2ခု

2ခု
Uni

တစ်နေ့လုံးဧကရီအနားမှာနေပြီးဧကရီလိုအပ်တာတွေလုပ်ပေးရသည်။ညဘက်အနားယူပြီးမှသာရှောင်းကျန့်လဲအနားယူရမှာဖြစ်တယ်။အနီးကပ်အစေခံဆိုသော်ငြားလဲညဘက်အိပ်ရင်တော့သာမန်နန်းတွင်းသားတွေအိပ်တဲ့တန်းလျားအဆောင်မှာပဲအိပ်ရသည်။ရှောင်းကျန့်ပိစိလေးမကျေနပ်သော်လဲမတတ်နိုင်ဘူးလေ။သူကဧကရီရဲ့အစေခံပဲဟာ နည်းနည်းပါးပါးအခွင့်ထူးလေးတော့လိုချင်တာပေါ့။

အစေခံခေါင်းဆောင်ကရှောင်းကျန့်ကိုနန်းတွင်းသားတို့အိပ်ဆောင်ကိုခေါ်လာခဲ့သည်။အခန်းတွေအများကြီးဖြစ်ပြီးတစ်ခန်းကိုနှစ်ယောက်နေရတာဖြစ်တယ်။ရှောင်းကျန့်နေရမဲ့အခန်းရှေ့ရောက်တော့အစေခံခေါင်းဆောင်ကဝင်သွားဖို့မျက်စပစ်ပြတယ်။ရှောင်းကျန့်ကဟိုကြည့်ဒီကြည့်လုပ်ပြီးနှုတ်ခမ်းလေးကိုက်ကာတစ်ခုခုပြောဖို့ကြံနေသည်။

"ဟိုလေ..ခေါင်းဆောင်ဟွမ် ကျွန်တော်ကဧကရီရဲ့အနီးကပ်လူပါ ကျွန်တော်တကယ်ပဲဒီမှာနေရမှာလားဟင်"

ဟွမ်ထုကသူ့ရှေ့ကမျက်နှာလှလှလေးနဲ့အစေခံအဆောင်မှာနေရတာကိုသဘောမကျပုံရတဲ့လူကိုမျက်မှောင်းကုပ်ကာကြည့်လိုက်တယ်။မျက်ခုံးလေးတွေကတောင်းဆိုနေဟန်ပင့်တက်နေပြီးနှုတ်ခမ်းကိုလဲဖိကိုက်ထားသေး။

"ဒီမှာ ငါမင်းကိုတစ်ခုပြောလိုက်မယ် ဧကရီရဲ့လူပဲဖြစ်ဖြစ်ဧကရာဇ်ရဲ့လူပဲဖြစ်ဖြစ်အစေခံကအစေခံပဲ ထားတဲ့နေရာမှာနေအထွန့်မတတ်နဲ့"

ခေါင်းဆောင်ဟွမ်ကမျက်နှာထားတည်တည်နဲ့မာန်မဲစကားဆိုလိုက်တော့ရှောင်းကျန့်မျက်နှာလေးအနည်းငယ်ဆူပုတ်သွားသည်။သူမှဒီမှာမနေချင်တာကြီးကို..အခန်းတွေကလဲကျဥ်းကျဥ်းလေးသူတွေ့ခဲ့တဲ့တခြားအခန်းတွေမှာလဲကုတင်ကတစ်လုံးထဲနှစ်ယောက်အိပ်နေကြတယ်။ရှောင်းကျန့်အခန်းသည်လဲအဲ့လိုပဲဆိုတာဗေဒင်မေးနေစရာတောင်မလိုဘူး။

"ဝင်တော့"

ရှောင်းကျန့်ကနှုတ်ခမ်းလေးအနည်းငယ်ဆူထားကာအခန်းဝမှာရပ်နေတုန်းပင်။ဟွမ်ထုကခေါင်းမာနေတဲ့သူကိုကြည့်ပြီးခေါင်းခါကာထွက်လာခဲ့သည်။မဝင်ချင်နေသူကတော့တာဝန်အတိုင်းအခန်းလိုက်ပြပြီးပြီ နေချင်မနေချင်ကသူ့အပိုင်းပဲ။

ခေါင်းဆောင်ဟွမ်ထွက်သွားတော့ရှောင်းကျန့်ကအခန်းထဲဝင်ကြည့်သည်။လူမနေတာဘယ်လောက်တောင်ကြာမြင့်ပြီလဲမသိ အိပ်ယာခင်းတွေဆိုအောက်သိုးသိုးအနံ့တွေနဲ့ကြမ်းပြင်ကလဲဖုန်ထူထပ်နေသည်။သူမအိပ်ခင်သန့်ရှင်းရေးလုပ်ရအုံးမှာကိုတွေးမိတော့စိတ်အလိုမကျကာဘယ်သူမှမရှိတဲ့အခန်းကိုမျက်စောင်းတွေထိုးလွှတ်တော့သည်။ရှောင်းကျန့်ကဆင်းရဲပေမဲ့အကောင်းကြိုက်တယ် ပြီးတော့ပျင်းလဲပျင်းတတ်သေးသည်။လူလိမ်မာလေးများမပျင်းရဘူးလို့ဘယ်သူကပြောထားလို့လဲ

ရှောင်းကျန့်ကသူသယ်ဆောင်လာတဲ့အထုတ်လေးကိုပိုက်ပြီးဆောင့်ကြောင့်လေးထိုင်ချလိုက်သည်။ဒီမှာမနေချင်လွန်းလို့ဘယ်လိုလုပ်ရမလဲ သူတကယ်ဒီမှာမအိပ်ချင်ဘူး။

ရှောင်းကျန့်ကအကြံတစ်ခုရပြီးမတ်တပ်ထရပ်လိုက်သည်။တောက်ပတဲ့အပြုံးတစ်ခုနဲ့အတူချက်ချင်းပင်အခန်းထဲကပြေးထွက်သွားတော့သည်။အလောတကြီးပြေးထွက်သွားတဲ့ရှောင်းကျန့်ကမျက်နှာသေနဲ့လူကလှည့်ကြည့်ပြီးရှောင်းကျန့်ထွက်လာတဲ့အခန်းထဲဝင်သွားသည်။

ဧကရီရဲ့ထောင်ဟွားနန်းဆောင်အိပ်ခန်းတံခါးကအသာအယာတွန်းပွင့်ခြင်းခံလိုက်ရသည်။ရှောင်းကျန့်ကအခန်းထဲခြေမလေးတစ်ချောင်းအရင်ဝင်စေသည်ထို့နောက်လက်တစ်ချောင်း ပြီးတော့ခေါင်းလေးဝင်လာသည်။နောက်ဆုံးတစ်ကိုယ်လုံးအခန်းထဲရောက်ရှိလာတယ်။သလွန်ထက်တစောင်းအနေအထားလဲလျောင်းနေတဲ့ဧကရီကနှစ်ခြိုက်စွာအိပ်မောကျနေတယ်။ရှောင်းကျန့်ကအထုတ်လေးပိုက်ကာခြေသံမကြားအောင်ဖွဖွလေးနင်းပြီးဝင်လာသည်။ဧကရီနိုးသွားမှာစိုးလို့သူ့မှာတိတ်တိတ်လေးလုပ်နေရတယ်။

ဧကရီရဲ့ကုတင်ဘေးကြမ်းပေါ်မှာအထုတ်လေးကိုခေါင်းအုံးလုပ်ပြီးတိတ်တိတ်လေးဝင်လှဲနေလိုက်သည်။ကုတင်ပေါ်ကလူနဲ့ကြမ်းပေါ်ကလူကမျက်နှာချင်းဆိုင်ရှိနေတာမလို့ရှောင်းကျန့်အိပ်ပျော်နေတဲ့သူကိုငေးကြည့်နေမိသည်။

အိပ်နေတာတောင်ဒီလောက်ဆွဲဆောင်မှုရှိရလား ကြည့်ပြီးရင်းကြည့်ချင်နေအောင်ညို့အားပြင်းလှသည်။ယောကျာ်းဆန်တဲ့အလှမျိုးနဲ့ဧကရီကပြိုင်စံရှားလောက်တာမလို့ဧကရီဖြစ်ထိုက်ပါတယ်။ဧကရီမသိအောင်နန်းဆောင်ထဲခိုးအိပ်ပြီးမနက်ဧကရီမနိုးခင်ထပြန်ဖို့တွေးလိုက်သည်။

တောင်းပန်ပါတယ်ဧကရီ..

ရှောင်းကျန့်စိတ်ထဲကတောင်းပန်လိုက်ပြီးအပြစ်ပြောစရာမရှိတဲ့မျက်နှာလေးအားငေးမောရင်းဖြင့်သာအိပ်ပျော်သွားတော့သည်။

သလွန်ထက်လဲလျောင်းနေတဲ့သူရဲ့မျက်လုံးတွေကဖွင့်ဟလာပြီးနှုတ်ခမ်းတွေကတွန့်ကွေးသွားသည်။ထို့နောက်စောင်ထူထူတစ်ထည်ယူကာကြမ်းပေါ်ကွေးကွေးလေးလှဲနေတဲ့သူကိုလွှမ်းခြုံပေးလိုက်တယ်။အအိပ်ဆက်တဲ့သူကထိတွေ့မှုတွေကြောင့်ဆတ်ခနဲနိုးလာသည်။ဧကရီကိုတွေ့တော့အနည်းငယ်လန့်သွားတယ်

"ဧကရီ ကျွန်တော်"

"ရူးးး"

ရှောင်းကျန့်ကရှင်းပြချက်ပေးဖို့စကားစပြီးကုန်းထဖို့လုပ်တယ်။ဒါပေမဲ့ဝမ်ရိပေါ်ကရှောင်းကျန့်နှုတ်ခမ်းလေးကိုသူ့လက်ညိုးနဲ့ထိကပ်ပြီးစကားမဟစေဘူး။အလောတကြီးကုန်းထဖို့လုပ်နေတဲ့သူရဲ့ပုခုံးကနေပြန်ဖိကာသက်တောင့်သက်သာလှဲစေသည်။နွေးထွေးတဲ့အပြုံးလှလှလေးတွေနဲ့ကြည့်တော့ရှောင်းကျန့်ကမျက်တောင်လေးပုတ်ခတ်ပုတ်ခတ်နဲ့ကြောင်ကြည့်နေလေသည်။

"ကြမ်းပေါ်မှာဆိုတော့အေးတယ် စောင်ထူထူခြုံထားပါ"

အသေအချာကိုစောင်ခြုံပေးနေတဲ့သူကြောင့်ရှောင်းကျန့်ရင်ထဲရေနွေးစီးကြောင်းလေးကဖြတ်သန်းစီးဆင်းနေသည်။တဆက်ထဲဧကရီကအရမ်းကောင်းတဲ့သူလို့တွေးလိုက်တယ် သူဧကရီ့အပေါ်သစ္စာရှိရှိအလုပ်အကျွေးပြုမှာပါ။

"ဘာလို့စီစဥ်ပေးကြတဲ့နေရာမှာမအိပ်တာလဲ"

"ဟို..အဲ့ဒါကလေ ကျွန်တော်အဲ့မှာမနေချင်ဘူး ပြောရရင်တော့ဧကရီရဲ့အနီးကပ်လူတစ်ယောက်အနေနဲ့ဒီထက်ကောင်းတဲ့နေရာလေးမှာနေသင့်တာပေါ့ "

ဝမ်ရိပေါ်ကရှောင်းကျန့်စကားကြောင့်မပြုံးပဲမနေနိုင်ပါဘူး။ရှောင်းကျန့်ကတော်တော်လေးဇီဇာကြောင်တယ်ဟုတွေးမိသည်။တခြားသူတွေအားလုံးနေနိုင်တယ်သူတစ်ယောက်ပဲမနေနိုင်ဘူးဟုဆိုကာဧကရီရဲ့အခန်းထဲထိလာခိုးအိပ်သည်။ဒါကတစ်ခြားသူအမြင်မှာမျက်စိထောင့်မကျိုးချင်စရာဖြစ်ပေမဲ့ဝမ်ရိပေါ်ရဲ့မျက်စိထဲမှာတော့အတော်လေးအကောင်းကြိုက်တဲ့ယုန်ငယ်လေးပါပဲ။

"ဧကရီ"

"ဟင်"

"ကျွန်တော့်ကိုဒီနေရာလေးမှာပဲပေးအိပ်ပါနော် မနက်မိုးလင်းတာနဲ့ပြန်မှာပါ ကတိပေးတယ် ကတိ ကတိ "

လက်သန်းလေးထောင်ကာကတိပေးနေတော့ထိုလက်ကိုယူကာလက်နှစ်ဖက်နဲ့ဆုပ်ကိုင်ထားလိုက်သည်။

"ဘယ်ကိုပြန်မှာလဲ ရှောင်းကျန့်ကငါ့အစေခံပဲ ငါ့နားမှာပဲနေရမှာပေါ့ ဒီမှာအိပ်ခွင့်မပေးဘူးဆိုရင်စောင်ကိုတောင်ပေးပါ့မလား ဟင်? ဒီဦးနှောက်သေးသေးလေးကစဥ်းစားကြည့်လေ"

ထိုတော့မှရှောင်းကျန့်ကစိတ်ချလက်ချအကြီးကြီးပြုံးနိုင်တော့သည်။သူ သခင်ကောင်းရလိုက်တာပဲဟုအကြိမ်ကြိမ်တွေးနေမိတော့တယ်။ဧကရီအနားနေရတာနွေးထွေးတယ် ပျော်ဖို့ကောင်းတယ်။ပြီးတော့အနှိုင်းမဲ့အလှတရားကိုပါအခမဲ့ကြည့်ရသေး..ပြောပါအုံး ရှောင်းကျန့်ကံမကောင်းဘူးလား

"ကောင်းကောင်းအနားယူပါ မနက်လင်းရင်ဘယ်ကိုမှပြန်စရာမလိုဘူး ဒီထောင်ဟွားနန်းဆောင်ကရှောင်းကျန့်အိမ်ဖြစ်သွားပြီ"

"ဟုတ်ကဲ့ဧကရီ ကျွန်တော်ဧကရီစကားနားထောင်ပါ့မယ်"

ဝမ်ရိပေါ်ကတစ်ချက်ပြုံးကာကုတင်ထက်ပြန်လဲလျောင်းနေသည်။မျက်လုံးတွေမမှိတ်သေးပဲရှောင်းကျန့်ကိုကြည့်နေတာမလို့အနေတောင်ခတ်လာသည်။ရှောင်းကျန့်ကမလုံမလဲသူ့မျက်နှာမှာတစ်ခုခုပေနေသလားဟုထင်မှတ်ကာလက်နဲ့ပွတ်သုတ်နေသည်။ဝမ်ရိပေါ်ဆီကရယ်သံတိုးတိုးကိုကြားတော့မျက်နှာသုတ်နေတာရပ်ပြီးပြူးကြည့်တယ်။

"ကျွန်တော့်မျက်နှာမှာတစ်ခုခုပေနေလို့လားဟင်"

"အင်း ပေနေတယ်"

"ဘယ်နေရာမှာလဲ"

"မျက်နှာတစ်ခုလုံးပေနေတာ"

"ဘာတွေလဲပေနေတာလဲဟင်"

"အလှတရားတွေ..."

"........"

ရှောင်းကျန့်ရဲ့နားရွက်ဖျားလေးတွေဟာချက်ချင်းရဲတက်လာသည်။သူလှပတဲ့အကြောင်းကိုလူတိုင်းဆီကချီးကျူးတာကိုကြားခဲ့ဖူးတယ်ဘယ်လိုမှမခံစားရဘူး။သူ့ရဲ့လှပချောမောမှုတွေကိုသူ့ကိုပိုးပန်းသူတစ်ချို့က ကဗျာတွေစာတွေဖွဲ့နွဲ့ခဲ့တာတောင်ရှက်ခဲ့သူမဟုတ်ပါတကာ။ခု ဧကရီဆီကကြားရတော့နားမလည်နိုင်စွာအရှက်သည်းနေမိသည်။ဧကရီရဲ့ချီးမွမ်းစကားလေးတစ်ခွန်းကသူ့မျက်နှာတစ်ခုလုံးထားစရာနေရာမရှိတော့လောက်အောင်ဖြစ်စေသည်။ထို့ကြောင့်ရှောင်းကျန့်ကစောင်ကိုမျက်နှာတစ်ဝက်ထိအုပ်ချလိုက်ကာမျက်လုံးလေးနှစ်လုံးပဲဖော်ထားလိုက်တယ်။

"ကောင်းသောညပါ"

"ကောင်းသောညပါဧကရီ"

နှုတ်ဆတ်စကားဆိုပြီးနောက်ရှောင်းကျန့်မျက်လုံးလေးတွေမှိတ်ချလိုက်သည်။မကြာခင်အချိန်လေးမှာပဲရှောင်းကျန့်အိမ်မက်လှလှလေးဆီရောက်သွားတော့သည်။အိမ်မက်လိုလို တကယ်လိုလို နဲ့မရေမရာအိမ်မက်တစ်ခုသူမက်ခဲ့တယ်။ဧကရီကတညလုံးမျက်လုံးမမှိတ်ပဲသူ့ကိုကြည့်နေခဲ့သည်တဲ့...

*^^*

ပျော့ပျောင်းစင်းကျနေတဲ့ဆံနွယ်ရှည်တွေကိုရွှေဘီးကိုအသုံးပြုကာသေသပ်အောင်ဖြီးသင်ပေးနေသည်။ခါးနားလောက်ထိစင်းကျနေတဲ့ဆံနွယ်တွေကဝင်းအိပြီးမက်မွန်ပန်းနံ့တို့သင်းပျံ့နေသည်။ရှောင်းကျန့်က ဧကရီရဲ့ဆံပင်တွေကိုသဘောကျကာကိုင်လို့ကောင်းတာမလို့အကြာကြီးဆံပင်ဖြီးပေးနေသည်။မနက်အစောထဲကလုပ်နေတာအမွှေးတိုင်တစ်တိုင်ထွန်းလောက်ထိကြာနေပြီဖြစ်သည်။

ရှောင်းကျန့်ရဲ့ပြုံးဖြီးနေတဲ့မျက်နှာကိုကြေးဝါမှန်ကနေတဆင့်ကြည့်ကာဝမ်ရိပေါ်ကပြုံးလို့နေသည်။

"ငါ့ဆံပင်တွေကိုအဲ့လောက်တောင်သဘောကျနေတာလား"

".ဟမ်..အာ...ဟီးဟီး..ဟုတ်ကဲ့ကျွန်တော်အများကြီးသဘောကျပါတယ် "

ရှောင်းကျန့်ကသွက်သွက်လေးပြန်ဖြေသည်။အမှန်တကယ်သူသဘောကျတာဖြစ်သည်။ကျော့ရှင်းသပ်ရပ်နေတဲ့ဆံသားတွေကလက်ချောင်းတွေကြားချောကျနေတဲ့ထိပျော့ပျောင်းနူးညံ့လှသည်။

"ငါ့ဆံပင်ကိုထိတွေ့ဖူးတာမင်းပဲရှိသေးတယ်"

"မဖြစ်နိုင်ပါဘူး ဧကရာဇ်လဲထိတွေ့ဖူးမှာပဲလေ"

ရှောင်းကျန့်ကပြောတော့ဝမ်ရိပေါ်ကခေါင်းခါပြလာသည်။ထို့နောက်ရှောင်းကျန့်ကိုသူ့နားတိုးကပ်စေတော့ရှောင်းကျန့်ကကိုယ်ကိုကိုင်းချလိုက်တယ်။ဝမ်ရိပေါ်ကရှောင်းကျန့်နား နားကိုကပ်ကာတိုးတိုးလေးပြောလိုက်သည်။

"တကယ်တော့လေ ဧကရာဇ်နဲ့ငါကအနမ်းတောင်မပေးဖူးဘူး"

"ဟမ်!"

ကြားလိုက်ရတဲ့စကားကရှောင်းကျန့်နားတောင်မယုံနိုင်ဖြစ်ရသည်။ဧကရာဇ်နဲ့ဧကရာဇ်ရဲ့အချစ်ဆုံးဖြစ်တဲ့ဧကရီကဘယ်လိုဆက်ဆံရေးမျိုးလဲ ဘာလို့အနမ်းတောင်မပေးဖူးရတာလဲ။ရှောင်းကျန့်ရဲ့မျက်ခုံးနှစ်ဖက်ကအနည်းငယ်တွန့်ကွေးကာသိပ်မယုံချင်ဖြစ်နေရှာသည်။

ခက်ခဲတဲ့အတွေးတွေကိုခေါင်းထဲကထုတ်ပြီးဆံပင်ဖြီးခြင်းကိုလက်စသတ်လိုက်တယ်။ထို့နောက်ဧကရီကဝတ်ရုံလဲရန်မတ်တပ်ထရပ်လိုက်သည်။ဧကရီမှာအနီးကပ်အစေခံဆိုလို့ရှောင်းကျန့်တစ်ယောက်ပဲရှိတယ် ဝေယျာဝစ္စတွေအားလုံရှောင်းကျန့်ပဲလုပ်ပေးရတာဖြစ်သည်။နောက်ဆုံးထောင်ဟွားနန်းဆောင်မှာရှောင်းကျန့်တို့နှစ်ယောက်ပဲရှိတဲ့ထိဧကရီကသီးသန့်ဆန်သည်။မသိရင်အပါယ်ခံရေခဲနန်းဆောင်အလားပင်။

ရှောင်းကျန့်ကဝတ်ရုံတွေအစီအရီထည့်ထားတဲ့ဗီရိုကြီးကိုဖွင့်ကာဧကရီစိတ်တိုင်းကျစေမည့်ဝတ်စုံအားတစ်ထည်ပြီးတစ်ထည်ရွေးချယ်စေသည်။စိတ်ကြိုက်ရွေးပြီးတဲ့နောက်အတွင်းဝတ်အဖြူလေးသာဝတ်ထားတဲ့ဧကရီကအပေါ်ဝတ်ရုံဝတ်ပေးဖို့ပြင်ရသည်။

လက်နှစ်ဖက်ဆန့်တန်းကာရပ်နေတဲ့ဝမ်ရိပေါ်အနားကပ်သွားပြီးရှောင်းကျန့်ကမက်မွန်ပန်းရောင်ဝတ်ရုံကိုဝတ်ပေးသည်။သေသေချာချာသပ်သပ်ရပ်ရပ်ဖြစ်အောင်ဝတ်ပေးပြီးခါးစည်းကိုပတ်ပေးတော့ခါးကိုဖက်ထားသလိုဖြစ်နေသည်။

နီးကပ်လွန်းတဲ့မျက်နှာလေးကဝတ်ရုံကိုအာရုံစိုက်ကာဝတ်ပေးပြီးငုံ့ထားတာမလို့ဧကရီကစူးစိုက်ကြည့်နေတာကိုတော့မသိပေ။မျက်နှာအစိတ်အပိုင်းတစ်ခုချင်းကိုစေ့စေ့စိုက်ကြည့်နေလေသည်။

"ရပြီ"

ရှောင်းကျန့်ကဧကရီဝတ်ရုံကိုသေချာဝတ်ပေးပြီးအနောက်ကိုခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။မက်မွန်းပွင့်တို့ထိုးထားတဲ့မက်မွန်ရောင်ဝတ်ရုံနဲ့ဧကရီကကျော့ရှင်းပြီးအလွန်ကျက်သရေရှိသည်။ရှည်လျားတဲ့ဆံနွယ်တွေနဲ့လှပပြေပြစ်တဲ့မျက်နှာလေးကရှောင်းကျန့်ဘယ်လောက်ငေးငေးမဝနိုင်တဲ့အရာလေးပင်ဖြစ်သည်။

"အ့ အ့"

"ဧကရီဘာဖြစ်လို့လဲ"

ရှောင်းကျန့်ငေးနေတုန်းဝမ်ရိပေါ်ကလည်ပင်းကိုကိုင်ကာညည်းတွားလိုက်တာမလို့စိုးရိမ်ပူပန်သွားရသည်။

"လည်ပင်းကနာနေလို့ပါ..အုန်းလွဲတာထင်တယ်"

"ဟုတ်လား ဧကရီညကတညလုံးကတစ်ဖက်ထဲစောင်းအိပ်လို့ထင်တယ် ကျွန်တော်ဘာလုပ်ပေးရမလဲဟင် ဖွားဖွားပြောတာကြားဖူးတယ် အုန်းလွဲရင်ခေါင်းအုံးကိုနေပူလှန်းပြီးအသက်အောင့်ပြီးခုနှစ်ချက်ရိုက်တဲ့..ဧကရီလုပ်ကြည့်မလား.."

ရှောင်းကျန့်ကသူကြားဖူးတာကိုအားကြိုးမာန်တက်ရှင်းပြနေတော့ဝမ်ရိပေါ်ကပြုံးပြီးရှောင်းကျန့်နဖူးကိုလက်ညိုးလေးနဲ့အသာတောက်လိုက်သည်။ရှောင်းကျန့်ကသူ့နဖူးသူပြန်ပွတ်နေတယ်။

"ဧကရာဇ်ကြွချီလာပါပြီ.."

နန်းဆောင်အပြင်ကကုန်းကုန်းရဲ့ရှေ့ပြေးသံအဆုံးရှောင်းကျန့်အနည်းငယ်စိတ်လှုပ်ရှားသွားသည်။ဝမ်ရိပေါ်ရဲ့မျက်နှာကအပြုံးတွေပျောက်ကွယ်သွားတာကိုတော့ရှောင်းကျန့်မသိလိုက်ဘူး။

ဧကရာဇ်ကြွလာပြီဆိုတော့သူတို့နှစ်ယောက်လုံးနန်းဆောင်အပြင်ထွက်လာခဲ့ကြသည်။မက်မွန်ပင်ကြီးအောက်ကစားပွဲမှာထိုင်နေတဲ့ဧကရာဇ်နားသွားပြီးအရိုအသေပေးလိုက်သည်။ရှောင်းကျန့်ကအနောက်နားခပ်လှမ်းလှမ်းကရပ်ပြီးအရိုအသေပေးရတယ်။

"ဧကရာဇ်ကိုဝမ်ရိပေါ်ဂါဝရပြုပါတယ် ဧကရာဇ်သက်တော်ရာကျော်ရှည်ပါစေ"

ဝမ်ရိပေါ်ကဦးညွတ်အရိုအသေပေးတော့ဧကရာဇ်ကထိုင်နေရာကထလာပြီးပုခုံးကအလျင်အမြန်ကိုင်ကာပုံမှန်ရပ်စေလိုက်သည်။ဧကရာဇ်ချန်းယွိရှီကဧကရီရဲ့ဘယ်လောက်ကြည့်ကြည့်ရိုးအီသွားခြင်းမရှိတဲ့မျက်နှာလေးကိုငေးမောကြည့်နေသည်။

"ကိုယ်တော်မလာတာကြာပြီမလို့ ဧကရီအဆင်ပြေရဲ့လားလာကြည့်တာပါ ယောကျာ်းလေးအစေခံတွေအများကြီးခေါ်ထားပေမဲ့ဧကရီကတစ်ယောက်ထဲကိုပဲအနားခေါ်ထားတယ်ဆို"

"အမှန်ပါပဲအရှင်..ကျွန်တော်အစေခံတွေအများကြီးမလိုချင်ပါဘူး တစ်ယောက်ထဲဆိုလုံလောက်ပါပြီ"

ဧကရာဇ်ကဝမ်ရိပေါ်ရဲ့မျက်နှာကိုမျက်တောင်မခတ်ငေးစိုက်ကြည့်ရင်းစကားဆိုနေပေမဲ့ဝမ်ရိပေါ်ကတော့မျက်လွှာချထားကာတည်ငြိမ်အေးစက်နေတဲ့မျက်နှာနဲ့ရှိနေသည်။ရှောင်းကျန့်တစ်ခုတွေးမိတယ် ဧကရီကသူနဲ့အတူရှိနေရင်မျက်နှာကတစ်မျိုးဖြစ်နေတတ်သည်ပင် ခုတော့ဧကရာဇ်အနားမှာရှိရတာတောင်မပျော်သလိုပဲ အေးစက်စက်ကြီးဟုထင်မိသည်။

"ဧကရီအဆင်ပြေတယ်ဆိုရုံနဲ့ကိုယ်တော်ကျေနပ်ပါပြီ လိုအပ်တာမှန်သမျှပြောပါ လိုချင်တာရှိရင်လဲအားမနာပြောလို့ရတယ် ကိုယ်တော်ကမင်းရဲ့ခင်ပွန်းပဲလေ "

"ကျေးဇုတင်ပါတယ်အရှင် ကျွန်တော်ခုလောလောဆယ်တော့ဘာမှမလိုသေးပါဘူး."

ဝမ်ရိပေါ်ကပြောတော့ချန်းယွိရှီကခေါင်းတဆတ်ဆတ်ငြိမ့်နေလေသည်။

"ဒါနဲ့ ဧကရီရဲ့အနီးကပ်အစေခံရော.."

ရှောင်းကျန့်ကသူ့အကြောင်းပြောလာတာကြားတော့ကျောလေးကမတ်ခနဲဖြစ်သွားပြီးရှေ့ကိုအနည်းငယ်တိုးလာကာအရိုအသေပေးလိုက်သည်။

"ဧကရီရဲ့အနီးကပ်အစေခံ ရှောင်ရှောင်းကျန့်ဧကရာဇ်ကိုအရိုအသေပေးပါတယ် ဧကရာဇ်သက်တော်ရာကျော်ရှည်ပါစေ"

ရှောင်းကျန့်ကဧကရာဇ်နဲ့တွေ့ရလို့စိတ်လှုပ်ရှားကာအသံတွေတုန်ယင်နေတာကိုမနည်းထိန်းပြောနေသည်။ဧကရာဇ်ကအတော်လေးကြည့်ကောင်းတယ် တောင့်တင်းတဲ့ခန္ဓာကိုယ်နဲ့ဖြောင့်မတ်တဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားပြီးရှောင်းကျန့်ထက်တောင်အရပ်မြင့်သည်။ဧကရီနဲ့ဆိုအရမ်းလိုက်ဖက်တယ်။

ချန်းယွိရှီကသူ့ရှေ့ကသူ့ကိုအရိုအသေပေးလာတဲ့ကောင်လေးကိုတွေ့တော့ပါးစပ်အဟောင်းသားဖြစ်သွားသည်။ညဥ့်ဦးယံရဲ့ငွေလမင်းလေးလိုအေးချမ်းတောက်ပတဲ့အလှမျိုးနဲ့မြင်သူတကာငေးရလောက်တဲ့ထိစွမ်းဆောင်နိုင်သည်။ချန်းယွိရှီရဲ့မျက်လုံးတွေနေရာမလွှဲနိုင်လောက်အောင်ရှောင်းကျန့်ဆီကျောက်ချထားမိလေသည်။ကျော့ကွင်းမိသွားတဲ့သားကောင်လေးလိုမျိုး ရုန်းထွက်ဖို့ခက်လွန်းလှသည်။

ချန်းယွိရှီရဲ့မျက်နှာအမူအယာကိုကြည့်ပြီးဝမ်ရိပေါ်ရဲ့မျက်ခုံးတွေကတွန့်ချိုးသွားသည်။ဝတ်ရုံစနဲ့ဖုံးအုပ်နေတဲ့လက်တွေကိုတင်းတင်းဆုပ်လိုက်မိတယ်။ဘယ်သူမှသတိမထားမိအောင်သက်ပြင်းအသာချလိုက်တယ်..

"ရှောင်းကျန့် အထဲဝင်တော့ "

"ဟင်..."

ရုတ်တရတ်ကြီးအထဲဝင်ခိုင်းနေတဲ့ဧကရီကြောင့်ရှောင်းကျန့်နားမလည်စွာအူကြောင်ကြောင်လေးဖြစ်သွားသည်။ပြန်ပြီးလဲမေးခွန်းမထုတ်ရဲတာမလို့အရိုအသေပေးပြီးနန်းဆောင်ထဲဝင်လာလိုက်သည်။

"အရှင်.."

"ဟင် ပြောလေဧကရီ"

"ရှောင်းကျန့်က ကျွန်တော့်ရဲ့အစေခံပါ အရှင့်မှာလဲကြင်ယာတော်တွေရောကိုယ်လုပ်တော်တွေရောအများကြီးပိုင်ဆိုင်ထားတာပဲ အားလုံးကလှပတဲ့ယောကျာ်းလေးတွေချည်းပဲနန်းသွေးအတွက်လိုအပ်လို့မိန်းကလေးကြင်ယာတော်လျန်တစ်ယောက်ပဲရှိတယ်...အရှင် အနောက်နန်းဆောင်ဆိုတာကလူတအားများရင်မလိုလားအပ်တဲ့ပြဿနာတွေဖြစ်လာနိုင်တယ်...အနောက်နန်းဆောင်ကိုလူဦးရေထပ်မတိုးတာကောင်းပါတယ်..."

ချန်းယွိရှီကသူ့ရဲ့ဧကရီသူ့ကိုအရင်ကထက်စကားတွေအများကြီးပြောလာတာကြောင့်အံ့သြနေသည်။ဧကရီဘာကိုဆိုလိုနေတာလဲသိတာမလို့ခေါင်းသာတငြိမ့်ငြိမ့်လုပ်ပြလိုက်သည်။

"မင်းသဘောမကျရင်ကိုယ်တော်ဘာမှမလုပ်ပါဘူး အနောက်နန်းဆောင်ကမင်းသဘောပါပဲ"

ဧကရာဇ်စကားကြောင့်ဝမ်ရိပေါ်ရဲ့နှုတ်ခမ်းတွေကတွန့်ကွေးသွားလေသည်။ပြတင်းပေါက်ကချောင်းနေတဲ့ရှောင်းကျန့်ကလဲဧကရီတို့ဘာအကြောင်းပြောနေလဲဆိုတာသိချင်းလွန်းလို့မနေနိုင်မထိုင်နိုင်ဖြစ်နေသည်။

*^^*

ရှောင်းကျန့်ကနန်းဆောင်အနောက်ဘက်ကရေတံခွန်ကိုရောက်နေတာဖြစ်သည်။ဧကရီနဲ့ဧကရာဇ်ကစကားပြောတာမပြီးသေးတာမလို့သူလဲပျင်းပြီးထွက်လာခဲ့တာ။ရေတံခွန်ဖွေးဖွေးကိုကြည့်ပြီးရှောင်းကျန့်ရေထဲဆင်းချင်လာသည်။

စိတ်အလိုလိုက်တတ်တဲ့ရှောင်းကျန့်ကကြာကြာတောင်မစဥ်းစားတော့ပါဘူး။ဖိနပ်ကိုချွတ်ပြီးအပေါ်ဝတ်ရုံလေးပါဆွဲချွတ်သည်။ထို့နောက်ခုန်ပေါက်ပြီးရေထဲဆင်းသွားပါတော့တယ်။ရေတွေအကြိုက်ဆော့ပြီးအပျော်ကြီးပျော်နေတယ်။

"ဟာ.ဟေ့လူ.ဟေ့လူ...ဘာလို့ရေထဲဆင်းတာလဲ ဒါတားမြစ်ရေတံခွန်ဗျ ပြန်တက်လာခဲ့ရေကူးလို့မရဘူး"

ရှောင်းကျန့်ရေကစားနေတုန်းအသံကျယ်ကျယ်ကြားလို့လှည့်ကြည့်လိုက်တယ်။ကမ်းစပ်ကုန်းပေါ်ကနေသူ့ကိုအသံပြဲကြီးနဲ့လှမ်းအော်နေတဲ့ကောင်လေးတစ်ယောက်..အလွန်ဆုံးရှိမှအသက် ၁၂ ၁၃လောက်သာရှိမည်။ဒူးလေးမြှားကိုကိုင်ထားပြီးမြှားကျည်တောက်ကိုကျောမှာသိုင်းလွယ်ထားသည်။

"မြန်မြန်ပြန်တက်လာခဲ့..ဦးလေး ၃တေွ့ရင်ဒုက္ခရောက်တော့မှာပဲ  မြန်မြန်..."

သူ့ကိုလက်ယက်ပြီးအသည်းအသန်ခေါ်နေတဲ့ကောင်လေးကြောင့်ရှောင်းကျန့်လဲကုန်းပေါ်ပြန်တက်လာခဲ့သည်။

"ဘာဖြစ်လို့လဲ"

ကောင်လေးအနားသွားပြီးမျက်ခုံးတွေတွန့်ကာအလိုမကျစွာမေးတော့ကောင်လေးကခဏကြောင်အစွာသူ့ကိုကြည့်နေပြီးမှသတိဝင်ဟန်ချောင်းတစ်ချက်ဟန့်လိုက်သည်။

"အဟမ်း..ဒီရေတံခွန်ကဦးလေး၃ပိုင်တာ ဘယ်သူမှရေထဲဆင်းခွင့်မရှိဘူးငါးဖမ်းခွင့်မရှိဘူးတားမြစ်ထားတယ် စည်းကမ်းဖောက်ရင်တော့အပစ်ခံရမှာ"

သူ့ရှေ့ကပါးဖောင်းဖောင်းနဲ့ပါးချိုင့်သေးသေးလေးနှစ်ဖက်ကခွက်နေတဲ့ကောင်လေးကသူ့ကိုရှင်းပြနေလေသည်။

"ဘယ်လိုအပစ်ခံရမှာလဲ"

"သေဒဏ်လေ"

"ဘာ!!. ..ဒါလေးကဒီလောက်တောင်အပစ်ကြီးတာလား..မဟုတ်သေးပါဘူးဒီလောက်ထိအပစ်ပေးဖို့မလိုပါဘူး"

ရှောင်းကျန့်ကမျက်နှာပျက်ယွင်းကားပြောပြီးမှတစ်ခုခုကိုတွေးမိသွားသည်။ရှေ့ကကောင်လေးကိုစူးစမ်းသလိုကြည့်ပြီးမေးလိုက်တယ်။

"ဦးလေး၃?..ဦးလေး၃ဆိုတာက?"

သူမေးလိုက်တော့ကောင်လေးကရှောင်းကျန့်ခါးမှာဆွဲထားတဲ့သစ်သားတံဆိပ်ကတ်ပြားကိုကြည့်လိုက်သည်။ထိုတော့မှရောက်တာမကြာသေးတဲ့ဧကရီရဲ့အနီးကပ်လူမှန်းသိသွားတယ်။သက်ပြင်းတစ်ချက်ချပြီး

"ဦးလေး၃ဆိုတာက မင်းသား၃ ချန်းရှစ်ဟော်.."

"ဟမ်!"

ရှောင်းကျန့်ခေါင်းမြွေပေါ်က်ခံရသလိုခံစားလိုက်ရသည်။သူဘယ်လိုလူကိုသွားထိမိတာလဲ မင်းသား၃ကနာမည်ဆိုးနဲ့ကျော်ကြားသည်။လက်ရှိဧကရာဇ်ရဲ့ညီဖြစ်တာမလို့သူ့ရှေ့ကကောင်လေးကလဲအနာဂတ်ရဲ့ရှင်ဘုရင်လောင်းလေးဖြစ်သည်။ချန်းရှစ်ဟော်ဟာသွေးအေးပြီးရက်စက်တဲ့နေရာမှာနှစ်ယောက်မရှိပေ ဧကရာဇ်အားကိုးရတဲ့စစ်သူကြီးဖြစ်တာမလို့အားလုံးကသူ့ကိုမလွန်ဆန်နိုင်ပဲကြောက်ရွံ့ကြသည်။

ရှောင်းကျန့်ကဘာလုပ်ရမှန်းမသိစွာကြောက်လို့တုန်နေတော့သည်။

"ကျွန်..ကျွန်တော်ဘာလုပ်ရတော့မလဲအိမ်ရှေ့စံ..ကယ်ပါအုံး..ဒီ.ဒီကိစ္စကိုဘယ်သူမှမပြောပါနဲ့နော်...တောင်းပန်ပါတယ်.."

"ပြောရမှာပေါ့..စည်းကမ်းဖောက်ရင်အပစ်ကခံရမှာပဲ...ကျွန်တော်ကအိမ်ရှေ့စံပါ ဒီလိုလာတ်ပေးလာတ်ယူတွေလုပ်လို့မဖြစ်ဘူးလေ..မဟုတ်ဘူးလား"

ရှောင်းကျန့်ကသူ့ရှေ့က​လက်တောက်ကလေးကိုစိတ်တိုပြီးထိပ်ကိုထုချင်သည့်စိတ်ကိုအတတ်နိုင်ဆုံးချုပ်တည်းထားရသည်။အိမ်ရှေ့စံဖြစ်နေလို့ပေါ့မဟုတ်ရင်းထုသတ်ပြီးအလောင်းဖျောက်ပစ်လိုက်တယ်..အီးးးးဧကရီရေ..ကယ်ပါအုံး

"အိမ်ရှေ့စံ..ကျွန်တော်တကယ်တောင်းပန်ပါတယ်.ပြန်မပြောပါနဲ့နော်အိမ်ရှေ့စံဘာဖြစ်ချင်လဲကျွန်တော်ဖြစ်အောင်လုပ်ပေးမယ်...ကျွန်တော်လေ..ခုမှဘဝကကောင်းစားကာစပဲရှိသေးတာစောစောစီးစီးမသေချင်သေးလို့ပါ"

မျက်နှာငယ်လေးနဲ့ငိုမဲ့မဲ့နှုတ်ခမ်းလေးမဲ့ပြီးပြောတော့အိမ်ရှေ့စံကအနည်းငယ်တွေးတောနေသည်။ရှောင်းကျန့်မှာတော့ရင်တုန်ပန်းတုန်ရှိလွန်းလှသည်။တကောင့်သားလေးကမေးစေ့ကိုပွတ်သပ်ပြီးဟိတ်ကြီးဟန်ကြီးတွေလုပ်နေသေးတယ်။

"အင်းးး ကောင်းပြီလေမပြောတော့ဘူး ဒါပေမဲ့အပေးရှိရင်အယူရှိရတယ်"

ပြန်မပြောဘူးဆိုတာနဲ့တင်ရှောင်းကျန့်ကျေးဇုတင်လှပါပြီ ကျန်တာဘာမဆိုလုပ်နိုင်သည်။ဒါကြောင့်အိမ်ရှေ့စံပြောလာမည့်အပေးအယူကိုစောင့်နေသည်။အိမ်ရှေ့စံကသူ့ကိုခြေဆုံးခေါင်းဆုံးတစ်ချက်ကြည့်ပြီး

"အနာဂတ်မှာခင်ဗျား ကျွန်တော့ရဲ့မိဖုရားလုပ်ရမယ်"

ရှောင်းကျန့်ရဲ့မျက်လုံးတွေပြူးစက်ဝိုင်းကျယ်သွားသည်။ဒီကလေး လူပျိုတောင်မဖြစ်သေးဘူးအတော်လေးအကြံပက်စက်တာပဲ။ရှောင်းကျန့်မှာဘာမှပြန်မပြောနိုင်အောင်ဆွံ့အနေလေသည်။အိမ်ရှေ့စံကလေးစုတ်လေးကသူ့ကိုပြောင်စပ်စပ်ပြုံးကာမျက်လုံးတစ်ဖက်မှိတ်ပြတယ်

"စဥ်းစားဖို့အချိန်ပေးမယ် ..ကျွန်တော့်ရဲ့အနာဂတ်မိဖုရားလေး..သွားတော့မယ်..ထပ်တွေ့ကြမယ်နော်"

သူ့ကိုမျက်လုံးတစ်ဖက်မှိတ်ပြပြီးမြှားကျည်တောက်ကိုတစ်ဖက်သို့ပြင်လွယ်ကာပေါ့ပါးစွာပြေးထွက်သွားတော့သည်။

ရှောင်းကျန့်ကဘာဆက်လုပ်ရမလဲမသိဖြစ်ပြီးမျက်နှာလေးကငိုမဲ့မဲ့ဖြစ်လာသည်။ရေစိုဝတ်ကြီးနဲ့ထိုင်ချကာတစ်ယောက်ထဲအော်ငိုနေလိုက်သည်။ဘာလို့နန်းဆောင်ထဲကထွက်လာမိတာလဲ...

💚💛❤

2ခု
Zaw

တစ္ေန႔လုံးဧကရီအနားမွာေနၿပီးဧကရီလိုအပ္တာေတြလုပ္ေပးရသည္။ညဘက္အနားယူၿပီးမွသာေရွာင္းက်န္႔လဲအနားယူရမွာျဖစ္တယ္။အနီးကပ္အေစခံဆိုေသာ္ျငားလဲညဘက္အိပ္ရင္ေတာ့သာမန္နန္းတြင္းသားေတြအိပ္တဲ့တန္းလ်ားအေဆာင္မွာပဲအိပ္ရသည္။ေရွာင္းက်န္႔ပိစိေလးမေက်နပ္ေသာ္လဲမတတ္ႏိုင္ဘူးေလ။သူကဧကရီရဲ႕အေစခံပဲဟာ နည္းနည္းပါးပါးအခြင့္ထူးေလးေတာ့လိုခ်င္တာေပါ့။

အေစခံေခါင္းေဆာင္ကေရွာင္းက်န္႔ကိုနန္းတြင္းသားတို႔အိပ္ေဆာင္ကိုေခၚလာခဲ့သည္။အခန္းေတြအမ်ားႀကီးျဖစ္ၿပီးတစ္ခန္းကိုႏွစ္ေယာက္ေနရတာျဖစ္တယ္။ေရွာင္းက်န္႔ေနရမဲ့အခန္းေရွ႕ေရာက္ေတာ့အေစခံေခါင္းေဆာင္ကဝင္သြားဖို႔မ်က္စပစ္ျပတယ္။ေရွာင္းက်န္႔ကဟိုၾကည့္ဒီၾကည့္လုပ္ၿပီးႏႈတ္ခမ္းေလးကိုက္ကာတစ္ခုခုေျပာဖို႔ႀကံေနသည္။

"ဟိုေလ..ေခါင္းေဆာင္ဟြမ္ ကြၽန္ေတာ္ကဧကရီရဲ႕အနီးကပ္လူပါ ကြၽန္ေတာ္တကယ္ပဲဒီမွာေနရမွာလားဟင္"

ဟြမ္ထုကသူ႔ေရွ႕ကမ်က္ႏွာလွလွေလးနဲ႔အေစခံအေဆာင္မွာေနရတာကိုသေဘာမက်ပုံရတဲ့လူကိုမ်က္ေမွာင္းကုပ္ကာၾကည့္လိုက္တယ္။မ်က္ခုံးေလးေတြကေတာင္းဆိုေနဟန္ပင့္တက္ေနၿပီးႏႈတ္ခမ္းကိုလဲဖိကိုက္ထားေသး။

"ဒီမွာ ငါမင္းကိုတစ္ခုေျပာလိုက္မယ္ ဧကရီရဲ႕လူပဲျဖစ္ျဖစ္ဧကရာဇ္ရဲ႕လူပဲျဖစ္ျဖစ္အေစခံကအေစခံပဲ ထားတဲ့ေနရာမွာေနအထြန္႔မတတ္နဲ႔"

ေခါင္းေဆာင္ဟြမ္ကမ်က္ႏွာထားတည္တည္နဲ႔မာန္မဲစကားဆိုလိုက္ေတာ့ေရွာင္းက်န္႔မ်က္ႏွာေလးအနည္းငယ္ဆူပုတ္သြားသည္။သူမွဒီမွာမေနခ်င္တာႀကီးကို..အခန္းေတြကလဲက်ဥ္းက်ဥ္းေလးသူေတြ႕ခဲ့တဲ့တျခားအခန္းေတြမွာလဲကုတင္ကတစ္လုံးထဲႏွစ္ေယာက္အိပ္ေနၾကတယ္။ေရွာင္းက်န္႔အခန္းသည္လဲအဲ့လိုပဲဆိုတာေဗဒင္ေမးေနစရာေတာင္မလိုဘူး။

"ဝင္ေတာ့"

ေရွာင္းက်န္႔ကႏႈတ္ခမ္းေလးအနည္းငယ္ဆူထားကာအခန္းဝမွာရပ္ေနတုန္းပင္။ဟြမ္ထုကေခါင္းမာေနတဲ့သူကိုၾကည့္ၿပီးေခါင္းခါကာထြက္လာခဲ့သည္။မဝင္ခ်င္ေနသူကေတာ့တာဝန္အတိုင္းအခန္းလိုက္ျပၿပီးၿပီ ေနခ်င္မေနခ်င္ကသူ႔အပိုင္းပဲ။

ေခါင္းေဆာင္ဟြမ္ထြက္သြားေတာ့ေရွာင္းက်န္႔ကအခန္းထဲဝင္ၾကည့္သည္။လူမေနတာဘယ္ေလာက္ေတာင္ၾကာျမင့္ၿပီလဲမသိ အိပ္ယာခင္းေတြဆိုေအာက္သိုးသိုးအနံ႔ေတြနဲ႔ၾကမ္းျပင္ကလဲဖုန္ထူထပ္ေနသည္။သူမအိပ္ခင္သန္႔ရွင္းေရးလုပ္ရအုံးမွာကိုေတြးမိေတာ့စိတ္အလိုမက်ကာဘယ္သူမွမရွိတဲ့အခန္းကိုမ်က္ေစာင္းေတြထိုးလႊတ္ေတာ့သည္။ေရွာင္းက်န္႔ကဆင္းရဲေပမဲ့အေကာင္းႀကိဳက္တယ္ ၿပီးေတာ့ပ်င္းလဲပ်င္းတတ္ေသးသည္။လူလိမ္မာေလးမ်ားမပ်င္းရဘူးလို႔ဘယ္သူကေျပာထားလို႔လဲ

ေရွာင္းက်န္႔ကသူသယ္ေဆာင္လာတဲ့အထုတ္ေလးကိုပိုက္ၿပီးေဆာင့္ေၾကာင့္ေလးထိုင္ခ်လိုက္သည္။ဒီမွာမေနခ်င္လြန္းလို႔ဘယ္လိုလုပ္ရမလဲ သူတကယ္ဒီမွာမအိပ္ခ်င္ဘူး။

ေရွာင္းက်န္႔ကအႀကံတစ္ခုရၿပီးမတ္တပ္ထရပ္လိုက္သည္။ေတာက္ပတဲ့အၿပဳံးတစ္ခုနဲ႔အတူခ်က္ခ်င္းပင္အခန္းထဲကေျပးထြက္သြားေတာ့သည္။အေလာတႀကီးေျပးထြက္သြားတဲ့ေရွာင္းက်န္႔ကမ်က္ႏွာေသနဲ႔လူကလွည့္ၾကည့္ၿပီးေရွာင္းက်န္႔ထြက္လာတဲ့အခန္းထဲဝင္သြားသည္။

ဧကရီရဲ႕ေထာင္ဟြားနန္းေဆာင္အိပ္ခန္းတံခါးကအသာအယာတြန္းပြင့္ျခင္းခံလိုက္ရသည္။ေရွာင္းက်န္႔ကအခန္းထဲေျခမေလးတစ္ေခ်ာင္းအရင္ဝင္ေစသည္ထို႔ေနာက္လက္တစ္ေခ်ာင္း ၿပီးေတာ့ေခါင္းေလးဝင္လာသည္။ေနာက္ဆုံးတစ္ကိုယ္လုံးအခန္းထဲေရာက္ရွိလာတယ္။သလြန္ထက္တေစာင္းအေနအထားလဲေလ်ာင္းေနတဲ့ဧကရီကႏွစ္ၿခိဳက္စြာအိပ္ေမာက်ေနတယ္။ေရွာင္းက်န္႔ကအထုတ္ေလးပိုက္ကာေျခသံမၾကားေအာင္ဖြဖြေလးနင္းၿပီးဝင္လာသည္။ဧကရီႏိုးသြားမွာစိုးလို႔သူ႔မွာတိတ္တိတ္ေလးလုပ္ေနရတယ္။

ဧကရီရဲ႕ကုတင္ေဘးၾကမ္းေပၚမွာအထုတ္ေလးကိုေခါင္းအုံးလုပ္ၿပီးတိတ္တိတ္ေလးဝင္လွဲေနလိုက္သည္။ကုတင္ေပၚကလူနဲ႔ၾကမ္းေပၚကလူကမ်က္ႏွာခ်င္းဆိုင္ရွိေနတာမလို႔ေရွာင္းက်န္႔အိပ္ေပ်ာ္ေနတဲ့သူကိုေငးၾကည့္ေနမိသည္။

အိပ္ေနတာေတာင္ဒီေလာက္ဆြဲေဆာင္မႈရွိရလား ၾကည့္ၿပီးရင္းၾကည့္ခ်င္ေနေအာင္ညိဳ႕အားျပင္းလွသည္။ေယာက်ာ္းဆန္တဲ့အလွမ်ိဳးနဲ႔ဧကရီကၿပိဳင္စံရွားေလာက္တာမလို႔ဧကရီျဖစ္ထိုက္ပါတယ္။ဧကရီမသိေအာင္နန္းေဆာင္ထဲခိုးအိပ္ၿပီးမနက္ဧကရီမႏိုးခင္ထျပန္ဖို႔ေတြးလိုက္သည္။

ေတာင္းပန္ပါတယ္ဧကရီ..

ေရွာင္းက်န္႔စိတ္ထဲကေတာင္းပန္လိုက္ၿပီးအျပစ္ေျပာစရာမရွိတဲ့မ်က္ႏွာေလးအားေငးေမာရင္းျဖင့္သာအိပ္ေပ်ာ္သြားေတာ့သည္။

သလြန္ထက္လဲေလ်ာင္းေနတဲ့သူရဲ႕မ်က္လုံးေတြကဖြင့္ဟလာၿပီးႏႈတ္ခမ္းေတြကတြန္႔ေကြးသြားသည္။ထို႔ေနာက္ေစာင္ထူထူတစ္ထည္ယူကာၾကမ္းေပၚေကြးေကြးေလးလွဲေနတဲ့သူကိုလႊမ္းၿခဳံေပးလိုက္တယ္။အအိပ္ဆက္တဲ့သူကထိေတြ႕မႈေတြေၾကာင့္ဆတ္ခနဲႏိုးလာသည္။ဧကရီကိုေတြ႕ေတာ့အနည္းငယ္လန္႔သြားတယ္

"ဧကရီ ကြၽန္ေတာ္"

"႐ူးးး"

ေရွာင္းက်န္႔ကရွင္းျပခ်က္ေပးဖို႔စကားစၿပီးကုန္းထဖို႔လုပ္တယ္။ဒါေပမဲ့ဝမ္ရိေပၚကေရွာင္းက်န္႔ႏႈတ္ခမ္းေလးကိုသူ႔လက္ညိဳးနဲ႔ထိကပ္ၿပီးစကားမဟေစဘူး။အေလာတႀကီးကုန္းထဖို႔လုပ္ေနတဲ့သူရဲ႕ပုခုံးကေနျပန္ဖိကာသက္ေတာင့္သက္သာလွဲေစသည္။ေႏြးေထြးတဲ့အၿပဳံးလွလွေလးေတြနဲ႔ၾကည့္ေတာ့ေရွာင္းက်န္႔ကမ်က္ေတာင္ေလးပုတ္ခတ္ပုတ္ခတ္နဲ႔ေၾကာင္ၾကည့္ေနေလသည္။

"ၾကမ္းေပၚမွာဆိုေတာ့ေအးတယ္ ေစာင္ထူထူၿခဳံထားပါ"

အေသအခ်ာကိုေစာင္ၿခဳံေပးေနတဲ့သူေၾကာင့္ေရွာင္းက်န္႔ရင္ထဲေရေႏြးစီးေၾကာင္းေလးကျဖတ္သန္းစီးဆင္းေနသည္။တဆက္ထဲဧကရီကအရမ္းေကာင္းတဲ့သူလို႔ေတြးလိုက္တယ္ သူဧကရီ႕အေပၚသစၥာရွိရွိအလုပ္အေကြၽးျပဳမွာပါ။

"ဘာလို႔စီစဥ္ေပးၾကတဲ့ေနရာမွာမအိပ္တာလဲ"

"ဟို..အဲ့ဒါကေလ ကြၽန္ေတာ္အဲ့မွာမေနခ်င္ဘူး ေျပာရရင္ေတာ့ဧကရီရဲ႕အနီးကပ္လူတစ္ေယာက္အေနနဲ႔ဒီထက္ေကာင္းတဲ့ေနရာေလးမွာေနသင့္တာေပါ့ "

ဝမ္ရိေပၚကေရွာင္းက်န္႔စကားေၾကာင့္မၿပဳံးပဲမေနႏိုင္ပါဘူး။ေရွာင္းက်န္႔ကေတာ္ေတာ္ေလးဇီဇာေၾကာင္တယ္ဟုေတြးမိသည္။တျခားသူေတြအားလုံးေနႏိုင္တယ္သူတစ္ေယာက္ပဲမေနႏိုင္ဘူးဟုဆိုကာဧကရီရဲ႕အခန္းထဲထိလာခိုးအိပ္သည္။ဒါကတစ္ျခားသူအျမင္မွာမ်က္စိေထာင့္မက်ိဳးခ်င္စရာျဖစ္ေပမဲ့ဝမ္ရိေပၚရဲ႕မ်က္စိထဲမွာေတာ့အေတာ္ေလးအေကာင္းႀကိဳက္တဲ့ယုန္ငယ္ေလးပါပဲ။

"ဧကရီ"

"ဟင္"

"ကြၽန္ေတာ့္ကိုဒီေနရာေလးမွာပဲေပးအိပ္ပါေနာ္ မနက္မိုးလင္းတာနဲ႔ျပန္မွာပါ ကတိေပးတယ္ ကတိ ကတိ "

လက္သန္းေလးေထာင္ကာကတိေပးေနေတာ့ထိုလက္ကိုယူကာလက္ႏွစ္ဖက္နဲ႔ဆုပ္ကိုင္ထားလိုက္သည္။

"ဘယ္ကိုျပန္မွာလဲ ေရွာင္းက်န္႔ကငါ့အေစခံပဲ ငါ့နားမွာပဲေနရမွာေပါ့ ဒီမွာအိပ္ခြင့္မေပးဘူးဆိုရင္ေစာင္ကိုေတာင္ေပးပါ့မလား ဟင္? ဒီဦးေႏွာက္ေသးေသးေလးကစဥ္းစားၾကည့္ေလ"

ထိုေတာ့မွေရွာင္းက်န္႔ကစိတ္ခ်လက္ခ်အႀကီးႀကီးၿပဳံးႏိုင္ေတာ့သည္။သူ သခင္ေကာင္းရလိုက္တာပဲဟုအႀကိမ္ႀကိမ္ေတြးေနမိေတာ့တယ္။ဧကရီအနားေနရတာေႏြးေထြးတယ္ ေပ်ာ္ဖို႔ေကာင္းတယ္။ၿပီးေတာ့အႏႈိင္းမဲ့အလွတရားကိုပါအခမဲ့ၾကည့္ရေသး..ေျပာပါအုံး ေရွာင္းက်န္႔ကံမေကာင္းဘူးလား

"ေကာင္းေကာင္းအနားယူပါ မနက္လင္းရင္ဘယ္ကိုမွျပန္စရာမလိုဘူး ဒီေထာင္ဟြားနန္းေဆာင္ကေရွာင္းက်န္႔အိမ္ျဖစ္သြားၿပီ"

"ဟုတ္ကဲ့ဧကရီ ကြၽန္ေတာ္ဧကရီစကားနားေထာင္ပါ့မယ္"

ဝမ္ရိေပၚကတစ္ခ်က္ၿပဳံးကာကုတင္ထက္ျပန္လဲေလ်ာင္းေနသည္။မ်က္လုံးေတြမမွိတ္ေသးပဲေရွာင္းက်န္႔ကိုၾကည့္ေနတာမလို႔အေနေတာင္ခတ္လာသည္။ေရွာင္းက်န္႔ကမလုံမလဲသူ႔မ်က္ႏွာမွာတစ္ခုခုေပေနသလားဟုထင္မွတ္ကာလက္နဲ႔ပြတ္သုတ္ေနသည္။ဝမ္ရိေပၚဆီကရယ္သံတိုးတိုးကိုၾကားေတာ့မ်က္ႏွာသုတ္ေနတာရပ္ၿပီးျပဴးၾကည့္တယ္။

"ကြၽန္ေတာ့္မ်က္ႏွာမွာတစ္ခုခုေပေနလို႔လားဟင္"

"အင္း ေပေနတယ္"

"ဘယ္ေနရာမွာလဲ"

"မ်က္ႏွာတစ္ခုလုံးေပေနတာ"

"ဘာေတြလဲေပေနတာလဲဟင္"

"အလွတရားေတြ..."

"........"

ေရွာင္းက်န္႔ရဲ႕နား႐ြက္ဖ်ားေလးေတြဟာခ်က္ခ်င္းရဲတက္လာသည္။သူလွပတဲ့အေၾကာင္းကိုလူတိုင္းဆီကခ်ီးက်ဴးတာကိုၾကားခဲ့ဖူးတယ္ဘယ္လိုမွမခံစားရဘူး။သူ႔ရဲ႕လွပေခ်ာေမာမႈေတြကိုသူ႔ကိုပိုးပန္းသူတစ္ခ်ိဳ႕က ကဗ်ာေတြစာေတြဖြဲ႕ႏြဲ႕ခဲ့တာေတာင္ရွက္ခဲ့သူမဟုတ္ပါတကာ။ခု ဧကရီဆီကၾကားရေတာ့နားမလည္ႏိုင္စြာအရွက္သည္းေနမိသည္။ဧကရီရဲ႕ခ်ီးမြမ္းစကားေလးတစ္ခြန္းကသူ႔မ်က္ႏွာတစ္ခုလုံးထားစရာေနရာမရွိေတာ့ေလာက္ေအာင္ျဖစ္ေစသည္။ထို႔ေၾကာင့္ေရွာင္းက်န္႔ကေစာင္ကိုမ်က္ႏွာတစ္ဝက္ထိအုပ္ခ်လိုက္ကာမ်က္လုံးေလးႏွစ္လုံးပဲေဖာ္ထားလိုက္တယ္။

"ေကာင္းေသာညပါ"

"ေကာင္းေသာညပါဧကရီ"

ႏႈတ္ဆတ္စကားဆိုၿပီးေနာက္ေရွာင္းက်န္႔မ်က္လုံးေလးေတြမွိတ္ခ်လိုက္သည္။မၾကာခင္အခ်ိန္ေလးမွာပဲေရွာင္းက်န္႔အိမ္မက္လွလွေလးဆီေရာက္သြားေတာ့သည္။အိမ္မက္လိုလို တကယ္လိုလို နဲ႔မေရမရာအိမ္မက္တစ္ခုသူမက္ခဲ့တယ္။ဧကရီကတညလုံးမ်က္လုံးမမွိတ္ပဲသူ႔ကိုၾကည့္ေနခဲ့သည္တဲ့...

*^^*

ေပ်ာ့ေပ်ာင္းစင္းက်ေနတဲ့ဆံႏြယ္ရွည္ေတြကိုေ႐ႊဘီးကိုအသုံးျပဳကာေသသပ္ေအာင္ၿဖီးသင္ေပးေနသည္။ခါးနားေလာက္ထိစင္းက်ေနတဲ့ဆံႏြယ္ေတြကဝင္းအိၿပီးမက္မြန္ပန္းနံ႔တို႔သင္းပ်ံ႕ေနသည္။ေရွာင္းက်န္႔က ဧကရီရဲ႕ဆံပင္ေတြကိုသေဘာက်ကာကိုင္လို႔ေကာင္းတာမလို႔အၾကာႀကီးဆံပင္ၿဖီးေပးေနသည္။မနက္အေစာထဲကလုပ္ေနတာအေမႊးတိုင္တစ္တိုင္ထြန္းေလာက္ထိၾကာေနၿပီျဖစ္သည္။

ေရွာင္းက်န္႔ရဲ႕ၿပဳံးၿဖီးေနတဲ့မ်က္ႏွာကိုေၾကးဝါမွန္ကေနတဆင့္ၾကည့္ကာဝမ္ရိေပၚကၿပဳံးလို႔ေနသည္။

"ငါ့ဆံပင္ေတြကိုအဲ့ေလာက္ေတာင္သေဘာက်ေနတာလား"

".ဟမ္..အာ...ဟီးဟီး..ဟုတ္ကဲ့ကြၽန္ေတာ္အမ်ားႀကီးသေဘာက်ပါတယ္ "

ေရွာင္းက်န္႔ကသြက္သြက္ေလးျပန္ေျဖသည္။အမွန္တကယ္သူသေဘာက်တာျဖစ္သည္။ေက်ာ့ရွင္းသပ္ရပ္ေနတဲ့ဆံသားေတြကလက္ေခ်ာင္းေတြၾကားေခ်ာက်ေနတဲ့ထိေပ်ာ့ေပ်ာင္းႏူးညံ့လွသည္။

"ငါ့ဆံပင္ကိုထိေတြ႕ဖူးတာမင္းပဲရွိေသးတယ္"

"မျဖစ္ႏိုင္ပါဘူး ဧကရာဇ္လဲထိေတြ႕ဖူးမွာပဲေလ"

ေရွာင္းက်န္႔ကေျပာေတာ့ဝမ္ရိေပၚကေခါင္းခါျပလာသည္။ထို႔ေနာက္ေရွာင္းက်န္႔ကိုသူ႔နားတိုးကပ္ေစေတာ့ေရွာင္းက်န္႔ကကိုယ္ကိုကိုင္းခ်လိုက္တယ္။ဝမ္ရိေပၚကေရွာင္းက်န္႔နား နားကိုကပ္ကာတိုးတိုးေလးေျပာလိုက္သည္။

"တကယ္ေတာ့ေလ ဧကရာဇ္နဲ႔ငါကအနမ္းေတာင္မေပးဖူးဘူး"

"ဟမ္!"

ၾကားလိုက္ရတဲ့စကားကေရွာင္းက်န္႔နားေတာင္မယုံႏိုင္ျဖစ္ရသည္။ဧကရာဇ္နဲ႔ဧကရာဇ္ရဲ႕အခ်စ္ဆုံးျဖစ္တဲ့ဧကရီကဘယ္လိုဆက္ဆံေရးမ်ိဳးလဲ ဘာလို႔အနမ္းေတာင္မေပးဖူးရတာလဲ။ေရွာင္းက်န္႔ရဲ႕မ်က္ခုံးႏွစ္ဖက္ကအနည္းငယ္တြန္႔ေကြးကာသိပ္မယုံခ်င္ျဖစ္ေနရွာသည္။

ခက္ခဲတဲ့အေတြးေတြကိုေခါင္းထဲကထုတ္ၿပီးဆံပင္ၿဖီးျခင္းကိုလက္စသတ္လိုက္တယ္။ထို႔ေနာက္ဧကရီကဝတ္႐ုံလဲရန္မတ္တပ္ထရပ္လိုက္သည္။ဧကရီမွာအနီးကပ္အေစခံဆိုလို႔ေရွာင္းက်န္႔တစ္ေယာက္ပဲရွိတယ္ ေဝယ်ာဝစၥေတြအားလုံေရွာင္းက်န္႔ပဲလုပ္ေပးရတာျဖစ္သည္။ေနာက္ဆုံးေထာင္ဟြားနန္းေဆာင္မွာေရွာင္းက်န္႔တို႔ႏွစ္ေယာက္ပဲရွိတဲ့ထိဧကရီကသီးသန္႔ဆန္သည္။မသိရင္အပါယ္ခံေရခဲနန္းေဆာင္အလားပင္။

ေရွာင္းက်န္႔ကဝတ္႐ုံေတြအစီအရီထည့္ထားတဲ့ဗီ႐ိုႀကီးကိုဖြင့္ကာဧကရီစိတ္တိုင္းက်ေစမည့္ဝတ္စုံအားတစ္ထည္ၿပီးတစ္ထည္ေ႐ြးခ်ယ္ေစသည္။စိတ္ႀကိဳက္ေ႐ြးၿပီးတဲ့ေနာက္အတြင္းဝတ္အျဖဴေလးသာဝတ္ထားတဲ့ဧကရီကအေပၚဝတ္႐ုံဝတ္ေပးဖို႔ျပင္ရသည္။

လက္ႏွစ္ဖက္ဆန္႔တန္းကာရပ္ေနတဲ့ဝမ္ရိေပၚအနားကပ္သြားၿပီးေရွာင္းက်န္႔ကမက္မြန္ပန္းေရာင္ဝတ္႐ုံကိုဝတ္ေပးသည္။ေသေသခ်ာခ်ာသပ္သပ္ရပ္ရပ္ျဖစ္ေအာင္ဝတ္ေပးၿပီးခါးစည္းကိုပတ္ေပးေတာ့ခါးကိုဖက္ထားသလိုျဖစ္ေနသည္။

နီးကပ္လြန္းတဲ့မ်က္ႏွာေလးကဝတ္႐ုံကိုအာ႐ုံစိုက္ကာဝတ္ေပးၿပီးငုံ႔ထားတာမလို႔ဧကရီကစူးစိုက္ၾကည့္ေနတာကိုေတာ့မသိေပ။မ်က္ႏွာအစိတ္အပိုင္းတစ္ခုခ်င္းကိုေစ့ေစ့စိုက္ၾကည့္ေနေလသည္။

"ရၿပီ"

ေရွာင္းက်န္႔ကဧကရီဝတ္႐ုံကိုေသခ်ာဝတ္ေပးၿပီးအေနာက္ကိုေျခလွမ္းအနည္းငယ္ဆုတ္လိုက္သည္။မက္မြန္းပြင့္တို႔ထိုးထားတဲ့မက္မြန္ေရာင္ဝတ္႐ုံနဲ႔ဧကရီကေက်ာ့ရွင္းၿပီးအလြန္က်က္သေရရွိသည္။ရွည္လ်ားတဲ့ဆံႏြယ္ေတြနဲ႔လွပေျပျပစ္တဲ့မ်က္ႏွာေလးကေရွာင္းက်န္႔ဘယ္ေလာက္ေငးေငးမဝႏိုင္တဲ့အရာေလးပင္ျဖစ္သည္။

"အ့ အ့"

"ဧကရီဘာျဖစ္လို႔လဲ"

ေရွာင္းက်န္႔ေငးေနတုန္းဝမ္ရိေပၚကလည္ပင္းကိုကိုင္ကာညည္းတြားလိုက္တာမလို႔စိုးရိမ္ပူပန္သြားရသည္။

"လည္ပင္းကနာေနလို႔ပါ..အုန္းလြဲတာထင္တယ္"

"ဟုတ္လား ဧကရီညကတညလုံးကတစ္ဖက္ထဲေစာင္းအိပ္လို႔ထင္တယ္ ကြၽန္ေတာ္ဘာလုပ္ေပးရမလဲဟင္ ဖြားဖြားေျပာတာၾကားဖူးတယ္ အုန္းလြဲရင္ေခါင္းအုံးကိုေနပူလွန္းၿပီးအသက္ေအာင့္ၿပီးခုႏွစ္ခ်က္႐ိုက္တဲ့..ဧကရီလုပ္ၾကည့္မလား.."

ေရွာင္းက်န္႔ကသူၾကားဖူးတာကိုအားႀကိဳးမာန္တက္ရွင္းျပေနေတာ့ဝမ္ရိေပၚကၿပဳံးၿပီးေရွာင္းက်န္႔နဖူးကိုလက္ညိဳးေလးနဲ႔အသာေတာက္လိုက္သည္။ေရွာင္းက်န္႔ကသူ႔နဖူးသူျပန္ပြတ္ေနတယ္။

"ဧကရာဇ္ႂကြခ်ီလာပါၿပီ.."

နန္းေဆာင္အျပင္ကကုန္းကုန္းရဲ႕ေရွ႕ေျပးသံအဆုံးေရွာင္းက်န္႔အနည္းငယ္စိတ္လႈပ္ရွားသြားသည္။ဝမ္ရိေပၚရဲ႕မ်က္ႏွာကအၿပဳံးေတြေပ်ာက္ကြယ္သြားတာကိုေတာ့ေရွာင္းက်န္႔မသိလိုက္ဘူး။

ဧကရာဇ္ႂကြလာၿပီဆိုေတာ့သူတို႔ႏွစ္ေယာက္လုံးနန္းေဆာင္အျပင္ထြက္လာခဲ့ၾကသည္။မက္မြန္ပင္ႀကီးေအာက္ကစားပြဲမွာထိုင္ေနတဲ့ဧကရာဇ္နားသြားၿပီးအ႐ိုအေသေပးလိုက္သည္။ေရွာင္းက်န္႔ကအေနာက္နားခပ္လွမ္းလွမ္းကရပ္ၿပီးအ႐ိုအေသေပးရတယ္။

"ဧကရာဇ္ကိုဝမ္ရိေပၚဂါဝရျပဳပါတယ္ ဧကရာဇ္သက္ေတာ္ရာေက်ာ္ရွည္ပါေစ"

ဝမ္ရိေပၚကဦးၫြတ္အ႐ိုအေသေပးေတာ့ဧကရာဇ္ကထိုင္ေနရာကထလာၿပီးပုခုံးကအလ်င္အျမန္ကိုင္ကာပုံမွန္ရပ္ေစလိုက္သည္။ဧကရာဇ္ခ်န္းယြိရွီကဧကရီရဲ႕ဘယ္ေလာက္ၾကည့္ၾကည့္႐ိုးအီသြားျခင္းမရွိတဲ့မ်က္ႏွာေလးကိုေငးေမာၾကည့္ေနသည္။

"ကိုယ္ေတာ္မလာတာၾကာၿပီမလို႔ ဧကရီအဆင္ေျပရဲ႕လားလာၾကည့္တာပါ ေယာက်ာ္းေလးအေစခံေတြအမ်ားႀကီးေခၚထားေပမဲ့ဧကရီကတစ္ေယာက္ထဲကိုပဲအနားေခၚထားတယ္ဆို"

"အမွန္ပါပဲအရွင္..ကြၽန္ေတာ္အေစခံေတြအမ်ားႀကီးမလိုခ်င္ပါဘူး တစ္ေယာက္ထဲဆိုလုံေလာက္ပါၿပီ"

ဧကရာဇ္ကဝမ္ရိေပၚရဲ႕မ်က္ႏွာကိုမ်က္ေတာင္မခတ္ေငးစိုက္ၾကည့္ရင္းစကားဆိုေနေပမဲ့ဝမ္ရိေပၚကေတာ့မ်က္လႊာခ်ထားကာတည္ၿငိမ္ေအးစက္ေနတဲ့မ်က္ႏွာနဲ႔ရွိေနသည္။ေရွာင္းက်န္႔တစ္ခုေတြးမိတယ္ ဧကရီကသူနဲ႔အတူရွိေနရင္မ်က္ႏွာကတစ္မ်ိဳးျဖစ္ေနတတ္သည္ပင္ ခုေတာ့ဧကရာဇ္အနားမွာရွိရတာေတာင္မေပ်ာ္သလိုပဲ ေအးစက္စက္ႀကီးဟုထင္မိသည္။

"ဧကရီအဆင္ေျပတယ္ဆို႐ုံနဲ႔ကိုယ္ေတာ္ေက်နပ္ပါၿပီ လိုအပ္တာမွန္သမွ်ေျပာပါ လိုခ်င္တာရွိရင္လဲအားမနာေျပာလို႔ရတယ္ ကိုယ္ေတာ္ကမင္းရဲ႕ခင္ပြန္းပဲေလ "

"ေက်းဇုတင္ပါတယ္အရွင္ ကြၽန္ေတာ္ခုေလာေလာဆယ္ေတာ့ဘာမွမလိုေသးပါဘူး."

ဝမ္ရိေပၚကေျပာေတာ့ခ်န္းယြိရွီကေခါင္းတဆတ္ဆတ္ၿငိမ့္ေနေလသည္။

"ဒါနဲ႔ ဧကရီရဲ႕အနီးကပ္အေစခံေရာ.."

ေရွာင္းက်န္႔ကသူ႔အေၾကာင္းေျပာလာတာၾကားေတာ့ေက်ာေလးကမတ္ခနဲျဖစ္သြားၿပီးေရွ႕ကိုအနည္းငယ္တိုးလာကာအ႐ိုအေသေပးလိုက္သည္။

"ဧကရီရဲ႕အနီးကပ္အေစခံ ေရွာင္ေရွာင္းက်န္႔ဧကရာဇ္ကိုအ႐ိုအေသေပးပါတယ္ ဧကရာဇ္သက္ေတာ္ရာေက်ာ္ရွည္ပါေစ"

ေရွာင္းက်န္႔ကဧကရာဇ္နဲ႔ေတြ႕ရလို႔စိတ္လႈပ္ရွားကာအသံေတြတုန္ယင္ေနတာကိုမနည္းထိန္းေျပာေနသည္။ဧကရာဇ္ကအေတာ္ေလးၾကည့္ေကာင္းတယ္ ေတာင့္တင္းတဲ့ခႏၶာကိုယ္နဲ႔ေျဖာင့္မတ္တဲ့႐ုပ္ရည္ကိုပိုင္ဆိုင္ထားၿပီးေရွာင္းက်န္႔ထက္ေတာင္အရပ္ျမင့္သည္။ဧကရီနဲ႔ဆိုအရမ္းလိုက္ဖက္တယ္။

ခ်န္းယြိရွီကသူ႔ေရွ႕ကသူ႔ကိုအ႐ိုအေသေပးလာတဲ့ေကာင္ေလးကိုေတြ႕ေတာ့ပါးစပ္အေဟာင္းသားျဖစ္သြားသည္။ညဥ့္ဦးယံရဲ႕ေငြလမင္းေလးလိုေအးခ်မ္းေတာက္ပတဲ့အလွမ်ိဳးနဲ႔ျမင္သူတကာေငးရေလာက္တဲ့ထိစြမ္းေဆာင္ႏိုင္သည္။ခ်န္းယြိရွီရဲ႕မ်က္လုံးေတြေနရာမလႊဲႏိုင္ေလာက္ေအာင္ေရွာင္းက်န္႔ဆီေက်ာက္ခ်ထားမိေလသည္။ေက်ာ့ကြင္းမိသြားတဲ့သားေကာင္ေလးလိုမ်ိဳး ႐ုန္းထြက္ဖို႔ခက္လြန္းလွသည္။

ခ်န္းယြိရွီရဲ႕မ်က္ႏွာအမူအယာကိုၾကည့္ၿပီးဝမ္ရိေပၚရဲ႕မ်က္ခုံးေတြကတြန္႔ခ်ိဳးသြားသည္။ဝတ္႐ုံစနဲ႔ဖုံးအုပ္ေနတဲ့လက္ေတြကိုတင္းတင္းဆုပ္လိုက္မိတယ္။ဘယ္သူမွသတိမထားမိေအာင္သက္ျပင္းအသာခ်လိုက္တယ္..

"ေရွာင္းက်န္႔ အထဲဝင္ေတာ့ "

"ဟင္..."

႐ုတ္တရတ္ႀကီးအထဲဝင္ခိုင္းေနတဲ့ဧကရီေၾကာင့္ေရွာင္းက်န္႔နားမလည္စြာအူေၾကာင္ေၾကာင္ေလးျဖစ္သြားသည္။ျပန္ၿပီးလဲေမးခြန္းမထုတ္ရဲတာမလို႔အ႐ိုအေသေပးၿပီးနန္းေဆာင္ထဲဝင္လာလိုက္သည္။

"အရွင္.."

"ဟင္ ေျပာေလဧကရီ"

"ေရွာင္းက်န္႔က ကြၽန္ေတာ့္ရဲ႕အေစခံပါ အရွင့္မွာလဲၾကင္ယာေတာ္ေတြေရာကိုယ္လုပ္ေတာ္ေတြေရာအမ်ားႀကီးပိုင္ဆိုင္ထားတာပဲ အားလုံးကလွပတဲ့ေယာက်ာ္းေလးေတြခ်ည္းပဲနန္းေသြးအတြက္လိုအပ္လို႔မိန္းကေလးၾကင္ယာေတာ္လ်န္တစ္ေယာက္ပဲရွိတယ္...အရွင္ အေနာက္နန္းေဆာင္ဆိုတာကလူတအားမ်ားရင္မလိုလားအပ္တဲ့ျပႆနာေတြျဖစ္လာႏိုင္တယ္...အေနာက္နန္းေဆာင္ကိုလူဦးေရထပ္မတိုးတာေကာင္းပါတယ္..."

ခ်န္းယြိရွီကသူ႔ရဲ႕ဧကရီသူ႔ကိုအရင္ကထက္စကားေတြအမ်ားႀကီးေျပာလာတာေၾကာင့္အံ့ၾသေနသည္။ဧကရီဘာကိုဆိုလိုေနတာလဲသိတာမလို႔ေခါင္းသာတၿငိမ့္ၿငိမ့္လုပ္ျပလိုက္သည္။

"မင္းသေဘာမက်ရင္ကိုယ္ေတာ္ဘာမွမလုပ္ပါဘူး အေနာက္နန္းေဆာင္ကမင္းသေဘာပါပဲ"

ဧကရာဇ္စကားေၾကာင့္ဝမ္ရိေပၚရဲ႕ႏႈတ္ခမ္းေတြကတြန္႔ေကြးသြားေလသည္။ျပတင္းေပါက္ကေခ်ာင္းေနတဲ့ေရွာင္းက်န္႔ကလဲဧကရီတို႔ဘာအေၾကာင္းေျပာေနလဲဆိုတာသိခ်င္းလြန္းလို႔မေနႏိုင္မထိုင္ႏိုင္ျဖစ္ေနသည္။

*^^*

ေရွာင္းက်န္႔ကနန္းေဆာင္အေနာက္ဘက္ကေရတံခြန္ကိုေရာက္ေနတာျဖစ္သည္။ဧကရီနဲ႔ဧကရာဇ္ကစကားေျပာတာမၿပီးေသးတာမလို႔သူလဲပ်င္းၿပီးထြက္လာခဲ့တာ။ေရတံခြန္ေဖြးေဖြးကိုၾကည့္ၿပီးေရွာင္းက်န္႔ေရထဲဆင္းခ်င္လာသည္။

စိတ္အလိုလိုက္တတ္တဲ့ေရွာင္းက်န္႔ကၾကာၾကာေတာင္မစဥ္းစားေတာ့ပါဘူး။ဖိနပ္ကိုခြၽတ္ၿပီးအေပၚဝတ္႐ုံေလးပါဆြဲခြၽတ္သည္။ထို႔ေနာက္ခုန္ေပါက္ၿပီးေရထဲဆင္းသြားပါေတာ့တယ္။ေရေတြအႀကိဳက္ေဆာ့ၿပီးအေပ်ာ္ႀကီးေပ်ာ္ေနတယ္။

"ဟာ.ေဟ့လူ.ေဟ့လူ...ဘာလို႔ေရထဲဆင္းတာလဲ ဒါတားျမစ္ေရတံခြန္ဗ် ျပန္တက္လာခဲ့ေရကူးလို႔မရဘူး"

ေရွာင္းက်န္႔ေရကစားေနတုန္းအသံက်ယ္က်ယ္ၾကားလို႔လွည့္ၾကည့္လိုက္တယ္။ကမ္းစပ္ကုန္းေပၚကေနသူ႔ကိုအသံၿပဲႀကီးနဲ႔လွမ္းေအာ္ေနတဲ့ေကာင္ေလးတစ္ေယာက္..အလြန္ဆုံးရွိမွအသက္ ၁၂ ၁၃ေလာက္သာရွိမည္။ဒူးေလးျမႇားကိုကိုင္ထားၿပီးျမႇားက်ည္ေတာက္ကိုေက်ာမွာသိုင္းလြယ္ထားသည္။

"ျမန္ျမန္ျပန္တက္လာခဲ့..ဦးေလး ၃ေတြ႕ရင္ဒုကၡေရာက္ေတာ့မွာပဲ  ျမန္ျမန္..."

သူ႔ကိုလက္ယက္ၿပီးအသည္းအသန္ေခၚေနတဲ့ေကာင္ေလးေၾကာင့္ေရွာင္းက်န္႔လဲကုန္းေပၚျပန္တက္လာခဲ့သည္။

"ဘာျဖစ္လို႔လဲ"

ေကာင္ေလးအနားသြားၿပီးမ်က္ခုံးေတြတြန္႔ကာအလိုမက်စြာေမးေတာ့ေကာင္ေလးကခဏေၾကာင္အစြာသူ႔ကိုၾကည့္ေနၿပီးမွသတိဝင္ဟန္ေခ်ာင္းတစ္ခ်က္ဟန္႔လိုက္သည္။

"အဟမ္း..ဒီေရတံခြန္ကဦးေလး၃ပိုင္တာ ဘယ္သူမွေရထဲဆင္းခြင့္မရွိဘူးငါးဖမ္းခြင့္မရွိဘူးတားျမစ္ထားတယ္ စည္းကမ္းေဖာက္ရင္ေတာ့အပစ္ခံရမွာ"

သူ႔ေရွ႕ကပါးေဖာင္းေဖာင္းနဲ႔ပါးခ်ိဳင့္ေသးေသးေလးႏွစ္ဖက္ကခြက္ေနတဲ့ေကာင္ေလးကသူ႔ကိုရွင္းျပေနေလသည္။

"ဘယ္လိုအပစ္ခံရမွာလဲ"

"ေသဒဏ္ေလ"

"ဘာ!!. ..ဒါေလးကဒီေလာက္ေတာင္အပစ္ႀကီးတာလား..မဟုတ္ေသးပါဘူးဒီေလာက္ထိအပစ္ေပးဖို႔မလိုပါဘူး"

ေရွာင္းက်န္႔ကမ်က္ႏွာပ်က္ယြင္းကားေျပာၿပီးမွတစ္ခုခုကိုေတြးမိသြားသည္။ေရွ႕ကေကာင္ေလးကိုစူးစမ္းသလိုၾကည့္ၿပီးေမးလိုက္တယ္။

"ဦးေလး၃?..ဦးေလး၃ဆိုတာက?"

သူေမးလိုက္ေတာ့ေကာင္ေလးကေရွာင္းက်န္႔ခါးမွာဆြဲထားတဲ့သစ္သားတံဆိပ္ကတ္ျပားကိုၾကည့္လိုက္သည္။ထိုေတာ့မွေရာက္တာမၾကာေသးတဲ့ဧကရီရဲ႕အနီးကပ္လူမွန္းသိသြားတယ္။သက္ျပင္းတစ္ခ်က္ခ်ၿပီး

"ဦးေလး၃ဆိုတာက မင္းသား၃ ခ်န္းရွစ္ေဟာ္.."

"ဟမ္!"

ေရွာင္းက်န္႔ေခါင္းေႁမြေပၚက္ခံရသလိုခံစားလိုက္ရသည္။သူဘယ္လိုလူကိုသြားထိမိတာလဲ မင္းသား၃ကနာမည္ဆိုးနဲ႔ေက်ာ္ၾကားသည္။လက္ရွိဧကရာဇ္ရဲ႕ညီျဖစ္တာမလို႔သူ႔ေရွ႕ကေကာင္ေလးကလဲအနာဂတ္ရဲ႕ရွင္ဘုရင္ေလာင္းေလးျဖစ္သည္။ခ်န္းရွစ္ေဟာ္ဟာေသြးေအးၿပီးရက္စက္တဲ့ေနရာမွာႏွစ္ေယာက္မရွိေပ ဧကရာဇ္အားကိုးရတဲ့စစ္သူႀကီးျဖစ္တာမလို႔အားလုံးကသူ႔ကိုမလြန္ဆန္ႏိုင္ပဲေၾကာက္႐ြံ႕ၾကသည္။

ေရွာင္းက်န္႔ကဘာလုပ္ရမွန္းမသိစြာေၾကာက္လို႔တုန္ေနေတာ့သည္။

"ကြၽန္..ကြၽန္ေတာ္ဘာလုပ္ရေတာ့မလဲအိမ္ေရွ႕စံ..ကယ္ပါအုံး..ဒီ.ဒီကိစၥကိုဘယ္သူမွမေျပာပါနဲ႔ေနာ္...ေတာင္းပန္ပါတယ္.."

"ေျပာရမွာေပါ့..စည္းကမ္းေဖာက္ရင္အပစ္ကခံရမွာပဲ...ကြၽန္ေတာ္ကအိမ္ေရွ႕စံပါ ဒီလိုလာတ္ေပးလာတ္ယူေတြလုပ္လို႔မျဖစ္ဘူးေလ..မဟုတ္ဘူးလား"

ေရွာင္းက်န္႔ကသူ႔ေရွ႕က​လက္ေတာက္ကေလးကိုစိတ္တိုၿပီးထိပ္ကိုထုခ်င္သည့္စိတ္ကိုအတတ္ႏိုင္ဆုံးခ်ဳပ္တည္းထားရသည္။အိမ္ေရွ႕စံျဖစ္ေနလို႔ေပါ့မဟုတ္ရင္းထုသတ္ၿပီးအေလာင္းေဖ်ာက္ပစ္လိုက္တယ္..အီးးးးဧကရီေရ..ကယ္ပါအုံး

"အိမ္ေရွ႕စံ..ကြၽန္ေတာ္တကယ္ေတာင္းပန္ပါတယ္.ျပန္မေျပာပါနဲ႔ေနာ္အိမ္ေရွ႕စံဘာျဖစ္ခ်င္လဲကြၽန္ေတာ္ျဖစ္ေအာင္လုပ္ေပးမယ္...ကြၽန္ေတာ္ေလ..ခုမွဘဝကေကာင္းစားကာစပဲရွိေသးတာေစာေစာစီးစီးမေသခ်င္ေသးလို႔ပါ"

မ်က္ႏွာငယ္ေလးနဲ႔ငိုမဲ့မဲ့ႏႈတ္ခမ္းေလးမဲ့ၿပီးေျပာေတာ့အိမ္ေရွ႕စံကအနည္းငယ္ေတြးေတာေနသည္။ေရွာင္းက်န္႔မွာေတာ့ရင္တုန္ပန္းတုန္ရွိလြန္းလွသည္။တေကာင့္သားေလးကေမးေစ့ကိုပြတ္သပ္ၿပီးဟိတ္ႀကီးဟန္ႀကီးေတြလုပ္ေနေသးတယ္။

"အင္းးး ေကာင္းၿပီေလမေျပာေတာ့ဘူး ဒါေပမဲ့အေပးရွိရင္အယူရွိရတယ္"

ျပန္မေျပာဘူးဆိုတာနဲ႔တင္ေရွာင္းက်န္႔ေက်းဇုတင္လွပါၿပီ က်န္တာဘာမဆိုလုပ္ႏိုင္သည္။ဒါေၾကာင့္အိမ္ေရွ႕စံေျပာလာမည့္အေပးအယူကိုေစာင့္ေနသည္။အိမ္ေရွ႕စံကသူ႔ကိုေျခဆုံးေခါင္းဆုံးတစ္ခ်က္ၾကည့္ၿပီး

"အနာဂတ္မွာခင္ဗ်ား ကြၽန္ေတာ့ရဲ႕မိဖုရားလုပ္ရမယ္"

ေရွာင္းက်န္႔ရဲ႕မ်က္လုံးေတြျပဴးစက္ဝိုင္းက်ယ္သြားသည္။ဒီကေလး လူပ်ိဳေတာင္မျဖစ္ေသးဘူးအေတာ္ေလးအႀကံပက္စက္တာပဲ။ေရွာင္းက်န္႔မွာဘာမွျပန္မေျပာႏိုင္ေအာင္ဆြံ႕အေနေလသည္။အိမ္ေရွ႕စံကေလးစုတ္ေလးကသူ႔ကိုေျပာင္စပ္စပ္ၿပဳံးကာမ်က္လုံးတစ္ဖက္မွိတ္ျပတယ္

"စဥ္းစားဖို႔အခ်ိန္ေပးမယ္ ..ကြၽန္ေတာ့္ရဲ႕အနာဂတ္မိဖုရားေလး..သြားေတာ့မယ္..ထပ္ေတြ႕ၾကမယ္ေနာ္"

သူ႔ကိုမ်က္လုံးတစ္ဖက္မွိတ္ျပၿပီးျမႇားက်ည္ေတာက္ကိုတစ္ဖက္သို႔ျပင္လြယ္ကာေပါ့ပါးစြာေျပးထြက္သြားေတာ့သည္။

ေရွာင္းက်န္႔ကဘာဆက္လုပ္ရမလဲမသိျဖစ္ၿပီးမ်က္ႏွာေလးကငိုမဲ့မဲ့ျဖစ္လာသည္။ေရစိုဝတ္ႀကီးနဲ႔ထိုင္ခ်ကာတစ္ေယာက္ထဲေအာ္ငိုေနလိုက္သည္။ဘာလို႔နန္းေဆာင္ထဲကထြက္လာမိတာလဲ...

💚💛❤

Comment