8ခု

8ခု
Uni

ဒီနေ့ကအိမ်ရှေ့စံမွေးနေ့ဖြစ်တာကြောင့်နန်းတွင်းနန်းပြင်အရင်ကထက်ပို၍စည်ကားနေလေသည်။ဧကရီရဲ့ထောင်ဟွားနန်းဆောင်တွင်ရှောင်းကျန့်ကဧကရီကိုပြင်ဆင်ပေးနေရသည်။မနေ့ညထဲကရှောင်းကျန့်ဧကရီကိုမျက်လုံးချင်းမဆုံရဲဘူး။ဘာလို့သူ့ကိုနမ်းတာလဲသိချင်ပေမဲ့ထုတ်မေးဖို့ရာလဲအခက်တွေ့နေပြန်တယ်။ထိုအကြောင်းကိုအစမဖော်တာပဲကောင်းသည်ဟုတွေးထားမိသည်။ဧကရီနဲ့သူ့ကြားစည်းတစ်ခုတော့ရှိနေသင့်တယ်မလား

ထောင်ဟွားပန်းတွေနဲ့ဆေးဆိုးပန်းရိုက်ထားတဲ့အဖြူရောင်ဝတ်ရုံ၏အနားစတွေကမက်မွန်ရောင်သန်းနေတဲ့ဝတ်စုံကိုဧကရီကိုခြုံလွှမ်းပေးလိုက်သည်။ရှည်လျားလှပတဲ့ဆံနွယ်တွေကိုကျောပြင်ကျယ်ထက်ဖြန့်စင်းချလိုက်သည်။သူ့ရဲ့ဧကရီကပြီးပြည့်စုံခြင်းတွေစုဝေးရာအလှတရားလေးဖြစ်တယ်..

"ရှောင်းကျန့်  ညတုန်းက"

"အဲ့ဒါကိုမပြောကြရအောင်မေ့လိုက်ပါတော့"

"မေ့ထားရမယ်? ရှောင်းကျန့် ဘာလို့ဒီလိုပြောနိုင်ရတာလဲမေ့ပစ်ဖို့နမ်းခဲ့တာမဟုတ်ဘူး ငါ့ခံစားချက်တွေမင်းသိအောင်ဖော်ပြဖို့အတွက်နမ်းခဲ့တာ ရှောင်းကျန့်"

ဝမ်ရိပေါ်ကရှောင်းကျန့်ပုခုံးနှစ်ဖက်ကိုတင်းတင်းဖိကိုင်ကာအကြည့်လွဲနေတဲ့မျက်လုံးတွေကိုမရမကဆုံစေတယ်။

"မင်းငါ့အပေါ်နဲနဲလေးမှခံစားချက်မရှိဘူးလား"

"ဟင့်အင်း"

ချက်ချင်းမငြင်းပါနဲ့လားရှောင်းကျန့်ရာ။ဝမ်ရိပေါ်ကအံကြိတ်ပြီးမှိုင်းညို့စွာနဲ့မျက်ခုံးတွေတွန့်ချိုးကာစိုက်ကြည့်နေသည်။သူ့အကြည့်တွေကိုရှောင်လွဲနေတဲ့သူလေးကလိမ်နေသည်ဟုထင်သည်။ရှောင်းကျန့်ကသူ့ကိုအမြဲတမ်းငေးကြည့်နေတတ်တယ် ထိုမျက်ဝန်းမှာအားကျမှုတွေနှစ်သက်မှုတွေမြတ်နိုးမှုတွေရှိနေတာဝမ်ရိပေါ်မြင်တတ်တာပေါ့။ဒါပေမဲ့ရှောင်းကျန့်ကတော့အမှန်တိုင်းဖွင့်ဟမည့်ပုံမပေါ်။

"ဧကရီ..ကျွန်တော်ကအစေခံပါမဖြစ်သင့်တဲ့ဆက်ဆံရေးတစ်ခုကိုအရဲမစွန့်ချင်ဘူး ကျွန်တော်မင်းပစ်မင်းဒဏ်သင့်မှာကြောက်တယ် "

"မင်းသာတစ်ချက်ခေါင်းငြိမ့်ပြီးငါ့ကိုလက်ခံရင်ကျန်တဲ့ကိစ္စတွေမင်းပူပန်စရာမလိုဘူး..ဒီတိုင်းပဲ ဒီတိုင်းလေးပဲမင်းကငါ့အနားနေပြီးငါ့ကိုလက်ခံပေးဖြစ်လာသမျှအရာအားလုံးငါဖြေရှင်းနိုင်တယ်"

"ဟင့်အင်း ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်ငြင်းပါရစေခွင့်လွှတ်ပေးပါဧကရီ ကျွန်တော်သတ္တိမရှိဘူး"

ဝမ်ရိပေါ်ကရှောင်းကျန့်ပုခုံးပေါ်တင်ထားတဲ့လက်ကိုပြေလျော့ပေးလိုက်ပြီးခေါင်းတဆတ်ဆတ်ငြိမ့်လိုက်သည်။

"ငါကဧကရီတစ်ယောက်ဖြစ်နေလို့လား ချန်းယွိရှီရဲ့ဧကရီတစ်ယောက်ဖြစ်နေလို့လား ဒါဆိုငါကဧကရာဇ်ဖြစ်နေမယ်ဆိုရင်ရော"

"ဧ.ဧကရီဘာ ဘာအဓိပ္ပါယ်လဲ"

"ငါကဧကရီမဟုတ်ဘူးမင်းလဲအစေခံမဟုတ်ဘူးဆိုရင်ငါ့ကိုလက်ခံမလား..ရှောင်း..ကျန့်.."

ဝမ်ရိပေါ်ကတစ်လုံးချင်းပြောပြီးအရှေ့ကိုတိုးလာတော့ရှောင်းကျန့်မှာပြူးကြောင်ကြောင်လေးဖြင့်သာအနောက်ကိုဆုတ်သွားမိသည်။ဆုတ်ရင်းဆုတ်ရင်းဖြင့်ရှောင်းကျန့်ကျောလေးကနံရံနဲ့ထိကပ်သွားသည့်တိုင်ဧကရီကမရပ်တန့်ပဲထပ်တိုးနေတာမလို့နှစ်ယောက်ရဲ့အနေအထားကနီးကပ်သွားသည်။တစ်ထွာလောက်သာထပ်တိုးရင်သူတို့နမ်းမိတော့မယ် ရှောင်းကျန့်ကသူ့ကိုရွှန်းရွှန်းစားစားစိုက်ကြည့်နေတဲ့မျက်လုံးတွေကိုရင်ဆိုင်ဖို့ခွန်အားမရှိတာကြောင့်မျက်နှာတစ်ဖက်သို့လွှဲထားလိုက်သည်။

ဝမ်ရိပေါ်ရဲ့လှပတဲ့နှုတ်ခမ်းထောင့်စွန်းတွေကအနုပညာဆန်ဆန်ကော့တက်သွားသည်။ရှောင်းကျန့်ရဲ့ပါးပြင်နုနုလေးကကျောက်စိမ်းရောင်သန်းနေပြီးစိမ်းဖန့်ဖန့်အကြောမျှင်တို့ယှက်သန်းနေတဲ့လည်တိုင်ကျော့ကျော့လေးကလဲသိပ်လှတယ်။နာသယ်တစ်လျောက်မွှေးညှင်းနုနုတို့ကသူ့နှလုံးကိုခုန်ပေါက်စေဖို့လုံလောက်သည်။ပါးပြင်နုနုဆီတိုးကပ်ပြီးနှာထိပ်ဖျားလေးနဲ့ပွတ်သပ်ကျီစယ်မိတော့မျက်လုံးတွေတင်းတင်းမှိတ်ထားပြန်ရဲ့...

"အင့်.! ဟင့်! အင့်"

ပုခုံးလေးတုန်ကာရှိုက်သံထွက်နေတာမလို့မေးကနေဆွဲယူကာမျက်နှာကိုသူ့ဘက်လှည့်စေသည်။မျက်ဝန်းသွယ်တွေကမျက်ရည်ဥတို့ရစ်သိုင်းကာအညိုရောင်မျက်ဆံလေးကတုန်ယင်နေလေသည်။

"ငိုနေတာလားဘာလို့ငိုတာလဲ "

"အင့်! ဧကရီက "

ရှောင်းကျန့်ကဆက်မပြောတော့ပေ။သူဘယ်လိုပြောရမလဲဧကရီနဲ့ခုလိုနီးနီးကပ်ကပ်ရှိပြီးပွတ်သီပွတ်သပ်လာလုပ်နေတော့နေရတာတစ်မျိုးကြီးဖြစ်နေသည်။အဆင်မပြေဘူးရင်တွေလဲခုန်လွန်းလို့လဲလူကငိုချင်လာသည်။ဒါကြောင့်ငိုပစ်လိုက်တာ

"ဘာလို့လဲလို့မေးနေတယ်လေ!"

ဧကရီရဲ့အသံကနဲနဲမာလာတော့ရှောင်းကျန့်အောက်နှုတ်ခမ်းကိုဖွဖွကိုက်လိုက်သည်။

"ရင်ဘက်ကတအားခုန်နေတာပြီးတော့ ပြီးတော့ဗိုက်လဲဆာတယ် ငိုချင်လာလို့ ."

ဝမ်ရိပေါ်ဘာပြောရမှန်းမသိဖြစ်သွားသည်။သူ့အထင်သူ့ကိုလုံးဝလက်မခံနိုင်လို့ခါးခါးသီးသီးဖြစ်နေတာလားပေါ့။ ဝမ်ရိပေါ်ကသွားတွေပေါ်တဲ့ထိရယ်လိုက်တော့ရှောင်းကျန့်ကငေးကြည့်နေတယ်။ဧကရီကရယ်လိုက်ရင်တကယ်လှတယ်...သူ့ရဲ့ကမ္ဘာကြီးမှာဧကရီကအလှဆုံးပင်

ဝမ်ရိပေါ်ကတော့ရှောင်းကျန့်ရဲ့နှာဖူးကိုခပ်ဖွဖွတောက်လိုက်တယ်။ရှောင်းကျန့်ကတော့လေ ပထမဆုံးအနမ်းမှာလန့်ပြီးသတိမေ့သွားတယ်ခုလဲရင်ခုန်လွန်းပြီးငိုတယ်တဲ့လား..တကယ့်ကိုပါပဲကွာ..

*^^*

ခမ်းနားလှတဲ့နန်းရင်ပြင်ရဲ့စားပွဲတော်ကြီးတွင်တော်ဝင်မိသားစုအပြင်ရာထူးရာတန်းကြီးသူတွေဆွေကြီးမျိုးကြီးအရာရှိများစုဝေးနေလေသည်။လှေကားထစ်များစွာရဲ့ထိပ်ဆုံးတွင်ဧကရာဇ်နဲ့ဧကရီကထိုင်နေပြီးတစ်ဆင့်နိမ့်သောနေရာတွင်အိမ်ရှေ့စံကထိုင်သည်။ထိုမှတဆင့်မင်းသားတွေကြင်ယာတော်ကိုယ်လုပ်တော်သူ့အဆင့်နဲ့သူအသီးသီးနေရာယူထားကြသည်။

ရှောင်းကျန့်ကတော့နန်းတွင်းသားတို့ထိုင်ရာဝိုင်းတွင်​ြရှိနေပြီးဧကရီကိုငေးကြည့်နေသည်။ဘေးချင်းယှဥ်ထိုင်နေတဲ့ဧကရာဇ်နဲ့ဧကရီကသိပ်လိုက်ဖယ်တယ်ဒါပေမဲ့သူ့ရင်ထဲဝမ်းနည်းနေမိသည်။ဘာကလဲဆိုတာမသိပေမဲ့တစ်ခုခုကိုဆုံးရှုံးနေသလိုတော့ခံစားနေရတယ်။ရှောင်းကျန့်ဒီခံစားချက်ကြီးကိုမကြိုက်ဘူး။

မပြုံးမရယ်သော်လဲတည်တင်းနေသည်မဟုတ်..ဖန်သားလိုကြည်လင်နေပြီးအေးမြသည့်မျက်နှာထားနှင့်ဧကရီကရှောင်းကျန့်ဆီသို့အကြည့်တစ်ချက်ပို့မလာတော့ပိစိလေးစိတ်ကောက်ချင်မိတာထူးဆန်းတယ်မလား။ရှောင်းကျန့်သူ့စိတ်တောင်သူမနိုင်တော့ဘူးထင်သပ..ဧကရီကသူ့ဆီအာရုံတစ်ချက်မပို့ပေမဲ့အိမ်ရှေ့စံကတော့မျက်လုံးကြီးသူ့ထဲဝင်လာတော့မလိုမျက်တောင်မခတ်ကြည့်နေလေသည်။ကလေးစုတ်လေး ဘယ်လိုကြီးကြည့်နေတာလဲမသိဘူး။

တစ်ချက်လေးမှမပြုံးတဲ့ဧကရီကမင်းကြီးကစကားပြောတော့ပြုံးနေလေသည်။အချင်းချင်းအပြန်အလှန်စကားတွေပြောပြီးပြုံးရွှင်နေကြလေတယ်။ရှောင်းကျန့်မျက်နှာလွှဲလိုက်သည်။နားမလည်နိုင်တဲ့ခံစားချက်တွေနဲ့ဘာကြောင့်ရယ်မသိဧကရီကိုစိတ်ဆိုးနေမိသည်။နှုတ်ခမ်းလေးဆူထော်ကာစားပွဲပေါ်ကစားစရာတွေကိုသာတူနဲ့ထိုးဆွနေမိသည်။

မျက်နှာလေးပုတ်သိုးကာဖြစ်နေတဲ့သူ့ပန်းကန်ထဲမုန့်ချိုတစ်ခုကဝင်ရောက်လာသည်။ထည့်လိုက်တဲ့သူကိုကြည့်တော့မျက်နှာသေနဲ့မောက်ဖူဖြစ်နေတယ်။မောက်ဖူကသူ့ပန်ကန်ထဲမုန့်ချိုတွေလာထည့်ပေးနေတယ်

"အယ် မောက်ဖူဘာလို့မုန့်တွေလာထည့်နေတာလဲ"

"စားကောင်းလို့"

"ဟမ်? စားကောင်းရင်မင်းစားပေါ့ဘာလို့ငါ့ပန်ကန်ထဲလာထည့်နေတာလဲ"

နဂိုထဲကမကြည်ဖြစ်နေတဲ့စိတ်လေးကလက်တစ်ဆစ်ဖြစ်နေတော့သည်။မောက်ဖူကတော့ဂရုမစိုက်စွာမုန့်တွေပဲဆက်ထည့်နေတယ်။ရှောင်းကျန့်လဲဘာမှမပြောပဲလွှတ်ထားလိုက်ကာအကြည့်တွေတခြားပို့လိုက်တယ်။သူ့အကြည့်ကအိမ်ရှေ့စံဆီရောက်တော့လန့်တောင်လန့်သွားမိသည်။သူ့ကိုတလှည့်မောက်ဖူကိုတလှည့်စားမတတ်ဝါးမတတ်ကြည့်နေတာ ဒီကလေးလက်မလောက်လေးနဲ့ဒေါသလဲအတော်ကြီးမဲ့ပုံ။အိမ်ရှေ့စံဆီကအကြည့်ထပ်လွဲကာတခြားနေရာကိုပို့လိုက်ပြန်တယ်။

ဒီတစ်ခါသူပိုလန့်သွားမိသည်။မင်းသား၂ကသူ့ကိုမျက်လုံးတွေမှေးစင်းပြီးစိုက်ကြည့်နေတာဒုက္ခအကြီးကြီးပေးတော့မဲ့ပုံနဲ့။ကြက်သီးတွေတောင်ထသွားရသည်။ဘာလို့ဒီလိုကြီးကြည့်နေရတာလဲ မြန်မြန်အကြည့်လွဲလိုက်တော့ပိုဆိုးသည်။ရှောင်းကျန့်လန့်အော်မိမလိုတောင်ဖြစ်သွားတယ်။သူ့ကိုမီးလျှမ်းလျှမ်းတောက်နေတဲ့အကြည့်နဲ့ကြည့်နေတဲ့ဧကရီ။မင်းစားရဲစားကြည့်အသေပဲ!!!ဆိုတဲ့အကြည့်မျိုး...ဘာများမှားနေလို့ဒီလိုဖြစ်နေကြတာလဲ။

"ရှောင်းကျန့်စား "

မောက်ဖူကလဲစကားကိုလိုတာထက်ပိုမပြော။မုန့်ချိုတွေသာအတင်းထိုးကျွေးနေတော့သည်။သူသာမောက်ဖူပေးတဲ့မုန့်တွေစားမိရင်ထိုသုံးယောက်သူ့ကိုတစစီဆွဲဖြဲကြမယ်ထင်တယ်။

"တော်ပါပြီငါဗိုက်ပြည့်နေပြီမလို့မင်းဘာသာစားလိုက်တော့နော်."

ရှောင်းကျန့်ရိုးရှင်းတဲ့အကြောင်းပြချက်လေးနဲ့ကိုယ့်အန္တရာယ်ကိုကြည့်ရှောင်လိုက်သည်။​ပွဲလဲမြန်မြန်ပြီးပါတော့သူဒီမှာဆက်မနေချင်တော့ဘူး။

ရှောင်းကျန့်ဆုတောင်းမပြည့်ပါဘူးအိမ်ရှေ့စံရဲ့မွေးနေ့ပွဲသာမကကြင်ယာတော်လျန်ရဲ့မိဖုရားဘွဲ့ချီးမြှင့်အပ်နှင်းပွဲပါလုပ်တော့ရှောင်းကျန့်အတော်လေးပျင်းရိသွားပါပြီ။ဧကရီကလဲမင်းကြီးနဲ့သာပျော်ရွှင်နေတော့စိတ်ကမကြည်တော့ဘူး။ဘာလို့လဲဆိုတာလဲမသိဘူး..ဒါကြောင့်စိတ်ပြေလက်ပျောက်ဖြစ်စေရန်ပွဲထဲကထွက်လာလိုက်သည်။

နန်းတော်ဝန်းရဲ့တိတ်ဆိတ်အေးချမ်းတဲ့နေရာကိုတစ်ယောက်ထဲထွက်လာတဲ့ရှောင်းကျန့်ကနှုတ်ခမ်းလေးလဲဆူပုတ်နေခဲ့တယ်။သူစိတ်ဆိုးနေတယ် အရမ်းကိုစိတ်ဆိုးနေတယ်..

သစ်ရွက်စိမ်တို့လန်းဆန်းနေတဲ့သစ်ပင်ကြီးအောက်ရောက်တော့ရပ်လိုက်သည်။

"ငါဘာဖြစ်နေတာပါလိမ့် စိတ်ထိန်းစမ်းရှောင်းကျန့်စိတ်ကိုထိန်း..မင်းနန်းတွင်းထဲဝင်လာတာကောင်းစားဖို့လမ်းနော်သေလမ်းမဟုတ်ဘူး..သုခကိုရွေးပါဒုက္ခကိုမရွေးနဲ့.."

ရှောင်းကျန့်ကသူ့ကိုယ်သူသတိပေးဟန်တစ်ယောက်ထဲပြောနေလေသည်။ဖြစ်ပေါ်လာတဲ့ခံစားချက်တွေကိုသူတားဆီးနိုင်ပါ့မလား။တကယ်လို့မဆန့်ကျင်နိုင်ဘူးဆိုရင်ဘာဆက်လုပ်ရမလဲ..ဟူး...ရင်မောလိုက်ပါဘိ

ချောက်!

အနောက်ကသစ်ကိုင်းခြောက်နင်းသံကြောင့်ဆတ်ခနဲလှည့်ကြည့်လိုက်သည်။သူ့ကိုတွေ့တော့ကောင်လေးတစ်ယောက်ကမျက်လုံးလေးပြူးကာတောင့်တောင့်လေးဖြစ်သွားသည်။ပုံစံကလန့်သွားသလိုပင်။

"အို."

ရှောင်းကျန့်လဲအနည်းငယ်ကြောင်သွားပေမဲ့ထိုကောင်လေးဆီလျောက်သွားလိုက်သည်။အနားရောက်တော့ကောင်လေးကကြောက်ရွံဟန်ကိုယ်လုံးလေးကျုံ့ထားတယ်။မျက်လုံးဝိုင်းဝိုင်းအသားဖြူဖြူနဲ့လူကောင်လေးသေးသေးသွယ်သွယ်လေးဖြစ်သည်။ဖြူဖက်ဖြူလျော်အသားရည်ကလူမမာနဲ့တောင်တူနေတယ်။

"ဟို..အ.အနှောင့်အယှက်ဖြစ်စေဖို့မရည်ရွယ်ပါဘူးတောင်းပန်ပါတယ်"

တောင်းပန်လာတဲ့အသံကခပ်တိုးတိုး.တိုးတိုးမှတကယ့်တိုးတိုးလေးရှောင်းကျန့်တောင်မနည်းအာရုံစိုက်နားထောင်ရသည်။

"အာ ရပါတယ်အနှောင့်အယှက်မဖြစ်ပါဘူး မင်းက?"

"ကျွန်တော့နာမည်ကမုရှင်းသွဲ့ပါ..ကိုယ် ကိုယ်လုပ်တော်တစ်ယောက်ပါရှောင်းကျန့်"

သူ့နာမည်သိနေတော့အံ့သြမိပေမဲ့သူကဧကရီရဲ့လူမလား နာမည်ကြီးလေဒါကြောင့်သိနေတာမထူးဆန်းတော့ပါဘူး။

"အော်..ဘာလို့ပွဲမှာမနေရတာလဲ"

သူမေးလိုက်တော့မျက်နှာလေးကညိုးငယ်သွားသည်။

"ဒီလိုပါပဲ မွန်းကြပ်လို့"

"အင်းပါ ကျွန်တော်ကိုယ်ချင်းစာပါတယ် "

"ဟုတ်ကဲ့ဒါဆိုကျွန်တော်သွားလိုက်ပါအုံးမယ်"

"ကောင်းပါပြီ"

မုရှင်းသွဲ့ကနှုတ်ဆတ်ပြီးထွက်သွားလေသည်။ရှောင်းကျန့်လဲသစ်ပင်အောက်အတော်ကြာထိုင်နေပြီးမှပြန်လာခဲ့လိုက်တယ်။သစ်ပင်နောက်ကိုသာရှောင်းကျန့်သွားကြည့်ခဲ့မဲ့ဆိုရင်အသတ်ခံရတဲ့အစေခံခေါင်းဆောင်ဟွမ်ထ​ုကိုတွေ့ပါလိမ့်မည်။

*^^*

ရှောင်းကျန့်နန်းဆောင်ကိုပြန်ရောက်တော့ဧကရီကပြန်ရောက်နေပြီးအိပ်တောင်အိပ်နေပြီဖြစ်သည်။အိပ်ဆောင်တံခါးကိုအသာတွန်းဖွင့်ကာခြေသံဖွဖွလေးနင်းပြီးဝင်လာသည်။ကုတင်ပေါ်လဲလျောင်းနေတဲ့ဧကရီကိုတစ်ချက်ကြည့်ပြီးသူ့ခေါင်းအုံးကိုယူကာကြမ်း​ခင်းပေါ်နေရာချလိုက်တယ်။ဧကရီမနိုးအောင်လုပ်နေရတာမလို့သူခိုးလိုလိုဘာလိုလိုတောင်ဖြစ်နေသည်။

ကြမ်းပေါ်မှာပဲကွေးကွေးလေးအိပ်ချပြီးဧကရီကိုတစ်ချက်တစ်ချက်လှမ်းကြည့်မိတယ်။အိပ်မရပဲဟိုလှိမ့်ဒီလှိမ့်နဲ့ဖြစ်နေကာထိုင်လိုက်လှဲချလိုက်နဲ့ရှောင်းကျန့်ဘာလိုလို့လိုမှန်းမသိဖြစ်နေတယ်။အိပ်လို့လဲမပျော်ဘူး။

ကုတင်ပေါ်ကဝမ်ရိပေါ်ကမှိတ်ထားတဲ့မျက်လုံးတွေကိုအနည်းငယ်ဖွင့်ဟကာရှောင်းကျန့်ရဲ့ဖြစ်ပျက်နေပုံကိုကြည့်နေတယ်။မသိမသာကွေးတက်သွားတဲ့နှုတ်ခမ်းတွေနဲ့ရှောင်းကျန့်ဘာဆက်လုပ်မလဲဆိုတာလဲသိချင်နေတယ်။

ရှောင်းကျန့်ကငုတ်တုတ်ထထိုင်ပြီးခေါင်းကုပ်ဖင်ကုပ်နဲ့ဝမ်ရိပေါ်ဘက်လှည့်ကြည့်သည်။ထို့နောက်ခေါင်းအုံးကိုပြန်သယ်မကာ ကုတင်နားတရွေ့ရွေ့တိုးကပ်လာသည်။ဝမ်ရိပေါ်ဘေးမှာခေါင်းအုံးလေးကိုဖွဖွလေးချလိုက်တယ်။သူ့ခမျာတစ်ဖက်လူသိမှာလဲစိုးနေသေးသည်။

ကုတင်ပေါ်ယုန်ဖြူလုံးလေးလိုတလှုတ်လှုတ်နဲ့ကုပ်တက်လာပြီးတိတ်တိတ်လေးဘေးမှာဝင်လှဲနေလေသည်။

"ခုမှပဲအဆင်ပြေသွားတော့တယ် ဟိ"

ရှောင်းကျန့်ကသဘောကျစွာပြုံးပြီးအိပ်ဖို့လုပ်သည်။ထိုချိန်သူ့ကိုယ်လုံးလေးကိုဖက်တွယ်လာတဲ့လက်တွေ ရှောင်းကျန့်ကဖက်ထုတ်လေးလိုဖြစ်ကာအင့်ခနဲပဲ။တရားခံကိုကြည့်တော့မျက်လုံးတွေမှိတ်ကာအိပ်နေသည်။ရှောင်းကျန့်ရုန်းကြည့်သည်။မရပါဘူး...

ဝမ်ရိပေါ်ကရှောင်းကျန့်ကိုဖက်ထားရင်းအိပ်ချင်ယောင်ဆောင်နေသည်။ကိုယ်လုံးအိအိနွေးနွေးလေးကအတော်လေးဖက်လို့ကောင်းတယ်။

"အင်း..မားမား..ရွှတ်!"

သူ့ပါးတစ်ဖက်ကိုလာနမ်းတော့ရှောင်းကျန့်မျက်လုံးပြူးသွားသည်။အိပ်မက်ယောင်နေတာသိပေမဲ့ရှောင်းကျန့်အသဲနှလုံးကအပြင်ကိုဘုတ်ခနဲထွက်ကျတော့မယ်။

"မားမား သတိရတယ်  chueeeeeee"

ပါးတစ်ခုလုံးနှာခေါင်းနစ်ဝင်အောင်ဖိနမ်းတော့ရှောင်းကျန့်အသက်အောင့်ထားမိသည်။ဧကရီကအရင်ကတစ်ခါမှမယောင်တတ်ပါဘူး။ရုန်းမရအောင်အတင်းဖိချုပ်ပြီးဧကရီကအိမ်မက်ယောင်ပြီးသူ့မျက်နှာတစ်ခုလုံးရစရာမရှိအောင်နမ်းနေသည်။

ရှောင်းကျန့်မျက်ရည်တွေဝဲကာမျက်ရည်တွေဘူးသီးလုံးလောက်ကျလာတယ်။ဝမ်ရိပေါ်ကတော့တမားထဲမားကာတစ်ညလုံးဖက်နမ်းနေလေသည်။

လူလည်ကျကာချစ်ရသူဆီကအသားချည်းလှိမ့်ယူနေတဲ့ကောင်လေးနဲ့အတင်းဖက်နမ်းခံနေရလို့ငိုနေတဲ့ကောင်လေးကြောင့်ထောင်ဟွားနန်းဆောင်ရှေ့ကမက်မွန်ပန်းတွေဟာရှက်ရွံနေကြလေသည်။

တစ်ခါတစ်လေကိုယ်တိုင်တားဆီးမရတဲ့အခါလွှတ်ပေးချင်မိတယ် ဆန့်ကျင်လို့မရရင်လက်လျော့ပေးမိချင်တယ်။အချစ်ကအရာရာကိုကျော်ဖြတ်နိုင်သည်တဲ့...မေတ္တာတို့စစ်မှန်ခဲ့ရင်ခရီးလမ်းကဖြောင့်ဖြူးရိုးအစဥ်မရှိပါဘူး။ရွေးချယ်မှုမှန်ကန်ရင်တစ်သက်တာလုံးစိတ်ချမ်းသာရမယ်...

တစ်ခါတစ်လေတော့လဲစည်းတွေဘောင်တွေကျော်လွန်ပြီးလွတ်လပ်စွာချစ်ကြည့်ချင်တယ်။မဖြစ်နိုင်တာထက်မဖြစ်သင့်တဲ့ဆက်ဆံရေးတစ်ခုမှာအဆုံးသတ်လှခဲ့ရင်ကောင်းတာပေါ့။နာကျင်ရမဲ့အဖြစ်ကိုတွေးမိရုံနဲ့ကြောက်ရွံမိပါတယ်..... ဝန်ခံပါတယ်မချစ်တာမဟုတ်ပါဘူးမချစ်ရဲတာပါ...အချစ်နဲ့အတူကျော်ဖြတ်ဖို့သတ္တိတို့ကရှိမနေပါဘူး..

💚💛❤

8ခု
Zaw

ဒီေန႔ကအိမ္ေရွ႕စံေမြးေန႔ျဖစ္တာေၾကာင့္နန္းတြင္းနန္းျပင္အရင္ကထက္ပို၍စည္ကားေနေလသည္။ဧကရီရဲ႕ေထာင္ဟြားနန္းေဆာင္တြင္ေရွာင္းက်န္႔ကဧကရီကိုျပင္ဆင္ေပးေနရသည္။မေန႔ညထဲကေရွာင္းက်န္႔ဧကရီကိုမ်က္လုံးခ်င္းမဆုံရဲဘူး။ဘာလို႔သူ႔ကိုနမ္းတာလဲသိခ်င္ေပမဲ့ထုတ္ေမးဖို႔ရာလဲအခက္ေတြ႕ေနျပန္တယ္။ထိုအေၾကာင္းကိုအစမေဖာ္တာပဲေကာင္းသည္ဟုေတြးထားမိသည္။ဧကရီနဲ႔သူ႔ၾကားစည္းတစ္ခုေတာ့ရွိေနသင့္တယ္မလား

ေထာင္ဟြားပန္းေတြနဲ႔ေဆးဆိုးပန္း႐ိုက္ထားတဲ့အျဖဴေရာင္ဝတ္႐ုံ၏အနားစေတြကမက္မြန္ေရာင္သန္းေနတဲ့ဝတ္စုံကိုဧကရီကိုၿခဳံလႊမ္းေပးလိုက္သည္။ရွည္လ်ားလွပတဲ့ဆံႏြယ္ေတြကိုေက်ာျပင္က်ယ္ထက္ျဖန္႔စင္းခ်လိုက္သည္။သူ႔ရဲ႕ဧကရီကၿပီးျပည့္စုံျခင္းေတြစုေဝးရာအလွတရားေလးျဖစ္တယ္..

"ေရွာင္းက်န္႔  ညတုန္းက"

"အဲ့ဒါကိုမေျပာၾကရေအာင္ေမ့လိုက္ပါေတာ့"

"ေမ့ထားရမယ္? ေရွာင္းက်န္႔ ဘာလို႔ဒီလိုေျပာႏိုင္ရတာလဲေမ့ပစ္ဖို႔နမ္းခဲ့တာမဟုတ္ဘူး ငါ့ခံစားခ်က္ေတြမင္းသိေအာင္ေဖာ္ျပဖို႔အတြက္နမ္းခဲ့တာ ေရွာင္းက်န္႔"

ဝမ္ရိေပၚကေရွာင္းက်န္႔ပုခုံးႏွစ္ဖက္ကိုတင္းတင္းဖိကိုင္ကာအၾကည့္လြဲေနတဲ့မ်က္လုံးေတြကိုမရမကဆုံေစတယ္။

"မင္းငါ့အေပၚနဲနဲေလးမွခံစားခ်က္မရွိဘူးလား"

"ဟင့္အင္း"

ခ်က္ခ်င္းမျငင္းပါနဲ႔လားေရွာင္းက်န္႔ရာ။ဝမ္ရိေပၚကအံႀကိတ္ၿပီးမႈိင္းညိဳ႕စြာနဲ႔မ်က္ခုံးေတြတြန္႔ခ်ိဳးကာစိုက္ၾကည့္ေနသည္။သူ႔အၾကည့္ေတြကိုေရွာင္လြဲေနတဲ့သူေလးကလိမ္ေနသည္ဟုထင္သည္။ေရွာင္းက်န္႔ကသူ႔ကိုအၿမဲတမ္းေငးၾကည့္ေနတတ္တယ္ ထိုမ်က္ဝန္းမွာအားက်မႈေတြႏွစ္သက္မႈေတြျမတ္ႏိုးမႈေတြရွိေနတာဝမ္ရိေပၚျမင္တတ္တာေပါ့။ဒါေပမဲ့ေရွာင္းက်န္႔ကေတာ့အမွန္တိုင္းဖြင့္ဟမည့္ပုံမေပၚ။

"ဧကရီ..ကြၽန္ေတာ္ကအေစခံပါမျဖစ္သင့္တဲ့ဆက္ဆံေရးတစ္ခုကိုအရဲမစြန္႔ခ်င္ဘူး ကြၽန္ေတာ္မင္းပစ္မင္းဒဏ္သင့္မွာေၾကာက္တယ္ "

"မင္းသာတစ္ခ်က္ေခါင္းၿငိမ့္ၿပီးငါ့ကိုလက္ခံရင္က်န္တဲ့ကိစၥေတြမင္းပူပန္စရာမလိုဘူး..ဒီတိုင္းပဲ ဒီတိုင္းေလးပဲမင္းကငါ့အနားေနၿပီးငါ့ကိုလက္ခံေပးျဖစ္လာသမွ်အရာအားလုံးငါေျဖရွင္းႏိုင္တယ္"

"ဟင့္အင္း ဘယ္လိုပဲျဖစ္ျဖစ္ကြၽန္ေတာ္ျငင္းပါရေစခြင့္လႊတ္ေပးပါဧကရီ ကြၽန္ေတာ္သတၱိမရွိဘူး"

ဝမ္ရိေပၚကေရွာင္းက်န္႔ပုခုံးေပၚတင္ထားတဲ့လက္ကိုေျပေလ်ာ့ေပးလိုက္ၿပီးေခါင္းတဆတ္ဆတ္ၿငိမ့္လိုက္သည္။

"ငါကဧကရီတစ္ေယာက္ျဖစ္ေနလို႔လား ခ်န္းယြိရွီရဲ႕ဧကရီတစ္ေယာက္ျဖစ္ေနလို႔လား ဒါဆိုငါကဧကရာဇ္ျဖစ္ေနမယ္ဆိုရင္ေရာ"

"ဧ.ဧကရီဘာ ဘာအဓိပၸါယ္လဲ"

"ငါကဧကရီမဟုတ္ဘူးမင္းလဲအေစခံမဟုတ္ဘူးဆိုရင္ငါ့ကိုလက္ခံမလား..ေရွာင္း..က်န္႔.."

ဝမ္ရိေပၚကတစ္လုံးခ်င္းေျပာၿပီးအေရွ႕ကိုတိုးလာေတာ့ေရွာင္းက်န္႔မွာျပဴးေၾကာင္ေၾကာင္ေလးျဖင့္သာအေနာက္ကိုဆုတ္သြားမိသည္။ဆုတ္ရင္းဆုတ္ရင္းျဖင့္ေရွာင္းက်န္႔ေက်ာေလးကနံရံနဲ႔ထိကပ္သြားသည့္တိုင္ဧကရီကမရပ္တန္႔ပဲထပ္တိုးေနတာမလို႔ႏွစ္ေယာက္ရဲ႕အေနအထားကနီးကပ္သြားသည္။တစ္ထြာေလာက္သာထပ္တိုးရင္သူတို႔နမ္းမိေတာ့မယ္ ေရွာင္းက်န္႔ကသူ႔ကို႐ႊန္း႐ႊန္းစားစားစိုက္ၾကည့္ေနတဲ့မ်က္လုံးေတြကိုရင္ဆိုင္ဖို႔ခြန္အားမရွိတာေၾကာင့္မ်က္ႏွာတစ္ဖက္သို႔လႊဲထားလိုက္သည္။

ဝမ္ရိေပၚရဲ႕လွပတဲ့ႏႈတ္ခမ္းေထာင့္စြန္းေတြကအႏုပညာဆန္ဆန္ေကာ့တက္သြားသည္။ေရွာင္းက်န္႔ရဲ႕ပါးျပင္ႏုႏုေလးကေက်ာက္စိမ္းေရာင္သန္းေနၿပီးစိမ္းဖန္႔ဖန္႔အေၾကာမွ်င္တို႔ယွက္သန္းေနတဲ့လည္တိုင္ေက်ာ့ေက်ာ့ေလးကလဲသိပ္လွတယ္။နာသယ္တစ္ေလ်ာက္ေမႊးညႇင္းႏုႏုတို႔ကသူ႔ႏွလုံးကိုခုန္ေပါက္ေစဖို႔လုံေလာက္သည္။ပါးျပင္ႏုႏုဆီတိုးကပ္ၿပီးႏွာထိပ္ဖ်ားေလးနဲ႔ပြတ္သပ္က်ီစယ္မိေတာ့မ်က္လုံးေတြတင္းတင္းမွိတ္ထားျပန္ရဲ႕...

"အင့္.! ဟင့္! အင့္"

ပုခုံးေလးတုန္ကာရႈိက္သံထြက္ေနတာမလို႔ေမးကေနဆြဲယူကာမ်က္ႏွာကိုသူ႔ဘက္လွည့္ေစသည္။မ်က္ဝန္းသြယ္ေတြကမ်က္ရည္ဥတို႔ရစ္သိုင္းကာအညိဳေရာင္မ်က္ဆံေလးကတုန္ယင္ေနေလသည္။

"ငိုေနတာလားဘာလို႔ငိုတာလဲ "

"အင့္! ဧကရီက "

ေရွာင္းက်န္႔ကဆက္မေျပာေတာ့ေပ။သူဘယ္လိုေျပာရမလဲဧကရီနဲ႔ခုလိုနီးနီးကပ္ကပ္ရွိၿပီးပြတ္သီပြတ္သပ္လာလုပ္ေနေတာ့ေနရတာတစ္မ်ိဳးႀကီးျဖစ္ေနသည္။အဆင္မေျပဘူးရင္ေတြလဲခုန္လြန္းလို႔လဲလူကငိုခ်င္လာသည္။ဒါေၾကာင့္ငိုပစ္လိုက္တာ

"ဘာလို႔လဲလို႔ေမးေနတယ္ေလ!"

ဧကရီရဲ႕အသံကနဲနဲမာလာေတာ့ေရွာင္းက်န္႔ေအာက္ႏႈတ္ခမ္းကိုဖြဖြကိုက္လိုက္သည္။

"ရင္ဘက္ကတအားခုန္ေနတာၿပီးေတာ့ ၿပီးေတာ့ဗိုက္လဲဆာတယ္ ငိုခ်င္လာလို႔ ."

ဝမ္ရိေပၚဘာေျပာရမွန္းမသိျဖစ္သြားသည္။သူ႔အထင္သူ႔ကိုလုံးဝလက္မခံႏိုင္လို႔ခါးခါးသီးသီးျဖစ္ေနတာလားေပါ့။ ဝမ္ရိေပၚကသြားေတြေပၚတဲ့ထိရယ္လိုက္ေတာ့ေရွာင္းက်န္႔ကေငးၾကည့္ေနတယ္။ဧကရီကရယ္လိုက္ရင္တကယ္လွတယ္...သူ႔ရဲ႕ကမာၻႀကီးမွာဧကရီကအလွဆုံးပင္

ဝမ္ရိေပၚကေတာ့ေရွာင္းက်န္႔ရဲ႕ႏွာဖူးကိုခပ္ဖြဖြေတာက္လိုက္တယ္။ေရွာင္းက်န္႔ကေတာ့ေလ ပထမဆုံးအနမ္းမွာလန္႔ၿပီးသတိေမ့သြားတယ္ခုလဲရင္ခုန္လြန္းၿပီးငိုတယ္တဲ့လား..တကယ့္ကိုပါပဲကြာ..

*^^*

ခမ္းနားလွတဲ့နန္းရင္ျပင္ရဲ႕စားပြဲေတာ္ႀကီးတြင္ေတာ္ဝင္မိသားစုအျပင္ရာထူးရာတန္းႀကီးသူေတြေဆြႀကီးမ်ိဳးႀကီးအရာရွိမ်ားစုေဝးေနေလသည္။ေလွကားထစ္မ်ားစြာရဲ႕ထိပ္ဆုံးတြင္ဧကရာဇ္နဲ႔ဧကရီကထိုင္ေနၿပီးတစ္ဆင့္နိမ့္ေသာေနရာတြင္အိမ္ေရွ႕စံကထိုင္သည္။ထိုမွတဆင့္မင္းသားေတြၾကင္ယာေတာ္ကိုယ္လုပ္ေတာ္သူ႔အဆင့္နဲ႔သူအသီးသီးေနရာယူထားၾကသည္။

ေရွာင္းက်န္႔ကေတာ့နန္းတြင္းသားတို႔ထိုင္ရာဝိုင္းတြင္​ျရွိေနၿပီးဧကရီကိုေငးၾကည့္ေနသည္။ေဘးခ်င္းယွဥ္ထိုင္ေနတဲ့ဧကရာဇ္နဲ႔ဧကရီကသိပ္လိုက္ဖယ္တယ္ဒါေပမဲ့သူ႔ရင္ထဲဝမ္းနည္းေနမိသည္။ဘာကလဲဆိုတာမသိေပမဲ့တစ္ခုခုကိုဆုံးရႈံးေနသလိုေတာ့ခံစားေနရတယ္။ေရွာင္းက်န္႔ဒီခံစားခ်က္ႀကီးကိုမႀကိဳက္ဘူး။

မၿပဳံးမရယ္ေသာ္လဲတည္တင္းေနသည္မဟုတ္..ဖန္သားလိုၾကည္လင္ေနၿပီးေအးျမသည့္မ်က္ႏွာထားႏွင့္ဧကရီကေရွာင္းက်န္႔ဆီသို႔အၾကည့္တစ္ခ်က္ပို႔မလာေတာ့ပိစိေလးစိတ္ေကာက္ခ်င္မိတာထူးဆန္းတယ္မလား။ေရွာင္းက်န္႔သူ႔စိတ္ေတာင္သူမႏိုင္ေတာ့ဘူးထင္သပ..ဧကရီကသူ႔ဆီအာ႐ုံတစ္ခ်က္မပို႔ေပမဲ့အိမ္ေရွ႕စံကေတာ့မ်က္လုံးႀကီးသူ႔ထဲဝင္လာေတာ့မလိုမ်က္ေတာင္မခတ္ၾကည့္ေနေလသည္။ကေလးစုတ္ေလး ဘယ္လိုႀကီးၾကည့္ေနတာလဲမသိဘူး။

တစ္ခ်က္ေလးမွမၿပဳံးတဲ့ဧကရီကမင္းႀကီးကစကားေျပာေတာ့ၿပဳံးေနေလသည္။အခ်င္းခ်င္းအျပန္အလွန္စကားေတြေျပာၿပီးၿပဳံး႐ႊင္ေနၾကေလတယ္။ေရွာင္းက်န္႔မ်က္ႏွာလႊဲလိုက္သည္။နားမလည္ႏိုင္တဲ့ခံစားခ်က္ေတြနဲ႔ဘာေၾကာင့္ရယ္မသိဧကရီကိုစိတ္ဆိုးေနမိသည္။ႏႈတ္ခမ္းေလးဆူေထာ္ကာစားပြဲေပၚကစားစရာေတြကိုသာတူနဲ႔ထိုးဆြေနမိသည္။

မ်က္ႏွာေလးပုတ္သိုးကာျဖစ္ေနတဲ့သူ႔ပန္းကန္ထဲမုန္႔ခ်ိဳတစ္ခုကဝင္ေရာက္လာသည္။ထည့္လိုက္တဲ့သူကိုၾကည့္ေတာ့မ်က္ႏွာေသနဲ႔ေမာက္ဖူျဖစ္ေနတယ္။ေမာက္ဖူကသူ႔ပန္ကန္ထဲမုန္႔ခ်ိဳေတြလာထည့္ေပးေနတယ္

"အယ္ ေမာက္ဖူဘာလို႔မုန္႔ေတြလာထည့္ေနတာလဲ"

"စားေကာင္းလို႔"

"ဟမ္? စားေကာင္းရင္မင္းစားေပါ့ဘာလို႔ငါ့ပန္ကန္ထဲလာထည့္ေနတာလဲ"

နဂိုထဲကမၾကည္ျဖစ္ေနတဲ့စိတ္ေလးကလက္တစ္ဆစ္ျဖစ္ေနေတာ့သည္။ေမာက္ဖူကေတာ့ဂ႐ုမစိုက္စြာမုန္႔ေတြပဲဆက္ထည့္ေနတယ္။ေရွာင္းက်န္႔လဲဘာမွမေျပာပဲလႊတ္ထားလိုက္ကာအၾကည့္ေတြတျခားပို႔လိုက္တယ္။သူ႔အၾကည့္ကအိမ္ေရွ႕စံဆီေရာက္ေတာ့လန္႔ေတာင္လန္႔သြားမိသည္။သူ႔ကိုတလွည့္ေမာက္ဖူကိုတလွည့္စားမတတ္ဝါးမတတ္ၾကည့္ေနတာ ဒီကေလးလက္မေလာက္ေလးနဲ႔ေဒါသလဲအေတာ္ႀကီးမဲ့ပုံ။အိမ္ေရွ႕စံဆီကအၾကည့္ထပ္လြဲကာတျခားေနရာကိုပို႔လိုက္ျပန္တယ္။

ဒီတစ္ခါသူပိုလန္႔သြားမိသည္။မင္းသား၂ကသူ႔ကိုမ်က္လုံးေတြေမွးစင္းၿပီးစိုက္ၾကည့္ေနတာဒုကၡအႀကီးႀကီးေပးေတာ့မဲ့ပုံနဲ႔။ၾကက္သီးေတြေတာင္ထသြားရသည္။ဘာလို႔ဒီလိုႀကီးၾကည့္ေနရတာလဲ ျမန္ျမန္အၾကည့္လြဲလိုက္ေတာ့ပိုဆိုးသည္။ေရွာင္းက်န္႔လန္႔ေအာ္မိမလိုေတာင္ျဖစ္သြားတယ္။သူ႔ကိုမီးလွ်မ္းလွ်မ္းေတာက္ေနတဲ့အၾကည့္နဲ႔ၾကည့္ေနတဲ့ဧကရီ။မင္းစားရဲစားၾကည့္အေသပဲ!!!ဆိုတဲ့အၾကည့္မ်ိဳး...ဘာမ်ားမွားေနလို႔ဒီလိုျဖစ္ေနၾကတာလဲ။

"ေရွာင္းက်န္႔စား "

ေမာက္ဖူကလဲစကားကိုလိုတာထက္ပိုမေျပာ။မုန္႔ခ်ိဳေတြသာအတင္းထိုးေကြၽးေနေတာ့သည္။သူသာေမာက္ဖူေပးတဲ့မုန္႔ေတြစားမိရင္ထိုသုံးေယာက္သူ႔ကိုတစစီဆြဲၿဖဲၾကမယ္ထင္တယ္။

"ေတာ္ပါၿပီငါဗိုက္ျပည့္ေနၿပီမလို႔မင္းဘာသာစားလိုက္ေတာ့ေနာ္."

ေရွာင္းက်န္႔႐ိုးရွင္းတဲ့အေၾကာင္းျပခ်က္ေလးနဲ႔ကိုယ့္အႏၲရာယ္ကိုၾကည့္ေရွာင္လိုက္သည္။​ပြဲလဲျမန္ျမန္ၿပီးပါေတာ့သူဒီမွာဆက္မေနခ်င္ေတာ့ဘူး။

ေရွာင္းက်န္႔ဆုေတာင္းမျပည့္ပါဘူးအိမ္ေရွ႕စံရဲ႕ေမြးေန႔ပြဲသာမကၾကင္ယာေတာ္လ်န္ရဲ႕မိဖုရားဘြဲ႕ခ်ီးျမႇင့္အပ္ႏွင္းပြဲပါလုပ္ေတာ့ေရွာင္းက်န္႔အေတာ္ေလးပ်င္းရိသြားပါၿပီ။ဧကရီကလဲမင္းႀကီးနဲ႔သာေပ်ာ္႐ႊင္ေနေတာ့စိတ္ကမၾကည္ေတာ့ဘူး။ဘာလို႔လဲဆိုတာလဲမသိဘူး..ဒါေၾကာင့္စိတ္ေျပလက္ေပ်ာက္ျဖစ္ေစရန္ပြဲထဲကထြက္လာလိုက္သည္။

နန္းေတာ္ဝန္းရဲ႕တိတ္ဆိတ္ေအးခ်မ္းတဲ့ေနရာကိုတစ္ေယာက္ထဲထြက္လာတဲ့ေရွာင္းက်န္႔ကႏႈတ္ခမ္းေလးလဲဆူပုတ္ေနခဲ့တယ္။သူစိတ္ဆိုးေနတယ္ အရမ္းကိုစိတ္ဆိုးေနတယ္..

သစ္႐ြက္စိမ္တို႔လန္းဆန္းေနတဲ့သစ္ပင္ႀကီးေအာက္ေရာက္ေတာ့ရပ္လိုက္သည္။

"ငါဘာျဖစ္ေနတာပါလိမ့္ စိတ္ထိန္းစမ္းေရွာင္းက်န္႔စိတ္ကိုထိန္း..မင္းနန္းတြင္းထဲဝင္လာတာေကာင္းစားဖို႔လမ္းေနာ္ေသလမ္းမဟုတ္ဘူး..သုခကိုေ႐ြးပါဒုကၡကိုမေ႐ြးနဲ႔.."

ေရွာင္းက်န္႔ကသူ႔ကိုယ္သူသတိေပးဟန္တစ္ေယာက္ထဲေျပာေနေလသည္။ျဖစ္ေပၚလာတဲ့ခံစားခ်က္ေတြကိုသူတားဆီးႏိုင္ပါ့မလား။တကယ္လို႔မဆန္႔က်င္ႏိုင္ဘူးဆိုရင္ဘာဆက္လုပ္ရမလဲ..ဟူး...ရင္ေမာလိုက္ပါဘိ

ေခ်ာက္!

အေနာက္ကသစ္ကိုင္းေျခာက္နင္းသံေၾကာင့္ဆတ္ခနဲလွည့္ၾကည့္လိုက္သည္။သူ႔ကိုေတြ႕ေတာ့ေကာင္ေလးတစ္ေယာက္ကမ်က္လုံးေလးျပဴးကာေတာင့္ေတာင့္ေလးျဖစ္သြားသည္။ပုံစံကလန္႔သြားသလိုပင္။

"အို."

ေရွာင္းက်န္႔လဲအနည္းငယ္ေၾကာင္သြားေပမဲ့ထိုေကာင္ေလးဆီေလ်ာက္သြားလိုက္သည္။အနားေရာက္ေတာ့ေကာင္ေလးကေၾကာက္႐ြံဟန္ကိုယ္လုံးေလးက်ဳံ႕ထားတယ္။မ်က္လုံးဝိုင္းဝိုင္းအသားျဖဴျဖဴနဲ႔လူေကာင္ေလးေသးေသးသြယ္သြယ္ေလးျဖစ္သည္။ျဖဴဖက္ျဖဴေလ်ာ္အသားရည္ကလူမမာနဲ႔ေတာင္တူေနတယ္။

"ဟို..အ.အေႏွာင့္အယွက္ျဖစ္ေစဖို႔မရည္႐ြယ္ပါဘူးေတာင္းပန္ပါတယ္"

ေတာင္းပန္လာတဲ့အသံကခပ္တိုးတိုး.တိုးတိုးမွတကယ့္တိုးတိုးေလးေရွာင္းက်န္႔ေတာင္မနည္းအာ႐ုံစိုက္နားေထာင္ရသည္။

"အာ ရပါတယ္အေႏွာင့္အယွက္မျဖစ္ပါဘူး မင္းက?"

"ကြၽန္ေတာ့နာမည္ကမုရွင္းသြဲ႕ပါ..ကိုယ္ ကိုယ္လုပ္ေတာ္တစ္ေယာက္ပါေရွာင္းက်န္႔"

သူ႔နာမည္သိေနေတာ့အံ့ၾသမိေပမဲ့သူကဧကရီရဲ႕လူမလား နာမည္ႀကီးေလဒါေၾကာင့္သိေနတာမထူးဆန္းေတာ့ပါဘူး။

"ေအာ္..ဘာလို႔ပြဲမွာမေနရတာလဲ"

သူေမးလိုက္ေတာ့မ်က္ႏွာေလးကညိဳးငယ္သြားသည္။

"ဒီလိုပါပဲ မြန္းၾကပ္လို႔"

"အင္းပါ ကြၽန္ေတာ္ကိုယ္ခ်င္းစာပါတယ္ "

"ဟုတ္ကဲ့ဒါဆိုကြၽန္ေတာ္သြားလိုက္ပါအုံးမယ္"

"ေကာင္းပါၿပီ"

မုရွင္းသြဲ႕ကႏႈတ္ဆတ္ၿပီးထြက္သြားေလသည္။ေရွာင္းက်န္႔လဲသစ္ပင္ေအာက္အေတာ္ၾကာထိုင္ေနၿပီးမွျပန္လာခဲ့လိုက္တယ္။သစ္ပင္ေနာက္ကိုသာေရွာင္းက်န္႔သြားၾကည့္ခဲ့မဲ့ဆိုရင္အသတ္ခံရတဲ့အေစခံေခါင္းေဆာင္ဟြမ္ထ​ုကိုေတြ႕ပါလိမ့္မည္။

*^^*

ေရွာင္းက်န္႔နန္းေဆာင္ကိုျပန္ေရာက္ေတာ့ဧကရီကျပန္ေရာက္ေနၿပီးအိပ္ေတာင္အိပ္ေနၿပီျဖစ္သည္။အိပ္ေဆာင္တံခါးကိုအသာတြန္းဖြင့္ကာေျခသံဖြဖြေလးနင္းၿပီးဝင္လာသည္။ကုတင္ေပၚလဲေလ်ာင္းေနတဲ့ဧကရီကိုတစ္ခ်က္ၾကည့္ၿပီးသူ႔ေခါင္းအုံးကိုယူကာၾကမ္း​ခင္းေပၚေနရာခ်လိုက္တယ္။ဧကရီမႏိုးေအာင္လုပ္ေနရတာမလို႔သူခိုးလိုလိုဘာလိုလိုေတာင္ျဖစ္ေနသည္။

ၾကမ္းေပၚမွာပဲေကြးေကြးေလးအိပ္ခ်ၿပီးဧကရီကိုတစ္ခ်က္တစ္ခ်က္လွမ္းၾကည့္မိတယ္။အိပ္မရပဲဟိုလွိမ့္ဒီလွိမ့္နဲ႔ျဖစ္ေနကာထိုင္လိုက္လွဲခ်လိုက္နဲ႔ေရွာင္းက်န္႔ဘာလိုလို႔လိုမွန္းမသိျဖစ္ေနတယ္။အိပ္လို႔လဲမေပ်ာ္ဘူး။

ကုတင္ေပၚကဝမ္ရိေပၚကမွိတ္ထားတဲ့မ်က္လုံးေတြကိုအနည္းငယ္ဖြင့္ဟကာေရွာင္းက်န္႔ရဲ႕ျဖစ္ပ်က္ေနပုံကိုၾကည့္ေနတယ္။မသိမသာေကြးတက္သြားတဲ့ႏႈတ္ခမ္းေတြနဲ႔ေရွာင္းက်န္႔ဘာဆက္လုပ္မလဲဆိုတာလဲသိခ်င္ေနတယ္။

ေရွာင္းက်န္႔ကငုတ္တုတ္ထထိုင္ၿပီးေခါင္းကုပ္ဖင္ကုပ္နဲ႔ဝမ္ရိေပၚဘက္လွည့္ၾကည့္သည္။ထို႔ေနာက္ေခါင္းအုံးကိုျပန္သယ္မကာ ကုတင္နားတေ႐ြ႕ေ႐ြ႕တိုးကပ္လာသည္။ဝမ္ရိေပၚေဘးမွာေခါင္းအုံးေလးကိုဖြဖြေလးခ်လိုက္တယ္။သူ႔ခမ်ာတစ္ဖက္လူသိမွာလဲစိုးေနေသးသည္။

ကုတင္ေပၚယုန္ျဖဴလုံးေလးလိုတလႈတ္လႈတ္နဲ႔ကုပ္တက္လာၿပီးတိတ္တိတ္ေလးေဘးမွာဝင္လွဲေနေလသည္။

"ခုမွပဲအဆင္ေျပသြားေတာ့တယ္ ဟိ"

ေရွာင္းက်န္႔ကသေဘာက်စြာၿပဳံးၿပီးအိပ္ဖို႔လုပ္သည္။ထိုခ်ိန္သူ႔ကိုယ္လုံးေလးကိုဖက္တြယ္လာတဲ့လက္ေတြ ေရွာင္းက်န္႔ကဖက္ထုတ္ေလးလိုျဖစ္ကာအင့္ခနဲပဲ။တရားခံကိုၾကည့္ေတာ့မ်က္လုံးေတြမွိတ္ကာအိပ္ေနသည္။ေရွာင္းက်န္႔႐ုန္းၾကည့္သည္။မရပါဘူး...

ဝမ္ရိေပၚကေရွာင္းက်န္႔ကိုဖက္ထားရင္းအိပ္ခ်င္ေယာင္ေဆာင္ေနသည္။ကိုယ္လုံးအိအိေႏြးေႏြးေလးကအေတာ္ေလးဖက္လို႔ေကာင္းတယ္။

"အင္း..မားမား..႐ႊတ္!"

သူ႔ပါးတစ္ဖက္ကိုလာနမ္းေတာ့ေရွာင္းက်န္႔မ်က္လုံးျပဴးသြားသည္။အိပ္မက္ေယာင္ေနတာသိေပမဲ့ေရွာင္းက်န္႔အသဲႏွလုံးကအျပင္ကိုဘုတ္ခနဲထြက္က်ေတာ့မယ္။

"မားမား သတိရတယ္  chueeeeeee"

ပါးတစ္ခုလုံးႏွာေခါင္းနစ္ဝင္ေအာင္ဖိနမ္းေတာ့ေရွာင္းက်န္႔အသက္ေအာင့္ထားမိသည္။ဧကရီကအရင္ကတစ္ခါမွမေယာင္တတ္ပါဘူး။႐ုန္းမရေအာင္အတင္းဖိခ်ဳပ္ၿပီးဧကရီကအိမ္မက္ေယာင္ၿပီးသူ႔မ်က္ႏွာတစ္ခုလုံးရစရာမရွိေအာင္နမ္းေနသည္။

ေရွာင္းက်န္႔မ်က္ရည္ေတြဝဲကာမ်က္ရည္ေတြဘူးသီးလုံးေလာက္က်လာတယ္။ဝမ္ရိေပၚကေတာ့တမားထဲမားကာတစ္ညလုံးဖက္နမ္းေနေလသည္။

လူလည္က်ကာခ်စ္ရသူဆီကအသားခ်ည္းလွိမ့္ယူေနတဲ့ေကာင္ေလးနဲ႔အတင္းဖက္နမ္းခံေနရလို႔ငိုေနတဲ့ေကာင္ေလးေၾကာင့္ေထာင္ဟြားနန္းေဆာင္ေရွ႕ကမက္မြန္ပန္းေတြဟာရွက္႐ြံေနၾကေလသည္။

တစ္ခါတစ္ေလကိုယ္တိုင္တားဆီးမရတဲ့အခါလႊတ္ေပးခ်င္မိတယ္ ဆန္႔က်င္လို႔မရရင္လက္ေလ်ာ့ေပးမိခ်င္တယ္။အခ်စ္ကအရာရာကိုေက်ာ္ျဖတ္ႏိုင္သည္တဲ့...ေမတၱာတို႔စစ္မွန္ခဲ့ရင္ခရီးလမ္းကေျဖာင့္ျဖဴး႐ိုးအစဥ္မရွိပါဘူး။ေ႐ြးခ်ယ္မႈမွန္ကန္ရင္တစ္သက္တာလုံးစိတ္ခ်မ္းသာရမယ္...

တစ္ခါတစ္ေလေတာ့လဲစည္းေတြေဘာင္ေတြေက်ာ္လြန္ၿပီးလြတ္လပ္စြာခ်စ္ၾကည့္ခ်င္တယ္။မျဖစ္ႏိုင္တာထက္မျဖစ္သင့္တဲ့ဆက္ဆံေရးတစ္ခုမွာအဆုံးသတ္လွခဲ့ရင္ေကာင္းတာေပါ့။နာက်င္ရမဲ့အျဖစ္ကိုေတြးမိ႐ုံနဲ႔ေၾကာက္႐ြံမိပါတယ္..... ဝန္ခံပါတယ္မခ်စ္တာမဟုတ္ပါဘူးမခ်စ္ရဲတာပါ...အခ်စ္နဲ႔အတူေက်ာ္ျဖတ္ဖို႔သတၱိတို႔ကရွိမေနပါဘူး..

💚💛❤

Comment