲ့စွမ်းရည်မှမရှိဘူး"


"ပင်ကိုယ်ပါရမီသာမန်ဘဲရှိတဲ့ စီနီယာကျောင်းသားနည်းနည်းကို အနိုင်ယူပြီးတော့ ဒီအခြေထိအရမ်းမောက်မာနေတယ်ဆိုတော့ သူ့ကိုဆနျကုနျမွလေေးအယောငျဆောငျလျို့ပွောရငျတောငျ မလွန်ဘူး ဒီအကျင့်စရိုက်က သိုင်းတာအိုကျွမ်းကျင်သူတွေမှာရှိသင့်တဲ့ စိတ်သဘောထားမျိုးမဟုတ်ဘူး"


"သနားစရာကောင်းတဲ့ ရန်ဟွမ်ဂြိုလ်ကလူတစ်အုပ် ဒီကောင့်ဘက်ကနေအလံလွှင့်ပြီး ဒီရှပင်ကရန်သူအားလုံးကိုအကြောက်အရွံ့ကင်းတယ်လို့သူတို့အော်နေကြတယ်လေ ဒါပေမဲ့နောက်ဆုံးမှာသူတို့ရဲ့သူရဲကောင်းကဒီလိုအတုအယောင်ဖြစ်နေမယ် မထင်ထားဘူး အရမ်းစိတ်ပျက်စရာကောင်းဘဲ"


"တကယ်လို့သူမားမားမတ်မတ်ရပ်တည်ပြီး ဒီစီနီယာကျောင်းတွေနဲ့တိုက်ခိုက်လိုက်ရင် ရှုံးရင်တောင်မှ ဒီကောင်ယောကျာ်းပီသပြီး ဂုဏျရှိတဲ့အရှုံးလျို့ ငါတို့သူ့ကိုချီးကျုးအုံးမှာ ဒါပေမဲ့အခုသူ့မှာအဲ့လိုသတ္တိမျိုးမရှိမှတော့ သူ့ရဲ့အနာဂတ်အလားအလာတွေ အကန့်သတ်ရှိတော့မှာဘဲ"


"သိုင်းပညာရှင်တစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့သတ္တိမျိုးမရှိရင် ကျင့်ကြံခြင်းဘယ်လောက်မြင့်မြင့် အမှိုက်ဘဲ"


"ဟိုစီနီယာကျောင်းသားတွေကို သူဘယ်လိုအနိုင်ယူလိုက်လဲတော့ ငါမသိဘူး အလစ်တိုက်တာတော့မဟုတ်လောက်ပါဘူးနော်"


"ဒီစီနီယာကျောင်းသားတွေကို သူပိုက်ဆံနဲ့လာဘ်ထိုးပြီး သရုပ်ဆောင်ခိုင်းတာဖြစ်နိုင်တယ်"


ကျောင်းသားအများအပြားက တိုက်ခိုက်ဖို့ထွက်မလာရဲတဲ့ရှပင်ကို အထင်သေးကာ လှောင်ပြောင်သရော်နေကြပါတယ် ဒါက
ငကြောက်တွေမှာသာ ရှိသင့်တဲ့အပြုအမူဖြစ်ပြီး ထိပ်တန်းပုဂ္ဂိုလ်တွေမှာ ရှိသင့်တာမဟုတ်ပါဘူး


တစ်ချို့လူတွေကလည်း ရှပင်မှာတကယ်တမ်း ဘာခွန်အားမှမရှိဘဲ စီနီယာကျောင်းသားတွေနဲ့ သရုပ်ဆောင်ခိုင်းပြီးအနိုင်ယူခဲ့တာလို့ မကောင်းတဲ့ရည်ရွယ်ချက်နဲ့ မှန်းဆလိုက်ကြတယ်


တစ်ချို့ရန်ဟွမ်ဂြိုလ်ကလာတဲ့ကျောင်းသားတွေက ဒီစကားတွေကြားပြီးမခံမရပ်နိုင်ဖြစ်နေကြပါတယ် ရှပင်ကတိုက်ပွဲကိုကြောက်တတ်တဲ့သူမဟုတ်ဘူးဆိုတာ သူတို့ယုံကြည်ပေမဲ့ သုံးရက်ကြာတာတောင် ရှပင်အကြောင်းမပြန်လာသေးပါဘူး ဒါကသူတို့ကိုအနည်းနဲ့အများတော့ ကြောက်ရွံ့စေပြီး ရှပင်ဘက်မှာတကယ်ဘဲဘာတွေဖြစ်နေလည်း သူတို့လည်းမသိတော့ပါဘူး


ဒီအခြေနေတွေနဲ့ပက်သက်ပြီး ဓားသမားအသင်းအဖွဲ့ဥက္ကဌမျုဟော်ရန်က ချက်ချင်းပြောကြားလိုက်တယ် "အပြင်ထွက်လာပြီး မတိုက်ခိုက်ရဲရင်လည်း ရပါတယ် ငါကသဘောထားကျဥ်းမြောင်းတဲ့သူမဟုတ်ပါဘူး ငါ့မှာစီနီယာတစ်ယောက်ရဲ့နှလုံးသား အပြည့်ရှိတယ်"


"ဓားသမားအသင်းကို သူလာပြီးလူတိုင်းကို အရိုသေပေးပြီးသူ့အမှားသူဝန်ခံမယ်ဆိုရင် ငါသူ့ကျိုဒီတဈကွိမျခှငျ့လှှတျပေးနိုငျတယျ"


ကျောင်းသားတစ်အုပ်က သူ့စကားကြားပြီးသရော်လိုက်ကြတယ် ဒါရှပင်ကိုခွင့်လွှတ်ပေးနေတာမဟုတ်ဘဲ အရှက်ခွဲနေတာပါ အကယ်၍ရှပင်ဓားသမားအသင်းကို သွားအရိုသေပေးပြီး အမှားဝန်ခံမယ်ဆိုရင် သူ့တစ်ဘဝလုံးတစ်ခြားသူတွေရဲ့ ရယ်စရာဖြစ်လာမှာပါ


သူ့ရဲ့သိုင်းတာအိုစိတ်အခြေနေတောင် ပျက်စီးပြီး ပိုမြင့်တဲ့အဆင့်တွေ တက်ဖို့ မဖြစ်နိုင်လုနီးပါးဖြစ်သွားမှာပါ


"ဟုတ်တယ်ရှပင်အရိုသေပေးအမှားဝန်ခံပြီး လူတိုင်းရဲ့အရှေ့မှာ တောင်းပန်တယ်လို့ပြောပြီးစေတနာ့ဝန်ထမ်းအဖြစ်နဲ့ တက္ကသိုလ်လမ်းတွေကိုသုံးနှစ်တိတိအမှိုက်ရှင်းပေးရင် ငါတို့ဘလိတ်ဓားသမားအသင်းကလည်း သူ့ကိုခွင့်လွှတ်ပေးနိုင်တယ်"


ဘလိတ်ဓားအသင်းဥက္ကဌကလည်း ပြောဆိုလာပါတယ်


တစ်ချို့ရန်ဟွမ်ဂြိုလ်ကလာတဲ့ကျောင်းသားတွေ ဒီစကားကြားပြီးအလွန်ဒေါသထွက်နေကြပါတယ် မျက်နှာချင်းဆိုင်အမှားဝန်ခံဖို့တိုက်တွန်းပြီး စေတနာ့ဝန်ထမ်းအနေနဲ့ တံမြက်စည်းလှဲခိုင်းတာ ဒါဘယ်လိုလုပ်ရှပင်ကိုခွင့်လွှတ်ပေးတာဖြစ်မှာလဲ အခွင့်အရေးအရယူပြီး သူ့ကျိုအရှကျခှဲနတောပါ


တစ်ချို့လူတွေကလည်း အရမ်းဒေါသထွက်နေကြပါတယ် ဒီလူတွေက သူတို့ရဲ့နှစ်ပေါင်းများစွာကြိုကျင့်ကြံထားတဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ လူပါးဝနေတာပါ တကယ်လို့ရှပင်ကိုနှစ်အနည်းငယ်လောက်လေ့ကျင့်ချိန်ပေးလိုက်ရင် ဒီစီနီယာကျောင်းသားတွေ ဘယ်မှာအခုလိုလူပါးဝရဲတော့မှာလဲ?


အားနည်းသူကိုအနိုင်ကျင့်ချင်ရင်တောင် အခုလိုအမှန်တရားဘက်တော်သားစကားတွေမပြောဆိုသင့်ပါဘူး


"အမှန်ဘဲ သူမထွက်လာရဲသာမန်ပါဘဲ ဘာဘဲပြောပြောသူကကျောင်းသားသစ်လေးဘဲလေ"


"ကျောင်းသားသစ်ဆိုလို့ သင်ခန်းစာမပေးဘဲလွှတ်ထားရင် နောက်ဆိုသူပိုဆိုးလာပြီး ဆုံးမလို့ရမှာမဟုတ်တော့ဘူး"


"အဲ့တာအမှန်ဘဲ အခုသူ့ကိုသင်ခန်းစာကောင်းကောင်းပေးထားရမယ် အဲ့တာမှနောက်ဆိုအခုလို ပေါက်ကရတွေမပြောရဲတော့မှာ"


"ဒါကသူ့အတွက်လည်းကောင်းတယ် ငါတို့စီနီယာတွေဆုံးမပေးတာကို ဘယ်သူမှလွယ်လွယ်ရတာမဟုတ်ဘူး"


သိုင်းတာအိုကလပ်အသင်းဥက္ကဌတွေတစ်ယောက်ပြီးတစ်ယောက်က ရှပင်ကိုလှောင်ပြောင်သရော်ပြီး ပြောဆိုလိုက်ကြပါတယ်


ခနအတွင်း ရန်ဟွမ်တက္ကသိုလ်မှာရှပင်ရဲ့ဂုဏ်သတင်းကျဆင်းလာပါတယ် အများစုကတော့ ရှပင်ကြောက်ပြီး စိန်ခေါ်မှုကိုလက်မခံရဲဘဲ သူ့ခန္ဓာကိုယ်မှာ ခွန်အားတစ်ဝက်တောင်မရှိဘူးလို့ ထင်နေကြပါတယ်


ရှပင်ကိုထောက်ခံကြတဲ့ ရန်ဟွမ်ဂြိုလ်ကျောင်းသားတွေတောင် ယုံကြည်မှုကျဆင်းလာပြီး ပြန်လည်မငြင်းခုံရဲကြတော့ပါဘူး


........................


ဒီအချိန်မှာကျောင်းသားအဆောင် စံအိမ်ရဲ့ တိတ်ဆိတ်တဲ့အခန်းတစ်ခုထဲမှာတော့-


ရှပင်မျက်လုံးတွေကို ဖြည်းဖြည်းချင်းဖွင့်လိုက်ပါတယ် သုံးရက်တာကျင့်ကြံပြီးနောက်မှာ သူ့ကိုယ်ထဲ အစစ်အမှန်ချီတွေနည်းနည်းတိုးလာပြီး ခွန်အားလည်းပိုကြီးလာပါတယ် သိုင်းတာအိုအုတ်မြစ်လဲအခြေခိုင်လာပြီး ရရှိတဲ့အကျိုးအမြတ်တွေအများကြီးပါဘဲ


"သုံးရက်တောင်ကျော်သွားပြီလား? အပြင်မှာတော့ အခြေနေတွေဇောက်ထိုးမိုးမျှော်ဖြစ်ပြီး ဆူညံနေတော့မှာဘဲ" ရှပင်စဥ်းစားရင်းပြုံးလိုက်တယ် သုံးရက်လုံးလုံစောင့်ပြီး ဘာတုံ့ပြန်မှုမှမလုပ်တာ ဒီကျောင်းသားတွေ သူ့ကျိုကွောကျတယျထငျသှားအောငျ တမင်တကာသူကြံစည်ထားတာပါ


အချိန်ကျတာနဲ့ သူရုတ်တရက်ထွက်လာပြီးမိုးကြိုးလျှပ်စီးလိုနည်းလမ်းနဲ့ ဒီကျောင်းသားတွေကို သူတို့ဂုဏ်ယူနေတဲ့မြင့်မားတဲ့ရာထူးကနေ ဆွဲချလိုက်ရင် ဒီကိစ္စကိုသူတို့ရဲ့မှတ်ညဏ်ထဲအမြဲအမှတ်ရသွားတော့မှာပါ


အဲ့လိုဖြစ်ရင် သူရရှိမဲ့မုန်းတီးခြင်းရမှတ်ကလည်း သိသိသာသာတိုးတက်လာမှာပါ


"သုံးရက်စောင့်ပြီးနောက်မှာ အရေးကြီးတဲ့အချိန်ဆိုက်ရောက်လို့လာပြီ ဒီလူတွေကိုပါးစပ်ပိတ်အောင်လုပ်မဲ့ အချိန်ရောက်ပြီ" ရှပင်ကြုံးဝါးရင်း သူ့ကိုယ်ကအရှိန်အဝါထွက်လာပြီး အခန်းတစ်ခုလုံးတုန်ခါသွားပါတယ်


ပထမဆုံးသူနှိမ်နင်းရမဲ့ ကလပ်အသင်းက ဓားသမားအသင်းဘဲဖြစ်ပါတယ်


အဲ့ဒီ့ဓားသမားအသင်းဥက္ကဌက လူပါးအဝဆုံးနဲ့ သူ့ကိုအရင်ဆုံးစိန်ခေါ်သူဖြစ်ကာ ခွန်အားအကြီးဆုံးပါဘဲ ဒီကောင့်ကိုအရင်ဆုံးပုံစံပေးလိုက်ရင် ကြီးမားတဲ့အံသြစရာဖြစ်လာမှာပါ


တစ်လောကလုံးကို တောက်ပတဲ့လုပ်ရပ်တစ်ခုနဲ့ သူအံအားသင့်သွားအောင်လုပ်မှာပါ


ဘွန်း!
ရှပင်စံအိမ်ကနေ ထွက်လာပြီး ဘတ်စ်ကားနဲ့လျင်လျင်မြန်မြန်ဘဲ ဓားသမားအသင်းဝင်ပေါက်ကိုရောက်လာပါတယ် ဒီနေရာကဧရာမလေ့ကျင့်ရေးစင်တာကြီး ဖြစ်ပြီး အထဲမှာလေ့ကျင့်ရေးခန်းမရှိပါတယ်


တံခါးပေါက်ဝပေါ်မှာတော့ ဓားသမားအသင်းကမ္ပည်းထိုးထားတဲ့ကျောက်ပြားရှိနေပါတယ် ဒီကမ္ပည်းကိုသစ်သားနဲ့ပြုလုပ်ထားပြီး အဝါရောင်သန်းနေကာ အချိန်ဘယ်လောက်ကြာကြာတည်းကရှိနေခဲ့လဲမသိပါဘူး ဒါကဓားသမားအသင်းရဲ့ ဂုဏ်သိက္ခာကို ကိုယ်စားပြုပါတယ်


"ရှပင်ရောက်လာပြီ "
ရှပင်ကို မြင်တာနဲ့ ဓားသမားအသင်းဂိတ်စောင့်တွေချက်ချင်း အော်ဟစ်လိုက်ကြတယ်


...........................
အပိုင်း(၃၅၇) ဓားသမားအသင်းကို ပြားပြားဝပ်အောင်နင်းချေခြင်း


ရှပင်ရောက်လာတဲ့သတင်းက ဓားသမားအသင်းတစ်ခုလုံးကို ရုတ်တရက်လန့်သွားစေပါတယ် သုံရက်လုံးလုံးစိန်ခေါ်မှုကိုလက်မခံတဲ့လူက ဓားသမားအသင်းဂိတ်ပေါက်ဝကို ရုတ်တရက်ရောက်လာမယ်လို့ သူတို့မထင်ထားပါဘူး


ဒီသတင်းက ဓားသမားအသင်းတစ်ခုတည်းတင်မကဘဲ ရန်ဟွမ်တက္ကသိုလ်ခုလုံးမှာရှိတဲ့ ကြောငျးသားတှကျေို အံ့သြသွားစေပါတယ် နက်ဝေါ့မှာသတင်းပြန့်နှုန်းက အရမ်းအံ့အားသင့်စရာကောင်းပြီး ရန်ဟွမ်တက္ကသိုလ်တစ်ခုလုံးကိုချက်ချင်းပြန့်သွားပါတယ်


ဆွစ် ဆွစ် ဆွစ်!!!


စက္ကန့်ပိုင်းအတွင်း ဓားသမားအသင်းအဖွဲ့က ခါးမှာဓားတွေချိတ်ဆွဲထားတဲ့ လူအယောက်ဒါဇင် အယောက်တစ်ရာလောက်ထွက်လာခဲ့ပါတယ် သူ့တို့ကိုယ်မှာသတ်ဖြတ်ချင်းအော်ရာတွေ ပြည့်နှက်နေပြီး သားကောင်ကိုချောင်းတဲ့ကျားတွေလို ရှပင်ကိုချောင်းမြောင်းနေကြပါတယ်


"အို့ ဒါရှပင်မဟုတ်လား? အချိန်အကြာကြီးမပေါ်လာဘဲ နောက်ဆုံးအခုတော့ပေါ်လာခဲ့ပြီ "


"အရိုသေပေးပြီး တောင်းပန်ဖို့လာတာလား? မင်းလည်းကြောက်တတ်သားဘဲ"


"ဓားသမားအသင်းရှေ့ဂိတ်ပေါက်ကနေ မင်းဝင်ချင်ရင် လွယ်မှာမဟုတ်ဘူး အရင်ဆုံးဒီနေရာမှာ ဦးသုံးချိမ်ချပြီးမှ ဆက်ပြောရအောင်"


ဓားသမားအသင်းအဖွဲ့ဝင်တစ်အုပ်က ရှပင်ရောက်လာတာတွေ့တာနဲ့ တောင်းပန်ဖို့လာတာထင်ပြီး အထင်သေးကာတဟားဟားနဲ့ လှောင်ပြောင်လိုက်ကြတယ်


"သွားစမ်း!"
ရှပင်ဘေးတစောင်းကြည့်လိုက်ပြီး "ငါဓားသမားအသင်းကိုလာတာ မင်းတို့လိုအကောင်သေးသေးလေးတွေကိုလာရှာတာမဟုတ်ဘူး မင်းတို့ဥက္ကဌဘယ်မှာလဲ သူ့ကျိုခငြျခငြျးအသလောခံဖို့ခေါျလိုကျစမျး"


"သုံးစက္ကန့်အတွင်းသူမရောက်လာရင် ငါဓားသမားအသင်းတစ်ခုလုံးကို ပြားအောင်နင်းချေပြစ်မယ်"


သူ့လက်နှစ်ဖက်ကို နောက်ပစ်ပြီးကိုယ်ကနေကြောက်မက်ဖွယ်အော်ရာတွေထုတ်ဖော်ကာ ဒီလူတွေကို အပေါ်စီးကနေကြည့်လိုက်ပါတယ်


ဘာကွ?!
ဒီစကားတွေကြားတာနဲ့ ဓားသမားအသင်းအဖွဲ့ဝင်တွေအားလုံး သူတို့နားနဲ့ကြားတဲ့စကားလုံးတွေကို မယုံနိုင်ဘဲ မှင်တက်သွားကြတယ်


"လာနောက်နေတာလား? ငါဘဲနားကြားမှားလား? ဒီကောင်ကဥက္ကဌကိုထွက်လာပြီးအသေခံခိုင်းပြီး မထွက်လာရင်ငါတို့ဓားသမားအသင်းကိူ ပြားအောင်နင်းချင်မယ်ပေါ့လေ? " ကျောင်းသားတစ်ယောက်က ကြောင်ပြီးမေးလိုက်တယ်


"မင်းနားကြားမှားတာမဟုတ်ဘူး ဒီကောင်အဲ့အတိုင်းဘဲပြောတာ ဒီကောင်တောင်းပန်ဖို့လာတာမဟုတ်ဘဲ ပြဿနာရှာဖို့လာတာဘဲ သူငါတို့ခန်းမကိုစိန်ခေါ်ချင်နေတာ"


စီနီယာကျောင်းသားတစ်ယောက်က မျက်နှာတွေချက်ချင်းမဲနက်သွားပြီး ရှပင်ကိုခက်ထန်စွာစိုက်ကြည့်လိုက်တယ်


"ခန်းမကိုစိန်လာခေါ်တယ်ပေါ့လေ? သူ့တစ်ယောက်တည်းနဲ့ငါတို့ဓားသမားအသင်းကိုစိန်ခေါ်ချင်ရအောင် ဘယ်တုန်းကငါတို့ဓားသမားအသင်းမှာ ဘယ်သူမှမရှိလို့လဲ?"


"အရမ်းအရမ်းမောက်လွန်းတယ် သူ့ကိုယ်သူဘာထင်နေတာလဲ? တကယ်ဘဲသူ့ကိုယ်သူရန်ဟွမ်တက္ကသိုလ်မှာ ပြိုင်ဘက်ကင်းပြီထင်နေတာလား?"


"ဒီကျောင်းသားသစ်က ဘယ်သူ့ကိုယ်မှသောက်ဂရုမစိုက်လောက်အောင် ဘဝင်မြင့်တယ်ဆိုတာတော့ငါကြားဖူးတာကြာပြီ ဒါပေမဲ့ဒီအခြေနေထိမောက်မာလိမ့်မယ်လို့ဘဲ ငါမထင်ထားတာ"


ဓားသမားအသင်းအဖွဲ့ဝင်အများအပြားက ဆူဆူညံညံဖြစ်သွားကြပြီး ဒေါသနဲ့ရှပင်ကိုကြည့်လိုက်ကြတယ် သူတို့ရဲ့ဓားသမားအသင်းကိုတည်ထောင်ခဲ့တဲ့ နှစ်ရာပေါင်းများစွာအတွင်း လူတစ်ယောက်တည်းက စိန်လာခေါ်ဖူးတဲ့ဖြစ်ရပ်မျိုးတစ်ခါမှမကြုံဖူးပါဘူး ဒါအသစ်အဆန်းပထမဆုံးဖြစ်ပါတယ်


သူတို့ရဲ့ဂုဏ်သိက္ခာတွေ ဆော်ကားခံလိုက်ရတယ်လို့ ခံစားလိုက်နေရပါတယ်


"နားကန်းနေကြတာလား?"
ရှပင်လက်ဝှေ့ယမ်းလိုက်ပြီး စိတ်မရှည်ဘဲပြောလိုက်တယ် "မင်းတို့ဥက္ကဌကို အခုချက်ချင်းအသေခံဖို့ ထွက်လာခဲ့ခိုင်းနေတာ တစ်စက္ကန့်နောက်ကျတာနဲ့ငါမင်းတို့ဓားသမားအသင်းကို နင်းချေပြစ်မယ် မျက်နှာသာပေးနေတဲ့ကိစ္စကို ငြင်းရလောက်အောင် မင်းတို့မရူးစမ်းပါနဲ့"


"မင်းနှမကို ခေါ်ပေးမယ်"
သိုင်းပညာရှင်အဆင့်၉ကျောင်းသားတစ်ယောက် ချက်ချင်းထွက်လာပြီး ရှပင်ကိုဒေါသအပြည်နဲ့စိုက်ကြည့်ပြီး "ဘာလို့ငါတို့ဥက္ကဌကိုယ်တိုင်ထွက်လာရမှာလဲ ငါ့တစ်ယောက်တည်းနဲ့တင် မင်းကိုအမှုန့်ချေပစ်လို့ရတယ်"


ဘန်းကနဲ့ ရုတ်တရက်သူ့ဓားကိုဆွဲထုတ်လိုက်တာနဲ့ အားကောင်းတဲ့ဓားချီစွမ်းအင်တွေထွက်ပေါ်လာပြီး လေကိုခွဲကာ ပြည့်စုံတဲ့သိုင်းတာအို ခွန်အားကို ပြသလိုက်ပါတယ်


သူဓားတစ်ချက်ခုတ်လိုက်တာနဲ့ လေထဲမှာသိပ်သည်တဲ့ဓားချီတွေ ပေါ်လာပြီး ရှပင်တစ်ကိုယ်လုံးပြေးစရာနေရာမရှိအောင် ပိုက်ကွန်လိုလွှမ်းခြုံသွားပါတယ်


"အရမ်းအားနည်းလွန်းတယ်"
ရှပင်မျက်လုံးတွေအေးစက်သွာပြီး ကြည့်တောင်မကြည့်ဘဲ ရှေ့တစ်လှမ်းတိုးကာလေထဲကို လက်သီးထိုးလိုက်တယ်


ဘန်း!


ကြောက်စရာကောင်းတဲ့လက်သီးအားက သမိုင်းမတင်မီခေတ်သားရဲတစ်ကောင်လို လေပြင်းတွေနဲ့အတူ ဓားချီတွေနဲ့ဝင်ဆောင့်ပါတယ်


တဘုန်းဘုန်းပေါက်ကွဲမှာတွေဖြစ်ပေါ်ကာ ဓားချီတွေအားလုံး လက်သီးအားကြောင့်ပျက်စီးသွားပြီး ဆယ်မီအကွာအဝေးမှာရှိတဲ့စီနီယာကျောင်းသားရဲ့ ခန္ဓာကိုယ်ကိုဘန်းကနဲ့ထိမှန်သွားပါတယ်


အား!
အဲ့ဒီ့စီနီယာကျောင်းသား ငယ်သံပါအောင်အော်လိုက်ပြီး ကြောက်မက်ဖွယ်လက်သီးအားကသူ့ကိုယ်မှာပေါက်ကွဲကာ သူ့လကျထဲကသံမဏျိဓားရှညျတောငျပကြျဆီးသှားပါတယျ သူ့တစ်ကိုယ်လုံးအပေါ်အောက်ပြောင်းပြန်လှန်ကာ မီတာရာပေါင်းများစွာကို လွင့်ထွက်သွားပါတယ်


ဖူ!
သူပြုတ်ကျတာနဲ့ သွေးအန်လိုက်ပြီး ရှပင်ကိုခနစိုက်ကြည့်ကာမခံနိုင်တော့ဘဲ ပါးစပ်ကအမြုပ်တွေထွက်ကာ သတိလစ်သွားပါတယ်


"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?"
ဓားသမားအသင်းအဖွဲ့ဝင်အများအပြား အံ့သြမှင်တက်သွားပါတယ် ဒီစီနီယာကျောင်းသားက သူတို့ဓားသမားအသင်းမှာ လက်ရွေးစင်တစ်ယောက်ဖြစ်ပြီး သိုင်းပညာရှင်အဆင့်၉ခွန်အားရှိကာ ဥက္ကဌကိုရင်ဆိုင်ရရင်တောင် သိုငျးကှကျနှဈကှကျလောကျခံနျိုငျသူပါ


ဒါပေမဲ့အခုတော့လက်သီးတစ်ချက်နဲ့ ဒဏ်ရာအပြင်းအထန်ရပြီး သွေးအန်ကာခွေးသေတစ်ကောင်လိုအရိုက်ခံလိုက်ရပါတယ်


ဒီလိုခွန်အားခြင်းကွာခြားမှုက သူတို့ကိုဘာစကားမှမပြောနိုင်အောင် ဖြစ်သွားစေပါတယ်


"မင်းတို့ဥက္ကဌကို ထွက်ခဲ့ခိုင်းဖို့ငါပြောတယ်မလား မင်းတို့တွေမှာငါ့နဲ့ယှဥ်ဖို့အရည်ချင်းမရှိသေးဘူး" ရှပင်က ဒီဓားသမားအသင်းအဖွဲ့ဝင်တွေကို အထင်သေးစွာကြည့်ပြီး ပြောလိုက်တယ်


"မင်းတို့တွေက ခွန်အားမကောင်းရုံတင်မကဘဲ ညဏ်ရည်ပါမကောင်းကြတာလား? အခြေနေကိုနားမလည်ကြသေးဘူးလား?"


သူစကားနည်းနည်းပြောလိုက်တာနဲ့ ဓားသမားအသင်းအဖွဲ့ဝင်တွေ ဒေါသငယ်ထိပ်စောင့်တက်လာပါတယ်


"ခွေးမသား မင်းသိပ်လူပါးမဝနဲ့"


"မင်းလိုကောင်ကများ ဓားသမားအသင်းကိုလာပြီး သောင်းကြန်းရဲတာ ကိုယ့်လုပ်နိုင်စွမ်းကိုကိုယ်အထင်ကြီးနေတာဘဲ"


"ငါတို့ဥက္ကဌပါစရာမလိုဘဲ ငါတို့နဲ့တင် မင်းကိုတစ်ပိုင်းသေအောင် ရိုက်နှက်လို့ရတယ်"


ချက်ချင်းဘဲ ဓားသမားအသင်းအဖွဲ့ဝင်တွေ ဒေါမွှန်ပြီး ဒီကောင့်ကိုတစ်စက္ကန့်တောင်သည်းမခံနိုင်ကြတော့ပါဘူး ဓားသမားအသင်းကို ဒီလိုလာဆော်ကားတာကို သူတို့ဘယ်လိုသည်းခံနိုင်မှာလဲ?


ဆွစ် ဆွစ် ဆွစ်!!!
လျှပ်တစ်ပြက်အတွင်း သိုင်းပညာရှင်အဆင့်၉ရှိတဲ့ စီနီယာကျောင်းသားသုံးယောက်က သုံးပေရှည်တဲ့မိုးပြာရောင်ဓားတွေကို ဆွဲထုတ်လိုက်ပြီး ကိုယ်ထဲကဓားချီတွေမိုးပေါ်ထောင်တက်လာပါတယ်


သူတို့တွေ ဓားကွက်ပုံစံသုံးခုဖွဲ့စည်းလိုက်ပြီး ရှပင်ကို အတူတကွတိုင်ခိုက်လိုက်ကြတယ်


"သွားစမ်း!"
ရှပင်သူတို့ကိုစတိုက်ဖို့အခွင့်ရေးမပေးဘဲ လေထဲမှာ စွန်းဝူခုံးကိုဖိနှိပ်တဲ့ ဗုဒ္ဓလက်ငါးချောင်းတောင်လက်ဝါးကြီးလို လက်ဝါးနဲ့ရိုက်ချလိုက်ပါတယ်


ဘန်း ဘန်း ဘန်း!!!
လေထုပွင့်ထွက်သွားပြီး ပေါက်ကွဲမှုတွေဖြစ်ပေါ်ကာ ဒီကွောကျမကျဖှယျအားတှကျေိုစီနီယာကြောငျးသားတှမေခံနိုငျဘဲ တစ်ကိုယ်လုံးမြေပြင့်ပေါ်ဖိကျသွားပါတယ်


အား!
သူတို့တွေမခံနိုင်ဘဲ ငယ်သံပါအောင်အော်လိုက်ပြီး ရှပင်ရှေ့မှာဒူးထောက်ချလိုက်ရပါတယ် သူတို့လက်ထဲကသုံးပေရှည်တဲ့ မိုးပြာရောင်ဓားတောင် အပိုင်းပိုင်းဖြစ်သွားပါတယ်


မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး!!!
စီနီယာကျောင်းသားသုံးယောက် မျက်နှာတွေခက်ထန်ပြီး ရုန်းကန်နေကြပါတယ် လက်ဝါးတစ်ချက်နဲ့အရှုံးပေးလိုက်ရပြီး အရှက်ကွဲကာ ရှပင်ရှေ့ဒူးထာက်ချလိုက်ရတာက သူတို့အတွက်ဆေးကြောရခက်တဲ့အရှက်ကွဲမှုတစ်ခုဖြစ်သွားပါပြီ


ဒါပေမဲ့သူတို့ဘယ်လိုဘဲရုန်းကန်ပါစေ ဒီကြောက်စရာကောင်းတဲ့ အရှိန်ဝါအောက်မှာ သူတို့လှုပ်တောင်မရဘဲ မျက်နှာတွေနီရဲပြီး သွေးထွက်သည်ထိ ဆက်ဒူးထောက်နေရပါတယ်


.............................
အပိုင္း(၃၅၃) မြူခိုးတ်ိမ်တောင်


"အစ္ကိုႀကီး ေက်ာင္းဖိုရမ္မွာ အေရးႀကီးတဲ့ကိစၥျဖစ္ေနတယ္ အဲ့တာအကိုႀကီးသိလားမသိဘူး"


ရွပင္ဖုန္းကိုင္လိုက္တာနဲ႕ ဖန္းဟိုက္ထန္က ခ်က္ခ်င္းစိတ္မရွည္စြာ ေျပာလိုက္တယ္


"မေတာ္တဆလား? ဘာမေတာ္တဆရွိတာတုန္း?" ရွပင္မ်က္ေတာင္ခတ္ၿပီးေမးလိုက္တယ္သူတစ္ေနကုန္တံခါးပိတ္က်င့္ႀကံေနတာေၾကာင့္ အင္တာနက္ေပၚဘာေတြျဖစ္ေနမွန္းမသိပါဘူး


"မေန႕ညေနတုန္းက အစ္ကိုႀကီးရဲ႕စနက္တံေၾကာင့္ ေနရာတိုင္းမွာေက်ာင္းသားေတြမေက်မနပ္ျဖစ္ေနၾကတယ္ တစ္ခ်ိဳ႕စီနီယာေက်ာင္းသားေတြေတာင္ အစ္ကိုႀကီးကအလြန္ေမာက္မာၿပီးသင္ခန္းစာေပးဖို႔လိုေနတယ္လို႔ ထင္ျမင္ခ်က္ေတြေပးေနၾကတယ္"


ဖန္းဟိုက္ထန္ကဆက္ၿပီးေျပာလိုက္တယ္ "ေနာက္ဆုံးမွာ ဓားသမားအသိုင္းဝိုင္းရဲ႕ဥကၠဌ
မ်ဳေဟာ္ရန္က ခနေလးကဘဲ အစ္ကိုႀကီးကိုသူကိုယ္တိုင္ႏွိမ္နင္းၿပီးေတာ့ ရန်ဟွမ်တက္ကသိုလ်ရဲ့စည်းမျဥ်းစည်းကမ်းတွေက်ို နားလည္ေအာင္လုပ္ေပးမယ္လို႔ ၿခိမ္းေျခာက္ေျပာဆိုထားတယ္"


"ဓားသမားအသိုင္းအဝိုင္းရဲ႕ဥကၠဌတင္မကဘဲလက္သီးသိုင္း အသိုင္းအဝိုင္းဥကၠဌ, ဘလိတ္ဓားသမားအသိုင္းအဝိုင္း, လက္နက္ပုန္းအသိုင္းအဝိုင္း, အပစ္အခတ္အသိုင္းအဝိုင္း, တုတ္သိုင္းအသိုင္းအဝိုင္းစတဲ့ သိုင္းတာအိုအသင္းအဖြဲ႕ေတြကလည္း အစ္ကိုႀကီးကိုအျပင္မွာတစ္ခါေတြ႕ရင္ တစ္ခါရိုက္ႏွက္မယ္လို႔ လူသိရွင္ၾကားေျပာဆိုထားတယ္"
ဒီအေၾကာင္းေတြကို သူေျပာျပလိုက္တယ္


"ဒီလိုကိစၥမ်ိဳးရွိတာလား?" ရွပင္မ်က္ေမွာင္ႀကဳံ႕လိုက္တယ္ ရန်ဟွမ်တက္ကသ််ိုလ်မှာအသင်းအဖွဲ့တွေအများကြီးရှိတာကို သူသ်ိပါတယ် ဒီအသင္းအဖြဲ႕ေတြမွာခမ္းနားႀကီးက်ယ္တဲ့သမိုင္းရွိၿပီး ရန္ဟြမ္တကၠသိုလ္က ထူးခ်န္ေက်ာင္းသားေတြ ပါဝင္က်ပါတယ္


အင္အားႀကီးတဲ့အသင္းအဖြဲ႕ေတြက ကိုယ္ပိုင္ေလ့က်င့္ေရးစင္တာေတြပိုင္ဆိုင္ထားၿပီး ေျမာက္မ်ားတဲ့သဘာဝအရင္းအျမစ္ေတြ ပိုင္ဆိုင္ပါတယ္ ဒါေတြေၾကာင့္လဲေက်ာင္းသားေတြကို ဆြဲေဆာင္နိုင္တာပါ ဒီအသင္းအဖြဲ႕ေတြရဲ႕ ဥကၠဌကေတာ့ လက္ေ႐ြးစင္ထဲကလင္ေ႐ြးစင္ျဖစ္ၿပီး အနိမ့္ဆုံးသိုင္းပညာရွင္အဆင့္၉အထြတ္အထိပ္ရွိဖို႔လိုအပ္ပါတယ္


ဒါေပမဲ့အသင္းေတြထဲမွာ သိုင္းဆရာအဆင့္ေက်ာင္းသားေတြေတာ့မရွိၾကပါဘူး ဒီေက်ာင္းသားေတြက လက္ေ႐ြးစင္ေက်ာင္းသားျဖစ္တာနဲ႕အညီ ဒီေနရာမွာမေနၾကဘဲလက္ေ႐ြးစင္ေဒသမွာဘဲ က်င့္ႀကံၾကပါတယ္


"အစ္ကိုႀကီး ဘာဘဲျဖစ္ျဖစ္ေက်ာင္းဖိုရမ္ကိုဖြင့္ၾကည့္လိုက္ရင္ အားလုံးကိုရွင္းရွင္းလင္းလင္းသိသြားမွာဘဲ" ဖန္းဟိုက္ထန္ေအာ္ေျပာလိုက္တယ္ "ဒီေကာင္ေတြက ေသခ်င္းဆိုးေတြဘဲ အစ္ကိုႀကီးကိုအတူပူးေပါင္းၿပီးႏွိမ္နင္းခ်င္ေနတာ"


ရွပင္ဖုန္းခ်ၿပီးတာနဲ႕ ခ်က္ခ်င္းအင္တာနက္ဖြင့္ၿပီး ေက်ာင္းဖိုရမ္ထဲကိုဝင္ၾကည့္လိုက္ပါတယ္ ေက်ာင္းဖိုရမ္မွာအေက်ာ္ၾကားဆုံးမက္ေဆ့က ဓားသမားအသင္းဥကၠဌမ်ဳေဟာ္ရန္လို႔ေခၚတဲ့ ေကာင္ရဲ႕ပိုစ့္ျဖစ္ေနတာကို သူေတြ႕လိုက္ရတယ္


ဖိုရမ္မွာ မ်ဳေဟာ္ရန္ေရးထားတာကေတာ့ "အစကေတာ့ ေက်ာင္းသားသစ္ေလးတစ္ေယာက္ဆိုလို႔ ငါဝင္မပါခ်င္ဘဲေနေနတာ ေက်ာင္းသားသစ္ဆိုေတာ့ ဘဝင္ျမင့္တတ္တာ
ပုံမွန္ပါဘဲ ဒါေပမဲ့ေကာင္းကင္တိမ္တိုက္ကမၻာမွာ အရည္ခ်င္းရွိတဲ့လူတစ္ေယာက္မွမရွိဘူးလို႔သူေျပာရဲတာကိုေတာ့ ငါလုံးဝသည္းမခံနိုင္ေတာ့ဘူး"


"အဲ့ဒီ့ရွပင္ကိုထြက္လာခိုင္းလိုက္ "


"ေရွာင္ယိ႐ႊမ္ကိုအနိုင္ယူၿပီးေတာ့ ကိုယ့္ကိုယ္ကိုအရမ္းထူးခြၽန္တယ္လို႔မထင္လိုက္နဲ႕ ေက်ာင္းသားသစ္ေလးက ရန္ဟြမ္တကၠသိုလ္မွာေမာက္မာေသာင္းၾကန္းဖို႔အတြက္ ဒီေကာင္အရည္အခ်င္းမျပည့္မွီေသးဘူး"


သူ႕ေလသံကအထက္စီးဆန္ၿပီး ရွပင္ကသူ႕ၿပိဳင္ဘက္မဟုတ္ဘဲ ရွပင္ကိုသူ႕ဓားတစ္ခ်က္နဲ႕အနိုင္မယူနိုင္ရင္ သူရႈံးတယ္လို႔သတ္မွတ္မယ္လို႔ ေျပာဆိုထားပါတယ္


ဒီစကားေၾကာင့္ ခ်က္ခ်င္းဘဲေက်ာင္းသားေတြၾကားမွာ ဆူဆူညံညံျဖစ္သြားပါတယ္


"ဒီတစ္ခါ ဓားသမားအသင္းဥကၠဌမ်ဳေဟာ္ရန္ပါ မေက်မနပ္ျဖစ္သြားလိမ့္မယ္ မထင္ထားဘူး ၾကည့္ရတာဒီရွပင္ ကံေကာင္းတာထက္ ကံဆိုးေတာ့မွာ"


"ငါတကယ္မ်ဳေဟာ္ရန္ကို မေထာက္ခံဘူး ေရွာင္ယိ႐ႊမ္ကဘယ္လိုပုဂၢိုလ္မ်ိဳးမင္းထင္လို႔လဲ ? မ်င္းပ်ံေသြးမ်ိဳးဆက္ရွိတဲ့သိုင္းပညာရွင္အဆင့္ ၈ေလ သာမန္သိုင္းပညာရွင္အဆင့္၉ေတြေတာင္ သူ႕ၿပိဳင္ဘက္မဟုတ္ဘူး အဲ့လိုပုဂၢိုလ္မ်ိဳးေတာင္ ရွပင္ကိုအရႈံးေပးရမွတာ့ ဒီမ်ဳေဟာ္ရန္ရွပင္ကိုႏွိမ္နင္းခ်င္ေနတာ သူထင္ထားသလိုျဖစ္လာနိုင္မွာမဟုတ္ဘူး"


"အမွန္ဘဲ စီနီယာေက်ာင္းသားဆယ္ေယာက္ေက်ာ္ကို ရွပင္အသာေလးအနိုင္ယူလိုက္တဲ့ ဗီဒီယိုကို မင္းမေတြ႕ေသးလို႔ သိုင္းပညာရွင္အဆင့္၉ေတြအမ်ားႀကီးနဲ႕ေတာင္ ရွပင္ကိုရင္ဆိုင္ဖို႔မရိုးရွင္းဘူး"


"အဲ့ခါက်ရင္ ရွပင္ကိုသူႏွိမ္နင္းရမဲ့အစား ဟိုကသူ႕ကိုအသာေလး အနိုင္ယူလိုက္မွ အရွက္ကြဲေနမွာ အဲ့ခါက်ရင္သူ႕ဂုဏ္သတင္းလည္းေခြးခ်ီးလိုနံသြားေတာ့မွာ"


ေက်ာင္းသားတစ္အုပ္က ဖိုရမ္ေပၚမွာအခ်င္းခ်င္းေဆြးႏြေးေနၾကပါတယ္ မ်ဳေဟာ္ရန္က ရွပင္ကိုရင္ဆိုင္ဖို႔သူ႕ကိုယ္သူအလြန္အမင္းယုံၾကည္ခ်က္ရွိေနေပမဲ့ သူနိုင္မယ္ဆိုတာမေသခ်ာဘဲ အနိုင္က ရွပင္လက္ထဲမွာရွိေနတယ္လို႔ ေက်ာင္းသားတစ္ခ်ိဳ႕ကထင္ေၾကးေပးၾကပါတယ္


"ဓားသမားအသင္းဥကၠဌမ်ဴေဟာ္ရန္ရဲ႕ အင္အားကိုမသိတာကိုၾကည့္ရင္ မင္းတို႔ေတြက ေက်ာင္းသားသစ္ေတြျဖစ္မယ္ထင္တယ္ " စီနီယာေက်ာင္းသားတစ္ေယာက္က ေဆြးႏြေးမႈထဲခ်က္ခ်င္းဝင္ပါလာပါတယ္ "သူကစစ္မွန္တဲ့ဓားတာအို ကြၽမ္းက်င္သူတစ္ေယာက္ျဖစ္ၿပီး ပင္ကိုယ္ပါရမီက ေရွာင္ယိ႐ႊမ္ထက္မနိမ့္ဘူး ဒီလိုပုဂၢိုလ္မ်ိဳးကသိုင္းပညာရွင္အဆင့္၉အထြတ္အထိပ္ကို ေရာက္ထားတယ္ဆိုရင္ သိုင္းပညာရွင္အဆင့္မွာ ၿပိဳင္ဘက္ကင္းတဲ့လူလို႔ေျပာလို႔ရတယ္ ရွပင္ဆိုဘာမွမဟုတ္ဘူး"


"တကယ္လို႔မင္းေျပာသေလာက္ သူကြမ်းတယ်ဆ်ိုရင် ဘာလို႔ခုထိသိုင္းပညာရွင္အဆင့္၉မွာဘဲ ရွိေနေသးတာလဲ? ငါၾကည့္တာသူကသုံးႏွစ္ေျမာက္စီနီယာေက်ာင္းသားတစ္ေယာက္ျဖစ္ေပမဲ့ တိုးတက္မႈအရမ္းႏွေးတာဘဲ" တစ္ခ်ိဳ႕လူေတြကမ်ဳေဟာ္ရန္ရဲ႕ ခြန္အားကိုေမးခြန္းထုတ္လိုက္ပါတယ္


တျခားလူေတြလည္း ဒီအခ်က္ကိုဝင္ေထာက္ခံလိုက္ပါတယ္ တကယ္လို႔စစ္မွန္တဲ့ကြၽမ္းက်င္သူဆိုရင္ ေက်ာင္းသုံးႏွစ္အတြင္းမွာ သိုင္းပညာရွင္အဆင့္မွာရွိေနရမွာမဟုတ္ဘဲ သိုင္းဆရာအဆင့္ကိုေရာက္ေနသင့္ပါတယ္ ဒါကတစ္ဖက္လူရဲ႕ပင္ကိုယ္ပါရမီသိပ္မေကာင္းတာကို သက္ေသျပေနပါတယ္


အဲ့ဒီ့စီနီယာကအထင္ေသးစြာေျပာလိုက္တယ္ "မင္းတို႔ ဘာသိလို႔လဲ? တကယ္လို႔မ်ဳေဟာ္ရန္သိုင္းဆရာအဆင့္ကိုတက္ခ်င္ရင္ တက္လိုက္လို႔ရတာၾကာၿပီး လြန္ခဲ့တဲ့သုံးႏွစ္တည္းက သူကသိုင္းပညာရွင္အဆင့္၉အထြတ္အထိပ္မွာေနေနခဲ့တာ"


"သူအဆင့္မတက္တဲ့အေၾကာင္းရင္းက ၿမိဳခိုးတိမ္ေတာင္ကို သြားရဖို႔ပစ္မွတ္ထားၿပီး သူ႕က်င့္ႀကံျခင္းအဆင့္ကို ဖိႏွိပ္ထားတာဘဲ"
မ်ဳေဟာ္ရန္ရဲ႕လ်ိဳ႕ဝွက္ခ်က္ကို သူေျပာျပလိုက္တယ္


"ျမဴခိုးတိမ္ေတာင္လား? အရင္ကလည္းဒီကိစၥကိုစီနီယာေတြေျပာေနၾကတာ ငါၾကားတယ္ အဲ့တာဘယ္ေနရာမွာလဲမသိဘူး?" ေက်ာင္းသားအမ်ားအျပားက သိခ်င္စိတ္နဲ႕ေမးလိုက္ၾကတယ္ ဒီေနရာကိုသူတို႔မသိပါဘူး


ရွပင္လည္း ဒါက်ိုအလွန်သိချင်နေပါတယ် ဘာေၾကာင့္လဲဆိုေတာ့ ေဆးဝါးဌာနမွာတုန္းက ဆရာဒီကိစၥကိုအစေဖာ္လိုက္တာနဲ႕ စီနီယာေက်ာင္းသားေတြက ဒါက်ိုအလွန်အရေးကြီးတဲ့ကိစ္စအဖြစ် သေဘာထားပုံရတဲ့အတြက္ပါဘဲ


"ျမဴခိုးတိမ္ေတာင္က ေကာင္းကင္တိမ္တိုက္ကမၻာရဲ႕ အပ်က္အစီးနယ္ေျမဘဲ"


အဲ့ဒီစီနီယာေက်ာင္းသားက ေလးေလးနက္နက္နဲ႕ရွင္းျပလိုက္တယ္ "မင္းတို႔မသိေလာက္ေသးတာျဖစ္ရင္ျဖစ္မယ္ ဟိုးအရင္တည္းက ေကာင္းကင္တိမ္တိုက္ကမၻာမွာ လူသားေတြရွိခဲ့ၾကၿပီး သားရဲမ်ိဳးႏြယ္ေတြနဲ႕တိုက္ပြဲျဖစ္ခဲ့ၾကတယ္ အဲ့တုန္းကဆို သိုင္းတာအိုကြၽမ္းက်င္သူႀကီးေတြရွိၿပီး နတ္ဘုရားအဆင့္က်င့္ႀကံသူေတြေတာင္ရွိခဲ့ၾကတယ္"


"အဲ့ဒီ့ေခတ္ကို ဒ႑ာရီေခတ္အျဖစ္သတ္မွတ္ၾကတယ္ ဒ႑ာရီေခတ္မွာ ကြၽမ္းက်င္သူေတြတိမ္ေတြလိုေပါမ်ားၿပီး ယေန႕ေခတ္ထက္ကို ဘယ္ႏွစ္ဆေလာက္စြမ္းအားႀကီးၾကလဲေတာင္မသိဘူး"


"ဒါေပမဲ့ဘာကိုႀကဳံေတြခဲ့ရမွန္းမသိဘဲ ေကာင္းကင္တိမ္တိုက္ကမၻာက လူသားမ်ိဳးႏြယ္ေတြမ်ိဳးသုဥ္းေပ်ာက္ကြယ္သြားခဲ့တယ္ သားရဲမ်ိဳးႏြယ္ေတာင္ ထိခိုက္ပ်က္ဆီးၿပီး ဒ႑ာရီအဆင့္က်င့္ႀကံသူေတြေတာင္ သမိုင္းထဲကေနေပ်ာက္ကြယ္သြားခဲ့ၾကတယ္"


"အဲ့တာေတာင္မွ ထိုေခတ္ရဲ႕ဆန္းၾကယ္တဲ့အပ်က္အစီးနယ္ေျမေတြ တစ္ခုၿပီးတစ္ခုေကာင္းကင္တိမ္တိုက္ကမၻာမွာ က်န္ခဲ့တယ္ ဒီျမဴခိုးတိမ္ေတာင္ကေတာ့ အထဲမွာမေရတြက္နိုင္တဲ့ရတနာေတြရွိတဲ့ ဒ႑ာရီလာအပ်က္အစီးနယ္ေျမတစ္ခုဘဲ"
ဒီကိစၥကို သူရွင္းျပလိုက္တယ္


"မေရတြက္နိုင္တဲ့ ရတနာေတြလား?"ရွပင္အရမ္းစိတ္ဝင္စားသြားတယ္


အဲ့ဒီစီနီယာေက်ာင္းသားကလည္း မခန့္မွန္းခိုင္းဘဲဆက္ေျပာလိုက္တယ္ "ျမဴခိုးတိမ္ေတာင္ရဲ႕ အေရးႀကီးဆုံးအရာက အသက္ေရဘဲ အဲ့မွာအသက္အရင္းျမစ္ရွိတဲ့အတြက္ အၿမဲမျပတ္အသက္ေရေတြကို ထုတ္ေပးတယ္"


"တကယ္လို႔အသက္ေရအေျမာက္အမ်ားရနိုင္မယ္ဆိုရင္ ကိုယ့္ရဲ႕ခႏၶာကိုယ္ကိုသန္မာေအာင္လုပ္ၿပီး ပင္ကိုယ္ပါရမီကိုျမႇင့္တင္နိုင္ကာ အသက္စြမ္းအင္အမ်ားအျပားတိုးျမႇင့္နိုင္တယ္ ရမဲ့အက်ိဳးအျမတ္ေတြကမေရတြက္နိုင္ေအာင္ဘဲ အသက္ေရကသာမန္လူကိုေတာင္ ပါရမီျဖစ္ေအာင္လုပ္ေပးနိုင္တယ္"


"ဘုရင့္ေသြးမ်ိဳးဆက္ရွိတဲ့သူေတြအတြက္ေတာ့ အသက္ေရကတန္ဖိုးအရွိဆုံးဘဲ အသက္ေရက ေသြးမ်ိဳးဆက္ကိုသိပ္သည္းေအာင္ သန့္စင္ေပးနိုင္ၿပီး ဘ်ိုးဘေးပိုင်သွေးမျိုးဆက်ကို ႏွိုးထေပးနိုင္တယ္ အဲ့လိုျဖစ္တာနဲ႕ခ်က္ခ်င္းသူတို႔ပါရမီေတြ ေထာင္တက္သြားမွာ"


"မ်ဳေဟာ္ရန္က အသက္ေရကိုရရွိဖို႔အတြက္ သူ႕က်င့္ႀကံျခင္းအဆင့္ကို သုံးႏွစ္လုံး အတင္းဖိႏွိပ္ထားခဲ့တဲ့အတြက္ သူ႕ဆုံးျဖတ္ခ်က္ဘယ္ေလာက္ခိုင္မွာလဲဆိုတာ မွန္းၾကည့္လို႔ရတယ္"


"သုံးႏွစ္အတြင္းမ်ဳေဟာ္ရန္ ဘယ္ေလာက္ထိခြန္အားေတြစုေဆာင္းထားလဲဆိုတာ မင္းတို႔မွန္းဆၾကည့္လို႔ရတယ္ သူကသာမန္သိုင္းပညာရွင္အဆင့္၉ေတြ ယွဥ္လို႔ရတဲ့သူမဟုတ္ဘူး ေရွာင္ယိ႐ႊမ္ေတာင္ သူ႕နဲ႕ယွဥ္မရဘူး"


............................
အပိုင္း(၃၅၄) လူထုကိုေဒါသထြက္ေအာင္ဆြျခင္း


အသက္ေရတဲ့လား?"
ရွပင္မ်က္လုံးေတြလက္ၿပီး စိတ္လႈပ္ရွားသြားတယ္ တကယ္လို႔အသက္ေရကိုသာရမယ္ဆိုရင္ သူ႕ရဲ႕ခႏၶာကိုယ္ကိုသန္မာေအာင္လုပ္ၿပီး ခိုင္မာတဲ့သိုင္းတာအိုအုတ္ျမစ္ တည္ေဆာက္လို႔ရပါတယ္ ၿပီးတာနဲ႕သူ႕အနာဂတ္အလားအလာေတြအကန့္သတ္မရွိေတာ့ဘဲ ဘုရင္အဆင့္ကိုေရာက္ဖို႔က သူ႕အတြက္ထမင္းစားေရေသာက္ကိစၥေလာက္သာ ျဖစ္သြားမွာပါ


အသက္ေရတန္ဖိုးက ဧရာမကုမၸဏီစာမ်က္ႏွာမွာ ပေါက်စျေးဒေါ်လာကုဋေတစ်သောင်းရှိတာက်ို သူမွတ္မိပါတယ္ ဒါကအလြန့္အလြန္တန္ဖိုးရွိတဲ့ရတနာေစ်းနဲ႕ညီမွ်ၿပီး သာမန္လူမဝယ္နိုင္ပါဘူး


"စီနီယာ မင္းဒီေလာက္အမ်ားႀကီးေျပာၿပီးေတာ့ မ်ဳေဟာ္ရန္ဘာေၾကာင့္ သူ႕က်င့္ႀကံျခင္းအဆင့္ကိုသုံးႏွစ္တိတိဖိႏွိပ္ထားခဲ့လဲဆိုတာကိုေတာ့ မရွင္းျပသြားဘူးေရာ?" ေက်ာင္းသားသစ္တစ္ေယာက္က အေျခခံက်တဲ့အခ်က္ကိုေမးလိုက္တယ္


စီနီယာေက်ာင္းသားက ေလးေလးနက္နက္ေျပာလိုက္တယ္ "ရွင္းရွင္းေလးဘဲ ဘာလို႔လဲဆိုေတာ့အဲ့ဒီျမဴခိုးတိမ္ေတာင္က ဒ႑ာရီလာအပ်က္အစီးေနရာတစ္ခုျဖစ္ၿပီး ယေန႕ေခတ္ လူသားေတြမထိန္းခ်ဳပ္နိုင္တာေၾကာင့္ အထဲမွာရွိတဲ့ဆန္းၾကယ္မႈေတြကိုဘယ္သူမွ နားမလည္နိုင္ဘူး"


"အခ်က္ႏွစ္ခ်က္ကို မင္းတို႔သိထားရမယ္ ပထမအခ်က္က ျမဴးခိုးတိမ္ေတာင္က ေလးႏွစ္မွာတစ္ႀကိမ္ဖြင့္တယ္ ဒုတိယအခ်က္က အဲ့ကိုသြားမဲ့သူေတြက သိုင္းပညာရွင္အဆင့္၉ကို မေက်ာ္ေစရဘူး"


"တကယ္လို႔ သိုင္းဆရာအဆင့္ ဒါမွမဟုတ္ အဲ့ထက္ျမင့္သြားရင္ သူ႕တစ္ဘဝလုံးသြားခြင့္မရွိေတာ့ဘူး တကယ္လို႔တစ္စုံတစ္ေယာက္က အတင္းဝင္ရဲတာနဲ႕ ခ်က္ခ်င္း နယ္ေျမအတြင္းကဆန္းၾကယ္တဲ့စြမ္းအားရဲ႕ ဖ်က္ဆီးျခင္းကိုခံလိုက္ရမယ္" အေၾကာင္းအရင္းကိုသူရွင္းျပလိုက္တယ္


"လတ္စသတ္ေတာ့ အဲ့လိုကိုး စီနီယာမျုကသုံးနှစ်တိတ်ိကျင့်ကြံခြင်းအဆင့်ကို ဖိႏွိပ္ထားတာ ျမဴခိုးတိမ္ေတာင္ကိုဝင္ခ်င္တဲ့အတြက္ကိုး"


"ေလးႏွစ္မွတစ္ႀကိမ္ဖြင့္တာဆိုေတာ့ ဒီတစ္ႀကိမ္လြတ္သြားရင္ ေနာက္တစ္ႀကိမ္ဆိုေလးႏွစ္ထပ္ေစာင့္ရေတာ့မွာ ၾကည့္ရတာစီနီယာမ်ဳက တတ္နိုင္သမွ်ႀကိဳးစားအားထုတ္ထားပုံဘဲ"


"ကိုယ့္ကိုယ္ကိုေတာင္ ရက္စက္လိုက္တာ ဒီအခြင့္အေရးအတြက္နဲ႕ ကိုယ့်ရဲ့ကျင့်ကြံခြင်းအဆင့်ကိုသုံးနှစ်တိတ်ိဖိနှိပ်ထားဖို့ဆိုတာ ဒါမ်ိဳးဘယ္သူလုပ္နိုင္မွာလဲ သာမန္သိုင္းပညာရွင္ေတြေတာင္ သိုင္းဆရာအဆင့္ေရာက္သြားတဲ့အခ်ိန္မွာ အဲ့လိုလုပ္လို႔ကိုယ့္နဲ႕သက္တူ႐ြယ္သူေက်ာင္းသားေတြထက္ကို ဘယ္ႏွစ္ႏွစ္ေလာက္ေနာက္က်က်န္ခဲ့ၿပီလဲ မသိဘူးေလ"


"ေသာက္ပိုမေျပာနဲ႕ ေသခ်ာျပင္ဆင္တယ္ဆိုတဲ့စကားကို မင္းနားလည္လား ဒီလိုလုပ္ျခင္းအားျဖစ္ သုံးႏွစ္ေလာက္ေအာင့္သြားေပမဲ့ က်င့္ႀကံျခင္းဆိုတာ ျမန္တိုင္းေကာင္းတဲ့အရာမဟုတ္ဘူး အုတ္ျမစ္ခိုင္ခံဖို႔လည္းလိုတယ္ တကယ္လို႔သိုင္းတာအိုအုတ္ျမစ္ မခိုင္ဘူးဆိုရင္ေနာက္ပိုင္းအဆင့္ေတြၾကရင္ က်င့္ႀကံျခင္းအဆင့္တက္ဖို႔ ႏွေးသထက္ႏွေးလာမွာ တစ္ခ်ိဳ႕သိုင္းဆရာေတြဆို ေကာင္းကင္ဘုံအလႊာအဆင့္၁ကေန ႏွစ္တစ္ဒါဇင္ေလာက္ေနတာေတာင္ ထပ္မတက္နိုင္ေတာ့ဘူး"


"အမွန္ဘဲေလ အကယ္၍ေကာင္းမြန္ခိုင္ခံ့တဲ့သိုင္းတာအိုအုတ္ျမစ္ကို တည္ေဆာက္နိုင္မယ္ဆိုရင္ သိုင္းဆရာအဆင့္ေရာက္တာနဲ႕ ခ်က္ခ်င္းက်င့္ႀကံျခင္းက မိုးထိုးတက္သြားမွာ သာမန္သိုင္းဆရာေတြထက္ကို ဘယ္ႏွစ္ဆေလာက္ပိုျမန္မလဲမသိဘူး"


"သူမ်ားေတြေျပာၾကေတာ့ က်င့္ႀကံျခင္းအဆင့္ကို ေလးႏွစ္ေလာက္ဖိႏွိပ္ထားခဲ့ၿပီး ျမဴခိုးတိမ္ေတာင္ကိုသြားကာ အထဲမွာႀကီးမားတဲ့ကံေကာင္းမႈနဲ႕ႀကဳံၿပီးေတာ့ ေနာက္ဆုံးသိုင္းဆရာအဆင့္ကိုေရာက္သြားတဲ့ စီနီယာတစ္ေယာက္ရွိခဲ့ဖူးတယ္တဲ့"


"ၿပီးေတာ့ ေနာက္ထပ္ဆယ္ႏွစ္အၾကာမွာ အဲ့ဒီ့စီနီယာက သက္တူ႐ြယ္တူေတြကိုအမ်ားႀကီးေက်ာ္လြန္ၿပီး ဂရန္းမာစတာအဆင့္ကိုေရာက္သြားတယ္တဲ့ အဲ့ခ်ိန္မွာသူ႕နဲ႕သက္တူ႐ြယ္တူေတြကေတာ့ သိုင္းဆရာအဆင့္မွာခက္ခက္ခဲခဲ႐ုန္းကန္ေနရတုန္းဘဲေလ ဒါမ်ိဳးက်ရင္ ေသခ်ာမေလ့က်င့္ဘဲအခ်ိန္ျဖဳန္းခဲ့တယ္လို႔ သူ႕ကိုဘယ္သူေျပာရဲေတာ့မလဲ?"


"မိုးထိျမင့္တဲ့အေဆာက္အဦးတိုင္းက ခိုင္မာတဲ့အုတ္ျမစ္ကေနစခဲ့ရတာ ဘုရင္အဆင့္သိုင္းသမားတစ္ေယာက္က အခုလိုေျပာခံဖူးတယ္ (အုတ္ျမစ္က မင္းရဲ႕အနာဂတ္အလားကိုအဆုံးအျဖတ္ေပးတယ္တဲ့) ငါ့စိတ္ထင္စီနီယာမ်ဳမွာလည္း အဲ့လိုအေတြးမ်ိဳးရွိေနမွာ"


ေက်ာင္းသားအမ်ားအျပားက အခ်င္းခ်င္းေဆြးႏြေးေနၾကၿပီး မ်ဳေဟာ္ရန္ဘာေၾကာင့္အခုလိုလုပ္ရလဲဆိုတာကို နားလည္သြားပါတယ္


"တကယ္ေတာ့ ဒီလိုလုပ္တာမ်ဳေဟာ္ရန္တစ္ေယာက္တည္းမဟုတ္ဘူး ရန်ဟွမ်တက္ကသ်ိုလ်မှာ ျမဴခိုးတိမ္ေတာင္ကိုသြားဖို႔အတြက္
သိုင္းဆရာအဆင့္ကိုမတက္ဘဲနဲ႕ ကိုယ့္က်င့္ႀကံျခင္း အဆင့္ကိုဖိႏွိပ္ၿပီးေနေနတဲ့ မြန္းစတားေတြအမ်ားႀကီးရွိေသးတယ္"


အဲ့ဒီ့စီနီယာေက်ာင္းသားက ဆက္ၿပီးေျပာလိုက္ပါတယ္ "အဲ့လိုလူေတြကသာ ရန္ဟြမ္တကၠသိုလ္ရဲ႕ စစ္မွန္တဲ့လက္ေ႐ြးစင္ေတြဘဲ သူတို႔တစ္ေယာက္ခ်င္းစီမွာ ေရွာင္ယိ႐ႊမ္ထက္အမ်ားႀကီးသာလြန္တဲ့ ခြန္အားေတြရွိတယ္ ရွပင္ဘာေၾကာင့္ေသာင္းၾကန္းနိုင္မလဲ မင္းတို႔ငါ့ကိုေျပာၾကည့္စမ္း"


သူ႕စကားၾကားတာနဲ႕ လူေတြလည္းလက္ခံလိုက္ၾကတယ္ ကိုယ့္က်င့္ႀကံျခင္းအဆင့္ကိုသုံးႏွစ္တိတိဖိႏွိပ္ထားတဲ့ ၿပိဳင္ဘက္ကင္းပါရမီရွင္မ်ိဳးက သိုင္းပညာရွင္အဆင့္ကိုေက်ညက္ေနၿပီး ကြၽမ္းက်င္မႈကလည္း သိုင္းပညာရွင္အဆင့္ရဲ႕အကန့္အသတ္နီးပါး အျပည့္စုံဆုံးအေျခေနထိေရာက္ရွိေနမွာပါ သူတို႔ေတြကိုသိုင္းဆရာအဆင့္မွာၿပိဳင္ဘက္ကင္းလို႔ေျပာရင္ေတာင္ ေနာက္ေနတာမဟုတ္ပါဘူး


ေက်ာင္းကိုခုမွေရာက္ကာစ ရွပင္အေနနဲ႕ မ်ဳဘန္ခ်န္းတို႔လိုပုဂၢိုလ္ေတြကို အနိုင္ယူခ်င္တာ မျဖစ္နိုင္တဲ့ ကိစၥပါ


"ျမန္ျမန္ၾကည့္လိုက္ၾကစမ္း ဘလိတ္ဓားသမားအသင္းဥကၠဌလည္း စေျပာေနၿပီ သူကဓားသမားအသင္းဥကၠဌနဲ႕အဆင့္တူပုဂၢိုလ္ဘဲ ဘလိတ္ဓားက်င့္စဥ္ကို ျပည့္စုံတဲ့အဆင့္ထိေရာက္ထားတယ္တဲ့" ဖိုရပ္ေပၚမွာ ဒုတိယပိုစ့္တစ္ခုတက္လာတာကို တစ္ခ်ိဳ႕လူေတြသတိထားမိသြားတယ္


ဒီပိုစ့္ကိုတင္တဲ့သူက အထင္ႀကီးစရာေကာင္းတဲ့ ဘလိတ္ဓားသမားအသင္းရဲ႕ဥကၠဌျဖစ္သူ ဂ်ဴဇီဂ်ီအန္ျဖစ္ပါတယ္


"ေက်ာင္းသားသစ္ေလးက ဘယ္သူ႕ကိုယ္မွမ်က္လုံးထဲမထည့္ေလာက္ေအာင္ေမာက္မာလြန္းတယ္ မင္းရဲရင္ဘလိတ္ဓားအသင္းကိုလာခဲ့စမ္း ငါမင္းကိုစစ္မွန္တဲ့ ဘလိတ္ဓားသိုင္းက ဘာလဲဆိုတာ ေပးခံစားလိုက္မယ္ ငါ့ဘလိတ္ဓားတစ္ခ်က္နဲ႕မင္းကိုအပိုင္းပိုင္း ျဖစ္သြားေစဖို႔လုံေလာက္တယ္" ဂ်ဴဇီဂ်ီအန္က ေရွ႕တန္းကေနရွပင္ကို စိန္ေခၚလိုက္တယ္


သူ႕စာသားေတြက နည္းနည္းဘဲဆိုေပမဲ့ ၿပိဳင္ဘက္ကင္းတဲ့ေအာ္ရာေတြကို ထုတ္ေဖာ္ေနပါတယ္ ဒါကိုၾကည့္ျခင္းအားျဖစ္ ဘယ္သူမွမယွဥ္နိုင္တဲ့ သူ႕ရဲ႕ကိုယ့္ကိုယ္ကိုယုံၾကည္မႈကို အားလုံးေတြ႕နိုင္ပါတယ္


ဒါေပမဲ့ ဒါအစဘဲရွိပါေသးတယ္ ဂ်ဴဇီဂ်ီအန္ပိုစ့္က ေနာက္ဆက္တြဲပိုစ့္ေတြအတြက္အေၾကာင္းခံ ျဖစ္လာခဲ့ၿပီး ေနာက္ထပ္ပိိုစ့္တစ္ခုၿပီးတစ္ခုတက္လာပါတယ္


"ေကာင္းကင္တိမ္တိုက္ကမၻာကဘယ္သူ႕ကိုမွမေၾကာက္ဖူးလို႔ေျပာတဲ့ရွပင္ မင္းငါတို႔လက္သီးနည္းစနစ္အသင္းကို လြတ္လပ္စြာလာၾကည့္လို႔ရတယ္ ငါတို႔လက္သီးနည္းစနစ္အသင္းက သာမန္ကာလွ်ံကာလူတစ္ေယာက္က မင္းလိုေက်ာင္းသားသစ္ပထမလို႔ေခၚတဲ့ေကာင္ကို တစ္ခ်က္တည္းအနိုင္ယူနိုင္တယ္"


"မဟုတ္ဘူး ငါတို႔လက္နက္ပုန္းအသင္းကိုလာခဲ့လိုက္ အဲ့ဒီ့ေက်ာင္းသားသစ္ရွပင္လို႔ေခၚတဲ့ေကာင္ ေမွ်ာ္လင့္ခ်က္ကုန္ၿပီး ေၾကာက္စရာေကာင္းတာဘာလဲဆိုတာ သိသြားေစရမယ္ သိုင္းတာအိုကမၻာကအက်ယ္ႀကီးဘဲ လက္ရွိမွာမင္းၿပိဳင္ဘက္ကင္းဆိုတာ ေရတြင္းထဲကဖားသာသာဘဲ ရွိတယ္"


"မင္းတို႔ရဲ႕လက္နက္ပုန္းအသင္းဆိုတာ ဘာမွမဟုတ္ဘူး တကယ္သတၱိရွိရင္ငါတို႔ ေျခေထာက္နည္းစနစ္အသင္းကိုလာခဲ့ တကယ္လို႔ကန္ခ်က္သုံးခ်က္တည္းနဲ႕ ေက်ာင္းသားသစ္ရွပင္ကို ဦးခ်ၿပီးအမွားဝန္ခံခိုင္းေအာင္မလုပ္နိုင္ရင္ ေနာက္ေန႕ကစၿပီး ငါတို႔ေျခေထာက္နည္းနစ္အသင္းအိမ္ထဲမွာ တစ္လပိတ္ေနျပမယ္"


သိုင္းတာအိုကလပ္အသင္းဥကၠဌေတြ တစ္ေယာက္ၿပီးတစ္ေယာက္ေပၚလာၿပီး ရွပင္ကိုအထင္ေသးတဲ့သေဘာထားနဲ႕ ပိုစ့္တင္လိုက္ၾကတယ္ ဒီလိုေက်ာင္းသားသစ္ပထမလို႔ေခၚတဲ့ရွပင္ကိုအနိုင္ယူဖို႔ သုံးကြက္ထက္ပိုမလိုဘူးလို႔ သူတို႔ေတြးထားၾကပါတယ္


ရွပင္မွာ စီနီယာေက်ာင္းသားဆယ္ေယာက္ေက်ာ္ကို အနိုင္ယူထားတဲ့မွတ္တမ္းရွိတာေတာင္ ဒီမြန္းစတားအစစ္အမွန္ေတြအတြက္ ဘာမွမဟုတ္ပါဘူး ဒါမ်ိဳးသူတို႔လည္းလုပ္နိုင္ပါတယ္


အဲ့တာမွမဟုတ္ရင္ ဘာလို႔သူတို႔ကသိုင္းပညာရွင္အဆင့္မွာ ၿပိဳင္ဘက္ကင္းတဲ့သူေတြလို႔ ေခၚရဲၾကမွာလဲ


"ၾကမ္းလိုက္တာ အရမ္းၾကမ္းတယ္ ဒီရွပင္ကလူထုရဲ႕ေဒါသကို ဆြလိုက္ၿပီ ဓားသမားအသင္း, ဘလိတ္ဓားသမားအသင္း, လက္သီးနည္းစနစ္အသင္း, လက္နက္ပုန္းအသင္း, ေျခေထာက္နည္းစနစ္အသင္းစတဲ့ ရန္ဟြမ္တကၠသိုလ္က သိုင္းတာအိုကလပ္အသင္းေပါင္းစုံဘဲ"


ေက်ာင္းသားတစ္ေယာက္က ထိတ္လန့္စြာေအာ္လိုက္တယ္ "ဒီကလပ္အသင္းေတြမွာ ရန္ဟြမ္တကၠသိုလ္ရဲ႕စစ္မွန္တဲ့လက္ေ႐ြးစင္ေတြ စုေဝးေနၾကတယ္ အထဲမွာပုန္းလွ်ိုေနတဲ့နဂါး ဝပ္ေနတဲ့က်ားေတြရွိတယ္ လြန္ခဲ့တဲ့ ၂ႏွစ္၃ႏွစ္အတြင္းက ပါရမီရွင္ေတြအားလုံး အဲ့မွာဘဲ"


"ဒါေပမဲ့ဒီမြန္းစတားေတြ ရွပင္ကိုေခ်ာင္းေျမာင္းေနမွေတာ့ ရွပင္ေသၿပီဘဲ ရန္ဟြမ္တကၠသိုလ္မွာသူခိုလႈံစရာေနရာမရွိေတာ့ဘူး"


လူေတြက လန့္ေနၾကပါတယ္ ကလပ္အသင္းအမ်ားအျပားကရွပင္ကိုႏွိမ္နင္းဖို႔အတြက္ တရစပ္ သေဘာထားထုတ္ျပန္လိမ့္မယ္လို႔ သူတို႔မထင္ထားၾကပါဘူး


"သြားၿပီ ဒီရွပင္ေတာ့လုံးဝအဆုံးသတ္ၿပီ"


"အခုလိုတိုက္ရိုက္အမည္နဲ႕တကြေဖာ္ျပခံရမွေတာ့ သူတည့္ရင္မဆိုင္ခ်င္ရင္ေတာင္ မျဖစ္နိုင္ေတာ့ဘူး"


"ငါသိတာေပါ့ ဒီေကာင္တြန့္ဆုတ္ရဲတာနဲ႕ သိတၱိမရွိဘဲငေၾကာက္ျဖစ္ၿပီး ရန္ဟြမ္တကၠသိုလ္မွာ သူ႕ရဲ႕ဂုဏ္သတင္းဖ်က္ဆီးခံလိုက္ရမယ္ေလ ဘယ္သူမွသူ႕ကိုျမင့္ျမင့္မွန္းၾကေတာ့မွာမဟုတ္ဘဲ စိတ္အေျခေနေတာင္ ထိခိုက္သြားနိုင္တယ္"


"သူတိုက္ခိုက္မွရေတာ့မယ္ ဒါေပမဲ့ဒီက်င့္ႀကံျခင္းအဆင့္ကိုဖိႏွိပ္ထားတဲ့ သိုင္းဆရာအဆင့္ၿပိဳင္ဘက္ကင္းေတြလို႔သိၾကတဲ့ ကလပ္အသင္းဥကၠဌေတြနဲ႕ တိုက္ခိုက္ရင္ သူနိုင္နိုင္ေခ်ရွိမွာမဟုတ္ဘူး"


"ေနာက္ဆို ဒီေကာင္လူပါးဝမရဲေတာ့ဘဲ နာက်င္စရာသင္ခန္းစာ ေသခ်ာေပါက္ရသြားမယ္"


ေက်ာင္းသားအမ်ားအျပားက အခ်င္းခ်င္းေျပာဆိုေနၾကပါတယ္ သူတို႔ေတြပထမဆုံးအႀကိမ္အခုလိုႀကီးက်ယ္တဲ့ျဖစ္ရပ္မ်ိဳးႀကဳံဖူးတာပါ အခုလိုကလပ္အသင္းအမ်ားအျပား တမင္ပစ္မွတ္ထားခံရတာ ဒီရွပင္ကရန္ဟြမ္တကၠသိုလ္မွာ ပထမဆုံးလူျဖစ္ပါတယ္


............................
အပိုင္း(၃၅၅) ကိစၥကေတာ္ေတာ္ေလးဆူညံလာၿပီ


ကလပ္အသင္းေတြတစ္ခုၿပီးတစ္ခု ရွပင္ကိုစိန္ေခၚၿပီး ဒီလူပါးဝတဲ့ေက်ာင္းသားသစ္ကို သင္ခန္းစာေပးမယ္ဆိုတဲ့သတင္းက ရန္ဟြမ္တကၠသိုလ္တစ္ခုလုံးကို ခ်က္ခ်င္းျပန့္သြားၿပီး မေရတြက္နိုင္တဲ့ေက်ာင္းသားေတြရဲ႕ နားထဲကိုေရာက္သြားပါတယ္


တခ်ိဳ႕လက္ေ႐ြးစင္ေက်ာင္းသားေတြနဲ႕ဆရာေတြေတာင္ ဒီကိစၥကိုၾကားသိရပါတယ္


အဲ့ဒီ့အခ်ိန္မွာ ရန်ဟွမ်တက္ကသိုလ်ရဲ့စံအ်ိမ်တစ်ခုရဲ့ ခန္းမထဲမွာေတာ့ လွပတဲ့မိန္းခေလးတစ္အုပ္ စုေဝးေနၾကပါတယ္


"အစ္မစူ ဘယ္လိုလုပ္သိုင္းတာအိုအသင္းအဖြဲ႕ေတြအမ်ားအျပားက ဒီအရွက္မရွိတဲ့ ႏွာဘူးကို စိန္ခၚေနၾကတာလဲ? ဒီဥကၠဌေတြကိုအစ္မညို႔ယူၿပီး အဲ့ႏွာဗူးကိုျပႆနာရွာခိုင္းတာေတာ့ မဟုတ္ပါဘူးေနာ္?" မ်က္လုံးျပဴးျပဴးနဲ႕မိန္းခေလးက သိခ်င္စိတ္နဲ႕ေမးလိုက္တယ္


က်န္တဲ့မိန္းခေလးေတြလည္း တစ္ေယာက္ၿပီးတစ္ေယာက္ စူဂ်ီကိုၾကည့္လိုက္ၾကတယ္ အသင္းအဖြဲ႕ဒီေလာက္မ်ားမ်ားက ရွပင္ကိုစတင္ပုတ္ခတ္ၿပီး သူ႕နဲ႕တိုက္ခိုက္ဖို႔ႀကဳံးဝါးေနၾကတာ ဘယ္လိုေတြးၾကည့္ေတြးၾကည့္ ဒီကိစၥကနည္းနည္းထူးဆန္းေနပါတယ္


"ဒီလိုစိတ္ပ်က္စရာေကာင္းတဲ့ကိစၥကို ငါလုပ္တာမဟုတ္ဘူး" စူဂ်ီက မေကာင္းတဲ့သေဘာထားနဲ႕ေျပာလိုက္တယ္ "ဒီကိစၥကို အဲ့ဒီ့ရွပင္ တမင္လုပ္တာ သူမေန႕ညတုန္းကမထင္မွတ္ဘဲ လူအမ်ားႀကီးေရွ႕မွာေသာင္းၾကန္းၿပီးေတာ့ ေကာင္းကင္တိမ္တိုက္ကမၻာကေက်ာင္းသားေတြတစ္ေယာက္ခ်င္းစီက သုံးစားမရတဲ့ဆန္ကုန္ေျမေလးေတြလို႔ ေျပာဆိုရဲတယ္ေလ
ဘုရင့္မ်ိဳးဆက္ေတြကိုေတာင္ သူေစာ္ကားရဲတယ္ ဒီစကားေတြေၾကာင့္ လူေတြအမ်ားႀကီးကသူ႕ကိုေဒါသထြက္ေနၾကတယ္ဆိုတာသိသာတယ္"


အဲ့ႏွာဘူးကအခူလို႐ူးမိုက္လိမ့္မယ္ဆိုတာလုံးဝမထင္ထားဘဲ သူမလည္းေျပာစရာစကားမဲ့ေနပါတယ္ ဒီေလာက္လူအမ်ားႀကီးအေရွ႕မွာ အခုလိုေျပာဆိုရဲတာ လူထုရဲ႕ေဒါသကိုဆြေပးလိုက္သလိုဘဲဆိုတာ ထင္ရွားပါတယ္


ဒီေကာင္းကင္တိမ္တိုက္ကမၻာကပါရမီရွင္ေတြ ဘုရင့္မ်ိဳးဆက္ေတြထဲမွာ ကိုယ့္ကိုယ္ကိုဂုဏ္ယူၿပီးမေမာက္တဲ့သူ မရွိပါဘူး


တစ္ခ်ိဳ႕လူေတြရဲ႕အေတြးက နက္ရွိုင္းၿပီးေဒါသထြက္တာေတြ ေပ်ာ္႐ႊင္တာေတြကိုလြယ္လြယ္နဲ႕ထုတ္မျပတတ္တဲ့သူေတြလည္းရွိေပမဲ့ အမ်ားစုက က်မ္းမာသန္စြမ္းၿပီးျဖတ္လတ္တဲ့ လူငယ္ေတြျဖစ္တာေၾကာင့္ အခုလိုေလွာင္ေျပာင္သေရာ္မႈကို သည္းမခံနိုင္ၾကပါဘူး


အဲ့ဒီမ်ိဳးမစစ္ရွပင္ အၿပီးတိုင္မရႈံးမခ်င္း သူတို႔မွာဘာမ်က္ႏွာျပစရာရွိေတာ့မွာလဲ? သူတို႔ဒီေကာင္းကင္တိမ္တိုက္ကမၻာေက်ာင္းသားေတြက တရားမဝင္ေဆးဝါးေတြနဲ႕ အဆင့္တက္လာတဲ့ သုံးစားမရတဲ့ဆန္ကုန္ေျမေလးေတြဆိုတာကို ဝန္ခံလိုက္ရမွာပါလား?


"ငါလည္းဒီကိစၥကိုအစ္မစူရဲ႕ ပရိယာယ္ထင္ေနတာ ဒီေကာင္သူ႕သေဘာနဲ႕သူလုပ္တာလို႔ မထင္ထားဘူး"


"သူ႕ထိုက္နဲ႕သူ႕ကံဘဲေလ ဒီအရွက္မဲ့ၿပီးသုံးစားမရတဲ့ေကာင္က သူ႕ခြန္အားနည္းနည္းနဲ႕ ပိုက္ဆံေလးရွိတာကိုအားကိုးၿပီး ေမာက္မာေသာင္းၾကန္းကာ မိန္းခေလးဘယ္ေလာက္မ်ားမ်ားကိုဖ်က္ဆီးခဲ့ၿပီလဲမသိဘူး အခုေတာ့ဒဏ္ခတ္ခံရၿပီ"


"ၾကည့္ရတာငါတို႔ဘာမွလုပ္စရာမလိုေတာ့ဘဲ အဲ့အရွက္မရွိတဲ့ေကာင္ကို ရန္ဟြမ္တကၠသိုလ္ကလူေတြကဘဲ သင္ခန္းစာေပးလိမ့္မယ္ထင္တယ္"


"အခုလိုဆန္ကုန္ေျမေလးရန္သူမ်ိဳးရွိတာ ငါတို႔အတြက္အဓိပၸာယ္မဲ့လိုက္တာ ငါတို႔ဘာမွမလုပ္ရေသးခင္ သူ႕ကိုယ္သူသက္ေသေနၿပီ"


"အဲ့ေကာင္မညွာမတာအရိုက္ခံရၿပီးရင္ ငါတို႔ေတြသူ႕ကိုေရနစ္သူဝါးကူထိုးဆိုသလို ျပန္ရိုက္ႏွက္ၾကမယ္"


"သူ႕အဝတ္ေတြကိုခြၽတ္ၿပီး ကိုယ္လုံးတီးနဲ႕ရန္ဟြမ္တကၠသိုလ္ဝင္ေပါက္မွာ သြားခ်ိတ္ထားၿပီး သူ႕ေဂြးတိုေလးကို ျပသထားမယ္ ဒါမွငါတို႔ရဲ႕ေဒါသေျပမွာ"


မိန္းမတစ္အုပ္က ရွပင္ကိုအထင္ေသးၿပီး တစ္ေယာက္တစ္ေပါက္ေျပာဆိုေနၾကပါတယ္ လူထုကိုေဒါသထြက္ေအာင္လုပ္ခဲ့တဲ့ရွပင္ လုံးဝအဆုံးသတ္ေကာင္းမွာမဟုတ္ဘူးလို႔ သူတို႔ထင္ေနၾကပါတယ္ သူတို႔ထဲကရဲတင္းတဲ့မိန္းမေတြကေတာ့ လက္တုံ႕ျပန္နိုင္မဲ့နည္းလမ္းေပါင္းစုံကို စဥ္းစားေနၾကပါတယ္


အဲ့ဒီမ်ိဳးမစစ္ မညွာမတာအရိုက္ခံေနရတဲ့ ျမင္ကြင္းကို ျမင္နိုင္ဖို႔စူဂ်ီလည္း အလြန္ေမွ်ာ္လင့္ေနပါတယ္


........................


ဒီအခ်ိန္မွာ ရွပင္က ေက်ာင္းဖိုရမ္ေပၚမွာသိုင္းတာအိုကလပ္အသင္းေတြ ရဲ႕ထုတ္ျပန္ခ်က္ေတြ, လူသိရွင္ၾကား သူ့က်ိုရှုတ်ချထားတဲ့မက်ဆေ့တွေကို တစ္ခုၿပီးတစ္ခုၾကည့္ရႈေနပါတယ္


"အစ္ကိုႀကီး အခုကိစၥကေတာ့ ေတာ္ေတာ္ႀကီးလာၿပီး ဆူညံေနၿပီ"


ဖန္းဟိုင္ထန္ ဖုန္းဆက္လာၿပီးေျပာလိုက္တယ္ "ဓားသမားအသင္း, ဘလိတ္ဓားသမားအသင္းေတြတင္ဘဲ အဲ့ဒီ့လက္သီးနည္းစနစ္အသင္း, ေျခေထာက္နည္းစနစ္အသင္းဆိုလား ဘာဆိုလားေခၚတဲ့အသင္းေတြေတာင္ အစ္ကိုႀကီးနဲ႕စာရင္းရွင္းဖို႔ေျပာဆိုေနၾကၿပီ အခုကိစၥကအေတာ္ေလးဆူညံေနတာေၾကာင့္ ငါတို႔အထုပ္အပိုးတြျပင္ၿပီး ျမန္ျမန္တေနရာရာမွာ ပုန္းၾကရေအာင္"


ဖက္တီးဖန္းမ်က္ႏွာေတြ ျဖဴေဖ်ာ့တဲ့အထိေၾကာက္႐ြံ႕ေနပါတယ္ အခုလိုသိုင္းတာအိုအသင္းအဖြဲ႕အမ်ားအျပားရဲ႕ ပစ္မွတ္ထားခံရတာက တစ္ေက်ာင္းလုံးကိုယ့္ရန္သူျဖစ္သြားသလို ေတာင္ၿပိဳၿပီးပင္လယ္ေတြ တိမ္းေမွာက္သလို ဖိအားႀကီးမားလြန္းပါတယ္


သာမန္လူဆိုရင္ ဒီဖိအားေၾကာင့္ ေၾကာက္လန့္ၿပီးေသးထြက္က်ကဳန္မွာပါ


ဖန္းဟိုက္ထန္လို ဒီကိစၥမွာမပါတဲ့သူေတာင္ ေၾကာက္စရာေကာင္းတဲ့ဖိအားကိုခံစားေနရရင္ တရားခံျဖစ္တဲ့ရွပင္ဆို ေျပာေနစရာမလိုေတာ့ပါဘူး


"ငါ့ယီးကိုလာပုန္းရမလား သူတို႔လာပါေစ ငါသူတို႔ကိုလက္တစ္ဖက္တည္းနဲ႕အနိုင္ယူနိုင္တယ္" ရွပင္ဂ႐ုမစိုက္ပါဘူး ဒီလူေတြရဲ႕သေဘာထားထုတ္ျပန္ခ်က္ေတြကို သူအရမ္းစိတ္အားထက္သန္ေနပါတယ္


တျခားသူေတြနဲ႕တိုက္ခိုက္ၿပီး သူ႕ရဲ႕က်င့္ႀကံျခင္းကိုေတာင့္တင္းခိုင္မာလာေအာင္လုပ္ခ်င္ေနတဲ့ရွပင္အတြက္ေတာ့ ဒါက ေၾကာင္ခံတြင္းပ်က္နဲ႕ ဇယပ္ေတာင္ပံက်ိဳးတို႔ေတြ႕သလိုပါဘဲ


သူ႕က်င့္ႀကံျခင္းနည္းစနစ္က တျခားသူေတြနဲ႕ကြာျခားေၾကာင့္ တိုက္ခိုက္ရင္းပိုၿပီးခြန္အားႀကီးလာနိုင္ပါတယ္


ၿပီးေတာ့မုန္းတီးျခင္းရမွတ္အေျမာက္အမ်ားကိုလည္း သူရနိုင္ပါေသးတယ္ အကယ္၍မုန္းတီးျခင္းရမွတ္တစ္သန္းရမယ္ဆိုရင္ သူအရမ္ေမွ်ာ္လင့္ေနတဲ့စနစ္ဆီက လက္ေဆာင္ႀကီးကို ရရွိအုံးမွာပါ


"အစ္ကိုႀကီး မင္းကေတာ့တကယ့္ေကာင္ဘဲ" ဖန္းဟိုက္ထန္က သူ့စ်ိတ်ခံစားချက်တွေကို ဖိႏွိပ္လိုက္ပါတယ္ သာမန္လူေတြသာဒီသတင္းၾကားရင္ေၾကာက္လန့္ၿပီး ႀကံရာမရျဖစ္ေနမွာပါ နည္းနည္းသတၱရွိတဲ့သူေတာင္ ဒါမ်ိဳးၾကားရင္မ်က္ႏွာေတြမဲနက္သြားမွာပါ


ဒါေပမဲ့အစ္ကိုႀကီးကေတာ့ ေျပာင္းျပန္ပါဘဲနည္းနည္းမွမေၾကာက္တဲ့အျပင္ တစ္ဖက္လူေတြကိုရိုက္ႏွက္ခ်င္စိတ္ေပါက္ေနၿပီး ႀကိဳးစားၾကည့္ဖို႔စိတ္အားထက္သန္ေနပါတယ္ အစ္ကိုႀကီးရဲ႕သတၱိကေၾကာက္စရာေကာင္းတဲ့အေျခေနထိကို ရဲတင္းလြန္းပါတယ္


"ငါေသာက္ဂ႐ုမစိုက္ဘူး ဒီေခြး႐ူးေတြေဟာင္ေနတာကိုဂ႐ုမစိုက္နဲ႕ အနှေးနဲ့အမြန်ငါသူတို့က်ို သူတို႔အေမေတြအမွတ္မိနိုင္တဲ့အထိ ရိုက္ႏွက္ၿပီးပုံစံေပးပစ္မယ္" ရွပင္သူ႕ရင္ဘတ္ကိုပုတ္ၿပီး ယုံၾကည္မႈရွိစြာနဲ႕ေျပာလိုက္တယ္


သိုင္းပညာရွင္အဆင့္၈ကို ေရာက္ရွိၿပီး သူ႕ကိုယ္ထဲက အစစ္အမွန္ခ်ီတစ္စိတ္တစ္ပိုင္းအရည္ျဖစ္ေျပာင္းလာၿပီးေနာက္မွာ သူ႕တိုက္ရည္ခိုက္ရည္က အရမ္းေၾကာက္စရာေကာင္းေနပါၿပီ ဒီၿပိဳင္ဘက္ကင္းသိုင္းပညာရွင္အဆင့္လိုေခၚတဲ့ စီနီယာေက်ာင္းသားေတြဆိုတာ သူ႕အတြက္ေတာ့အဓိပၸာယ္မရွိတာေတြျဖစ္ၿပီး သူ႕ေရွ႕မွာေဘာင္မဝင္ပါဘူး


သူ႕မ်က္စိထဲမွာေတာ့ ဒီစီနီယာေက်ာင္းသားေတြက သူ႕တိုက္ခိုက္စြမ္းေတြ ထက္လာေအာင္ေသြးေပးတဲ့ ဓားေသြးေက်ာက္ေတြပါဘဲ


"အစ္ကိုႀကီး လိုအပ္တာရွိရင္ငါ့ကိုလြတ္လြတ္လပ္လပ္ေျပာေနာ္ ဓားေတာင္ျဖစ္ျဖစ္ မီးပင္လယ္ျဖစ္ျဖစ္ အစ္ကိုႀကီးအတြက္ကြၽန္ေတာ္ေက်ာ္ျဖတ္နိုင္တယ္" ရွပင္ရဲ႕ကိုယ့္ကိုယ္ကို ယုံၾကည္မႈ ရွိတဲ့စကားေတြၾကားၿပီး ဖန္းဟိုင္ထန္ခ်က္ခ်င္း စိတ္သက္သာရသြားပါတယ္


ၿပီးတာနဲ႕လ်င္ျမန္စြာဘဲ သူလုံးဝေက်နပ္ၿပီးဖုန္းခ်လိဳက္တယ္


ဖန္းဟိုက္ထန္အျပင္ ဂ်န္းရ႐ူ ခ်ဴ႐ြန္းနဲ႕ နန္ဂုန္ဝူတို႔သုံးေယာက္လည္း သူ႕ကိုအရမ္းစိုးရိမ္စြာနဲ႕ဖုန္းဆက္လာၾကပါတယ္ ရွပင္အေျခေနအရမ္းဆိုးေနတယ္လို႔သူတို႔ထင္ေနၾကၿပီး အေျခေနေတြၿငိမ္သက္တဲ့ထိအျပင္မွာ သြားပုန္းေနဖို႔သူ႕ကိုေဖ်ာင္းဖ်ေျပာဆိုၾကပါတယ္


ဒီအႏွောင့္အယွက္ေတြၿပီးသြားရင္ေတာ့ သူ့က်ိုပစ်မှတ်ထားတဲ့လူအများကြီးရှိတော့မှာ မဟုတ္ဘူးလို႔ သူ႕ကိုခနေရွာင္ခိုင္းေနပါတယ္


ဒါေတြက အေရးမႀကီးတဲ့ကိစၥေလးေတြျဖစ္ၿပီး သူေသခ်ာေပါက္ေျဖရွင္းနိုင္တာေၾကာင့္ သူတို႔ကိုစိတ္မပူၾကဖို႔ ရွပင္ေျပာလိုက္ရပါတယ္


ရွပင္နဲ႕နည္းနည္းသိကြၽမ္းခဲ့တဲ့ ရန္ဟြမ္ၿဂိဳလ္က တစ္ေျမတည္းေနတစ္ေရတည္းေသာက္ဖူးၾကတဲ့ မ်ဳဘန္ခ်န္း, လူအိုဒီ, ရွီေဖ,လူခ်န္း နဲ႕ တျခားသူေတြေတာင္ တစ္ေယာက္ၿပီးတစ္ေယာက္ဂ႐ုတစိုက္ဖုန္းဆက္လာၿပီး သူတို႔ဘာကူညီေပးေပးစရာလိုလဲဆိုၿပီး ေျပာဆိုၾကပါတယ္


ဒါေပမဲ့ရွပင္အားလုံးကို ျငင္းလိုက္ၿပီး ဒီကိစၥက ဘာမွမဟုတ္ဘဲ ေစာင့္ၾကည့္ေနၾကဖို႔ သူတို႔ကိုေျပာလိုက္ပါတယ္


ဖုန္းဆက္လာၾကတဲ့သူေတြက အရမ္းစိတ္ပူၾကေပမဲ့ ရွပင္ဒီလိုေျပာတာေၾကာင့္သူတို႔လည္း ဘာမွဝင္စြက္ဖက္ဖို႔ မတတ္နိုင္ဘဲ ရွပင္စကားကိုသာ ယုံၾကည္ေပးလိုက္ရပါတယ္


"တကယ္ပင္ပန္းလိုက္တာကြာ"
ရွပင္အသက္ျပင္းျပင္းရႉထုတ္လိုက္ၿပီး ဒီလူေတြကိုရွင္းျပရတာ ရန္သူေတြနဲ႕ရင္ဆိုင္တာထက္ ပိုခက္တယ္လို႔ ေတြးလိုက္တယ္


"ဟုတ္သားဘဲ အဲ့ဒီ့ျမဴခိုးတိမ္ေတာင္အေၾကာင္း ေမးရအုံးမယ္" ျမဴခိုးတိမ္ေတာင္ကိစၥက ဒီကလပ္အသင္းေခါင္းေဆာင္ေတြရဲ႕စိန္ေခၚမႈထက္ကို သူ႕အတြက္ပိုအေရးႀကီးပါတယ္ ဒါကသူသိုင္းဆရာအဆင့္ကိုတက္မဲ့ အေရးႀကီးကိစၥနဲ႕ဆက္စပ္ေနပါတယ္


အဲ့လိုေတြးၿပီးတာနဲ႕ ခနတုန္းကဖိုရမ္မွာ ျမဴခိုတိမ္ေတာင္အေၾကာင္းအရမ္းရင္းႏွီးေနတဲ့ စီနီယာေက်ာင္းသားကို ရွပင္သီးသန့္စာပို႔လိုက္ၿပီး ျမဴခိုးတိမ္ေတာင္ကိုေက်ာင္းသားသစ္ေတြ ဝင္ပါလို႔ရလားမရလားလို႔ ခ်က္ခ်င္းေမးလိုက္တယ္


"သာမန္အေျခေနေတြမွာဆိုရင္ေတာ့ သိုင္းဆရာအဆင့္ေအာက္ သိုင္းသမားဆိုတာနဲ႕ ဝင္ပါလို႔ရၿပီ"


အဲ့ဒီ့စီနီယာေက်ာင္းသားက အခုလိုျပန္ေျဖလိုက္တယ္ "ဒါေပမဲ့ တစ္ခ်ိဳ႕ေက်ာင္းသားေတြကို ကိုယ့္အစြမ္းကိုအထင္ႀကီးၿပီး ျမဴခိုးတိမ္ေတာင္ကိုသြားၿပီး ႐ူး႐ူးမိုက္မိုက္သြားေသတာေတြမျဖစ္ေစဖို႔အတြက္ သိုင္းပညာရွင္ေကာင္းကင္ဘုံအလႊာအဆင့္၉ေတြကိုသာ
သြားခြင့္ျပဳဖို႔သေဘာတူထားတယ္"


"တကယ္လို႔ သိုင္းပညာရွင္အဆင့္၉ေအာက္ေက်ာင္းသားေတြ ဝင္ပါခ်င္တယ္ဆိုရင္ ေက်ာင္းအမွတ္သုံးေသာင္းေပးမွသာ ျမဴခိုးတိမ္ေတာင္သြားခြင့္ ခြဲတမ္းကိုရမယ္"


ရွပင္နားလည္သြားတယ္ ေက်ာင္းအမွတ္သုံးေသာင္းကို ရွာနိုင္စြမ္းရွိတဲ့လူေတြက ေယ်ဘဳယအေျခေနနဲ႕ရင္ဆိုင္နိုင္စြမ္းရွိၿပီး ခြန္အားကသိုင္းပညာရွင္အဆင့္၉ထက္ကို မနိမ့္တဲ့သူေတြျဖစ္ၾကပါတယ္ ႐ူးမိုက္ၿပီးသြားေတာင္းေသမဲ့သူေတြမဟုတ္ပါဘူး


"ျမဴခိူးတိမ္ေတာင္က ဘယ္ေတာ့ဖြင့္မွာလဲ?" ရွပင္ဆက္ၿပီးေမးလိုက္တယ္


အဲ့ဒီ့စီနီယာေက်ာင္းသားက ျပန္ေျဖလိုက္တယ္ "တစ္လၾကာရင္ဖြင့္ၿပီ"


တစ္လလား?!
ရွပင္မ်က္လုံးေတြ ေအးစက္သြားတယ္ ဒီတစ္ေခါက္ျမဴခိုးတိမ္ေတာင္ကို သူေသခ်ာေပါက္ဝင္ပါရမယ္ အဲ့လို႔မလုပ္ဘဲေလးႏွစ္ေစာင့္ဖို႔အတြက္သူ႕မွာ စိတ္ရွည္နိုင္စြမ္းမရွိပါဘူး


.............................


အပိုင္း(၃၅၆) ရယ္ေမာေလွာင္ေျပာင္ၾကျခင္း


အခ်ိန္ေတြက လ်င္ျမန္စြာနဲ႕စီးဆင္းေနၿပီး
သုံးရက္တာကာလ ကုန္ဆုံးသြားခဲ့ပါတယ္


ဒီရက္ေတြအတြင္းမွာ ရွပင္ဘာသံမွမထြက္ဘဲ တံခါးပိတ္က်င့္ႀကံေနပါတယ္ အျပင္ေလာကမွာဘာေတြျဖစ္ေနလဲဆိုတာကိုသူမသိဘဲ ဒီကလပ်အသင်းခေါင်းဆောင်တွေက််ို ျပန္လည္တုံ႕ျပန္မႈ တစ္စုံတစ္ရာ သူမျပဳလုပ္ပါဘူး


ဒါေပမဲ့ရွပင္အသံမထြက္ေလေလ ဒီကိစၥကပိုၿပီးဆူညံေလေလပါဘဲ ပြဲရွာခ်င္တဲ့သူေတြက မီးထဲကိုေလာင္စာထည့္ၾကတဲ့အတြက္ ဒီကိစၥကပိုၿပီးေတာက္ေလာင္လာပါတယ္


"သုံးရက္ရွိသြားၿပီ ဒီသုံးရက္အတြင္းမွာ အဲ့ေကာင္ရွပင္ကဘာတုံ႕ျပန္မႈမွမလုပ္ဘဲ ႐ူးခ်င္ေယာင္ေဆာင္ေနတယ္ဆိုေတာ့ ဒီေကာင္ဘာသေဘာလဲ?" လူတစ္ခ်ိဳ႕ကသံသယနဲ႕ နားမလည္နိုင္ျဖစ္ေနၾကပါတယ္


အစကေတာ့သူတို႔ေတြက ပြဲေကာင္းေကာင္းၾကည့္ရေတာ့မယ္လို႔ထင္ေနတာပါ ဒါေပမဲ့ရွပင္ကဘာမွမတုံ႕ျပန္ဘဲ ေတာင္တစ္ေတာင္လိုတည္ၿငိမ္ခိုင္ၿမဲစြာေနေနလိမ့္မယ္လို႔ သူတို႔မေမွ်ာ္လင့္ထားပါဘူး


"ဘာသေဘာျဖစ္ရမွာလဲ? ေသခ်ာေပါက္ေၾကာက္ေနတာေပါ့ ဒီေလာက္မ်ားတဲ့သိုင္းတာအိုကလပ္အသင္းေတြပစ္မွတ္ထားခံရမွေတာ့ ဒီေကာင္ရွပင္တစ္ေယာက္ ေၾကာက္လန့္ေနၿပီး အေျခေနေတြတျဖည္းျဖည္းၿငိမ္သက္သြားတာကိုေစာင့္ေနမွာဘဲ"


တစ္ခ်ိဳ႕လူေတြကေတာ့ ရွပင္ေၾကာက္ေနတယ္ဆိုၿပီး သေရာ္လိုက္ၾကတယ္


လူအမ်ားအျပားကလည္း ေခါင္းၿငိမ့္ၿပီးဒီစကားကိုလက္ခံလိုက္ၾကတယ္ ရွပင္ဘယ္ေလာက္ဘဲၾကမ္းၾကမ္း ကျောင်းသားသစ်တစ်ယောက်ထက်မပ်ိုပါဘူး စီနီယာေက်ာင္းသားအမ်ားႀကီးနဲ႕ ဘုရင့္မ်ိဳးဆက္ေၾကာက္ခမန္းလိလိပါရမီရင္ေတြကို ရင္ဆိုင္ရမွေတာ့ ဒီေကာင္ဘယ္ေလာက္ဘဲဘဝင္ျမင့္ေနပါေစ သူျပႆနာႀကီးရွာမိဆိုတာေတာ့သိၿပီး အျပင္ထြက္လာရဲေတာ့မွာမဟုတ္ပါဘူး ဒါကျဖစ္သင့္ျဖစ္ထိုက္တဲ့ကိစၥပါ


"ဒီကိစၥကိုၿငိမ္သြားေအာင္လုပ္ဖို႔ အဲ့ေလာက္လြယ္မလား ဒီေကာင္ဒါမ်ိဳးလုပ္ၿပီးမွ ဘာမွမျဖစ္သလိုေနေနလို႔ရမယ္ထင္ေနတာ ဟာသဘဲ"


"အစကေတာ့ဒီေကာင္ ေမာက္မာေသာင္းၾကန္းၿပီးေတာ့ ငါတို႔ေကာင္းကင္တိမ္တိုက္ကမၻာကေက်ာင္းသားေတြ ဘာမွသုံးစားမရဘူးဆိုၿပီး ႀကဳံးဝါးရဲတယ္ေလ အခုငါတို႔ဘက္ကလူတစ္ခ်ိဳ႕ရပ္တည္တာနဲ႕ ဒီေကာင္ေဘာႀကဳံ႕ေအာင္ေၾကာက္ေနၿပီတဲ့လား တကယ္သတၱိမရွိတဲ့ငေၾကာက္ဘဲ"


"အဲ့တာေၾကာင့္ ဒီရန္ဟြမ္ၿဂိဳလ္ကလူေတြက အားနည္းသူကိုအနိုင္က်င့္ၿပီး အားႀကီးသူကိုေၾကာက္ၾကတယ္လို႔ ေျပာတာေပါ့ တကယ့္ေက်ာရိူးမရွိတဲ့ငေပ်ာ့ေတြ ဘာစစ္မွန္တဲ့စြမ္းရည္မွမရွိဘူး"


"ပင္ကိုယ္ပါရမီသာမန္ဘဲရွိတဲ့ စီနီယာေက်ာင္းသားနည္းနည္းကို အနိုင္ယူၿပီးေတာ့ ဒီအေျခထိအရမ္းေမာက္မာေနတယ္ဆိုေတာ့ သူ့ကိုဆန်ကုန်မြေလေးအယောင်ဆောင်လ်ို့ပြောရင်တောင် မလြန္ဘူး ဒီအက်င့္စရိုက္က သိုင္းတာအိုကြၽမ္းက်င္သူေတြမွာရွိသင့္တဲ့ စိတ္သေဘာထားမ်ိဳးမဟုတ္ဘူး"


"သနားစရာေကာင္းတဲ့ ရန္ဟြမ္ၿဂိဳလ္ကလူတစ္အုပ္ ဒီေကာင့္ဘက္ကေနအလံလႊင့္ၿပီး ဒီရွပင္ကရန္သူအားလုံးကိုအေၾကာက္အ႐ြံ႕ကင္းတယ္လို႔သူတို႔ေအာ္ေနၾကတယ္ေလ ဒါေပမဲ့ေနာက္ဆုံးမွာသူတို႔ရဲ႕သူရဲေကာင္းကဒီလိုအတုအေယာင္ျဖစ္ေနမယ္ မထင္ထားဘူး အရမ္းစိတ္ပ်က္စရာေကာင္းဘဲ"


"တကယ္လို႔သူမားမားမတ္မတ္ရပ္တည္ၿပီး ဒီစီနီယာေက်ာင္းေတြနဲ႕တိုက္ခိုက္လိုက္ရင္ ရႈံးရင္ေတာင္မွ ဒီေကာင္ေယာက်ာ္းပီသၿပီး ဂုဏ်ရှိတဲ့အရှုံးလ်ို့ ငါတို႔သူ႕ကိုခ်ီးက်ဳးအုံးမွာ ဒါေပမဲ့အခုသူ႕မွာအဲ့လိုသတၱိမ်ိဳးမရွိမွေတာ့ သူ႕ရဲ႕အနာဂတ္အလားအလာေတြ အကန့္သတ္ရွိေတာ့မွာဘဲ"


"သိုင္းပညာရွင္တစ္ေယာက္မွာ ရွိသင့္ရွိထိုက္တဲ့သတၱိမ်ိဳးမရွိရင္ က်င့္ႀကံျခင္းဘယ္ေလာက္ျမင့္ျမင့္ အမွိုက္ဘဲ"


"ဟိုစီနီယာေက်ာင္းသားေတြကို သူဘယ္လိုအနိုင္ယူလိုက္လဲေတာ့ ငါမသိဘူး အလစ္တိုက္တာေတာ့မဟုတ္ေလာက္ပါဘူးေနာ္"


"ဒီစီနီယာေက်ာင္းသားေတြကို သူပိုက္ဆံနဲ႕လာဘ္ထိုးၿပီး သ႐ုပ္ေဆာင္ခိုင္းတာျဖစ္နိုင္တယ္"


ေက်ာင္းသားအမ်ားအျပားက တိုက္ခိုက္ဖို႔ထြက္မလာရဲတဲ့ရွပင္ကို အထင္ေသးကာ ေလွာင္ေျပာင္သေရာ္ေနၾကပါတယ္ ဒါက
ငေၾကာက္ေတြမွာသာ ရွိသင့္တဲ့အျပဳအမူျဖစ္ၿပီး ထိပ္တန္းပုဂၢိုလ္ေတြမွာ ရွိသင့္တာမဟုတ္ပါဘူး


တစ္ခ်ိဳ႕လူေတြကလည္း ရွပင္မွာတကယ္တမ္း ဘာခြန္အားမွမရွိဘဲ စီနီယာေက်ာင္းသားေတြနဲ႕ သ႐ုပ္ေဆာင္ခိုင္းၿပီးအနိုင္ယူခဲ့တာလို႔ မေကာင္းတဲ့ရည္႐ြယ္ခ်က္နဲ႕ မွန္းဆလိုက္ၾကတယ္


တစ္ခ်ိဳ႕ရန္ဟြမ္ၿဂိဳလ္ကလာတဲ့ေက်ာင္းသားေတြက ဒီစကားေတြၾကားၿပီးမခံမရပ္နိုင္ျဖစ္ေနၾကပါတယ္ ရွပင္ကတိုက္ပြဲကိုေၾကာက္တတ္တဲ့သူမဟုတ္ဘူးဆိုတာ သူတို႔ယုံၾကည္ေပမဲ့ သုံးရက္ၾကာတာေတာင္ ရွပင္အေၾကာင္းမျပန္လာေသးပါဘူး ဒါကသူတို႔ကိုအနည္းနဲ႕အမ်ားေတာ့ ေၾကာက္႐ြံ႕ေစၿပီး ရွပင္ဘက္မွာတကယ္ဘဲဘာေတြျဖစ္ေနလည္း သူတို႔လည္းမသိေတာ့ပါဘူး


ဒီအေျခေနေတြနဲ႕ပက္သက္ၿပီး ဓားသမားအသင္းအဖြဲ႕ဥကၠဌမ်ဳေဟာ္ရန္က ခ်က္ခ်င္းေျပာၾကားလိုက္တယ္ "အျပင္ထြက္လာၿပီး မတိုက္ခိုက္ရဲရင္လည္း ရပါတယ္ ငါကသေဘာထားက်ဥ္းေျမာင္းတဲ့သူမဟုတ္ပါဘူး ငါ့မွာစီနီယာတစ္ေယာက္ရဲ႕ႏွလုံးသား အျပည့္ရွိတယ္"


"ဓားသမားအသင္းကို သူလာၿပီးလူတိုင္းကို အရိုေသေပးၿပီးသူ႕အမွားသူဝန္ခံမယ္ဆိုရင္ ငါသူ့က်ိုဒီတစ်ကြိမ်ခွင့်လွှတ်ပေးနိုင်တယ်"


ေက်ာင္းသားတစ္အုပ္က သူ႕စကားၾကားၿပီးသေရာ္လိုက္ၾကတယ္ ဒါရွပင္ကိုခြင့္လႊတ္ေပးေနတာမဟုတ္ဘဲ အရွက္ခြဲေနတာပါ အကယ္၍ရွပင္ဓားသမားအသင္းကို သြားအရိုေသေပးၿပီး အမွားဝန္ခံမယ္ဆိုရင္ သူ႕တစ္ဘဝလုံးတစ္ျခားသူေတြရဲ႕ ရယ္စရာျဖစ္လာမွာပါ


သူ႕ရဲ႕သိုင္းတာအိုစိတ္အေျခေနေတာင္ ပ်က္စီးၿပီး ပိုျမင့္တဲ့အဆင့္ေတြ တက္ဖို႔ မျဖစ္နိုင္လုနီးပါးျဖစ္သြားမွာပါ


"ဟုတ္တယ္ရွပင္အရိုေသေပးအမွားဝန္ခံၿပီး လူတိုင္းရဲ႕အေရွ႕မွာ ေတာင္းပန္တယ္လို႔ေျပာၿပီးေစတနာ့ဝန္ထမ္းအျဖစ္နဲ႕ တကၠသိုလ္လမ္းေတြကိုသုံးႏွစ္တိတိအမွိုက္ရွင္းေပးရင္ ငါတို႔ဘလိတ္ဓားသမားအသင္းကလည္း သူ႕ကိုခြင့္လႊတ္ေပးနိုင္တယ္"


ဘလိတ္ဓားအသင္းဥကၠဌကလည္း ေျပာဆိုလာပါတယ္


တစ္ခ်ိဳ႕ရန္ဟြမ္ၿဂိဳလ္ကလာတဲ့ေက်ာင္းသားေတြ ဒီစကားၾကားၿပီးအလြန္ေဒါသထြက္ေနၾကပါတယ္ မ်က္ႏွာခ်င္းဆိုင္အမွားဝန္ခံဖို႔တိုက္တြန္းၿပီး ေစတနာ့ဝန္ထမ္းအေနနဲ႕ တံျမက္စည္းလွဲခိုင္းတာ ဒါဘယ္လိုလုပ္ရွပင္ကိုခြင့္လႊတ္ေပးတာျဖစ္မွာလဲ အခြင့္အေရးအရယူၿပီး သူ့က်ိုအရှက်ခွဲနေတာပါ


တစ္ခ်ိဳ႕လူေတြကလည္း အရမ္းေဒါသထြက္ေနၾကပါတယ္ ဒီလူေတြက သူတို႔ရဲ႕ႏွစ္ေပါင္းမ်ားစြာႀကိဳက်င့္ႀကံထားတဲ့ က်င့္ႀကံျခင္းအဆင့္နဲ႕ လူပါးဝေနတာပါ တကယ္လို႔ရွပင္ကိုႏွစ္အနည္းငယ္ေလာက္ေလ့က်င့္ခ်ိန္ေပးလိုက္ရင္ ဒီစီနီယာေက်ာင္းသားေတြ ဘယ္မွာအခုလိုလူပါးဝရဲေတာ့မွာလဲ?


အားနည္းသူကိုအနိုင္က်င့္ခ်င္ရင္ေတာင္ အခုလိုအမွန္တရားဘက္ေတာ္သားစကားေတြမေျပာဆိုသင့္ပါဘူး


"အမွန္ဘဲ သူမထြက္လာရဲသာမန္ပါဘဲ ဘာဘဲေျပာေျပာသူကေက်ာင္းသားသစ္ေလးဘဲေလ"


"ေက်ာင္းသားသစ္ဆိုလို႔ သင္ခန္းစာမေပးဘဲလႊတ္ထားရင္ ေနာက္ဆိုသူပိုဆိုးလာၿပီး ဆုံးမလို႔ရမွာမဟုတ္ေတာ့ဘူး"


"အဲ့တာအမွန္ဘဲ အခုသူ႕ကိုသင္ခန္းစာေကာင္းေကာင္းေပးထားရမယ္ အဲ့တာမွေနာက္ဆိုအခုလို ေပါက္ကရေတြမေျပာရဲေတာ့မွာ"


"ဒါကသူ႕အတြက္လည္းေကာင္းတယ္ ငါတို႔စီနီယာေတြဆုံးမေပးတာကို ဘယ္သူမွလြယ္လြယ္ရတာမဟုတ္ဘူး"


သိုင္းတာအိုကလပ္အသင္းဥကၠဌေတြတစ္ေယာက္ၿပီးတစ္ေယာက္က ရွပင္ကိုေလွာင္ေျပာင္သေရာ္ၿပီး ေျပာဆိုလိုက္ၾကပါတယ္


ခနအတြင္း ရန္ဟြမ္တကၠသိုလ္မွာရွပင္ရဲ႕ဂုဏ္သတင္းက်ဆင္းလာပါတယ္ အမ်ားစုကေတာ့ ရွပင္ေၾကာက္ၿပီး စိန္ေခၚမႈကိုလက္မခံရဲဘဲ သူ႕ခႏၶာကိုယ္မွာ ခြန္အားတစ္ဝက္ေတာင္မရွိဘူးလို႔ ထင္ေနၾကပါတယ္


ရွပင္ကိုေထာက္ခံၾကတဲ့ ရန္ဟြမ္ၿဂိဳလ္ေက်ာင္းသားေတြေတာင္ ယုံၾကည္မႈက်ဆင္းလာၿပီး ျပန္လည္မျငင္းခုံရဲၾကေတာ့ပါဘူး


........................


ဒီအခ်ိန္မွာေက်ာင္းသားအေဆာင္ စံအိမ္ရဲ႕ တိတ္ဆိတ္တဲ့အခန္းတစ္ခုထဲမွာေတာ့-


ရွပင္မ်က္လုံးေတြကို ျဖည္းျဖည္းခ်င္းဖြင့္လိုက္ပါတယ္ သုံးရက္တာက်င့္ႀကံၿပီးေနာက္မွာ သူ႕ကိုယ္ထဲ အစစ္အမွန္ခ်ီေတြနည္းနည္းတိုးလာၿပီး ခြန္အားလည္းပိုႀကီးလာပါတယ္ သိုင္းတာအိုအုတ္ျမစ္လဲအေျခခိုင္လာၿပီး ရရွိတဲ့အက်ိဳးအျမတ္ေတြအမ်ားႀကီးပါဘဲ


"သုံးရက္ေတာင္ေက်ာ္သြားၿပီလား? အျပင္မွာေတာ့ အေျခေနေတြေဇာက္ထိုးမိုးေမွ်ာ္ျဖစ္ၿပီး ဆူညံေနေတာ့မွာဘဲ" ရွပင္စဥ္းစားရင္းၿပဳံးလိုက္တယ္ သုံးရက္လုံးလုံေစာင့္ၿပီး ဘာတုံ႕ျပန္မႈမွမလုပ္တာ ဒီေက်ာင္းသားေတြ သူ့က်ိုကြောက်တယ်ထင်သွားအောင် တမင္တကာသူႀကံစည္ထားတာပါ


အခ်ိန္က်တာနဲ႕ သူ႐ုတ္တရက္ထြက္လာၿပီးမိုးႀကိဳးလွ်ပ္စီးလိုနည္းလမ္းနဲ႕ ဒီေက်ာင္းသားေတြကို သူတို႔ဂုဏ္ယူေနတဲ့ျမင့္မားတဲ့ရာထူးကေန ဆြဲခ်လိဳက္ရင္ ဒီကိစၥကိုသူတို႔ရဲ႕မွတ္ညဏ္ထဲအၿမဲအမွတ္ရသြားေတာ့မွာပါ


အဲ့လိုျဖစ္ရင္ သူရရွိမဲ့မုန္းတီးျခင္းရမွတ္ကလည္း သိသိသာသာတိုးတက္လာမွာပါ


"သုံးရက္ေစာင့္ၿပီးေနာက္မွာ အေရးႀကီးတဲ့အခ်ိန္ဆိုက္ေရာက္လို႔လာၿပီ ဒီလူေတြကိုပါးစပ္ပိတ္ေအာင္လုပ္မဲ့ အခ်ိန္ေရာက္ၿပီ" ရွပင္ႀကဳံးဝါးရင္း သူ႕ကိုယ္ကအရွိန္အဝါထြက္လာၿပီး အခန္းတစ္ခုလုံးတုန္ခါသြားပါတယ္


ပထမဆုံးသူႏွိမ္နင္းရမဲ့ ကလပ္အသင္းက ဓားသမားအသင္းဘဲျဖစ္ပါတယ္


အဲ့ဒီ့ဓားသမားအသင္းဥကၠဌက လူပါးအဝဆုံးနဲ႕ သူ႕ကိုအရင္ဆုံးစိန္ေခၚသူျဖစ္ကာ ခြန္အားအႀကီးဆုံးပါဘဲ ဒီေကာင့္ကိုအရင္ဆုံးပုံစံေပးလိုက္ရင္ ႀကီးမားတဲ့အံၾသစရာျဖစ္လာမွာပါ


တစ္ေလာကလုံးကို ေတာက္ပတဲ့လုပ္ရပ္တစ္ခုနဲ႕ သူအံအားသင့္သြားေအာင္လုပ္မွာပါ


ဘြန္း!
ရွပင္စံအိမ္ကေန ထြက္လာၿပီး ဘတ္စ္ကားနဲ႕လ်င္လ်င္ျမန္ျမန္ဘဲ ဓားသမားအသင္းဝင္ေပါက္ကိုေရာက္လာပါတယ္ ဒီေနရာကဧရာမေလ့က်င့္ေရးစင္တာႀကီး ျဖစ္ၿပီး အထဲမွာေလ့က်င့္ေရးခန္းမရွိပါတယ္


တံခါးေပါက္ဝေပၚမွာေတာ့ ဓားသမားအသင္းကမၸည္းထိုးထားတဲ့ေက်ာက္ျပားရွိေနပါတယ္ ဒီကမၸည္းကိုသစ္သားနဲ႕ျပဳလုပ္ထားၿပီး အဝါေရာင္သန္းေနကာ အခ်ိန္ဘယ္ေလာက္ၾကာၾကာတည္းကရွိေနခဲ့လဲမသိပါဘူး ဒါကဓားသမားအသင္းရဲ႕ ဂုဏ္သိကၡာကို ကိုယ္စားျပဳပါတယ္


"ရွပင္ေရာက္လာၿပီ "
ရွပင္ကို ျမင္တာနဲ႕ ဓားသမားအသင္းဂိတ္ေစာင့္ေတြခ်က္ခ်င္း ေအာ္ဟစ္လိုက္ၾကတယ္


...........................
အပိုင္း(၃၅၇) ဓားသမားအသင္းကို ျပားျပားဝပ္ေအာင္နင္းေခ်ျခင္း


ရွပင္ေရာက္လာတဲ့သတင္းက ဓားသမားအသင္းတစ္ခုလုံးကို ႐ုတ္တရက္လန့္သြားေစပါတယ္ သုံရက္လုံးလုံးစိန္ေခၚမႈကိုလက္မခံတဲ့လူက ဓားသမားအသင္းဂိတ္ေပါက္ဝကို ႐ုတ္တရက္ေရာက္လာမယ္လို႔ သူတို႔မထင္ထားပါဘူး


ဒီသတင္းက ဓားသမားအသင္းတစ္ခုတည္းတင္မကဘဲ ရန္ဟြမ္တကၠသိုလ္ခုလုံးမွာရွိတဲ့ ကျောင်းသားတွေက်ို အံ့ၾသသြားေစပါတယ္ နက္ေဝါ့မွာသတင္းျပန့္ႏႈန္းက အရမ္းအံ့အားသင့္စရာေကာင္းၿပီး ရန္ဟြမ္တကၠသိုလ္တစ္ခုလုံးကိုခ်က္ခ်င္းျပန့္သြားပါတယ္


ဆြစ္ ဆြစ္ ဆြစ္!!!


စကၠန့္ပိုင္းအတြင္း ဓားသမားအသင္းအဖြဲ႕က ခါးမွာဓားေတြခ်ိတ္ဆြဲထားတဲ့ လူအေယာက္ဒါဇင္ အေယာက္တစ္ရာေလာက္ထြက္လာခဲ့ပါတယ္ သူ႕တို႔ကိုယ္မွာသတ္ျဖတ္ခ်င္းေအာ္ရာေတြ ျပည့္ႏွက္ေနၿပီး သားေကာင္ကိုေခ်ာင္းတဲ့က်ားေတြလို ရွပင္ကိုေခ်ာင္းေျမာင္းေနၾကပါတယ္


"အို႔ ဒါရွပင္မဟုတ္လား? အခ်ိန္အၾကာႀကီးမေပၚလာဘဲ ေနာက္ဆုံးအခုေတာ့ေပၚလာခဲ့ၿပီ "


"အရိုေသေပးၿပီး ေတာင္းပန္ဖို႔လာတာလား? မင္းလည္းေၾကာက္တတ္သားဘဲ"


"ဓားသမားအသင္းေရွ႕ဂိတ္ေပါက္ကေန မင္းဝင္ခ်င္ရင္ လြယ္မွာမဟုတ္ဘူး အရင္ဆုံးဒီေနရာမွာ ဦးသုံးခ်ိမ္ခ်ၿပီးမွ ဆက္ေျပာရေအာင္"


ဓားသမားအသင္းအဖြဲ႕ဝင္တစ္အုပ္က ရွပင္ေရာက္လာတာေတြ႕တာနဲ႕ ေတာင္းပန္ဖို႔လာတာထင္ၿပီး အထင္ေသးကာတဟားဟားနဲ႕ ေလွာင္ေျပာင္လိုက္ၾကတယ္


"သြားစမ္း!"
ရွပင္ေဘးတေစာင္းၾကည့္လိုက္ၿပီး "ငါဓားသမားအသင္းကိုလာတာ မင္းတို႔လိုအေကာင္ေသးေသးေလးေတြကိုလာရွာတာမဟုတ္ဘူး မင္းတို႔ဥကၠဌဘယ္မွာလဲ သူ့က်ိုချင်ချင်းအသေလာခံဖို့ခေါ်လိုက်စမ်း"


"သုံးစကၠန့္အတြင္းသူမေရာက္လာရင္ ငါဓားသမားအသင္းတစ္ခုလုံးကို ျပားေအာင္နင္းေခ်ျပစ္မယ္"


သူ႕လက္ႏွစ္ဖက္ကို ေနာက္ပစ္ၿပီးကိုယ္ကေနေၾကာက္မက္ဖြယ္ေအာ္ရာေတြထုတ္ေဖာ္ကာ ဒီလူေတြကို အေပၚစီးကေနၾကည့္လိုက္ပါတယ္


ဘာကြ?!
ဒီစကားေတြၾကားတာနဲ႕ ဓားသမားအသင္းအဖြဲ႕ဝင္ေတြအားလုံး သူတို႔နားနဲ႕ၾကားတဲ့စကားလုံးေတြကို မယုံနိုင္ဘဲ မွင္တက္သြားၾကတယ္


"လာေနာက္ေနတာလား? ငါဘဲနားၾကားမွားလား? ဒီေကာင္ကဥကၠဌကိုထြက္လာၿပီးအေသခံခိုင္းၿပီး မထြက္လာရင္ငါတို႔ဓားသမားအသင္းကိူ ျပားေအာင္နင္းခ်င္မယ္ေပါ့ေလ? " ေက်ာင္းသားတစ္ေယာက္က ေၾကာင္ၿပီးေမးလိုက္တယ္


"မင္းနားၾကားမွားတာမဟုတ္ဘူး ဒီေကာင္အဲ့အတိုင္းဘဲေျပာတာ ဒီေကာင္ေတာင္းပန္ဖို႔လာတာမဟုတ္ဘဲ ျပႆနာရွာဖို႔လာတာဘဲ သူငါတို႔ခန္းမကိုစိန္ေခၚခ်င္ေနတာ"


စီနီယာေက်ာင္းသားတစ္ေယာက္က မ်က္ႏွာေတြခ်က္ခ်င္းမဲနက္သြားၿပီး ရွပင္ကိုခက္ထန္စြာစိုက္ၾကည့္လိုက္တယ္


"ခန္းမကိုစိန္လာေခၚတယ္ေပါ့ေလ? သူ႕တစ္ေယာက္တည္းနဲ႕ငါတို႔ဓားသမားအသင္းကိုစိန္ေခၚခ်င္ရေအာင္ ဘယ္တုန္းကငါတို႔ဓားသမားအသင္းမွာ ဘယ္သူမွမရွိလို႔လဲ?"


"အရမ္းအရမ္းေမာက္လြန္းတယ္ သူ႕ကိုယ္သူဘာထင္ေနတာလဲ? တကယ္ဘဲသူ႕ကိုယ္သူရန္ဟြမ္တကၠသိုလ္မွာ ၿပိဳင္ဘက္ကင္းၿပီထင္ေနတာလား?"


"ဒီေက်ာင္းသားသစ္က ဘယ္သူ႕ကိုယ္မွေသာက္ဂ႐ုမစိုက္ေလာက္ေအာင္ ဘဝင္ျမင့္တယ္ဆိုတာေတာ့ငါၾကားဖူးတာၾကာၿပီ ဒါေပမဲ့ဒီအေျခေနထိေမာက္မာလိမ့္မယ္လို႔ဘဲ ငါမထင္ထားတာ"


ဓားသမားအသင္းအဖြဲ႕ဝင္အမ်ားအျပားက ဆူဆူညံညံျဖစ္သြားၾကၿပီး ေဒါသနဲ႕ရွပင္ကိုၾကည့္လိုက္ၾကတယ္ သူတို႔ရဲ႕ဓားသမားအသင္းကိုတည္ေထာင္ခဲ့တဲ့ ႏွစ္ရာေပါင္းမ်ားစြာအတြင္း လူတစ္ေယာက္တည္းက စိန္လာေခၚဖူးတဲ့ျဖစ္ရပ္မ်ိဳးတစ္ခါမွမႀကဳံဖူးပါဘူး ဒါအသစ္အဆန္းပထမဆုံးျဖစ္ပါတယ္


သူတို႔ရဲ႕ဂုဏ္သိကၡာေတြ ေဆာ္ကားခံလိုက္ရတယ္လို႔ ခံစားလိုက္ေနရပါတယ္


"နားကန္းေနၾကတာလား?"
ရွပင္လက္ေဝွ႕ယမ္းလိုက္ၿပီး စိတ္မရွည္ဘဲေျပာလိုက္တယ္ "မင္းတို႔ဥကၠဌကို အခုခ်က္ခ်င္းအေသခံဖို႔ ထြက္လာခဲ့ခိုင္းေနတာ တစ္စကၠန့္ေနာက္က်တာနဲ႕ငါမင္းတို႔ဓားသမားအသင္းကို နင္းေခ်ျပစ္မယ္ မ်က္ႏွာသာေပးေနတဲ့ကိစၥကို ျငင္းရေလာက္ေအာင္ မင္းတို႔မ႐ူးစမ္းပါနဲ႕"


"မင္းႏွမကို ေခၚေပးမယ္"
သိုင္းပညာရွင္အဆင့္၉ေက်ာင္းသားတစ္ေယာက္ ခ်က္ခ်င္းထြက္လာၿပီး ရွပင္ကိုေဒါသအျပည္နဲ႕စိုက္ၾကည့္ၿပီး "ဘာလို႔ငါတို႔ဥကၠဌကိုယ္တိုင္ထြက္လာရမွာလဲ ငါ့တစ္ေယာက္တည္းနဲ႕တင္ မင္းကိုအမႈန့္ေခ်ပစ္လို႔ရတယ္"


ဘန္းကနဲ႕ ႐ုတ္တရက္သူ႕ဓားကိုဆြဲထုတ္လိုက္တာနဲ႕ အားေကာင္းတဲ့ဓားခ်ီစြမ္းအင္ေတြထြက္ေပၚလာၿပီး ေလကိုခြဲကာ ျပည့္စုံတဲ့သိုင္းတာအို ခြန္အားကို ျပသလိုက္ပါတယ္


သူဓားတစ္ခ်က္ခုတ္လိုက္တာနဲ႕ ေလထဲမွာသိပ္သည္တဲ့ဓားခ်ီေတြ ေပၚလာၿပီး ရွပင္တစ္ကိုယ္လုံးေျပးစရာေနရာမရွိေအာင္ ပိုက္ကြန္လိုလႊမ္းၿခဳံသြားပါတယ္


"အရမ္းအားနည္းလြန္းတယ္"
ရွပင္မ်က္လုံးေတြေအးစက္သြာၿပီး ၾကည့္ေတာင္မၾကည့္ဘဲ ေရွ႕တစ္လွမ္းတိုးကာေလထဲကို လက္သီးထိုးလိုက္တယ္


ဘန္း!


ေၾကာက္စရာေကာင္းတဲ့လက္သီးအားက သမိုင္းမတင္မီေခတ္သားရဲတစ္ေကာင္လို ေလျပင္းေတြနဲ႕အတူ ဓားခ်ီေတြနဲ႕ဝင္ေဆာင့္ပါတယ္


တဘုန္းဘုန္းေပါက္ကြဲမွာေတြျဖစ္ေပၚကာ ဓားခ်ီေတြအားလုံး လက္သီးအားေၾကာင့္ပ်က္စီးသြားၿပီး ဆယ္မီအကြာအေဝးမွာရွိတဲ့စီနီယာေက်ာင္းသားရဲ႕ ခႏၶာကိုယ္ကိုဘန္းကနဲ႕ထိမွန္သြားပါတယ္


အား!
အဲ့ဒီ့စီနီယာေက်ာင္းသား ငယ္သံပါေအာင္ေအာ္လိုက္ၿပီး ေၾကာက္မက္ဖြယ္လက္သီးအားကသူ႕ကိုယ္မွာေပါက္ကြဲကာ သူ့လက်ထဲကသံမဏ်ိဓားရှည်တောင်ပျက်ဆီးသွားပါတယ် သူ႕တစ္ကိုယ္လုံးအေပၚေအာက္ေျပာင္းျပန္လွန္ကာ မီတာရာေပါင္းမ်ားစြာကို လြင့္ထြက္သြားပါတယ္


ဖူ!
သူျပဳတ္က်တာနဲ႕ ေသြးအန္လိုက္ၿပီး ရွပင္ကိုခနစိုက္ၾကည့္ကာမခံနိုင္ေတာ့ဘဲ ပါးစပ္ကအျမဳပ္ေတြထြက္ကာ သတိလစ္သြားပါတယ္


"ဘယ္လိုလုပ္ျဖစ္နိုင္မွာလဲ?"
ဓားသမားအသင္းအဖြဲ႕ဝင္အမ်ားအျပား အံ့ၾသမွင္တက္သြားပါတယ္ ဒီစီနီယာေက်ာင္းသားက သူတို႔ဓားသမားအသင္းမွာ လက္ေ႐ြးစင္တစ္ေယာက္ျဖစ္ၿပီး သိုင္းပညာရွင္အဆင့္၉ခြန္အားရွိကာ ဥကၠဌကိုရင္ဆိုင္ရရင္ေတာင္ သိုင်းကွက်နှစ်ကွက်လောက်ခံန်ိုင်သူပါ


ဒါေပမဲ့အခုေတာ့လက္သီးတစ္ခ်က္နဲ႕ ဒဏ္ရာအျပင္းအထန္ရၿပီး ေသြးအန္ကာေခြးေသတစ္ေကာင္လိုအရိုက္ခံလိုက္ရပါတယ္


ဒီလိုခြန္အားျခင္းကြာျခားမႈက သူတို႔ကိုဘာစကားမွမေျပာနိုင္ေအာင္ ျဖစ္သြားေစပါတယ္


"မင္းတို႔ဥကၠဌကို ထြက္ခဲ့ခိုင္းဖို႔ငါေျပာတယ္မလား မင္းတို႔ေတြမွာငါ့နဲ႕ယွဥ္ဖို႔အရည္ခ်င္းမရွိေသးဘူး" ရွပင္က ဒီဓားသမားအသင္းအဖြဲ႕ဝင္ေတြကို အထင္ေသးစြာၾကည့္ၿပီး ေျပာလိုက္တယ္


"မင္းတို႔ေတြက ခြန္အားမေကာင္း႐ုံတင္မကဘဲ ညဏ္ရည္ပါမေကာင္းၾကတာလား? အေျခေနကိုနားမလည္ၾကေသးဘူးလား?"


သူစကားနည္းနည္းေျပာလိုက္တာနဲ႕ ဓားသမားအသင္းအဖြဲ႕ဝင္ေတြ ေဒါသငယ္ထိပ္ေစာင့္တက္လာပါတယ္


"ေခြးမသား မင္းသိပ္လူပါးမဝနဲ႕"


"မင္းလိုေကာင္ကမ်ား ဓားသမားအသင္းကိုလာၿပီး ေသာင္းၾကန္းရဲတာ ကိုယ့္လုပ္နိုင္စြမ္းကိုကိုယ္အထင္ႀကီးေနတာဘဲ"


"ငါတို႔ဥကၠဌပါစရာမလိုဘဲ ငါတို႔နဲ႕တင္ မင္းကိုတစ္ပိုင္းေသေအာင္ ရိုက္ႏွက္လို႔ရတယ္"


ခ်က္ခ်င္းဘဲ ဓားသမားအသင္းအဖြဲ႕ဝင္ေတြ ေဒါမႊန္ၿပီး ဒီေကာင့္ကိုတစ္စကၠန့္ေတာင္သည္းမခံနိုင္ၾကေတာ့ပါဘူး ဓားသမားအသင္းကို ဒီလိုလာေဆာ္ကားတာကို သူတို႔ဘယ္လိုသည္းခံနိုင္မွာလဲ?


ဆြစ္ ဆြစ္ ဆြစ္!!!
လွ်ပ္တစ္ျပက္အတြင္း သိုင္းပညာရွင္အဆင့္၉ရွိတဲ့ စီနီယာေက်ာင္းသားသုံးေယာက္က သုံးေပရွည္တဲ့မိုးျပာေရာင္ဓားေတြကို ဆြဲထုတ္လိုက္ၿပီး ကိုယ္ထဲကဓားခ်ီေတြမိုးေပၚေထာင္တက္လာပါတယ္


သူတို႔ေတြ ဓားကြက္ပုံစံသုံးခုဖြဲ႕စည္းလိုက္ၿပီး ရွပင္ကို အတူတကြတိုင္ခိုက္လိုက္ၾကတယ္


"သြားစမ္း!"
ရွပင္သူတို႔ကိုစတိုက္ဖို႔အခြင့္ေရးမေပးဘဲ ေလထဲမွာ စြန္းဝူခုံးကိုဖိႏွိပ္တဲ့ ဗုဒၶလက္ငါးေခ်ာင္းေတာင္လက္ဝါးႀကီးလို လက္ဝါးနဲ႕ရိုက္ခ်လိဳက္ပါတယ္


ဘန္း ဘန္း ဘန္း!!!
ေလထုပြင့္ထြက္သြားၿပီး ေပါက္ကြဲမႈေတြျဖစ္ေပၚကာ ဒီကြောက်မက်ဖွယ်အားတွေက်ိုစီနီယာကျောင်းသားတွေမခံနိုင်ဘဲ တစ္ကိုယ္လုံးေျမျပင့္ေပၚဖိက်သြားပါတယ္


အား!
သူတို႔ေတြမခံနိုင္ဘဲ ငယ္သံပါေအာင္ေအာ္လိုက္ၿပီး ရွပင္ေရွ႕မွာဒူးေထာက္ခ်လိဳက္ရပါတယ္ သူတို႔လက္ထဲကသုံးေပရွည္တဲ့ မိုးျပာေရာင္ဓားေတာင္ အပိုင္းပိုင္းျဖစ္သြားပါတယ္


မဟုတ္ဘူး မဟုတ္ဘူး မဟုတ္ဘူး!!!
စီနီယာေက်ာင္းသားသုံးေယာက္ မ်က္ႏွာေတြခက္ထန္ၿပီး ႐ုန္းကန္ေနၾကပါတယ္ လက္ဝါးတစ္ခ်က္နဲ႕အရႈံးေပးလိုက္ရၿပီး အရွက္ကြဲကာ ရွပင္ေရွ႕ဒူးထာက္ခ်လိဳက္ရတာက သူတို႔အတြက္ေဆးေၾကာရခက္တဲ့အရွက္ကြဲမႈတစ္ခုျဖစ္သြားပါၿပီ


ဒါေပမဲ့သူတို႔ဘယ္လိုဘဲ႐ုန္းကန္ပါေစ ဒီေၾကာက္စရာေကာင္းတဲ့ အရွိန္ဝါေအာက္မွာ သူတို႔လႈပ္ေတာင္မရဘဲ မ်က္ႏွာေတြနီရဲၿပီး ေသြးထြက္သည္ထိ ဆက္ဒူးေထာက္ေနရပါတယ္


.............................

Comment