အခန်း ၁၄၉: အစားဝင်ဖျော်ဖြေသူ

{Unicode}

အခန်း ၁၄၉: အစားဝင်ဖျော်ဖြေသူ

ဇာတ်ကောင်တစ်ခုအတွက်နဲ့ အမေနဲ့သမီးကြားကရန်ပွဲ။

ဒါကပထမဆုံးအကြိမ်မဟုတ်ပေမဲ့ နောက်ဆုံးအကြိမ်ပဲဖြစ်လောက်တယ်။

"ရွာသူကြီး" နင်နင် ရွာသူကြီးကိုမေးလိုက်တယ်။ "ပိုင်ရှင်ကဘယ်လိုမျိုးဇာတ်ကောင်လဲ?"

မေမေအရမ်းသေချာနေတာက ဒီဇာတ်ကောင်ကို ဘယ်လိုသရုပ်ဆောင်ရမလဲဆိုတာကို သိနေလို့ပဲဖြစ်မယ်။ သူမကတော့ ဘယ်လိုမျိုးသရုပ်ဆောင်ရမလဲဆိုတာကို မသိတာကြောင့် သိတဲ့လူတွေကိုပဲ လိုက်မေးနိုင်တယ်။

"အရင်ကပြောဖူးတယ်မလား?" ရွာသူကြီးကဖော်ဖော်ရွေရွေ ပြောလာခဲ့တယ်။ "ဒီတိုင်းထိုင်ပြီးကြည့်နေရင်ရပြီ၊ အခြားဘာမှလုပ်စရာ မလိုဘူးလို့"

"...နားလည်ပါပြီ၊ ကျေးဇူးပါ"

အဲ့ဒါကသူ့ရဲ့ကိုယ်ရေးကိုယ်တာအမြင်ဖြစ်တယ်။ သူ့ရဲ့စိတ်ထဲမှာရှိတဲ့ ပိုင်ရှင်က တစ်စက်မှမလှုပ်ရှားတဲ့ အရုပ်တစ်ခုလိုပင်။

နင်နင်ဆက်ပြီးတော့ အဖြေသိလောက်တဲ့လူမှန်သမျှကို လိုက်မေးနေလိုက်တယ်။ အဆုံးမှာ သူတို့တစ်ယောက်ချင်းစီတိုင်းရဲ့ အဖြေတွေက ကွဲပြားလို့နေတယ်။ တစ်ယောက်က လေးနက်တည်ကြည်ဖို့ပြောပြီး အခြားတစ်ယောက်က ပန်းပွင့်လိုမျိုးပြုံးနေဖို့ပြောတယ်။ သေမျိုးတွေထက် မြင့်မြတ်ဟန်နဲ့ ချဉ်းကပ်ရမလွယ်တဲ့ပုံစံမျိုး သရုပ်ဆောင်ဖို့ ပြောတဲ့လူလည်းရှိတယ်။

ရုတ်တရက် ရင်းနှီးနေတဲ့အသံတစ်ခုက သူမရဲ့အနောက်ကနေထွက်ပေါ်လာတယ်။ "ဘာဖြစ်လို့ကိုယ့်ကိုမမေးတာလဲ?"

နင်နင်လှည့်ကြည့်လိုက်တော့ သူမရဲ့အနောက်မှာရပ်နေတဲ့ ဖေရွှမ်ကိုတွေ့လိုက်ရတယ်။

"မနေ့တစ်နေ့ကမှ ရွာကိုပြန်လာတာမဟုတ်ဘူးလား?" နင်နင်သူ့ကိုပြုံးပြလိုက်တယ်။ "ရှင်လည်းကျွန်မလိုမျိုး ဘာမှမသိတဲ့လူပဲလေ"

"ဟင့်အင်း၊ သိတယ်" ဖေရွှမ်ကရုတ်တရက် သူမအနားကိုလျှောက်လာတယ်။ နင်နင်အလိုအလျှောက် တုံ့ပြန်မှုကြောင့် အနောက်ကလမ်းကြိုကြားလေးထဲကို နောက်ဆုတ်သွားမိတယ်။

လူသူမဲ့တဲ့လမ်းကြားလေးထဲ ရောက်လာခဲ့မိပြီဆိုတာကို သတိထားမိလိုက်တာနဲ့ သူမရဲ့တစ်ကိုယ်လုံး တုန်ယင်သွားရတယ်။ သူမအရှေ့ကိုပြန်ပြေးချင်ပေမဲ့ အရပ်မြင့်တဲ့ဖေရွှမ်က လမ်းကိုပိတ်လို့ထားတယ်။ အဆုံးမှာသူမကိုယ်ကိုလှည့်ပြီး ပြေးဖို့ကြံတော့တယ်။ ဒါပေမဲ့သူမရဲ့ခြေလှမ်း နှစ်လှမ်းတောင်မပြည့်သေးခင်မှာ အသံတစ်ခုက သူမရဲ့အနောက်ကနေ ထွက်ပေါ်လာခဲ့တယ်။ "...ဒီရုပ်ရှင်ရဲ့နာမည်က <တရုတ်တစ္ဆေပုံပြင်>"

နင်နင်ခြေလှမ်းတွေကို ဆတ်ခနဲရပ်လိုက်တယ်။

သူမဖြည်းဖြည်းချင်း ခေါင်းလှည့်ကြည့်လိုက်တော့ စိတ်သက်သာရာရစွာနဲ့ ပြုံးပြလာတဲ့ 'ဖေရွှမ်'ကိုတွေ့လိုက်ရတယ်။ သူကသူမကို ပြောလာခဲ့တယ်။ "ကျွန်တော်ဝမ်ယွီပါ"

နာရီဝက်ကြာပြီးနောက်၊ ရွာနားကလယ်ကွင်းထဲတွင်။

အဝါရောင်မုန်ညှင်းပန်းတွေက တောင်တန်းနဲ့လွင်ပြင်တစ်လျှောက်လုံးမှာ ပွင့်လန်းနေကြတယ်။ လေတစ်ဝှေ့မှာ အဝါရောင်ပန်းခင်းကြီးက လှိုင်းလုံးတစ်ခုလို ပျံ့ကျဲလှုပ်ခတ်လို့သွားတယ်။ ထိုလှိုင်းလုံးကြားမှာ ဆယ်ကျော်သက်တစ်ယောက်က အဝါရောင်ပင်လယ်ပြင်ကြီးကို ပန်းချီရေးဆွဲလို့နေတယ်။

နင်နင်နဲ့ဖေရွှမ်က အဝါရောင်မုန်ညှင်းပန်းတွေဘေးကနေ သက်သောင့်သက်သာ လမ်းလျှောက်နေကြတယ်။

"ကျွန်တော်ရောက်လာတာ တစ်လလောက်ရှိပြီ၊ ရောက်လာပြီးတာနဲ့ ဒီလိုဖြစ်သွားတာပဲ" ဝမ်ယွီကသက်ပြင်းချပြီးတော့ စိတ်ဓာတ်ကျစွာနဲ့ မျက်နှာကိုထိတွေ့ပြီး ပြောလာခဲ့တယ်။ "ပြန်သွားလို့ရပါ့မလား?"

...သူ့ရဲ့မှုန်မှိုင်းစိတ်ဓာတ်ကျနေတဲ့ အမူအရာကိုကြည့်ပြီးနောက်မှာ ဖေရွှမ်ရဲ့နားသယ်ဖြူတွေက အရင်ကမရှိခဲ့သေးဘဲ ဝမ်ယွီရောက်လာမှသာ သူ့ရဲ့စိုးရိမ်ပူပန်မှုလွန်ကဲခြင်းတွေကြောင့် ပေါက်လာပြီး အိုစာဟန်ပေါ်လာတာဖြစ်လိမ့်မယ် နင်နင်ယူဆလိုက်တယ်။

"ရတာပေါ့" နင်နင်သူ့ကို ဘဝရုပ်ရှင်ရုံနဲ့ အခုလက်ရှိအခြေအနေအကြောင်းကို အကြမ်းဖျဉ်းရှင်းပြပြီး နိဂုံးချုပ်လိုက်တယ်။ "ဆိုတော့ဒီရုပ်ရှင်ဇာတ်သိမ်းတာနဲ့ ကျွန်မတို့တွေ ပြန်လို့ရလိမ့်မယ်"

"ရုပ်ရှင်ကဘယ်တော့မှဇာတ်သိမ်းမှာလဲ?" ဝမ်ယွီကသူမကို မျှော်လင့်ချက်တွေနဲ့ ကြည့်လာတယ်။ သူ့အတွက်တော့ ဖေရွှမ်ဆိုတဲ့လူက ကြွက် ဒါမှမဟုတ် ပိုးဟပ်တစ်ကောင်နဲ့မခြားပါချေ။ ဘယ်သူကဒီလိုမျိုး ပိုးမွှားအဖြစ် ကူးပြောင်းလာချင်မှာလဲ?

"အဓိကဇာတ်ကောင်သေသွားရင်... ခဏနေပါဦး!" နင်နင်ရုတ်တရက် ထူးဆန်းနေတာကို သဘောပေါက်သွားတယ်။ သူမကခဏလောက် မှင်တက်နေပြီးမှ ရေရွတ်လာတယ်။ "ကျွန်မရဲ့အဘိုးက သေသွားပြီပဲကို"

‌အေးစက်စက်ကြက်သီးမွေးညင်းတွေက သူမတို့နှစ်ယောက်လုံးရဲ့ ကျောရိုးတစ်လျှောက်ကို ဖြတ်ပြေးလို့သွားတယ်။

"တကယ်သေချာလို့လား?" ဝမ်ယွီမေးလာတယ်။

"အဘွားအဲ့လိုပြောတာပဲ၊ အဘိုးကရောဂါတစ်ခုကြောင့် ဟိုးကတည်းကဆုံးသွားလို့ သူတစ်ယောက်တည်း မေမေ့ကိုပျိုးထောင်ခဲ့ရတာဆိုပြီး" နင်နင်ခဏတာတွန့်ဆုတ်နေမိတယ်။ "အဲ့ဒါတကယ် ဟုတ်လားမဟုတ်လားဆိုတာကို အဘွားပဲသိလိမ့်မယ်... ဟုတ်သားပဲ၊ ရှင်ကရော၊ ဒီကိုဘယ်လိုလုပ်ပြီး ရောက်လာခဲ့တာလဲ?"

"ဖေရွှမ်ကဘဝရုပ်ရှင်ရုံနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို စုစည်းနေတာ အတော်လေးကြာပြီ" ဝမ်ယွီကပြောလာတယ်။ "အဲ့ထဲမှာ အခြားလူတော်တော်များများလည်း ပါဝင်ပတ်သက်နေတယ်၊ သူတို့တွေ နှစ်တော်တော်ကြာ စုံစမ်းရှာထုတ်ထားတဲ့ အချက်အလက်တွေအားလုံး ညွှန်ပြနေတာက ဒီရွာပဲ"

သူပြောပြီးတော့ ခေါက်ထားတဲ့စာရွက်တစ်ရွက်ကိုထုတ်ပြီး သူမကိုပြလာတယ်။ "ကြည့်၊ ဒါကဖေရွှမ်ရဲ့အစီအစဉ်၊ ကျွန်တော်သူ့ကိုယ်ထဲ မကူးပြောင်းလာခင်တုန်းက သူဒါကိုတစ်ဝက်တစ်ပြတ် ရေးနေခဲ့တာ"

နင်နင်စာရွက်ကိုဖွင့်ဖတ်ကြည့်လိုက်တယ်။

တစ်: ပြင်ဆင်ထားရမယ့်ဟာတွေက အဝတ်အစား၊ တောင်တက်ပစ္စည်း၊ ပိုက်ဆံ၊ ခြင်ဆေးခွေ၊ ခြင်ကိုက်လိမ်းဆေး၊ ခြင်ထောင်...

ဘာဖြစ်လို့ခြင်နဲ့ပတ်သက်တာတွေ ဒီလောက်တောင်များနေတာလဲ? ဖေရွှမ်၊ ရှင်ခြင်ကို ဒီလောက်တောင်ကြောက်တာလား?

နှစ်: IDအတု။

အဲ့ဒီစဉ်းလဲတဲ့ဖေရွှမ်က အမြဲတမ်းကြိုတင်ပြင်ဆင်ထားလေ့ရှိတယ်။ ရွာသူကြီးကသူ့ရဲ့မှတ်ပုံတင် ဘာညာကို တောင်းကြည့်ခဲ့ရင်တောင် သူပြဿနာသိပ်ရှိမှာမဟုတ်ချေ။

သုံး: ၇ရက်နေ့မှာလက်မှတ်ဝယ်၊ ၈ရက်နေ့ရွာကိုရောက်၊ မျက်နှာဖုံးနဲ့ ရွာသူကြီးကိုတွေ့ပြီး လီရွှေရှန်းရဲ့သားဟန်‌ဆောင်၊ နော်အကမှာဝင်ဖျော်ဖြေဖို့ခွင့်တောင်း။

လေး....

'လေး' နောက်မှာ ဘာမှမရှိတော့ပါချေ...

"လီရွှမ်! လီရွှမ်!" အဝေးကနေ မျက်နှာဖုံးတပ်ဆင်ထားတဲ့ လူတစ်ယောက်က အော်ရင်းနဲ့ပြေးလာလို့နေတယ်။ "နေ့တိုင်းမနက်၈နာရီဆိုရင် ငါ့ဆီလာပြီး အကလာသင်လို့ မပြောထားဘူးလား? ‌လေးနက်မှုကိုမရှိဘူး! ကြိုးစားချင်စိတ်ကိုမရှိဘူး! လိုက်ပြီးအီစီကလီလုပ်နေဖို့ပဲသိတယ်!"

ဝမ်ယွီသူ့ကိုတစ်ချက်ကြည့်ပြီးတော့ နင်နင့်ကိုပြန်ကြည့်ကာ ပြောလာခဲ့တယ်။ "ကျွန်တော်သူနဲ့လိုက်သွားလိုက်ဦးမယ်၊ ဦးလေးတျဲ့က ဒီရွာရဲ့အသက်ကြီးပိုင်းလူဆိုတော့ သိထားတာတွေများမှာပဲ၊ သူ့ကိုမေးချင်တာတွေလည်း နည်းနည်းရှိတယ်၊ ပြီးတော့မှခင်ဗျားနဲ့ လာပြန်တွေ့မယ်"

"အင်း" နင်နင်သူမရဲ့ဖုန်းပေါ်က အချိန်ကိုကြည့်ပြီး ပြောလိုက်တယ်။ "ဒါဆိုရင်ဒီညနေ၆နာရီ ဒီမှာပဲစောင့်နေမယ်နော်"

သူထွက်သွားပြီးတာနဲ့ နင်နင်ချက်ချင်းနောင်တရပြီး တွေးလိုက်မိတယ်။ "ဘာဖြစ်လို့၆နာရီလာစောင့်ရမှာလဲ? အခုလည်းဘာမှလုပ်စရာ မရှိတော့တဲ့ဟာကို၊ သူ့အနောက်ကိုလိုက်သွားခဲ့သင့်တာ၊ အဲ့လိုဆိုရင် ဦးလေးတျဲ့ကိုလည်း စကားလေးဘာလေးနှိုက်လို့ရမှာကို၊ သူကဒီရွာထဲမှာပဲနေလာတဲ့ လူအိုဆိုတော့ ပိုင်ရှင်နဲ့ပတ်သက်ပြီး တစ်ခုခုသိထားမှာပဲ"

သူမစဉ်းစားပြီးတော့ ရွာထဲကို မြန်မြန်ပြေးဝင်သွားတော့တယ်။

ပုံမှန်နဲ့စာရင် ရွာကပိုပြီးတော့လူရှုပ်လို့နေတယ်။ နင်နင်သူများတွေနဲ့ ထပ်ခါထပ်ခါ ပုခုံးချင်းတိုက်မိနေတယ်။ ရွာသားတွေနဲ့ ရွာပြန်လာကြတဲ့လူတွေကို ခွဲခြားနိုင်တဲ့တစ်ခုတည်းသောအရာက– မျက်နှာဖုံးတွေပဲဖြစ်တယ်။

မနေ့ညက သူမညစာစားပွဲကနေပြန်လာပြီးတော့ ရွာသူကြီးဘာကို ကြေညာခဲ့လည်းမသိပေ။

ဒီမနက်ကတည်းကနေစပြီး လမ်းတွေပေါ်မှာ မျက်နှာဖုံးနဲ့လူတွေနဲ့ ပြည့်နှက်လို့နေတယ်။

မျိုးရိုးနာမည်ကွဲနဲ့လူတိုင်းက သားစဉ်မျိုးဆက်လက်ဆင့်ကမ်းခဲ့တဲ့ သူတို့ရဲ့မျက်နှာဖုံးအဟောင်းတွေကို တပ်ဆင်လို့ထားတယ်။ ထိုမျက်နှာဖုံးတွေရဲ့လက်ရာက သေသပ်လှပြီး အရောင်တွေကလှပလွန်းလှတယ်။ သူတို့အားလုံးက တစ်ချိန်တည်းမှာပဲ လူသား၊ သားရဲ၊ တစ္ဆေတွေနဲ့ ဆင်တူလို့နေတယ်။

သူတို့အပြင် အခြားလူတွေကျတော့ ဆင်တူတဲ့မျက်နှာဖုံးတွေကို တပ်ဆင်ထားကြတယ်– ထိုမျက်နှာဖုံးတွေက မျက်နှာအစိတ်အပိုင်းတွေမပါဘဲ ဘယ်ဘက်ခြမ်းမှာအနက်ရောင်၊ ညာဘက်ခြမ်းမှာအဖြူရောင်ကို ခြယ်ထားတဲ့ ယင်းယန်မျက်နှာဖုံးတွေပဲဖြစ်တယ်။

မျက်နှာဖုံးနဲ့လူ၊ သာမန်လူ၊ မျက်နှာဖုံးနဲ့လူ၊ သာမန်လူ။ နင်နင်ကလမ်းအလယ်မှာ ရပ်လို့နေတယ်။ လူတွေက သူမရဲ့ဘေးကနေ ဖြတ်လျှောက်သွားနေကြပြီး ထိုအချိန်တစ်ခဏမှာ <ခိုးဝင်> ဇာတ်သိမ်းပြီးကာစ အချိန်ကို ပြန်ရောက်သွားသလိုမျိုး နင်နင်ခံစားလိုက်ရတယ်– သူမဘဝရုပ်ရှင်ရုံကနေထွက်လာပြီး လမ်းတွေပေါ်ကို ကြည့်လိုက်တဲ့အချိန်။ ရုပ်ရှင်ရုံနဲ့လက်တွေ့ဘဝကြား၊ မျက်နှာဖုံးလူတွေနဲ့ သာမန်လူတွေကြားမှာ တားဆီးထားတဲ့ စည်းမျဉ်းတစ်ခုက ပျောက်ပျက်သွားသလိုပင်။

"မင်းရဲ့မျက်နှာဖုံးကဘယ်မှာလဲ?"

နင်နင်အသံလာရာကိုကြည့်လိုက်တော့ အံ့အားသင့်သွားရတယ်။ "ဟိုတစ်ယောက်လား?"

အဲ့ဒါကရွာအဝင်လမ်းမှာ သူမတို့သုံးယောက်ကို လမ်းပြပေးခဲ့တဲ့ လူငယ်ပဲဖြစ်တယ်။

သူကမျက်စိလေးလုံးနဲ့ အစွယ်တွေပါတဲ့ မျက်နှာဖုံးကိုတပ်ဆင်ထားပြီး လမ်းကြားထဲကနေ သူမကိုလက်ဝေ့ယမ်းပြလာတယ်။

နင်နင်သူ့အနားကိုလျှောက်သွားပြီး ပြောလိုက်တယ်။ "ဟိုတစ်ခေါက်အတွက် ကျေးဇူးတင်ပါတယ်"

သူကခေါင်းခါရင်းပြုံးပြကာ ခုနကမေးခွန်းကိုပဲ ထပ်မေးလာတယ်။ "မင်းရဲ့မျက်နှာဖုံးဘယ်မှာလဲ?"

သူအဲ့ဒီအကြောင်းကို အဲ့လောက်တောင်သိချင်နေတာလား? နင်နင်ပြန်ဖြေလိုက်တယ်။ "ရှာမတွေ့ဘူး"

"ရှာမတွေ့ဘူး?" အစိမ်းရောင်အဝတ်အစားကို ဝတ်ဆင်ထားတဲ့ ထိုလူငယ်က သူမပြောတာကိုကြားပြီး ရယ်မောလာတယ်။ "ဘယ်မှာပျောက်သွားလဲ‌ ပြောပြရမလား?"

နင်နင်မျက်ခုံးတွေမြှင့်လိုက်မိတယ်။ "ဘယ်မှာပျောက်သွားလဲသိတာလား?"

"အင်း၊ ငါကဖျောက်လိုက်တဲ့လူမလို့လေ" သူကလက်ညှိုးထောင်ကာ ရှူးဆိုပြီးအမူအရာပြလာတယ်။ ထိုအမူအရာထဲမှာ ဖော်ပြလို့မရတဲ့နီးကပ်မှုတစ်ခုက ရောယှက်လို့နေတယ်။ "ငါမျက်နှာဖုံးကို မတော်တဆ ပျက်စီးအောင်လုပ်လိုက်မိတာ၊ ဘယ်သူ့ကိုမှပြန်မပြောနဲ့"

...ရွာသူကြီးနဲ့ ရွာသားတွေရဲ့ နင်မိသားစုပေါ်အမြင်နဲ့ ဘိုးဘေးကန်တော့ပွဲရဲ့ အရေးပါမှုအရဆိုရင် ဒီမျက်နှာဖုံးပျက်စီးသွားတယ်ဆိုတဲ့ အကြောင်းကို သူတို့သာသိသွားလို့ကတော့ ဒီလူက သစ်ပင်ပေါ်မှာ ကြိုးနဲ့ချည်ထားခံရမှာဖြစ်တယ်။

"အင်း၊ ဘယ်သူ့ကိုမှပြန်မပြောဘူး" နင်နင်သူ့ကိုကြည့်လိုက်တယ်။ "ဒါပေမဲ့ရှင့်ဘက်က ပိုင်ရှင်အကြောင်းပြန်ပြောပြရမယ်"

"ဘာဖြစ်လို့လဲ?" အစိမ်းရောင်အဝတ်အစားနဲ့လူငယ်က ထပ်ပြီးရယ်မောလာတယ်။ သူ့ရဲ့ရယ်သံက နားဝင်ချိုလွန်းတာကြောင့် သူ့ရဲ့မျက်နှာဖုံးကိုချွတ်လိုက်ရင် ပါးချိုင့်နှစ်ခုကိုတွေ့ရလိမ့်မယ်ဆိုတဲ့ ခံစားချက်ကိုပါ ပေးစွမ်းနေနိုင်တယ်။ "မင်းကိုရွာသူကြီးမပြောပြဘူးလား?"

"ပြောပြတယ်" နင်နင် ရွာသူကြီးလိုမျိုးဟန်ပြင်ပြီး တုတ်ကောက်ကိုင်ထားသလိုမျိုး ခါးကိုင်းချကာ ရှေးခေတ်လေသံနဲ့ ပြောလိုက်တယ်။ "အဟွတ်၊ အဟွတ်၊ အရင်ကပြောဖူးတယ်မလား? ဒီတိုင်းထိုင်ပြီးကြည့်နေရင်ရပြီ၊ အခြားဘာမှလုပ်စရာ မလိုဘူးလို့"

အစိမ်းရောင်အဝတ်အစားနဲ့လူငယ်က ခွက်ထိုးခွက်လန်ရယ်မောလာတယ်။ သူကအပျော်လွယ်တဲ့ လူတစ်ယောက် ဖြစ်ပုံပေါ်တယ်။ "ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်၊ သူငါ့ကိုလည်း အဲ့လိုပဲပြောခဲ့တာ"

နင်နင်သူ့ကိုသံသယတွေနဲ့ကြည့်လိုက်တယ်။ "ဟမ်? သူကဘာဖြစ်လို့ရှင့်ကို အဲ့အကြောင်းပြောတာလဲ?"

အစိမ်းရောင်အဝတ်အစားနဲ့လူငယ်က မျက်တောင်ခတ်လာတယ်။ "မင်းအားတျဲ့ကိုသိလား?"

"သိတယ်" နင်နင်ခေါင်းညိတ်လိုက်ပြီးတော့ ရုတ်တရက်သဘောပေါက်သွားတယ်။ "ရှင်ပြောချင်တာက..."

"လီမိသားစုမရှိတုန်းက အားတျဲ့ကအစားဝင်ပေးခဲ့တယ်" အစိမ်းရောင်အဝတ်အစားနဲ့လူငယ်က ရယ်ရင်းပြောလာတယ်။ "နင်မိသားစုအတွက်လည်း အတူတူပဲပေါ့"

နင်နင်သူ့ကိုမေးလိုက်တယ်။ "ရှင်ကနင်မိသားစုနေရာမှာ အစားဝင်ခဲ့တဲ့လူလား?"

"ဟုတ်တယ်" အစိမ်းရောင်အဝတ်အစားနဲ့လူငယ်က ပုခုံးတွန့်လာတယ်။ "ဒါပေမဲ့ငါက သူပြောသလိုပဲမလုပ်ဘူးလေ၊ အဲ့ဒါကြောင့်မလို့ သူရော အခြားလူတွေရော ငါ့ကိုမုန်းကြတာ၊ နော်အက,ကနေတဲ့အချိန်လွဲရင် သူတို့ငါ့ကို ကြည့်တောင်ကြည့်ကြတာမဟုတ်ဘူး၊ ငါ့ကိုကိုယ်ပျောက်လူသားလိုပဲ သဘောထားထားကြတာ"

နင်နင်ရွာထဲဝင်လာတုန်းက ကျန်တဲ့လူတွေ သူ့ကိုစိတ်ထဲမထည့်ထားကြတာ အံ့ဩစရာမဟုတ်တော့ပေ။

"စကားချော်သွားတယ်" အစိမ်းရောင်အဝတ်အစားနဲ့လူငယ်က ခေါင်းခါရင်းပြောလာတယ်။ "ငါဘာဖြစ်လို့ ရွာသူကြီးအကြောင်းပြောနေပါလိမ့်? မင်းသိချင်တာက ပိုင်ရှင်အကြောင်းမလား?"

"...အိုး၊ ဟုတ်သားပဲ" နင်နင်လည်း အဓိကအကြောင်းအရာဆီကို ပြန်အာရုံစိုက်လိုက်တယ်။ "ပိုင်ရှင်အကြောင်းပြောပြ"

အစိမ်းရောင်အဝတ်အစားနဲ့လူငယ်က ခပ်သဲ့သဲ့ပြုံးလာတယ်။ "မင်းဘာကိုသိချင်တာလဲ?"

နင်နင့်ရဲ့ခံစားချက်တွေမွှေနောက်သွားတယ်၊ သူတကယ်ကြီးသိနေတာပဲ။

ဒီရွာက ရုပ်ရှင်ရုံဆိုရင် ရွာကိုပြန်လာကြတဲ့လူတွေက လက်မှတ်တန်းစီစောင့်နေကြတဲ့ လူတွေပဲဖြစ်တယ်– သူတို့က မကြာခင် ရုပ်ရှင်ပြသတော့မယ်ဆိုတာကို သိကြပေမဲ့ ဘယ်လိုရုပ်ရှင်ဖြစ်မလဲဆိုတာကို မသိကြပေ။

ရွာသားတွေကတော့ အဖွဲ့နှစ်ခုကွဲနေလိမ့်မယ်။ ယင်းယန်မျက်နှာဖုံးတွေနဲ့ ရွာသားတွေက လက်မှတ်ကိုင်ထားတဲ့လူတွေပင်– ရုပ်ရှင်မစသေးပေမဲ့ ထိုရုပ်ရှင်ရဲ့နာမည်နဲ့ ဇာတ်ဆောင်တွေကိုတော့ သူတို့သိထားနှင့်ပြီဖြစ်တယ်။

နောက်ဆုံးမှာ မျိုးရိုးနာမည်တစ်ခုချင်းစီတိုင်းရဲ့ ကိုယ်စားလှယ်တွေက ရုပ်ရှင်ထုတ်လုပ်သူတွေဖြစ်ကြသလို ဇာတ်ဆောင်နဲ့ဇာတ်ပို့တွေလည်းဖြစ်တယ်။ သူတို့အားလုံး ဇာတ်ခုန်နောက်ကွယ်က အကြောင်းအရာတွေကို သိထားကြပေမဲ့ သူမကိုမပြောပြချင်ကြတာ သက်သက်ပင်။

ဒါပေမဲ့အခုအချိန်မှာတော့ သူမကိုပြောပြမယ့်လူရှိနေပြီ!

သူ့ရဲ့မျက်နှာပေါ်က မျက်နှာဖုံးကိုကြည့်တာနဲ့တင် သူမသိထားလိုက်ပြီ! အဲ့ဒါကယင်းယန်မျက်နှာဖုံးမဟုတ်ဘဲ သရဲတစ္ဆေလိုမျိုး ခက်ထန်တဲ့မျက်နှာဖုံးဖြစ်တာကြောင့် ဒီလူက နောက်ဆုံးအုပ်စုထဲက တစ်ယောက်– မျိုးရိုးနာမည်တစ်ခုကို ကိုယ်စားပြုတဲ့လူပဲ! သူကိုယ်တိုင်က ကိုယ်စားလှယ်မဟုတ်ရင်တောင် ကိုယ်စားလှယ်တစ်ယောက်ရဲ့ သားမြေးဖြစ်လိမ့်မယ်။

"ကျွန်မပိုင်ရှင်နေရာမှာ ဖျော်ဖြေရတော့မှာ" နင်နင်သူ့ကိုပြောလိုက်တယ်။ "ဒါပေမဲ့အဲ့ဒီပိုင်ရှင်ဆိုတာက ဘယ်လိုပုံစံမျိုးဖြစ်ရမှာလဲ ဆိုတာကို ကျွန်မအတိအကျမသိနေဘူး၊ ရွာထဲကလူတိုင်းကလည်း တစ်ယောက်အမျိုးပဲပြောနေကြတယ်"

"စဉ်းစားကြည့်ဦးမယ်..." အစိမ်းရောင်အဝတ်အစားနဲ့လူငယ်က ခဏစဉ်းစားပြီးနောက်မှာ အဓိပ္ပာယ်အပြည့်နဲ့ ရယ်လာခဲ့တယ်။ "ပိုင်ရှင်တစ်ယောက်ဖြစ်ဖို့ ပထမဆုံးလိုအပ်ချက်က– အသက်ရှင်နေတဲ့ လူတစ်ယောက်ဖြစ်ရမယ်"

နင်နင်မှင်တက်သွားတယ်။

"နင်အိမ်ကသမီး!"

ရွာသူကြီးရဲ့အသံက အနောက်ကနေထွက်ပေါ်လာတာကြောင့် နင်နင်တစ်ချက် အနောက်လှည့်ကြည့်လိုက်တယ်။ တစ်စက္ကန့်တောင်မကြာဘဲ သူမခေါင်းပြန်လှည့်လာတဲ့အချိန်မှာ ခုနကအစိမ်းရောင်အဝတ်အစားနဲ့ လူငယ်က ဘယ်ကိုမှန်းမသိ ပျောက်ကွယ်လို့သွားပြီဖြစ်တယ်။

"မင်းကိုအခုမှရှာတွေ့တော့တယ်" ရွာသူကြီးက တုတ်ကောက်နဲ့လျှောက်လှမ်းလာတယ်။ "မျက်နှာဖုံးအခုထိ ရှာလို့မတွေ့သေးဘူးမလား? အိမ်နီးနားရွာမှာ လက်သမားတစ်ယောက် တွေ့ထားတယ်၊ သူအခုချက်ချင်း လုပ်ပေးလို့ရတယ်ဆိုတော့ မင်းလည်းအချိန်မှီလောက်တယ်... ဘာဖြစ်လို့လဲ? ဘယ်သူ့ကိုရှာနေတာလဲ?"

နင်နင်ပါးစပ်ဟပြီး ခုနကအစိမ်းရောင်အဝတ်အစားနဲ့ လူငယ်အကြောင်းကို မေးဖို့ပြင်လိုက်တယ်... ခဏနေပါဦး။

...သူပြောခဲ့တာက ရွာသားတွေသူ့ကို မမြင်ချင်ယောင်ဆောင်နေကြတယ်တဲ့– မဟုတ်သေးပါဘူး။ သူ့ကိုမမြင်ရတာက ရွာသားတွေချည်းပဲမှမဟုတ်တာ။ သူမရဲ့အဘွားလည်း သူ့ကိုမမြင်ခဲ့ရပေ။

"...ဘာမှမဟုတ်ပါဘူး" အစိမ်းရောင်အဝတ်အစားနဲ့လူငယ် ပျောက်ကွယ်သွားတဲ့နေရာကို နင်နင်တစ်ချက်ကြည့်ပြီး ခုနကစကားတွေကိုပြန်မျိုချကာ ရွာသူကြီးကိုပြောလိုက်တယ်။ "သွားရအောင်"

အိမ်ပြန်ရောက်တဲ့အချိန်မှာ လက်သမားဆရာက ရောက်နှင့်နေပြီဖြစ်တယ်။ ရွာသူကြီးဝင်လာတာကိုတွေ့တော့ သူမတ်တတ်ထရပ်ပြီး နှုတ်ဆက်လာတယ်။ သူ့ရဲ့လက်ထဲမှာကိုင်ထားတာက သစ်သားသေတ္တာတစ်ခုဖြစ်တယ်။ "သူကြီး၊ ကျုပ်လုပ်လို့ပြီးသွားပြီ၊ ဘယ်လိုနေလဲ?"

သူကိုင်ထားတဲ့သေတ္တာထဲက မျက်နှာဖုံးကိုငုံ့ကြည့်ပြီးနောက်မှာ နင်နင်ကြက်သေသေသွားရတယ်။

အစွယ်တွေနဲ့ ကြောက်ရွံ့ဖွယ်ကောင်းစွာ ခက်ထန်တဲ့မျက်နှာဖုံး။

ဒါက အစိမ်းရောင်အဝတ်အစားနဲ့လူ တပ်ဆင်ထားတဲ့ မျက်နှာဖုံးပဲမဟုတ်ပါလား?

_______________

စာရေးသူမှာပြောစရာရှိပါတယ်:

[အားရှရဲ့နေ့လည်ခင်းလက်ဖက်ရည်ချိန်]

အားရှ: ဒီနေ့လက်ဖက်ရည်ပွဲရဲ့ ခေါင်းစဉ်က– နတ်သားလေးတစ်ယောက် ဗုဒ္ဓရဲ့အေးချမ်းတဲ့ အရိပ်အာဝါသအောက်ကနေထွက်ပြီး အချစ်ပင်လယ်ထဲလွင့်မျောသွားအောင် ဘယ်လိုလုပ်ကြရမလဲ ဆိုတာပဲ....

ရှီထို့ကော: အစ်ကို့ရဲ့ချစ်သူ...

ရှီထို့ကောရဲ့မိန်းကလေးဖန်များ: အစ်ကို့ရဲ့ချစ်သူ...

အားရှ: စကားလမ်းကြောင်းမလွှဲကြနဲ့! မပြေးကြနဲ့! ပြန်လာခဲ့ကြစမ်း! ငါ့ကိုအကြံပေးကြပါဦး orz*၊ တစ်ယောက်ယောက် မြန်မြန်စဉ်းစားကြည့်ပေးကြပါ orz၊ ဖြူစင်တဲ့အချစ်ရေ နင်သေလို့မရသေးဘူးနော် orz...

________

ဘာသာပြန်သူမှတ်ချက်: orz က emoticonပါ။

_________________

{Zawgyi}

အခန္း ၁၄၉: အစားဝင္ေဖ်ာ္ေျဖသူ

ဇာတ္ေကာင္တစ္ခုအတြက္နဲ႔ အေမနဲ႔သမီးၾကားကရန္ပြဲ။

ဒါကပထမဆုံးအႀကိမ္မဟုတ္ေပမဲ့ ေနာက္ဆုံးအႀကိမ္ပဲျဖစ္ေလာက္တယ္။

"႐ြာသူႀကီး" နင္နင္ ႐ြာသူႀကီးကိုေမးလိုက္တယ္။ "ပိုင္ရွင္ကဘယ္လိုမ်ိဳးဇာတ္ေကာင္လဲ?"

ေမေမအရမ္းေသခ်ာေနတာက ဒီဇာတ္ေကာင္ကို ဘယ္လိုသ႐ုပ္ေဆာင္ရမလဲဆိုတာကို သိေနလို႔ပဲျဖစ္မယ္။ သူမကေတာ့ ဘယ္လိုမ်ိဳးသ႐ုပ္ေဆာင္ရမလဲဆိုတာကို မသိတာေၾကာင့္ သိတဲ့လူေတြကိုပဲ လိုက္ေမးႏိုင္တယ္။

"အရင္ကေျပာဖူးတယ္မလား?" ႐ြာသူႀကီးကေဖာ္ေဖာ္ေ႐ြေ႐ြ ေျပာလာခဲ့တယ္။ "ဒီတိုင္းထိုင္ၿပီးၾကည့္ေနရင္ရၿပီ၊ အျခားဘာမွလုပ္စရာ မလိုဘူးလို႔"

"...နားလည္ပါၿပီ၊ ေက်းဇူးပါ"

အဲ့ဒါကသူ႔ရဲ႕ကိုယ္ေရးကိုယ္တာအျမင္ျဖစ္တယ္။ သူ႔ရဲ႕စိတ္ထဲမွာရွိတဲ့ ပိုင္ရွင္က တစ္စက္မွမလႈပ္ရွားတဲ့ အ႐ုပ္တစ္ခုလိုပင္။

နင္နင္ဆက္ၿပီးေတာ့ အေျဖသိေလာက္တဲ့လူမွန္သမွ်ကို လိုက္ေမးေနလိုက္တယ္။ အဆုံးမွာ သူတို႔တစ္ေယာက္ခ်င္းစီတိုင္းရဲ႕ အေျဖေတြက ကြဲျပားလို႔ေနတယ္။ တစ္ေယာက္က ေလးနက္တည္ၾကည္ဖို႔ေျပာၿပီး အျခားတစ္ေယာက္က ပန္းပြင့္လိုမ်ိဳးၿပဳံးေနဖို႔ေျပာတယ္။ ေသမ်ိဳးေတြထက္ ျမင့္ျမတ္ဟန္နဲ႔ ခ်ဥ္းကပ္ရမလြယ္တဲ့ပုံစံမ်ိဳး သ႐ုပ္ေဆာင္ဖို႔ ေျပာတဲ့လူလည္းရွိတယ္။

႐ုတ္တရက္ ရင္းႏွီးေနတဲ့အသံတစ္ခုက သူမရဲ႕အေနာက္ကေနထြက္ေပၚလာတယ္။ "ဘာျဖစ္လို႔ကိုယ့္ကိုမေမးတာလဲ?"

နင္နင္လွည့္ၾကည့္လိုက္ေတာ့ သူမရဲ႕အေနာက္မွာရပ္ေနတဲ့ ေဖ႐ႊမ္ကိုေတြ႕လိုက္ရတယ္။

"မေန႔တစ္ေန႔ကမွ ႐ြာကိုျပန္လာတာမဟုတ္ဘူးလား?" နင္နင္သူ႔ကိုၿပဳံးျပလိုက္တယ္။ "ရွင္လည္းကြၽန္မလိုမ်ိဳး ဘာမွမသိတဲ့လူပဲေလ"

"ဟင့္အင္း၊ သိတယ္" ေဖ႐ႊမ္က႐ုတ္တရက္ သူမအနားကိုေလွ်ာက္လာတယ္။ နင္နင္အလိုအေလွ်ာက္ တုံ႔ျပန္မႈေၾကာင့္ အေနာက္ကလမ္းႀကိဳၾကားေလးထဲကို ေနာက္ဆုတ္သြားမိတယ္။

လူသူမဲ့တဲ့လမ္းၾကားေလးထဲ ေရာက္လာခဲ့မိၿပီဆိုတာကို သတိထားမိလိုက္တာနဲ႔ သူမရဲ႕တစ္ကိုယ္လုံး တုန္ယင္သြားရတယ္။ သူမအေရွ႕ကိုျပန္ေျပးခ်င္ေပမဲ့ အရပ္ျမင့္တဲ့ေဖ႐ႊမ္က လမ္းကိုပိတ္လို႔ထားတယ္။ အဆုံးမွာသူမကိုယ္ကိုလွည့္ၿပီး ေျပးဖို႔ႀကံေတာ့တယ္။ ဒါေပမဲ့သူမရဲ႕ေျခလွမ္း ႏွစ္လွမ္းေတာင္မျပည့္ေသးခင္မွာ အသံတစ္ခုက သူမရဲ႕အေနာက္ကေန ထြက္ေပၚလာခဲ့တယ္။ "...ဒီ႐ုပ္ရွင္ရဲ႕နာမည္က <တ႐ုတ္တေစၦပုံျပင္>"

နင္နင္ေျခလွမ္းေတြကို ဆတ္ခနဲရပ္လိုက္တယ္။

သူမျဖည္းျဖည္းခ်င္း ေခါင္းလွည့္ၾကည့္လိုက္ေတာ့ စိတ္သက္သာရာရစြာနဲ႔ ၿပဳံးျပလာတဲ့ 'ေဖ႐ႊမ္'ကိုေတြ႕လိုက္ရတယ္။ သူကသူမကို ေျပာလာခဲ့တယ္။ "ကြၽန္ေတာ္ဝမ္ယြီပါ"

နာရီဝက္ၾကာၿပီးေနာက္၊ ႐ြာနားကလယ္ကြင္းထဲတြင္။

အဝါေရာင္မုန္ညႇင္းပန္းေတြက ေတာင္တန္းနဲ႔လြင္ျပင္တစ္ေလွ်ာက္လုံးမွာ ပြင့္လန္းေနၾကတယ္။ ေလတစ္ေဝွ႔မွာ အဝါေရာင္ပန္းခင္းႀကီးက လႈိင္းလုံးတစ္ခုလို ပ်ံ႕က်ဲလႈပ္ခတ္လို႔သြားတယ္။ ထိုလႈိင္းလုံးၾကားမွာ ဆယ္ေက်ာ္သက္တစ္ေယာက္က အဝါေရာင္ပင္လယ္ျပင္ႀကီးကို ပန္းခ်ီေရးဆြဲလို႔ေနတယ္။

နင္နင္နဲ႔ေဖ႐ႊမ္က အဝါေရာင္မုန္ညႇင္းပန္းေတြေဘးကေန သက္ေသာင့္သက္သာ လမ္းေလွ်ာက္ေနၾကတယ္။

"ကြၽန္ေတာ္ေရာက္လာတာ တစ္လေလာက္ရွိၿပီ၊ ေရာက္လာၿပီးတာနဲ႔ ဒီလိုျဖစ္သြားတာပဲ" ဝမ္ယြီကသက္ျပင္းခ်ၿပီးေတာ့ စိတ္ဓာတ္က်စြာနဲ႔ မ်က္ႏွာကိုထိေတြ႕ၿပီး ေျပာလာခဲ့တယ္။ "ျပန္သြားလို႔ရပါ့မလား?"

...သူ႔ရဲ႕မႈန္မႈိင္းစိတ္ဓာတ္က်ေနတဲ့ အမူအရာကိုၾကည့္ၿပီးေနာက္မွာ ေဖ႐ႊမ္ရဲ႕နားသယ္ျဖဴေတြက အရင္ကမရွိခဲ့ေသးဘဲ ဝမ္ယြီေရာက္လာမွသာ သူ႔ရဲ႕စိုးရိမ္ပူပန္မႈလြန္ကဲျခင္းေတြေၾကာင့္ ေပါက္လာၿပီး အိုစာဟန္ေပၚလာတာျဖစ္လိမ့္မယ္ နင္နင္ယူဆလိုက္တယ္။

"ရတာေပါ့" နင္နင္သူ႔ကို ဘဝ႐ုပ္ရွင္႐ုံနဲ႔ အခုလက္ရွိအေျခအေနအေၾကာင္းကို အၾကမ္းဖ်ဥ္းရွင္းျပၿပီး နိဂုံးခ်ဳပ္လိုက္တယ္။ "ဆိုေတာ့ဒီ႐ုပ္ရွင္ဇာတ္သိမ္းတာနဲ႔ ကြၽန္မတို႔ေတြ ျပန္လို႔ရလိမ့္မယ္"

"႐ုပ္ရွင္ကဘယ္ေတာ့မွဇာတ္သိမ္းမွာလဲ?" ဝမ္ယြီကသူမကို ေမွ်ာ္လင့္ခ်က္ေတြနဲ႔ ၾကည့္လာတယ္။ သူ႔အတြက္ေတာ့ ေဖ႐ႊမ္ဆိုတဲ့လူက ႂကြက္ ဒါမွမဟုတ္ ပိုးဟပ္တစ္ေကာင္နဲ႔မျခားပါေခ်။ ဘယ္သူကဒီလိုမ်ိဳး ပိုးမႊားအျဖစ္ ကူးေျပာင္းလာခ်င္မွာလဲ?

"အဓိကဇာတ္ေကာင္ေသသြားရင္... ခဏေနပါဦး!" နင္နင္႐ုတ္တရက္ ထူးဆန္းေနတာကို သေဘာေပါက္သြားတယ္။ သူမကခဏေလာက္ မွင္တက္ေနၿပီးမွ ေရ႐ြတ္လာတယ္။ "ကြၽန္မရဲ႕အဘိုးက ေသသြားၿပီပဲကို"

‌ေအးစက္စက္ၾကက္သီးေမြးညင္းေတြက သူမတို႔ႏွစ္ေယာက္လုံးရဲ႕ ေက်ာ႐ိုးတစ္ေလွ်ာက္ကို ျဖတ္ေျပးလို႔သြားတယ္။

"တကယ္ေသခ်ာလို႔လား?" ဝမ္ယြီေမးလာတယ္။

"အဘြားအဲ့လိုေျပာတာပဲ၊ အဘိုးကေရာဂါတစ္ခုေၾကာင့္ ဟိုးကတည္းကဆုံးသြားလို႔ သူတစ္ေယာက္တည္း ေမေမ့ကိုပ်ိဳးေထာင္ခဲ့ရတာဆိုၿပီး" နင္နင္ခဏတာတြန႔္ဆုတ္ေနမိတယ္။ "အဲ့ဒါတကယ္ ဟုတ္လားမဟုတ္လားဆိုတာကို အဘြားပဲသိလိမ့္မယ္... ဟုတ္သားပဲ၊ ရွင္ကေရာ၊ ဒီကိုဘယ္လိုလုပ္ၿပီး ေရာက္လာခဲ့တာလဲ?"

"ေဖ႐ႊမ္ကဘဝ႐ုပ္ရွင္႐ုံနဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြကို စုစည္းေနတာ အေတာ္ေလးၾကာၿပီ" ဝမ္ယြီကေျပာလာတယ္။ "အဲ့ထဲမွာ အျခားလူေတာ္ေတာ္မ်ားမ်ားလည္း ပါဝင္ပတ္သက္ေနတယ္၊ သူတို႔ေတြ ႏွစ္ေတာ္ေတာ္ၾကာ စုံစမ္းရွာထုတ္ထားတဲ့ အခ်က္အလက္ေတြအားလုံး ၫႊန္ျပေနတာက ဒီ႐ြာပဲ"

သူေျပာၿပီးေတာ့ ေခါက္ထားတဲ့စာ႐ြက္တစ္႐ြက္ကိုထုတ္ၿပီး သူမကိုျပလာတယ္။ "ၾကည့္၊ ဒါကေဖ႐ႊမ္ရဲ႕အစီအစဥ္၊ ကြၽန္ေတာ္သူ႔ကိုယ္ထဲ မကူးေျပာင္းလာခင္တုန္းက သူဒါကိုတစ္ဝက္တစ္ျပတ္ ေရးေနခဲ့တာ"

နင္နင္စာ႐ြက္ကိုဖြင့္ဖတ္ၾကည့္လိုက္တယ္။

တစ္: ျပင္ဆင္ထားရမယ့္ဟာေတြက အဝတ္အစား၊ ေတာင္တက္ပစၥည္း၊ ပိုက္ဆံ၊ ျခင္ေဆးေခြ၊ ျခင္ကိုက္လိမ္းေဆး၊ ျခင္ေထာင္...

ဘာျဖစ္လို႔ျခင္နဲ႔ပတ္သက္တာေတြ ဒီေလာက္ေတာင္မ်ားေနတာလဲ? ေဖ႐ႊမ္၊ ရွင္ျခင္ကို ဒီေလာက္ေတာင္ေၾကာက္တာလား?

ႏွစ္: IDအတု။

အဲ့ဒီစဥ္းလဲတဲ့ေဖ႐ႊမ္က အၿမဲတမ္းႀကိဳတင္ျပင္ဆင္ထားေလ့ရွိတယ္။ ႐ြာသူႀကီးကသူ႔ရဲ႕မွတ္ပုံတင္ ဘာညာကို ေတာင္းၾကည့္ခဲ့ရင္ေတာင္ သူျပႆနာသိပ္ရွိမွာမဟုတ္ေခ်။

သုံး: ၇ရက္ေန႔မွာလက္မွတ္ဝယ္၊ ၈ရက္ေန႔႐ြာကိုေရာက္၊ မ်က္ႏွာဖုံးနဲ႔ ႐ြာသူႀကီးကိုေတြ႕ၿပီး လီေ႐ႊရွန္းရဲ႕သားဟန္‌ေဆာင္၊ ေနာ္အကမွာဝင္ေဖ်ာ္ေျဖဖို႔ခြင့္ေတာင္း။

ေလး....

'ေလး' ေနာက္မွာ ဘာမွမရွိေတာ့ပါေခ်...

"လီ႐ႊမ္! လီ႐ႊမ္!" အေဝးကေန မ်က္ႏွာဖုံးတပ္ဆင္ထားတဲ့ လူတစ္ေယာက္က ေအာ္ရင္းနဲ႔ေျပးလာလို႔ေနတယ္။ "ေန႔တိုင္းမနက္၈နာရီဆိုရင္ ငါ့ဆီလာၿပီး အကလာသင္လို႔ မေျပာထားဘူးလား? ‌ေလးနက္မႈကိုမရွိဘူး! ႀကိဳးစားခ်င္စိတ္ကိုမရွိဘူး! လိုက္ၿပီးအီစီကလီလုပ္ေနဖို႔ပဲသိတယ္!"

ဝမ္ယြီသူ႔ကိုတစ္ခ်က္ၾကည့္ၿပီးေတာ့ နင္နင့္ကိုျပန္ၾကည့္ကာ ေျပာလာခဲ့တယ္။ "ကြၽန္ေတာ္သူနဲ႔လိုက္သြားလိုက္ဦးမယ္၊ ဦးေလးတ်ဲ႕က ဒီ႐ြာရဲ႕အသက္ႀကီးပိုင္းလူဆိုေတာ့ သိထားတာေတြမ်ားမွာပဲ၊ သူ႔ကိုေမးခ်င္တာေတြလည္း နည္းနည္းရွိတယ္၊ ၿပီးေတာ့မွခင္ဗ်ားနဲ႔ လာျပန္ေတြ႕မယ္"

"အင္း" နင္နင္သူမရဲ႕ဖုန္းေပၚက အခ်ိန္ကိုၾကည့္ၿပီး ေျပာလိုက္တယ္။ "ဒါဆိုရင္ဒီညေန၆နာရီ ဒီမွာပဲေစာင့္ေနမယ္ေနာ္"

သူထြက္သြားၿပီးတာနဲ႔ နင္နင္ခ်က္ခ်င္းေနာင္တရၿပီး ေတြးလိုက္မိတယ္။ "ဘာျဖစ္လို႔၆နာရီလာေစာင့္ရမွာလဲ? အခုလည္းဘာမွလုပ္စရာ မရွိေတာ့တဲ့ဟာကို၊ သူ႔အေနာက္ကိုလိုက္သြားခဲ့သင့္တာ၊ အဲ့လိုဆိုရင္ ဦးေလးတ်ဲ႕ကိုလည္း စကားေလးဘာေလးႏႈိက္လို႔ရမွာကို၊ သူကဒီ႐ြာထဲမွာပဲေနလာတဲ့ လူအိုဆိုေတာ့ ပိုင္ရွင္နဲ႔ပတ္သက္ၿပီး တစ္ခုခုသိထားမွာပဲ"

သူမစဥ္းစားၿပီးေတာ့ ႐ြာထဲကို ျမန္ျမန္ေျပးဝင္သြားေတာ့တယ္။

ပုံမွန္နဲ႔စာရင္ ႐ြာကပိုၿပီးေတာ့လူရႈပ္လို႔ေနတယ္။ နင္နင္သူမ်ားေတြနဲ႔ ထပ္ခါထပ္ခါ ပုခုံးခ်င္းတိုက္မိေနတယ္။ ႐ြာသားေတြနဲ႔ ႐ြာျပန္လာၾကတဲ့လူေတြကို ခြဲျခားႏိုင္တဲ့တစ္ခုတည္းေသာအရာက– မ်က္ႏွာဖုံးေတြပဲျဖစ္တယ္။

မေန႔ညက သူမညစာစားပြဲကေနျပန္လာၿပီးေတာ့ ႐ြာသူႀကီးဘာကို ေၾကညာခဲ့လည္းမသိေပ။

ဒီမနက္ကတည္းကေနစၿပီး လမ္းေတြေပၚမွာ မ်က္ႏွာဖုံးနဲ႔လူေတြနဲ႔ ျပည့္ႏွက္လို႔ေနတယ္။

မ်ိဳး႐ိုးနာမည္ကြဲနဲ႔လူတိုင္းက သားစဥ္မ်ိဳးဆက္လက္ဆင့္ကမ္းခဲ့တဲ့ သူတို႔ရဲ႕မ်က္ႏွာဖုံးအေဟာင္းေတြကို တပ္ဆင္လို႔ထားတယ္။ ထိုမ်က္ႏွာဖုံးေတြရဲ႕လက္ရာက ေသသပ္လွၿပီး အေရာင္ေတြကလွပလြန္းလွတယ္။ သူတို႔အားလုံးက တစ္ခ်ိန္တည္းမွာပဲ လူသား၊ သားရဲ၊ တေစၦေတြနဲ႔ ဆင္တူလို႔ေနတယ္။

သူတို႔အျပင္ အျခားလူေတြက်ေတာ့ ဆင္တူတဲ့မ်က္ႏွာဖုံးေတြကို တပ္ဆင္ထားၾကတယ္– ထိုမ်က္ႏွာဖုံးေတြက မ်က္ႏွာအစိတ္အပိုင္းေတြမပါဘဲ ဘယ္ဘက္ျခမ္းမွာအနက္ေရာင္၊ ညာဘက္ျခမ္းမွာအျဖဴေရာင္ကို ျခယ္ထားတဲ့ ယင္းယန္မ်က္ႏွာဖုံးေတြပဲျဖစ္တယ္။

မ်က္ႏွာဖုံးနဲ႔လူ၊ သာမန္လူ၊ မ်က္ႏွာဖုံးနဲ႔လူ၊ သာမန္လူ။ နင္နင္ကလမ္းအလယ္မွာ ရပ္လို႔ေနတယ္။ လူေတြက သူမရဲ႕ေဘးကေန ျဖတ္ေလွ်ာက္သြားေနၾကၿပီး ထိုအခ်ိန္တစ္ခဏမွာ <ခိုးဝင္> ဇာတ္သိမ္းၿပီးကာစ အခ်ိန္ကို ျပန္ေရာက္သြားသလိုမ်ိဳး နင္နင္ခံစားလိုက္ရတယ္– သူမဘဝ႐ုပ္ရွင္႐ုံကေနထြက္လာၿပီး လမ္းေတြေပၚကို ၾကည့္လိုက္တဲ့အခ်ိန္။ ႐ုပ္ရွင္႐ုံနဲ႔လက္ေတြ႕ဘဝၾကား၊ မ်က္ႏွာဖုံးလူေတြနဲ႔ သာမန္လူေတြၾကားမွာ တားဆီးထားတဲ့ စည္းမ်ဥ္းတစ္ခုက ေပ်ာက္ပ်က္သြားသလိုပင္။

"မင္းရဲ႕မ်က္ႏွာဖုံးကဘယ္မွာလဲ?"

နင္နင္အသံလာရာကိုၾကည့္လိုက္ေတာ့ အံ့အားသင့္သြားရတယ္။ "ဟိုတစ္ေယာက္လား?"

အဲ့ဒါက႐ြာအဝင္လမ္းမွာ သူမတို႔သုံးေယာက္ကို လမ္းျပေပးခဲ့တဲ့ လူငယ္ပဲျဖစ္တယ္။

သူကမ်က္စိေလးလုံးနဲ႔ အစြယ္ေတြပါတဲ့ မ်က္ႏွာဖုံးကိုတပ္ဆင္ထားၿပီး လမ္းၾကားထဲကေန သူမကိုလက္ေဝ့ယမ္းျပလာတယ္။

နင္နင္သူ႔အနားကိုေလွ်ာက္သြားၿပီး ေျပာလိုက္တယ္။ "ဟိုတစ္ေခါက္အတြက္ ေက်းဇူးတင္ပါတယ္"

သူကေခါင္းခါရင္းၿပဳံးျပကာ ခုနကေမးခြန္းကိုပဲ ထပ္ေမးလာတယ္။ "မင္းရဲ႕မ်က္ႏွာဖုံးဘယ္မွာလဲ?"

သူအဲ့ဒီအေၾကာင္းကို အဲ့ေလာက္ေတာင္သိခ်င္ေနတာလား? နင္နင္ျပန္ေျဖလိုက္တယ္။ "ရွာမေတြ႕ဘူး"

"ရွာမေတြ႕ဘူး?" အစိမ္းေရာင္အဝတ္အစားကို ဝတ္ဆင္ထားတဲ့ ထိုလူငယ္က သူမေျပာတာကိုၾကားၿပီး ရယ္ေမာလာတယ္။ "ဘယ္မွာေပ်ာက္သြားလဲ‌ ေျပာျပရမလား?"

နင္နင္မ်က္ခုံးေတြျမႇင့္လိုက္မိတယ္။ "ဘယ္မွာေပ်ာက္သြားလဲသိတာလား?"

"အင္း၊ ငါကေဖ်ာက္လိုက္တဲ့လူမလို႔ေလ" သူကလက္ညႇိဳးေထာင္ကာ ရႉးဆိုၿပီးအမူအရာျပလာတယ္။ ထိုအမူအရာထဲမွာ ေဖာ္ျပလို႔မရတဲ့နီးကပ္မႈတစ္ခုက ေရာယွက္လို႔ေနတယ္။ "ငါမ်က္ႏွာဖုံးကို မေတာ္တဆ ပ်က္စီးေအာင္လုပ္လိုက္မိတာ၊ ဘယ္သူ႔ကိုမွျပန္မေျပာနဲ႔"

...႐ြာသူႀကီးနဲ႔ ႐ြာသားေတြရဲ႕ နင္မိသားစုေပၚအျမင္နဲ႔ ဘိုးေဘးကန္ေတာ့ပြဲရဲ႕ အေရးပါမႈအရဆိုရင္ ဒီမ်က္ႏွာဖုံးပ်က္စီးသြားတယ္ဆိုတဲ့ အေၾကာင္းကို သူတို႔သာသိသြားလို႔ကေတာ့ ဒီလူက သစ္ပင္ေပၚမွာ ႀကိဳးနဲ႔ခ်ည္ထားခံရမွာျဖစ္တယ္။

"အင္း၊ ဘယ္သူ႔ကိုမွျပန္မေျပာဘူး" နင္နင္သူ႔ကိုၾကည့္လိုက္တယ္။ "ဒါေပမဲ့ရွင့္ဘက္က ပိုင္ရွင္အေၾကာင္းျပန္ေျပာျပရမယ္"

"ဘာျဖစ္လို႔လဲ?" အစိမ္းေရာင္အဝတ္အစားနဲ႔လူငယ္က ထပ္ၿပီးရယ္ေမာလာတယ္။ သူ႔ရဲ႕ရယ္သံက နားဝင္ခ်ိဳလြန္းတာေၾကာင့္ သူ႔ရဲ႕မ်က္ႏွာဖုံးကိုခြၽတ္လိုက္ရင္ ပါးခ်ိဳင့္ႏွစ္ခုကိုေတြ႕ရလိမ့္မယ္ဆိုတဲ့ ခံစားခ်က္ကိုပါ ေပးစြမ္းေနႏိုင္တယ္။ "မင္းကို႐ြာသူႀကီးမေျပာျပဘူးလား?"

"ေျပာျပတယ္" နင္နင္ ႐ြာသူႀကီးလိုမ်ိဳးဟန္ျပင္ၿပီး တုတ္ေကာက္ကိုင္ထားသလိုမ်ိဳး ခါးကိုင္းခ်ကာ ေရွးေခတ္ေလသံနဲ႔ ေျပာလိုက္တယ္။ "အဟြတ္၊ အဟြတ္၊ အရင္ကေျပာဖူးတယ္မလား? ဒီတိုင္းထိုင္ၿပီးၾကည့္ေနရင္ရၿပီ၊ အျခားဘာမွလုပ္စရာ မလိုဘူးလို႔"

အစိမ္းေရာင္အဝတ္အစားနဲ႔လူငယ္က ခြက္ထိုးခြက္လန္ရယ္ေမာလာတယ္။ သူကအေပ်ာ္လြယ္တဲ့ လူတစ္ေယာက္ ျဖစ္ပုံေပၚတယ္။ "ဟုတ္တယ္၊ ဟုတ္တယ္၊ ဟုတ္တယ္၊ သူငါ့ကိုလည္း အဲ့လိုပဲေျပာခဲ့တာ"

နင္နင္သူ႔ကိုသံသယေတြနဲ႔ၾကည့္လိုက္တယ္။ "ဟမ္? သူကဘာျဖစ္လို႔ရွင့္ကို အဲ့အေၾကာင္းေျပာတာလဲ?"

အစိမ္းေရာင္အဝတ္အစားနဲ႔လူငယ္က မ်က္ေတာင္ခတ္လာတယ္။ "မင္းအားတ်ဲ႕ကိုသိလား?"

"သိတယ္" နင္နင္ေခါင္းညိတ္လိုက္ၿပီးေတာ့ ႐ုတ္တရက္သေဘာေပါက္သြားတယ္။ "ရွင္ေျပာခ်င္တာက..."

"လီမိသားစုမရွိတုန္းက အားတ်ဲ႕ကအစားဝင္ေပးခဲ့တယ္" အစိမ္းေရာင္အဝတ္အစားနဲ႔လူငယ္က ရယ္ရင္းေျပာလာတယ္။ "နင္မိသားစုအတြက္လည္း အတူတူပဲေပါ့"

နင္နင္သူ႔ကိုေမးလိုက္တယ္။ "ရွင္ကနင္မိသားစုေနရာမွာ အစားဝင္ခဲ့တဲ့လူလား?"

"ဟုတ္တယ္" အစိမ္းေရာင္အဝတ္အစားနဲ႔လူငယ္က ပုခုံးတြန႔္လာတယ္။ "ဒါေပမဲ့ငါက သူေျပာသလိုပဲမလုပ္ဘူးေလ၊ အဲ့ဒါေၾကာင့္မလို႔ သူေရာ အျခားလူေတြေရာ ငါ့ကိုမုန္းၾကတာ၊ ေနာ္အက,ကေနတဲ့အခ်ိန္လြဲရင္ သူတို႔ငါ့ကို ၾကည့္ေတာင္ၾကည့္ၾကတာမဟုတ္ဘူး၊ ငါ့ကိုကိုယ္ေပ်ာက္လူသားလိုပဲ သေဘာထားထားၾကတာ"

နင္နင္႐ြာထဲဝင္လာတုန္းက က်န္တဲ့လူေတြ သူ႔ကိုစိတ္ထဲမထည့္ထားၾကတာ အံ့ဩစရာမဟုတ္ေတာ့ေပ။

"စကားေခ်ာ္သြားတယ္" အစိမ္းေရာင္အဝတ္အစားနဲ႔လူငယ္က ေခါင္းခါရင္းေျပာလာတယ္။ "ငါဘာျဖစ္လို႔ ႐ြာသူႀကီးအေၾကာင္းေျပာေနပါလိမ့္? မင္းသိခ်င္တာက ပိုင္ရွင္အေၾကာင္းမလား?"

"...အိုး၊ ဟုတ္သားပဲ" နင္နင္လည္း အဓိကအေၾကာင္းအရာဆီကို ျပန္အာ႐ုံစိုက္လိုက္တယ္။ "ပိုင္ရွင္အေၾကာင္းေျပာျပ"

အစိမ္းေရာင္အဝတ္အစားနဲ႔လူငယ္က ခပ္သဲ့သဲ့ၿပဳံးလာတယ္။ "မင္းဘာကိုသိခ်င္တာလဲ?"

နင္နင့္ရဲ႕ခံစားခ်က္ေတြေမႊေနာက္သြားတယ္၊ သူတကယ္ႀကီးသိေနတာပဲ။

ဒီ႐ြာက ႐ုပ္ရွင္႐ုံဆိုရင္ ႐ြာကိုျပန္လာၾကတဲ့လူေတြက လက္မွတ္တန္းစီေစာင့္ေနၾကတဲ့ လူေတြပဲျဖစ္တယ္– သူတို႔က မၾကာခင္ ႐ုပ္ရွင္ျပသေတာ့မယ္ဆိုတာကို သိၾကေပမဲ့ ဘယ္လို႐ုပ္ရွင္ျဖစ္မလဲဆိုတာကို မသိၾကေပ။

႐ြာသားေတြကေတာ့ အဖြဲ႕ႏွစ္ခုကြဲေနလိမ့္မယ္။ ယင္းယန္မ်က္ႏွာဖုံးေတြနဲ႔ ႐ြာသားေတြက လက္မွတ္ကိုင္ထားတဲ့လူေတြပင္– ႐ုပ္ရွင္မစေသးေပမဲ့ ထို႐ုပ္ရွင္ရဲ႕နာမည္နဲ႔ ဇာတ္ေဆာင္ေတြကိုေတာ့ သူတို႔သိထားႏွင့္ၿပီျဖစ္တယ္။

ေနာက္ဆုံးမွာ မ်ိဳး႐ိုးနာမည္တစ္ခုခ်င္းစီတိုင္းရဲ႕ ကိုယ္စားလွယ္ေတြက ႐ုပ္ရွင္ထုတ္လုပ္သူေတြျဖစ္ၾကသလို ဇာတ္ေဆာင္နဲ႔ဇာတ္ပို႔ေတြလည္းျဖစ္တယ္။ သူတို႔အားလုံး ဇာတ္ခုန္ေနာက္ကြယ္က အေၾကာင္းအရာေတြကို သိထားၾကေပမဲ့ သူမကိုမေျပာျပခ်င္ၾကတာ သက္သက္ပင္။

ဒါေပမဲ့အခုအခ်ိန္မွာေတာ့ သူမကိုေျပာျပမယ့္လူရွိေနၿပီ!

သူ႔ရဲ႕မ်က္ႏွာေပၚက မ်က္ႏွာဖုံးကိုၾကည့္တာနဲ႔တင္ သူမသိထားလိုက္ၿပီ! အဲ့ဒါကယင္းယန္မ်က္ႏွာဖုံးမဟုတ္ဘဲ သရဲတေစၦလိုမ်ိဳး ခက္ထန္တဲ့မ်က္ႏွာဖုံးျဖစ္တာေၾကာင့္ ဒီလူက ေနာက္ဆုံးအုပ္စုထဲက တစ္ေယာက္– မ်ိဳး႐ိုးနာမည္တစ္ခုကို ကိုယ္စားျပဳတဲ့လူပဲ! သူကိုယ္တိုင္က ကိုယ္စားလွယ္မဟုတ္ရင္ေတာင္ ကိုယ္စားလွယ္တစ္ေယာက္ရဲ႕ သားေျမးျဖစ္လိမ့္မယ္။

"ကြၽန္မပိုင္ရွင္ေနရာမွာ ေဖ်ာ္ေျဖရေတာ့မွာ" နင္နင္သူ႔ကိုေျပာလိုက္တယ္။ "ဒါေပမဲ့အဲ့ဒီပိုင္ရွင္ဆိုတာက ဘယ္လိုပုံစံမ်ိဳးျဖစ္ရမွာလဲ ဆိုတာကို ကြၽန္မအတိအက်မသိေနဘူး၊ ႐ြာထဲကလူတိုင္းကလည္း တစ္ေယာက္အမ်ိဳးပဲေျပာေနၾကတယ္"

"စဥ္းစားၾကည့္ဦးမယ္..." အစိမ္းေရာင္အဝတ္အစားနဲ႔လူငယ္က ခဏစဥ္းစားၿပီးေနာက္မွာ အဓိပၸာယ္အျပည့္နဲ႔ ရယ္လာခဲ့တယ္။ "ပိုင္ရွင္တစ္ေယာက္ျဖစ္ဖို႔ ပထမဆုံးလိုအပ္ခ်က္က– အသက္ရွင္ေနတဲ့ လူတစ္ေယာက္ျဖစ္ရမယ္"

နင္နင္မွင္တက္သြားတယ္။

"နင္အိမ္ကသမီး!"

႐ြာသူႀကီးရဲ႕အသံက အေနာက္ကေနထြက္ေပၚလာတာေၾကာင့္ နင္နင္တစ္ခ်က္ အေနာက္လွည့္ၾကည့္လိုက္တယ္။ တစ္စကၠန႔္ေတာင္မၾကာဘဲ သူမေခါင္းျပန္လွည့္လာတဲ့အခ်ိန္မွာ ခုနကအစိမ္းေရာင္အဝတ္အစားနဲ႔ လူငယ္က ဘယ္ကိုမွန္းမသိ ေပ်ာက္ကြယ္လို႔သြားၿပီျဖစ္တယ္။

"မင္းကိုအခုမွရွာေတြ႕ေတာ့တယ္" ႐ြာသူႀကီးက တုတ္ေကာက္နဲ႔ေလွ်ာက္လွမ္းလာတယ္။ "မ်က္ႏွာဖုံးအခုထိ ရွာလို႔မေတြ႕ေသးဘူးမလား? အိမ္နီးနား႐ြာမွာ လက္သမားတစ္ေယာက္ ေတြ႕ထားတယ္၊ သူအခုခ်က္ခ်င္း လုပ္ေပးလို႔ရတယ္ဆိုေတာ့ မင္းလည္းအခ်ိန္မွီေလာက္တယ္... ဘာျဖစ္လို႔လဲ? ဘယ္သူ႔ကိုရွာေနတာလဲ?"

နင္နင္ပါးစပ္ဟၿပီး ခုနကအစိမ္းေရာင္အဝတ္အစားနဲ႔ လူငယ္အေၾကာင္းကို ေမးဖို႔ျပင္လိုက္တယ္... ခဏေနပါဦး။

...သူေျပာခဲ့တာက ႐ြာသားေတြသူ႔ကို မျမင္ခ်င္ေယာင္ေဆာင္ေနၾကတယ္တဲ့– မဟုတ္ေသးပါဘူး။ သူ႔ကိုမျမင္ရတာက ႐ြာသားေတြခ်ည္းပဲမွမဟုတ္တာ။ သူမရဲ႕အဘြားလည္း သူ႔ကိုမျမင္ခဲ့ရေပ။

"...ဘာမွမဟုတ္ပါဘူး" အစိမ္းေရာင္အဝတ္အစားနဲ႔လူငယ္ ေပ်ာက္ကြယ္သြားတဲ့ေနရာကို နင္နင္တစ္ခ်က္ၾကည့္ၿပီး ခုနကစကားေတြကိုျပန္မ်ိဳခ်ကာ ႐ြာသူႀကီးကိုေျပာလိုက္တယ္။ "သြားရေအာင္"

အိမ္ျပန္ေရာက္တဲ့အခ်ိန္မွာ လက္သမားဆရာက ေရာက္ႏွင့္ေနၿပီျဖစ္တယ္။ ႐ြာသူႀကီးဝင္လာတာကိုေတြ႕ေတာ့ သူမတ္တတ္ထရပ္ၿပီး ႏႈတ္ဆက္လာတယ္။ သူ႔ရဲ႕လက္ထဲမွာကိုင္ထားတာက သစ္သားေသတၱာတစ္ခုျဖစ္တယ္။ "သူႀကီး၊ က်ဳပ္လုပ္လို႔ၿပီးသြားၿပီ၊ ဘယ္လိုေနလဲ?"

သူကိုင္ထားတဲ့ေသတၱာထဲက မ်က္ႏွာဖုံးကိုငုံ႔ၾကည့္ၿပီးေနာက္မွာ နင္နင္ၾကက္ေသေသသြားရတယ္။

အစြယ္ေတြနဲ႔ ေၾကာက္႐ြံ႕ဖြယ္ေကာင္းစြာ ခက္ထန္တဲ့မ်က္ႏွာဖုံး။

ဒါက အစိမ္းေရာင္အဝတ္အစားနဲ႔လူ တပ္ဆင္ထားတဲ့ မ်က္ႏွာဖုံးပဲ မဟုတ္ပါလား?

_______________

စာေရးသူမွာေျပာစရာရွိပါတယ္:

[အားရွရဲ႕ေန႔လည္ခင္းလက္ဖက္ရည္ခ်ိန္]

အားရွ: ဒီေန႔လက္ဖက္ရည္ပြဲရဲ႕ ေခါင္းစဥ္က– နတ္သားေလးတစ္ေယာက္ ဗုဒၶရဲ႕ေအးခ်မ္းတဲ့ အရိပ္အာဝါသေအာက္ကေနထြက္ၿပီး အခ်စ္ပင္လယ္ထဲလြင့္ေမ်ာသြားေအာင္ ဘယ္လိုလုပ္ၾကရမလဲ ဆိုတာပဲ....

ရွီထို႔ေကာ: အစ္ကို႔ရဲ႕ခ်စ္သူ...

ရွီထို႔ေကာရဲ႕မိန္းကေလးဖန္မ်ား: အစ္ကို႔ရဲ႕ခ်စ္သူ...

အားရွ: စကားလမ္းေၾကာင္းမလႊဲၾကနဲ႔! မေျပးၾကနဲ႔! ျပန္လာခဲ့ၾကစမ္း! ငါ့ကိုအႀကံေပးၾကပါဦး orz*၊ တစ္ေယာက္ေယာက္ ျမန္ျမန္စဥ္းစားၾကည့္ေပးၾကပါ orz၊ ျဖဴစင္တဲ့အခ်စ္ေရ နင္ေသလို႔မရေသးဘူးေနာ္ orz...

________

ဘာသာျပန္သူမွတ္ခ်က္: orz က emoticonပါ။

_________________

Comment