6ခု

6ခု
Uni

အိမ်ရှေ့စံရဲ့မွေးနေ့ပွဲတော်အတွက်နန်းတွင်းနန်းပြင်မြို့တော်တစ်ခုလုံး၇ရက်၇လီပျော်ပွဲရွှင်ပွဲဆင်နွှဲသည်။ရွှေနန်းတော်တစ်ခုလုံးကိုလဲလှပခမ်းနားတဲ့အပြင်အဆင်တို့မွမ်းမံပြီးရှိရင်းစွဲအရှိန်အဝါထက်ပိုတင့်တယ်လှပေတယ်။အကောင်းဆုံးဆိုတဲ့စားသောက်ပွဲကြီးတွေခင်းကျင်းပြီးတော်ဝင်ဖျော်ဖြေရေးအဖွဲ့ကိုလဲ​ဖျော်ဖြေရန်တာဝန်ပေးအပ်ထားသည်။နန်းတွင်းအမှုထမ်းတိုင်းမမောနိုင်မပန်းနိုင်အလုပ်များကာပျားပန်းခတ်သွားလာနေကြတယ်။

ရှောင်းကျန့်ကတော့သူများတွေလိုဘာမှလုပ်စရာမရှိပဲအားလပ်နေတာမလို့နန်းရင်ပြင်မှာလျောက်ပတ်ကြည့်နေသည်။စားသောက်ပွဲတွေဆီသွားပြီးသွားရေသွားယိုလိုက်။အခမ်းအနားကိုကြည့်ပြီးပါးစပ်အဟောင်းသားဖြစ်လိုက်နဲ့ခုန်ပေါက်ပြီးစိတ်လှုပ်ရှားနေတော့တယ်။ဒီလိုအရာမျိုးတစ်ခါမှမမြင်ဖူးတာမလို့အားလုံးကအထူးအဆန်းဖြစ်နေသည်။ဧကရီကမင်းကြီးနဲ့သွားတွေ့တာသူ့ကိုမခေါ်ပဲတစ်ယောက်ထဲထားခဲ့သည်။ဧကရီကမင်းကြီးဆီသွားတိုင်းရှောင်းကျန့်ကိုတစ်ခါမှခေါ်မသွားပဲထားခဲ့တာကိုနားမလည်ပါ။ဒါပေမဲ့ရှောင်းကျန့်မေးခွန်းထုတ်မှာမဟုတ်ပါဘူး...ဧကရီမသိစေချင်ရင်သူမ မေးဘူး သူကအမိန့်နာခံတတ်တဲ့သူပါ။

အိမ်ရှေ့စံရဲ့သက်စေ့မီးပုံးလွှတ်မဲ့နေရာကိုတွေ့တော့ရှောင်းကျန့်မျက်လုံးတွေအရောင်တောက်လာသည်။အရမ်းလှတဲ့မီးပုံးလေးတွေကပုံစံမျိုးစုံပဲ..ရှောင်းကျန့်လဲလိုချင်လိုက်တာ။မျက်လုံးတွေမှိတ်ကျအောင်ရယ်ပြီးလက်ခုပ်နှစ်ဖက်ကိုတိုးတိုးလေးတီးနေသည်။ယုန်ငယ်လေးလိုခုန်ဆွခုန်ဆွဖြစ်နေပုံကအရမ်းပျော်နေတာမြင်တဲ့သူတိုင်းသိသာစေသည်။

ရှောင်းကျန့်ကခုန်ပေါက်ပြီးဟိုဒီပြေးလွှားကာငေးကြည့်နေရင်းတစ်ခုခုနဲ့ဝင်တိုက်တော့ဖင်ထိုင်လျက်လေးကျသွားသည်။မနာတာမလို့ချက်ချင်းကုန်းထကာဝတ်ရုံကိုခါလိုက်ပြီးရှေ့ကိုကြည့်တော့လူတစ်ယောက်ဖြစ်နေတယ်။

"တောင်းပန်ပါတယ်."

ရှောင်းကျန့်ကဝင်တိုက်မိတာမလို့တောင်းပန်စကားဆိုလိုက်တယ်။သူ့ရှေ့ကလူကသူ့ကိုခြေဆုံးခေါင်းဆုံးကြည့်ကာ

"ကြင်ယာတော်ကိုတွေ့တာဦးမညွတ်တာရိုင်းတယ်"

ရှောင်းကျန့်လဲရှေ့ကလူရဲ့အပြောကြောင့်ထိုလူကကြင်ယာတော်ပိုင်လန်ဆိုတာသိလိုက်သည်။ဧကရာဇ်မှာကြင်ယာတော်နှစ်ယောက်ပဲရှိတယ်။ကြင်ယာတော်လျန်နဲ့ကြင်ယာတော်ပိုင်လန်ဖြစ်သည်။ဒါကြောင့်သူ့ရှေ့ကလူကသေချာပေါက်ကြင်ယာတော်ပိုင်လန်ဖြစ်သည်။

"ဘာရပ်ကြည့်နေတာလဲခုချက်ချင်းအရိုအသေပေးလေ."

အသံမာမာနဲ့မောက်မာပုံရတဲ့မျက်နှာကဝင့်ချီကာအတင်းကိုအရိုအသေပေးခိုင်းနေသည်။ရှောင်းကျန့်ကမျက်တောင်နှစ်ချက်ဖြေးဖြေးခတ်ပြီးခေါင်းခါပြတော့ကြင်ယာတော်ပိုင်လန်ကစိတ်တိုသွားပုံရတယ်။

"ကျွန်တော်ကဧကရီရဲ့အစေခံပါ ဧကရီကိုပဲဦးညွတ်မှာဘာလို့ကြင်ယာတော်တိုင်းကိုယ်လုပ်တော်တွေတိုင်းကိုအရိုအသေပေးနေရမှာလဲ"

ရှောင်းကျန့်ကပုံမှန်လေသံဖြင့်အနည်းငယ်နားမလည်သလိုပုံပေါက်ကာပြောတော့ပိုင်လန်ကအတော်စိတ်ဆိုးသွားသည်။မျက်နှာကခက်ထန်မဲမှောင်ကာစူးစိုက်ပြီးကြည့်နေတယ်

"မင်းကအစေခံပဲငါကမင်းထက်အဆင့်မြင့်တယ် ဧကရီမှာမင်းလိုအရိုင်းအစိုင်းလူကျင့်ဝတ်နားမလည်တဲ့အစေခံမျိုးရှိနေတာဧကရီအတွက်စိတ်မကောင်းစရာပဲ မင်းကဧကရီရဲ့ဂုဏ်အရှိန်အဝါကိုညိုးလျော်စေတယ် "

ကြည့်ရတာလူတိုင်းကဧကရီကိုသဘောကျပြီးဧကရီရဲ့အစေခံကိုတော့သဘောမကျပုံပဲ။ဧကရီကသူ့ကိုအရေးပေးဆက်ဆံနေတဲ့အပေါ်အမြင်မကြည်ကြဘူး။အလွယ်တကူလူယုံဖြစ်လာတဲ့အပေါ်မကျေချမ်းကြတာထင်တယ်။ဒါပေမဲ့ရှောင်းကျန့်ကလဲဧကရီကလွဲပြီးဘာကိုမှဂရုမစိုက်တဲ့သူဖြစ်နေတော့လဲ....

"အဲ့ဒါကဧကရီနဲ့ကျွန်တော့ကြားကကိစ္စပါကြင်ယာတော်ပိုင်ဝင်စွက်ဖက်ရမှာမဟုတ်ဘူးလေ.."

"မင်း..!! .မင်း ကတကယ့်ကိုအရိုင်းအစိုင်းကောင်ပဲ ခုချက်မင်းအမှားအတွက်တောင်းပန်စမ်း!"

ရှောင်းကျန့်ကမျက်မှောင့်ကုပ်ကာနှုတ်ခမ်းကအနည်းငယ်ဆူလာသည်။ကြင်ယာတော်ပိုင်ကဒေါသကြောင့်မျက်နှာကထိန်းမရစွာရုပ်ဆိုးအကျည်းတန်နေပေမဲ့ရှောင်းကျန့်ကတော့ကလေးတစ်ယောက်ကဖြူစင်တဲ့မျက်နှာလေးနဲ့ရန်လိုနေသလိုဖြစ်နေသည်။

"ကျွန်တော်မတော်တဆဝင်တိုက်မိတဲ့အတွက်တော့တောင်းပန်ပါတယ်ဒါပေမဲ့အရိုအသေမပေးဘူး ဧကရီရဲ့အစေခံကိုဧကရီပဲပိုင်တယ်......ဧကရာဇ်ကိုတောင်မလွဲသာလို့ဂါဝရပြုရတာ"

ရှောင်းကျန့်ကနောက်ဆုံးစကားကိုတစ်ကိုယ်ကြားရုံသာတိုးတိုးလေးပြောလိုက်တယ်။မဟုတ်ရင်စောစောစီးစီးအသက်ထွက်နိုင်တယ်။

"အရိုင်အစိုင်းကောင် ..ဟက်..တောချိုအုံကြားကတက်လာတော့လဲအပြောအဆိုအပြုအမူကအဆင့်အတန်းမရှိတာမဆန်းပါဘူး.. ဧကရီအနားမှာနေပြီးတန်ရာတန်ရာမနေဘူး စိန်နားကပ်အရောင်နဲ့ပါးပြောင်နေတာ အမြင့်ကိုလှမ်းချင်နေတာမလား မင်းအဆင့်နဲ့အမြင့်ကိုလှမ်းရင်ပြုတ်ကျရင်အထိနာတယ်.."

ရှောင်းကျန့်ကရှေ့ကမျက်နှာမဲ့ရွဲ့ကာလေဖြတ်သလိုပြောနေတဲ့ကြင်ယာတော်ရုပ်ဆိုးကိုကြည့်ကာနှုတ်ခမ်းတွေပိုဆူထော်လာပြီးဆူပုတ်ပုတ်ဖြစ်လာတယ်။

"ကျွန်တော်ကအရိုင်းအစိုင်းကောင်မဟုတ်ဘူး ကျွန်တော့ဖွားဖွားကသာမန်ရိုးရိုးသားသားလုပ်ကိုင်စားသောက်တာခုဖွားဖွားကဖုယွမ်တောင်ထိပ်မှာတရားအားထုတ်နေတယ် အဆင့်အတန်းရှိတဲ့သူမသိပဲနဲ့လာမပြောနဲ့...ပြီးတော့..ပြီးတော့ကျွန်တော်ကိုတောချိုအုံးကြားကလာတယ်မပြောနဲ့ မကြိုက်ဘူး.. ကျွန်တောကချောင်ဖျောင်ရွာကလာတာ..တောကမဟုတ်ဘူး ရွာက အမြင့်မှန်းတာကျွန်တော်မဟုတ်ဘူးကျွန်တော်ကဧကရီအနားမှာပဲနေချင်တာ ကြင်ယာတော်ပိုင်ကသာအမြင့်ရောက်ချင်နေတာမဟုတ်ဘူးလား ဧကရီသာမရှိရင်အဲ့နေရာကိုယူမှာမဟုတ်လား"

"မင်း!!!! အရိုင်းအစိုင်းလို့ပြောတော့လဲမကြိုက်ဘူး.အလကားဘဝင်ရူးကောင်."

ကြင်ယာတော်ပိုင်လန်ကဒေါသတွေထိန်းမရဖြစ်ကာအသားတဆတ်ဆတ်တုန်နေသည်။အကြောက်အလန့်မရှိတစ်ခွန်းမကျန်ပြန်ခံပြောတဲ့သူကိုမှတ်လောက်သားလောက်အောင်ပညာပြချင်နေတယ်။

ရှောင်းကျန့်ကလက်သီးဆုပ်လေးတွေတင်းတင်းဆုပ်ပြီးမှုန်တေတေကြည့်နေသည်။

"မင်းကိုအရှင်နဲ့တိုင်ပြောမယ် မင်းကိုအထုတ်ဆွဲပြီးတောပြန်ရအောင်လုပ်မယ်!! စောင့်ကြည့်နေ"

ရှောင်းကျန့်ကနားနှစ်ဖက်ကိုပိတ်ကာလျှာထုတ်ပြောင်ပြနေတော့ကြင်ယာတော်ပိုင်လန်ပိုပြီးမခံမရပ်နိုင်ဖြစ်နေသည်။

"အရှင့်ကိုတောင်မထီမဲ့မြင်လုပ်ရဲတယ်ပေါ့ မင်းဘယ်လောက်ထိဘဝင်ရူးနိုင်မလဲကြည့်ရသေးတာပေါ့"

"မကြားရဘူး..မကြားဘူး..မကြားဘူး....ဘာလာ..ဘလာ..ဘလာ.."

ရှောင်းကျန့်ကနားနှစ်ဖက်ပိတ်ကာလျှာထုတ်ပြောင်နေရင်းပြောကာဝတ်ရုံကိုမ ပြီးတချိုးထဲလစ်ပြေးတော့သည်။ ကြင်ယာတော်ပိုင်လန်ကအံတင်းတင်းကြိတ်ရင်းကျန်ရစ်နေခဲ့သည်။

*^^*

ဧကရာဇ်ရဲ့စာကြည့်ဆောင်အတွင်းဧကရီဝမ်ရိပေါ်သည်တိတ်ဆိတ်စွာအကြမ်းရည်ငှဲ့နေသည်။သူတို့နှစ်ယောက်ကလွဲပြီးတိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်ကအနည်းငယ်ငြီးငွေ့ဖွယ်ကောင်းသော်လဲဧကရာဇ်၏အရှေ့တွင်ဆွဲဆောင်မှူရှိစွာလှပသူကိုငေးကြည့်နေရတာကတော့မပျင်းရိပါ။

"ဧကရာဇ်စာတွေတအားမဖတ်ပါနဲ့မျက်ရိုးကိုက်ခဲလိမ့်မယ်"

"စိတ်ပူနေတာလား "

.".........."

အဖြေမပေးတဲ့ဝမ်ရိပေါ်ကိုချန်းယွိရှီကရယ်လိုက်သည်။ဖတ်လက်စစာအုပ်ကိုပြန်ပိတ်ကာရှေ့ကလူသားလေးကိုမျက်တောင်မခတ်စူးစိုက်ကြည့်ပေးလိုက်တော့မျက်လွှာချထားတယ်။အေးစက်တည်ငြိမ်နေတဲ့မျက်နှာလေးကအပြုံးအရယ်တို့တွေ့ဖို့ခက်ခဲလှသည်။ပုံမှန်မပြုံးမရယ်တဲ့ဧကရီကရှောင်းကျန့်ဆိုတဲ့ကောင်လေးကိုတော့အချိန်တိုင်းနူးညံ့ကာပြုံးရယ်ပြတတ်သည်။လိုတာထက်ပိုပြီးကြင်နာဂရုစိုက်ပြနေတာကိုချန်းယွိရှိသိပါသည်။သံသယတို့မဝင်ချင်ပါဘူး သူဧကရီကိုအပြည့်အဝယုံကြည်နေချင်တာမလို့သူကြောက်တဲ့အရာတွေမဖြစ်လာဖို့ကိုဆုတောင်းမိပါသည်။

"အရှင်...ကျွန်တော့်မှာတောင်းဆိုစရာရှိပါတယ်"

"ပြောပါ ကိုယ်တော်ဖြည့်ဆည်းပေးနိုင်သမျှဖြည့်ဆည်းပေးမယ်"

ဧကရီကသူ့ဆီကမတောင်းဆိုလိုတာမလို့ခုလိုတောင်းဆိုလာတော့ဝမ်းမြောက်မိပါသည်။သူတို့နှစ်ယောက်ကြားတဖြည်းဖြည်းနီးစပ်လာပြီဟုခံစားမိတယ်။

"ရွှယ်ရှန်းကိုဖိတ်စာသဝဏ်လွှာပို့ဖို့ကြားတယ်..အဲ့ဒါ မပို့လို့ရမလား ရွှယ်ရှန်းတိဝမ်ကအပြင်ထွက်မှာလဲမဟုတ်တော့အလကားအချိန်မဖြုန်းပဲဖိတ်ကြားမဲ့အစီအစဥ်ကိုရုတ်သိမ်းလို့ရမလား"

ဝမ်ရိပေါ်ကမျက်လွှာချကာလေသံအေးအေးနဲ့ပြောတော့ချန်းယွိရှီကမျက်ခုံးတွေတွန့်ချိုးသွားသည်။စူးစိုက်ကြည့်နေပြီးမှချက်ချင်းနှုတ်ခမ်းတွေတွန့်ပြုံးလိုက်တယ်။

"ကောင်းပြီလေ ကိုယ်တော့်ဧကရီသဘောအတိုင်းဖြစ်စေရမယ်"

"ကျေးဇုတင်ပါတယ်အရှင်"

ကိုယ်တော့်ဧကရီဆိုတဲ့အသုံးအနှုန်းကိုသဘောမကျပေမဲ့ကြိတ်မှိတ်ပြီးတော့တာနေရသည်။အချိန်သိပ်မကြာတော့ပါဘူး။

*^^*

နန်းတော်တစ်ခုလုံးပတ်ကြည့်လို့ဝတော့ခြေထောက်တွေကညောင်းစပြုလာသည်။နန်းတော်အနောက်ဘက်ရေတံခွန်ကိုရောက်လာတော့လှည့်ပြန်ရန်ခြေလှမ်းတွေပြင်လိုက်တဲ့အချိန်ကျောက်ဆောင်တစ်ခုပေါ်ထိုင်နေတဲ့သူကိုတွေ့လိုက်တယ်။ပြောတော့ရေတံခွန်ကိုဆင်းခွင့်ပိတ်ထားတယ်ဆိုဒီလူကဘာလို့ကျောက်ဆောင်ပေါ်ထိုင်နေတာလဲ။ရှောင်းကျန့်အနားတိုးကပ်ပြီးသေချာကြည့်တော့အံ့သြသွားသည်။မင်းသား၂ပဲ..သေရည်ဘူးကိုကိုင်ကာအားရပါးရမော့သောက်နေတယ်။

ဟိုတစ်ခါတွေ့ပြီးထဲကရှောင်းကျန့်မမြင်ပဲရှောင်ရမဲ့လူတွေထဲမှာမင်းသား၂ကိုထိပ်ဆုံးနံပတ်တပ်ထားခဲ့သည်။ထို့ကြောင့်အနောက်ပြန်လှည့်ကာနန်းဆောင်ပြန်ဖို့လုပ်တယ်။

"တွေ့ရင်နှုတ်ဆတ်ရမှာပေါ့ဘာလို့နောက်ကြောင်းပြန်လှည့်နေတာလဲ"

သူ့ကိုတွေ့တယ်ဆိုတာသိတော့ရှောင်းကျန့်လှည့်ကြည့်လိုက်တယ်။သွားညီညီလေးတွေပေါ်အောင်ရယ်ပြနေသည်။ပြီးတော့သေရည်ဘူးကိုမြှောက်ပြကာ

"သောက်မလား အတူမျှဝေနိုင်ပါတယ်"

"........."(ခေါင်းခါပြ)

"ဘာလဲမသောက်နိုင်လို့လား..ကလေးလားမင်းကလာစမ်းပါငါအဖော်မရှိလို့တစ်ယောက်ထဲသောက်နေရတာ "

"အိမ်ရှေ့စံကိုခေါ်လိုက်လေ"

ရှောင်းကျန့်စကားကြောင့်ချန်းရှို့ပင်းကရယ်သည်။သူကအမြဲတမ်းရယ်နေတာရှောင်းကျန့်သတိထားမိတယ်။

"မင်းကလေ...တကယ့်ကိုဘာလေးမှန်းမသိဘူးခုငါကယမကာသောက်နေတာအိမ်ရှေ့စံကငယ်ငယ်လေးရှိသေးတာကိုသောက်ခိုင်းရမလား...ငါကကစားဖော်ရှာနေတာမဟုတ်ဘူးငါနဲ့အတူသေရည်သောက်ဖို့အဖော်ရှာနေတာ..မင်းကအသင့်တော်ဆုံးပဲ..လာခဲ့ပါဒီနားကို"

"ကျွန်တော်မသောက်တတ်ဘူးဖွားဖွားကသေရက်သောက်ရင်လုံးဝမကြိုက်ဘူး"

မင်းသား၂ကနဖူးကိုလက်နဲ့ကုပ်ကာပြုံးစိစိလုပ်နေတယ်။သူတကယ့်အဖြူထည်ကလေးလေးနဲ့လာတွေ့နေတာပဲ။

"မသောက်ရင်လဲငါနဲ့အတူစကားပြောပေး ခဏပဲ"

ရှောင်းကျန့်ကအတန်ကြာတွေးပြီးခေါင်းညိမ့်ပြလိုက်သည်။ပြီးတော့ရေတံခွန်ကကျောက်ဆောင်ပေါ်ကုပ်တက်ပြီးထိုင်နေလိုက်တယ်။မင်းသား၂ကသူ့ကျောကိုကပ်ပြီးမှီထိုင်ပေမဲ့ရှောင်းကျန့်မရုန်းမိပေ။မင်းသား၂ကအရိုးမရှိစွာမှီထားရင်းပင်သေရည်ကိုအလုံးအရင်းမော့သောက်နေသည်။

"ဒီရေတံခွန်ကမင်းသား၃ပိုင်တာဆိုဘယ်သူမှရေထဲဆင်းခွင့်မရှိတာ ဘာလို့မင်းသား၂က.."

"ငါ့ကိုတားလို့မှမရတာ ရေထဲဆင်းရုံတင်မကဘူး ငယ်ငယ်ကဆိုရေထဲရှူးရှူးပါပေါက်ချတာ"

"ဟာ...ညစ်ပတ်လိုက်တာ"

"ဟားးးးးး..မင်းကတော်ဝင်မျိုးနွယ်ကိုတောင်ညစ်ပတ်တယ်ပြောရဲတာအပြစ်မကြောက်ဘူးလား"

မင်းသား၂ကတဟားဟားအော်ရယ်ကခြိမ်းခြောက်ခြင်းမဟုတ်တဲ့စကားကိုပြောတော့ရှောင်းကျန့်နှာခေါင်းရှုံ့လိုက်သည်။

"တော်ဝင်မျိုးနွယ်လဲညစ်ပတ်ရင်ညစ်ပတ်တယ်ပြောမှာပေါ့ "

"မင်းနာမည်ဘယ်လိုခေါ်လဲ.."

"ရှောင်းကျန့်....ဧကရီရဲ့တစ်ဦးတည်းသောအနီးကပ်လူ"

ရှောင်းကျန့်ထိုစကားပြောနေချိန်မျက်နှာထက်အားရကျေနပ်မှုတွေထင်းဟပ်နေသည်။

"ရှောင်းကျန့်...ငါနဲ့သူငယ်ချင်းလုပ်မလား"

"ဟင်..မင်းသား၂ကတော်ဝင်မင်းသားတစ်ယောက်မလို့အဖော်တွေအရမ်းများမှာပါ..ဘာလို့ကျွန်တော့်လို..."

"စိတ်ရင်းနဲ့...စိတ်ရင်းနဲ့ပေါင်းပေးမဲ့သူငယ်ချင်းမျိုးလိုချင်တာ"

မင်းသား၂ကဟက်ခနဲတစ်ချက်ရယ်ကာသေရည်ကိုမော့ပြန်သည်။

"ငါ့အဖေကဆောင်တိုင်းပြည်ရဲ့အရင်ဧကရာဇ်...ငါ့မိခင်ကမိဖုရားခေါင်ကြီးရဲ့အစေခံတစ်ယောက်.."

".........."

"ငါ့အမေငါ့ကိုသန္ဓေလွယ်ထားတဲ့အချိန်မှာမိဖုရားခေါင်ကြီးကလုံးဝသဘောမကျခဲ့ဘူး..သူမမှာအကိုတော်မင်းကြီးကိုကိုယ်ဝန်ဆောင်နေခဲ့ပြီလေ..ငါ့အမေကိုယ်ဝန်ကတော်ဝင်သွေးဆိုတာလဲသိကြတယ်ခမည်းတော်ကိုယ်တိုင်းကလဲသိတယ်ဒါပေမဲ့အစေခံကအစေခံပဲ ကြင်ယာတော်မြှောက်ဖို့မပြောနဲ့ကိုယ်လုပ်တော်ရာထူးတောင်မရခဲ့ဘူး ကိုယ်ဝန်အရင့်အမာကြီးနဲ့မိဖုရားခေါင်ကြီးရဲ့ဝေယျာဝေစ္စတွေလုပ်ပေးရတယ်...ကလေးမွေးတော့နှစ်း​ေယာက်လုံးတစ်ရက်ထဲမွေးကြတယ်...အကိုတော်မင်းကြီးကငါ့ထက်နာရီဝက်စောမွေးတယ်...."

"........."

"အမေကစုတ်ပျက်နေတဲ့အခန်းထဲတစ်ယောက်ထဲအင်အားနဲ့ငါ့ကိုမွေးခဲ့တာခမည်းတော်များလာကြည့်မလားဆိုပြီးမျော်ခဲ့ပေမဲ့လုံးဝရောက်မလာခဲ့ဘူး..နောက်ဆုံးအဲ့အခန်းလေးထဲမှာပဲတိတ်တိတ်လေးသေဆုံးသွားတဲ့ထိခမည်းတော်ကတစ်ချက်လာမကြည့်ခဲ့ဘူး...လူတွေကပြောကြတယ် တန်ရာတန်ရာမမှန်းပဲအမြင့်ကိုမှန်းလို့တဲ့ အစေခံကအစေခံပဲ ဧကရီမဖြစ်နိုင်ဘူးတဲ့...အစေခံကမွေးတဲ့ငါ့ကိုလဲအဖက်မလုပ်ကြဘူး...ခမည်းတော်ကိုယ်တိုင်ကလေ.နောက်ဆုံးချိန်ထိလျစ်လျူရှုထားခဲ့တာ..ငါနဲ့ဘယ်သူမှမကစားပေးဘူးဘယ်သူမှအဖော်မလုပ်ပေးဘူး...ဒါပေမဲ့ကြင်ယာတော်လျန်ကတော့ငါ့ကိုမောင်လေးတစ်ယောက်လိုဂရုစိုက်တယ်..အကိုတော်မင်းကြီးအိမ်ရှေ့စံဘဝထဲကသူမကငါ့ကိုဂရုစိုက်ခဲ့တာ ကြင်ယာတော်လျန်သားလေးမွေးလာတော့ငါအရမ်းပျော်ခဲ့တာငါရဲ့သူငယ်ချင်းရပြီးဆိုပြီးတော့..."

မင်းသား၂ရဲ့စကားတွေကိုရှောင်းကျန့်ကတိတ်တိတ်လေးနားထောင်နေသည်။အစေခံကအစေခံပဲ?..

"ငါမင်းနဲ့သူငယ်ချင်းလုပ်မယ်.."

"ဒါဆိုသောက်.."

"ကောင်းပြီ..ငါတို့ခုချိန်ကစပြီးသူငယ်ချင်းတွေဖြစ်သွားကြပြီ.."

*^^*

ညနေစောင်းနေဝင်ရီတရောအချိန်မှာဝမ်ရိပေါ်ကထောင်ဟွားနန်းဆောင်ပြန်လာခဲ့သည်။မနက်ထဲကရှောင်းကျန့်နဲ့မတွေ့ရသေးတာမလို့သူအရမ်းတွေ့ချင်နေသည်။နန်းဆောင်ထဲဝင်လိုက်တော့ရှောင်းကျန့်ကစားပွဲပေါ်ခေါင်းမှောက်အိပ်နေတယ်။

"ကုတင်မှာမအိပ်ပြန်ဘူးဇတ်တွေနာနေတော့မှာပဲ.."

ဝမ်ရိပေါ်ကရှောင်းကျန့်အနားသွားကာထိုင်ခုံမှာထိုင်လိုက်သည်။ရှောင်းကျန့်ကလူးလွန့်လာပြီးခေါင်းထောင်ကာသူ့ဘက်လှည့်ကြည့်လာသည်။ပါးအို့လေးနှစ်ဖက်ကမက်မွန်သီးလေးလိုရဲနေကာဆံပင်တွေကဖရိုဖရဲဖြစ်နေသည်။သူ့ကိုမျက်လုံးတွေမှေးစင်းကြည့်နေတာမလို့ဝမ်ရိပေါ်မျက်ခုံးတွေတွန့်ချိုးသွားသည်။

"မူးနေတာလား..သေရည်သောက်ထားတာလား ဘယ်မှာသောက်တာလဲဘယ်သူနဲ့လဲ အများကြီးလား"

များလွန်းတဲ့မေးခွန်းတွေကြောင့်ရှောင်းကျန့်ခေါင်းရှုပ်သွားတာမလို့တစ်ခုမှပြန်မဖြေပဲတဟီးဟီးရယ်ပြနေလိုက်သည်။ပြီးတော့တစ်ခုခုကိုသတိရသွားဟန်မျက်နှာကစိုးရိမ်မှုတွေဖြတ်သန်းသွားပြီးကြမ်းပေါ်ဒူးထောက်ချလိုက်တယ်။ဝမ်ရိပေါ်ပေါင်ပေါ်လက်နှစ်ဖက်တင်ထားပြီးမျက်နှာငယ်လေးလုပ်ကာမျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြစ်နေသည်။ဝမ်ရိပေါ်ကနားမလည်သလိုကြည့်နေသည်။

"ဧကရီ..ကျွန်တော်လေကိုယ့်အဆင့်အတန်းကိုယ်မသိတာတော့မဟုတ်ပါဘူး ကြင်ယာတော်ပိုင်လန်ကိုအရိုအသေမပြုမိတာနဲ့ကြီးလေးတဲ့အပစ်ခံရမှာလား..ဟင့်အင်း ဒီလိုအဖြစ်မခံနိုင်ဘူး ကျွန်တော်ကဧကရီတစ်ယောက်ထဲကိုပဲအရိုအသေပေးမှာ"

သိပ်မပွင့်ချင်တဲ့မျက်လုံးတွေနဲ့လေးတိလေးကန်ဆိုလာတဲ့စကားကိုသူနားမလည်သော်လဲငြိမ်ပြီးနားထောင်ပေးနေမိသည်။

"ဟွန့်..အဲ့ဒီကြင်ယာတော်ပိုင်လန်ကလေကျွန်တော့်ကိုအရိုင်းအစိုင်းတဲ့ အရှင်မင်းကြီးနဲ့တိုင်မယ်ပြောနေတယ်...ဧကရီကျွန်တော်မရိုင်းပါဘူး...ကျွန်တော်ကလေ အကျိုးသင့်အကြောင့်သင့်ပြောပြတာကိုလက်မခံပဲခံပြောတယ်တဲ့ကြင်ယာတော်ပိုင်လန်ကစိတ်ပုတ်တယ်.."

အကြောင်းစုံသဘောပေါက်သွားတဲ့ဝမ်ရိပေါ်ကသူ့ပေါင်ပေါ်ကရှောင်းကျန့်လက်ကိုအုပ်ကိုင်ပြီးပြုံးသည်။ခုတကယ်တိုင်ပြောနေတာကဘယ်သူလဲ..

"ဧကရီ..ကျွန်တော်အပစ်ပေးခံရတော့မလားဟင် "

"အပစ်ပေးခံရမှာတော့ကြောက်တယ်ပေါ့ "

"အွန်း"

"ဒါဆိုဘာလို့အဲ့လိုလုပ်ခဲ့တာလဲ ဟင်ပြောပါအုံး"

"ကျွန်တော်ပြောပြီးပြီလေဧကရီကိုပဲအရိုအသေပေးမှာလို့"

နန်းတွင်းထဲဝင်လာပြီးဦးညွတ်ဖို့ကိုတောင်စျေးဆစ်ရွေးချယ်နေတဲ့ရှောင်းကျန့်ပါ။အရှင်သိရင်သေချာပေါက်အပစ်ခံရတော့မှာ။ရှောင်းကျန့်ကမှုန်တေတေမျက်နှာပေးနဲ့ဝမ်ရိပေါ်ကိုမော့ကြည့်ကာ

"ဧကရီ..ကျွန်တော့ကိုမကူညီချင်ဘူးလားကျွန်တော်အထုတ်လေးဆွဲပြီးဧကရီအနားကထွက်သွားမှာကိုကြည့်နိုင်တာလား ကျွန်တော်မရှိရင်ဧကရီဆံပင်ဖြီးပေးမဲ့သူလဲမရှိဘူးဝတ်ရုံလှလှလေးတွေဝတ်ပေးမဲ့သူလဲမရှိတော့ဘူး..အနားမှာအိပ်ပေးမဲ့သူမရှိရင်ဧကရီအိပ်ပျော်မှာမဟုတ်ဘူး ကျွန်တော်."

ရှောင်းကျန့်ပြောမည့်စကားလုံးတွေကဧကရီလက်ညိုးနဲ့သူ့နှုတ်ခမ်းကိုလာရောက်ထိကပ်ကာတားဆီးလိုက်တာကြောင့်ထပ်ထွက်မလာတော့ပေ။ဝမ်ရိပေါ်ကရှောင်းကျန့်နည်းတူကြမ်းပေါ်ထိုင်ချကာအမူးသမားရဲ့မျက်နှာလေးကိုအုပ်ကိုင်လိုက်သည်။ထို့နောက်တဖြည်းဖြည်းအနားကပ်ကာနှာခေါင်းထိပ်အချင်းချင်းထိကပ်လိုက်တယ်။ဘယ်ညာယမ်းကာအချင်းချင်းပွတ်သပ်လိုက်တော့ရှောင်းကျန့်ကပြူးပြူးလေးကြောင်ကြည့်နေတယ်။

"ဧကရီ ဘာလို့ကျွန်တော့ကိုဒီလိုလုပ်တာလဲ "

"ပြောပြရမလား"

"ဒါပေါ့ပြောရမှာပေါ့"

"အူယားလို့ "

ဝမ်ရိပေါ်ရဲ့ပြုံးစစ စကားကိုရှောင်းကျန့်ကမျက်ဆံလေးထောင့်ကပ်ကာစဥ်းစားသည်။ဝမ်ရိပေါ်မျက်နှာကိုနားမလည်ဟန်ပြန်ကြည့်ကာ

"အူယားရင်ကုတ်လေ ကျွန်တော်ကုတ်ပေးရမလားဘယ်နားလဲ..ဗိုက်မှာလား"

ရှောင်းကျန့်ကရီဝေဝေဖြစ်နေပြီးမျက်လုံးတွေကမှေးစင်းနေသည်။ပန်းရောင်သန်းနေတဲ့ပါးလေးနှစ်ဖက်နဲ့သူထင်တာတွေပြောနေတော့တယ်။ရှောင်းကျန့်ကဝမ်ရိပေါ်ဗိုက်ကိုကုတ်ပေးမယ်လုပ်တော့ဝမ်ရိပေါ်ကခေါင်းခါပြသည်။

"ဗိုက်ကိုကုတ်ရုံနဲ့အူယားတာမပျောက်ဘူးရှောင်းကျန့်လေးရဲ့ "

"ဟင်?.ဒါဆိုဘယ်လိုကုတ်မှပျောက်မှာလဲ ဧကရီအရမ်းယားနေတာလား တော်ကြာနေအဖုအပိန့်တွေထွက်လာရင်ဘယ်လိုလုပ်မလဲ"

ဝမ်ရိပေါ်ကအနည်းငယ်တွေးဆဆပုံစံလေးလုပ်ကာ မေးစေ့ကိုပွတ်သပ်နေသည်။

"အူယားတာပျောက်ဖို့တစ်နည်းပဲရှိတယ် အဲ့ဒါကလဲမင်းကူညီမှဖြစ်မှာ"

"ရတယ်..ရတယ် ကျွန်တော်ဧကရီအတွက်ဘာမဆိုလုပ်ပေးမယ် "

အားတက်တရောပြောနေတဲ့ရှောင်းကျန့်ကြောင့်ဝမ်ရိပေါ်ရင်ထဲသိမ့်ခနဲဖြစ်သွားသည်။မနည်းမျက်လုံးပြူးဖြဲပြီးကြည့်နေတဲ့သူကိုကြည့်ကာသူပြုံးလိုက်သည်။

"ပါးကိုနမ်းရင်တော့ပျောက်မယ်ထင်တယ် "

"ပါးကိုနမ်းရမယ်?."

"အင်း...မကူညီချင်လို့လား"

အင်တင်တင်လုပ်နေတဲ့ရှောင်းကျန့်ကအဲ့လိုသဘောမဟုတ်ကြောင်းအသဲအသန်ငြင်းတော့သည်။ထို့နောက်တရွေ့ရွေ့နဲ့မျက်နှာအနီးကပ်ကာမဝံ့မရဲနှင့်ဝမ်ရိပေါ်ရဲ့ပါးဖောင်းဖောင်းလေးကိုလစ်ခနဲနမ်းလိုက်သည်။အရက်ရှိန်နဲ့ပန်းရောင်ဖြစ်နေတဲ့ရှောင်းကျန့်ပါးလေးကပိုမိုရဲလာသည်။

"ပျောက်သွားပြီလား "

"ဟင့်အင်း ပိုယားလာသလိုပဲ..နဖူးကိုပါနမ်းမှပျောက်မယ်ထင်တယ်"

"ထပ်ပြီးတော့လား"

ရှောင်းကျန့်အမူးသမားလေးကသက်ပြင်းချကာမျက်စိမှိတ်ပြီးဝမ်ရိပေါ်နဖူးကိုနမ်းလိုက်သည်။ထိကပ်ပြီးတာနဲ့ခွာလိုက်ပေမဲ့ဝမ်ရိပေါ်ကတော့အပြုံးကြီးကြီးကြိတ်ပြုံးနေသည်။

"ပျောက်လောက်ပြီထင်တယ်ဧကရီ ထပ်မယားတော့ဘူးမလား "

"အာ...အများကြီးပိုဆိုးလာပြီဘယ်လိုလုပ်ရမလဲ ယားလွန်းလို့ဆွဲဖျစ်ညစ်ချင်တယ် "

ရှောင်းကျန့်ရဲ့မူးနေတဲ့စိတ်လေးတောင်ပျောက်ချင်လာသည်။မျက်လုံးတွေလဲတဖြည်းဖြည်းကျယ်ကာဒီတိုင်းသာကြောင်ကြည့်နေမိသည်။ဒါပေမဲ့မျက်ဝန်းတွေထဲစိုးရိမ်မှုတွေတော့မြင်တွေ့ရသည်။

"ဒီနားကိုနမ်းရင်တော့အရှင်းပျောက်ပြီ "

ဝမ်ရိပေါ်ကသူ့ရဲ့လှပပြီးရဲနေတဲ့နှုတ်ခမ်းကိုလက်ညိုးထိုးပြတော့ရှောင်းကျန့်ငြိမ်သက်သွားသည်။တောင့်တောင့်လေးဖြစ်ကာမျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်နေတယ်။တော်တော်နဲ့မလှုပ်ရှားတဲ့ရှောင်းကျန့်ကလုံးဝငြိမ်နေသည်။

"ကူညီပေးလေရှောင်းကျန့်..အယားလွန်ပြီးအပိန်းတွေထွက်လာတော့မလာမသိဘူး"

ရှောင်းကျန့်ကခေါင်းခါပြသည်။

"ဘာလို့လဲ"

"ကျွန်တော်တို့ကချစ်သူတွေမဟုတ်ဘူးလေ ချစ်သူတွေမှအဲ့ဒီနေရာကိုနမ်းတာ"

"နဖူးနဲ့ပါးကိုတောင်နမ်းတာပဲလေ"

"အဲ့ဒါကဒီတိုင်းမိသားစုဝင်တွေလဲနမ်းကြတယ်လေ ခုဧကရီနမ်းခိုင်းတဲ့နေရာကချစ်သူတွေပဲနမ်းတာကြီးကို"

ရှောင်းကျန့်ရှင်းပြချက်ကြောင့်ဝမ်ရိပေါ်အိုးတိုးအန်းတန်းဖြစ်သွားသည်။

"ဒါဆိုငါမေးမယ် အမှန်အတိုင်းဖြေနော်"

"ရှောင်းကျန့်မလိမ်တတ်ဘူး"

ဝမ်ရိပေါ်ကမျက်ခုံးတောင်ပင့်သွားမိသည်။မလိမ်တတ်ဘူးဆိုပဲ..

"ခုနတုန်းကငါ့ကိုနမ်းနေတုန်းကဘယ်လိုခံစားရလဲ မင်းရင်ထဲမူမမှန်တာတစ်ခုခုဖြစ်သေးလား"

ဝမ်ရိပေါ်ကသိချင်ဇောပြင်းပြနေတဲ့မျက်ဝန်းနက်ကြီးတွေနဲ့စိုက်ကြည့်ကာမေးတော့ရှောင်းကျန့်ကစဥ်းစားနေသည်။ပြီးတော့ခေါင်းညိမ့်ပြတယ်။ဝမ်ရိပေါ်ကပျော်ရွှင်သွားဟန်မျက်လုံးအရောင်တွေပြိုးပြိုးပြက်ပြက်တောက်ပလာသည်။ရှောင်းကျန့်ကသူ့ဗိုက်သူလက်ညိုးထိုးကာပြောတယ်

"ဗိုက်ဆာတာ.."

".........."

"ကျွန်တော်ဧကရီကိုနမ်းတုန်းကအများကြီး..အများကြီးဗိုက်ဆာနေတာ ဟီးဟီး.."

ဝမ်ရိပေါ်ကပါးစပ်အဟောင်းသားဖြစ်နေပြီးတဟီးဟီးနဲ့ရယ်ပြနေတဲ့သူလေးရဲ့နဖူးကိုလက်နဲ့ဖွဖွလေးတောက်လိုက်သည်။ဆွဲဖျစ်ညစ်ပြီးဖက်နမ်းပစ်ရင်အော်ငိုသွားအုံးမယ်။အကောင်လိုက်မြိုချပြီးဗိုက်ထဲဖွက်ထားရင်သူလွန်ရာမကျပါဘူးနော်..

💚💛❤

6ခု
Zaw

အိမ္ေရွ႕စံရဲ႕ေမြးေန႔ပြဲေတာ္အတြက္နန္းတြင္းနန္းျပင္ၿမိဳ႕ေတာ္တစ္ခုလုံး၇ရက္၇လီေပ်ာ္ပြဲ႐ႊင္ပြဲဆင္ႏႊဲသည္။ေ႐ႊနန္းေတာ္တစ္ခုလုံးကိုလဲလွပခမ္းနားတဲ့အျပင္အဆင္တို႔မြမ္းမံၿပီးရွိရင္းစြဲအရွိန္အဝါထက္ပိုတင့္တယ္လွေပတယ္။အေကာင္းဆုံးဆိုတဲ့စားေသာက္ပြဲႀကီးေတြခင္းက်င္းၿပီးေတာ္ဝင္ေဖ်ာ္ေျဖေရးအဖြဲ႕ကိုလဲ​ေဖ်ာ္ေျဖရန္တာဝန္ေပးအပ္ထားသည္။နန္းတြင္းအမႈထမ္းတိုင္းမေမာႏိုင္မပန္းႏိုင္အလုပ္မ်ားကာပ်ားပန္းခတ္သြားလာေနၾကတယ္။

ေရွာင္းက်န္႔ကေတာ့သူမ်ားေတြလိုဘာမွလုပ္စရာမရွိပဲအားလပ္ေနတာမလို႔နန္းရင္ျပင္မွာေလ်ာက္ပတ္ၾကည့္ေနသည္။စားေသာက္ပြဲေတြဆီသြားၿပီးသြားေရသြားယိုလိုက္။အခမ္းအနားကိုၾကည့္ၿပီးပါးစပ္အေဟာင္းသားျဖစ္လိုက္နဲ႔ခုန္ေပါက္ၿပီးစိတ္လႈပ္ရွားေနေတာ့တယ္။ဒီလိုအရာမ်ိဳးတစ္ခါမွမျမင္ဖူးတာမလို႔အားလုံးကအထူးအဆန္းျဖစ္ေနသည္။ဧကရီကမင္းႀကီးနဲ႔သြားေတြ႕တာသူ႔ကိုမေခၚပဲတစ္ေယာက္ထဲထားခဲ့သည္။ဧကရီကမင္းႀကီးဆီသြားတိုင္းေရွာင္းက်န္႔ကိုတစ္ခါမွေခၚမသြားပဲထားခဲ့တာကိုနားမလည္ပါ။ဒါေပမဲ့ေရွာင္းက်န္႔ေမးခြန္းထုတ္မွာမဟုတ္ပါဘူး...ဧကရီမသိေစခ်င္ရင္သူမ ေမးဘူး သူကအမိန္႔နာခံတတ္တဲ့သူပါ။

အိမ္ေရွ႕စံရဲ႕သက္ေစ့မီးပုံးလႊတ္မဲ့ေနရာကိုေတြ႕ေတာ့ေရွာင္းက်န္႔မ်က္လုံးေတြအေရာင္ေတာက္လာသည္။အရမ္းလွတဲ့မီးပုံးေလးေတြကပုံစံမ်ိဳးစုံပဲ..ေရွာင္းက်န္႔လဲလိုခ်င္လိုက္တာ။မ်က္လုံးေတြမွိတ္က်ေအာင္ရယ္ၿပီးလက္ခုပ္ႏွစ္ဖက္ကိုတိုးတိုးေလးတီးေနသည္။ယုန္ငယ္ေလးလိုခုန္ဆြခုန္ဆြျဖစ္ေနပုံကအရမ္းေပ်ာ္ေနတာျမင္တဲ့သူတိုင္းသိသာေစသည္။

ေရွာင္းက်န္႔ကခုန္ေပါက္ၿပီးဟိုဒီေျပးလႊားကာေငးၾကည့္ေနရင္းတစ္ခုခုနဲ႔ဝင္တိုက္ေတာ့ဖင္ထိုင္လ်က္ေလးက်သြားသည္။မနာတာမလို႔ခ်က္ခ်င္းကုန္းထကာဝတ္႐ုံကိုခါလိုက္ၿပီးေရွ႕ကိုၾကည့္ေတာ့လူတစ္ေယာက္ျဖစ္ေနတယ္။

"ေတာင္းပန္ပါတယ္."

ေရွာင္းက်န္႔ကဝင္တိုက္မိတာမလို႔ေတာင္းပန္စကားဆိုလိုက္တယ္။သူ႔ေရွ႕ကလူကသူ႔ကိုေျခဆုံးေခါင္းဆုံးၾကည့္ကာ

"ၾကင္ယာေတာ္ကိုေတြ႕တာဦးမၫြတ္တာ႐ိုင္းတယ္"

ေရွာင္းက်န္႔လဲေရွ႕ကလူရဲ႕အေျပာေၾကာင့္ထိုလူကၾကင္ယာေတာ္ပိုင္လန္ဆိုတာသိလိုက္သည္။ဧကရာဇ္မွာၾကင္ယာေတာ္ႏွစ္ေယာက္ပဲရွိတယ္။ၾကင္ယာေတာ္လ်န္နဲ႔ၾကင္ယာေတာ္ပိုင္လန္ျဖစ္သည္။ဒါေၾကာင့္သူ႔ေရွ႕ကလူကေသခ်ာေပါက္ၾကင္ယာေတာ္ပိုင္လန္ျဖစ္သည္။

"ဘာရပ္ၾကည့္ေနတာလဲခုခ်က္ခ်င္းအ႐ိုအေသေပးေလ."

အသံမာမာနဲ႔ေမာက္မာပုံရတဲ့မ်က္ႏွာကဝင့္ခ်ီကာအတင္းကိုအ႐ိုအေသေပးခိုင္းေနသည္။ေရွာင္းက်န္႔ကမ်က္ေတာင္ႏွစ္ခ်က္ေျဖးေျဖးခတ္ၿပီးေခါင္းခါျပေတာ့ၾကင္ယာေတာ္ပိုင္လန္ကစိတ္တိုသြားပုံရတယ္။

"ကြၽန္ေတာ္ကဧကရီရဲ႕အေစခံပါ ဧကရီကိုပဲဦးၫြတ္မွာဘာလို႔ၾကင္ယာေတာ္တိုင္းကိုယ္လုပ္ေတာ္ေတြတိုင္းကိုအ႐ိုအေသေပးေနရမွာလဲ"

ေရွာင္းက်န္႔ကပုံမွန္ေလသံျဖင့္အနည္းငယ္နားမလည္သလိုပုံေပါက္ကာေျပာေတာ့ပိုင္လန္ကအေတာ္စိတ္ဆိုးသြားသည္။မ်က္ႏွာကခက္ထန္မဲေမွာင္ကာစူးစိုက္ၿပီးၾကည့္ေနတယ္

"မင္းကအေစခံပဲငါကမင္းထက္အဆင့္ျမင့္တယ္ ဧကရီမွာမင္းလိုအ႐ိုင္းအစိုင္းလူက်င့္ဝတ္နားမလည္တဲ့အေစခံမ်ိဳးရွိေနတာဧကရီအတြက္စိတ္မေကာင္းစရာပဲ မင္းကဧကရီရဲ႕ဂုဏ္အရွိန္အဝါကိုညိဳးေလ်ာ္ေစတယ္ "

ၾကည့္ရတာလူတိုင္းကဧကရီကိုသေဘာက်ၿပီးဧကရီရဲ႕အေစခံကိုေတာ့သေဘာမက်ပုံပဲ။ဧကရီကသူ႔ကိုအေရးေပးဆက္ဆံေနတဲ့အေပၚအျမင္မၾကည္ၾကဘူး။အလြယ္တကူလူယုံျဖစ္လာတဲ့အေပၚမေက်ခ်မ္းၾကတာထင္တယ္။ဒါေပမဲ့ေရွာင္းက်န္႔ကလဲဧကရီကလြဲၿပီးဘာကိုမွဂ႐ုမစိုက္တဲ့သူျဖစ္ေနေတာ့လဲ....

"အဲ့ဒါကဧကရီနဲ႔ကြၽန္ေတာ့ၾကားကကိစၥပါၾကင္ယာေတာ္ပိုင္ဝင္စြက္ဖက္ရမွာမဟုတ္ဘူးေလ.."

"မင္း..!! .မင္း ကတကယ့္ကိုအ႐ိုင္းအစိုင္းေကာင္ပဲ ခုခ်က္မင္းအမွားအတြက္ေတာင္းပန္စမ္း!"

ေရွာင္းက်န္႔ကမ်က္ေမွာင့္ကုပ္ကာႏႈတ္ခမ္းကအနည္းငယ္ဆူလာသည္။ၾကင္ယာေတာ္ပိုင္ကေဒါသေၾကာင့္မ်က္ႏွာကထိန္းမရစြာ႐ုပ္ဆိုးအက်ည္းတန္ေနေပမဲ့ေရွာင္းက်န္႔ကေတာ့ကေလးတစ္ေယာက္ကျဖဴစင္တဲ့မ်က္ႏွာေလးနဲ႔ရန္လိုေနသလိုျဖစ္ေနသည္။

"ကြၽန္ေတာ္မေတာ္တဆဝင္တိုက္မိတဲ့အတြက္ေတာ့ေတာင္းပန္ပါတယ္ဒါေပမဲ့အ႐ိုအေသမေပးဘူး ဧကရီရဲ႕အေစခံကိုဧကရီပဲပိုင္တယ္......ဧကရာဇ္ကိုေတာင္မလြဲသာလို႔ဂါဝရျပဳရတာ"

ေရွာင္းက်န္႔ကေနာက္ဆုံးစကားကိုတစ္ကိုယ္ၾကား႐ုံသာတိုးတိုးေလးေျပာလိုက္တယ္။မဟုတ္ရင္ေစာေစာစီးစီးအသက္ထြက္ႏိုင္တယ္။

"အ႐ိုင္အစိုင္းေကာင္ ..ဟက္..ေတာခ်ိဳအုံၾကားကတက္လာေတာ့လဲအေျပာအဆိုအျပဳအမူကအဆင့္အတန္းမရွိတာမဆန္းပါဘူး.. ဧကရီအနားမွာေနၿပီးတန္ရာတန္ရာမေနဘူး စိန္နားကပ္အေရာင္နဲ႔ပါးေျပာင္ေနတာ အျမင့္ကိုလွမ္းခ်င္ေနတာမလား မင္းအဆင့္နဲ႔အျမင့္ကိုလွမ္းရင္ျပဳတ္က်ရင္အထိနာတယ္.."

ေရွာင္းက်န္႔ကေရွ႕ကမ်က္ႏွာမဲ့႐ြဲ႕ကာေလျဖတ္သလိုေျပာေနတဲ့ၾကင္ယာေတာ္႐ုပ္ဆိုးကိုၾကည့္ကာႏႈတ္ခမ္းေတြပိုဆူေထာ္လာၿပီးဆူပုတ္ပုတ္ျဖစ္လာတယ္။

"ကြၽန္ေတာ္ကအ႐ိုင္းအစိုင္းေကာင္မဟုတ္ဘူး ကြၽန္ေတာ့ဖြားဖြားကသာမန္႐ိုး႐ိုးသားသားလုပ္ကိုင္စားေသာက္တာခုဖြားဖြားကဖုယြမ္ေတာင္ထိပ္မွာတရားအားထုတ္ေနတယ္ အဆင့္အတန္းရွိတဲ့သူမသိပဲနဲ႔လာမေျပာနဲ႔...ၿပီးေတာ့..ၿပီးေတာ့ကြၽန္ေတာ္ကိုေတာခ်ိဳအုံးၾကားကလာတယ္မေျပာနဲ႔ မႀကိဳက္ဘူး.. ကြၽန္ေတာကေခ်ာင္ေဖ်ာင္႐ြာကလာတာ..ေတာကမဟုတ္ဘူး ႐ြာက အျမင့္မွန္းတာကြၽန္ေတာ္မဟုတ္ဘူးကြၽန္ေတာ္ကဧကရီအနားမွာပဲေနခ်င္တာ ၾကင္ယာေတာ္ပိုင္ကသာအျမင့္ေရာက္ခ်င္ေနတာမဟုတ္ဘူးလား ဧကရီသာမရွိရင္အဲ့ေနရာကိုယူမွာမဟုတ္လား"

"မင္း!!!! အ႐ိုင္းအစိုင္းလို႔ေျပာေတာ့လဲမႀကိဳက္ဘူး.အလကားဘဝင္႐ူးေကာင္."

ၾကင္ယာေတာ္ပိုင္လန္ကေဒါသေတြထိန္းမရျဖစ္ကာအသားတဆတ္ဆတ္တုန္ေနသည္။အေၾကာက္အလန္႔မရွိတစ္ခြန္းမက်န္ျပန္ခံေျပာတဲ့သူကိုမွတ္ေလာက္သားေလာက္ေအာင္ပညာျပခ်င္ေနတယ္။

ေရွာင္းက်န္႔ကလက္သီးဆုပ္ေလးေတြတင္းတင္းဆုပ္ၿပီးမႈန္ေတေတၾကည့္ေနသည္။

"မင္းကိုအရွင္နဲ႔တိုင္ေျပာမယ္ မင္းကိုအထုတ္ဆြဲၿပီးေတာျပန္ရေအာင္လုပ္မယ္!! ေစာင့္ၾကည့္ေန"

ေရွာင္းက်န္႔ကနားႏွစ္ဖက္ကိုပိတ္ကာလွ်ာထုတ္ေျပာင္ျပေနေတာ့ၾကင္ယာေတာ္ပိုင္လန္ပိုၿပီးမခံမရပ္ႏိုင္ျဖစ္ေနသည္။

"အရွင့္ကိုေတာင္မထီမဲ့ျမင္လုပ္ရဲတယ္ေပါ့ မင္းဘယ္ေလာက္ထိဘဝင္႐ူးႏိုင္မလဲၾကည့္ရေသးတာေပါ့"

"မၾကားရဘူး..မၾကားဘူး..မၾကားဘူး....ဘာလာ..ဘလာ..ဘလာ.."

ေရွာင္းက်န္႔ကနားႏွစ္ဖက္ပိတ္ကာလွ်ာထုတ္ေျပာင္ေနရင္းေျပာကာဝတ္႐ုံကိုမ ၿပီးတခ်ိဳးထဲလစ္ေျပးေတာ့သည္။ ၾကင္ယာေတာ္ပိုင္လန္ကအံတင္းတင္းႀကိတ္ရင္းက်န္ရစ္ေနခဲ့သည္။

*^^*

ဧကရာဇ္ရဲ႕စာၾကည့္ေဆာင္အတြင္းဧကရီဝမ္ရိေပၚသည္တိတ္ဆိတ္စြာအၾကမ္းရည္ငွဲ႔ေနသည္။သူတို႔ႏွစ္ေယာက္ကလြဲၿပီးတိတ္ဆိတ္ေနတဲ့ပတ္ဝန္းက်င္ကအနည္းငယ္ၿငီးေငြ႕ဖြယ္ေကာင္းေသာ္လဲဧကရာဇ္၏အေရွ႕တြင္ဆြဲေဆာင္မႉရွိစြာလွပသူကိုေငးၾကည့္ေနရတာကေတာ့မပ်င္းရိပါ။

"ဧကရာဇ္စာေတြတအားမဖတ္ပါနဲ႔မ်က္႐ိုးကိုက္ခဲလိမ့္မယ္"

"စိတ္ပူေနတာလား "

.".........."

အေျဖမေပးတဲ့ဝမ္ရိေပၚကိုခ်န္းယြိရွီကရယ္လိုက္သည္။ဖတ္လက္စစာအုပ္ကိုျပန္ပိတ္ကာေရွ႕ကလူသားေလးကိုမ်က္ေတာင္မခတ္စူးစိုက္ၾကည့္ေပးလိုက္ေတာ့မ်က္လႊာခ်ထားတယ္။ေအးစက္တည္ၿငိမ္ေနတဲ့မ်က္ႏွာေလးကအၿပဳံးအရယ္တို႔ေတြ႕ဖို႔ခက္ခဲလွသည္။ပုံမွန္မၿပဳံးမရယ္တဲ့ဧကရီကေရွာင္းက်န္႔ဆိုတဲ့ေကာင္ေလးကိုေတာ့အခ်ိန္တိုင္းႏူးညံ့ကာၿပဳံးရယ္ျပတတ္သည္။လိုတာထက္ပိုၿပီးၾကင္နာဂ႐ုစိုက္ျပေနတာကိုခ်န္းယြိရွိသိပါသည္။သံသယတို႔မဝင္ခ်င္ပါဘူး သူဧကရီကိုအျပည့္အဝယုံၾကည္ေနခ်င္တာမလို႔သူေၾကာက္တဲ့အရာေတြမျဖစ္လာဖို႔ကိုဆုေတာင္းမိပါသည္။

"အရွင္...ကြၽန္ေတာ့္မွာေတာင္းဆိုစရာရွိပါတယ္"

"ေျပာပါ ကိုယ္ေတာ္ျဖည့္ဆည္းေပးႏိုင္သမွ်ျဖည့္ဆည္းေပးမယ္"

ဧကရီကသူ႔ဆီကမေတာင္းဆိုလိုတာမလို႔ခုလိုေတာင္းဆိုလာေတာ့ဝမ္းေျမာက္မိပါသည္။သူတို႔ႏွစ္ေယာက္ၾကားတျဖည္းျဖည္းနီးစပ္လာၿပီဟုခံစားမိတယ္။

"႐ႊယ္ရွန္းကိုဖိတ္စာသဝဏ္လႊာပို႔ဖို႔ၾကားတယ္..အဲ့ဒါ မပို႔လို႔ရမလား ႐ႊယ္ရွန္းတိဝမ္ကအျပင္ထြက္မွာလဲမဟုတ္ေတာ့အလကားအခ်ိန္မျဖဳန္းပဲဖိတ္ၾကားမဲ့အစီအစဥ္ကို႐ုတ္သိမ္းလို႔ရမလား"

ဝမ္ရိေပၚကမ်က္လႊာခ်ကာေလသံေအးေအးနဲ႔ေျပာေတာ့ခ်န္းယြိရွီကမ်က္ခုံးေတြတြန္႔ခ်ိဳးသြားသည္။စူးစိုက္ၾကည့္ေနၿပီးမွခ်က္ခ်င္းႏႈတ္ခမ္းေတြတြန္႔ၿပဳံးလိုက္တယ္။

"ေကာင္းၿပီေလ ကိုယ္ေတာ့္ဧကရီသေဘာအတိုင္းျဖစ္ေစရမယ္"

"ေက်းဇုတင္ပါတယ္အရွင္"

ကိုယ္ေတာ့္ဧကရီဆိုတဲ့အသုံးအႏႈန္းကိုသေဘာမက်ေပမဲ့ႀကိတ္မွိတ္ၿပီးေတာ့တာေနရသည္။အခ်ိန္သိပ္မၾကာေတာ့ပါဘူး။

*^^*

နန္းေတာ္တစ္ခုလုံးပတ္ၾကည့္လို႔ဝေတာ့ေျခေထာက္ေတြကေညာင္းစျပဳလာသည္။နန္းေတာ္အေနာက္ဘက္ေရတံခြန္ကိုေရာက္လာေတာ့လွည့္ျပန္ရန္ေျခလွမ္းေတြျပင္လိုက္တဲ့အခ်ိန္ေက်ာက္ေဆာင္တစ္ခုေပၚထိုင္ေနတဲ့သူကိုေတြ႕လိုက္တယ္။ေျပာေတာ့ေရတံခြန္ကိုဆင္းခြင့္ပိတ္ထားတယ္ဆိုဒီလူကဘာလို႔ေက်ာက္ေဆာင္ေပၚထိုင္ေနတာလဲ။ေရွာင္းက်န္႔အနားတိုးကပ္ၿပီးေသခ်ာၾကည့္ေတာ့အံ့ၾသသြားသည္။မင္းသား၂ပဲ..ေသရည္ဘူးကိုကိုင္ကာအားရပါးရေမာ့ေသာက္ေနတယ္။

ဟိုတစ္ခါေတြ႕ၿပီးထဲကေရွာင္းက်န္႔မျမင္ပဲေရွာင္ရမဲ့လူေတြထဲမွာမင္းသား၂ကိုထိပ္ဆုံးနံပတ္တပ္ထားခဲ့သည္။ထို႔ေၾကာင့္အေနာက္ျပန္လွည့္ကာနန္းေဆာင္ျပန္ဖို႔လုပ္တယ္။

"ေတြ႕ရင္ႏႈတ္ဆတ္ရမွာေပါ့ဘာလို႔ေနာက္ေၾကာင္းျပန္လွည့္ေနတာလဲ"

သူ႔ကိုေတြ႕တယ္ဆိုတာသိေတာ့ေရွာင္းက်န္႔လွည့္ၾကည့္လိုက္တယ္။သြားညီညီေလးေတြေပၚေအာင္ရယ္ျပေနသည္။ၿပီးေတာ့ေသရည္ဘူးကိုေျမႇာက္ျပကာ

"ေသာက္မလား အတူမွ်ေဝႏိုင္ပါတယ္"

"........."(ေခါင္းခါျပ)

"ဘာလဲမေသာက္ႏိုင္လို႔လား..ကေလးလားမင္းကလာစမ္းပါငါအေဖာ္မရွိလို႔တစ္ေယာက္ထဲေသာက္ေနရတာ "

"အိမ္ေရွ႕စံကိုေခၚလိုက္ေလ"

ေရွာင္းက်န္႔စကားေၾကာင့္ခ်န္းရႈိ႕ပင္းကရယ္သည္။သူကအၿမဲတမ္းရယ္ေနတာေရွာင္းက်န္႔သတိထားမိတယ္။

"မင္းကေလ...တကယ့္ကိုဘာေလးမွန္းမသိဘူးခုငါကယမကာေသာက္ေနတာအိမ္ေရွ႕စံကငယ္ငယ္ေလးရွိေသးတာကိုေသာက္ခိုင္းရမလား...ငါကကစားေဖာ္ရွာေနတာမဟုတ္ဘူးငါနဲ႔အတူေသရည္ေသာက္ဖို႔အေဖာ္ရွာေနတာ..မင္းကအသင့္ေတာ္ဆုံးပဲ..လာခဲ့ပါဒီနားကို"

"ကြၽန္ေတာ္မေသာက္တတ္ဘူးဖြားဖြားကေသရက္ေသာက္ရင္လုံးဝမႀကိဳက္ဘူး"

မင္းသား၂ကနဖူးကိုလက္နဲ႔ကုပ္ကာၿပဳံးစိစိလုပ္ေနတယ္။သူတကယ့္အျဖဴထည္ကေလးေလးနဲ႔လာေတြ႕ေနတာပဲ။

"မေသာက္ရင္လဲငါနဲ႔အတူစကားေျပာေပး ခဏပဲ"

ေရွာင္းက်န္႔ကအတန္ၾကာေတြးၿပီးေခါင္းညိမ့္ျပလိုက္သည္။ၿပီးေတာ့ေရတံခြန္ကေက်ာက္ေဆာင္ေပၚကုပ္တက္ၿပီးထိုင္ေနလိုက္တယ္။မင္းသား၂ကသူ႔ေက်ာကိုကပ္ၿပီးမွီထိုင္ေပမဲ့ေရွာင္းက်န္႔မ႐ုန္းမိေပ။မင္းသား၂ကအ႐ိုးမရွိစြာမွီထားရင္းပင္ေသရည္ကိုအလုံးအရင္းေမာ့ေသာက္ေနသည္။

"ဒီေရတံခြန္ကမင္းသား၃ပိုင္တာဆိုဘယ္သူမွေရထဲဆင္းခြင့္မရွိတာ ဘာလို႔မင္းသား၂က.."

"ငါ့ကိုတားလို႔မွမရတာ ေရထဲဆင္း႐ုံတင္မကဘူး ငယ္ငယ္ကဆိုေရထဲရႉးရႉးပါေပါက္ခ်တာ"

"ဟာ...ညစ္ပတ္လိုက္တာ"

"ဟားးးးးး..မင္းကေတာ္ဝင္မ်ိဳးႏြယ္ကိုေတာင္ညစ္ပတ္တယ္ေျပာရဲတာအျပစ္မေၾကာက္ဘူးလား"

မင္းသား၂ကတဟားဟားေအာ္ရယ္ကၿခိမ္းေျခာက္ျခင္းမဟုတ္တဲ့စကားကိုေျပာေတာ့ေရွာင္းက်န္႔ႏွာေခါင္းရႈံ႕လိုက္သည္။

"ေတာ္ဝင္မ်ိဳးႏြယ္လဲညစ္ပတ္ရင္ညစ္ပတ္တယ္ေျပာမွာေပါ့ "

"မင္းနာမည္ဘယ္လိုေခၚလဲ.."

"ေရွာင္းက်န္႔....ဧကရီရဲ႕တစ္ဦးတည္းေသာအနီးကပ္လူ"

ေရွာင္းက်န္႔ထိုစကားေျပာေနခ်ိန္မ်က္ႏွာထက္အားရေက်နပ္မႈေတြထင္းဟပ္ေနသည္။

"ေရွာင္းက်န္႔...ငါနဲ႔သူငယ္ခ်င္းလုပ္မလား"

"ဟင္..မင္းသား၂ကေတာ္ဝင္မင္းသားတစ္ေယာက္မလို႔အေဖာ္ေတြအရမ္းမ်ားမွာပါ..ဘာလို႔ကြၽန္ေတာ့္လို..."

"စိတ္ရင္းနဲ႔...စိတ္ရင္းနဲ႔ေပါင္းေပးမဲ့သူငယ္ခ်င္းမ်ိဳးလိုခ်င္တာ"

မင္းသား၂ကဟက္ခနဲတစ္ခ်က္ရယ္ကာေသရည္ကိုေမာ့ျပန္သည္။

"ငါ့အေဖကေဆာင္တိုင္းျပည္ရဲ႕အရင္ဧကရာဇ္...ငါ့မိခင္ကမိဖုရားေခါင္ႀကီးရဲ႕အေစခံတစ္ေယာက္.."

".........."

"ငါ့အေမငါ့ကိုသေႏၶလြယ္ထားတဲ့အခ်ိန္မွာမိဖုရားေခါင္ႀကီးကလုံးဝသေဘာမက်ခဲ့ဘူး..သူမမွာအကိုေတာ္မင္းႀကီးကိုကိုယ္ဝန္ေဆာင္ေနခဲ့ၿပီေလ..ငါ့အေမကိုယ္ဝန္ကေတာ္ဝင္ေသြးဆိုတာလဲသိၾကတယ္ခမည္းေတာ္ကိုယ္တိုင္းကလဲသိတယ္ဒါေပမဲ့အေစခံကအေစခံပဲ ၾကင္ယာေတာ္ေျမႇာက္ဖို႔မေျပာနဲ႔ကိုယ္လုပ္ေတာ္ရာထူးေတာင္မရခဲ့ဘူး ကိုယ္ဝန္အရင့္အမာႀကီးနဲ႔မိဖုရားေခါင္ႀကီးရဲ႕ေဝယ်ာေဝစၥေတြလုပ္ေပးရတယ္...ကေလးေမြးေတာ့ႏွစ္း​ေယာက္လုံးတစ္ရက္ထဲေမြးၾကတယ္...အကိုေတာ္မင္းႀကီးကငါ့ထက္နာရီဝက္ေစာေမြးတယ္...."

"........."

"အေမကစုတ္ပ်က္ေနတဲ့အခန္းထဲတစ္ေယာက္ထဲအင္အားနဲ႔ငါ့ကိုေမြးခဲ့တာခမည္းေတာ္မ်ားလာၾကည့္မလားဆိုၿပီးေမ်ာ္ခဲ့ေပမဲ့လုံးဝေရာက္မလာခဲ့ဘူး..ေနာက္ဆုံးအဲ့အခန္းေလးထဲမွာပဲတိတ္တိတ္ေလးေသဆုံးသြားတဲ့ထိခမည္းေတာ္ကတစ္ခ်က္လာမၾကည့္ခဲ့ဘူး...လူေတြကေျပာၾကတယ္ တန္ရာတန္ရာမမွန္းပဲအျမင့္ကိုမွန္းလို႔တဲ့ အေစခံကအေစခံပဲ ဧကရီမျဖစ္ႏိုင္ဘူးတဲ့...အေစခံကေမြးတဲ့ငါ့ကိုလဲအဖက္မလုပ္ၾကဘူး...ခမည္းေတာ္ကိုယ္တိုင္ကေလ.ေနာက္ဆုံးခ်ိန္ထိလ်စ္လ်ဴရႈထားခဲ့တာ..ငါနဲ႔ဘယ္သူမွမကစားေပးဘူးဘယ္သူမွအေဖာ္မလုပ္ေပးဘူး...ဒါေပမဲ့ၾကင္ယာေတာ္လ်န္ကေတာ့ငါ့ကိုေမာင္ေလးတစ္ေယာက္လိုဂ႐ုစိုက္တယ္..အကိုေတာ္မင္းႀကီးအိမ္ေရွ႕စံဘဝထဲကသူမကငါ့ကိုဂ႐ုစိုက္ခဲ့တာ ၾကင္ယာေတာ္လ်န္သားေလးေမြးလာေတာ့ငါအရမ္းေပ်ာ္ခဲ့တာငါရဲ႕သူငယ္ခ်င္းရၿပီးဆိုၿပီးေတာ့..."

မင္းသား၂ရဲ႕စကားေတြကိုေရွာင္းက်န္႔ကတိတ္တိတ္ေလးနားေထာင္ေနသည္။အေစခံကအေစခံပဲ?..

"ငါမင္းနဲ႔သူငယ္ခ်င္းလုပ္မယ္.."

"ဒါဆိုေသာက္.."

"ေကာင္းၿပီ..ငါတို႔ခုခ်ိန္ကစၿပီးသူငယ္ခ်င္းေတြျဖစ္သြားၾကၿပီ.."

*^^*

ညေနေစာင္းေနဝင္ရီတေရာအခ်ိန္မွာဝမ္ရိေပၚကေထာင္ဟြားနန္းေဆာင္ျပန္လာခဲ့သည္။မနက္ထဲကေရွာင္းက်န္႔နဲ႔မေတြ႕ရေသးတာမလို႔သူအရမ္းေတြ႕ခ်င္ေနသည္။နန္းေဆာင္ထဲဝင္လိုက္ေတာ့ေရွာင္းက်န္႔ကစားပြဲေပၚေခါင္းေမွာက္အိပ္ေနတယ္။

"ကုတင္မွာမအိပ္ျပန္ဘူးဇတ္ေတြနာေနေတာ့မွာပဲ.."

ဝမ္ရိေပၚကေရွာင္းက်န္႔အနားသြားကာထိုင္ခုံမွာထိုင္လိုက္သည္။ေရွာင္းက်န္႔ကလူးလြန္႔လာၿပီးေခါင္းေထာင္ကာသူ႔ဘက္လွည့္ၾကည့္လာသည္။ပါးအို႔ေလးႏွစ္ဖက္ကမက္မြန္သီးေလးလိုရဲေနကာဆံပင္ေတြကဖ႐ိုဖရဲျဖစ္ေနသည္။သူ႔ကိုမ်က္လုံးေတြေမွးစင္းၾကည့္ေနတာမလို႔ဝမ္ရိေပၚမ်က္ခုံးေတြတြန္႔ခ်ိဳးသြားသည္။

"မူးေနတာလား..ေသရည္ေသာက္ထားတာလား ဘယ္မွာေသာက္တာလဲဘယ္သူနဲ႔လဲ အမ်ားႀကီးလား"

မ်ားလြန္းတဲ့ေမးခြန္းေတြေၾကာင့္ေရွာင္းက်န္႔ေခါင္းရႈပ္သြားတာမလို႔တစ္ခုမွျပန္မေျဖပဲတဟီးဟီးရယ္ျပေနလိုက္သည္။ၿပီးေတာ့တစ္ခုခုကိုသတိရသြားဟန္မ်က္ႏွာကစိုးရိမ္မႈေတြျဖတ္သန္းသြားၿပီးၾကမ္းေပၚဒူးေထာက္ခ်လိုက္တယ္။ဝမ္ရိေပၚေပါင္ေပၚလက္ႏွစ္ဖက္တင္ထားၿပီးမ်က္ႏွာငယ္ေလးလုပ္ကာမ်က္ေတာင္ေလးပုတ္ခတ္ပုတ္ခတ္ျဖစ္ေနသည္။ဝမ္ရိေပၚကနားမလည္သလိုၾကည့္ေနသည္။

"ဧကရီ..ကြၽန္ေတာ္ေလကိုယ့္အဆင့္အတန္းကိုယ္မသိတာေတာ့မဟုတ္ပါဘူး ၾကင္ယာေတာ္ပိုင္လန္ကိုအ႐ိုအေသမျပဳမိတာနဲ႔ႀကီးေလးတဲ့အပစ္ခံရမွာလား..ဟင့္အင္း ဒီလိုအျဖစ္မခံႏိုင္ဘူး ကြၽန္ေတာ္ကဧကရီတစ္ေယာက္ထဲကိုပဲအ႐ိုအေသေပးမွာ"

သိပ္မပြင့္ခ်င္တဲ့မ်က္လုံးေတြနဲ႔ေလးတိေလးကန္ဆိုလာတဲ့စကားကိုသူနားမလည္ေသာ္လဲၿငိမ္ၿပီးနားေထာင္ေပးေနမိသည္။

"ဟြန္႔..အဲ့ဒီၾကင္ယာေတာ္ပိုင္လန္ကေလကြၽန္ေတာ့္ကိုအ႐ိုင္းအစိုင္းတဲ့ အရွင္မင္းႀကီးနဲ႔တိုင္မယ္ေျပာေနတယ္...ဧကရီကြၽန္ေတာ္မ႐ိုင္းပါဘူး...ကြၽန္ေတာ္ကေလ အက်ိဳးသင့္အေၾကာင့္သင့္ေျပာျပတာကိုလက္မခံပဲခံေျပာတယ္တဲ့ၾကင္ယာေတာ္ပိုင္လန္ကစိတ္ပုတ္တယ္.."

အေၾကာင္းစုံသေဘာေပါက္သြားတဲ့ဝမ္ရိေပၚကသူ႔ေပါင္ေပၚကေရွာင္းက်န္႔လက္ကိုအုပ္ကိုင္ၿပီးၿပဳံးသည္။ခုတကယ္တိုင္ေျပာေနတာကဘယ္သူလဲ..

"ဧကရီ..ကြၽန္ေတာ္အပစ္ေပးခံရေတာ့မလားဟင္ "

"အပစ္ေပးခံရမွာေတာ့ေၾကာက္တယ္ေပါ့ "

"အြန္း"

"ဒါဆိုဘာလို႔အဲ့လိုလုပ္ခဲ့တာလဲ ဟင္ေျပာပါအုံး"

"ကြၽန္ေတာ္ေျပာၿပီးၿပီေလဧကရီကိုပဲအ႐ိုအေသေပးမွာလို႔"

နန္းတြင္းထဲဝင္လာၿပီးဦးၫြတ္ဖို႔ကိုေတာင္ေစ်းဆစ္ေ႐ြးခ်ယ္ေနတဲ့ေရွာင္းက်န္႔ပါ။အရွင္သိရင္ေသခ်ာေပါက္အပစ္ခံရေတာ့မွာ။ေရွာင္းက်န္႔ကမႈန္ေတေတမ်က္ႏွာေပးနဲ႔ဝမ္ရိေပၚကိုေမာ့ၾကည့္ကာ

"ဧကရီ..ကြၽန္ေတာ့ကိုမကူညီခ်င္ဘူးလားကြၽန္ေတာ္အထုတ္ေလးဆြဲၿပီးဧကရီအနားကထြက္သြားမွာကိုၾကည့္ႏိုင္တာလား ကြၽန္ေတာ္မရွိရင္ဧကရီဆံပင္ၿဖီးေပးမဲ့သူလဲမရွိဘူးဝတ္႐ုံလွလွေလးေတြဝတ္ေပးမဲ့သူလဲမရွိေတာ့ဘူး..အနားမွာအိပ္ေပးမဲ့သူမရွိရင္ဧကရီအိပ္ေပ်ာ္မွာမဟုတ္ဘူး ကြၽန္ေတာ္."

ေရွာင္းက်န္႔ေျပာမည့္စကားလုံးေတြကဧကရီလက္ညိဳးနဲ႔သူ႔ႏႈတ္ခမ္းကိုလာေရာက္ထိကပ္ကာတားဆီးလိုက္တာေၾကာင့္ထပ္ထြက္မလာေတာ့ေပ။ဝမ္ရိေပၚကေရွာင္းက်န္႔နည္းတူၾကမ္းေပၚထိုင္ခ်ကာအမူးသမားရဲ႕မ်က္ႏွာေလးကိုအုပ္ကိုင္လိုက္သည္။ထို႔ေနာက္တျဖည္းျဖည္းအနားကပ္ကာႏွာေခါင္းထိပ္အခ်င္းခ်င္းထိကပ္လိုက္တယ္။ဘယ္ညာယမ္းကာအခ်င္းခ်င္းပြတ္သပ္လိုက္ေတာ့ေရွာင္းက်န္႔ကျပဴးျပဴးေလးေၾကာင္ၾကည့္ေနတယ္။

"ဧကရီ ဘာလို႔ကြၽန္ေတာ့ကိုဒီလိုလုပ္တာလဲ "

"ေျပာျပရမလား"

"ဒါေပါ့ေျပာရမွာေပါ့"

"အူယားလို႔ "

ဝမ္ရိေပၚရဲ႕ၿပဳံးစစ စကားကိုေရွာင္းက်န္႔ကမ်က္ဆံေလးေထာင့္ကပ္ကာစဥ္းစားသည္။ဝမ္ရိေပၚမ်က္ႏွာကိုနားမလည္ဟန္ျပန္ၾကည့္ကာ

"အူယားရင္ကုတ္ေလ ကြၽန္ေတာ္ကုတ္ေပးရမလားဘယ္နားလဲ..ဗိုက္မွာလား"

ေရွာင္းက်န္႔ကရီေဝေဝျဖစ္ေနၿပီးမ်က္လုံးေတြကေမွးစင္းေနသည္။ပန္းေရာင္သန္းေနတဲ့ပါးေလးႏွစ္ဖက္နဲ႔သူထင္တာေတြေျပာေနေတာ့တယ္။ေရွာင္းက်န္႔ကဝမ္ရိေပၚဗိုက္ကိုကုတ္ေပးမယ္လုပ္ေတာ့ဝမ္ရိေပၚကေခါင္းခါျပသည္။

"ဗိုက္ကိုကုတ္႐ုံနဲ႔အူယားတာမေပ်ာက္ဘူးေရွာင္းက်န္႔ေလးရဲ႕ "

"ဟင္?.ဒါဆိုဘယ္လိုကုတ္မွေပ်ာက္မွာလဲ ဧကရီအရမ္းယားေနတာလား ေတာ္ၾကာေနအဖုအပိန္႔ေတြထြက္လာရင္ဘယ္လိုလုပ္မလဲ"

ဝမ္ရိေပၚကအနည္းငယ္ေတြးဆဆပုံစံေလးလုပ္ကာ ေမးေစ့ကိုပြတ္သပ္ေနသည္။

"အူယားတာေပ်ာက္ဖို႔တစ္နည္းပဲရွိတယ္ အဲ့ဒါကလဲမင္းကူညီမွျဖစ္မွာ"

"ရတယ္..ရတယ္ ကြၽန္ေတာ္ဧကရီအတြက္ဘာမဆိုလုပ္ေပးမယ္ "

အားတက္တေရာေျပာေနတဲ့ေရွာင္းက်န္႔ေၾကာင့္ဝမ္ရိေပၚရင္ထဲသိမ့္ခနဲျဖစ္သြားသည္။မနည္းမ်က္လုံးျပဴးၿဖဲၿပီးၾကည့္ေနတဲ့သူကိုၾကည့္ကာသူၿပဳံးလိုက္သည္။

"ပါးကိုနမ္းရင္ေတာ့ေပ်ာက္မယ္ထင္တယ္ "

"ပါးကိုနမ္းရမယ္?."

"အင္း...မကူညီခ်င္လို႔လား"

အင္တင္တင္လုပ္ေနတဲ့ေရွာင္းက်န္႔ကအဲ့လိုသေဘာမဟုတ္ေၾကာင္းအသဲအသန္ျငင္းေတာ့သည္။ထို႔ေနာက္တေ႐ြ႕ေ႐ြ႕နဲ႔မ်က္ႏွာအနီးကပ္ကာမဝံ့မရဲႏွင့္ဝမ္ရိေပၚရဲ႕ပါးေဖာင္းေဖာင္းေလးကိုလစ္ခနဲနမ္းလိုက္သည္။အရက္ရွိန္နဲ႔ပန္းေရာင္ျဖစ္ေနတဲ့ေရွာင္းက်န္႔ပါးေလးကပိုမိုရဲလာသည္။

"ေပ်ာက္သြားၿပီလား "

"ဟင့္အင္း ပိုယားလာသလိုပဲ..နဖူးကိုပါနမ္းမွေပ်ာက္မယ္ထင္တယ္"

"ထပ္ၿပီးေတာ့လား"

ေရွာင္းက်န္႔အမူးသမားေလးကသက္ျပင္းခ်ကာမ်က္စိမွိတ္ၿပီးဝမ္ရိေပၚနဖူးကိုနမ္းလိုက္သည္။ထိကပ္ၿပီးတာနဲ႔ခြာလိုက္ေပမဲ့ဝမ္ရိေပၚကေတာ့အၿပဳံးႀကီးႀကီးႀကိတ္ၿပဳံးေနသည္။

"ေပ်ာက္ေလာက္ၿပီထင္တယ္ဧကရီ ထပ္မယားေတာ့ဘူးမလား "

"အာ...အမ်ားႀကီးပိုဆိုးလာၿပီဘယ္လိုလုပ္ရမလဲ ယားလြန္းလို႔ဆြဲဖ်စ္ညစ္ခ်င္တယ္ "

ေရွာင္းက်န္႔ရဲ႕မူးေနတဲ့စိတ္ေလးေတာင္ေပ်ာက္ခ်င္လာသည္။မ်က္လုံးေတြလဲတျဖည္းျဖည္းက်ယ္ကာဒီတိုင္းသာေၾကာင္ၾကည့္ေနမိသည္။ဒါေပမဲ့မ်က္ဝန္းေတြထဲစိုးရိမ္မႈေတြေတာ့ျမင္ေတြ႕ရသည္။

"ဒီနားကိုနမ္းရင္ေတာ့အရွင္းေပ်ာက္ၿပီ "

ဝမ္ရိေပၚကသူ႔ရဲ႕လွပၿပီးရဲေနတဲ့ႏႈတ္ခမ္းကိုလက္ညိဳးထိုးျပေတာ့ေရွာင္းက်န္႔ၿငိမ္သက္သြားသည္။ေတာင့္ေတာင့္ေလးျဖစ္ကာမ်က္ေတာင္ပုတ္ခတ္ပုတ္ခတ္လုပ္ေနတယ္။ေတာ္ေတာ္နဲ႔မလႈပ္ရွားတဲ့ေရွာင္းက်န္႔ကလုံးဝၿငိမ္ေနသည္။

"ကူညီေပးေလေရွာင္းက်န္႔..အယားလြန္ၿပီးအပိန္းေတြထြက္လာေတာ့မလာမသိဘူး"

ေရွာင္းက်န္႔ကေခါင္းခါျပသည္။

"ဘာလို႔လဲ"

"ကြၽန္ေတာ္တို႔ကခ်စ္သူေတြမဟုတ္ဘူးေလ ခ်စ္သူေတြမွအဲ့ဒီေနရာကိုနမ္းတာ"

"နဖူးနဲ႔ပါးကိုေတာင္နမ္းတာပဲေလ"

"အဲ့ဒါကဒီတိုင္းမိသားစုဝင္ေတြလဲနမ္းၾကတယ္ေလ ခုဧကရီနမ္းခိုင္းတဲ့ေနရာကခ်စ္သူေတြပဲနမ္းတာႀကီးကို"

ေရွာင္းက်န္႔ရွင္းျပခ်က္ေၾကာင့္ဝမ္ရိေပၚအိုးတိုးအန္းတန္းျဖစ္သြားသည္။

"ဒါဆိုငါေမးမယ္ အမွန္အတိုင္းေျဖေနာ္"

"ေရွာင္းက်န္႔မလိမ္တတ္ဘူး"

ဝမ္ရိေပၚကမ်က္ခုံးေတာင္ပင့္သြားမိသည္။မလိမ္တတ္ဘူးဆိုပဲ..

"ခုနတုန္းကငါ့ကိုနမ္းေနတုန္းကဘယ္လိုခံစားရလဲ မင္းရင္ထဲမူမမွန္တာတစ္ခုခုျဖစ္ေသးလား"

ဝမ္ရိေပၚကသိခ်င္ေဇာျပင္းျပေနတဲ့မ်က္ဝန္းနက္ႀကီးေတြနဲ႔စိုက္ၾကည့္ကာေမးေတာ့ေရွာင္းက်န္႔ကစဥ္းစားေနသည္။ၿပီးေတာ့ေခါင္းညိမ့္ျပတယ္။ဝမ္ရိေပၚကေပ်ာ္႐ႊင္သြားဟန္မ်က္လုံးအေရာင္ေတြၿပိဳးၿပိဳးျပက္ျပက္ေတာက္ပလာသည္။ေရွာင္းက်န္႔ကသူ႔ဗိုက္သူလက္ညိဳးထိုးကာေျပာတယ္

"ဗိုက္ဆာတာ.."

".........."

"ကြၽန္ေတာ္ဧကရီကိုနမ္းတုန္းကအမ်ားႀကီး..အမ်ားႀကီးဗိုက္ဆာေနတာ ဟီးဟီး.."

ဝမ္ရိေပၚကပါးစပ္အေဟာင္းသားျဖစ္ေနၿပီးတဟီးဟီးနဲ႔ရယ္ျပေနတဲ့သူေလးရဲ႕နဖူးကိုလက္နဲ႔ဖြဖြေလးေတာက္လိုက္သည္။ဆြဲဖ်စ္ညစ္ၿပီးဖက္နမ္းပစ္ရင္ေအာ္ငိုသြားအုံးမယ္။အေကာင္လိုက္ၿမိဳခ်ၿပီးဗိုက္ထဲဖြက္ထားရင္သူလြန္ရာမက်ပါဘူးေနာ္..

💚💛❤

Comment