အခန်း ၆၁: သင့်ကိုကြည့်နေတယ်

{Unicode}

အခန်း ၆၁: သင့်ကိုကြည့်နေတယ်

အများကြီးမတွေးကြည့်ရင် အရာအားလုံးကပုံမှန်ပဲဖြစ်တယ်။

ဒါပေမဲ့တွေးကြည့်မယ်ဆိုရင်တော့ အရာအားလုံးကပုံမှန်မဟုတ်နေပေ။

ပိတ်ရက်၊ စားသောက်ဆိုင်တစ်ဆိုင်တွင်။

"မင်းဘာစားချင်လဲ?" ဖေရွှမ်ကမီနူးကိုလှန်လိုက်တယ်။

"ဘာပဲဖြစ်ဖြစ်ရပါတယ်" နင်နင်ရှက်ရွံ့စွာနဲ့ခေါင်းငုံ့ထားတယ်။ သူ့အရှေ့မှာသူမက နာခံတတ်တဲ့ကျောင်းသူတစ်ယောက်လိုပင်။ သူမဒူးနှစ်ဖက်ကိုစေ့ထားကာ ပေါင်ပေါ်မှာလက်တင်လို့ထားတယ်။

ဖေရွှမ်ကသူမကိုအပြုံးတစ်ခုနဲ့ကြည့်လာတယ်။ ပြီးတော့စားပွဲထိုးကိုပြောလိုက်တယ်။ "ကြက်သားအစပ်ရယ်၊ ငါးစွပ်ပြုတ်ရယ်၊ မီးမျှင်းမျှင်းနဲ့ချက်ထားတဲ့ငရုတ်သီးကြော်ရယ်၊ ပြီးတော့ ချဉ်စပ်ဂျုံခေါက်ဆွဲတစ်ပွဲရယ်ပေးပါ... ရတယ်ဟုတ်?"

နင်နင်ပြုံးကာခေါင်းညိတ်လိုက်တယ်။ ဒါပေမဲ့သူမရဲ့နှလုံးသားကတော့ ကျွံဝင်နေပြီဖြစ်တယ်။

ယွင်လင်ကအစပ်မစားဘဲနဲ့အသက်မရှင်နိုင်တဲ့လူမျိုးဖြစ်တယ်။

အဲ့ဒါကိုနင်နင်အစတုန်းကမသိခဲ့ဘဲ လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့နေ့လည်စာထွက်စားတဲ့အချိန်မှသာ သိခဲ့ရတာဖြစ်တယ်။ သူမရဲ့လုပ်ဖော်ကိုင်ဖက်ကအံ့ဩစွာနဲ့မေးလာခဲ့တယ်။ "နင်အကြိုက်တွေပြောင်းသွားတာလား? ထမင်းထဲငရုတ်သီးမထည့်တော့ဘူးလား?"

သူမကထမင်းဖြူပေါ်မှာ ငရုတ်သီးဆီဆမ်းပြီးတော့စားတဲ့လူမျိုးပဲ။

...အဲ့ဒါကိုဖေရွှမ်ကဘယ်လိုလုပ်ပြီးတော့သိနေတာလဲ? သူမကိုသူအစောကြီးကတည်းကသိနေခဲ့တာလား? ဒါမှမဟုတ် သူစုံစမ်းခဲ့တာလား?

ပထမဆုံးကြက်သားအစပ်ကို နင်နင်မြည်းကြည့်လိုက်တယ်။ သူမရဲ့အကြည့်တွေက ဖေရွှမ်အပေါ်မှာသာရစ်ဝဲလို့နေတယ်။ 

သိပ့်မကြာခင်မှာပဲ သူကအစပ်မစားနိုင်ဘူးဆိုတာကို နင်နင်သိလိုက်ရတယ်။ သူစပ်လွန်းတာကြောင့်ရေခွက်ကိုမော့သောက်လာတယ်။ အဲ့အချိန်မှာသူမမေးလိုက်တယ်။ "ရှင်အစပ်မကြိုက်ဘူးလား?"

"စားတော့စားပါတယ်" ဖေရွှမ်ရဲ့နှုတ်ခမ်းတွေနီရဲနေကာ ရေနောက်တစ်ခွက်မော့လိုက်တယ်။

"ကျွန်မကတော့အစပ်နည်းနည်းကြိုက်တယ်" နင်နင်ကတကယ်တမ်းတော့ အစပ်ကိုလုံးဝမုန်းတဲ့သူဖြစ်တယ်။ ဒါပေမဲ့အခုအချိန်မှာတော့ သူမကြက်သားအစပ်နဲ့ ငရုတ်သီးဆီရွှဲနေအောင်ဆမ်းထားတဲ့ထမင်းဇွန်းအမောက်ကို အမူအရာတစ်ချက်တောင်မပျက်ဘဲ ပါးစပ်ထဲသွပ်ထည့်လိုက်တယ်။ မသိရင်သူမကယွင်လင်အစစ်အတိုင်းပင်။ 

သူမထမင်းထဲငရုတ်သီးဆီထပ်ထည့်ကာ သူ့ကိုစနောက်သလိုမျိုးမေးလိုက်တယ်။ "ဒီဟင်းတွေကကျွန်မအကြိုက်ပဲ၊ မဟုတ်မှလွဲ ရှင်ကျွန်မအကြိုက်ကိုသိနေတာလား?"

"ယန့်ချင်ကိုယ့်ကိုပြောဖူးတာပါ" ဖေရွှမ်ပြုံးရင်းနဲ့ပြောလာတယ်။ "မင်းနဲ့သူနဲ့ကအချစ်ဆုံးသူငယ်ချင်းတွေလို့ သူကိုယ့်ကိုပြောဖူးတယ်"

လက်ခံနိုင်လောက်တဲ့ဆင်ခြေပဲ။

ဒါပေမဲ့သေသေချာချာစဉ်းစားကြည့်မယ်ဆိုရင် ကြားလို့တော့သိပ်မကောင်းလှပေ...

တကယ်ပဲဘယ်လိုလူမျိုးက သူ့ဇနီးဆုံးသွားတာနဲ့ သူ့ဇနီးရဲ့အချစ်ဆုံးသူငယ်ချင်းကိုလာပိုးပန်းနေမှာလဲ?

"...ရှင်ယန့်ချင်ကိုချစ်ခဲ့လား?" နင်နင်ရုတ်တရက်မေးလိုက်တယ်။

ဖေရွှမ်ကအချိန်တစ်ခုကြာတဲ့အထိ တိတ်ဆိတ်လို့နေတယ်။ ဟင်းပွဲတွေအကုန်လုံးရောက်လာမှသာ သူပြုံးလာတယ်။ အဲ့ဒီအပြုံးမှာဝမ်းနည်းမှုနဲ့ စိတ်သက်သာရာရမှုတွေရောပြွန်းလို့နေတယ်။

"ကိုယ်သူ့ကိုချစ်ခဲ့ဖူးတယ်" သူပြောလာတယ်။

"...အိုး" နင်နင်ခေါင်းကိုဖြည်းဖြည်းချင်းငုံ့လိုက်တယ်။

"...ကိုယ်လည်းယောက်ျားသားပဲ၊ အလှအပနောက်လိုက်မိတဲ့အချိန်တွေရှိခဲ့ဖူးတာပေါ့" လက်ဖဝါးအကြီးကြီးက နင်နင်ရဲ့လက်ဖမိုးပေါ်ကိုအုပ်မိုးလာတယ်။ သူမခေါင်းမော့လိုက်တဲ့အချိန်မှာ နူးညံ့ညင်သာတဲ့အပြုံးနဲ့သူမကိုကြည့်နေတဲ့ဖေရွှမ်ကိုတွေ့လိုက်ရတယ်။ "ဒါပေမဲ့အခုတော့ကိုယ်နားလည်လိုက်ပြီ၊ မယုံကြည်ရတဲ့လူမျိုးနဲ့စာရင် နူးညံ့ပြီးယုံကြည်နိုင်တဲ့လူမျိုးကိုပဲ ကိုယ်လိုအပ်နေခဲ့တာ... ကိုယ်မင်းကိုလိုအပ်နေတာ"

စားပြီးသောက်ပြီးနောက်မှာ ဖေရွှမ်ကနင်နင့်ကိုကျောင်းဆောင်ဆီပြန်ပို့ပေးလာတယ်။

"မင်းရဲ့မျက်နှာနီနေပြီ" ဖေရွှမ်ကရယ်မောရင်းနဲ့ပြောလာတယ်။

နင်နင်ရှက်ရွံ့စွာနဲ့ခေါင်းငုံ့ချလိုက်တယ်။ သူမဆံပင်ကိုနားရွက်နောက်သိမ်းကာ သူမရဲ့ရှက်သွေးဖြာနေတဲ့ပါးပြင်ကိုအထင်းသားဖော်ပြလိုက်တယ်။

တကယ်တော့သူမငရုတ်သီးတွေစားများပြီး မျက်နှာနီနေတာဖြစ်တယ်။ ဒါပေမဲ့အဲ့ဒီလိုနီနေတာက သူမရဲ့လောလောဆယ်အမူအရာနဲ့လိုက်ဖက်ညီနေကာ သူမကိုရူးရူးမူးမူးအချစ်နွံထဲနစ်နေတဲ့ မိန်းကလေးငယ်တစ်ယောက်အဖြစ်ထင်ရစေတယ်။

...သူမဝတ်စားထားပုံအရဆိုရင်တော့ ရူးရူးမူးမူးအချစ်နွံထဲနစ်နေတဲ့ အန်တီကြီးလို့လည်းပြောလို့ရပေမဲ့ပေါ့။

နှုတ်ဆက်တဲ့အချိန်မှာ သူကသူမကိုပွေ့ဖက်လာတယ်။

အခုကနွေရာသီအားလပ်ရက်ဖြစ်တာကြောင့် ကျောင်းဝင်းထဲမှာဘတ်စကတ်ဘောကစားဖို့ရောက်နေတဲ့ ကျောင်းသားအချို့ကလွဲရင် အခြားလူတွေသိပ်မရှိ‌ပေ။ ဒါပေမဲ့နင်နင်ရဲ့ခန္ဓာကိုယ်ကတောင့်တင်းသွားကာ သူ့ကိုတွန်းရင်းနဲ့တီးတိုးပြောလိုက်တယ်။ "မလုပ်ပါနဲ့၊ သူများတွေမြင်ကုန်လိမ့်မယ်"

"နည်းနည်းထပ်ပြီးတော့" သူကသူမကိုတင်းကျပ်စွာပွေ့ဖက်လို့နေတယ်။ မသိရင်သူမရဲ့ဘဝတစ်ခုလုံးကို စုပ်ယူပစ်ချင်နေသလိုမျိုးပင်။ ခဏလောက်နေတော့မှ သူလက်မောင်းတွေကိုဖြေလျော့ပေးကာ သူမကိုနူးညံ့စွာပြုံးပြလာတယ်။ "မနက်ဖြန်တနင်္ဂနွေနေ့ ကိုယ်မင်းကိုလာခေါ်မယ်"

သူထွက်ခွာသွားတာကိုကြည့်ရင်းနဲ့ နင်နင်မနေနိုင်ဘဲသူမကိုယ်သူမပွေ့ဖက်ကာ လက်မောင်းတွေကိုပွတ်လိုက်မိတယ်။ သူမရဲ့ခန္ဓာကိုယ်ကို မြွေတစ်ကောင်ရစ်ပတ်သွားသလိုခံစားချက်မျိုးက အရမ်းကိုနေရထိုင်ရအဆင်မပြေပါချေ။

<ယွင်လင်>ရုပ်ရှင်မှာသရုပ်ဆောင်ရတဲ့အခက်ခဲဆုံးအပိုင်းက နင်နင်ရဲ့ခံစားချက်အစစ်အမှန်တွေပဲဖြစ်တယ်။ သူမရဲ့ခံစားချက်တွေက သူမသရုပ်ဆောင်ရမယ့်ခံစားချက်တွေနဲ့ လုံးဝကိုဆန့်ကျင်ဘက်ဖြစ်လို့နေတယ်။

ဒီလူကတစ်ခုခုပဲဆိုတာကိုသူမသိနေပေမဲ့ သူ့ကိုအရူးအမူးစွဲလမ်းနေသလိုမျိုး သူမသရုပ်ဆောင်နေရတယ်။ အဲ့ဒါအပြင် သူခြယ်လှယ်တဲ့ပုံစံအတိုင်း ဖြည်းဖြည်းချင်းကြွေဆင်းနေသလိုမျိုးလည်း သူမသရုပ်ဆောင်ရသေးတယ်။ အမှန်အတိုင်းပြောရရင် အဲ့ဒီခံစားချက်ကတကယ်ရွံဖို့ကောင်းတယ်။ ဒါပေမဲ့အဲ့ဒါတွေကို သူမမျက်နှာပေါ်မှာမပေါ်အောင်ဖိနှိပ်နေရပြီး မျက်လုံးထဲကအရိပ်အဖြစ်တောင်မပေါ်သွားအောင်ဖုံးကွယ်ထားရတယ်။

သူမလက်မောင်းပေါ်ကကြက်သီးမွေးညင်းတွေပျောက်သွားအောင်ပွတ်သပ်လိုက်ပြီး နင်နင်အဆောင်ရှိရာကိုပြန်လာခဲ့တယ်။ မနက်ဖြန်ကျရင်သူရောက်မလာပါစေနဲ့လို့ နင်နင်ဆုတောင်းနေမိတယ်။

ဒါပေမဲ့သူရောက်လာဆဲပဲဖြစ်တယ်။

သူကလက်တစ်ဖက်နဲ့လီလီပန်းစည်းကိုကိုင်ထားကာ အခြားလက်တစ်ဖက်နဲ့မနက်စာကိုကိုင်ထားပြီး အဆောင်အရှေ့မှာရပ်လို့နေတယ်။

"မနက်စာအရင်စားရအောင်" သူကမနက်စာထုပ်ကိုနင်နင့်ကိုလှုပ်ယမ်းပြလာတယ်။

သူကအရမ်းကိုသဘောထားကြီးနေတယ်။ သူဝယ်လာခဲ့တာကမနက်စာနှစ်မျိုးဖြစ်တယ်– တစ်မျိုးကနင်နင်အတွက်ဖြစ်ပြီး နောက်တစ်မျိုးလီဖင်းဖင်းအတွက်ဖြစ်တယ်– ဒါပေမဲ့အဲ့ဒီမနက်စာက သူမတို့နှစ်ယောက်လုံးအတွက်မြိုချဖို့ခက်ခဲလို့နေတယ်။ 

နင်နင်ကငရုတ်သီးအစာသိပ်ထားတဲ့ပေါက်စီကို ပါးစပ်ထဲမဝင်,ဝင်အောင်သွပ်ထည့်နေရတယ်။ လီဖင်းဖင်းကတော့စားရင်းနဲ့ သူမတို့နှစ်ယောက်ကိုသာ ပေါက်ထွက်မတတ်စိုက်ကြည့်လို့နေတယ်။ မသိရင်နင်နင့်ကိုကြိတ်ချေပြီး ပေါက်စီထဲအစာသွပ်ချင်နေတဲ့ပုံပင်။

"နင်ဒီနေ့ပြန်လာမှာလား?" လီဖင်းဖင်းကထွက်သွားဖို့ပြင်နေတဲ့နင်နင့်ကိုမေးလာတယ်။ "ညအရမ်းနောက်မကျဘူးမလား?"

"နောက်မကျဘူး" နင်နင်လီဖင်းဖင်းကိုစိတ်ထဲကနေကျေးဇူးတင်လိုက်တယ်။ သူမဒီနေ့အဆောင်ပြန်လာဖို့ ဆင်ခြေတစ်ခုရပြီဖြစ်တယ်။ "ညစာစားပြီးတာနဲ့ပြန်လာခဲ့မယ်၊ တံခါးသော့မခတ်ထားနဲ့နော်"

လီဖင်းဖင်းကသူမကိုထူးထူးဆန်းဆန်းအပြုံးနဲ့ပြုံးပြကာ နှုတ်ဆက်လာတယ်။

ဖေရွှမ်ရဲ့ကားကအဆောက်အအုံတစ်ခုရှေ့မှာရပ်ထားတာဖြစ်တယ်။ သူကနင်နင့်အတွက်ကားတံခါးဖွင့်ပေးပြီး ဘေးကယာဉ်မောင်းထိုင်ခုံမှာဝင်ထိုင်လာတယ်။

"ကျွန်မတို့ဘယ်သွားကြမှာလဲ?" နင်နင်ထိုင်ခုံခါးပတ်ပတ်ရင်းနဲ့သူ့ကိုမေးလိုက်တယ်။

"ကိုယ့်အိမ်ကို" ဖေရွှမ်ပြန်ဖြေလာတယ်။

နင်နင်ကြက်သေသေသွားတယ်။ သူမခေါင်းလှည့်ကာသူ့ကိုကြည့်လိုက်တယ်။ သူမပဲထင်ယောင်ထင်မှားဖြစ်နေတာလားမသိပေမဲ့ နောက်ကြည့်မှန်ပေါ်မှာထင်ဟပ်နေတဲ့ သူ့ရဲ့မျက်နှာတစ်ခြမ်းကအေးစက်နေကာ မြွေတစ်ကောင်ရဲ့အကြေးခွံလိုမျိုးအရောင်လက်လို့နေတယ်။

ကားစက်နှိုးသံထွက်ပေါ်လာကာ နင်နင်မျက်တောင်မြန်မြန်ခတ်လိုက်တယ်။ အဲ့ဒါကသူမစိတ်လှုပ်ရှားရင်လုပ်တတ်တဲ့အကျင့်တစ်ခုဖြစ်တယ်။

"ဘာဖြစ်လို့ရုတ်တရက်ကြီး... ရှင်တို့အိမ်ကိုခေါ်သွားနေတာလဲ?" နင်နင်မေးလိုက်တယ်။

"အဲ့ဒါအခုကိုယ့်အိမ်ဖြစ်သွားပြီ" ဖေရွှမ်ကကားမောင်းရင်းနဲ့ မရေမရာပြန်ဖြေလာတယ်။ "နောက်ကျရင်မင်းရဲ့အိမ်ဖြစ်လာလိမ့်မယ်"

နင်နင်ရှက်သလိုနဲ့ခေါင်းငုံ့လိုက်တယ်။ ဒါပေမဲ့သူမရဲ့အတွေးထဲမှာပြောနေမိတာက- တစ်ခုခုဖြစ်သွားပါစေ! ဘာပဲဖြစ်ဖြစ်တစ်ခုခုဖြစ်လာပါစေ! ကားဆီကုန်သွားတာဖြစ်ဖြစ်၊ ကားတိုက်တာဖြစ်ဖြစ်– ဟင့်အင်း...ကျောင်းအုပ်ကြီး မြန်မြန်ဖုန်းဆက်လာပေးပါ! ကျောင်းကိုစောဖွင့်တော့မယ်လို့ ဖုန်းဆက်ပြောပေးပါ!

ဘာမှဖြစ်မလာခဲ့ချေ။ 

ကားကအန္တရာယ်ကင်းကင်းနဲ့ ခြံဝင်းလှလှလေးအရှေ့မှာရပ်တန့်သွားတယ်။

"စိတ်မပူနဲ့" နင်နင်သူမကိုယ်သူမတွေးလိုက်တယ်။ "ငါအပြင်ထွက်လာတာကို လီဖင်းဖင်းတွေ့လိုက်တာပဲ၊ အဲ့ဒါကြောင့်ဘာမှဖြစ်မှာမဟုတ်ဘူး၊ ငါသာတစ်ခုခုဖြစ်သွားရင် သက်သေထွက်ဆိုပေးမယ့်သူရှိသေးတယ်"

သူမအဲ့လိုတွေးပြီးတဲ့နောက်မှာ အများကြီးပိုစိတ်သက်သာရာရသွားတယ်။ သူမဘေးကကားတံခါးပွင့်ဟလာပြီး ဖေရွှမ်ကသူမကိုပြုံးပြလာတယ်။ "ဆင်းလို့ရပြီ"

သူတို့နှစ်ယောက်အတူတူအိမ်ထဲဝင်လာခဲ့တယ်။ အဲ့ဒါကသာမန်အနောက်တိုင်းပုံစံ လုံးချင်းအိမ်လေးဖြစ်တယ်။ မီးလင်းဖို၊ ဥရောပစတိုင်ဆိုဖာ၊ ပြင်သစ်ပြတင်းပေါက်၊ ဒါပေမဲ့ နံရံပေါ်မှာပန်းချီကားတွေမရှိဘဲ ဓာတ်ပုံတွေအစီအရီရှိလို့နေတယ်။

နင်နင်ဓာတ်ပုံဘောင်တစ်ခုရှေ့မှာရပ်လိုက်တယ်။ ဓာတ်ပုံထဲမှာရှိတာက မိန်းမလှလေးတစ်ယောက်ဖြစ်တယ်။ သူမကပန်းပွင့်ရိုက်ဂါဝန်ကိုဝတ်ဆင်ထားပြီး သူမရဲ့ဆံခွေတွေကလှလှပပကွေးကောက်လို့နေတယ်။ အဲ့ဒီလိုအဝတ်အစားမျိုးကမဝတ်တတ်ရင် တောသူမပုံစံပေါက်စေနိုင်ပေမဲ့ သူမကတော့နတ်သမီးလေးတစ်ပါးလို လင်းလက်တောက်ပလို့နေတယ်။

"ယန့်ချင်ချိတ်ထားတာလေ" ဖေရွှမ်ကသူမအနောက်ကနေပြောလာတယ်။ "ဒီအိမ်တစ်ခုလုံးကို သူ့ပုံတွေနဲ့ဖြည့်ချင်ခဲ့တာတဲ့"

သူဘာမှမပြောခဲ့ရင်တောင်‌တော်ဦးမယ်။ သူပြောလိုက်မှ နင်နင်တစ်ကိုယ်လုံးမှာ ကြက်သီးမွေးညင်းတွေထလာခဲ့တယ်။

ဓာတ်ပုံဘောင်တွေထဲကအမျိုးသမီးက သူမကိုမျက်တောင်ခတ်ပြလာသလိုတောင်ခံစားလာရတယ်။

"လာ အိမ်ထဲလိုက်ပတ်ပြမယ်" ဖေရွှမ်ကသူမရဲ့ပုခုံးတွေအပေါ်လက်တင်ကာ တစ်နေရာဆီခေါ်ဆောင်လာခဲ့တယ်။ သူမအနောက်ကနေ သူ့ရဲ့ရယ်မောသံထွက်ပေါ်လာတယ်။ "မင်းမကြိုက်ရင် ကိုယ်အဲ့ဒါတွေအကုန်လုံးဖြုတ်ချပေးမယ်လေ... ပြီးတော့မင်းရဲ့ဓာတ်ပုံတွေနဲ့အစားထိုးလိုက်မယ်"

"အဲ့လိုမလုပ်ပါနဲ့" နင်နင်ပျာယာခတ်စွာပြောလိုက်တယ်။ "ကျွန်မကသူ့လောက်မှမလှတာ၊ ကျွန်မပုံတွေချိတ်ထားရင် ကြည့်ကောင်းမှာမဟုတ်ဘူး"

"ဟင့်အင်း" ဖေရွှမ်ကအပြုံးနဲ့ပြောလာတယ်။ "မင်းရဲ့မျက်ဝန်းတွေကသူ့ထက်အများကြီးပိုလှတယ်၊ ကိုယ်မင်းဆီကနေစိုက်ကြည့်ခံရတာကိုသဘောကျတယ်"

"မသိရင်ရှင်က ကျွန်မမျက်လုံးတွေကိုပဲကြိုက်တဲ့အတိုင်းပဲ" နင်နင်ခေါင်းလှည့်ကာသူ့ကိုကြည့်လိုက်တယ်။

"ဟင့်အင်း၊ ကိုယ်မင်းရဲ့အရာအားလုံးကိုသဘောကျတယ်" သူကပြုံးလို့နေတယ်။ ဒါပေမဲ့သူပြောတာကအမှန်တွေဟုတ်ရဲ့လား?

နင်နင်သူ့နောက်ကနေလိုက်ပြီး အိမ်ကိုလိုက်ပတ်ကြည့်လိုက်တယ်။ အပေါ်ထပ်ပဲဖြစ်ဖြစ် အောက်ထပ်ပဲဖြစ်ဖြစ် အိမ်တစ်အိမ်လုံးကသူမကို အရမ်းရင်းနှီးတဲ့ခံစားချက်မျိုးပေးစွမ်းနေတယ်။ ဒါပေမဲ့အဲ့ဒီခံစားချက်ကဘယ်ကနေလာတာလဲ? အခန်းတစ်ခန်းရဲ့တံခါးကိုဖွင့်လိုက်တဲ့အချိန်မှာ နင်နင်အဖြေကိုသိလိုက်ရတယ်။

အဲ့ဒါကမင်္ဂလာအိပ်ခန်းဆောင်ပဲ။

နံရံပေါ်မှာပျော်ရွှင်မှုဆိုတဲ့စကားလုံးရှိနေတယ်။ ခေါင်းအုံးတွေပေါ်မှာလည်းရှိနေတယ်။

အိပ်ရာပေါ်မှာတော့ သတို့သားရော သတို့သမီးရောရှိမနေပါချေ။

ဒါက <အိပ်ရာဝင်ကြင်ဖော်> ရဲ့ပိုစတာပေါ်ကအခန်းပဲ!

"ယန့်ချင်ကဒီအိမ်ကိုရွေးခဲ့တာလေ၊ ဒီအိမ်ကိုဝယ်ပြီးတော့သူကြိုက်တဲ့ပုံစံအတိုင်းပဲအလှဆင်ခဲ့တာ... အား တောင်းပန်ပါတယ်" ဖေရွှမ်ကိုယ်လှည့်ကာသူမကိုပြုံးပြလာတယ်။ "ကိုယ်သူ့နာမည်ကိုမပြောလိုက်သင့်ဘူး၊ မင်းစိတ်ဆိုးသွားလား?"

မိန်းမတစ်ယောက်ရဲ့နာမည်ကို အခြားမိန်းမတစ်ယောက်အရှေ့မှာထုတ်ပြောလာတယ်။ နင်နင်ကသေချာပေါက် သဝန်တိုတဲ့ပုံပြရမှာဖြစ်တယ်။ 

ပြီးတော့သူမမြန်မြန် သဘောထားကြီးချင်ယောင်‌ဆောင်လိုက်တယ်။ "ဘာမှမဖြစ်ပါဘူး၊ ယန့်ချင်ဘာဖြစ်သွားတာလဲဆိုတာကို ကျွန်မရှင့်ဆီကနေလည်းကြားချင်သေးတယ်၊ သူ့အဖြစ်အပျက်ကအရမ်းရုတ်တရက်ဆန်လွန်းတယ်၊ ကျွန်မလုံးဝမမျှော်လင့်ထားခဲ့မိဘူး..."

နင်နင်ခေါင်းငုံ့ကာသက်ပြင်းချလိုက်တယ်။

"ဟုတ်တယ်" ဖေရွှမ်လည်းသက်ပြင်းချကာ အခန်းကိုဝိုက်ကြည့်လိုက်တယ်။ "သူအဲ့လိုရုတ်တရက်ကြီးသေသွားမယ်လို့ကိုယ်မထင်ထားခဲ့ဘူး..."

နင်နင်မျက်လုံးတွေကိုမှိတ်ကာတွေးလိုက်တယ်: သူသေသွားတာဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

ယန့်ချင်က <အိပ်ရာဝင်ကြင်ဖော်> ရုပ်ရှင်ရဲ့အဓိကဇာတ်ကောင်ဖြစ်တယ်။ သူမသာသေသွားပြီဆိုရင် ရုပ်ရှင်လည်းဇာတ်သိမ်းပြီးနေလောက်ပြီ။

ရုပ်ရှင်ဇာတ်မသိမ်းသေးတာ၊ နင်နင်ဒီနေရာမှာရပ်နေနိုင်သေးတာက ယန့်ချင်အခုထိအသက်ရှင်နေသေးတယ်လို့ဆိုလိုတာပဲ။ သူမကဒီအိမ်ထဲမှာတောင် သူတို့ကိုစိုက်ကြည့်နေနိုင်တယ်။

ဟုတ်တယ်။

နင်နင်မျက်လုံးတွေဖွင့်ကာ အဖြူရောင်စုံတွဲအိပ်ရာကိုကြည့်လိုက်တယ်။

သူမဒီနေရာမှာပုန်းနေနိုင်တယ်။ အခန်းမီးပိတ်ပြီး အိပ်ရာပေါ်မှာလှဲလျောင်းလာမယ့်တစ်စုံတစ်ယောက်ကို တိုးညင်းစွာတေးသီဆိုပြဖို့အတွက် စောင့်နေနိုင်တယ်။

"သင့်ကိုကြည့်နေတယ်၊ အိပ်ရာဝင်ကြင်ဖော်"

ဖေရွှမ်သူမကိုဘယ်လောက်ပဲသိမ်းသွင်းသွင်း နင်နင်ညစာမစားဘဲ အဲ့ဒီအိမ်ကနေထွက်လာခဲ့တယ်– ခံစားချက်မကောင်းဘူး။ သူမသူ့ကိုမငြင်းခင် ဆင်ခြေတစ်ခုကိုကြိုတင်ပြင်ဆင်ထားခဲ့တယ်။ "ကျွန်မအခုမပြန်ရင် လူတွေမကောင်းပြောကြလိမ့်မယ်"

သူမကိုဘယ်လိုမှပြောလို့မရတာကြောင့် ဖေရွှမ်လည်းသူမကိုကျောင်းကိုသာပြန်လိုက်ပို့နိုင်တယ်။

နင်နင်ကားပေါ်ကနေဆင်းကာ အဆောင်ခန်းရှိရာကိုလျှောက်လာခဲ့တယ်။ အခန်းတစ်ခုလုံးမည်းမှောင်လို့နေတယ်။ နင်နင်မီးဖွင့်လိုက်တော့ အထဲမှာလီဖင်းဖင်းရှိမနေတာကိုတွေ့လိုက်ရတယ်။

သူမနံရံပေါ်ကနာရီကိုကြည့်လိုက်တော့ ညရှစ်နာရီခွဲသာရှိသေးတယ်။ သူမသင်ရိုးစာအုပ်ကိုဖတ်ကြည့်ဖို့ကြိုးစားပေမဲ့ ခုနတုန်းကအားအင်အရမ်းသုံးခဲ့ရလို့လားမသိ သူမထပ်ခါတလဲလဲသမ်းဝေလို့သာနေတယ်။

"ထားလိုက်တော့ ရေချိုးပြီးအိပ်တော့မယ်" သူမကိုယ်သူမပြောလိုက်တယ်။ "မနက်ဖြန်မနက်ကျမှဆက်ဖတ်တာပေါ့"

သူမရေချိုးဆေးကြောပြီးနောက် အခန်းမီးပိတ်ကာအိပ်ရာပေါ်တက်ပြီး သိပ်တောင်မကြာဘဲအိပ်ပျော်သွားတယ်။

နံရံကပ်နာရီလက်တံတွေကည၁၂နာရီရောက်တဲ့အထိ ဖြည်းဖြည်းချင်းရွေ့လျားလို့နေတယ်။ သူမရဲ့အခန်းတံခါးဖြည်းညင်းစွာပွင့်ဟလာတယ်။

အစကသူမ,အိပ်ရင်းနဲ့ထင်ယောင်ထင်မှားဖြစ်နေတာလို့ထင်ခဲ့ပေမဲ့ ခဏအကြာမှာ သူမရဲ့နံဘေးမှာတစ်စုံတစ်ယောက်အသက်ရှူနေတဲ့အသံကို နီးကပ်စွာကြားလာရတယ်။ အရမ်းနီးလွန်းတယ်... မသိရင်သူမရဲ့ခေါင်းအုံးနံဘေးမှာလူတစ်ယောက်ရှိနေသလိုပင်။

နင်နင်မျက်လုံးတွေဖွင့်ကာ အရှေ့ကနံရံကိုစိုက်ကြည့်လိုက်တယ်။

သူမကဘေးစောင်းအိပ်နေတာကြောင့် အသက်ရှူသံကသူမရဲ့လည်ပင်းအနောက်ကနေ ထွက်ပေါ်လာလို့နေတယ်။

သူမအနောက်လှည့်ကြည့်သင့်လား?

နင်နင်စိတ်ထဲမှာအချိန်အကြာကြီးရုန်းကန်နေပြီးမှ ကိုယ်ကိုလှည့်လိုက်တယ်။

သူမရဲ့ခေါင်းအုံးပေါ်မှာ လူတစ်ယောက်လှဲလျောင်းနေတယ်။ အဲ့ဒီလူကဆံပင်ခွေခွေနဲ့ ပန်းပွင့်ရိုက်ဂါဝန်ကိုဝတ်ဆင်ထားကာ သူမကိုပြန်ကြည့်လာခဲ့တယ်။

___________________________

{Zawgyi}

အခန္း ၆၁: သင့္ကိုၾကည့္ေနတယ္

အမ်ားႀကီးမေတြးၾကည့္ရင္ အရာအားလုံးကပုံမွန္ပဲျဖစ္တယ္။

ဒါေပမဲ့ေတြးၾကည့္မယ္ဆိုရင္ေတာ့ အရာအားလုံးကပုံမွန္မဟုတ္ေနေပ။

ပိတ္ရက္၊ စားေသာက္ဆိုင္တစ္ဆိုင္တြင္။

"မင္းဘာစားခ်င္လဲ?" ေဖ႐ႊမ္ကမီႏူးကိုလွန္လိုက္တယ္။

"ဘာပဲျဖစ္ျဖစ္ရပါတယ္" နင္နင္ရွက္႐ြံ႕စြာနဲ႔ေခါင္းငုံ႔ထားတယ္။ သူ႔အေရွ႕မွာသူမက နာခံတတ္တဲ့ေက်ာင္းသူတစ္ေယာက္လိုပင္။ သူမဒူးႏွစ္ဖက္ကိုေစ့ထားကာ ေပါင္ေပၚမွာလက္တင္လို႔ထားတယ္။

ေဖ႐ႊမ္ကသူမကိုအၿပဳံးတစ္ခုနဲ႔ၾကည့္လာတယ္။ ၿပီးေတာ့စားပြဲထိုးကိုေျပာလိုက္တယ္။ "ၾကက္သားအစပ္ရယ္၊ ငါးစြပ္ျပဳတ္ရယ္၊ မီးမွ်င္းမွ်င္းနဲ႔ခ်က္ထားတဲ့င႐ုတ္သီးေၾကာ္ရယ္၊ ၿပီးေတာ့ ခ်ဥ္စပ္ဂ်ဳံေခါက္ဆြဲတစ္ပြဲရယ္ေပးပါ... ရတယ္ဟုတ္?"

နင္နင္ၿပဳံးကာေခါင္းညိတ္လိုက္တယ္။ ဒါေပမဲ့သူမရဲ႕ႏွလုံးသားကေတာ့ ကြၽံဝင္ေနၿပီျဖစ္တယ္။

ယြင္လင္ကအစပ္မစားဘဲနဲ႔အသက္မရွင္ႏိုင္တဲ့လူမ်ိဳးျဖစ္တယ္။

အဲ့ဒါကိုနင္နင္အစတုန္းကမသိခဲ့ဘဲ လုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္နဲ႔ေန႔လည္စာထြက္စားတဲ့အခ်ိန္မွသာ သိခဲ့ရတာျဖစ္တယ္။ သူမရဲ႕လုပ္ေဖာ္ကိုင္ဖက္ကအံ့ဩစြာနဲ႔ေမးလာခဲ့တယ္။ "နင္အႀကိဳက္ေတြေျပာင္းသြားတာလား? ထမင္းထဲင႐ုတ္သီးမထည့္ေတာ့ဘူးလား?"

သူမကထမင္းျဖဴေပၚမွာ င႐ုတ္သီးဆီဆမ္းၿပီးေတာ့စားတဲ့လူမ်ိဳးပဲ။

...အဲ့ဒါကိုေဖ႐ႊမ္ကဘယ္လိုလုပ္ၿပီးေတာ့သိေနတာလဲ? သူမကိုသူအေစာႀကီးကတည္းကသိေနခဲ့တာလား? ဒါမွမဟုတ္သူစုံစမ္းခဲ့တာလား?

ပထမဆုံးၾကက္သားအစပ္ကို နင္နင္ျမည္းၾကည့္လိုက္တယ္။ သူမရဲ႕အၾကည့္ေတြက ေဖ႐ႊမ္အေပၚမွာသာရစ္ဝဲလို႔ေနတယ္။

သိပ့္မၾကာခင္မွာပဲ သူကအစပ္မစားႏိုင္ဘူးဆိုတာကို နင္နင္သိလိုက္ရတယ္။ သူစပ္လြန္းတာေၾကာင့္ေရခြက္ကိုေမာ့ေသာက္လာတယ္။ အဲ့အခ်ိန္မွာသူမေမးလိုက္တယ္။ "ရွင္အစပ္မႀကိဳက္ဘူးလား?"

"စားေတာ့စားပါတယ္" ေဖ႐ႊမ္ရဲ႕ႏႈတ္ခမ္းေတြနီရဲေနကာ ေရေနာက္တစ္ခြက္ေမာ့လိုက္တယ္။

"ကြၽန္မကေတာ့အစပ္နည္းနည္းႀကိဳက္တယ္" နင္နင္ကတကယ္တမ္းေတာ့ အစပ္ကိုလုံးဝမုန္းတဲ့သူျဖစ္တယ္။ ဒါေပမဲ့အခုအခ်ိန္မွာေတာ့ သူမၾကက္သားအစပ္နဲ႔ င႐ုတ္သီးဆီ႐ႊဲေနေအာင္ဆမ္းထားတဲ့ထမင္းဇြန္းအေမာက္ကို အမူအရာတစ္ခ်က္ေတာင္မပ်က္ဘဲ ပါးစပ္ထဲသြပ္ထည့္လိုက္တယ္။ မသိရင္သူမကယြင္လင္အစစ္အတိုင္းပင္။

သူမထမင္းထဲင႐ုတ္သီးဆီထပ္ထည့္ကာ သူ႔ကိုစေနာက္သလိုမ်ိဳးေမးလိုက္တယ္။ "ဒီဟင္းေတြကကြၽန္မအႀကိဳက္ပဲ၊ မဟုတ္မွလြဲ ရွင္ကြၽန္မအႀကိဳက္ကိုသိေနတာလား?"

"ယန႔္ခ်င္ကိုယ့္ကိုေျပာဖူးတာပါ" ေဖ႐ႊမ္ၿပဳံးရင္းနဲ႔ေျပာလာတယ္။ "မင္းနဲ႔သူနဲ႔ကအခ်စ္ဆုံးသူငယ္ခ်င္းေတြလို႔ သူကိုယ့္ကိုေျပာဖူးတယ္"

လက္ခံႏိုင္ေလာက္တဲ့ဆင္ေျခပဲ။

ဒါေပမဲ့ေသေသခ်ာခ်ာစဥ္းစားၾကည့္မယ္ဆိုရင္ ၾကားလို႔ေတာ့သိပ္မေကာင္းလွေပ...

တကယ္ပဲဘယ္လိုလူမ်ိဳးက သူ႔ဇနီးဆုံးသြားတာနဲ႔ သူ႔ဇနီးရဲ႕အခ်စ္ဆုံးသူငယ္ခ်င္းကိုလာပိုးပန္းေနမွာလဲ?

"...ရွင္ယန႔္ခ်င္ကိုခ်စ္ခဲ့လား?" နင္နင္႐ုတ္တရက္ေမးလိုက္တယ္။

ေဖ႐ႊမ္ကအခ်ိန္တစ္ခုၾကာတဲ့အထိ တိတ္ဆိတ္လို႔ေနတယ္။ ဟင္းပြဲေတြအကုန္လုံးေရာက္လာမွသာ သူၿပဳံးလာတယ္။ အဲ့ဒီအၿပဳံးမွာဝမ္းနည္းမႈနဲ႔ စိတ္သက္သာရာရမႈေတြေရာႁပြန္းလို႔ေနတယ္။

"ကိုယ္သူ႔ကိုခ်စ္ခဲ့ဖူးတယ္" သူေျပာလာတယ္။

"...အိုး" နင္နင္ေခါင္းကိုျဖည္းျဖည္းခ်င္းငုံ႔လိုက္တယ္။

"...ကိုယ္လည္းေယာက္်ားသားပဲ၊ အလွအပေနာက္လိုက္မိတဲ့အခ်ိန္ေတြရွိခဲ့ဖူးတာေပါ့" လက္ဖဝါးအႀကီးႀကီးက နင္နင္ရဲ႕လက္ဖမိုးေပၚကိုအုပ္မိုးလာတယ္။ သူမေခါင္းေမာ့လိုက္တဲ့အခ်ိန္မွာ ႏူးညံ့ညင္သာတဲ့အၿပဳံးနဲ႔သူမကိုၾကည့္ေနတဲ့ေဖ႐ႊမ္ကိုေတြ႕လိုက္ရတယ္။ "ဒါေပမဲ့အခုေတာ့ကိုယ္နားလည္လိုက္ၿပီ၊ မယုံၾကည္ရတဲ့လူမ်ိဳးနဲ႔စာရင္ ႏူးညံ့ၿပီးယုံၾကည္ႏိုင္တဲ့လူမ်ိဳးကိုပဲ ကိုယ္လိုအပ္ေနခဲ့တာ... ကိုယ္မင္းကိုလိုအပ္ေနတာ"

စားၿပီးေသာက္ၿပီးေနာက္မွာ ေဖ႐ႊမ္ကနင္နင့္ကိုေက်ာင္းေဆာင္ဆီျပန္ပို႔ေပးလာတယ္။

"မင္းရဲ႕မ်က္ႏွာနီေနၿပီ" ေဖ႐ႊမ္ကရယ္ေမာရင္းနဲ႔ေျပာလာတယ္။

နင္နင္ရွက္႐ြံ႕စြာနဲ႔ေခါင္းငုံ႔ခ်လိုက္တယ္။ သူမဆံပင္ကိုနား႐ြက္ေနာက္သိမ္းကာ သူမရဲ႕ရွက္ေသြးျဖာေနတဲ့ပါးျပင္ကိုအထင္းသားေဖာ္ျပလိုက္တယ္။

တကယ္ေတာ့သူမင႐ုတ္သီးေတြစားမ်ားၿပီး မ်က္ႏွာနီေနတာျဖစ္တယ္။ ဒါေပမဲ့အဲ့ဒီလိုနီေနတာက သူမရဲ႕ေလာေလာဆယ္အမူအရာနဲ႔လိုက္ဖက္ညီေနကာ သူမကို႐ူး႐ူးမူးမူးအခ်စ္ႏြံထဲနစ္ေနတဲ့ မိန္းကေလးငယ္တစ္ေယာက္အျဖစ္ထင္ရေစတယ္။

...သူမဝတ္စားထားပုံအရဆိုရင္ေတာ့ ႐ူး႐ူးမူးမူးအခ်စ္ႏြံထဲနစ္ေနတဲ့ အန္တီႀကီးလို႔လည္းေျပာလို႔ရေပမဲ့ေပါ့။

ႏႈတ္ဆက္တဲ့အခ်ိန္မွာ သူကသူမကိုေပြ႕ဖက္လာတယ္။

အခုကေႏြရာသီအားလပ္ရက္ျဖစ္တာေၾကာင့္ ေက်ာင္းဝင္းထဲမွာဘတ္စကတ္ေဘာကစားဖို႔ေရာက္ေနတဲ့ ေက်ာင္းသားအခ်ိဳ႕ကလြဲရင္ အျခားလူေတြသိပ္မရွိ‌ေပ။ ဒါေပမဲ့နင္နင္ရဲ႕ခႏၶာကိုယ္ကေတာင့္တင္းသြားကာ သူ႔ကိုတြန္းရင္းနဲ႔တီးတိုးေျပာလိုက္တယ္။ "မလုပ္ပါနဲ႔၊ သူမ်ားေတြျမင္ကုန္လိမ့္မယ္"

"နည္းနည္းထပ္ၿပီးေတာ့" သူကသူမကိုတင္းက်ပ္စြာေပြ႕ဖက္လို႔ေနတယ္။ မသိရင္သူမရဲ႕ဘဝတစ္ခုလုံးကို စုပ္ယူပစ္ခ်င္ေနသလိုမ်ိဳးပင္။ ခဏေလာက္ေနေတာ့မွ သူလက္ေမာင္းေတြကိုေျဖေလ်ာ့ေပးကာ သူမကိုႏူးညံ့စြာၿပဳံးျပလာတယ္။ "မနက္ျဖန္တနဂၤေႏြေန႔ ကိုယ္မင္းကိုလာေခၚမယ္"

သူထြက္ခြာသြားတာကိုၾကည့္ရင္းနဲ႔ နင္နင္မေနႏိုင္ဘဲသူမကိုယ္သူမေပြ႕ဖက္ကာ လက္ေမာင္းေတြကိုပြတ္လိုက္မိတယ္။ သူမရဲ႕ခႏၶာကိုယ္ကို ေႁမြတစ္ေကာင္ရစ္ပတ္သြားသလိုခံစားခ်က္မ်ိဳးက အရမ္းကိုေနရထိုင္ရအဆင္မေျပပါေခ်။

<ယြင္လင္>႐ုပ္ရွင္မွာသ႐ုပ္ေဆာင္ရတဲ့အခက္ခဲဆုံးအပိုင္းက နင္နင္ရဲ႕ခံစားခ်က္အစစ္အမွန္ေတြပဲျဖစ္တယ္။ သူမရဲ႕ခံစားခ်က္ေတြက သူမသ႐ုပ္ေဆာင္ရမယ့္ခံစားခ်က္ေတြနဲ႔ လုံးဝကိုဆန႔္က်င္ဘက္ျဖစ္လို႔ေနတယ္။

ဒီလူကတစ္ခုခုပဲဆိုတာကိုသူမသိေနေပမဲ့ သူ႔ကိုအ႐ူးအမူးစြဲလမ္းေနသလိုမ်ိဳး သူမသ႐ုပ္ေဆာင္ေနရတယ္။ အဲ့ဒါအျပင္ သူျခယ္လွယ္တဲ့ပုံစံအတိုင္း ျဖည္းျဖည္းခ်င္းေႂကြဆင္းေနသလိုမ်ိဳးလည္း သူမသ႐ုပ္ေဆာင္ရေသးတယ္။ အမွန္အတိုင္းေျပာရရင္ အဲ့ဒီခံစားခ်က္ကတကယ္႐ြံဖို႔ေကာင္းတယ္။ ဒါေပမဲ့အဲ့ဒါေတြကို သူမမ်က္ႏွာေပၚမွာမေပၚေအာင္ဖိႏွိပ္ေနရၿပီး မ်က္လုံးထဲကအရိပ္အျဖစ္ေတာင္မေပၚသြားေအာင္ဖုံးကြယ္ထားရတယ္။

သူမလက္ေမာင္းေပၚကၾကက္သီးေမြးညင္းေတြေပ်ာက္သြားေအာင္ပြတ္သပ္လိုက္ၿပီး နင္နင္အေဆာင္ရွိရာကိုျပန္လာခဲ့တယ္။ မနက္ျဖန္က်ရင္သူေရာက္မလာပါေစနဲ႔လို႔ နင္နင္ဆုေတာင္းေနမိတယ္။

ဒါေပမဲ့သူေရာက္လာဆဲပဲျဖစ္တယ္။

သူကလက္တစ္ဖက္နဲ႔လီလီပန္းစည္းကိုကိုင္ထားကာ အျခားလက္တစ္ဖက္နဲ႔မနက္စာကိုကိုင္ထားၿပီး အေဆာင္အေရွ႕မွာရပ္လို႔ေနတယ္။

"မနက္စာအရင္စားရေအာင္" သူကမနက္စာထုပ္ကိုနင္နင့္ကိုလႈပ္ယမ္းျပလာတယ္။

သူကအရမ္းကိုသေဘာထားႀကီးေနတယ္။ သူဝယ္လာခဲ့တာကမနက္စာႏွစ္မ်ိဳးျဖစ္တယ္– တစ္မ်ိဳးကနင္နင္အတြက္ျဖစ္ၿပီး ေနာက္တစ္မ်ိဳးလီဖင္းဖင္းအတြက္ျဖစ္တယ္– ဒါေပမဲ့အဲ့ဒီမနက္စာက သူမတို႔ႏွစ္ေယာက္လုံးအတြက္ၿမိဳခ်ဖို႔ခက္ခဲလို႔ေနတယ္။

နင္နင္ကင႐ုတ္သီးအစာသိပ္ထားတဲ့ေပါက္စီကို ပါးစပ္ထဲမဝင္,ဝင္ေအာင္သြပ္ထည့္ေနရတယ္။ လီဖင္းဖင္းကေတာ့စားရင္းနဲ႔ သူမတို႔ႏွစ္ေယာက္ကိုသာ ေပါက္ထြက္မတတ္စိုက္ၾကည့္လို႔ေနတယ္။ မသိရင္နင္နင့္ကိုႀကိတ္ေခ်ၿပီး ေပါက္စီထဲအစာသြပ္ခ်င္ေနတဲ့ပုံပင္။

"နင္ဒီေန႔ျပန္လာမွာလား?" လီဖင္းဖင္းကထြက္သြားဖို႔ျပင္ေနတဲ့နင္နင့္ကိုေမးလာတယ္။ "ညအရမ္းေနာက္မက်ဘူးမလား?"

"ေနာက္မက်ဘူး" နင္နင္လီဖင္းဖင္းကိုစိတ္ထဲကေနေက်းဇူးတင္လိုက္တယ္။ သူမဒီေန႔အေဆာင္ျပန္လာဖို႔ ဆင္ေျခတစ္ခုရၿပီျဖစ္တယ္။ "ညစာစားၿပီးတာနဲ႔ျပန္လာခဲ့မယ္၊ တံခါးေသာ့မခတ္ထားနဲ႔ေနာ္"

လီဖင္းဖင္းကသူမကိုထူးထူးဆန္းဆန္းအၿပဳံးနဲ႔ၿပဳံးျပကာ ႏႈတ္ဆက္လာတယ္။

ေဖ႐ႊမ္ရဲ႕ကားကအေဆာက္အအုံတစ္ခုေရွ႕မွာရပ္ထားတာျဖစ္တယ္။ သူကနင္နင့္အတြက္ကားတံခါးဖြင့္ေပးၿပီး ေဘးကယာဥ္ေမာင္းထိုင္ခုံမွာဝင္ထိုင္လာတယ္။

"ကြၽန္မတို႔ဘယ္သြားၾကမွာလဲ?" နင္နင္ထိုင္ခုံခါးပတ္ပတ္ရင္းနဲ႔သူ႔ကိုေမးလိုက္တယ္။

"ကိုယ့္အိမ္ကို" ေဖ႐ႊမ္ျပန္ေျဖလာတယ္။

နင္နင္ၾကက္ေသေသသြားတယ္။ သူမေခါင္းလွည့္ကာသူ႔ကိုၾကည့္လိုက္တယ္။ သူမပဲထင္ေယာင္ထင္မွားျဖစ္ေနတာလားမသိေပမဲ့ ေနာက္ၾကည့္မွန္ေပၚမွာထင္ဟပ္ေနတဲ့ သူ႔ရဲ႕မ်က္ႏွာတစ္ျခမ္းကေအးစက္ေနကာ ေႁမြတစ္ေကာင္ရဲ႕အေၾကးခြံလိုမ်ိဳးအေရာင္လက္လို႔ေနတယ္။

ကားစက္ႏႈိးသံထြက္ေပၚလာကာ နင္နင္မ်က္ေတာင္ျမန္ျမန္ခတ္လိုက္တယ္။ အဲ့ဒါကသူမစိတ္လႈပ္ရွားရင္လုပ္တတ္တဲ့အက်င့္တစ္ခုျဖစ္တယ္။

"ဘာျဖစ္လို႔႐ုတ္တရက္ႀကီး... ရွင္တို႔အိမ္ကိုေခၚသြားေနတာလဲ?" နင္နင္ေမးလိုက္တယ္။

"အဲ့ဒါအခုကိုယ့္အိမ္ျဖစ္သြားၿပီ" ေဖ႐ႊမ္ကကားေမာင္းရင္းနဲ႔ မေရမရာျပန္ေျဖလာတယ္။ "ေနာက္က်ရင္မင္းရဲ႕အိမ္ျဖစ္လာလိမ့္မယ္"

နင္နင္ရွက္သလိုနဲ႔ေခါင္းငုံ႔လိုက္တယ္။ ဒါေပမဲ့သူမရဲ႕အေတြးထဲမွာေျပာေနမိတာက- တစ္ခုခုျဖစ္သြားပါေစ! ဘာပဲျဖစ္ျဖစ္တစ္ခုခုျဖစ္လာပါေစ! ကားဆီကုန္သြားတာျဖစ္ျဖစ္၊ ကားတိုက္တာျဖစ္ျဖစ္– ဟင့္အင္း...ေက်ာင္းအုပ္ႀကီး ျမန္ျမန္ဖုန္းဆက္လာေပးပါ! ေက်ာင္းကိုေစာဖြင့္ေတာ့မယ္လို႔ ဖုန္းဆက္ေျပာေပးပါ!

ဘာမွျဖစ္မလာခဲ့ေခ်။

ကားကအႏၲရာယ္ကင္းကင္းနဲ႔ ၿခံဝင္းလွလွေလးအေရွ႕မွာရပ္တန႔္သြားတယ္။

"စိတ္မပူနဲ႔" နင္နင္သူမကိုယ္သူမေတြးလိုက္တယ္။ "ငါအျပင္ထြက္လာတာကို လီဖင္းဖင္းေတြ႕လိုက္တာပဲ၊ အဲ့ဒါေၾကာင့္ဘာမွျဖစ္မွာမဟုတ္ဘူး၊ ငါသာတစ္ခုခုျဖစ္သြားရင္ သက္ေသထြက္ဆိုေပးမယ့္သူရွိေသးတယ္"

သူမအဲ့လိုေတြးၿပီးတဲ့ေနာက္မွာ အမ်ားႀကီးပိုစိတ္သက္သာရာရသြားတယ္။ သူမေဘးကကားတံခါးပြင့္ဟလာၿပီး ေဖ႐ႊမ္ကသူမကိုၿပဳံးျပလာတယ္။ "ဆင္းလို႔ရၿပီ"

သူတို႔ႏွစ္ေယာက္အတူတူအိမ္ထဲဝင္လာခဲ့တယ္။ အဲ့ဒါကသာမန္အေနာက္တိုင္းပုံစံ လုံးခ်င္းအိမ္ေလးျဖစ္တယ္။ မီးလင္းဖို၊ ဥေရာပစတိုင္ဆိုဖာ၊ ျပင္သစ္ျပတင္းေပါက္၊ ဒါေပမဲ့ နံရံေပၚမွာပန္းခ်ီကားေတြမရွိဘဲ ဓာတ္ပုံေတြအစီအရီရွိလို႔ေနတယ္။

နင္နင္ဓာတ္ပုံေဘာင္တစ္ခုေရွ႕မွာရပ္လိုက္တယ္။ ဓာတ္ပုံထဲမွာရွိတာက မိန္းမလွေလးတစ္ေယာက္ျဖစ္တယ္။ သူမကပန္းပြင့္႐ိုက္ဂါဝန္ကိုဝတ္ဆင္ထားၿပီး သူမရဲ႕ဆံေခြေတြကလွလွပပေကြးေကာက္လို႔ေနတယ္။ အဲ့ဒီလိုအဝတ္အစားမ်ိဳးကမဝတ္တတ္ရင္ ေတာသူမပုံစံေပါက္ေစႏိုင္ေပမဲ့ သူမကေတာ့နတ္သမီးေလးတစ္ပါးလို လင္းလက္ေတာက္ပလို႔ေနတယ္။

"ယန႔္ခ်င္ခ်ိတ္ထားတာေလ" ေဖ႐ႊမ္ကသူမအေနာက္ကေနေျပာလာတယ္။ "ဒီအိမ္တစ္ခုလုံးကို သူ႔ပုံေတြနဲ႔ျဖည့္ခ်င္ခဲ့တာတဲ့"

သူဘာမွမေျပာခဲ့ရင္ေတာင္‌ေတာ္ဦးမယ္။ သူေျပာလိုက္မွ နင္နင္တစ္ကိုယ္လုံးမွာ ၾကက္သီးေမြးညင္းေတြထလာခဲ့တယ္။

ဓာတ္ပုံေဘာင္ေတြထဲကအမ်ိဳးသမီးက သူမကိုမ်က္ေတာင္ခတ္ျပလာသလိုေတာင္ခံစားလာရတယ္။

"လာ အိမ္ထဲလိုက္ပတ္ျပမယ္" ေဖ႐ႊမ္ကသူမရဲ႕ပုခုံးေတြအေပၚလက္တင္ကာ တစ္ေနရာဆီေခၚေဆာင္လာခဲ့တယ္။ သူမအေနာက္ကေန သူ႔ရဲ႕ရယ္ေမာသံထြက္ေပၚလာတယ္။ "မင္းမႀကိဳက္ရင္ ကိုယ္အဲ့ဒါေတြအကုန္လုံးျဖဳတ္ခ်ေပးမယ္ေလ... ၿပီးေတာ့မင္းရဲ႕ဓာတ္ပုံေတြနဲ႔အစားထိုးလိုက္မယ္"

"အဲ့လိုမလုပ္ပါနဲ႔" နင္နင္ပ်ာယာခတ္စြာေျပာလိုက္တယ္။ "ကြၽန္မကသူ႔ေလာက္မွမလွတာ၊ ကြၽန္မပုံေတြခ်ိတ္ထားရင္ ၾကည့္ေကာင္းမွာမဟုတ္ဘူး"

"ဟင့္အင္း" ေဖ႐ႊမ္ကအၿပဳံးနဲ႔ေျပာလာတယ္။ "မင္းရဲ႕မ်က္ဝန္းေတြကသူ႔ထက္အမ်ားႀကီးပိုလွတယ္၊ ကိုယ္မင္းဆီကေနစိုက္ၾကည့္ခံရတာကိုသေဘာက်တယ္"

"မသိရင္ရွင္က ကြၽန္မမ်က္လုံးေတြကိုပဲႀကိဳက္တဲ့အတိုင္းပဲ" နင္နင္ေခါင္းလွည့္ကာသူ႔ကိုၾကည့္လိုက္တယ္။

"ဟင့္အင္း၊ ကိုယ္မင္းရဲ႕အရာအားလုံးကိုသေဘာက်တယ္" သူကၿပဳံးလို႔ေနတယ္။ ဒါေပမဲ့သူေျပာတာကအမွန္ေတြဟုတ္ရဲ႕လား?

နင္နင္သူ႔ေနာက္ကေနလိုက္ၿပီး အိမ္ကိုလိုက္ပတ္ၾကည့္လိုက္တယ္။ အေပၚထပ္ပဲျဖစ္ျဖစ္ ေအာက္ထပ္ပဲျဖစ္ျဖစ္ အိမ္တစ္အိမ္လုံးကသူမကို အရမ္းရင္းႏွီးတဲ့ခံစားခ်က္မ်ိဳးေပးစြမ္းေနတယ္။ ဒါေပမဲ့အဲ့ဒီခံစားခ်က္ကဘယ္ကေနလာတာလဲ? အခန္းတစ္ခန္းရဲ႕တံခါးကိုဖြင့္လိုက္တဲ့အခ်ိန္မွာ နင္နင္အေျဖကိုသိလိုက္ရတယ္။

အဲ့ဒါကမဂၤလာအိပ္ခန္းေဆာင္ပဲ။

နံရံေပၚမွာေပ်ာ္႐ႊင္မႈဆိုတဲ့စကားလုံးရွိေနတယ္။ ေခါင္းအုံးေတြေပၚမွာလည္းရွိေနတယ္။

အိပ္ရာေပၚမွာေတာ့ သတို႔သားေရာ သတို႔သမီးေရာရွိမေနပါေခ်။

ဒါက <အိပ္ရာဝင္ၾကင္ေဖာ္> ရဲ႕ပိုစတာေပၚကအခန္းပဲ!

"ယန႔္ခ်င္ကဒီအိမ္ကိုေ႐ြးခဲ့တာေလ၊ ဒီအိမ္ကိုဝယ္ၿပီးေတာ့သူႀကိဳက္တဲ့ပုံစံအတိုင္းပဲအလွဆင္ခဲ့တာ... အား ေတာင္းပန္ပါတယ္" ေဖ႐ႊမ္ကိုယ္လွည့္ကာသူမကိုၿပဳံးျပလာတယ္။ "ကိုယ္သူ႔နာမည္ကိုမေျပာလိုက္သင့္ဘူး၊ မင္းစိတ္ဆိုးသြားလား?"

မိန္းမတစ္ေယာက္ရဲ႕နာမည္ကို အျခားမိန္းမတစ္ေယာက္အေရွ႕မွာထုတ္ေျပာလာတယ္။ နင္နင္ကေသခ်ာေပါက္ သဝန္တိုတဲ့ပုံျပရမွာျဖစ္တယ္။

ၿပီးေတာ့သူမျမန္ျမန္ သေဘာထားႀကီးခ်င္ေယာင္‌ေဆာင္လိုက္တယ္။ "ဘာမွမျဖစ္ပါဘူး၊ ယန႔္ခ်င္ဘာျဖစ္သြားတာလဲဆိုတာကို ကြၽန္မရွင့္ဆီကေနလည္းၾကားခ်င္ေသးတယ္၊ သူ႔အျဖစ္အပ်က္ကအရမ္း႐ုတ္တရက္ဆန္လြန္းတယ္၊ ကြၽန္မလုံးဝမေမွ်ာ္လင့္ထားခဲ့မိဘူး..."

နင္နင္ေခါင္းငုံ႔ကာသက္ျပင္းခ်လိုက္တယ္။

"ဟုတ္တယ္" ေဖ႐ႊမ္လည္းသက္ျပင္းခ်ကာ အခန္းကိုဝိုက္ၾကည့္လိုက္တယ္။ "သူအဲ့လို႐ုတ္တရက္ႀကီးေသသြားမယ္လို႔ကိုယ္မထင္ထားခဲ့ဘူး..."

နင္နင္မ်က္လုံးေတြကိုမွိတ္ကာေတြးလိုက္တယ္: သူေသသြားတာဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ။

ယန႔္ခ်င္က <အိပ္ရာဝင္ၾကင္ေဖာ္> ႐ုပ္ရွင္ရဲ႕အဓိကဇာတ္ေကာင္ျဖစ္တယ္။ သူမသာေသသြားၿပီဆိုရင္ ႐ုပ္ရွင္လည္းဇာတ္သိမ္းၿပီးေနေလာက္ၿပီ။

႐ုပ္ရွင္ဇာတ္မသိမ္းေသးတာ၊ နင္နင္ဒီေနရာမွာရပ္ေနႏိုင္ေသးတာက ယန႔္ခ်င္အခုထိအသက္ရွင္ေနေသးတယ္လို႔ဆိုလိုတာပဲ။ သူမကဒီအိမ္ထဲမွာေတာင္ သူတို႔ကိုစိုက္ၾကည့္ေနႏိုင္တယ္။

ဟုတ္တယ္။

နင္နင္မ်က္လုံးေတြဖြင့္ကာ အျဖဴေရာင္စုံတြဲအိပ္ရာကိုၾကည့္လိုက္တယ္။

သူမဒီေနရာမွာပုန္းေနႏိုင္တယ္။ အခန္းမီးပိတ္ၿပီး အိပ္ရာေပၚမွာလွဲေလ်ာင္းလာမယ့္တစ္စုံတစ္ေယာက္ကို တိုးညင္းစြာေတးသီဆိုျပဖို႔အတြက္ ေစာင့္ေနႏိုင္တယ္။

"သင့္ကိုၾကည့္ေနတယ္၊ အိပ္ရာဝင္ၾကင္ေဖာ္"

ေဖ႐ႊမ္သူမကိုဘယ္ေလာက္ပဲသိမ္းသြင္းသြင္း နင္နင္ညစာမစားဘဲ အဲ့ဒီအိမ္ကေနထြက္လာခဲ့တယ္– ခံစားခ်က္မေကာင္းဘူး။ သူမသူ႔ကိုမျငင္းခင္ ဆင္ေျခတစ္ခုကိုႀကိဳတင္ျပင္ဆင္ထားခဲ့တယ္။ "ကြၽန္မအခုမျပန္ရင္ လူေတြမေကာင္းေျပာၾကလိမ့္မယ္"

သူမကိုဘယ္လိုမွေျပာလို႔မရတာေၾကာင့္ ေဖ႐ႊမ္လည္းသူမကိုေက်ာင္းကိုသာျပန္လိုက္ပို႔ႏိုင္တယ္။

နင္နင္ကားေပၚကေနဆင္းကာ အေဆာင္ခန္းရွိရာကိုေလွ်ာက္လာခဲ့တယ္။ အခန္းတစ္ခုလုံးမည္းေမွာင္လို႔ေနတယ္။ နင္နင္မီးဖြင့္လိုက္ေတာ့ အထဲမွာလီဖင္းဖင္းရွိမေနတာကိုေတြ႕လိုက္ရတယ္။

သူမနံရံေပၚကနာရီကိုၾကည့္လိုက္ေတာ့ ညရွစ္နာရီခြဲသာရွိေသးတယ္။ သူမသင္႐ိုးစာအုပ္ကိုဖတ္ၾကည့္ဖို႔ႀကိဳးစားေပမဲ့ ခုနတုန္းကအားအင္အရမ္းသုံးခဲ့ရလို႔လားမသိ သူမထပ္ခါတလဲလဲသမ္းေဝလို႔သာေနတယ္။

"ထားလိုက္ေတာ့ ေရခ်ိဳးၿပီးအိပ္ေတာ့မယ္" သူမကိုယ္သူမေျပာလိုက္တယ္။ "မနက္ျဖန္မနက္က်မွဆက္ဖတ္တာေပါ့"

သူမေရခ်ိဳးေဆးေၾကာၿပီးေနာက္ အခန္းမီးပိတ္ကာအိပ္ရာေပၚတက္ၿပီး သိပ္ေတာင္မၾကာဘဲအိပ္ေပ်ာ္သြားတယ္။

နံရံကပ္နာရီလက္တံေတြကည၁၂နာရီေရာက္တဲ့အထိ ျဖည္းျဖည္းခ်င္းေ႐ြ႕လ်ားလို႔ေနတယ္။ သူမရဲ႕အခန္းတံခါးျဖည္းညင္းစြာပြင့္ဟလာတယ္။

အစကသူမ,အိပ္ရင္းနဲ႔ထင္ေယာင္ထင္မွားျဖစ္ေနတာလို႔ထင္ခဲ့ေပမဲ့ ခဏအၾကာမွာ သူမရဲ႕နံေဘးမွာတစ္စုံတစ္ေယာက္အသက္ရႉေနတဲ့အသံကို နီးကပ္စြာၾကားလာရတယ္။ အရမ္းနီးလြန္းတယ္... မသိရင္သူမရဲ႕ေခါင္းအုံးနံေဘးမွာလူတစ္ေယာက္ရွိေနသလိုပင္။

နင္နင္မ်က္လုံးေတြဖြင့္ကာ အေရွ႕ကနံရံကိုစိုက္ၾကည့္လိုက္တယ္။

သူမကေဘးေစာင္းအိပ္ေနတာေၾကာင့္ အသက္ရႉသံကသူမရဲ႕လည္ပင္းအေနာက္ကေန ထြက္ေပၚလာလို႔ေနတယ္။

သူမအေနာက္လွည့္ၾကည့္သင့္လား?

နင္နင္စိတ္ထဲမွာအခ်ိန္အၾကာႀကီး႐ုန္းကန္ေနၿပီးမွ ကိုယ္ကိုလွည့္လိုက္တယ္။

သူမရဲ႕ေခါင္းအုံးေပၚမွာ လူတစ္ေယာက္လွဲေလ်ာင္းေနတယ္။ အဲ့ဒီလူကဆံပင္ေခြေခြနဲ႔ ပန္းပြင့္႐ိုက္ဂါဝန္ကိုဝတ္ဆင္ထားကာ သူမကိုျပန္ၾကည့္လာခဲ့တယ္။

___________________________

Comment