1ခု

1ခု
Uni

"နောက်တစ်ယောက်.."

ခပ်ကျယ်ကျယ်အသံအဆုံးစားပွဲပေါ်ဝင်ခွင့်အမိန့်ပြားကိုချပေးလိုက်တယ်။တက်ကြွလန်းဆန်းနေတဲ့မျက်နှာလေးထက်လှလှပပလေးပြုံးပြီးပိတ်စနဲ့ထုတ်ထားတဲ့အဝတ်ထုတ်လေးကိုပုခုံးပေါ်ပြင်လွယ်လိုက်တယ်။

"အမည် ရှောင်းကျန့် အသက် ၁၉ လိင်က ယောကျာ်းလေး "

"ဟုတ်ပါတယ်ခင်ဗျ"

အသံကြည်အေးအေးလေးကစိမ့်စမ်းရေသမျှအေးချမ်းလှသည်။ကြားရသူတို့အဖို့အမောပြေရာလေးဖြစ်စေတယ်။အသံကြားရုံနဲ့အားမရတော့မော့ကြည့်မိတော့ပါးစပ်အဟောင်းသားနဲ့ငေးမောမိသွားသည်။

ခပ်နွမ်းနွမ်းချည်သားဝတ်စုံလေးနဲ့ပိတုန်းရောင်ကေသာပျော့ပျော့ကိုကပိုကရိုဖြစ်သလိုစည်းနှောင်ထားသည်။နဖူးပြေပြေလေးထက်ဝေ့ဝဲကျနေတဲ့ဆံသားပါးပါးလေးကလေနှင်ရာလူးလွင့်နေလေတယ်။မထူမပါးမျက်ခုံးနက်တန်းတန်းလေးကကျော့ရှင်းပြီးသပ်ရပ်နေသည်။ခပ်တိုတိုမျက်တောင်စိပ်စိပ်တို့ဝန်းရံထားတဲ့မျက်ဝန်းသွယ်သွယ်လေးကအနည်းငယ်မှေးကျသည်ထိပြုံးရယ်နေလေသည်။ချွန်တာလဲမဟုတ်အနည်းငယ်ခပ်လုံးလုံးလေးဖြစ်နေတဲ့နှာခေါင်းလေးနဲ့နီစွေးစွေးနှုတ်ခမ်းပါးတို့ကပနံသင့်လှပလေရဲ့။တက်ကြွပြီးအစွမ်းကုန်ပြုံးနေတဲ့နှုတ်ခမ်းပါးလေးအောက်အနက်ရောင်မှဲ့စက်လေးသည်ကဒီလူသားလေးရဲ့အလှကိုပိုပြီးဆွဲဆောင်မှုရှိအောင်လုပ်ပေးသည်။..ဒီကောင်လေးရဲ့အလှကဧကရီရဲ့အလှကိုတောင်မှီတဲ့ထိလှရက်လွန်းပါတယ်

"အဟမ်း ဝင်လို့ရပါပြီ"

"ဟုတ်ကဲ့ကျေးဇုတင်ပါတယ်"

ငေးလွန်းပြီးငုတ်တုတ်ကြီးမေ့သွားတာကိုလျှင်မြန်စွာအသိဝင်ပြီးဝင်ခိုင်းလိုက်တော့ကျောက်စိမ်းနန်းတော်တံခါးကြီးကိုဖြတ်ကာဝင်သွားသည်။

နန်းတော်တံခါးကိုဖြတ်ပြီးတာနဲ့သူ့ရှေ့ကဝင်သွားတဲ့လူတွေနောက်လိုက်သွားရသည်။ရှောင်းကျန့်ကအဝတ်ထုတ်လေးပိုက်ပြီးဟိုကြည့်ဒီကြည့်နဲ့မြင်မြင်သမျှအထူးအဆန်းဖြစ်နေသည်။

နန်းတော်ဆိုတဲ့အရာကကြီးကျယ်ခမ်းနာဆုံးမဟုတ်လား လှပတဲ့အဆောက်အအုံတွေရယ် ရှုမဝအောင်သာယာလှတဲ့မြင်ကွင်းတွေရယ် လူတွေကလဲအများကြီးပဲ။အရာရှိအမတ်ဝတ်စုံတွေနဲ့အမတ်တွေတန်းစီပြီးညီလာခံသဘင်ဆင်နွဲရာသွားကြတာနဲ့ဆုံတော့ရှောင်းကျန့်တို့ကရပ်ကာဦးညွတ်အရိုအသေပေးရသည်။

နန်းတွင်းသူလေးတွေသယ်ဆောင်သွားတဲ့အရသာရှိတဲ့မုန့်တွေ လှပပြီးတန်ဖိုးကြီးတဲ့လက်ဝတ်ရတနာတွေပြီးတော့တိုင်းတပါးကပေးပို့တဲ့လက်ဆောင်ပနာတွေကိုတွေ့တော့ရှောင်းကျန့်မျက်လုံးတောက်တောက်လေးတွေနဲ့ငေးကြည့်မိသည်။အရောင်တလက်လက်ထနေတဲ့ပိုးသားဝတ်စုံတွေကိုတွေ့တော့ကိုယ့်ကိုကိုယ်ပြန်ငုံ့ကြည့်လိုက်ပြီးနှုတ်ခမ်းလေးဆူလိုက်မိတယ်။

သူနန်းတွင်းထဲဝင်နိုင်ပြီပဲနောက်ဆိုရင်ကောင်းကောင်းမွန်မွန်နေရတော့မှာပါလို့တွေးလိုက်တယ်။အတွေးလွန်ပြီးအငေးကောင်းနေလို့သူ့ရှေ့ကအရင်ဝင်သွားတဲ့လူတွေအရှေ့ကိုရောက်သွားတာကိုမသိလိုက်ဘူး။သတိရပြီးကြည့်လိုက်တော့သူတစ်ယောက်ပဲရှိတော့တယ် ။တခြားလူတွေကတော့အစအနတောင်ရှာမရအောင်ပျောက်သွားပြီဖြစ်တယ်။ရှောင်းကျန့်ကသူ့ခေါင်းသူနာနာလေးထုပြီးအပစ်တင်လိုက်သည်

"အဲ့ဒီငေးမောတတ်တဲ့အကျင့်ကဘယ်တော့မှပျောက်မှာလဲ ခုတော့ဘယ်ကိုသွားရမလဲမသိတော့ဘူးနန်းတော်ကြီးထဲလမ်းပျောက်ပြီ ကိုယ့်အပစ်နဲ့ကိုယ်ခံလိုက်တော့"

ဘယ်သွားလို့သွားရမှန်းမသိစွာနဲ့ရှောင်းကျန့်ကရမ်းတမ်းပြီးတော့လျောက်လာခဲ့သည်။

ရှောင်းကျန့်ဆိုတာကနန်းမြို့တော်နဲ့ဝေးရာတောရွာဇနပုဒ်လေးကသာမန်ကောင်လေးတစ်ယောက်ဖြစ်သည်။အဖွားနဲ့အတူနေပြီးခြံသေးသေးလေးထဲစားပင်သီးနှံတွေစိုက်ပျိုးကာဈေးလေးထဲရောင်းချပြီးအသက်မွေးဝမ်းကြောင်းပြုသည်။သွက်လက်ပြီးချစ်ဖို့ကောင်းတဲ့ကောင်လေးမလို့တွေ့တဲ့သူတိုင်းချစ်ခင်ကြတယ်။အရွယ်လေးရလာတော့လဲသူမတူအောင်လှပလွန်းတဲ့ရုပ်ရည်လေးကြောင့်ပျိုမေးလေးတွေသာမကယောကျာ်းပျိုတို့ပါစွဲလမ်းနှစ်သက်ခြင်းကိုခံရသည်။ရွာအနီးကမြို့ပေါ်ကအရာရှိသားသမီးတွေပါလာရောက်တောင်းရမ်းသည်ထိရှိခဲ့တယ်။ရှောင်းကျန့်ကယောကျာ်းလေးတစ်ယောက်ဖြစ်တာမလို့ယောကျာ်းမယူနိုင်ဘူးဟုဆိုကာအမြဲငြင်းပြီးအဖွားနဲ့သာအတူနေခဲ့သည်။

အသက်အရွယ်ကြီးလာတဲ့အဖွားကသာသနာ့ဘောင်ဝင်ကာရာသက်ပန်တရားအားထုတ်မည့်ဆန္ဒရှိတာကြောင့်ရှောင်းကျန့်မတားခဲ့ပါဘူး။အဖွားကိုဖုယွမ်တောင်ထိပ်ကဘုရားကျောင်းကိုပို့ခဲ့ပြီးနောက်သူလဲကိုယ့်ဘဝအတွက်နန်းတွင်းသို့ဝင်ရန်ချီလင်းမြို့တော်သို့တက်လာခဲ့သည်။

ဆောင်တိုင်ပြည်ရဲ့ဧကရာဇ်ဟာဝတ်ရုံလက်ပြတ်တစ်ယောက်ဖြစ်ပြီးယောကျာ်းလေးဧကရီမြောက်ထားတာဖြစ်သည်။ဒါကြောင့်ဧကရီကိုအလုပ်အကျွေးပြုရန်မိန်းကလေးထက်ယောကျာ်းလေးကပိုပြီးသင့်တော်တာကြောင့်နန်းတွင်းအမှုထမ်းရန်ယောကျာ်းလေးများခေါ်ယူလေသည်။ရှောင်းကျန့်လဲဧကရီထံတွင်အလုပ်အကျွေးပြုရန်နန်းတွင်းထဲဝင်ခဲ့ခြင်းဖြစ်တယ်။

ခုလောလောဆယ်တော့ရှုပ်ထွေးပွေလီတဲ့နန်းတော်ကြီးရဲ့လမ်းတွေမှာရှောင်းကျန့်လိုတောသားလေးကမျက်စိသူငယ်နားသူငယ်ဖြစ်နေရှာတယ်။တခြားသူကိုမေးဖို့ရာလဲသူ့မှာမဝံ့ရဲဘူး။ရှောင်းကျန့်သူ့နဲ့အတူနန်းတွင်းဝင်လာတဲ့လူတွေကိုလိုက်ရှာရင်းဘယ်ရောက်လို့ရောက်မှန်းမသိဖြစ်နေတယ်

သူရောက်နေတဲ့နေရာကပန်းတွေအများကြီးပွင့်ပြီးမက်မွန်ပင်တွေလဲအများကြီးရှိတယ်။မက်မွန်ရာသီမဟုတ်ပါပဲမက်မွန်ပွင့်တို့ကလှပစွာပွင့်လန်းနေပြီးပွင့်ချပ်တို့ကမြေခနေလေသည်။ရှောင်းကျန့်လဲအူကြောင်ကြောင်လေးနှင့်ရှေ့ဆက်လျောက်လာမိတော့မက်မွန်ပင်တို့ကျော်လွန်ကာအလွန်စိမ်းစိုတဲ့တောအုပ်ငယ်လေးဆီရောက်လာသည်။

ရှောင်းကျန့်ရဲ့ပါးစပ်လေးကပြန်မစိနိုင်တော့ပဲအံ့အားသင့်နေမိတယ်။ကျေးငှက်သံတွေလဲကြားရပြီးရေတံခွန်းရဲ့ရေစီးကျသံလဲကြားရသည်။ရှောင်းကျန့်ရေတံခွန်သံနောက်လိုက်သွားမိတယ်။သူ့အထင်သူနန်းတော်ဝန်းရဲ့ပြင်ပရောက်နေပြီလားတောင်ထင်မိသည်။

ရှောင်းကျန့်စိမ်းစိုနေတဲ့သစ်ပင်ကြီးတွေကြားဝင်တိုးသွားသည်။သူမြင်လိုက်တာကသိပ်လှတဲ့ရေတံခွန်ဖွေးဖွေးကြီးဖြစ်တယ်။ယုန်သွားလေးတွေပေါ်သည်ထိပြုံးပြီးခုန်ပေါက်ပြေးသွားလိုက်တယ်။

"ဝါးးအရမ်းလှတာပဲ မြင်လိုက်ရတဲ့ငါတောင်စိတ်ထဲအေးချမ်းသွားတယ်..သာယာလိုက်ပုံများနေချင်စရာကောင်းတယ် "

"အဟမ်း!"

ရှောင်းကျန့်ကရေတံခွန်ကြီးကိုငေးကောင်းနေတုန်းချောင်းဟန့်သံကြောင့်ပုခုံးလေးတုန်တက်ကာအသံလာရာလှည့်ကြည့်မိလိုက်တယ်။ရှောင်းကျန့်ထပ်မံအံ့သြသွားသည်။သူလာတုန်းကသတိမထားမိဘူး သူရပ်နေတဲ့မလှမ်းမကန်းမှာထိုင်နေတဲ့လူတစ်ယောက်ရှိတယ်။ထုံးကျောက်စားပွဲဝိုင်းမှာထိုင်နေတဲ့လူတစ်ယောက်။တော်တော်လေးလှတယ်...နတ်ဘုရားလားတောင်ထင်မှတ်ရသည်ထိလှလွန်းသည်။

ရှောင်းကျန့်လှည့်ကြည့်လာတော့ထိုလူရဲ့မျက်လုံးတောက်တောက်တွေကလက်ခနဲဖြစ်သွားပြီးမဟူရာမျက်ခုံးတစ်ဖက်ကမသိမသာလေးပင့်တက်သွားတယ်။မျက်တောင်မခတ်ရှောင်းကျန့်ကိုစိုက်ကြည့်နေတော့သူလဲငေးမောကြည့်နေမိသည်။

"ဟို ကျွန်တော်လမ်းပျောက်လာလို့ပါ အနှောင့်အယှက်ဖြစ်သွားရင်တောင်းပန်ပါတယ်ခင်ဗျ"

ရှောင်းကျန့်ကသတိလက်လွတ်ငေးနေရာကနေအသိအမြန်ကပ်ပြီးခေါင်းလေးငုံ့ကာတောင်းပန်စကားဆိုလိုက်သည်။ထို့နောက်ပြန်လှည့်ထွက်မည်အပြု

"ခဏ.. အကြမ်းရည်လေးတစ်ခွက်သုံးဆောင်သွားပါ"

ကြားလိုက်ရတဲ့အသံကြောင့်ရှောင်းကျန့်ရင်ထဲတစ်မျိုးလေးဖြစ်သွားသည်။လူတွေကပြောကြတယ်ရှောင်းကျန့်ရဲ့အသံကကြည်လင်အေးမြပြီးချိုသာတယ်ကြားရတဲ့သူတိုင်းအမောပြေပြီးစိတ်ကြည်လင်စေသည် ဘာပြောပြောလိုက်လျောချင်မိတဲ့အထိဖြစ်တယ်တဲ့။ခုဒီလူအသံကအရမ်းနားထောင်ကောင်းတယ် ထပ်ပြီးမရပ်မနား နားထောင်ချင်လောက်အောင်ဆွဲဆောင်မှုရှိသည်။စကားသံထဲရုန်းမထွက်နိုင်အောင်အမိန့်တွေပါနေသလိုဒူးထောက်ချင်လောက်အောင်ဖြစ်မိသည်။

"ဟုတ်ကဲ့ကောင်းပါပြီ"

ရှောင်းကျန့်လဲအဝတ်ထုတ်လေးကိုတင်းတင်းပိုက်ရင်းထိုနတ်ဘုရားလေးဆီကိုခပ်ယို့ယို့လေးလျောက်သွားလိုက်သည်။ထို့နောက်ရှေ့ကမျက်နှာချင်းဆိုင်ထိုင်ခုံမှာဝင်ထိုင်လိုက်တယ်။သေချာအနီးကပ်ကြည့်တော့တော်တော်လေးချောပြီးလှလဲလှသည်။ပျော့ပျောင်းစင်းကျနေတဲ့ဆံပင်တွေကိုအပြောင်သိမ်းထားပြီးထင်ရှားတဲ့နှာတံစင်းစင်းနဲ့စူးတောက်နေတဲ့မျက်ဝန်းနက်တွေ၊ရေးရေးလေးပြုံးနေတဲ့နှုတ်ခမ်းလုံးလုံးအိအိလေးတွေကအနည်းငယ်မာန်ရှိသည်ဟုထင်မိသည်။ပြီးတော့မထိရက်လောက်အောင်လှပလွန်းတဲ့အသားအရည် ရယ်ဖောင်းအိနေမဲ့ပါးလေးတွေရယ်။သူ့ရှေ့ကလူကရှောင်းကျန့်ထိုင်ငေးချင်လောက်အောင်ပါပဲ

ကြွေကရားထဲကရေနွေးတွေကိုပန်းကနှုတ်ဖော်ထားတဲ့ကြွေခွက်လေးထဲငှဲ့ထဲ့နေတဲ့အသံတွေကိုကြားရသည်။နတ်ဘုရားလေးရဲ့လက်ချောင်းတွေကိုရှောင်းကျန့်ငေးကြည့်မိတယ် ရှောင်းကျန့်လိုသွယ်လျပြီးလှပနေတာမဟုတ်ပဲအနည်းငယ်ယောကျာ်းဆန်သည်။ရှောင်းကျန့်ရဲ့လက်ချောင်းတွေကသေးသေးလေးနဲ့သွယ်လျနေပြီးလက်သည်းခွံကြည်ကြည်လေးတွေကမြင်ရသူတိုင်းကိုကိုင်ကြည့်ချင်အောင်ဖြစ်စေသည်။ရှောင်းကျန့်ကသတိမထားမိဘဲသူ့ကိုယ်ကိုရှေ့ကလူနှင့်နှိုင်းယှဉ်နေမိသည်။

ငေးကောင်းနေတုန်းသူ့ကိုကမ်းပေးလာတဲ့အကြမ်းရည်ခွက်ကိုရှက်ကိုးရှက်ကန်းနှင့်လှမ်းယူလိုက်သည်။

"ဒီကိုဘယ်လိုရောက်လာတာလဲ"

"အာ..ကျွန်တော်ကနန်းတွင်းထဲခုမှဝင်လာတဲ့သူပါ အဖော်တွေနဲ့ကွဲပြီးလမ်းပျောက်သွားလို့ဘယ်သွားရမှန်းမသိဖြစ်ပြီးဒီကိုရောက်လာတာ"

ရှောင်းကျန့်ကပြောတော့ရှေ့ကလူကမျက်ဝန်းနက်တွေနဲ့စိုက်ကြည့်နေသည်။ပေါက်ထွက်တော့မတတ်ကြည့်နေတာမလို့ရှောင်းကျန့်တစ်မျိုးဖြစ်သွားတယ်။အကြည့်တွေကအဓိပ္ပါယ်ဖော်ရခတ်ပြီးနာမလည်နိုင်ဖြစ်ရတယ်။ရှောင်းကျန့်ကအနေခတ်စွာနဲ့နှုတ်ခမ်းလေးသာအသာဖိကိုက်လိုက်တော့သူကိုက်ထားတဲ့နှုတ်ခမ်းကိုစိုက်ကြည့်နေပြန်တယ်။

"ဟို..ဟိုလေအကြမ်းရည်အတွက်ကျေးဇုတင်ပါတယ်ကျွန်တော်သွားပါတော့မယ် "

ရှောင်းကျန့်ကမတ်တပ်ထရပ်ကာခါးအနည်းငယ်ကိုင်းပြီးရိုသေသမှုနှင့်နှုတ်ဆတ်သည်။ဆက်ထိုင်နေလို့မှမဖြစ်တာ နေကစောင်းတော့မယ်။

"မင်းသွားရမဲ့နေရာကိုသိလို့လား"

"ခင်ဗျာ"

"လမ်းသိလို့လား"

"အာ..ဟီးဟီး မသိပါဘူး"

ရှောင်းကျန့်မျက်နှာချိုသွေးကာပြောလိုက်တော့ထိုလူကထိုင်နေရာကနေထရပ်ပြီးသူ့နားလျောက်လာတယ်။အနားရောက်လာတဲ့သူဆီကမက်မွန်ပန်းနံ့သင်းသင်းလေးရသည်။ရှောင်းကျန့်ကထိုလူကိုမျက်လုံးဝိုင်းဝိုင်းလေးနဲ့ပြုံးပြီးကြည့်နေသည်။သူ့နားပိုတိုးကပ်လာတဲ့လူကြောင့်တောင့်တောင့်လေးဖြစ်နေတယ်။

"ဒီတောကထွက်ရင်မက်မွန်ဥယျာဉ်ရှိတယ် အဲ့ဒီကလွန်ရင်လမ်းမကြီးတစ်ခုကိုရောက်သွားမယ်ဘယ်ဘက်တည့်တည့်ကိုသွား ဧကရီရဲ့ထောင်ဟွားနန်းဆောင်ရှိတယ် အဲ့ဒီ့အဆောင်ရဲ့မျက်နှာချင်းဆိုင်အဆောင်ကကြင်ယာတော်လျန်ရဲ့အဆောင်တော်.."

နတ်ဘုရားလေးရဲ့စကားကိုနားထောင်ပြီးရှောင်းကျန့်မျက်တောင်နှစ်ချက်လောက်ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားသည်။

"ကျွန်တော်ကအဲ့ဒီအဆောင်ကိုသွားမှာမဟုတ်ဘူးလေ"

"အဟင်း ကြင်ယာတော်လျန်ရဲ့အဆောင်နောက်မှာမင်းတို့အမှုထမ်းသစ်တွေရဲ့ယာယီအဆောင်လေ"

"အော်..ကျွန်တော်နားလည်သွားပြီကျေးဇုတင်ပါတယ် သွားခွင့်ပြုပါအုံး"

ရှောင်းကျန့်ကဝမ်းသားအားရနှင့်ပြုံးပြီးထွက်သွားဖို့လုပ်တယ်။ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက်ခဏရပ်ကာပြန်လှည့်လာသည်။ခုထိရပ်နေတုန်းဖြစ်တဲ့လူကနားမလည်သလိုကြည့်တယ်။

ရှောင်းကျန့်ကမျက်လုံးလေးတွေမှိတ်တဲ့ထိပြုံးပြီးလက်သီးဆုတ်ပေါ်လက်ဝါးအုပ်ကာထုံးထမ်းစဉ်လာတိုင်းနှုတ်ဆတ်သည်။

"ကျွန်တော့်နာမည်ကရှောင်းကျန့်ပါ ဧကရီကိုအလုပ်အကျွေးပြုဖို့ရောက်လာတာပါ ဒီကမိတ်ဆွေလဲနန်းတွင်းထဲကလူပဲဆိုရင်နောက်တော့ပြန်တွေ့ရဖို့မျော်လင့်ပါတယ် "

ရှေ့ကနတ်ဘုရားလေးကပြန်ပြုံးပြီးခေါင်းအသာငြိမ့်ပြသည်။အားလားလား နတ်ဘုရားလေးပြုံးတော့အရမ်းလှတာပဲတလောကလုံးပန်းတွေပွင့်သွားသလိုပဲ။ရှောင်းကျန့်ကနှုတ်ဆတ်စကားဆိုပြီးသူ့ရဲ့အဝတ်ထုတ်လေးကိုပုခုံးပေါ်ပြောင်းလွယ်ကာတက်ကြွစွာနဲ့ခုန်ပေါက်ပြီးထွက်သွားတော့တယ်။

ယုန်လေးလိုခုန်ဆွခုန်ဆွသွားနေတဲ့သူလေးရဲ့ကျောပြင်လေးကိုတဆုံးကြည့်ရင်းသူ့ရဲ့အပြုံးတွေကပိုမိုပီပြင်လာတယ်။အကြာကြီးနေမှဒီလိုပြန်ပြုံလာတာကဒီအူကြောင်ကြောင်ကောင်လေးကြောင့်တဲ့လား..

*^^*

မနက်စောစောထပြီးအပျိုတော်ထိန်းကြီးဆီသူတို့သွားရသည်။အပျိုတော်ထိန်းကသူတို့ရဲ့အလုပ်ကိုခွဲဝေပေးမှာဖြစ်ပြီးဧကရီရဲ့အနီးကပ်အစေခံကိုလဲရွေးချယ်မှာဖြစ်တာမလို့ရှောင်းကျန့်အပါအဝင်အားလုံးကစိတ်လှုပ်ရှားနေကြတယ်။နန်းတွင်းသားလေးတွေလိုတူညီဝတ်စုံလေးတွေဝတ်ပြီးနှစ်ယောက်တစ်တွဲတန်းစီကာအစေခံခေါင်းဆောင်နောက်လိုက်သွားကြရသည်။

ရှောင်းကျန့်ကသူ့ဘေးကသူ့ရဲ့တွဲဖက်ကိုကြည့်လိုက်တယ်။ရုပ်ရည်ကအသင့်အတင့်ဖြစ်ပြီးကြည့်ပျော်ရှုပျော်ရှိသည်။တည်တင်းပြီးမှုန်ကုပ်နေတဲ့မျက်နှာထားကြောင့်သူစကားမပြောရဲပဲငြိမ်နေလိုက်တယ်။တစ်နေရာအရောက်မှာအစေခံခေါင်းဆောင်ကရပ်လိုက်တော့ရာကျော်တဲ့လူတန်းကြီးကလဲရပ်ပြီးခေါင်းငုံ့ထားကြသည်။ဘာကြောင့်လဲမသိပေမဲ့ရှောင်းကျန့်လဲသူများနည်းတူခေါင်းငုံ့ထားလိုက်တယ်။

"ဧကရီပဲ"

"ဟမ်"

"ငါတို့ရှေ့ကဧကရီဖြတ်သွားလို့အရိုအသေပေးကြတာ"

သူ့ဘေးကမျက်နှာသေကပြောတော့မှနားလည်သွားသည်။ရှောင်းကျန့်ကလူတွေရဲ့အနောက်ဆုံးနားလောက်မှာတန်းစီရတာမလို့ဧကရီကိုမမြင်လိုက်ရပေ။ကြားဖူးတာတော့ဧကရီကအတော်လေးချောတယ်တဲ့ယောကျာ်လေးတစ်ယောက်ဖြစ်တာတောင်နတ်ဘုရားရှုံးအောင်လှသည်တဲ့။ရှောင်းကျန့်ဧကရီကိုမြင်ဖူးချင်သည်ဧကရီအနားမှာလဲနေရဖို့မျော်လင့်ပါတယ်။

အပျိုတော်ထိန်းဆီရောက်တဲ့အခါမှာမျက်နှာထားတည်တည်နဲ့စကားပြောရင်မာန်အပြည့်ရှိပြီးသြဇာညောင်းတဲ့အပျိုတော်ထိန်းကသူတို့ကိုတာဝန်တွေခွဲပေးသည်။

"မင်းတို့နန်းတွင်းဝင်လာပြီးဆိုတာနဲ့ဘဝတစ်ခုလုံးတိုင်းပြည်အပေါ်ပုံအပ်ထားရမယ် ဧကရာဇ်ကိုသစ္စာရှိရမယ် မင်းတို့သွားရမဲ့နေရာတွေနဲ့တာဝန်ကတ်ပြားတွေကိုဟိုဘုတ်ပြားမှာနာမည်နဲ့တကွချိတ်ထားတယ်..စနစ်တကျတန်းစီပြီးသွားယူကြချေ"

အပျိုတော်ထိန်းရဲ့စကားအဆုံးအားလုံးကညီညာစွာတန်းစီပြီးသူတို့ကတ်ပြားတွေကိုယူကြသည်။သစ်သားကတ်ပြားမှာနာမည်ရောရာထူးတာဝန်ပါဖော်ပြထားသည်။အားလုံးအသီးသီးကတ်ပြားရရှိသွားပြီးနောက်ဆုံးရှောင်းကျန့်အလှည့်ရောက်တော့သူ့နာမည်ကတ်ပြားကိုမတွေ့ရပေ။ရှောင်းကျန့်မတင်မကျဖြစ်သွားပြီးအပျိုတော်ထိန်းဆီသွားလိုက်တယ်။

"အပျိုတော်ထိန်း ကျွန်တော့နာမည်မပါဘူး"

သူပြောလိုက်တော့အပျိုတော်ထိန်းကခြေဆုံးခေါင်းဆုံကြည့်လာတယ်။ပြီးတော့သူ့မျက်နှာကိုစိုက်ကြည့်ကာ

"နင်ကဝင်ခွင့်အမှတ်105ရှောင်းကျန့်ဆိုတာလား"

သူ့ကိုသိနေတာမလို့ရှောင်းကျန့်အံ့သြသွားသည်။ခေါင်းကိုတဆတ်ဆတ်ငြိမ့်ပြတော့အပျိုတော်ထိန်းကတစ်ချက်ပြုံးတယ်။ပြီးတော့သူ့ကိုကတ်ပြားတစ်ခုထုတ်ပေးလာသည်။ထိုကတ်ပြားကရှောင်းကျန့်နာမည်ကတ်ပြားဖြစ်ပြီးတာဝန်ကဧကရီရဲ့အနီးကပ်အစေခံတဲ့။ရှောင်းကျန့်မှာအံ့သြဝမ်းသာဖြစ်သွားရသည်။

"ငါနဲ့လိုက်ခဲ့"

"ဟုတ် ဟုတ်ကဲ့ပါ"

ရှောင်းကျန့်စိတ်လှုပ်ရှားလွန်းလို့အသံတွေပါတုန်ယင်နေလေသည်။အပျိုတော်ထိန်းလှည့်ထွက်သွားတာနဲ့ရှောင်းကျန့်ဝမ်းသာပြီးတစ်ချက်ထခုန်လိုက်တယ်။ပြီးနောက်အပျိုတော်ထိန်းနောက်ကိုခပ်ယို့ယို့လေးနှင့်သာလိုက်သွားလိုက်သည်။ဧကရီရဲ့အနီးကပ်အစေခံနေရာကိုဒီလောက်လွယ်လင့်တကူရရှိလိမ့်မယ်လို့သူမထင်မိခဲ့ရိုးပါ။ထိုတော့တခြားလူတွေကသူ့ကိုမကျေနပ်တဲ့အကြည့်တွေနဲ့ကြည့်နေကြတာရောအားကျဖွယ်မျက်လုံးတွေနဲ့ကြည့်နေကြတာကိုပါတွေ့ခဲ့ရသည်။ဒါတွေကဘာအရေးလဲအဓိကသည်ကဧကရီအနားနေရဖို့ပဲလေ။

ထွက်သွားတဲ့နှစ်ယောက်ကိုလူအုပ်ကြားကမျက်နှာထားတင်းတင်းနဲ့တစ်စုံတစ်ယောက်ကစိုက်ကြည့်လို့နေသည်။

*^^*

ထောင်ဟွားနန်းဆောင်..

တိတ်ဆိတ်အေးချမ်းပြီးဆိတ်ငြိမ်းတဲ့ရပ်ဝန်းလေးဖြစ်ပြီးမက်မွန်ပင်တို့သာမကအခြားသောအရိပ်ရအပင်ကြီးတွေလဲပေါက်ရောက်နေသည်။နန်းဆောင်ပတ်ပတ်လည်ကိုအရောင်အသွေးစုံတဲ့ပန်းပင်ပန်းမန်တို့ကဝန်းရံစိုက်ပျိုးထားလေသည်။ပန်းပွင့်လေးတွေမှာနားပြီးဝတ်ရည်စုပ်ယူနေတဲ့အရောင်ပြောင်းလိပ်ပြာလေးတွေကိုတွေ့တော့ရှောင်းကျန့်လိုက်ဖမ်းချင်တဲ့စိတ်ကိုချိုးနှိမ်ထားရတယ်။

အပျိုတော်ထိန်းနဲ့အတူနန်းဆောင်ထဲလိုက်ဝင်လာတော့နန်းဆောင်ရဲ့အတွင်းပိုင်းအပြင်အဆင်ကလဲရှုမောဖွယ်ကောင်းသည်။အတွင်းအပြင်အေးချမ်းလှတဲ့အငွေ့အသက်တွေရစ်သိုင်းနေတယ်။ဧကရီနဲ့တွေ့ရဖို့နီးလေရှောင်းကျန့်ရင်တုန်လေဖြစ်နေတယ်။

"ဧကရီ ကိုအရိုအသေပေးပါတယ် ဧကရီသက်တော်ရာကျော်ရှည်ပါစေ"

အပျိုတော်ထိန်းကပြောပြီးဦးညွတ်လိုက်တော့သူတို့ရှေ့ကကျောခိုင်းလျက်ထိုင်နေတဲ့သူကဧကရီဆိုတာသိလိုက်သည်။ရှောင်းကျန့်လဲခေါင်းငုံ့ကာဦးညွတ်လိုက်သည်။

"ဧကရီရဲ့အနီးကပ်အစေခံရောက်ရှိလာပါပြီ နာမည်ကရှောင်းကျန့်တဲ့ "

"အစေခံရှောင်းကျန့်ဧကရီကိုအရိုအသေပေးပါတယ်"

ရှောင်းကျန့်ကဦးညွတ်အရိုအသေပေးရင်းခေါင်းငုံ့ထားပေမဲ့ဧကရီကမတ်တပ်ရပ်ထရပ်ကာသူ့ဆီခြေဦးတည်နေတာကိုတော့ခံစားမိသည်။စည်းချက်ကျပြီးတစ်လှမ်းချင်းလှမ်းလာတဲ့ခြေသံတွေနီးကပ်လာတော့ရှောင်းကျန့်လက်ဖျားတွေအေးစက်လာသည်။

သူ့ရှေ့တည့်တည့်မှာလာရပ်သည်ထိသူမော့မကြည့်မိသေး နှာခေါင်းဝကိုတိုးဝင်ကျီစယ်လာတဲ့မက်မွန်ပန်းရနံ့ကိုသူရင်နှီးနေသည်။မျက်လုံးလေးအသာပင့်ကြည့်တော့ဧကရီရဲ့ရင်အုပ်ကျယ်ကိုမြင်ရတယ်။ပိုးဖဲဝတ်ရုံအဖြူလွင့်လွင့်မှာရွှေရောင်ကနုတ်ပန်းတို့ထိုးထားတဲ့ဝတ်ရုံကအတော်လေးတန်ဖိုးကြီးမည်။ထိုမှထပ်ပြီးမကြည့်ရဲတော့တာမလို့ရှောင်းကျန့်ခေါင်းကိုသာမြေကြီးထဲစိုက်ဝင်လုမတတ်ငုံ့ထားလိုက်တယ်။သူနားကြားမှားတာလားမသိပေမဲ့ရယ်သံတိုးညင်းညင်းလေးကိုကြားလိုက်သလားပဲ။

ထိုချိန်သူ့မေးကိုခပ်နွေးနွေးလက်ချောင်းလေးများကလာရောက်ထိတွေ့တာမလို့ပုခုံးလေးကျုံ့သွားမိသည်။ဧကရီဆိုတဲ့အသိကြောင့်ဒီတိုင်းလေးငြိမ်နေမိတယ်။သူ့မေးကိုလက်ချောင်းလေးနဲ့အသာပင့်မော့စေတာမလို့ရှောင်းကျန့်ဧကရီကိုကြည့်လိုက်မိတယ်။

ရှေ့ကလူကိုကြည့်ပြီးအံ့သြဆွံ့အကာပါးစပ်မစိနိုင်ဖြစ်သွားရသည်။အကြောင်းသည်ကားလွန်ခဲ့တဲ့တစ်ရက်ကတောအုပ်ငယ်ထဲအကြမ်းရည်တစ်ခွက်တိုက်ခဲ့တဲ့သူဖြစ်နေခြင်းကြောင့်ပင်။ထိုနတ်ဘုရားလေးကဧကရီတဲ့လား ဒီလောက်ထိလှနေတာမထူးဆန်းတော့ပါဘူး။

ဧကရီကရှောင်းကျန့်ရဲ့မေးကိုပင့်မော့စေရင်းနှင့်ပင်နူးညံ့လှတဲ့အပြုံးပန်းတစ်ပွင့်နဲ့စိုက်ကြည့်နေလေသည်။

"ထပ်တွေ့ကြပြီ"

"ဟို ဧ ဧကရီမှန်းမသိလို့တောင်း..တောင်းပန်ပါတယ်"

စိတ်လှုပ်ရှားလွန်းပြီးထွက်ကျလာတဲ့စကားတွေကအထစ်ထစ်အငေါ့ငေါ့ ဧကရီကသဘောကျဟန်ပြုံးကာအပျိုတော်ထိန်းကိုထွက်သွားစေသည်။

ရှောင်းကျန့်ကနေရာမှာပဲတောင့်တောင့်လေးရပ်နေပြီးဧကရီကခုနကခုံမှာပြန်ထိုင်နေလေသည်။ရှောင်းကျန့်လဲဘာလုပ်ရမှန်းမသိဧကရီကလဲစကားမစတာနဲ့ပတ်ဝန်းကျင်ကတိတ်ဆိတ်နေတယ်။

"ဟို.ဧကရီဘာများလိုအပ်တာရှိလဲ ကျွန်တော့်ကိုပြောပါကျွန်တော်အားလုံးလုပ်ပေးပါ့မယ်"

တိတ်ဆိတ်နေမှုကြီးကိုမနေတတ်တာမလို့ရှောင်းကျန့်ကအရင်စကားစလိုက်သည်။ဧကရီကသူ့ကိုလှည့်ကြည့်ကာမျက်တောင်မခတ်စိုက်ကြည့်နေပြန်တယ်။ရှောင်းကျန့်ပါးစပ်လေးပိတ်သွားသည်။မျက်ဝန်နက်တွေနဲ့စူးစိုက်ကြည့်နေတာများရှောင်းကျန့်ကိုအကောင်လိုက်မြိုချတော့မလိုပင်။ဘာကြောင့်လဲမသိ ဧကရီထိုသို့စိုက်ကြည့်လျှင်ရှောင်းကျန့်ကြက်သီးမွှေးညင်းတို့ထိုးထောင်သွားရသည်။

"ဒီနားလာထိုင်"

"ဗျာ"

"ဒီနားကိုလာ"

ရှောင်းကျန့်ကမျက်လုံးပြူးပြူးလေးနဲ့ကြောင်တောင်တောင်ပြန်မေးမိတော့ဧကရီကသူ့ဘေးကထိုင်ခုံကိုပုတ်ပြသည်။ရှောင်းကျန့်လဲပြုံးကာဧကရီစကားကိုနားထောင်လိုက်တယ်။

"ငါ့နာမည်ကိုသိလား"

"ဟုတ်ကဲ့သိပါတယ်"

"ပြောကြည့်"

ဧကရီကစားပွဲကိုမေးထောက်ကာသူ့ကိုစောင်းကြည့်ရင်းလေသံအေးအေးလေးနဲ့ပြောသည်။ရှောင်းကျန့်ကလက်ချောင်းတွေကိုယှက်နွယ်လိုက်တယ်။ဧကရီရဲ့နာမည်ကိုကာယကံရှင်အရှေ့မှာထုတ်ပြောရမှာတစ်မျိုးပဲ

"ပြောကြည့်လေ"

"ဟို..ဝမ် ဝမ်ရိပေါ်ပါ"

"အာ..နားထောင်ကောင်းလိုက်တာ ငါ့နာမည်ကိုရှောင်းကျန့်နှုတ်ကပြောတာကိုကြားရတာအရမ်းကိုနားဝင်ချိုလှတယ်"

ရှောင်းကျန့်ကမျက်လုံးလေးမှေးကျသည်ထိမူပိုင်အပြုံးလေးပြုံးကာအနည်းငယ်ရှက်ရွံ့သွားသည်။အစပိုင်းမှာဧကရီကိုအနည်းငယ်ရှိန်နေပေမဲ့ကြာရင်တော့အဆင်ပြေသွားမှာပါ။ဧကရီကချောလဲချောတယ်သဘောလဲကောင်းပါတယ်။ရှေ့ဆက်ပြီးအချိန်အကြာကြီးနေရဖို့မျော်လင့်ပါတယ်။

"အနေခတ်တာမျိုးတွေဖြစ်နေစရာမလိုဘူးလွတ်လွတ်လပ်လပ်နေလို့ရတယ် ခုချိန်ကစပြီးငါတို့ကညီအကိုတွေပဲ တစ်ယောက်ကိုတစ်ယောက်ပွင့်လင်းကြတာပေါ့"

"ကျေးဇုတင်ပါတယ်"

"အိုး.. ကျေးဇုတင်ဖို့မလိုဘူး ပြောပြီပြီလေငါတို့ကညီအကိုတွေပါဆို "

"မဟုတ်တာပဲ ကျွန်တော်ကဧကရီရဲ့အစေခံပါ"

"ရှောင်းကျန့်ကငါ့အစေခံဆိုတော့ရှောင်းကျန့်ကိုငါပိုင်သွားပြီပေါ့နော်"

"ဟင်.."

ရှောင်းကျန့်ကနားမလည်စွာကြည့်တော့ဧကရီကပြုံးစစဖြင့်မျက်နှာလွဲလိုက်သည်။

"ဘာမှမဟုတ်ပါဘူး"

ခေါင်းကိုအသာခါးပြီးခပ်ပြုံးပြုံးဖြေလာတော့ရှောင်းကျန်ကလဲငြိမ်ငြိမ်လေးသာဧကရီဘေးနားထိုင်နေလိုက်သည်။

"အာ.ညောင်းလိုက်တာ"

"ဧကရီညောင်းလို့လား ကျွန်တော်နှိပ်နယ်ပေးမယ်လေ ရွာမှာဆိုဖွားဖွားညောင်းရင်ကျွန်တော်အမြဲနှိပ်ပေးတာ"

"ရပါတယ် ဒီတိုင်းထိုင်နေပါနည်းနည်းအကြောဆန့်ပြီးရင်အဆင်ပြေသွားမှာပါ"

ရှောင်းကျန့်လဲဆက်ပြီးအထွန့်မတတ်တော့ပဲငြိမ်နေလိုက်သည်။ဧကရီကအကြောဆန့်ပြီးလက်မောင်းတွေဆန့်တန်းကာရှောင်းကျန့်ထိုင်ခုံနောက်မှီပေါ်လက်တင်ထားလိုက်တယ်။ခန္ဓာကိုယ်ကလဲရှောင်းကျန့်နားပိုတိုးလာတာမလို့အလိုလိုနေရင်းရှောင်းကျန့်ကဧကရီရင်ခွင်ထဲရောက်သွားသည်။

လက်တွေကိုပြန်မရုတ်သိမ်းပဲထိုပုံစံအတိုင်းရှိနေတာမလို့ရှောင်းကျန့်ခန္ဓာကိုယ်လေးကျုံ့ထားမိလေသည်။ဘယ်ကိုကြည့်လို့ကြည့်ရမှန်းမသိတာကြောင့်မျက်လုံးအကြည့်တွေကစားပွဲခုံကိုသာအလုံးစုံပို့ထားလိုက်တယ်။ဧကရီအညောင်းသက်သာရင်လက်ကိုပြန်ရုတ်သိမ်းမှာပါ။

ဧကရီကရှောင်းကျန့်ရဲ့မျက်နှာလှလှလေးကိုစိုက်ကြည့်နေပြီးနှုတ်ခမ်းတွေတွန့်ပြုံးလိုက်တယ်။.မနက်စောစောအပျိုတော်ထိန်းဆီသွားတွေ့ပြီးရှောင်းကျန့်ဆိုတဲ့နာမည်ကတ်ပြားကိုတမင်ရွေးချယ်ခဲ့တာသူပဲသိပါလိမ့်မည်။

💚💛❤

    1ခု
Zaw

"ေနာက္တစ္ေယာက္.."

ခပ္က်ယ္က်ယ္အသံအဆုံးစားပြဲေပၚဝင္ခြင့္အမိန႔္ျပားကိုခ်ေပးလိုက္တယ္။တက္ႂကြလန္းဆန္းေနတဲ့မ်က္ႏွာေလးထက္လွလွပပေလးၿပဳံးၿပီးပိတ္စနဲ႔ထုတ္ထားတဲ့အဝတ္ထုတ္ေလးကိုပုခုံးေပၚျပင္လြယ္လိုက္တယ္။

"အမည္ ေရွာင္းက်န႔္ အသက္ ၁၉ လိင္က ေယာက်ာ္းေလး "

"ဟုတ္ပါတယ္ခင္ဗ်"

အသံၾကည္ေအးေအးေလးကစိမ့္စမ္းေရသမွ်ေအးခ်မ္းလွသည္။ၾကားရသူတို႔အဖို႔အေမာေျပရာေလးျဖစ္ေစတယ္။အသံၾကား႐ုံနဲ႔အားမရေတာ့ေမာ့ၾကည့္မိေတာ့ပါးစပ္အေဟာင္းသားနဲ႔ေငးေမာမိသြားသည္။

ခပ္ႏြမ္းႏြမ္းခ်ည္သားဝတ္စုံေလးနဲ႔ပိတုန္းေရာင္ေကသာေပ်ာ့ေပ်ာ့ကိုကပိုက႐ိုျဖစ္သလိုစည္းေႏွာင္ထားသည္။နဖူးေျပေျပေလးထက္ေဝ့ဝဲက်ေနတဲ့ဆံသားပါးပါးေလးကေလႏွင္ရာလူးလြင့္ေနေလတယ္။မထူမပါးမ်က္ခုံးနက္တန္းတန္းေလးကေက်ာ့ရွင္းၿပီးသပ္ရပ္ေနသည္။ခပ္တိုတိုမ်က္ေတာင္စိပ္စိပ္တို႔ဝန္းရံထားတဲ့မ်က္ဝန္းသြယ္သြယ္ေလးကအနည္းငယ္ေမွးက်သည္ထိၿပဳံးရယ္ေနေလသည္။ခြၽန္တာလဲမဟုတ္အနည္းငယ္ခပ္လုံးလုံးေလးျဖစ္ေနတဲ့ႏွာေခါင္းေလးနဲ႔နီေစြးေစြးႏႈတ္ခမ္းပါးတို႔ကပနံသင့္လွပေလရဲ႕။တက္ႂကြၿပီးအစြမ္းကုန္ၿပဳံးေနတဲ့ႏႈတ္ခမ္းပါးေလးေအာက္အနက္ေရာင္မွဲ႔စက္ေလးသည္ကဒီလူသားေလးရဲ႕အလွကိုပိုၿပီးဆြဲေဆာင္မႈရွိေအာင္လုပ္ေပးသည္။..ဒီေကာင္ေလးရဲ႕အလွကဧကရီရဲ႕အလွကိုေတာင္မွီတဲ့ထိလွရက္လြန္းပါတယ္

"အဟမ္း ဝင္လို႔ရပါၿပီ"

"ဟုတ္ကဲ့ေက်းဇုတင္ပါတယ္"

ေငးလြန္းၿပီးငုတ္တုတ္ႀကီးေမ့သြားတာကိုလွ်င္ျမန္စြာအသိဝင္ၿပီးဝင္ခိုင္းလိုက္ေတာ့ေက်ာက္စိမ္းနန္းေတာ္တံခါးႀကီးကိုျဖတ္ကာဝင္သြားသည္။

နန္းေတာ္တံခါးကိုျဖတ္ၿပီးတာနဲ႔သူ႔ေရွ႕ကဝင္သြားတဲ့လူေတြေနာက္လိုက္သြားရသည္။ေရွာင္းက်န႔္ကအဝတ္ထုတ္ေလးပိုက္ၿပီးဟိုၾကည့္ဒီၾကည့္နဲ႔ျမင္ျမင္သမွ်အထူးအဆန္းျဖစ္ေနသည္။

နန္းေတာ္ဆိုတဲ့အရာကႀကီးက်ယ္ခမ္းနာဆုံးမဟုတ္လား လွပတဲ့အေဆာက္အအုံေတြရယ္ ရႈမဝေအာင္သာယာလွတဲ့ျမင္ကြင္းေတြရယ္ လူေတြကလဲအမ်ားႀကီးပဲ။အရာရွိအမတ္ဝတ္စုံေတြနဲ႔အမတ္ေတြတန္းစီၿပီးညီလာခံသဘင္ဆင္ႏြဲရာသြားၾကတာနဲ႔ဆုံေတာ့ေရွာင္းက်န႔္တို႔ကရပ္ကာဦးၫြတ္အ႐ိုအေသေပးရသည္။

နန္းတြင္းသူေလးေတြသယ္ေဆာင္သြားတဲ့အရသာရွိတဲ့မုန႔္ေတြ လွပၿပီးတန္ဖိုးႀကီးတဲ့လက္ဝတ္ရတနာေတြၿပီးေတာ့တိုင္းတပါးကေပးပို႔တဲ့လက္ေဆာင္ပနာေတြကိုေတြ႕ေတာ့ေရွာင္းက်န႔္မ်က္လုံးေတာက္ေတာက္ေလးေတြနဲ႔ေငးၾကည့္မိသည္။အေရာင္တလက္လက္ထေနတဲ့ပိုးသားဝတ္စုံေတြကိုေတြ႕ေတာ့ကိုယ့္ကိုကိုယ္ျပန္ငုံ႔ၾကည့္လိုက္ၿပီးႏႈတ္ခမ္းေလးဆူလိုက္မိတယ္။

သူနန္းတြင္းထဲဝင္ႏိုင္ၿပီပဲေနာက္ဆိုရင္ေကာင္းေကာင္းမြန္မြန္ေနရေတာ့မွာပါလို႔ေတြးလိုက္တယ္။အေတြးလြန္ၿပီးအေငးေကာင္းေနလို႔သူ႔ေရွ႕ကအရင္ဝင္သြားတဲ့လူေတြအေရွ႕ကိုေရာက္သြားတာကိုမသိလိုက္ဘူး။သတိရၿပီးၾကည့္လိုက္ေတာ့သူတစ္ေယာက္ပဲရွိေတာ့တယ္ ။တျခားလူေတြကေတာ့အစအနေတာင္ရွာမရေအာင္ေပ်ာက္သြားၿပီျဖစ္တယ္။ေရွာင္းက်န႔္ကသူ႔ေခါင္းသူနာနာေလးထုၿပီးအပစ္တင္လိုက္သည္

"အဲ့ဒီေငးေမာတတ္တဲ့အက်င့္ကဘယ္ေတာ့မွေပ်ာက္မွာလဲ ခုေတာ့ဘယ္ကိုသြားရမလဲမသိေတာ့ဘူးနန္းေတာ္ႀကီးထဲလမ္းေပ်ာက္ၿပီ ကိုယ့္အပစ္နဲ႔ကိုယ္ခံလိုက္ေတာ့"

ဘယ္သြားလို႔သြားရမွန္းမသိစြာနဲ႔ေရွာင္းက်န႔္ကရမ္းတမ္းၿပီးေတာ့ေလ်ာက္လာခဲ့သည္။

ေရွာင္းက်န႔္ဆိုတာကနန္းၿမိဳ႕ေတာ္နဲ႔ေဝးရာေတာ႐ြာဇနပုဒ္ေလးကသာမန္ေကာင္ေလးတစ္ေယာက္ျဖစ္သည္။အဖြားနဲ႔အတူေနၿပီးၿခံေသးေသးေလးထဲစားပင္သီးႏွံေတြစိုက္ပ်ိဳးကာေဈးေလးထဲေရာင္းခ်ၿပီးအသက္ေမြးဝမ္းေၾကာင္းျပဳသည္။သြက္လက္ၿပီးခ်စ္ဖို႔ေကာင္းတဲ့ေကာင္ေလးမလို႔ေတြ႕တဲ့သူတိုင္းခ်စ္ခင္ၾကတယ္။အ႐ြယ္ေလးရလာေတာ့လဲသူမတူေအာင္လွပလြန္းတဲ့႐ုပ္ရည္ေလးေၾကာင့္ပ်ိဳေမးေလးေတြသာမကေယာက်ာ္းပ်ိဳတို႔ပါစြဲလမ္းႏွစ္သက္ျခင္းကိုခံရသည္။႐ြာအနီးကၿမိဳ႕ေပၚကအရာရွိသားသမီးေတြပါလာေရာက္ေတာင္းရမ္းသည္ထိရွိခဲ့တယ္။ေရွာင္းက်န႔္ကေယာက်ာ္းေလးတစ္ေယာက္ျဖစ္တာမလို႔ေယာက်ာ္းမယူႏိုင္ဘူးဟုဆိုကာအၿမဲျငင္းၿပီးအဖြားနဲ႔သာအတူေနခဲ့သည္။

အသက္အ႐ြယ္ႀကီးလာတဲ့အဖြားကသာသနာ့ေဘာင္ဝင္ကာရာသက္ပန္တရားအားထုတ္မည့္ဆႏၵရွိတာေၾကာင့္ေရွာင္းက်န႔္မတားခဲ့ပါဘူး။အဖြားကိုဖုယြမ္ေတာင္ထိပ္ကဘုရားေက်ာင္းကိုပို႔ခဲ့ၿပီးေနာက္သူလဲကိုယ့္ဘဝအတြက္နန္းတြင္းသို႔ဝင္ရန္ခ်ီလင္းၿမိဳ႕ေတာ္သို႔တက္လာခဲ့သည္။

ေဆာင္တိုင္ျပည္ရဲ႕ဧကရာဇ္ဟာဝတ္႐ုံလက္ျပတ္တစ္ေယာက္ျဖစ္ၿပီးေယာက်ာ္းေလးဧကရီေျမာက္ထားတာျဖစ္သည္။ဒါေၾကာင့္ဧကရီကိုအလုပ္အေကြၽးျပဳရန္မိန္းကေလးထက္ေယာက်ာ္းေလးကပိုၿပီးသင့္ေတာ္တာေၾကာင့္နန္းတြင္းအမႈထမ္းရန္ေယာက်ာ္းေလးမ်ားေခၚယူေလသည္။ေရွာင္းက်န႔္လဲဧကရီထံတြင္အလုပ္အေကြၽးျပဳရန္နန္းတြင္းထဲဝင္ခဲ့ျခင္းျဖစ္တယ္။

ခုေလာေလာဆယ္ေတာ့ရႈပ္ေထြးေပြလီတဲ့နန္းေတာ္ႀကီးရဲ႕လမ္းေတြမွာေရွာင္းက်န႔္လိုေတာသားေလးကမ်က္စိသူငယ္နားသူငယ္ျဖစ္ေနရွာတယ္။တျခားသူကိုေမးဖို႔ရာလဲသူ႔မွာမဝံ့ရဲဘူး။ေရွာင္းက်န႔္သူ႔နဲ႔အတူနန္းတြင္းဝင္လာတဲ့လူေတြကိုလိုက္ရွာရင္းဘယ္ေရာက္လို႔ေရာက္မွန္းမသိျဖစ္ေနတယ္

သူေရာက္ေနတဲ့ေနရာကပန္းေတြအမ်ားႀကီးပြင့္ၿပီးမက္မြန္ပင္ေတြလဲအမ်ားႀကီးရွိတယ္။မက္မြန္ရာသီမဟုတ္ပါပဲမက္မြန္ပြင့္တို႔ကလွပစြာပြင့္လန္းေနၿပီးပြင့္ခ်ပ္တို႔ကေျမခေနေလသည္။ေရွာင္းက်န႔္လဲအူေၾကာင္ေၾကာင္ေလးႏွင့္ေရွ႕ဆက္ေလ်ာက္လာမိေတာ့မက္မြန္ပင္တို႔ေက်ာ္လြန္ကာအလြန္စိမ္းစိုတဲ့ေတာအုပ္ငယ္ေလးဆီေရာက္လာသည္။

ေရွာင္းက်န႔္ရဲ႕ပါးစပ္ေလးကျပန္မစိႏိုင္ေတာ့ပဲအံ့အားသင့္ေနမိတယ္။ေက်းငွက္သံေတြလဲၾကားရၿပီးေရတံခြန္းရဲ႕ေရစီးက်သံလဲၾကားရသည္။ေရွာင္းက်န႔္ေရတံခြန္သံေနာက္လိုက္သြားမိတယ္။သူ႔အထင္သူနန္းေတာ္ဝန္းရဲ႕ျပင္ပေရာက္ေနၿပီလားေတာင္ထင္မိသည္။

ေရွာင္းက်န႔္စိမ္းစိုေနတဲ့သစ္ပင္ႀကီးေတြၾကားဝင္တိုးသြားသည္။သူျမင္လိုက္တာကသိပ္လွတဲ့ေရတံခြန္ေဖြးေဖြးႀကီးျဖစ္တယ္။ယုန္သြားေလးေတြေပၚသည္ထိၿပဳံးၿပီးခုန္ေပါက္ေျပးသြားလိုက္တယ္။

"ဝါးးအရမ္းလွတာပဲ ျမင္လိုက္ရတဲ့ငါေတာင္စိတ္ထဲေအးခ်မ္းသြားတယ္..သာယာလိုက္ပုံမ်ားေနခ်င္စရာေကာင္းတယ္ "

"အဟမ္း!"

ေရွာင္းက်န႔္ကေရတံခြန္ႀကီးကိုေငးေကာင္းေနတုန္းေခ်ာင္းဟန႔္သံေၾကာင့္ပုခုံးေလးတုန္တက္ကာအသံလာရာလွည့္ၾကည့္မိလိုက္တယ္။ေရွာင္းက်န႔္ထပ္မံအံ့ၾသသြားသည္။သူလာတုန္းကသတိမထားမိဘူး သူရပ္ေနတဲ့မလွမ္းမကန္းမွာထိုင္ေနတဲ့လူတစ္ေယာက္ရွိတယ္။ထုံးေက်ာက္စားပြဲဝိုင္းမွာထိုင္ေနတဲ့လူတစ္ေယာက္။ေတာ္ေတာ္ေလးလွတယ္...နတ္ဘုရားလားေတာင္ထင္မွတ္ရသည္ထိလွလြန္းသည္။

ေရွာင္းက်န႔္လွည့္ၾကည့္လာေတာ့ထိုလူရဲ႕မ်က္လုံးေတာက္ေတာက္ေတြကလက္ခနဲျဖစ္သြားၿပီးမဟူရာမ်က္ခုံးတစ္ဖက္ကမသိမသာေလးပင့္တက္သြားတယ္။မ်က္ေတာင္မခတ္ေရွာင္းက်န႔္ကိုစိုက္ၾကည့္ေနေတာ့သူလဲေငးေမာၾကည့္ေနမိသည္။

"ဟို ကြၽန္ေတာ္လမ္းေပ်ာက္လာလို႔ပါ အေႏွာင့္အယွက္ျဖစ္သြားရင္ေတာင္းပန္ပါတယ္ခင္ဗ်"

ေရွာင္းက်န႔္ကသတိလက္လြတ္ေငးေနရာကေနအသိအျမန္ကပ္ၿပီးေခါင္းေလးငုံ႔ကာေတာင္းပန္စကားဆိုလိုက္သည္။ထို႔ေနာက္ျပန္လွည့္ထြက္မည္အျပဳ

"ခဏ.. အၾကမ္းရည္ေလးတစ္ခြက္သုံးေဆာင္သြားပါ"

ၾကားလိုက္ရတဲ့အသံေၾကာင့္ေရွာင္းက်န႔္ရင္ထဲတစ္မ်ိဳးေလးျဖစ္သြားသည္။လူေတြကေျပာၾကတယ္ေရွာင္းက်န႔္ရဲ႕အသံကၾကည္လင္ေအးျမၿပီးခ်ိဳသာတယ္ၾကားရတဲ့သူတိုင္းအေမာေျပၿပီးစိတ္ၾကည္လင္ေစသည္ ဘာေျပာေျပာလိုက္ေလ်ာခ်င္မိတဲ့အထိျဖစ္တယ္တဲ့။ခုဒီလူအသံကအရမ္းနားေထာင္ေကာင္းတယ္ ထပ္ၿပီးမရပ္မနား နားေထာင္ခ်င္ေလာက္ေအာင္ဆြဲေဆာင္မႈရွိသည္။စကားသံထဲ႐ုန္းမထြက္ႏိုင္ေအာင္အမိန႔္ေတြပါေနသလိုဒူးေထာက္ခ်င္ေလာက္ေအာင္ျဖစ္မိသည္။

"ဟုတ္ကဲ့ေကာင္းပါၿပီ"

ေရွာင္းက်န႔္လဲအဝတ္ထုတ္ေလးကိုတင္းတင္းပိုက္ရင္းထိုနတ္ဘုရားေလးဆီကိုခပ္ယို႔ယို႔ေလးေလ်ာက္သြားလိုက္သည္။ထို႔ေနာက္ေရွ႕ကမ်က္ႏွာခ်င္းဆိုင္ထိုင္ခုံမွာဝင္ထိုင္လိုက္တယ္။ေသခ်ာအနီးကပ္ၾကည့္ေတာ့ေတာ္ေတာ္ေလးေခ်ာၿပီးလွလဲလွသည္။ေပ်ာ့ေပ်ာင္းစင္းက်ေနတဲ့ဆံပင္ေတြကိုအေျပာင္သိမ္းထားၿပီးထင္ရွားတဲ့ႏွာတံစင္းစင္းနဲ႔စူးေတာက္ေနတဲ့မ်က္ဝန္းနက္ေတြ၊ေရးေရးေလးၿပဳံးေနတဲ့ႏႈတ္ခမ္းလုံးလုံးအိအိေလးေတြကအနည္းငယ္မာန္ရွိသည္ဟုထင္မိသည္။ၿပီးေတာ့မထိရက္ေလာက္ေအာင္လွပလြန္းတဲ့အသားအရည္ ရယ္ေဖာင္းအိေနမဲ့ပါးေလးေတြရယ္။သူ႔ေရွ႕ကလူကေရွာင္းက်န႔္ထိုင္ေငးခ်င္ေလာက္ေအာင္ပါပဲ

ေႂကြကရားထဲကေရေႏြးေတြကိုပန္းကႏႈတ္ေဖာ္ထားတဲ့ေႂကြခြက္ေလးထဲငွဲ႔ထဲ့ေနတဲ့အသံေတြကိုၾကားရသည္။နတ္ဘုရားေလးရဲ႕လက္ေခ်ာင္းေတြကိုေရွာင္းက်န႔္ေငးၾကည့္မိတယ္ ေရွာင္းက်န႔္လိုသြယ္လ်ၿပီးလွပေနတာမဟုတ္ပဲအနည္းငယ္ေယာက်ာ္းဆန္သည္။ေရွာင္းက်န႔္ရဲ႕လက္ေခ်ာင္းေတြကေသးေသးေလးနဲ႔သြယ္လ်ေနၿပီးလက္သည္းခြံၾကည္ၾကည္ေလးေတြကျမင္ရသူတိုင္းကိုကိုင္ၾကည့္ခ်င္ေအာင္ျဖစ္ေစသည္။ေရွာင္းက်န႔္ကသတိမထားမိဘဲသူ႔ကိုယ္ကိုေရွ႕ကလူႏွင့္ႏႈိင္းယွဥ္ေနမိသည္။

ေငးေကာင္းေနတုန္းသူ႔ကိုကမ္းေပးလာတဲ့အၾကမ္းရည္ခြက္ကိုရွက္ကိုးရွက္ကန္းႏွင့္လွမ္းယူလိုက္သည္။

"ဒီကိုဘယ္လိုေရာက္လာတာလဲ"

"အာ..ကြၽန္ေတာ္ကနန္းတြင္းထဲခုမွဝင္လာတဲ့သူပါ အေဖာ္ေတြနဲ႔ကြဲၿပီးလမ္းေပ်ာက္သြားလို႔ဘယ္သြားရမွန္းမသိျဖစ္ၿပီးဒီကိုေရာက္လာတာ"

ေရွာင္းက်န႔္ကေျပာေတာ့ေရွ႕ကလူကမ်က္ဝန္းနက္ေတြနဲ႔စိုက္ၾကည့္ေနသည္။ေပါက္ထြက္ေတာ့မတတ္ၾကည့္ေနတာမလို႔ေရွာင္းက်န႔္တစ္မ်ိဳးျဖစ္သြားတယ္။အၾကည့္ေတြကအဓိပၸါယ္ေဖာ္ရခတ္ၿပီးနာမလည္ႏိုင္ျဖစ္ရတယ္။ေရွာင္းက်န႔္ကအေနခတ္စြာနဲ႔ႏႈတ္ခမ္းေလးသာအသာဖိကိုက္လိုက္ေတာ့သူကိုက္ထားတဲ့ႏႈတ္ခမ္းကိုစိုက္ၾကည့္ေနျပန္တယ္။

"ဟို..ဟိုေလအၾကမ္းရည္အတြက္ေက်းဇုတင္ပါတယ္ကြၽန္ေတာ္သြားပါေတာ့မယ္ "

ေရွာင္းက်န႔္ကမတ္တပ္ထရပ္ကာခါးအနည္းငယ္ကိုင္းၿပီး႐ိုေသသမႈႏွင့္ႏႈတ္ဆတ္သည္။ဆက္ထိုင္ေနလို႔မွမျဖစ္တာ ေနကေစာင္းေတာ့မယ္။

"မင္းသြားရမဲ့ေနရာကိုသိလို႔လား"

"ခင္ဗ်ာ"

"လမ္းသိလို႔လား"

"အာ..ဟီးဟီး မသိပါဘူး"

ေရွာင္းက်န႔္မ်က္ႏွာခ်ိဳေသြးကာေျပာလိုက္ေတာ့ထိုလူကထိုင္ေနရာကေနထရပ္ၿပီးသူ႔နားေလ်ာက္လာတယ္။အနားေရာက္လာတဲ့သူဆီကမက္မြန္ပန္းနံ႔သင္းသင္းေလးရသည္။ေရွာင္းက်န႔္ကထိုလူကိုမ်က္လုံးဝိုင္းဝိုင္းေလးနဲ႔ၿပဳံးၿပီးၾကည့္ေနသည္။သူ႔နားပိုတိုးကပ္လာတဲ့လူေၾကာင့္ေတာင့္ေတာင့္ေလးျဖစ္ေနတယ္။

"ဒီေတာကထြက္ရင္မက္မြန္ဥယ်ာဥ္ရွိတယ္ အဲ့ဒီကလြန္ရင္လမ္းမႀကီးတစ္ခုကိုေရာက္သြားမယ္ဘယ္ဘက္တည့္တည့္ကိုသြား ဧကရီရဲ႕ေထာင္ဟြားနန္းေဆာင္ရွိတယ္ အဲ့ဒီ့အေဆာင္ရဲ႕မ်က္ႏွာခ်င္းဆိုင္အေဆာင္ကၾကင္ယာေတာ္လ်န္ရဲ႕အေဆာင္ေတာ္.."

နတ္ဘုရားေလးရဲ႕စကားကိုနားေထာင္ၿပီးေရွာင္းက်န႔္မ်က္ေတာင္ႏွစ္ခ်က္ေလာက္ပုတ္ခတ္ပုတ္ခတ္ျဖစ္သြားသည္။

"ကြၽန္ေတာ္ကအဲ့ဒီအေဆာင္ကိုသြားမွာမဟုတ္ဘူးေလ"

"အဟင္း ၾကင္ယာေတာ္လ်န္ရဲ႕အေဆာင္ေနာက္မွာမင္းတို႔အမႈထမ္းသစ္ေတြရဲ႕ယာယီအေဆာင္ေလ"

"ေအာ္..ကြၽန္ေတာ္နားလည္သြားၿပီေက်းဇုတင္ပါတယ္ သြားခြင့္ျပဳပါအုံး"

ေရွာင္းက်န႔္ကဝမ္းသားအားရႏွင့္ၿပဳံးၿပီးထြက္သြားဖို႔လုပ္တယ္။ေျခလွမ္းအနည္းငယ္လွမ္းၿပီးေနာက္ခဏရပ္ကာျပန္လွည့္လာသည္။ခုထိရပ္ေနတုန္းျဖစ္တဲ့လူကနားမလည္သလိုၾကည့္တယ္။

ေရွာင္းက်န႔္ကမ်က္လုံးေလးေတြမွိတ္တဲ့ထိၿပဳံးၿပီးလက္သီးဆုတ္ေပၚလက္ဝါးအုပ္ကာထုံးထမ္းစဥ္လာတိုင္းႏႈတ္ဆတ္သည္။

"ကြၽန္ေတာ့္နာမည္ကေရွာင္းက်န႔္ပါ ဧကရီကိုအလုပ္အေကြၽးျပဳဖို႔ေရာက္လာတာပါ ဒီကမိတ္ေဆြလဲနန္းတြင္းထဲကလူပဲဆိုရင္ေနာက္ေတာ့ျပန္ေတြ႕ရဖို႔ေမ်ာ္လင့္ပါတယ္ "

ေရွ႕ကနတ္ဘုရားေလးကျပန္ၿပဳံးၿပီးေခါင္းအသာၿငိမ့္ျပသည္။အားလားလား နတ္ဘုရားေလးၿပဳံးေတာ့အရမ္းလွတာပဲတေလာကလုံးပန္းေတြပြင့္သြားသလိုပဲ။ေရွာင္းက်န႔္ကႏႈတ္ဆတ္စကားဆိုၿပီးသူ႔ရဲ႕အဝတ္ထုတ္ေလးကိုပုခုံးေပၚေျပာင္းလြယ္ကာတက္ႂကြစြာနဲ႔ခုန္ေပါက္ၿပီးထြက္သြားေတာ့တယ္။

ယုန္ေလးလိုခုန္ဆြခုန္ဆြသြားေနတဲ့သူေလးရဲ႕ေက်ာျပင္ေလးကိုတဆုံးၾကည့္ရင္းသူ႔ရဲ႕အၿပဳံးေတြကပိုမိုပီျပင္လာတယ္။အၾကာႀကီးေနမွဒီလိုျပန္ၿပဳံလာတာကဒီအူေၾကာင္ေၾကာင္ေကာင္ေလးေၾကာင့္တဲ့လား..

*^^*

မနက္ေစာေစာထၿပီးအပ်ိဳေတာ္ထိန္းႀကီးဆီသူတို႔သြားရသည္။အပ်ိဳေတာ္ထိန္းကသူတို႔ရဲ႕အလုပ္ကိုခြဲေဝေပးမွာျဖစ္ၿပီးဧကရီရဲ႕အနီးကပ္အေစခံကိုလဲေ႐ြးခ်ယ္မွာျဖစ္တာမလို႔ေရွာင္းက်န႔္အပါအဝင္အားလုံးကစိတ္လႈပ္ရွားေနၾကတယ္။နန္းတြင္းသားေလးေတြလိုတူညီဝတ္စုံေလးေတြဝတ္ၿပီးႏွစ္ေယာက္တစ္တြဲတန္းစီကာအေစခံေခါင္းေဆာင္ေနာက္လိုက္သြားၾကရသည္။

ေရွာင္းက်န႔္ကသူ႔ေဘးကသူ႔ရဲ႕တြဲဖက္ကိုၾကည့္လိုက္တယ္။႐ုပ္ရည္ကအသင့္အတင့္ျဖစ္ၿပီးၾကည့္ေပ်ာ္ရႈေပ်ာ္ရွိသည္။တည္တင္းၿပီးမႈန္ကုပ္ေနတဲ့မ်က္ႏွာထားေၾကာင့္သူစကားမေျပာရဲပဲၿငိမ္ေနလိုက္တယ္။တစ္ေနရာအေရာက္မွာအေစခံေခါင္းေဆာင္ကရပ္လိုက္ေတာ့ရာေက်ာ္တဲ့လူတန္းႀကီးကလဲရပ္ၿပီးေခါင္းငုံ႔ထားၾကသည္။ဘာေၾကာင့္လဲမသိေပမဲ့ေရွာင္းက်န႔္လဲသူမ်ားနည္းတူေခါင္းငုံ႔ထားလိုက္တယ္။

"ဧကရီပဲ"

"ဟမ္"

"ငါတို႔ေရွ႕ကဧကရီျဖတ္သြားလို႔အ႐ိုအေသေပးၾကတာ"

သူ႔ေဘးကမ်က္ႏွာေသကေျပာေတာ့မွနားလည္သြားသည္။ေရွာင္းက်န႔္ကလူေတြရဲ႕အေနာက္ဆုံးနားေလာက္မွာတန္းစီရတာမလို႔ဧကရီကိုမျမင္လိုက္ရေပ။ၾကားဖူးတာေတာ့ဧကရီကအေတာ္ေလးေခ်ာတယ္တဲ့ေယာက်ာ္ေလးတစ္ေယာက္ျဖစ္တာေတာင္နတ္ဘုရားရႈံးေအာင္လွသည္တဲ့။ေရွာင္းက်န႔္ဧကရီကိုျမင္ဖူးခ်င္သည္ဧကရီအနားမွာလဲေနရဖို႔ေမ်ာ္လင့္ပါတယ္။

အပ်ိဳေတာ္ထိန္းဆီေရာက္တဲ့အခါမွာမ်က္ႏွာထားတည္တည္နဲ႔စကားေျပာရင္မာန္အျပည့္ရွိၿပီးၾသဇာေညာင္းတဲ့အပ်ိဳေတာ္ထိန္းကသူတို႔ကိုတာဝန္ေတြခြဲေပးသည္။

"မင္းတို႔နန္းတြင္းဝင္လာၿပီးဆိုတာနဲ႔ဘဝတစ္ခုလုံးတိုင္းျပည္အေပၚပုံအပ္ထားရမယ္ ဧကရာဇ္ကိုသစၥာရွိရမယ္ မင္းတို႔သြားရမဲ့ေနရာေတြနဲ႔တာဝန္ကတ္ျပားေတြကိုဟိုဘုတ္ျပားမွာနာမည္နဲ႔တကြခ်ိတ္ထားတယ္..စနစ္တက်တန္းစီၿပီးသြားယူၾကေခ်"

အပ်ိဳေတာ္ထိန္းရဲ႕စကားအဆုံးအားလုံးကညီညာစြာတန္းစီၿပီးသူတို႔ကတ္ျပားေတြကိုယူၾကသည္။သစ္သားကတ္ျပားမွာနာမည္ေရာရာထူးတာဝန္ပါေဖာ္ျပထားသည္။အားလုံးအသီးသီးကတ္ျပားရရွိသြားၿပီးေနာက္ဆုံးေရွာင္းက်န႔္အလွည့္ေရာက္ေတာ့သူ႔နာမည္ကတ္ျပားကိုမေတြ႕ရေပ။ေရွာင္းက်န႔္မတင္မက်ျဖစ္သြားၿပီးအပ်ိဳေတာ္ထိန္းဆီသြားလိုက္တယ္။

"အပ်ိဳေတာ္ထိန္း ကြၽန္ေတာ့နာမည္မပါဘူး"

သူေျပာလိုက္ေတာ့အပ်ိဳေတာ္ထိန္းကေျခဆုံးေခါင္းဆုံၾကည့္လာတယ္။ၿပီးေတာ့သူ႔မ်က္ႏွာကိုစိုက္ၾကည့္ကာ

"နင္ကဝင္ခြင့္အမွတ္105ေရွာင္းက်န႔္ဆိုတာလား"

သူ႔ကိုသိေနတာမလို႔ေရွာင္းက်န႔္အံ့ၾသသြားသည္။ေခါင္းကိုတဆတ္ဆတ္ၿငိမ့္ျပေတာ့အပ်ိဳေတာ္ထိန္းကတစ္ခ်က္ၿပဳံးတယ္။ၿပီးေတာ့သူ႔ကိုကတ္ျပားတစ္ခုထုတ္ေပးလာသည္။ထိုကတ္ျပားကေရွာင္းက်န႔္နာမည္ကတ္ျပားျဖစ္ၿပီးတာဝန္ကဧကရီရဲ႕အနီးကပ္အေစခံတဲ့။ေရွာင္းက်န႔္မွာအံ့ၾသဝမ္းသာျဖစ္သြားရသည္။

"ငါနဲ႔လိုက္ခဲ့"

"ဟုတ္ ဟုတ္ကဲ့ပါ"

ေရွာင္းက်န႔္စိတ္လႈပ္ရွားလြန္းလို႔အသံေတြပါတုန္ယင္ေနေလသည္။အပ်ိဳေတာ္ထိန္းလွည့္ထြက္သြားတာနဲ႔ေရွာင္းက်န႔္ဝမ္းသာၿပီးတစ္ခ်က္ထခုန္လိုက္တယ္။ၿပီးေနာက္အပ်ိဳေတာ္ထိန္းေနာက္ကိုခပ္ယို႔ယို႔ေလးႏွင့္သာလိုက္သြားလိုက္သည္။ဧကရီရဲ႕အနီးကပ္အေစခံေနရာကိုဒီေလာက္လြယ္လင့္တကူရရွိလိမ့္မယ္လို႔သူမထင္မိခဲ့႐ိုးပါ။ထိုေတာ့တျခားလူေတြကသူ႔ကိုမေက်နပ္တဲ့အၾကည့္ေတြနဲ႔ၾကည့္ေနၾကတာေရာအားက်ဖြယ္မ်က္လုံးေတြနဲ႔ၾကည့္ေနၾကတာကိုပါေတြ႕ခဲ့ရသည္။ဒါေတြကဘာအေရးလဲအဓိကသည္ကဧကရီအနားေနရဖို႔ပဲေလ။

ထြက္သြားတဲ့ႏွစ္ေယာက္ကိုလူအုပ္ၾကားကမ်က္ႏွာထားတင္းတင္းနဲ႔တစ္စုံတစ္ေယာက္ကစိုက္ၾကည့္လို႔ေနသည္။

*^^*

ေထာင္ဟြားနန္းေဆာင္..

တိတ္ဆိတ္ေအးခ်မ္းၿပီးဆိတ္ၿငိမ္းတဲ့ရပ္ဝန္းေလးျဖစ္ၿပီးမက္မြန္ပင္တို႔သာမကအျခားေသာအရိပ္ရအပင္ႀကီးေတြလဲေပါက္ေရာက္ေနသည္။နန္းေဆာင္ပတ္ပတ္လည္ကိုအေရာင္အေသြးစုံတဲ့ပန္းပင္ပန္းမန္တို႔ကဝန္းရံစိုက္ပ်ိဳးထားေလသည္။ပန္းပြင့္ေလးေတြမွာနားၿပီးဝတ္ရည္စုပ္ယူေနတဲ့အေရာင္ေျပာင္းလိပ္ျပာေလးေတြကိုေတြ႕ေတာ့ေရွာင္းက်န႔္လိုက္ဖမ္းခ်င္တဲ့စိတ္ကိုခ်ိဳးႏွိမ္ထားရတယ္။

အပ်ိဳေတာ္ထိန္းနဲ႔အတူနန္းေဆာင္ထဲလိုက္ဝင္လာေတာ့နန္းေဆာင္ရဲ႕အတြင္းပိုင္းအျပင္အဆင္ကလဲရႈေမာဖြယ္ေကာင္းသည္။အတြင္းအျပင္ေအးခ်မ္းလွတဲ့အေငြ႕အသက္ေတြရစ္သိုင္းေနတယ္။ဧကရီနဲ႔ေတြ႕ရဖို႔နီးေလေရွာင္းက်န႔္ရင္တုန္ေလျဖစ္ေနတယ္။

"ဧကရီ ကိုအ႐ိုအေသေပးပါတယ္ ဧကရီသက္ေတာ္ရာေက်ာ္ရွည္ပါေစ"

အပ်ိဳေတာ္ထိန္းကေျပာၿပီးဦးၫြတ္လိုက္ေတာ့သူတို႔ေရွ႕ကေက်ာခိုင္းလ်က္ထိုင္ေနတဲ့သူကဧကရီဆိုတာသိလိုက္သည္။ေရွာင္းက်န႔္လဲေခါင္းငုံ႔ကာဦးၫြတ္လိုက္သည္။

"ဧကရီရဲ႕အနီးကပ္အေစခံေရာက္ရွိလာပါၿပီ နာမည္ကေရွာင္းက်န႔္တဲ့ "

"အေစခံေရွာင္းက်န႔္ဧကရီကိုအ႐ိုအေသေပးပါတယ္"

ေရွာင္းက်န႔္ကဦးၫြတ္အ႐ိုအေသေပးရင္းေခါင္းငုံ႔ထားေပမဲ့ဧကရီကမတ္တပ္ရပ္ထရပ္ကာသူ႔ဆီေျခဦးတည္ေနတာကိုေတာ့ခံစားမိသည္။စည္းခ်က္က်ၿပီးတစ္လွမ္းခ်င္းလွမ္းလာတဲ့ေျခသံေတြနီးကပ္လာေတာ့ေရွာင္းက်န႔္လက္ဖ်ားေတြေအးစက္လာသည္။

သူ႔ေရွ႕တည့္တည့္မွာလာရပ္သည္ထိသူေမာ့မၾကည့္မိေသး ႏွာေခါင္းဝကိုတိုးဝင္က်ီစယ္လာတဲ့မက္မြန္ပန္းရနံ႔ကိုသူရင္ႏွီးေနသည္။မ်က္လုံးေလးအသာပင့္ၾကည့္ေတာ့ဧကရီရဲ႕ရင္အုပ္က်ယ္ကိုျမင္ရတယ္။ပိုးဖဲဝတ္႐ုံအျဖဴလြင့္လြင့္မွာေ႐ႊေရာင္ကႏုတ္ပန္းတို႔ထိုးထားတဲ့ဝတ္႐ုံကအေတာ္ေလးတန္ဖိုးႀကီးမည္။ထိုမွထပ္ၿပီးမၾကည့္ရဲေတာ့တာမလို႔ေရွာင္းက်န႔္ေခါင္းကိုသာေျမႀကီးထဲစိုက္ဝင္လုမတတ္ငုံ႔ထားလိုက္တယ္။သူနားၾကားမွားတာလားမသိေပမဲ့ရယ္သံတိုးညင္းညင္းေလးကိုၾကားလိုက္သလားပဲ။

ထိုခ်ိန္သူ႔ေမးကိုခပ္ေႏြးေႏြးလက္ေခ်ာင္းေလးမ်ားကလာေရာက္ထိေတြ႕တာမလို႔ပုခုံးေလးက်ဳံ႕သြားမိသည္။ဧကရီဆိုတဲ့အသိေၾကာင့္ဒီတိုင္းေလးၿငိမ္ေနမိတယ္။သူ႔ေမးကိုလက္ေခ်ာင္းေလးနဲ႔အသာပင့္ေမာ့ေစတာမလို႔ေရွာင္းက်န႔္ဧကရီကိုၾကည့္လိုက္မိတယ္။

ေရွ႕ကလူကိုၾကည့္ၿပီးအံ့ၾသဆြံ႕အကာပါးစပ္မစိႏိုင္ျဖစ္သြားရသည္။အေၾကာင္းသည္ကားလြန္ခဲ့တဲ့တစ္ရက္ကေတာအုပ္ငယ္ထဲအၾကမ္းရည္တစ္ခြက္တိုက္ခဲ့တဲ့သူျဖစ္ေနျခင္းေၾကာင့္ပင္။ထိုနတ္ဘုရားေလးကဧကရီတဲ့လား ဒီေလာက္ထိလွေနတာမထူးဆန္းေတာ့ပါဘူး။

ဧကရီကေရွာင္းက်န႔္ရဲ႕ေမးကိုပင့္ေမာ့ေစရင္းႏွင့္ပင္ႏူးညံ့လွတဲ့အၿပဳံးပန္းတစ္ပြင့္နဲ႔စိုက္ၾကည့္ေနေလသည္။

"ထပ္ေတြ႕ၾကၿပီ"

"ဟို ဧ ဧကရီမွန္းမသိလို႔ေတာင္း..ေတာင္းပန္ပါတယ္"

စိတ္လႈပ္ရွားလြန္းၿပီးထြက္က်လာတဲ့စကားေတြကအထစ္ထစ္အေငါ့ေငါ့ ဧကရီကသေဘာက်ဟန္ၿပဳံးကာအပ်ိဳေတာ္ထိန္းကိုထြက္သြားေစသည္။

ေရွာင္းက်န႔္ကေနရာမွာပဲေတာင့္ေတာင့္ေလးရပ္ေနၿပီးဧကရီကခုနကခုံမွာျပန္ထိုင္ေနေလသည္။ေရွာင္းက်န႔္လဲဘာလုပ္ရမွန္းမသိဧကရီကလဲစကားမစတာနဲ႔ပတ္ဝန္းက်င္ကတိတ္ဆိတ္ေနတယ္။

"ဟို.ဧကရီဘာမ်ားလိုအပ္တာရွိလဲ ကြၽန္ေတာ့္ကိုေျပာပါကြၽန္ေတာ္အားလုံးလုပ္ေပးပါ့မယ္"

တိတ္ဆိတ္ေနမႈႀကီးကိုမေနတတ္တာမလို႔ေရွာင္းက်န႔္ကအရင္စကားစလိုက္သည္။ဧကရီကသူ႔ကိုလွည့္ၾကည့္ကာမ်က္ေတာင္မခတ္စိုက္ၾကည့္ေနျပန္တယ္။ေရွာင္းက်န႔္ပါးစပ္ေလးပိတ္သြားသည္။မ်က္ဝန္နက္ေတြနဲ႔စူးစိုက္ၾကည့္ေနတာမ်ားေရွာင္းက်န႔္ကိုအေကာင္လိုက္ၿမိဳခ်ေတာ့မလိုပင္။ဘာေၾကာင့္လဲမသိ ဧကရီထိုသို႔စိုက္ၾကည့္လွ်င္ေရွာင္းက်န႔္ၾကက္သီးေမႊးညင္းတို႔ထိုးေထာင္သြားရသည္။

"ဒီနားလာထိုင္"

"ဗ်ာ"

"ဒီနားကိုလာ"

ေရွာင္းက်န႔္ကမ်က္လုံးျပဴးျပဴးေလးနဲ႔ေၾကာင္ေတာင္ေတာင္ျပန္ေမးမိေတာ့ဧကရီကသူ႔ေဘးကထိုင္ခုံကိုပုတ္ျပသည္။ေရွာင္းက်န႔္လဲၿပဳံးကာဧကရီစကားကိုနားေထာင္လိုက္တယ္။

"ငါ့နာမည္ကိုသိလား"

"ဟုတ္ကဲ့သိပါတယ္"

"ေျပာၾကည့္"

ဧကရီကစားပြဲကိုေမးေထာက္ကာသူ႔ကိုေစာင္းၾကည့္ရင္းေလသံေအးေအးေလးနဲ႔ေျပာသည္။ေရွာင္းက်န႔္ကလက္ေခ်ာင္းေတြကိုယွက္ႏြယ္လိုက္တယ္။ဧကရီရဲ႕နာမည္ကိုကာယကံရွင္အေရွ႕မွာထုတ္ေျပာရမွာတစ္မ်ိဳးပဲ

"ေျပာၾကည့္ေလ"

"ဟို..ဝမ္ ဝမ္ရိေပၚပါ"

"အာ..နားေထာင္ေကာင္းလိုက္တာ ငါ့နာမည္ကိုေရွာင္းက်န႔္ႏႈတ္ကေျပာတာကိုၾကားရတာအရမ္းကိုနားဝင္ခ်ိဳလွတယ္"

ေရွာင္းက်န႔္ကမ်က္လုံးေလးေမွးက်သည္ထိမူပိုင္အၿပဳံးေလးၿပဳံးကာအနည္းငယ္ရွက္႐ြံ႕သြားသည္။အစပိုင္းမွာဧကရီကိုအနည္းငယ္ရွိန္ေနေပမဲ့ၾကာရင္ေတာ့အဆင္ေျပသြားမွာပါ။ဧကရီကေခ်ာလဲေခ်ာတယ္သေဘာလဲေကာင္းပါတယ္။ေရွ႕ဆက္ၿပီးအခ်ိန္အၾကာႀကီးေနရဖို႔ေမ်ာ္လင့္ပါတယ္။

"အေနခတ္တာမ်ိဳးေတြျဖစ္ေနစရာမလိုဘူးလြတ္လြတ္လပ္လပ္ေနလို႔ရတယ္ ခုခ်ိန္ကစၿပီးငါတို႔ကညီအကိုေတြပဲ တစ္ေယာက္ကိုတစ္ေယာက္ပြင့္လင္းၾကတာေပါ့"

"ေက်းဇုတင္ပါတယ္"

"အိုး.. ေက်းဇုတင္ဖို႔မလိုဘူး ေျပာၿပီၿပီေလငါတို႔ကညီအကိုေတြပါဆို "

"မဟုတ္တာပဲ ကြၽန္ေတာ္ကဧကရီရဲ႕အေစခံပါ"

"ေရွာင္းက်န႔္ကငါ့အေစခံဆိုေတာ့ေရွာင္းက်န႔္ကိုငါပိုင္သြားၿပီေပါ့ေနာ္"

"ဟင္.."

ေရွာင္းက်န႔္ကနားမလည္စြာၾကည့္ေတာ့ဧကရီကၿပဳံးစစျဖင့္မ်က္ႏွာလြဲလိုက္သည္။

"ဘာမွမဟုတ္ပါဘူး"

ေခါင္းကိုအသာခါးၿပီးခပ္ၿပဳံးၿပဳံးေျဖလာေတာ့ေရွာင္းက်န္ကလဲၿငိမ္ၿငိမ္ေလးသာဧကရီေဘးနားထိုင္ေနလိုက္သည္။

"အာ.ေညာင္းလိုက္တာ"

"ဧကရီေညာင္းလို႔လား ကြၽန္ေတာ္ႏွိပ္နယ္ေပးမယ္ေလ ႐ြာမွာဆိုဖြားဖြားေညာင္းရင္ကြၽန္ေတာ္အၿမဲႏွိပ္ေပးတာ"

"ရပါတယ္ ဒီတိုင္းထိုင္ေနပါနည္းနည္းအေၾကာဆန႔္ၿပီးရင္အဆင္ေျပသြားမွာပါ"

ေရွာင္းက်န႔္လဲဆက္ၿပီးအထြန႔္မတတ္ေတာ့ပဲၿငိမ္ေနလိုက္သည္။ဧကရီကအေၾကာဆန႔္ၿပီးလက္ေမာင္းေတြဆန႔္တန္းကာေရွာင္းက်န႔္ထိုင္ခုံေနာက္မွီေပၚလက္တင္ထားလိုက္တယ္။ခႏၶာကိုယ္ကလဲေရွာင္းက်န႔္နားပိုတိုးလာတာမလို႔အလိုလိုေနရင္းေရွာင္းက်န႔္ကဧကရီရင္ခြင္ထဲေရာက္သြားသည္။

လက္ေတြကိုျပန္မ႐ုတ္သိမ္းပဲထိုပုံစံအတိုင္းရွိေနတာမလို႔ေရွာင္းက်န႔္ခႏၶာကိုယ္ေလးက်ဳံ႕ထားမိေလသည္။ဘယ္ကိုၾကည့္လို႔ၾကည့္ရမွန္းမသိတာေၾကာင့္မ်က္လုံးအၾကည့္ေတြကစားပြဲခုံကိုသာအလုံးစုံပို႔ထားလိုက္တယ္။ဧကရီအေညာင္းသက္သာရင္လက္ကိုျပန္႐ုတ္သိမ္းမွာပါ။

ဧကရီကေရွာင္းက်န႔္ရဲ႕မ်က္ႏွာလွလွေလးကိုစိုက္ၾကည့္ေနၿပီးႏႈတ္ခမ္းေတြတြန႔္ၿပဳံးလိုက္တယ္။.မနက္ေစာေစာအပ်ိဳေတာ္ထိန္းဆီသြားေတြ႕ၿပီးေရွာင္းက်န႔္ဆိုတဲ့နာမည္ကတ္ျပားကိုတမင္ေ႐ြးခ်ယ္ခဲ့တာသူပဲသိပါလိမ့္မည္။

💚💛❤

   

Comment