အပိုင်း - (၁၄) _Unicode_





ခေါင်းနှစ်လုံးနဂါးဖြူဟာ သူကြောင့် နဂါးနှင့်ဂဠုန်တို့၏တိုက်ပွဲဖြစ်ရသည်ဟု​​တွေးကာ ဝမ်းနည်းစွာပင် ကောင်ကင်ပေါ်သို့နဂါးအသွင်ပြောင်းကာ အာကာသအပိုင်းအခြားထဲဝင်ကာပျောက်ကွယ်သွားခဲ့လေသည်။အာကာသအပိုင်းအခြားတစ်ဖက်မှ အခြားတစ်ဖက်သို့မကူးခင်တွင် အချိန်များဟာရပ်တန့်သွားပြီး ငွေရောင်အလင်းတန်းတို့ပြန့်ကျဲနေသည့်ကြားမှ လူတစ်ယောက်နှင့် နဂါးဖြူဟာတွေ့ခဲ့လေသည်။



ထို့နောက် အခြားတစ်ဖက်သို့ကူးပြောင်းသွားခဲ့လေသည်။ထို့နောက်နဂါး​ဖြူတွေ့လိုက်ရသည်ကား သူအရင်နေခဲ့သည့်လောကနှင့်မတူဘဲ ဒီဘက်လောကတွင်တော့ လူသားတွေ၏လောကဆိုတာကို ငယ်စဥ်ကလေ့လာခဲ့ရသည့် လောကဘုံကျမ်းကြောင့် ချက်ချင်းသဘောပေါက်သွားလေသည်။ထို့ကြောင့် နဂါးဖြူဟာ နဂါးအသွင်မှ လူသားအသွင်ပြောင်းကာ လှည့်လည်ခရီးသွားနေသည့်လူသားအဖြစ် ဒီဘက်လောကကြီးထဲတွင် စတင်အခြေချရန်ဆုံးဖြတ်လိုက်သည်။အဘယ်ကြောင့် ခရီးသွားနေသည့်လူတစ်ယောက်အဖြစ်ပြောင်းရသလဲဆိုသည့်အကြောင်းအရင်းကား ဒီဘက်လောကကြီးတွင် ပျက်စီးခြင်းအငွေ့အသက်များကို သူခံစားလိုက်ရသောကြောင့်ပင်ဖြစ်လေသည်။နဂါးဖြူဟာ ထိုအမှောင်ထုအား အနိုင်ယူရန်အတွက် တစ်နေရာမှတစ်နေရာသို့ လှည့်လှည်သွားလာရန်ဆုံးဖြတ်လိုက်သည်။ထိုသို့လှည့်လည်သွားလာရန်အတွက် နဂါးဖြူဟာ သူ၏စိတ်ဝိဉာည်ကိုနှစ်ခုအား တစ်နေရာစီသို့ခွဲထွက်စေခဲ့လေသည်။ပထမစိတ်ဝိဉာည်ဖြစ်သည့် ပရဒေသရ်လွန်းဟာ ကုန်းမြင့်ပြင် တောင်တန်းဒေသများသို့ ခရီးနှင်ခဲ့ပြီး ဒုတိယစိတ်ဝိဉာည်ဖြစ်သည့် ပရဏ်လွန်းကတော့ မြေပြန့်လွင်ပြင်ဒေသအလယ်ပြည်သို့ ခရီးနှင်ခဲ့လေသည်။

........................

အလယ်​ပြည်၏ အင်းဝမင်းနေပြည်တော်အား ကုန်းမြင့်ပြင်​ဒေသမှ အသက်နှစ်ဆယ်ကျော်သာရှိသေးသည့် ငယ်ရွယ်ကာ လုံ့လသတ္တိနှင့်ပြည့်စုံသော စော်ဘွား​ခေါင်းဆောင်ဟာ သူ၏​နောက်လိုက်အပေါင်းအပါများနှင့် စစ်ချီကာအနိုင်ယူပြီးနောက်  အင်ဝမင်းနေပြည်တော်အား သိမ်းပိုက်၍ မင်းပြုအုပ်ချုပ်ခဲ့လေသည်။စော်ဘွားဘုရင်ဟာ အင်းဝပြည်ကိုဆယ်နှစ်ခန့် အုပ်ချုပ်ခဲ့ပြီးနောက်  တစ်ဖန်အလယ်ပြည်မှ စစ်သူရဲကောင်းတစ်ချို့ဟာ မင်းနေပြည်တော်အား ပြန်လည်ရယူလိုက်သဖြင့် စော်ဘွားဘုရင်နှင့်အပေါင်းအပါတို့ဟာ မိမိတို့၏ဌာနီဖြစ်သည့် ရှမ်းပြည်သို့  ပြန်လာခဲ့ကြလေသည်။

အင်းဝပြည်မှ ရှမ်းပြည်သို့ပြန်လာသည့်လမ်းတွင် စော်ဘွားတို့နှင့် ပရဏ်လွန်းတို့ဟာ လမ်းခုလတ် ကုန်သည်ရွာကြီးတစ်ရွာတွင် တွေ့ဆုံခဲ့ကြလေသည်။ ထိုဆုံတွေ့ရာ ကုန်သည်ရွာကြီး၏အမည်ကတော့ ပျော်ဘွယ်ရွာကြီးပင်ဖြစ်လေသည်။ပျော်ဘွယ်ဟုအမည်ရသည့််ရွာကြီးဟာ အနောက်တိုင်းသားအနွယ်တို့ အများအပြား နေထိုင်ရာ ရွာကြီးတစ်ရွာဖြစ်ပြီး တစ်ရွာလုံးဟာ ကုန်ပစ္စည်းများကို ကူးသန်းရောင်းဝယ်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြလေသည်။ပရဏ်လွန်းပါဝင်သည့် စော်ဘွားကြီးများအဖွဲ့ဟာ အရှေ့အရပ်သို့ခရီးဆက်လာခဲ့ကြလေသည်။




ရွာပြင်ကိုထွက်လာသည့်အချိန်ကား နေမွန်းတည့်ချိန်ရှိပြီဖြစ်သောကြောင့် အားလုံးဟာ နေ့လည်စာသုံးဆောင်ကြလေသည်။ထို့နောက် ခရီးပြန်စကြလေသည်။သုံးချက်တီးအချိန်လောက် ခရီးနှင်လာရင်း ပရဏ်လွန်းဟာ ခေါင်းဆောင် ဘုရင်ဟောင်းစော်ဘွားကြီးကိုပြောကာ အားလုံး၏လှည်းများအား ရပ်ခိုင်းလိုက်လေသည်။ထို့နောက် ခေါင်းဆောင်စော်ဘွားကြီးမှ ပရဏ်လွန်း၏ထံမှစကားကိုနားထောင်ပေးလေသည်။စော်ဘွားခေါင်းဆောင်ကြီး၊ဘုရင်ဟောင်းလို့ခေါ်သော်လည်း အသက်အရွယ်မှာ လူလတ်ပိုင်းအသက်သုံးဆယ်ဝန်းကျင်လောက်သာရှိဦးမည်ဖြစ်ပြီး ဆွဲဆောင်မှုရှိသောမျက်နှာ၊ချိုသာသောအပြုံး၊အားလုံးရှိန်လောက်သည့်အရှိန်အဝါတို့ကို ပိုင်ဆိုင်ထားလေသည်။ထို့အပြင် ပြုံးလိုက်လျှင်လည်း ဘယ်ဘက်တွင် ပါးချိုင့်ကလေးတစ်ဖက်ပါရှိသေးပြန်သည်။


''ကဲ.....ကျုပ်ကိုခေါ်ပြီး တကူးတက ဘာများပြောမလို့လဲဗျ..... ဒီကခရီးသွားမိတ်ဆွေက....''


''ဒီလိုပါ.... ဘုရင်မင်းမြတ်သခင်.....''


''နေ....နေ.....ကျုပ်ကအခုဘုရင်လည်းမဟုတ်တော့ပါဘူးဗျာ....ဒီအတိုင်း မျိုးနွယ်စုခေါင်းဆောင် စော်ဘွားကြီးတစ်ယောက်သာသာပါ.....ဒီအတိုင်း စိုင်းစွမ်ဟန်လို့ဘဲ ခေါ်လို့ခေါ်လို့ရပါတယ်.....နာမည်ကိုတစ်လုံးထဲလည်း ခေါ်လို့ရပါတယ်....''


''ဪ......ဟုတ်ပါပြီ......ဒါဆို ကျွန်တော် ဟန်....လို့ခေါ်ပါမယ်.....''



စော်ဘွားကြီးဟာ ရေးရေးလေးသာထင်နေသည့် နှုတ်ခမ်းမွေးသဲ့သဲ့လေးကို လက်ညိုးနှင့်လက်မ တစ်ဖက်စီဖိကာ ဆွဲပွတ်၍ ပြုံးရင်း ခေါင်းငြိမ့်ပြလိုက်လေသည်။



''ကျွန်တော့်နာမည်ကတော့ ပရဏ်လွန်း.....မြင်တဲ့အတိုင်းပါဘဲ ကျွန်တော်ဟာ နယ်လှည့်ခရီးသွားတစ်ယောက်ပါ.....''



''ဟုတ်ပြီ......ဟုတ်ပါပြီ.......ပရဏ်လွန်း....ထူးခြားတဲ့နာမည်လေးဘဲ.....''



''ကျေးဇူးပါ.....ဟန်......''


ဟန်.....လို့ ခေါ်သံကြားလိုက်သည့်အခါ စော်ဘွားကြီးက အင်မတန်သဘောကျဟန် မျက်ခုံးလေးပါမြောက်သွားအောင်ပြုံးလိုက်လေသည်။


''ကဲ....ပြောပါဦး.....ဘာပြောစရာများရှိလို့လဲ.....ဒီက လွန်း......အယ်....ခေါ်လို့ရတယ်မလား.....''


''ရပါတယ်....အဆင်ပြေပါတယ်....လွန်းဆိုတဲ့နာမည်လည်း....ပြီးနောက် ပြောစရာကတော့   လာမဲ့ခရီးအတွက် သတိပေးချင်တာပါ....''


''ဟော.......ဘယ်လိုမျိုးများလဲ.....ပြောပြပေးပါဦး.....ညီငယ်လွန်းဗျ......''


'' ဒီလိုပါ ဟန်......ဒီအဖွဲ့ကြီးဟာ ဒီလိုဘဲ ရှေ့ကိုပုံမှန်အတိုင်းခရီးဆက်နေမယ်ဆိုရင် အခုကနေစပြီး နောက်သုံးရက်မြောက်တဲ့နေ့မှာ တောင်ပေါ်မှာ မိုးအသည်းအသန်ဖြစ်ပြီး တောင်ပြိုမှာပါ.....အဲ့တောင်ပြိုမှုကြောင့် ဒီကတစ်ဖွဲ့သားလုံးရဲ့အသက်အားလုံးဟာ ဆုံးရှုံးသွားရမှာပါ....''


''ဗျာ.......ဘယ်လို......''



စော်ဘွားကြီးစိုင်းစွမ်ဟန် ဟာ ပရဏ်လွန်းပြောသည့်စကားများကြောင့်အံ့သြသွားလေသည်။



''အသင် ကြယ်တာရာနက္ခတ်နဲ့ရှေ့ဖြစ်ဟောတမ်းများကိုယုံရင်တော့ ယခု ကျွန်တော်ပြောသည်များက အမှန်ပါဘဲ.....''



''ကျုပ်.....ညီငယ်လွန်းရဲ့ စကားကို ယုံကြည်ပါတယ်....ဒီတော့ ကျုပ်တို့ဘာဆက်လုပ်သင့်လဲ.....''



''ရှေ့ဆက်မသွားသင့်တော့တာပါ.....''


လွန်း၏စကားကြောင့် စော်ဘွားကြီးဟန်ဟာ တွေဝေသွားလေသည်။ထို့ကြောင့်ခဏကြာ စဥ်းစားနေလေသည်။


''ရှေ့ဆက်မသွားတော့ရရင်ဘယ်လိုလုပ်ကြမလဲ.....အင်းဝတွေက ကျုပ်တို့ကို သူတို့နယ်ထဲရှိနေသေးရင် ဘာတွေဆက်ပြီးလုပ်ဦးမလဲ မသိနိုင်ဘူးလေ ညီငယ်လွန်းရဲ့.......''


ထိုအခါ လွန်းဟာ တည်ငြိမ်သောမျက်နှာနှင့် အဖြေပြန်ပေးလေသည်။

''လက်အောက်ငယ်သားနောက်လိုက်တွေအတွက်တွေးရင် ကျွန်တော် ဟန့်ကို အကြံဉာဏ်တစ်ခုပေးပါ့မယ်....လက်ခံသင့်၊လက်မခံသင့်ကတော့ ဟန်...ကိုယ့်ဘာသာကိုယ်ဆုံးဖြတ်ပေါ့......''



''ကောင်းပါပြီ.....ပြောပါ ညီငယ်လွန်း.....''



ထို့နောက် လွန်းဟာ သူစဥ်းစားမိသည့်သည့်အကြောင်းအရာအား စော်ဘွားကြီးဟန်၏ နားနားသို့တိုးကာ ခပ်အုပ်ပြောပြလေသည်။ထိုအကြောင်းအရာအား စော်ဘွားကြီးဟန်လည်းလက်ခံပုံရလေသည်။ထို့နောက် စားသောက်ပြီးကြသည့်အခါ ခရီးဆက်ရန်ပြင်ကြလေသည်။သည်တစ်ခါတွင်တော့ ခရီးလမ်းကြောင်းဟာ ပြောင်းသွားခဲ့လေသည်။အရှေ့တည့်တည့်ကိုဆက်မသွားကြတော့ဘဲ ဦးတည်ရာအား မြောက်ဘက်သို့ပြောင်းလိုက်လေသည်။သူတို့အားလုံးပြောင်းလိုက်ကြလေသည်။သူတို့ပြောင်းလိုက်သည့်လမ်းကြောင်းဟာ အရှေ့အနောက်တောင်မြောက် လမ်းလေးခွအဆုံကြီးဖြစ်ပြီး အနောက်သို့သွားရာလမ်းမကြီးအားညှန်ပြနေသည့်သစ်သားဆိုင်းဘုတ်ကြီးရှိနေသည်။ သစ်သားပေါ်တွင်ထွင်းထားသည်ကား ကုန်ပစ္စည်းများသယ်သည့်ပေါင်းမိုးလှည်းကြီးနှင့် အနောက်ဖက်ကိုညွှန်ပြသည့် မြှားခေါင်းတစ်ခုပင်။



''ဒီလမ်းလေးခွဆုံကို ပျော်ဘွယ်တာဘောင်လို့ခေါ်တယ်...... ဟန်....''


''အော......လွန်း.....ဒီနေရာဟာ ပျော်ဘွယ်တာဘောင်ပေါ့......ကျုပ်မှတ်ထားလိုက်ပါ့မယ်.....''


''ကောင်းပါပြီ....... ပြီးတော့ အခုသွားနေတဲ့လှည်းလမ်းမကြီးရဲ့အရှေ့ဘက်ကိုတော့ သက်သော့ရွာလို့ခေါ်ပြီး အနောက်ဖက်ကိုတော့ ထနောင်းကုန်းရွာလို့ခေါ်တယ် ဟန်....''


''အော......ကျုပ်အတွက် ဉာဏ်အလင်းပြပေးလို့ကျေးဇူးတင်ပါတယ် လွန်း.....''


''ဟုတ်ကဲ့.......ဒါဟာကျွန်တော်လုပ်ရမဲ့အရာမလို့ပါ....ဘာမှမဖြစ်ပါဘူး.....''


''ဒါနဲ့ လွန်း......ခင်ဗျားက ဒီဒေသကလူလား.... ရုပ်ရည်နဲ့အသားအရောင်က ကျုပ်တို့ရှမ်းပြည်ကလူလိုဘဲ ဖြူဖွေးနေတော့ ဒီဒေသကလူဆိုတာ ထင်တောင်မထင်ထားမိဘူး.....''


''ကျွန်တော်က ဒီဒေသကလူမဟုတ်ပါဘူး....ဟန်.....ကျွန်တော်က ဒီနေရာကနေအရမ်းကိုအလှမ်းဝေးတဲ့နေရာတစ်ခုကနေလာတာ ပြီးတော့ ပြန်လို့ရပါ့မလားလည်းမသေချာသလို ပြန်ခွင့်လည်းရှိနိုင်ပါ့မလားဆိုတာ မပြောတတ်ဘူး...''


ပရဏ်လွန်း၏စကားကို စော်ဘွားကြီးစိုင်းစွမ်ဟန် ကြားလိုက်ရသောအခါ သူမမေးသင့်သည့်မေးခွန်းကိုမေးခွန်းကိုမေးမိလိုက်သလို ခံစားလိုက်လေသည်။


''ဟန်......ကျွန်တော့်စကားကြောင့် ကိုယ့်ကို အပြစ်ရှိသွားသလိုခံစားနေစရာမလိုပါဘူး....''



စော်ဘွားကြီးစိုင်းစွမ်ဟန်ဟာ လွန်း၏စကားကြောင့် အံ့အားသင့်သွားလေသည်။


''လွန်း.....ကျုပ်တွေးမိတာကို သိသွားတယ်ပေါ.....''


''လေထုကိုဖတ်လိုက်တာပါ......''


''ဟော.......ကောင်းပါ့ဗျာ.....''

စော်ဘွားကြီးစိုင်းစွမ်ဟန်ဟာ လွန်း၏စကားကြောင့် ဟက်ခနဲရယ်လိုက်လေသည်။သို့သော် ပရဏ်လွန်း၏အမူအရာကတော့ ပုံမှန်မလို့ ရယ်နေသည့် စော်ဘွားကြီးဟာ ရယ်ရခက်သလိုဖြစ်သွားသည်။ထို့နောက်မျက်နှာအားမသိမသာလေး အနည်းငယ်ချင်းပြင်လိုက်လေသာ်။


''ဒီဒေသခံမဟုတ်ဘဲ ဒီအကြောင်းတွေကို ဘယ်လိုသိသလဲဆိုရင်တော့ ခေါင်းထဲမှာ အကုန်ပေါ်လာလို့ပါ.....''


''လွန်းနဲ့ခရီးသွားရတာ ကျုပ်တို့အတွက် ကံကောင်းမှုဘဲဗျာ........''


''ဒါကကျွန်တော် လုပ်သင့်တာကိုဘဲလုပ်တာဖြစ်တဲ့အတွက် အရမ်းကြီးမတွေးပါနဲ့.....''


စော်ဘွားကြီးဟန်ဟာ ခေါင်းသာငြိမ့်ပြရင်း ပတ်ဝန်းကျင်ကြီး၏အလှကိုငေးမောနေမိလေသည်။ပျော်ဘွယ်တာဘောက်မှမြောက်ဘက်သို့လာရာခရီးလမ်းတွင် လမ်း၏အရှေ့ဘက် သက်သော့ရွာနှင့် အနောက်ဖက်ထနောင်းကုန်းရွာတို့၏ ရွှေဝါရောင်စပါးခင်းကြီးများကို စော်ဘွားကြီးဟန်ဟာ သေချာငေးနေမိလေသည်။တိုက်ဝှေ့တိုက်ခတ်လိုက်သည့် လေပြင်းတစ်ချက်ကြောင့် ရွှေဝါရောင်စပါးခင်း၏လှိုင်းလုံးကြီးဟာ ယိမ်းနွဲ့လှုပ်ရှားသွားလေသည်။




သို့နှင့်လာရာခရီးတစ်လျှောက် စော်ဘွားကြီးဟာ သေချာကိုပတ်ဝန်းကျင်၏အလှအားသေချာခံစားနေလေသည်။ထို့နောက် ရှေ့တွင် ကုက္ကိုပင်များအုံ့ဆိုင်းနေသည့်နေသည့်ကန်ကြီးတစ်ကန်ကိုအရင်မြင်လိုက်ရသောအခါ ပရဏ်လွန်းထံမှစကားအစကို စော်ဘွားကြီးဟာစောင့်နေလေသည်။



''အဲ့ဒီကန်ကြီးကို ကုက္ကို့ကန်လို့ခေါ်တယ် ဟန်.....''

''အော......အဲ့ဒီစိမ့်ညို့နေတဲ့အပင်ကြီးတွေကို ကုက္ကိုပင်လို့ခေါ်တာပေါ့......''


''အင်း.......ဒီအပင်ကြီးတွေပတ်လည်ဝိုင်းနေတဲ့ကန်ကြီးကို ကုက္ကို့ကန်လို့ခေါ်သလိုမျိုး အဲ့အနောက်ကပ်ရပ်ကရွာကိုလည်း ကုက္ကို့ကန်ကြီးကိုအစွဲပြုပြီး ကုက္ကို့ကန်ရွာလို့ခေါ်တယ် ဟန်......''



''အတော်သာယာတဲ့ရွာပါလား လွန်းရာ.....''


''ဒါပေမဲ့ရွာခံတွေအနီးကရွာကသူတွေကတော့ ရွာနာမည်ကိုခေါ်ရတာ လျှာခေါက်လို့ဆိုပြီး ကို့ကန်လို့လည်းခေါ်သေးတယ် ဟန်.....ဒါကိုတော့သေချာမှတ်ထားပေါ့..... နောက်လည်း ဒီရွာနဲ့အဝင်အထွက်လုပ်နေရမှာဆိုတော့ ဒေသခံတွေခေါ်သလိုမျိုးခေါ်တာက ပိုသဘာဝကျတာမလို့လေ.....''


''ဗျာ......ကျုပ်တို့က ဒီရွာနဲ့အဝင်အထွက်လုပ်ရမယ်ဟုတ်လား......''


''ဟုတ်ပါတယ် ဟန်......ဟိုးမှာမြင်နေရတဲ့သစ်တောကြီးကိုမြင်လား..... ''



ပရဏ်လွန်းဟာ စော်ဘွားကြီးဟန်အား ကုက္ကို့ကန်ရွာနှင့်မလှမ်းမကမ်းက ကျွန်းပင်တောကြီးအားညွှန်ပြလိုက်လေသည်။ပရဏ်လွန်းညွှန်ပြသည့်နေရာအား စော်ဘွားကြီးစိုင်းစွမ်ဟန်ဟာ သေချာကြည့်လေသည်။


''မြင်ပါတယ် လွန်း......ကျွန်းပင်တောကြီးမဟုတ်ပါလား လွန်းရ....''



''အဲ့ဒီကျွန်းပင်တောကြီးဟာ ဟန်တို့ရဲ့ဘဝအသစ်အတွက် အစပြုရာနေရာပါဘဲ......''


''ဗျာ.....ဘယ်လို.....အဲ့နေရာဟာ ကျွန်တော်တို့ရဲ့ဘဝအသစ်ပြန်စရမယ့်နေရာ ဟုတ်လား လွန်း.....''


''ကျွန်တော့်ရဲ့စကားဟာ မုသားမပါပါဘူး ဟန်....''


ပရဏ်လွန်း၏စကားကြောင့် စော်ဘွားကြီးဟာ တွေးမရတတ်အောင်ဖြစ်သွားလေသည်။သူ၏စိတ်ထဲတွင် ပရဏ်လွန်းကို ကျေးဇူးလည်းတင်သွားလေသည်။အားလည်းနာလေသည်။မိမိကိုသစ္စာခံသည့်လူအပေါင်းထောင်ကျော်ကို ဌာနီပြန်ကြမည်ဟူသောစိတ်နှင့်သာပြန်လာခဲ့သော်လည်း သူ့လက်အောက်ငယ်သားနောက်လိုက်များဟာ တိုက်ပွဲကြောင့် ဒဏ်ရာရနေသူများဟာအများအပြားပင်။ထို့အပြင် လူမမယ်အရွယ်ကလေးငယ်များနှင့်အမျိုးသမီးများကိုလည်း ဌာနီပြန်သည့်ခရောင်းလမ်းကြမ်းကြီးသို့ စိတ်ထဲတွင် ဒုက္ခမခံစေလိုချင်။သို့သော် တွေးမိထားသည့်အစီအစဥ်ဟာလည်းမရှိ။အ​တွေးစများလမ်းပျောက်လို့နေလေသည်။ထိုအချိန်တွင်  အနေအေးသည့် လမ်းကြုံလိုက်ခရီးသွားဖော်လေးထံမှကြားရသည့်စကားကြောင့် စော်ဘွားကြီးစိုင်းစွမ်ဟန်၏ရင်ဘက် နှလုံးသား၏အနက်ရှိုင်းဆုံးတစ်နေရာတွင် လှိုင်းကလေးတစ်ချက် လှုပ်ခါသွားလေသည်။




''ဒါ......ဒါပေမဲ့ လွန်းရာ.....ဒီတောကြီးကိုပိုင်တဲ့သူရှိမှာပေါ့ဗျ......''


''ပိုင်ရှင်ရှိနေရင် ကိုယ့်အပိုင်ဖြစ်အောင်ဝယ်လိုက်ပြီး ရွာတည်လိုက်ပေါ့.....''


''ခင်ဗျာ.......''


အပိုင်း - (၁၅)

Comment