3ခု

3ခု
Uni

အနောက်နန်းဆောင်ကိုဦးစီးရတဲ့ဧကရီဝမ်ရိပေါ်ကအစေခံတစ်ချို့ကိုလက်ဆောင်ပနာတွေသယ်ယူခိုင်းပြီးအနောက်နန်းဆောင်ကိုထွက်လာခဲ့သည်။ဒီလက်ဆောင်တွေကအနောက်နန်းဆောင်ကကြင်ယာတော်တွေနဲ့ကိုယ်လုပ်တော်တွေကိုပေးတဲ့အရာတွေပါပဲ။ရှောင်းကျန့်ကတန်းဖိုးကြီးပစ္စည်းတွေကိုကြည့်ပြီးဧကရီကအရမ်းစိတ်ကောင်းရှိတယ်ဟုတွေးမိလေသည်။

အနောက်နန်းဆောင်ရဲ့ပင်မဧကရီနားဆောင်ရောက်တော့ကြင်ယာတော်တွေနဲ့ကိုယ်လုပ်တော်တွေကဧကရီကိုအရိုအသေပေးကြသည်။ဝမ်ရိပေါ်ကထိုင်ခုံမှာအကျအနဝင်ထိုင်ပြီးရှောင်းကျန့်ကဝမ်ရိ​ေပာ်ဘေးတွင်ရပ်နေသည်။

မင်းတို့အတွက်ငါလက်ဆောင်တချို့ယူလာခဲ့တယ်သိပ်တန်ဖိုးမကြီးပေမဲ့ကြိုက်ကြမယ်လို့တော့ထင်ပါတယ် ငါ့စေတနာကိုအသိအမှတ်ပြုပေးပါ

"ကျေးဇုတင်ပါတယ်ဧကရီ.."

အားလုံးဆီကတညီတညွတ်ထဲအသံထွက်လာသည်။ဧကရာဇ်မှာကိုယ်လုပ်တော်၁၂ယောက်ကြင်ယာတော်၃ယောက်နဲ့ဧကရီအပါအဝင်မောင်းမတော်အားလုံး၁၆ယောက်ရှိသည်။ထိုထဲမှာမိန်းကလေးဟူ၍ကြင်ယာတော်လျန်တစ်ယောက်ပဲရှိသည်။နန်းသွေးအတွက်လိုအပ်လို့လဲဖြစ်ပြီးဧကရာဇ်အိမ်ရှေ့စံမင်းသားဘဝထဲကထိမ်မြှားထားကြခြင်းဖြစ်သည်။ရှောင်းကျန့်မနေ့ကတွေ့ခဲ့တဲ့အိမ်ရှေ့စံရဲ့မွေးမိခင်လဲဖြစ်တယ်။မနေ့ကအကြောင်းတွေအတွေးထဲပေါ်လာတော့ကြက်သီးတောင်ထသွားရတယ်။သူမတွေးချင်ဘူး အိမ်ရှေ့စံကဒီတိုင်းစနောက်သွားတာဟုမှတ်ယူထားမိလေသည်။ဘယ့်နှယ်..နို့နံ့တောင်မစင်သေးတဲ့ကလေးသူငယ်ကသူ့ကိုဒီလိုပြောရတယ်လို့။

."လက်ဆောင်တွေအသီးသီးပေးလိုက်တော့"

ကြည်လင်ပြတ်သားပြီးဆွဲဆောင်မှုရှိလွန်းလှတဲ့အမိန့်စကားသံအဆုံးအစေခံတွေအားလုံးကလက်ဆောင်တွေကိုလိုက်ဝေပေးနေသည်။လက်ဆောင်ရလို့ပျော်နေကြတဲ့သူတွေကိုကြည့်ပြီးဝမ်ရိပေါ်ပါလိုက်ပြုံးမိသည်။အနောက်နန်းဆောင်တစ်ခုလုံးအုပ်ချုပ်နေရတာလွယ်ကူတာမှမဟုတ်တာဒီလိုအေးချမ်းတည်ငြိမ်ဖို့ဆိုဝေးလေစွ။ဒါပေမဲ့ဝမ်ရိပေါ်ကသူ့အမိန့်မှန်သမျှလိုက်နာနေအောင်လုပ်သည်။အနောက်နန်းဆောင်တစ်ခုလုံးသူ့အာဏာသက်ရောက်အောင်သူ့ကိုကြည်ဖြူအောင်အမြဲလုပ်တတ်တယ်။

ဧကရာဇ်ကဝတ်ရုံလက်ပြတ်တစ်ယောက်ဖြစ်ပေမဲ့တိုင်းပြည်ကိုသေချာအုပ်ချုပ်နိုင်တာကြောင့်ဒုက္ခဘေးကင်းဝေးပြီးစစ်မတ်ဖြစ်ပွားခြင်းမရှိ။ဒါကြောင့်လဲပြည်သူတွေအပါအဝင်နန်းတွင်းအရာရှိအမတ်တွေကအစဧကရာဇ်ဝတ်ရုံလက်ပြတ်ဖြစ်နေခြင်းအပေါ်အပစ်မယူပေ။နန်းမွေအရိုက်အရာအတွက်အိမ်ရှေ့စံလေးရှိနေပြီမလို့အထွန့်တတ်ခြင်းလဲမရှိပေ။ဆောင်တိုင်းပြည်ရောနန်းတော်ကြီးကပါအေးချမ်းလျက်ရှိလေသည်။ထိုအေးချမ်းမှုကိုပိုပြီးအေးချမ်းအောင်ဖြည့်စွက်ပေးနေတာကတော့အရှေ့ကဧကရီပါပဲ။

နွေးထွေးစွာပြုံးနေတဲ့ဧကရီကိုရှောင်းကျန့်ငေးကြည့်နေမိသည်။လက်ဆောင်တွေကိုသဘောကျပြီးအချင်းချင်းပြကာစကားပြောပြီးပြုံးပျော်နေကြတဲ့လူတွေကမနာလိုခြင်းကင်းဝေးလေသည်။အနောက်နန်းဆောင်ကြီးယခုလိုသင့်မြတ်နေတာအရမ်းကောင်းပါတယ်။ဝမ်ရိပေါ်ကခေါက်ယပ်တောင်ဖြူဖြူလေးကိုအသာအယာခတ်လို့နေသည်။

ရှောင်းကျန့်ကသဘောကျစွာငေးမောကြည့်နေရင်းဧကရီဆီကအရှိန်အဝါတစ်ခုကိုခံစားမိလေသည်။လှပခြင်းတွေနဲ့အတူဘယ်သူနဲ့မှမတူတဲ့အရှိန်အဝါတွေဖြာထွက်နေတယ်။ယပ်တောင်လေးခတ်ကာဖွဖွလေးပြုံးနေတဲ့ဧကရီကိုရွှေရောင်နဂါးကြီးကရစ်ပတ်ထားသလိုအရှိန်ဝါတွေကလူးလွန့်နေသည်။ရုတ်တရတ်ရှောင်းကျန့်မျက်ခုံးတွေတွန့်ချိုးသွားတယ်...ထူးဆန်းတဲ့ခံစားချက်တွေကအလုအယက်တိုးဝင်လာသလိုပင်။

"ကြင်ယာတော်လျန် အိမ်ရှေ့စံရဲ့အသက်၁၃နှစ်ပြည့်မွေးနေ့ပွဲကနီးကပ်လာပြီမလား..."

"မှန်ပါတယ်ဧကရီ"

ကြင်ယာတော်လျန်ရူဟွားကဧကရီရဲ့အမေးကိုရှေ့ထွက်လာကာတရိုတသေပြန်ဖြေသည်။ဝမ်ရိပေါ်ကခေါင်းကိုအသာငြိမ့်ပြကာထပ်ပြောတယ်

"အဲ့ဒီပွဲကျရင်ကြင်ယာတော်ကိုမိဖုရားအဖြစ်ရာထူးတိုးပေးဖို့အရှင့်ကိုပြောကြည့်မယ်လေ ကြင်ယာတော်သဘောတူပါရဲ့လား"

ကြင်ယာတော်လျန်ကအလွန်ဝမ်းမြောက်သွားဟန်နဲ့စိတ်လှုပ်ရှားစွာပြုံးတော့သည်။ရှောင်းကျန့်ကဧကရီအတွက်အကြမ်းရည်တစ်ခွက်ငှဲ့ပေးပြီးပူနေမှာစိုးလို့မှုတ်ပေးလိုက်တယ်။

"ဧကရီ.."

ရှောင်းကျန့်ကခပ်တိုးတိုးခေါ်ပြီးအကြမ်းရည်ခွက်ပေးလိုက်တော့ဝမ်ရိပေါ်ကလစ်ခနဲပြုံးပြကာယူပြီးဇိမ်ပြေနပြေသောက်နေသည်။ကြင်ယာတော်လျန်ကဝမ်းသာအားရကျေးဇုတင်စကားဆိုလာသည်။

"အိမ်ရှေ့စံမင်းသားရဲ့မယ်မယ်တစ်ယောက်အနေနဲ့ကြင်ယာတော်ဆိုတာထက်မိဖုရားကပိုပြီးသင့်တော်ပါတယ် ဒါကြောင့်ကြင်ယာတော်လျန်ကိုမိဖုရားအဖြင့်ရာထူးတိုးချီးမြင့်မှာပါ"

"ကျေးဇုကြီးလှပါတယ်ဧကရီ "

မျက်လုံးတွေအရောင်တလက်လက်တောက်နေပြီးလွန်စွာဝမ်းမြောက်နေတဲ့ကြင်ယာတော်လျန်ကပီတိတွေဖြာထွက်နေသည်။ဧကရီကကြင်ယာတော်ဖြစ်စေကိုယ်လုပ်တော်ဖြစ်စေဘက်လိုက်မှုမရှိဘူး။ကြီးနိုင်ငယ်ညဥ်းမူဝါဒတွေမရှိပေ။

အနောက်နန်းဆောင်ဒီလိုပဲအစဥ်မြဲအေးချမ်းနေတာအရမ်းကောင်းတယ် ဧကရာဇ်ကတိုင်းပြည်ရေးရာတွေကိုဂရုတစိုက်လုပ်နိုင်တာပေါ့ ငါတို့အနောက်နန်းဆောင်ရဲ့ပြဿနာတွေကြောင့်အရှင့်ကိုစိတ်အနှောင့်အယှက်မဖြစ်စေချင်ဘူး ဒါကြောင့်အားလုံးသင့်မြတ်နေရမယ်

"ဧကရီအလိုတော်အတိုင်းပါ.."

အားလုံးတညီးတညွတ်ခေါင်းငုံ့အရိုအသေပေးကာပြောကြသည်။ဝမ်ရိပေါ်ကခေါက်ယပ်တောင်ကိုပြန်ခေါက်ပြီးလက်ဖဝါးတစ်ဖက်မှာတစ်ချက်ချင်းစီးချက်ကျကျရိုက်ခတ်နေသည်။ရှောင်းကျန့်ကဧကရီကိုကြည့်နေရင်းဘာမှန်းမသိတဲ့ခံစားချက်တွေနဲ့အရှိန်အဝါတွေကိုခံစားမိသည်။တစ်ဆတ်ထဲဧကရီကဧကရာဇ်ရဲ့ပါရမီဖြည့်ဖက်ကောင်းတစ်ယောက်ဖြစ်ပြီးတိုင်းပြည်မိခင်ကောင်းလဲဖြစ်နိုင်သည်ဟုတွေးမိတယ်။

ရှောင်းကျန့်အကြည့်တွေကိုအစေခံတွေရှိတဲ့ဆီပို့မိလိုက်တော့သူ့ကိုမျက်နှာသေနဲ့စိုက်ကြည့်နေတဲ့သူကိုတွေ့လိုက်တယ်။ရှောင်းကျန့်နည်းနည်းလေးတော့လန့်သွားပေမဲ့ထိုလူကိုသူသိတာကြောင့်ပြုံးပြလိုက်တယ်။အဲ့ဒီလူကသူတို့အပျိုတော်ထိန်းဆီတာဝန်ယူရန်သွားတော့တွဲခဲ့တဲ့လူပင်။သူပြုံးပြလိုက်တော့အဲ့ဒီလူကမျက်စောင်းထိုးကာအကြည့်လွဲသွားတယ်။ရှောင်းကျန့်နှုတ်ခမ်းလေးမဲ့လိုက်တယ်။တွေ့လို့နှုတ်ဆတ်တာကိုအလကားမာနကြီးနေတယ် ..

*^^*

အနောက်နန်းဆောင်ကပြန်လာတော့သူတို့နောက်မှာအလာတုန်းကလိုအစေခံတွေပါမလာတော့ပေ။ရှောင်းကျန့်နဲ့ဧကရီနှစ်ယောက်ပဲဖြစ်တာမလို့ခြေသံတွေကလွဲပြီးတိတ်ဆိတ်နေလေသည်။ရှောင်းကျန့်ကဝမ်ရိပေါ်အနောက်ကနေတိတ်တိတ်လေးလိုက်နေပြီးခြေလှမ်းတွေကိုကြည့်နေသည်။ဝမ်ရိပေါ်ရဲ့ခြေလှမ်းတွေကမနှေးလွန်းမမြန်လွန်းပဲခြေလှမ်းအကျယ်ကလဲတိကျ​တယ်။

နှစ်ဆယ့်ငါး..နှစ်ဆယ့်ခြောက်..နှစ်ဆယ့်ခုနှစ်...။ရှောင်းကျန့်စိတ်ထဲကနေဧကရီရဲ့ခြေလှမ်းတွေကိုရေတွက်နေလေသည်။ရုတ်တရတ်ဧကရီကရပ်လိုက်တာမလို့ရှောင်းကျန့်လဲရပ်လိုက်သည်။ဒါပေမဲ့သူ့အကြည့်တွေကဝမ်ရိပေါ်ရဲ့ခြေထောက်မှာရှိနေတုန်းပင်။ဝမ်ရိပေါ်ကအနောက်လှည့်ပြီးမျက်နှာငုံ့ထားတဲ့ရှောင်းကျန့်ရဲ့မေးကနေပင့်မော့စေကာအကြည့်ချင်းဆုံစေသည်။

အတွင်းထဲထိထိုးဖောက်လောက်တဲ့ရွှန်းရွှန်းစားစားနဲ့ကြည့်နေတဲ့မျက်ဝန်းနက်တွေနဲ့နားမလည်ဟန်ကြောင်တောင်ကြောင်ကြည့်နေတဲ့လှပတဲ့အညိုရောင်မျက်ဝန်းသွယ်တို့ကအကြည့်ချင်းဆုံသွားကြသည်။ဝမ်ရိပေါ်ကလှပပြီးရဲသွေးကြွနေတဲ့နှုတ်ခမ်းဖူးဖူးလေးကိုတွန့်ကွေးစေပြီးပြုံးလိုက်တယ်။

"ဘာလို့အမြဲခေါင်းကြီးငုံ့ထားရတာလဲ ဘေးပတ်ဝန်းကျင်ကိုလဲကြည့်လျောက်လေ တစ်ခုခုနဲ့ဝင်တိုက်နေပါအုံးမယ်"

"ဟီး..ကျွန်တော်သိပါပြီ"

ရှောင်းကျန့်ကချိုမြစွာပြုံးပြလိုက်တော့ဝမ်ရိပေါ်ကအရှေ့ကိုပြန်လှည့်ကာဆက်သွားဖို့လုပ်တယ်။လက်တစ်ဖက်ကရှောင်းကျန့်ဆီကမ်းပေးလာတာမလို့နားမလည်ဖြစ်ရပြန်သည်။

"ဒီတိုင်းခေါင်းကြီးငုံ့ပြီးလျောက်နေလို့မဖြစ်ဘူးတစ်ခုခုနဲ့ဝင်တိုက်မိရင်ထိခိုက်နေအုံးမယ် ငါ့လက်ကိုကိုင်ထား "

ရှောင်းကျန့်ကအားတုံ့အားနာပြုံးပြီးဝမ်ရိပေါ်ရဲ့လက်ကိုပြန်မကိုင်ပေမဲ့သူ့လက်မောင်းပေါ်ဝမ်ရိပေါ်ရဲ့လက်ကိုတင်စေသည်။

"ဒီလိုဆိုပိုသင့်တော်ပါတယ်ဧကရီ"

ရှောင်းကျန့်ပြောတာဖြစ်သင့်တာမလို့ဝမ်ရိပေါ်လဲဘာမှမပြောတော့ပေ။နန်းတော်ထဲဧကရီနဲ့အစေခံလက်ချင်းတွဲလျောက်တာထက်ဧကရီလဲကျမှာစိုးလို့အစေခံကထိန်းကိုင်ပေးထားတာပိုပြီးဖြစ်သင့်ပါတယ်။

"ရှောင်းကျန့်..မင်းဘဝအကြောင်းငါ့ကိုပြောပြပါလား"

"ဧကရီသိချင်ရင်ကျွန်တော်ပြောပြပါ့မယ် ကျွန်တော်ကငယ်ငယ်ထဲကမိဘမဲ့တစ်ယောက်လေအဖွားနဲ့အတူနေတာအဖွားကကျွန်တော့ကိုအရမ်းချစ်တာ...ခုတော့အဖွားကတရားအားထုတ်နေတယ်ကျွန်တော်လဲနန်းတွင်းထဲဝင်လာပြီးကိုယ့်ဘဝအတွက်ကိုယ်ရုန်းကန်ရတာပေါ့"

"ကြင်ယာတော်မဖြစ်ချင်ဘူးလား"

ဝမ်ရိပေါ်ရဲ့စကားကြောင့်ရှောင်းကျန့်ကလှည့်ကြည့်လာသည်။မှုန်တေတေနဲ့နားမလည်စွာကြည့်တော့ဧကရီကအေးချမ်းလျက်မျက်နှာလေးဖြင့်သာကြည့်နေတယ်။

"ဧကရီဘာကိုဆိုလိုတာလဲ"

"တကယ်လို့များပြောတာပါ..တကယ်လို့ဧကရာဇ်တစ်ပါးကမင်းကိုကြင်ယာတော်မြှောက်ချင်တယ်ဆိုရင်လက်ခံမလားလို့ပြောတာ"

"ဟားး..ဒါကတကယ်လို့များဆိုရင်တောင်မဖြစ်နိုင်ဘူး ကျွန်တော့လိုလူကိုဘယ်ဘုရင်ကများကြိုက်မှာလဲ ဧကရီရဲ့အနီးကပ်အစေခံဖြစ်နေတာတောင်မယုံနိုင်သေးဘူး"

ရှောင်းကျန့်ကဟာသတစ်ခုလိုရယ်ပြီးပေါ့ပါးစွာပြန်ပြောနေသည်။ဝမ်ရိပေါ်ကခေါင်းအသာငြိမ့်နေတယ်။ဧကရီဘာလို့ဒီလိုပြောတာလဲမသိပေမဲ့သေချာတာတစ်ခုကသူကဘယ်တော့မှကြင်ယာတော်ဖြစ်လာမှာမဟုတ်ပေ။

*^^*

အမွှေးနံ့သာအိပ်ထိုးနေတဲ့ဝမ်ရိပေါ်ရဲ့အနုပညာမြောက်တဲ့လက်တွေကိုရှောင်းကျန့်ကထိုင်ကြည့်နေသည်။စားပွဲပေါ်မေးထောက်ပြီးစူးစမ်းလေ့လာနေပေမဲ့သူအရမ်းပျင်းတယ်အိပ်လဲအိပ်ငိုက်နေပြီဖြစ်သည်။ဧကရီကသူ့ကိုကြည့်သည်။

"အိပ်ငိုက်နေပြီလား"

"ဟင့်အင်းအိပ်မငိုက်ပါဘူး.ဧကရီဒီအမွှေးနံ့သာအိတ်ကဘယ်သူ့အတွက်လဲဟင် ဧကရာဇ်အတွက်လား"

ရှောင်းကျန့်ရဲ့အမေးစကားကိုဝမ်ရိပေါ်ကခေါင်းခါယမ်းပြသည်။ရှောင်းကျန့်လဲဆက်မမေးတော့ပဲချုံ့အိတ်ထိုးတာကြည့်နေလိုက်သည်။လွန်စွာမှကျက်သရေရှိလှတဲ့မြင်ကွင်းကကြည့်၍မဝပေမဲ့သူ့မျက်လုံးတွေကတော့သစ္စာဖောက်စွာငိုက်မျည်းနေလေပြီး။မေးထောက်ထားလျက်နှင့်ပင်ခေါင်းကငိုက်ငိုက်ကျသွားသည်။မျက်လုံးတွေကလုံးဝမဖွင့်နိုင်တော့ပဲတင်းထားတဲ့စိတ်တွေလဲလွတ်ချလိုက်သည်။

စားပွဲပေါ်ပြိုလဲကျဆင်းလာတဲ့ရှောင်းကျန့်ခေါင်းကစားပွဲနဲ့မထိခင်မှာလက်ဖဝါးတစ်ခုကကြားခံလိုက်သည်။ထိုလက်ဖဝါးနဲ့ရှောင်းကျန့်ပါးနဲ့ကထိကပ်ထားတာမလို့အိစက်ညက်ညောမှုမရှိပဲအနည်းငယ်ကြမ်းနေတဲ့လက်ဖဝါးကြောင့်ရှောင်းကျန့်နိုးလာသည်။သူ့ပါးနဲ့ဖိထားတဲ့လက်ပိုင်ရှင်ကသူ့ရှေ့ကပြုံးလျက်စိုက်ကြည့်နေတဲ့ဧကရီဝမ်ရိပေါ်ပင်။ရှောင်းကျန့်ခေါင်းထောင်လိုက်ပြီးဧကရီရဲ့လက်ဖဝါးကိုလျပ်တပြတ်ကြည့်လိုက်သည်။

ဧကရီတစ်ယောက်ရဲ့လက်ကအသားမာတတ်ပြီးကြမ်းနေတယ်။ဓားကိုင်တဲ့လက်နဲ့တူနေတယ်..ရှောင်းကျန့်ထက်တောင်ကြမ်းလဲကြမ်းပြီးကြီးလဲကြီးသည်။

"ဧကရီ..ဓားရေးတတ်တာလား"

"ကိုယ့်ကိုကိုယ်ကာကွယ်ဖို့အတွက်တော့သင်ယူဖူးတယ် ဘာဖြစ်လို့လဲ"

"အော်...ဧကရီရဲ့လက်ကဓားကိုင်တဲ့လက်နဲ့တူနေလို့"

"အဟင်း...ရှောင်းကျန့် ငါကယောကျာ်းလေးတစ်ယောက်ပါ ဓားကိုင်တာထူးဆန်းလို့လားဘာလဲဧကရီဆိုတိုင်းအရာအားလုံးမိန်းမကောင်းလေးတစ်ယောက်လိုနူးညံ့ညင်သာနေရမလား"

"တောင်းပန်ပါတယ်ဧကရီ..ရှောင်းကျန့်အဲ့လိုသဘောပြောတာမဟုတ်ပါဘူး..အမှားလုပ်မိပြီးခွင့်လွတ်ပေးပါ"

ရှောင်းကျန့်ကဝမ်ရိပေါ်စိတ်ခုသွားမှာမလိုလားသည့်အတွက်အလျင်အမြန်ပင်တောင်းပန်စကားဆိုလိုက်သည်။

"ရပါတယ် ငါတို့ကြားမှာတောင်းပန်ဖို့မလိုသလိုကျေးဇုတင်ဖို့လဲမလိုဘူး.."

ရှောင်းကျန့်ကသက်ပြင်းအသာချကာပူပန်မှူလျော့ကျသွားသည်။သူ့ကိုဧကရီအနားကနှင်ထုတ်လိုက်မှာအရမ်းကြောက်တယ်ဧကရီအနားမှာသူအကြာကြီးနေချင်မိသည်။နူးညံ့ခြင်းမရှိတဲ့လက်တွေကဓားရေးကိုပြင်းထန်စွာလေ့ကျင့်ခဲ့ရပြီးအမြဲတမ်းဓားကိုင်ထားတဲ့လက်နဲ့တူနေတယ်ဟုတော့ရှောင်းကျန့်ထင်နေမိတယ်။

ဝမ်ရိပေါ်ကအမွှေးအိတ်ထိုးနေရင်းသူ့ကိုစူးစမ်းကြည့်နေတဲ့သူကြောင့်ပြန်ကြည့်လိုက်တယ်။အကြည့်ချင်းဆုံစေမိတော့ချက်ချင်းမျက်နှာလွဲပစ်လိုက်တဲ့သူကြောင့်ပြုံးမိပြန်သည်။ဒီတစ်ယောက်နဲ့ကျမှသူထပ်ခါထပ်ခါမပြုံးပဲမနေနိုင်အောင်ဖြစ်မိတယ်။သူ့အပြုံးတွေကရှောင်းကျန့်နဲ့မှသက်ဝင်လှပနေတတ်သည်...ဒါကိုဝမ်ရိပေါ်သတိထားမိပါတယ်။

"ရှောင်းကျန့်ညည့်နက်တော့မယ်အိပ်ချင်သွားအိပ်လိုက်တော့လေ "

"ဧကရီမှမအိပ်သေးတာဘယ်လိုအစေခံကများသခင်မအိပ်သေးပဲအရင်အိပ်နိုင်မလဲ ဧကရီဒါကိုနောက်နေ့မှအရင်ထိုးပါကျန်းမာရေးကအရေးကြီးတယ်အိပ်ရေးဝဝအိပ်ရမှာပေါ့..."

"ကောင်းပြီ..ဒါဆိုအတူအိပ်ကြတာပေါ့"

"ဟမ်!"

"ကြမ်းပေါ်မှာအိပ်တာကမင်းအတွက်အဆင်မပြေနိုင်ဘူးဒါကြောင့်ငါနဲ့အတူကုတင်ပေါ်မှာအိပ်ပါ"

ရှောင်းကျန့်ဘာမှမပြောနိုင်အောင်မပြောတတ်လောက်အောင်ကိုဖြစ်နေသည်။အဖြေစကားမပြောရသေးခင်မှာပင်ဝမ်ရိပေါ်ကရှောင်းကျန့်လက်ကိုဆွဲကာကုတင်ပေါ်နှစ်ယောက်သားလှဲချလိုက်တယ်။ငြင်းမရတဲ့အမိန့်နဲ့ရှောင်းကျန့်ကကုတင်ပေါ်ပက်လက်နဲ့တောင့်တောင့်လေးဖြစ်နေတယ်။မျက်လုံးတွေကမျက်နှာကျက်ကိုသာစိုက်ကြည့်နေပြီးအသက်တောင်မရူရဲပေ။သူ့ခန္ဓာကိုယ်ကိုတင်းကြပ်စွာဖက်ထားတဲ့ဧကရီရဲ့လက်တွေကမလွတ်တမ်းထိကပ်ထားလေသည်။

ဒါကဘယ်လိုအခြေအနေကြီးလဲ ပြီးတော့ငါ့ရင်ဘက်ကလဲဘာလို့အဲ့လောက်တောင်ခုန်ပေါက်နေရတာလဲ..

"ဧကရီ..ကျွန်တော်.."

"အိပ်တော့"

"........"

ရှောင်းကျန့်ကပါးစပ်လေးပိတ်ပြီးမျက်လုံးလေးထောင့်ကပ်ကာဘေးကဝမ်ရိပေါ်ကိုခိုးကြည့်လိုက်တယ်။မျက်လုံးတွေမှိတ်ထားကာအေးစက်နေတဲ့မျက်နှာကညမီးရောင်အောက်မှာဝင်းမွတ်နေတယ်။လှလွန်းတဲ့အသားရေနဲ့ပစ်ချက်ကင်းပြီးပြည့်စုံလွန်းတဲ့မျက်နှာလေး...

ရှောင်းကျန့်.ကြည့်နေရင်းပင်ဝမ်ရိပေါ်ရဲ့မျက်နှာအစိတ်အပိုင်းတွေကိုထိတွေ့ချင်လာမိသည်။ဒါပေမဲ့သူ့လက်တွေကလှုပ်ရှားဖို့မလွယ်တဲ့ထိဖိချုပ်ပြီးအတင်းဖက်ခံထားရတယ်။

"ဧကရီကအရမ်းလှတယ်.."

နှုတ်ကတီးတိုးလေးပြောလိုက်မိတော့ဝမ်ရိပေါ်ရဲ့မှိတ်ထားတဲ့မျက်လုံးတွေကဖွင့်လာသည်။ရှောင်းကျန့်ကအကြည့်ကိုချက်ချင်းမျက်နှာကျက်ကိုပို့လိုက်တယ်။ခိုးကြည့်နေတာလူမိသွားတဲ့ခံစားချက်ကအတော်လေးရှက်ဖို့ကောင်းတာပဲ။

ဝမ်ရိပေါ်ကမျက်ဝန်းနက်တွေနဲ့ရှောင်းကျန့်ကိုစိုက်ကြည့်ပြီးနီးကပ်နေတဲ့အနေအထားကိုပိုနီးကပ်အောင်တိုးဝင်နေသည်။တစောင်းမြင်နေရတဲ့မျက်နှာလေးကိုမျက်တောင်မခတ်စိုက်ကြည့်နေတော့တယ်။

ဝမ်ရိပေါ်ကပက်လက်အိပ်နေတဲ့ရှောင်းကျန့်ဘက်ကိုမျက်နှာမူပြီးလဲလျောင်းနေသည်။ထိုတော့​ရှောင်းကျန့်ရဲ့မျက်နှာအစိတ်အပိုင်းတွေကတောင်ကုန်းလှလှလေးတွေချိုင့်ဝှမ်းလှလှလေးတွေလိုဖြစ်နေတာကိုတွေ့ရသည်။ရှောင်းကျန့်ကဝမ်ရိပေါ်သူ့ကိုစိုက်ကြည့်နေတာမျက်လုံးထောင့်ကမြင်ရတာမလို့အနေခတ်စွာဖြစ်နေသည်။

"ဧကရီ..နောက်နေ့တွေကျရင်ကျွန်တော်ကုတင်အောက်မှာပဲအိပ်ပါ့မယ်"

"မရဘူး!!. ဒီမှာပဲအိပ်"

"ဒါပေမဲ့မသင့်တော်ဘူးလေ ဒီလိုလုပ်နန်းဆောင်ကလွတ်နေတဲ့အခန်းတစ်ခုခုမှာနေလိုက်မယ်လေ..မကောင်းဘူးလား"

"မကောင်းဘူး"

သူ့ကိုဖက်ထားတဲ့ဧကရီရဲ့လက်တွေကပိုပြီးတင်းကြပ်လာတော့ရှောင်းကျန့်အသက်ရူလို့မရတော့ပေ။စောင်တွေနဲ့ပါထုတ်ပိုးထားသလိုဖြစ်နေတော့သူ့မှာချွေးတွေပါထွက်လာရတယ်။တစ်ခါတစ်လေဧကရီကထူးဆန်းတယ်..

"မင်းငါနဲ့အတူမအိပ်ရင်ငါအိပ်ပျော်တော့မှာမဟုတ်ဘူး"

"ဟင်??"

"အိပ်တော့."

သူနားမလည်တဲ့စကားကိုပြောလာတော့မျက်လုံးတွေဝိုင်းစက်ကာမေးခွန်းထုတ်ဖို့ပြင်သည်။ဒါပေမဲ့ဧကရီကအိပ်တော့ဆိုတဲ့စကားနဲ့သူ့မျက်လုံးတွေကိုလက်နဲ့အုပ်လိုက်တယ်။

လက်ကိုဖယ်ပေးဖို့ရှောင်းကျန့်မပြောမိပဲဝမ်ရိပေါ်ရဲ့လက်ကခဏလေးပြန်ဖယ်ပေးမယ်ဟုထင်နေခဲ့သည်။ဒါပေမဲ့ဝမ်ရိပေါ်ရဲ့လက်တွေကရှောင်းကျန့်မျက်လုံးလှလှလေးတွေကိုဖုံးကွယ်ထားရာကနေပြန်လည်ဖယ်ရှားခြင်းမရှိတော့ပေ။ထိုအတိုင်းပင်ရှောင်းကျန့်လဲအိပ်ပျော်သွားတော့သည်...

*^^*

မှန်တင်ခုံမှာထိုင်နေပြီးလက်ညိုးလောက်သာရှိတဲ့ဓားပါးတစ်လက်ကိုကိုင်ထားတဲ့ဝမ်ရိပေါ်ကိုရှောင်းကျန့်ကဘာလုပ်မလဲဆိုတဲ့အတွေးနဲ့ကြည့်နေသည်။ဓားပါးရဲ့အသွားထက်ထက်ကထိတာနဲ့ပြတ်ရှသွားနိုင်ပြီးနေရောင်အောက်မှာမျက်စိကျိန်းလောက်အောင်အရောင်လက်နေသည်။ဝမ်ရိပေါ်ကသူ့ရဲ့ဆံနွယ်ရှည်တွေရဲ့အဖျားနဲနဲကိုလက်တစ်ဆစ်လောက်ထိုဓားနဲ့ဖြတ်လိုက်တော့ရှောင်းကျန့်မျက်လုံးပြူးသွားသည်။

"ဧကရီ...ဘာ..ဘာလုပ်လိုက်တာလဲ..ဘာလို့"

ရှောင်းကျန့်ကစကားတွေပင်ထစ်အကာကြောင်အနေမိတယ်။ဝမ်ရိပေါ်ကရှောင်းကျန့်ကိုထုံးစံအတိုင်လှလှလေးပြုံးပြတယ်။ထို့နောက်သူဖြတ်ထားတဲ့လက်တစ်ဆစ်စာဆံပင်ကိုအမွှေးနံ့သာအိတ်လေးထဲထည့်လိုက်သည်။ရှောင်းကျန့်ကတော့ဧကရီရဲ့ဆံပင်တွေကိုနှမြောတသ​ဖြစ်နေသည်။နည်းနည်းလေးဆိုပေမဲ့သူတကယ်နှမြောပါသည်။

"ရော့."

သူ့ကိုကမ်းပေးလာတဲ့အနီရောင်အမွှေးအိတ်လေးကိုမျက်လုံးလေးပေကလပ်ပေကလပ်လုပ်ကာကြည့်နေမိတယ်။ဘာသဘောလဲ

"မင်းကိုပေးတာယူလိုက်.."

"ဧ..ဧကရီ"

"မင်းငါ့ဆံပင်ကိုသဘောကျတယ်မလား ရှောင်းကျန့်ငါမင်းသဘောကျတဲ့အရာတိုင်းပိုင်ဆိုင်ရအောင်လုပ်ပေးမယ်"

ရှောင်းကျန့်ရင်ထဲပြောင်းဆန်နေတော့သည်။စိတ်လှုပ်ရှားလွန်းလို့ဘယ်လိုလုပ်ရမလဲ ရူးလောက်အောင်ပဲ။တကယ်ကြီး တကယ်ကြီးဧကရီကရှောင့်ကျန့်ကိုသူ့ရဲ့ဆံပင်ကိုလက်ဆောင်ပေးတယ်ပေါ့လေ..ဒါကတစ်နည်းအားဖြင့်ရှောင်းကျန့်ကသူ့အတွက်အရေးပါတယ်လို့ပြောလိုက်သလိုပဲ။

ဝမ်းသာလွန်းပြီးရှောင်းကျန့်ကပြုံးပြလိုက်တယ်။တုန်ယင်နေတဲ့လက်တွေနဲ့အမွှေးအိတ်လေးကိုကမ်းယူလိုက်တယ်။ချုံ့အိတ်လေးကိုဖွင့်ကြည့်တော့နူးညံ့တဲ့ဆံသားတွေကိုတွေ့ရတယ် ရှောင်းကျန့်အိတ်လေးကိုနှာခေါင်းတရှုံ့ရှုံ့လုပ်ကာနမ်းကြည့်သည်။မက်မွန်ပန်းနံ့လေးကိုသူအရမ်းသဘောကျတယ်..

အမွှေးအိတ်ကိုနမ်းကြည့်နေတဲ့ရှောင်းကျန့်ကိုကြည့်ပြီးဝမ်ရိပေါ်နဲ့နားရွက်တွေကနီရဲလာသည်။ရှောင်းကျန့်သိပါ့မလားသူ့ဆံပင်ကိုရှောင်းကျန့်နဲ့သူ့မိဘကလွဲပြီးဧကရာဇ်တောင်မနမ်းရှိုက်ဖူးဘူးဆိုတာ။

"ဘာလို့ဒါကိုပေးတာလဲမသိပေမဲ့ကျွန်တော်တကယ်နှစ်သက်ပါတယ်..ကောင်းကောင်းထိန်းသိမ်းပါ့မယ်..ကျေးဇု.တင်.."

ရှောင်းကျန့်ရဲ့ကျေးဇုတင်မည့်စကားကဝမ်ရိပေါ်ရဲ့မျက်ခုံးတွန့်ချိုးလျက်ကြည့်လာတဲ့အကြည့်ကြောင့်လျှာလေးတစ်လစ်ထွက်ကာရပ်သွားသည်။ဝမ်ရိပေါ်ကလစ်ခနဲပြုံးလိုက်ပြီး

"မင်းကိုလက်ဆောင်ပေးပြီးပြီဆိုတော့ငါ့ကိုတစ်ခုခုပြန်မပေးချင်ဘူးလား"

"ကျွန်တောဘာပြန်ပေးရမလဲ..ကျွန်တော့မှာဘာမှတန်ဖိုးကြီးတာမရှိဘူးလေ ဧကရီသဘောမကျမှာစိုးတယ် ဒါမှမဟုတ်ရင်ကြိုက်တာလုပ်ခိုင်းကျွန်တော်လုပ်ပေးမယ်..အယ် ကျွန်တော်ကအစေခံပဲလုပ်ပေးရမှာပေါ့..ဧကရီလိုချင်တာပြောလေ ကျွန်တော့်မှာရှိရင်ပေးမယ်"

​ရှောင်းကျန့်မျက်ဆံလေးတောင်ပြေးမြောက်ပြေးနဲ့ဂဏှာမငြိမ်စွာလက်ညိုးလေးထောင်ပြီးပြောနေသည်။ဝမ်ရိပေါ်ကထိုင်နေရာကထရပ်ပြီးရှောင်းကျန့်နားခြေတစ်လှမ်းချင်းတိုးလာတယ်။ရှောင်းကျန့်ကနေရာမှာပဲရပ်နေသော်လည်းဝမ်ရိပေါ်ကမရပ်ပဲရှေ့ဆက်တိုးနေတာကြောင့်ရှောင်းကျန့်ခြေလှမ်းတွေတဖြည်းဖြည်းအနောက်ဆုတ်မိတယ်။ဝမ်ရိပေါ်တစ်လှမ်းတိုးရင်သူတစ်လှမ်းဆုတ်တယ်။ရှောင်းကျန့်လက်ကအနီရောင်အိတ်လေးကခပ်တင်းတင်းကိုင်ခံလိုက်ရသည်။

နောက်ဆုံးရှောင်းကျန့်ကထိုင်ခုံပေါ်ထိုင်လျက်ကျသွားပြီးဝမ်ရိပေါ်ကအပေါ်စီးကနေကြည့်နေတယ်။ဘေးနှစ်ဖက်မှစားပွဲကိုလက်ထောက်ရင်းမျက်နှာအနီးပိုမိုတိုးကပ်လာတယ်။မျက်နှာချင်းထိတော့မည့်တထွာလောက်အကွာအဝေးမှာရှောင်းကျန့်ကဝမ်ရိပေါ်ရင်ဘက်ကိုလက်နဲ့တားလိုက်သည်။ကိုးယို့ကားယားဆန်တဲ့အောင့်သက်သက်အပြုံးကိုပြုံးပြပြီး

"ဧကရီအရမ်းကပ်လွန်နေပြီးပုံမှန်ပြောလဲရပါတယ်အနောက်လေးနည်းနည်းဆုတ်ပါလား.."

"ငါလိုချင်တာပေးမယ်ဆို"

"ဟုတ်ကဲ့ ဧကရီ..ဘာလိုချင်တာလဲကျွန်တော်ပေးနိုင်ရင်ရပါတယ်"

ဧကရီကနှုတ်ခမ်းတွေတွန့်ပြုံးပြီးသူ့ကိုပေါက်ထွက်မတတ်စိုက်ကြည့်နေတာမလို့ရှောင်းကျန့်စိတ်ထဲထူးဆန်းသွားသည်။အဓိပ္ပါယ်တွေပါနေတဲ့အကြည့်တွေကရင်မဆိုင်ချင်လောက်အောင်ဖြစ်ရသည်။ရှောင်းကျန့်ရင်ဘက်ထဲတဒိန်းဒိန်းခုန်နေတာကဘယ်လောက်ထိကြောက်နေလဲဆိုတာသိသာတယ်။

"မင်းပေးနိုင်တဲ့အရာပါပဲ.."

"ဟင်..ဘာကို.."

ရှောင်းကျန့်မျက်လုံးတွေပြူးစက်သွားသည်။ဧကရီကသူ့လည်တိုင်ကြားကဆံပင်တွေကိုခေါင်းတိုးဝင်ကာရူရှိုက်သွင်းလိုက်တာပင်။ဒါကနမ်းလိုက်တာပဲမဟုတ်ဘူးလား..ရှောင်းကျန့်တစ်ကိုယ်လုံးတောင့်တင်းသွားပြီးကျောက်ရုပ်ကြီးလိုဖြစ်သွားတယ်။

"မင်းဆံပင်တွေကတကယ်မွှေးတာပဲအနံ့လေးကသင်းနေတာပဲ"

ဝမ်ရိပေါ်ကရှောင်းကျန့်ဆံပင်တွေကိုထိတွေ့ပြီးတဝကြီးရူရှိုက်နေလေသည်။ထို့နောက်နမ်းနေရာကပြန်ခွာတော့သူ့လည်တိုင်နဲ့နှုတ်ခမ်းတွေကမတော်တဆပွတ်ဆွဲမိသွားတယ်။တစ်ကိုယ်လုံးဖျင်းခနဲဖြစ်သွားပြီးတုန်တက်သွားသည်။ဘယ်လိုခံစားချက်ကြီးပါလိမ့်..ဧကရီကရောဘာလို့ဒီလိုတွေလုပ်နေတာလဲ..ထူးဆန်းနေတယ်လို့ခံစားမိပေမဲ့ဘာကလဲဆိုတာအဖြေရှာမရဘူးဖြစ်နေတယ်။

ဧကရီကရှောင်းကျန့်နဲ့ပက်သက်ပြီးမူမမှန်တာတစ်ခုခုများရှိနေတာလား..

💚💛❤

3ခု
Zaw

အေနာက္နန္းေဆာင္ကိုဦးစီးရတဲ့ဧကရီဝမ္ရိေပၚကအေစခံတစ္ခ်ိဳ႕ကိုလက္ေဆာင္ပနာေတြသယ္ယူခိုင္းၿပီးအေနာက္နန္းေဆာင္ကိုထြက္လာခဲ့သည္။ဒီလက္ေဆာင္ေတြကအေနာက္နန္းေဆာင္ကၾကင္ယာေတာ္ေတြနဲ႔ကိုယ္လုပ္ေတာ္ေတြကိုေပးတဲ့အရာေတြပါပဲ။ေရွာင္းက်န္႔ကတန္းဖိုးႀကီးပစၥည္းေတြကိုၾကည့္ၿပီးဧကရီကအရမ္းစိတ္ေကာင္းရွိတယ္ဟုေတြးမိေလသည္။

အေနာက္နန္းေဆာင္ရဲ႕ပင္မဧကရီနားေဆာင္ေရာက္ေတာ့ၾကင္ယာေတာ္ေတြနဲ႔ကိုယ္လုပ္ေတာ္ေတြကဧကရီကိုအ႐ိုအေသေပးၾကသည္။ဝမ္ရိေပၚကထိုင္ခုံမွာအက်အနဝင္ထိုင္ၿပီးေရွာင္းက်န္႔ကဝမ္ရိ​ေပာ္ေဘးတြင္ရပ္ေနသည္။

မင္းတို႔အတြက္ငါလက္ေဆာင္တခ်ိဳ႕ယူလာခဲ့တယ္သိပ္တန္ဖိုးမႀကီးေပမဲ့ႀကိဳက္ၾကမယ္လို႔ေတာ့ထင္ပါတယ္ ငါ့ေစတနာကိုအသိအမွတ္ျပဳေပးပါ

"ေက်းဇုတင္ပါတယ္ဧကရီ.."

အားလုံးဆီကတညီတၫြတ္ထဲအသံထြက္လာသည္။ဧကရာဇ္မွာကိုယ္လုပ္ေတာ္၁၂ေယာက္ၾကင္ယာေတာ္၃ေယာက္နဲ႔ဧကရီအပါအဝင္ေမာင္းမေတာ္အားလုံး၁၆ေယာက္ရွိသည္။ထိုထဲမွာမိန္းကေလးဟူ၍ၾကင္ယာေတာ္လ်န္တစ္ေယာက္ပဲရွိသည္။နန္းေသြးအတြက္လိုအပ္လို႔လဲျဖစ္ၿပီးဧကရာဇ္အိမ္ေရွ႕စံမင္းသားဘဝထဲကထိမ္ျမႇားထားၾကျခင္းျဖစ္သည္။ေရွာင္းက်န္႔မေန႔ကေတြ႕ခဲ့တဲ့အိမ္ေရွ႕စံရဲ႕ေမြးမိခင္လဲျဖစ္တယ္။မေန႔ကအေၾကာင္းေတြအေတြးထဲေပၚလာေတာ့ၾကက္သီးေတာင္ထသြားရတယ္။သူမေတြးခ်င္ဘူး အိမ္ေရွ႕စံကဒီတိုင္းစေနာက္သြားတာဟုမွတ္ယူထားမိေလသည္။ဘယ့္ႏွယ္..ႏို႔နံ႔ေတာင္မစင္ေသးတဲ့ကေလးသူငယ္ကသူ႔ကိုဒီလိုေျပာရတယ္လို႔။

."လက္ေဆာင္ေတြအသီးသီးေပးလိုက္ေတာ့"

ၾကည္လင္ျပတ္သားၿပီးဆြဲေဆာင္မႈရွိလြန္းလွတဲ့အမိန္႔စကားသံအဆုံးအေစခံေတြအားလုံးကလက္ေဆာင္ေတြကိုလိုက္ေဝေပးေနသည္။လက္ေဆာင္ရလို႔ေပ်ာ္ေနၾကတဲ့သူေတြကိုၾကည့္ၿပီးဝမ္ရိေပၚပါလိုက္ၿပဳံးမိသည္။အေနာက္နန္းေဆာင္တစ္ခုလုံးအုပ္ခ်ဳပ္ေနရတာလြယ္ကူတာမွမဟုတ္တာဒီလိုေအးခ်မ္းတည္ၿငိမ္ဖို႔ဆိုေဝးေလစြ။ဒါေပမဲ့ဝမ္ရိေပၚကသူ႔အမိန္႔မွန္သမွ်လိုက္နာေနေအာင္လုပ္သည္။အေနာက္နန္းေဆာင္တစ္ခုလုံးသူ႔အာဏာသက္ေရာက္ေအာင္သူ႔ကိုၾကည္ျဖဴေအာင္အၿမဲလုပ္တတ္တယ္။

ဧကရာဇ္ကဝတ္႐ုံလက္ျပတ္တစ္ေယာက္ျဖစ္ေပမဲ့တိုင္းျပည္ကိုေသခ်ာအုပ္ခ်ဳပ္ႏိုင္တာေၾကာင့္ဒုကၡေဘးကင္းေဝးၿပီးစစ္မတ္ျဖစ္ပြားျခင္းမရွိ။ဒါေၾကာင့္လဲျပည္သူေတြအပါအဝင္နန္းတြင္းအရာရွိအမတ္ေတြကအစဧကရာဇ္ဝတ္႐ုံလက္ျပတ္ျဖစ္ေနျခင္းအေပၚအပစ္မယူေပ။နန္းေမြအ႐ိုက္အရာအတြက္အိမ္ေရွ႕စံေလးရွိေနၿပီမလို႔အထြန္႔တတ္ျခင္းလဲမရွိေပ။ေဆာင္တိုင္းျပည္ေရာနန္းေတာ္ႀကီးကပါေအးခ်မ္းလ်က္ရွိေလသည္။ထိုေအးခ်မ္းမႈကိုပိုၿပီးေအးခ်မ္းေအာင္ျဖည့္စြက္ေပးေနတာကေတာ့အေရွ႕ကဧကရီပါပဲ။

ေႏြးေထြးစြာၿပဳံးေနတဲ့ဧကရီကိုေရွာင္းက်န္႔ေငးၾကည့္ေနမိသည္။လက္ေဆာင္ေတြကိုသေဘာက်ၿပီးအခ်င္းခ်င္းျပကာစကားေျပာၿပီးၿပဳံးေပ်ာ္ေနၾကတဲ့လူေတြကမနာလိုျခင္းကင္းေဝးေလသည္။အေနာက္နန္းေဆာင္ႀကီးယခုလိုသင့္ျမတ္ေနတာအရမ္းေကာင္းပါတယ္။ဝမ္ရိေပၚကေခါက္ယပ္ေတာင္ျဖဴျဖဴေလးကိုအသာအယာခတ္လို႔ေနသည္။

ေရွာင္းက်န္႔ကသေဘာက်စြာေငးေမာၾကည့္ေနရင္းဧကရီဆီကအရွိန္အဝါတစ္ခုကိုခံစားမိေလသည္။လွပျခင္းေတြနဲ႔အတူဘယ္သူနဲ႔မွမတူတဲ့အရွိန္အဝါေတြျဖာထြက္ေနတယ္။ယပ္ေတာင္ေလးခတ္ကာဖြဖြေလးၿပဳံးေနတဲ့ဧကရီကိုေ႐ႊေရာင္နဂါးႀကီးကရစ္ပတ္ထားသလိုအရွိန္ဝါေတြကလူးလြန္႔ေနသည္။႐ုတ္တရတ္ေရွာင္းက်န္႔မ်က္ခုံးေတြတြန္႔ခ်ိဳးသြားတယ္...ထူးဆန္းတဲ့ခံစားခ်က္ေတြကအလုအယက္တိုးဝင္လာသလိုပင္။

"ၾကင္ယာေတာ္လ်န္ အိမ္ေရွ႕စံရဲ႕အသက္၁၃ႏွစ္ျပည့္ေမြးေန႔ပြဲကနီးကပ္လာၿပီမလား..."

"မွန္ပါတယ္ဧကရီ"

ၾကင္ယာေတာ္လ်န္႐ူဟြားကဧကရီရဲ႕အေမးကိုေရွ႕ထြက္လာကာတ႐ိုတေသျပန္ေျဖသည္။ဝမ္ရိေပၚကေခါင္းကိုအသာၿငိမ့္ျပကာထပ္ေျပာတယ္

"အဲ့ဒီပြဲက်ရင္ၾကင္ယာေတာ္ကိုမိဖုရားအျဖစ္ရာထူးတိုးေပးဖို႔အရွင့္ကိုေျပာၾကည့္မယ္ေလ ၾကင္ယာေတာ္သေဘာတူပါရဲ႕လား"

ၾကင္ယာေတာ္လ်န္ကအလြန္ဝမ္းေျမာက္သြားဟန္နဲ႔စိတ္လႈပ္ရွားစြာၿပဳံးေတာ့သည္။ေရွာင္းက်န္႔ကဧကရီအတြက္အၾကမ္းရည္တစ္ခြက္ငွဲ႔ေပးၿပီးပူေနမွာစိုးလို႔မႈတ္ေပးလိုက္တယ္။

"ဧကရီ.."

ေရွာင္းက်န္႔ကခပ္တိုးတိုးေခၚၿပီးအၾကမ္းရည္ခြက္ေပးလိုက္ေတာ့ဝမ္ရိေပၚကလစ္ခနဲၿပဳံးျပကာယူၿပီးဇိမ္ေျပနေျပေသာက္ေနသည္။ၾကင္ယာေတာ္လ်န္ကဝမ္းသာအားရေက်းဇုတင္စကားဆိုလာသည္။

"အိမ္ေရွ႕စံမင္းသားရဲ႕မယ္မယ္တစ္ေယာက္အေနနဲ႔ၾကင္ယာေတာ္ဆိုတာထက္မိဖုရားကပိုၿပီးသင့္ေတာ္ပါတယ္ ဒါေၾကာင့္ၾကင္ယာေတာ္လ်န္ကိုမိဖုရားအျဖင့္ရာထူးတိုးခ်ီးျမင့္မွာပါ"

"ေက်းဇုႀကီးလွပါတယ္ဧကရီ "

မ်က္လုံးေတြအေရာင္တလက္လက္ေတာက္ေနၿပီးလြန္စြာဝမ္းေျမာက္ေနတဲ့ၾကင္ယာေတာ္လ်န္ကပီတိေတြျဖာထြက္ေနသည္။ဧကရီကၾကင္ယာေတာ္ျဖစ္ေစကိုယ္လုပ္ေတာ္ျဖစ္ေစဘက္လိုက္မႈမရွိဘူး။ႀကီးႏိုင္ငယ္ညဥ္းမူဝါဒေတြမရွိေပ။

အေနာက္နန္းေဆာင္ဒီလိုပဲအစဥ္ၿမဲေအးခ်မ္းေနတာအရမ္းေကာင္းတယ္ ဧကရာဇ္ကတိုင္းျပည္ေရးရာေတြကိုဂ႐ုတစိုက္လုပ္ႏိုင္တာေပါ့ ငါတို႔အေနာက္နန္းေဆာင္ရဲ႕ျပႆနာေတြေၾကာင့္အရွင့္ကိုစိတ္အေႏွာင့္အယွက္မျဖစ္ေစခ်င္ဘူး ဒါေၾကာင့္အားလုံးသင့္ျမတ္ေနရမယ္

"ဧကရီအလိုေတာ္အတိုင္းပါ.."

အားလုံးတညီးတၫြတ္ေခါင္းငုံ႔အ႐ိုအေသေပးကာေျပာၾကသည္။ဝမ္ရိေပၚကေခါက္ယပ္ေတာင္ကိုျပန္ေခါက္ၿပီးလက္ဖဝါးတစ္ဖက္မွာတစ္ခ်က္ခ်င္းစီးခ်က္က်က်႐ိုက္ခတ္ေနသည္။ေရွာင္းက်န္႔ကဧကရီကိုၾကည့္ေနရင္းဘာမွန္းမသိတဲ့ခံစားခ်က္ေတြနဲ႔အရွိန္အဝါေတြကိုခံစားမိသည္။တစ္ဆတ္ထဲဧကရီကဧကရာဇ္ရဲ႕ပါရမီျဖည့္ဖက္ေကာင္းတစ္ေယာက္ျဖစ္ၿပီးတိုင္းျပည္မိခင္ေကာင္းလဲျဖစ္ႏိုင္သည္ဟုေတြးမိတယ္။

ေရွာင္းက်န္႔အၾကည့္ေတြကိုအေစခံေတြရွိတဲ့ဆီပို႔မိလိုက္ေတာ့သူ႔ကိုမ်က္ႏွာေသနဲ႔စိုက္ၾကည့္ေနတဲ့သူကိုေတြ႕လိုက္တယ္။ေရွာင္းက်န္႔နည္းနည္းေလးေတာ့လန္႔သြားေပမဲ့ထိုလူကိုသူသိတာေၾကာင့္ၿပဳံးျပလိုက္တယ္။အဲ့ဒီလူကသူတို႔အပ်ိဳေတာ္ထိန္းဆီတာဝန္ယူရန္သြားေတာ့တြဲခဲ့တဲ့လူပင္။သူၿပဳံးျပလိုက္ေတာ့အဲ့ဒီလူကမ်က္ေစာင္းထိုးကာအၾကည့္လြဲသြားတယ္။ေရွာင္းက်န္႔ႏႈတ္ခမ္းေလးမဲ့လိုက္တယ္။ေတြ႕လို႔ႏႈတ္ဆတ္တာကိုအလကားမာနႀကီးေနတယ္ ..

*^^*

အေနာက္နန္းေဆာင္ကျပန္လာေတာ့သူတို႔ေနာက္မွာအလာတုန္းကလိုအေစခံေတြပါမလာေတာ့ေပ။ေရွာင္းက်န္႔နဲ႔ဧကရီႏွစ္ေယာက္ပဲျဖစ္တာမလို႔ေျခသံေတြကလြဲၿပီးတိတ္ဆိတ္ေနေလသည္။ေရွာင္းက်န္႔ကဝမ္ရိေပၚအေနာက္ကေနတိတ္တိတ္ေလးလိုက္ေနၿပီးေျခလွမ္းေတြကိုၾကည့္ေနသည္။ဝမ္ရိေပၚရဲ႕ေျခလွမ္းေတြကမေႏွးလြန္းမျမန္လြန္းပဲေျခလွမ္းအက်ယ္ကလဲတိက်​တယ္။

ႏွစ္ဆယ့္ငါး..ႏွစ္ဆယ့္ေျခာက္..ႏွစ္ဆယ့္ခုႏွစ္...။ေရွာင္းက်န္႔စိတ္ထဲကေနဧကရီရဲ႕ေျခလွမ္းေတြကိုေရတြက္ေနေလသည္။႐ုတ္တရတ္ဧကရီကရပ္လိုက္တာမလို႔ေရွာင္းက်န္႔လဲရပ္လိုက္သည္။ဒါေပမဲ့သူ႔အၾကည့္ေတြကဝမ္ရိေပၚရဲ႕ေျခေထာက္မွာရွိေနတုန္းပင္။ဝမ္ရိေပၚကအေနာက္လွည့္ၿပီးမ်က္ႏွာငုံ႔ထားတဲ့ေရွာင္းက်န္႔ရဲ႕ေမးကေနပင့္ေမာ့ေစကာအၾကည့္ခ်င္းဆုံေစသည္။

အတြင္းထဲထိထိုးေဖာက္ေလာက္တဲ့႐ႊန္း႐ႊန္းစားစားနဲ႔ၾကည့္ေနတဲ့မ်က္ဝန္းနက္ေတြနဲ႔နားမလည္ဟန္ေၾကာင္ေတာင္ေၾကာင္ၾကည့္ေနတဲ့လွပတဲ့အညိဳေရာင္မ်က္ဝန္းသြယ္တို႔ကအၾကည့္ခ်င္းဆုံသြားၾကသည္။ဝမ္ရိေပၚကလွပၿပီးရဲေသြးႂကြေနတဲ့ႏႈတ္ခမ္းဖူးဖူးေလးကိုတြန္႔ေကြးေစၿပီးၿပဳံးလိုက္တယ္။

"ဘာလို႔အၿမဲေခါင္းႀကီးငုံ႔ထားရတာလဲ ေဘးပတ္ဝန္းက်င္ကိုလဲၾကည့္ေလ်ာက္ေလ တစ္ခုခုနဲ႔ဝင္တိုက္ေနပါအုံးမယ္"

"ဟီး..ကြၽန္ေတာ္သိပါၿပီ"

ေရွာင္းက်န္႔ကခ်ိဳျမစြာၿပဳံးျပလိုက္ေတာ့ဝမ္ရိေပၚကအေရွ႕ကိုျပန္လွည့္ကာဆက္သြားဖို႔လုပ္တယ္။လက္တစ္ဖက္ကေရွာင္းက်န္႔ဆီကမ္းေပးလာတာမလို႔နားမလည္ျဖစ္ရျပန္သည္။

"ဒီတိုင္းေခါင္းႀကီးငုံ႔ၿပီးေလ်ာက္ေနလို႔မျဖစ္ဘူးတစ္ခုခုနဲ႔ဝင္တိုက္မိရင္ထိခိုက္ေနအုံးမယ္ ငါ့လက္ကိုကိုင္ထား "

ေရွာင္းက်န္႔ကအားတုံ႔အားနာၿပဳံးၿပီးဝမ္ရိေပၚရဲ႕လက္ကိုျပန္မကိုင္ေပမဲ့သူ႔လက္ေမာင္းေပၚဝမ္ရိေပၚရဲ႕လက္ကိုတင္ေစသည္။

"ဒီလိုဆိုပိုသင့္ေတာ္ပါတယ္ဧကရီ"

ေရွာင္းက်န္႔ေျပာတာျဖစ္သင့္တာမလို႔ဝမ္ရိေပၚလဲဘာမွမေျပာေတာ့ေပ။နန္းေတာ္ထဲဧကရီနဲ႔အေစခံလက္ခ်င္းတြဲေလ်ာက္တာထက္ဧကရီလဲက်မွာစိုးလို႔အေစခံကထိန္းကိုင္ေပးထားတာပိုၿပီးျဖစ္သင့္ပါတယ္။

"ေရွာင္းက်န္႔..မင္းဘဝအေၾကာင္းငါ့ကိုေျပာျပပါလား"

"ဧကရီသိခ်င္ရင္ကြၽန္ေတာ္ေျပာျပပါ့မယ္ ကြၽန္ေတာ္ကငယ္ငယ္ထဲကမိဘမဲ့တစ္ေယာက္ေလအဖြားနဲ႔အတူေနတာအဖြားကကြၽန္ေတာ့ကိုအရမ္းခ်စ္တာ...ခုေတာ့အဖြားကတရားအားထုတ္ေနတယ္ကြၽန္ေတာ္လဲနန္းတြင္းထဲဝင္လာၿပီးကိုယ့္ဘဝအတြက္ကိုယ္႐ုန္းကန္ရတာေပါ့"

"ၾကင္ယာေတာ္မျဖစ္ခ်င္ဘူးလား"

ဝမ္ရိေပၚရဲ႕စကားေၾကာင့္ေရွာင္းက်န္႔ကလွည့္ၾကည့္လာသည္။မႈန္ေတေတနဲ႔နားမလည္စြာၾကည့္ေတာ့ဧကရီကေအးခ်မ္းလ်က္မ်က္ႏွာေလးျဖင့္သာၾကည့္ေနတယ္။

"ဧကရီဘာကိုဆိုလိုတာလဲ"

"တကယ္လို႔မ်ားေျပာတာပါ..တကယ္လို႔ဧကရာဇ္တစ္ပါးကမင္းကိုၾကင္ယာေတာ္ေျမႇာက္ခ်င္တယ္ဆိုရင္လက္ခံမလားလို႔ေျပာတာ"

"ဟားး..ဒါကတကယ္လို႔မ်ားဆိုရင္ေတာင္မျဖစ္ႏိုင္ဘူး ကြၽန္ေတာ့လိုလူကိုဘယ္ဘုရင္ကမ်ားႀကိဳက္မွာလဲ ဧကရီရဲ႕အနီးကပ္အေစခံျဖစ္ေနတာေတာင္မယုံႏိုင္ေသးဘူး"

ေရွာင္းက်န္႔ကဟာသတစ္ခုလိုရယ္ၿပီးေပါ့ပါးစြာျပန္ေျပာေနသည္။ဝမ္ရိေပၚကေခါင္းအသာၿငိမ့္ေနတယ္။ဧကရီဘာလို႔ဒီလိုေျပာတာလဲမသိေပမဲ့ေသခ်ာတာတစ္ခုကသူကဘယ္ေတာ့မွၾကင္ယာေတာ္ျဖစ္လာမွာမဟုတ္ေပ။

*^^*

အေမႊးနံ႔သာအိပ္ထိုးေနတဲ့ဝမ္ရိေပၚရဲ႕အႏုပညာေျမာက္တဲ့လက္ေတြကိုေရွာင္းက်န္႔ကထိုင္ၾကည့္ေနသည္။စားပြဲေပၚေမးေထာက္ၿပီးစူးစမ္းေလ့လာေနေပမဲ့သူအရမ္းပ်င္းတယ္အိပ္လဲအိပ္ငိုက္ေနၿပီျဖစ္သည္။ဧကရီကသူ႔ကိုၾကည့္သည္။

"အိပ္ငိုက္ေနၿပီလား"

"ဟင့္အင္းအိပ္မငိုက္ပါဘူး.ဧကရီဒီအေမႊးနံ႔သာအိတ္ကဘယ္သူ႔အတြက္လဲဟင္ ဧကရာဇ္အတြက္လား"

ေရွာင္းက်န္႔ရဲ႕အေမးစကားကိုဝမ္ရိေပၚကေခါင္းခါယမ္းျပသည္။ေရွာင္းက်န္႔လဲဆက္မေမးေတာ့ပဲခ်ဳံ႕အိတ္ထိုးတာၾကည့္ေနလိုက္သည္။လြန္စြာမွက်က္သေရရွိလွတဲ့ျမင္ကြင္းကၾကည့္၍မဝေပမဲ့သူ႔မ်က္လုံးေတြကေတာ့သစၥာေဖာက္စြာငိုက္မ်ည္းေနေလၿပီး။ေမးေထာက္ထားလ်က္ႏွင့္ပင္ေခါင္းကငိုက္ငိုက္က်သြားသည္။မ်က္လုံးေတြကလုံးဝမဖြင့္ႏိုင္ေတာ့ပဲတင္းထားတဲ့စိတ္ေတြလဲလြတ္ခ်လိုက္သည္။

စားပြဲေပၚၿပိဳလဲက်ဆင္းလာတဲ့ေရွာင္းက်န္႔ေခါင္းကစားပြဲနဲ႔မထိခင္မွာလက္ဖဝါးတစ္ခုကၾကားခံလိုက္သည္။ထိုလက္ဖဝါးနဲ႔ေရွာင္းက်န္႔ပါးနဲ႔ကထိကပ္ထားတာမလို႔အိစက္ညက္ေညာမႈမရွိပဲအနည္းငယ္ၾကမ္းေနတဲ့လက္ဖဝါးေၾကာင့္ေရွာင္းက်န္႔ႏိုးလာသည္။သူ႔ပါးနဲ႔ဖိထားတဲ့လက္ပိုင္ရွင္ကသူ႔ေရွ႕ကၿပဳံးလ်က္စိုက္ၾကည့္ေနတဲ့ဧကရီဝမ္ရိေပၚပင္။ေရွာင္းက်န္႔ေခါင္းေထာင္လိုက္ၿပီးဧကရီရဲ႕လက္ဖဝါးကိုလ်ပ္တျပတ္ၾကည့္လိုက္သည္။

ဧကရီတစ္ေယာက္ရဲ႕လက္ကအသားမာတတ္ၿပီးၾကမ္းေနတယ္။ဓားကိုင္တဲ့လက္နဲ႔တူေနတယ္..ေရွာင္းက်န္႔ထက္ေတာင္ၾကမ္းလဲၾကမ္းၿပီးႀကီးလဲႀကီးသည္။

"ဧကရီ..ဓားေရးတတ္တာလား"

"ကိုယ့္ကိုကိုယ္ကာကြယ္ဖို႔အတြက္ေတာ့သင္ယူဖူးတယ္ ဘာျဖစ္လို႔လဲ"

"ေအာ္...ဧကရီရဲ႕လက္ကဓားကိုင္တဲ့လက္နဲ႔တူေနလို႔"

"အဟင္း...ေရွာင္းက်န္႔ ငါကေယာက်ာ္းေလးတစ္ေယာက္ပါ ဓားကိုင္တာထူးဆန္းလို႔လားဘာလဲဧကရီဆိုတိုင္းအရာအားလုံးမိန္းမေကာင္းေလးတစ္ေယာက္လိုႏူးညံ့ညင္သာေနရမလား"

"ေတာင္းပန္ပါတယ္ဧကရီ..ေရွာင္းက်န္႔အဲ့လိုသေဘာေျပာတာမဟုတ္ပါဘူး..အမွားလုပ္မိၿပီးခြင့္လြတ္ေပးပါ"

ေရွာင္းက်န္႔ကဝမ္ရိေပၚစိတ္ခုသြားမွာမလိုလားသည့္အတြက္အလ်င္အျမန္ပင္ေတာင္းပန္စကားဆိုလိုက္သည္။

"ရပါတယ္ ငါတို႔ၾကားမွာေတာင္းပန္ဖို႔မလိုသလိုေက်းဇုတင္ဖို႔လဲမလိုဘူး.."

ေရွာင္းက်န္႔ကသက္ျပင္းအသာခ်ကာပူပန္မႉေလ်ာ့က်သြားသည္။သူ႔ကိုဧကရီအနားကႏွင္ထုတ္လိုက္မွာအရမ္းေၾကာက္တယ္ဧကရီအနားမွာသူအၾကာႀကီးေနခ်င္မိသည္။ႏူးညံ့ျခင္းမရွိတဲ့လက္ေတြကဓားေရးကိုျပင္းထန္စြာေလ့က်င့္ခဲ့ရၿပီးအၿမဲတမ္းဓားကိုင္ထားတဲ့လက္နဲ႔တူေနတယ္ဟုေတာ့ေရွာင္းက်န္႔ထင္ေနမိတယ္။

ဝမ္ရိေပၚကအေမႊးအိတ္ထိုးေနရင္းသူ႔ကိုစူးစမ္းၾကည့္ေနတဲ့သူေၾကာင့္ျပန္ၾကည့္လိုက္တယ္။အၾကည့္ခ်င္းဆုံေစမိေတာ့ခ်က္ခ်င္းမ်က္ႏွာလြဲပစ္လိုက္တဲ့သူေၾကာင့္ၿပဳံးမိျပန္သည္။ဒီတစ္ေယာက္နဲ႔က်မွသူထပ္ခါထပ္ခါမၿပဳံးပဲမေနႏိုင္ေအာင္ျဖစ္မိတယ္။သူ႔အၿပဳံးေတြကေရွာင္းက်န္႔နဲ႔မွသက္ဝင္လွပေနတတ္သည္...ဒါကိုဝမ္ရိေပၚသတိထားမိပါတယ္။

"ေရွာင္းက်န္႔ညည့္နက္ေတာ့မယ္အိပ္ခ်င္သြားအိပ္လိုက္ေတာ့ေလ "

"ဧကရီမွမအိပ္ေသးတာဘယ္လိုအေစခံကမ်ားသခင္မအိပ္ေသးပဲအရင္အိပ္ႏိုင္မလဲ ဧကရီဒါကိုေနာက္ေန႔မွအရင္ထိုးပါက်န္းမာေရးကအေရးႀကီးတယ္အိပ္ေရးဝဝအိပ္ရမွာေပါ့..."

"ေကာင္းၿပီ..ဒါဆိုအတူအိပ္ၾကတာေပါ့"

"ဟမ္!"

"ၾကမ္းေပၚမွာအိပ္တာကမင္းအတြက္အဆင္မေျပႏိုင္ဘူးဒါေၾကာင့္ငါနဲ႔အတူကုတင္ေပၚမွာအိပ္ပါ"

ေရွာင္းက်န္႔ဘာမွမေျပာႏိုင္ေအာင္မေျပာတတ္ေလာက္ေအာင္ကိုျဖစ္ေနသည္။အေျဖစကားမေျပာရေသးခင္မွာပင္ဝမ္ရိေပၚကေရွာင္းက်န္႔လက္ကိုဆြဲကာကုတင္ေပၚႏွစ္ေယာက္သားလွဲခ်လိုက္တယ္။ျငင္းမရတဲ့အမိန္႔နဲ႔ေရွာင္းက်န္႔ကကုတင္ေပၚပက္လက္နဲ႔ေတာင့္ေတာင့္ေလးျဖစ္ေနတယ္။မ်က္လုံးေတြကမ်က္ႏွာက်က္ကိုသာစိုက္ၾကည့္ေနၿပီးအသက္ေတာင္မ႐ူရဲေပ။သူ႔ခႏၶာကိုယ္ကိုတင္းၾကပ္စြာဖက္ထားတဲ့ဧကရီရဲ႕လက္ေတြကမလြတ္တမ္းထိကပ္ထားေလသည္။

ဒါကဘယ္လိုအေျခအေနႀကီးလဲ ၿပီးေတာ့ငါ့ရင္ဘက္ကလဲဘာလို႔အဲ့ေလာက္ေတာင္ခုန္ေပါက္ေနရတာလဲ..

"ဧကရီ..ကြၽန္ေတာ္.."

"အိပ္ေတာ့"

"........"

ေရွာင္းက်န္႔ကပါးစပ္ေလးပိတ္ၿပီးမ်က္လုံးေလးေထာင့္ကပ္ကာေဘးကဝမ္ရိေပၚကိုခိုးၾကည့္လိုက္တယ္။မ်က္လုံးေတြမွိတ္ထားကာေအးစက္ေနတဲ့မ်က္ႏွာကညမီးေရာင္ေအာက္မွာဝင္းမြတ္ေနတယ္။လွလြန္းတဲ့အသားေရနဲ႔ပစ္ခ်က္ကင္းၿပီးျပည့္စုံလြန္းတဲ့မ်က္ႏွာေလး...

ေရွာင္းက်န္႔.ၾကည့္ေနရင္းပင္ဝမ္ရိေပၚရဲ႕မ်က္ႏွာအစိတ္အပိုင္းေတြကိုထိေတြ႕ခ်င္လာမိသည္။ဒါေပမဲ့သူ႔လက္ေတြကလႈပ္ရွားဖို႔မလြယ္တဲ့ထိဖိခ်ဳပ္ၿပီးအတင္းဖက္ခံထားရတယ္။

"ဧကရီကအရမ္းလွတယ္.."

ႏႈတ္ကတီးတိုးေလးေျပာလိုက္မိေတာ့ဝမ္ရိေပၚရဲ႕မွိတ္ထားတဲ့မ်က္လုံးေတြကဖြင့္လာသည္။ေရွာင္းက်န္႔ကအၾကည့္ကိုခ်က္ခ်င္းမ်က္ႏွာက်က္ကိုပို႔လိုက္တယ္။ခိုးၾကည့္ေနတာလူမိသြားတဲ့ခံစားခ်က္ကအေတာ္ေလးရွက္ဖို႔ေကာင္းတာပဲ။

ဝမ္ရိေပၚကမ်က္ဝန္းနက္ေတြနဲ႔ေရွာင္းက်န္႔ကိုစိုက္ၾကည့္ၿပီးနီးကပ္ေနတဲ့အေနအထားကိုပိုနီးကပ္ေအာင္တိုးဝင္ေနသည္။တေစာင္းျမင္ေနရတဲ့မ်က္ႏွာေလးကိုမ်က္ေတာင္မခတ္စိုက္ၾကည့္ေနေတာ့တယ္။

ဝမ္ရိေပၚကပက္လက္အိပ္ေနတဲ့ေရွာင္းက်န္႔ဘက္ကိုမ်က္ႏွာမူၿပီးလဲေလ်ာင္းေနသည္။ထိုေတာ့​ေရွာင္းက်န္႔ရဲ႕မ်က္ႏွာအစိတ္အပိုင္းေတြကေတာင္ကုန္းလွလွေလးေတြခ်ိဳင့္ဝွမ္းလွလွေလးေတြလိုျဖစ္ေနတာကိုေတြ႕ရသည္။ေရွာင္းက်န္႔ကဝမ္ရိေပၚသူ႔ကိုစိုက္ၾကည့္ေနတာမ်က္လုံးေထာင့္ကျမင္ရတာမလို႔အေနခတ္စြာျဖစ္ေနသည္။

"ဧကရီ..ေနာက္ေန႔ေတြက်ရင္ကြၽန္ေတာ္ကုတင္ေအာက္မွာပဲအိပ္ပါ့မယ္"

"မရဘူး!!. ဒီမွာပဲအိပ္"

"ဒါေပမဲ့မသင့္ေတာ္ဘူးေလ ဒီလိုလုပ္နန္းေဆာင္ကလြတ္ေနတဲ့အခန္းတစ္ခုခုမွာေနလိုက္မယ္ေလ..မေကာင္းဘူးလား"

"မေကာင္းဘူး"

သူ႔ကိုဖက္ထားတဲ့ဧကရီရဲ႕လက္ေတြကပိုၿပီးတင္းၾကပ္လာေတာ့ေရွာင္းက်န္႔အသက္႐ူလို႔မရေတာ့ေပ။ေစာင္ေတြနဲ႔ပါထုတ္ပိုးထားသလိုျဖစ္ေနေတာ့သူ႔မွာေခြၽးေတြပါထြက္လာရတယ္။တစ္ခါတစ္ေလဧကရီကထူးဆန္းတယ္..

"မင္းငါနဲ႔အတူမအိပ္ရင္ငါအိပ္ေပ်ာ္ေတာ့မွာမဟုတ္ဘူး"

"ဟင္??"

"အိပ္ေတာ့."

သူနားမလည္တဲ့စကားကိုေျပာလာေတာ့မ်က္လုံးေတြဝိုင္းစက္ကာေမးခြန္းထုတ္ဖို႔ျပင္သည္။ဒါေပမဲ့ဧကရီကအိပ္ေတာ့ဆိုတဲ့စကားနဲ႔သူ႔မ်က္လုံးေတြကိုလက္နဲ႔အုပ္လိုက္တယ္။

လက္ကိုဖယ္ေပးဖို႔ေရွာင္းက်န္႔မေျပာမိပဲဝမ္ရိေပၚရဲ႕လက္ကခဏေလးျပန္ဖယ္ေပးမယ္ဟုထင္ေနခဲ့သည္။ဒါေပမဲ့ဝမ္ရိေပၚရဲ႕လက္ေတြကေရွာင္းက်န္႔မ်က္လုံးလွလွေလးေတြကိုဖုံးကြယ္ထားရာကေနျပန္လည္ဖယ္ရွားျခင္းမရွိေတာ့ေပ။ထိုအတိုင္းပင္ေရွာင္းက်န္႔လဲအိပ္ေပ်ာ္သြားေတာ့သည္...

*^^*

မွန္တင္ခုံမွာထိုင္ေနၿပီးလက္ညိဳးေလာက္သာရွိတဲ့ဓားပါးတစ္လက္ကိုကိုင္ထားတဲ့ဝမ္ရိေပၚကိုေရွာင္းက်န္႔ကဘာလုပ္မလဲဆိုတဲ့အေတြးနဲ႔ၾကည့္ေနသည္။ဓားပါးရဲ႕အသြားထက္ထက္ကထိတာနဲ႔ျပတ္ရွသြားႏိုင္ၿပီးေနေရာင္ေအာက္မွာမ်က္စိက်ိန္းေလာက္ေအာင္အေရာင္လက္ေနသည္။ဝမ္ရိေပၚကသူ႔ရဲ႕ဆံႏြယ္ရွည္ေတြရဲ႕အဖ်ားနဲနဲကိုလက္တစ္ဆစ္ေလာက္ထိုဓားနဲ႔ျဖတ္လိုက္ေတာ့ေရွာင္းက်န္႔မ်က္လုံးျပဴးသြားသည္။

"ဧကရီ...ဘာ..ဘာလုပ္လိုက္တာလဲ..ဘာလို႔"

ေရွာင္းက်န္႔ကစကားေတြပင္ထစ္အကာေၾကာင္အေနမိတယ္။ဝမ္ရိေပၚကေရွာင္းက်န္႔ကိုထုံးစံအတိုင္လွလွေလးၿပဳံးျပတယ္။ထို႔ေနာက္သူျဖတ္ထားတဲ့လက္တစ္ဆစ္စာဆံပင္ကိုအေမႊးနံ႔သာအိတ္ေလးထဲထည့္လိုက္သည္။ေရွာင္းက်န္႔ကေတာ့ဧကရီရဲ႕ဆံပင္ေတြကိုႏွေျမာတသ​ျဖစ္ေနသည္။နည္းနည္းေလးဆိုေပမဲ့သူတကယ္ႏွေျမာပါသည္။

"ေရာ့."

သူ႔ကိုကမ္းေပးလာတဲ့အနီေရာင္အေမႊးအိတ္ေလးကိုမ်က္လုံးေလးေပကလပ္ေပကလပ္လုပ္ကာၾကည့္ေနမိတယ္။ဘာသေဘာလဲ

"မင္းကိုေပးတာယူလိုက္.."

"ဧ..ဧကရီ"

"မင္းငါ့ဆံပင္ကိုသေဘာက်တယ္မလား ေရွာင္းက်န္႔ငါမင္းသေဘာက်တဲ့အရာတိုင္းပိုင္ဆိုင္ရေအာင္လုပ္ေပးမယ္"

ေရွာင္းက်န္႔ရင္ထဲေျပာင္းဆန္ေနေတာ့သည္။စိတ္လႈပ္ရွားလြန္းလို႔ဘယ္လိုလုပ္ရမလဲ ႐ူးေလာက္ေအာင္ပဲ။တကယ္ႀကီး တကယ္ႀကီးဧကရီကေရွာင့္က်န္႔ကိုသူ႔ရဲ႕ဆံပင္ကိုလက္ေဆာင္ေပးတယ္ေပါ့ေလ..ဒါကတစ္နည္းအားျဖင့္ေရွာင္းက်န္႔ကသူ႔အတြက္အေရးပါတယ္လို႔ေျပာလိုက္သလိုပဲ။

ဝမ္းသာလြန္းၿပီးေရွာင္းက်န္႔ကၿပဳံးျပလိုက္တယ္။တုန္ယင္ေနတဲ့လက္ေတြနဲ႔အေမႊးအိတ္ေလးကိုကမ္းယူလိုက္တယ္။ခ်ဳံ႕အိတ္ေလးကိုဖြင့္ၾကည့္ေတာ့ႏူးညံ့တဲ့ဆံသားေတြကိုေတြ႕ရတယ္ ေရွာင္းက်န္႔အိတ္ေလးကိုႏွာေခါင္းတရႈံ႕ရႈံ႕လုပ္ကာနမ္းၾကည့္သည္။မက္မြန္ပန္းနံ႔ေလးကိုသူအရမ္းသေဘာက်တယ္..

အေမႊးအိတ္ကိုနမ္းၾကည့္ေနတဲ့ေရွာင္းက်န္႔ကိုၾကည့္ၿပီးဝမ္ရိေပၚနဲ႔နား႐ြက္ေတြကနီရဲလာသည္။ေရွာင္းက်န္႔သိပါ့မလားသူ႔ဆံပင္ကိုေရွာင္းက်န္႔နဲ႔သူ႔မိဘကလြဲၿပီးဧကရာဇ္ေတာင္မနမ္းရႈိက္ဖူးဘူးဆိုတာ။

"ဘာလို႔ဒါကိုေပးတာလဲမသိေပမဲ့ကြၽန္ေတာ္တကယ္ႏွစ္သက္ပါတယ္..ေကာင္းေကာင္းထိန္းသိမ္းပါ့မယ္..ေက်းဇု.တင္.."

ေရွာင္းက်န္႔ရဲ႕ေက်းဇုတင္မည့္စကားကဝမ္ရိေပၚရဲ႕မ်က္ခုံးတြန္႔ခ်ိဳးလ်က္ၾကည့္လာတဲ့အၾကည့္ေၾကာင့္လွ်ာေလးတစ္လစ္ထြက္ကာရပ္သြားသည္။ဝမ္ရိေပၚကလစ္ခနဲၿပဳံးလိုက္ၿပီး

"မင္းကိုလက္ေဆာင္ေပးၿပီးၿပီဆိုေတာ့ငါ့ကိုတစ္ခုခုျပန္မေပးခ်င္ဘူးလား"

"ကြၽန္ေတာဘာျပန္ေပးရမလဲ..ကြၽန္ေတာ့မွာဘာမွတန္ဖိုးႀကီးတာမရွိဘူးေလ ဧကရီသေဘာမက်မွာစိုးတယ္ ဒါမွမဟုတ္ရင္ႀကိဳက္တာလုပ္ခိုင္းကြၽန္ေတာ္လုပ္ေပးမယ္..အယ္ ကြၽန္ေတာ္ကအေစခံပဲလုပ္ေပးရမွာေပါ့..ဧကရီလိုခ်င္တာေျပာေလ ကြၽန္ေတာ့္မွာရွိရင္ေပးမယ္"

​ေရွာင္းက်န္႔မ်က္ဆံေလးေတာင္ေျပးေျမာက္ေျပးနဲ႔ဂဏွာမၿငိမ္စြာလက္ညိဳးေလးေထာင္ၿပီးေျပာေနသည္။ဝမ္ရိေပၚကထိုင္ေနရာကထရပ္ၿပီးေရွာင္းက်န္႔နားေျခတစ္လွမ္းခ်င္းတိုးလာတယ္။ေရွာင္းက်န္႔ကေနရာမွာပဲရပ္ေနေသာ္လည္းဝမ္ရိေပၚကမရပ္ပဲေရွ႕ဆက္တိုးေနတာေၾကာင့္ေရွာင္းက်န္႔ေျခလွမ္းေတြတျဖည္းျဖည္းအေနာက္ဆုတ္မိတယ္။ဝမ္ရိေပၚတစ္လွမ္းတိုးရင္သူတစ္လွမ္းဆုတ္တယ္။ေရွာင္းက်န္႔လက္ကအနီေရာင္အိတ္ေလးကခပ္တင္းတင္းကိုင္ခံလိုက္ရသည္။

ေနာက္ဆုံးေရွာင္းက်န္႔ကထိုင္ခုံေပၚထိုင္လ်က္က်သြားၿပီးဝမ္ရိေပၚကအေပၚစီးကေနၾကည့္ေနတယ္။ေဘးႏွစ္ဖက္မွစားပြဲကိုလက္ေထာက္ရင္းမ်က္ႏွာအနီးပိုမိုတိုးကပ္လာတယ္။မ်က္ႏွာခ်င္းထိေတာ့မည့္တထြာေလာက္အကြာအေဝးမွာေရွာင္းက်န္႔ကဝမ္ရိေပၚရင္ဘက္ကိုလက္နဲ႔တားလိုက္သည္။ကိုးယို႔ကားယားဆန္တဲ့ေအာင့္သက္သက္အၿပဳံးကိုၿပဳံးျပၿပီး

"ဧကရီအရမ္းကပ္လြန္ေနၿပီးပုံမွန္ေျပာလဲရပါတယ္အေနာက္ေလးနည္းနည္းဆုတ္ပါလား.."

"ငါလိုခ်င္တာေပးမယ္ဆို"

"ဟုတ္ကဲ့ ဧကရီ..ဘာလိုခ်င္တာလဲကြၽန္ေတာ္ေပးႏိုင္ရင္ရပါတယ္"

ဧကရီကႏႈတ္ခမ္းေတြတြန္႔ၿပဳံးၿပီးသူ႔ကိုေပါက္ထြက္မတတ္စိုက္ၾကည့္ေနတာမလို႔ေရွာင္းက်န္႔စိတ္ထဲထူးဆန္းသြားသည္။အဓိပၸါယ္ေတြပါေနတဲ့အၾကည့္ေတြကရင္မဆိုင္ခ်င္ေလာက္ေအာင္ျဖစ္ရသည္။ေရွာင္းက်န္႔ရင္ဘက္ထဲတဒိန္းဒိန္းခုန္ေနတာကဘယ္ေလာက္ထိေၾကာက္ေနလဲဆိုတာသိသာတယ္။

"မင္းေပးႏိုင္တဲ့အရာပါပဲ.."

"ဟင္..ဘာကို.."

ေရွာင္းက်န္႔မ်က္လုံးေတြျပဴးစက္သြားသည္။ဧကရီကသူ႔လည္တိုင္ၾကားကဆံပင္ေတြကိုေခါင္းတိုးဝင္ကာ႐ူရႈိက္သြင္းလိုက္တာပင္။ဒါကနမ္းလိုက္တာပဲမဟုတ္ဘူးလား..ေရွာင္းက်န္႔တစ္ကိုယ္လုံးေတာင့္တင္းသြားၿပီးေက်ာက္႐ုပ္ႀကီးလိုျဖစ္သြားတယ္။

"မင္းဆံပင္ေတြကတကယ္ေမႊးတာပဲအနံ႔ေလးကသင္းေနတာပဲ"

ဝမ္ရိေပၚကေရွာင္းက်န္႔ဆံပင္ေတြကိုထိေတြ႕ၿပီးတဝႀကီး႐ူရႈိက္ေနေလသည္။ထို႔ေနာက္နမ္းေနရာကျပန္ခြာေတာ့သူ႔လည္တိုင္နဲ႔ႏႈတ္ခမ္းေတြကမေတာ္တဆပြတ္ဆြဲမိသြားတယ္။တစ္ကိုယ္လုံးဖ်င္းခနဲျဖစ္သြားၿပီးတုန္တက္သြားသည္။ဘယ္လိုခံစားခ်က္ႀကီးပါလိမ့္..ဧကရီကေရာဘာလို႔ဒီလိုေတြလုပ္ေနတာလဲ..ထူးဆန္းေနတယ္လို႔ခံစားမိေပမဲ့ဘာကလဲဆိုတာအေျဖရွာမရဘူးျဖစ္ေနတယ္။

ဧကရီကေရွာင္းက်န္႔နဲ႔ပက္သက္ၿပီးမူမမွန္တာတစ္ခုခုမ်ားရွိေနတာလား..

💚💛❤

Comment