အပိုင်း - (၇) _Zawgyi_



သင်္ခါဟာ လွန်းအား ပျဉ်ထောင်နှစ်ထပ်အိမ်ကြီး၏ရှေ့ ကွတ်ပစ်အကျယ်ကြီးပေါ်တွင်ထိုင်ခိုင်းလိုက်သည်။အစေခံများဟာ သင်္ခါကွတ်ပစ်ပေါ်ထိုင်သည်နှင့် အားလုံးဟာ သင်္ခါ့အားခစားရန် မြေပြင်ပေါ်တွင် နန်းဝတ်နန်းစားများဖြင့်ထိုင်နေကြလေသည်။

''ကိုလွန်း.....ထိုင်ပါ....ရူဝီဒါ့က ခဏနေမှရောက်လာမှာ....သူ့ကိုခဏစောင့်ကြတာပေါ့.....''

''အင်း....ရပါတယ်....ဒီနေရာက စိတ်ဝင်စားဖို့ကောင်းတော့ ဟိုကြည့်ဒီကြည့်ရင်းစောင့်တာပေါ့....''

ထိုစဉ်အသက်ကြီးကြီး ဦးလေးကြီးတစ်ယောက်ဟာ သင်္ခါအားမေးခွန်းတစ်ခုမေးလိုက်လေသည်။

''သခင်ကြီး ဒီတစ်ခေါက်ပြန်လာတာ အရေးကိစ္စအထူးရှိလို့ပါလား ဘုရား....''

''အင်း....ဝီရဒူ....ကြှနျုပျကို ဟိုဘီလူးတွေ အတင်း လာခေါ်ကြတယ်....''

ထိုစကားကြားလိုက်သောအခါ အားလုံးမျက်နှာဟာ ပြာပြာသလဲဖြစ်သွားကြလေသည်။

''ဒီရဲ့ဘီလူးတွေဟာ စည်းမတရားလွန်လာပါပြီ သခင်ကြီးကိုအနုနည်းနဲ့မရတော့ အခုလိုအကြမ်းနည်းတွေပါသုံးလာကြတာ တကယ်ကို အောက်တန်းကျလိုက်တာ....''

''အဲ့တာ နဂါးနက် အရှင်ပရဏဝုရ်ယိဏ်းနဲ့ မြစိမ်းဂဠုန် အရှင်ဝေဿရာဇ် တို့က အဲ့ဒီ့ဘီလူးသုံးကောင်ကို သတ်ပစ်လိုက်လို့ သေသွားပါပြီ....''

''မြစိမ်းရောင်ဂဠုန် အရှင်ဝေဿရာဇ် လူ့လောကမှာပြန်လည်ထွက်ပေါ်လာပြီပေါ့ဘုရား....အဲ့ဒီဂဠုန်စိမ်းထွက်ပေါ်လာတိုင်း နဂါးတိုင်းရဲ့အိမ့်မက်ဆိုးဖြစ်ရတာဘဲ ဘုရား....

''အင်း.....ဒါပေမဲ့ ဒီတစ်ခါတော့ကွဲပြားမယ်ထင်ထားဘဲ....နဂါးအရှင်မြတ်အများစုကလည်း နဂါးပြည်မှာဘဲနေကြကုန်ပြီး လူ့ပြည်မှာတော့ နဂါးမင်းအနည်းငယ်သာရှိတော့တယ်....ဆိုတော့က ဂဠုန်မင်းလည်း အရင်ကလိုမရက်စက်တော့ဘူးလို့ ထင်တာဘဲ....''

သင်္ခါနှင့်ဝီရဒူလို့ခေါ်သည့် ဦးလေးကြီးတို့ပြောသောစကားအား လွန်းအတိုင်းသားကြားနေရသဖြင့် မြစိမ်းရောင်ဂဠုန်အကြောင်းကို စိတ်ဝင်စားသွားလေသည်။

''ကျွန်တော့်ကို အဲ့ဒီမြစိမ်းရောင်ဂဠုန်အကြောင်းပြောပြပါလား...''

''ကောင်းပါပြီ ကိုလွန်း....သင်္ခါ ကိုလွန်းကို မြစိမ်းရောင်ဂဠုန်ရဲ့အကြောင်းပြောပြပေးပါ့မယ်....''

''ကျွန်တော်နားထောင်နေပါတယ်......''
ဝီရဒူဆိုသောဦးလေးကြီးကတော့ လွန်းတို့စကားဝိုင်းထဲဝင်မပြောတော့ဘဲ ဒူးသိမ်းကာ နေရာတွင်ပြန်ထိုင်လိုက်လေသည်။အားလုံးကိုသင်္ခါဟာ တစ်ချက်ကြည့်လိုက်လေသည်။

''ကဲ....အားလုံး ခစားတာဒီလောက်နဲ့ရပ်ပြီး လုပ်စရာရှိတာသာသွားလုပ်ကြပါ....အကုန်လုံးက ဧည့်သည်ကိုအနေရခက်စေပြီ....ရပါတယ်....သွားကြပါ....နဂိုလုပ်လက်စအလုပ်တွေဆက်လုပ်ကြပါ....''

သင်္ခါပြောလိုက်သည်နှင့် အားလုံးဟာ သူ့အလုပ်ကိုယ့်အလုပ်ကိုယ်စီပြန်လုပ်ကြရန် အသီးအသီးထသွားကြလေသည်။ထို့နောက် သင်္ခါဟာ လွန်းအား မြစိမ်းရောင်ဂဠုန်အရှင်ဝေဿရာဇ် အကြောင်းရှင်းပြလေသည်။

''ကိုလွန်းကို မြစိမ်းရောင်ဂဠုန် အကြောင်းပြောပြရရင် သူ့နာမည်က အရှင် ဝေဿရာဇ်လို့ဘဲ သင်္ခါတို့လည်းသိပါတယ်....နာမည်ကငါးလုံးရှိပြီးတော့ သူ့လူသားအသွင်ကို ဘယ်သူမှမတွေဖူးဘူးလို့ဆိုကြတယ်။ဒါတော့ သင်္ခါတို့လည်းမတွေ့ဖူးပါဘူး....နောက်ပြီးတော့ မြစိမ်းရောင်ဂဠုန်မင်းက ဂဠုန်မျိုးနွယ်ထဲမှာ အညိုရောင်ဂဠုန်၊အဝါရောင်ဂဠုန်တို့လိုအရောင်အသွေးမဟုတ်ဘဲ တစ်ဦးတည်းသော အစိမ်းရောင်တောင်ပံလေးဖက်နဲ့ ရင်ဘက်တွေကျောတွေမှာ ရွှေဝါရောင်အမွေးအမျှင်ရှိတဲ့ ဂဠုန်ပါ....''

''ဪ.....ဒါဆိုသူကထူးခြားတာပေါ့....''

''ဟုတ်ပါတယ်.....မြစိမ်းရောင်ဂဠုန်ဆိုပြီး ငယ်စဉ်တုန်းက ဂဠုန်ညိုအကြီးသုံးကောင်ကအနိုင်ဝိုင်းကျင့်တဲ့အချိန် ဂဠုန်မင်းဟာ သူ့မျိုးနွယ်စုအချင်းချင်းဖြစ်တဲ့ ဂဠုန်အကြီးသုံးကောင်ကို သတ်ပစ်ခဲ့ဖူးပါတယ်....ပြီးတော့ ဂဠုန်ငှက်အပေါင်းရဲ့အုပ်စိုးသူနေရာကို လက်လွှတ်ပြီး တစ်ဦးထဲသီးသန့်နေတတ်တဲ့ဂဠုန်ငှက်တစ်ကောင်ပါတဲ့.....''

''သူက အားလုံးနဲ့ကွဲလို့များ အထီးကျန်လို့များလား....''

''အဲ့တာတော့ သင်္ခါမသိပေမဲ့ သေချာတာကတော့ မြစိမ်းရောင်ဂဠုန်မင်းဟာ အရမ်းကိုသွေးအေးပြီး ရက်စက်တဲ့ဂဠုန်မင်းဆိုတာပါဘဲ.....''

''ဘာတွေလုပ်ခဲ့ဖူးလို့ အရမ်းရက်စက်တယ်ပြောတာလဲ.....သူဘာတွေလုပ်ခဲ့ထူးလို့လဲ...သင်္ခါ....''

''နဂါးဆယ့်ခုနှစ်ကောင်ကို အလယ်ကနေပိုင်းပြီး မစားဘဲ အင်းလေးကန်ထဲပစ်ချခဲ့ပါတယ်.....''

''ဝိုး......များလိုက်တာ....တော်တော်သန်မာတာဘဲ.....''

''သူတကယ်တမ်းသတ်ခဲ့သည်က အဲ့တာထက်များပါတယ် .....နဂါးပြည်ရဲ့ရတနာလို့တင်စားခံရတဲ့နဂါးကိုတောင် သူသတ်ပစ်ခဲ့တယ်လို့ဆိုပါတယ်.....အဲ့တာတော့ သင်္ခါတို့ပြောပိုင်ခွင့်မရှိတာမလို့ ထိန်ချန်ထားပါရစေ....''

လွန်းသည် ထိုအကြောင်းကို အရမ်းသိချင်သွားလေသည်။သို့ပေမဲ့မမေးသင့်သောစကားဖြစ်၍ လွန်းငြိမ်နေလိုက်လေသည်။ထို့နောက် သင်္ခါဟာ ထပ်ပြောလေသည်။

''ဂဠုန်မင်းမပျောက်ဆုံးခင် နောက်ဆုံးအမဲလိုက်ခဲ့သည့်နဂါးက နဂါးနက် အရှင်ပရဏဝုရ်ယိဏ်းကိုပါ.....''

''ဟမ်....ဟမ်.....ကိုနဂါးယိဏ်းကိုလား.....''

''ဟုတ်ကဲ့.....အဲ့အချိန်တုန်းက နဂါးနက်အရှင်ပရဏဝုရ်ယိဏ်းဟာ ငယ်သေးပေမဲ့ ဂဠုန်မင်းကိုပြန်လည်တိုက်ခိုက်ခဲ့ပြီး ဒဏ်ရာရခဲ့ပေမဲ့လွတ်သွားခဲ့ပါတယ်....''

''ဪ......အဲ့တာကြောင့်ကို...မြစိမ်းရောင်ဂဠုန်ကိုမြင်မြင်ချင်း ဒေါသတွေထွက်ပြီး တိုက်ခိုက်ကြတာပေါ့....''

''အဲ့လိုမျိုးကြောင့်လို့ သင်္ခါလည်း ထင်မိပါတယ် ကိုလွန်း...ဪ...ဒါနဲ့လေ ကိုလွန်းကို သင်္ခါပြောစရာရှိတယ်ဆိုတာလေ....ရူဝီ့ဒါ့လည်းမလာသေးဘူးဆိုတော့ ကိုလွန်းကိုပြောပြမလို့....သင်္ခါ....''

''အဲ့တာ ကျွန်တော်လည်းနားထောင်ချင်နေတာ....သင်္ခါ ကျွန်တော့်ကို ဘယ်အချိန်ပြောပြမလဲဆိုပြီး အဟဲ....''

''တကယ်တော့....ကိုလွန်းကို သင်္ခါ ဒီနေရာကို ခေါ်လာရတာကလေ....ပစ္စည်းလေးတစ်ခုပေးဖို့ရယ် ပြီးတော့ ကိုလွန်း သင်္ခါ့ကိုဝင်ကယ်သည့်အတွက် ကိုလွန်းကို ဒုက္ခပေးမဲ့လူတွေရောက်လာတော့မဲ့အကြောင်းပါ....''

''ခင်ဗျာ......ကျွန်တော့်ကို ဒုက္ခလာပေးကြမဲ့သူတွေ...ဟုတ်လား....''

လွန်း အံ့အားသင့်စွာ ဖြစ်သွားလေသည်။ထို့နောက် သင်္ခါက အကြောင်းအရာကိုပြန်ရှင်းပြလေသည်။

''ဒီလိုပါ...ကိုလွန်း....သင်္ခါတို့ရဲ့ဒီရွာကြီးကလေ နာနာဘာဝဘုံလည်းမဟုတ်ဘူး၊နေ့ခံညစံတို့ နေ့ခံညစံတို့လိုဘုံလည်းမဟုတ်ဘူး ကိုလွန်း....ဘုံလောကတွေအလွန်မှာ ရွာထိပ်က ကိုလွန်းမြင်ခဲ့တဲ့နဂါးရုပ်ထုကြီးရဲ့မူလပိုင်ရှင် နဂါးမင်း ကနေခဲ့တဲ့ခေတ်အဆက်ဆက်က သူ့အပေါ်ကျေးဇူးပြုဖူးခဲ့တဲ့လူတွေကို ပြန်ပြီးကျေးဇူးပြန်ပြုသည့်အနေနဲ့ ဒီဘုံကို ဖန်တီးပေးခဲ့တာပါ.....''

''ကျွန်တော်နားထောင်နေပါတယ် သင်္ခါဗျ....ဆက်ပြီးအကုန်ပြောပြပေးနော်.....ကျွန်တော်ငြိမ်ငြိမ်လေး နားထောင်နေတယ်....''

လွန်းဟာ သင်္ခါ့စကားများကို အမေးအဖြေမလုပ်ဘဲနဲ့သင်္ခါပြောသောစကားများကို သေချာနားထောင်ရန် သင်္ခါ့အားပြောကာ ငြိမ်ကာနားထောင်နေလေသည်။

''ဟုတ်ကဲ့ပါ....ကိုလွန်း....ဒါဆို သင်္ခါသိသလောက် ကိုလွန်းကိုပြောပြမယ်နော်....ဆိုတော့က သင်္ခါတို့က လူသားတွေမဟုတ်သလို အစောကပြောသလိုဘဲ နာနာဘာဝတွေလည်းမဟုတ်ပါဘူး။သင်္ခါနဲ့ဒီဝိုင်းထဲက လူတွေဆိုရင် လွန်းခဲ့တဲ့နှစ်ခုနှစ်ရာလောက်တုန်းက အလယ်ပြည်ဘက် မင်းနေပြည်တော်ဆိုတာရှိခဲ့ပြီး အဲ့တုန်းက ကုန်သွယ်ကူးသန်းပြီးရောင်းဝယ်ရေးလုပ်တဲ့ အဖွဲ့တွေပါ။သင်္ခါက မိဘအမွေတွေဆက်ခံပြီး ကုန်သွယ်ရေးလုပ်ခဲ့တဲ့ အထည်ကြီးသူဌေးမျိုးတစ်ယောက်ပေါ့။သူတို့ကတော့ သင်္ခါရဲ့အစေခံတွေပေါ့။ပြီးတော့ရွာထဲက မိသားစုတစ်ခုစီကလည်း သူ့ဟာနှင့်သူ နဂါးမင်းကိုကျေးဇူးပြုခဲ့တဲ့သူတွေဖြစ်တာကြောင့် ဒီရွာမှာရှိနေရခြင်းပါ။အခု သင်္ခါပြောပြချင်တဲ့ အန္တရာယ်တွေ ဒုက္ခတွေက သင်္ခါ့ကိုကယ်မိလို့ အကိုလွန်းဆီရောက်လာမဲ့ အန္တရာယ်တွေပါ........ကိုလွန်း ကြောက်လား....''

''ကျွန်တော်လား....မကြောက်ပါဘူး ယောက်ျားဘဲဟာ ကိုယ်လုပ်ရက်ကိုယ်ခံရဲရမှာပေါ့။ ပြီးရင် ကျွန်တော်လုပ်တာကမှားတဲ့အရာလည်းမဟုတ်ဘူး။အားနွဲ့တဲ့သူကို ဝိုင်းအနိုင်ကျင့်လို့ ကူညီတာဘဲကိစ္စ။မကြောက်ပါဘူး....''

''တကယ်တော့ သူတို့ သင်္ခါ့ကို ဘီလူးတွေလာဖမ်းကြတာက သူတို့ဘီလူးပြည်ရဲ့ဘီလူးပြည့်ရှင်ကြီးဟာ သင်္ခါ့ကိုမျက်စိကျနေတာ....ဒါပေမဲ့ သင်္ခါက သင်္ခါ့ကိုကျေးဇူးပြုဖူးတဲ့ သူတွေကို ကျေးဇူးပြန်ဆပ်ဖို့ ဒီဘဝကိုလူပြန်ဝင်စားတာ။အဲ့တော့ သင်္ခါ ဘီလူးပြည့်ရှင်ရဲ့ ကမ်းလှမ်းမှုပိုငြင်းလိုက်တာ....''

''ဪ.....အဲ့တာကြောင့် အခုလို လာဖမ်းခိုင်းတာပေါ့....''

''အဲ့တာကြောင့်လည်းပါပေမဲ့ သူတို့လိုချင်တာက ဒီလောကဘုံထဲမှာ နေထိုင်ချင်ကြတာ။ဒါပေမဲ့ သူတို့က နဂါးမင်းကိုဘာမှကျေးဇူးမပြုဖူးထားကြတာ...အဲ့တော့ သင်္ခါတို့အနေနဲ့လက်မခံနိုင်ဘူးလေ....တကယ်လို့ သင်္ခါသာ ဘီလူးပြည့်ရှင်ရဲ့လက်ဆက်ဖို့ကမ်းလှမ်းခြင်းကို လက်ခံလိုက်ရင် သင်္ခါဟာ သူရဲ့အိမ်သားဖြစ်သွားပြီး ပိုင်ဆိုင်မှုတွေပါ ဝေမျှရတော့မှာလေ.....''

''ဟာ....ဒီဘီလူးတွေ အကြံက ကြီးလှကြီးလားဗျ သင်္ခါ.....ဒါဆို သင်္ခါ့ကို ဘီလူးပြည့်ရှင်က မနှစ်ခြိုက်ဘဲ လက်ဆက်ဖို့ကမ်းလှမ်းတာပေါ့.....''

''အဲ့လိုတော့မဟုတ်ဘူး ကိုလွန်း.....သူနဲ့သင်္ခါနဲ့ဘဝတစ်ခုမှာ တစ်ယောက်နဲ့တစ်ယောက် မေတ္တာမျှခဲ့ကြဖူးတယ်....အဲ့တုန်းက သူက သင်္ခါနဲ့ကတိသစ္စာဆိုခဲ့ဖူးတယ်။ဘယ်ဘဝဘယ်ဘုံရောက်ရောက် သူဟာ သင်္ခါရဲ့သဘောမပါဘဲသင်္ခါ့ကိုအတင်း သိမ်းပိုက်ခဲ့ရင် သင်္ခါနှင့် ပိုပြီးတော့ဝေးရပါစေဆိုပြီးတော့ သစ္စာဆိုခဲ့တာ....''

''အယ်လဲ့.....ဒီလိုကျ ဒီဘီလူးပြည့်ရှင့်က အဟုတ်ပါလား သင်္ခါရ.....''

'' ဘီလူးပြည့်ရှင်က သင်္ခါရဲ့အရေးဖြစ်ပြီး အခုပြောမှာကစပြီး ကိုလွန်းအကြောင်းဖြစ်သွားပါပြီ....''

''ဆိုပါဦးဗျာ.....''

''ဘီလူးတွေလာခဲ့တဲ့အချိန်မှာ တစ်ခြားပရလောကသားတွေလည်း ဘုန်းကြီးကျောင်းပတ်ဝန်းကျင်မှာရှိနေခဲ့ပါတယ်....အဲ့တာ အဲ့တုန်းကကိစ္စတွေကို သူတို့သက်ဆိုင်ရာလောကဘုံကသူတွေဟာသိပြီး ကိုလွန်းနဲ့နဂါးနက်အရှင်တို့ရင်းနီးတယ်ဆိုတာကို သွားပြောလိုက်ကြပါတယ်.....''

''ဒါနဲ့လေ....သင်္ခါ....သူတို့သိတာကို...သင်္ခါက ဘယ်လိုသိတာလဲ....''

''သင်္ခါတို့အတွက် သတင်းပို့အကောင်လေးတွေရှိတယ်လေ ကိုလွန်း...ကိုလွန်းတော့မြင်ရမှာမဟုတ်ဘူး....သူတို့ကနေတစ်ဆင့် သင်္ခါတို့ကိုပြန်ပြောပြတာ....''

''သင်္ခါတို့လောကဘုံကြီးကမိုက်တယ်ဗျာ....''

''ဒါ သင်္ခါတို့ကိုအခုလို အပြင်လောကနဲ့အဆက်အသွယ်မပြတ်အောင် နဂါးမင်းက ဖန်တီးပေးခဲ့တာမလို့ပါ.....''

''ဒါနဲ့....ဟိုပရလောကသားတွေဆိုတာ ဘယ်တော့လာမှာလဲ.....ကျွန်တော်လည်း သိထားရအောင်ပေါ့.....''

''အဲ့အတွက်ကို သင်္ခါအစောက ကိုလွန်းကိုပြောတယ်လေ ပစ္စည်းလေးတစ်ခုပေးမယ်လို့.....အဲ့ပစ္စည်းနဲ့ဆိုသိနိုင်ပါတယ်.....ပြီးတော့ သူတို့က ကိုလွန်းရဲ့ခန္ဓာအသုံးချပြီး နဂါးနက်အရှင်ကို သင်္ခါတို့လောကဘုံလိုမျိုးကို ဖန်တီးခိုင်းမှာပါ။ပြီးရင်တော့ ကိုလွန်းခန္ဓာကိုယ်ကိုဖျက်စီးပစ်မှာပါ.....အဲ့လိုမဖြစ်အောင် ကိုလွန်းက သူတို့ကိုအရင်ဖျက်စီးပစ်ရမှာပါ....''

''ဟာဗျာ......ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲဗျာ....''

''ဖြစ်နိုင်ပါတယ်.....ကိုလွန်းဟာ မွေးလာထဲက တက္ကရအမှတ်အသားနှင့်မွေးလာခဲ့တဲ့ လူသားမလို့ပါဘဲ.....''

''ဘာအမှတ်....ကျွန်တော်တော်တော့ မသိပါဘူး...ကိုယ့်ရဲ့ကိုယ်မှာ အဲ့လိုအမှတ်ရှိမှန်းသိတောင်မသိဘူး.....ဘာကြီးလဲ အဲ့အမှတ်အသားက''

လွန်းသည် သင်္ခါပြောသော စကားကြောင့် အမှတ်အသားအကြောင်းကို လွန်းသိချင်သွားလေသည်။

''တက္ကရအမှတ်အသားဆိုတာဟာ မိစ်ဆာစိတ်ဓာတ်ရှိတဲ့မည်သည့်ဘုံသားမဆို သုတ်သင်နိုင်တဲ့ အမှတ်အသားဖြစ်ပြီး တစ်ခေတ်မှတစ်ခါတောင် ပေါ်ထွက်လာရန်မလွယ်တဲ့အမှတ်အသားဖြစ်ပြီး အဲ့ဒီ့အမှတ်အသားပေါ်လာတိုင်း မိစ်ဆာစိတ်ရှိတဲ့လောကဘုံသားတိုင်းဟာ အမှတ်အသားပိုင်ရှင်ဖြစ်တဲ့ ကိုလွန်းကို အမှတ်အသားအသက်မဝင်လာခင်မှာ ရှင်းပစ်ကြဖို့ လုပ်ကြခြင်းပါ.....''

''ခင်ဗျာ.......''



အပိုင်း ၈/?

Comment