အပိုင်း - (၅) /special part/ _Unicode_



''ယိဏ်း.....ဟိုမှာတွေ့လား....ပြဇာတ်ကမှာဒီည....မြန်မြန်လာ....ခင်ဗျားကိုပြမယ်....အရမ်းမိုက်တဲ့ပြဇာတ်....''

''ကျွန်ုပ်လည်း လျှောက်နေတာပါဘဲ....အသင်လူသားက ​မြန်နေတာပါ....''

''အော်....ကဲ....ပြဇာတ်ကြည့်မှာပါဆို ခင်ဗျားလို့ ခြေတစ်လှမ်းကုဋေတစ်သန်းလျှောက်နေလို့ရမလား....သွက်သွက်လျှောက်မှ ပြဇာတ်ကြည့်ရမှာပေါ့......လာပါ....ခင်ဗျားလည်း ကျွန်တော်နဲ့စပြီးရင်းနီးတဲ့အမှတ်တရလို့မှတ်ပေါ့....''

''နားမလည်နိုင်ပေ....''

''ကဲပါ....မြန်မြန်လျှောက်....လာ....''

အချိန်ကား ညဆယ့်တစ်ချက်တီးချိန်ဖြစ်သည်။
လွန်းဟာ ယိဏ်းအား မုံတဝကျောင်း၏တောင်ဘက်မုခ်ပေါက်ကနေ ခေါ်လာခဲ့သည်။မုခ်ပေါက်အဝင်ကနေ မြောက်ဘက်ထိ ဝါးနှစ်ပြန်စာလောက် ရှိသည့် ကုန်းတက်ငယ်လေးအား ကျော်လာခဲ့ပြီးနောက်....အိုးစည်သံများ၊မောင်းသံများ၊လင်ချွမ်းသံများ၊ဝါးလက်ခုပ်သံတို့နှင့် သံချက်ညီညီ ချာဒူး(စည်းချက်)ကို လူပျိုပေါက်ကလေးငယ်များက ပျော်ရွှင်စွာတီးကာ ကတဲ့သူကလည်း ကနေကြလေသည်။ယိဏ်းသည် ထိုကလေးငယ်တို့ အိုးစည်ဘုံမောင်းတီးခတ်နေသည်ကို ငေးကာကြည့်နေလေသည်။ထိုသို့ငေးကြည့်နေသည်ကို လွန်းမြင်သွားကာ ယိဏ်းအနားသို့ လက်နှစ်ဖက်နောက်ချိတ်ကာ တိုးလာခဲ့လေသည်။

''ကဲ....ဘယ်လိုလည်း....အပြင်ထွက်ရတာ အဲ့လောက်ကြီးလည်း မခံစားရဘူးမလား....''

''ဟိုနားက ကလေးတွေကိုကြည့်နေတဲ့အချိန် ကျွန်ုပ်၏ရင်ဘက်ထဲမှာ လိပ်ပြာငယ်တို့ပျံသန်းနေကြသလိုခံစားချက်(စိတ်လှုပ်ရှား​ခြင်း)မျိုးခံစားနေရနေပြီး တစ်ခါမှမခံစားဖူးတဲ့ ခံစားချက်မျိုးလို့ ဆိုရမည်....''

''ဪ.....နဂါးတွေက အဲ့တာတွေလည်း ခံစားတတ်တာဘဲလား....''

''နဂါးတွေဟာလည်း ခံစားချက်တွေကို သေချာနားလည်နိုင်ပါတယ် အသင်လူသား....''

''အယ်....ကောင်းလိုက်တာ....ဒါဆို ကိုနဂါးယိဏ်းကကျတော့ ခံစားချက်ပြင်းထန်လို့လား....လူတွေနဲ့ထိတွေ့ရမှာကြောက်နေတာက....''

''အဲ့သည်ဟာကတော့ ကျွန်ုပ်လည်းမပြောတတ်ပါ.....''

''တော်ပါပြီ.....မမေးတော့ပါဘူး.....စကားကိုဘယ်လိုတွေဖြေနေမှန်းကိုမသိပါဘူး....မသိရင် နန်းတွင်းလိုလိုဘာလိုလို ရှေးကျလိုက်တာ....တော်ပြီ....လာ....ဟိုမှာ ပြဇာတ်ကစတော့မယ်....''

သို့နှင့် လွန်းဟာ ပရဏဝုရ်ယိဏ်းနှင့်စကားမပြောနိုင်တော့သဖြင့် ပြဇာတ်ရှိရာနေရာ ရှေ့ဘက်သို့လျှောက်လာခဲ့လေသည်။ပရဏဝုရ်ယိဏ်းသည်လည်း လွန်းအနောက်မှ ဟိုငေးဒီငေးနှင့် လိုက်လာခဲ့လေသည်။နောက်ဆုံးမှာတော့ ပြဇာတ်ရှိရာသို့ရောက်လာခဲ့လေသည်။ ပြဇာတ်ခုံကြီးသည် လွန်းတို့အရှေ့သို့လျှောက်လာသည့်လမ်းတောင်ဘက်တွင် မြောက်ဘက်သို့လှည့်၍ဆောက်ထားလေသည်။
လွန်းတို့အရှေ့တွင် လွန်းနည်းတူ ပြဇာတ်ကြည့်ချင်၍ရောက်လာကြသော ကလေးလူကြီးများအစုံရောက်လာခဲ့ကြလေသည်။ထိုအထဲတွင် လွန်းရဲ့ငယ်သူငယ်ချင်းကောင်မလေးနှစ်ယောက်ဖြစ်ကြသည့် နန်းနွန် နှင့် နန်းခမ်းအိမ်တို့လည်း အပါအဝင်ပင်။ ကောင်မလေးနှစ်ယောက်သည် နောက်ဆုံးနေရာတွင် မတ်တပ်ရပ်နေကြသည့်လွန်းကိုမြင်လိုက်သည်နှင့် လွန်းနှင့်အတူကြည့်ရန် အရှေ့ဆုံးအတန်းမှ လွန်းတို့ဆီပြောင်းလာခဲ့လေသည်။အကြောင်းကတော့ ခမ်းအိမ်(နန်းခမ်းအိမ်)ဟာ လွန်းကိုတစ်ဖက်သက် သဘောကျနေသောကြောင့်ပင်။ထိုအကြောင်းကိုသိသော နွန် (နန်းနွန်)ဟာ ခမ်းအိမ်ကိုအဖော်ရအောင် လိုက်ကူပေးခြင်းဖြစ်သည်။

ခမ်းအိမ်နှင့်နွန်တို့ဟာ လွန်းတို့နားရောက်လာခဲ့လေသည်။

''လွန်း.....နင်တစ်ယောက်တည်း ဒီမှာဘာလာလုပ်နေတာလဲ....ပြဇာတ်လာကြည့်တာလား.....''

''အမ်....နှစ်​ယောက်ပါဟ....ခမ်းအိမ်....နင်ကလည်း''

''ဟင်.....ဘယ်သူရှိသေးလို့လဲ.....ငါတို့တော့နင့်တစ်ယောက်ဘဲမြင်တာဘဲ....နော်....နွန်....''

ထိုစဥ် ယိဏ်းဟာ လွန်းအားကြည့်ကာ သူ့တစ်ယောက်ထဲလို့ထင်ရခြင်းကိုပြောပြလေသည်။

''အသင်လူသားသာ ကျွန်ုပ်အား ရှေးကံတစ်ခုခုကြောင့်မြင်ရတာပါ....ဒီအမျိုးသမီးလေးများနည်းတူ တစ်ခြားဘယ်သူမှမမြင်နိုင်ပါဘူး.....''

ထိုအခါလွန်းဟာ သူတစ်ချိန်လုံးစကားပြောနေသူက ဘယ်သူမှမမြင်ရဘူးဆိုတော့ တစ်ယောက်ထဲစကားပြောနေသည်လို့ လူတွေအမြင်မှာဖြစ်နေမည်ဖြစ်သောကြောင့် ခမ်းအိမ်တို့ရှေ့တွင် ယိဏ်းပြောသည်ကို ဘာမှပြန်မပြောဘဲ ခေါင်းသာညိမ့်ပြလိုက်ကာ ခမ်းအိမ်နှင့်နွန်တို့ကို ကြည့်ကာနေလိုက်လေသည်။

''ဟုတ်ပါ့.....ဘာလဲ...လွန်း...နင်က ငါတို့လာတာမကြိုက်လို့လား....''

''ဟာ....နင်တို့ကလည်း ဘာကိစ္စမကြိုက်ရမှာလဲ....တစ်ရွာလုံးရဲ့အလှလေးလေးနှစ်ယောက်က ကိုယ်နဲ့အတူပြဇာတ်လာကြည့်တာမကြိုက်တဲ့ကောင် ရွာထဲမှာ ငါအပါအဝင် ဘယ်သူတစ်ယောက်မှမရှိဘူး....''

ထိုအခါ ခမ်းအိမ်ဟာ ရှက်သွေးလေးဖြန်းကာ သူမ၏မျက်နှာဖြူဖြူဖွေးဖွေးလေးရှိ ပါးမို့မို့လေးဟာ ပန်းနုရောင်သန်းသွားကာ မျက်နှာလေးကို ဘေးဘက်သို့လွှဲလိုက်လေသည်။ နွန်ကတော့ လွန်းအား ကလေးထဲကအတူတူပေါင်းလာကြ၍ လွန်းအကြောင်းကို သိပြီးသားဖြစ်​သောကြောင့် ရယ်သာရယ်လိုက်လေကာ လွန်းအားစလိုက်လေသည်။

''အိုက်လွန်းရယ်....နင့်ရဲ့ဒီအပြောတွေ၊ဒီအထာတွေ၊ နင့်ရုပ်ချောချောလေးနဲ့ ရွာထဲက အပျိုတွေကို မြူစွယ်သလို ငါတို့ကိုမြူစွယ်လို့ရမယ်ထင်နေလား....''

''သိပါတယ်ဟ....နွန်....နင်ကလည်း....နင့်လိုရုပ်ကလေးသာယုန်ကလေးလိုဖြူစင်ပြီး အတွင်းစိတ်က ခြင်္သေ့လိုမျိုး ရဲတင်းပြတ်သားနေတဲ့ အပျိုလေးကတော့ ငါ့ရဲ့ချစ်မောခန့်ညားမှုမှာ ဘယ်လဲကျနိုင်ပါ့မလဲ....''

''အေး.....သိရင် ပြီးတာပါဘဲ...... ''

ဘုံ................ဘုံ..............ဘုံ.............

ပြဇာတ်ဘေးမှတီးဝိုင်းအဖွဲ့၏ စည်သံကြီးဟာ ကျယ်လောင်စွာပင် ဟိန်းတက်၍ စည်းချက်မှန်မှန်ဖြင့် သုံးချက်ထွက်ပေါ်လာခဲ့သည်။ဆိုလိုသည်ကား ပြဇာတ်စတင်ရန် အချိန်ရောက်ရှိလို့လာခဲ့ပြီပင်။

''ကဲ....ကဲ....လွန်း.....ခမ်းအိမ်...နင်တို့နှစ်ယောက်စလုံး လာ ဒီထောင့်ကဖျာပေါ်မှာထိုင်ပြီးကြည့်ရတော့အောင်...''

''အင်း....''

''အင်း.....''

ပြဇာတ်ကိုလာကြည့်သူများအတွက် ကြည့်ရအဆင်ပြေစေရန် ရွာသူကြီးဟာ 'စင်ဆောက်လို့ပြီးသည့်အချိန်တွင် စင်ရှေ့ရှိမြေအား အနည်းငယ်ညှိကာ နှီးဖျာများကို စည်းတားထားသော နောက်ဆုံးအထိ အပြည့်ခင်းထားပေးလေသည်။အားလုံးဟာ ပြဇာတ်ကြည့်ရန်အတွက် အသီးသီးဖျာပေါ်ထိုင်ကြလေသည်။အားလုံးထိုင်သည့်အခါ လူအပြည့်ပင်။လွန်းတို့လည်း နောက်ဆုံး၏ဘယ်ဘက်အစွန်ဆုံးဖျာချပ်ပေါ်တွင် ထိုင်ကာ ပြဇာတ်စင်အား ငေးကြည့်နေကြလေသည်။

ပြဇာတ်သည် အလွန်ကောင်းသဖြင့် လူအများက လက်ခုပ်သြဘာများဖြင့်တစ်ခဲနက်အားပေးကြလေသည်။အဆွေးပိုင်းဆိုလည်း အားလုံးကိုဝမ်းနည်းရအောင် ပြဇာတ်ကသူများက ဆွဲခေါ်သွားလေသည်။ဟာသပိုင်းဆိုလည်း တဟားဟားနှင့် လူတစ်အုပ်လုံးရယ်မောအောင် ပြဇာတ်ကသူများဟာ စွမ်းဆောင်နိုင်ကြလေသည်။သို့နှင့် သုံးနာရီလောက်အချိန်က ကုန်လို့ကုန်မှန်းမသိအောင်ပင် ကုန်သွားခဲ့လေသည်။သို့နှင့် နောက်ဆုံးပြဇာတ်ပြီးခါနီးတွင် ပြဇာတ်ကသူများအားလုံးဟာ သုံးယောက်တစ်ဖွဲ့တက်လာကာ ဒီညအတွက် အပိတ်သိချင်းကိုဆိုခဲ့ကြသည်။သို့နှင့် နောက်ဆုံးတစ်ဖွဲ့အလှည့်ရောက်သည့်အခါ အဆွေးပြဇာတ်ကရသောသူများအဖွဲ့ထဲမှ မိန်းမလျာလေးသုံးယောက်ဟာလည်း တစ်ခြားသူတွေလိုပင် စင်ပေါ်သို့တက်လာကာ သီဆိုဖျော်ဖြေခဲ့ကြသည်။ သို့နှင့် ထိုသုံးယောက်ဖျော်ဖြေနေစဥ် သုံးယောက်ထဲရှိ အဆွေးပိုင်းပြဇာတ်ကရသည့် (အောက်ကလူတွေရှုထောင့်ကနေကြည့်လျှင် လက်ဝဲထောင့်) နောက်ဆုံးတွင်သီဆိုနေသော မိန်းမလျာလေးဟာ ရုတ်တရက်ကြီး သီဆိုနေရင်းကိုင်ထားသည့်ယပ်တောင်ကို လွှင့်ပစ်လိုက်ကာ ခါးကို ကိုးဆယ်ဒီဂရီလောက်ကုန်းကာ ငိုင်ငိုင်ကြီးဖြစ်သွားလေသည်။သူနှင့်အတူသီဆိုနေသည့်တစ်ခြားမိန်းမလျာလေးနှစ်ယောက်ဟာလည်း ကြောင်သွားလေသည်။သူတို့အစီအစဥ်ထဲတွင် ဒီအရာမပါသောကြောင့်ပင်။ထို့ကြောင့် ဘေးကိုခဏဖယ်ပေးနေလေသည်။

အားလုံးဟာ ပြဇာတ်မပြီးသေးဘူးဆိုကာ တစ်ခဲနက်အားပေးကြလေသည်။ထိုအချိန်တွင် ငိုင်ကိုင်ကြီးဖြစ်နေသည့် မိန်းမလျာလေးဟာ ရုတ်တရက်ကြီး မျက်နှာကို ပွဲကြည့်သူများဘက်ကို မျက်လုံးကြီးကိုပြူးကာ လက်များဟာလည်း ကကွက်တစ်ခုအတွက် လက်သီးဆုပ် လက်မထောင်ကာ မျက်နှာကြီးဟာ အားလုံးကို အံကြိတ်ကာရယ်နေသောပုံစံဖြင့် ကြည့်နေကြလေသည်။ထို့နောက် ခြေဖနောင့်ပေါက်ကာ ကလေသည်။ပွဲကြည့်သူများကတော့ အရမ်းလည်းသဘောကျကြသလို တစ်ဖက်မှာ သူ့ကိုကြည့်ကာ ဘာကြောင့်မှန်းမသိကြောက်မိနေသလို အားလုံးခံစားရကာ တစ်ကိုယ်လုံးကြက်သီးမွှေးညှင်းများပင်ထောင်ကုန်ကြလေသည်။သို့သော်လည်း သူ၏ကကွက်များဟာ အားပါမာန်ပါဟန်ပါသည်ဟု တွေးကာ ကြည့်နေကြလေသည်။စင်ပေါ်ရှိတစ်ခြားမိန်းမလျာလေးနှစ်ယောက်ကတော့ ကနေသောတစ်ယောက်ပါးစပ်မှ ညည်းသံကိုကြားနေရသည်။ထိုညည်းသံထဲတွင် စကားစံအနည်းငယ်ရောပါနေလေသည်ကို သူတို့နှစ်ယောက်ကြားလိုက်ရသည်။ကြားလိုက်ရသည့်စကားများဟာ ညည်းသံများနှင့်အတူ ရောနေသောကြောင့် ကျန်သောမိန်းမလျာလေးနှစ်ဦးဟာ သေချာနားထောင်နေသည်။

''ဟေ.....ဝင်း........တို့ကိုကယ်ပါဦး.....တို့ကိုယ်ကိုတစ်ယောက်ယောက်ချုပ်ထားသလိုဘဲ....သူ့ဘာသာသူကနေတာ.....''

မိန်းမလျာလေးနှစ်ဦးဟာ လန့်သွားကြပြီး စင်နောက်ရှိလူကြီးများကိုအ​ပြေးဆင်းကာသွားပြောလေသည်။ပရိတ်သတ်များကတော့ အကကိုသာကြည့်နေကြလေသည်။

''အသင်လူသား.....အဖျက်လာပြီ.....''

လွန်းဟာယိဏ်းထံမှာ ကြားလိုက်ရသောစကားသံကြောင့် ရုတ်တရက်ကြီး ကြောင်သွားလေသည်။ထို့နောက် မသိမသာ ယိဏ်းနားသို့ ခမ်းအိမ်နဲ့ နွန်တို့ သတိမထားမိအောင် အနည်းငယ်ခေါင်းလေးစောင်းကာ လက်ထောက်ပြီး နားထောင်လိုက်လေသည်။

''ဘာပြောလိုက်တာလဲ....အစောက....ကိုနဂါးယိဏ်း....''

''အဖျက်လာပြီလို့ပြောလိုက်တာပါ....စင်ပေါ်ကတစ်ယောက်ကို ဝင်စီးနေပြီ ကျွန်ုပ်သွားရှင်းမှရမယ်.....သွားလိုက်ပါဦးမယ် အသင်လူသား....''

သို့နှင့် ပရဏဝုရ်ယိဏ်း ဟာ အရိပ်ပမာ စင်ပေါ်သို့ရိပ်ခနဲရိပ်ခနဲ ရောက်သွားလေသည်။လွန်းကတော့ ယိဏ်းပြောသည်ကိုဘာမှနားမလည်ချေ။

''ဘာကြီးလဲဟ.....ဘာအဖျက်လဲ.....နားမလည်လိုက်တာ....သူပြောသလိုဘဲ နားမလည်စရာပါလား.....''

ယိဏ်းဟာ စင်ပေါ်တွေကနေသည့် မိန်းမလျာလေး၏ လည်ပင်းညစ်ကာ အပေါ်ကိုမလိုက်လေသည်။ပွဲကြည့်သူများကတော့ ယိဏ်းကိုမမြင်နိုင်၍ ဘာဖြစ်နေလဲ မသိကြချေ။သူတို့မြင်သည်က ကနေသူကိုပင်။လွန်းကတော့ မြင်နေရသည်။လွန်းဟာ ယိဏ်းလည်ပင်ညှစ်ထားသည့်အရာကိုမြင်လိုက်သည့်အချိန်တွင် မျက်လုံးကလေးဝင်းသွားကာ အံ့သြသွားသည့်ဟန်ဖြစ်သွားလေသည်။အဘယ်ကြောင့်ဆိုသော ယိဏ်းလည်ပင်းညှစ်ထားသူဟာ ပြဇာတ်ကနေသူမိန်းမလျာလေးမဟုတ်ဘဲ ဘီလူးတစ်ကောင်ဖြစ်နေသောကြောင့်ပင်။ထိုအခိုက်အတန့်တွင် အချိန်ဟာ ရပ်တန့်ကာ လွန်းတစ်ယောက်သာ လှုပ်ရှားလို့ရနေသည်။လွန်းသည်လည်း မျက်လုံးအဝိုင်းသားနှင့်ပင်။ယိဏ်းဟာ မိန်းမလျာလေးကိုယ်ထဲမှဘီလူးအား လည်ပင်းညှစ်ထားရင်း မိန်းမလျာလေးကိုယ်ထဲမှ ဆွဲထုတ်လိုက်လေသည်။မိန်းမလျာလေးကတော့လဲကျသွားလေသည်။

ယိဏ်းသည်လက်ထဲမှလည်ပင်းညှစ်ထားသော ဘီလူးအား အနောက်ဘက် သို့ပစ်လွှင့်ပစ်လိုက်လေသည်။ယိဏ်းဟာ လွှင့်ထွက်သွားသော ဘီလူးနားသို့သွားရန် စင်ပေါ်မှဆင်းလိုက်သည့်အချိန် အရာအားလုံးဟာ ပုံမှန်ပြန်ဖြစ်သွားလေသည်။စင်ပေါ်တွင် တော့ မိန်းမလျာလေးဟာ မေ့လဲနေသည်ကိုသာ အားလုံးက မြင်တွေ့လိုက်ရသည်။ထိုအချိန် စင်ပေါ်သို့ လူသုံးယောက်လောက်တက်လာကာ သူမအားသယ်သွားကြလေသည်။အားလုံးဟာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ဘာဖြစ်သွားကြမှန်းမသိကြချေ။လွန်းကတော့ အရာအားလုံးကိုအတိုင်းသားမြင်နေရလေသည်။စင်ပေါ်တွင် မိန်းမလျာလေးဟာ ရှိနေသေးတုန်းပင်။ထို့အပြင်ထိုမိန်းမလျာလေးကာ သူ့နဂိုခန္ဓာမှာဝတ်စားထားသည့်အဝတ်အစားများနှင့် မတူဘဲ နန်းဝတ်နန်းစားလိုမျိုးဝတ်ထားလေသည်။

လွန်းဟာ ထိုအရာကို စိတ်ဝင်စားစွာကြည့်နေလေသည်။စင်ပေါ်မှာရှိနေသောသူ နှင့် စင်အောက်သို့မသွားကြသည့်သူ ဆိုပြီး နှစ်ယောက်ဖြစ်နေသည်ကို လွန်းတစ်ယောက်သာတွေ့နေရသည်။ယိဏ်းပစ်လွှင့်လိုက်​သည့် ဘီလူးကြီးဟာ ကောင်းကင်ပေါ်ကိုကြည့်ကာ အသံနက်ပြီးနှင့်အော်လိုက်ပြီးနောက် ယိဏ်းအားဝင်လုံးလေသည်။သို့သော် ခွန်အားချင်းမမျှသောကြောင့် ဘီလူးကြီးဟာ ယိဏ်း၏လက်စောင်းနှင့် ဂုတ်ပိုးကိုရိုက်တာခံလိုက်ရလေသည်။သို့သော် ထိုဘီလူးကြီးဟာ ဇွဲမလျှော့ချေ။ ရုတ်တရက် ကောင်းကင်ပေါ်သို့ခုန်တက်က တိမ်ဆိုင်တစ်ခုပေါ်ပေါ်တက်လိုက်လေသည်။ထိုအချိန်တွင် ဘီလူးကြီးဟာ အစောကထက်ပို၍ နှစ်ဆလောက်ကြီးသွားလေသည်။ထို့အပြင် ဘီလူးကြီးဟာ နောက်လက်နှစ်ဖက်ပါထပ်ထွက်လာပြီး တင်းပုတ်များကိုတင်းနေအောင်ကိုင်ထားလေသည်။ထိုမြင်ကွင်းကို စင်ပေါ်က မိန်းမလျာလေး၏နမ်ခန္ဓာ၊ပရဏဝုရ်ယိဏ်း၊လွန်းတို့ သုံးယောက်သာမြင်နေရလေသည်။

ယိဏ်းဟာလည်း ဘီလူးကြီးကို သူ၏အရောင်တောက်တောက်စူးရှသော လရောင်ဟပ်နေသည့်မျက်ဝန်းညိုညိုနှင့် စူးရှစွာကြည့်ကာ လေထဲကိုခုန်လိုက်လေသည်။ယိဏ်းလေထဲခုန်ချိန် မီးခိုးငွေ့အလွှာပါးလေးကိုခေါင်းနဲ့ဝင်သွားကာ တစ်ဖက်တွက် အစွယ်များဖွေးကာ ဝင်းဝါသည့်အဝါရောင်တောက်တောက်မျက်ဝန်းများနှင့် နဂါးနက်အဖြစ်အသွင်ပြောင်းသွားကာလေသည်။မီးခိုးရောင်အငွေ့အလွှာပါးလေး၏အောက်ဘက်မှ ယိဏ်း၏ခန္ဓာကိုယ်ဟာအကုန်ဝင်သွားပြီး အငွေ့အလွှာအပေါ်ပိုင်းမှ ထွက်ပေါ်လာသော ပရဏဝုရ်ယိဏ်း၏ နဂါးအသွင်ကြောင့် လွန်းဟာ မှင်သက်သွားလေသည်။နဂါးနက်အသွင်ယိဏ်းဟာတော့ လက်လေးဘက်ဘီလူးကြီးအား လေထဲတွင် မျက်နှာချင်းဆိုင် ​တစ်ဦးနှင့်တစ်ဦးကြည့်နေကြလေသည်။ထို့နောက် နဂါးနက်အသွင် ယိဏ်းဘက်မှစတင် ပြီးတိုက်ခိုက်လေသည်။လက်လေးဘက်ဘီလူးကြီးဟာလည်း နဂါးနက်အသွင် ယိဏ်းအားလက်လေးဖက်လုံးမှ တင်းပုတ်များနှင့်ရိုက်လေသည်။သို့သော် နဂါးနက်အသွင် ယိဏ်းဟာ လျှင်မြန်စွာရှောင်ပြီး လက်လေးဘက် ဘီလူးကြီးအားတင်းကြပ်စွာ ညှစ်ထားလိုက်လေသည်။ထိုစဥ်ဘီလူးကြီးဟာ သူ့လက်လေးဖက်လုံးနှင့် နဂါးနက်အသွင် ယိဏ်းအားပြုန်ချုပ်ထားလေသည်။ထို့နောက် ဘီလူးကြီးဟာ ရယ်သံနက်ကြီးဖြင့်ရယ်ကာ နဂါးနက်အသွင်ယိဏ်းအား စကားတစ်ခွန်းပြောလိုက်လေသည်။

''နဂါးနက်.....မင်းတို့ရှိတာမသိဘဲနဲ့များ ငါ့ကိုဒီနေရာတစ်ယောက်ထဲလာတယ်ထင်နေလား.....''

ထိုအခါ နဂါးနက်အသွင် ယိဏ်းဟာ တစ်ခုခုကိုသတိရဟန်ဖြင့် ပြဇာတ်စင်ပေါ်လှမ်းကြည့်လိုက်သည့်အခါတွင် မိနိးမလျာလေး၏နာမ်ခန္ဓာကိုမြင်လိုက်ရသည်။ထိုအချိန် အရှေ့ဘက်ကအမှောင်ရိပ်ထဲမှာ နောက်ထပ်ဘီလူးနှစ်ကောင်ခုန်ထွက်ပြီး မိန်းမလျာလေး၏လက်အား ဘယ်ညာဖမ်းဆွဲသွားကာ စင်အနောက်ဘက်ကွင်းပြင်ဘက်သို့ဆွဲခေါ်သွားလေသည်။မိန်းမလျာလေးဟာ သူမ၏ချိုသာသည့်အသံကိုအမြင့်ဆုံးနှင့်အော်၍အကူအညီတောင်းသော်လည်း လွန်းမှလွဲ၍ တစ်ခြား မည်သူမျှမကြားရချေ။

လွန်းသည် မည်သည့်အရာမျှကြောက်တတ်သူမဟုတ်သော်လည်း ယခုသူ၏ရှေ့တွင် ပြဇာတ်ကြည့်နေရင်း ဘယ်ကနေဘယ်လိုပေါ်လာမှန်းမသိသော လက်လေးဘက်ဘီလူးကြီးနှင့်ရွာအစောင့်အရှောက် ပရဏဝုရ်ယိဏ်း တို့၏ နဂါးနှင့် ဘီလူးတိုက်ပွဲ....ထို့နောက် မေ့လဲသွားတဲ့မိန်းမလျာလေး၏နမ်ခန္ဓာကိုယ်ကို အတင်းဆွဲခေါ်သွားကြသော အမှောင်ရိပ်ထဲမှ ဘီလူးကြီးနှစ်ကောင်....ထိုအရာများကြောင့် လွန်းဟာ စိတ်များပူထူသွားလေသည်။လွန်း၏စိတ်ထဲတွင်ပူထူနေသည်။
နဂါးတွေဘီလူးတွေက ပုံပြင်တွေဆိုရိုးတွေ ဒဏ္ဍာရီတွေမှာသာကြားဖူးခဲ့သောအရာများသာဖြစ်​သည်။သို့သော် လွန်းသည်အရာအားလုံးကိုမေ့ကာ ကူညီရမည့်အရာအတွက်သာအရင်ဆုံးတွေးလိုက်လေသည်။သို့နှင့်ရုတ်တရက်နေရာမှ ပြေးထွက်သွားကာ ဘီလူးနှစ်ကောင်လက်ထဲမှ မိန်းမလျာလေးအား ပြန်ဆွဲရန် ဘယ်ဘက်ကဘီလူး၏လက်အားလှမ်းဖမ်းဆွဲလိုက်လေသည်။သို့သော်အားချင်းမမျှသဖြင့် ဘယ်ဘက်ကဘီလူးဟာ လက်နှင့်ဝေ့ရမ်းကာ လွမ်းအား ပစ်ထုတ်လိုက်လေသည်။ထို့နောက်ညာဘက်က ဘီလူးဟာ ပြန်ထလာသော လွန်း၏ လည်ပင်းကို အားနှင့်ညှစ်ထားလေသည်။ဘီလူး၏အင်အားဟာကြီးမားသောကြောင့် လွန်းဘယ်လိုမှရုံးမရချေ။နဂါးနက်အသွင်ယိဏ်းသည် လက်လေးဘက်ဘီလူးကြီးကိုချုပ်ထားသကဲ့သို့ ဘီလူးကြီးဟာလည်း လွန်းအားသွားမကူနိုင်အောင်ပြန်ချုပ်ထားလေသည်။လွန်းသည် အသက်ရှူရခက်လာကာ မျက်နှာမှာ နီရဲလာလေသည်။ လွန်းသတိလစ်ချင်သလိုဖြစ်လာကာ အမြင်များဝေဝါးလာကာ မြင်နေရသည်များဟာ လွန်း၏မျက်လုံးထဲတွင် တစ်ဖြည်းဖြည်း ဖြူဖွေးကာလာလေသည်။

...................ဝှစ်........................

ထိုအချိန် ကောင်းကင်မှ ဝှစ်ဆိုသည်သည့်အသံနှင့် ချွန်ထက်သောအရာတစ်ခုဟာ လွန်းအားလည်ပင်းညှစ်ထားသည့် ညာဘက်ကဘီလူး၏နှလုံးတည့်တည့်ထိုးဖောက်သွားလေသည်။သို့သော်ဘီလူးကြီးဟာသေမသွားချေ။ဒဏ်ရာရသွားသည့်ဘီလူးကြီးဟာ နာကျင်မှုကြောင့် အသက်နက်ကြီးဖြင့်စူးရှစွာအော်ကာ လက်ထဲမှလွန်းအား အဝေးသို့ပစ်လွှင့်ပစ်လိုက်လေသည်။အဝေးသို့လွှင့်သွားသော​လွန်းဟာ မြေပြင်ကိုလက်ထောက်၍ကုန်းနေသောအနေအထားဖြင့် မျက်လုံးများပြူးနေကာ အသက်ကိုဝအောင်ရှူနေသည်။

ထို့နောက် ကောင်းကင်ကြီးပေါ်တွင် မြစိမ်းရောင် တောင်ပံလေးဖက်ခပ်၍ လေထဲ၌ရပ်နေကာ ဘီလူးနှစ်ကောင်ကို အပေါ်ကနေစူးရှသော မျက်ဝန်းစိမ်းစိမ်းကြီးနှင့်ကြည့်နေလေသည်။ဘီလူးကြီးနှစ်ကောင် အံ့အားသင့်သောမျက်နှာများဖြစ်သွားပြီး ခြေလှမ်းများအနောက်သို့အနည်းငယ်ဆုတ်သွားကြလေသည်။လွန်းသည် ကိုယ်ကိုထိန်း၍ အသက်ကိုပြင်းပြင်းရှိုက်ကာ ဘီလူးများကြည့်နေသည့်အရပ်သို့သူပါလိုက်ကြည့်လိုက်သည့်အခါတွင် ကောင်းကင်၌ရှိသောသောအရာကိုမြင်တွေ့လိုက်ရလေသည်။လွန်းသည် ထိုကောင်းကင်၌ရှိနေသောအရာအားမြင်လိုက်သည်နှင့် သူ့စိတ်ထဲအရာတစ်ခုက လှုံ့ဆော်နေသလိုမျိုးဖြစ်သွား​​လေသည်။ထို့အပြင် ထိုအရာကိုမြင်လိုက်သော်လည်း ဘီလူးများကိုမြင်လိုက်သလိုအံ့သြမနေဘဲ ရင်းနီးနေသလိုမျိုးခံစားလိုက်ရလေသည်။လွန်းသိနေသည်ကား ထိုအရာကိုလွန်းတစ်ခါမှမမြင်ဖူးသော်လည်း ထိုအရာဟာ ​ဂဠုန်တစ်ကောင်မှန်း လွန်း၏မှတ်ဥာဏ်ထဲတွင်ပေါ်လာလေသည်။

ဘီလူးနှစ်ကောင်ကာ မိန်းမလျာလေးကိုလက်ကဆွဲရင်း ဒဏ်ရာရနေသောဘီလူးကြီးဟာ လက်နဲ့ဒဏ်ရာကိုဖိထားရင်း ဘီလူးနှစ်ကောင်လုံးဟာ မိန်းမလျာလေးကိုခေါ်ကာ ပြေးရန်ပြင်လေသည်။သို့သော်အချိန်မမှီတော့ချေ။ကောင်းကင်ပေါ်ရှိ မြစိမ်းရောင်ဂဠုန်ဟာ သူ့လက်ထဲမှ အစိမ်းရောင်လဲ့နေကာတောက်လောင်နေသည့် ဂဋုန်ငှက်မွှေးမီးတောက်နှင့် ဘီလူးနှစ်ကောင်အား ကောင်းကင်ပေါ်မှ ပစ်လိုက်ကာ ဘီလူးနှစ်ကောင်စလုံး အော်သံနက်ကြီးများဖြင့် အစိမ်းရောင်မီးတောက်များအကြားတွင်လူးလဲစွာခံစားကြရင်း လောင်ကျွမ်းပျောက်ကွယ်သွားကြလေသည်။လွန်းသည် ခဏအတွင်း အင်အားကြီးလှသော ဘီလူးနှစ်ကောင်အား အပျောက်ရှင်းလိုက်သည့် မြစိမ်းရောင်ဂဠုန်ကြီးအားကြည့်ကာ မှင်သက်စွာ ငေးမော်နေမိလေသည်။ထို့နောက်အသိစိတ်အမြန်ကပ်ကာ မိန်းမလျာလေးအားသွား၍ကူလေသည်။

.................ဟှစ်..............

ထိုမြစိမ်းရောင်ဂဠုန်ကြီးသည် ဘီလူးနှစ်ကောင်ကိုသတ်ပြီးသည်နှင် အပေါ်သို့ခေါင်းမော့ကာကျစ်လောင်စွာအော်လိုက်လေသည်။ထိုအသံကိုကြားသွားသည့် နဂါးနက်အသွင်ယိဏ်းဟာ သူချုပ်ထားသည့်ဘီလူးကြီးအား အပေါ်မှအပြာရောင်မီးတောက်ဖြင့်မှုတ်ကာ လောင်ကျွမ်းပြာချပစ်လေသည်။လက်လေးဘက်နှင့်ဘီလူးကြီးသည်လည်း နဂါးနက်အသွင်ယိဏ်း၏ အပြာရောင်မီးတောက်အောက်တွင် သေဆုံးသွားလေသည်။ထို့နောက် နဂါးနက်အသွင် ယိဏ်းဟာ ဒေါသကြီးစွာပင် လေထဲ၌ မြစိမ်းရောင်ဂဠုန်အားအော်ဟစ်လိုက်လေသည်။ လွန်းသည် မြေပြင်မှ အရာအားလုံးကို အတိုင်းသားမြင်နေရသည်။လွန်းအမြင်အနေနှင့်ကြည့်လျှင် ကောင်ကင်း၏အနောက်တောင်ဘက်အပေါ်ပိုင်းတွင်မြစိမ်းရောင်ဂဠုန်ရှိနေပြီး အနောက်မြောက်ဘက်အနည်းငယ်နိမ့်သည့်နေရာတွင် နဂါးနက်အသွင်ယိဏ်းရှိနေကာ နှစ်ကောင်လုံးဟာ ၏အလည်တွင် လမင်းကြီးက ဝင်းလက်စွာတောက်ပနေလေသည်။

သန်းခေါင်ယံအချိန်၏လပြည့်ဝန်းကြီး၏အောက်တွင်မြစိမ်းရောင်ဂဠုန်နှင့်နဂါးနက်အသွင် ယိဏ်းတို့ထိပ်တိုက်တွေ့ကြလေသည်။လွန်ခဲ့သောနှစ်ပေါင်းများစွာ ရှေးခေတ်ကာအဆက်ဆက်ထဲက နဂါးနှင့်ဂဠုန်တို့ဟာ ​ရန်ဘက်များဖြစ်ခဲ့ကြသည်။ယခုအခါမှလည်း မြစိမ်းရောင်ဂဠုန်နှင့် အနက်ရောင်နဂါး တို့​ဟာ ထိပ်တိုက်တွေ့ကြလေသည်။မြစိမ်းရောင်ဂဠုန်ဟာဦးစွာပင် သူ၏ကြီးမားတုတ်ခိုင်သော ခြေသည်းများနှင့် နဂါးနက်အား ကုပ်ကူရန် လျှင်မြန်သောအရှိန်နှင့် နဂါးနက်ဆီသို့ ထိုးဆင်းလေသည်။နဂါးနက်သည်လည်း မြစိမ်းရောင်ဂဠုန်၏အရှိန်နည်းတူ လျှင်မြန်သောအရှိန်ဖြင့် ဘေးသို့ရှောင်ကာ မြစမ်းရောင်ဂဠုန်အား သူ၏ချွန်ထက်လှသော အစွယ်များဖြင့်လှမ်းဟပ်နေသည်။သို့သော်မမိလိုက်သဖြင့် နှစ်ကောင်လုံးဟာအနောက်သို့အနည်းငယ်ဆုတ်လိုက်ကာအရှိန်ပြန်ယူလေသည်။ထို့နောက် နှစ်ကောင်လုံးဟာပြိုင်တူ မျက်နှာချင်းဆိုင်​တိုက်ကြလေသည်။မြစိမ်းရောင်ဂဠုန်ဟာ သူ၏ငှက်မွှေးနှစ်ခုအား သုံးပေလောက်ရှိသည့် အစိမ်းရောင်ငှက်မွှေးတောင်ရှည် ဓားနှစ်လက်အသွင်ပြောင်းလိုက်ကာ နဂါးနက်အားခုတ်လေသည်။

စာရေးသူအမှာစာ/(အစိမ်းရောင်ငှက်မွှေးတောင်ရှည်ဓားသည် ဓားအသွင်နှင့်တူသော အစိမ်းရောင်ငှက်မွှေးအရှည်ကြီးကိုခေါ်ဆိုခြင်းဖြစ်ပြီး လက်ကိုင်ဟာ ပုံမှန် ငှက်မွှေးအရင်းကလိုပုံစံထက်အနည်းငယ်ချွန်နေသည့်အသွင်ပင်။)

နဂါးသည် မြစိမ်းရောင်ဂဠုန်ခုတ်လိုက်သည့်ဓားနှစ်လက်အား သူ၏အမြှီးနှင့်ပြန်ကာ၍ ရိုက်ချလိုက်လေသည်။တိုက်ပွဲဟာဆက်တိုက်ဖြစ်နေပြီး လေထဲတွင် မီးစများပင်တစ်ခါတစ်ခါပွင့်ထွက်သွားလေသည်။လွန်းဟာ သူ့မျက်စိရှေ့တွင်မြင်နေရသည်များကိုမယုံကြည်နိုင်အောင်ပင်ဖြစ်နေလေသည်။အချိန်အတော်ကြာတိုက်ခိုက်နေကြပြီးသော်လည်း မည်သူ့ဘက်ကမှရှုံးမည့်ဟန်မရှိသေးရှိ။နဂါးနက်သည်မြစိမ်းရောင်ဂဠုန်အားကြည့်ကာ ဟိန်းလိုက်လေသည်။မြစိမ်းရောင်ဂဠုန်သည်လည်း နဂါးနက်အားပြန်လည်ကာ စူးရှသောငှက်သံဖြင့်ပြန်ဟစ်လိုက်လေသည်။လွန်းကတော့ မြေပြင်၌ ဂဠုန်နှင့်နဂါး၏တစ်ကောင်နှင့်တစ်ကောင်တိုက်ခိုက်နေကြပုံကို မှင်သက်အံသြစွာပင်ငေးမောကာကြည့်နေလေသည်။

ထို့နောက်နှစ်ကောင်လုံးဟာနောက်တစ်ကြိမ်ထပ်မံတိုက်ခိုက်ရန်အတွက် ကိုယ်ဟန်များပြင်နေကြလေသည်။ထိုအချိန်တွင် လေဟာနယ်တစ်ခုလုံးအေးစိမ့်စိမ့်လှိုင်းတစ်ခုဖြစ်ပေါ်​သွားကာ ဂဠုန်နှင့်နဂါးတို့ကို လေထဲမှ မမြင်ရသောအရှိန်တစ်ခုက တွန်းဖယ်လိုက်လေသည်။ထိုအရှိန်ဟာ ဘာများလဲဆိုတာကို မြစိမ်းရောင်ဂဠုန်ရော နဂါးနက်ပါ သိဟန်ပေါ်လေသည်။နှစ်ကောင်လုံးဟာတိုက်ခိုက်နေကြသည်ကိုရပ်တန့်လိုက်ကာ ထိုမမြင်ရသည့်အရှိန်အဟုန်လာသည့်နေရာကို လိုက်ကြည့်နေကြလေသည်။သို့သော်တစ်ကောင်မှမတွေ့ကြချေ။ထို့နောက် မြစိမ်းရောင်ဂဠုန်ဟာ အပေါ်သို့အနည်းငယ်ပျံတက်ကာ အနောက်ဖက်သို့ပျံသန်းသွားလေသည်။နဂါးနက်ကတော့ သူ့ဂူရှိရာ အရှေ့ဘက်သို့ပြန်သွားလိုက်လေသည်။မိန်းမလျာလေး၏နာမ်ခန္ဓာသည်လည်း ပျော်ကွယ်သွားလေသည်။

မမြင်ရသောအရှိန်အဝါတစ်ခုဟာ ဂဠုန်နှင့်နဂါးတို့၏တိုက်ပွဲကိုအဆုံးသတ်လိုက်လေသည်။နဂါးနှင့်ဂဠုန်တို့ဟာ ထိုမမြင်ရသောအရှိန်အဝါကိုလိုက်ရှာ၍မတွေ့တော်လည်း လွန်းကတော့မမြင်သည့်အရှိန်အဝါကိုခံစားမိရုံတင်မက မြင်ပါမြင်နေရသည်။နဂါးရောဂဠုန်ပါထွက်သွားပြီးသည့်တိုင် ထိုအရှိန်အဝါဟာ ကျန်ရှိနေသေးသည်ကို လွန်းခံစားလို့ရနေသည်။ထို့အပြင်ထိုအရှိန်အဝါဟာ ​ရေပမာ ကြည်လင်နေပြီး လေထဲတွင် တစ်လှိုင်းချင်းပြန့်နေလေသည်။ထိုလှိုင်းများလာရာကိုကြည့်လိုက်သောအခါ လွန်းမျက်လုံးများပြုးသွားလေသည်။အဘယ်ကြောင့်ဆိုသော် ထိုမမြင်ရသည့်အရှိန်အဝါများလာရာသည် ခမ်းအိမ်တို့နွန်တို့နှင့်အတူထိုင်နေသော သူ၏ခန္ဓာကိုယ်ကပင်။

လွန်းပို၍ထပ်မံအံ့သြသွားသည်က ခမ်းအိမ်နှင့်နွန်တို့ကိုနှင့် ထိုင်နေသော လွန်း၏ခန္ဓာကိုယ်ဟာ ပုံမှန်အတိုင်းအတိုင်း ခမ်းအိမ်တို့နှင့်ရယ်ကာမောကာ စကားပြောနေသည့်အပြင် သူ့ကိုပါ မျက်ခုံးပင်ကာရယ်ပြလိုက်ခြင်းပင်။ထို့နောက် လွန်း၏ခန္ဓာကိုယ်ဟာ မျက်စိနှစ်ဖက်လုံးမှိတ်လိုက်ချိန်တွင် အပြင်ဘက်ကလွန်းပါ လိုက်မှိတ်သွားပြီး မျက်လုံးပြန်ဖွင့်လိုက်သည့်အခါတွင်လွန်းဟာ သူ၏ခန္ဓာကိုယ်ထဲပြန်ရောက်နေလေသည်။လွန်းသည် သူ့ကိုသူမယုံနိုင်ဖြစ်သွားလေသည်။ဘေးဘီဝဲယာသို့ကြည့်လိုက်သည့်အချိန်တွင်လည်း အစောက မိန်းမလျာလေး၏နာမ်ခန္ဓာကိုယ် ကိုလည်းမတွေ့ရတော့ချေ။

''ခမ်းအိမ်.....နွန်....ငါခဏဟိုဘက်သွားလိုက်ဦးမယ် မပြန်သေးနဲ့ငါလိုက်ပို့မယ်.....​သွားပြီနော်....''

''အင်း....အင်း....''

''အင်း.....အင်း''

ခမ်းအိမ်နှင့်နွန်ဟာ လွန်းကိုခေါင်းငြိမ့်ပြလိုက်လေသည်။ထို့နောက် လွန်းဟာ စိတ်ကူးလားတကယ်လားသိရအောင် အစောကနေရာအားသွားကြည့်လေသည်။အစောက ဘီလူးနှစ်ကောင်မီးရှို့ခံရသည့်နေရာ ပြာပုံနှစ်ပုံထဲတွင် ပြောင်ချောချော လုံးချွန်ချွန် အဝါရောင်ကျောက်လေးနှစ်ခဲကိုတွေ့လေသည်။လွန်းဟာ တစ်ခြားသူတွေအတွက် အန္တရာယ်ဖြစ်နိုင်သည်ဟုတွေးကာ ထိုကျောက်နှစ်လုံးကိုကောက်ယူကာ အိပ်ကပ်ထဲထည့်ပြီး နောက်တစ်နေရာဖြစ်သည့် လက်လေးဖက်ဘီလူးကြီးမီးရှို့ခံရသည့်နေရာထပ်သွားပြန်သည်။ ထိုနေရာသည် မုံတဝကျောင်း၏ အနောက်ဖက်မုခ်ပေါက်အနီးတွင်ဖြစ်သည်။လွန်းသည် မုခ်ပေါက်အနီးတွင် ပြာပုံတစ်ခုတွေ့လိုက်လေသည်။ရှေ့ကနည်းတူ ထိုပြာပုံအကြားတွင်လည်း ကျောက်လေးရှိနေပြန်သည်။သည်တစ်ခါတွင်တော့ လုံးချွန်ချွန်လိမ္မော်နီရောင်လေးပင်။ကျောက်သုံးလုံးစလုံးဟာ ပြောင်ချောနေကြလေသည်။ လွန်းသည်ကျောက်သုံးလုံးစလုံးကိုသိမ်းကာ ကောင်မလေးများထံသို့ပြန်လာခဲ့သည်။ယိဏ်းကတော့ ပြမ်မလာတော့မှန်း လွန်းသဘောပေါက်လေသည်။

ဘုရားပွဲဟာ မိုးလင်းပေါက်ကျင်းပသော်လည်း ခမ်းအိမ်နှင့်နွန်တို့ဟာ လွန်းနောက်နေ့အလုပ်တွေရှိနေသေးသည်ကိုသိသောကြောင့်ပြန်ရန်ဆုံးဖြတ်လိုက်ကြသည်။ခမ်းအိမ်နှင့်နွန်တို့အိမ်ဟာ ဘေးချင်းကပ်ဖြစ်သောကြောင့် လွန်းတစ်ခါထဲလိုက်ပို့​ခဲ့သည်။ညကြီးအချိန်မတော်တွင် အပျိုလူပျိုများအခုလိုမသွားလာသင့်သော်လည်း လူပျိုဟာ လွန်းဖြစ်နေသဖြင့် ကောင်မလေးနှစ်ယောက်စလုံးဟာ အေးဆေးစိတ်ချစွာအိမ်ကိုပြန်ရောက်ကြလေသည်။ လွန်းနှင့်ယူမည့်ကောင်မလေးဟာ ကံအရမ်းကိုကောင်းသည်ဟုပင် ရွာထဲက လူကြီးများကစနောက်ပြောဆိုကြသည်အထိပင်။လွန်းသည် ကောင်မလေးများကိုအိမ်လိုက်ပို့ပြီးသည်နှင့် သူနေထိုင်ရာအိမ်သို့ပြန်လာခဲ့လေသည်။လွန်းအိမ်ပြန်ရောက်သည့်အချိန်တွင် မနက်သုံးချက်တီးနေခဲ့ပြီဖြစ်သည်။



အပိုင်း(၆)/?


Comment