အခန်း ၁၆၀: ကိုယ့်ကိုနာကျင်စေတဲ့အရာ

{Unicode}

အခန်း ၁၆၀: ကိုယ့်ကိုနာကျင်စေတဲ့အရာ

ဒါရိုက်တာချန်ရောဂါရင့်နေပြီဖြစ်တယ်။

သတင်းတွေက တောမီးလိုမျိုး ပျံ့နှံ့လို့သွားတယ်။ အတင်းအဖျင်းသတင်းစာတိုက်တွေက သူ့ရဲ့နာရေးသတင်းတွေကိုတောင် ထုတ်ဝေထားကြတယ်။

"အခုသူက နောက်ဆုံးလက်ကျန်အချိန်ကို တင်းခံထားတာ" လီပေါ်ယွဲ့က စာချုပ်တစ်စောင်ကို နင်နင့်အရှေ့ချပေးလာတယ်။ "ဒီရိုက်ကူးရေးပြီးရင် သူ့အချိန်လည်းကုန်လောက်ပြီ၊ ဒီသတင်းတွေက မှားနေတာတော့လည်းမဟုတ်ဘူး၊ ဒါကသူ့ဘဝရဲ့ နောက်ဆုံးရုပ်ရှင်ပဲဖြစ်လောက်တယ်"

တစ်နည်းပြောရရင် ဒါကသူ့ရဲ့နောက်ဆုံးပိတ်လက်ရာပင်။

နင်နင်ထိုစာချုပ်ကိုကြည့်ရင်း‌ မေးခွန်းတစ်ခုကို သာမန်ကာလျှံကာမေးလိုက်တယ်။ "နောက်တော့ ရွာသားတွေ ဘာဖြစ်သွားလဲ?"

ထိုစကားက ဆိုင်းမဆင့်ဗုံမဆင့် ထွက်ပေါ်လာတာဖြစ်ပေမဲ့ လီပေါ်ယွဲ့ကထိုအကြောင်းကို ဆက်ပြောလာနေနိုင်တယ်။

"မင်း <တရုတ်တစ္ဆေပုံပြင်> ကို အပြီးထိမကြည့်ဘဲ ထွက်လာတာလား?" သူကအပြုံးတစ်ခုနဲ့ပြောလာတယ်။

ဆိုရိုးစကားတစ်ခုရှိတယ်: <လူတိုင်းကသူတို့ဘဝရဲ့သရုပ်ဆောင်တွေ> တဲ့။

နင်နင်အဲ့ဒါကို အခုအချိန်အထိ မယုံကြည်ခဲ့ပေမဲ့ အခုတော့ယုံလာရပြီဖြစ်တယ်။

အကောင်းဆုံးသရုပ်ဆောင်က အခုသူမရဲ့အရှေ့မှာရှိနေတယ်။ လီပေါ်ယွဲ့က ဘဝရုပ်ရှင်ရုံအကြောင်းကို သိထားခဲ့တာ ကြာလှပြီဖြစ်တယ်။ မေမေက သရုပ်ဆောင်အရည်အချင်းအတွက် ဘဝရုပ်ရှင်ရုံထဲကို ဝင်သွားနေခဲ့တယ်ဆိုတာကို သူသိထားသလို သူမကအဲ့လိုပဲဆိုတာကိုလည်း သူသိထားမှာပင်။

"...ကျွန်မအရင်က တိုက်ဆိုက်မှုသက်သက်ပါပဲလို့ ထင်ထားခဲ့မိတာ တစ်ခုရှိတယ်" နင်နင်ပြောလိုက်တယ်။ "ရုပ်ရှင်ရုံကနေပြန်ထွက်လာတိုင်း ကျွန်မကူးပြောင်းသွားခဲ့တဲ့ ဇာတ်ကောင်တွေနဲ့ အရမ်းအရမ်းဆင်တူတဲ့ ဇာတ်ကောင်တွေကို အမြဲအလုပ်လက်ခံရတယ်..."

လီပေါ်ယွဲ့ကသူမကို အပြုံးတစ်ခုနဲ့ကြည့်လို့နေတယ်။

အံ့ဩမှုတစ်စွန်းတစ်စမှမပါတဲ့ ထိုအမူအရာက သူမကိုအဖြေပြန်ပေးထားနှင့်ပြီဖြစ်တယ်။

"ငါ့အဖေနဲ့မင်းရဲ့အမေက တစ်ရွာတည်းသားတွေပဲ" သူကလက်နှစ်ဖက်ကို ဒူးပေါ်တင်ပြီး အေးအေးဆေးဆေးပြောလာတယ်။ "သူတို့သာ နင်ရွာထဲမှာပဲ တစ်သက်လုံးနေခဲ့ပြီး အပြင်လောကကိုမထွက်ခဲ့ရင် အဲ့ဒီရွာရဲ့အလေ့အထအရ သူတို့နှစ်ယောက် လက်ထပ်ပြီးလောက်ပြီ– အဲ့လိုဆိုရင် မင်းငါ့ကိုအစ်ကိုလို့ခေါ်ရမှာ"

နင်နင်စကားတစ်ခွန်းမှမဟဘဲ သူ့ကိုကြည့်လိုက်တယ်။

"ဒါပေါ့၊ မင်းအခုလည်း ငါ့ကိုအဲ့လိုခေါ်လို့ရတယ်" လီပေါ်ယွဲ့ကပြုံးပြီး ဆက်ပြောလာတယ်။ "ဘာဖြစ်လို့လဲဆိုတော့ သူတို့အဲ့ဒီရွာကနေ ထွက်လာပြီးတာတောင် ငါ့အဖေက မင်းရဲ့အမေနဲ့မင်းကို ဂရုစိုက်ပေးနေခဲ့တယ်၊ ငါလည်းတူတူပါပဲ... မင်းကိုဂရုစိုက်ပေးနေတာ"

သူ့ရဲ့မျက်ဝန်းတွေက ရည်မှန်းချက်တွေနဲ့လောင်ကျွမ်းလို့နေတယ်။ ထိုမျက်ဝန်းတွေကိုကြည့်ရုံနဲ့ သူ့ရဲ့ဂရုစိုက်မှုက စစ်မှန်မှုကြောင့်မဟုတ်ဘဲ... ရည်မှန်းချက်ကြောင့်သာဆိုတာ သိသာလှတယ်။

နင်နင်သူ့ကိုအချိန်အကြာကြီးစိုက်ကြည့်နေပြီးမှ မေးလိုက်တယ်။ "ရှင်ဘာလိုချင်တာလဲ?"

လီပေါ်ယွဲ့က ဆိုဖာပေါ်ကျောမှီချလာတယ်။ သူကအတိတ်အကြောင်းကို ပြန်တွေးတောနေတာနဲ့တူသလို သူ့ရဲ့စကားလုံးတွေကို စိစစ်နေတာနဲ့လည်းတူတယ်။

"ဒီတစ်လျှောက်လုံး ငါ့ရဲ့အဖေက နင်ရွာအကြောင်းတွေ ဘဝအော်ပရာဇာတ်ရုံအကြောင်းတွေကို ဖေရွှမ်နဲ့တူတူရှာနေခဲ့တာ" သူကဖြည်းဖြည်းချင်းပြောလာတယ်။ "အစကသူအလိမ်ခံနေရတာလို့ပဲ ငါထင်ထားခဲ့တာ၊ နောက်ကျမှ ငါသိခဲ့ရတာက... အဲ့ဒါတွေကတကယ်ပဲ၊ ဘဝအော်ပရာဇာတ်ရုံဆိုတာက ဒီလောကကြီးထဲမှာ တကယ်ရှိနေတယ်၊ လူတစ်ယောက်ကို အမတဖြစ်လာအောင် လုပ်ပေးနိုင်တဲ့နေရာက တကယ်ပဲရှိနေတယ်"

...အမတ?

သူ့ရဲ့ရည်ရွယ်ချက်ကဘာလဲဆိုတာကို နင်နင်အကြာကြီးစဉ်းစားလာခဲ့ပေမဲ့ သူအာရုံစိုက်နေတာက အဲ့ဒီအပိုင်းဆိုတာကိုတော့ မမျှော်လင့်ထားခဲ့မိချေ။ သူမခဏတာ ကြက်သေသေသွားပြီးနောက်မှာ သူ့ကိုမေးလိုက်တယ်။ "မဟုတ်မှလွဲ... ရှင်မျက်နှာဖုံးနဲ့လူ ဖြစ်‌ချင်နေတာလား?"

"မျက်နှာဖုံးနဲ့လူ?" လီပေါ်ယွဲ့က ခေါင်းခါပြီး ပြုံးလာတယ်။ "မဟုတ်ဘူး၊ တံခါးစောင့်နေရာက ငါနဲ့ပိုလိုက်မယ်ထင်တယ်"

"...ရှင်ဘာပြောနေလဲဆိုတာကို သေချာရောသိရဲ့လား?" နင်နင်သူ့ကို မျက်နှာထားတင်းတင်းနဲ့ ကြည့်လိုက်တယ်။ "တံခါးစောင့်က ဘာလုပ်ရတာလဲဆိုတာကို ရှင်သိလို့လား?"

"လူတိုင်းတစ်နေ့သေကြရတာပဲဆိုတာကို ငါသိတယ်၊ ဖေရွှမ်လည်းအဲ့လိုပဲ၊ ဒါရိုက်တာချန်လည်းအဲ့လိုပဲ၊ ငါလည်းတစ်နေ့ အဲ့လိုဖြစ်လာမှာပဲ" လီပေါ်ယွဲ့ကသူမကို ယတိပြတ်အမူအရာနဲ့ ပြန်ပြောလာတယ်။ "ဖေရွှမ်က ဒါရိုက်တာချန်ထက်တောင် စောပြီးထွက်သွားခဲ့တာ၊ သူသေသွားတာ မနှစ်တုန်းကပဲ၊ သူ့ရဲ့နောက်ဆုံးနောင်တက ဘာလဲဆိုတာ မင်းသိလား?"

အဲ့ဒါမဖြစ်နိုင်တာ...

လီပေါ်ယွဲ့ကစပြီးပြုံးလာတယ်။ "သူရုပ်ရှင်ရုံကနေ ထွက်ပြေးခဲ့မိတာကို နောင်တရတယ်တဲ့၊ သူဘယ်လောက်ပဲချမ်းသာလာပါစေ အိုလာဦးမှာပဲ၊ နာလာဦးမှာပဲ၊ အဆုံးမှာသေရဦးမှာပဲ၊ သူသာတံခါးစောင့်အဖြစ်နဲ့ဆက်နေခဲ့ရင် ငါတို့အားလုံးသေသွားပြီးတာတောင် သူအသက်ရှင်နေခဲ့ဦးမှာ"

"ရှင်အတည်ပြောနေတာလား?" နင်နင်သူ့ကို မယုံကြည်နိုင်စွာနဲ့ ကြည့်လိုက်တယ်။ "ရှင်တကယ်ပဲ မျက်နှာဖုံးနဲ့လူ ဖြစ်လာချင်တာလား?"

သူ,မသိထားတာ... ဒါမှမဟုတ် သေခါနီးဖေရွှမ်က သူ့ကိုတမင်သက်သက် အတွေးတွေမှားအောင် ပြောခဲ့တာက အခု မျက်နှာဖုံးနဲ့လူဖြစ်လာရတာရဲ့ ကောင်းကျိုးတွေကိုပဲမြင်ပြီး ဆိုးကျိုးတွေကို မျက်ကွယ်ပြုထားတဲ့ သူ့ရဲ့အခြေအနေကို ဖြစ်လာစေခဲ့တယ်။

"မျက်နှာဖုံးနဲ့လူဖြစ်ရုံနဲ့တင် မလောက်သေးဘူး" လီပေါ်ယွဲ့ခေါင်းခါရင်းနဲ့ တစ်ခုခုကိုမှတ်မိသွားသလိုမျိုး သူ့နှလုံးသားထဲကကြောက်ရွံ့မှုက သူ့မျက်ဝန်းထဲထင်ဟပ်လို့လာတယ်။ "နင်ရွာကလူတွေ... လက်မှတ်မပါဘဲ ဝင်သွားခဲ့ကြတာ၊ အဲ့ဒီတံခါးစောင့်လက်အောက်မှာ သူတို့သေအောင်ခံစားခဲ့ကြရတယ်၊ ငါသူတို့လိုမဖြစ်ချင်ဘူး၊ ရွေးချယ်စရာသာရှိရင် လူသားတွေလည်း အထိန်းချုပ်ခံရတဲ့ဘက်ခြမ်းမဟုတ်ဘဲ ထိန်းချုပ်အုပ်စိုးရတဲ့ဘက်ခြမ်းကို ရွေးကြမှာပဲလေ၊ ဟုတ်တယ်မလား?"

သူကနင်နင့်အရှေ့ကို လက်ဆန့်ထုတ်လာတယ်။

သူ့ရဲ့မျက်နှာက ရည်မှန်းချက်တွေနဲ့ပြည့်နေပြီး သူ့ရဲ့အပြုံးက ခိုင်မာလို့နေတယ်။

"ငါမင်းကိုဒီအထိ အများကြီးကူညီပေးခဲ့တာ" သူကပြောလာတယ်။ "မင်းလည်းငါ့ကိုပြန်ကူညီရမယ်"

သေမင်းနဲ့မျက်နှာချင်းဆိုင်နေရတဲ့အချိန်မှာ အသေးစိတ်ရေရှည်အစီအစဉ်တွေ စတင်ချမှတ်လာတဲ့လူတွေရှိသလို ရူးသွပ်ခါနီးအခြေအနေကို ရောက်လာကြတဲ့ လူတွေလည်းရှိတယ်။

"ကတ်! ကတ်!! ကတ်! ကတ်! ကတ်!!"

နှစ်လကြာပြီးနောက်၊ <ပြဇာတ်ရုံတစ္ဆေ> ရိုက်ကွင်းထဲမှာ ဒါရိုက်တာချန်က ဝှီးလ်ချဲပေါ်မှာထိုင်ရင်း အဆက်မပြတ်အော်ဟစ်လာတယ်။ အဆုံးမှာ သူချောင်းအဆက်မပြတ် စဆိုးလာတော့တယ်။ သူ့ဘေးနားမှာရပ်နေတဲ့လက်ထောက်က သူ့လက်ထဲကို ဆေးတွေထည့်ပေးလာတယ်။

"အဟွတ်၊ အဟွတ်၊ အဟွတ်..." ဒါရိုက်တာချန်က ဆေးလုံးတွေကိုရေနဲ့မျှောချပြီး အချိန်တစ်ခုအထိ အသက်လုရှူနေပြီးမှ နင်နင့်ကိုပြောလာခဲ့တယ်။ "ငါနဲ့တစ်ချက်လိုက်ခဲ့"

နင်နင်သူ့ရဲ့ဝှီးလ်ချဲကိုတွန်းကာ လျှောက်ထွက်လာခဲ့တယ်။

ဒီနှစ်လအတွင်းမှာ ဒါရိုက်တာချန်က အများကြီးပိန်ကျသွားပြီဖြစ်ကာ အခြေအနေဆိုးရွားလို့နေတယ်။ သူ့ကိုတွေ့တဲ့ဘယ်သူမဆို အိပ်ရာထဲလှဲနေဖို့ ပြောကြမှာဖြစ်တယ်။ ဒါပေမဲ့သူကတော့ ဘယ်သူ့ပြောစကားမှာနားမထောင်ဘဲ သူ့ရဲ့ဘဝလက်ကျန်ကို ဒီရုပ်ရှင်အတွက်သာ ပေးဆပ်သွားချင်ပုံပေါ်နေတယ်။

"နင်နင်" သူကနင်နင့်ကိုကျောပေးထားကာ ဝှီးလ်ချဲပေါ်မှာထိုင်နေရင်း မေးလာခဲ့တယ်။ "မင်းလူတစ်ယောက်ကိုချစ်ဖူးလား?"

နင်နင်ဟိုအရင်တစ်ခေါက်က အောင်သွယ်ကိစ္စကို မှတ်မိသွားတာကြောင့် မြန်မြန်ပြန်ဖြေလိုက်တယ်။ "ချစ်ဖူးတယ်"

ဒါရိုက်တာချန်ကအေးစက်စက်ရယ်လာတယ်။ "သူငယ်ချင်းမိသားစုချစ်ခြင်းမျိုးကို ပြောနေတာမဟုတ်ဘူး၊ ငါရုပ်ရှင်တွေကိုချစ်သလိုမျိုး မင်းလူတစ်ယောက်ကို ချစ်နိုင်လား?"

နင်နင်တိတ်ကျသွားတယ်။

ဝှီးလ်ချဲကစင်္ကြံလမ်းဘေးမှာရပ်လို့သွားတယ်။ ရွက်ကြွေတွေက စင်္ကြံလမ်းတစ်လျှောက် ဖြာကျလို့နေတယ်။ အခုအချိန်မှာ သစ်ခွပြဇာတ်ရုံ၊ ဟိုးအရင်က ချူအိမ်တော်အဟောင်းရဲ့ သစ်သားစင်္ကြံလမ်းပေါ်ကို အနီရောင်မေပယ်ရွက်တွေက တစ်ရွက်ချင်းစီ ဝေ့ဝဲကျလာလို့နေတယ်။ ဒီနေရာက ပထမ <ပြဇာတ်ရုံတစ္ဆေ> ရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ နေရာဖြစ်သလို အခု <ပြဇာတ်ရုံတစ္ဆေ> ကို ရိုက်ကူးနေတဲ့နေရာလည်းဖြစ်တယ်။

"...တစ်ယောက်ယောက်ကိုသွားချစ်စမ်းပါ" ဒါရိုက်တာချန်က ရုတ်တရက်ပြောလာတယ်။ "မင်းတစ်ယောက်ယောက်ကို ချစ်မှရမယ်"

"...ဘယ်သူ့ကိုလဲ?" နင်နင်မေးလိုက်တယ်။

"ဘယ်သူပဲဖြစ်ဖြစ်ရတယ်" ဒါရိုက်တာချန်က ပြန်ဖြေလာတယ်။ "ငါလိုအပ်တာက မင်းတစ်ယောက်ယောက်ကို ချစ်မိသွားပြီး အဲ့ဒီစိတ်အားထက်သန်မှုကို ဒီရုပ်ရှင်ထဲယူသွင်းလာဖို့၊ တစ္ဆေထဲကိုယူသွင်းလာဖို့ပဲ"

လေနဲ့အတူ အနီရောင်ရွက်ကြွေတစ်ရွက်က နင်နင့်ရဲ့နားသယ်နားကနေ ဖြတ်ပြေးသွားတယ်။ သူမလက်တစ်ဖက်မြှောက်ကာ ဆံပင်တွေကိုသပ်ပြီး ခေါင်းခါလိုက်တယ်။ "...ကျွန်မမလုပ်နိုင်ဘူး"

ဒါရိုက်တာချန်က သူမကိုလှည့်ကြည့်လာတယ်။ အင်မတန်ချောင်ကျနေတဲ့ မျက်နှာကြောင့် နဂိုထက်ကြီးမားပုံပေါ်နေတဲ့ သူ့ရဲ့မျက်ဝန်းတွေက အရမ်းကြောက်မက်ဖွယ်အကြည့်ကို ဖော်ပြလို့လာတယ်။

"ဒါရိုက်တာချန်၊ ရှင်ကရုပ်ရှင်ဇာတ်ကားတစ်ခုအတွက်နဲ့ ဘာမဆိုလုပ်နိုင်တယ်၊ ဘယ်သူ့ကိုမဆို မျက်ကွယ်ပြုနိုင်တယ်၊ ဒါပေမဲ့ကျွန်မကတော့ အဲ့လိုမလုပ်နိုင်ဘူး" နင်နင်အမူအရာတစ်ချက်မပြောင်းဘဲ သူ့ကိုပြောလိုက်တယ်။ "ကျွန်မရုပ်ရှင်တစ်ခုအတွက်ကြောင့်နဲ့ အခြားလူတစ်ယောက်ကို နာကျင်စေလို့မရဘူး"

အဆုံးမှာရုပ်ရှင်ကရုပ်ရှင်ပဲဖြစ်ပြီး လက်တွေ့ဘဝကလက်တွေ့ဘဝပင်။

ဒါရိုက်တာချန်ရဲ့ အော်ဟစ်သံတွေကိုအနောက်မှာချန်ပြီး နင်နင်ရိုက်ကွင်းထဲကနေ ထွက်လာခဲ့တယ်။ နောင်တအချို့ရှိပေမဲ့ သူမနောက်တစ်ခေါက် ထပ်လုပ်ရမယ်ဆိုရင်တောင် ထိုစကားတွေကိုပဲပြောပြီး ထိုလုပ်ရပ်ကိုပဲလုပ်ခဲ့ဦးမှာဖြစ်တယ်။

"ဒါရိုက်တာချန်လိုလူမျိုး ငါလုံးဝမဖြစ်လာချင်ဘူး..." သူမရေရွတ်လိုက်တယ်။

"နင်နင်!"

နင်နင်အသံလာရာကိုကြည့်လိုက်တော့ အဝင်ဝမှာ သူမကိုစောင့်ဆိုင်းနေတဲ့ လူတစ်ယောက်ကိုတွေ့လိုက်ရတယ်။

"ဘယ်လိုလုပ်ပြီးရောက်လာတာလဲ?" သူမမေးလိုက်တယ်။

ဝမ်ယွီကအပြုံးတစ်ခုနဲ့ သူမအနားကိုလျှောက်လာတယ်။ 'အန်တီရှောင်နင်' ဆိုတာက သူမတို့နှစ်ယောက်တည်း ရှိတဲ့အချိန်မှာပဲ ခေါ်တဲ့ အသုံးအနှုန်းဖြစ်တယ်။ လူမြင်ကွင်းမှာတော့ သူက သူမရဲ့နာမည်ကိုပဲ ခေါ်လေ့ရှိတယ်။

"ဒီမှာ" သူကလက်ဆောင်ဘူးတစ်ဘူးကို နင်နင့်ဆီကမ်းပေးလာတယ်။

နင်နင်ထိုဘူးကိုကမ်းယူပြီး သူ့ကိုကြည့်လိုက်တယ်။ "ဒါကဘာလဲ?"

ဝမ်ယွီကပြုံးလာတယ်။ "ဖွင့်ကြည့်ကြည့်"

နင်နင်ဘူးကိုဖွင့်လိုက်တယ်။ အထဲမှာရှိတာက ဝတ်စုံတစ်ခုဖြစ်တယ်– ရုပ်ရှင်ထဲကတစ္ဆေဝတ်ဆင်တဲ့ အပြာရောင်ဝတ်စုံ။

"ခင်ဗျား‌ရိုက်ကွင်းထဲမှာ သိပ်အဆင်မပြေနေဘူးကြားလို့" ဝမ်ယွီက ညင်ညင်သာသာပြုံးလာတယ်။ "တစ္ဆေအနေနဲ့သရုပ်ဆောင်ဖို့အတွက် အတိတ်တုန်းကလိုမျိုး ခင်ဗျားလုပ်ဦးမှာလားလို့ ကျွန်တော်စဉ်းစားနေတာ– ရိုက်ကွင်းထဲမှာဖြစ်ဖြစ်၊ တကယ့်လက်တွေ့မှာဖြစ်ဖြစ်– ခင်ဗျားစိတ်အခြေအနေလည်း ကောင်းအောင်"

နင်နင်အဲ့လိုစဉ်းစားမိထားတာတကယ်ရှိခဲ့တယ်။ သူမဘူးကိုပြန်ပိတ်ပြီး သူ့ကိုပြုံးပြလိုက်တယ်။ "ကျေးဇူး"

"ရပါတယ်" ဝမ်ယွီကခဏတာတန့်သွားပြီးနောက်မှာ သူမကိုလေးလေးနက်နက်ပြောလာတယ်။ "ပြီးတော့ ခင်ဗျားကျွန်တော့်ကို အချိန်အရွေးဖုန်းဆက်လို့ရတယ်၊ ဘယ်အချိန်ဖြစ်ဖြစ် ကျွန်တော်စောင့်နေမယ်"

အိမ်ပြန်ရောက်ပြီးတဲ့နောက်မှာ နင်နင်လက်ထဲကိုဘူးကိုခုံပေါ်တင်လိုက်ပြီး သူမရဲ့အဝတ်အစားတွေက တစ်ခုပြီးတစ်ခု ကြမ်းပြင်ပေါ်ကိုကျလာခဲ့တယ်။ ဘူးထဲကဝတ်စုံကို ဝတ်ဆင်ပြီးနောက်မှာ သူမမှန်ရှေ့မှာရပ်ပြီး မှန်ထဲကသူမရဲ့ပုံရိပ်ကို ထိတွေ့ကြည့်လိုက်တယ်။

နင်နင်ရယ်လိုက်တယ်။ "နောက်ကျရင်ဒါကို အိမ်မှာပဲဝတ်ရတော့မှာလား?"

ဒါရိုက်တာချန်ရဲ့စိတ်နဲ့ဆို ခေါင်းဆောင်မင်းသမီးဖြစ်တဲ့ သူမကိုတောင် လူစားလဲဖို့ဆိုတာက မဖြစ်နိုင်တာမဟုတ်ပေ။။

"အဲ့လိုလည်းရတာပဲ၊ ကိုယ့်အတွက်ဝတ်ပေး၊ ကိုယ့်တစ်ယောက်အတွက်ပဲ" ရှီကျုံးထန်က သူမရဲ့အနောက်မှာထိုင်ချပြီး စင်ပေါ်မှာရပ်နေတဲ့ သူသဘောအကျဆုံးကြယ်ပွင့်နဲ့ အတူရှိခွင့်ရဖို့ မျှော်လင့်နေတဲ့ အရူးတစ်ပိုင်းပရိသတ်လိုမျိုး သူ့ရဲ့လက်ဖဝါးနှစ်ဖက်ကိုမြှောက်လာတယ်။

မှန်ထဲကနှုတ်ခမ်းအစုံ ကွေးတက်သွားတယ်။ နင်နင်အနောက်လှည့်ပြီး သူမရဲ့အင်္ကျီလက်တွေကိုခါကာ စတင်သီဆိုတော့တယ်။ "ရာသီသစ်ရဲ့ဝေဆာလမ်းတစ်လျှောက်က ငှက်ရွှေဝါတို့ရဲ့ နိုးလန့်ဖွယ်တေးသံ"

ဝတ်ရုံလက်ပိတ်စကရှီကျုံးထန်ဆီကို ဝေ့ဝဲလို့လာတယ်။ သူခေါင်းမော့ကာ ပြုံးလာတယ်။ နှင်းလိုဖြူစွတ်နေတဲ့ ပိတ်စက သူ့ရဲ့မျက်နှာပေါ်မှာတပ်ဆင်ထားတဲ့ မျက်နှာဖုံးပေါ်ကနေ သူ့ရဲ့ရင်ဘတ်ပေါ်ကို ဖြည်းညင်းစွာဖြာကျလာခဲ့တယ်။ သူထိုပိတ်စကို ညင်ညင်သာသာဆုပ်ကိုင်လိုက်တယ်။

"ရာသီသစ်ရဲ့ဝေဆာလမ်းတစ်လျှောက်ကက ငှက်ရွှေဝါတို့ရဲ့ နိုးလန့်ဖွယ်တေးသံ" သူ့ရဲ့မက်မွန်ပွင့်သဏ္ဍာန် မျက်ဝန်းအစုံနဲ့ နင်နင့်ကိုငေးစိုက်ကြည့်နေရင်း ရှီကျုံးထန်က ပိုမိုနူးညံ့လေးနက်တဲ့ အသံနေအသံထားနဲ့ စတင်သီဆိုလို့လာတယ်။ အစိတ်စိတ်အမွှာမွှာကွဲကြေနေတဲ့ သူ့ရဲ့နှလုံးသားကို ဒီသီချင်းထဲနှစ်မြှုပ်ထားသလို၊ ဒီသီချင်းအဆုံးမှာ သူ့ရဲ့ဘဝပါ အဆုံးသတ်တော့မလိုပင်။

ချိုသာတဲ့စကားလုံးတွေက ရင်ကိုလှုပ်ခတ်စေပေမဲ့ သူ့ရဲ့တေးသီဆိုသံလောက်တော့ နှလုံးသားကို မထိခတ်စေနိုင်ပါပေ။

နင်နင်ခဏတာတန့်သွားအပြီးမှာ နောက်ဆက်ဆိုလိုက်တယ်။ "နှစ်ပေါင်းများစွာကျော်လွန်သွားခဲ့တဲ့ မြစ်ရေတွေတစ်လျှောက် မင်းစောင့်မျှော်နေခဲ့တဲ့အဖော်မွန်က ကိုယ်ပါပဲ"

"နှစ်ပေါင်းများစွာကျော်လွန်သွားခဲ့တဲ့ မြစ်ရေတွေတစ်လျှောက် မင်းစောင့်မျှော်နေခဲ့တဲ့အဖော်မွန်က ကိုယ်ပါပဲ"

"ကိုယ်လိုက်လံရှာဖွေခဲ့တဲ့နေရာတိုင်းက မင်းနဲ့အလှမ်းဝေးနေခဲ့တယ်"

"ကိုယ်လိုက်လံရှာဖွေခဲ့တဲ့နေရာတိုင်းက မင်းနဲ့အလှမ်းဝေးနေခဲ့တယ်"

"ထိုနေရာ၊ သည်အရန်းအတားတွေရဲ့အလွန်၊ ပျိုနီပန်းပွင့်တွေက ထိုက်ဟူတောင်တစ်လျှောက် စီတန်းပွင့်လန်းနေကြတယ်"

"ထိုနေရာ၊ သည်အရန်းအတားတွေရဲ့အလွန်၊ ပျိုနီပန်းပွင့်တွေက ထိုက်ဟူတောင်တစ်လျှောက် စီတန်းပွင့်လန်းနေကြတယ်"

"မင်းနဲ့ကိုယ်နဲ့ဆုံတွေ့ခဲ့ကြတဲ့ အတိတ်ရဲ့တစ်ချိန်ချိန်မှာ..." နင်နင့်ရဲ့အသံက တဖြည်းဖြည်းတိုးညင်းသွားရင်း အဆုံးမှာတိတ်ကျလို့သွားတယ်။

"ဘာဖြစ်လို့ရပ်လိုက်တာလဲ?" ရှီကျုံးထန်က သူ့အ‌ရှေ့မှာဝေ့ဝဲနေတဲ့ပိတ်စကိုဆွဲပြီး သူမကိုနီးနီးကပ်ကပ် ဆွဲယူလာတယ်။

နိမ့်ချည်မြင့်ချည်ဖြစ်နေတဲ့ရင်အစုံကို ထိန်းချုပ်ရင်း နင်နင်သူ့ကိုငေးစိုက်ကြည့်လိုက်တယ်။ သူမဘယ်လိုလုပ်ပြီးတော့ ဆက်ဆိုနိုင်မှာလဲ? သူကချစ်ရေးဆိုတဲ့အကြောင်းကို စကားတစ်ခွန်းမှမဟပေမဲ့ သူ့ရဲ့ပါးစပ်ကအံကျလာတဲ့ စကားလုံးတိုင်း၊ စာကြောင်းတိုင်းက 'ကိုယ်မင်းကိုချစ်တယ်' လို့ ပြောနေသလိုပါပင်။

"...မလိုတော့ဘူး" နင်နင်နှလုံးသားကိုတင်းမာပြီး အေးစက်စက်ပြောလိုက်တယ်။ "ရှင်ဒီလိုလုပ်ပေးဖို့မလိုဘူး၊ ကျွန်မသရုပ်ဆောင်လို့ရတဲ့ ရုပ်ရှင်တွေ အများကြီးရှိသေးတာပဲ၊ တစ္ဆေနေရာမှာပဲ သရုပ်ဆောင်စရာ မလိုဘူး"

သူမခဏတာတန့်သွားပြီးနောက်မှာ မျက်လွှာချပြီး ဆက်ပြောလိုက်တယ်။ "...ဒါရိုက်တာချန်ပြောတာကို စိတ်ထဲမထားထားနဲ့"

ကျွန်မရုပ်ရှင်တစ်ကားကြောင့်နဲ့ လူတစ်ယောက်ကိုမချစ်ချင်သလို နာလည်းမနာကျင်စေချင်ဘူး။

ရှီကျုံးထန်ကသူမကို အချိန်တစ်ခုအထိကြည့်နေပြီး မတ်တတ်ထရပ်ကာ သူမရဲ့မျက်နှာကို ပင့်ကိုင်လို့လာတယ်။

"ဒါပေမဲ့ မင်း ကိုယ့်ကိုမချစ်နေတာက..." သူကသူမကိုငုံ့ကြည့်ပြီး ပြောလာခဲ့တယ်။ "ကိုယ့်ကိုနာကျင်စေတဲ့အရာပဲ"

ခဏအကြာမှာ သူကခိုကိုးရာမဲ့စွာနဲ့ ခပ်ဟဟရယ်မောလာပြန်တယ်။ သူ့ရဲ့အခြားလက်တစ်ဖက်က သူမရဲ့မျက်နှာကို ထိတွေ့လို့လာတယ်။ "ဒီတိုင်းနောက်တာပါ၊ စိတ်ထဲမထားထားနဲ့... မငိုပါနဲ့၊ ကိုယ်မင်းကို တမင်တကာ ခက်ခဲအောင်လုပ်နေတာ မဟုတ်ပါဘူး"

________________

{Zawgyi}

အခန္း ၁၆၀: ကိုယ့္ကိုနာက်င္ေစတဲ့အရာ

ဒါ႐ိုက္တာခ်န္ေရာဂါရင့္ေနၿပီျဖစ္တယ္။

သတင္းေတြက ေတာမီးလိုမ်ိဳး ပ်ံ႕ႏွံ႔လို႔သြားတယ္။ အတင္းအဖ်င္းသတင္းစာတိုက္ေတြက သူ႔ရဲ႕နာေရးသတင္းေတြကိုေတာင္ ထုတ္ေဝထားၾကတယ္။

"အခုသူက ေနာက္ဆုံးလက္က်န္အခ်ိန္ကို တင္းခံထားတာ" လီေပၚယြဲ႕က စာခ်ဳပ္တစ္ေစာင္ကို နင္နင့္အေရွ႕ခ်ေပးလာတယ္။ "ဒီ႐ိုက္ကူးေရးၿပီးရင္ သူ႔အခ်ိန္လည္းကုန္ေလာက္ၿပီ၊ ဒီသတင္းေတြက မွားေနတာေတာ့လည္းမဟုတ္ဘူး၊ ဒါကသူ႔ဘဝရဲ႕ ေနာက္ဆုံး႐ုပ္ရွင္ပဲျဖစ္ေလာက္တယ္"

တစ္နည္းေျပာရရင္ ဒါကသူ႔ရဲ႕ေနာက္ဆုံးပိတ္လက္ရာပင္။

နင္နင္ထိုစာခ်ဳပ္ကိုၾကည့္ရင္း‌ ေမးခြန္းတစ္ခုကို သာမန္ကာလွ်ံကာေမးလိုက္တယ္။ "ေနာက္ေတာ့ ႐ြာသားေတြဘာျဖစ္သြားလဲ?"

ထိုစကားက ဆိုင္းမဆင့္ဗုံမဆင့္ ထြက္ေပၚလာတာျဖစ္ေပမဲ့ လီေပၚယြဲ႕ကထိုအေၾကာင္းကို ဆက္ေျပာလာေနႏိုင္တယ္။

"မင္း <တ႐ုတ္တေစၦပုံျပင္> ကို အၿပီးထိမၾကည့္ဘဲ ထြက္လာတာလား?" သူကအၿပဳံးတစ္ခုနဲ႔ေျပာလာတယ္။

ဆို႐ိုးစကားတစ္ခုရွိတယ္: <လူတိုင္းကသူတို႔ဘဝရဲ႕သ႐ုပ္ေဆာင္ေတြ> တဲ့။

နင္နင္အဲ့ဒါကို အခုအခ်ိန္အထိ မယုံၾကည္ခဲ့ေပမဲ့ အခုေတာ့ယုံလာရၿပီျဖစ္တယ္။

အေကာင္းဆုံးသ႐ုပ္ေဆာင္က အခုသူမရဲ႕အေရွ႕မွာရွိေနတယ္။ လီေပၚယြဲ႕က ဘဝ႐ုပ္ရွင္႐ုံအေၾကာင္းကို သိထားခဲ့တာ ၾကာလွၿပီျဖစ္တယ္။ ေမေမက သ႐ုပ္ေဆာင္အရည္အခ်င္းအတြက္ ဘဝ႐ုပ္ရွင္႐ုံထဲကို ဝင္သြားေနခဲ့တယ္ဆိုတာကို သူသိထားသလို သူမကအဲ့လိုပဲဆိုတာကိုလည္း သူသိထားမွာပင္။

"...ကြၽန္မအရင္က တိုက္ဆိုက္မႈသက္သက္ပါပဲလို႔ ထင္ထားခဲ့မိတာ တစ္ခုရွိတယ္" နင္နင္ေျပာလိုက္တယ္။ "႐ုပ္ရွင္႐ုံကေနျပန္ထြက္လာတိုင္း ကြၽန္မကူးေျပာင္းသြားခဲ့တဲ့ ဇာတ္ေကာင္ေတြနဲ႔ အရမ္းအရမ္းဆင္တူတဲ့ ဇာတ္ေကာင္ေတြကို အၿမဲအလုပ္လက္ခံရတယ္..."

လီေပၚယြဲ႕ကသူမကို အၿပဳံးတစ္ခုနဲ႔ၾကည့္လို႔ေနတယ္။

အံ့ဩမႈတစ္စြန္းတစ္စမွမပါတဲ့ ထိုအမူအရာက သူမကိုအေျဖျပန္ေပးထားႏွင့္ၿပီျဖစ္တယ္။

"ငါ့အေဖနဲ႔မင္းရဲ႕အေမက တစ္႐ြာတည္းသားေတြပဲ" သူကလက္ႏွစ္ဖက္ကို ဒူးေပၚတင္ၿပီး ေအးေအးေဆးေဆးေျပာလာတယ္။ "သူတို႔သာ နင္႐ြာထဲမွာပဲ တစ္သက္လုံးေနခဲ့ၿပီး အျပင္ေလာကကိုမထြက္ခဲ့ရင္ အဲ့ဒီ႐ြာရဲ႕အေလ့အထအရ သူတို႔ႏွစ္ေယာက္ လက္ထပ္ၿပီးေလာက္ၿပီ– အဲ့လိုဆိုရင္ မင္းငါ့ကိုအစ္ကိုလို႔ေခၚရမွာ"

နင္နင္စကားတစ္ခြန္းမွမဟဘဲ သူ႔ကိုၾကည့္လိုက္တယ္။

"ဒါေပါ့၊ မင္းအခုလည္း ငါ့ကိုအဲ့လိုေခၚလို႔ရတယ္" လီေပၚယြဲ႕ကၿပဳံးၿပီး ဆက္ေျပာလာတယ္။ "ဘာျဖစ္လို႔လဲဆိုေတာ့ သူတို႔အဲ့ဒီ႐ြာကေန ထြက္လာၿပီးတာေတာင္ ငါ့အေဖက မင္းရဲ႕အေမနဲ႔မင္းကို ဂ႐ုစိုက္ေပးေနခဲ့တယ္၊ ငါလည္းတူတူပါပဲ... မင္းကိုဂ႐ုစိုက္ေပးေနတာ"

သူ႔ရဲ႕မ်က္ဝန္းေတြက ရည္မွန္းခ်က္ေတြနဲ႔ေလာင္ကြၽမ္းလို႔ေနတယ္။ ထိုမ်က္ဝန္းေတြကိုၾကည့္႐ုံနဲ႔ သူ႔ရဲ႕ဂ႐ုစိုက္မႈက စစ္မွန္မႈေၾကာင့္မဟုတ္ဘဲ... ရည္မွန္းခ်က္ေၾကာင့္သာဆိုတာ သိသာလွတယ္။

နင္နင္သူ႔ကိုအခ်ိန္အၾကာႀကီးစိုက္ၾကည့္ေနၿပီးမွ ေမးလိုက္တယ္။ "ရွင္ဘာလိုခ်င္တာလဲ?"

လီေပၚယြဲ႕က ဆိုဖာေပၚေက်ာမွီခ်လာတယ္။ သူကအတိတ္အေၾကာင္းကို ျပန္ေတြးေတာေနတာနဲ႔တူသလို သူ႔ရဲ႕စကားလုံးေတြကို စိစစ္ေနတာနဲ႔လည္းတူတယ္။

"ဒီတစ္ေလွ်ာက္လုံး ငါ့ရဲ႕အေဖက နင္႐ြာအေၾကာင္းေတြ ဘဝေအာ္ပရာဇာတ္႐ုံအေၾကာင္းေတြကို ေဖ႐ႊမ္နဲ႔တူတူရွာေနခဲ့တာ" သူကျဖည္းျဖည္းခ်င္းေျပာလာတယ္။ "အစကသူအလိမ္ခံေနရတာလို႔ပဲ ငါထင္ထားခဲ့တာ၊ ေနာက္က်မွ ငါသိခဲ့ရတာက... အဲ့ဒါေတြကတကယ္ပဲ၊ ဘဝေအာ္ပရာဇာတ္႐ုံဆိုတာက ဒီေလာကႀကီးထဲမွာ တကယ္ရွိေနတယ္၊ လူတစ္ေယာက္ကို အမတျဖစ္လာေအာင္ လုပ္ေပးႏိုင္တဲ့ေနရာက တကယ္ပဲရွိေနတယ္"

...အမတ?

သူ႔ရဲ႕ရည္႐ြယ္ခ်က္ကဘာလဲဆိုတာကို နင္နင္အၾကာႀကီးစဥ္းစားလာခဲ့ေပမဲ့ သူအာ႐ုံစိုက္ေနတာက အဲ့ဒီအပိုင္းဆိုတာကိုေတာ့ မေမွ်ာ္လင့္ထားခဲ့မိေခ်။ သူမခဏတာ ၾကက္ေသေသသြားၿပီးေနာက္မွာ သူ႔ကိုေမးလိုက္တယ္။ "မဟုတ္မွလြဲ... ရွင္မ်က္ႏွာဖုံးနဲ႔လူ ျဖစ္‌ခ်င္ေနတာလား?"

"မ်က္ႏွာဖုံးနဲ႔လူ?" လီေပၚယြဲ႕က ေခါင္းခါၿပီး ၿပဳံးလာတယ္။ "မဟုတ္ဘူး၊ တံခါးေစာင့္ေနရာက ငါနဲ႔ပိုလိုက္မယ္ထင္တယ္"

"...ရွင္ဘာေျပာေနလဲဆိုတာကို ေသခ်ာေရာသိရဲ႕လား?" နင္နင္သူ႔ကို မ်က္ႏွာထားတင္းတင္းနဲ႔ ၾကည့္လိုက္တယ္။ "တံခါးေစာင့္က ဘာလုပ္ရတာလဲဆိုတာကို ရွင္သိလို႔လား?"

"လူတိုင္းတစ္ေန႔ေသၾကရတာပဲဆိုတာကို ငါသိတယ္၊ ေဖ႐ႊမ္လည္းအဲ့လိုပဲ၊ ဒါ႐ိုက္တာခ်န္လည္းအဲ့လိုပဲ၊ ငါလည္းတစ္ေန႔ အဲ့လိုျဖစ္လာမွာပဲ" လီေပၚယြဲ႕ကသူမကို ယတိျပတ္အမူအရာနဲ႔ ျပန္ေျပာလာတယ္။ "ေဖ႐ႊမ္က ဒါ႐ိုက္တာခ်န္ထက္ေတာင္ ေစာၿပီးထြက္သြားခဲ့တာ၊ သူေသသြားတာ မႏွစ္တုန္းကပဲ၊ သူ႔ရဲ႕ေနာက္ဆုံးေနာင္တက ဘာလဲဆိုတာ မင္းသိလား?"

အဲ့ဒါမျဖစ္ႏိုင္တာ...

လီေပၚယြဲ႕ကစၿပီးၿပဳံးလာတယ္။ "သူ႐ုပ္ရွင္႐ုံကေန ထြက္ေျပးခဲ့မိတာကို ေနာင္တရတယ္တဲ့၊ သူဘယ္ေလာက္ပဲခ်မ္းသာလာပါေစ အိုလာဦးမွာပဲ၊ နာလာဦးမွာပဲ၊ အဆုံးမွာေသရဦးမွာပဲ၊ သူသာတံခါးေစာင့္အျဖစ္နဲ႔ဆက္ေနခဲ့ရင္ ငါတို႔အားလုံးေသသြားၿပီးတာေတာင္ သူအသက္ရွင္ေနခဲ့ဦးမွာ"

"ရွင္အတည္ေျပာေနတာလား?" နင္နင္သူ႔ကို မယုံၾကည္ႏိုင္စြာနဲ႔ ၾကည့္လိုက္တယ္။ "ရွင္တကယ္ပဲ မ်က္ႏွာဖုံးနဲ႔လူ ျဖစ္လာခ်င္တာလား?"

သူ,မသိထားတာ... ဒါမွမဟုတ္ ေသခါနီးေဖ႐ႊမ္က သူ႔ကိုတမင္သက္သက္ အေတြးေတြမွားေအာင္ ေျပာခဲ့တာက အခု မ်က္ႏွာဖုံးနဲ႔လူျဖစ္လာရတာရဲ႕ ေကာင္းက်ိဳးေတြကိုပဲျမင္ၿပီး ဆိုးက်ိဳးေတြကို မ်က္ကြယ္ျပဳထားတဲ့ သူ႔ရဲ႕အေျခအေနကို ျဖစ္လာေစခဲ့တယ္။

"မ်က္ႏွာဖုံးနဲ႔လူျဖစ္႐ုံနဲ႔တင္ မေလာက္ေသးဘူး" လီေပၚယြဲ႕ေခါင္းခါရင္းနဲ႔ တစ္ခုခုကိုမွတ္မိသြားသလိုမ်ိဳး သူ႔ႏွလုံးသားထဲကေၾကာက္႐ြံ႕မႈက သူ႔မ်က္ဝန္းထဲထင္ဟပ္လို႔လာတယ္။ "နင္႐ြာကလူေတြ... လက္မွတ္မပါဘဲ ဝင္သြားခဲ့ၾကတာ၊ အဲ့ဒီတံခါးေစာင့္လက္ေအာက္မွာ သူတို႔ေသေအာင္ခံစားခဲ့ၾကရတယ္၊ ငါသူတို႔လိုမျဖစ္ခ်င္ဘူး၊ ေ႐ြးခ်ယ္စရာသာရွိရင္ လူသားေတြလည္း အထိန္းခ်ဳပ္ခံရတဲ့ဘက္ျခမ္းမဟုတ္ဘဲ ထိန္းခ်ဳပ္အုပ္စိုးရတဲ့ဘက္ျခမ္းကို ေ႐ြးၾကမွာပဲေလ၊ ဟုတ္တယ္မလား?"

သူကနင္နင့္အေရွ႕ကို လက္ဆန႔္ထုတ္လာတယ္။

သူ႔ရဲ႕မ်က္ႏွာက ရည္မွန္းခ်က္ေတြနဲ႔ျပည့္ေနၿပီး သူ႔ရဲ႕အၿပဳံးက ခိုင္မာလို႔ေနတယ္။

"ငါမင္းကိုဒီအထိ အမ်ားႀကီးကူညီေပးခဲ့တာ" သူကေျပာလာတယ္။ "မင္းလည္းငါ့ကိုျပန္ကူညီရမယ္"

ေသမင္းနဲ႔မ်က္ႏွာခ်င္းဆိုင္ေနရတဲ့အခ်ိန္မွာ အေသးစိတ္ေရရွည္အစီအစဥ္ေတြ စတင္ခ်မွတ္လာတဲ့လူေတြရွိသလို ႐ူးသြပ္ခါနီးအေျခအေနကို ေရာက္လာၾကတဲ့ လူေတြလည္းရွိတယ္။

"ကတ္! ကတ္!! ကတ္! ကတ္! ကတ္!!"

ႏွစ္လၾကာၿပီးေနာက္၊ <ျပဇာတ္႐ုံတေစၦ> ႐ိုက္ကြင္းထဲမွာ ဒါ႐ိုက္တာခ်န္က ဝွီးလ္ခ်ဲေပၚမွာထိုင္ရင္း အဆက္မျပတ္ေအာ္ဟစ္လာတယ္။ အဆုံးမွာ သူေခ်ာင္းအဆက္မျပတ္ စဆိုးလာေတာ့တယ္။ သူ႔ေဘးနားမွာရပ္ေနတဲ့လက္ေထာက္က သူ႔လက္ထဲကို ေဆးေတြထည့္ေပးလာတယ္။

"အဟြတ္၊ အဟြတ္၊ အဟြတ္..." ဒါ႐ိုက္တာခ်န္က ေဆးလုံးေတြကိုေရနဲ႔ေမွ်ာခ်ၿပီး အခ်ိန္တစ္ခုအထိ အသက္လုရႉေနၿပီးမွ နင္နင့္ကိုေျပာလာခဲ့တယ္။ "ငါနဲ႔တစ္ခ်က္လိုက္ခဲ့"

နင္နင္သူ႔ရဲ႕ဝွီးလ္ခ်ဲကိုတြန္းကာ ေလွ်ာက္ထြက္လာခဲ့တယ္။

ဒီႏွစ္လအတြင္းမွာ ဒါ႐ိုက္တာခ်န္က အမ်ားႀကီးပိန္က်သြားၿပီျဖစ္ကာ အေျခအေနဆိုး႐ြားလို႔ေနတယ္။ သူ႔ကိုေတြ႕တဲ့ဘယ္သူမဆို အိပ္ရာထဲလွဲေနဖို႔ ေျပာၾကမွာျဖစ္တယ္။ ဒါေပမဲ့သူကေတာ့ ဘယ္သူ႔ေျပာစကားမွာနားမေထာင္ဘဲ သူ႔ရဲ႕ဘဝလက္က်န္ကို ဒီ႐ုပ္ရွင္အတြက္သာ ေပးဆပ္သြားခ်င္ပုံေပၚေနတယ္။

"နင္နင္" သူကနင္နင့္ကိုေက်ာေပးထားကာ ဝွီးလ္ခ်ဲေပၚမွာထိုင္ေနရင္း ေမးလာခဲ့တယ္။ "မင္းလူတစ္ေယာက္ကိုခ်စ္ဖူးလား?"

နင္နင္ဟိုအရင္တစ္ေခါက္က ေအာင္သြယ္ကိစၥကို မွတ္မိသြားတာေၾကာင့္ ျမန္ျမန္ျပန္ေျဖလိုက္တယ္။ "ခ်စ္ဖူးတယ္"

ဒါ႐ိုက္တာခ်န္ကေအးစက္စက္ရယ္လာတယ္။ "သူငယ္ခ်င္းမိသားစုခ်စ္ျခင္းမ်ိဳးကို ေျပာေနတာမဟုတ္ဘူး၊ ငါ႐ုပ္ရွင္ေတြကိုခ်စ္သလိုမ်ိဳး မင္းလူတစ္ေယာက္ကို ခ်စ္ႏိုင္လား?"

နင္နင္တိတ္က်သြားတယ္။

ဝွီးလ္ခ်ဲကစႀကႍလမ္းေဘးမွာရပ္လို႔သြားတယ္။ ႐ြက္ေႂကြေတြက စႀကႍလမ္းတစ္ေလွ်ာက္ ျဖာက်လို႔ေနတယ္။ အခုအခ်ိန္မွာ သစ္ခြျပဇာတ္႐ုံ၊ ဟိုးအရင္က ခ်ဴအိမ္ေတာ္အေဟာင္းရဲ႕ သစ္သားစႀကႍလမ္းေပၚကို အနီေရာင္ေမပယ္႐ြက္ေတြက တစ္႐ြက္ခ်င္းစီ ေဝ့ဝဲက်လာလို႔ေနတယ္။ ဒီေနရာက ပထမ <ျပဇာတ္႐ုံတေစၦ> ႐ုပ္ရွင္ကို ႐ိုက္ကူးခဲ့တဲ့ ေနရာျဖစ္သလို အခု <ျပဇာတ္႐ုံတေစၦ> ကို ႐ိုက္ကူးေနတဲ့ေနရာလည္းျဖစ္တယ္။

"...တစ္ေယာက္ေယာက္ကိုသြားခ်စ္စမ္းပါ" ဒါ႐ိုက္တာခ်န္က ႐ုတ္တရက္ေျပာလာတယ္။ "မင္းတစ္ေယာက္ေယာက္ကို ခ်စ္မွရမယ္"

"...ဘယ္သူ႔ကိုလဲ?" နင္နင္ေမးလိုက္တယ္။

"ဘယ္သူပဲျဖစ္ျဖစ္ရတယ္" ဒါ႐ိုက္တာခ်န္က ျပန္ေျဖလာတယ္။ "ငါလိုအပ္တာက မင္းတစ္ေယာက္ေယာက္ကို ခ်စ္မိသြားၿပီး အဲ့ဒီစိတ္အားထက္သန္မႈကို ဒီ႐ုပ္ရွင္ထဲယူသြင္းလာဖို႔၊ တေစၦထဲကိုယူသြင္းလာဖို႔ပဲ"

ေလနဲ႔အတူ အနီေရာင္႐ြက္ေႂကြတစ္႐ြက္က နင္နင့္ရဲ႕နားသယ္နားကေန ျဖတ္ေျပးသြားတယ္။ သူမလက္တစ္ဖက္ေျမႇာက္ကာ ဆံပင္ေတြကိုသပ္ၿပီး ေခါင္းခါလိုက္တယ္။ "...ကြၽန္မမလုပ္ႏိုင္ဘူး"

ဒါ႐ိုက္တာခ်န္က သူမကိုလွည့္ၾကည့္လာတယ္။ အင္မတန္ေခ်ာင္က်ေနတဲ့ မ်က္ႏွာေၾကာင့္ နဂိုထက္ႀကီးမားပုံေပၚေနတဲ့ သူ႔ရဲ႕မ်က္ဝန္းေတြက အရမ္းေၾကာက္မက္ဖြယ္အၾကည့္ကို ေဖာ္ျပလို႔လာတယ္။

"ဒါ႐ိုက္တာခ်န္၊ ရွင္က႐ုပ္ရွင္ဇာတ္ကားတစ္ခုအတြက္နဲ႔ ဘာမဆိုလုပ္ႏိုင္တယ္၊ ဘယ္သူ႔ကိုမဆို မ်က္ကြယ္ျပဳႏိုင္တယ္၊ ဒါေပမဲ့ကြၽန္မကေတာ့ အဲ့လိုမလုပ္ႏိုင္ဘူး" နင္နင္အမူအရာတစ္ခ်က္မေျပာင္းဘဲ သူ႔ကိုေျပာလိုက္တယ္။ "ကြၽန္မ႐ုပ္ရွင္တစ္ခုအတြက္ေၾကာင့္နဲ႔ အျခားလူတစ္ေယာက္ကို နာက်င္ေစလို႔မရဘူး"

အဆုံးမွာ႐ုပ္ရွင္က႐ုပ္ရွင္ပဲျဖစ္ၿပီး လက္ေတြ႕ဘဝကလက္ေတြ႕ဘဝပင္။

ဒါ႐ိုက္တာခ်န္ရဲ႕ ေအာ္ဟစ္သံေတြကိုအေနာက္မွာခ်န္ၿပီး နင္နင္႐ိုက္ကြင္းထဲကေန ထြက္လာခဲ့တယ္။ ေနာင္တအခ်ိဳ႕ရွိေပမဲ့ သူမေနာက္တစ္ေခါက္ ထပ္လုပ္ရမယ္ဆိုရင္ေတာင္ ထိုစကားေတြကိုပဲေျပာၿပီး ထိုလုပ္ရပ္ကိုပဲလုပ္ခဲ့ဦးမွာျဖစ္တယ္။

"ဒါ႐ိုက္တာခ်န္လိုလူမ်ိဳး ငါလုံးဝမျဖစ္လာခ်င္ဘူး..." သူမေရ႐ြတ္လိုက္တယ္။

"နင္နင္!"

နင္နင္အသံလာရာကိုၾကည့္လိုက္ေတာ့ အဝင္ဝမွာ သူမကိုေစာင့္ဆိုင္းေနတဲ့ လူတစ္ေယာက္ကိုေတြ႕လိုက္ရတယ္။

"ဘယ္လိုလုပ္ၿပီးေရာက္လာတာလဲ?" သူမေမးလိုက္တယ္။

ဝမ္ယြီကအၿပဳံးတစ္ခုနဲ႔ သူမအနားကိုေလွ်ာက္လာတယ္။ 'အန္တီေရွာင္နင္' ဆိုတာက သူမတို႔ႏွစ္ေယာက္တည္း ရွိတဲ့အခ်ိန္မွာပဲ ေခၚတဲ့ အသုံးအႏႈန္းျဖစ္တယ္။ လူျမင္ကြင္းမွာေတာ့ သူက သူမရဲ႕နာမည္ကိုပဲ ေခၚေလ့ရွိတယ္။

"ဒီမွာ" သူကလက္ေဆာင္ဘူးတစ္ဘူးကို နင္နင့္ဆီကမ္းေပးလာတယ္။

နင္နင္ထိုဘူးကိုကမ္းယူၿပီး သူ႔ကိုၾကည့္လိုက္တယ္။ "ဒါကဘာလဲ?"

ဝမ္ယြီကၿပဳံးလာတယ္။ "ဖြင့္ၾကည့္ၾကည့္"

နင္နင္ဘူးကိုဖြင့္လိုက္တယ္။ အထဲမွာရွိတာက ဝတ္စုံတစ္ခုျဖစ္တယ္– ႐ုပ္ရွင္ထဲကတေစၦဝတ္ဆင္တဲ့ အျပာေရာင္ဝတ္စုံ။

"ခင္ဗ်ား‌႐ိုက္ကြင္းထဲမွာ သိပ္အဆင္မေျပေနဘူးၾကားလို႔" ဝမ္ယြီက ညင္ညင္သာသာၿပဳံးလာတယ္။ "တေစၦအေနနဲ႔သ႐ုပ္ေဆာင္ဖို႔အတြက္ အတိတ္တုန္းကလိုမ်ိဳး ခင္ဗ်ားလုပ္ဦးမွာလားလို႔ ကြၽန္ေတာ္စဥ္းစားေနတာ– ႐ိုက္ကြင္းထဲမွာျဖစ္ျဖစ္၊ တကယ့္လက္ေတြ႕မွာျဖစ္ျဖစ္– ခင္ဗ်ားစိတ္အေျခအေနလည္း ေကာင္းေအာင္"

နင္နင္အဲ့လိုစဥ္းစားမိထားတာတကယ္ရွိခဲ့တယ္။ သူမဘူးကိုျပန္ပိတ္ၿပီး သူ႔ကိုၿပဳံးျပလိုက္တယ္။ "ေက်းဇူး"

"ရပါတယ္" ဝမ္ယြီကခဏတာတန႔္သြားၿပီးေနာက္မွာ သူမကိုေလးေလးနက္နက္ေျပာလာတယ္။ "ၿပီးေတာ့ ခင္ဗ်ားကြၽန္ေတာ့္ကို အခ်ိန္အေ႐ြးဖုန္းဆက္လို႔ရတယ္၊ ဘယ္အခ်ိန္ျဖစ္ျဖစ္ ကြၽန္ေတာ္ေစာင့္ေနမယ္"

အိမ္ျပန္ေရာက္ၿပီးတဲ့ေနာက္မွာ နင္နင္လက္ထဲကိုဘူးကိုခုံေပၚတင္လိုက္ၿပီး သူမရဲ႕အဝတ္အစားေတြက တစ္ခုၿပီးတစ္ခု ၾကမ္းျပင္ေပၚကိုက်လာခဲ့တယ္။ ဘူးထဲကဝတ္စုံကို ဝတ္ဆင္ၿပီးေနာက္မွာ သူမမွန္ေရွ႕မွာရပ္ၿပီး မွန္ထဲကသူမရဲ႕ပုံရိပ္ကို ထိေတြ႕ၾကည့္လိုက္တယ္။

နင္နင္ရယ္လိုက္တယ္။ "ေနာက္က်ရင္ဒါကို အိမ္မွာပဲဝတ္ရေတာ့မွာလား?"

ဒါ႐ိုက္တာခ်န္ရဲ႕စိတ္နဲ႔ဆို ေခါင္းေဆာင္မင္းသမီးျဖစ္တဲ့ သူမကိုေတာင္ လူစားလဲဖို႔ဆိုတာက မျဖစ္ႏိုင္တာမဟုတ္ေပ။။

"အဲ့လိုလည္းရတာပဲ၊ ကိုယ့္အတြက္ဝတ္ေပး၊ ကိုယ့္တစ္ေယာက္အတြက္ပဲ" ရွီက်ဳံးထန္က သူမရဲ႕အေနာက္မွာထိုင္ခ်ၿပီး စင္ေပၚမွာရပ္ေနတဲ့ သူသေဘာအက်ဆုံးၾကယ္ပြင့္နဲ႔ အတူရွိခြင့္ရဖို႔ ေမွ်ာ္လင့္ေနတဲ့ အ႐ူးတစ္ပိုင္းပရိသတ္လိုမ်ိဳး သူ႔ရဲ႕လက္ဖဝါးႏွစ္ဖက္ကိုေျမႇာက္လာတယ္။

မွန္ထဲကႏႈတ္ခမ္းအစုံ ေကြးတက္သြားတယ္။ နင္နင္အေနာက္လွည့္ၿပီး သူမရဲ႕အက်ႌလက္ေတြကိုခါကာ စတင္သီဆိုေတာ့တယ္။ "ရာသီသစ္ရဲ႕ေဝဆာလမ္းတစ္ေလွ်ာက္က ငွက္ေ႐ႊဝါတို႔ရဲ႕ ႏိုးလန႔္ဖြယ္ေတးသံ"

ဝတ္႐ုံလက္ပိတ္စကရွီက်ဳံးထန္ဆီကို ေဝ့ဝဲလို႔လာတယ္။ သူေခါင္းေမာ့ကာ ၿပဳံးလာတယ္။ ႏွင္းလိုျဖဴစြတ္ေနတဲ့ ပိတ္စက သူ႔ရဲ႕မ်က္ႏွာေပၚမွာတပ္ဆင္ထားတဲ့ မ်က္ႏွာဖုံးေပၚကေန သူ႔ရဲ႕ရင္ဘတ္ေပၚကို ျဖည္းညင္းစြာျဖာက်လာခဲ့တယ္။ သူထိုပိတ္စကို ညင္ညင္သာသာဆုပ္ကိုင္လိုက္တယ္။

"ရာသီသစ္ရဲ႕ေဝဆာလမ္းတစ္ေလွ်ာက္ကက ငွက္ေ႐ႊဝါတို႔ရဲ႕ ႏိုးလန႔္ဖြယ္ေတးသံ" သူ႔ရဲ႕မက္မြန္ပြင့္သ႑ာန္ မ်က္ဝန္းအစုံနဲ႔ နင္နင့္ကိုေငးစိုက္ၾကည့္ေနရင္း ရွီက်ဳံးထန္က ပိုမိုႏူးညံ့ေလးနက္တဲ့ အသံေနအသံထားနဲ႔ စတင္သီဆိုလို႔လာတယ္။ အစိတ္စိတ္အမႊာမႊာကြဲေၾကေနတဲ့ သူ႔ရဲ႕ႏွလုံးသားကို ဒီသီခ်င္းထဲႏွစ္ျမႇဳပ္ထားသလို၊ ဒီသီခ်င္းအဆုံးမွာ သူ႔ရဲ႕ဘဝပါ အဆုံးသတ္ေတာ့မလိုပင္။

ခ်ိဳသာတဲ့စကားလုံးေတြက ရင္ကိုလႈပ္ခတ္ေစေပမဲ့ သူ႔ရဲ႕ေတးသီဆိုသံေလာက္ေတာ့ ႏွလုံးသားကို မထိခတ္ေစႏိုင္ပါေပ။

နင္နင္ခဏတာတန႔္သြားအၿပီးမွာ ေနာက္ဆက္ဆိုလိုက္တယ္။ "ႏွစ္ေပါင္းမ်ားစြာေက်ာ္လြန္သြားခဲ့တဲ့ ျမစ္ေရေတြတစ္ေလွ်ာက္ မင္းေစာင့္ေမွ်ာ္ေနခဲ့တဲ့အေဖာ္မြန္က ကိုယ္ပါပဲ"

"ႏွစ္ေပါင္းမ်ားစြာေက်ာ္လြန္သြားခဲ့တဲ့ ျမစ္ေရေတြတစ္ေလွ်ာက္ မင္းေစာင့္ေမွ်ာ္ေနခဲ့တဲ့အေဖာ္မြန္က ကိုယ္ပါပဲ"

"ကိုယ္လိုက္လံရွာေဖြခဲ့တဲ့ေနရာတိုင္းက မင္းနဲ႔အလွမ္းေဝးေနခဲ့တယ္"

"ကိုယ္လိုက္လံရွာေဖြခဲ့တဲ့ေနရာတိုင္းက မင္းနဲ႔အလွမ္းေဝးေနခဲ့တယ္"

"ထိုေနရာ၊ သည္အရန္းအတားေတြရဲ႕အလြန္၊ ပ်ိဳနီပန္းပြင့္ေတြက ထိုက္ဟူေတာင္တစ္ေလွ်ာက္ စီတန္းပြင့္လန္းေနၾကတယ္"

"ထိုေနရာ၊ သည္အရန္းအတားေတြရဲ႕အလြန္၊ ပ်ိဳနီပန္းပြင့္ေတြက ထိုက္ဟူေတာင္တစ္ေလွ်ာက္ စီတန္းပြင့္လန္းေနၾကတယ္"

"မင္းနဲ႔ကိုယ္နဲ႔ဆုံေတြ႕ခဲ့ၾကတဲ့ အတိတ္ရဲ႕တစ္ခ်ိန္ခ်ိန္မွာ..." နင္နင့္ရဲ႕အသံက တျဖည္းျဖည္းတိုးညင္းသြားရင္း အဆုံးမွာတိတ္က်လို႔သြားတယ္။

"ဘာျဖစ္လို႔ရပ္လိုက္တာလဲ?" ရွီက်ဳံးထန္က သူ႔အ‌ေရွ႕မွာေဝ့ဝဲေနတဲ့ပိတ္စကိုဆြဲၿပီး သူမကိုနီးနီးကပ္ကပ္ ဆြဲယူလာတယ္။

နိမ့္ခ်ည္ျမင့္ခ်ည္ျဖစ္ေနတဲ့ရင္အစုံကို ထိန္းခ်ဳပ္ရင္း နင္နင္သူ႔ကိုေငးစိုက္ၾကည့္လိုက္တယ္။ သူမဘယ္လိုလုပ္ၿပီးေတာ့ ဆက္ဆိုႏိုင္မွာလဲ? သူကခ်စ္ေရးဆိုတဲ့အေၾကာင္းကို စကားတစ္ခြန္းမွမဟေပမဲ့ သူ႔ရဲ႕ပါးစပ္ကအံက်လာတဲ့ စကားလုံးတိုင္း၊ စာေၾကာင္းတိုင္းက 'ကိုယ္မင္းကိုခ်စ္တယ္' လို႔ ေျပာေနသလိုပါပင္။

"...မလိုေတာ့ဘူး" နင္နင္ႏွလုံးသားကိုတင္းမာၿပီး ေအးစက္စက္ေျပာလိုက္တယ္။ "ရွင္ဒီလိုလုပ္ေပးဖို႔မလိုဘူး၊ ကြၽန္မသ႐ုပ္ေဆာင္လို႔ရတဲ့ ႐ုပ္ရွင္ေတြ အမ်ားႀကီးရွိေသးတာပဲ၊ တေစၦေနရာမွာပဲ သ႐ုပ္ေဆာင္စရာ မလိုဘူး"

သူမခဏတာတန႔္သြားၿပီးေနာက္မွာ မ်က္လႊာခ်ၿပီး ဆက္ေျပာလိုက္တယ္။ "...ဒါ႐ိုက္တာခ်န္ေျပာတာကို စိတ္ထဲမထားထားနဲ႔"

ကြၽန္မ႐ုပ္ရွင္တစ္ကားေၾကာင့္နဲ႔ လူတစ္ေယာက္ကိုမခ်စ္ခ်င္သလို နာလည္းမနာက်င္ေစခ်င္ဘူး။

ရွီက်ဳံးထန္ကသူမကို အခ်ိန္တစ္ခုအထိၾကည့္ေနၿပီး မတ္တတ္ထရပ္ကာ သူမရဲ႕မ်က္ႏွာကို ပင့္ကိုင္လို႔လာတယ္။

"ဒါေပမဲ့ မင္း ကိုယ့္ကိုမခ်စ္ေနတာက..." သူကသူမကိုငုံ႔ၾကည့္ၿပီး ေျပာလာခဲ့တယ္။ "ကိုယ့္ကိုနာက်င္ေစတဲ့အရာပဲ"

ခဏအၾကာမွာ သူကခိုကိုးရာမဲ့စြာနဲ႔ ခပ္ဟဟရယ္ေမာလာျပန္တယ္။ သူ႔ရဲ႕အျခားလက္တစ္ဖက္က သူမရဲ႕မ်က္ႏွာကို ထိေတြ႕လို႔လာတယ္။ "ဒီတိုင္းေနာက္တာပါ၊ စိတ္ထဲမထားထားနဲ႔... မငိုပါနဲ႔၊ ကိုယ္မင္းကို တမင္တကာ ခက္ခဲေအာင္လုပ္ေနတာ မဟုတ္ပါဘူး"

________________

Comment