အပိုင်း - (၉) _Unicode_





''လောင်ဝမ်း......ငါ့ကိုသူကြီးခေါ်တာပြောဖို့လာတာကို ငါ့ကိုထင်းလာခွဲကူနေတယ်ပေါ့.....မင်းစိတ်မှန်သေးလား....အခုကြည့် ငါ့ကိုသူကြီးအပြစ်ပေးတော့မယ်.....အဲ့တာမင်းကြောင့်....''

လောဝ်ဝမ်းကတော့ဘာသံမှမထွက်ဘဲ ရယ်ရင်းနဲ့ လွန်းအားခေါင်းသာခါပြနေသည်။

ထိုစဥ်သူကြီးဦးစံလှဟာ အခြေအနေကိုသဘောပေါက်လိုက်သည်။

''တော်တော့.....လွန်း....ငါသိသွားပြီ.....အခုလည်း မင်းသဘောနဲ့မင်းလာတာမလား အိုက်ဝမ်းပြောလို့မဟုတ်ဘဲ.....အဲ့တော့အပြစ်မပေးဘူး....''

''ဟုတ်ကဲ့....သူကြီး......''

ထို့နောက် လွန်းဟာ လောဝ်ဝမ်းဘက်လှည့်၍လောဝ်ဝမ်းအား အပြစ်တင်လေသည်။

''တွေ့လား...မင်းကြောင့် ငါအပြစ်ပေးခံရတော့မလို့....တော်သေးတယ်....''

ထို့နောက်သူကြီးဘက်ပြန်လှည့်ကာ သူကြီးပြောတာပြန်နားထောင်လေသည်။

''အေး....ဒီကောင်က မင်းကိုငါအလုပ်တွေခိုင်းတာမမြင်ချင်လို့ တမင်မပြောတာနေမှာ.....''

''ကျွန်တော်သူ့ကို သေချာဆုံးမလိုက်ပါမယ် သူကြီး....''

''သူက ငါ့သားနော်....မင်းဘယ်လိုဆုံးမမှာတုန်း သူကြီးရဲ့သားကို....''

''သူရဲ့သူငယ်ချင်းအနေနဲ့ပေါ့....သူကြီးကလည်း.....သူ့ကိုနိုင်တဲ့အကွက်တွေအကုန် ကျွန်တော် သိတယ်....''

''ဒီအတွဲလည်း......ငါ့သားဖြစ်နေတော့ ပြောရလည်းခက်ကွာ..........အေး....အေး......ပြောမဲ့ကိစ္စက ဒီလိုဟေ့.....ညနေခင်းဘက် ငါတို့ရွာကို အလယ်ပြည်က ငါ့မိန်းမရဲ့ညီမကွာ ဆေးဆရာမဆိုလား၊ပရောဂဆရာမဆိုလားမသိပါဘူး အဲ့တစ်ယောက်ရယ်သူ့တပည့်မ​လေးတစ်ယောက်ရယ်ရယ် လာမှာတဲ့....အဲ့တာ သူတို့ကို ဟိုဟိုဒီဒီလိုက်ပြဖို့ မင်းကိုတာဝန်ပေးမလို့ကွာ....''


''ဪ.....အဲ့တာဘဲလား.....''

''အေး.....အဲ့တာမင်းရဲ့စကားပြန်ကိုစောင့်နေတာ.....မင်းမလုပ်ချင်လည်း တစ်ခြားတစ်ယောက်ကိုခိုင်းမလို့.....''

''ဪ....အဲ့တာ...ကျွန်တော်ကတော့ရပါတယ်...''

''အေးဟေ့....ဒီစကားလေးကြားရဖို့ကို ငါ့မှာစောင့်နေရတာ.....ငါ့မှာလည်း သားယောက်ျားလေးမွေးထားရပြီး အပျိုမလှည့်ဘဲ  သူလူပျိုလှည့်တာကို ပြီးအောင်စောင့်နေရတယ်.....''

''ခင်ဗျာ....''

''ငါ့ဟာငါ ခံပြင်းလို့ပြောတာဟေ့.....လွန်း နေ့လည်စာစားချိန်ရောက်တော့မှာ မပြန်နဲ့ ထမင်းစားပြီးမှပြန်.....''

''ရပါတယ်.....ကျွန်တော်မစား......''

ထိုအခါ လောဝ်ဝမ်းဟာ လွန်းရဲ့ ပုခုံးနှစ်ဖက်လုံးကိုဖိကာ သူကြီးအား လွန်းငြင်းနေစဥ် ဝင်ပြောလိုက်သည်။


''သူစားမှာပေါ့....အဖေကလည်း....''

ထိုအခါ လွန်းသည် မှုန်ကုတ်စွာနှင့် လောဝ်ဝမ်းအားကြည့်လိုက်သည်။လောဝ်ဝမ်းကတော့ မသိသလိုပင် ။ထိုစဥ်သူကြီးဟာ ချောင်းဟန့်လိုက်လေသည်။

''အဟမ်း....ကဲ.....ကဲ.....ဒါဆိုလည်း ထမင်းစားပြီးမှပြန်ပေါ့....လောဝ်ဝမ်း....လွန်းကို အရမ်းတွယ်ကပ်မနေနဲ့ လာခဲ့ မင်းလုပ်ရမဲ့အလုပ်တွေသေချာလုပ်ဦး....''

''ဟုတ်....အဖေ့.....လိုက်ခဲ့မယ်....ဟော....လွန်း...ဟိုမှာ လောဝ်ခမ်း နဲ့အမေနဲ့ပြန်လာပြီ....ညီမလေးနဲ့အတူနေပေးလိုက်ဦးနော်...ငါအလုပ်ပြီးအောင်လုပ်ပြီးရင် ဘုရားပွဲသွားတာ လိုက်မလို့ စောင့်ဦး....''

''အင်း(မ်း)....အင်း(မ်း)....ဒါပေမဲ့မသေချာဘူးနော်....ငါသွားစရာရှိသေးတယ်...''

''ဒါဆို သွားပြီနော်....လွန်း....''

လောဝ်ဝမ်းဟာ လွန်းအား သူ့ညီမနှင့်အမေနဲ့ကို မေ့ငေါ့ပြခဲ့ပြီး သူ့အဖေနောက်လိုက်သွားလေသည်။မကြာခင် လောဝ်ဝမ်း၏ညီမနှင့်သူ့အမေဟာ အိမ်ထဲသို့ဝင်လာခဲ့လေသည်။

''သြော်.....သားလွန်းရောက်နေတာလား.....''

''ဟုတ်ကဲ့ အန်တီနန်းရီ.....လောင်ခမ်း.....အကိုလွန်းလာတယ်နော်....''

လွန်းဟာ နှစ်ယောက်စလုံးကိုနှုတ်ဆက်လိုက်လေသည်။

''အေးအေး.....အေးဆေးနေနော်....သားလွန်း....အန်တီအနောက်မှာ အခုဝယ်လာတဲ့ငါးတွေသွားပြီးလုပ်လိုက်ဦးမယ်....ညီမလေး လောင်ခမ်းနဲ့စကားပြောနေခဲ့လေနော်....''

''ဟုတ်ကဲ့.....အန်တီ့....''

သို့နှင့် လောဝ်ဝမ်း၏အမေဒေါ်နန်းရီဟာ အိမ်နောက်ဖေး မီးဖိုးချောင်သို့ဝင်သွားလေသည်။နေရာတွင်တော့ လောဝ်ဝမ်း၏ညီမနှင့်လွန်းတို့နှစ်ယောက်သာကျန်ခဲ့လေသည်။

''အကိုလွန်း....လောဝ်ခမ်းကို ကူညီပေးဖို့လိုက်ခဲ့ပါဦး.....''

''ဘယ်ကိုတုန်း....အခုမှပြန်ရောက်ခါစကို''

''အဟီး....ဂွေးသီးပင်ပေါ်....''

''ဟမ်.....ဘာတက်လုပ်ရမှာလဲ......''

''​​ဂွေးသီးသုပ်စားမလို့ဟာ လောဝ်ခမ်းအရပ်နဲ့မမှီလို့.....''

''အင်း(မ်း).....အင်း(မ်း).....''

''အဟီး.....လာ သွားရအောင် အကိုလွန်း...''

''အင်း....အင်း လိုက်ခဲ့မယ်....ဖြည်းဖြည်းသွားဦး....''

သို့နှင့် လွန်းဟာ လောဝ်ခမ်း ဆိုတဲ့ကောင်မလေးနောက်လိုက်သွားလေသည်။ သွားသည့်နေရာဟာ အိိမ်၏အရှေ့တောင်ဘက်ဖြစ်ပြီး ထိုနေရာတွင် ဂွေးသီးပင်ကြီးနှစ်ပေပတ်လည်တစ်ပင်နှင့်တစ်ပေပတ်လည် တစ်ပင် ဘေးချင်ကာ ကပ်ပြီးစိုက်ထားလေသည်။လွန်းသည် အသီးများသည့် ကြီးသောအပင်ပေါ်သို့လှေကားထောင်တက်လေသည်။ထို့နောက်အပေါ်မှ အသီးများကိုခူး၍ အောက်မှလောဝ်ခမ်းအား အဝတ်စခံထားသောခြင်းတောင်းတဲ့ လှမ်းပစ်ထည့်ပေးလေသည်။အလုံးသုံးလေးဆယ်ရသည့်အခါမှာတော့ လွန်းဟာ ပြန်ဆင်းရန်အနောက်ဘက်ကိုလှည့်လိုက်သည့်အခါတွင် ဝတ်ရုံအမဲကြီးနှင့် အဘိုးအိုကြီးက လွန်းအားမျက်လုံးပြူးကြီးနှင့်ကြည့်နေလေသည်။လွန်းသည် အမှတ်တမဲ့ထိုမျက်နှာကြီးကိုမြင်လိုက်ရသောကြောင့် ရင်ထဲဒိန်းကနဲဖြစ်သွားလေသည်။သို့သော် လွန်းသည် ထိုအဖိုးကြီးအားသေချာကြည့်လေသည်။ဝတ်ရုံအမဲကြီးနှင့်အဖိုးကြီးသည် လွန်းထံသို့တစ်ဖြည်းဖြည်း လေးဘက်ကုန်းကာ တစ်လှမ်းချင်း ခြေလက်လေးဖက်လုံးကို တစ်ရွေ့ရွေ့နှင့် လှမ်းလာလေသည်။လွန်းသည်အနောက်သို့တစ်ဖြည်းဖြည်းဆုတ်လေသည်။


ထိုစဥ်အောက်မှလောဝ်ခမ်းဟာ အော်ခေါ်နေလေသည်။သို့သော်လွန်းဟာမကြားချေ။ထို့နောက် အနောက်ဆုတ်ရင်း အကိုင်းခြောက်ကိုနင်းမိလိုက်သဖြင့် ဝါးတစ်ပြန်လောက်အမြင့်မှ ပြုတ်ကျသွားလေသည်။အပင်ပေါ်ကပြုတ်ကျလိုက်သည်ကို လွန်းဟာလိုက်လိုက်ပြီး ဖြစ်ချင်ရာဖြစ်တော့ဆိုကာ မျက်စိမှိတ်လိုက်လေသည်။လွန်းသည် ​ပြုတ်ကျနေသည့်အချိန်တွင် အရာရာကို လွတ်လပ်သလိုဖြစ်သွားသည့်ခံစားချက်ကို ခံစားလိုက်ရသည်။ထို့နောက် လက်တစ်စုံက သူ့အားအရှိန်နှင့်လေထဲတွင်ဖမ်းပွေ့လိုက်လေသည်။ထိုအချိန်တွင် အချိန်ကာလကြီးဟာ ရပ်တန့်သွားသလိုခံစားလိုက်ရလေသည်။ထို့နောက် လွန်းသည် သူ့အားဖမ်းပွေ့လိုက်သည့်သူကို မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါတွင် ငှက်ခေါင်းအသွင်နှင့် မြစိမ်းရောင်လဲ့နေသည့် အတောင်ပံလေးဖက်နှင့် မနေ့ညကတွေ့ခဲ့သော ဂဠုန်ဖြစ်နေကြောင်းသိလိုက်ရသည်။ထို့နောက် မြစိမ်းရောင်ဂဠုန် ဟာ လွန်းကိုအောက်ချပေးပြီးနောက် လွန်းရှေ့မှ ပျံထွက်သွားကာ ပျောက်ကွယ်သွားလေသည်။ မြစိမ်းရောင်ဂဠုန် ထွက်သွားပြီးနောက် လွန်းဟာ သူ့ရှေ့တွင်အပေါ်မော့ကြည့်ကာအော်နေသည့် လောဝ်ခမ်းကိုတွေ့လေသည်။ထို့နောက် အပေါ်ကိုကြည့်သည့်အခါတွင်တော့ အစောက ဝတ်ရုံအမဲနှင့်ကြောက်စရာကောင်းသည့်အဖိုးအိုကြီးဟာလည်းမရှိတော့ချေ။လွန်းတက်နင်းမိလိုက်သည့်သစ်ကိုင်းခြောက်ကတော့ လေထဲမှာဘဲရှိသေးလေသည်။ သို့နှင့်ခဏအတွင်း လေထဲမှသစ်ကိုင်းခြောက်ဟာ အောက်သို့ပြုတ်ကျသွားလေသည်။ထိုအပြင်အားလုံးဟာလည်း ပုံမှန်အတိုင်းပြန်ဖြစ်သွားလေသည်။


''အကိုလွန်း.....သတိထား.......''

''အကိုလွန်းက ဒီမှာလေ လောဝ်ခမ်း....''

''ဟင်......အစောက အကိုလွန်းပြုတ်ကျသွားတာလားလို့....''

''မဖြစ်နိုင်တာ....လောဝ်ခမ်း....ညီမလေးအမြင်မှားတာနေမှာပါ....''

လောဝ်ခမ်းသည် ကြောင်သွားလေသည်။မျက်စိရှေ့တင်အပင်ပေါ်မှ လွန်းပြုတ်ကျသွားသည်ကိုသူမြင်လိုက်သော်လည်း လွန်းဟာ အောက်ရောက်နေသည်။လွန်းဟာ စကားလမ်းကြောင်းလွှဲလိုက်လေသည်။

''ဪ....ဒါနဲ့ လောဝ်ခမ်း....အစောက အပင်ပေါ်မှာ ဘာတွေ့သေးလဲ.....''

''ဟင်.....အကိုလွန်းကိုဘဲ လောဝ်ခမ်းတွေ့မိတာပါ......''

''ဪ.....ဟုတ်လား.....လာလာ.....အသီးတွေလည်းအများကြီးရနေပြီ.....''

''ဟုတ်.....လောဝ်ခမ်း သတိများကြောင်သွားသလား....အမြင်များကြောင်သွားသလားတောင်မသိဘူး.....တော်ပြီ မတွေးတော့ဘူး.....သွားရအောင် အကိုလွန်း......''


သို့နှင့် လွန်းနှင့်လောဝ်ခမ်းတို့ဟာ ထိုနေရာမှ အိမ်ဘက်သို့ပြန်သွားကြလေသည်။အိမ်ရောက်သည့်အခါ လောဝ်ခမ်းဟာ အသီးများခွာဖို့ အသီးလှီးဓားအသေးသွားယူလေသည်။ထို့နောက်အသီးများကိုရေဆေးလိုက်ကာ စားရန်အတွက် လှီးရန်ပြင်လိုက်သည်။ထိုအခါလွန်းဟာ အကြံတစ်ခုရသွားလေသည်။

''လောဝ်ခမ်း.....အကို့မှာအခွံမစားဘဲမချဥ်မဖန်အောင်စားရတဲ့နည်းရှိတယ်....''

''တကယ်လား.....အကိုလွန်း....စမ်းကြည့် လောဝ်ခမ်းသိချင်တယ်....အမြဲအဲ့လိုတွေးနေတာ ဘယ်လိုလုပ်ရမှန်းမသိလို့.....''

''အဲ့တာဆို အကိုလုပ်ပြမယ်နော်.....''


လွန်းဟာ ဂွေးသီးနှစ်လုံးအား မသုံးတော့သည့်အဝတ်သန့်ထဲထည့်ကာ နံရံတွင် ထုထောင်းလိုက်လေသည်။ငါးချက်လောက်ထုထောင်းအပြီးမှာတော့ ပန်းကန်ထဲသို့ထည့်လိုက်လေသည်။

''ဒီမှာ...လောဝ်ခမ်း စားကြည့်....ချိုချိုလေး....''

လောဝ်ခမ်းကာ အရင်ဆုံးအပိုင်းသေးလေးတစ်ခုကိုစမ်းစားကြည့်လေသည်။

''အင်း.....ကောင်းလိုက်တာ....ချဥ်လည်းမချဥ်ဘူး...အကိုလွန်း ဘယ်လိုများလုပ်လိုက်တာလဲ....ကောင်းလိုက်တာ....အရမ်းစားကောင်းတယ်....''

''ဒါပေါ့....အကိုလွန်းလုပ်ထားတာဘဲဟာ....နောက်ဆို အခုလိုစားကြည့်နော်....''

''ဟုတ်ကဲ့...အကိုလွန်း....''

သို့နှင့် အသီးစားလိုက် လောဝ်ခမ်းနှင့်လွန်းတို့ဟာ စကားပြောကြရင်းနှင့် စည်းချက်ညီနေလေကြသည်။ခဏအကြာမှာတော့ အထဲမှ ဒေါ်နန်းရီ၏ခေါ်သံကြားလိုက်ရလေသည်။

''ကဲ....ကဲ....ကိုစံလှ....သားလောဝ်ဝမ်း.... သားလွန်း.....လောဝ်ခမ်း....နေ့လယ်စာစားလို့ရပါပြီ.....အားလုံးလာခဲ့ကြတော့နော်.....''

ထိုအသံကိုကြားသောအခါ လောဝ်ခမ်းဟာ မျက်လုံးလေးဝင်းသွားလေသည်။

''အဟီး.....လာ အကိုလွန်း သွားရအောင်...အမေက အစောက ဝယ်လာတဲ့ငါးရံ့ဟင်းချက်ထားမှာသေချာတယ်....လာ....''

''ဟုတ်ပါပြီ.....ဖြည်းဖြည်းသွားပါ....လောဝ်ခမ်း....မီးဖိုချောင်က ဘယ်မှမပြေးပါဘူး....''

''အဟီး......သိပါတယ် အကိုလွန်းကလည်း....လောဝ်ခမ်း ဗိုက်ဆာလို့ပါ....''

''အင်းပါ....အင်းပါ....''

လောဝ်ခမ်းနှင့်လွန်းတို့ဟာ မီးဖိုချောင်ထဲရောက်သည်နှင့် စားပွဲဝိုင်းကြီးထဲဝင်ထိုင်လိုက်ကြလေသည်။ထို့နောက် လောဝ်ဝမ်းနှင့် သူကြီးဦးစံလှ တို့သည်လည်း လောဝ်ဝမ်းတို့နှင့် ရှေ့ဆင့်နောက်ဆင့်ရောက်လာကြလေသည်။လူအားလုံးစုံသည်နှင့် ဒေါ်နန်းရီဟာလည်း ဝင်ထိုင်လိုက်သည်။

''ကဲ.....စားကြလို့ရပါပြီ....''

အားလုံးဟာ အသင့်ထည့်ထားသည့် ထမင်းပန်းကန်များထဲသို့ ချထားသည့် ဟင်းများကို ကိုယ်ကြိုက်ရာခပ်ယူကာ စားကြလေသည်။ထမင်းဝိုင်းတွင် ငါးရံ့ဆီပြန်ဟင်း၊ဆူကာရွက်ကြော်ချက်​​ဟင်းရည်၊ကြက်သွန်ဖြူနှင့်ငရုတ်သီးစိမ်းထောင်းကိုသံပုရာရည်ဖြန်း၊နောက်ဆုံးကတော့ မျှစ်နှင့်ချဥ်ပေါင်ရွက်ကြော် တို့ကို ဒေါ်နန်းရီဟာ အနံ့၊အရသာနှင့်ပြည့်စုံအောင် သေချာချက်ထားလေသည်။

''ဝိုး.....အားလုံးကအရမ်းကိုမျက်စိထဲမှာ တောက်ပနေတော့ ဘယ်ဟာကိုကော်လို့ကော်ရမလဲမသိဘူး.....''

လောဝ်ခမ်းဟာ ဟင်းပွဲများကိုကြည့်ကာရွေးရခက်နေလေသည်။

''လွန်း.....ရော့.....ချဥ်ပေါင်ရွက်နဲ့မျှစ်ကြော်....မင်းကြိုက်တယ်မလား.........''


လောဝ်ဝမ်းဟာ လွန်း၏ပန်းကန်ထဲသို့ မျှစ်ကြော်ဟင်း ထည့်ပေးလိုက်သည်။ထို့နောက်မှ သူ့ပန်ကန်ထဲသူထည့်လေသည်။ထို့မြင်ကွင်းကို ဦးစံလှကြီးဟာ သေချာကြည့်နေလေသည်။ထိုအချိန် ဘေးမှဒေါ်နန်းရီဟာ ခုံအောက်မှ ဦးစံလှအားလက်အသာတို့ကာ ဦးစံလှမျက်နှာကိုကြည့်ပြီး ပြုံးပြလေသည်။လွန်းကတော့ သူ့ထမင်းသူသာ ငြိမ်သက်စွာစားနေလေသည်။ဦးစံလှဟာလည်း ဒေါ်နန်းရီဘက်လှည့်ကာ သက်ပြင်းတိုးတိုးသာသာချကာ ခေါင်းခါပြလေသည်။



သို့နှင့်နေ့လည်စာ ထမင်းဝိုင်းဟာ အားလုံးဗိုက်ဝစွာစားသောက်ပြီးကြလေသည်။အများဆုံးကတော့လွန်းပင်။လောဝ်ဝမ်းဟင်းခဏခဏထည့်ပေးသဖြင့် ထမင်းနှင့်ဟင်းမမျှတော့သဖြင့် ထမင်းထပ်ယူရသောကြောင့်ပင်။အားလုံးဟာ စားသောက်ပြီးကြသည်နှင့် အသင့်ချိတ်ပေးထားသည့် လက်ကိုင်ပုဝါများကိုယူကာ နှုတ်ခမ်းများနှင့်လက်များသေချာ သုတ်လေသည်။ထို့နောက် ဦးစံလှနှင့်လောဝ်ဝမ်းတို့ဟာ အပေါ်ထပ်ကိုပြန်တက်ရန် လှေကားဘက်ကိုထွက်သွားလေသည်။ဒေါ်နန်းရီ၊လောဝ်ခမ်းနှင့်လွန်းတို့ သုံးဦးကတော့ အပြင်ဘက်က ခုံတန်းရှည်ဘက်ကိုဦးတည်လာခဲ့ကြသည်။


''သားလွန်း....ညနေကျ အန်တီရဲ့ညီမဝမ်းကွဲလာမှာ အဲ့ကျရင် သူတို့ကို ဘုရားပွဲသေချာလိုက်ပို့ပေးနော်....''

''အော.....ကျွန်တော်သေချာလိုက်ပို့ပေးလိုက်ပါ့မယ်....အန်တီနန်းရီ​ဗျ.....''


''သားပါလိုက်သွားမှာလေ....အမေ့.....''

လောဝ်ဝမ်းသည် အပေါ်ထပ်လှေကားကိုတက်နေရင်း လှမ်းအော်ပြောလေသည်။



''သဘောပါတော်.....ရှင်တို့ဘဲ လည်ကြပေါ့......ကျုပ်တို့ကတော့ သူကြီးကတော်ဆိုတော့ သူကြီးကိုစောင့်ကြည့်ဖို့ အိမ်မှာဘဲနေရမယ်ရှင့်.....''

ဒေါ်နန်းရီ ထိုသို့ပြောလိုက်သည့်အလာတွင် အပေါ်ထပ်သို့ရောက်နေသည့် သူကြီးဦးစံလှ၏ပြုံးချိုချိုမျက်နှာကြီးကို လောဝ်ဝမ်းအောက်မှ မြင်လိုက်ရလေသည်။

''အဖေ.....ဘာတွေပြုံးနေတာလဲ.....''

လောဝ်ဝမ်းဟာအသံကိုမြှင့်ကာ အောက်ထပ်မှသူများကြားရန် ပြောလိုက်သည့်အခါ ဦးစံလှဟာ တင်းနေသည့်ပုဆိုးကိုပြန်ဖြေဝတ်လိုက်ရင်း လောဝ်ဝမ်းအားပြန်ဖြေလိုက်သည်။

''ငါ့ဘာသာငါ ဘာပြုံးပြုံးပေါ့ဟ....မင်းအရာလား...''

လောဝ်ဝမ်းကတော့ဘာမှပြန်မပြောချေ။ထို့နောက် ဦးစံလှသည်လည်း အထဲဝင်သွားလေသည်။အောက်ထပ်တွင်တော့ ဒေါ်နန်းရီဟာ လောဝ်ဝမ်း၏စကားကိုဖြေပြီးနောက် အိမ်ရှေ့က လဲမို့(လက်ပံပင်တစ်မျိုး)ပင်အောက်ရှိ ခုံတန်းနားသွားထိုင်ကြလေသည်။



အပေါ်ထပ်တွင်တော့ လောဝ်ဝမ်းဟာ သူကြီးဖြစ်သည့်သူ့အဖေ ဦးစံလှ၏အလုပ်များ အားကူပေးနေရလေသည်။ခဏကြာသောအခါ သားဖနှစ်ယောက်စလုံးခဏနားလိုက်ကြသည်။

''လောဝ်ဝမ်း.....ကဲ....သွား....သွား....ကျန်တာ အဖေ့ဘာသာလုပ်လို့ရပြီ....''

''ဟုတ်ကဲ့....အဖေ့.....ဒါဆို သားသွားပြီနော်.....''

လောဝ်ဝမ်းဟာ ဦးစံလှက သွားလို့ရကြောင်းပြောသည်နှင့် ချက်ချင်းကို ထ၍ထွက်သွားလေသည်။ဦးစံလှကတော့ ထွက်သွားသည့် သူ့သားလောဝ်ဝမ်း၏ အမူအရာများကိုကြည့်ကာ ရယ်မရောင်အပြုံးသာပြုံးရင်းကြည့်ရင်းကျန်နေခဲ့လေသည်။


လောဝ်ဝမ်းသည် လွန်းကိုတွေ့ရန်အတွက်ဆင်းလာခဲ့လေသည်။သို့သော်သူဆင်းလာသည့်အချိန်တွင်ကား ဒေါ်နန်းရီနှင့်​လောဝ်ခမ်းတို့သာ အပင်အောက်တွင်ရှိနေခဲ့လေသည်။သို့နှင့်လောဝ်ဝမ်းဟာ သူ့အမေဒေါ်နန်းရီနားသွားလိုက်လေသည်။

''အမေ့.....လွန်းရော.....ဘယ်ရောက်သွားတာတုန်း....''

''ပြန်သွားပြီ.....သူလုပ်စရာရှိသေးလို့လို့တော့ပြောသွားတယ်...''

''ပြန်တောင်ပြန်သွားပြီလား......''

''မင်းရဲ့ဒေါ်လေးရတီလို့ရောက်ချိန်လောက်ကျရင် သူပြန်လာခဲ့မယ်ပြောတယ်.....''

''ဪ.....အဲ့လိုလား......''

''အဲ့လိုပါတဲ့တော်......လာလာ.....ရှင်အဲ့လိုမျိုးလုပ်နေလို့မရဘူး ကျွန်မကိုကူပေးရမယ်ရှင့်..အိမ်နောက်ဖေးမှာလုပ်စရာတွေရှိသေးတယ်....''

ဒေါ်နန်းရီဟာ လောဝ်ဝမ်း အား ရှင်နှင့်ကျွန်မအသုံးအနှုန်းကို စနောက်သည့်အနေနှင့်သုံးကာ စပြီး အိမ်ထဲသို့ခေါ်သွားလေသည်။

''ဟုတ်ကဲ့ပါ......လာပါပြီ....နားချိန်ကိုမပေးကြဘူး.....''

''ရှင်က နားချိန်ဆို ပျောက်သွားတာကိုတော့..အဲ့တော့ပျောက်မသွားခင်ကိုအမိအရခိုင်းရမယ်လေရှင်......ဟုတ်တယ်မလား ခမ်းခမ်း.....'''




''ဟုတ်ပါ့.....ဟုတ်ပါ့.....အကိုက အကိုလွန်းနားသွားရင် ပြန်ကိုမပေါ်လာတော့တာ...''



လောဝ်ခမ်းဟာ ဒေါ်နန်းရီ၏စကားကို ထောက်ခံသည့်လေသံနှင့်ပြောလေသည်။ထိုအခါ လောဝ်ဝမ်းဟာ ထပ်မပြောတော့ဘဲ ခိုင်းလာမည့်အလုပ်သာအမြန်ပြီးအောင်လုပ်ရန် ခေါင်းငြိမ့်လိုက်လေသည်။


''ဟုတ်ပါပြီ......ဟုတ်ပါပြီ.....ကဲဒီမှာဘဲနေကြတော့မှာလား......အမေ.....လောဝ်ခမ်း.......ရှေ့ကအရင်သွားကြတော့.....မြန်မြန်လုပ်ပြီးမြန်မြန်အပြင်ထွက်ရမယ်.....''




လောဝ်ဝမ်း၏အမူအရာကိုကြည့်ပြီး ဒေါ်နန်းရီနှင့်လောဝ်ခမ်းတို့ဟာ အချင်းချင်းကြည့်လိုက်ပြီး ပြုံး၍ အထဲသို့ပြန်ဝင်လာခဲ့ကြလေသည်။



အပိုင်း(၁၀)/?








Comment