အပိုင်း - (၁၀) _Zawgyi_


''ကဲ....အိမ်ခဏပြန်ပြီး ပြီးကျရင် တောင်ပေါ်က ကိုနဂါးနားသွားဦးမှဘဲ.....''

လွန်းဟာ လောဝ်ဝမ်းတို့အိမ်ကထွက်လာခဲ့ပြီးနောက် သူ့ရဲ့အိမ်ကိုပြန်လာခဲ့သည်။အိမ်ရောက်သည့်အခါ လွန်း၏ဖခင်ဦးအောင်ဖေကတော့ ပြန်မလာသေးသောကြောင့် ညနေမှပြန်လာတော့မည်ဆိုသည်ကို လွန်းသဘောပေါက်လိုက်လေသည်။လွန်းအိမ်ခြံဝသို့ပြန်ရောက်သည့်အခါတွင် လွန်းတို့အိမ်ကြီးဟာ အော်သံတွေနဲ့ပြည့်နေလေသည်။ထိုအခါ လွန်းဟာ ဘေးဘီကို သတိထားကြည့်လိုက်သည့်အခါ မည်သူမှထိုအသံများကိုကြားသည့်ဟန်မပေါ်ချေ။သို့သော် စမ်းကြည့်ရန်တွေးလိုက်လေသည်။ထို့ကြောင့် အနောက်ဖက်အိမ်က အဒေါ်ကြီး ဒေါ်နန်းလှရင် အားမေးလိုက်လေသည်။

''ဝေ့.....အမိုးလှ....အိမ်ကိုတစ်ယောက်ယောက် လာရှာသေးလား....''

ထိုအခါ ထိုအဒေါ်ကြီးဟာ လှမ်း၍အော်ပြောလေသည်။

''မလာပါဘူးဟေ.......သားလွန်းတို့အိမ်ကြီးဖြင့် တိတ်ဆိတ်နေတာဘဲ.....''

''အော.....ဒါဆို ကျေးဇူးနော် အမိုးလှ....ကျွန်တော် အထဲဝင်တော့မယ်....''

''အေးအေး.....''

ထို့နောက်လွန်းအား ခြံဝန်းထဲသို့ဝင်လာကာ အသံလာရာကိုနားစွံ့ကြည့်သည်။အသံသည် လွန်းအိမ်နားနီးလာလေလေ ပို၍ကျယ်လောင်လေလေပင်။ အိမ်နားရောက်သည့်အခါတွင် လွန်းအားလှမ်းနေသည့်ခြေလှမ်းများကိုရပ်လိုက်လေသည်။အသံလာရာကိုလွန်းနောက်ဆုံးတွင် သေချာစွာသိလိုက်လေသည်။အသံလာရာကာ အိမ်၏မြောက်ဘက်အစွန်ဆုံးအခန်းဖြစ်သည့် လွန်း၏အခန်းထဲကပင်။

လွန်းသည်အခန်းအပေါက်ကိုဖွင့်လိုက်သည့်အခါ အသံများအားလုံးဟာ တိတ်ဆိတ်သွားလေသည်။အခန်းထဲကိုလွန်းလိုက်ကြည့်သည့်အခါ လွန်းသည် သူ့အခန်းထဲတွင်ရှိနေကျမဟုတ်သည့်အရာကိုတွေ့လိုက်ရလေသည်။ထိုအရာသည် ညကအိမ်မက်ထဲတွင် သင်္ခါသူ့အားပေးသည့် သစ်စေးသုတ်ထားသည့်သေတ္တာငယ်လေးပင်။လွန်းသည်ထိုသေတ္တာနားသွားကာ သေတ္တာအား သေချာကိုကြည့်နေကာ ညကအိမ့်မက်အား ပြန်အမှတ်ရသွားလေသည်။

''ဟော.....ဒါက ငါ့ကိုအိမ်မက်ထဲမှာ သင်္ခါပေးလိုက်တဲ့သေတ္တာမလား.....ဘာများဖြစ်မလဲဆိုတာ ဖွင့်ကြည့်ကြတာပေါ့....''

လွန်းသည် သေတ္တာငယ်လေးအားဖွင့်ကြည့်လိုက်သည့်အခါတွင် လွန်းတွေ့လိုက်ရသည်က မီးခိုးရောင် ခေါက်ယပ်တောင်တစ်ချောင်းပင်။ လွန်းသည် ထိုမီးခိုးရောင်ယပ်တောင်လေးအားသေချာကြည့်လိုက်သည့်အခါ ယပ်တောင်၏အတွင်းသားများသည် ငွေရောင်လက်နေသည့်ကြေးခွံငယ်သေးသေးများဖြင့်စီတန်းကာ ပုံဖော်ထားသည်ကို တွေ့လိုက်ရလေသည်။ထို့အပြင် သေတ္တာ၏ဘေးတွင် မနေ့ညက ကောက်ခဲ့သည့် ကျောက်တုံးသုံးတုံးပင်။ထိုကျောက်တုံးသုံးတုံးဟာ လှုပ်နေလေသည်။လွန်းသည် ထိုကျောက်တုံးသုံးခံလုံးကို ယပ်တောင်လေးကိုပြန်ခေါက်ကာ ယပ်တောက်ထိပ်ရိုးလေးနှင့် တစ်ခေါက်စီ ခေါက်ကြည့်လိုက်သည်။ထိုအခါ သုံးခဲစလုံးထံမှ အော်သံအကျယ်ကြီးကို လွန်းကြားလိုက်ရလေသည်။ထို့နောက် လွန်းဟာ ရုတ်တရက်ဆိုသလိုဘဲ အဖြူရောင်လေဟာနယ်အတွင်းရောက်သွားလေသည်။

အဖြူရောင်လေဟာနယ်ထဲသို့ရောက်သွားသည့်လွန်းဟာ ဟိုဒီကြည့်လိုက်သေးသည်။သို့သော် အဆုံးမဲ့အဖြူရောင်များပင်။ထို့နောက် သူ့နောက်တွင်တစ်ယောက်ယောက်ရှိနေသည်ကို သတိထားမိလိုက်သည်နှင့် အနောက်ကိုလှည့်ကြည့်လိုက်လေသည်။ထိုအခါ လွန်းတွေ့လိုက်ရသည်က ညက ဘီလူးသုံးကောင်ပင်။သို့သော် ဘီလူးသုံးကောင်၏ပုံစံများဟာ စုတ်ချာကာ ကိုယ်လုံးများတွင်လည်း မီးလောင်ရာများနှင့်ပြည့်နေပြီး အစွယ်များလည်းကျိုးပဲ့နေလေသည်။ထို့နောက် လက်လေးဘက်ဘီလူးကြီးဟာ လွန်းအား အားပျော့သောလေသံဖြင့်ကျိုးနွံစွာပြောလေသည်။

''ဒီက ပုဂ္ဂိုလ်....ကျွန်တော်မျိုးတို့ရဲ့အမှားများကိုခွင့်လွှတ်ပေးပါ....ကျွန်တော်မျိုးတို့ဟာ အမိန့်ကြောင့်သာ အခုလိုလုပ်ရတာဖြစ်ပြီး ဖြစ်ခဲ့သည့်ကိစ္စများအတွက် ကျွန်တော်မျိုးတို့ ဘီလူးသုံးကောင်လုံး ဒီကပုဂ္ဂိုလ်အား အနူးအညွှတ်တောင်းပန်ပါတယ်.....''

''ဟမ်.....''

လွန်းသည် ရစရာမရှိအောင် စုတ်ပြတ်သက်နေသည့်ဘီလူးများထံများ ထိုစကားများကြားလိုက်သည့်အခါတွင် ခဏတာ ကြောင်အမ်းအမ်းဖြစ်သွားလေသည်။ထို့နောက် အကြောင်းအရင်းသေချာအောင် နားထောင်ရန်ပြန်မေးလေသည်။

''ခဏ.....ခင်ဗျားတို့က ညက နဂါးနဲ့ဂဠုန် သတ်လို့သေသွားပြီမလား.....ဘယ်လိုလုပ်ဒီမှာရှိနေရတာလဲ.....''

''ကျွန်တော်မျိုးတို့တွေဟာ သေဆုံးသွားခဲ့ပါပြီ.....ဒါပေမဲ့ ကျွန်တော်မျိုးတို့ရဲ့ တတိယမျက်လုံးဖြစ်တဲ့ သလင်းကျောက်တုံးလေးတွေဟာ ဒီကပုဂ္ဂိုလ်ထံကနေ ကုသိုလ်အနည်းငယ်ရပြီး အခုလိုမျိုး နောက်ဆုံးအကြိမ် ဒီကပုဂ္ဂိုလ်ထံကို လာရောက်၍တောင်းပန်ခြင်းပါ.....''

'အော.....ခင်ဗျားတို့အမှားသိရင်ရပါပြီ.....အဲ့လောက်ကြီးတောင်းပန်ဖို့မလိုပါဘူး.....''

''ကျွန်တော်မျိုးတို့ဟာ ဒီလိုမျိုးဘဝနှင့်ဆို ဘဝလည်းကူးလို့မရတော့သလို၊ဘီလူးပြည်ကိုလည်း ပြန်လို့မရတော့သည့်အတွက် ဒီကပုဂ္ဂိုလ်ထံတွင် ခစားချင်ပါတယ်....''

''ဟမ်.....ခင်ဗျားတို့ဘီလူးတွေကို ကျွန်တော် ဘယ်လိုလက်ခံရဲမှာလဲ....''

ထိုအခါလက်လေးဘက် ဘီလူးကြီးဟာ ပြာပြာသလဲပြောလေသည်။

''ကျွန်....ကျွန်တော်မျိုးတို့ဟာ ဒီကပုဂ္ဂိုလ်ပေးသည့်အသက်သာရှိပြီး ဒီကပုဂ္ဂိုလ်၏အရိပ်အောက်မှာ ထာဝရသစ္စာရှိစွာ တာဝန်ထမ်းဆောင်ပါ့မယ်လို့ ကတိကဝတ်ပြုအပ်ပါသည်။ထို့အပြင် နောင်တွင် ပရလောကသားများဟာ ဒီကပုဂ္ဂိုလ်ထံသို့ အသက်အန္တရာယ်လာပေးကြသည့်အခါတွင် ကျွန်တော်မျိုးတို့အား အကာကွယ်အနေနှင့်အသုံးချလို့ရပါသည်....''

''အင်း.....ခဏလေး....ကျွန်တော်စဉ်းစားလိုက်ဦးမယ်.....''

''ဒီကပုဂ္ဂိုလ်၏သဘောအတိုင်းပါ....အကယ်၍ ကျွန်တော်မျိုးတို့ကို မလိုချင်ဘူးဆိုရင်လည်း ကျွန်တော်မျိုးတို့မှာ ဆန့်ကျင်ဖို့ရာ အင်အားတစ်စုံတစ်ရာမှမရှိသောကြောင့် ဒီကပုဂ္ဂိုလ်၏သဘောအတိုင်းပါ.....''

လွန်းသည်....မနေ့ညကဖြစ်ရပ်ကြောင့် ဘီလူးများကိုသိပ်မယုံသော်လည်း လွန်း၏မသိစိတ်ကနေ ဒီဘီလူးတွေဟာ နောင်တစ်ချိန်တွင်အသုံးဝင်လာလိမ့်မည်ဟူသောအာရုံကိုရနေသောကြောင့် လွန်းဟာ နောက်ဆုံးတွင် အရာတစ်ခုကို တွေးမိလိုက်လေသည်။

''ကဲ.....ကျွန်တော်စဉ်းစားပြီးသွားပြီ.....''

ဘီလူးသုံးကောင်လုံးဟာ မနေ့ညကအမူအရာများနှင့်မတူဘဲစုတ်ပြတ်သတ်နေသည့် အသွင်များဖြင့် လွန်းထံမှထွက်လာမည့် စကားလုံးများကို မျှော်လင့်ကြီးစွာစောင့်မျှော်နေကြသည်။စောင့်မျှော်နေကြသည့် ဘီလူးသုံးကောင်၏မျက်နှာလေးများဟာ အလွန်သနားစရာကောင်းလှသည်။

''ခင်ဗျားတို့သုံးဦးလုံးကို ကျွန်တော့်နားမှာနေခွင့်ပေးပါမယ်....ဒါပေမဲ့ ကျွန်တော့်ကိုဖြည့်စည်းပေးရမဲ့အရာနှစ်ခုရှိတယ်....''

ဘီလူးများသာ မျက်ရည်များဝဲကာ ခေါင်းများကိုဆက်တိုက်ညိတ်လိုက်ကြသည်။

''ပထမအချက်က ခင်ဗျားတို့ ကျွန်တော်ခွင့်မပြုရင် ဘယ်သူ့ကိုမှ ဒုက္ခမပေးရဘူး....လက်ခံလား......''

ဘီလူးများသည် ခေါင်းညိမ့်ကြသည်။ထို့နောက်လွန်းဟာ စကားကိုပြန်ဆက်လေသည်။

''ပြီးရင် ကျွန်တော့အဖကို အလုပ်ကူလုပ်ပေးရမယ်....''

ဘီလူးများသည် လွန်း၏ကောင်းမွန်လှသောတောင်းဆိုချက်များကို ခေါင်းဆက်တိုက်ငြိမ့်ကာ လက်ခံလိုက်ကြလေသည်။

''အဲ့တာဆို ဒါပါဘဲ.....ရပြီမလား ခင်ဗျားတို့ဒါကိုလိုချင်တာမလား....''

''ကျေးဇူးကြီးမားလွန်းပါတယ်.....ဒါနဲ့ကျွန်တော်မျိုးတို့ကို အမည်နာမ ပေးသနားစေချင်ပါတယ်....ကျွန်တော်မျိုးတို့ဟာ ယခုကစပြီး ဒီကပုဂ္ဂိုလ်ရဲ့လက်အောက်ခံဖြစ်သွားပြီမလို့ ဘီလူးပြည်က အမည်နာမများကို အသုံးပြုခွင့်မရှိတော့လို့ပါ.....သခင်''

''ဟာ......နာမည်လည်းပေးရဦးမှာလား.....ကျွန်တော်က နာမည်ပေးအရမ်းညံ့ပါတယ်ဆိုမှဘဲ....ကဲပါ ဒါဆိုလဲ ပေးဆိုပေးတာပေါ့ ခဏလေး ကျွန်တော်တွေးလိုက်ဦးမယ်.....''

''စောင့်နေပါ့မယ် သခင်....''

ခဏအကြာမှတော့ လွမ်းဟာ ဘီလူးသုံးကောင်အတွက်နာမည်များ စဉ်းစားလို့ပြီးသွားသည်။

''ကဲ....လက်လေးဘက်နဲ့ဘီလူးကြီး ခင်ဗျားကိုတော့ 'လက္ခ' လို့ပေးမယ်....''

''ကျေးဇူးပါ သခင်.....''

''နောက် ဟိုနှစ်ဦးကျတော့ ဘယ်ဘက်ကဘီလူးကိုတော့ ဒက္ခ နဲ့ ညာဘက်ကဘီလူးကိုကျတော့ နက္ခ လို့ပေးလိုက်မယ်.....''

ထိုအခါ ဘီလူးသုံးကောင်လုံးဟာ ဝမ်းသာအားရသည့်အသံများဖြင့် မျက်ရည်များကျကာ လွန်းအားတစ်ပြိုင်နက်ထဲ ကျေးဇူးတင်ကြလေသည်။

ပြိုက်တူလေသံဖြင့်/

''ကျေးဇူးတင်ပါတယ် သခင်....ကျွန်တော်မျိုးတို့ဘီလူးသုံးကောင်ဟာ သခင့်အား အမြဲသစ္စာမပျက်ခစားပြီး ဘေးအန္တရာယ်အပေါင်းမှ ကာကွယ်ပေးမယ်လို့ သစ္စာဆိုပါသည်....''

''အင်းပါ....အင်းပါ....ခင်ဗျားတို့ပြောတာဘဲနော်....ကျွန်တော်က မနေနိုင်တော့ခေါင်းငြိမ့်လိုက်ရတာ....ဒါဆိုကျွန်တော့်ကို ပေးသွားတော့....''

သို့နှင့် လွန်းရောက်နေသည့် အဖြူရောင်နေရာကြီးဟာ လင်းထွက်သွားပြီးနောက် လွန်းဟာ သူ့အခန်းထဲသို့ပြန်ရောက်နေလေသည်။ဘီလူးသုံးကောင်၏သလင်းကျောက်သုံးလုံးဟာ ငြိမ်သက်နေသည်ကို လွန်းမြင်လိုက်ရလေသည်။ထို့နောက် လွန်းဟာ သလင်းကျောက်သုံးတုံးကိုကြည့်ကာ စကားပြောပြီးနောက် အခန်းအပြင်ဘက်သို့ထွက်သွားလေသည်။

''နေဆိုလည်းနေပေါ့.....အိမ်ကိုသာသေချာစောင့်ရှောက်ဟုတ်ပြီလား.....ကျွန်တော်သွားပြီ....''

လွန်းဟာ အခန်းထဲမှထွက်ကာ တောင်ပေါ်သို့တက်ပြီး ပရဏဝုရ်ယိဏ်းနှင့်တွေ့ရန် မီးခွက်လေးနှင့်မီးခြစ်ဆံတို့အား ထည့်ကာ ထွက်လာခဲ့လေသည်။လွန်းသည် ညကျ နဂါးနှင့်ဂဠုန်တို့တိုက်ပွဲကြောင့် ယိဏ်းဘာဖြစ်သွားသလဲဆိုတာကို သေချာသိရန် တောင်ပေါ်သို့တက်လာခဲ့လေသည်။

မိနစ်နှစ်ဆယ်လောက်ကြသည့်အခါ လွန်းဟာ မုံတဝဂူပေါက်ရှေ့ရောက်လာလေသည်။ထို့နောက် ဂူအောက်သို့ဆင်းလာကာ လမ်းကြောင်းသုံးခုနေရာသို့ရောက်သည့်အခါ ဆီမီးခွက်အားမီးညှိလိုက်ပြီး အထဲသို့ဝင်လာခဲ့လေသည်။အထဲသို့ရောက်သည့်အခါ အထဲတွင် အရင်တစ်ခေါက်လိုဘဲမှောင်မဲနေလေသည်။သို့သော်လည်း လွန်းဟာ အရင်တစ်ခေါက်က ဒခိယထွက်လာသည့်နေရာအားမှတ်မိနေ၍ ထိုနေရာသို့ ဦးတည်ကာလာခဲ့လေသည်။

ထို့နောက် ဒခိယထွက်လာခဲ့သည့်နေရာသို့ရောက်သောအခါ လွန်းဟာ အထဲသို့ဆက်ဝင်ရန် ဆုံးဖြတ်လိုက်သည်။အထဲသို့အနည်းငယ်ဝင်လာပြီးနောက် ရေနံဆီမီး၏အစဟာ အနည်းငယ် မှိန်သွားသည်ဖြစ်၍လွန်းဟာ မီးတောက်ပိုကြီးစေရန်အစအား လက်ဖြင့်ဖြဲလိုက်လေသည်။မီးဟာတောက်လောင်ဆဲဖြစ်၍ လွန်း၏လက်အား မီးပူသွားလေသည်။ထို့ကြောင့်လွန်းဟာ လက်ကို မနာစေရန် အားနှင့်လွှဲခါလိုက်လေသည်။လွန်းသူ၏လက်ကိုခါနေသည့်အချိန်တွင် ခပ်တင်းတင်းအရာတစ်ခုကိုရိုက်မိသွားလေသည်။ရိုက်မိသည်ကလည်း တစ်ခါမကဘဲ အားပြင်းပြင်းနှင့်နှစ်ခါပင်။ထိုသို့လက်ခါသည့်အချိန်တွင် လွန်းသည် အသံတစ်ခုကိုကြားလိုက်လေသည်။

''အာ့.....ကျစ်....ကျစ်.....''

ထိုအခါလွန်းသည် သူ့ဘေးနားတွင်လူရှိသည်ကို သူသိသွားလေသည်။ထိုအချိန်တွင် ထုံးကျောက်ပန်းဆွဲများပေါ်မှ မီးများလင်းလားခဲ့လေသည်။ဂူကြီးလင်းလာသဖြင့် လွန်းဟာ ဂူအတွင်းအားရှင်းလင်းစွာမြင်လိုက်ရလေသည်။ လွန်းမြင်လိုက်သည်ကား သူ့ဘေးတွင် ငုတ်တုတ်လေးထိုင်နေသည့် ပရဏဝုရ်ယိဏ်းကိုပင်။လွန်းသည် ပရဏဝုရ်ယိဏ်းကိုတွေ့သည့်အခါ ပရဏဝုရ်ယိဏ်းဟာ ထူးဆန်းနေသည်။ တစ်ခုခုကိုကြီးကြီးမားမားထိခိုက်ထားပုံပေါ်သည်ဟု လွန်းတွေးလိုက်လေသည်။ထိုစဉ် ပရဏဝုရ်ယိဏ်းထံမှ စကားသံထွက်လာသည်။ထိုအသံသည် နာကျင်မှုနှင့်ဒေါသသံအနည်းငယ်ရောနေလေသည်။

''အသင်လူသား.....အဘယ်ကြောင့် ကျွန်ုပ်နေထိုင်သည့်ဂူအတွင်းထိရောက်လာရပြန်သနည်း.....''

လွန်းသည် နာကျင်နေသည့် ပရဏဝုရ်ယိဏ်းအားကြည့်ကာ စိတ်ပူသွားလေသည်။

''ဟာ.....ကိုနဂါး ခင်ဗျား ဒဏ်ရာရထားတာဘဲ....စကားမပြောနဲ့....ငြိမ်ငြိမ်နေ.......''

''အဘယ်ကို ငြိမ်ငြိမ်နေရမည်နည်း.....အသင်မရှိရင်ကိုဖြစ်ပါတယ်....''

လွန်းဟာ ယိဏ်းသည်သူ့အားစိတ်ပူသဖြင့်မောင်းထုတ်သည်ဟုတွေးကာ ယိဏ်းကိုပို၍စိတ်ပူသွားကာ ယိဏ်းအနားသို့ပို၍ကပ်လာသည်။

''ခင်ဗျား ဒဏ်ရာတွေအများကြီးရထားတာလား.....ကျွန်တော့်ကိုတွေးပေးမနေပါနဲ့.....ကျွန်တော်ကအဆင်ပြေပါတယ်........''

'' ကျွန်ုပ်အတွက်တော့အဆင်မပြေပါ.....''

''ရပါတယ်.....ပြကြည့်ပါ.....ဘယ်နေရာ ဒဏ်ရာရတာလဲလို့.....''

ယိဏ်းသည် ဟိုဘက်အတင်းလှည့်နေသည်။လွန်းသည် သူ့ဘက်သို့ ယိဏ်းအား အတင်းလှည့်လေသည်။နောက်ဆုံးတွင်ပေါင်နှစ်ဖက်ထဲသို့လက်အတင်းအုပ်၍ကားထားသည့်မြင်ကွင်းကို လွန်းမြင်လိုက်ရလေသည်။သို့သော် လွန်းသေချာမမြင်ရသေး။

''ဂဠုန်က ကိုနဂါးရဲ့ဗိုက်ကိုထိခိုက်အောင်လုပ်ထားတာလား.....ပြကြည့်ပါဦးဗျ.....ခင်ဗျားကလဲ''

''ကျွန်ုပ်ကိုထိခိုက်အောင်လုပ်တာ ဂဠုန္မဟုတ္ပါ.....အသင္လူသားသာ ဖြစ်ရာ၏....''

လွန်းသည် ယိဏ်း၏စကားကိုနားမလည်ချေ။

''ဟမ်......ဘာလို့လဲ.....ကျွန်တော် ခင်ဗျားကိုဘာလုပ်မိလို့လဲ....''

ယိဏ်းသည် ပြောရန်စကားထွက်မလာဟန်ဖြစ်လေသည်။ထို့နောက်ကြောင်အမ်းအမ်းနှင့် ယိဏ်းအားကြည့်နေလေသည်။

''ပြောစမ်းပါ.....ကိုနဂါးရ.....ကျွန်တော် ဘာလုပ်မိလို့လဲ.....''

''ကြှနျုပျ၏ ဟို.....မွေး.....မွေးရာပါအရာကို အသင်လူသား အစောနက အားကိုအင်မတန်ထည့်ကာ လက်ဖြင့် လွှဲရိုက်လိုက်သည် မဟုတ်ပါလား.........''

လွန်းသည် ယိဏ်း၏ထိုစကားကိုအချိန်ခဏကြာစဉ်းစားလိုက်ရသည်။ထို့နောက် နောက်ဆုံးတွင် လွန်းတစ်ယောက် ယိဏ်း၏စကားဆိုလိုရင်းကို သဘောပေါက်သွားတော့လေသည်။

''ဟိုက်.....ကိုနဂါးရဲ့ဟိုနေရာလား.......''

ယိဏ်းသည်ပြန်မဖြေတော့ဘဲ ဟိုဘက်သာလှည့်နေလေသည်။လွန်းကတော့ ရယ်ချင်သလိုမျက်နှာနှင့် ယိဏ်းအား ကြည့်နေမိလေသည်။



အပိုင်း(၁၁)/?

Comment