အခန်း ၅၈: တိုးမြှင့်ထားတဲ့ခက်ခဲမှု

{Unicode}

အခန်း ၅၈: တိုးမြှင့်ထားတဲ့ခက်ခဲမှု

"အား!" လူသစ်လေးကရိုက်ကွင်းထဲကနေ ဝမ်းလျားမှောက်ပြီးထွက်လာခါနီးပင်။ သူ့ရဲ့မျက်နှာအရောင်က ဆားစိမ်ငါးလိုပဲဖြူရော်လို့နေတယ်။ "ငါ့ဝိညာဉ်... ထွက်သွားပြီထင်တယ်..."

"ရေ...ရေမြန်မြန်ပေး၊ မရတော့ဘူး..." ဆားစိမ်ငါးနောက်တစ်ကောင်ဖြစ်ခါနီး ခေါင်း‌ဆောင်မင်းသမီးကလည်း ရိုက်ကွင်းထဲကနေယိုင်တိုင်တိုင်ထွက်လာခဲ့တယ်။ သူမရဲ့လက်ထောက်ကအားအင်ဖြည့်သောက်စရာကို သူမပါးစပ်နားတေ့ပေးလာတယ်။ သူမပိုက်ကိုပါးစပ်ထဲထည့်ကာ လေအပြည့်နဲ့စုပ်ယူလိုက်တယ်။

ဒါရိုက်တာကရိုက်ကွင်းထဲကနေအော်ပြောလာတယ်။ "နောက်တစ်ခန်း! လူတွေဘယ်ရောက်ကုန်တာလဲ?"

"လာပြီ!" သူတို့နှစ်ယောက်လုံးမျက်ရည်စက်လက်နဲ့ ရိုက်ကွင်းထဲပြန်ပြေးသွားကြတယ်။ သူတို့ရဲ့အတွေးတွေကထပ်တူကျလို့နေတယ်။

ငရဲပဲ။

ငါထပ်မလုပ်တော့ဘူး။

ပိုက်ဆံပေးတောင်ထပ်မလုပ်တော့ဘူး။

ဒီဒါရိုက်တာနဲ့ ဒီလူနှစ်ယောက်နဲ့ ဘယ်တော့မှအလုပ်တူတူမလုပ်တော့ဘူး။

သူတို့နှစ်ယောက်သာNGတွေဆက်တိုက်ရနေတာ၊ ကျန်တဲ့လူနှစ်ယောက်ကတော့ NGတစ်ခေါက်တောင်မမိကြပေ။ သူတို့NGအော်ခံထိတဲ့တစ်ခုတည်းသောအချိန်က ဒါရိုက်တာရိုက်ကွက်ရှုထောင့်ပြောင်းချင်တဲ့အချိန်ပဲဖြစ်တယ်။

"သူ့ရုပ်ရည်နဲ့ပဲလုပ်စားရင်တောင်ရနေတာကို၊ ဘာကိုဒီလောက်တောင် ကြိုးစားပြီးသရုပ်ဆောင်နေတာလဲ?" ခေါင်းဆောင်မင်းသမီးကပိုက်ကိုကိုက်ကာ သိပ်မဝေးတဲ့နေရာမှာရပ်နေတဲ့နင်နင်ကိုကြည့်ပြီး အံကြိတ်နေမိတယ်။ တစ်ချိန်တုန်းကသူမကိုယ်တိုင်ကပဲ နင်နင့်ကိုအလှပန်းအိုးဆိုပြီးပြက်ရယ်ပြုခဲ့ဖူးတာကို အခုတော့မေ့လျော့နေတဲ့ပုံပင်။

"ဒီတိုင်းရုပ်ရှင်ပဲကို၊ အော်စကာတွေဘာတွေလည်းရမှာမဟုတ်ဘဲနဲ့၊ ဘာကိုဒီလောက်တောင်ကြိုးစားနေတာလဲ? အခြားသူတွေပါသေတော့မလိုဖြစ်နေပြီ" လူသစ်လေးကချန်ရွှမ်းဟယ်ကို မျက်ရည်အပြည့်နဲ့ငေးကြည့်ရင်း ခေါင်းဆောင်မင်းသမီးရဲ့ပုခုံးကိုဝင်တိုက်မိသွားတယ်။ "ကျွန်တော့်ကိုတစ်ငုံလောက်"

ရိုက်ကူးရေးအဖွဲ့သားတွေက အချိန်သုံးနှစ်လောက်ကုန်ဆုံးသွားပြီလို့ခံစားနေရတယ်။

ဒါပေမဲ့တကယ်တမ်းတော့ ရိုက်ကူးရေးစတင်ပြီးသုံးလသာရှိသေးတာဖြစ်တယ်။

ချန်ရွှမ်းဟယ်ရဲ့စွမ်းဆောင်ရည်ကို မျှော်မှန်းထားတဲ့အတိုင်းပဲလို့ပြောမယ်ဆိုရင် နင်နင်ရဲ့စွမ်းဆောင်ရည်ကိုတော့ လူတိုင်းမျှော်မှန်းထားတာထက် အဆပေါင်းများစွာကျော်လွန်နိုင်ခဲ့တယ်လို့ပြောလို့ရတယ်။

ဇာတ်ညွှန်းရဲ့ခက်ခဲမှုကိုမြှင့်တင်ထားတာက သူမကိုမျက်တောင်တောင်မခတ်စေနိုင်သလိုပင်။ ချန်ရွှမ်းဟယ်ရဲ့လွှမ်းမိုးနိုင်စွမ်းကြီးတဲ့အရောင်အဝါကတောင် သူမကိုမထိခိုက်စေနိုင်ပါချေ။ လူတိုင်းဆားစိမ်ငါးတွေအဖြစ် တစ်ကောင်ပြီးတစ်ကောင်ပြောင်းလဲသွားနေချိန်မှာ သူမကတော့အေးအေးဆေးဆေး ပင်လယ်ထဲလက်ပစ်ကူးနေတုန်းပဲဖြစ်တယ်။

ဒီနေ့က နင်နင့်ရဲ့နောက်ဆုံးဇာတ်ဝင်ခန်းဖြစ်တယ်။

သူမနဲ့ချန်ရွှမ်းဟယ်နှစ်ယောက်ရဲ့ဇာတ်ဝင်ခန်းလည်းဖြစ်တယ်။

အဲ့ဒါက— နောက်ဆုံးညအကြောင်းပဲ!

ဧကရာဇ်ငယ်လေးက အင်ပါယာကြီးကိုအုပ်ချုပ်မနိုင်ပါချေ။ အဲ့ဒါကြောင့်သူ့ရဲ့ဒေါ်လေးက သူမရဲ့သူမတူတဲ့အလှတရားကိုအသုံးချပြီး ပြိုင်ဘက်ကင်းစစ်သူကြီးတစ်‌ယောက်နဲ့ ကြွယ်ဝချမ်းသာတဲ့အမတ်မင်းတစ်ယောက်ရဲ့ထောက်ခံမှုကို လက်ဆုပ်လက်ကိုင်ရယူနိုင်ခဲ့တယ်။

သူမက ထိုလူနှစ်ယောက်ကို "အင်ပါယာအမြွှာတံတိုင်း" လို့နာမည်ပေးခဲ့တယ်။ ထိုလူနှစ်ယောက်က သူမနဲ့ဧကရာဇ်ငယ်လေးကို အဆုံးထိကျောထောက်နောက်ခံပေးထားလိမ့်မယ်လို့ထင်ထားခဲ့ပေမဲ့ သူတို့ထဲကတစ်ယောက်ကသူမကိုသစ္စာဖောက်သွားခဲ့တယ်။

စစ်သူကြီးကျူချွဲ့၊ ဧကရာဇ်ငယ်လေးကိုကြိုးကိုင်ပြီး အင်ပါယာကိုလက်ဝါးကြီးအုပ်ဖို့ကြံစည်နေတဲ့လူ...

မင်းသမီးချင်းလွမ်က သူနဲ့ဧကရာဇ်ငယ်လေးကြားမှာဗျာများနေရတယ်။ အကြံများတဲ့စစ်သူကြီးနဲ့ စတင်ထင်ရာဆိုင်းနေပြီဖြစ်တဲ့ဧကရာဇ်ငယ်လေး!

"အက်ရှင်!"

အနီရောင်ဖယောင်းတိုင်က တောက်ပစွာလောင်ကျွမ်းနေကာ မင်းသမီးအိပ်ဆောင်ကိုလင်းလက်နေစေတယ်။

လူတစ်ယောက်ကဖြည်းညင်းစွာထထိုင်လာတယ်။ အဲ့ဒါကအိပ်ရာပေါ်မှာလှဲလျောင်းနေတဲ့လူကို အေးစက်စွာကြည့်နေတဲ့နင်နင်ဖြစ်တယ်။

နင်နင်အိပ်ရာအောက်ကဓားမြှောင်ကိုထုတ်ယူကာ ဓားအိမ်ထဲကနေတိတ်ဆိတ်စွာဆွဲထုတ်လိုက်တယ်။

ဒီဇာတ်ဝင်ခန်းမှာစာသားမပါရှိတာကြောင့် နင်နင်မျက်လုံးနဲ့သာသရုပ်ဆောင်နိုင်တယ်။

အခက်အခဲလျှော့ချထားတဲ့ဇာတ်ညွှန်းအရသာဆိုရင် သူမမျက်ရည်တစ်စက်ကျပြီး ချန်ရွှမ်းဟယ်နိုးလာရမှာဖြစ်တယ်။ ဒါပေမဲ့အခုအချိန်မှာတော့ သူမမျက်ဝန်းတွေကိုအသုံးချကာ မင်းသမီးချင်းလွမ်ကနေ အခြားလူတစ်ယောက်အဖြစ်ကိုပြောင်းလဲရလိမ့်မယ်– လူသတ်ဖို့စိတ်ဆုံးဖြတ်ထားပြီဖြစ်တဲ့ အင်ပါယာအမျိုးသမီးခေါင်းဆောင်။

သူမဓားမြှောင်ကိုမြှောက်ကိုင်ကာ သူ့ရဲ့လည်ပင်းအပေါ်ထိုးစိုက်ချလိုက်တယ်။

—ဒါပေမဲ့သူက သူမရဲ့လက်ကောက်ဝတ်ကိုချုပ်ကိုင်လာတယ်။

ချန်ရွှမ်းဟယ်မျက်လုံးတွေကိုဖွင့်လိုက်တယ်။ သူ့ရဲ့မျက်ဝန်းအိမ်ကတောက်ပလင်းလက်နေကာ သူအိပ်ပျော်နေတာမဟုတ်ဘူးဆိုတာကိုသိသာနေစေတယ်။ သူကအေးစက်စွာနဲ့ပြုံးလာတယ်။ "နောက်ဆုံးတော့မင်းဆုံးဖြတ်ချက်ချလိုက်ပြီပဲ"

သူကပြတ်သားစွာပြောလာတယ်။ အစကတည်းကအကုန်လုံးကိုထိုးဖောက်မြင်ထားပြီး သူမကိုယုံကြည်ဖို့အတွေးမရှိခဲ့သလိုပင်။

သူခန္ဓာကိုယ်ကိုလှိမ့်ကာသူမအပေါ်အုပ်မိုးလာတယ်။ သူ့ရဲ့လက်တစ်ဖက်နဲ့ဓားမြှောင်ကိုဆုပ်ကိုင်ထားကာ အခြားတစ်ဖက်နဲ့သူမရဲ့ပါးပြင်ကိုပွတ်သပ်လို့နေတယ်။ "ခင်ပွန်းနဲ့ဇနီးစုံဖက်အဖြစ်တစ်‌နေ့တာက တစ်သက်စာလုံးအတွက်သံယောဇဉ်ကိုဆိုလိုတာတဲ့၊ အဲ့ဒါတောင်မင်းကကိုယ့်ကိုဒီလိုမျိုးဆက်ဆံတာလား?"

သူ့ရဲ့မျက်နှာအမူအရာခက်ထန်လာတယ်။ "မင်းအတွက်အာဏာကအဲ့လောက်တောင်အရေးကြီးလား? မင်းကိုယ့်ကိုအဲ့ဒီအာဏာအတွက်နဲ့သတ်ချင်နေတာလား?"

နင်နင်အိပ်ရာပေါ်မှာလှဲလျောင်းနေပြီး သူမဆံနွယ်ပေါ်ကအဆင်တန်ဆာတွေက ကျောက်စိမ်းခေါင်းအုံးနဲ့ထိလိုက်တိုင်းမှာ အသံထွက်ပေါ်လာနေတယ်။ တစ်ဖက်လူရဲ့အချစ်အမှတ်အသားတွေက သူမရဲ့ဖြူအုနေတဲ့ညှပ်ရိုးပေါ်မှာ အထင်းသားပေါ်လွင်နေဆဲဖြစ်တယ်။ သူမခပ်လွင်လွင်ရယ်ကာ သူ့ကိုပြောလိုက်တယ်။ "အဲ့ဒီမေးခွန်းကိုကျွန်မမေးရမှာထင်တယ်"

သူမသူ့ကိုခံစားချက်မဲ့တဲ့မျက်လုံးတွေနဲ့ကြည့်လိုက်တယ်။ "ရှင်လိုချင်တာကျွန်မလား? ဒါမှမဟုတ် အဲ့ဒီနေရာကိုလား?"

ချန်ရွှမ်းဟယ်အနည်းငယ်အံ့အားသင့်သွားတယ်။

"ကျွန်မရှင့်ကိုလက်ထပ်နိုင်တယ်၊ ကျွန်မရှင့်ကိုတစ်ဘဝလုံးစာအဖော်ပြုပေးနိုင်တယ်" သူမလည်ပင်းပေါ်မှာဓားမြှောင်ထောက်ခံထားရတာတောင် သူမရဲ့အသံကတည်ငြိမ်လို့နေတယ်။ "ရှင်ဘယ်လိုအရာမျိုးတွေကိုပဲလုပ်လုပ်၊ ဘယ်နေရာတွေပဲသွားသွား ကျွန်မရှင့်ကိုအဖော်ပြုပေးနိုင်တယ်၊ ရှင်တောင်ပိုင်းကမြူနှင်းမိုးတွေထဲမှာ လမ်းပဲလျှောက်ချင်ချင်၊ မြောက်ပိုင်းကလွင်ပြင်တွေဆီကို ခြေလျင်ခရီးပဲနှင်ချင်ချင်..."

သူမကသူတို့နှစ်ယောက်စစတွေ့စတုန်းကလိုမျိုး နူးညံ့စွာပြုံးလို့နေတယ်။ ညှို့ယူနိုင်လွန်းတယ်၊ ဖမ်းဆုပ်နိုင်ဖို့ခက်ခဲလွန်းတယ်။ သူမကညင်သာစွာမေးလာတယ်။ "ရှင်သဘောမကျဘူးလား?"

ချန်ရွှမ်းဟယ်ကသူမကို မျက်‌တောင်မခတ်ဘဲစိုက်ကြည့်လို့နေတယ်။

ဒီနေရာမှာစာသားမရှိဘူး၊ အကြည့်နဲ့သာသရုပ်ဆောင်နိုင်တယ်။

"...ကိုယ်တို့နှစ်ယောက်လုံးက အဲ့ဒီနေရာကိုလိုချင်နေတယ်ဆိုရင်ရော?" အဆုံးမှာသူကအသံနိမ့်နိမ့်နဲ့မေးလာတယ်။ "ထီးနန်းကို ကိုယ်တို့နှစ်ယောက်လုံးလိုချင်နေတယ်ဆိုရင်ရော?"

သူထိုစကားပြောပြီးတာနဲ့ ဓားမြှောင်ကိုဘေးပစ်ချလိုက်တယ်။ သူစိတ်အနှောင့်အယှက်ဖြစ်မှု၊ ကူကယ်ရာမရမှုတွေနဲ့အတူ သူမကိုကြမ်းတမ်းစွာနမ်းရှုံ့လာတယ်။ သူ့ရဲ့အပြုအမူတွေကကြမ်းတမ်းလွန်းတာကြောင့် ခုတင်ပါလှုပ်ယမ်းလာခဲ့တယ်။

တစ်စုံတစ်ယောက်ရဲ့အော်သံထွက်ပေါ်လာတယ်။ နင်နင်အိပ်ရာပေါ်ကနေပြုတ်ကျလာကာ စားပွဲတစ်ခုရဲ့ခြေထောက်နဲ့တိုက်မိတဲ့အထိ ကြမ်းပြင်ပေါ်မှာလိမ့်သွားတယ်။

ချန်ရွှမ်းဟယ်ခန်းစီးကိုမကာ ခုတင်ပေါ်ကနေဆင်းလာတယ်။ သူ့ကလည်ပင်းကိုဘယ်ဘက်လက်နဲ့အုပ်ကိုင်ထားပြီး သူ့လက်ချောင်းတွေကြားကနေ အနီရောင်သွေးတွေစိမ့်ကျလာတယ်။

နင်နင်ကြမ်းပြင်ပေါ်ကနေ ဖြည်းညင်းစွာထထိုင်လာတယ်။ သူမညာဘက်လက်ထဲမှာဆုပ်ကိုင်ထားတဲ့ရွှေရောင်ဆံထိုးက လက်ဆတ်တဲ့သွေးအရောင်တောက်ပလို့နေတယ်။

ချန်ရွှမ်းဟယ်ဘယ်ဘက်လက်ကိုချကာ ထိုလက်ပေါ်ကသွေးတွေကိုငုံ့ကြည့်လိုက်တယ်။ သူဖြည်းဖြည်းချင်းခေါင်းလှည့်ကာ သူမကိုအဓိပ္ပာယ်ဖော်ရခက်ခဲတဲ့အမူအရာနဲ့ကြည့်လာတယ်။ "ကိုယ်မင်းကိုအများကြီးသဘောကျတာတောင် မင်းကတော့ကိုယ့်ကိုဒီလိုမျိုးဆက်ဆံတာလား?"

နင်နင်ကနည်းနည်းလေးတောင်မယိမ်းယိုင်သွားပါချေ။ သူမကျက်သရေရှိစွာနဲ့ သူမရဲ့ဆံနွယ်တွေကိုပြန်လည်မွမ်းမံလို့နေတယ်။

"...ကိုယ့်ရဲ့အကာအကွယ်သာမရှိရင် နန်းတော်ထဲကလူတွေအကုန်လုံး မင်းကိုဝါးစားပြီးနေလောက်ပြီ!" ချန်ရွှမ်းဟယ်ရဲ့မျက်လုံးတွေကအနည်းငယ်နီရဲနေတယ်။ "အမတ်ချုပ်ကကိုယ့်ကိုသူ့ဘက်ပါလာဖို့အတွက် သူ့ရဲ့သမီးနှစ်ယောက်လုံးကိုထိုးကျွေးနေတယ်၊ ကိုယ်သူတို့နှစ်ယောက်ထဲကတစ်ယောက်ကို ဧကရီဖြစ်အောင်လုပ်ပေးမယ်လို့သဘောတူဖို့ပဲလိုတော့တာ! ဒါပေမဲ့ကိုယ်သဘောမတူခဲ့ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်နှလုံးသားထဲမှာ ဧကရီကမင်းတစ်ယောက်ပဲရှိလို့ပဲ!"

"ကျွန်မကတော်ဝင်သွေးစစ်စစ်မင်းသမီးပဲ၊ ကျွန်မသာလက်ဆက်မယ်ဆိုရင် ဘယ်ပြည်ထောင်ကများ ကျွန်မကိုဧကရီမမြှောက်ပေးချင်မှာလဲ?" နင်နင်သူ့ကိုမယုံကြည်နိုင်သလိုကြည့်လိုက်တယ်။ သူမရဲ့နှုတ်ခမ်းထောင့်စွန်းတွေမြင့်တက်လာကာ သူ့ကိုလှောင်လိုက်တယ်။ "ရှင်ခုံရုံးကလူတွေနဲ့ပေါင်းကြံနေတာ ကြာလှပြီဆိုတဲ့အကြောင်းကိုပြောပါဦး၊ အဲ့ဒါတောင်ကျွန်မကိုကာကွယ်ပေးတယ်လို့ပြောရဲသေးတယ်? အရှက်မရှိချက်ပဲ"

သူမကသူမရဲ့မဟာရန်ဘက်အရှေ့မှာဟန်မပျက်ချင်ပေ။ သူမရဲ့လှောင်ပြုံးကတောင် ဩဇာပြည့်လို့နေတယ်။

ချန်ရွှမ်းဟယ်ရဲ့ရင်ဘတ်ကနိမ့်ချည်မြင့်ချည်ဖြစ်လာတယ်။ သူကသူမကိုအချစ်‌ရောအမုန်းပါရောယှက်နေတဲ့အကြည့်နဲ့ကြည့်လို့နေတယ်။ သူဓားကိုမြှင့်ကာ သူမကိုသုံးကြိမ်သုံးခါသတ်ပစ်ချင်သလို သူ့ရဲ့ဓားကိုထာဝရသိမ်းဆည်းလို့လည်းထားချင်နေတယ်။

"...ကိုယ်မင်းကိုရောထီးနန်းကိုရောလိုချင်တယ်" အဆုံးမှာသူရက်စက်စွာပြောလာတယ်။ "ဒါပေမဲ့ကိုယ်မင်းကိုဧကရီမတင်မြှောက်တော့ဘူး၊ မင်းကကိုယ့်ရဲ့ကိုယ်လုပ်တော်၊ မဟုတ်ဘူး၊ ကိုယ့်အိပ်ဆောင်ကအပျိုတော်ပဲဖြစ်လာရမယ်! အဲ့ဒါမင်းအတွက်အပြစ်ဒဏ်ပဲ!"

"အို" နင်နင်အတက်အကျမဲ့တဲ့လေသံနဲ့ပြောလိုက်တယ်။ သူမကမျက်လွှာချကာစဉ်းစားနေပုံပေါ်တယ်။

ချန်ရွှမ်းဟယ်သူမကို စိတ်လှုပ်ရှားစွာနဲ့ကြည့်နေမိတယ်။ သူတည်ငြိမ်နေသလိုဟန်‌ဆောင်ကာပြောလိုက်တယ်။ "...မင်းကိုယ့်ကိုတောင်းပန်ရင်တော့ ကိုယ်စိတ်ပြောင်းရင်ပြောင်းလာနိုင်တယ်"

"...ဘယ်လိုမျိုးတောင်းပန်စေချင်တာလဲ?" နင်နင်သူ့ကိုပြုံးကာကြည့်လိုက်တယ်။ 

သူမဖြည်းဖြည်းချင်းသူ့အနားလျှောက်သွားပြီး သူ့ရဲ့လက်ကိုဆုပ်ကိုင်ရင်းဓားမြှောင်ထည့်ပေးကာ သူမရဲ့ဝမ်းဗိုက်ကိုထိုးချလိုက်တယ်။

အရာအားလုံးကလျှင်မြန်စွာဖြစ်ပျက်သွားခဲ့တယ်။ သူတို့ရဲ့သရုပ်ဆောင်စွမ်းရည်က အရမ်းနက်နဲလွန်းတာကြောင့်လည်းဖြစ်နိုင်တယ်။

လူသစ်လေးကသူတို့ကိုဘေးကနေ စိတ်ပါလက်ပါကြည့်နေတယ်။ သူ့ပုခုံးကိုလူတစ်ယောက်ပုတ်လာမှသာ သူအသိစိတ်ပြန်ဝင်လာခဲ့တယ်။ သူ့ရဲ့အလှည့်ဖြစ်တယ်။

တံခါးကဘန်းခနဲပွင့်သွားတယ်။ လူသစ်လေးကအစောင့်တွေကိုဦးဆောင်ကာ အခန်းထဲဝင်လာတယ်။ "မင်းသမီး!"

သူကြမ်းပြင်ပေါ်ကမင်းသမီးလင်ရှန်းကိုပွေ့ဖက်လိုက်တယ်။

..ပြီးတော့ရော?

လူသစ်လေးပါးစပ်ဟလိုက်ပေမဲ့ သူ့ရဲ့ခေါင်းတစ်ခုလုံးဗလာဖြစ်နေတယ်။ သွားပြီ။ သူစာသားမေ့သွားပြီ။

ဒါရိုက်တာမျက်မှောင်ကြုတ်ကာ 'ကတ်!'လို့အော်တော့မယ့်အချိန်မှာပဲ တိုးလျလျအသံတစ်ခုထွက်ပေါ်လာတယ်။ "ဘာဖြစ်လို့အခုမှရောက်လာတာလဲ?"

ထိုအသံပိုင်ရှင်က နင်နင်ဖြစ်တယ်။

သူမကလူသစ်လေးရဲ့ရင်ခွင်ထဲမှာလှဲလျောင်းနေကာ သူ့ကိုအားနည်းစွာမော့ကြည့်လာပြီး သူမမျက်ဝန်းထဲကမျက်ရည်တွေစတင်လိမ့်ဆင်းလာခဲ့တယ်။ သူမသူ့ကိုမေးလာတယ်။ "ရှင်ဘာဖြစ်လို့ သူကျွန်မကိုနာကျင်စေနိုင်အောင်လွှတ်ထားပေးခဲ့တာလဲ?"

"...ကိုယ်ဘာဖြစ်လို့အခုမှရောက်လာတာလဲ?" သူမရဲ့မျက်ဝန်းအစုံကိုကြည့်ကာ သူနဂိုကမေ့နေတဲ့စာသားတွေက သူ့ပါးစပ်ထဲကနေအလိုအလျောက်ထွက်လာခဲ့တယ်။ သူအသက်ရှူဖို့ခက်ခဲလာတယ်။ "ကိုယ်ဘာဖြစ်လို့ သူမင်းကိုနာကျင်စေနိုင်အောင်လွှတ်ထားပေးခဲ့တာလဲ?

နင်နင်ရုတ်တရက်သူ့ကိုပြုံးပြလိုက်တယ်။

ထိုအပြုံးက သူတို့စစတွေ့တဲ့အချိန်တုန်းကအပြုံးဖြစ်တယ်။ သူမအဲ့ဒီနေ့တုန်းကဘာကိုပြုံးနေတာလဲ၊ ဘာအတွက်ပြုံးနေတာလဲ၊ ဘယ်သူ့ကိုပြုံးပြနေခဲ့တာလဲဆိုတာကို ဘယ်သူမှမသိနိုင်ခဲ့ပေ။ အဲ့ဒါကချန်ရွှမ်းဟယ်ကိုလား၊ လူသစ်လေးကိုလား၊ သူမကလွဲပြီးအဖြေကိုဘယ်သူမှမသိခဲ့ပါချေ။

အခုအချိန်ကျမှ သူအဖြေကိုသိခဲ့ရပြီဖြစ်တယ်။

"ရှင်ရောက်လာလို့တော်ပါသေးတယ်..." သူမရဲ့မျက်ခွံတွေဖြည်းညင်းစွာပိတ်ကျမသွားခင် ထိုစကားတစ်ခွန်းကိုသာချန်ခဲ့နိုင်တယ်။

လူသစ်လေးကစိတ်ထဲမှာ ဟောင်းလောင်းပေါက်ကြီးကိုခံစားလိုက်ရကာ မျက်ရည်တွေထိန်းမနိုင်သိမ်းမရလိမ့်ကျလာခဲ့တယ်။

"ကတ်!"

လူတိုင်းသက်ပြင်းချလိုက်တယ်။

လူသစ်လေး, "အီးဟီး..."

သူ့မျက်ရည်တွေနဲ့မျောတော့မယ့်နင်နင်, "..."

ဒါရိုက်တာ၊ ဒီမှာသူတကယ်ကြီးငိုနေတာ ဘယ်လိုလုပ်ရမလဲ!

အဲ့လိုအဖြစ်အပျက်တွေက ရိုက်ကွင်းထဲမှာရှားတာတော့မဟုတ်ပါချေ။ သရုပ်ဆောင်အချို့က ရိုက်ကူးရေးအတွင်းမှာ ဇာတ်လမ်းထဲအရမ်းနစ်ဝင်သွားပြီး ဇာတ်ကောင်ထဲကနေပြန်ထွက်ဖို့ခက်ခဲတဲ့ အချိန်တွေရှိနိုင်တာပဲဖြစ်တယ်။ လူသစ်လေးလည်း လူတွေအများကြီးဝိုင်းနှစ်သိမ့်တာကိုခံပြီးနောက်မှာ ဇာတ်ကောင်ထဲကနေပြန်ထွက်လာနိုင်ခဲ့တယ်။

အချိန်ကနေ့လည်စာစားချိန်ဖြစ်တယ်။

"သူတကယ်ကြီးကျွန်တော့်ကိုချစ်နေတာထင်တယ်၊ သူ့မျက်လုံးကိုကြည့်တာနဲ့တင်ကျွန်တော်သိတယ်..." လူသစ်လေးကအတည်ပေါက်ပြောလာတယ်။ သူခေါင်းလှည့်လိုက်တဲ့အချိန်မှာ ချန်ရွှမ်းဟယ်ရဲ့နတ်ဆိုးဆန်ဆန်အမူအရာကို ဖြတ်ခနဲတွေ့လိုက်ရတယ်...

သူထင်ယောင်ထင်မှားဖြစ်နေတာမဟုတ်ဘူး! ဒီလူကပြဿနာရှိတယ်!

"ဘာပေါက်ကရတွေပြောနေတာလဲ?" ချန်ရွှမ်းဟယ်ဒီတစ်ခေါက်တော့ဟန်တောင်မဆောင်တော့ဘဲ အေးစက်စက်ပြုံးလိုက်တယ်။ "သူမင်းကိုမကြိုက်ဘူး၊ ဒီတိုင်းသရုပ်ဆောင်နေတာပဲ"

ဟုတ်တယ်၊ သရုပ်ဆောင်နေတာပဲ။

<ကြီးမြတ်သောအင်ပါယာ> ရိုက်ကူးရေးကာလအတွင်းမှာ သူမကိုသူသုံးမိနစ်အတွင်းနင်းမခြေနိုင်ခဲ့ပေ။ ဒါပေမဲ့အဲ့ဒါကသူ အခြားဘာကိုမှလည်းမရလိုက်ဘူးလို့မဆိုလိုပါချေ။

သူလျှို့ဝှက်ချက်တစ်ခုကိုရှာတွေ့ခဲ့တယ်–

နင်နင်ရဲ့သရုပ်ဆောင်အရည်အချင်းမှာ သဘာဝဆန်ဆန်တိုးတက်မှုဆိုတာမရှိဘူး!

လူတစ်ယောက်ကဉာဏ်ကြီးရှင်ဆိုရင်တောင် အဲ့ဒီလူတိုးတက်လာတဲ့ဖြစ်စဉ်ကို အဆင့်ဆင့်တွေ့ရဦးမှာဖြစ်တယ်။ နင်နင်ကျတော့တစ်မျိုး။ သူမကပြန်လည်မွေးဖွားလာတာတောင်မဟုတ်ဘဲ လုံးဝအခြားတစ်ယောက်အဖြစ်ကူးပြောင်းသွားတာပဲဖြစ်ရမယ်!

ဟုတ်တယ်... သူမကအခြားတစ်ယောက်ဖြစ်လာတာပဲ။

<ရုပ်ဆိုးမ>လူရွေးပွဲတုန်းကနင်နင်၊ <ပြဇာတ်ရုံတစ္ဆေ> လူရွေးပွဲတုန်းကနင်နင်၊ အခု <ကြီးမြတ်သောအင်ပါယာ> မှာ သူနဲ့တူတူသရုပ်ဆောင်နေတဲ့နင်နင်၊ သူတို့အားလုံးကမတူတဲ့လူတွေပဲ။

ပထမဆုံးတစ်ယောက်က ခံစားချက်ကိုအားကိုးပြီးသရုပ်ဆောင်ခဲ့တယ်။ ဒုတိယတစ်ယောက်က သရုပ်ဆောင်အရည်အချင်းအနည်းငယ်ရှိနေတယ်။ တတိယတစ်ယောက်ကတော့... အခြားသရုပ်ဆောင်တွေကိုတောင်ရိုက်ချနိုင်တယ်။ ဒါပေမဲ့အဲ့လိုမျိုးလုပ်နိုင်စွမ်းက အရည်အချင်းနဲ့မဆိုင်ပါချေ။ အတွေ့အကြုံနဲ့ဆိုင်တာဖြစ်တယ်။

ကြားမှာဘယ်နှစ်ရက်ရှိသွားပြီလဲ? အဲ့ဒီအတွေ့အကြုံတွေကို သူမဘယ်ကနေရလာတာလဲ?

ချန်ရွှမ်းဟယ်သူ့ရဲ့လက်ထောက်ကိုမေးလိုက်တယ်။ "နင်နင်ဘယ်မှာလဲ?"

"သူထွက်သွားပြီလေ" လက်ထောက်ကပြန်ဖြေလာတယ်။ "သူ့အခန်းတွေအကုန်ကုန်သွားပြီဆိုတော့ ဒါရိုက်တာကိုနှုတ်ဆက်ပြီး ဒီနေ့ပဲလေယာဉ်ပေါ်တက်မှာထင်တယ်"

ချန်ရွှမ်းဟယ်အံ့ဩသွားတယ်။ "ဒီလောက်လောနေတာ၊ ဘာဖြစ်လို့လဲလို့ပြောသွားသေးလား?"

လက်ထောက်ကခေါင်းခါပြလာတယ်။ "ဟင့်အင်း"

ချန်ရွှမ်းဟယ်လက်ထောက်ကိုသွားဖို့ပြောပြီး မျက်မှောင်ကြုတ်လိုက်တယ်။ သူအပြင်ဘက်ကမည်းမှောင်လာနေတဲ့ကောင်းကင်ကိုကြည့်ကာ တွေးလိုက်တယ်။ "နင်နင်၊ မင်းမှာဘာလျှို့ဝှက်ချက်တွေရှိနေတာလဲ?"

ကောင်းကင်ပေါ်ကလေယာဉ်တစ်စင်းထဲတွင်။

"ဖုန်းပိတ်ထားပေးပါရှင့်" လေယာဉ်မယ်ကဘေးကနေဖြတ်လျှောက်သွားတယ်။

"ဟုတ်" နင်နင်ဖုန်းမျက်နှာပြင်ကိုနောက်ဆုံးတစ်ခေါက်ကြည့်ပြီး ဖုန်းပိတ်လိုက်တယ်။

အဲ့ဒါကဝမ်ယွီရဲ့မက်ဆေ့ချ်ဖြစ်တယ်။

[ကျွန်တော်တစ်ခုရှာတွေ့ထားတယ်]

အဲ့ဒီအောက်မှာပုံတစ်ခုပါတွဲပါလာတယ်။

အဲ့ဒါကဘဝရုပ်ရှင်ရုံရဲ့ရုပ်ရှင်လက်မှတ်တစ်စောင်ဖြစ်တယ်။

____________________________

{Zawgyi}

အခန္း ၅၈: တိုးျမႇင့္ထားတဲ့ခက္ခဲမႈ

"အား!" လူသစ္ေလးက႐ိုက္ကြင္းထဲကေန ဝမ္းလ်ားေမွာက္ၿပီးထြက္လာခါနီးပင္။ သူ႔ရဲ႕မ်က္ႏွာအေရာင္က ဆားစိမ္ငါးလိုပဲျဖဴေရာ္လို႔ေနတယ္။ "ငါ့ဝိညာဥ္... ထြက္သြားၿပီထင္တယ္..."

"ေရ...ေရျမန္ျမန္ေပး၊ မရေတာ့ဘူး..." ဆားစိမ္ငါးေနာက္တစ္ေကာင္ျဖစ္ခါနီး ေခါင္း‌ေဆာင္မင္းသမီးကလည္း ႐ိုက္ကြင္းထဲကေနယိုင္တိုင္တိုင္ထြက္လာခဲ့တယ္။ သူမရဲ႕လက္ေထာက္ကအားအင္ျဖည့္ေသာက္စရာကို သူမပါးစပ္နားေတ့ေပးလာတယ္။ သူမပိုက္ကိုပါးစပ္ထဲထည့္ကာ ေလအျပည့္နဲ႔စုပ္ယူလိုက္တယ္။

ဒါ႐ိုက္တာက႐ိုက္ကြင္းထဲကေနေအာ္ေျပာလာတယ္။ "ေနာက္တစ္ခန္း! လူေတြဘယ္ေရာက္ကုန္တာလဲ?"

"လာၿပီ!" သူတို႔ႏွစ္ေယာက္လုံးမ်က္ရည္စက္လက္နဲ႔ ႐ိုက္ကြင္းထဲျပန္ေျပးသြားၾကတယ္။ သူတို႔ရဲ႕အေတြးေတြကထပ္တူက်လို႔ေနတယ္။

ငရဲပဲ။

ငါထပ္မလုပ္ေတာ့ဘူး။

ပိုက္ဆံေပးေတာင္ထပ္မလုပ္ေတာ့ဘူး။

ဒီဒါ႐ိုက္တာနဲ႔ ဒီလူႏွစ္ေယာက္နဲ႔ ဘယ္ေတာ့မွအလုပ္တူတူမလုပ္ေတာ့ဘူး။

သူတို႔ႏွစ္ေယာက္သာNGေတြဆက္တိုက္ရေနတာ၊ က်န္တဲ့လူႏွစ္ေယာက္ကေတာ့ NGတစ္ေခါက္ေတာင္မမိၾကေပ။ သူတို႔NGေအာ္ခံထိတဲ့တစ္ခုတည္းေသာအခ်ိန္က ဒါ႐ိုက္တာ႐ိုက္ကြက္ရႈေထာင့္ေျပာင္းခ်င္တဲ့အခ်ိန္ပဲျဖစ္တယ္။

"သူ႔႐ုပ္ရည္နဲ႔ပဲလုပ္စားရင္ေတာင္ရေနတာကို၊ ဘာကိုဒီေလာက္ေတာင္ ႀကိဳးစားၿပီးသ႐ုပ္ေဆာင္ေနတာလဲ?" ေခါင္းေဆာင္မင္းသမီးကပိုက္ကိုကိုက္ကာ သိပ္မေဝးတဲ့ေနရာမွာရပ္ေနတဲ့နင္နင္ကိုၾကည့္ၿပီး အံႀကိတ္ေနမိတယ္။ တစ္ခ်ိန္တုန္းကသူမကိုယ္တိုင္ကပဲ နင္နင့္ကိုအလွပန္းအိုးဆိုၿပီးျပက္ရယ္ျပဳခဲ့ဖူးတာကို အခုေတာ့ေမ့ေလ်ာ့ေနတဲ့ပုံပင္။

"ဒီတိုင္း႐ုပ္ရွင္ပဲကို၊ ေအာ္စကာေတြဘာေတြလည္းရမွာမဟုတ္ဘဲနဲ႔၊ ဘာကိုဒီေလာက္ေတာင္ႀကိဳးစားေနတာလဲ? အျခားသူေတြပါေသေတာ့မလိုျဖစ္ေနၿပီ" လူသစ္ေလးကခ်န္႐ႊမ္းဟယ္ကို မ်က္ရည္အျပည့္နဲ႔ေငးၾကည့္ရင္း ေခါင္းေဆာင္မင္းသမီးရဲ႕ပုခုံးကိုဝင္တိုက္မိသြားတယ္။ "ကြၽန္ေတာ့္ကိုတစ္ငုံေလာက္"

႐ိုက္ကူးေရးအဖြဲ႕သားေတြက အခ်ိန္သုံးႏွစ္ေလာက္ကုန္ဆုံးသြားၿပီလို႔ခံစားေနရတယ္။

ဒါေပမဲ့တကယ္တမ္းေတာ့ ႐ိုက္ကူးေရးစတင္ၿပီးသုံးလသာရွိေသးတာျဖစ္တယ္။

ခ်န္႐ႊမ္းဟယ္ရဲ႕စြမ္းေဆာင္ရည္ကို ေမွ်ာ္မွန္းထားတဲ့အတိုင္းပဲလို႔ေျပာမယ္ဆိုရင္ နင္နင္ရဲ႕စြမ္းေဆာင္ရည္ကိုေတာ့ လူတိုင္းေမွ်ာ္မွန္းထားတာထက္ အဆေပါင္းမ်ားစြာေက်ာ္လြန္ႏိုင္ခဲ့တယ္လို႔ေျပာလို႔ရတယ္။

ဇာတ္ၫႊန္းရဲ႕ခက္ခဲမႈကိုျမႇင့္တင္ထားတာက သူမကိုမ်က္ေတာင္ေတာင္မခတ္ေစႏိုင္သလိုပင္။ ခ်န္႐ႊမ္းဟယ္ရဲ႕လႊမ္းမိုးႏိုင္စြမ္းႀကီးတဲ့အေရာင္အဝါကေတာင္ သူမကိုမထိခိုက္ေစႏိုင္ပါေခ်။ လူတိုင္းဆားစိမ္ငါးေတြအျဖစ္ တစ္ေကာင္ၿပီးတစ္ေကာင္ေျပာင္းလဲသြားေနခ်ိန္မွာ သူမကေတာ့ေအးေအးေဆးေဆး ပင္လယ္ထဲလက္ပစ္ကူးေနတုန္းပဲျဖစ္တယ္။

ဒီေန႔က နင္နင့္ရဲ႕ေနာက္ဆုံးဇာတ္ဝင္ခန္းျဖစ္တယ္။

သူမနဲ႔ခ်န္႐ႊမ္းဟယ္ႏွစ္ေယာက္ရဲ႕ဇာတ္ဝင္ခန္းလည္းျဖစ္တယ္။

အဲ့ဒါက— ေနာက္ဆုံးညအေၾကာင္းပဲ!

ဧကရာဇ္ငယ္ေလးက အင္ပါယာႀကီးကိုအုပ္ခ်ဳပ္မႏိုင္ပါေခ်။ အဲ့ဒါေၾကာင့္သူ႔ရဲ႕ေဒၚေလးက သူမရဲ႕သူမတူတဲ့အလွတရားကိုအသုံးခ်ၿပီး ၿပိဳင္ဘက္ကင္းစစ္သူႀကီးတစ္‌ေယာက္နဲ႔ ႂကြယ္ဝခ်မ္းသာတဲ့အမတ္မင္းတစ္ေယာက္ရဲ႕ေထာက္ခံမႈကို လက္ဆုပ္လက္ကိုင္ရယူႏိုင္ခဲ့တယ္။

သူမက ထိုလူႏွစ္ေယာက္ကို "အင္ပါယာအႁမႊာတံတိုင္း" လို႔နာမည္ေပးခဲ့တယ္။ ထိုလူႏွစ္ေယာက္က သူမနဲ႔ဧကရာဇ္ငယ္ေလးကို အဆုံးထိေက်ာေထာက္ေနာက္ခံေပးထားလိမ့္မယ္လို႔ထင္ထားခဲ့ေပမဲ့ သူတို႔ထဲကတစ္ေယာက္ကသူမကိုသစၥာေဖာက္သြားခဲ့တယ္။

စစ္သူႀကီးက်ဴခြၽဲ႕၊ ဧကရာဇ္ငယ္ေလးကိုႀကိဳးကိုင္ၿပီး အင္ပါယာကိုလက္ဝါးႀကီးအုပ္ဖို႔ႀကံစည္ေနတဲ့လူ...

မင္းသမီးခ်င္းလြမ္က သူနဲ႔ဧကရာဇ္ငယ္ေလးၾကားမွာဗ်ာမ်ားေနရတယ္။ အႀကံမ်ားတဲ့စစ္သူႀကီးနဲ႔ စတင္ထင္ရာဆိုင္းေနၿပီျဖစ္တဲ့ဧကရာဇ္ငယ္ေလး!

"အက္ရွင္!"

အနီေရာင္ဖေယာင္းတိုင္က ေတာက္ပစြာေလာင္ကြၽမ္းေနကာ မင္းသမီးအိပ္ေဆာင္ကိုလင္းလက္ေနေစတယ္။

လူတစ္ေယာက္ကျဖည္းညင္းစြာထထိုင္လာတယ္။ အဲ့ဒါကအိပ္ရာေပၚမွာလွဲေလ်ာင္းေနတဲ့လူကို ေအးစက္စြာၾကည့္ေနတဲ့နင္နင္ျဖစ္တယ္။

နင္နင္အိပ္ရာေအာက္ကဓားေျမႇာင္ကိုထုတ္ယူကာ ဓားအိမ္ထဲကေနတိတ္ဆိတ္စြာဆြဲထုတ္လိုက္တယ္။

ဒီဇာတ္ဝင္ခန္းမွာစာသားမပါရွိတာေၾကာင့္ နင္နင္မ်က္လုံးနဲ႔သာသ႐ုပ္ေဆာင္ႏိုင္တယ္။

အခက္အခဲေလွ်ာ့ခ်ထားတဲ့ဇာတ္ၫႊန္းအရသာဆိုရင္ သူမမ်က္ရည္တစ္စက္က်ၿပီး ခ်န္႐ႊမ္းဟယ္ႏိုးလာရမွာျဖစ္တယ္။ ဒါေပမဲ့အခုအခ်ိန္မွာေတာ့ သူမမ်က္ဝန္းေတြကိုအသုံးခ်ကာ မင္းသမီးခ်င္းလြမ္ကေန အျခားလူတစ္ေယာက္အျဖစ္ကိုေျပာင္းလဲရလိမ့္မယ္– လူသတ္ဖို႔စိတ္ဆုံးျဖတ္ထားၿပီျဖစ္တဲ့ အင္ပါယာအမ်ိဳးသမီးေခါင္းေဆာင္။

သူမဓားေျမႇာင္ကိုေျမႇာက္ကိုင္ကာ သူ႔ရဲ႕လည္ပင္းအေပၚထိုးစိုက္ခ်လိုက္တယ္။

—ဒါေပမဲ့သူက သူမရဲ႕လက္ေကာက္ဝတ္ကိုခ်ဳပ္ကိုင္လာတယ္။

ခ်န္႐ႊမ္းဟယ္မ်က္လုံးေတြကိုဖြင့္လိုက္တယ္။ သူ႔ရဲ႕မ်က္ဝန္းအိမ္ကေတာက္ပလင္းလက္ေနကာ သူအိပ္ေပ်ာ္ေနတာမဟုတ္ဘူးဆိုတာကိုသိသာေနေစတယ္။ သူကေအးစက္စြာနဲ႔ၿပဳံးလာတယ္။ "ေနာက္ဆုံးေတာ့မင္းဆုံးျဖတ္ခ်က္ခ်လိုက္ၿပီပဲ"

သူကျပတ္သားစြာေျပာလာတယ္။ အစကတည္းကအကုန္လုံးကိုထိုးေဖာက္ျမင္ထားၿပီး သူမကိုယုံၾကည္ဖို႔အေတြးမရွိခဲ့သလိုပင္။

သူခႏၶာကိုယ္ကိုလွိမ့္ကာသူမအေပၚအုပ္မိုးလာတယ္။ သူ႔ရဲ႕လက္တစ္ဖက္နဲ႔ဓားေျမႇာင္ကိုဆုပ္ကိုင္ထားကာ အျခားတစ္ဖက္နဲ႔သူမရဲ႕ပါးျပင္ကိုပြတ္သပ္လို႔ေနတယ္။ "ခင္ပြန္းနဲ႔ဇနီးစုံဖက္အျဖစ္တစ္‌ေန႔တာက တစ္သက္စာလုံးအတြက္သံေယာဇဥ္ကိုဆိုလိုတာတဲ့၊ အဲ့ဒါေတာင္မင္းကကိုယ့္ကိုဒီလိုမ်ိဳးဆက္ဆံတာလား?"

သူ႔ရဲ႕မ်က္ႏွာအမူအရာခက္ထန္လာတယ္။ "မင္းအတြက္အာဏာကအဲ့ေလာက္ေတာင္အေရးႀကီးလား? မင္းကိုယ့္ကိုအဲ့ဒီအာဏာအတြက္နဲ႔သတ္ခ်င္ေနတာလား?"

နင္နင္အိပ္ရာေပၚမွာလွဲေလ်ာင္းေနၿပီး သူမဆံႏြယ္ေပၚကအဆင္တန္ဆာေတြက ေက်ာက္စိမ္းေခါင္းအုံးနဲ႔ထိလိုက္တိုင္းမွာ အသံထြက္ေပၚလာေနတယ္။ တစ္ဖက္လူရဲ႕အခ်စ္အမွတ္အသားေတြက သူမရဲ႕ျဖဴအုေနတဲ့ညႇပ္႐ိုးေပၚမွာ အထင္းသားေပၚလြင္ေနဆဲျဖစ္တယ္။ သူမခပ္လြင္လြင္ရယ္ကာ သူ႔ကိုေျပာလိုက္တယ္။ "အဲ့ဒီေမးခြန္းကိုကြၽန္မေမးရမွာထင္တယ္"

သူမသူ႔ကိုခံစားခ်က္မဲ့တဲ့မ်က္လုံးေတြနဲ႔ၾကည့္လိုက္တယ္။ "ရွင္လိုခ်င္တာကြၽန္မလား? ဒါမွမဟုတ္ အဲ့ဒီေနရာကိုလား?"

ခ်န္႐ႊမ္းဟယ္အနည္းငယ္အံ့အားသင့္သြားတယ္။

"ကြၽန္မရွင့္ကိုလက္ထပ္ႏိုင္တယ္၊ ကြၽန္မရွင့္ကိုတစ္ဘဝလုံးစာအေဖာ္ျပဳေပးႏိုင္တယ္" သူမလည္ပင္းေပၚမွာဓားေျမႇာင္ေထာက္ခံထားရတာေတာင္ သူမရဲ႕အသံကတည္ၿငိမ္လို႔ေနတယ္။ "ရွင္ဘယ္လိုအရာမ်ိဳးေတြကိုပဲလုပ္လုပ္၊ ဘယ္ေနရာေတြပဲသြားသြား ကြၽန္မရွင့္ကိုအေဖာ္ျပဳေပးႏိုင္တယ္၊ ရွင္ေတာင္ပိုင္းကျမဴႏွင္းမိုးေတြထဲမွာ လမ္းပဲေလွ်ာက္ခ်င္ခ်င္၊ ေျမာက္ပိုင္းကလြင္ျပင္ေတြဆီကို ေျခလ်င္ခရီးပဲႏွင္ခ်င္ခ်င္..."

သူမကသူတို႔ႏွစ္ေယာက္စစေတြ႕စတုန္းကလိုမ်ိဳး ႏူးညံ့စြာၿပဳံးလို႔ေနတယ္။ ညႇိဳ႕ယူႏိုင္လြန္းတယ္၊ ဖမ္းဆုပ္ႏိုင္ဖို႔ခက္ခဲလြန္းတယ္။ သူမကညင္သာစြာေမးလာတယ္။ "ရွင္သေဘာမက်ဘူးလား?"

ခ်န္႐ႊမ္းဟယ္ကသူမကို မ်က္‌ေတာင္မခတ္ဘဲစိုက္ၾကည့္လို႔ေနတယ္။

ဒီေနရာမွာစာသားမရွိဘူး၊ အၾကည့္နဲ႔သာသ႐ုပ္ေဆာင္ႏိုင္တယ္။

"...ကိုယ္တို႔ႏွစ္ေယာက္လုံးက အဲ့ဒီေနရာကိုလိုခ်င္ေနတယ္ဆိုရင္ေရာ?" အဆုံးမွာသူကအသံနိမ့္နိမ့္နဲ႔ေမးလာတယ္။ "ထီးနန္းကို ကိုယ္တို႔ႏွစ္ေယာက္လုံးလိုခ်င္ေနတယ္ဆိုရင္ေရာ?"

သူထိုစကားေျပာၿပီးတာနဲ႔ ဓားေျမႇာင္ကိုေဘးပစ္ခ်လိုက္တယ္။ သူစိတ္အေႏွာင့္အယွက္ျဖစ္မႈ၊ ကူကယ္ရာမရမႈေတြနဲ႔အတူ သူမကိုၾကမ္းတမ္းစြာနမ္းရႈံ႕လာတယ္။ သူ႔ရဲ႕အျပဳအမူေတြကၾကမ္းတမ္းလြန္းတာေၾကာင့္ ခုတင္ပါလႈပ္ယမ္းလာခဲ့တယ္။

တစ္စုံတစ္ေယာက္ရဲ႕ေအာ္သံထြက္ေပၚလာတယ္။ နင္နင္အိပ္ရာေပၚကေနျပဳတ္က်လာကာ စားပြဲတစ္ခုရဲ႕ေျခေထာက္နဲ႔တိုက္မိတဲ့အထိ ၾကမ္းျပင္ေပၚမွာလိမ့္သြားတယ္။

ခ်န္႐ႊမ္းဟယ္ခန္းစီးကိုမကာ ခုတင္ေပၚကေနဆင္းလာတယ္။ သူ႔ကလည္ပင္းကိုဘယ္ဘက္လက္နဲ႔အုပ္ကိုင္ထားၿပီး သူ႔လက္ေခ်ာင္းေတြၾကားကေန အနီေရာင္ေသြးေတြစိမ့္က်လာတယ္။

နင္နင္ၾကမ္းျပင္ေပၚကေန ျဖည္းညင္းစြာထထိုင္လာတယ္။ သူမညာဘက္လက္ထဲမွာဆုပ္ကိုင္ထားတဲ့ေ႐ႊေရာင္ဆံထိုးက လက္ဆတ္တဲ့ေသြးအေရာင္ေတာက္ပလို႔ေနတယ္။

ခ်န္႐ႊမ္းဟယ္ဘယ္ဘက္လက္ကိုခ်ကာ ထိုလက္ေပၚကေသြးေတြကိုငုံ႔ၾကည့္လိုက္တယ္။ သူျဖည္းျဖည္းခ်င္းေခါင္းလွည့္ကာ သူမကိုအဓိပၸာယ္ေဖာ္ရခက္ခဲတဲ့အမူအရာနဲ႔ၾကည့္လာတယ္။ "ကိုယ္မင္းကိုအမ်ားႀကီးသေဘာက်တာေတာင္ မင္းကေတာ့ကိုယ့္ကိုဒီလိုမ်ိဳးဆက္ဆံတာလား?"

နင္နင္ကနည္းနည္းေလးေတာင္မယိမ္းယိုင္သြားပါေခ်။ သူမက်က္သေရရွိစြာနဲ႔ သူမရဲ႕ဆံႏြယ္ေတြကိုျပန္လည္မြမ္းမံလို႔ေနတယ္။

"...ကိုယ့္ရဲ႕အကာအကြယ္သာမရွိရင္ နန္းေတာ္ထဲကလူေတြအကုန္လုံး မင္းကိုဝါးစားၿပီးေနေလာက္ၿပီ!" ခ်န္႐ႊမ္းဟယ္ရဲ႕မ်က္လုံးေတြကအနည္းငယ္နီရဲေနတယ္။ "အမတ္ခ်ဳပ္ကကိုယ့္ကိုသူ႔ဘက္ပါလာဖို႔အတြက္ သူ႔ရဲ႕သမီးႏွစ္ေယာက္လုံးကိုထိုးေကြၽးေနတယ္၊ ကိုယ္သူတို႔ႏွစ္ေယာက္ထဲကတစ္ေယာက္ကို ဧကရီျဖစ္ေအာင္လုပ္ေပးမယ္လို႔သေဘာတူဖို႔ပဲလိုေတာ့တာ! ဒါေပမဲ့ကိုယ္သေဘာမတူခဲ့ဘူး၊ ဘာျဖစ္လို႔လဲဆိုေတာ့ ကိုယ့္ႏွလုံးသားထဲမွာ ဧကရီကမင္းတစ္ေယာက္ပဲရွိလို႔ပဲ!"

"ကြၽန္မကေတာ္ဝင္ေသြးစစ္စစ္မင္းသမီးပဲ၊ ကြၽန္မသာလက္ဆက္မယ္ဆိုရင္ ဘယ္ျပည္ေထာင္ကမ်ား ကြၽန္မကိုဧကရီမေျမႇာက္ေပးခ်င္မွာလဲ?" နင္နင္သူ႔ကိုမယုံၾကည္ႏိုင္သလိုၾကည့္လိုက္တယ္။ သူမရဲ႕ႏႈတ္ခမ္းေထာင့္စြန္းေတြျမင့္တက္လာကာ သူ႔ကိုေလွာင္လိုက္တယ္။ "ရွင္ခုံ႐ုံးကလူေတြနဲ႔ေပါင္းႀကံေနတာ ၾကာလွၿပီဆိုတဲ့အေၾကာင္းကိုေျပာပါဦး၊ အဲ့ဒါေတာင္ကြၽန္မကိုကာကြယ္ေပးတယ္လို႔ေျပာရဲေသးတယ္? အရွက္မရွိခ်က္ပဲ"

သူမကသူမရဲ႕မဟာရန္ဘက္အေရွ႕မွာဟန္မပ်က္ခ်င္ေပ။ သူမရဲ႕ေလွာင္ၿပဳံးကေတာင္ ဩဇာျပည့္လို႔ေနတယ္။

ခ်န္႐ႊမ္းဟယ္ရဲ႕ရင္ဘတ္ကနိမ့္ခ်ည္ျမင့္ခ်ည္ျဖစ္လာတယ္။ သူကသူမကိုအခ်စ္‌ေရာအမုန္းပါေရာယွက္ေနတဲ့အၾကည့္နဲ႔ၾကည့္လို႔ေနတယ္။ သူဓားကိုျမႇင့္ကာ သူမကိုသုံးႀကိမ္သုံးခါသတ္ပစ္ခ်င္သလို သူ႔ရဲ႕ဓားကိုထာဝရသိမ္းဆည္းလို႔လည္းထားခ်င္ေနတယ္။

"...ကိုယ္မင္းကိုေရာထီးနန္းကိုေရာလိုခ်င္တယ္" အဆုံးမွာသူရက္စက္စြာေျပာလာတယ္။ "ဒါေပမဲ့ကိုယ္မင္းကိုဧကရီမတင္ေျမႇာက္ေတာ့ဘူး၊ မင္းကကိုယ့္ရဲ႕ကိုယ္လုပ္ေတာ္၊ မဟုတ္ဘူး၊ ကိုယ့္အိပ္ေဆာင္ကအပ်ိဳေတာ္ပဲျဖစ္လာရမယ္! အဲ့ဒါမင္းအတြက္အျပစ္ဒဏ္ပဲ!"

"အို" နင္နင္အတက္အက်မဲ့တဲ့ေလသံနဲ႔ေျပာလိုက္တယ္။ သူမကမ်က္လႊာခ်ကာစဥ္းစားေနပုံေပၚတယ္။

ခ်န္႐ႊမ္းဟယ္သူမကို စိတ္လႈပ္ရွားစြာနဲ႔ၾကည့္ေနမိတယ္။ သူတည္ၿငိမ္ေနသလိုဟန္‌ေဆာင္ကာေျပာလိုက္တယ္။ "...မင္းကိုယ့္ကိုေတာင္းပန္ရင္ေတာ့ ကိုယ္စိတ္ေျပာင္းရင္ေျပာင္းလာႏိုင္တယ္"

"...ဘယ္လိုမ်ိဳးေတာင္းပန္ေစခ်င္တာလဲ?" နင္နင္သူ႔ကိုၿပဳံးကာၾကည့္လိုက္တယ္။

သူမျဖည္းျဖည္းခ်င္းသူ႔အနားေလွ်ာက္သြားၿပီး သူ႔ရဲ႕လက္ကိုဆုပ္ကိုင္ရင္းဓားေျမႇာင္ထည့္ေပးကာ သူမရဲ႕ဝမ္းဗိုက္ကိုထိုးခ်လိုက္တယ္။

အရာအားလုံးကလ်င္ျမန္စြာျဖစ္ပ်က္သြားခဲ့တယ္။ သူတို႔ရဲ႕သ႐ုပ္ေဆာင္စြမ္းရည္က အရမ္းနက္နဲလြန္းတာေၾကာင့္လည္းျဖစ္ႏိုင္တယ္။

လူသစ္ေလးကသူတို႔ကိုေဘးကေန စိတ္ပါလက္ပါၾကည့္ေနတယ္။ သူ႔ပုခုံးကိုလူတစ္ေယာက္ပုတ္လာမွသာ သူအသိစိတ္ျပန္ဝင္လာခဲ့တယ္။ သူ႔ရဲ႕အလွည့္ျဖစ္တယ္။

တံခါးကဘန္းခနဲပြင့္သြားတယ္။ လူသစ္ေလးကအေစာင့္ေတြကိုဦးေဆာင္ကာ အခန္းထဲဝင္လာတယ္။ "မင္းသမီး!"

သူၾကမ္းျပင္ေပၚကမင္းသမီးလင္ရွန္းကိုေပြ႕ဖက္လိုက္တယ္။

..ၿပီးေတာ့ေရာ?

လူသစ္ေလးပါးစပ္ဟလိုက္ေပမဲ့ သူ႔ရဲ႕ေခါင္းတစ္ခုလုံးဗလာျဖစ္ေနတယ္။ သြားၿပီ။ သူစာသားေမ့သြားၿပီ။

ဒါ႐ိုက္တာမ်က္ေမွာင္ၾကဳတ္ကာ 'ကတ္!'လို႔ေအာ္ေတာ့မယ့္အခ်ိန္မွာပဲ တိုးလ်လ်အသံတစ္ခုထြက္ေပၚလာတယ္။ "ဘာျဖစ္လို႔အခုမွေရာက္လာတာလဲ?"

ထိုအသံပိုင္ရွင္က နင္နင္ျဖစ္တယ္။

သူမကလူသစ္ေလးရဲ႕ရင္ခြင္ထဲမွာလွဲေလ်ာင္းေနကာ သူ႔ကိုအားနည္းစြာေမာ့ၾကည့္လာၿပီး သူမမ်က္ဝန္းထဲကမ်က္ရည္ေတြစတင္လိမ့္ဆင္းလာခဲ့တယ္။ သူမသူ႔ကိုေမးလာတယ္။ "ရွင္ဘာျဖစ္လို႔ သူကြၽန္မကိုနာက်င္ေစႏိုင္ေအာင္လႊတ္ထားေပးခဲ့တာလဲ?"

"...ကိုယ္ဘာျဖစ္လို႔အခုမွေရာက္လာတာလဲ?" သူမရဲ႕မ်က္ဝန္းအစုံကိုၾကည့္ကာ သူနဂိုကေမ့ေနတဲ့စာသားေတြက သူ႔ပါးစပ္ထဲကေနအလိုအေလ်ာက္ထြက္လာခဲ့တယ္။ သူအသက္ရႉဖို႔ခက္ခဲလာတယ္။ "ကိုယ္ဘာျဖစ္လို႔ သူမင္းကိုနာက်င္ေစႏိုင္ေအာင္လႊတ္ထားေပးခဲ့တာလဲ?

နင္နင္႐ုတ္တရက္သူ႔ကိုၿပဳံးျပလိုက္တယ္။

ထိုအၿပဳံးက သူတို႔စစေတြ႕တဲ့အခ်ိန္တုန္းကအၿပဳံးျဖစ္တယ္။ သူမအဲ့ဒီေန႔တုန္းကဘာကိုၿပဳံးေနတာလဲ၊ ဘာအတြက္ၿပဳံးေနတာလဲ၊ ဘယ္သူ႔ကိုၿပဳံးျပေနခဲ့တာလဲဆိုတာကို ဘယ္သူမွမသိႏိုင္ခဲ့ေပ။ အဲ့ဒါကခ်န္႐ႊမ္းဟယ္ကိုလား၊ လူသစ္ေလးကိုလား၊ သူမကလြဲၿပီးအေျဖကိုဘယ္သူမွမသိခဲ့ပါေခ်။

အခုအခ်ိန္က်မွ သူအေျဖကိုသိခဲ့ရၿပီျဖစ္တယ္။

"ရွင္ေရာက္လာလို႔ေတာ္ပါေသးတယ္..." သူမရဲ႕မ်က္ခြံေတြျဖည္းညင္းစြာပိတ္က်မသြားခင္ ထိုစကားတစ္ခြန္းကိုသာခ်န္ခဲ့ႏိုင္တယ္။

လူသစ္ေလးကစိတ္ထဲမွာ ေဟာင္းေလာင္းေပါက္ႀကီးကိုခံစားလိုက္ရကာ မ်က္ရည္ေတြထိန္းမႏိုင္သိမ္းမရလိမ့္က်လာခဲ့တယ္။

"ကတ္!"

လူတိုင္းသက္ျပင္းခ်လိုက္တယ္။

လူသစ္ေလး, "အီးဟီး..."

သူ႔မ်က္ရည္ေတြနဲ႔ေမ်ာေတာ့မယ့္နင္နင္, "..."

ဒါ႐ိုက္တာ၊ ဒီမွာသူတကယ္ႀကီးငိုေနတာ ဘယ္လိုလုပ္ရမလဲ!

အဲ့လိုအျဖစ္အပ်က္ေတြက ႐ိုက္ကြင္းထဲမွာရွားတာေတာ့မဟုတ္ပါေခ်။ သ႐ုပ္ေဆာင္အခ်ိဳ႕က ႐ိုက္ကူးေရးအတြင္းမွာ ဇာတ္လမ္းထဲအရမ္းနစ္ဝင္သြားၿပီး ဇာတ္ေကာင္ထဲကေနျပန္ထြက္ဖို႔ခက္ခဲတဲ့ အခ်ိန္ေတြရွိႏိုင္တာပဲျဖစ္တယ္။ လူသစ္ေလးလည္း လူေတြအမ်ားႀကီးဝိုင္းႏွစ္သိမ့္တာကိုခံၿပီးေနာက္မွာ ဇာတ္ေကာင္ထဲကေနျပန္ထြက္လာႏိုင္ခဲ့တယ္။

အခ်ိန္ကေန႔လည္စာစားခ်ိန္ျဖစ္တယ္။

"သူတကယ္ႀကီးကြၽန္ေတာ့္ကိုခ်စ္ေနတာထင္တယ္၊ သူ႔မ်က္လုံးကိုၾကည့္တာနဲ႔တင္ကြၽန္ေတာ္သိတယ္..." လူသစ္ေလးကအတည္ေပါက္ေျပာလာတယ္။ သူေခါင္းလွည့္လိုက္တဲ့အခ်ိန္မွာ ခ်န္႐ႊမ္းဟယ္ရဲ႕နတ္ဆိုးဆန္ဆန္အမူအရာကို ျဖတ္ခနဲေတြ႕လိုက္ရတယ္...

သူထင္ေယာင္ထင္မွားျဖစ္ေနတာမဟုတ္ဘူး! ဒီလူကျပႆနာရွိတယ္!

"ဘာေပါက္ကရေတြေျပာေနတာလဲ?" ခ်န္႐ႊမ္းဟယ္ဒီတစ္ေခါက္ေတာ့ဟန္ေတာင္မေဆာင္ေတာ့ဘဲ ေအးစက္စက္ၿပဳံးလိုက္တယ္။ "သူမင္းကိုမႀကိဳက္ဘူး၊ ဒီတိုင္းသ႐ုပ္ေဆာင္ေနတာပဲ"

ဟုတ္တယ္၊ သ႐ုပ္ေဆာင္ေနတာပဲ။

<ႀကီးျမတ္ေသာအင္ပါယာ> ႐ိုက္ကူးေရးကာလအတြင္းမွာ သူမကိုသူသုံးမိနစ္အတြင္းနင္းမေျခႏိုင္ခဲ့ေပ။ ဒါေပမဲ့အဲ့ဒါကသူ အျခားဘာကိုမွလည္းမရလိုက္ဘူးလို႔မဆိုလိုပါေခ်။

သူလွ်ိဳ႕ဝွက္ခ်က္တစ္ခုကိုရွာေတြ႕ခဲ့တယ္–

နင္နင္ရဲ႕သ႐ုပ္ေဆာင္အရည္အခ်င္းမွာ သဘာဝဆန္ဆန္တိုးတက္မႈဆိုတာမရွိဘူး!

လူတစ္ေယာက္ကဉာဏ္ႀကီးရွင္ဆိုရင္ေတာင္ အဲ့ဒီလူတိုးတက္လာတဲ့ျဖစ္စဥ္ကို အဆင့္ဆင့္ေတြ႕ရဦးမွာျဖစ္တယ္။ နင္နင္က်ေတာ့တစ္မ်ိဳး။ သူမကျပန္လည္ေမြးဖြားလာတာေတာင္မဟုတ္ဘဲ လုံးဝအျခားတစ္ေယာက္အျဖစ္ကူးေျပာင္းသြားတာပဲျဖစ္ရမယ္!

ဟုတ္တယ္... သူမကအျခားတစ္ေယာက္ျဖစ္လာတာပဲ။

<႐ုပ္ဆိုးမ>လူေ႐ြးပြဲတုန္းကနင္နင္၊ <ျပဇာတ္႐ုံတေစၦ> လူေ႐ြးပြဲတုန္းကနင္နင္၊ အခု <ႀကီးျမတ္ေသာအင္ပါယာ> မွာ သူနဲ႔တူတူသ႐ုပ္ေဆာင္ေနတဲ့နင္နင္၊ သူတို႔အားလုံးကမတူတဲ့လူေတြပဲ။

ပထမဆုံးတစ္ေယာက္က ခံစားခ်က္ကိုအားကိုးၿပီးသ႐ုပ္ေဆာင္ခဲ့တယ္။ ဒုတိယတစ္ေယာက္က သ႐ုပ္ေဆာင္အရည္အခ်င္းအနည္းငယ္ရွိေနတယ္။ တတိယတစ္ေယာက္ကေတာ့... အျခားသ႐ုပ္ေဆာင္ေတြကိုေတာင္႐ိုက္ခ်ႏိုင္တယ္။ ဒါေပမဲ့အဲ့လိုမ်ိဳးလုပ္ႏိုင္စြမ္းက အရည္အခ်င္းနဲ႔မဆိုင္ပါေခ်။ အေတြ႕အႀကဳံနဲ႔ဆိုင္တာျဖစ္တယ္။

ၾကားမွာဘယ္ႏွစ္ရက္ရွိသြားၿပီလဲ? အဲ့ဒီအေတြ႕အႀကဳံေတြကို သူမဘယ္ကေနရလာတာလဲ?

ခ်န္႐ႊမ္းဟယ္သူ႔ရဲ႕လက္ေထာက္ကိုေမးလိုက္တယ္။ "နင္နင္ဘယ္မွာလဲ?"

"သူထြက္သြားၿပီေလ" လက္ေထာက္ကျပန္ေျဖလာတယ္။ "သူ႔အခန္းေတြအကုန္ကုန္သြားၿပီဆိုေတာ့ ဒါ႐ိုက္တာကိုႏႈတ္ဆက္ၿပီး ဒီေန႔ပဲေလယာဥ္ေပၚတက္မွာထင္တယ္"

ခ်န္႐ႊမ္းဟယ္အံ့ဩသြားတယ္။ "ဒီေလာက္ေလာေနတာ၊ ဘာျဖစ္လို႔လဲလို႔ေျပာသြားေသးလား?"

လက္ေထာက္ကေခါင္းခါျပလာတယ္။ "ဟင့္အင္း"

ခ်န္႐ႊမ္းဟယ္လက္ေထာက္ကိုသြားဖို႔ေျပာၿပီး မ်က္ေမွာင္ၾကဳတ္လိုက္တယ္။ သူအျပင္ဘက္ကမည္းေမွာင္လာေနတဲ့ေကာင္းကင္ကိုၾကည့္ကာ ေတြးလိုက္တယ္။ "နင္နင္၊ မင္းမွာဘာလွ်ိဳ႕ဝွက္ခ်က္ေတြရွိေနတာလဲ?"

ေကာင္းကင္ေပၚကေလယာဥ္တစ္စင္းထဲတြင္။

"ဖုန္းပိတ္ထားေပးပါရွင့္" ေလယာဥ္မယ္ကေဘးကေနျဖတ္ေလွ်ာက္သြားတယ္။

"ဟုတ္" နင္နင္ဖုန္းမ်က္ႏွာျပင္ကိုေနာက္ဆုံးတစ္ေခါက္ၾကည့္ၿပီး ဖုန္းပိတ္လိုက္တယ္။

အဲ့ဒါကဝမ္ယြီရဲ႕မက္ေဆ့ခ်္ျဖစ္တယ္။

[ကြၽန္ေတာ္တစ္ခုရွာေတြ႕ထားတယ္]

အဲ့ဒီေအာက္မွာပုံတစ္ခုပါတြဲပါလာတယ္။

အဲ့ဒါကဘဝ႐ုပ္ရွင္႐ုံရဲ႕႐ုပ္ရွင္လက္မွတ္တစ္ေစာင္ျဖစ္တယ္။

____________________________

Comment