အခန်း ၈၉: အပြင်လူ

{Unicode}

အခန်း ၈၉: အပြင်လူ

သခင်ကြီးလျန်က ပြတင်းဘေးမှာရပ်နေတယ်။ သူ့ရဲ့နေရာကနေ အိမ်တံခါးဝကိုမြင်နေရတယ်။

လူတစ်စုကတံခါးဝအပြင်ဘက်ကို လျှောက်ထွက်သွားကြတယ်။ ရာသီဥတုကအေးတာကြောင့် သူတို့အားလုံးကိုယ်စီ ကားတွေထဲမြန်မြန်ဝင်သွားကြပေမဲ့ မောင်းတော့ထွက်မသွားဘဲ နှင်းတွေဖုံးလွှမ်းနေတဲ့ မြေကြီးပေါ်မှာသာ ဆက်ရပ်လို့နေတယ်။ ကားခေါင်မိုးတွေပေါ်မှာလည်း နှင်းတွေဖုံးနေပြီး အဖြူရောင်ကွန်ကရစ်ကတုတ်နဲ့တူလို့နေတယ်။

"ဟိုမှာကြည့်" သခင်ကြီးလျန်က ဝှီးလ်ချဲပေါ်မှာထိုင်ကာ သူတို့ကိုကြည့်ရင်း ရယ်လိုက်တယ်။ "သူတို့က ဝင်ခွင့်စာမေးပွဲဖြေနေတဲ့ သားသမီးတွေကို ကျောင်းလာကြိုတဲ့မိဘတွေနဲ့ မတူဘူးလား?"

ပြီးတော့သူခေါင်းလှည့်ကာ သူ့အနောက်ကလူတွေကိုပြောလိုက်တယ်။ "ရပြီ၊ အပြင်လူတွေထွက်သွားပြီဆိုတော့ စကြတာပေါ့"

မိသားစုစားတော်ပွဲစတင်ခဲ့ပြီဖြစ်တယ်။

ထမင်းစားပွဲအရှည်ကြီးမှာ လူအနည်းငယ်သာနေရာယူလို့ထားတယ်။ သူတို့ကတစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ကြည့်နေကြပြီး စကားတစ်ခွန်းမှမဟကြပေ။

အဆုံးမှာနင်နင်ကပဲ စပြီးပြောလိုက်တယ်။ "အားလုံးဘာစားချင်ကြလဲ? ကျွန်မမီးဖိုခန်းထဲသွားပြီး ပြင်ဆင်ပေးမယ်လေ"

"အလုပ်ရှုပ်ခံစရာမလိုဘူး" သခင်ကြီးလျန်က ထမင်းစားခန်းအဝင်ဝကို ကြည့်လိုက်တယ်။ "သူရှိနေတာပဲ"

အသက်ကြီးကြီးစားဖိုမှူးအိုတစ်ယောက်က လက်ထဲမှာဟင်းချိုပန်းကန်ကိုင်ထားပြီး ထမင်းစားခန်းထဲလျှောက်ဝင်လာတယ်။ သူကခြေအနည်းငယ်ခွင်နေပုံပေါ်တယ်။ သူစားပွဲနားရောက်တဲ့အချိန်မှာ သူ့လက်ထဲကဟင်းချိုက လမ်းမှာတစ်ဝက်လောက်ဖိတ်သွားပြီး ကျန်တဲ့တစ်ဝက်သာကျန်တော့တယ်။

သူလျန်ယွမ်ယွမ်အနားကနေ ဖြတ်လျှောက်သွားတဲ့အချိန်မှာ သူ့ရဲ့လက်နှစ်ဖက်က ရုတ်တရက်တုန်ယင်လို့သွားတယ်။

"အား!" လျန်ယွမ်ယွမ်အော်ဟစ်ပြီး ထိုင်နေရာကနေထခုန်လိုက်တယ်။ ဟင်းချိုတွေကသူမရဲ့ဂါဝန်ပေါ်မှာ စီးကျလို့နေတယ်။ သူမအင်္ကျီပေါ်က ပုစွန်တစ်ကောင်ကိုကောက်ပြီး ရွံရှာတဲ့အမူအရာနဲ့ အော်ပြောလိုက်တယ်။ "အဖေ သူ့ကိုဘာဖြစ်လို့အလုပ်ခန့်ထားတာလဲ? သူ့လက်တုန်ချက်က မသိရင်ပါကင်ဆန်ရောဂါရှိနေသလိုပဲ သူ့ကိုအလုပ်ဖြုတ်လိုက်တော့!"

စားဖိုမှူးအိုကြီးက စကားပြောလို့မရဲပါချေ။

"အဲ့လိုမပြောနဲ့စမ်း၊ သူကအသက်ကြီးလာရုံပဲ" သခင်ကြီးလျန်က နင်နင်ကိုကြည့်လာတယ်။ "လျန်လျန်၊ လောင်ချန်ကိုကူပေးလိုက်"

"ဟုတ်ကဲ့" နင်နင်မြန်မြန်ထရပ်ပြီး သူ့အနားကိုလျှောက်သွားလိုက်တယ်။

သူမစားပွဲကိုသုတ်ပြီးနောက်မှာ စားဖိုမှူးအိုနဲ့တူတူ မီးဖိုခန်းထဲအတူတူဝင်လာခဲ့တယ်။ မီးဖိုခန်းထဲအထိရောက်အောင်လာရတဲ့လမ်းက အရမ်းကိုခြောက်ကပ်လွန်းတယ်။ သခင်ကြီးလျန်က အပြင်လူတွေကိုနှင်ထုတ်လိုက်ရုံတင်မကဘူး အိမ်အကူတွေနဲ့ အခြားမီးဖိုခန်းအကူတွေကိုပါ အနားပေးထားတာဖြစ်တယ်။

ဒီလိုအပြုအမူကို နင်နင်ကတော့ "ခန်းမရှင်းလင်းရေး" လို့သာမှတ်ယူထားတယ်။

ခန်းမရှင်းလင်းသွားပြီးချိန်မှာ သရုပ်ဆောင်တွေကစင်ပေါ်ကိုတက်ပြီး ဖျော်ဖြေရေးစတင်ရတယ်။

မီးဖိုခန်းထဲရောက်တော့ အသက်ကြီးကြီးစားဖိုမှူးက ဟင်းချိုတွေကိုဘေစင်ထဲလောင်းချလိုက်တယ်။ သူလောင်းချလိုက်တဲ့အရှိန်က ပြင်းလွန်းတာကြောင့် ဘေစင်ထဲကနေဟင်းချိုစက်တချို့ ပြန်စင်ထွက်လာခဲ့တယ်။

နင်နင်ခြေလှမ်းတွေကိုရပ်ပြီး စားဖိုမှူးအိုကြီးရဲ့ကျောပြင်ကိုကြည့်လိုက်တယ်။

သူကနင်နင့်ကိုကျောပေးထားရင်း တစ်ပုံစံတည်းတူတဲ့ ပန်းကန်လုံးငါးလုံးကို စားပွဲပေါ်တင်ကာ ဘယ်ဘက်ကနေညာဘက်ထိအစဉ်လိုက် ပင်လယ်စာဟင်းချိုခပ်ထည့်လို့နေတယ်။

ပန်းကန်လုံးငါးခုစလုံးထဲ ပင်လယ်စာဟင်းချိုတွေခပ်ထည့်ပြီးချိန်မှာ သူရုတ်တရက်အိတ်ကပ်ထဲလက်ထည့်ပြီး ပုလင်းအသေးစားလေးတစ်ခုကို ထုတ်ယူလိုက်တယ်။ ပြီးနောက်သူ့ရဲ့လက်မကိုသုံးကာ ပုလင်းအဖုံးကိုဖွင့်ပြီး ထိုပုလင်းထဲကအမှုန့်တွေကို ပန်းကန်လုံးတစ်ခုထဲ လောင်းထည့်လိုက်တယ်။

ထည့်ပြီးသွားတော့မှ သူရုတ်ချည်းအနောက်လှည့်ကာ နင်နင့်ကိုပြောလာတယ်။ "မင်းဘာမှမမြင်လိုက်ဘူး"

နင်နင်အားလုံးမြင်လိုက်ရတာကြောင့် သူ့ကိုမေးလိုက်တယ်။ "အဲ့ပန်းကန်ထဲဘာထည့်လိုက်တာလဲ?"

စားဖိုမှူးအိုကြီးကသူမရဲ့မေးခွန်းကို ပြန်မဖြေလာပါချေ။ အဲ့ဒီအစားသူမကိုပြောလာတယ်။ "ငါ့ခြေထောက် ဘာဖြစ်လို့ခွင်နေလဲဆိုတာကိုမှန်းကြည့်"

နင်နင်ခေါင်းခါလိုက်တယ်။

"ကလေးမတစ်ယောက်ကိုကာကွယ်ပေးဖို့အတွက် ငါ့ခြေထောက်ကားကြိတ်ခံခဲ့ရတာ" စားဖိုမှူးအိုကြီးကပြောလာတယ်။ "အခုတော့အဲ့ကလေးမက အရွယ်ရောက်လာပါပြီ၊ သူကငါ့ကိုရွံတယ်တဲ့၊ ငါ့မှာပါကင်ဆန်ရောဂါရှိနေတယ်တဲ့၊ သူ့အဖေကငါ့ကိုဘာဖြစ်လို့ အလုပ်ဆက်ခန့်ထားတာလဲတဲ့၊ ငါ့ကိုအလုပ်ဖြုတ်လိုက်တော့တဲ့"

နင်နင်မှင်တက်သွားတယ်။

"ငါဒီအိမ်ကနေမကြာခင်ထွက်သွားတော့မယ်" စားဖိုမှူးအိုကြီးက အပြုံးတစ်ခုကိုထုတ်ပြလာတယ်။ "ငါမထွက်သွားခင် သူ့ကိုသင်ခန်းစာပေးခဲ့မှရမယ်"

သခင်ကြီးလျန်ရဲ့ လူ့သဘောသဘာဝစာမေးပွဲ စတင်ခဲ့ပြီပဲဖြစ်တယ်။

စားဖိုမှူးအိုကြီးကသရုပ်ဆောင်နေတာဖြစ်ပြီး သူ့ရဲ့သရုပ်ဆောင်အရည်အချင်းက ဖြတ်လျှောက်သာသာလောက်ပဲရှိတယ်။

ဒါပေမဲ့နင်နင်ကအစွမ်းကုန်ကြိုးစားပြီး သူနဲ့အလိုက်ထိုက် လိုက်ပြီးသရုပ်ဆောင်ရမှာဖြစ်တယ်။

သူမမီးဖိုခန်းအဝင်ဝမှာရပ်နေကာ အထဲကိုလျှောက်မဝင်သွားရဲပါချေ။ သူမပေါ့ပေါ့ပါးပါး ပြုံးနေသလိုမျိုး ဟန်ဆောင်လိုက်တယ်။ "ရှင်နောက်နေတာဟုတ်တယ်မလား? အဆိပ်ခတ်မယ်? စကားတစ်ခွန်းနှစ်ခွန်းအတွက်နဲ့?"

"ဟင့်အင်း၊ ငါ့ခြေထောက်အတွက်" စားဖိုမှူးအိုကြီးက သူ့ရဲ့ခွင်နေတဲ့ခြေထောက်ကို လက်ညှိုးထိုးပြပြီး အေးစက်စွာပြောလာတယ်။

နင်နင့်မျက်နှာပေါ်ကအပြုံးက ဖြည်းဖြည်းချင်းပြန်လည် လွင့်ပြယ်လို့သွားတယ်။ သူမသူ့ကိုစိုးရိမ်ပူပန်စွာနဲ့ မေးလိုက်တယ်။ "ကျေးဇူးမသိတတ်တဲ့ လူတစ်ယောက်အတွက်နဲ့ ရှင်ဘာဖြစ်လို့ ဒီလိုလုပ်နေရတာလဲ၊ အဲ့လိုလူတွေက အီးပေါက်တာလိုပဲ၊ ရှင်သူတို့ကိုလွှတ်ပေးလိုက်ရင် ပိုပြီးကျန်းမာတဲ့စိတ်အခြေအနေနဲ့ နှစ်နည်းနည်းလောက်ပိုပြီး နေနိုင်ရင်နေနိုင်လိမ့်ဦးမယ်..."

စားဖိုမှူးအိုကြီးကအံ့ဩသွားတယ်။ "ဒီကလေးမ၊ စကားကိုနည်းနည်းတောင် ကြည့်မပြောတတ်ဘူး"

"ကျွန်မကမြို့လေးမှာကြီးလာပြီး ပညာမတတ်တဲ့လူဆိုတာကို ရှင်လည်းသိတာပဲ၊ ဘာဖြစ်လို့စကားကို ကြည့်ပြောရမှာလဲ?" နင်နင်လက်တွေကိုဆန့်ထုတ်လိုက်တယ်။ ခုနကထိသူမမှာရှိနေတဲ့ သခင်မလေးအရောင်အဝါ လုံးဝပျောက်ကွယ်သွားကာ ဒုံးဝေးတဲ့ကလေးမလေးတစ်ယောက်အဖြစ် ပြောင်းလဲသွားတယ်။ အဲ့ဒါကပဲစားဖိုမှူးအိုကြီးကို ပိုပြီးနီးကပ်တယ်လို့ ခံစားရစေတယ်။

စားဖိုမှူးအိုကြီးက ဒီတိုင်းသာမန်လူဖြစ်တယ်။ လျန်ယွမ်ယွမ်ရဲ့ဘဝကိုကယ်ဖို့ သူ့ခြေထောက်ကိုအရှုံးပေးခဲ့ရပြီး သခင်ကြီးလျန်ဆီကနေ စားဖိုမှူးခေါင်းဆောင်အနေနဲ့ အလုပ်ခန့်ခဲ့ရတာတောင် သူကအထက်တန်းစားလူတစ်ယောက် မဟုတ်သေးပါချေ။

သူဈေးကြီးတဲ့အဝတ်အစားတွေကို ဘယ်လောက်ပဲဝတ်ဝတ်၊ သူ့ရဲ့ရွာကလေယူလေသိမ်းကို ဘယ်လောက်ပဲဖျောက်ပစ်ဖို့ကြိုးစားစား၊ လျန်ယွမ်ယွမ်ကသူ့ရဲစတေးမှုကို ဖြစ်သင့်တဲ့အရာပဲလို့ သဘောထားနေဆဲဖြစ်တယ်။ သူမက သူမရဲ့ကျေးဇူးကြောင့်သာ သူဒီအလုပ်ကိုရခဲ့တာလို့တောင် စဉ်းစားနေသေးတယ်။

အဲ့လိုမျိုးအရာက အဆင့်အတန်းတူတဲ့ လူတွေကြားမှာဖြစ်မှာမဟုတ်ချေ။ လျန်ယွမ်ယွမ်အဲ့လိုဖြစ်နေတဲ့အကြောင်းရင်းက သူမကအထက်တန်းစားဖြစ်ပြီး သူ့ကိုတော့အိမ်စေလို့သာ သဘောထားလို့ပဲဖြစ်တယ်။

သူ့ရဲ့အ‌တွေးတွေအဆုံးသတ်ပြီးတဲ့နောက်မှာ သူနင်နင့်ကိုထူးဆန်းသလိုကြည့်လာတယ်။ "မင်းဘာလုပ်နေတာလဲ?"

သူအတွေးထဲမျောနေတဲ့အချိန်မှာ နင်နင်ကသူ့ဘေးကနေ ဖြတ်လျှောက်သွားပြီး စားပွဲအရှေ့ကိုရောက်နေပြီဖြစ်တယ်။ သူမကပုလင်းတွေအများကြီးကိုကောက်ယူပြီး စားဖိုမှူးအိုကြီးအနားကို ပြန်လျှောက်လာခဲ့တယ်။ သူမကောက်ယူခဲ့တဲ့ ပုလင်းတွေထဲမှာရှိတာက ဆား၊ ငရုတ်အနှစ်၊ အချိုမှုန့်... အစရှိတာတွေပဲဖြစ်တယ်။

သူမကထိုပုလင်းထဲကအရာတွေကို တစ်ဇွန်းစီခပ်ပြီး ဟင်းချိုပန်းကန်တစ်ခုထဲထည့်လိုက်တယ်။

"သေဖို့က သူ့အတွက်အရမ်းလွယ်လွန်းတယ်" နင်နင်ဟင်းချိုကိုမွှေပြီးနောက်မှာ သူ့ကိုကမ်းပေးလိုက်တယ်။ "ဒါကိုချပေးလိုက်၊ ဟင်းချိုတွေ သူ့နှာခေါင်းပေါက်နေ ပြန်ထွက်လာလိမ့်မယ်၊ အဲ့လိုဆိုမကောင်းဘူးလား? အဲ့လိုပုံစံကိုရှင်မတွေ့ချင်ဘူးလား? အဲ့ဒါကိုတစ်ခေါက်မြင်ပြီးရင် သူ့ကိုနှစ်နှစ်ဆယ်လောက် ဆက်တိုက်လှောင်လို့ရမယ်ထင်တယ်နော်"

စားဖိုမှူးကသူမကို အချိန်တစ်ခုအထိစိုက်ကြည့်နေပြီးမှ မေးလာတယ်။ "သူကမင်းရဲ့ပြိုင်ဘက်မဟုတ်လား၊ ဘာဖြစ်လို့သူ့ကိုကူညီနေတာလဲ?"

"ကျွန်မသူ့ကိုမကူညီပါဘူး၊ သူ့ကိုလှောင်ချင်ရုံသက်သက်ပဲ" နင်နင်ဟမ့်ခနဲအသံပြုလိုက်တယ်။ "ပြီးတော့လည်း ရှင်တစ်ယောက်ယောက်ကိုသတ်ဖို့ကြံနေရင် ဘယ်သူကဟင်းချက်တော့မှာလဲ? ကျွန်မဗိုက်ဆာပြီ၊ ကြက်သားနဲ့မှိုနှပ်စားချင်တယ်၊ ချက်ပေးမယ်မဟုတ်လား?"

မိနစ်အနည်းငယ်ကြာပြီးနောက်မှာ သူမတို့နှစ်ယောက် တစ်ယောက်ချင်းစီ ထမင်းစားခန်းထဲပြန်ဝင်လာခဲ့ကြတယ်။

စားဖိုမှူးအိုကြီးဝင်လာတဲ့အချိန်မှာ သူသခင်ကြီးလျန်ကို အကြည့်တစ်ချက်ပစ်လွှတ်လိုက်တယ်။ ပြီးတော့အမူအရာတစ်ချက်မပျက်ဘဲ စီစဉ်ထားတဲ့ဟင်းချိုပန်းကန်ကို လျန်ယွမ်ယွမ်ရဲ့အရှေ့မှာချလိုက်တယ်။

–အဲ့ဒီပန်းကန်က ဟင်းခပ်အမွှေးအကြိုင်တွေနဲ့ ပြည့်နှက်လို့နေတယ်: ငရုတ်အနှစ်၊ ဆား၊ ငရုတ်ကောင်း၊ အချို့မှုန့်၊ စသည်ဖြင့်။

လျန်ယွမ်ယွမ်အဲ့ဒီဟင်းချိုကိုမသောက်ရသေးခင်မှာ သခင်ကြီးလျန်ကပြောလာတယ်။ "ငါမေ့သွားတော့မလို့၊ ဆရာဝန်ပြောတာ ငါပင်လယ်စာစားလို့မရသေးဘူးတဲ့၊ ယွမ်ယွမ်၊ လောင်ချန်နဲ့တူတူ မီးဖိုခန်းထဲသွားပြီး ဆေးဖက်ဝင်ဝိုင်တစ်ပုလင်းယူလာခဲ့"

"အို့" လျန်ယွမ်ယွမ်မထချင်ထချင်နဲ့ ထသွားရတယ်။

သူမထမင်းစားခန်းထဲပြန်လာတဲ့အချိန်မှာ ဆေးဖက်ဝင်ဝိုင်ပုလင်းတင်မကဘူး ဝိုင်ဖြူတစ်ပုလင်းကိုပါ ယူလာခဲ့တယ်။

အကြီးဆုံးသားရဲ့မျက်လုံးတွေက ထိုဝိုင်ဖြူပုလင်းကိုတွေ့လိုက်ရတာနဲ့ တလက်လက်တောက်ပလို့သွားတယ်။ သူမတ်တတ်ထရပ်ပြီး လျန်ယွမ်ယွမ်ရဲ့လက်ထဲကနေ ဝိုင်ဖြူပုလင်းကိုဆွဲယူကာ အဖုံးဖွင့်ရင်းနဲ့ သခင်ကြီးလျန်ကိုပြောလိုက်တယ်။ "အဖေ၊ ကျွန်တော်ဝိုင်တစ်ခွက်ငှဲ့ပေးမယ်၊ မြန်မြန်နေပြန်ကောင်းဖို့ မျှော်လင့်ပါတယ်"

သခင်ကြီးလျန်ကဝိုင်ခွက်ကိုဘေးဖယ်ပြီး သူ့ကိုပြုံးပြလိုက်တယ်။ "မင်းငါ့ကိုနေမြန်မြန်ပြန်ကောင်းစေချင်ရင် မသောက်ခိုင်းသင့်ဘူး၊ ကျန်တဲ့သူတွေကိုမေးလိုက် သောက်မလားလို့"

အဲ့ဒီဝိုင်ထဲမှာတစ်ခုခုပါနေတာကိုသိထားတဲ့ လျန်ယွမ်ယွမ်က သေချာပေါက်မသောက်ပါချေ။ သူမမြန်မြန်ပဲခေါင်းခါလိုက်တယ်။ "ကျွန်မ,မသောက်တော့တာကြာပြီ၊ ဟင်းချိုပဲသောက်တော့မယ်"

သူမဟင်းချိုတစ်ဇွန်းအပြည့်ခပ်ယူပြီး သောက်လိုက်တယ်။ ချက်ချင်းပဲသူမရဲ့နှာခေါင်းပေါက်ကနေ ဟင်းချိုအရည်တွေပြန်စင်ထွက်လာခဲ့တယ်။

"အဟွတ် အဟွတ် အဟွတ် အဟွတ် အဟွတ်... ဘာတွေထည့်ထားတာလဲ?" လျန်ယွမ်ယွမ် မျက်ရည်တွေနှပ်ချေးတွေနဲ့ မေးလိုက်တယ်။

ထမင်းစားပွဲမှာထိုင်နေတဲ့လူတွေအကုန်လုံး သူမကိုရွံရှာတဲ့အကြည့်နဲ့ ကြည့်လာကြတယ်။ အကြီးဆုံးသားနဲ့ သူ့ရဲ့သားက သူတို့အရှေ့ကဟင်းချိုပန်းကန်တွေကို မြန်မြန်ပဲဘေးဖယ်လိုက်ကြတယ်။

သခင်ကြီးလျန်သက်ပြင်းချပြီး ယွမ်ယွမ်အရှေ့မှာ ပေစွန်းသွားတဲ့စားပွဲခင်းကိုကြည့်ကာ ပြောလိုက်တယ်။ "ဟင်းပွဲတွေမချရသေးလို့တော်သေးတယ်၊ ချိန်ရှင်း၊ မီးဖိုခန်းထဲသွားပြီး ဟင်းပွဲတွေရပြီလားသွားကြည့်၊ လောင်ချန်ကိုစားပွဲခင်းအသစ်တစ်ခုပါ ယူခဲ့ခိုင်းလိုက်"

"ဟုတ်ကဲ့ပါ" အကြီးဆုံးသားကဝိုင်ဖြူပုလင်းကိုချပြီး သူ့ရဲ့သားကိုပြောလိုက်တယ်။ "လာ၊ တူတူသွားမယ်"

သခင်ကြီးလျန်ရဲ့မျက်ခုံးတွေလှုပ်သွားတာကို နင်နင်တွေ့လိုက်ရတယ်။ သားအဖနှစ်ယောက်တူတူ တစ်ပြိုင်တည်းသွားကြမယ်ဆိုတာကို သူမျှော်လင့်မထားပုံပေါ်တယ်။ ဒါပေမဲ့သူတို့နှစ်ယောက် ဟင်းပွဲတွေနဲ့ပြန်လာတာကိုတွေ့ရတဲ့အချိန်မှာ သူမြန်မြန်ပြန်ပြီးစိတ်အေးသွားတယ်။

အဖေဖြစ်သူက ကြက်သားမှိုနှပ်ကိုသယ်လာပြီး သားဖြစ်သူက စားပွဲခင်းအသစ်ကိုယူလာခဲ့တယ်။

စားပွဲခင်းလဲသွားပြီးတော့မှ စားဖိုမှူးအိုကြီးက အခြားဟင်းပွဲတွေကိုသယ်ယူလာခဲ့တယ်။

အကြီးဆုံးသားက ကြက်သားမှိုနှပ်ဟင်းကို နင့်နင့်အရှေ့မှာ မြန်မြန်ပဲချလိုက်တယ်။

နင်နင်ပူလောင်နေတဲ့ဟင်းပွဲကိုငုံ့ကြည့်လိုက်တယ်။

နောက်ကွယ်ကရည်ရွယ်ချက်တစ်ခုကြောင့် သူတို့တွေဒီစားပွဲရှည်ပေါ်မှာ စားသောက်နေရတာဖြစ်တယ်။

စားပွဲကကြီးလွန်းတဲ့အပြင် ဆုံလည်လည်းမပါတာကြောင့် တစ်စုံတစ်ယောက်သာ စားပွဲရဲ့အခြားတစ်ဖက်က ဟင်းပွဲကိုယူချင်ရင် အဲ့ဒီဘက်ခြမ်းကိုထလျှောက်သွားရမှာဖြစ်တယ်– ကြားလို့မကောင်းသလို အပြင်မှာလုပ်ဖို့လည်း သိပ်မသင့်တော်ပါချေ။ အဲ့ဒါကြောင့်လူအများစုက သူတို့အရှေ့မှာရှိတဲ့ဟင်းပွဲတွေကိုသာ စားသောက်ကြလေ့ရှိတယ်။

ဥပမာ စီစဉ်ထားတဲ့ပင်လယ်စာဟင်းချို၊ စီစဉ်ထားတဲ့ဝိုင်ဖြူ၊ စီစဉ်ထားတဲ့ကြက်သားမှိုနှပ်။

ဇာတ်ဝင်ခန်းအမည်: <အဆိပ်>

သရုပ်ဆောင်များ: နင်နင်၊ သခင်ကြီးလျန်၊ လျန်သားအဖ၊ လျန်ယွမ်ယွမ်။

လူတိုင်းကသခင်ကြီးလျန်ကိုသာ ကြည့်နေကြပြီး သခင်ကြီးလျန်ရဲ့တူစလှုပ်တော့မှ သူတို့လည်းစတင်စားကြတော့တယ်။

နင်နင်မှိုတစ်ဖက်ကို ပါးစပ်ထဲအရင်ထည့်လိုက်တယ်။

သူမဝါးနေရင်း လျန်သားအဖနှစ်‌ယောက်ကိုသာ ပေါက်ထွက်မတတ်စိုက်ကြည့်နေတယ်။

သားအကြီးဆုံးက ထိုဟင်းပွဲကိုနင်နင့်အရှေ့မှာ ချပြီးကတည်းကနေစပြီး သူမကိုထပ်မကြည့်လာတော့ချေ။ သူကသခင်ကြီးလျန်နဲ့သာ စကားပြောရင်းရယ်မောလို့နေတယ်။

သူ့ရဲ့သားကတော့ သူ့လောက်မပိရိပါချေ။ သူကနင်နင့်ကိုသာလှမ်းကြည့်နေပြီး သူမကိုယ်မသူအရူးလုပ်လာမှာကို စောင့်ဆိုင်းနေပုံပေါ်တယ်။

နင်နင်ဘာမှမလုပ်ရသေးခင်မှာ လျန်ယွမ်ယွမ်အော်ပြောလာတယ်။

"အဲ့ဒါမသောက်လိုက်နဲ့!!"

အကြီးဆုံးသားလန့်သွားတယ်။ သူခေါင်းလှည့်ကာ လျန်ယွမ်ယွမ်ကိုကြည့်လိုက်တယ်။ "မင်းဘာလုပ်နေတာလဲ?"

လျန်ယွမ်ယွမ်က သူ့လက်ထဲကဝိုင်ခွက်ကိုဆွဲယူပြီး ရှုပ်ထွေးတဲ့အမူအရာနဲ့ ကြည့်လို့နေတယ်။ "အစ်ကိုကြီးဒါကိုသောက်လို့မရဘူး၊ ဒီဝိုင်ကအဆိပ်ခတ်ထားတာ!"

အကြီးဆုံးသားလန့်ဖြန့်သွားတယ်။ "ဘာ?"

"တောင်းပန်ပါတယ် အစ်ကိုကြီး" သူမရုတ်တရက် ပါးစပ်ကိုလက်နဲ့ကာပြီး ငိုကြွေးတော့တယ်။ "အစ်ကိုကြီးကအစ်ကိုကြီးဖို့ပဲသိပြီး ကျွန်မကိုအရူးလိုမျိုး ဆက်ဆံခဲ့တယ်ဆိုပေမဲ့လည်း ဒီအရူးမက အစ်ကိုကြီးသေတာကို ဒီတိုင်းထိုင်ကြည့်မနေနိုင်ဘူး... အဆုံးမှာတော့ အစ်ကိုကြီးက ညီမလေးရဲ့အစ်ကိုကြီးပဲလေ!"

အကြီးဆုံးသား, "..."

နင်နင်နေရာမှာသာထိုင်ကာ သူမရဲ့ဖျော်ဖြေမှုကိုကြည့်နေတယ်။

သူမရဲ့သရုပ်ဆောင်အရည်ချင်းက ချာတူးလန်နေလွန်းလို့ သခင်ကြီးလျန်တောင် ဆက်ပြီးကြည့်မနေနိုင်တော့ပေ။ သူကချောင်းဟန့်လာတယ်။ "တော်လောက်ပြီ"

လျန်ယွမ်ယွမ်, "အဖေ..."

သခင်ကြီးလျန်, "မင်းငိုနေတာ ဆယ့်ငါးမိနစ်လောက်ရှိနေပြီ၊ မျက်ရည်ကျတစ်စက်မှထွက်မလာဘူး၊ မင်းရဲ့အကူပြင်ထားပေးတဲ့ စာသားတွေလည်း အကုန်ပြောလို့ကုန်ပြီမဟုတ်လား"

လျန်ယွမ်ယွမ်, "..."

"အဖေ" အကြီးဆုံးသားက အခုမှတစ်ခုခုလွဲနေတယ်ဆိုတာကို သတိထားမိသွားတာကြောင့် အသံနိမ့်နိမ့်နဲ့မေးလာတယ်။ "ဘာဖြစ်နေတာလဲ?"

"ဒီတိုင်းစမ်းသပ်ချက်အသေးစားလေးပဲ" သခင်ကြီးလျန်စိတ်လိုလက်ရပြုံးလိုက်တယ်။ "မင်းတို့တစ်ယောက်ချင်းစီကို အဆိတ်ခတ်ထားတဲ့ပစ္စည်း တစ်ခုချင်းစီပေးဖို့ ငါလောင်ချန်ကိုမှာထားတာ၊ အဲ့ဒီပစ္စည်းကို ထမင်းစားပွဲပေါ်သယ်လာပြီး မင်းတို့ကြိုက်တဲ့လူအရှေ့မှာချဖို့– ပြီးရင် အဲ့ဒီလူအဆိပ်ခတ်ထားတဲ့အရာကိုစားမှာကို မင်းတို့ဒီတိုင်း ထိုင်ကြည့်နေကြမလား၊ ဒါမှမဟုတ် သူတို့မစားရသေးခင် တားကြမလားဆိုတာကို စမ်းသပ်မလို့"

အကြီးဆုံးသားရဲ့အမူအရာက ချက်ချင်းပဲဆိုးရွားသွားတယ်။ လျန်ယွမ်ယွမ်ကတော့ ပျော်ရွှင်လို့နေတယ်။

"ရှင်တို့အားလုံးက အသည်းနှလုံးမဲ့တဲ့လူတွေချည်းပဲ၊ အထူးသဖြင့်နင်" လျန်ယွမ်ယွမ်က နင်နင့်ကိုစိုက်ကြည့်လာတယ်။ "ငါနဲ့အစ်ကိုကြီးကြားမှာက မပြေလည်တာနည်းနည်းရှိလို့ထားပါတော့၊ နင်ကကျတော့ရော? ငါတို့စကားတောင်မပြောဖူးတာကို နင်အမွေများများရဖို့အတွက်နဲ့ ငါ့ကိုသေစေချင်နေတယ်ပေါ့လေ?"

စားဖိုမှူးအိုကြီးက သခင်ကြီးလျန်ရဲ့နားနားကိုကပ်ပြီး တစ်စုံတစ်ခုကိုတီးတိုးပြောလိုက်တယ်။

သခင်ကြီးလျန်သက်ပြင်းချလိုက်တယ်။ "ထွက်သွား"

"ဟဲ့ ကြားလား?" လျန်ယွမ်ယွမ်ကအနိုင်ရရှိသွားသလိုမျိုး အပြုံးကိုတပ်ဆင်ပြီး နင်နင့်ကိုပြောလာတယ်။ "နင့်ကိုထွက်သွားလို့ပြောနေတာ!"

"မဟုတ်ဘူး" သခင်ကြီးလျန်က လျန်ယွမ်ယွမ်ကိုကြည့်လာတယ်။ "မင်း ထွက်သွား"

လျန်ယွမ်ယွမ်ထိတ်လန့်တဲ့အကြည့်နဲ့ သူ့ကိုကြည့်လိုက်တယ်။ "အဖေ!"

"ပြီးတော့ မင်းတို့ရော" သခင်ကြီးလျန်က သူမအပေါ်ကနေအကြည့်မလွှဲဘဲ အကြီးဆုံးသားနဲ့ သူ့ရဲ့သားကိုပြောလိုက်တယ်။ "ထွက်သွားကြ"

အကြီးဆုံးသားက မထွက်သွားချင်ပေမဲ့ လျန်ယွမ်ယွမ်လိုမျိုးတော့ ရူးခါမသွားပါချေ။ သူချက်ချင်းပဲမတ်တတ်ရပ်ပြီး အသိစိတ်လွတ်ခါနီး လျန်ယွမ်ယွမ်ကိုပါဆွဲကာ ထမင်းစားခန်းထဲကနေ လျှောက်ထွက်သွားတယ်။ သူ့ရဲ့သားက အနောက်ကနေပြေးလိုက်လာခဲ့တယ်။

"ကျွန်မကိုလွှတ်! လွှတ်လို့!" လျန်ယွမ်ယွမ်တစ်လမ်းလုံး ရုန်းကန်လို့နေတယ်။

"မတော်နိုင်သေးဘူးလား၊ မင်းရှုံးသွားပြီ" အကြီးဆုံးသားကပြောလာတယ်။

"အဓိပ္ပာယ်မရှိတာ!" လျန်ယွမ်ယွမ်ကသူ့ကို‌ ဒေါသတကြီးကြည့်လာတယ်။ "ကျွန်မဘယ်လိုလုပ်ရှုံးမှာလဲ? ကျွန်မတစ်ယောက်ပဲ၊ ကျွန်မတစ်ယောက်ပဲ ရှင့်ကိုအဆိပ်မစားမိအောင် တားခဲ့တာလေ၊ ရှင်တို့ကအဲ့လိုမလုပ်ခဲ့ဘဲနဲ့!"

"မင်းနားမလည်သေးဘူးလား?" အကြီးဆုံးသားက အေးစက်စွာပြောလာတယ်။ "ဒီမိသားစုထဲမှာအပြင်လူက ဘယ်သူလို့မင်းထင်လို့လဲ?"

လျန်ယွမ်ယွမ်ပြန်မဖြေနိုင်ခင်မှာပဲ သူ့ဘာသာသူပြန်ဖြေလာတယ်။ "အဲ့ဒါကငါတို့ပဲ"

သူအနောက်ကပိတ်နေတဲ့တံခါးချပ်ကို ရှုပ်ထွေးတဲ့အမူအရာနဲ့ကြည့်လိုက်တယ်။ သူတို့ကအပြင်ဘက်ကို နှင်ထုတ်ခံလိုက်ရပေမဲ့ စားဖိုမှူးအိုကြီးကတော့ အဲ့အခန်းထဲမှာရှိနေသေးတယ်။

"စားဖိုမှူးတောင်အဲ့အကြောင်းသိတယ်၊ ရှေ့နေဟွမ်လည်းသိမှာပဲ၊ အခြားသိတဲ့လူတွေလည်း ရှိကြမှာပဲ၊ သူတို့ကဘယ်သူတွေလဲ? သူတို့အကုန်အပြင်လူတွေပဲလေ" အကြီးဆုံးသားကရေရွတ်လာတယ်။ "ငါတို့နဲ့စာရင် အဘိုးကြီးက သူတို့ကိုပိုယုံတယ်၊ ငါတို့ကိုခက်ခဲအောင်လုပ်ဖို့အတွက် သူတို့နဲ့တိုင်ပင်တယ်၊ ဆိုတော့တကယ်ပဲ ဘယ်သူကအပြင်လူတွေလဲ?"

လျန်ယွမ်ယွမ်မှင်တက်လို့နေတယ်။ သူမလည်းတံခါးချပ်ကို ကြည့်လိုက်တယ်။

တင်းတင်းကျပ်ကျပ်ပိတ်နေတဲ့ ထိုတံခါးချပ်က သခင်ကြီးလျန်ရဲ့နှလုံးသားလိုပင်။ အပြင်လူတွေဝင်လို့ရပေမဲ့ သူတို့လိုမျိုး "မိသားစု" ကတော့ မရပါချေ။

"...ငါတို့က တရားမဝင်မြေးမဆီမှာရှုံးသွားတာ" အကြီးဆုံးသားက အံကြိတ်ထားရင်းပြောလာတယ်။ "ငါတို့ကအဘိုးကြီးဆီကနေ မျက်နှာသာရဖို့ကြိုးစားနေချိန် သူကတော့စားဖိုမှူးဆီကနေ မျက်နှာသာရသွားပြီးပြီ"

"ဒါ- ဒါ‌ပေမဲ့ သူကစားဖိုမှူးသာသာပဲလေ..." လျန်ယွမ်ယွမ်ထစ်ထစ်အအပြောလာတယ်။

"အဘိုးကြီးကသူ့ကိုယုံတယ်လေ" အကြီးဆုံးသားကမတတ်နိုင်ဘဲ ရယ်မောလာတယ်။ "သူကသူ့ရဲ့သားသမီးတွေနဲ့စာရင် သူ့ရဲ့စားဖိုမှူးကို၊ ရှေ့နေကို၊ ဆရာဝန်ကိုပဲ ပိုယုံတယ်၊ ဆိုတော့ သူ့ဆီကနေမျက်နှာသာရလည်း ဘာထူးမှာမလို့လဲ? အဲ့ဒီ 'အပြင်လူ'တွေကို လိုက်ပြီးဖားယားရင်တောင် ပိုကောင်းဦးမယ်... အဲ့ဒါကိုအရင်သဘောပေါက်သွားတဲ့လူက အဲ့ဒီတရားမဝင်မြေးမဖြစ်နေမယ်လို့ မထင်ထားမိဘူးပဲ၊ စားဖိုမှူးသူ့ရဲ့နားထဲတစ်ခုခုပြောလိုက်တာနဲ့ အဲ့အဘိုးကြီးငါတို့ကို‌ ကန်ထုတ်လိုက်တာကို မင်းမမြင်ဘူးလား?"

လျန်ယွမ်ယွမ် အချိန်တစ်ခုထိ ကြောင်နေမိတယ်။

ပြီးတော့မှသူမ ရှုံ့မဲ့နေတဲ့အမူအရာနဲ့ ပြောလာတယ်။ "ဟင့်အင်း! ကျွန်မတို့မရှုံးသေးဘူး!"

သူမတံခါးချပ်ကိုအေးစက်စွာကြည့်ပြီး တွေးလိုက်တယ်: ဘာပဲဖြစ်ဖြစ် သူကသေတော့မှာပဲ၊ ငါမရှုံးသေးဘူး!

_________________________

{Zawgyi}

အခန္း ၈၉: အျပင္လူ

သခင္ႀကီးလ်န္က ျပတင္းေဘးမွာရပ္ေနတယ္။ သူ႔ရဲ႕ေနရာကေန အိမ္တံခါးဝကိုျမင္ေနရတယ္။

လူတစ္စုကတံခါးဝအျပင္ဘက္ကို ေလွ်ာက္ထြက္သြားၾကတယ္။ ရာသီဥတုကေအးတာေၾကာင့္ သူတို႔အားလုံးကိုယ္စီ ကားေတြထဲျမန္ျမန္ဝင္သြားၾကေပမဲ့ ေမာင္းေတာ့ထြက္မသြားဘဲ ႏွင္းေတြဖုံးလႊမ္းေနတဲ့ ေျမႀကီးေပၚမွာသာ ဆက္ရပ္လို႔ေနတယ္။ ကားေခါင္မိုးေတြေပၚမွာလည္း ႏွင္းေတြဖုံးေနၿပီး အျဖဴေရာင္ကြန္ကရစ္ကတုတ္နဲ႔တူလို႔ေနတယ္။

"ဟိုမွာၾကည့္" သခင္ႀကီးလ်န္က ဝွီးလ္ခ်ဲေပၚမွာထိုင္ကာ သူတို႔ကိုၾကည့္ရင္း ရယ္လိုက္တယ္။ "သူတို႔က ဝင္ခြင့္စာေမးပြဲေျဖေနတဲ့ သားသမီးေတြကို ေက်ာင္းလာႀကိဳတဲ့မိဘေတြနဲ႔ မတူဘူးလား?"

ၿပီးေတာ့သူေခါင္းလွည့္ကာ သူ႔အေနာက္ကလူေတြကိုေျပာလိုက္တယ္။ "ရၿပီ၊ အျပင္လူေတြထြက္သြားၿပီဆိုေတာ့ စၾကတာေပါ့"

မိသားစုစားေတာ္ပြဲစတင္ခဲ့ၿပီျဖစ္တယ္။

ထမင္းစားပြဲအရွည္ႀကီးမွာ လူအနည္းငယ္သာေနရာယူလို႔ထားတယ္။ သူတို႔ကတစ္ေယာက္ကိုတစ္ေယာက္ အျပန္အလွန္ၾကည့္ေနၾကၿပီး စကားတစ္ခြန္းမွမဟၾကေပ။

အဆုံးမွာနင္နင္ကပဲ စၿပီးေျပာလိုက္တယ္။ "အားလုံးဘာစားခ်င္ၾကလဲ? ကြၽန္မမီးဖိုခန္းထဲသြားၿပီး ျပင္ဆင္ေပးမယ္ေလ"

"အလုပ္ရႈပ္ခံစရာမလိုဘူး" သခင္ႀကီးလ်န္က ထမင္းစားခန္းအဝင္ဝကို ၾကည့္လိုက္တယ္။ "သူရွိေနတာပဲ"

အသက္ႀကီးႀကီးစားဖိုမႉးအိုတစ္ေယာက္က လက္ထဲမွာဟင္းခ်ိဳပန္းကန္ကိုင္ထားၿပီး ထမင္းစားခန္းထဲေလွ်ာက္ဝင္လာတယ္။ သူကေျခအနည္းငယ္ခြင္ေနပုံေပၚတယ္။ သူစားပြဲနားေရာက္တဲ့အခ်ိန္မွာ သူ႔လက္ထဲကဟင္းခ်ိဳက လမ္းမွာတစ္ဝက္ေလာက္ဖိတ္သြားၿပီး က်န္တဲ့တစ္ဝက္သာက်န္ေတာ့တယ္။

သူလ်န္ယြမ္ယြမ္အနားကေန ျဖတ္ေလွ်ာက္သြားတဲ့အခ်ိန္မွာ သူ႔ရဲ႕လက္ႏွစ္ဖက္က ႐ုတ္တရက္တုန္ယင္လို႔သြားတယ္။

"အား!" လ်န္ယြမ္ယြမ္ေအာ္ဟစ္ၿပီး ထိုင္ေနရာကေနထခုန္လိုက္တယ္။ ဟင္းခ်ိဳေတြကသူမရဲ႕ဂါဝန္ေပၚမွာ စီးက်လို႔ေနတယ္။ သူမအက်ႌေပၚက ပုစြန္တစ္ေကာင္ကိုေကာက္ၿပီး ႐ြံရွာတဲ့အမူအရာနဲ႔ ေအာ္ေျပာလိုက္တယ္။ "အေဖ သူ႔ကိုဘာျဖစ္လို႔အလုပ္ခန႔္ထားတာလဲ? သူ႔လက္တုန္ခ်က္က မသိရင္ပါကင္ဆန္ေရာဂါရွိေနသလိုပဲ သူ႔ကိုအလုပ္ျဖဳတ္လိုက္ေတာ့!"

စားဖိုမႉးအိုႀကီးက စကားေျပာလို႔မရဲပါေခ်။

"အဲ့လိုမေျပာနဲ႔စမ္း၊ သူကအသက္ႀကီးလာ႐ုံပဲ" သခင္ႀကီးလ်န္က နင္နင္ကိုၾကည့္လာတယ္။ "လ်န္လ်န္၊ ေလာင္ခ်န္ကိုကူေပးလိုက္"

"ဟုတ္ကဲ့" နင္နင္ျမန္ျမန္ထရပ္ၿပီး သူ႔အနားကိုေလွ်ာက္သြားလိုက္တယ္။

သူမစားပြဲကိုသုတ္ၿပီးေနာက္မွာ စားဖိုမႉးအိုနဲ႔တူတူ မီးဖိုခန္းထဲအတူတူဝင္လာခဲ့တယ္။ မီးဖိုခန္းထဲအထိေရာက္ေအာင္လာရတဲ့လမ္းက အရမ္းကိုေျခာက္ကပ္လြန္းတယ္။ သခင္ႀကီးလ်န္က အျပင္လူေတြကိုႏွင္ထုတ္လိုက္႐ုံတင္မကဘူး အိမ္အကူေတြနဲ႔ အျခားမီးဖိုခန္းအကူေတြကိုပါ အနားေပးထားတာျဖစ္တယ္။

ဒီလိုအျပဳအမူကို နင္နင္ကေတာ့ "ခန္းမရွင္းလင္းေရး" လို႔သာမွတ္ယူထားတယ္။

ခန္းမရွင္းလင္းသြားၿပီးခ်ိန္မွာ သ႐ုပ္ေဆာင္ေတြကစင္ေပၚကိုတက္ၿပီး ေဖ်ာ္ေျဖေရးစတင္ရတယ္။

မီးဖိုခန္းထဲေရာက္ေတာ့ အသက္ႀကီးႀကီးစားဖိုမႉးက ဟင္းခ်ိဳေတြကိုေဘစင္ထဲေလာင္းခ်လိုက္တယ္။ သူေလာင္းခ်လိုက္တဲ့အရွိန္က ျပင္းလြန္းတာေၾကာင့္ ေဘစင္ထဲကေနဟင္းခ်ိဳစက္တခ်ိဳ႕ ျပန္စင္ထြက္လာခဲ့တယ္။

နင္နင္ေျခလွမ္းေတြကိုရပ္ၿပီး စားဖိုမႉးအိုႀကီးရဲ႕ေက်ာျပင္ကိုၾကည့္လိုက္တယ္။

သူကနင္နင့္ကိုေက်ာေပးထားရင္း တစ္ပုံစံတည္းတူတဲ့ ပန္းကန္လုံးငါးလုံးကို စားပြဲေပၚတင္ကာ ဘယ္ဘက္ကေနညာဘက္ထိအစဥ္လိုက္ ပင္လယ္စာဟင္းခ်ိဳခပ္ထည့္လို႔ေနတယ္။

ပန္းကန္လုံးငါးခုစလုံးထဲ ပင္လယ္စာဟင္းခ်ိဳေတြခပ္ထည့္ၿပီးခ်ိန္မွာ သူ႐ုတ္တရက္အိတ္ကပ္ထဲလက္ထည့္ၿပီး ပုလင္းအေသးစားေလးတစ္ခုကို ထုတ္ယူလိုက္တယ္။ ၿပီးေနာက္သူ႔ရဲ႕လက္မကိုသုံးကာ ပုလင္းအဖုံးကိုဖြင့္ၿပီး ထိုပုလင္းထဲကအမႈန႔္ေတြကို ပန္းကန္လုံးတစ္ခုထဲ ေလာင္းထည့္လိုက္တယ္။

ထည့္ၿပီးသြားေတာ့မွ သူ႐ုတ္ခ်ည္းအေနာက္လွည့္ကာ နင္နင့္ကိုေျပာလာတယ္။ "မင္းဘာမွမျမင္လိုက္ဘူး"

နင္နင္အားလုံးျမင္လိုက္ရတာေၾကာင့္ သူ႔ကိုေမးလိုက္တယ္။ "အဲ့ပန္းကန္ထဲဘာထည့္လိုက္တာလဲ?"

စားဖိုမႉးအိုႀကီးကသူမရဲ႕ေမးခြန္းကို ျပန္မေျဖလာပါေခ်။ အဲ့ဒီအစားသူမကိုေျပာလာတယ္။ "ငါ့ေျခေထာက္ ဘာျဖစ္လို႔ခြင္ေနလဲဆိုတာကိုမွန္းၾကည့္"

နင္နင္ေခါင္းခါလိုက္တယ္။

"ကေလးမတစ္ေယာက္ကိုကာကြယ္ေပးဖို႔အတြက္ ငါ့ေျခေထာက္ကားႀကိတ္ခံခဲ့ရတာ" စားဖိုမႉးအိုႀကီးကေျပာလာတယ္။ "အခုေတာ့အဲ့ကေလးမက အ႐ြယ္ေရာက္လာပါၿပီ၊ သူကငါ့ကို႐ြံတယ္တဲ့၊ ငါ့မွာပါကင္ဆန္ေရာဂါရွိေနတယ္တဲ့၊ သူ႔အေဖကငါ့ကိုဘာျဖစ္လို႔ အလုပ္ဆက္ခန႔္ထားတာလဲတဲ့၊ ငါ့ကိုအလုပ္ျဖဳတ္လိုက္ေတာ့တဲ့"

နင္နင္မွင္တက္သြားတယ္။

"ငါဒီအိမ္ကေနမၾကာခင္ထြက္သြားေတာ့မယ္" စားဖိုမႉးအိုႀကီးက အၿပဳံးတစ္ခုကိုထုတ္ျပလာတယ္။ "ငါမထြက္သြားခင္ သူ႔ကိုသင္ခန္းစာေပးခဲ့မွရမယ္"

သခင္ႀကီးလ်န္ရဲ႕ လူ႔သေဘာသဘာဝစာေမးပြဲ စတင္ခဲ့ၿပီပဲျဖစ္တယ္။

စားဖိုမႉးအိုႀကီးကသ႐ုပ္ေဆာင္ေနတာျဖစ္ၿပီး သူ႔ရဲ႕သ႐ုပ္ေဆာင္အရည္အခ်င္းက ျဖတ္ေလွ်ာက္သာသာေလာက္ပဲရွိတယ္။

ဒါေပမဲ့နင္နင္ကအစြမ္းကုန္ႀကိဳးစားၿပီး သူနဲ႔အလိုက္ထိုက္ လိုက္ၿပီးသ႐ုပ္ေဆာင္ရမွာျဖစ္တယ္။

သူမမီးဖိုခန္းအဝင္ဝမွာရပ္ေနကာ အထဲကိုေလွ်ာက္မဝင္သြားရဲပါေခ်။ သူမေပါ့ေပါ့ပါးပါး ၿပဳံးေနသလိုမ်ိဳး ဟန္ေဆာင္လိုက္တယ္။ "ရွင္ေနာက္ေနတာဟုတ္တယ္မလား? အဆိပ္ခတ္မယ္? စကားတစ္ခြန္းႏွစ္ခြန္းအတြက္နဲ႔?"

"ဟင့္အင္း၊ ငါ့ေျခေထာက္အတြက္" စားဖိုမႉးအိုႀကီးက သူ႔ရဲ႕ခြင္ေနတဲ့ေျခေထာက္ကို လက္ညႇိဳးထိုးျပၿပီး ေအးစက္စြာေျပာလာတယ္။

နင္နင့္မ်က္ႏွာေပၚကအၿပဳံးက ျဖည္းျဖည္းခ်င္းျပန္လည္ လြင့္ျပယ္လို႔သြားတယ္။ သူမသူ႔ကိုစိုးရိမ္ပူပန္စြာနဲ႔ ေမးလိုက္တယ္။ "ေက်းဇူးမသိတတ္တဲ့ လူတစ္ေယာက္အတြက္နဲ႔ ရွင္ဘာျဖစ္လို႔ ဒီလိုလုပ္ေနရတာလဲ၊ အဲ့လိုလူေတြက အီးေပါက္တာလိုပဲ၊ ရွင္သူတို႔ကိုလႊတ္ေပးလိုက္ရင္ ပိုၿပီးက်န္းမာတဲ့စိတ္အေျခအေနနဲ႔ ႏွစ္နည္းနည္းေလာက္ပိုၿပီး ေနႏိုင္ရင္ေနႏိုင္လိမ့္ဦးမယ္..."

စားဖိုမႉးအိုႀကီးကအံ့ဩသြားတယ္။ "ဒီကေလးမ၊ စကားကိုနည္းနည္းေတာင္ ၾကည့္မေျပာတတ္ဘူး"

"ကြၽန္မကၿမိဳ႕ေလးမွာႀကီးလာၿပီး ပညာမတတ္တဲ့လူဆိုတာကို ရွင္လည္းသိတာပဲ၊ ဘာျဖစ္လို႔စကားကို ၾကည့္ေျပာရမွာလဲ?" နင္နင္လက္ေတြကိုဆန႔္ထုတ္လိုက္တယ္။ ခုနကထိသူမမွာရွိေနတဲ့ သခင္မေလးအေရာင္အဝါ လုံးဝေပ်ာက္ကြယ္သြားကာ ဒုံးေဝးတဲ့ကေလးမေလးတစ္ေယာက္အျဖစ္ ေျပာင္းလဲသြားတယ္။ အဲ့ဒါကပဲစားဖိုမႉးအိုႀကီးကို ပိုၿပီးနီးကပ္တယ္လို႔ ခံစားရေစတယ္။

စားဖိုမႉးအိုႀကီးက ဒီတိုင္းသာမန္လူျဖစ္တယ္။ လ်န္ယြမ္ယြမ္ရဲ႕ဘဝကိုကယ္ဖို႔ သူ႔ေျခေထာက္ကိုအရႈံးေပးခဲ့ရၿပီး သခင္ႀကီးလ်န္ဆီကေန စားဖိုမႉးေခါင္းေဆာင္အေနနဲ႔ အလုပ္ခန႔္ခဲ့ရတာေတာင္ သူကအထက္တန္းစားလူတစ္ေယာက္ မဟုတ္ေသးပါေခ်။

သူေဈးႀကီးတဲ့အဝတ္အစားေတြကို ဘယ္ေလာက္ပဲဝတ္ဝတ္၊ သူ႔ရဲ႕႐ြာကေလယူေလသိမ္းကို ဘယ္ေလာက္ပဲေဖ်ာက္ပစ္ဖို႔ႀကိဳးစားစား၊ လ်န္ယြမ္ယြမ္ကသူ႔ရဲစေတးမႈကို ျဖစ္သင့္တဲ့အရာပဲလို႔ သေဘာထားေနဆဲျဖစ္တယ္။ သူမက သူမရဲ႕ေက်းဇူးေၾကာင့္သာ သူဒီအလုပ္ကိုရခဲ့တာလို႔ေတာင္ စဥ္းစားေနေသးတယ္။

အဲ့လိုမ်ိဳးအရာက အဆင့္အတန္းတူတဲ့ လူေတြၾကားမွာျဖစ္မွာမဟုတ္ေခ်။ လ်န္ယြမ္ယြမ္အဲ့လိုျဖစ္ေနတဲ့အေၾကာင္းရင္းက သူမကအထက္တန္းစားျဖစ္ၿပီး သူ႔ကိုေတာ့အိမ္ေစလို႔သာ သေဘာထားလို႔ပဲျဖစ္တယ္။

သူ႔ရဲ႕အ‌ေတြးေတြအဆုံးသတ္ၿပီးတဲ့ေနာက္မွာ သူနင္နင့္ကိုထူးဆန္းသလိုၾကည့္လာတယ္။ "မင္းဘာလုပ္ေနတာလဲ?"

သူအေတြးထဲေမ်ာေနတဲ့အခ်ိန္မွာ နင္နင္ကသူ႔ေဘးကေန ျဖတ္ေလွ်ာက္သြားၿပီး စားပြဲအေရွ႕ကိုေရာက္ေနၿပီျဖစ္တယ္။ သူမကပုလင္းေတြအမ်ားႀကီးကိုေကာက္ယူၿပီး စားဖိုမႉးအိုႀကီးအနားကို ျပန္ေလွ်ာက္လာခဲ့တယ္။ သူမေကာက္ယူခဲ့တဲ့ ပုလင္းေတြထဲမွာရွိတာက ဆား၊ င႐ုတ္အႏွစ္၊ အခ်ိဳမႈန႔္... အစရွိတာေတြပဲျဖစ္တယ္။

သူမကထိုပုလင္းထဲကအရာေတြကို တစ္ဇြန္းစီခပ္ၿပီး ဟင္းခ်ိဳပန္းကန္တစ္ခုထဲထည့္လိုက္တယ္။

"ေသဖို႔က သူ႔အတြက္အရမ္းလြယ္လြန္းတယ္" နင္နင္ဟင္းခ်ိဳကိုေမႊၿပီးေနာက္မွာ သူ႔ကိုကမ္းေပးလိုက္တယ္။ "ဒါကိုခ်ေပးလိုက္၊ ဟင္းခ်ိဳေတြ သူ႔ႏွာေခါင္းေပါက္ေန ျပန္ထြက္လာလိမ့္မယ္၊ အဲ့လိုဆိုမေကာင္းဘူးလား? အဲ့လိုပုံစံကိုရွင္မေတြ႕ခ်င္ဘူးလား? အဲ့ဒါကိုတစ္ေခါက္ျမင္ၿပီးရင္ သူ႔ကိုႏွစ္ႏွစ္ဆယ္ေလာက္ ဆက္တိုက္ေလွာင္လို႔ရမယ္ထင္တယ္ေနာ္"

စားဖိုမႉးကသူမကို အခ်ိန္တစ္ခုအထိစိုက္ၾကည့္ေနၿပီးမွ ေမးလာတယ္။ "သူကမင္းရဲ႕ၿပိဳင္ဘက္မဟုတ္လား၊ ဘာျဖစ္လို႔သူ႔ကိုကူညီေနတာလဲ?"

"ကြၽန္မသူ႔ကိုမကူညီပါဘူး၊ သူ႔ကိုေလွာင္ခ်င္႐ုံသက္သက္ပဲ" နင္နင္ဟမ့္ခနဲအသံျပဳလိုက္တယ္။ "ၿပီးေတာ့လည္း ရွင္တစ္ေယာက္ေယာက္ကိုသတ္ဖို႔ႀကံေနရင္ ဘယ္သူကဟင္းခ်က္ေတာ့မွာလဲ? ကြၽန္မဗိုက္ဆာၿပီ၊ ၾကက္သားနဲ႔မႈိႏွပ္စားခ်င္တယ္၊ ခ်က္ေပးမယ္မဟုတ္လား?"

မိနစ္အနည္းငယ္ၾကာၿပီးေနာက္မွာ သူမတို႔ႏွစ္ေယာက္ တစ္ေယာက္ခ်င္းစီ ထမင္းစားခန္းထဲျပန္ဝင္လာခဲ့ၾကတယ္။

စားဖိုမႉးအိုႀကီးဝင္လာတဲ့အခ်ိန္မွာ သူသခင္ႀကီးလ်န္ကို အၾကည့္တစ္ခ်က္ပစ္လႊတ္လိုက္တယ္။ ၿပီးေတာ့အမူအရာတစ္ခ်က္မပ်က္ဘဲ စီစဥ္ထားတဲ့ဟင္းခ်ိဳပန္းကန္ကို လ်န္ယြမ္ယြမ္ရဲ႕အေရွ႕မွာခ်လိုက္တယ္။

–အဲ့ဒီပန္းကန္က ဟင္းခပ္အေမႊးအႀကိဳင္ေတြနဲ႔ ျပည့္ႏွက္လို႔ေနတယ္: င႐ုတ္အႏွစ္၊ ဆား၊ င႐ုတ္ေကာင္း၊ အခ်ိဳ႕မႈန႔္၊ စသည္ျဖင့္။

လ်န္ယြမ္ယြမ္အဲ့ဒီဟင္းခ်ိဳကိုမေသာက္ရေသးခင္မွာ သခင္ႀကီးလ်န္ကေျပာလာတယ္။ "ငါေမ့သြားေတာ့မလို႔၊ ဆရာဝန္ေျပာတာ ငါပင္လယ္စာစားလို႔မရေသးဘူးတဲ့၊ ယြမ္ယြမ္၊ ေလာင္ခ်န္နဲ႔တူတူ မီးဖိုခန္းထဲသြားၿပီး ေဆးဖက္ဝင္ဝိုင္တစ္ပုလင္းယူလာခဲ့"

"အို႔" လ်န္ယြမ္ယြမ္မထခ်င္ထခ်င္နဲ႔ ထသြားရတယ္။

သူမထမင္းစားခန္းထဲျပန္လာတဲ့အခ်ိန္မွာ ေဆးဖက္ဝင္ဝိုင္ပုလင္းတင္မကဘူး ဝိုင္ျဖဴတစ္ပုလင္းကိုပါ ယူလာခဲ့တယ္။

အႀကီးဆုံးသားရဲ႕မ်က္လုံးေတြက ထိုဝိုင္ျဖဴပုလင္းကိုေတြ႕လိုက္ရတာနဲ႔ တလက္လက္ေတာက္ပလို႔သြားတယ္။ သူမတ္တတ္ထရပ္ၿပီး လ်န္ယြမ္ယြမ္ရဲ႕လက္ထဲကေန ဝိုင္ျဖဴပုလင္းကိုဆြဲယူကာ အဖုံးဖြင့္ရင္းနဲ႔ သခင္ႀကီးလ်န္ကိုေျပာလိုက္တယ္။ "အေဖ၊ ကြၽန္ေတာ္ဝိုင္တစ္ခြက္ငွဲ႔ေပးမယ္၊ ျမန္ျမန္ေနျပန္ေကာင္းဖို႔ ေမွ်ာ္လင့္ပါတယ္"

သခင္ႀကီးလ်န္ကဝိုင္ခြက္ကိုေဘးဖယ္ၿပီး သူ႔ကိုၿပဳံးျပလိုက္တယ္။ "မင္းငါ့ကိုေနျမန္ျမန္ျပန္ေကာင္းေစခ်င္ရင္ မေသာက္ခိုင္းသင့္ဘူး၊ က်န္တဲ့သူေတြကိုေမးလိုက္ ေသာက္မလားလို႔"

အဲ့ဒီဝိုင္ထဲမွာတစ္ခုခုပါေနတာကိုသိထားတဲ့ လ်န္ယြမ္ယြမ္က ေသခ်ာေပါက္မေသာက္ပါေခ်။ သူမျမန္ျမန္ပဲေခါင္းခါလိုက္တယ္။ "ကြၽန္မ,မေသာက္ေတာ့တာၾကာၿပီ၊ ဟင္းခ်ိဳပဲေသာက္ေတာ့မယ္"

သူမဟင္းခ်ိဳတစ္ဇြန္းအျပည့္ခပ္ယူၿပီး ေသာက္လိုက္တယ္။ ခ်က္ခ်င္းပဲသူမရဲ႕ႏွာေခါင္းေပါက္ကေန ဟင္းခ်ိဳအရည္ေတြျပန္စင္ထြက္လာခဲ့တယ္။

"အဟြတ္ အဟြတ္ အဟြတ္ အဟြတ္ အဟြတ္... ဘာေတြထည့္ထားတာလဲ?" လ်န္ယြမ္ယြမ္ မ်က္ရည္ေတြႏွပ္ေခ်းေတြနဲ႔ ေမးလိုက္တယ္။

ထမင္းစားပြဲမွာထိုင္ေနတဲ့လူေတြအကုန္လုံး သူမကို႐ြံရွာတဲ့အၾကည့္နဲ႔ ၾကည့္လာၾကတယ္။ အႀကီးဆုံးသားနဲ႔ သူ႔ရဲ႕သားက သူတို႔အေရွ႕ကဟင္းခ်ိဳပန္းကန္ေတြကို ျမန္ျမန္ပဲေဘးဖယ္လိုက္ၾကတယ္။

သခင္ႀကီးလ်န္သက္ျပင္းခ်ၿပီး ယြမ္ယြမ္အေရွ႕မွာ ေပစြန္းသြားတဲ့စားပြဲခင္းကိုၾကည့္ကာ ေျပာလိုက္တယ္။ "ဟင္းပြဲေတြမခ်ရေသးလို႔ေတာ္ေသးတယ္၊ ခ်ိန္ရွင္း၊ မီးဖိုခန္းထဲသြားၿပီး ဟင္းပြဲေတြရၿပီလားသြားၾကည့္၊ ေလာင္ခ်န္ကိုစားပြဲခင္းအသစ္တစ္ခုပါ ယူခဲ့ခိုင္းလိုက္"

"ဟုတ္ကဲ့ပါ" အႀကီးဆုံးသားကဝိုင္ျဖဴပုလင္းကိုခ်ၿပီး သူ႔ရဲ႕သားကိုေျပာလိုက္တယ္။ "လာ၊ တူတူသြားမယ္"

သခင္ႀကီးလ်န္ရဲ႕မ်က္ခုံးေတြလႈပ္သြားတာကို နင္နင္ေတြ႕လိုက္ရတယ္။ သားအဖႏွစ္ေယာက္တူတူ တစ္ၿပိဳင္တည္းသြားၾကမယ္ဆိုတာကို သူေမွ်ာ္လင့္မထားပုံေပၚတယ္။ ဒါေပမဲ့သူတို႔ႏွစ္ေယာက္ ဟင္းပြဲေတြနဲ႔ျပန္လာတာကိုေတြ႕ရတဲ့အခ်ိန္မွာ သူျမန္ျမန္ျပန္ၿပီးစိတ္ေအးသြားတယ္။

အေဖျဖစ္သူက ၾကက္သားမႈိႏွပ္ကိုသယ္လာၿပီး သားျဖစ္သူက စားပြဲခင္းအသစ္ကိုယူလာခဲ့တယ္။

စားပြဲခင္းလဲသြားၿပီးေတာ့မွ စားဖိုမႉးအိုႀကီးက အျခားဟင္းပြဲေတြကိုသယ္ယူလာခဲ့တယ္။

အႀကီးဆုံးသားက ၾကက္သားမႈိႏွပ္ဟင္းကို နင့္နင့္အေရွ႕မွာ ျမန္ျမန္ပဲခ်လိုက္တယ္။

နင္နင္ပူေလာင္ေနတဲ့ဟင္းပြဲကိုငုံ႔ၾကည့္လိုက္တယ္။

ေနာက္ကြယ္ကရည္႐ြယ္ခ်က္တစ္ခုေၾကာင့္ သူတို႔ေတြဒီစားပြဲရွည္ေပၚမွာ စားေသာက္ေနရတာျဖစ္တယ္။

စားပြဲကႀကီးလြန္းတဲ့အျပင္ ဆုံလည္လည္းမပါတာေၾကာင့္ တစ္စုံတစ္ေယာက္သာ စားပြဲရဲ႕အျခားတစ္ဖက္က ဟင္းပြဲကိုယူခ်င္ရင္ အဲ့ဒီဘက္ျခမ္းကိုထေလွ်ာက္သြားရမွာျဖစ္တယ္– ၾကားလို႔မေကာင္းသလို အျပင္မွာလုပ္ဖို႔လည္း သိပ္မသင့္ေတာ္ပါေခ်။ အဲ့ဒါေၾကာင့္လူအမ်ားစုက သူတို႔အေရွ႕မွာရွိတဲ့ဟင္းပြဲေတြကိုသာ စားေသာက္ၾကေလ့ရွိတယ္။

ဥပမာ စီစဥ္ထားတဲ့ပင္လယ္စာဟင္းခ်ိဳ၊ စီစဥ္ထားတဲ့ဝိုင္ျဖဴ၊ စီစဥ္ထားတဲ့ၾကက္သားမႈိႏွပ္။

ဇာတ္ဝင္ခန္းအမည္: <အဆိပ္>

သ႐ုပ္ေဆာင္မ်ား: နင္နင္၊ သခင္ႀကီးလ်န္၊ လ်န္သားအဖ၊ လ်န္ယြမ္ယြမ္။

လူတိုင္းကသခင္ႀကီးလ်န္ကိုသာ ၾကည့္ေနၾကၿပီး သခင္ႀကီးလ်န္ရဲ႕တူစလႈပ္ေတာ့မွ သူတို႔လည္းစတင္စားၾကေတာ့တယ္။

နင္နင္မႈိတစ္ဖက္ကို ပါးစပ္ထဲအရင္ထည့္လိုက္တယ္။

သူမဝါးေနရင္း လ်န္သားအဖႏွစ္‌ေယာက္ကိုသာ ေပါက္ထြက္မတတ္စိုက္ၾကည့္ေနတယ္။

သားအႀကီးဆုံးက ထိုဟင္းပြဲကိုနင္နင့္အေရွ႕မွာ ခ်ၿပီးကတည္းကေနစၿပီး သူမကိုထပ္မၾကည့္လာေတာ့ေခ်။ သူကသခင္ႀကီးလ်န္နဲ႔သာ စကားေျပာရင္းရယ္ေမာလို႔ေနတယ္။

သူ႔ရဲ႕သားကေတာ့ သူ႔ေလာက္မပိရိပါေခ်။ သူကနင္နင့္ကိုသာလွမ္းၾကည့္ေနၿပီး သူမကိုယ္မသူအ႐ူးလုပ္လာမွာကို ေစာင့္ဆိုင္းေနပုံေပၚတယ္။

နင္နင္ဘာမွမလုပ္ရေသးခင္မွာ လ်န္ယြမ္ယြမ္ေအာ္ေျပာလာတယ္။

"အဲ့ဒါမေသာက္လိုက္နဲ႔!!"

အႀကီးဆုံးသားလန႔္သြားတယ္။ သူေခါင္းလွည့္ကာ လ်န္ယြမ္ယြမ္ကိုၾကည့္လိုက္တယ္။ "မင္းဘာလုပ္ေနတာလဲ?"

လ်န္ယြမ္ယြမ္က သူ႔လက္ထဲကဝိုင္ခြက္ကိုဆြဲယူၿပီး ရႈပ္ေထြးတဲ့အမူအရာနဲ႔ ၾကည့္လို႔ေနတယ္။ "အစ္ကိုႀကီးဒါကိုေသာက္လို႔မရဘူး၊ ဒီဝိုင္ကအဆိပ္ခတ္ထားတာ!"

အႀကီးဆုံးသားလန႔္ျဖန႔္သြားတယ္။ "ဘာ?"

"ေတာင္းပန္ပါတယ္ အစ္ကိုႀကီး" သူမ႐ုတ္တရက္ ပါးစပ္ကိုလက္နဲ႔ကာၿပီး ငိုေႂကြးေတာ့တယ္။ "အစ္ကိုႀကီးကအစ္ကိုႀကီးဖို႔ပဲသိၿပီး ကြၽန္မကိုအ႐ူးလိုမ်ိဳး ဆက္ဆံခဲ့တယ္ဆိုေပမဲ့လည္း ဒီအ႐ူးမက အစ္ကိုႀကီးေသတာကို ဒီတိုင္းထိုင္ၾကည့္မေနႏိုင္ဘူး... အဆုံးမွာေတာ့ အစ္ကိုႀကီးက ညီမေလးရဲ႕အစ္ကိုႀကီးပဲေလ!"

အႀကီးဆုံးသား, "..."

နင္နင္ေနရာမွာသာထိုင္ကာ သူမရဲ႕ေဖ်ာ္ေျဖမႈကိုၾကည့္ေနတယ္။

သူမရဲ႕သ႐ုပ္ေဆာင္အရည္ခ်င္းက ခ်ာတူးလန္ေနလြန္းလို႔ သခင္ႀကီးလ်န္ေတာင္ ဆက္ၿပီးၾကည့္မေနႏိုင္ေတာ့ေပ။ သူကေခ်ာင္းဟန႔္လာတယ္။ "ေတာ္ေလာက္ၿပီ"

လ်န္ယြမ္ယြမ္, "အေဖ..."

သခင္ႀကီးလ်န္, "မင္းငိုေနတာ ဆယ့္ငါးမိနစ္ေလာက္ရွိေနၿပီ၊ မ်က္ရည္က်တစ္စက္မွထြက္မလာဘူး၊ မင္းရဲ႕အကူျပင္ထားေပးတဲ့ စာသားေတြလည္း အကုန္ေျပာလို႔ကုန္ၿပီမဟုတ္လား"

လ်န္ယြမ္ယြမ္, "..."

"အေဖ" အႀကီးဆုံးသားက အခုမွတစ္ခုခုလြဲေနတယ္ဆိုတာကို သတိထားမိသြားတာေၾကာင့္ အသံနိမ့္နိမ့္နဲ႔ေမးလာတယ္။ "ဘာျဖစ္ေနတာလဲ?"

"ဒီတိုင္းစမ္းသပ္ခ်က္အေသးစားေလးပဲ" သခင္ႀကီးလ်န္စိတ္လိုလက္ရၿပဳံးလိုက္တယ္။ "မင္းတို႔တစ္ေယာက္ခ်င္းစီကို အဆိတ္ခတ္ထားတဲ့ပစၥည္း တစ္ခုခ်င္းစီေပးဖို႔ ငါေလာင္ခ်န္ကိုမွာထားတာ၊ အဲ့ဒီပစၥည္းကို ထမင္းစားပြဲေပၚသယ္လာၿပီး မင္းတို႔ႀကိဳက္တဲ့လူအေရွ႕မွာခ်ဖို႔– ၿပီးရင္ အဲ့ဒီလူအဆိပ္ခတ္ထားတဲ့အရာကိုစားမွာကို မင္းတို႔ဒီတိုင္း ထိုင္ၾကည့္ေနၾကမလား၊ ဒါမွမဟုတ္ သူတို႔မစားရေသးခင္ တားၾကမလားဆိုတာကို စမ္းသပ္မလို႔"

အႀကီးဆုံးသားရဲ႕အမူအရာက ခ်က္ခ်င္းပဲဆိုး႐ြားသြားတယ္။ လ်န္ယြမ္ယြမ္ကေတာ့ ေပ်ာ္႐ႊင္လို႔ေနတယ္။

"ရွင္တို႔အားလုံးက အသည္းႏွလုံးမဲ့တဲ့လူေတြခ်ည္းပဲ၊ အထူးသျဖင့္နင္" လ်န္ယြမ္ယြမ္က နင္နင့္ကိုစိုက္ၾကည့္လာတယ္။ "ငါနဲ႔အစ္ကိုႀကီးၾကားမွာက မေျပလည္တာနည္းနည္းရွိလို႔ထားပါေတာ့၊ နင္ကက်ေတာ့ေရာ? ငါတို႔စကားေတာင္မေျပာဖူးတာကို နင္အေမြမ်ားမ်ားရဖို႔အတြက္နဲ႔ ငါ့ကိုေသေစခ်င္ေနတယ္ေပါ့ေလ?"

စားဖိုမႉးအိုႀကီးက သခင္ႀကီးလ်န္ရဲ႕နားနားကိုကပ္ၿပီး တစ္စုံတစ္ခုကိုတီးတိုးေျပာလိုက္တယ္။

သခင္ႀကီးလ်န္သက္ျပင္းခ်လိုက္တယ္။ "ထြက္သြား"

"ဟဲ့ ၾကားလား?" လ်န္ယြမ္ယြမ္ကအႏိုင္ရရွိသြားသလိုမ်ိဳး အၿပဳံးကိုတပ္ဆင္ၿပီး နင္နင့္ကိုေျပာလာတယ္။ "နင့္ကိုထြက္သြားလို႔ေျပာေနတာ!"

"မဟုတ္ဘူး" သခင္ႀကီးလ်န္က လ်န္ယြမ္ယြမ္ကိုၾကည့္လာတယ္။ "မင္း ထြက္သြား"

လ်န္ယြမ္ယြမ္ထိတ္လန႔္တဲ့အၾကည့္နဲ႔ သူ႔ကိုၾကည့္လိုက္တယ္။ "အေဖ!"

"ၿပီးေတာ့ မင္းတို႔ေရာ" သခင္ႀကီးလ်န္က သူမအေပၚကေနအၾကည့္မလႊဲဘဲ အႀကီးဆုံးသားနဲ႔ သူ႔ရဲ႕သားကိုေျပာလိုက္တယ္။ "ထြက္သြားၾက"

အႀကီးဆုံးသားက မထြက္သြားခ်င္ေပမဲ့ လ်န္ယြမ္ယြမ္လိုမ်ိဳးေတာ့ ႐ူးခါမသြားပါေခ်။ သူခ်က္ခ်င္းပဲမတ္တတ္ရပ္ၿပီး အသိစိတ္လြတ္ခါနီး လ်န္ယြမ္ယြမ္ကိုပါဆြဲကာ ထမင္းစားခန္းထဲကေန ေလွ်ာက္ထြက္သြားတယ္။ သူ႔ရဲ႕သားက အေနာက္ကေနေျပးလိုက္လာခဲ့တယ္။

"ကြၽန္မကိုလႊတ္! လႊတ္လို႔!" လ်န္ယြမ္ယြမ္တစ္လမ္းလုံး ႐ုန္းကန္လို႔ေနတယ္။

"မေတာ္ႏိုင္ေသးဘူးလား၊ မင္းရႈံးသြားၿပီ" အႀကီးဆုံးသားကေျပာလာတယ္။

"အဓိပၸာယ္မရွိတာ!" လ်န္ယြမ္ယြမ္ကသူ႔ကို‌ ေဒါသတႀကီးၾကည့္လာတယ္။ "ကြၽန္မဘယ္လိုလုပ္ရႈံးမွာလဲ? ကြၽန္မတစ္ေယာက္ပဲ၊ ကြၽန္မတစ္ေယာက္ပဲ ရွင့္ကိုအဆိပ္မစားမိေအာင္ တားခဲ့တာေလ၊ ရွင္တို႔ကအဲ့လိုမလုပ္ခဲ့ဘဲနဲ႔!"

"မင္းနားမလည္ေသးဘူးလား?" အႀကီးဆုံးသားက ေအးစက္စြာေျပာလာတယ္။ "ဒီမိသားစုထဲမွာအျပင္လူက ဘယ္သူလို႔မင္းထင္လို႔လဲ?"

လ်န္ယြမ္ယြမ္ျပန္မေျဖႏိုင္ခင္မွာပဲ သူ႔ဘာသာသူျပန္ေျဖလာတယ္။ "အဲ့ဒါကငါတို႔ပဲ"

သူအေနာက္ကပိတ္ေနတဲ့တံခါးခ်ပ္ကို ရႈပ္ေထြးတဲ့အမူအရာနဲ႔ၾကည့္လိုက္တယ္။ သူတို႔ကအျပင္ဘက္ကို ႏွင္ထုတ္ခံလိုက္ရေပမဲ့ စားဖိုမႉးအိုႀကီးကေတာ့ အဲ့အခန္းထဲမွာရွိေနေသးတယ္။

"စားဖိုမႉးေတာင္အဲ့အေၾကာင္းသိတယ္၊ ေရွ႕ေနဟြမ္လည္းသိမွာပဲ၊ အျခားသိတဲ့လူေတြလည္း ရွိၾကမွာပဲ၊ သူတို႔ကဘယ္သူေတြလဲ? သူတို႔အကုန္အျပင္လူေတြပဲေလ" အႀကီးဆုံးသားကေရ႐ြတ္လာတယ္။ "ငါတို႔နဲ႔စာရင္ အဘိုးႀကီးက သူတို႔ကိုပိုယုံတယ္၊ ငါတို႔ကိုခက္ခဲေအာင္လုပ္ဖို႔အတြက္ သူတို႔နဲ႔တိုင္ပင္တယ္၊ ဆိုေတာ့တကယ္ပဲ ဘယ္သူကအျပင္လူေတြလဲ?"

လ်န္ယြမ္ယြမ္မွင္တက္လို႔ေနတယ္။ သူမလည္းတံခါးခ်ပ္ကို ၾကည့္လိုက္တယ္။

တင္းတင္းက်ပ္က်ပ္ပိတ္ေနတဲ့ ထိုတံခါးခ်ပ္က သခင္ႀကီးလ်န္ရဲ႕ႏွလုံးသားလိုပင္။ အျပင္လူေတြဝင္လို႔ရေပမဲ့ သူတို႔လိုမ်ိဳး "မိသားစု" ကေတာ့ မရပါေခ်။

"...ငါတို႔က တရားမဝင္ေျမးမဆီမွာရႈံးသြားတာ" အႀကီးဆုံးသားက အံႀကိတ္ထားရင္းေျပာလာတယ္။ "ငါတို႔ကအဘိုးႀကီးဆီကေန မ်က္ႏွာသာရဖို႔ႀကိဳးစားေနခ်ိန္ သူကေတာ့စားဖိုမႉးဆီကေန မ်က္ႏွာသာရသြားၿပီးၿပီ"

"ဒါ- ဒါ‌ေပမဲ့ သူကစားဖိုမႉးသာသာပဲေလ..." လ်န္ယြမ္ယြမ္ထစ္ထစ္အအေျပာလာတယ္။

"အဘိုးႀကီးကသူ႔ကိုယုံတယ္ေလ" အႀကီးဆုံးသားကမတတ္ႏိုင္ဘဲ ရယ္ေမာလာတယ္။ "သူကသူ႔ရဲ႕သားသမီးေတြနဲ႔စာရင္ သူ႔ရဲ႕စားဖိုမႉးကို၊ ေရွ႕ေနကို၊ ဆရာဝန္ကိုပဲ ပိုယုံတယ္၊ ဆိုေတာ့ သူ႔ဆီကေနမ်က္ႏွာသာရလည္း ဘာထူးမွာမလို႔လဲ? အဲ့ဒီ 'အျပင္လူ'ေတြကို လိုက္ၿပီးဖားယားရင္ေတာင္ ပိုေကာင္းဦးမယ္... အဲ့ဒါကိုအရင္သေဘာေပါက္သြားတဲ့လူက အဲ့ဒီတရားမဝင္ေျမးမျဖစ္ေနမယ္လို႔ မထင္ထားမိဘူးပဲ၊ စားဖိုမႉးသူ႔ရဲ႕နားထဲတစ္ခုခုေျပာလိုက္တာနဲ႔ အဲ့အဘိုးႀကီးငါတို႔ကို‌ ကန္ထုတ္လိုက္တာကို မင္းမျမင္ဘူးလား?"

လ်န္ယြမ္ယြမ္ အခ်ိန္တစ္ခုထိ ေၾကာင္ေနမိတယ္။

ၿပီးေတာ့မွသူမ ရႈံ႕မဲ့ေနတဲ့အမူအရာနဲ႔ ေျပာလာတယ္။ "ဟင့္အင္း! ကြၽန္မတို႔မရႈံးေသးဘူး!"

သူမတံခါးခ်ပ္ကိုေအးစက္စြာၾကည့္ၿပီး ေတြးလိုက္တယ္: ဘာပဲျဖစ္ျဖစ္ သူကေသေတာ့မွာပဲ၊ ငါမရႈံးေသးဘူး!

_________________________

Comment