အပိုင်း - (၁) _Zawgyi_


ခေတ်အဆက်ဆက်ရှိ လူသားများသည် ''နဂါး''ဟူသော သတ္တဝါများကိုပုံပန်းသွင်ပြင်အမျိုးမျိုးဖြင့်ဖော်ကြူးသရုပ်ဖော်ခဲ့ကြသည်။ထိုနည်းတူစွာပင် ''နဂါး'' များကို အစောင့်အရှောက်များအဖြစ်လည်း တစ်ချို့သောသူများက ယုံကြည်ကိုးကွယ်ကြသည်။ထို့အတူပင် ယုံကြည်ကိုးကွယ်ခံရသော ''နဂါး'' များဟာလည်း သူတို့အားကိုးကွယ်ပူဇော်သူများကို ကောင်းချီးပြန်ပေးတတ်ကြသည်။တမဟုတ်ချင်း မဟုတ်သော်ငြားလည်း ထိုသူတို့၏ဘဝအား ကံဇာတာမြင့်တက်ရန် အချိန်တစ်ခုတွင်တော့ ပြုလုပ်ပေးကြတတ်သည်။ထို့အပြင် ''နဂါး''များကို ပစ်မှားစော်ကားမိလျှင် ''နဂါး''များ၏အစေခံများဖြစ်သော တ်မြွေများက ပထမဦးစွာဆိုခဲ့လျှင် သတိပေးတတ်ကြသည်။သို့သော်အကြိမ်ဖန်များစွာ ပစ်မှားကြလျှင်တော့ ''နဂါး''များက ဘာမှမလုပ်သော်လည်း သူ၏အစေခံနတ်မြွေများက အသက်နှုတ်ပစ်တတ်သည်။ထို့ကြောင့် ''နဂါး''ကိုကိုးကွယ်သူများသည် အစေခံနတ်မြွေများကိုလည်း လေးစားကြသည်။ဤပုံပြင်လေးကတော့ ရှမ်းပြည်နယ် တောင်ကြီးခရိုင် အောက်က ''မုံတဝ'' ဟူသောရွာလေးတွင်ဖြစ်ပျက်ခဲ့သော နဂါးနှင့်လူသားတို့၏ ဇာတ်လမ်းစရာနေရာဖြစ်ခဲ့သည်။

''ဟူဝေ့.....သားငယ် လွန်း....ပလိုင်းတောင်းကြီးနဲ့ ဘယ်သွားမလို့တုန်းအေ့....''

''အမိုးလှ.......လွန်း တောင်ပေါ် မှိုသွားရှာလိုက်ဦးမယ်....ဒီချိန်ဆို တောင်လယ် ရေတံခွန်ဘေးနားက မြွေစွယ်(နေရာ)နားမှာ မှိုတွေပေါနေလောက်ပြီ.....''

''အေးအေး.....သတိဝီရိယလေးနော်....သားလွန်း....ဒီချိန် မြွေပေါတယ်....တုတ်ဆောင်သွား ရိုက်တော့မသတ်ပစ်နဲ့ဦး တော်ကြာ နတ်မြွေနဲ့ညား(တိုး)နေဦးမယ်....''

''အော......အော.....လွန်း သတိထားလိုက်မယ်....သွားပြီ.....ပြန်ခါကျ မှိုဝင်ပေးမယ်.....''

''အေးအေး.....ဂရုစိုက်နော့....အမိုးတို့စိတ်ပူအောင် မလုပ်နဲ့နော့....ဂူထဲလည်းဝင်မနေနဲ့ဦး.....ကြားလား သားလွန်း.....''


''အော.....အော.....သွားပြီ....''

အော....ဆိုသည်ကား ဒေသစကားအရ ဟုတ်ကဲ့....ဟုတ်ပြီ ဟုအဓိပ္ပါယ်ရသည်။

သို့နှင့် လွန်းဆိုသောကောင်လေးသည် တောင်ပေါ်သို့တက်ရန် ကျောက်တုံးလမ်းလေးအတိုင်း ခရီးစခဲ့သည်။ ကောင်လေး၏အမည်ဟာ လွန်းဖြစ်ပြီး မုံတဝရွာ၏တောင်ဘက်အခြမ်း မုံတဝတောင်ရွာတွင် နေထိုင်သော လူငယ်လေးတစ်ယောက်ဖြစ်သည်။ အသက်ဆယ်နှစ်ရှေ့ကမှတ်ဉာဏ်များကို ဘာဆိုဘာမှမမှတ်မိသည့် လူငယ်လေးဖြစ်ပြီးငယ်စဉ်က တောင်ခြေတွင်မေ့လဲလျက်သားဖြစ်နေသည်ကိုမြင်၍ လက်ရှိသူ၏မွေးစားဖခင် ဦးအောင်ဖေက အိမ်သို့ခေါ်လာကာ ကျွေးမွေးထားကာ လွန်းသည်လည်း ဦးအောင်ဖေအား ဖခင်အရင်းတစ်ယောက်လိုခင်တွယ်နေလေသည်။ဦးအောင်ဖေ၏အမည်ကတော့ ခွန်အောင်ဖေ ဖြစ်ပြီး ထိုဒေသရှိလူမျိုးများ၏ ခွန်သည် ဦး၊မောင်၊စသည်တို့နှင့်အဓိပ္ပါယ်တူညီသည်။
ဦးအောင်ဖေက အချိန်တစ်ခုကြာအထိ လွန်းရဲ့မိဘများကိုရှာပေးခဲ့သော်လည်း အကြောင်းမထူးသဖြင့် နောက်ဆုံး ဦးအောင်ဖေကဘဲ လွန်းအားမွေးစားခဲ့သည်။ လွန်းဆိုသောအမည်ဟာ ဦးအောင်ဖေ မှည့်ပေးထားသည့်အမည်တော့ မဟုတ်ချေ။ ဦးအောင်ဖေ လွန်းအား အိမ်ကိုပွေ့ချီခေါ်လာပြီး သူ့အိမ်တွင် လွန်း သတိရလာသည့်အခါ နာမည်မေးကြည့်ရင်း လွန်း၏နှုတ်မှ သူ့အမည် လွန်း ကလွဲလျှင် မည်သည့်အရာမျှမမှတ်ကြောင်း ဦးအောင်ဖေသိခဲ့ရသည်။


လွန်းတွင် ထူးခြားသောအရာရှိသည်။ထိုအရာကတော့ လွန်းသည် မည်သည့်အရာကိုမှ ကြောက်ရွံ့ခြင်းမရှိချေ။။ဘာကြောင့်လဲတော့ လွန်းကိုယ်တိုင်ပင် မသိချေ။လွန်းကတော့ အမြဲ မှိုရှာ၊သစ်ဥသစ်ဖူရှာပြီး ဦးအောင်ဖေအား ကျွေးမွေးသည်။ရွာထဲရှိ အမိုးများကိုပေးသည်။လိုအပ်သူများကိုအမြဲကူညီတတ်သည့်လိမ္မာသော လူငယ်လေးတစ်ယောက်ဖြစ်သည်။ခါတိုင်းဆိုလျှင် မှိုရှာရန် မြွေစွယ်ငူနားသွားလေသည်။မြွေစွယ်ငူဆိုသည်မှာ တောင်စွယ်အငူလေးက နှစ်များကြာလာသည့်အခါ မြွေအစွယ်ပုံဖြစ်နေသောကြောင့် မြွေစွယ်ငူဟုခေါ်ရခြင်းပင်။လွန်းသည် တောင်ပေါ်တက်မှိုရှာတိုင်း မြွေစွယ်ငူတောင်ဖက်ရှိ ရေတံကွန်တွင် ရေချိုးပြန်နေကြစမြဲပင်။မြွေစွယ်ငူအောက်တွင်လည်း ရေတံကွန်ကြီးရှိပြီး ထိုရေတံခွန်က ရေစီးအရမ်းသန်သောကြောင့် လွန်းဟာ မြွေစွယ်၏တောင်ဘက်တွင်ရှိသော ရေတံကွန်ငယ်၌သာ ရေချိုးလေသည်။
ရေချိုးပြီးသည်နှင့် ကြံဖန်ကာ မြွေစွယ်ငူပေါ်မရရအောင်ပြန်လာ၍တက်ပြီး အမြင့်မှ အဝေးရှိ လွယ်မင်းစဉ်တောင်အားလှမ်းကြည့်သည်။ထိုတောင်အားကြည့်ရတာ ဝသွားမှ တောင်အောက်ဆင်းကာ အိမ်ပြန်လေသည်။ဒါဟာ သူ့ရဲ့နေစဉ်အလေ့အထလိုကို ဖြစ်နေသည်။လွယ်မင်းစဉ်တောင်ဟာ မုံတဝရွာ၏အနောက်မြောက် နှစ်နာရီကြာလမ်းလျှောက်လျှင်ရောက်သည့် တောင်တစ်ခုဖြစ်သည်။



သည်နေ့မှာတော့ လွန်းဟာ မြွေစွယ်နားတွင် မှိုရှာပြီးနောက် အနီးဝန်းကျင်က ရွာသားများစိုက်ထားသော မာလာကာသီးအခင်းမှာ အသီးအကြီး ငါးလုံးလောက်ကို ပလိုင်းထဲခူးထည့်ကာ ရေတံကွန်ငယ်၌ ရေချိုးလေသည်။လွန်း တောင်ပေါ်တွင် စိုက်ထားသော သီးနှံများကို ခူးစားသည်ကို မည်သူမျှစိတ်မကွက်ကြချေ။ ထို့အပြင် ပိုင်ရှင်များဟာ စိတ်မဆိုးသည့်အပြင် လွန်းအား လာဘ်ကောင်လေးဟုပင် ထပ်မံခေါ်ဆိုခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် တိုက်ဆိုင်လွန်းသည်ဘဲဆိုရမည်လော....လွန်းခူးသည့်စိုက်ခင်းဟာ ပိုးကောင်မကျဘဲ တောင်ပေါ်ဈေးတွင် ဈေးကောင်းရသောကြောင့်ဖြစ်သည်။


လွန်း.....ရေချိုးပြီးသည်နှင့် ရေတံကွန်တောင်ဘက်ရှိ ဂူအားအမြဲသိချင်စိတ်ဖြင့် ကြည့်နေတတ်တတ်သည်။သို့သော် တစ်ခါမှအထဲဝင်ရန်မတွေးခဲ့။သို့သော် သည်ကနေ့တွင်တော့ လွန်း ဂူထဲကိုဝင်ကြည့်ရန်အတွေးရသွားခဲ့သည်။ဂူဘေးအနည်းငယ်လှမ်းသည့်နေရာတွင်တော့ ဆရာတော်တစ်ပါး သတင်းသုံးသည့် ကျောင်းသင်္ခမ်းငယ်လေးတစ်လုံးရှိသည်။လွန်းသည် အမြဲတမ်း ဆရာတော်နားဝင်၍ သစ်သီးများကပ်လေ့ရှိသည်။ထို့နောက် ဆရာတော့ထံမှ သြဝါဒများအား နာယူပြီး တောင်အောက်သို့ဆင်းသည်။လွန်းသည် သည်တစ်ခါလည်း ပလိုင်းထဲမှအသီးသုံးလုံးအား ကပ်လိုကပ်လိုက်ပြီး ဆရာတော်ပြောကြားသည်များကိုနာယူလေသည်။

''ဒါကာလေး....ဒါကာလေး ဂူထဲကိုဝင်သွားဖို့စဉ်းစားနေတာမဟုတ်ပါလား....''

''ဆရာတော်သိနေတယ်လားဘုရား.....''

''ဖြစ်လာမဲ့အရာကတော့ဖြစ်လာမှာပါဘဲ ဒါကို ကိုယ်ကလက်ခံနိုင်ဖို့ဘဲလိုတာပါ....ရှေးရေစက်ကြောင့် ဆုံကြတွေ့ကြရတာ တွေ့ဆုံရမှာပေါ့.....''

''ဘယ်သူနဲ့လဲဘုရား......''

''ဒါကာလေးရဲ့ကံကြမ္မာနဲ့ပေါ့....''

''နားတော့နားမလည်ပေမဲ့ မှတ်ထားပါ့မယ်ဘုရား....''

သို့နှင့် လွန်းဟာ ဆရာတော်၏သြဝါဒခံယူပြီးနောက် ဂူဘက်သို့ထွက်လာခဲ့သည်။အချိန်အနည်းငယ်ကြာသော် ဂူဝသို့ရောက်ရှိခဲ့သည်။လွန်း ဂူဝသို့ရောက်သည်နှင့် ရင်ဘက်မှ အနည်းငယ်အောင့်လာသလိုခံစားလိုက်ရသည်။ သို့သော်ဂူထဲသို့ဝင်ရန် စိတ်ကပို၍သာနေခဲ့သည်။ ဂူဝအောက်ခြေကြမ်းပြင်သည် ထုံးကျောက်များဖြစ်ကာ ဖုထစ်နေလေသည်။သို့သော် သိချင်ဇောကြီးနေသည် လွန်း ဟာ အထဲတွင်မည်သည့်အရာများရှိကြောင်းကို သိရရန် ကြမ်းပြင်အားသေချာနင်းကာဆင်းလေသည်။ဂူအဝင်တွင် အောက်သို့ လျှောဇောက်ပုံဆင်းရပြီး ထို့နောက် အောက်ခြေတွင်တော့အနည်းငယ်ပြန့်သည်။ဂူအဝနှင့်အလှမ်းသိပ်မဝေးသော်လည်း အလင်းရောင်ကား နေ့ခင်းတောင်မှ ခပ်သဲ့သဲ့သာမြင်ရပြီး အမှောင်ထုကဲနေသည်။လွန်း ရှေ့ဆက်သွားသည့် လမ်းကြောင်းသုံးခုမြင်ရလေသည်။လွန်း....ဟာအလင်းရောင်မှိန်မှိန်ပျပျ မြင်ကွင်းမှ အလယ်လမ်းကြောင်းကို ကိုရွေးလိုက်ကာ ရှေ့ဆက်သွားလေသည်။အလယ်လမ်းကြောင်းကိုဝင်လိုက်သည်နှင့် အလင်းရောင်လုံးဝမရှိတော့ချေ။သို့သော် လွန်းဟာ ရှေ့ဆက်ကာ သွားနေတုန်းပင်။ခဏအကြာမှတော့ ဘေးနှစ်ဖက်တွင်ကာထားသည့် နံရံတို့လမ်းဆုံးရာကို ရောက်သွားသည့်အခါ ထဲတွင်ဘာမှမြင်ရခြင်းမရှိဘဲ အမှောင်အတိပင်။ ဘာမှမမြင်ရတော့တာတောင်ပင် လွန်း၏ခြေလှမ်းများဟာ အမှောင်တွင် ရှေ့သာဆက်တိုးနေစဲပင်။အိပ်ကပ်ထဲတွင် ရေနံဆီမီးခွက်ပါသော်လည်း မထွန်းသေးချေ။

''တောက်.......''

''တောက်.......''

''တောက်........''

ထုံးကျောက်ပန်းဆွဲများပေါ်မှ ထုံးကျောက်ရေစက်လေးများဟာ သည်ဖက်ဟိုဘက် အသံမြည်ကာ ကျလို့နေလေသည်။ လွန်းရှေ့ဆက်တိုးသည့်အချိန်တွင် အရာတစ်ခုနှင့်ဝင်တိုက်မိလေသည်။ထို့ကြောင့် လွန်းဟာ ထိုအရာကိုအတည်ပြုရန် အိပ်ကပ်ထဲမှ ရေနံဆီမီးခွက်နှင့်မီးကျစ်ဆံကိုယူကာ ခြစ်၍လဲကျရာမှငုတ်တုတ်ထိုင်ကာ မှီးညှိလိုက်လေသည်။ထို့နောက် ရေနံဆီမီးခွက်လေးလင်းလာသောအခါ တိုက်မိသောအရာ၏အောက်ခြေကိုကြည့်လိုက်သည့်အခါ ဖိနပ်မပါသော ဖြူဖွေးသော ခြေထောက်တစ်စုံ။သာမာန်သူဆို ဤအဖြစ်တွင် လန့်ဖျန့်ကာသွားနိုင်သော်လည်း လွန်းကတော့ မီးကိုအပေါ်ထပ်တိုးတိုးသွားကာ ကြည့်လိုက်လေသည်။ထို့နောက် လွန်းမြင်လိုက်သည်က ခြေထောက်အပေါ်ကိုမီးထွန်းကြည့်သောအခါ ဒူးလောက်ဘဲဝတ်ထားသော ပုဆိုး၊ထိုမှ ဆက်၍ကြည့်သောအခါ ချက်နားမှစတင်ကာ ဘယ်ညာစီတန်းနေသော ကြွက်သားအဖုအထစ်များရှစ်ခု.....ထိုမှတစ်ဆင့်အပေါ်သို့တက်ကြည့်သောအခါ မို့မောက်ပြန့်ကားကျယ်လွင့်သော ရင်အုပ်ခုံးခုံးမို့မို့မောက်မောက် တစ်စုံ။လွန်းသည် ထိုမျှလောက်ကြည့်ပြီး သူ့ဘာသာသူပြန်ကြည့်လိုက်ကာ စိတ်ပျက်သလိုလေသံဖြင့် သက်ပြင်းတစ်ချက်ချလိုက်ပြီး ထပ်မံ၍ ထိုလူမျက်နှာကိုကြည့်လိုက်လေသည်။ထိုလူတွင် တည်ငြိမ်သော မျက်ဝန်းညိုညိုလေးရှိပြီး ခန့်ညားသောရုည်ရည်ရှိသည်။မျက်ခုံးမွှေးကလည်း နက်မှောင်ကာထူထပြီး လက်တွင် အပြာဖျော့ဖျော့ သွေးကြောလေးများလည်း စင်းကာထောင်နေလေသည်။
သို့သော် လွန်းဟာ မျက်မှောင်ကြုတ်၍ ထိုလူ့ရင်အုပ်ကိုသာစိုက်ကြည့်နေပြီး ထို့လူ့ရင်အုပ်ကိုကြည့်လိုက် သူ့ဘာသာကြည့်လိုက်၊ပြန်ကြည့်လိုက် သူ့ဘာသာကြည့်လိုက် သုံးလေးခါလောက်ထိုကဲ့သို့ကြည့်နေပြီး ပို၍ပင် စိတ်ပျက်အားလျော့စွာ ထပ်ပြီးသက်ပြင်းရှည်တစ်ခေါက်ချလိုက်လေသည်။ ဖြစ်သွားလေသည်။ထို့စဉ်ထိုလူဟာ စတင်ပြီး စကားစပြောလိုက်လေသည်။

''အမောင်လူသား ကြှနျုပျ၏စံစားရာနရောအား အဘယ်သို့ရောက်၍လာရပါသနည်း....''

အပိုင်း(၂)/?

Comment