16ခု
Uni
ဒီနေ့ကရှောင်းကျန့်နဲ့မင်းသား၂တို့ရဲ့မင်္ဂလာရက်ဖြစ်တာကြောင့်နန်းတော်တစ်ခုလုံးအလုပ်များနေကြသည်။အသီးသီးပျော်ရွင်နေကြသော်လဲရှောင်းကျန့်ကတော့မပျော်ပါသူ့လိုပဲဧကရီလဲပျော်ရွင်မှာမဟုတ်ဘူးလို့ထင်ပါတယ်။
ထောင်ဟွားနန်းဆောင်မှာမျက်နှာမလှဘဲမှိုင်းညို့စွာရှိနေတဲ့အနီရောင်သတို့သားကငူငူကြီးရှိနေသည်။ဧကရီကိုမနက်အိပ်ယာနိုးထဲကမတွေ့ရ ။အစေခံတစ်ယောက်ကရှောင်းကျန့်ရဲ့မျက်နှာကိုမျက်နှာချေမှုန့်အနည်းငယ်လိမ်းခြယ်ပေးနေသည်။နဂိုလှပတဲ့မျက်နှာလေးကအများကြီးပြင်ဆင်စရာမလိုပဲမိန်းကလေးရှုံးလောက်အောင်ကျော့ရှင်းလှပသည်။ဆံနွယ်ရှည်တွေကိုဆီသုတ်လိမ်းကာရစ်ပတ်ခွေလို့ဆံပင်တန်ဆာကိုဆင်မြန်းပေးသည်။နှုတ်ခမ်းလွှာကိုအရောင်တင်ဖို့အစေခံလေးကအနီရောင်ဆေးစက္ကူကိုကမ်းပေးသည်။ကြေးမှုံဝါကျင်ကျင်ကသူ့ပုံရိပ်ကိုကြည့်ပြီးအစေခံရဲ့လက်ကိုဖယ်ရှားလိုက်၏။
"ယောကျာ်းလေးတစ်ယောက်မလို့မလိုတာတွေမလုပ်ပါနဲ့"
"ဟုတ်ကဲ့ပါရှင့်"
အနီရောင်သတို့သမီးဝတ်ရုံရှည်ကိုကြည့်ကာရှောင်းကျန့်မျက်ရည်တွေဝဲတက်လာသည်။ရွှေရောင်ကနုတ်ပန်းတွေထိုးထားတဲ့ရဲတောက်နေတဲ့ဝတ်ရုံကသူ့ရင်ကိုဆုတ်ဖြဲပြီးနှလုံးသားကိုကြမ်းတမ်းစွာဆုပ်နယ်နေသလိုခံစားရစေတယ်။
ဝတ်ရုံကိုကိုယ်ပေါ်မှာဝတ်ဆင်လိုက်ပြီးနောက်ရှောင်းကျန့်ကအပစ်ပြောစရာမရှိအောင်ပြည့်စုံလွန်းသည်။အနီရောင်မင်္ဂလာခေါင်းဆောင်းပုဝါခြုံလွှမ်းပေးမယ်လုပ်တော့ရှောင်းကျန့်ကတားလိုက်တယ်။
"ခဏလေးနေပါအုံး"
ရှောင်းကျန့်ကအပေါက်ဝကိုလှမ်းကြည့်သည်။ဧကရီများရောက်လာအုံးမလား..သူ့ကိုလာခေါ်တာမဟုတ်ရင်တောင်နောက်ဆုံးအနေနဲ့နှုတ်ဆတ်စကားလေးပြောချင်သေးသည်။အတူထွက်ပြေးကြဖို့လာခေါ်ရင်ပိုကောင်းတာပေါ့
ဝမ်ရိပေါ်ကရှောင်းကျန့်ဆီမရောက်လာခဲ့ဘူး။ရှောင်းကျန့်မျက်ဝန်းကမျက်ရည်တွေသီလာသည်။
"ကြင်ယာတော်ရှောင်း နောက်ကျနေပါပြီ"
အစေခံမလေးကသတိပေးပြောတော့ရှောင်းကျန့်ခေါင်းငြိမ့်ပြလိုက်သည်။အစေခံမလေးကသူ့ခေါင်းထံပုဝါကိုဖုံးအုပ်ပေးလိုက်သည်နှင့်ရှောင်းကျန့်မျက်လုံးတွေမှိတ်ချလိုက်တယ်။မျက်ရည်တွေကပါးပေါ်လှိမ်းဆင်းကာမေးဖျားဆီတွဲလဲခိုနေတယ်
တကယ်ပဲဝေးကြရတော့မလား ဒီလိုနဲ့ပဲသူကဝမ်ရိပေါ်မဟုတ်တဲ့တခြားသူထံဘဝတစ်ခုလုံးအပ်နှံရတော့မလား။တစ်ချိန်က ကတိတွေအထပ်ထပ်ပေးခဲ့ဖူးကြတယ်။ထိုကတိကိုနှစ်ယောက်လုံးမတည်နိုင်ခဲ့ကြတော့ဘူး...ခုချိန်မှာဝမ်ရိပေါ်ကိုသာတွေ့ရရင်ဝမ်ရိပေါ်နဲ့အတူအဝေးကြီးကိုထွက်ပြေးမိမယ်..မဟုတ်ဘူးထွက်ကိုထွက်ပြေးမှာ။သတ္တိရှိအောင်အရွဲ့တိုက်ပြပေမဲ့တစ်ဖက်လူကတုတ်တုတ်မလှုပ်တဲ့အခါသူကဘာများတတ်နိုင်အုံးမလဲ။
ချစ်ခဲ့ပါတယ်..အရမ်းချစ်နေတုန်းပဲ..အသက်ထက်ပိုပြီးချစ်သွားမှာ။ဘဝနဲ့ခန္ဓာကိုတစ်ခြားသူထံအပ်နှင်းလိုက်ရပေမဲ့နှလုံးသားနဲ့စိတ်အစုံကတော့ဧကရီထံပါးပုံအပ်ခဲ့ပါသည်။
*^^*
နန်းတော်ကြီးရဲ့များစွာသောလှေကားထစ်များတွင်အနီရောင်ကတ္တီပါကော်ဇောကိုခင်းချထားပြီးလှေကားတွေရဲ့ထိပ်တွင်ဧကရာဇ်ချန်းယွိရှီအပါအဝင်မိဖုရားတွေကြင်ယာတော်တွေထိုင်နေသည်။ဧကရီရဲ့ထိုင်ခုံကတော့နေရာလွတ်နေလေသည်အနီရောင်သတို့သားဝတ်စုံနဲ့မင်းသား၂ကပြုံးရွှင်နေတဲ့မျက်နှာနှင့်ရှိနေသည်။အစေခံတစ်ယောက်ရဲ့တွဲထူမှုနဲ့လှေကားတွေပေါ်တစ်လှမ်းချင်းလျောက်လာတဲ့ရှောင်းကျန့်ကအနီရောင်ဝတ်စုံနဲ့အနီရောင်ပုဝါကိုခေါင်းမှာဖုံးအုပ်ထားသည်။
မင်းသား၂ကစိတ်လှုပ်ရှားမှုတွေနဲ့ပြည့်နှက်နေပြီးချန်းယွိရှီကကျေနပ်နေဟန်ရှိသည်။ပိုင်လန်ကမျက်နှာကိုမဲ့ရွဲ့ပစ်လိုက်တယ်ရှောင်းကျန့်ကိုအောက်ဆုံးထိဆွဲချပါတယ်ဆိုမှမင်းသား၂ရဲ့ကြင်ယာတော်တောင်ဖြစ်သွားတယ်။
လှေကားတွေပေါ်တက်လှမ်းနေတဲ့ရှောင်းကျန့်ရဲ့ရင်ထဲဘယ်လိုခံစားနေရမလဲဘယ်သူနားလည်မှာလဲ။မင်းသား၂နဲ့မျက်နှာချင်းဆိုင်မှာရပ်လိုက်ပေမဲ့သူမျက်လုံးတွေကြမ်းခင်းကိုသာအကြည့်ပို့ထားမိသည်။ဒီပွဲပြီးတာနဲ့ဧကရီနဲ့ဘယ်တော့မှထပ်တွေ့ရမှာမဟုတ်တော့ဘူးပွဲတက်ရောက်ခြင်းမရှိတဲ့ဧကရီကသူ့ကိုအခွင့်အရေးလေးတောင်မပေးခဲ့ဘူး။မိဖုရားလျန်ကသူတို့နှစ်ယောက်အပေါ်ကိုအနီရောင်နှင်းဆီပွင့်ဖတ်တွေကြဲချပြီးကောင်းချီးပေးသည်။တကယ်ဆိုဒါကိုဧကရီကလုပ်ရမှာဖြစ်သည် ဧကရီကမရှိတော့လျန်ရူဟွားကအစားလုပ်ဆောင်ပေးတယ်။ဒါလဲကောင်းတာပဲရှောင်းကျန့်ခံစားရသက်သာတာပေါ့။
"မိုးနဲ့မြေကိုဂါဝရပြုပါမယ်.."
"မင်္ဂလာမောင်နှံအချင်းချင်းဂါဝရပြုပါမယ်.."
မိုးနဲ့မြေကန်တော့ပြီးသတို့သားအချင်းချင်းဂါဝရပြုဖို့မျက်နှာချင်းဆိုင်လှည့်လိုက်သည်။ထိုချိန်
"ရပ်လိုက်!!"
သြဇာညောင်းပြီးကြည်လင်ပြတ်သားတဲ့အသံကြောင့်သူတို့လှုပ်ရှားမှုတွေရပ်တန့်သွားသည်။ရှောင်းကျန့်တစ်ကိုယ်လုံးကြင်ခနဲဖြစ်သွားပြီးအားလုံးကြည့်နေတဲ့နေရာကိုလှည့်ကြည့်လိုက်မိတယ်။လှေကားထစ်တွေပေါ်တက်လှမ်းလာတဲ့ဝမ်ရိပေါ်ကလှပတဲ့မျက်နှာလေးတည်တင်းကာလက်သီးတွေတင်းနေအောင်ဆုပ်ထားသည်။ချန်းယွိရှီရဲ့မျက်နှာကပျက်ယွင်းသွားပြီးကျန်တဲ့သူတွေကနားမလည်စွာကြည့်နေကြသည်။ဝမ်ရိပေါ်ကလှေကားထိပ်အစွန်းမှာရပ်ပြီးတင်းမာနေတဲလေသံပြောလိုက်တယ်
"ငါ့အပိုင်ကိုဘယ်လိုနည်းနဲ့မှတခြားသူဆီအပါမခံနိုင်ဘူး ငါသေမှရှောင်းကျန့်ကိုရမယ်"
နန်းတော်တစ်ခုလုံးအောက်မေးရိုးပြုတ်ကျကာအံ့အားသင့်သွားကြသည်။ချန်းယွိရှီရဲ့မျက်နှာကနီရဲလာကာလက်သီးတွေကခပ်တင်းတင်း။မင်းသား၂ကမျက်မှောင့်ကြုပ်၍ရှောင်းကျန့်ကိုတလှည့်ဧကရီကိုတလှည့်ကြည့်နေသည်။ဧကရီနဲ့အစေခံကချစ်ကျွမ်းဝင်နေကြတာလားဘယ်ချိန်ထဲကလဲ..
ရှောင်းကျန့်ကဝမ်ရိပေါ်စကားကြောင့်မျက်ရည်တွေစီးကျလာသည်။ပျော်လွန်းလို့ကျတဲ့မျက်ရည်တွေပင်..နောက်ဆုံးတော့ဝမ်ရိပေါ်ကသူ့ကိုလက်မလွှတ်ခဲ့ဘူး..ချစ်မြဲတိုင်းချစ်ဆဲ ပိုင်ဆိုင်ချင်နေတုန်းပင်။
ဝမ်ရိပေါ်အတွက်ဒီချိန်မှာရှောင်းကျန့်ကလွဲပြီးဘာမှအရေးမကြီးပေ။အရှက်တွေသိက္ခာတရားတွေ မာနတွေထက်ရှောင်းကျန့်ကိုချစ်တယ်။ချစ်ရသူလက်ကိုတွဲပြီးသေရမယ်ဆိုရင်တောင်သူအသက်ပေးသွားမည်။
"ရှောင်းကျန့်ကငါ့ရဲ့ချစ်ရသူပဲ ငါ့လက်ထဲကနေလုရဲရင်လုကြလေ "
ရှောင်းကျန့်ကမျက်ရည်တွေနှင့်ပြုံးကာသတို့သားကသာဖယ်ရှားခွင့်ရှိတဲ့အနီရောင်ပုဝါစကိုဖယ်ကာလွင့်ပစ်လိုက်သည်။ထို့နောက်ဝမ်ရိပေါ်ဆီရှည်လျားတဲ့ဝတ်ရုံကြီးတကားကားနဲ့ပြေးသွားတော့သည်။သူပြေးလာတာတွေ့တဲ့ဝမ်ရိပေါ်ကလဲသူ့ဆီပြန်ပြေးလာကာဆီးကြိုပွေ့ဖက်လိုက်သည်။တစ်ယောက်ကိုတစ်ယောက်လွတ်ထွက်သွားမှာစိုးသည့်အလားကြားလေသွေးမရအောင်တင်းကြပ်စွာဖက်ထားကြသည်။နှစ်ယောက်လုံးရဲ့ပါးပြင်တွင်မျက်ရည်တွေစိုရွဲလို့နေ၏။
ပါးစပ်အဟောင်းသားနဲ့ကြည့်နေကြတဲ့လူတွေ လက်ညိုးထိုးကာဝေဖန်နေကြတဲ့သူတွေ ကဲ့ရဲ့နှာခေါင်းရှုံ့ပြောနေကြတဲ့သူတွေကိုလျစ်လျူရှုထားကြသည်။
"ငါရောက်လာပြီနော်ရှောင်းကျန့် ငါမင်းလက်ကိုမလွှတ်တော့ဘူးငါသေရမယ်ဆိုရင်တောင်မင်းကိုအလွှတ်မပေးဘူး"
"အင်း..ကျွန်တော်သိတယ်ကျွန်တော်ဧကရီကိုယုံတယ် ဟင့်"
ရှောင်းကျန့်ကငိုရှိုက်ရင်းပြောလေသည်။ဝမ်ရိပေါ်ကရှောင်းကျန့်ကိုဖက်ထားရာကမျက်နှာချင်းဆိုင်အနေအထားပြောင်းကာပါးပြင်ကိုဖွဖွပွတ်သပ်ပေးနေသည်။
"အရမ်းချစ်တယ်ရှောင်းကျန့် ငါတို့ဘယ်တော့မှမခွဲတော့ဘူးနော် မငိုပါနဲ့"
"ကျွန်တော်ကိုနောက်ထပ်မထားခဲ့ပါနဲ့ကျွန်တော်ရူးတော့မလိုပဲ ထွက်ပြေးကြမယ်နော်ဒီနေရာနဲ့အဝေးဆုံးဘယ်သူမှမတွေ့နိုင်တဲ့နေရာကိုအတူထွက်ပြေးကြမယ်"
"မင်းငါနဲ့လိုက်ခဲ့ဖို့ဆန္ဒရှိလား"
ဝမ်ရိပေါ်ကရှောင်းကျန့်ကိုအလေးအနက်ကြည့်ကာမေးတော့ရှောင်းကျန့်ခေါင်းကိုပုတ်သက်ညိုလေးလိုတဆတ်ဆတ်ငြိမ့်ပြလေသည်။ထို့နောက်နှစ်ယောက်လုံးအချင်းချင်းပြုံးကြည့်ကာလက်တွေကိုတင်းတင်းယှက်ကိုင်လိုက်တယ်။အားလုံးကိုကျောခိုင်းလို့ထိုနေရာကထွက်သွားဖို့ပြင်သည်.
"ခုချက်ချင်းရပ်လိုက်!!"
မင်းသား၂ကအော်ပြောလိုက်တော့နှစ်ယောက်လုံးရဲ့ခြေလှမ်းတွေရပ်ကာလှည့်ကြည့်လာသည်။မင်းသား၂ကအံတင်းတင်းကြိတ်ကာရှိနေပြီးချန်းယွိရှီကတော့မျက်လုံးတွေနီရဲကာစိမ်းစိမ်းဝါးဝါးကြည့်နေတယ်။ပိုင်လန်ကခနဲ့စွာရယ်လိုက်တယ် ဒီလိုပဲဖြစ်နေရမယ်လေ ရှောင်းကျန့်ဆိုတာအမြင့်ကိုဘယ်တော့မှမတက်လှမ်းနိုင်ဘူး။
"ရှောင်းကျန့်ကငါ့ကြင်ယာတော်ပဲသူ့ကိုခေါ်သွားခွင့်မရှိဘူး"
မင်းသား၂ကပြောတော့ဝမ်ရိပေါ်ရဲ့မျက်လုံးတွေကကျဥ်းမြောင်းစူးရှသွားသည်။မျက်ခုံးတွေတွန့်ချိုးကာရှောင်းကျန့်လက်ကိုဖျစ်ညစ်လိုက်တယ်။လက်ဖဝါးကနာကျင်မှုကြောင့်ရှောင်းကျန့်မျက်နှာလေးရှုံ့မဲ့သွားသည်။
"မင်္ဂလာပွဲကအထမမြောက်ပဲနဲ့ဘယ်လိုစိတ်နဲ့များရှောင်းကျန့်ကမင်းသား၂ရဲ့ကြင်ယာတော်လို့ပြောနိုင်ရတာလဲ"
ဝမ်ရိပေါ်ရဲ့အေးစက်စက်နဲ့တစ်လုံးချင်းပြောနေတဲ့စကားတွေကအတက်အကျမရှိပေ။ဘေးလူတွေကိုကြက်သီးဖျန်းခနဲထသွားစေပြီးအရှိန်အဝါတစ်ခုကလဲမလှုပ်နိုင်အောင်ဖိနှိပ်ထားသလိုပင်။ရှောင်းကျန့်ကသူ့ဘေးကအရမ်းချောလှတဲ့အမျိုးသားကိုသာငေးကြည့်နေသည်။
"ဘာပဲဖြစ်ဖြစ်ရှောင်းကျန့်ကိုခေါ်သွားလို့မရဘူး"
"ဟက်..ငါ့အပိုင်ငါပြန်ယူတာဘယ်သူ့ကိုဂရုစိုက်နေရမလဲရှောင်းကျန့်ကငါ့လူ"
ဝမ်ရိပေါ်ကပြန်ပြောတော့ရှောင်းကျန့်ကပြုံးလိုက်သည်။တင်တင်းဆုပ်ထားကြတဲ့လက်တွေကိုငုံ့ကြည့်ပြီးသဘောကျနေတော့တယ်။ဝမ်ရိပေါ်ကရှောင်းကျန့်ကိုသူ့အနောက်သို့ပိုးပြီးကာထားလိုက်သည်။ချန်းယွီရှီကမျက်နှာထားတင်းမာစွာနဲ့ရှေ့ထွက်လာတယ်။
"ဧကရီ..မင်းကငါချန်းယွိရှီရဲ့ဧကရီပဲဒါငြင်းလို့မရဘူး"
"ဧကရီ? မှန်ပါတယ်ငါကဧကရီ ဒါပေမဲ့အခုတော့မဟုတ်တော့ဘူးငါကရှောင်းကျန့်ရဲ့တစ်ဦးထဲသောမူပိုင်..."
ပတ်ဝန်းကျင်ကအမတ်မင်းတွေလူအများကတအံ့တသြဖြစ်နေကြသည်။ချန်းယွိရှီကထိုစကားကြောင့်အမျက်ဒေါသတွေထိန်းမရတော့ပေ။သူကတစ်ခါမှမတွေးဖူးတဲ့လုပ်ရပ်ကိုလုပ်ဖို့ပြင်တယ်။
"သူတို့ကိုခုချက်ချင်းဖမ်းလိုက်!!"
ချန်းယွီရှီရဲ့အမိန့်သံအဆုံးမင်းသား၃ရဲ့တပ်သားတွေဟာလှံရှည်တွေကိုင်ပြီးသူတို့နှစ်ယောက်ကိုပတ်ချာလည်ဝိုင်းရံလိုက်သည်။ရှောင်းကျန့်ကကြောက်လန့်သွားကာဝမ်ရိပေါ်ရဲ့ဝတ်ရုံကိုလက်လေးနဲ့ဆုပ်ထွေးလိုက်တာတင်းခနဲ။
"ဧကရီ..ဘယ် ဘယ်လိုလုပ်ကြမလဲသူတို့ကကျွန်တော်တို့ကိုသတ်တော့မယ်"
ရှောင်းကျန့်ရဲ့တုန်ယင်နေတဲ့ကိုယ်လေးကိုဝမ်ရိပေါ်ကရင်ခွင်ထဲဖက်ထားလိုက်ပြီးဆံပင်လေးကိုသပ်ပေးနေသည်။
"ဘာမှမကြောက်နဲ့ငါရှိတယ်သူတို့မင်းကိုဘာမှမလုပ်စေရဘူး"
ချန်းယွိရှီရဲ့လက်တွေကလက်စွဲတော်ဓားကိုဆုပ်ကိုင်လိုက်သည်။ချန်းရှို့ပင်းကတော့ရှောင်းကျန့်တို့ကိုကြည့်ပြီးအနောက်ကိုဆုတ်လိုက်သည်။အစထဲကသူကရှောင်းကျန့်အတွက်အရေးမပါခဲ့သူပဲ
"ဧကရီ မင်းကသိပ်ကိုရက်စက်တာပဲငါမင်းကိုအရမ်းချစ်ခဲ့တာတောင်မှမင်းကငါ့အပေါ်ဒီလိုလုပ်ရက်တယ်.ငါမင်းကိုခွင့်မလွှတ်ပေးနိုင်ဘူး"
"........"
မသိချင်ယောင်ဆောင်နေခဲ့တယ်မင်းကိုဆုံးရှုံးရမှာကြောက်လို့ငါဘာမှမသိသလိုနေပေးခဲ့တာကတုံးအလွန်းလို့မဟုတ်ဘူး..မင်းသိသင့်တယ်ငါမင်းကိုဘယ်လောက်ထိမြတ်နိုးလဲဆိုတာ
ချန်းယွိရှီကကြေကွဲဆို့နစ်စွာပြောလေသည်။ဝမ်ရိပေါ်ကမျက်နှာသေဖြင့်သာပြန်လည်စိုက်ကြည့်နေတယ်အရင်ကအမြဲတမ်းမျက်လွှာချထားတတ်တဲ့မျက်ဝန်းလှလှလေးတွေကခုတော့စိမ်းကားစွာကြည့်လို့နေသည်။ချန်းယွီရှီကဓားအိမ်ထဲကဓားကိုယူထုတ်လိုက်သည်
"ငါကအတ္တကြီးတယ် ငါမရရင်ဘယ်သူမှမပိုင်စေရဘူးမင်းကိုဖျက်ဆီးပစ်မယ်ဝမ်ရိပေါ်"
ချန်းယွီရှီကဝမ်ရိပေါ်ကိုဓားနဲ့လှမ်းထိုးတော့ရှောင်းကျန့်မျက်လုံးပြူးကာရင်ထဲပူတက်သွားသည်။
ဝှီး ဝှစ်
ချလွင်!
ချန်းယွီရှီရဲ့ဓားကဝမ်ရိပေါ်ရဲ့ရင်ဘက်ကိုထိုးစိုက်လုနီးပါးအချိန်တွင်အဝေးကလာတဲ့မြှားတစ်ချောင်းကဓားကိုတားလိုက်တာမလို့ဓားကလွင့်သွားသည်။ချန်းယွီရှီကမျက်မှောင့်ကြုပ်သွားပြီးရှောင်းကျန့်ကသက်ပြင်းခိုးချလိုက်တယ်။ပြီးတော့ဝမ်ရိပေါ်အနားကိုပို၍တိုးကပ်သွားသည်။ဝမ်ရိပေါ်ကလှပစွာနှုတ်ခမ်းတစ်ဖက်လွင့်တက်အောင်ပြုံးပြီးထူးဆန်းတဲ့မျက်လုံးတွေနှင့်ပြောလိုက်တယ်
"အချိန်ကျပြီ"
"ဟင်?"
ရှောင်းကျန့်နားမလည်ဖြစ်နေတုန်းခြေသံများစွာကြားလိုက်ရသည်။နန်းရင်ပြင်ထဲအပြေးအလွှားဝင်လာကြတဲ့စစ်ဝတ်ချပ်တန်ဆာများနှင့်တပ်သားတွေကလက်နက်တွေကိုင်ဆောင်ထားကြသည်။ဝမ်ရိပေါ်ရဲ့အပြုံးတွေကပိုမိုပီပြင်လာပြီးတခြားလူတွေအားလုံးကတော့ကြောင်နေကြသည်။
ထိုတပ်သားတွေရဲ့ဝတ်စုံကဆောင်တိုင်းပြည်ရဲ့တပ်ဝတ်စုံမဟုတ်ပေ။ထိုလူတွေကသူတို့နှစ်ယောက်ကိုဝိုင်းထားတဲ့တပ်သားတွေကိုပြန်လည်ဝိုင်းလိုက်ကြတယ်။
"ဒါ..ဒါက.."
ချန်းယွီရှီကအလိုမကျဖြစ်နေတုန်းသူ့လည်ပင်းကိုအေးစက်နေတဲ့အရာကလာထောက်သည်။ချန်းယွိရှီအသက်မရူရဲဖြစ်သွားတယ်။ဝမ်ရိပေါ်ကသူ့လည်ပင်းကိုသူ့ရဲ့ဓားနဲ့ပြန်ထောက်ထားတာဖြစ်သည်။ချန်းယွီရှီတင်မကလူတွေကမျက်လုံးပြူးကုန်ကြတယ်ရှောင်းကျန့်ကတော့ဘာတစ်ခုမှမသိတော့ပေ
"ဧ ဧကရီ ဒါဘာလုပ်တာလဲ"
"မင်းနှုတ်ကဒီအသုံးအနှုန်းကိုဆက်သုံးနေအုံးမယ်ဆိုရင်မင်းအသက်ကိုနှုတ်ယူရလိမ့်မယ်ချန်းယွီရှီ"
ဝမ်ရိပေါ်ကလှပတဲ့မျက်နှာနုနုလေးနဲ့မလိုက်ဖက်စွာသွေးအေးရက်စက်သည့်စကားကိိုဆိုသည်။
ဆောင်တိုင်းပြည်ကငါ့အပေါ်ကျေးဇုကျွေးတွေရှိနေခဲ့လိုငါမသိမ်းတော့ဘူး ဒါပေမဲ့ဆောင်နိုင်ငံသားဖြစ်တဲ့ရှောင်းကျန့်ကိုတော့ငါသိမ်းပိုက်မယ်.ကန့်ကွက်ရှုံ့ချသူမှန်သမျှငါ့ဓားချက်အောက်အသက်ပျောက်စေရမယ်
ချန်းယွီရှီရဲ့မျက်နှာကပျက်ယွင်းနေသည်။ရှောင်းကျန့်ကတော့မျက်တောင်လေးတဖျပ်ဖျပ်ခတ်ကာပြူးကြည့်နေသည်။ဝမ်ရိပေါ်စကားဆုံးသွားတာနဲ့ခုနကတပ်သားတွေဟာရှောင်းကျန့်အနားတညီထဲဒူးထောက်ချလိုက်ကြသည်။ရုတ်တရတ်မလို့ရှောင်းကျန့်လန့်သွားတယ် ပြီးတော့ထိုအဖွဲ့ထဲတွင်ရင်နှီးနေတဲ့သူကိုလဲတွေ့လိုက်ရတယ်..မောက်ဖူ?...မောက်ဖူကဘာလို့..
"ရွှယ်ရှန်းနှင်းတောင်ဧကရာဇ်သက်တော်ရာကျော်ရှည်ပါစေ..ရွှယ်ရှန်းနှင်းတောင်ဧကရီသက်တောင်ရာကျော်ရှည်ပါစေ..."³
ကောင်းချီမေတ္တာပို့သတဲ့အသံတွေကကြက်သီးဖျန်းခနဲထသွားစေသည်။ရှောင်းကျန့်အပြင်နန်းတော်တစ်ခုလုံးအပ်ကျသံကြားရလောက်အောင်တိတ်သွားပြီးအံ့သြကုန်ကြသည်။
ဧကရီကရွှယ်ရှန်းတိဝမ်လား..ရွှယ်ရှန်းတိဝမ်ကအရမ်းလှတာမလို့လူလုံးထွက်ပြလေ့မရှိဘူးဆောင်တိုင်းပြည်ကိုဘာလို့ရောက်နေတာလဲစသည်ဖြင့်အတွေးများနေကြသည်။ရှောင်းကျန့်ခေါင်းကတော့ခုဖြစ်နေတဲ့အရာတွေပေါ်ဘာတစ်ခုမှလိုက်မမှီတော့ဘူး။
ချန်းယွီရှီကပိုဆိုးသည်။သူအမြတ်တန်းချစ်လွန်းလို့ဧကရီမြှောက်ထားရတဲ့သူကနှင်းတောင်ဧကရာဇ်တဲ့လား။လုံအင်ပါယာရဲ့ဧကရာဇ်ရွှယ်ရှန်းတိဝမ်ကနာမည်ကြားရုံနှင့်ဒူးတုန်အောင်ကြောက်ကြသည့်သူဖြစ်သည်။ဒီလိုလူအပေါ်ကိုမှသူဘယ်လိုအမှားတွေကျူးလွန်ခဲ့မိတာလဲ..
ချန်းယွိရှီကဒူးထောက်ချလိုက်တော့တခြားလူတွေလဲမနေနိုင်စွာဒူးထောက်ကြရသည်။သူတို့ရဲ့ဧကရာဇ်ကိုယ်တိုင်ဒူးထောက်နေတော့မှသူတို့လဲဒီတိုင်းမနေဝံ့ပါဘူး။ရှောင်းကျန့်ကတော့အားလုံးနဲ့ဆန့်ကျင်စွာတောင့်တောင့်လေးရပ်နေတုန်းပင်ယုံချင်စရာမကောင်းလိုက်တာ။
အင်အားကြီးတဲ့ရွှယ်ရှန်းတိဝမ်သာဆောင်တိုင်းပြည်ကိုဖျက်ဆီးချင်ရင်လက်ညိုးတစ်ချောင်းဝှေ့တာနဲ့ပျက်စီးအောင်လုပ်နိုင်သည်။လုံအင်ပါယာနဲ့ယှဥ်ရင်ဆောင်တိုင်းပြည်ကမြူတစ်မှူန်ပဲရှိတယ်။ဒါကြောင့်အညံ့ခံဖို့အသင့်ပေ။
"ကျွန်တော်တို့မသိလို့အမှားတွေလုပ်ခဲ့မိပါတယ်ဧကရာဇ်ကပဲအပစ်မယူပဲခွင့်လွှတ်ပေးပါ"
ဝမ်ရိပေါ်ကဓားကိုပြန်ရုတ်လိုက်သည်။ပြီးတော့နဂါးတစ်ကောင်ရစ်ပတ်နေသလိုအရှိန်အဝါနဲ့သြဇာညောင်းတဲ့အသံကထွက်ပေါ်လို့လာတယ်။
"ဆောင်တိုင်းပြည်ကိုအရင်ကသိမ်းချင်ခဲ့ပေမဲ့ငါ့ကျေးဇုရှင်ဖြစ်နေခဲ့တယ် လုပ်ကြံသူတွေကြောင့်ဆောင်တိုင်းပြည်အရိပ်အောက်ခိုလှုံခဲ့ရတယ် အဲ့ဒါကြောင့်ဆောင်တိုင်းပြည်ဒုက္ခရောက်ဖို့အရေးငါမလုပ်ပါဘူး"
ဝမ်ရိပေါ်စကားကြောင့်ဒူးတုန်ကာကြောက်လန့်နေကြတဲ့သူတွေဟာသက်ပြင်းချနိုင်တော့သည်။ဝမ်ရိပေါ်ကရှောင်းကျန့်ကိုပြုံး၍ကြည့်ကာဆက်ပြောတယ်
"အဲ့တာထက်ငါ့ဧကရီကဆောင်တိုင်းပြည်ကဆိုတော့သူ့ရဲ့မွေးရပ်မြေကိုမပျက်စီးစေချင်ဘူး"
ဝမ်ရိပေါ်ရဲ့အနှောက်အသွားမလွတ်တဲ့စကားကြောင့်ရှောင်းကျန့်ပါးလေးတွေကရဲခနဲပဲ။ဝမ်ရိပေါ်ကရှောင်းကျန့်မေးကနေပင့်မော့စေကာစိုက်ကြည့်ပြီး
"ကိုယ်နဲ့အတူရွှယ်ရှန်းကိုလိုက်ခဲ့မလား"
ဘာတွေဖြစ်သွားတာလဲရှောင်းကျန့်နားမလည်ပေမဲ့နွေးထွေးစွာကမ်းလှမ်းလာတဲ့စကားကိုတော့သူမငြင်းလိုပါ။ခေါင်းအသာငြိမ့်ပြမိတော့ဝမ်ရိပေါ်ကလူတွေရှေ့မှာသူ့နဖူးကိုမြတ်နိုးစွာနမ်းလိုက်သည်။အရှက်သည်းသွားမိတော့သူ့ဒူးအောက်လက်လျိုကာမင်းသမီးလေးလိုပွေ့ချီလိုက်သည်။
မျက်လုံးလေးပြူးကာလန့်သွားပေမဲ့လက်တွေကတော့အလိုလိုဝမ်ရိပေါ်လည်ပင်းကိုဖက်တွယ်ပြီးသားပင်။ဝမ်ရိပေါ်ကသူ့ကိုတစ်ချက်ငုံ့မိုးကြည့်ကာပြုံးပြတယ်။အရမ်းချောတာပဲ..ဧကရီဝမ်ရိပေါ်ကပြိုင်စံရှားလောက်အောင်လှပပြီးနူးညံ့တယ် ယခုရှောင်းကျန့်ရဲ့နှင်းတောင်ဧကရာဇ်ကတော့ဆူးတွေအပြည့်ဝန်းရံထားသလိုအရှိန်အဝါနဲ့ခန့်ညားလှပတယ်။
ဝမ်ရိပေါ်ကရှောင်းကျန့်ကိုပွေ့ချီးရက်နဲ့ပင်အမျိုးမျိုးကြည့်နေကြတဲ့လူတွေကိုကျောခိုင်းကာလှေကားထစ်တွေကနေတလှမ်းချင်းဆင်းလာခဲ့သည်။တားမြစ်မဲ့သူမရှိဘူး အပြစ်ပြောရှုံ့ချမဲ့သူမရှိဘူး..ရွှယ်ရှန်းတပ်သားတွေကအနောက်ကနေတန်းစီပြီးလိုက်လာကြသည်။
ရှောင်းကျန့်ကဝမ်ရိပေါ်ရင်ခွင်ထဲကနေသူချစ်ရတဲ့သူကိုငေးကြည့်နေသည်။ခပ်သင်းသင်းမက်မွန်ရနံ့လေးကိုရူရှိုက်ရင်းရင်ထဲတလှပ်လှပ်နဲ့။မပြုံးမရယ်မျက်နှာနဲ့ဝမ်ရိပေါ်ကမာန်တင်းကာခက်ထန်နေသော်လဲမျက်ဝန်းတို့ကတော့ပျော်ရွှင်မှုတို့ကူးလူးနေသည်။
ရွှယ်ရှန်းတိဝမ်ဧကရာဇ်က ဧကရီယောင်ဆောင်ပြီးဆောင်နိုင်ငံသားလေးကိုသိမ်းပိုက်သွားခဲ့လေသည်။
*^^*
နှင်းတွေတဖွဲဖွဲကျပြီးဆောင်းရာသီတစ်ခုထဲသာရှိသည့်လုံအင်ပါယာရွှယ်ရှန်းတောင်ထိပ်တွင်နှင်းတောတွေကြားထဲရပ်နေသည့်အနီရောင်နှင့်ကောင်လေးတစ်ယောက်။ဆောင်းလေတိုက်ခတ်သည့်ဘက်သို့ဝတ်ရုံစကတလွင့်လွင့်နှင့်ပင်။သူ၏နှုတ်ခမ်းရဲရဲများကကော့ချိတ်နေပြီးမှဲ့နက်လေးကထင်သာမြင်သာပေါ်လွင်လွန်းလှသည်။
ပုခုံးထက်ရောက်ရှိလာတဲ့သိုးမွှေးခြုံထည်ကြောင့်လှည့်ကြည့်စရာမလိုအောင်သိနေတာမလို့ခပ်ဖွဖွပြုံးမိသည်။
"ရာသီဥတုအေးတယ်ဘာလို့အပြင်ထွက်လာရတာလဲဧကရီဘာတွေများစဥ်းစားနေတာလဲ"
"အရင်ကအကြောင်းတွေပါအရှင်ကျွန်တော့အပေါ်လူလည်ကျခဲ့တာတွေကိုပြန်တွေးနေတာ"
"ကိုယ်ဘယ်မှာလူလည်ကျလို့လဲ"
"ဟွန့်..မသိရင်ခတ်မယ်မလည်မဝယ်အစေခံလေးကိုလိမ်ညာလှည့်ဖျားပြီးအသားယူခဲ့တာလေ ပြီးတော့စွန့်ပစ်ဖို့တောင်လုပ်ပြီးသူများဆီအတင်းထိုးပေးခဲ့တာဘယ်သူလဲ"
ရှောင်းကျန့်ကနှုတ်ခမ်းလေးထော်ကာမကျေမနပ်ရေရွတ်တော့စူထော်နေတဲ့နှုတ်ခမ်းလေးကိုမွကနဲနမ်းလိုက်သည်။ဧကရီဝတ်ရုံနဲ့သူ့အချစ်ကအရမ်းလှတာပဲ။ရှောင်းကျန့်ကိုရင်ခွင်ထဲပွေ့ဖက်ပြီးနှင်းတွေဖုံးလွှမ်းနေတဲ့ရွှယ်ရှန်းမြို့တော်ကိုအပေါ်စီးကနေကြည့်နေသည်။သူ့ရင်ခွင်ထဲငြိမ်ငြိမ်လေးရှိနေတဲ့ရှောင်းကျန့်ကသူ့ရင်ခုန်သံတွေကိုကြားရမယ်ထင်တယ် အချိန်တွေဘယ်လောက်ကုန်သွားပါစေမပြောင်းလဲသွားတဲ့ရင်ခုန်သံတွေ။
"အရှင်"
"အင်း"
"မျက်လုံးအခြေအနေဘယ်လိုနေသေးလဲသက်သာရဲ့လား"
"ကောင်းနေပါပြီမောက်ဖူရှာထားတဲ့ဆေးတွေကတကယ်စွမ်းတယ်မကြာခင်ကိုယ်ပြန်ကောင်းလာတော့မှာ"
"နောက်ဆိုရင်ကျွန်တော့ကိုဘာမဆိုပွင့်ပွင့်လင်းလင်းပြောပါ အချင်းချင်းနားလည်မှုယူကြတာပေါ့အရင်လိုအဖြစ်အပျက်မျိုးထပ်ဖြစ်ပြီးနာကျင်မခံစားချင်တော့ဘူး"
"ကိုယ်တောင်းပန်ပါတယ်အဲ့တုန်းက"
"ဟင့်အင်း ပြီးတာတွေကိုထားခဲ့လိုက်တော့နှစ်တွေလဲကြာနေပြီပဲ အဓိကကျွန်တော်တို့ချစ်နေဖို့ပဲလေ"
"ချစ်လိုက်တာကိုယ့်ဧကရီရာ"
အသဲယားစွာဆွဲမွတော့တခစ်ခစ်နဲ့ရယ်နေလေသည်။
"နောက်တစ်ပတ်ကျရင်ဆောင်တိုင်းပြည်သွားရဖို့ရှိတယ် အိမ်ရှေ့စံချန်းရုံဝမ်ရဲ့နန်းတက်ပွဲကိုသွားချီးမြင့်ရမှာ ကိုယ်နဲ့အတူလိုက်ခဲ့ချင်လား"
"ကျွန်တော်လိုက်ချင်တယ်ပြောရင်ရော အတူခေါ်သွားမှာမလို့လား"
"ဟင့်အင်း ကိုယ့်သဘောအတိုင်းဆိုမလိုက်စေချင်ဘူးချန်းရုံဝမ်ကခုချိန်ထိမင်းအပေါ်စိတ်မပြတ်သေးဘူးလေ အဲ့ကလေးအရွယ်ရောက်လာတဲ့ထိငယ်ချစ်ကိုမမေ့နိုင်သေးဘူး ကိုယ်သဝန်တိုတယ်"
"အရှင်ကတော့လေ"
ရှောင်းကျန့်ကရယ်သွမ်းသွေးကာရေရွတ်လိုက်သည်။ကျွန်တော်ကဟိုးအရင်ထဲကအရှင့်တစ်ယောက်ထဲကိုပဲချစ်ခဲ့တာပါ။နန်းတော်ကြီးလိုနေရာမှာမနေချင်တော့တာတောင်မှအရှင်ရှိနေတယ်ဆိုတဲ့အသိလေးနဲ့အရာအားလုံးကျော်ဖြတ်ခဲ့တာ..
ရှောင်းကျန့်ကစိတ်ထဲကနေသာတီးတိုးရေရွတ်လိုက်သည်။ဝမ်ရိပေါ်ကရှောင်းကျန့်ကိုမြတ်နိုးမဝစွာကြည့်ပြီးနှုတ်ခမ်းတွေကိုနူးညံ့စွာနမ်းရှိုက်လိုက်သည်။
"ရှေ့ဆက်ပြီးဒီထက်ပိုပြီးချစ်သွားမယ် ဘယ်လိုအခက်အခဲအတားအဆီးတွေရှိနေပါစေမင်းရဲ့လက်ကိုမြဲမြဲဆုပ်ပြီးရင်ဆိုင်ကျော်ဖြတ်သွားမယ်"
"အချစ်စစ်တို့မည်သည်ဖြောင့်ဖြူးရာလမ်းမရှိတဲ့ ခယောင်းလမ်းသမျှကြမ်းတမ်းပါစေအုံးတော့တွဲလက်တွေမြဲခဲ့ရင်ရင်ဆိုင်ဖို့သတ္တိတွေရှိလာမှာပါ..."
ရွှယ်ရှန်းတိဝမ်ဧကရာဇ်ဟာသူ၏ချစ်သက်ဧကရီနဲ့အတူအေးချမ်းစွာနေထိုင်လျက်ပိုမိုအင်အားကြီးလာခဲ့သည်။ဆောင်တိုင်းပြည်တွင်ချန်းယွိရှီအနားယူပြီးနောက်ချန်းရုံဝမ်နန်းတက်ပြီးချန်းမင်းဆက်ကိုထူထောင်ခဲ့သည်။ကြင်ယာတော်တစ်ပါးသာထားရှိပြီးသူမပိုင်နိုင်တော့တဲ့သူကိုတိတ်တဆိတ်သာချစ်နေခဲ့သည်။မင်းသား၃ချန်းရှစ်ဟော်ကချန်းရုံဝမ်အနားကူညီပေးခဲ့သည်။ချန်းယွိရှီကရာသက်ပန်သာသနာ့ဘောင်ဝင်ကာဘဝကူးကောင်းဖို့အတွက်တရားအားထုတ်ခဲ့တယ်။
မင်းသား၂ချန်းရှို့ပင်းကမင်္ဂလာပွဲပြီးထဲကနန်းတော်ကထွက်သွားကာတလောကလုံးနေရာအနှံ့ခြေဆန့်ခရီးထွက်ခဲ့သည်။ရောက်ရာအရပ်တွင်ရွာတွေမြို့တွေတည်ကာသူရဲကောင်းတစ်ယောက်ဖြစ်လာခဲ့သည်။ပိုင်လန်ကတော့ချန်းရုံဝမ်နန်းတက်သည်နှင့်ဘေးသို့တွန်းပို့ခံရကာဘယ်သူမှအဖက်လုပ်ခြင်းမရှိတော့ပဲနှိမ့်ချစွာနေခဲ့ရသည်။နယ်နှင်ဒဏ်ပေးခံခဲ့ရတဲ့မုရှင်းသွဲ့သည်ကားမင်းသား ၃နှင့်စာကတဆင့်အဆက်အသွယ်လုပ်ခဲ့ကာအလွမ်းဖြေသိမ့်နေခဲ့သည်။မောက်ဖူကရွှယ်ရှန်းတိဝမ်ရဲ့အနီးကပ်ကိုယ်ရံတော်အဖြစ်ရှိနေတုန်းပင်
ရွှယ်ရှန်းတိဝမ်ကသူ့ဧကရီအပေါ်ဘယ်လောက်ချစ်ကြောင်းကလူအများကအားကျစွာပြောလေ့ရှိသည်။သဲသဲလှုပ်အချစ်ခံရတဲ့ဧကရီကိုလဲအားကျကြသည်။
ဝမ်ရိပေါ်နဲ့ရှောင်းကျန့်တို့၏ဇာတ်လမ်းကိုလူတွေကအချစ်စစ်ရဲ့သင်္ကေသအဖြစ်စံနမူနာယူကာဒဏ္ဍာရီတစ်ပုဒ်အလား...
ဧကရီနဲ့သူ၏အစေခံဇာတ်လမ်းဤတွင်တစ်ခန်းရပ်သည်.အချစ်စစ်တို့နဲ့အတူကျော်ဖြတ်နိုင်ကြစေသတည်း။
.
.
.
.
လမ်းဆုံးပါပြီ
_______Empress And His Servent________
ဖတ်ပေးတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇုတင်လျက်
#ညတိုင်းအရုပ်သစ်တွေနဲ့အိပ်စက်ချင်တဲ့NightToy 95