9ခု

9ခု
Uni

ဧကရီရဲ့ထောင်ဟွားနန်းဆောင်ကနေညည့်အချိန်၌အနက်ရောင်ဝတ်ရုံကိုခေါင်းစခြေဆုံးဝတ်ဆင်ထားတဲ့လူကထွက်သွားသည်။လှုပ်ရှားမှုတွေကပေါ့ပါးဖျက်လက်ပြီးမျက်စိတမှိတ်အတွင်းပျောက်ကွယ်သွားနိုင်တာမလို့ဘယ်သူမှထိုလူကိုသတိမထားမိလိုက်ပေ။ထိုအနက်ရောင်ဝတ်ရုံနဲ့လူကမက်မွန်ဥယျာဥ်တောထဲပြေးဝင်သွားသည်ထိနန်းတွင်းအစောင့်တွေကသူ့ကိုမတွေ့။

ပေါ်တင်ကြီးသူတို့အရှေ့ကဖြတ်ပြေးသွားတာကိုတောင်လေတစ်ချက်ဝှေ့လိုက်သည်ကိုသာခံစားမိပြီးဘာမှမထူးဆန်းကြပေ။အနက်ရောင်ခြုံထည်နဲ့လူသည်မက်မွန်ဥယျာဥ်ကိုဖြတ်ကာတောအုပ်ငယ်ထဲတိုးဝင်ပျောက်ကွယ်သွားသည်။

"ဘာသတင်းရသေးလဲ"

အနက်ရောင်ခြုံထည်နဲ့လူကသူ့ရှေ့ကလူငယ်ကိုမေးလိုက်ပြီးခေါင်းကိုဆောင်းထားတဲ့ခြုံထည်ကိုဖယ်ရှားလိုက်သည်။ကျောက်စိမ်းသမျှဝင်းမွတ်နေတဲ့နူးညံ့တဲ့မျက်နှာလေးနဲ့ဖြောင့်စင်းပြီးအဖျားလုံးနေတဲ့နှာတံစင်းစင်းတို့ကထွက်ပေါ်လာသည်။ရှည်လျားပြီးနူးညံ့ပျော့ပြောင်းတဲ့ဆံနွယ်တို့နဲ့တင်းတင်းစေ့ထားတဲ့နှုတ်ခမ်း..စူးရဲနေတဲ့စွန်ရဲမျက်လုံးတွေနဲ့လိုက်ဖက်စွာခပ်ထူထူမျက်ခုံးနက်တွေကအရှိန်အဝါတွေခံစားမိတယ်။မျက်ခုံးထောင့်စွန့်အောက်ကမှဲ့နက်သည်ကချောမောတဲ့မျက်နှာလေးကိုပိုပြီးလှပအောင်ပံ့ပိုးပေးနေသယောင်။

"ကျားလုသတင်းပို့လာတယ် ယမ်နဲ့ယွမ်ကမကြာခင်ဆောင်တိုင်းပြည်ကိုရောက်လာတော့မယ်တဲ့"

လူငယ်လေးဆီကစကားကြားပြီးမျက်ခုံးနက်တွေကအလိုမကျဟန်တွန့်ချိုးသွားသည်။

"သူတို့ကဘာလာလုပ်မှာလဲရွှယ်ရှန်းမှာကျားလုတစ်ယောက်ထဲအဆင်မပြေဘူး ခုချိန်မှာနန်းတွင်းအခြေအနေတွေကရှုပ်ထွေးနေတာပုန်ကန်သူတွေမရှင်းထုတ်နိုင်မချင်းငါလဲပြန်လို့ရမှာမဟုတ်သေးဘူး ဧကရာဇ်တစ်ယောက်အနေနဲ့ဒီလိုတစ်ကိုယ်ကောင်းဆန်ပြီးထွက်ပြေးတိမ်ရှောင်းနေရတာဖြစ်သင့်ရဲ့လား "

အသံတွေကခက်ထန်မာတင်းလာကာဒေါသစိတ်တို့ထွက်လာရပြန်သည်။လက်သီးနှစ်ဖက်ကိုတင်းတင်းဆုပ်ပြီးမျက်လုံးကိုစုံမှိတ်ချကာသက်ပြင်းချ၍စိတ်လျော့လိုက်တယ်။

"ဧကရာဇ်ရဲ့ခံစားချက်ကိုကျွန်တော်နားလည်ပါတယ် ရွှယ်ရှန်းကအရေးတွေကမကြာခင်အပြီးသတ်နိုင်တော့မှာဧကရာဇ်အိမ်ပြန်ဖို့အချိန်ရောက်တော့မှာပါခဏလေးပဲသည်းခံပြီးစောင့်နေပေး ယမ်နဲ့ယွမ်ရောက်လာရင်အားလုံးပြီးပါပြီ..ခုလောလောဆယ်ချန်းယွိရှီလက်အောက်မှာပဲသည်းခံပြီးနေလိုက်ပါအုံး."

လူငယ်လေးကဖြောင်းဖျပေးတော့ဧကရာဇ်ဆိုသူကတဝေါဝေါစီးကျနေတဲ့ရေတံခွန်ဘက်မျက်နှာလှည့်သွားကာလက်တစ်ဖက်အနောက်ပစ်ကာငြိမ်သက်နေလေသည်။သူ့မျက်နှာထက်လွမ်းဆွတ်မှုတွေကိုအတိုင်းသာမြင်နေရသည်..အိမ်ကိုလွမ်းနေတာထင်တယ်သူလဲဧကရာဇ်နည်းတူအိမ်ပြန်ချင်သည်..အိမ်မှာသူ့ကိုစောင့်နေမဲ့မိသားစုရှိတယ်။

"မင်းပြောကြည့်..ငါကဧကရာဇ်ကောင်းတစ်ယောက်ဟုတ်ရဲ့လား ရန်သူတွေလက်ထဲကသူရဲဘောကြောင်ပြီးထွက်ပြေးနေမိတယ် "

"အဲ့လိုလုံးဝမဟုတ်ပါဘူးဧကရာဇ်လိုက်မတွေးပါနဲ့ရွှယ်ရှန်းအင်ပါယာကလူတွေတိုင်းအတွက်ရွှယ်ရှန်းတိဝမ်ကအရေးပါတဲ့သူပါ ဧကရာဇ်သာတစ်ခုခုဖြစ်သွားမှာအကြောက်ဆုံးပါ"

"ဟက်..ငါ့ကိုမနှစ်သိမ့်ပါနဲ့ ငါ့လိုလူတစ်ယောက်ကတိုင်းတစ်ပါးမှာတခြားဘုရင်ရဲ့ဧကရီလာလုပ်ပြီးပုန်းခိုနေရတာ ဘယ်လောက်တောင်နာကျင်စရာကောင်းပြီးအရှက်ရစရာကြီးလဲ ဒါကလဲငါ့ရွေးချယ်မှုဆိုတော့ဘယ်သူ့ကိုမှအပြစ်တင်လို့မရဘူး "

ဧကရာဇ်ရဲ့နှုတ်ခမ်းတွေကလှလှပပလေးပြုံးနေတယ်။ဒါပေမဲ့မျက်ဝန်းတွေကတော့နာကျင်နေတာကိုသူတွေ့ရသည်။ခဏလေးပါပဲ အားလုံးပြီးသွားရင်ဧကရာဇ်နဲ့ဧကရာဇ်ချစ်ရသူတို့အိမ်ပြန်လို့ရပါပြီ..အဲ့ဒီအချိန်ထိပဲတောင့်ခံပေးပါ..

"ငါမင်းကိုတစ်ခုမေးစရာရှိတယ် ငါ့ကိုအမှန်တိုင်းဖြေ"

"ကျွန်တော်ဧကရာဇ်ကိုဘယ်သောအခါမှမုသားမဆိုပါဘူး"

သူ့စကားကိုဧကရာဇ်ကသဘောကျစွာခေါင်းငြိမ့်သည်။ပြီးနောက်သူ့ဘက်မျက်နှာချင်းဆိုင်လှည့်လာကာသူ့မျက်နှာကိုစိုက်ကြည့်ရင်းဒီတစ်သက်သူလုံးဝမဖြေချင်တဲ့မေးခွန်းကိုမေးလာတယ်။

"မင်းရှောင်းကျန့်ကိုသဘောကျနေတာလား"

ဧကရာဇ်ရဲ့စူးရှကျဥ်းမြောင်းတဲ့အကြည့်တွေကိုသူမခံယူဝံ့စွာခေါင်းငုံ့လိုက်မိသည်။လက်ချောင်းတွေကိုတင်းတင်းဆုပ်ကာနှုတ်ဆိတ်နေတော့ဧကရာဇ်ကခပ်တိုးတိုးရယ်တယ်။အဖြေကိုသိပြီပေါ့

"ရှောင်းကျန့်ကရွှယ်ရှန်းတိဝမ်ရဲ့အနာဂတ်ဧကရီ ငါ့ရဲ့ပိုင်ဆိုင်ရာဖြစ်လာမဲ့သူ မင်းစိတ်နဲ့တောင်မပစ်မှားမိစေနဲ့."

"ကျွန်တော်တောင်းပန်ပါတယ် အစပိုင်းမှာရှောင်းကျန့်ကိုစိတ်ဝင်စားခဲ့ပေမဲ့သူကဧကရာဇ်ရည်မှန်းထားတဲ့လူဆိုတာသိပြီးနောက်ပိုင်းကျွန်တော်ခံစားချက်တွေကိုပြန်ရုတ်သိမ်းခဲ့ပါတယ်"

"ကောင်းတယ်..မင်းကငါအယုံကြည်ရဆုံးလူပါမောက်ဖူ ရှောင်းကျန့်အပေါ်ခံစားချက်တွေရှိနေရင်မင်းနဲ့ငါရန်သူတွေဖြစ်သွားလိမ့်မယ်.."

"ကျွန်တော်နားလည်ပါပြီ"

ပထမဆုံးဖြစ်လာတဲ့ခံစားချက်ကမစတင်ထဲကအဆုံးသက်ခဲ့ပြီးသားပါ။သူလေစားရဆုံးသူနဲ့အချစ်ရဆုံးသူတို့ပေါင်းဖက်မှာကိုရင်နာနာနဲ့ကျေနပ်နိုင်ပါတယ်။တစ်ချို့အချစ်ကရယူခြင်း.တစ်ချို့ကပေးဆပ်ခြင်း သူ့အချစ်ကဒုတိယတစ်မျိုးပေါ့..

ဝမ်ရိပေါ်ကကြေကွဲရိပ်တွေဖြစ်ပေါ်နေတဲ့မောက်ဖူကိုကြည့်လို့နေသည်။မောက်ဖူခံစားချက်ကိုနားလည်ပေမဲ့ရှောင်းကျန့်ကိုတော့အဆုံးရှုံးမခံနိုင်ဘူး။ရှောင်းကျန့်ကိုသူတစ်ယောက်ထဲပိုင်စေရမယ်..သူမှမရရင်ဘယ်သူမှလဲမရစေရဘူး။သူ့အချစ်ကချစ်နေရုံနဲ့မပြီးပဲပိုင်ဆိုင်လိုမှုအဆုံးရှုံးမခံနိုင်မှူစတဲ့အတ္တလေးတွေပါဝင်နေတော့ပူလောင်နေမလား...ပူလောင်တဲ့သူ့အချစ်ကိုရှောင်းကျန့်လက်ခံပါ့မလား..ဘာအရေးလဲရှောင်းကျန့်ကသူ့ကိုမဖြစ်မနေလက်ခံရမှာပဲ...ရှောင်းကျန့်ကသူ့ရဲ့တစ်ဦးတည်းသောဧကရီ..

*^^*

ရှောင်းကျန့်ဧကရီအတွက်နံနက်စာကိုစားဖိုဆောင်မှာသွားယူပြီးပြန်လာခဲ့သည်။ဧကရီအကြိုက်တွေချည်းပဲမလို့ရှောင်းကျန့်ကဗန်းလေးမကာကျေနပ်ပြုံးလေးချိတ်ဆွဲထားတယ်။နန်းဆောင်မရောက်ခင်လမ်းတစ်ဝက်မှာသူ့ကိုဝိုင်းလာတဲ့စစ်သည်တော်တွေ။အားလုံးကဓားတွေနဲ့ချိန်ရွယ်လာတာမလို့ရှောင်းကျန့်နားမလည်စွာပြူးကြောင်ကြောင်လေးကြည့်နေမိသည်။

"အစေခံရှောင်းကျန့်မင်းကနန်းတော်ထဲမှာတောင်အပစ်ကျူးလွန်ရဲတယ်ပေါ့"

သူကြည့်လိုက်တော့မင်းသား၃ကသူ့ရှေ့မှာရပ်ကာတည်တင်းနေတဲ့မျက်နှာနဲ့ရှိနေသည်။ရှောင်းကျန့်ခုထိဘာတစ်ခုမှနားမလည်သေးပါဘူး။

"မင်းသား၃ ဘာတွေပြောနေတာလဲကျွန်တော်ကဘာအပစ်ကျူးလွန်ရမှာလဲဧကရီအတွက်နံနက်စာသွားယူပေးတာပါအဲ့ဒါကအပစ်လား"

သူ့စကားကိုချန်းရှစ်ဟော်ကမယုံသလိုမဲ့ပြုံးတစ်ချက်ပြုံးသည်။ထို့နောက်တစ်လှမ်းချင်းသူ့အနားတိုးကပ်လာကာသူ့မျက်လုံးတွေကိုစူးစိုက်ကြည့်တယ်။ရှောင်းကျန့်နည်းနည်းကြောက်နေမိတာမလို့ထမင်းဗန်းကိုင်ထားတဲ့လက်တွေကတင်းကြပ်နေသည်။

"မင်းကလုံးဝမထင်ရဘူးပဲ ရုပ်လေးကဘာမှမသိသလိုဖြူစင်ပြီးတကယ်တမ်းကျတော့မျက်နှာဖုံးတပ်ထားတဲ့လူပဲ..."

"ကျွန်တော်တစ်ခုမှနားမလည်ဘူး"

"ဧကရာဇ်အမိန့်တော်..အစေခံရှောင်းကျန့်ကိုဟွမ်ထုကိုသတ်တဲ့အမှုနဲ့ဖမ်းပြီးအချုပ်ခန်းမှာထိန်းသိမ်းထားစေ.."

ခွမ်း!!!

မင်းသား၃ရဲ့ခပ်ကျယ်ကျယ်စကားအဆုံးရှောင်းကျန့်မျက်လုံးတွေပြူးကျယ်သွားကာမယုံကြည်နိုင်မှုကြောင့်လက်တွေတုန်ယင်ကုန်သည်။ကိုင်ထားတဲ့ထမင်းဗန်းကလက်ထဲကလွတ်ကျကာမြေပြင်ပေါ်ဧကရီကြိုက်တဲ့ဟင်းလျာတွေကပြန့်ကျဲကုန်သည်။

"မဟုတ်ဘူး..မဟုတ်ဘူးကျွန်တော်မဟုတ်ဘူး"

ရှောင်းကျန့်အသိမကပ်စွာထိုစကားတွေချည်းအစဥ်မကျပြောနေမိတယ်။သူဘယ်လိုရှင်းပြရမလဲမသိဘူး ဘာလို့သူ့ကိုဟွမ်ထုကိုသတ်တဲ့လူလို့တစ်ထစ်ချကြီးပြောရတာလဲ..မဟုတ်ကြောင်းသက်သေပြချင်တယ်ဒါပေမဲ့သူဘာမှမလုပ်နိုင်ဘူး မင်းသား၃ရဲ့လူတွေကသူ့လက်မောင်းနှစ်ဖက်ကနေအကြမ်းပတမ်းဆွဲခေါ်သွားကြတယ်။

"မင်းသား၃..ကျွန်တော်မသတ်ပါဘူး ကျွန်တော်တကယ်မသတ်ပါဘူး...လွှတ်ပေးပါ"

အော်ဟစ်အကူအညီတောင်းပြီးပြောနေပေမဲ့ဘယ်သူမှသူ့ကိုဂရုမစိုက်စွာလျစ်လျူရှုထားကြသည်။ရှောင်းကျန့်ဘဝကြီးကလဲဆိုးရွားလိုက်တာ..

အချုပ်ခန်းတွေထဲခေါ်လာပြီးကောက်ရိုးပုံတွေထည့်ထားတဲ့အချုပ်ခန်းထဲသူ့ကိုကြမ်းတမ်းစွာတွန်းထုတ်လိုက်တာမလို့မြေပြင်ပေါ်ပုံလျက်လဲကျသွားသည်။တံခါးကိုပိတ်ကာသော့ခတ်ပြီးထိုလူတွေကထွက်သွားကြတယ်။ရှောင်းကျန့်လဲကျနေရာကနေကုန်းရုန်းထကာတံခါးဆီသွားပြီးတိုင်လုံးတွေကိုဆုပ်ကိုင်ကာတွန်းထုတ်ရုန်းနေသည်။ပါးစပ်ကလဲသူမဟုတ်ကြောင်းအော်ဟစ်နေတယ်..

"ကယ်ကြပါ!!. ..ကျွန်တော်ဟွမ်ထုကိုတကယ်မသတ်ပါဘူးသူ့ဘာသာဘယ်လိုသေသွားလဲမသိဘူး ကျွန်တော့ကိုယုံပေးကြပါ..ဧကရီ! ဧကရီ!! ရှောင်းကျန့်ကိုကယ်ပါအုံး!! အီး.."

"တိတ်စမ်း!!! နားညည်းလိုက်တာမင်းဆက်အော်နေရင်မင်းပါးစပ်ကိုအပ်နဲ့ချုပ်ပစ်မယ်! ကြားလား!!!"

ထောင်စောင့်ဖြစ်ပုံရတဲ့ဝဝတုတ်တုတ်ဝက်လိုလူကြီးကသူ့ရှေ့လာကာပိတ်ဟောက်လိုက်တာမလို့ရှောင်းကျန့်ကိုယ်လေးတုန်တက်ကာပါးစပ်လေးပိတ်သွားသည်။ရှောင်းကျန့်အဆီတဝင်းဝင်းနဲ့ထိုဝက်ကြီးကိုကြောက်ပါသည်။

ငြိမ်ကုတ်သွားတဲ့ရှောင်းကျန့်ကကောက်ရိုးပုံတွေပေါ်ဒူးနှစ်ဖက်ထောင်ကာပိုက်လျက်ကျုံ့ကျုံးလေးထိုင်ချလိုက်သည်။ပါးပြင်ပေါ်စီးကျလာတဲ့မျက်ရည်တွေကိုလဲလက်ဖမိုးနဲ့ပွတ်ဆွဲသုတ်ပြီးအသံတိတ်ငိုနေမိတယ်။သူအရမ်းကြောက်တယ်...သူမသတ်တဲ့အကြောင်းကိုရှင်းပြချင်သည်။သက်သေပြချင်သည်...

"အင့်..ဧကရီ..ရှောင်းကျန့်ကြောက်တယ် ရှောင်းကျန့်ကိုလာကယ်ပါ အင့်ရွှတ်!. ."

ဧကရီရဲ့ထောင်ဟွားနန်းဆောင်တွင်ရှောင်းကျန့်သတင်းကိုလာပြောတဲ့မောက်ဖူနဲ့အကြမ်းရည်ငှဲ့သောက်နေတဲ့ဧကရီတို့ရှိလေသည်။ချစ်ရသူတစ်ယောက်လုံးဒီလိုအခြေအနေရောက်နေတာတောင်အေးဆေးနေနိုင်တဲ့ဝမ်ရိပေါ်ကိုတခြားလူတွေသာဆိုတမျိုးမြင်ချင်မြင်ကြပါလိမ့်မယ်။မောက်ဖူကတော့ဝမ်ရိပေါ်အကြောင်းကောင်းကောင်းသိတာမလို့ဝမ်ရိပေါ်ခေါင်းထဲကအကြံတွေထုတ်နေတာကိုသိတယ်။

ရှောင်းကျန့်ကိုစိတ်ပူသော်လဲဒီနေရာမှာသူလုပ်ချင်သလိုလုပ်လို့မရဘူး။သူ့လူကိုလုပ်ကြံရဲတဲ့လူတွေကိုလဲကောင်းကောင်းကြီးပညာပြရမယ်...ငါ့အသက်ကိုမှလာထိရဲတဲ့မင်းတို့ငါ့အကြောင်းသိစေရမှာပေါ့။

ဝမ်ရိပေါ်ကအကြမ်းရည်ခွက်ကိုငှဲ့ကာအေးသွားအောင်လေနဲ့တဖူးဖူးအသာမှုတ်နေလိုက်သည်။လက်တစ်ဖက်ကလဲယပ်တောင်ကိုအဆက်မပျက်ခပ်နေသေးသည်။ယခုသူ့ပုံစံကအလွန်သွေးအေးလှသည့်ပုံပေါက်နေသည်။

"ဟွမ်ထုဘယ်ချိန်အသတ်ခံရတာလဲ"

"ညတုန်းကပါ အဲ့အချိန်ကရှောင်းကျန့်လဲအဲ့ဒီနေရာမှာရှိနေတယ်လို့ကိုယ်လုပ်တော်မုရှင်းသွဲ့ကပြောတယ်"

"မုရှင်းသွဲ့?"

"ဟုတ်ပါတယ်"

"ဟက်.စိတ်ဝင်စားစရာပဲ သူကရှောင်းကျန့်လူသတ်တာကိုတွေ့ခဲ့လို့လား ငါ့လူကိုများရာရာစစသက်သေမရှိပဲစွပ်စွဲရတယ်!"

ဒုန်း!

ဝမ်ရိပေါ်ကနှုတ်ခမ်းတွေတွန့်ကွေးနေရာကနေချက်ချင်းတည်တင်းသွာကာရေနွေးခွက်ကိုဆောင့်ချလိုက်သည်။ပန်ကန်လုံးထဲကရေနွေးတွေကအပြင်ကိုခုန်ပေါက်လျံကျသွားတယ်။

"ဒီကိစ္စကမရိုးရှင်းဘူးလို့ကျွန်တော်ထင်တယ်တစ်ယောက်ယောက်ရဲ့အကြံအစည်များလား"

"သေချာတာပေါ့ ဘယ်သူလဲဆိုတာငါသိတယ်"

ဝမ်ရိပေါ်ကသေချာစွာပြောနေသည်။မောက်ဖူစိတ်ပူတာဝမ်ရိပေါ်ကအချစ်ဇောနဲ့စိတ်လိုက်မန်ပါတွေလျောက်လုပ်လိုက်မှာကိုပဲ။ဝမ်ရိပေါ်ကသွေအေးပြီးရက်စက်တယ် ဒါပေမဲ့သွေးပူလာတဲ့အချိန်ကျရင်တော့ဘယ်သူမှတားလို့မရအောင်ကြောက်စရာကောင်းသည်။

"ရှောင်းကျန့်သာတစ်ခုခုဖြစ်ရင်ဆောင်တိုင်းပြည်ငါ့ခြေထောက်အောက်ပြာကျစေရမယ်.ဟက်"

ဝမ်ရိပေါ်ရဲ့အေးစက်စက်စကားကြောင့်မောက်ဖူပို၍စိုးရိမ်သွားမိသည်။ရွှယ်ရှန်းတိဝမ်အတွက်ဆောင်တိုင်ပြည်ကလက်ညိုးလေးတစ်ချက်ကွေးလိုက်တာနဲ့ပြာမှုန်ဘဝရောက်အောင်လုပ်နိုင်တယ်။ဒါပေမဲ့ခုချိန်မှာသူတို့သခင်ကတိုင်းတစ်ပါးအကူအညီနဲ့ပုန်းခိုရှောင်တိမ်းနေရတဲ့သူ ။ အင်အားကြီးပေမဲ့လှုပ်ရှားဖို့မလွယ်ဘူး ဒါကဥပမာပေးရရင်စွမ်းအားတွေချိတ်ပိတ်ခံထားရတဲ့သူလိုစွမ်းအားရှိပေမဲ့အသုံးပြုလို့မရဘူး။ဝမ်ရိပေါ်လဲထိုနည်းလည်ကောင်းပင်...

"ဧကရာဇ်ဆီသွားမယ်"

ဝမ်ရိပေါ်ကအကြံရသွားသလိုပြုံးကာထိုင်နေရာကထရပ်လိုက်သည်။ဧကရာဇ်ကသူ့စကားတစ်ခွန်းပဲလေ...

*^^*

"ဗိုက်ဆာလိုက်တာ"

ကောက်ရိုးပုံတွေပေါ်ကွေးကွေးလေးအိပ်နေတဲ့ရှောင်းကျန့်ကဗိုက်ကိုဖိနှိပ်ထားကာဆာလောင်နေလေသည်။အရင်ကဆိုခုချိန်ဧကရီကျွေးတဲ့မုန့်ချိုတွေကိုတဝတပြဲကြီးစားနေလောက်ပြီ..ခုတော့ဘာတစ်ခုမှမစားရသေးတာမနက်ထဲက

"ဟေ့..ထလာခဲ့ ဒီမှာမင်းအတွက်ထမင်း!"

အစောင့်တစ်ယောက်ကပန်ကန်ပြားတစ်ခုကိုအထဲလှမ်းထားတာတွေ့တော့ရှောင်းကျန့်အပြေးလေးသွားကြည့်မိသည်။ပျော့ပြဲနေတဲ့ထမင်းနဲ့ဟင်းချိုတွေကအတော်လေးဆိုးရွားတယ်။ရှောင်းကျန့်မျက်နှာလေးရှုံ့မဲ့လိုက်တယ်

"ဘာကြီးတွေလဲငါဒါတွေမစားချင်ဘူး ပေါက်ဆီမရှိဘူးလား ဒါမှမဟုတ်လဲယာဂုလေးဖြစ်ဖြစ်"

"ကြီးကျယ်လိုက်တာမင်းကိုယ်မင်းဧကရီရဲ့အစေခံလို့ထင်နေတုန်းလားမင်းကလူသတ်သမားအပစ်သားဖြစ်နေပြီအရင်လိုပုံစံနေရမယ်ထင်နေလား အချုပ်ထဲမှာကျွေးတာစား မစားချင်ရင်အငတ်နေ!!"

အစောင့်ရဲ့ဆူပူသံကြောင့်ရှောင်းကျန့်နှုတ်ခမ်းဆူလိုက်သည်။အရင်ကအတိုင်းဆိုပက်ခနဲပြန်စွာလိုက်တယ်။ခုတော့အခြေအနေအကြောင်းမလှတော့ပြန်ပြောချင်တာတွေကိုလည်ချောင်းထဲမြိုချလိုက်သည်။ထမင်းနဲ့မတူတဲ့ဝက်စာလိုစားစရာကိုကြည့်ပြီးဝမ်းနည်းမှုကလှိုက်တက်လာသည်။မျက်ရည်တွေတသွင်သွင်စီးကျနေတာကိုသုတ်ပေမဲ့အဆက်မပြတ်စီးကျနေတုန်းပင်။ရှောင်းကျန့်အရင်လိုဆင်းရဲတဲ့ဘဝမှာတောင်ယာဂုလေးတော့ပြုတ်သောက်နိုင်သေးတယ်ခုလိုမျိုးတစ်ခါမှမစားရဘူး။

ချထားပေးတဲ့ထမင်းပန်းကန်ကိုရှောင်းကျန့်လုံးဝမထိပဲဆာလောင်မှုကိုလှိမ့်ပတ်ပြီးသည်းခံနေလေသည်။ထမင်းပန်းကန်ကိုမျက်စောင်းတွေထိုးပြီးအကောင်းကြိုက်တဲ့ရှောင်းကျန့်မာနလေးကခွင်မပြုဘူး။ပျင်းလာတာကြောင့်နံရံမှာမီးသွေးခဲနဲ့ပုံတွေဆွဲနေလိုက်သည်။သူဆွဲတဲ့ပုံကိုပြန်ကြည့်တော့ဧကရီပုံဖြစ်နေတယ် ဘာလို့ဒီပုံဆွဲမိသွားလဲမသိဘူး။ခုချိန်မှာသူ့စိတ်ထဲဧကရီပဲရှိနေတယ်အရမ်းသတိရတယ်တွေ့ချင်တယ်...သူတောင်မသိလိုက်ခင်အချိန်လေးမှာဧကရီကသူ့ရင်ထဲနေရာယူသွားခဲ့ပြီလား

ရှောင်းကျန့်သူ့အတွေးသူထိတ်လန့်သွားကာခေါင်းကိုခါယမ်းပစ်လိုက်သည်။လုံးဝမတွေးသင့်တဲ့အတွေးတွေ။အချုပ်ခန်းတံခါးဖွင့်သံကြားတော့သူလှည့်ကြည့်လိုက်သည်။ဧကရီ...

"ဧက. အင့်!"

ခေါ်သံမဆုံးသေးခင်ဧကရီကသူ့ကိုအတင်းအကြပ်ပွေ့ဖက်လိုက်တာမလို့ရှောင်းကျန့်ကိုယ်လုံးလေးတောင်မြှောက်တက်သွားသလိုပင်။ဝမ်ရိပေါ်ရဲ့လက်မောင်းတွေကြားထဲအသက်ရူကြပ်မတတ်ဖိညှစ်ခံထားရပေမဲ့မက်မွန်နံ့သင်းသင်းလေးကိုတော့အငမ်းမရရူရှိုက်နေမိသည်။ဧကရီကသူ့ကိုလွတ်ထွက်သွားမှာစိုးသည့်အလားအရိုးတွေကျိုးကြေမတတ်ဖက်ထားသည်။

"ဧကရီ..အဟွတ် ကျွန်တော်အသက်ရူမရတော့ဘူး နဲနဲ နဲနဲလျော့ပေးပါ.အု "

ဧကရီကသူ့ကိုဖက်ထားရာကနေတော့လွှတ်ပေးလိုက်ပေမဲ့သူ့နှုတ်ခမ်းတွေကိုတော့အလွှတ်မပေးခဲ့ပေ။ထိကပ်လိုက်တဲ့နူးညံ့အိစက်နေတဲ့နှုတ်ခမ်းထူထူကြောင့်ရှောင်းကျန့်ခေါင်းထဲဗလာကျင်းသွားတော့သည်။မဟုတ်သေးဘူးလေ ခု ခုအချုပ်ခန်းကြီးမှာလေ မဖြစ်ဘူး

လက်မခံရဲတာမလို့ရင်ဘက်ကိုလက်သီးဆုပ်လေးနဲ့ထုရိုက်နေပေမဲ့ထိုလက်ကိုဖမ်းဆုပ်ကာနှုတ်ခမ်းတွေကိုခပ်ဆတ်ဆတ်ကိုက်ကာစေ့ပိတ်ထားတဲ့နှုတ်ခမ်းလွှာကိုပွင့်ဟစေသည်။နာကျင်မှုကြောင့်ဟမိတော့ခံတွင်းထဲတိုးဝင်လာတဲ့လျှာကတစ်စုံတစ်ခုကိုရှာဖွေနေသည့်အလားမွှေနှောက်နေလေသည်။

"အွင့် ဧ က "

ဧကရီရဲ့တိုးဝင်နေတဲ့လျှာကသူ့လျှာကိုဖမ်းမိတော့ဆွဲယူစုပ်ထားလေသည်။ရှည်လျားတဲ့အနမ်းကြောမှာရှောင်းကျန့်ရဲ့နှုတ်ခမ်းထောင့်ကနေငွေရောင်အရည်ကြည်တို့စီးကျလာသည်။မတ်တပ်ရပ်ထားတဲ့ခြေထောက်တွေကမခိုင်တော့ပဲခွေလဲကျတော့ဝမ်ရိပေါ်ကခါးကနေလှမ်းပွေ့ထားတယ်။အနမ်းတွေကိုရပ်တန့်ပြီးသူ့မျက်နှာကိုကိုင်ကာနဖူးချင်းထိကပ်ပြီးနှာခေါင်းထိပ်လေးများကိုပူးကပ်ထားစေသည်။

အသက်ရူမဝတဲ့အနမ်းကြမ်းတွေကြောင့်ရှောင်းကျန့်ရဲ့ဖူးယောင်ပြီးစိုအိအိဖြစ်နေတဲ့နှုတ်ခမ်းလေးကအနည်းငယ်ပွင့်ဟကာလေကိုအသည်းအသန်ရူနေသည်။ဝမ်ရိပေါ်ကရှောင်းကျန့်ရဲ့နှုတ်ခမ်းကိုလက်မနဲ့ဖွဖွပွတ်သပ်ကာမျက်ဝန်းထောင့်ကမျက်ရည်စလေးကိုဖယ်ရှားပေးလိုက်တယ်။

"ရှောင်းကျန့် မင်းကငါ့အပိုင်မင်းကိုဘယ်သူ့ကိုမှမပေးနိုင်ဘူး ငါ့ကိုလက်မခံနိုင်ဘူးဆိုရင်တောင်မငြင်းနဲ့ "

ဝမ်ရိပေါ်ကပြောပြီးနှာခေါင်းထိပ်လေးတွေကိုအချင်းချင်းပွတ်သပ်လိုက်သည်။ချစ်လွန်းလို့ဘယ်လိုလုပ်ရမလဲ ရှောင်းကျန့်ကိုသူ့အိမ်ပြန်ခေါ်သွားပြီးဘယ်သူမှမမြင်အောင်ဖွက်ထားချင်တယ်

ဝမ်ရိပေါ်ချန်းယွီရှီကိုသွားတွေ့ပြီးရှောင်းကျန့်နဲ့ပက်သက်တာကိုဆွေးနွေးခဲ့တယ်။ဧကရာဇ်ကသူ့ကိုအဓိပ္ပါယ်ပါတဲ့မျက်လုံးတွေနဲ့ကြည့်တယ်။

"ဧကရီကရှောင်းကျန့်ကိုအရမ်းဂရုစိုက်တယ်နော် ကိုယ့်ကိုတောင်အဲ့လောက်ဂရုမစိုက်ဘူး"

"အရှင်အထင်လွဲနေတာပါရှောင်းကျန့်ကကျွန်တော့်အစေခံမလို့စိတ်ပူရုံပါပဲ"

ဝမ်ရိပေါ်ကမျက်လွှာချထားရင်းဖြင့်သာချန်းယွိရှီကိုတစ်ချက်မျှမကြည့်ပဲပြောလိုက်သည်။ချန်းယွိရှီကဝမ်ရိပေါ်မျက်နှာကိုမျက်တောင်မခတ်စူးစိုက်ကြည့်နေသည်။

"ကျွန်တော်ပြောချင်တာကဒီအမှုကိုစိတ်လိုက်မန်ပါမဆုံးဖြတ်ပဲသေချာစစ်ဆေးပေးပါ ရှောင်းကျန့်ကလူမပြောနဲ့ပိုးကောင်လေးတစ်ကောင်တောင်သတ်ဖို့မဝံ့တဲ့သူပါ ကျွန်တော့်နားမှာနေလာတာကြာပြီးဒါမျိုးသူဘယ်တော့မှလုပ်မှာမဟုတ်ဘူး တမင်ချောက်ချခံရတာလဲဖြစ်နိုင်တာမလို့ ပြီးတော့အဲ့ဒီညကရှောင်းကျန့်ရှိနေတာကိုကိုယ်လုပ်တော်မုကတွေ့ခဲ့ပေမဲ့လူသတ်တာတော့မတွေ့ခဲ့ဘူးမလား"

"ဧကရီစကားတွေအများကြီးပြောနေတာပဲ သတိထားမိရဲ့လား ပုံမှန်ကိုယ်ဆယ်ခွန်းပြောမှတစ်ခွန်းပြန်ပြောတတ်တဲ့ဧကရီကအစေခံနဲ့ပက်သက်လာရင်တော့ပြောင်းလဲသွားတယ်နော် ကိုယ့်ဆီလာရမှာအမြဲလိုတွန့်ဆုတ်နေတတ်သူကရှောင်းကျန့်ကြောင့်အခေါ်တော်လွှတ်စရာမလိုအောင်လာတတ်တယ်.."

ဧကရာဇ်ချန်းယွိရှီကအေးစက်နေတဲ့မျက်နှာထားနဲ့ထူးဆန်းတဲ့မျက်ဝန်းတွေဖြင့်ကြည့်ကာပြောသည်။ဝမ်ရိပေါ်ကနှုတ်ဆိတ်နေတယ် ဟုတ်ပါတယ် ရှောင်းကျန့်နဲ့ပက်သက်လာရင်သူ့ကိုယ်သူလုံးဝမထိန်းနိုင်ဘူး။

"ရှောင်းကျန့်ကတရားခံပါလို့သက်သေမရှိသလိုတရားခံမဟုတ်ပါဘူးဆိုတာလဲသက်သေမရှိဘူး တိုင်းပြည်ဥပဒေအရလူသတ်မှုကသေဒဏ်ပဲ "

ဝမ်ရိပေါ်ရဲ့မျက်လုံးတွေကမတည်ငြိမ်စွာယောင့်ယက်ခတ်သွားပြီးရင်ထဲပူတက်လာသည်။ရှောင်းကျန့်ကိုသူ့ဆီကနေဘယ်သူမှခေါ်ထုတ်သွားလို့မရဘူး။ခုချိန်မှာရှောင်းကျန့်အတွက်ဘာမှမလုပ်ပေးနိုင်တဲ့သူ့ကိုယ်သူလဲဒေါသထွက်မိသည်။ထောင်ဖောက်ပြီးသူတို့အတူထွက်ပြေးရင်ကောင်းမလား..ယမ်အာနဲ့ယွမ်အာရောက်လာရင်ဘယ်သူမှသူတို့ကိုရှာတွေ့တော့မှာမဟုတ်ဘူး။

"ဒါပေမဲ့တစ်နည်းတော့ရှိတယ်ရှောင်းကျန့်ကိုလွှတ်မြောက်စေဖို့"

ဝမ်ရိပေါ်ကချန်းယွိရှီစကားကိုသေချာအာရုံစိုက်လိုက်သည်။

"ရှောင်းကျန့်ကိုအိမ်ရှေ့စံရဲ့ကြင်ယာတော်အဖြင့်လျာထားမယ်ဆိုရင်အပစ်တွေချေမှုန်းနိုင်တယ်"

ဝမ်ရိပေါ်ရဲ့မေးရိုးဆွေကထင်းခနဲဖြစ်သွားပြီးလက်သီးတွေကလဲတင်းခနဲပါပဲ။သူ့အပိုင်ကိုလိုချင်နေတာလား နောက်ဘဝထိရမှာမဟုတ်ဘူးရှောင်းကျန့်ကသူ့အတွက်ပဲ။

"အားရုံကရှောင်းကျန့်ကိုသဘောကျနေတယ်ဒါပေမဲ့အရမ်းငယ်လွန်းတာမလို့ချက်ချင်းထိမ်းမြားပေးဖို့ဆိုတာမဖြစ်နိုင်ဘူး ဒါကြောင့်အားရုံအသက်ပြည့်ရင်ရှောင်းကျန့်ကကြင်ယာတော်ဖြစ်ရမယ်"

ဝမ်ရိပေါ်ရင်ထဲလှိုင်းထန်နေလေသည်။ဒေါသတွေနဲ့ပူတက်လာတဲ့စိတ်ကိုအတင်းချိုးနှိမ်ထားရသည်။သူ့နဂိုစိတ်နဲ့ဆိုသူ့ရှေ့ကဧကရာဇ်ကိုချက်ချင်းသတ်ပစ်နေပြီးလောက်ပြီ။ရှောင်းကျန့်ကိုတခြားပေးပစ်ဖို့လုပ်နေတာလုံးဝမကြိုက်ဘူး။ဒါပေမဲ့ခုချိန်မှာတော့မျက်လွှာချခေါင်းငုံ့ရင်းသာနေရသည်။

"ရှောင်းကျန့်လက်ခံရင်သူလွတ်​မြောက်မှာပါဧကရီဘယ်လိုသဘောရလဲ"

"ဒါကကျွန်တော်ဆုံးဖြတ်ရမှာမဟုတ်ပါဘူးအရှင်ကာယကံရှင်ဖြစ်တဲ့ရှောင်းကျန့်သဘောပါ"

ဝမ်ရိပေါ်ကစိတ်ထဲမရှိတာကိုပြောလိုက်သည်။သူသာကြားထဲကပြင်းထန်စွာကန့်ကွက်မိရင်ဧကရီနဲ့အစေခံကြားကဆက်ဆံရေးကိုချန်းယွိရှီသံသယဝင်သွားနိုင်သည်။ခုတောင်မသင်္ကါတဲ့မျက်လုံးတွေနဲ့စောင့်ကြည့်နေတာမလား။

"ဟုတ်တာပေါ့..ရှောင်းကျန့်ငြင်းဆန်မှာမဟုတ်ပါဘူး"

ချန်းယွိရှီကဧကရီမျက်နှာကိုစေ့စေ့ကြည့်ကာပြောလိုက်သည်။အစတုန်းကအားရုံနဲ့ရှောင်းကျန့်ကိုသဘောမတူခဲ့ပါဘူးဒါပေမဲ့အခုတော့သူ့ဧကရီနဲ့ရှောင်းကျန့်ရဲ့ဆက်ဆံရေးကိုသိပ်ပြီးဘဝင်မကျတာမလို့သူမနှစ်သက်တာတွေဖြစ်မလာခင်စည်းတစ်ခုခြားလိုက်တာပင်။ချန်းယွိရှီကဧကရီကိုအရမ်းချစ်တယ် အဲ့ဒါကြောင့်အချစ်လဲကြီးပါဘိ။

"ဧကရီကို ကိုယ်ဘယ်လောက်ထိချစ်လဲဆိုတာသိတယ်မလား ဒါကြောင့်လဲအရာအားလုံးမင်းစိတ်တိုင်းကျလွှတ်ထားခဲ့တာ"

"ကျွန်တော်သိပါတယ်."

"ကိုယ့်ကိုထားခဲ့မယ်လို့တော့ဘယ်တော့မှမတွေးမိစေနဲ့ အဲ့လိုဆိုကိုယ့်ကိုကိုယ်သတ်သေပြီးဧကရီကိုပါအတူခေါ်သွားမှာ ထာဝရခွဲခွာခြင်းမရှိအောင်ချည်နှောင်ထားမိလိမ့်မယ်"

ချန်းယွိရှီကသူအကြောက်ဆုံးအရာကိုထုတ်ပြောလိုက်သည်။ချစ်ရသူကသူ့အပေါ်သစ္စာမဖောက်ဘူးလို့ယုံကြည့်လို့ရတယ်မလား

ဝမ်ရိပေါ်ကဧကရာဇ်ဆီကပြန်လာပြီးရှောင်းကျန့်ကိုသွားတွေ့သည်။အချုပ်ခန်းထဲငြိမ်ငြိမ်လေးထိုင်နေတဲ့ရှောင်းကျန့်ကသူ့ရင်ကိုနာကျင်စေတယ်။ရှောင်းကျန့်ကိုသေးသေးလေးတောင်မထိခိုက်စေချင်တာကသူ့ရင်ထဲကဆန္ဒအစစ်အမှန်ပင်။ချန်းယွိရှီစကားတွေပြန်ကြားယောင်ပြီးအဆုံးရှုံးအခံနိုင်ပဲအပိုင်လိုချင်စိတ်တွေကသူ့စိတ်ထဲတိုးထွက်လာတယ်။စိတ်မထိန်းနိုင်စွာရှောင်းကျန့်ကိုအတင်းအကြပ်နမ်းမိခဲ့သည်။ဖြစ်နိုင်ရင်ချက်ချင်းသူ့အပိုင်အဖြင့်တံဆိပ်ခတ်သိမ်းပိုက်ချင်ပေမဲ့အခြေအနေကထိုသို့ပြုမရသေး။

ကျေးဇုပြုပြီး အိမ်ရှေ့စံကိုလက်မခံလိုက်ပါနဲ့

💚💛❤

9ခု
Zaw

ဧကရီရဲ႕ေထာင္ဟြားနန္းေဆာင္ကေနညည့္အခ်ိန္၌အနက္ေရာင္ဝတ္႐ုံကိုေခါင္းစေျခဆုံးဝတ္ဆင္ထားတဲ့လူကထြက္သြားသည္။လႈပ္ရွားမႈေတြကေပါ့ပါးဖ်က္လက္ၿပီးမ်က္စိတမွိတ္အတြင္းေပ်ာက္ကြယ္သြားႏိုင္တာမလို႔ဘယ္သူမွထိုလူကိုသတိမထားမိလိုက္ေပ။ထိုအနက္ေရာင္ဝတ္႐ုံနဲ႔လူကမက္မြန္ဥယ်ာဥ္ေတာထဲေျပးဝင္သြားသည္ထိနန္းတြင္းအေစာင့္ေတြကသူ႔ကိုမေတြ႕။

ေပၚတင္ႀကီးသူတို႔အေရွ႕ကျဖတ္ေျပးသြားတာကိုေတာင္ေလတစ္ခ်က္ေဝွ႔လိုက္သည္ကိုသာခံစားမိၿပီးဘာမွမထူးဆန္းၾကေပ။အနက္ေရာင္ၿခဳံထည္နဲ႔လူသည္မက္မြန္ဥယ်ာဥ္ကိုျဖတ္ကာေတာအုပ္ငယ္ထဲတိုးဝင္ေပ်ာက္ကြယ္သြားသည္။

"ဘာသတင္းရေသးလဲ"

အနက္ေရာင္ၿခဳံထည္နဲ႔လူကသူ႔ေရွ႕ကလူငယ္ကိုေမးလိုက္ၿပီးေခါင္းကိုေဆာင္းထားတဲ့ၿခဳံထည္ကိုဖယ္ရွားလိုက္သည္။ေက်ာက္စိမ္းသမွ်ဝင္းမြတ္ေနတဲ့ႏူးညံ့တဲ့မ်က္ႏွာေလးနဲ႔ေျဖာင့္စင္းၿပီးအဖ်ားလုံးေနတဲ့ႏွာတံစင္းစင္းတို႔ကထြက္ေပၚလာသည္။ရွည္လ်ားၿပီးႏူးညံ့ေပ်ာ့ေျပာင္းတဲ့ဆံႏြယ္တို႔နဲ႔တင္းတင္းေစ့ထားတဲ့ႏႈတ္ခမ္း..စူးရဲေနတဲ့စြန္ရဲမ်က္လုံးေတြနဲ႔လိုက္ဖက္စြာခပ္ထူထူမ်က္ခုံးနက္ေတြကအရွိန္အဝါေတြခံစားမိတယ္။မ်က္ခုံးေထာင့္စြန္႔ေအာက္ကမွဲ႔နက္သည္ကေခ်ာေမာတဲ့မ်က္ႏွာေလးကိုပိုၿပီးလွပေအာင္ပံ့ပိုးေပးေနသေယာင္။

"က်ားလုသတင္းပို႔လာတယ္ ယမ္နဲ႔ယြမ္ကမၾကာခင္ေဆာင္တိုင္းျပည္ကိုေရာက္လာေတာ့မယ္တဲ့"

လူငယ္ေလးဆီကစကားၾကားၿပီးမ်က္ခုံးနက္ေတြကအလိုမက်ဟန္တြန္႔ခ်ိဳးသြားသည္။

"သူတို႔ကဘာလာလုပ္မွာလဲ႐ႊယ္ရွန္းမွာက်ားလုတစ္ေယာက္ထဲအဆင္မေျပဘူး ခုခ်ိန္မွာနန္းတြင္းအေျခအေနေတြကရႈပ္ေထြးေနတာပုန္ကန္သူေတြမရွင္းထုတ္ႏိုင္မခ်င္းငါလဲျပန္လို႔ရမွာမဟုတ္ေသးဘူး ဧကရာဇ္တစ္ေယာက္အေနနဲ႔ဒီလိုတစ္ကိုယ္ေကာင္းဆန္ၿပီးထြက္ေျပးတိမ္ေရွာင္းေနရတာျဖစ္သင့္ရဲ႕လား "

အသံေတြကခက္ထန္မာတင္းလာကာေဒါသစိတ္တို႔ထြက္လာရျပန္သည္။လက္သီးႏွစ္ဖက္ကိုတင္းတင္းဆုပ္ၿပီးမ်က္လုံးကိုစုံမွိတ္ခ်ကာသက္ျပင္းခ်၍စိတ္ေလ်ာ့လိုက္တယ္။

"ဧကရာဇ္ရဲ႕ခံစားခ်က္ကိုကြၽန္ေတာ္နားလည္ပါတယ္ ႐ႊယ္ရွန္းကအေရးေတြကမၾကာခင္အၿပီးသတ္ႏိုင္ေတာ့မွာဧကရာဇ္အိမ္ျပန္ဖို႔အခ်ိန္ေရာက္ေတာ့မွာပါခဏေလးပဲသည္းခံၿပီးေစာင့္ေနေပး ယမ္နဲ႔ယြမ္ေရာက္လာရင္အားလုံးၿပီးပါၿပီ..ခုေလာေလာဆယ္ခ်န္းယြိရွီလက္ေအာက္မွာပဲသည္းခံၿပီးေနလိုက္ပါအုံး."

လူငယ္ေလးကေျဖာင္းဖ်ေပးေတာ့ဧကရာဇ္ဆိုသူကတေဝါေဝါစီးက်ေနတဲ့ေရတံခြန္ဘက္မ်က္ႏွာလွည့္သြားကာလက္တစ္ဖက္အေနာက္ပစ္ကာၿငိမ္သက္ေနေလသည္။သူ႔မ်က္ႏွာထက္လြမ္းဆြတ္မႈေတြကိုအတိုင္းသာျမင္ေနရသည္..အိမ္ကိုလြမ္းေနတာထင္တယ္သူလဲဧကရာဇ္နည္းတူအိမ္ျပန္ခ်င္သည္..အိမ္မွာသူ႔ကိုေစာင့္ေနမဲ့မိသားစုရွိတယ္။

"မင္းေျပာၾကည့္..ငါကဧကရာဇ္ေကာင္းတစ္ေယာက္ဟုတ္ရဲ႕လား ရန္သူေတြလက္ထဲကသူရဲေဘာေၾကာင္ၿပီးထြက္ေျပးေနမိတယ္ "

"အဲ့လိုလုံးဝမဟုတ္ပါဘူးဧကရာဇ္လိုက္မေတြးပါနဲ႔႐ႊယ္ရွန္းအင္ပါယာကလူေတြတိုင္းအတြက္႐ႊယ္ရွန္းတိဝမ္ကအေရးပါတဲ့သူပါ ဧကရာဇ္သာတစ္ခုခုျဖစ္သြားမွာအေၾကာက္ဆုံးပါ"

"ဟက္..ငါ့ကိုမႏွစ္သိမ့္ပါနဲ႔ ငါ့လိုလူတစ္ေယာက္ကတိုင္းတစ္ပါးမွာတျခားဘုရင္ရဲ႕ဧကရီလာလုပ္ၿပီးပုန္းခိုေနရတာ ဘယ္ေလာက္ေတာင္နာက်င္စရာေကာင္းၿပီးအရွက္ရစရာႀကီးလဲ ဒါကလဲငါ့ေ႐ြးခ်ယ္မႈဆိုေတာ့ဘယ္သူ႔ကိုမွအျပစ္တင္လို႔မရဘူး "

ဧကရာဇ္ရဲ႕ႏႈတ္ခမ္းေတြကလွလွပပေလးၿပဳံးေနတယ္။ဒါေပမဲ့မ်က္ဝန္းေတြကေတာ့နာက်င္ေနတာကိုသူေတြ႕ရသည္။ခဏေလးပါပဲ အားလုံးၿပီးသြားရင္ဧကရာဇ္နဲ႔ဧကရာဇ္ခ်စ္ရသူတို႔အိမ္ျပန္လို႔ရပါၿပီ..အဲ့ဒီအခ်ိန္ထိပဲေတာင့္ခံေပးပါ..

"ငါမင္းကိုတစ္ခုေမးစရာရွိတယ္ ငါ့ကိုအမွန္တိုင္းေျဖ"

"ကြၽန္ေတာ္ဧကရာဇ္ကိုဘယ္ေသာအခါမွမုသားမဆိုပါဘူး"

သူ႔စကားကိုဧကရာဇ္ကသေဘာက်စြာေခါင္းၿငိမ့္သည္။ၿပီးေနာက္သူ႔ဘက္မ်က္ႏွာခ်င္းဆိုင္လွည့္လာကာသူ႔မ်က္ႏွာကိုစိုက္ၾကည့္ရင္းဒီတစ္သက္သူလုံးဝမေျဖခ်င္တဲ့ေမးခြန္းကိုေမးလာတယ္။

"မင္းေရွာင္းက်န္႔ကိုသေဘာက်ေနတာလား"

ဧကရာဇ္ရဲ႕စူးရွက်ဥ္းေျမာင္းတဲ့အၾကည့္ေတြကိုသူမခံယူဝံ့စြာေခါင္းငုံ႔လိုက္မိသည္။လက္ေခ်ာင္းေတြကိုတင္းတင္းဆုပ္ကာႏႈတ္ဆိတ္ေနေတာ့ဧကရာဇ္ကခပ္တိုးတိုးရယ္တယ္။အေျဖကိုသိၿပီေပါ့

"ေရွာင္းက်န္႔က႐ႊယ္ရွန္းတိဝမ္ရဲ႕အနာဂတ္ဧကရီ ငါ့ရဲ႕ပိုင္ဆိုင္ရာျဖစ္လာမဲ့သူ မင္းစိတ္နဲ႔ေတာင္မပစ္မွားမိေစနဲ႔."

"ကြၽန္ေတာ္ေတာင္းပန္ပါတယ္ အစပိုင္းမွာေရွာင္းက်န္႔ကိုစိတ္ဝင္စားခဲ့ေပမဲ့သူကဧကရာဇ္ရည္မွန္းထားတဲ့လူဆိုတာသိၿပီးေနာက္ပိုင္းကြၽန္ေတာ္ခံစားခ်က္ေတြကိုျပန္႐ုတ္သိမ္းခဲ့ပါတယ္"

"ေကာင္းတယ္..မင္းကငါအယုံၾကည္ရဆုံးလူပါေမာက္ဖူ ေရွာင္းက်န္႔အေပၚခံစားခ်က္ေတြရွိေနရင္မင္းနဲ႔ငါရန္သူေတြျဖစ္သြားလိမ့္မယ္.."

"ကြၽန္ေတာ္နားလည္ပါၿပီ"

ပထမဆုံးျဖစ္လာတဲ့ခံစားခ်က္ကမစတင္ထဲကအဆုံးသက္ခဲ့ၿပီးသားပါ။သူေလစားရဆုံးသူနဲ႔အခ်စ္ရဆုံးသူတို႔ေပါင္းဖက္မွာကိုရင္နာနာနဲ႔ေက်နပ္ႏိုင္ပါတယ္။တစ္ခ်ိဳ႕အခ်စ္ကရယူျခင္း.တစ္ခ်ိဳ႕ကေပးဆပ္ျခင္း သူ႔အခ်စ္ကဒုတိယတစ္မ်ိဳးေပါ့..

ဝမ္ရိေပၚကေၾကကြဲရိပ္ေတြျဖစ္ေပၚေနတဲ့ေမာက္ဖူကိုၾကည့္လို႔ေနသည္။ေမာက္ဖူခံစားခ်က္ကိုနားလည္ေပမဲ့ေရွာင္းက်န္႔ကိုေတာ့အဆုံးရႈံးမခံႏိုင္ဘူး။ေရွာင္းက်န္႔ကိုသူတစ္ေယာက္ထဲပိုင္ေစရမယ္..သူမွမရရင္ဘယ္သူမွလဲမရေစရဘူး။သူ႔အခ်စ္ကခ်စ္ေန႐ုံနဲ႔မၿပီးပဲပိုင္ဆိုင္လိုမႈအဆုံးရႈံးမခံႏိုင္မႉစတဲ့အတၱေလးေတြပါဝင္ေနေတာ့ပူေလာင္ေနမလား...ပူေလာင္တဲ့သူ႔အခ်စ္ကိုေရွာင္းက်န္႔လက္ခံပါ့မလား..ဘာအေရးလဲေရွာင္းက်န္႔ကသူ႔ကိုမျဖစ္မေနလက္ခံရမွာပဲ...ေရွာင္းက်န္႔ကသူ႔ရဲ႕တစ္ဦးတည္းေသာဧကရီ..

*^^*

ေရွာင္းက်န္႔ဧကရီအတြက္နံနက္စာကိုစားဖိုေဆာင္မွာသြားယူၿပီးျပန္လာခဲ့သည္။ဧကရီအႀကိဳက္ေတြခ်ည္းပဲမလို႔ေရွာင္းက်န္႔ကဗန္းေလးမကာေက်နပ္ၿပဳံးေလးခ်ိတ္ဆြဲထားတယ္။နန္းေဆာင္မေရာက္ခင္လမ္းတစ္ဝက္မွာသူ႔ကိုဝိုင္းလာတဲ့စစ္သည္ေတာ္ေတြ။အားလုံးကဓားေတြနဲ႔ခ်ိန္႐ြယ္လာတာမလို႔ေရွာင္းက်န္႔နားမလည္စြာျပဴးေၾကာင္ေၾကာင္ေလးၾကည့္ေနမိသည္။

"အေစခံေရွာင္းက်န္႔မင္းကနန္းေတာ္ထဲမွာေတာင္အပစ္က်ဴးလြန္ရဲတယ္ေပါ့"

သူၾကည့္လိုက္ေတာ့မင္းသား၃ကသူ႔ေရွ႕မွာရပ္ကာတည္တင္းေနတဲ့မ်က္ႏွာနဲ႔ရွိေနသည္။ေရွာင္းက်န္႔ခုထိဘာတစ္ခုမွနားမလည္ေသးပါဘူး။

"မင္းသား၃ ဘာေတြေျပာေနတာလဲကြၽန္ေတာ္ကဘာအပစ္က်ဴးလြန္ရမွာလဲဧကရီအတြက္နံနက္စာသြားယူေပးတာပါအဲ့ဒါကအပစ္လား"

သူ႔စကားကိုခ်န္းရွစ္ေဟာ္ကမယုံသလိုမဲ့ၿပဳံးတစ္ခ်က္ၿပဳံးသည္။ထို႔ေနာက္တစ္လွမ္းခ်င္းသူ႔အနားတိုးကပ္လာကာသူ႔မ်က္လုံးေတြကိုစူးစိုက္ၾကည့္တယ္။ေရွာင္းက်န္႔နည္းနည္းေၾကာက္ေနမိတာမလို႔ထမင္းဗန္းကိုင္ထားတဲ့လက္ေတြကတင္းၾကပ္ေနသည္။

"မင္းကလုံးဝမထင္ရဘူးပဲ ႐ုပ္ေလးကဘာမွမသိသလိုျဖဴစင္ၿပီးတကယ္တမ္းက်ေတာ့မ်က္ႏွာဖုံးတပ္ထားတဲ့လူပဲ..."

"ကြၽန္ေတာ္တစ္ခုမွနားမလည္ဘူး"

"ဧကရာဇ္အမိန္႔ေတာ္..အေစခံေရွာင္းက်န္႔ကိုဟြမ္ထုကိုသတ္တဲ့အမႈနဲ႔ဖမ္းၿပီးအခ်ဳပ္ခန္းမွာထိန္းသိမ္းထားေစ.."

ခြမ္း!!!

မင္းသား၃ရဲ႕ခပ္က်ယ္က်ယ္စကားအဆုံးေရွာင္းက်န္႔မ်က္လုံးေတြျပဴးက်ယ္သြားကာမယုံၾကည္ႏိုင္မႈေၾကာင့္လက္ေတြတုန္ယင္ကုန္သည္။ကိုင္ထားတဲ့ထမင္းဗန္းကလက္ထဲကလြတ္က်ကာေျမျပင္ေပၚဧကရီႀကိဳက္တဲ့ဟင္းလ်ာေတြကျပန္႔က်ဲကုန္သည္။

"မဟုတ္ဘူး..မဟုတ္ဘူးကြၽန္ေတာ္မဟုတ္ဘူး"

ေရွာင္းက်န္႔အသိမကပ္စြာထိုစကားေတြခ်ည္းအစဥ္မက်ေျပာေနမိတယ္။သူဘယ္လိုရွင္းျပရမလဲမသိဘူး ဘာလို႔သူ႔ကိုဟြမ္ထုကိုသတ္တဲ့လူလို႔တစ္ထစ္ခ်ႀကီးေျပာရတာလဲ..မဟုတ္ေၾကာင္းသက္ေသျပခ်င္တယ္ဒါေပမဲ့သူဘာမွမလုပ္ႏိုင္ဘူး မင္းသား၃ရဲ႕လူေတြကသူ႔လက္ေမာင္းႏွစ္ဖက္ကေနအၾကမ္းပတမ္းဆြဲေခၚသြားၾကတယ္။

"မင္းသား၃..ကြၽန္ေတာ္မသတ္ပါဘူး ကြၽန္ေတာ္တကယ္မသတ္ပါဘူး...လႊတ္ေပးပါ"

ေအာ္ဟစ္အကူအညီေတာင္းၿပီးေျပာေနေပမဲ့ဘယ္သူမွသူ႔ကိုဂ႐ုမစိုက္စြာလ်စ္လ်ဴရႈထားၾကသည္။ေရွာင္းက်န္႔ဘဝႀကီးကလဲဆိုး႐ြားလိုက္တာ..

အခ်ဳပ္ခန္းေတြထဲေခၚလာၿပီးေကာက္႐ိုးပုံေတြထည့္ထားတဲ့အခ်ဳပ္ခန္းထဲသူ႔ကိုၾကမ္းတမ္းစြာတြန္းထုတ္လိုက္တာမလို႔ေျမျပင္ေပၚပုံလ်က္လဲက်သြားသည္။တံခါးကိုပိတ္ကာေသာ့ခတ္ၿပီးထိုလူေတြကထြက္သြားၾကတယ္။ေရွာင္းက်န္႔လဲက်ေနရာကေနကုန္း႐ုန္းထကာတံခါးဆီသြားၿပီးတိုင္လုံးေတြကိုဆုပ္ကိုင္ကာတြန္းထုတ္႐ုန္းေနသည္။ပါးစပ္ကလဲသူမဟုတ္ေၾကာင္းေအာ္ဟစ္ေနတယ္..

"ကယ္ၾကပါ!!. ..ကြၽန္ေတာ္ဟြမ္ထုကိုတကယ္မသတ္ပါဘူးသူ႔ဘာသာဘယ္လိုေသသြားလဲမသိဘူး ကြၽန္ေတာ့ကိုယုံေပးၾကပါ..ဧကရီ! ဧကရီ!! ေရွာင္းက်န္႔ကိုကယ္ပါအုံး!! အီး.."

"တိတ္စမ္း!!! နားညည္းလိုက္တာမင္းဆက္ေအာ္ေနရင္မင္းပါးစပ္ကိုအပ္နဲ႔ခ်ဳပ္ပစ္မယ္! ၾကားလား!!!"

ေထာင္ေစာင့္ျဖစ္ပုံရတဲ့ဝဝတုတ္တုတ္ဝက္လိုလူႀကီးကသူ႔ေရွ႕လာကာပိတ္ေဟာက္လိုက္တာမလို႔ေရွာင္းက်န္႔ကိုယ္ေလးတုန္တက္ကာပါးစပ္ေလးပိတ္သြားသည္။ေရွာင္းက်န္႔အဆီတဝင္းဝင္းနဲ႔ထိုဝက္ႀကီးကိုေၾကာက္ပါသည္။

ၿငိမ္ကုတ္သြားတဲ့ေရွာင္းက်န္႔ကေကာက္႐ိုးပုံေတြေပၚဒူးႏွစ္ဖက္ေထာင္ကာပိုက္လ်က္က်ဳံ႕က်ဳံးေလးထိုင္ခ်လိုက္သည္။ပါးျပင္ေပၚစီးက်လာတဲ့မ်က္ရည္ေတြကိုလဲလက္ဖမိုးနဲ႔ပြတ္ဆြဲသုတ္ၿပီးအသံတိတ္ငိုေနမိတယ္။သူအရမ္းေၾကာက္တယ္...သူမသတ္တဲ့အေၾကာင္းကိုရွင္းျပခ်င္သည္။သက္ေသျပခ်င္သည္...

"အင့္..ဧကရီ..ေရွာင္းက်န္႔ေၾကာက္တယ္ ေရွာင္းက်န္႔ကိုလာကယ္ပါ အင့္႐ႊတ္!. ."

ဧကရီရဲ႕ေထာင္ဟြားနန္းေဆာင္တြင္ေရွာင္းက်န္႔သတင္းကိုလာေျပာတဲ့ေမာက္ဖူနဲ႔အၾကမ္းရည္ငွဲ႔ေသာက္ေနတဲ့ဧကရီတို႔ရွိေလသည္။ခ်စ္ရသူတစ္ေယာက္လုံးဒီလိုအေျခအေနေရာက္ေနတာေတာင္ေအးေဆးေနႏိုင္တဲ့ဝမ္ရိေပၚကိုတျခားလူေတြသာဆိုတမ်ိဳးျမင္ခ်င္ျမင္ၾကပါလိမ့္မယ္။ေမာက္ဖူကေတာ့ဝမ္ရိေပၚအေၾကာင္းေကာင္းေကာင္းသိတာမလို႔ဝမ္ရိေပၚေခါင္းထဲကအႀကံေတြထုတ္ေနတာကိုသိတယ္။

ေရွာင္းက်န္႔ကိုစိတ္ပူေသာ္လဲဒီေနရာမွာသူလုပ္ခ်င္သလိုလုပ္လို႔မရဘူး။သူ႔လူကိုလုပ္ႀကံရဲတဲ့လူေတြကိုလဲေကာင္းေကာင္းႀကီးပညာျပရမယ္...ငါ့အသက္ကိုမွလာထိရဲတဲ့မင္းတို႔ငါ့အေၾကာင္းသိေစရမွာေပါ့။

ဝမ္ရိေပၚကအၾကမ္းရည္ခြက္ကိုငွဲ႔ကာေအးသြားေအာင္ေလနဲ႔တဖူးဖူးအသာမႈတ္ေနလိုက္သည္။လက္တစ္ဖက္ကလဲယပ္ေတာင္ကိုအဆက္မပ်က္ခပ္ေနေသးသည္။ယခုသူ႔ပုံစံကအလြန္ေသြးေအးလွသည့္ပုံေပါက္ေနသည္။

"ဟြမ္ထုဘယ္ခ်ိန္အသတ္ခံရတာလဲ"

"ညတုန္းကပါ အဲ့အခ်ိန္ကေရွာင္းက်န္႔လဲအဲ့ဒီေနရာမွာရွိေနတယ္လို႔ကိုယ္လုပ္ေတာ္မုရွင္းသြဲ႕ကေျပာတယ္"

"မုရွင္းသြဲ႕?"

"ဟုတ္ပါတယ္"

"ဟက္.စိတ္ဝင္စားစရာပဲ သူကေရွာင္းက်န္႔လူသတ္တာကိုေတြ႕ခဲ့လို႔လား ငါ့လူကိုမ်ားရာရာစစသက္ေသမရွိပဲစြပ္စြဲရတယ္!"

ဒုန္း!

ဝမ္ရိေပၚကႏႈတ္ခမ္းေတြတြန္႔ေကြးေနရာကေနခ်က္ခ်င္းတည္တင္းသြာကာေရေႏြးခြက္ကိုေဆာင့္ခ်လိုက္သည္။ပန္ကန္လုံးထဲကေရေႏြးေတြကအျပင္ကိုခုန္ေပါက္လ်ံက်သြားတယ္။

"ဒီကိစၥကမ႐ိုးရွင္းဘူးလို႔ကြၽန္ေတာ္ထင္တယ္တစ္ေယာက္ေယာက္ရဲ႕အႀကံအစည္မ်ားလား"

"ေသခ်ာတာေပါ့ ဘယ္သူလဲဆိုတာငါသိတယ္"

ဝမ္ရိေပၚကေသခ်ာစြာေျပာေနသည္။ေမာက္ဖူစိတ္ပူတာဝမ္ရိေပၚကအခ်စ္ေဇာနဲ႔စိတ္လိုက္မန္ပါေတြေလ်ာက္လုပ္လိုက္မွာကိုပဲ။ဝမ္ရိေပၚကေသြေအးၿပီးရက္စက္တယ္ ဒါေပမဲ့ေသြးပူလာတဲ့အခ်ိန္က်ရင္ေတာ့ဘယ္သူမွတားလို႔မရေအာင္ေၾကာက္စရာေကာင္းသည္။

"ေရွာင္းက်န္႔သာတစ္ခုခုျဖစ္ရင္ေဆာင္တိုင္းျပည္ငါ့ေျခေထာက္ေအာက္ျပာက်ေစရမယ္.ဟက္"

ဝမ္ရိေပၚရဲ႕ေအးစက္စက္စကားေၾကာင့္ေမာက္ဖူပို၍စိုးရိမ္သြားမိသည္။႐ႊယ္ရွန္းတိဝမ္အတြက္ေဆာင္တိုင္ျပည္ကလက္ညိဳးေလးတစ္ခ်က္ေကြးလိုက္တာနဲ႔ျပာမႈန္ဘဝေရာက္ေအာင္လုပ္ႏိုင္တယ္။ဒါေပမဲ့ခုခ်ိန္မွာသူတို႔သခင္ကတိုင္းတစ္ပါးအကူအညီနဲ႔ပုန္းခိုေရွာင္တိမ္းေနရတဲ့သူ ။ အင္အားႀကီးေပမဲ့လႈပ္ရွားဖို႔မလြယ္ဘူး ဒါကဥပမာေပးရရင္စြမ္းအားေတြခ်ိတ္ပိတ္ခံထားရတဲ့သူလိုစြမ္းအားရွိေပမဲ့အသုံးျပဳလို႔မရဘူး။ဝမ္ရိေပၚလဲထိုနည္းလည္ေကာင္းပင္...

"ဧကရာဇ္ဆီသြားမယ္"

ဝမ္ရိေပၚကအႀကံရသြားသလိုၿပဳံးကာထိုင္ေနရာကထရပ္လိုက္သည္။ဧကရာဇ္ကသူ႔စကားတစ္ခြန္းပဲေလ...

*^^*

"ဗိုက္ဆာလိုက္တာ"

ေကာက္႐ိုးပုံေတြေပၚေကြးေကြးေလးအိပ္ေနတဲ့ေရွာင္းက်န္႔ကဗိုက္ကိုဖိႏွိပ္ထားကာဆာေလာင္ေနေလသည္။အရင္ကဆိုခုခ်ိန္ဧကရီေကြၽးတဲ့မုန္႔ခ်ိဳေတြကိုတဝတၿပဲႀကီးစားေနေလာက္ၿပီ..ခုေတာ့ဘာတစ္ခုမွမစားရေသးတာမနက္ထဲက

"ေဟ့..ထလာခဲ့ ဒီမွာမင္းအတြက္ထမင္း!"

အေစာင့္တစ္ေယာက္ကပန္ကန္ျပားတစ္ခုကိုအထဲလွမ္းထားတာေတြ႕ေတာ့ေရွာင္းက်န္႔အေျပးေလးသြားၾကည့္မိသည္။ေပ်ာ့ၿပဲေနတဲ့ထမင္းနဲ႔ဟင္းခ်ိဳေတြကအေတာ္ေလးဆိုး႐ြားတယ္။ေရွာင္းက်န္႔မ်က္ႏွာေလးရႈံ႕မဲ့လိုက္တယ္

"ဘာႀကီးေတြလဲငါဒါေတြမစားခ်င္ဘူး ေပါက္ဆီမရွိဘူးလား ဒါမွမဟုတ္လဲယာဂုေလးျဖစ္ျဖစ္"

"ႀကီးက်ယ္လိုက္တာမင္းကိုယ္မင္းဧကရီရဲ႕အေစခံလို႔ထင္ေနတုန္းလားမင္းကလူသတ္သမားအပစ္သားျဖစ္ေနၿပီအရင္လိုပုံစံေနရမယ္ထင္ေနလား အခ်ဳပ္ထဲမွာေကြၽးတာစား မစားခ်င္ရင္အငတ္ေန!!"

အေစာင့္ရဲ႕ဆူပူသံေၾကာင့္ေရွာင္းက်န္႔ႏႈတ္ခမ္းဆူလိုက္သည္။အရင္ကအတိုင္းဆိုပက္ခနဲျပန္စြာလိုက္တယ္။ခုေတာ့အေျခအေနအေၾကာင္းမလွေတာ့ျပန္ေျပာခ်င္တာေတြကိုလည္ေခ်ာင္းထဲၿမိဳခ်လိုက္သည္။ထမင္းနဲ႔မတူတဲ့ဝက္စာလိုစားစရာကိုၾကည့္ၿပီးဝမ္းနည္းမႈကလႈိက္တက္လာသည္။မ်က္ရည္ေတြတသြင္သြင္စီးက်ေနတာကိုသုတ္ေပမဲ့အဆက္မျပတ္စီးက်ေနတုန္းပင္။ေရွာင္းက်န္႔အရင္လိုဆင္းရဲတဲ့ဘဝမွာေတာင္ယာဂုေလးေတာ့ျပဳတ္ေသာက္ႏိုင္ေသးတယ္ခုလိုမ်ိဳးတစ္ခါမွမစားရဘူး။

ခ်ထားေပးတဲ့ထမင္းပန္းကန္ကိုေရွာင္းက်န္႔လုံးဝမထိပဲဆာေလာင္မႈကိုလွိမ့္ပတ္ၿပီးသည္းခံေနေလသည္။ထမင္းပန္းကန္ကိုမ်က္ေစာင္းေတြထိုးၿပီးအေကာင္းႀကိဳက္တဲ့ေရွာင္းက်န္႔မာနေလးကခြင္မျပဳဘူး။ပ်င္းလာတာေၾကာင့္နံရံမွာမီးေသြးခဲနဲ႔ပုံေတြဆြဲေနလိုက္သည္။သူဆြဲတဲ့ပုံကိုျပန္ၾကည့္ေတာ့ဧကရီပုံျဖစ္ေနတယ္ ဘာလို႔ဒီပုံဆြဲမိသြားလဲမသိဘူး။ခုခ်ိန္မွာသူ႔စိတ္ထဲဧကရီပဲရွိေနတယ္အရမ္းသတိရတယ္ေတြ႕ခ်င္တယ္...သူေတာင္မသိလိုက္ခင္အခ်ိန္ေလးမွာဧကရီကသူ႔ရင္ထဲေနရာယူသြားခဲ့ၿပီလား

ေရွာင္းက်န္႔သူ႔အေတြးသူထိတ္လန္႔သြားကာေခါင္းကိုခါယမ္းပစ္လိုက္သည္။လုံးဝမေတြးသင့္တဲ့အေတြးေတြ။အခ်ဳပ္ခန္းတံခါးဖြင့္သံၾကားေတာ့သူလွည့္ၾကည့္လိုက္သည္။ဧကရီ...

"ဧက. အင့္!"

ေခၚသံမဆုံးေသးခင္ဧကရီကသူ႔ကိုအတင္းအၾကပ္ေပြ႕ဖက္လိုက္တာမလို႔ေရွာင္းက်န္႔ကိုယ္လုံးေလးေတာင္ေျမႇာက္တက္သြားသလိုပင္။ဝမ္ရိေပၚရဲ႕လက္ေမာင္းေတြၾကားထဲအသက္႐ူၾကပ္မတတ္ဖိညႇစ္ခံထားရေပမဲ့မက္မြန္နံ႔သင္းသင္းေလးကိုေတာ့အငမ္းမရ႐ူရႈိက္ေနမိသည္။ဧကရီကသူ႔ကိုလြတ္ထြက္သြားမွာစိုးသည့္အလားအ႐ိုးေတြက်ိဳးေၾကမတတ္ဖက္ထားသည္။

"ဧကရီ..အဟြတ္ ကြၽန္ေတာ္အသက္႐ူမရေတာ့ဘူး နဲနဲ နဲနဲေလ်ာ့ေပးပါ.အု "

ဧကရီကသူ႔ကိုဖက္ထားရာကေနေတာ့လႊတ္ေပးလိုက္ေပမဲ့သူ႔ႏႈတ္ခမ္းေတြကိုေတာ့အလႊတ္မေပးခဲ့ေပ။ထိကပ္လိုက္တဲ့ႏူးညံ့အိစက္ေနတဲ့ႏႈတ္ခမ္းထူထူေၾကာင့္ေရွာင္းက်န္႔ေခါင္းထဲဗလာက်င္းသြားေတာ့သည္။မဟုတ္ေသးဘူးေလ ခု ခုအခ်ဳပ္ခန္းႀကီးမွာေလ မျဖစ္ဘူး

လက္မခံရဲတာမလို႔ရင္ဘက္ကိုလက္သီးဆုပ္ေလးနဲ႔ထု႐ိုက္ေနေပမဲ့ထိုလက္ကိုဖမ္းဆုပ္ကာႏႈတ္ခမ္းေတြကိုခပ္ဆတ္ဆတ္ကိုက္ကာေစ့ပိတ္ထားတဲ့ႏႈတ္ခမ္းလႊာကိုပြင့္ဟေစသည္။နာက်င္မႈေၾကာင့္ဟမိေတာ့ခံတြင္းထဲတိုးဝင္လာတဲ့လွ်ာကတစ္စုံတစ္ခုကိုရွာေဖြေနသည့္အလားေမႊေႏွာက္ေနေလသည္။

"အြင့္ ဧ က "

ဧကရီရဲ႕တိုးဝင္ေနတဲ့လွ်ာကသူ႔လွ်ာကိုဖမ္းမိေတာ့ဆြဲယူစုပ္ထားေလသည္။ရွည္လ်ားတဲ့အနမ္းေၾကာမွာေရွာင္းက်န္႔ရဲ႕ႏႈတ္ခမ္းေထာင့္ကေနေငြေရာင္အရည္ၾကည္တို႔စီးက်လာသည္။မတ္တပ္ရပ္ထားတဲ့ေျခေထာက္ေတြကမခိုင္ေတာ့ပဲေခြလဲက်ေတာ့ဝမ္ရိေပၚကခါးကေနလွမ္းေပြ႕ထားတယ္။အနမ္းေတြကိုရပ္တန္႔ၿပီးသူ႔မ်က္ႏွာကိုကိုင္ကာနဖူးခ်င္းထိကပ္ၿပီးႏွာေခါင္းထိပ္ေလးမ်ားကိုပူးကပ္ထားေစသည္။

အသက္႐ူမဝတဲ့အနမ္းၾကမ္းေတြေၾကာင့္ေရွာင္းက်န္႔ရဲ႕ဖူးေယာင္ၿပီးစိုအိအိျဖစ္ေနတဲ့ႏႈတ္ခမ္းေလးကအနည္းငယ္ပြင့္ဟကာေလကိုအသည္းအသန္႐ူေနသည္။ဝမ္ရိေပၚကေရွာင္းက်န္႔ရဲ႕ႏႈတ္ခမ္းကိုလက္မနဲ႔ဖြဖြပြတ္သပ္ကာမ်က္ဝန္းေထာင့္ကမ်က္ရည္စေလးကိုဖယ္ရွားေပးလိုက္တယ္။

"ေရွာင္းက်န္႔ မင္းကငါ့အပိုင္မင္းကိုဘယ္သူ႔ကိုမွမေပးႏိုင္ဘူး ငါ့ကိုလက္မခံႏိုင္ဘူးဆိုရင္ေတာင္မျငင္းနဲ႔ "

ဝမ္ရိေပၚကေျပာၿပီးႏွာေခါင္းထိပ္ေလးေတြကိုအခ်င္းခ်င္းပြတ္သပ္လိုက္သည္။ခ်စ္လြန္းလို႔ဘယ္လိုလုပ္ရမလဲ ေရွာင္းက်န္႔ကိုသူ႔အိမ္ျပန္ေခၚသြားၿပီးဘယ္သူမွမျမင္ေအာင္ဖြက္ထားခ်င္တယ္

ဝမ္ရိေပၚခ်န္းယြီရွီကိုသြားေတြ႕ၿပီးေရွာင္းက်န္႔နဲ႔ပက္သက္တာကိုေဆြးေႏြးခဲ့တယ္။ဧကရာဇ္ကသူ႔ကိုအဓိပၸါယ္ပါတဲ့မ်က္လုံးေတြနဲ႔ၾကည့္တယ္။

"ဧကရီကေရွာင္းက်န္႔ကိုအရမ္းဂ႐ုစိုက္တယ္ေနာ္ ကိုယ့္ကိုေတာင္အဲ့ေလာက္ဂ႐ုမစိုက္ဘူး"

"အရွင္အထင္လြဲေနတာပါေရွာင္းက်န္႔ကကြၽန္ေတာ့္အေစခံမလို႔စိတ္ပူ႐ုံပါပဲ"

ဝမ္ရိေပၚကမ်က္လႊာခ်ထားရင္းျဖင့္သာခ်န္းယြိရွီကိုတစ္ခ်က္မွ်မၾကည့္ပဲေျပာလိုက္သည္။ခ်န္းယြိရွီကဝမ္ရိေပၚမ်က္ႏွာကိုမ်က္ေတာင္မခတ္စူးစိုက္ၾကည့္ေနသည္။

"ကြၽန္ေတာ္ေျပာခ်င္တာကဒီအမႈကိုစိတ္လိုက္မန္ပါမဆုံးျဖတ္ပဲေသခ်ာစစ္ေဆးေပးပါ ေရွာင္းက်န္႔ကလူမေျပာနဲ႔ပိုးေကာင္ေလးတစ္ေကာင္ေတာင္သတ္ဖို႔မဝံ့တဲ့သူပါ ကြၽန္ေတာ့္နားမွာေနလာတာၾကာၿပီးဒါမ်ိဳးသူဘယ္ေတာ့မွလုပ္မွာမဟုတ္ဘူး တမင္ေခ်ာက္ခ်ခံရတာလဲျဖစ္ႏိုင္တာမလို႔ ၿပီးေတာ့အဲ့ဒီညကေရွာင္းက်န္႔ရွိေနတာကိုကိုယ္လုပ္ေတာ္မုကေတြ႕ခဲ့ေပမဲ့လူသတ္တာေတာ့မေတြ႕ခဲ့ဘူးမလား"

"ဧကရီစကားေတြအမ်ားႀကီးေျပာေနတာပဲ သတိထားမိရဲ႕လား ပုံမွန္ကိုယ္ဆယ္ခြန္းေျပာမွတစ္ခြန္းျပန္ေျပာတတ္တဲ့ဧကရီကအေစခံနဲ႔ပက္သက္လာရင္ေတာ့ေျပာင္းလဲသြားတယ္ေနာ္ ကိုယ့္ဆီလာရမွာအၿမဲလိုတြန္႔ဆုတ္ေနတတ္သူကေရွာင္းက်န္႔ေၾကာင့္အေခၚေတာ္လႊတ္စရာမလိုေအာင္လာတတ္တယ္.."

ဧကရာဇ္ခ်န္းယြိရွီကေအးစက္ေနတဲ့မ်က္ႏွာထားနဲ႔ထူးဆန္းတဲ့မ်က္ဝန္းေတြျဖင့္ၾကည့္ကာေျပာသည္။ဝမ္ရိေပၚကႏႈတ္ဆိတ္ေနတယ္ ဟုတ္ပါတယ္ ေရွာင္းက်န္႔နဲ႔ပက္သက္လာရင္သူ႔ကိုယ္သူလုံးဝမထိန္းႏိုင္ဘူး။

"ေရွာင္းက်န္႔ကတရားခံပါလို႔သက္ေသမရွိသလိုတရားခံမဟုတ္ပါဘူးဆိုတာလဲသက္ေသမရွိဘူး တိုင္းျပည္ဥပေဒအရလူသတ္မႈကေသဒဏ္ပဲ "

ဝမ္ရိေပၚရဲ႕မ်က္လုံးေတြကမတည္ၿငိမ္စြာေယာင့္ယက္ခတ္သြားၿပီးရင္ထဲပူတက္လာသည္။ေရွာင္းက်န္႔ကိုသူ႔ဆီကေနဘယ္သူမွေခၚထုတ္သြားလို႔မရဘူး။ခုခ်ိန္မွာေရွာင္းက်န္႔အတြက္ဘာမွမလုပ္ေပးႏိုင္တဲ့သူ႔ကိုယ္သူလဲေဒါသထြက္မိသည္။ေထာင္ေဖာက္ၿပီးသူတို႔အတူထြက္ေျပးရင္ေကာင္းမလား..ယမ္အာနဲ႔ယြမ္အာေရာက္လာရင္ဘယ္သူမွသူတို႔ကိုရွာေတြ႕ေတာ့မွာမဟုတ္ဘူး။

"ဒါေပမဲ့တစ္နည္းေတာ့ရွိတယ္ေရွာင္းက်န္႔ကိုလႊတ္ေျမာက္ေစဖို႔"

ဝမ္ရိေပၚကခ်န္းယြိရွီစကားကိုေသခ်ာအာ႐ုံစိုက္လိုက္သည္။

"ေရွာင္းက်န္႔ကိုအိမ္ေရွ႕စံရဲ႕ၾကင္ယာေတာ္အျဖင့္လ်ာထားမယ္ဆိုရင္အပစ္ေတြေခ်မႈန္းႏိုင္တယ္"

ဝမ္ရိေပၚရဲ႕ေမး႐ိုးေဆြကထင္းခနဲျဖစ္သြားၿပီးလက္သီးေတြကလဲတင္းခနဲပါပဲ။သူ႔အပိုင္ကိုလိုခ်င္ေနတာလား ေနာက္ဘဝထိရမွာမဟုတ္ဘူးေရွာင္းက်န္႔ကသူ႔အတြက္ပဲ။

"အား႐ုံကေရွာင္းက်န္႔ကိုသေဘာက်ေနတယ္ဒါေပမဲ့အရမ္းငယ္လြန္းတာမလို႔ခ်က္ခ်င္းထိမ္းျမားေပးဖို႔ဆိုတာမျဖစ္ႏိုင္ဘူး ဒါေၾကာင့္အား႐ုံအသက္ျပည့္ရင္ေရွာင္းက်န္႔ကၾကင္ယာေတာ္ျဖစ္ရမယ္"

ဝမ္ရိေပၚရင္ထဲလႈိင္းထန္ေနေလသည္။ေဒါသေတြနဲ႔ပူတက္လာတဲ့စိတ္ကိုအတင္းခ်ိဳးႏွိမ္ထားရသည္။သူ႔နဂိုစိတ္နဲ႔ဆိုသူ႔ေရွ႕ကဧကရာဇ္ကိုခ်က္ခ်င္းသတ္ပစ္ေနၿပီးေလာက္ၿပီ။ေရွာင္းက်န္႔ကိုတျခားေပးပစ္ဖို႔လုပ္ေနတာလုံးဝမႀကိဳက္ဘူး။ဒါေပမဲ့ခုခ်ိန္မွာေတာ့မ်က္လႊာခ်ေခါင္းငုံ႔ရင္းသာေနရသည္။

"ေရွာင္းက်န္႔လက္ခံရင္သူလြတ္​ေျမာက္မွာပါဧကရီဘယ္လိုသေဘာရလဲ"

"ဒါကကြၽန္ေတာ္ဆုံးျဖတ္ရမွာမဟုတ္ပါဘူးအရွင္ကာယကံရွင္ျဖစ္တဲ့ေရွာင္းက်န္႔သေဘာပါ"

ဝမ္ရိေပၚကစိတ္ထဲမရွိတာကိုေျပာလိုက္သည္။သူသာၾကားထဲကျပင္းထန္စြာကန္႔ကြက္မိရင္ဧကရီနဲ႔အေစခံၾကားကဆက္ဆံေရးကိုခ်န္းယြိရွီသံသယဝင္သြားႏိုင္သည္။ခုေတာင္မသကၤါတဲ့မ်က္လုံးေတြနဲ႔ေစာင့္ၾကည့္ေနတာမလား။

"ဟုတ္တာေပါ့..ေရွာင္းက်န္႔ျငင္းဆန္မွာမဟုတ္ပါဘူး"

ခ်န္းယြိရွီကဧကရီမ်က္ႏွာကိုေစ့ေစ့ၾကည့္ကာေျပာလိုက္သည္။အစတုန္းကအား႐ုံနဲ႔ေရွာင္းက်န္႔ကိုသေဘာမတူခဲ့ပါဘူးဒါေပမဲ့အခုေတာ့သူ႔ဧကရီနဲ႔ေရွာင္းက်န္႔ရဲ႕ဆက္ဆံေရးကိုသိပ္ၿပီးဘဝင္မက်တာမလို႔သူမႏွစ္သက္တာေတြျဖစ္မလာခင္စည္းတစ္ခုျခားလိုက္တာပင္။ခ်န္းယြိရွီကဧကရီကိုအရမ္းခ်စ္တယ္ အဲ့ဒါေၾကာင့္အခ်စ္လဲႀကီးပါဘိ။

"ဧကရီကို ကိုယ္ဘယ္ေလာက္ထိခ်စ္လဲဆိုတာသိတယ္မလား ဒါေၾကာင့္လဲအရာအားလုံးမင္းစိတ္တိုင္းက်လႊတ္ထားခဲ့တာ"

"ကြၽန္ေတာ္သိပါတယ္."

"ကိုယ့္ကိုထားခဲ့မယ္လို႔ေတာ့ဘယ္ေတာ့မွမေတြးမိေစနဲ႔ အဲ့လိုဆိုကိုယ့္ကိုကိုယ္သတ္ေသၿပီးဧကရီကိုပါအတူေခၚသြားမွာ ထာဝရခြဲခြာျခင္းမရွိေအာင္ခ်ည္ေႏွာင္ထားမိလိမ့္မယ္"

ခ်န္းယြိရွီကသူအေၾကာက္ဆုံးအရာကိုထုတ္ေျပာလိုက္သည္။ခ်စ္ရသူကသူ႔အေပၚသစၥာမေဖာက္ဘူးလို႔ယုံၾကည့္လို႔ရတယ္မလား

ဝမ္ရိေပၚကဧကရာဇ္ဆီကျပန္လာၿပီးေရွာင္းက်န္႔ကိုသြားေတြ႕သည္။အခ်ဳပ္ခန္းထဲၿငိမ္ၿငိမ္ေလးထိုင္ေနတဲ့ေရွာင္းက်န္႔ကသူ႔ရင္ကိုနာက်င္ေစတယ္။ေရွာင္းက်န္႔ကိုေသးေသးေလးေတာင္မထိခိုက္ေစခ်င္တာကသူ႔ရင္ထဲကဆႏၵအစစ္အမွန္ပင္။ခ်န္းယြိရွီစကားေတြျပန္ၾကားေယာင္ၿပီးအဆုံးရႈံးအခံႏိုင္ပဲအပိုင္လိုခ်င္စိတ္ေတြကသူ႔စိတ္ထဲတိုးထြက္လာတယ္။စိတ္မထိန္းႏိုင္စြာေရွာင္းက်န္႔ကိုအတင္းအၾကပ္နမ္းမိခဲ့သည္။ျဖစ္ႏိုင္ရင္ခ်က္ခ်င္းသူ႔အပိုင္အျဖင့္တံဆိပ္ခတ္သိမ္းပိုက္ခ်င္ေပမဲ့အေျခအေနကထိုသို႔ျပဳမရေသး။

ေက်းဇုျပဳၿပီး အိမ္ေရွ႕စံကိုလက္မခံလိုက္ပါနဲ႔

💚💛❤

Comment