13ခု
13ခု
Uni
အပြုံးတုကြီးနဲ့ဧကရီကိုကြည့်ပြီးရှောင်းကျန့်၏ကျောပြင်အေးစိမ့်လာသည်။လက်မောင်းနှစ်ဖက်ကမွှေးညှင်းတွေလဲထိုးထောင်နေကာဧကရီကိုစေ့စေ့မကြည့်ရဲ။
"နန်းဆောင်ထဲဝင်ပါအုံးလားမင်းသား၂"
"ရပါတယ်မဝင်တော့ဘူးကျွန်တော်ကရှောင်းကျန့်ကိုလာတွေ့တာလေ"
"အော်..."
"......"
"......"
"ရှောင်းကျန့်အထဲကိုဝင်တော့ လုပ်စရာတွေရှိသေးတယ်မလား"
"ဟုတ်..ဟုတ်ကဲ့ပါဧကရီ"
ဘာကိုကြောက်လို့ကြောက်မှန်းမသိစွာနဲ့ပဲနန်းဆောင်ထဲဝင်လာခဲ့လိုက်သည်။ဧကရီကဒေါသထွက်နေသလိုပဲအသံကနူးညံ့နေသော်လဲအေးစက်နေတယ်။ရှောင်းကျန့်ဝင်သွားတာကိုကြည့်ပြီးမှဝမ်ရိပေါ်ကချန်းရှိူ့ပင်းဘက်လှည့်လာတယ်။
"မင်းသား၂ကကျွန်တော့်အစေခံပေါ်ကိုစိတ်ရှိနေတယ်ထင်တယ် ကျွန်တော်ထင်တာမလွဲဘူးမလား "
"မမှားပါဘူး ကျွန်တော်ရှောင်းကျန့်ကိုမေတ္တာရှိတယ် နှစ်နှစ်ကာကာကိုတစ်ဘဝလုံးအတွက်ရည်ရွယ်ထားတာပါ"
ဝမ်ရိပေါ်ကပြုံးနေတယ်။လက်သီးတွေကတင်းခနဲဖြစ်သွားပြီးလည်ဇလုတ်ကလဲအပေါ်အောက်ခပ်မြန်မြန်ရွေ့လျားသွားတယ်။မင်းသား၂ကချစ်တဲ့အကြောင်းကိုသတ္တိရှိရှိနဲ့ဝန်ခံရဲတာကိုတော့သဘောကျပေမဲ့သူ့အပိုင်ကိုစိတ်ဝင်စားနေတာကိုလက်မခံနိုင်ဘူး။ဝမ်ရိပေါ်ကခပ်ပြုံးပြုံးနှင့်သာခေါင်းတဆတ်ဆတ်ငြိမ့်နေသည်။
"ဒါကတော့ရှောင်းကျန့်နဲ့ဆိုင်တယ်လေ ဒါပေမဲ့......ကျွန်တော်ကတော့ရှောင်းကျန့်ကိုလိုအပ်နေသေးတယ်သူကိုအနားကနေထွက်မသွားစေချင်သေးဘူး မင်းသား၂နားလည်မယ်လို့တော့ထင်ပါတယ် အချိန်ခဏလောက်တော့သည်းခံပေါ့."
"ဒါ.က."
"ရှောင်းကျန့်ကိုကျွန်တော်မေးဖူးတယ်ချစ်သူရှိလားလို့ သူကပြန်ဖြေတာကသူ့မှာရည်ရွယ်ထားတဲ့သူရှိတယ်တဲ့ငယ်ငယ်ထဲကလက်ထက်ဖို့ကတိကဝတ်ထားခဲ့ကြတာတဲ့လေ မင်းသား၂ရဲ့အချစ်ကိုသူလက်ခံနိုင်ထို့အတွက်အချိန်တစ်ခုတော့လိုတယ်မလား."
သူ့စကားကြောင့်ချန်းရှို့ပင်းမျက်နှာပျက်ယွင်းသွားတာကိုကြည့်ပြီးသဘောကျနေတော့သည်။ချန်းရှို့ပင်းကလက်သီးနှစ်ဖက်ခပ်တင်းတင်းဆုပ်ကာဧကရီကိုနှုတ်ဆတ်ပြီးထွက်သွားလေသည်။
"ရှောင်းကျန့်ကငါတစ်ယောက်တည်းရဲ့အပိုင် ငါ့ကိုပဲချစ်ရမယ်ငါ့ကိုပဲကြည့်ရမယ်ငါ့ကိုပဲပြုံးပြရမယ်..ဒါကရှောင်းကျန့်နဲ့ပက်သက်တဲ့အချစ်အတ္တပဲ"
*^^*
စားပွဲပေါ်မှာရှိတဲ့ခါးသက်သက်လက်ဖက်ရည်ကြမ်းကိုယူသောက်ပြီးသူ့ရှေ့ကုပ်ကုပ်လေးရပ်နေတဲ့ရှောင်းကျန့်ကိုကြည့်မိသည်။
"ဒီကိုလာ"
အမိန့်ဆန်တဲ့စကားအဆုံးရှောင်းကျန့်ကမရဲတရဲသူ့အနားရောက်လာသည်နှင့်လက်ကနေဆွဲချကာပေါင်ပေါ်ထိုင်စေလိုက်သည်။လန့်ဖျက်သွားတဲ့ရှောင်းကျန့်ကမျက်လုံးလေးဝိုင်းစက်လို့သွားပြီးနှုတ်ခမ်းလွာလေးကပွင့်ဟသွားသည်။အသဲယားလို့ခါးသေးသေးကိုဖျစ်ညစ်မိသွားတော့အင့်ခနဲအသံသေးသေးလေးပြုတယ်။
"မင်းသား၂နဲ့ကသူငယ်ချင်းတွေလား"
"ဟုတ်ပါတယ်"
"ရှောင်းကျန့်ကအရမ်းတော်တာပဲဘယ်သူမှမနိုင်တဲ့မင်းသား၂နဲ့သူငယ်ချင်းဖွဲ့ထားပြီးအကုန်လုံးကဖူးဖူးမှုတ်ထားတဲ့အိမ်ရှေ့စံရဲ့စိတ်ဝင်စားမှုကိုရတယ်"
"အဲ့လိုမဟုတ်ပါဘူး သူတို့ဘာသာသူတို့ဖြစ်နေကြတာကျွန်တော်ဘာမှမလုပ်မိပါဘူး ကျွန်တော်က..."
"ကျွန်တော်ကဘာဖြစ်လဲဆက်ပြောလေ"
ရှောင်းကျန့်ကခေါင်းငုံ့ထားရာကနေမျက်လုံးလေးဝင့်ကြည့်သည်။
"ကျွန်တော်ကဧကရီကိုပဲချစ်တာ"
"ယုံရမှာလား"
"အွန်းယုံပေးပါနော်ကျွန်တော့ဘဝမှာအချစ်ဦးအချစ်ဆုံးနဲ့နောက်ဆုံးအချစ်မလို့ပါ.."
"ဒါဆိုနမ်း"
."ဟင်..ဘာမှမဆိုင်ဘူးလေ"
"မနမ်းရင်မယုံဘူး"
"ပါးကိုလားဟင်"
လူလည်ကျမှာစိုးလို့သေချာအောင်မေးနေတဲ့ရှောင်းကျန့်ကြောင့်ပြုံးမိသည်။နှုတ်ခမ်းကိုထိုးပြတော့မျက်နှာလေးရဲတက်သွားတယ်။
"ပါးကိုနမ်းရအောင်ကလေးလားလို့ "
ရှောင်းကျန့်ကဝမ်ရိပေါ်လည်ပင်းကိုလက်နဲ့ချိတ်တွယ်ကာနှုတ်ခမ်းဆီဦးတည်ပြီးနမ်းလိုက်တယ်။မနမ်းတတ်ပဲနမ်းနေတာကြောင့်ဧကရီကသာရှောင်းကျန့်မျက်နှာကိုအုပ်ကိုင်လို့ပြင်းရှစွာနမ်းလိုက်သည်။
"အွန့်.. ဧကရီ.."
တဖြည်းဖြည်းကြမ်းတမ်းလာတဲ့အနမ်းတွေနဲ့အတူသူ့တစ်ကိုယ်လုံးပွတ်သပ်လာတဲ့လက်တွေကအင်္ကျီရင်ဘက်ကိုလျှိုကာမရှိတဲ့ရင်သားကိုပွတ်သီးပွတ်သပ်လုပ်လာသည်။ရှောင်းကျန့်ကလန့်သွားပြီးအတင်းရုန်းကန်ကာထိုင်နေရာကထရပ်လိုက်တယ်။အနောက်ကိုဆုတ်သွားတာမလို့ဝမ်ရိပေါ်မှာဆန့်တငန့်ငန့်ဖြင့်သာ..
"ရှောင်းကျန့်နမ်းလို့မပြီးသေးဘူးဒီကိုလာ"
သူခေါ်တော့ခေါင်းကိုပြုတ်ထွက်မတတ်ခါယမ်းပြလာသည်။
"ဧကရီရဲ့ဟိုနေရာကအရမ်းမာနေတယ် အ..အဆင်မပြေဘူး..."
ဝမ်ရိပေါ်ရဲ့ပေါင်ကြားကိုလက်ညိုးထိုးပြကာပါးနားတွေရဲပလောင်းခတ်ပြီးပြောနေသည်။ရယ်ရမလိုငိုရမလိုအနေခတ်သည့်အခြေအနေဖြစ်သည်။ကိုယ့်အမှားနဲ့ကိုယ်မလို့ထိန်းချုပ်ရခတ်သည့်လိုအင်ဆန္ဒတွေကိုသာအတတ်နိုင်ဆုံးချုပ်တည်းရတော့သည်။သူ့ရဲ့မာတောင်နေတဲ့အရာပေါ်တက်ထိုင်မိတဲ့ရှောင်းကျန့်ကတော့အတော်လေးလန့်သွားရှာတယ်။မက်မွန်သီးကြားထဲရောက်သွားတဲ့မြွေဆိုးကြီးကအရသာတွေ့သွားဟန်မထိန်းထားနိုင်တော့မက်မွန်သီးလေးကထွက်ပြေးသွားလေပြီ။
ထိုနေ့ကစပြီးရှောင်းကျန့်ကသူနမ်းတာပြုတာကိုလက်မခံတော့ပဲအကြောင်းအမျိုးမျိုးပြကာရှောင်ပုန်းနေတော့သည်။အဆင်သင့်မဖြစ်သေးတာကိုနားလည်ပေမဲ့ဝမ်ရိပေါ်အတွက်တော့ဆန္ဒတွေပိတ်ပင်ထားဖို့သိပ်ကိုခက်ခဲတယ်။
ခုတလောပိုဆိုးလာတယ်ရှောင်းကျန့်မျက်နှာလေးမြင်တာနဲ့သူ့စိတ်တွေတက်ကြွလွန်းသည်။ရှောင်းကျန့်ကိုမှန်းပြီးပြီးမြောက်ရတဲ့အကြိမ်ရေကလဲစိပ်လို့လာသည်။ရာဂစိတ်များတာမဟုတ်ပါဘူးဝမ်ရိပေါ်ကရှောင်းကျန့်တစ်ယောက်ထဲအပေါ်ကိုသာထိုသို့ဖြစ်နေခြင်းသာ။ရှောင်းကျန့်အဆင်သင့်ဖြစ်တဲ့နေ့ထိစောင့်ရမှာပေါ့..
*^^*
မက်မွန်တောရဲ့မက်မွန်ပင်တွေအောက်မက်မွန်ပွင့်တွေအလှနဲ့အတူရှောင်းကျန့်ချစ်တဲ့သူကလဲအကြည့်မလွဲချင်လောက်အောင်ပဲ။စက္ကူဖြူတစ်ရွက်မှာဆေးရောင်ခြယ်လို့ဝမ်ရိပေါ်ကပန်းချီကားတစ်ချပ်ကိုသူ့လက်တွေနှင့်ဖန်တီးသည်။ရှောင်းကျန့်ကဘေးကနေမှင်သွေးခြင်းအလုပ်ကိုလုပ်ပေးပြီးဝမ်ရိပေါ်ကိုငေးလို့ကြည့်နေသည်။
ဒီလူသားကိုချစ်ခွင့်ရတာဘယ်လောက်တောင်ကံကောင်းလိုက်သလဲဒီလူသားအချစ်ခံရတာဘုရားပေးတဲ့ဆုလာတ်ဟုမှတ်ယူသည်။စိတ်ချပါ ကျွန်တော်ဧကရီရဲ့လက်ကိုဆုပ်ကိုင်ပြီးသတ္တိရှိစွာရင်ဆိုင်မယ် ကျွန်တော်တို့အချစ်ကိုဘယ်သူမှတားဆီးလို့ရမှာမဟုတ်ဘူး နေမင်းကြီးကအနောက်ရပ်ကနေထွက်ချင်ထွက်မယ် ကောင်းကင်နဲ့မြေကြီးထိစပ်ချင်ထိသွားလိမ့်မယ် ကျွန်တော်ဝမ်ရိပေါ်ကိုချစ်တဲ့အချစ်တွေကတော့ရပ်တန့်ခြင်းကင်းမဲ့တဲ့အဆုံးမဲ့အချစ်ပါ...အရမ်းချစ်တယ်။ရှောင်းကျန့်ကမှင်သွေးနေတာကိုရပ်တန့်ကာပန်းချီဆွဲနေသည့်သူကိုပြုံးပြုံးလေးကြည့်နေသည်။
"ဟမ်?"
"ဟင်?"
"တစ်ခုခုပြောလိုက်တာလား"
ဝမ်ရိပေါ်ကပန်းချီဆွဲနေရာကနေရပ်ကာသူ့ဘက်လှည့်ပြီးမေးတော့နားမလည်စွာပြန်ကြည့်မိသည်။
"ဘာပြောရမှာလဲကျွန်တော်ဘာမှမပြောမိပါဘူး"
ရှောင်းကျန့်ကကြောင်နနပြန်ပြောလိုက်တော့ဝမ်ရိပေါ်ကဇဝေဇဝါဖြစ်သွားသည်။
"မသိပါဘူး..နားထဲချစ်တယ်လို့ပြောတာကြားလိုက်သလားလို့..နားကြားမှားတာထင်တယ်.."
ဧကရီကသူ့နားသူလက်ညိုးနဲ့ထိုးကာပြောပြီးပန်းချီဆက်ဆွဲနေလေသည်။ရှောင်းကျန့်ကလဲမှင်ဆက်သွေးပေးနေလိုက်တယ်။ဧကရီကကြားချင်တာပဲကွက်ကြားနေတယ်..ငါ့ဆီကချစ်တယ်လို့ပြောတာကိုကြားချင်နေလို့စကားစတာထင်တယ်။သူပြောသင့်လား...ပထမဆုံးပြောတာလဲမဟုတ်ပဲသူဘာလို့အဲ့လောက်တောင်အရှက်ပိုနေမိသည်မသိ။
ရှောင်းကျန့်ကနှုတ်ခမ်းလေးကိုက်ကာပြောဖို့တွေဝေနေချိန်ဧကရီကသူ့ဘက်ရုတ်တရတ်လှည့်ကြည့်လာတယ်။ဘာမှမပြောပဲစိုက်ကြည့်နေတော့ရှောင်းကျန့်ခေါင်းလေးစောင်းကာဘာဖြစ်လို့လဲဆိုတဲ့သဘောနဲ့ပြန်ကြည့်လိုက်တယ်။ဝမ်ရိပေါ်ကလစ်ခနဲပြုံးကာရှောင်းကျန့်နှာခေါင်းလေးကိုဆွဲညစ်ပြီးပြောတယ်
"အရမ်းချစ်လွန်းလို့ဘယ်လိုလုပ်ရမလဲ"
"အင်း~~~နှာသယ်ယို့.."
နှာခေါင်းထိပ်လေးကိုညစ်ထားတာမလို့စကားကနှာသံပေါက်ကမပီတော့ပေ။အဲ့ဒါကိုဝမ်ရိပေါ်ကအသဲယားကာရှောင်းကျန့်ပါးတစ်ဖက်ကိုမွှေးကြူလိုက်တယ်။
"ဧကရီဘာပုံဆွဲနေတာလဲဟင်ခုထိရုပ်လုံးမပေါ်သေးဘူး"
"ဘာပုံလဲသိချင်လား"
"အွန်း အရမ်းသိချင်တယ်"
"သိချင်ရင်နမ်း"
ရှောင်းကျန့်နှုတ်ခမ်းလေးကိုက်ကာဟိုဒီကြည့်ပြီးလူရိပ်လူခြေကြည့်လိုက်တယ်။ဧကရီရဲ့မက်မွန်တောထဲဘယ်သူမှဝင်ခွင့်မရှိတာမလို့သူတို့နှစ်ယောက်ပဲရှိနေသည်။ရှောင်းကျန့်ကဝမ်ရိပေါ်ရဲ့ပါးတစ်ဖက်ကိုဖျတ်ခနဲနမ်းလိုက်တယ်။ဝမ်ရိပေါ်ကလှပစွာပြုံးသည်
"ပါးကိုမဟုတ်ဘူးနှုတ်ခမ်းကိုနမ်းခိုင်းတာ"
"ဟာ..ဧကရီဒါသက်သက်ညစ်တာပဲအစထဲကကြိုပြောပေါ့.မရဘူးအတည်ဖြစ်သွားပြီးနမ်းဖို့ပဲပြောတာမဟုတ်လားခုနမ်းပြီးပြီလေ"
ရှောင်းကျန့်ကမကျေနပ်စွာငြင်းခုန်တော့ဧကရီကမျက်ခုံးတစ်ချက်ပင့်လိုက်ပြီးလက်ပိုက်ထားသည်။
"ဒါကိုနမ်းတယ်လို့ပြောလို့မရဘူးအာဝါးပေးတာလေ..နှုတ်ခမ်းကိုနမ်းမှနမ်းတယ်လို့အဓိပ္ပါယ်ထိရောက်တာ"
"ပြွတ်စ်
ရှောင်းကျန့်ကမျက်နှာလေးရဲရဲဖြင့်သာနမ်းလိုက်တော့ဝမ်ရိပေါ်စကားသံရပ်သွားသည်။သဘောကျစွာပြုံးပြီးနောက်ရှောင်းကျန့်ရဲ့နှုတ်ခမ်းကိုပြန်လည်နမ်းရှိုက်ပြီးရှည်လျားလှပတဲ့အနမ်းခရီးကိုဖန်တီးလိုက်သည်။
မက်မွန်ပွင့်ချပ်တွေကြွေလွင့်နေပြီးမျက်လုံးလေးတွေမှိတ်ကာအနမ်းတွေတရှိုက်မတ်မတ်ဖလှယ်နေကြသည်။တဝကြီးနမ်းပြီးနောက်ထိကပ်ထားသည့်နှုတ်ခမ်းတွေဖယ်ခွာသွားတဲ့အချိန်ငွေရောင်အမျှင်တွေကနှုတ်ခမ်းအစုံမှာကပ်ငြိတွယ်သွားသည်။ရှက်ဝဲဝဲနဲ့ပါးအို့လေးတွေရဲနေတဲ့သူနဲ့နားရွက်ထိပ်လေးတွေနီနေတဲ့သူ..မက်မွန်ပွင့်တွေထက်ပင်ပန်းရင်ရောင်သန်းနေ၏။တစ်ယောက်သောသူရဲ့အလိုဆန္ဒကတော့ပေါက်ကွဲထွက်တော့မည့်အတိုင်းပင်။
"ဟို..ဧကရီပန်းချီကဘာပုံလဲပြောပြအုံးလေ"
"မွေးရပ်မြေပါ.."
"ဟင်.."
ပန်းချီကားကိုသေချာကြည့်မိတဲ့အခါနှင်းမှုန်တွေဖုံးလွှမ်းနေတဲ့တောင်ကုန်းတောင်တန်းကြီးဖြစ်သည်။မပြည့်စုံသေးတဲ့ပန်ချီကားထဲနှင်းတောင်ကြီးကတော့ငွားငွားစွင့်စွင့်ထင်ရှားလေ၏။ဧကရီကပန်းချီကားကိုကြည့်တဲ့အခါမျက်ဝန်းတွေကလွမ်းဆွေးရိပ်တို့နဲ့မှိုင်းညို့နေတယ်။ဧကရီအိမ်ကိုလွမ်းနေတာလားအိမ်ပြန်ချင်နေတာထင်တယ်...
"ငါအိမ်ကိုလွမ်းတယ်"
ဝမ်ရိပေါ်ကပြောလာသည်။မှင်တွေခြောက်လုနီးပါးဖြစ်နေတဲ့ပန်းချီကားကိုဖွဖွထိကိုင်ကာနှုတ်ခမ်းထောင့်လေးနှစ်ဖက်ကလဲကော့တက်နေတယ်။
"ငါ့အိမ်ကအမြဲအေးနေတာ မိုးရွာတာရှားသလိုအပူဒဏ်ကလဲမရှိလိုဘူး အမြဲနှင်းတွေကျရင်ကျမကျရင်အေးစိမ့်နေတာ..ရှောင်းကျန့်ငါမင်းကိုတစ်နေ့အိမ်ကိုခေါ်သွားမယ်"
"အင်း..ကျွန်တော်ဧကရီနဲ့အတူလိုက်ခဲ့မယ်..ဟီးဟီး"
ရှောင်းကျန့်ကဖြူစင်စွာရယ်ပြနေပြီးသူနဲ့အတူလိုက်ခဲ့ဖို့လက်ခံနေလေသည်။ဝမ်ရိပေါ်ရဲ့ဘဝအမှန်ဖုံးကွယ်ထားတဲ့မျက်နှာဖုံးကိုခွာချလိုက်ရင်ရောရှောင်းကျန့်ကဒီလိုကြည်ကြည်ဖြူဖြူလက်ခံနိုင်ပါ့မလား။
"ရှောင်းကျန့်..တကယ်လို့ငါကဧကရီမဟုတ်ပဲဧကရာဇ်ဖြစ်နေရင်မင်းငါ့ဧကရီလုပ်မလား"
"မဖြစ်နိုင်လိုက်တာ..ကျွန်တော်မိဖုရားမဖြစ်ချင်ဘူးကြင်ယာတော်လဲမဖြစ်ချင်ဘူးကျွန်တော်ကဝမ်ရိပေါ်ရဲ့တစ်ဦးတည်းသောလူပဲဖြစ်ချင်တာ"
ရှောင်းကျန့်ကထိုမေးခွန်းကိုရယ်မောလျက်ပြန်​​ေဖြသော်ငြားသူ့မှာတော့ရတက်မအေးပါ။ပြုံးရယ်နေတဲ့ရှောင်းကျန့်ကသိပ်လှတယ်..မွေးကင်းစကလေးငယ်လေးလိုမျိုးအပစ်ကင်းပြီးဖြူစင်သည်။ဒီချစ်စရာ့လေးကိုတစ်သက်လုံးမလွတ်တမ်းဖမ်းဆုပ်ထားချင်မိတယ်။
"အဟွတ်..အဟွတ်!"
ဝမ်ရိပေါ်ကလည်ချောင်းကယားတက်လာမှုကြောင့်ချောင်းဆိုးမိသည်။ရှောင်းကျန့်ရဲ့ပြုံးရွှင်နေသည့်မျက်နှာဟာချက်ချင်းပူပန်သွားတယ်။ဝမ်ရိပေါ်ပုခုံးကိုလှမ်းကိုင်ကာစိုးရိမ်တကြီးနဲ့ကြည့်နေသည်။
"ဧကရီနေမကောင်းလို့လား နန်းဆောင်ပြန်ပြီးအနားယူရအောင်နော်ကျွန်တော်သမားတော်ပင့်ပေးမယ်"
"အဟွတ်..ရပါတယ်ဘာမှမဖြစ်ဘူးလည်ချောင်းယားလို့ချောင်းဟန့်လိုက်ရင်သက်သာသွားမယ်"
ရှောင်းကျန့်ကိုစိတ်မပူအောင်ပြောနေပေမဲ့သူ့မျက်လုံးတွေထဲရှောင်းကျန့်ပုံရိပ်ကသိပ်မသဲကွဲတော့ပေ။မှုန်မှုန်ဝါးဝါးနဲ့ကြည်လင်ပြတ်သားမှုမရှိတော့ပေ။
"မဖြစ်ပါဘူး..ကျွန်တော့်ကိုစိတ်ပူပြီးသေစေချင်နေတာလား..ဟင့်..ဧကရီနေမကောင်းဖြစ်လို့မရဘူးရှောင်းကျန့်ခွင့်မပြုဘူး"
ရှောင်းကျန့်ကစိုးရိမ်ကာမျက်နှာလေးမဲ့လျက်ငိုချတော့မလိုပင်။အမှန်လဲငိုချင်နေပြီဖြစ်တယ်သူ့ရှေ့မှာတစ်ခါမှနေမကောင်းမဖြစ်ဖူးတဲ့ဝမ်ရိပေါ်ကခုလိုချောင်းလေးတဟန့်ဟန့်ဖြစ်နေတာကိုပင်သူရင်မအေးနိုင်ပါ။ပိုတယ်လို့ပဲပြောပြောရင်နင့်အောင်ချစ်နေရသူမလို့ဒီ့ထက်ပိုပူပန်ပါသေးသည်။ဧကရီကသူ့ကိုပြုံလျက်ကြည့်ပြီး
"အရမ်းအေးလို့ထင်တယ် ရှောင်းကျန့်နန်းဆောင်ပြန်ပြီးသိုးမွှေးခြုံထည်သွားပြန်ယူပေးပါလား"
"ဒါ..ဒါပေမဲ့"
"ဘာမှမဖြစ်ပါဘူး..သွားပါသွားယူပေးနော်ရှောင်းကျန့်ကလိမ်မာတယ်မလား"
"အွန်း..ရှောင်းကျန့်လိမ်မာတယ်အဲ့ဒါကြောင့်ဧကရီကနေမကောင်းဖြစ်လို့မရဘူးနော်"
မသွားချင်သွားချင်နဲ့ရှောင်းကျန့်ကိုချော့မော့ကာနန်းဆောင်ပြန်လွှတ်တော့နောက်ကိုလှည့်ကြည့်လှည့်ကြည့်နဲ့စိတ်မချဖြစ်နေသည်။ကျောပြင်ငယ်လေးပျောက်ကွယ်သွားသည်ထိရပ်ကြည့်နေပြီးနောက်တင်းထားသမျှကိုလျော့ချလိုက်သည်။
"အဟွတ်..အဟွတ်..အော့..ဝေါ့!!"
လည်ချောင်းတွေပူလောင်ကာပေါက်ကွဲမတတ်ဖြစ်ပြီးချောင်းတရဆပ်ဆိုးနေတော့ပျို့တက်လာပြီးအန်ထုတ်မိလိုက်သည်။မြေပြင်ပေါ်ကမက်မွန်ပွင့်တွေအပေါ်သွေးစက်တွေကပြန့်ကျဲကုန်၏။မျက်လုံးတွေကမပီမပြင်ဝိုးတဝါးဖြစ်လာတော့မျက်ခုံးကျုံ့ကာမှေးစင်းထားမိတယ်။လက်ကိုင်ပုဝါတစ်ထည်ထုပ်ကာနှုတ်ခမ်းထောင့်ကသွေးစတွေကိုအသာသုတ်လိုက်တယ်။
"ဧကရာဇ်"
"မင်းရောက်လာပြီလား"
မောက်ဖူကဝမ်ရိပေါ်ကိုစိတ်မသက်မသာဖြစ်စွာကြည့်သည်။ဝမ်ရိပေါ်ကသူ့ကိုလက်ကိုင်ပုဝါကိုပေးလိုက်တယ်။
"အဆင်ပြေရဲ့လား"
"အရင်ကထက်စာရင်တော့ပိုကောင်းလာပါတယ် ဆေးရောပါခဲ့လား"
"ဟုတ်ကဲ့ ပါခဲ့ပါတယ်"
မောက်ဖူကသူယူလာခဲ့တဲ့ဗူးလေးတစ်ခုကိုဝမ်ရိပေါ်ထံပေးလိုက်သည်။ဝမ်ရိပေါ်ကထိုဗူးထဲကအနီရောင်ဆေးလုံးကိုပါးစပ်ထဲထည့်လိုက်တယ်။မျက်စိမှိတ်လျက်ဆေးကိုဝါးကာမျိုချလိုက်သည်။ခုနကလိုလည်ချောင်းတွေလဲမပူတော့သလိုအမြင်အာရုံကလဲပိုပြီးကြည်လင်လာတယ်။
"ဒါနောက်ဆုံးကျန်တဲ့ဆေးပဲ "
".အင်း ငါသိပြီ"
"ဧကရာဇ်...ခုခံစားနေရတဲ့ဝေဒနါတွေကဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေပါ အဆိပ်ကိုရပ်တန့်ထားနိုင်ပေမဲ့ဆေးရဲ့ဘေးထွက်ဆိုးကျိုးကိုတော့ဖယ်ရှားလို့မရဘူး.."
"အဟွတ်..ငါသိပြီးသားပါ ယမ်အာတို့ဘယ်တော့ရောက်မှာလဲ"
"သူတို့မင်တိုင်းပြည်ကိုရောက်နေပြီး နောက်ရက်အနည်းငယ်ဆိုဆောင်ကိုရောက်လာတော့မယ်"
"အင်း.."
မင်နဲ့ဆောင်ကအိမ်နီးချင်းတွေမလို့မကြာခင်ရောက်လာကြတော့မည်ဖြစ်သည်။ဝမ်ရိပေါ်ကပန်းချီကားကိုဆက်ဆွဲနေတယ်။
"ရွှယ်ရှန်းတောင်လား"
"အင်း.."
"အိမ်ကိုလွမ်းနေတာလားဧကရာဇ်"
"မကြာခင်အိမ်ပြန်ရတော့မှာပဲ....မင်းလဲပြန်တော့ရှောင်းကျန့်ရောက်လာတော့မယ်"
"ဟုတ်ကဲ့ပါဧကရာဇ်"
မောက်ဖူကနှုတ်ဆတ်ပြီးတာနဲ့ထိုနေရာကနေလေအလျင်လိုထွက်သွားတော့သည်။ဝမ်ရိပေါ်လဲပန်းချီကားကိုဆက်ဆွဲနေလိုက်တယ်။ခံစားချက်မဲ့နေတဲ့မျက်နှာနဲ့မှိုင်းညို့နေတဲ့မျက်ဝန်းတွေတပြေးထဲဖြစ်နေတဲ့နှုတ်ခမ်းအစုံကသူ၏စိတ်ကိုခန့်မှန်းရခတ်စေသည်။
အဆိပ်ကိုတားထားနိုင်ပေမဲ့ဖြေဆေးမဟုတ်တဲ့ဆေးရဲ့ဘေးထွက်ဆိုးကျိုးကိုတော့ခံစားရမှာပင် သူ့ခန္ဓာကိုယ်ဘာဖြစ်မလဲဆိုတာသူမသိဘူးဒါကြောင့်အကောင်းတိုင်းရှိနေတဲ့အချိန်လေးမှာရှောင်းကျန့်လက်ကိုတွဲပြီးရွှယ်ရှန်းသို့ပြန်ချင်မိသည်။
*^^*
ချန်းယွိရှီကသူ့ရဲ့လက်စွဲတော်ငွေဓားအားဆုပ်ကိုင်ထားပြီးမေးရိုးတွေထင်းထွက်နေအောင်အံတင်းတင်းကြိတ်ထားသည်။သူ့ရှေ့မှာထိုင်နေတဲ့ပိုင်လန်ကအားရကျေနပ်နေဟန်ပြုံးနေပြီးဘေးမှာရပ်နေတဲ့ချန်းရှစ်ဟော်ကစိုးရိမ်နေတဲ့အသွင်အပြင်ရှိသည်။
"ကျွန်တော်ပြောတာအမှန်တွေချည်းပါပဲအရှင်သူတို့နှစ်ယောက်ကိုဒီတိုင်းမလွှတ်ထားသင့်ဘူးနော်ဧကရီကလဲသစ္စာမဲ့တဲ့လုပ်ရပ်မျိုးလုပ်ပြီးဟိုအစေခံကလဲအရှင့်အပေါ်မထီမဲ့မြင်ပြုတာပဲ တိုင်းပြည်ဧကရာဇ်ကိုအမှားကျူးလွန်တာကြီးလေးတဲ့အပစ်မလား"
ပိုင်လန်ကချွဲပစ်နေတဲ့လုပ်သံကြီးနဲ့ဧကရာဇ်ရဲ့ဒေါသကိုဆွပေးနေသည်။မျက်နှာတစ်ခုလုံနီရဲနေတဲ့ချန်းယွိရှီကဒေါသတွေအတော်ထိန်းထားရပုံပေါ်သည်။မင်းသား၃ကပိုင်လန်ကိုမျက်မှောင့်ကြုပ်၍ကြည်ကာ
"ကြင်ယာတော်ပိုင် မဟုတ်မှန်တဲ့စကားတွေပြောရင်ဘယ်လိုအပစ်ဒဏ်သင့်လဲသိတယ်မလား အထူးသဖြင့်ဧကရာဇ်အပေါ်မုသားသုံးရင်ပေါ့"
"မင်းသား၃ကကျွန်တော်လိမ်ညာတယ်ထင်နေတာလား ဟော့ဒီမျက်လုံးတွေနဲ့မြင်ခဲ့တာပါနော် အချုပ်ခန်းမှာထဲကသူတို့ရဲ့ပုံမှန်မဟုတ်တဲ့ဆက်ဆံရေးကိုသတိပြုမိပြီးစောင့်ကြည့်နေခဲ့တာ ညစျေးထဲလက်ချင်းချိတ်ပြီးကြည်နူးပြုံးရွင်နေကြတာမိုးမမြင်လေမမြင်လေ..ကျွန်တော်မုသားစကားလုံးဝမဆိုဘူးအရှင်..အရှင်မယုံရင်စောင့်ကြည့်လို့ရတယ်.."
"ကြင်ယာတော်ပိုင်မှာဘာသက်သေတွေရှိလို့ခုလိုပြောနေတာလဲ"
မင်းသား၃ကယံုကြည်ပုံမပေါ်ကာမေးမြန်းနေလေသည်။ပိုင်လန်ကမဲ့ခနဲပြုံးကာချန်းရှစ်ဟော်ကိုမော့ကြည့်တယ်
"မထူးဆန်းဘူးလားအစေခံတွေအများကြီးထားပေးလျက်နဲ့တစ်ယောက်ထဲကိုပဲအနားခေါ်ထားတယ်..ပုံမှန်အနီးကပ်လူယုံရွေးရင်အဆင့်တွေအများကြီးကျော်ဖြတ်ရပြီးစစ်ဆေးခံရတယ်မလား ဒါပေမဲ့ရှောင်းကျန့်ကနန်းတွင်းထဲရောက်တဲ့ပထမဆုံးရက်မှာတင်ဧကရီရဲ့အနီးကပ်အစေခံဖြစ်သွားတယ်တဲ့လေ..တွေးကြည့်လို့ရပါတယ်"
ပိုင်လန်စကားကြောင့်မင်းသား၃ကတိတ်ဆိတ်သွားသည်။ချန်းယွိရှိရဲ့စိတ်အစဥ်ကမတည်ငြိမ်တော့ပဲရင်ထဲလစ်ဟာနေသည်။ဆုံးရှုံးမှုကြီးကိုခံစားလိုက်ရပြီးပေါက်ကွဲချင်လာသည်။ဒါပေမဲ့ထိုစိုးရိမ်မှုတွေကိုဥပေက္ခာပြုကာပိုင်လန်ကိုစေ့စေ့ကြည့်လိုက်တယ်။
"ဟိုအစေခံကလဲဘယ်လိုတွေမြူဆွယ်လိုက်လဲမှမသိတာ ဧကရီကရိုးသားခဲ့ပေမဲ့သူကမရိုးမသားမြူဆွယ်တာပဲဖြစ်မယ် ခုတော့နှစ်ယောက်လုံးကသစ္စာမဲ့တဲ့လုပ်ရပ်ကိုလုပ်နေကြပြီလေ အရှင့်အတွက်ခံပြင်းလွန်းလို့ပါ"
"တော်သင့်ပြီးကြင်ယာတော်ပိုင်!!"
တိတ်ဆိတ်နေပြီးဘာမှမပြောတဲ့ဧကရာဇ်ကမာန်မဲပြီးအော်လိုက်တော့ပိုင်လန် ထိတ်လန့်သွားသည်။ချန်းယွိရှီကပိုင်လန်ကိုစူးစူးရဲရဲကြည့်ကာထသတ်တော့မည့်အတိုင်းပင်။
"ဧကရီကိုအပုတ်ချပြောရဲနေတာမင်းအသက်မရှင်ချင်တော့ဘူးထင်တယ် ဆွေစဥ်ခုနှစ်ဆက်အသတ်ခံချင်နေတာလား"
"မဟုတ်ပါဘူးအရှင် ခွင့်လွှတ်ပေးပါအသက်ကိုချမ်းသားပေးပါအရှင် ကျွန်တော်ကအရှင့်ဘက်က"
"မလိုဘူး! နောက်တစ်ခါဧကရီနဲ့ပက်သက်ပြီးဒီလိုမဟုတ်မဟတ်အတင်းအဖျင်းတွေကြားလို့ကတော့မင်းခေါင်းမြဲဖို့မတွေးနဲ့တော့ ခုချက်ချင်းငါ့ရှေ့ကထွက်သွား!"
"ကျေးဇုတင်ပါတယ်အရှင်"
ပိုင်လန်ကကြောက်လန့်လွန်းပြီးဇောချွေးတွေပါထွက်လာကာနန်းဆောင်ကနေသုတ်ခြေတင်ပြေးသွားတော့သည်။အရှင်စိတ်မပြောင်းခင်ပြေးထားမှ...သူကအရှင့်ရဲ့ဒေါသကိုဆွပေးကာရှောင်းကျန့်ကိုရှုံးနိမ့်စေချင်ပေမဲ့အရှင်ကသူ့ကိုသာဒေါသထွက်နေသည်။မကျေနပ်လိုက်တာ ခိုင်လုံတဲ့သက်သေရှာပြရမှာပေါ့
ငြိမ်သက်နေတဲ့ဧကရာဇ်ကိုကြည့်ပြီးချန်းရှစ်ဟော်သက်ပြင်းချလိုက်သည်။အချစ်ကြီးရင်အမြတ်ကြီးတယ်တဲ့
"ဧကရီနဲ့ရှောင်းကျန့်ကိုစောင့်ကြည့်ထားလိုက်"
"အမိန့်တိုင်းပါ...မင်းကြီးကြင်ယာတော်ပိုင်ပြောသွားတာတွေကိုယုံနေတာလား"
"ဧကရီကငါ့ကိုမချစ်ဘူးဆိုရင်တောင်ဒီလိုလုပ်မှာမဟုတ်ဘူး"
"မင်းကြီးယုံနေပါတယ် ဒါပေမဲ့ဧကရီကိုသံသယမဝင်ချင်လို့ကိုယ့်ကိုကိုယ်လိမ်ညာနေတာမလား "
".........."
"အကိုနဲ့ကျွန်တော်ကမိခင်တစ်ဝမ်းထဲကထွက်လာတဲ့ညီအကိုရင်းတွေပါ စိတ်ထဲဘာရှိနေတာလဲဆိုတာကျွန်တော်သိတာပေါ့ ဧကရီကိုတိုက်ရိုက်မေးဖို့ရာလဲမဖြစ်နိုင်ဘူး...သံသယဝင်နေခဲ့လို့ရှောင်းကျန့်ကိုရှင်းထုတ်ချင်နေခဲ့တာမလားဟွမ်ထုသေဆုံးတဲ့အမှုမှာရှောင်းကျန့်နဲ့လုံးဝမသက်ဆိုင်တာသိသိကြီးနဲ့သေဒဏ်အထိပေးခဲ့တာလေ ကျွန်တော်မင်းကြီးကိုအချစ်ကြောင့်စုံလုံးမကန်းချင်ဘူး "
"ငါဘာဆက်လုပ်ရမလဲရှစ်ဟော်..ငါမသိတော့ဘူးတကယ်လို့ငါသာဒီကိစ္စကိုသိသလိုနေလိုက်ရင်သေချာပေါက်သူတို့ကိုအပစ်ပေးရမှာ အဲ့လိုဆိုဧကရီကိုဆုံးရှုံးရလိမ့်မယ်ငါမဆုံးရှုံးချင်ဘူး..မချစ်ခဲ့ရင်တောင်အနားမှာရှိစေချင်တယ်ရှစ်ဟော်"
"ကျွန်တော်တစ်ခုပြောချင်တာကသူ့ကိုချစ်ရင်သူစိတ်ချမ်းသာအောင်ထားလိုက်ပါ နောက်မှနောင်တရတဲ့အဖြစ်မျိုးမဖြစ်စေချင်ဘူး အဲ့ဒါကအရမ်းနာကျင်ရတယ်"
ချန်းရှစ်ဟော်ကသူ့ရဲ့နာကျင်နေတဲ့ရင်ကိုနဲ့ပြောလိုက်သည်။ချစ်ရသူနဲ့ရှင်ကွဲ ကွဲခဲ့တာပြန်ဆုံစည်းဖို့ရာမဖြစ်နိုင်တော့နောင်တတွေတပွေ့ကြီးနဲ့ပေါ့။
"ငါသာသူ့စိတ်ချမ်းသာအောင်လုပ်ပေးလိုက်ရင်သူ့လက်ကိုလွှတ်လိုက်ရမှာ "
"ကျွန်တော်တစ်ခုအကြံပေးချင်တယ်"
"အင်း.."
"မင်းသား၂ကရောင်းကျန့်ကိုစိတ်ဝင်စားနေတယ်တဲ့ သူတို့နှစ်ယောက်ကိုထိမ်းမြားပေးပြီးအန်ချင်းမြို့ကိုအပိုင်စားလွှတ်လိုက်ရင်ရော..အနေဝေးပြီးမတွေ့ရတော့ရင်သူတို့ဆက်ဆံရေးကလဲပြတ်တောက်သွားလိမ့်မယ်..အိမ်ရှေ့စံအလိုကိုလိုက်ဖို့ကျတော့လဲမဖြစ်နိုင်ဘူးလေ"
ချန်းရှစ်ဟော်စကားကြောင့်ဧကရာဇ်ရဲ့မျက်နှာကပြောင်းလဲသွားပြီးမျက်လုံးအရောင်ကလဲခုနကနှင့်မတူခြားနားသွားလေသည်။
💚💛❤
13ခု
Zaw
"အော်..."
"......"
"......"
"ဟုတ်..ဟုတ်ကဲ့ပါဧကရီ"
"ဒါ.က."
*^^*
"ဒီကိုလာ"
"ဟုတ်ပါတယ်"
"ယုံရမှာလား"
"ဒါဆိုနမ်း"
."ဟင်..ဘာမှမဆိုင်ဘူးလေ"
"မနမ်းရင်မယုံဘူး"
"ပါးကိုလားဟင်"
"အွန့်.. ဧကရီ.."
*^^*
"ဟမ်?"
"ဟင်?"
"အင်း~~~နှာသယ်ယို့.."
"ဘာပုံလဲသိချင်လား"
"အွန်း အရမ်းသိချင်တယ်"
"သိချင်ရင်နမ်း"
"ပြွတ်စ်
"မွေးရပ်မြေပါ.."
"ဟင်.."
"ငါအိမ်ကိုလွမ်းတယ်"
"အဟွတ်..အဟွတ်!"
"ဒါ..ဒါပေမဲ့"
"အဟွတ်..အဟွတ်..အော့..ဝေါ့!!"
"ဧကရာဇ်"
"မင်းရောက်လာပြီလား"
"အဆင်ပြေရဲ့လား"
"ဟုတ်ကဲ့ ပါခဲ့ပါတယ်"
".အင်း ငါသိပြီ"
"အင်း.."
"ရွှယ်ရှန်းတောင်လား"
"အင်း.."
"ဟုတ်ကဲ့ပါဧကရာဇ်"
*^^*
"မင်းသား၃ကကျွန်တော်လိမ်ညာတယ်ထင်နေတာလား ဟော့ဒီမျက်လုံးတွေနဲ့မြင်ခဲ့တာပါနော် အချုပ်ခန်းမှာထဲကသူတို့ရဲ့ပုံမှန်မဟုတ်တဲ့ဆက်ဆံရေးကိုသတိပြုမိပြီးစောင့်ကြည့်နေခဲ့တာ ညဈေးထဲလက်ချင်းချိတ်ပြီးကြည်နူးပြုံးရွင်နေကြတာမိုးမမြင်လေမမြင်လေ..ကျွန်တော်မုသားစကားလုံးဝမဆိုဘူးအရှင်..အရှင်မယုံရင်စောင့်ကြည့်လို့ရတယ်.."
"ကျေးဇုတင်ပါတယ်အရှင်"
".........."
"အင်း.."
💚💛❤
Comment