15ခု

15ခု
Uni

"မင်းသား၂ အပြင်မှာရှောင်းကျန့်ကတွေ့ခွင့်တောင်းနေပါတယ်"

စွန်လုပ်နေတဲ့ချန်းရှို့ပင်းကအစောင့်ကောင်လေးလာပြောတာကိုကြားတော့လုပ်လက်စစွန်ကိုရပ်တန့်လိုက်သည်။

"မြန်မြန်ဝင်လာခိုင်းလိုက် နောက်ဆိုရင်ငါ့နန်းဆောင်ထဲရှောင်းကျန့်ကတံခါးမရှိဓားမရှိပဲကြားလား"

"ဟုတ်ကဲ့ပါကျွန်တော်သိပါပြီ"

အစောင့်လေးထွက်သွားတော့ချန်းရှို့ပင်းကစိတ်လှုပ်ရှားနေလေသည်။ဘယ်လိုပဲသူ့ကိုငြင်းပယ်နေပါစေသူကစိတ်မှမပြတ်နိုင်တာ။မကြာခင်အချိန်မှာရှောင်းကျန့်ကအေးအေးလူလူဝင်ရောက်လာတော့ရှောင်းကျန့်အနားပြေးသွားလိုက်သည်။

"ရှောင်းကျန့် ငါ့ဆီလာတာဘာလိုချင်လို့လဲဟင်ငါဘာလုပ်ပေးရမလဲ"

အလောတကြီးမေးနေပြီမှရှောင်းကျန့်မျက်နှာကိုသေချာကြည့်မိသည်။ညိုးလျော်နေပြီးအရင်လိုတက်ကြွမှုမရှိတဲ့မျက်နှာလေးကြောင့်သူစိတ်ပူသွားရတယ်။ပြုံးရွှင်နေတဲ့ချန်းရှို့ပင်းရဲ့မျက်နှာကစိုးရွံ့မှုတွေကိန်းအောင်းလာသည်။မျက်ဝန်းတွေကရဲနေကာမျက်ခွံတွေဖောင်းအစ်နေလေသည်။ငိုထားတာလား..ဘာကြောင့်လဲသူမမေးချင်ဘူးသူနဲ့လက်မထက်ချင်လို့ဆိုပြီးဖြေမှာစိုးသည်။

"ရှောင်းကျန့် အကူအညီလိုသေးလားငါကူညီပေးမယ်လေမင်းဖြစ်ချင်တာမှန်သမျှငါဖြည့်ဆည်းပေးမယ် ဘာဖြစ်ချင်လဲမင်းပြော"

စိတ်ပူမှုတွေနဲ့အားတက်သရောပြောနေတဲ့မင်းသား၂ကိုရှောင်းကျန့်ကြည့်လိုက်သည်။တကယ်အားနာမိပါတယ် မင်းသား၂ကိုအသုံးချမိတော့မယ်။ဧကရီကိုသိစေချင်တယ်ရှောင်းကျန့်ကမကျေနပ်ရင်အရွဲ့တိုက်တတ်တယ်ဆိုတာ

"မင်းသား၂"

"အင်း"

"လက်ထက်ဖို့ကိစ္စ..."

ရှောင်းကျန့်ကဆက်မပြောပဲရပ်ထားတော့ချန်းရှို့ပင်းကပို၍စိတ်အစိုးမရဖြစ်လာသည်။ရှောင်းကျန့်ရဲ့တုံ့ပြန်မှုကိုငံ့လင့်စောင့်စားနေဟန်ကြည့်နေတယ်။ရှောင်းကျန့်ကစိတ်ဒုန်းဒုန်းချကာရင်ထဲမရှိတဲ့စကားကိုပြောလိုက်သည်။

"လက်ထက်ဖို့ကိစ္စကျွန်တော်သဘောတူတယ် အဲ့ဒါကြောင့်မင်းကြီးကိုအကြောင်းပြန်လို့ရပါပြီ"

ရှောင်းကျန့်စကားကိုကြားပြီးသကာလချန်းရှို့ပင်းကတောင့်တောင့်ကြီးဖြစ်သွားကာငြိမ်သက်သွားသည်။ရှောင်းကျန့်ကသူ့ကိုမကြည့်ပဲအကြည့်လွှဲကာအေးဆေးပြောလာတဲ့စကားကြောင့်သူပျော်သင့်တယ်မလား။ပျော်ပါတယ်ဒါပေမဲ့အပြည့်အဝမဟုတ်ဘူး။ဒီလူသားလေးကိုပိုင်ဆိုင်ခွင့်ရတော့မှာမလို့သူပျော်တယ်..သို့ပေမဲ့ ရှောင်းကျန့်စိတ်ဆန္ဒနဲ့လက်ထက်ပွဲကိုလက်ခံတာမှမဟုတ်တာ။သူသိနေပါသည်

"ရှောင်းကျန့်..."

"......."

"ကျေးဇုတင်ပါတယ်"

မင်းသား၂ကပြုံးပြလာတော့သူပြန်ပြုံးပြလိုက်သည်။သူ့ကိုသိုင်းဖက်လာတော့မငြင်းမိဘူးပြန်ပြီးလဲမဖက်တွယ်မိဘူး။ချစ်ရသူကိုတခြားတစ်ယောက်ရဲ့ရင်ခွင်ထဲမှာတွေ့မြင်ရတာပျော်ရွင်နိုင်ပါ့မလားသိချင်မိတယ်ဧကရီ။

*^^*

ဧကရာဇ်ချန်းယွိရှီရဲ့နန်းဆောင်အတွင်းမင်းကြီးအပါအဝင်ဧကရီရယ် မင်းသား၃ရယ်နှင့်မိဖုရားလျန်တို့ကဆွေးနွေးနေကြသည်။အကြောင်းကမင်းသား၂နဲ့ရှောင်းကျန့်တို့အကြောင်းပင် အခြားသူတွေကစကားများနေသော်လဲဧကရီကတော့ရေနွေကြမ်းကိုသာအဖော်ပြုလို့ဆိတ်ငြိမ်နေလေသည်။ဧကရာဇ်ရဲ့အကြည့်ကတစ်ခါတစ်လေဝမ်ရိပေါ်ဆီဝေ့ဝဲသွားတတ်တယ်။

"အားရှို့ကတော့အမြန်ဆုံးပွဲကိုကျင်းပစေချင်နေတယ် ရှောင်းကျန့်ကလက်မခံဘူးလိုလိုနဲ့မူနေတော့အားရှို့ခင်မျာအတော်လေးခံစားခဲ့ရသေး.."

"ခုတော့သူတို့အဆင်ပြေသွားကြပြီပဲ မင်္ဂလာပွဲကမြန်မြန်ပြီးလေကောင်းလေပဲ"

"ရှောင်းကျန့်လက်ခံမယ်လို့တကယ်မထင်ထားခဲ့တာ"

တစ်ယောက်တစ်ပေါက်ပြောနေကြတဲ့စကားတွေကဝမ်ရိပေါ်ရင်ကိုအသွားထက်တဲ့ဓားချွန်ချွန်တွေနဲ့ထိုးစိုက်နေသည်။သူရွေးချယ်ခဲ့တဲ့လမ်းကိုခံနိုင်ရည်ရှိအောင်ကြိုးစားရမှာပေါ့။

"ဧကရီဘာလို့တိတ်နေတာလဲကိုယ့်အစေခံအိမ်ထောင်ပြုတော့မဲ့ကိစ္စကိုစီစဥ်ပေးရမှာပေါ့ ဝင်ပြောပါအုံး"

ဧကရာဇ်ကဝမ်ရိပေါ်ရဲ့လက်ဖွေးဖွေးအပေါ်အုပ်ကိုင်ကာစိုက်ကြည့်ပြီးပြောသည်။ဝမ်ရိပေါ်ရဲ့ကော့ဖြာစင်းနေတဲ့မျက်တောင်ရှည်တွေကငိုက်ကျကာမျက်လွှာချထားသည်။

"ဧကရီကအစေခံကိုနှမြောနေတာထင်တယ် ဟားး..ဒီထက်တော်တဲ့လူတွေကိုယ်ရှာပေးပါ့မယ် အထီးမကျန်စေရဘူး"

"........."

တမင်ငေါ့ပြီးပြောနေတဲ့ချန်းယွိရှီရဲ့နှုတ်ခမ်းတွေကခပ်မဲ့မဲ့ပြုံးနေသည်။မင်းသား၂ကခေါင်းအသာခါယမ်းကာသက်ပြင်းချမိသည်။မိဖုရားလျန်ကတော့ဘာမှမသိတာမလို့မျက်နှာထက်အပြုံးပန်းတို့ဝေဆာနေလေ၏။

"တခြားလူရှာပေးမယ်? ရှောင်းကျန့်လောက်ကျွန်တော့အပေါ်ကောင်းပါ့မလား ရှောင်းကျန့်လောက်စိတ်ရောကိုယ်ပါနစ်ပြီးဂရုစိုက်ပေးပါ့မလား..."

ဝမ်ရိပေါ်ကဧကရာဇ်အုပ်ကိုင်ထားတဲ့လက်ကိုရုန်းထွက်ကာချန်းယွိရှီရဲ့မျက်နှာကိုစိုက်ကြည့်ကာပြောလက်စကိုဆက်ပြောတယ်။

"ရှောင်းကျန့်လိုမျိုးကျွန်တော့ဘဝမှာဒုတိယလူဆိုတာမရှိတော့ဘူး..."

ချန်းယွိရှီရဲ့မျက်နှာကဟန်မဆောင်နိုင်လောက်အောင်ပျက်ယွင်းသွားသည်။ပြီးတော့မှအပြုံးတစ်ခုကိုခပ်မြန်မြန်တပ်ဆင်လိုက်ကာစကားလမ်းကြောင်းလွဲတယ်

"မင်းသား၂နဲ့တိုင်ပင်ပြီးရက်ကောင်ရက်မြက်ရွေးကြတာပေါ့"

"အရှင့်အမိန့်အတိုင်းပါပဲ အားရှို့ကတော့ဘယ်လောက်တောင်ဝမ်းသာနေလိုက်မလဲ သူတို့ကသိပ်ကိုလိုက်ဖက်တဲ့နတ်ဖတ်တဲ့စုံတွဲမလား"

မိဖုရားလျန်ရဲ့စကားကြောင့်ဝမ်ရိပေါ်မေးရိုးတွေတင်းမာသွားသည်။အရမ်းချစ်ခဲ့တာမလို့လွယ်လွယ်ကူကူလက်မလွှတ်နိုင်ဘူးဆိုတာသိပါသည်။တကယ်ကြီးသူများလက်ထဲထည့်ပေးရတော့မှာကိုတွေးမိတိုင်းနေမထိထိုင်မထိနဲ့တမြေ့မြေ့လောင်ကျွမ်းရတယ်။

"ဝုန်း!!!"

"ခမည်းတော်!!!ဘာတွေလျောက်လုပ်နေတာလဲ!"

နန်းဆောင်တံခါးကိုခြေထောက်နဲ့ကန်ဖွင့်လိုက်တဲ့အိမ်ရှေ့စံကဒူးလေးမြှားနဲ့လက်ထဲစွန်ငှက်တစ်ကောင်ကိုင်ကာဝင်လာသည်။ဘယ်တော့မှညင်ညင်သာသာမရှိတဲ့သားတော်မောင်ကြောင့်ဧကရာဇ်ရဲ့နန်းဆောင်တံခါးလဲပြုပြင်ရတာအခေါက်ပေါင်းမရေတွက်နိုင်တော့။

"ဘာလို့ရှောင်းကျန့်ကိုဦးလေး၂ဆီပေးပစ်ရတာလဲ."

အနှေးနဲ့အမြန်ဒီလိုမျိုးကြုံတွေ့ရမှာသိပါတယ်။အိမ်ရှေ့စံကလွယ်ကူစွာလက်မခံပဲသောင်းကျန်းမယ်ဆိုတာလဲသိနေပြီးသား။လက်သီးနှစ်ဖက်တင်းနေအောင်ဆုပ်ပြီးတရူးရူးတရှားရှားနဲ့စူးရဲစွာကြည့်နေတဲ့အိမ်ရှေ့စံကဒေါသဟုန်မြင့်မားနေတယ်။

"အားရုံ မယ်မယ်ပြောထားတယ်လေဘာလို့ရိုင်းနေရတာလဲ"

"ကျွန်တော်မေးတာဖြေ ခမည်းတော်ကတိမတည်ဘူးပြောတော့ကျွန်တော်အရွယ်ရောက်ရင်ရှောင်းကျန့်ကကြင်ယာတော်ဖြစ်ရမှာဆို.ခမည်းတော်လူလိမ်ကြီး!!"

ဝမ်ရိပေါ်ကအကြမ်းရည်ကိုသာဒေါသတွေဖြေသိမ့်ဖို့သောက်နေသည်။သူ့ဒေါသတွေအကြမ်းရည်နဲ့အတူဗိုက်ထဲကိုမြိုချနေရတယ်။ရှောင်းကျန့်ရဲ့လူချစ်လူခင်များတဲ့ကံတရားလေးကိုသူသဘောမတွေ့ဘူး။ ဘယ်သူမှမမြင်နိုင်တဲ့နေရာမှာရှောင်းကျန့်ကိုသေးသေးလေးလုပ်ပြီးဖွက်ထားချင်မိသည်။

"အားရုံ မယ်မယ်ပြောနေတယ်လေ"

"နေပါစေမိဖုရား"

ချန်းယွိရှီကထိုင်နေရာကထကာသူ့သားဆီသွားလိုက်သည်။တည်ငြိမ်နေတဲ့ဧကရာဇ်ကအိမ်ရှေ့စံကိုစိုက်ကြည့်ကာ

"မင်းကငယ်သေးတယ် လူကြီးကိစ္စတွေကိုဝင်မပါသင့်ဘူး ပြီးတော့ရှောင်းကျန့်ကိုတကယ်ချစ်တာမဖြစ်နိုင်ဘူး "

"တစ်ခါလာလဲ ငယ်သေးတယ်နှစ်ခါလာလဲငယ်သေးတယ် ကျွန်တော့အသက်၁၃နှစ်ရှိနေပြီဘာလို့ကျွန်တော့အချစ်ကိုမယုံကြည်ရတာလဲ ရှောင်းကျန့်ကိုပဲချစ်တယ်သူ့ကိုဘယ်သူ့ဆီမှမပေးနိုင်ဘူး"

"ချန်းရုံဝမ်!! မင်းငါ့စကားကိုတောင်လွန်ဆန်နေပြီပေါ့ ရှောင်းကျန့်လိုမျိုးရိုးနိမ့်ကိုတော်ဝင်သွေးနဲ့မရောစပ်နိုင်ဘူး တော်ဝင်မိသားစုနဲ့ပက်သက်ခွင့်ပေးတာနဲ့တင်လွန်လှပြီ..မင်းဦးလေး၂ကအစေခံရဲ့သားပဲ အစေခံကအစေခံနဲ့ပဲထိုက်တန်တယ်! မင်းကအနာဂတ်ရဲ့ရှင်ဘုရင်လောင်းပါငယ်ရွယ်တဲ့အချိန်မှာဆုံးဖြတ်ခဲ့တဲ့အမှားအယွင်းကြောင့်နောင်တမရစေချင်ဘူး"

ချန်းယွိရှိရဲ့ရှောင်းကျန့်ကိုချိုးနှိမ်ပြီးပြောတဲ့စကားတွေကြောင့်ဝမ်ရိပေါ်ထသတ်ချင်လာသည်။သူ့ချစ်သူကိုသူ့ရှေ့မှာစော်ကားပြောဆိုနေတာကိုတောင်ဘာမှလုပ်ခွင့်မရှိတဲ့ဘဝကြီးကိုစိတ်ပျက်တယ်။အင်အားကြီးတဲ့ဧကရာဇ်ဖြစ်နေပါရက်နဲ့လုပ်ကြံသူတွေကြောင့်တိုင်းတစ်ပါးမှာဧကရီလာလုပ်နေရတဲ့ဘဝကိုလဲမုန်းတယ်။အဆိပ်ကြောင့်မျက်စိကွယ်ပြီးဒုက္ခိတဖြစ်ရတော့မဲ့ဘဝကိုလဲမုန်းတယ် ချစ်ရသူကိုအသဲနင့်အောင်ချစ်နေပါရက်နဲ့လက်လွှတ်ပေးရမဲ့ဘဝကိုလဲမုန်းတယ်

ဒုန်း!!

ဝမ်ရိပေါ်ကရေနွေးပန်ကန်လုံးကိုကြမ်းပေါ်ဖိချကာထရပ်လိုက်တယ်။သူ့ကိုကြည့်နေကြတဲ့လူတွေကိုလျစ်လျူရှုကာထိုနေချင်စရာမရှိတဲ့နေရာကနေကျောခိုင်းထွက်လာခဲ့သည်။

"အားရုံ..မင်းမှာကန့်ကွက်ပိုင်ခွင့်မရှိဘူး မင်းသား၂ရဲ့မင်္ဂလာပွဲပြီးတာနဲ့ရှန်းလုတောင်သခင်ဆီမှာပညာသွားသင်ရမယ် ငါမခေါ်မချင်းမပြန်လာရဘူး ဒါဧကရာဇ်ရဲ့အမိန့်ပဲ"

"အရှင်..အဲ့လိုမဆုံးဖြတ်ပါနဲ့သားလေးကငယ်သေးလို့မသိနားမလည်ပဲအမှားကျူးလွန်မိတာပါ ကျွန်မအားရုံနဲ့မခွဲပါရစေနဲ့"

"မနေနိုင်ရင်လိုက်သွားလို့ရတယ် မင်းမိန့်ကိုတော့ဘယ်တော့မှပြင်မှာမဟုတ်ဘူး"

မိဖုရားလျန်ကငိုယိုနေပြီးပြောတော့ချန်းယွိရှီကကျောခိုင်းကာပြတ်သားစွာပြောလိုက်သည်။ဧကရီဘာကြောင့်ရုတ်တရတ်ကြီးဘာမှမပြောပဲထွက်သွားလဲသိတာမလို့သူ့စိတ်တွေကမကြည်လင်တော့ဘူး။အိမ်ရှေ့စံကမျက်ရည်တွေနဲ့သူ့ခမည်းတော်ကိုကြည့်နေသည်။

"ခမည်းတော်ကအတ္တကြီးတယ်..ဦးလေး၂မင်္ဂလာပွဲပြီးတဲ့ထိမနေတော့ဘူးမနက်ဖြန်ပဲခရီးစထွက်ပါမယ်"

"အားရုံ.."

ချန်းရုံဝမ်ကသူ့အမေခေါ်သံကိုတောင်မကြားချင်ယောင်ဆောင်ကာထွက်သွားတော့သည်။မိဖုရားလျန်ကကြမ်းပေါ်ထိုင်ချကာငိုယိုနေပေမဲ့ချန်းယွိရှီကနှလုံးသားမရှိတဲ့အေးစက်တဲ့လူကဲ့သို့ရပ်နေသည်။မင်းသား၃ကဘာတစ်ခွန်းမှမပြောပဲအသံတိတ်ဖြင့်သာအဖြစ်အပျက်ကိုကြည့်လို့နေသည်။

*^^*

ထောင်ဟွားနန်းဆောင်သည်အရင်လိုတက်ကြွမနေတော့ပဲတိတ်ဆိတ်နေသည်။သုဿန်တစ်စပြင်ကဲ့သို့ခြောက်ကပ်နေခြင်းကလူမရှိခြင်းကြောင့်မဟုတ်ပေ။ဧကရီနဲ့သူ၏အစေခံတို့ရှိနေပါရက်နဲ့တိတ်ဆိတ်မှုကြီးသာကြီးစိုးနေသည်။

ရှောင်းကျန့်ကအဝတ်စားတွေထုတ်ပိုးနေပြီးဒီကထွက်သွားကာအစေခံတန်းလျားမှာနေဖို့ပြင်သည်။ဧကရီနဲ့သူ့ကြားမှာဘာမှမရှိတော့ဘူးထင်တယ်ဧကရီကသူ့ကိုလျစ်လျုရှုထားလိုက်ပြီ။ရင်နာမိပေမဲ့ဒါကအမှန်တရားပဲ

"အဲ့ဒါဘာလုပ်နေတာလဲ"

ရှောင်းကျန့်ကအဝတ်စနှစ်စကိုချည်ပြီးတော့ဝမ်ရိပေါ်ကအခန်းထဲဝင်လာကာမေးလိုက်သည်။အထုတ်လေးကိုပုခုံးပေါ်သိုင်းလွယ်လိုက်ပြီး

"ဒီမှာနေဖို့မသင့်တော်တော့ဘူးမလားကျွန်တော်အစေခံတန်းလျားမှာသွားနေမယ်မင်းသား၂နဲ့လက်ထက်ပြီးရင်ကျွန်တော်ကအစေခံမဟုတ်တော့ဘူးဧကရီရဲ့အနီးကပ်လူလဲမဟုတ်တော့ဘူးလေ မှန်တယ်မလား"

တည်ငြိမ်စွာပြောနေတဲ့လူကိုဝမ်ရိပေါ်မျက်ခုံးကျုံ့ကာကြည့်လိုက်သည်။ရှောင်းကျန့်ကအရွယ်ရောက်လာတဲ့သူလေးလိုရင့်ကျက်နေပြီ။ကလေးတစ်ယောက်လိုတွယ်ကပ်မနေတော့ဘူးကိုယ့်ကိုမလိုချင်လို့တွန်းထုတ်နေတဲ့သူကိုမရမကဖက်တွယ်ထားရအုံးမလားဟင့်အင်းရှောင်းကျန့်ရဲ့မာနလေးကခွင့်မပြုဘူး။

"မင်္ဂလာပွဲပြီးတာနဲ့မင်းသား၂နဲ့တခြားမြို့ကိုထွက်သွားရတော့မယ် တစ်ခါထဲဧကရီကိုနှုတ်ဆတ်ခဲ့ပါတယ်နောက်ဆိုရင်လက်ထက်ဖို့ကိစ္စတွေနဲ့အလုပ်ရှုပ်နေတော့မှာမလို့တွေ့ရဖို့မသေချာတော့ဘူးလေ"

ရှောင်းကျန့်ကစကားတွေအများကြီးပြောနေပေမဲ့ဧကရီကတိတ်ဆိတ်နေတုန်းပင်။ဘာမှပြောစရာမရှိတော့ဘူးလား

"သွားခွင့်ပြုပါဧကရီ.."

ရှောင်းကျန့်ကလှည့်ထွက်လာခဲ့သည်။ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်းဝမ်ရိပေါ်နဲ့ပို၍ပို၍ဝေးကွာသွားသည်ဟုခံစားမိသည်။တားစေချင်တယ် မသွားပါနဲ့ဟုတားမြစ်သံကိုကြားချင်မိသည်။ထင်သလိုမဖြစ်ဘူးဆိုတာသိပေမဲ့ဒီစကားလေးတစ်ခွန်းပြောလာရင်တော့သူဝမ်ရိပေါ်လက်ကိုပြန်ပြီးဆုပ်ကိုင်ဖို့သတ္တိတွေရှိသွားပြီ။မိုးနတ်မင်းကိုတောင်မကြောက်တော့တဲ့ထိသူရင်ဆိုင်နိုင်တယ်။

ရှောင်းကျန့်ရဲ့ခြေလှမ်းတွေကပိုများလာပြီးအခန်းဝကိုရောက်သည်ထိသူကြားချင်သည့်စကားကိုဧကရီကပြောမလာပေ။ဟက်..ဘာတွေမျော်လင့်နေတာလဲမချစ်တော့လို့စွန့်ပစ်ခဲ့ပြီပြီမလား...

"မင်းဒီအခန်းထဲကခြေတစ်လှမ်းထွက်သွားတာနဲ့ငါ့အဆိုးမဆိုနဲ့ရှောင်းကျန့် ခုချက်ချင်းပြန်လာခဲ့!"

ရှောင်းကျန့်ရဲ့ခြေလှမ်းကတုံ့ခနဲရပ်သွားပြီးခုနထဲကမကျအောင်ထိန်းထားတဲ့မျက်ရည်ကစီးကျသွားသည်။ခပ်ရေးရေးပြုံးလိုက်ပြီးပြန်လှည့်ကြည့်ပြီးဝမ်ရိပေါ်အနားပြန်လျောက်လာသည်။သူ့ကိုပေါက်ထွက်မတတ်စူးစူးရဲရဲစိုက်ကြည့်နေတဲ့ဧကရီကစိတ်တိုနေတယ်ထင်တယ်။ရှောင်းကျန့်ကမျက်ရည်တွေနှင့်ပြုံးရင်းကြည့်ကာ

"ကျွန်တော့ကိုချစ်နေသေးတယ်မလား "

"မင်းလက်မထက်မချင်းမင်းကငါ့အစေခံပဲငါမင်းကိုပိုင်နေတုန်းဆိုတာမမေ့လိုက်နဲ့"

ဝမ်ရိပေါ်ရဲ့စကားကြောင့်ရှောင်းကျန့်မျော်လင့်ချက်တွေတင်မကနှလုံးသားလေးပါကျကွဲသွားရသည်။အစေခံမလို့တဲ့လား...

"ဟုတ်တယ်မင်းကငါ့အစေခံ"

သူ့စိတ်ထဲကမေးခွန်းကိုပြန်ဖြေလာတော့မျက်လုံးလေးဝိုင်းကာကြည့်မိသည်။မျက်ရည်တွေကတသွင်သွင်နဲ့စီးဆင်းမပြတ်တဲ့မြစ်ငယ်တစ်စင်းပင်။

"မင်းကအစေခံမလို့ဒီရက်တွေအတွင်းငါနဲ့နေရမယ်မင်္ဂလာပွဲပြီးရင်တော့မင်းလွတ်လပ်ပြီ"

ရှောင်းကျန့်ကနာကျင်စွာဟက်ကနဲရယ်လိုက်သည်။သူမလွတ်မြောက်ချင်ဘူးဆိုတာဧကရီမသိလေရော့သလား။မျက်ရည်တွေကိုသုတ်ကာခေါင်းတသွင်သွင်ငြိမ့်လို့

"ကောင်းပါပြီ ကျွန်တော်နေပေးမယ်ဒါကဧကရီရဲ့ဆန္ဒကိုနောက်ဆုံးဖြည့်ဆည်းပေးခြင်းပဲ ကျွန်တော့ရဲ့နောက်ဆုံးဆန္ဒကိုလဲလိုက်လျောပေးပါ"

ဝမ်ရိပေါ်ကအစိတ်စိတ်အမွကြေနေတဲ့နှလုံးသားကိုမသိကျေးကျွန်ပြုကာအေးဆေးစွာပင်ခေါင်းညိမ့်ပြလိုက်သည်။ရှောင်းကျန့်ကကျေးဇုတင်ကြောင်းတီးတိုးပြောကာရှေ့ကိုတိုးလာတယ်။ပြီးနောက်ဝမ်ရိပေါ်လည်ပင်းကိုသိုင်းဖက်ကာနှုတ်ခမ်းအစုံကိုထိကပ်လိုက်သည်။

အလိုက်သင့်တုံ့ပြန်နေတဲ့ဝမ်ရိပေါ်ကြောင့်သူတို့အနမ်းကကြာရှည်ခဲ့တယ်။ရှောင်းကျန့်ကသူ့ရဲ့ဝတ်ရုံကိုချွတ်ချလိုက်ပြီး

"ကျွန်တော့ရဲ့ပထမဆုံးကိုချစ်ရတဲ့သူကိုပဲပေးချင်တယ်ကျေးဇုပြုပြီးအဲ့ဒီဆန္ဒကိုဧကရီကဖြည့်ဆည်းပေးပါ..."

"ရှောင်းကျန့်"

"ကျေးဇုပြုပြီးမငြင်းပါနဲ့ နောက်ဆုံးမလို့"

"ငါမငြင်းပါဘူး အဲ့ဒါကအရမ်းနာကျင်ရတာမင်းနာကျင်မှာစိုးလို့"

"ဒီလောက်နာကျင်မှုလေးကရင်ထဲကနာကျင်မှုလောက်ဆိုးရွားပါ့မလား ကျွန်တော့ရင်ဘက်တစ်ခုလုံးစုတ်ပြတ်နာကျင်အောင်လုပ်ပြီးမှဒီသေးသေးလေးနာကျင်မှာကိုစိုးရိမ်နေတာသဘာဝမကျဘူး.."

ဝမ်ရိပေါ်ရဲ့လက်သီးကတင်းခနဲပဲ။ထို့နောက်ရှောင်းကျန့်ရဲ့ဗလာကျင်းနေတဲ့ခန္ဓာကိုယ်ကသူ့ရင်ကိုနာကျင်စေတာထက်ပူလောင်မှုတွေပေးလာသည်။ရှောင်းကျန့်ကိုယ်လေးကိုဆတ်ခနဲပွေ့ချီကာကုတင်ပေါ်တင်ပြီးအုပ်မိုးလိုက်သည်။စီးကျနေတဲ့မျက်ရည်တွေကိုနှုတ်ခမ်းနဲ့သုတ်ပေးရင်းမျက်လုံးလှလှလေးကိုနမ်းလိုက်တယ်။မျက်နှာတပြင်လုံးအနှံ့တရှုံ့ရှုံ့နမ်းပြီးနောက်ဆုံးရဲသွေးကြွနေတဲ့နှုတ်ခမ်းလေးဆီမှာရပ်တန့်စေသည်။

ဝမ်ရိပေါ်ရဲ့လည်တိုင်တွေတွေကိုတင်းတင်းချိတ်တွယ်ထားတဲ့ရှောင်းကျန့်ကပြင်းရှလှိုက်မောဖွယ်အနမ်းတွေကိုတုံ့ပြန်လေသည်။နှစ်ယောက်လုံးရဲ့ကိုယ်မှာအဝတ်တွေကပ်ငြိခြင်းမရှိတဲ့အခါတစ်ယောက်ကိုတစ်ယောက်ပွတ်သက်ကာပူလောင်နေမိတယ်နီနီရဲရဲအချစ်သင်္ကေသတွေချန်လှပ်စေပြီးအနက်ရှိုင်းဆုံးပက်သက်စေသည်။

အနောက်ပေါက်လေးကိုကျူးကျော်လာတဲ့ဝမ်ရိပေါ်ရဲ့ဖွားဖက်တော်ကအရမ်းကြီးလွန်းတယ်။နာကျင်တင်းကြပ်မှုကိုအံကြိတ်တင်းခံကာသာယာမှုရအောင်ယူသည်။ဝမ်ရိပေါ်ရဲ့မြန်ဆန်တဲ့လှုပ်ရှားမှုတွေအလိုက် လိုက်လျောစေကာတင်းကြပ်စွာဖက်တွယ်ထားမိသည်။အနက်ရှိုင်းဆုံးပက်သက်မှုနဲ့အဆုံးစွန်ထိသွားခဲ့ကြတယ်...တကျွီကျွီနဲ့ကုတင်၏လှုပ်ရှားသံကလွဲပြီးငြီးညူသံလေးတစ်စိုးတစ်စိတောင်ထွက်ပေါ်မလာခဲ့ပေ...

နှလုံးသားနဲ့ဦးနှောက်ရွေးချယ်ရမဲ့အခါနှလုံးသားကိုရွေးပါတယ်။ဝမ်ရိပေါ်သာဆွဲထားမယ်ဆိုရင်ရှောင်းကျန့်ရောက်ရာအရပ်ကနေချစ်သူရင်ခွင်ဆီပြေးပြန်လာခဲ့မှာ။တွဲလက်တွေမြဲလို့အရာရာကိုကျော်ဖြတ်မိမှာ...ဝမ်ရိပေါ်ကလွတ်ချလိုက်တဲ့အခါခပ်ငေးငေးလေးရပ်ကြည့်လို့ထားခဲ့တဲ့နေရာမှာနေရစ်မယ်..ရှောင်းကျန့်ကဝမ်ရိပေါ်ကိုသိပ်ချစ်တဲ့အချစ်ရူးလေး...

ကိုယ့်အပိုင်လို့တွေးထားပြီးအပိုင်သိမ်းခဲ့ပေမဲ့ပိုင်ဆိုင်ကြောင်းတံဆိပ်မခတ်နိုင်တဲ့အခါရင်ထဲမတင်မကျနဲ့ခံရခတ်လွန်းသည်။ရှောင်းကျန့်နာကျင်သလိုသူလဲနာကျင်ရတယ် ပြောကြည့်ကြပါ အရမ်းချစ်မိသွားတဲ့သူကမချစ်တော့ပဲစွန့်လွှတ်ခဲ့လို့နာကျင်ရသူနဲ့ ရင့်နင့်အောင်ချစ်ရသူကိုမချစ်သလိုပြုမှုကာတခြားသူဆီပို့လိုက်ရတဲ့သူ..အဘယ်သူကပို၍နာကျင်ပါလိမ့်မလဲ...

💚💛❤

15ခု
Zaw

"မင္းသား၂ အျပင္မွာေရွာင္းက်န္႔ကေတြ႕ခြင့္ေတာင္းေနပါတယ္"

စြန္လုပ္ေနတဲ့ခ်န္းရႈိ႕ပင္းကအေစာင့္ေကာင္ေလးလာေျပာတာကိုၾကားေတာ့လုပ္လက္စစြန္ကိုရပ္တန္႔လိုက္သည္။

"ျမန္ျမန္ဝင္လာခိုင္းလိုက္ ေနာက္ဆိုရင္ငါ့နန္းေဆာင္ထဲေရွာင္းက်န္႔ကတံခါးမရွိဓားမရွိပဲၾကားလား"

"ဟုတ္ကဲ့ပါကြၽန္ေတာ္သိပါၿပီ"

အေစာင့္ေလးထြက္သြားေတာ့ခ်န္းရႈိ႕ပင္းကစိတ္လႈပ္ရွားေနေလသည္။ဘယ္လိုပဲသူ႔ကိုျငင္းပယ္ေနပါေစသူကစိတ္မွမျပတ္ႏိုင္တာ။မၾကာခင္အခ်ိန္မွာေရွာင္းက်န္႔ကေအးေအးလူလူဝင္ေရာက္လာေတာ့ေရွာင္းက်န္႔အနားေျပးသြားလိုက္သည္။

"ေရွာင္းက်န္႔ ငါ့ဆီလာတာဘာလိုခ်င္လို႔လဲဟင္ငါဘာလုပ္ေပးရမလဲ"

အေလာတႀကီးေမးေနၿပီမွေရွာင္းက်န္႔မ်က္ႏွာကိုေသခ်ာၾကည့္မိသည္။ညိဳးေလ်ာ္ေနၿပီးအရင္လိုတက္ႂကြမႈမရွိတဲ့မ်က္ႏွာေလးေၾကာင့္သူစိတ္ပူသြားရတယ္။ၿပဳံး႐ႊင္ေနတဲ့ခ်န္းရႈိ႕ပင္းရဲ႕မ်က္ႏွာကစိုး႐ြံ႕မႈေတြကိန္းေအာင္းလာသည္။မ်က္ဝန္းေတြကရဲေနကာမ်က္ခြံေတြေဖာင္းအစ္ေနေလသည္။ငိုထားတာလား..ဘာေၾကာင့္လဲသူမေမးခ်င္ဘူးသူနဲ႔လက္မထက္ခ်င္လို႔ဆိုၿပီးေျဖမွာစိုးသည္။

"ေရွာင္းက်န္႔ အကူအညီလိုေသးလားငါကူညီေပးမယ္ေလမင္းျဖစ္ခ်င္တာမွန္သမွ်ငါျဖည့္ဆည္းေပးမယ္ ဘာျဖစ္ခ်င္လဲမင္းေျပာ"

စိတ္ပူမႈေတြနဲ႔အားတက္သေရာေျပာေနတဲ့မင္းသား၂ကိုေရွာင္းက်န္႔ၾကည့္လိုက္သည္။တကယ္အားနာမိပါတယ္ မင္းသား၂ကိုအသုံးခ်မိေတာ့မယ္။ဧကရီကိုသိေစခ်င္တယ္ေရွာင္းက်န္႔ကမေက်နပ္ရင္အ႐ြဲ႕တိုက္တတ္တယ္ဆိုတာ

"မင္းသား၂"

"အင္း"

"လက္ထက္ဖို႔ကိစၥ..."

ေရွာင္းက်န္႔ကဆက္မေျပာပဲရပ္ထားေတာ့ခ်န္းရႈိ႕ပင္းကပို၍စိတ္အစိုးမရျဖစ္လာသည္။ေရွာင္းက်န္႔ရဲ႕တုံ႔ျပန္မႈကိုငံ့လင့္ေစာင့္စားေနဟန္ၾကည့္ေနတယ္။ေရွာင္းက်န္႔ကစိတ္ဒုန္းဒုန္းခ်ကာရင္ထဲမရွိတဲ့စကားကိုေျပာလိုက္သည္။

"လက္ထက္ဖို႔ကိစၥကြၽန္ေတာ္သေဘာတူတယ္ အဲ့ဒါေၾကာင့္မင္းႀကီးကိုအေၾကာင္းျပန္လို႔ရပါၿပီ"

ေရွာင္းက်န္႔စကားကိုၾကားၿပီးသကာလခ်န္းရႈိ႕ပင္းကေတာင့္ေတာင့္ႀကီးျဖစ္သြားကာၿငိမ္သက္သြားသည္။ေရွာင္းက်န္႔ကသူ႔ကိုမၾကည့္ပဲအၾကည့္လႊဲကာေအးေဆးေျပာလာတဲ့စကားေၾကာင့္သူေပ်ာ္သင့္တယ္မလား။ေပ်ာ္ပါတယ္ဒါေပမဲ့အျပည့္အဝမဟုတ္ဘူး။ဒီလူသားေလးကိုပိုင္ဆိုင္ခြင့္ရေတာ့မွာမလို႔သူေပ်ာ္တယ္..သို႔ေပမဲ့ ေရွာင္းက်န္႔စိတ္ဆႏၵနဲ႔လက္ထက္ပြဲကိုလက္ခံတာမွမဟုတ္တာ။သူသိေနပါသည္

"ေရွာင္းက်န္႔..."

"......."

"ေက်းဇုတင္ပါတယ္"

မင္းသား၂ကၿပဳံးျပလာေတာ့သူျပန္ၿပဳံးျပလိုက္သည္။သူ႔ကိုသိုင္းဖက္လာေတာ့မျငင္းမိဘူးျပန္ၿပီးလဲမဖက္တြယ္မိဘူး။ခ်စ္ရသူကိုတျခားတစ္ေယာက္ရဲ႕ရင္ခြင္ထဲမွာေတြ႕ျမင္ရတာေပ်ာ္႐ြင္ႏိုင္ပါ့မလားသိခ်င္မိတယ္ဧကရီ။

*^^*

ဧကရာဇ္ခ်န္းယြိရွီရဲ႕နန္းေဆာင္အတြင္းမင္းႀကီးအပါအဝင္ဧကရီရယ္ မင္းသား၃ရယ္ႏွင့္မိဖုရားလ်န္တို႔ကေဆြးေႏြးေနၾကသည္။အေၾကာင္းကမင္းသား၂နဲ႔ေရွာင္းက်န္႔တို႔အေၾကာင္းပင္ အျခားသူေတြကစကားမ်ားေနေသာ္လဲဧကရီကေတာ့ေရေႏြၾကမ္းကိုသာအေဖာ္ျပဳလို႔ဆိတ္ၿငိမ္ေနေလသည္။ဧကရာဇ္ရဲ႕အၾကည့္ကတစ္ခါတစ္ေလဝမ္ရိေပၚဆီေဝ့ဝဲသြားတတ္တယ္။

"အားရႈိ႕ကေတာ့အျမန္ဆုံးပြဲကိုက်င္းပေစခ်င္ေနတယ္ ေရွာင္းက်န္႔ကလက္မခံဘူးလိုလိုနဲ႔မူေနေတာ့အားရႈိ႕ခင္မ်ာအေတာ္ေလးခံစားခဲ့ရေသး.."

"ခုေတာ့သူတို႔အဆင္ေျပသြားၾကၿပီပဲ မဂၤလာပြဲကျမန္ျမန္ၿပီးေလေကာင္းေလပဲ"

"ေရွာင္းက်န္႔လက္ခံမယ္လို႔တကယ္မထင္ထားခဲ့တာ"

တစ္ေယာက္တစ္ေပါက္ေျပာေနၾကတဲ့စကားေတြကဝမ္ရိေပၚရင္ကိုအသြားထက္တဲ့ဓားခြၽန္ခြၽန္ေတြနဲ႔ထိုးစိုက္ေနသည္။သူေ႐ြးခ်ယ္ခဲ့တဲ့လမ္းကိုခံႏိုင္ရည္ရွိေအာင္ႀကိဳးစားရမွာေပါ့။

"ဧကရီဘာလို႔တိတ္ေနတာလဲကိုယ့္အေစခံအိမ္ေထာင္ျပဳေတာ့မဲ့ကိစၥကိုစီစဥ္ေပးရမွာေပါ့ ဝင္ေျပာပါအုံး"

ဧကရာဇ္ကဝမ္ရိေပၚရဲ႕လက္ေဖြးေဖြးအေပၚအုပ္ကိုင္ကာစိုက္ၾကည့္ၿပီးေျပာသည္။ဝမ္ရိေပၚရဲ႕ေကာ့ျဖာစင္းေနတဲ့မ်က္ေတာင္ရွည္ေတြကငိုက္က်ကာမ်က္လႊာခ်ထားသည္။

"ဧကရီကအေစခံကိုႏွေျမာေနတာထင္တယ္ ဟားး..ဒီထက္ေတာ္တဲ့လူေတြကိုယ္ရွာေပးပါ့မယ္ အထီးမက်န္ေစရဘူး"

"........."

တမင္ေငါ့ၿပီးေျပာေနတဲ့ခ်န္းယြိရွီရဲ႕ႏႈတ္ခမ္းေတြကခပ္မဲ့မဲ့ၿပဳံးေနသည္။မင္းသား၂ကေခါင္းအသာခါယမ္းကာသက္ျပင္းခ်မိသည္။မိဖုရားလ်န္ကေတာ့ဘာမွမသိတာမလို႔မ်က္ႏွာထက္အၿပဳံးပန္းတို႔ေဝဆာေနေလ၏။

"တျခားလူရွာေပးမယ္? ေရွာင္းက်န္႔ေလာက္ကြၽန္ေတာ့အေပၚေကာင္းပါ့မလား ေရွာင္းက်န္႔ေလာက္စိတ္ေရာကိုယ္ပါနစ္ၿပီးဂ႐ုစိုက္ေပးပါ့မလား..."

ဝမ္ရိေပၚကဧကရာဇ္အုပ္ကိုင္ထားတဲ့လက္ကို႐ုန္းထြက္ကာခ်န္းယြိရွီရဲ႕မ်က္ႏွာကိုစိုက္ၾကည့္ကာေျပာလက္စကိုဆက္ေျပာတယ္။

"ေရွာင္းက်န္႔လိုမ်ိဳးကြၽန္ေတာ့ဘဝမွာဒုတိယလူဆိုတာမရွိေတာ့ဘူး..."

ခ်န္းယြိရွီရဲ႕မ်က္ႏွာကဟန္မေဆာင္ႏိုင္ေလာက္ေအာင္ပ်က္ယြင္းသြားသည္။ၿပီးေတာ့မွအၿပဳံးတစ္ခုကိုခပ္ျမန္ျမန္တပ္ဆင္လိုက္ကာစကားလမ္းေၾကာင္းလြဲတယ္

"မင္းသား၂နဲ႔တိုင္ပင္ၿပီးရက္ေကာင္ရက္ျမက္ေ႐ြးၾကတာေပါ့"

"အရွင့္အမိန္႔အတိုင္းပါပဲ အားရႈိ႕ကေတာ့ဘယ္ေလာက္ေတာင္ဝမ္းသာေနလိုက္မလဲ သူတို႔ကသိပ္ကိုလိုက္ဖက္တဲ့နတ္ဖတ္တဲ့စုံတြဲမလား"

မိဖုရားလ်န္ရဲ႕စကားေၾကာင့္ဝမ္ရိေပၚေမး႐ိုးေတြတင္းမာသြားသည္။အရမ္းခ်စ္ခဲ့တာမလို႔လြယ္လြယ္ကူကူလက္မလႊတ္ႏိုင္ဘူးဆိုတာသိပါသည္။တကယ္ႀကီးသူမ်ားလက္ထဲထည့္ေပးရေတာ့မွာကိုေတြးမိတိုင္းေနမထိထိုင္မထိနဲ႔တေျမ့ေျမ့ေလာင္ကြၽမ္းရတယ္။

"ဝုန္း!!!"

"ခမည္းေတာ္!!!ဘာေတြေလ်ာက္လုပ္ေနတာလဲ!"

နန္းေဆာင္တံခါးကိုေျခေထာက္နဲ႔ကန္ဖြင့္လိုက္တဲ့အိမ္ေရွ႕စံကဒူးေလးျမႇားနဲ႔လက္ထဲစြန္ငွက္တစ္ေကာင္ကိုင္ကာဝင္လာသည္။ဘယ္ေတာ့မွညင္ညင္သာသာမရွိတဲ့သားေတာ္ေမာင္ေၾကာင့္ဧကရာဇ္ရဲ႕နန္းေဆာင္တံခါးလဲျပဳျပင္ရတာအေခါက္ေပါင္းမေရတြက္ႏိုင္ေတာ့။

"ဘာလို႔ေရွာင္းက်န္႔ကိုဦးေလး၂ဆီေပးပစ္ရတာလဲ."

အေႏွးနဲ႔အျမန္ဒီလိုမ်ိဳးႀကဳံေတြ႕ရမွာသိပါတယ္။အိမ္ေရွ႕စံကလြယ္ကူစြာလက္မခံပဲေသာင္းက်န္းမယ္ဆိုတာလဲသိေနၿပီးသား။လက္သီးႏွစ္ဖက္တင္းေနေအာင္ဆုပ္ၿပီးတ႐ူး႐ူးတရွားရွားနဲ႔စူးရဲစြာၾကည့္ေနတဲ့အိမ္ေရွ႕စံကေဒါသဟုန္ျမင့္မားေနတယ္။

"အား႐ုံ မယ္မယ္ေျပာထားတယ္ေလဘာလို႔႐ိုင္းေနရတာလဲ"

"ကြၽန္ေတာ္ေမးတာေျဖ ခမည္းေတာ္ကတိမတည္ဘူးေျပာေတာ့ကြၽန္ေတာ္အ႐ြယ္ေရာက္ရင္ေရွာင္းက်န္႔ကၾကင္ယာေတာ္ျဖစ္ရမွာဆို.ခမည္းေတာ္လူလိမ္ႀကီး!!"

ဝမ္ရိေပၚကအၾကမ္းရည္ကိုသာေဒါသေတြေျဖသိမ့္ဖို႔ေသာက္ေနသည္။သူ႔ေဒါသေတြအၾကမ္းရည္နဲ႔အတူဗိုက္ထဲကိုၿမိဳခ်ေနရတယ္။ေရွာင္းက်န္႔ရဲ႕လူခ်စ္လူခင္မ်ားတဲ့ကံတရားေလးကိုသူသေဘာမေတြ႕ဘူး။ ဘယ္သူမွမျမင္ႏိုင္တဲ့ေနရာမွာေရွာင္းက်န္႔ကိုေသးေသးေလးလုပ္ၿပီးဖြက္ထားခ်င္မိသည္။

"အား႐ုံ မယ္မယ္ေျပာေနတယ္ေလ"

"ေနပါေစမိဖုရား"

ခ်န္းယြိရွီကထိုင္ေနရာကထကာသူ႔သားဆီသြားလိုက္သည္။တည္ၿငိမ္ေနတဲ့ဧကရာဇ္ကအိမ္ေရွ႕စံကိုစိုက္ၾကည့္ကာ

"မင္းကငယ္ေသးတယ္ လူႀကီးကိစၥေတြကိုဝင္မပါသင့္ဘူး ၿပီးေတာ့ေရွာင္းက်န္႔ကိုတကယ္ခ်စ္တာမျဖစ္ႏိုင္ဘူး "

"တစ္ခါလာလဲ ငယ္ေသးတယ္ႏွစ္ခါလာလဲငယ္ေသးတယ္ ကြၽန္ေတာ့အသက္၁၃ႏွစ္ရွိေနၿပီဘာလို႔ကြၽန္ေတာ့အခ်စ္ကိုမယုံၾကည္ရတာလဲ ေရွာင္းက်န္႔ကိုပဲခ်စ္တယ္သူ႔ကိုဘယ္သူ႔ဆီမွမေပးႏိုင္ဘူး"

"ခ်န္း႐ုံဝမ္!! မင္းငါ့စကားကိုေတာင္လြန္ဆန္ေနၿပီေပါ့ ေရွာင္းက်န္႔လိုမ်ိဳး႐ိုးနိမ့္ကိုေတာ္ဝင္ေသြးနဲ႔မေရာစပ္ႏိုင္ဘူး ေတာ္ဝင္မိသားစုနဲ႔ပက္သက္ခြင့္ေပးတာနဲ႔တင္လြန္လွၿပီ..မင္းဦးေလး၂ကအေစခံရဲ႕သားပဲ အေစခံကအေစခံနဲ႔ပဲထိုက္တန္တယ္! မင္းကအနာဂတ္ရဲ႕ရွင္ဘုရင္ေလာင္းပါငယ္႐ြယ္တဲ့အခ်ိန္မွာဆုံးျဖတ္ခဲ့တဲ့အမွားအယြင္းေၾကာင့္ေနာင္တမရေစခ်င္ဘူး"

ခ်န္းယြိရွိရဲ႕ေရွာင္းက်န္႔ကိုခ်ိဳးႏွိမ္ၿပီးေျပာတဲ့စကားေတြေၾကာင့္ဝမ္ရိေပၚထသတ္ခ်င္လာသည္။သူ႔ခ်စ္သူကိုသူ႔ေရွ႕မွာေစာ္ကားေျပာဆိုေနတာကိုေတာင္ဘာမွလုပ္ခြင့္မရွိတဲ့ဘဝႀကီးကိုစိတ္ပ်က္တယ္။အင္အားႀကီးတဲ့ဧကရာဇ္ျဖစ္ေနပါရက္နဲ႔လုပ္ႀကံသူေတြေၾကာင့္တိုင္းတစ္ပါးမွာဧကရီလာလုပ္ေနရတဲ့ဘဝကိုလဲမုန္းတယ္။အဆိပ္ေၾကာင့္မ်က္စိကြယ္ၿပီးဒုကၡိတျဖစ္ရေတာ့မဲ့ဘဝကိုလဲမုန္းတယ္ ခ်စ္ရသူကိုအသဲနင့္ေအာင္ခ်စ္ေနပါရက္နဲ႔လက္လႊတ္ေပးရမဲ့ဘဝကိုလဲမုန္းတယ္

ဒုန္း!!

ဝမ္ရိေပၚကေရေႏြးပန္ကန္လုံးကိုၾကမ္းေပၚဖိခ်ကာထရပ္လိုက္တယ္။သူ႔ကိုၾကည့္ေနၾကတဲ့လူေတြကိုလ်စ္လ်ဴရႈကာထိုေနခ်င္စရာမရွိတဲ့ေနရာကေနေက်ာခိုင္းထြက္လာခဲ့သည္။

"အား႐ုံ..မင္းမွာကန္႔ကြက္ပိုင္ခြင့္မရွိဘူး မင္းသား၂ရဲ႕မဂၤလာပြဲၿပီးတာနဲ႔ရွန္းလုေတာင္သခင္ဆီမွာပညာသြားသင္ရမယ္ ငါမေခၚမခ်င္းမျပန္လာရဘူး ဒါဧကရာဇ္ရဲ႕အမိန္႔ပဲ"

"အရွင္..အဲ့လိုမဆုံးျဖတ္ပါနဲ႔သားေလးကငယ္ေသးလို႔မသိနားမလည္ပဲအမွားက်ဴးလြန္မိတာပါ ကြၽန္မအား႐ုံနဲ႔မခြဲပါရေစနဲ႔"

"မေနႏိုင္ရင္လိုက္သြားလို႔ရတယ္ မင္းမိန္႔ကိုေတာ့ဘယ္ေတာ့မွျပင္မွာမဟုတ္ဘူး"

မိဖုရားလ်န္ကငိုယိုေနၿပီးေျပာေတာ့ခ်န္းယြိရွီကေက်ာခိုင္းကာျပတ္သားစြာေျပာလိုက္သည္။ဧကရီဘာေၾကာင့္႐ုတ္တရတ္ႀကီးဘာမွမေျပာပဲထြက္သြားလဲသိတာမလို႔သူ႔စိတ္ေတြကမၾကည္လင္ေတာ့ဘူး။အိမ္ေရွ႕စံကမ်က္ရည္ေတြနဲ႔သူ႔ခမည္းေတာ္ကိုၾကည့္ေနသည္။

"ခမည္းေတာ္ကအတၱႀကီးတယ္..ဦးေလး၂မဂၤလာပြဲၿပီးတဲ့ထိမေနေတာ့ဘူးမနက္ျဖန္ပဲခရီးစထြက္ပါမယ္"

"အား႐ုံ.."

ခ်န္း႐ုံဝမ္ကသူ႔အေမေခၚသံကိုေတာင္မၾကားခ်င္ေယာင္ေဆာင္ကာထြက္သြားေတာ့သည္။မိဖုရားလ်န္ကၾကမ္းေပၚထိုင္ခ်ကာငိုယိုေနေပမဲ့ခ်န္းယြိရွီကႏွလုံးသားမရွိတဲ့ေအးစက္တဲ့လူကဲ့သို႔ရပ္ေနသည္။မင္းသား၃ကဘာတစ္ခြန္းမွမေျပာပဲအသံတိတ္ျဖင့္သာအျဖစ္အပ်က္ကိုၾကည့္လို႔ေနသည္။

*^^*

ေထာင္ဟြားနန္းေဆာင္သည္အရင္လိုတက္ႂကြမေနေတာ့ပဲတိတ္ဆိတ္ေနသည္။သုႆန္တစ္စျပင္ကဲ့သို႔ေျခာက္ကပ္ေနျခင္းကလူမရွိျခင္းေၾကာင့္မဟုတ္ေပ။ဧကရီနဲ႔သူ၏အေစခံတို႔ရွိေနပါရက္နဲ႔တိတ္ဆိတ္မႈႀကီးသာႀကီးစိုးေနသည္။

ေရွာင္းက်န္႔ကအဝတ္စားေတြထုတ္ပိုးေနၿပီးဒီကထြက္သြားကာအေစခံတန္းလ်ားမွာေနဖို႔ျပင္သည္။ဧကရီနဲ႔သူ႔ၾကားမွာဘာမွမရွိေတာ့ဘူးထင္တယ္ဧကရီကသူ႔ကိုလ်စ္လ်ဳရႈထားလိုက္ၿပီ။ရင္နာမိေပမဲ့ဒါကအမွန္တရားပဲ

"အဲ့ဒါဘာလုပ္ေနတာလဲ"

ေရွာင္းက်န္႔ကအဝတ္စႏွစ္စကိုခ်ည္ၿပီးေတာ့ဝမ္ရိေပၚကအခန္းထဲဝင္လာကာေမးလိုက္သည္။အထုတ္ေလးကိုပုခုံးေပၚသိုင္းလြယ္လိုက္ၿပီး

"ဒီမွာေနဖို႔မသင့္ေတာ္ေတာ့ဘူးမလားကြၽန္ေတာ္အေစခံတန္းလ်ားမွာသြားေနမယ္မင္းသား၂နဲ႔လက္ထက္ၿပီးရင္ကြၽန္ေတာ္ကအေစခံမဟုတ္ေတာ့ဘူးဧကရီရဲ႕အနီးကပ္လူလဲမဟုတ္ေတာ့ဘူးေလ မွန္တယ္မလား"

တည္ၿငိမ္စြာေျပာေနတဲ့လူကိုဝမ္ရိေပၚမ်က္ခုံးက်ဳံ႕ကာၾကည့္လိုက္သည္။ေရွာင္းက်န္႔ကအ႐ြယ္ေရာက္လာတဲ့သူေလးလိုရင့္က်က္ေနၿပီ။ကေလးတစ္ေယာက္လိုတြယ္ကပ္မေနေတာ့ဘူးကိုယ့္ကိုမလိုခ်င္လို႔တြန္းထုတ္ေနတဲ့သူကိုမရမကဖက္တြယ္ထားရအုံးမလားဟင့္အင္းေရွာင္းက်န္႔ရဲ႕မာနေလးကခြင့္မျပဳဘူး။

"မဂၤလာပြဲၿပီးတာနဲ႔မင္းသား၂နဲ႔တျခားၿမိဳ႕ကိုထြက္သြားရေတာ့မယ္ တစ္ခါထဲဧကရီကိုႏႈတ္ဆတ္ခဲ့ပါတယ္ေနာက္ဆိုရင္လက္ထက္ဖို႔ကိစၥေတြနဲ႔အလုပ္ရႈပ္ေနေတာ့မွာမလို႔ေတြ႕ရဖို႔မေသခ်ာေတာ့ဘူးေလ"

ေရွာင္းက်န္႔ကစကားေတြအမ်ားႀကီးေျပာေနေပမဲ့ဧကရီကတိတ္ဆိတ္ေနတုန္းပင္။ဘာမွေျပာစရာမရွိေတာ့ဘူးလား

"သြားခြင့္ျပဳပါဧကရီ.."

ေရွာင္းက်န္႔ကလွည့္ထြက္လာခဲ့သည္။ေျခလွမ္းတစ္လွမ္း လွမ္းလိုက္တိုင္းဝမ္ရိေပၚနဲ႔ပို၍ပို၍ေဝးကြာသြားသည္ဟုခံစားမိသည္။တားေစခ်င္တယ္ မသြားပါနဲ႔ဟုတားျမစ္သံကိုၾကားခ်င္မိသည္။ထင္သလိုမျဖစ္ဘူးဆိုတာသိေပမဲ့ဒီစကားေလးတစ္ခြန္းေျပာလာရင္ေတာ့သူဝမ္ရိေပၚလက္ကိုျပန္ၿပီးဆုပ္ကိုင္ဖို႔သတၱိေတြရွိသြားၿပီ။မိုးနတ္မင္းကိုေတာင္မေၾကာက္ေတာ့တဲ့ထိသူရင္ဆိုင္ႏိုင္တယ္။

ေရွာင္းက်န္႔ရဲ႕ေျခလွမ္းေတြကပိုမ်ားလာၿပီးအခန္းဝကိုေရာက္သည္ထိသူၾကားခ်င္သည့္စကားကိုဧကရီကေျပာမလာေပ။ဟက္..ဘာေတြေမ်ာ္လင့္ေနတာလဲမခ်စ္ေတာ့လို႔စြန္႔ပစ္ခဲ့ၿပီၿပီမလား...

"မင္းဒီအခန္းထဲကေျခတစ္လွမ္းထြက္သြားတာနဲ႔ငါ့အဆိုးမဆိုနဲ႔ေရွာင္းက်န္႔ ခုခ်က္ခ်င္းျပန္လာခဲ့!"

ေရွာင္းက်န္႔ရဲ႕ေျခလွမ္းကတုံ႔ခနဲရပ္သြားၿပီးခုနထဲကမက်ေအာင္ထိန္းထားတဲ့မ်က္ရည္ကစီးက်သြားသည္။ခပ္ေရးေရးၿပဳံးလိုက္ၿပီးျပန္လွည့္ၾကည့္ၿပီးဝမ္ရိေပၚအနားျပန္ေလ်ာက္လာသည္။သူ႔ကိုေပါက္ထြက္မတတ္စူးစူးရဲရဲစိုက္ၾကည့္ေနတဲ့ဧကရီကစိတ္တိုေနတယ္ထင္တယ္။ေရွာင္းက်န္႔ကမ်က္ရည္ေတြႏွင့္ၿပဳံးရင္းၾကည့္ကာ

"ကြၽန္ေတာ့ကိုခ်စ္ေနေသးတယ္မလား "

"မင္းလက္မထက္မခ်င္းမင္းကငါ့အေစခံပဲငါမင္းကိုပိုင္ေနတုန္းဆိုတာမေမ့လိုက္နဲ႔"

ဝမ္ရိေပၚရဲ႕စကားေၾကာင့္ေရွာင္းက်န္႔ေမ်ာ္လင့္ခ်က္ေတြတင္မကႏွလုံးသားေလးပါက်ကြဲသြားရသည္။အေစခံမလို႔တဲ့လား...

"ဟုတ္တယ္မင္းကငါ့အေစခံ"

သူ႔စိတ္ထဲကေမးခြန္းကိုျပန္ေျဖလာေတာ့မ်က္လုံးေလးဝိုင္းကာၾကည့္မိသည္။မ်က္ရည္ေတြကတသြင္သြင္နဲ႔စီးဆင္းမျပတ္တဲ့ျမစ္ငယ္တစ္စင္းပင္။

"မင္းကအေစခံမလို႔ဒီရက္ေတြအတြင္းငါနဲ႔ေနရမယ္မဂၤလာပြဲၿပီးရင္ေတာ့မင္းလြတ္လပ္ၿပီ"

ေရွာင္းက်န္႔ကနာက်င္စြာဟက္ကနဲရယ္လိုက္သည္။သူမလြတ္ေျမာက္ခ်င္ဘူးဆိုတာဧကရီမသိေလေရာ့သလား။မ်က္ရည္ေတြကိုသုတ္ကာေခါင္းတသြင္သြင္ၿငိမ့္လို႔

"ေကာင္းပါၿပီ ကြၽန္ေတာ္ေနေပးမယ္ဒါကဧကရီရဲ႕ဆႏၵကိုေနာက္ဆုံးျဖည့္ဆည္းေပးျခင္းပဲ ကြၽန္ေတာ့ရဲ႕ေနာက္ဆုံးဆႏၵကိုလဲလိုက္ေလ်ာေပးပါ"

ဝမ္ရိေပၚကအစိတ္စိတ္အမြေၾကေနတဲ့ႏွလုံးသားကိုမသိေက်းကြၽန္ျပဳကာေအးေဆးစြာပင္ေခါင္းညိမ့္ျပလိုက္သည္။ေရွာင္းက်န္႔ကေက်းဇုတင္ေၾကာင္းတီးတိုးေျပာကာေရွ႕ကိုတိုးလာတယ္။ၿပီးေနာက္ဝမ္ရိေပၚလည္ပင္းကိုသိုင္းဖက္ကာႏႈတ္ခမ္းအစုံကိုထိကပ္လိုက္သည္။

အလိုက္သင့္တုံ႔ျပန္ေနတဲ့ဝမ္ရိေပၚေၾကာင့္သူတို႔အနမ္းကၾကာရွည္ခဲ့တယ္။ေရွာင္းက်န္႔ကသူ႔ရဲ႕ဝတ္႐ုံကိုခြၽတ္ခ်လိုက္ၿပီး

"ကြၽန္ေတာ့ရဲ႕ပထမဆုံးကိုခ်စ္ရတဲ့သူကိုပဲေပးခ်င္တယ္ေက်းဇုျပဳၿပီးအဲ့ဒီဆႏၵကိုဧကရီကျဖည့္ဆည္းေပးပါ..."

"ေရွာင္းက်န္႔"

"ေက်းဇုျပဳၿပီးမျငင္းပါနဲ႔ ေနာက္ဆုံးမလို႔"

"ငါမျငင္းပါဘူး အဲ့ဒါကအရမ္းနာက်င္ရတာမင္းနာက်င္မွာစိုးလို႔"

"ဒီေလာက္နာက်င္မႈေလးကရင္ထဲကနာက်င္မႈေလာက္ဆိုး႐ြားပါ့မလား ကြၽန္ေတာ့ရင္ဘက္တစ္ခုလုံးစုတ္ျပတ္နာက်င္ေအာင္လုပ္ၿပီးမွဒီေသးေသးေလးနာက်င္မွာကိုစိုးရိမ္ေနတာသဘာဝမက်ဘူး.."

ဝမ္ရိေပၚရဲ႕လက္သီးကတင္းခနဲပဲ။ထို႔ေနာက္ေရွာင္းက်န္႔ရဲ႕ဗလာက်င္းေနတဲ့ခႏၶာကိုယ္ကသူ႔ရင္ကိုနာက်င္ေစတာထက္ပူေလာင္မႈေတြေပးလာသည္။ေရွာင္းက်န္႔ကိုယ္ေလးကိုဆတ္ခနဲေပြ႕ခ်ီကာကုတင္ေပၚတင္ၿပီးအုပ္မိုးလိုက္သည္။စီးက်ေနတဲ့မ်က္ရည္ေတြကိုႏႈတ္ခမ္းနဲ႔သုတ္ေပးရင္းမ်က္လုံးလွလွေလးကိုနမ္းလိုက္တယ္။မ်က္ႏွာတျပင္လုံးအႏွံ႔တရႈံ႕ရႈံ႕နမ္းၿပီးေနာက္ဆုံးရဲေသြးႂကြေနတဲ့ႏႈတ္ခမ္းေလးဆီမွာရပ္တန္႔ေစသည္။

ဝမ္ရိေပၚရဲ႕လည္တိုင္ေတြေတြကိုတင္းတင္းခ်ိတ္တြယ္ထားတဲ့ေရွာင္းက်န္႔ကျပင္းရွလႈိက္ေမာဖြယ္အနမ္းေတြကိုတုံ႔ျပန္ေလသည္။ႏွစ္ေယာက္လုံးရဲ႕ကိုယ္မွာအဝတ္ေတြကပ္ၿငိျခင္းမရွိတဲ့အခါတစ္ေယာက္ကိုတစ္ေယာက္ပြတ္သက္ကာပူေလာင္ေနမိတယ္နီနီရဲရဲအခ်စ္သေကၤသေတြခ်န္လွပ္ေစၿပီးအနက္ရႈိင္းဆုံးပက္သက္ေစသည္။

အေနာက္ေပါက္ေလးကိုက်ဴးေက်ာ္လာတဲ့ဝမ္ရိေပၚရဲ႕ဖြားဖက္ေတာ္ကအရမ္းႀကီးလြန္းတယ္။နာက်င္တင္းၾကပ္မႈကိုအံႀကိတ္တင္းခံကာသာယာမႈရေအာင္ယူသည္။ဝမ္ရိေပၚရဲ႕ျမန္ဆန္တဲ့လႈပ္ရွားမႈေတြအလိုက္ လိုက္ေလ်ာေစကာတင္းၾကပ္စြာဖက္တြယ္ထားမိသည္။အနက္ရႈိင္းဆုံးပက္သက္မႈနဲ႔အဆုံးစြန္ထိသြားခဲ့ၾကတယ္...တကြၽီကြၽီနဲ႔ကုတင္၏လႈပ္ရွားသံကလြဲၿပီးၿငီးညဴသံေလးတစ္စိုးတစ္စိေတာင္ထြက္ေပၚမလာခဲ့ေပ...

ႏွလုံးသားနဲ႔ဦးေႏွာက္ေ႐ြးခ်ယ္ရမဲ့အခါႏွလုံးသားကိုေ႐ြးပါတယ္။ဝမ္ရိေပၚသာဆြဲထားမယ္ဆိုရင္ေရွာင္းက်န္႔ေရာက္ရာအရပ္ကေနခ်စ္သူရင္ခြင္ဆီေျပးျပန္လာခဲ့မွာ။တြဲလက္ေတြၿမဲလို႔အရာရာကိုေက်ာ္ျဖတ္မိမွာ...ဝမ္ရိေပၚကလြတ္ခ်လိုက္တဲ့အခါခပ္ေငးေငးေလးရပ္ၾကည့္လို႔ထားခဲ့တဲ့ေနရာမွာေနရစ္မယ္..ေရွာင္းက်န္႔ကဝမ္ရိေပၚကိုသိပ္ခ်စ္တဲ့အခ်စ္႐ူးေလး...

ကိုယ့္အပိုင္လို႔ေတြးထားၿပီးအပိုင္သိမ္းခဲ့ေပမဲ့ပိုင္ဆိုင္ေၾကာင္းတံဆိပ္မခတ္ႏိုင္တဲ့အခါရင္ထဲမတင္မက်နဲ႔ခံရခတ္လြန္းသည္။ေရွာင္းက်န္႔နာက်င္သလိုသူလဲနာက်င္ရတယ္ ေျပာၾကည့္ၾကပါ အရမ္းခ်စ္မိသြားတဲ့သူကမခ်စ္ေတာ့ပဲစြန္႔လႊတ္ခဲ့လို႔နာက်င္ရသူနဲ႔ ရင့္နင့္ေအာင္ခ်စ္ရသူကိုမခ်စ္သလိုျပဳမႈကာတျခားသူဆီပို႔လိုက္ရတဲ့သူ..အဘယ္သူကပို၍နာက်င္ပါလိမ့္မလဲ...

💚💛❤

Comment