အခန်း ၁၂၁: အဆုံးမရှိတဲ့သေခြင်းတရား

{Unicode}

အခန်း ၁၂၁: အဆုံးမရှိတဲ့သေခြင်းတရား

စနေနေ့၊ ဂျူလိုင်လ ၁၇ရက်၊ ၂၀၀၄ ခုနှစ်။ စိတ်ရောဂါဆေးခန်းတစ်ခုတွင်။

ဝမ်ယွီကလက်ဖက်ရည်ခွက်နှစ်ခွက်ကို စားပွဲပေါ်ချပြီး နင်နင့်အိတ်ကပ်ထဲကဖုန်းကို တစ်ချက်လှမ်းကြည့်လာတယ်။ "ဖုန်းမကိုင်ဘူးလား?"

သူမစထိုင်ပြီးကတည်းက ထိုဖုန်းကဆက်တိုက်ကို တုန်ခါနေတာဖြစ်တယ်။ သူမထပ်ပြီးအသံပိတ်လိုက်ကာ သူ့ကိုပင်ပန်းစွာနဲ့ပြောလာတယ်။ "ငါ့ကိုလိုက်နေတဲ့လူတွေထဲကတစ်ယောက်၊ ဆက်တိုက်ဖုန်းခေါ်ပြီး လာမတွေ့ရင် သတ်သေမယ်လို့ခြိမ်းခြောက်နေတာ"

ဝမ်ယွီ, "ဒါဆိုမင်းသွားတွေ့မလို့လား?"

"ငါမသွားချင်ဘူး" နင်နင်သက်ပြင်းချလိုက်တယ်။ ပြီးတော့မတ်တတ်ထရပ်ပြီး သူ့ကိုပြောလိုက်တယ်။ "ဒါပေမဲ့သွားမှရမယ်ထင်တယ်... ဂန္ဓမာလက်ဖက်ရည်အတွက် ကျေးဇူးပဲ"

နင်နင်တံခါးတွန်းဖွင့်ပြီး အခန်းထဲကနေလျှောက်ထွက်သွားတယ်။ တစ်မိနစ်လောက်အကြာမှာ ဆေးခန်းဝန်ထမ်းတစ်ဦးက ရေနွေးကရားတစ်ခုကိုင်ပြီး တံခါးခေါက်လာတယ်။ "ဒေါက်တာဝမ်၊ လက်ဖက်ရည်ရပါပြီ"

လူနာကထွက်သွားပြီဖြစ်တယ်။ အခုတစ်ခွက်နဲ့တင်လုံလောက်တယ်။

ရွှေဝါရောင်ပန်းပွင့်ဖတ်တွေနဲ့လက်ဖက်ရည်က ရေနွေးခွက်ထဲကိုငှဲ့ကျလာခဲ့တယ်။

နင်နင်ထွက်သွားတဲ့ဦးတည်ရာကိုကြည့်ပြီး ဝမ်ယွီမျက်ခုံးမြှင့်လိုက်မိတယ်။ ထူးဆန်းတယ်၊ ဒါကဂန္ဓမာလက်ဖက်ရည်ဆိုတာကို သူမဘယ်လိုလုပ်ပြီး ကြိုသိနေတာလဲ?

နင်နင်သေချာပေါက်သိတာပေါ့။

ဘာဖြစ်လို့လဲဆိုတော့ ဝမ်ယွီရဲ့ရုံးခန်းထဲမှာထိုင်နေရတာ သူမအတွက် သုံးခေါက်မြောက်ရှိနေပြီမလို့ပဲဖြစ်တယ်။

ပထမတစ်ခေါက်မှာ သူမဖုန်းမကိုင်ခဲ့ပေ။ ဒုတိယတစ်ခေါက်မှာ သူမ,မထွက်သွားခဲ့ပေ။ အဆုံးမှာသူမ ထိုဂန္ဓမာလက်ဖက်ရည်ကို တစ်ငုံသောက်လိုက်တာနဲ့ ဇာတ်ဝင်ခန်းရဲ့အစကို ပြန်ရောက်သွားရတယ်။

ကျန်းရှင်းအိုက်က အဲ့ဒီဖြူစင်ရိုးသားတဲ့ကောင်လေးကို တကယ်ကြီးစိတ်ပူနေတယ်ဆိုလို့ ဘယ်သူကထင်ထားမှာလဲ? သူမတကယ်သူ့ဖုန်းကိုကိုင်ပြီး သူ့ကိုတွေ့ဖို့ထထွက်လာခဲ့တယ်။

"ဟယ်လို" ဆေးခန်းထဲကနေထွက်ပြီး နင်နင်ဖုန်းကိုင်လိုက်တယ်။ "မငိုနေနဲ့တော့၊ ဘာပြောနေလဲတောင် သေချာနားမလည်တော့ဘူး"

"ခင်ဗျားကျွန်တော့်ဖုန်းကိုမကိုင်ဘူး" လီရှန့်ကျူရဲ့အသံက ငိုထားတာကြောင့်အက်ရှလို့နေတယ်။ "ကျွန်တော့်ကိုတစ်သက်လုံး ပစ်ထားတော့မယ်ထင်နေတာ"

"ရှင့်ကိုမနေ့တုန်းကပြောတယ်မဟုတ်လား? ကျွန်မနေမကောင်းဘူး၊ ဆေးရုံမှာခွဲစိတ်ခဲ့ရသေးတယ်" နင်နင်ဖြေရှင်းချက်ပေးလိုက်တယ်။

"ဒါဆိုရင်ဘာဖြစ်လို့ ဆေးရုံနာမည်ကိုမပြောတာလဲ? ဘာဖြစ်လို့ကျွန်တော့်ကိုမလာခိုင်းတာလဲ?" လီရှန့်ကျူကသူမကိုမေးခွန်းထုတ်လာတယ်။ "ဘယ်...ဘယ်သူအဖော်လိုက်ပေးတာလဲ?"

နင်နင့်ရဲ့နှလုံးသားထဲမှာ ခံစားချက်တစ်ခုပေါက်ကွဲထွက်လာခဲ့တယ်။ သူမအပြုံးတစ်ခုကိုညှစ်ထုတ်ပြီး ပြန်မေးလိုက်တယ်။ "တစ်ယောက်တည်းသွားတာရော မဖြစ်နိုင်ဘူးလား?"

လီရှန့်ကျူတိတ်ကျသွားတယ်။

"...ဟုတ်တာပေါ့" နင်နင်သူမကိုယ်သူမရယ်လိုက်တယ်။ "ကျွန်မလိုလူမျိုးက ဘယ်လိုလုပ်ပြီးဆေးရုံကို တစ်ယောက်တည်းသွားမလဲ"

သူမရဲ့အားအနည်းဆုံးနဲ့ သနားစဖွယ်အကောင်းဆုံးဘက်ခြမ်းက အမြဲတမ်းယောက်ျားတွေဆီကနေ ကရုဏာခြစ်ယူဖို့ အသုံးချခံခဲ့ရတာဖြစ်တယ်။ သူမလိုလူမျိုးကဘယ်လိုလုပ်ပြီး တစ်ယောက်တည်း တိတ်တိတ်လေး ကြိတ်ခံစားနေမှာလဲ?

"...အခုဘယ်မှာလဲ? ကျွန်တော်လာကြိုမယ်" လီရှန့်ကျူကအဲ့အကြောင်းကို ဆက်မပြောချင်တော့တဲ့ပုံပေါ်ပြီး သူအသိချင်နေဆုံးမေးခွန်းကို ထုတ်မေးလာခဲ့တယ်။

"ရတယ်၊ တက္ကစီငှားလိုက်..."

"အခုဘယ်မှာလဲ?" သူမရဲ့စကားတောင်မဆုံးသေးခင်မှာ လီရှန့်ကျူဖြတ်ပြောလာတယ်။ သူကသရဲဝင်ပူးနေသလိုမျိုး ခုနကစကားကိုပဲ ထပ်ပြီးပြောလာခဲ့တယ်။ "ကျွန်တော်လာကြိုမယ်"

နင်နင်စိတ်မရှည်စွာနဲ့ သူမနေနေတဲ့ဟိုတယ်လိပ်စာကို ပြောပြလိုက်တယ်။

သိပ်မကြာခင်မှာပဲ လီရှန့်ကျူရောက်လာခဲ့တယ်။ သူတက္ကစီပေါ်ကဆင်းလာပြီးတာနဲ့ နင်နင့်ဆီပြေးလာကာ သူမရဲ့လက်ကိုဆွဲပြီး ပြန်လျှောက်ထွက်သွားတယ်။

"အဲ့လောက်ထိလောစရာမလိုဘူး" သူ့ရဲ့အခုပုံစံကအရမ်းထူးဆန်းနေတယ်လို့ နင်နင်ခံစားမိတာကြောင့် သူမလက်ကိုဖြုတ်ချလိုက်တယ်။ "နောက်ကျနေပြီပဲကို၊ ညစာဖြစ်ဖြစ်စားပြီးမှပြန်မယ်လေ"

လီရှန့်ကျူက ရုတ်တရက်ခြေလှမ်းတွေကိုရပ်လိုက်တယ်။ သူဖြည်းဖြည်းချင်းခေါင်းလှည့်လာပြီး သူ့ရဲ့အကြည့်က နက်မှောင်လို့နေတယ်။ သူ့ရဲ့ပုံမှန်ဖြူစင်ရိုးသားတဲ့အပြုံးကိုညှစ်ထုတ်ဖို့ သူ,မနည်းကြိုးစားလိုက်ရတယ်။ "ကျွန်တော့်လက်ရာမြည်းကြည့်ချင်တယ်လို့ ပြောထားတယ်မဟုတ်လား? အခုပြန်လိုက်ခဲ့၊ ကျွန်တော်ချက်ကျွေးမယ်"

လီရှန့်ကျူကတကယ်ဟင်းချက်တော်နေတယ်။

အိမ်ပြန်ရောက်ပြီးခဏအကြာမှာပဲ ငါးခေါင်းဟင်းအနံ့သင်းသင်းက လီရှန့်ကျူရဲ့မေးခွန်းနဲ့အတူ မီးဖိုခန်းထဲကနေပျံ့လွင့်လာခဲ့တယ်။ "အစပ်ဘယ်‌လောက်လိုချင်လဲ?"

"...ဘယ်‌လောက်ဖြစ်ဖြစ်ရတယ်" နင်နင်ဖြစ်သလိုပြန်ဖြေလိုက်တယ်။

ခုတ်ထစ်နေတဲ့အသံတွေ တရစပ်ထွက်ပေါ်လာခဲ့တယ်။ သာမန်အသီးအရွက်လှီးတဲ့အသံက– အခုလိုအချိန်၊ အခုလိုနေရာမှာ– နင်နင့်ရဲ့ဆံပင်မွေးတွေကို အဖျားကနေထောင်လာအောင် လုပ်နိုင်စွမ်းရှိနေတယ်။

နောက်ဆုံးဟင်းလျာ– ငါးခေါင်းဟင်း– က စားပွဲပေါ်ကိုရောက်ရှိလာတယ်။ နင်နင်သူမအရှေ့က ဟင်းပွဲခြောက်မျိုးနဲ့ စွပ်ပြုတ်တစ်ပန်းကန်ကို ခြုံကြည့်လိုက်တယ်။ ပြီးတော့သူမနဲ့မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ လီရှန့်ကျူကိုမော့ကြည့်လိုက်တယ်။

သူကပန်းပွင့်ရိုက်အေပရွန်ဝတ်ဆင်ထားတာကြောင့် အနည်းငယ်ချစ်ဖို့ကောင်းလို့နေတယ်။ သူအဖြူရောင်ငါးအသားကိုတူနဲ့ညှပ်ပြီး နင်နင့်ရဲ့ပါးစပ်နားကပ်ပေးလာတယ်။ "ရှောင်အိုက်ကျဲ၊ ကျွန်တော့်လက်ရာကိုမြည်းကြည့်ပါဦး

နင်နင်ခုနကတည်းက တစ်ခုခုမှားနေသလိုခံစားမိပေမဲ့ သူမရဲ့ဝမ်းဗိုက်စပြီးအောင့်တက်လာမှတော့သာ ရုတ်တရက်သဘောပေါက်လိုက်ရတယ်။

"...ဘာဖြစ်လို့လဲ?" နင်နင်ဗိုက်ကိုဆုပ်ကိုင်ရင်း နာကျင်မှုကြောင့် ချွေးစေးတွေပါထွက်လာခဲ့တယ်။ "ဘာဖြစ်လို့အဆိပ်ခတ်ထားတာလဲ?"

"ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်သိလို့လေ" လီရှန့်ကျူဖြည်းဖြည်းချင်းလျှောက်လာပြီး သူမရဲ့မျက်နှာပေါ်ကချွေးစေးတွေကို ညင်ညင်သာသာသုတ်ပေးလာခဲ့တယ်။ "ကျွန်တော့်လက်ရာ ဘယ်လောက်ကောင်းကောင်း ကျွန်တော့်ရဲ့ချစ်သူဖြစ်လာဖို့ ခင်ဗျားဘယ်တော့မှသဘောတူမှာမဟုတ်ဘူး"

နင်နင်စပြီးသွေးချောင်းဆိုးတော့တယ်။

"တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်" လီရှန့်ကျူဝမ်းမြောက်ပျော်ရွှင်စွာပြုံးရင်း သူမရဲ့နှုတ်ခမ်းတွေကို လက်ကိုင်ပဝါနဲ့သုတ်ပေးလာခဲ့တယ်။ "ကျွန်တော်လည်းစားမှာပါ၊ ခဏနေတာနဲ့ ကျွန်တော်လည်းတူတူလိုက်ခဲ့မယ်"

"ရှင်၊ ရှင်လိုက်ခဲ့ပေးစရာမလိုဘူး..." နင်နင်နောက်ထပ်သွေးတစ်အိုင်ကို ထွေးထုတ်လိုက်တယ်။ "ကျွန်မကတကယ်တော့ကူးပြောင်းလာတာ..."

ဇာတ်ကောင်ပြိုလဲသွားပြီ။ ဟိုးအစကိုပြန်သွားမယ်။

သူမထပ်ပြီးဆေးခန်းထဲကနေလျှောက်ထွက်ပြီး လီရှန့်ကျူနဲ့တူတူလိုက်ပြန်လာကာ ထိုငါးခေါင်းဟင်းက စားပွဲ‌ပေါ်ကိုထပ်ရောက်လာပြန်တယ်။

နင်နင်သက်ပြင်းချလိုက်တယ်။ သူခွံ့ကျွေးနေတဲ့ငါးအသားကိုမစားဘဲ အဲ့ဒီအစား သူမနူးနူးညံ့ညံညံ့ပြောလိုက်တယ်။ "ကျွန်မရှင့်ရဲ့ကောင်မလေးဖြစ်ပေးမယ်"

တူကိုင်ထားတဲ့လက်လှုပ်ခတ်သွားပြီး ငါးအသားဖတ်က စားပွဲပေါ်ကိုပြုတ်ကျလာခဲ့တယ်။

နင်နင်မတ်တတ်ထရပ်ပြီး သူ့အနားလျှောက်သွားကာ ညင်ညင်သာသာပွေ့ဖက်လိုက်တယ်။

"ဒီနေ့ညစာကိုအစပ်ချောင်းပဲကျွေးရင်တောင်မှ ကျွန်မရှင့်ရဲ့ကောင်မလေးလုပ်ဖို့ ခေါင်းညိတ်ဦးမှာ" သူမချစ်ခင်နှစ်သက်မှုအပြည့်နဲ့ပြောလိုက်တယ်။ "အရေးကြီးတာက အစားအစာမဟုတ်ဘဲ ကျွေးတဲ့လူလေ၊ ဟုတ်တယ်မလား?"

"...ရှောင်အိုက်ကျဲ" လီရှန့်ကျူကသူမရဲ့ပုခုံးပေါ် ခေါင်းမီထားပြီး တိုးညှင်းစွာခေါ်လာခဲ့တယ်။

တစ်စုံတစ်ခုကနင်နင့်ရဲ့ဝမ်းဗိုက်ထဲကို ထိုးစိုက်လာခဲ့တယ်။ ပြီးတော့ထိုအရာက မြန်မြန်ပဲပြန်ဆုတ်ခွာသွားတယ်။

နင်နင်ခေါင်းငုံ့ကြည့်လိုက်တော့ သူမရဲ့ဝမ်းဗိုက်က ရေပိတ်ခေါင်းတစ်ခုလိုမျိုး သွေးတွေအဆက်မပြတ် ပန်းထုတ်နေတာကိုတွေ့လိုက်ရတယ်။ လီရှန့်ကျူသွေးစွန်းနေတဲ့ဓားကိုကိုင်ပြီး သူမအရှေ့မှာ တိတ်တဆိတ်ရပ်လို့နေတယ်။ သူ့ရဲ့အဖြူရောင်ပန်းပွင့်ရိုက်အေပရွန်က သူမရဲ့လတ်လတ်ဆတ်ဆတ်သွေးတွေကြောင့် ခြင်းခြင်းနီလာခဲ့တယ်။

"ဘာ...ဘာဖြစ်လို့လဲ?" နင်နင်သူ့ကိုမယုံကြည်နိုင်စွာနဲ့မေးလိုက်တယ်။ "ကျွန်မ...ကျွန်မရှင့်ချစ်သူလုပ်ဖို့ သဘောတူခဲ့တာပဲ"

"ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားညာနေတယ်ဆိုတာကို ကျွန်တော်သိလို့" လီရှန့်ကျူကသူမကို မကျေနပ်သလိုမျိုး ညင်ညင်သာသာကြည့်လာတယ်။ "အစ်ကို့ကိုညာခဲ့သလိုမျိုး၊ ဟိုင်ကောကိုညာခဲ့သလိုမျိုး၊ ရှောင်ခယ့်ကိုညာခဲ့သလိုမျိုး..."

သူဓားထိပ်ကိုလှည့်ပြီး သူ့ရဲ့ဝမ်းဗိုက်ထဲစိုက်ချလိုက်တယ်။ ပြီးတော့ဓားကိုပြန်မဆွဲထုတ်ပဲ သူ့ရဲ့လက်နှစ်ဖက်ကိုဆန့်ကာ နင်နင့်ကိုပွေ့ဖက်လာခဲ့တယ်။ ဓားလက်ကိုင်က နင်နင့်ရဲ့ဗိုက်ကိုထောက်လာပြီး ဓားသွားကလီရှန့်ကျူရဲ့ဗိုက်ထဲကို ပိုပြီးတော့နက်နက်ရှိုင်းရှိုင်း တိုးဝင်လို့သွားတယ်။

"အဲ့လိုဆိုရင်တောင် ကျွန်တော်အညာခံချင်သေးတယ်" လီရှန့်ကျူကနင်နင့်ကို တင်းတင်းကျပ်ကျပ်ပွေ့ဖက်ပြီး ရှိုက်ငိုလာခဲ့တယ်။ "ကျွန်တော့်ကိုသဘောကျတယ်လို့ပြောပေး၊ ကျွန်တော်တောင်းဆိုတာပါ ရှောင်အိုက်ကျဲ၊ ကျွန်တော့်ကိုညာပေးပါ..."

"...မင်းတို့လိုအရိုင်းအစိုင်းပြည်သူတွေက အချုပ်အခြာအာဏာကို လာပြီးအန္တရာယ်ပြုချင်နေတယ်!"

ဇာတ်ကောင်ပြိုလဲသွားပြီ။ ဟိုးအစကိုထပ်သွားမယ်။

နင်နင်ဆေးခန်းထဲကနေလျှောက်ထွက်လာခဲ့တယ်။ ဒီတစ်ခေါက်မှာတော့ လီရှန့်ကျူနဲ့လိုက်သွားဖို့ကို နင်နင်သေအောင်ငြင်းတော့တယ်။

"ကျွန်မအခုထိနေလို့သိပ်မကောင်းသေးဘူး" နင်နင်သူနဲ့ခပ်ဝေးဝေးမှာရပ်နေတယ်။ "ခုနကပဲဆရာဝန်ဖုန်းဆက်လာတာ၊ နောက်တစ်ခေါက်ဆေးစစ်ဖို့ ဆေးရုံကိုသွားရဦးမယ်"

လီရှန့်ကျူကစိတ်ပျက်မှုကြောင့် ခေါင်းငုံ့သွားတယ်။ ရှေ့ဆံပင်အုပ်အုပ်က သူ့ရဲ့မျက်နှာအမူအရာကို ဖုံးကွယ်လို့နေတယ်။ "...အဲ့လိုလား"

"တောင်းပန်ပါတယ်" နင်နင်လက်ပတ်နာရီကိုငုံ့ကြည့်ပြီး အလျင်လိုနေဟန်ဆောင်လိုက်တယ်။ "ပြောထားတဲ့အချိန်နီးနေပြီ၊ သွားလိုက်ဦးမယ်နော်"

သူမခြေလှမ်းအနည်းငယ်သာလှမ်းရသေးတယ်။ လီရှန့်ကျူကအနောက်ကနေ တစ်ဟုန်ထိုးပြေးလာပြီး သူမကိုကြမ်းကြမ်းတမ်းတမ်းပွေ့ဖက်လာတယ်။ သူမတို့နှစ်ယောက်လုံး ကတ္တရာလမ်းပေါ်ကို ခေါင်းနဲ့ကျသွားကြတယ်။ ဘတ်စ်ကားတစ်စီးက သူမတို့အရှေ့တည့်တည့်ကို ပိုပိုပြီးနီးကပ်လာခဲ့တယ်...


"နှလုံးရပ်သွားပြီ"

"Defibrillatorအသင့်ပြင်ပြီး ၂၀၀ဂျူးလ်တင်ထား"

"လမ်းဖယ်ကြ!"


နင်နင်ဖြည်းဖြည်းချင်းမျက်လုံးတွေကိုဖွင့်လိုက်တယ်။ မီးအလင်းရောင်တစ်ခုက မျက်စိအရှေ့မှာ ပေါ်ထွက်လာပြီး သူမကိုမူးဝေလာစေတယ်။ အချိန်အနည်းငယ်ကြာမှ သူမတိုးညင်းစွာမေးလိုက်တယ်။ "ဘယ်အချိန်ရှိပြီလဲ?"

ဆရာဝန်နဲ့သူနာပြုတွေက အလုပ်ရှုပ်နေကြဆဲဖြစ်တယ်။ သူနာပြုတွေထဲကတစ်ယောက်က သူမကိုပြန်ဖြေလာခဲ့တယ်။ "လူနာအဆင်ပြေမှာပါ၊ မစိုးရိမ်ပါနဲ့"

"ဘယ်...အချိန်ရှိပြီလဲ?" နင်နင်ထပ်မေးလိုက်တယ်။ "ပိတ်ရက်လွန်သွားပြီလား?"

"ဟင့်အင်း" သူနာပြုကပြန်ဖြေလာတယ်။ "အခုမှစနေနေ့ည၊ ရှစ်နာရီထိုးတော့မယ်"

ထိုအဖြေကနင်နင့်ခန္ဓာကိုယ်ထဲကအားအင်မှန်သမျှကို စုပ်ယူသွားပုံပေါ်တယ်။ သူမရဲ့အမြင်အာရုံထပ်ပြီး ဝေဝါးလာခဲ့တယ်။

သူမအသက်ရှင်နေသေးတယ်။ လီရှန့်ကျူကရော? သူမတို့နှစ်ယောက်လုံး ဘတ်စ်ကားနဲ့အတိုက်ခံရပြီး လွင့်သွားတဲ့အပြင် နောက်ထပ်ကားတစ်စီးအောက်မှာပါ အကြိတ်ခံရလိုက်သေးတယ်။ နင်နင်အဲ့ဒီအချိန်တုန်းက စဉ်းတီတုံးပေါ်ကအသားတစ်တုံးလိုမျိုး ခံစားလိုက်ရတယ်။

"မကောင်းတော့ဘူး၊ နှလုံးထပ်ရပ်သွားပြန်ပြီ"

"ကြည့်ရအောင်..."

သူမရဲ့အမြင်အာရုံဝေဝါးလာရုံတင်မကဘူး ဆရာဝန်ရဲ့အသံပါ တဖြည်းဖြည်းဝေးကွာသွားနေတယ်။

ဟာသပဲ။ သူမဘယ်လိုလုပ်ပြီး ဒီတိုင်းသေသွားလို့ရမှာလဲ? သူမဘယ်လိုလုပ်ပြီး ပိတ်ရက်မကုန်သေးခင် သေလို့ရမှာလဲ? နင်နင်ပါးစပ်ဟဖို့ရုန်းကန်ပြီး အနားကဆရာဝန်နဲ့ သူနာပြုတွေကို ပြောလိုက်တယ်။ "ကျန်းရှင်းအိုက်မဟုတ်ဘူး၊ ကျွန်မကနင်နင်..."

ဇာတ်ကောင်ပြိုလဲသွားပြီ။ ဟိုးအစကိုပြန်သွားမယ်။

ထပ်ခါတလဲလဲညှိနှိုင်းမှု။ အဆုံးမသတ်နိုင်တဲ့သေခြင်းတရား။ ထိုအကြိမ်ပေါင်းများစွာထဲက တစ်ခေါက်မှာ သူဟင်းချက်နေတုန်း နင်နင်ရဲကိုဖုန်းဆက်လိုက်တယ်။ ရဲတွေရောက်လာပြီး နင်နင်တံခါးတောင်မဖွင့်ရသေးခင် လီရှန့်ကျူကဂတ်စ်အိုးကို မီးရှို့လိုက်ပြီဖြစ်တယ်။

အဲ့တစ်ခေါက်၊ နင်နင်တကယ်သေလုနီးပါးပင်။

"မင်းတို့အရိုင်းအစိုင်းပြည်သူတွေ..." စာသားကိုအသုံးချပြီး အသက်အန္တရာယ်ကနေ ရုန်းထွက်အပြီးမှာ နင်နင်အသီးလှီးဓားကိုဆုပ်ကိုင်ပြီး သူမအရှေ့မှာရပ်နေတဲ့ လီရှန့်ကျူကိုစိုက်ကြည့်လိုက်တယ်။

ငါးခေါင်းဟင်းပန်ကန်ကို မီးဖိုခန်းထဲကနေယူထွက်လာတဲ့ လီရှန့်ကျူက သူမကိုမြင်ပြီး အံ့အားသင့်သွားတယ်။ သူကအပြုံးတစ်ခုနဲ့မေးလာတယ်။ "ရှောင်အိုက်ကျဲက ကျွန်တော့်ကိုသတ်ချင်နေတာလား?"

သူလက်ထဲကပန်းကန်ကို စားပွဲပေါ်ချလိုက်တယ်။ ထိုကြွေပန်းကန်နဲ့စားပွဲထိခတ်သွားတဲ့အသံက နင်နင့်အတွက် ဘာကြောင့်မှန်းမသိဘဲ ဂတ်စ်မီးဖိုပေါက်ကွဲသွားတဲ့အသံကို သတိပြန်ရလာစေတယ်။ သူမအော်ဟစ်ရင်းနဲ့ လက်ထဲကဓားကိုမြှောက်ကိုင်လိုက်တယ်။

"...ရှောင်အိုက်ကျဲ" ခဏတာတိတ်ဆိတ်သွားအပြီးမှာ လီရှန့်ကျူကသူမရဲ့အရှေ့ကို လျှောက်လာခဲ့တယ်။ "လက်တွေတအားတုန်နေတာပဲ"

"အနားမကပ်လာနဲ့!" နင်နင်အော်ပြောလိုက်တယ်။ ဓားကိုင်ထားတဲ့သူမရဲ့လက်က တဆတ်ဆတ်တုန်ယင်လို့နေတယ်။

အဲ့ဒါက တုန်လှုပ်မှုလား၊ ကြောက်ရွံ့မှုလား၊ ဒါမှမဟုတ် တွန့်ဆုတ်မှုလား?

"...အခြားရွေးချယ်စရာမရှိတော့ဘူးလား?" နင်နင်သူ့ကိုမေးနေတာလား သူမကိုယ်သူမပြန်မေးနေတာလားဆိုတာကို မသဲကွဲတော့ချေ။ "ရှင့်ကိုမသတ်ရင် ကျွန်မသေရမှာလား?"

ဒါပေမဲ့ကျန်းရှင်းအိုက်အစားလူသတ်ပေးရအောင် သူမကဘယ်သူမလို့လဲ?

"...ရှင်ဒီတိုင်းလက်လျှော့လိုက်လို့မရဘူးလား?" အဲ့ဒီမေးခွန်းကိုဘယ်နှစ်ခေါက်မေးဖူးလဲဆိုတာကိုတောင် နင်နင်မေ့လို့သွားပြီဖြစ်တယ်။ ဒီတစ်ခေါက်သူမရဲ့အသံက အရင်ကထက် ပိုပြီးသနားစဖွယ် အောက်ကျို့လို့နေတယ်။ "ကျွန်မကိုသတ်ကိုသတ်မှရမှာလား?"

"သေခြင်းတရားကလွဲရင်..." လီရှန့်ကျူဓားတစ်ချောင်းကိုထုတ်ပြီး သူမကိုပြုံးပြလာတယ်။ "ကျွန်တော်တို့နှစ်ယောက်နီးစပ်နိုင်ဖို့ အခြားနည်းလမ်းမရှိတော့ဘူး"

စနေနေ့၊ ဂျူလိုင်လ ၁၇ရက်၊ ၂၀၀၄ခုနှစ်။ စိတ်ရောဂါဆေးခန်းတစ်ခုတွင်။

ဝမ်ယွီလက်ဖက်ရည်ခွက်နှစ်ခွက်ကို စားပွဲပေါ်ချပြီး နင်နင့်အိတ်ကပ်ထဲကဖုန်းကို တစ်ချက်လှမ်းကြည့်လာတယ်။ "ဖုန်းမကိုင်ဘူးလား?"

သူမစထိုင်ချပြီးကတည်းက ထိုဖုန်းကဆက်တိုက်ကို တုန်ခါလို့နေတယ်။ သူမကဖုန်းကိုအသံမပိတ်လိုက်သလို ကိုင်လည်းမကိုင်ဘဲ နေရာမှာသာ စိတ်လွတ်သလိုမျိုးထိုင်လို့နေတယ်။

ဝန်ထမ်းတစ်ယောက်က ရေနွေးကရားတစ်ခုကိုကိုင်ပြီး တံခါးခေါက်လာတယ်။ "ဒေါက်တာဝမ်၊ လက်ဖက်ရည်ရပါပြီ"

ဝမ်ယွီသူမအရှေ့ကလက်ဖက်ရည်ခွက်ထဲ လက်ဖက်ရည်လောင်းထည့်ပေးလာတယ်။

လက်ဖက်ရည်အနံ့သင်းသင်းက တလိပ်လိပ်မြင့်တက်လာခဲ့တယ်။ ရွှေဝါရောင်ဂန္ဓမာပွင့်ဖတ်တွေက လက်ဖက်ရည်မျက်နှာပြင်ပေါ်မှာ ဝေ့လည်လို့နေတယ်။

"သုံးရာခြောက်ဆယ့်နှစ်"

ဟမ်? ဝမ်ယွီနင်နင့်ကိုမော့ကြည့်လာတယ်။

နင်နင်ကထုံထိုင်းနေတဲ့အမူအရာနဲ့ သူမအရှေ့ကလက်ဖက်ရည်ခွက်ကို ငုံ့ကြည့်လို့နေတယ်။ "ဒါကသုံးရာခြောက်ဆယ့်နှစ်ခွက်မြောက် ဂန္ဓမာလက်ဖက်ရည်ပဲ"

အကြိမ်ပေါင်းများစွာထပ်ခါတလဲလဲဖြစ်နေတဲ့ ဘယ်အရာမဆိုက လူတစ်ယောက်ကို ထုံထိုင်းတွေဝေပြီး ပြိုလဲလာနိုင်စေတယ်။ ထိုလူကနောက်ဆုံးမှာ ပေါက်ကွဲရင်ပေါက်ကွဲ၊ ဒါမှမဟုတ် သေဆုံးရလိမ့်မယ်။

နင်နင်ဂန္ဓာမာလက်ဖက်ရည်ခွက်ကို ဖြည်းဖြည်းချင်းကောက်ကိုင်လိုက်တယ်။ သူမအဲ့ဒါကိုမသောက်ပါချေ။ အနံ့တစ်ဝေ့နဲ့တင် သူမမြန်မြန်‌ခေါင်းလှည့်ပြီး ပျို့လိုက်တယ်။

အဲ့လောက်ထိပြင်းထန်တဲ့တုန့်ပြန်မှု၊ အဲ့ဒီလက်ဖက်ရည်ထဲမှာအဆိပ်ခတ်ထားလား ဒါမှမဟုတ် သူမကဂန္ဓမာပန်းနဲ့မတည့်တာလားလို့တောင် ဝမ်ယွီသံသယဖြစ်လာတယ်။

"ရှောင်ကျန်း၊ ရှောင်ကျန်း၊ ဒီကိုတစ်ချက်လာဦး" သူအပြင်ဘက်ကဝန်ထမ်းကို ကပျာကယာအော်ခေါ်လိုက်တယ်။ ဝန်ထမ်းကလက်ဖက်ရည်ကရားနဲ့ ခွက်တွေကို အပြင်ယူထုတ်သွားပေးတယ်။ ပြီးတော့သူအခန်းထဲက ပြတင်းပေါက်တွေကို ဖွင့်လိုက်တယ်။

ဆယ်မိနစ်လောက်ကြာတော့မှ နင်နင်အသက်ရှူပြန်မှန်လာခဲ့တယ်။

"အဆင်ပြေရဲ့လား?" ဝမ်ယွီဘေးကနေ သူမကိုမေးလာတယ်။ သူ့ရဲ့လေသံမှာဂရုစိုက်မှုရော သံသယတွေရော ရောယှက်လို့နေတယ်။

သူသတိနဲ့စဉ်းစားကြည့်လိုက်တယ်။ ခေါင်မိုးထပ်ကအဖြစ်အပျက်က သရုပ်ဆောင်နေတာဖြစ်ဖို့များတယ်။ ဒါဆိုအခုကရော? အခုရောသူမထပ်ပြီး သရုပ်ဆောင်နေတာလား? သူ့ဆီကကရုဏာကိုရဖို့ နေမကောင်းချင်ဟန်ဆောင်နေတာလား?

နင်နင်ကဆိုဖာပေါ်မှာလှဲလျောင်းလို့နေတယ်။ သူမဖြည်းဖြည်းချင်း အင်မတန်ထူးဆန်းတဲ့အမူအရာနဲ့ သူ့ကိုမော့ကြည့်လာခဲ့တယ်။ နာကျင်မှုနဲ့ လိပ်ပြာမသန့်မှု။ စကားလုံးတွေနဲ့ဖော်ပြဖို့ခက်ခဲတဲ့ ခံစားချက်တစ်ခု။ မြေကြီးအောက်ထဲကနေထိုးဖောက်ထွက်လာတဲ့ ပန်းပွင့်တစ်ခုနဲ့ဆင်တူတဲ့ ခံစားချက်တစ်ခု– အနုစိတ်တယ်၊ မှေးမှိန်တယ်၊ ပြတ်တောင်းတယ်၊ ရုန်းကန်လှုပ်ရှားမှုတွေ ပြည့်နှက်လို့နေတယ်။

"ငါဒီလိုနေ့မျိုးကို တစ်ရက်လေးတောင်မဖြတ်ကျော်နိုင်တာ" သူမဝမ်ယွီကိုထုံထိုင်းစွာနဲ့ကြည့်လိုက်တယ်။ "ဘယ်လိုလုပ်ပြီးတော့ သူ... နှစ်ဆယ့်ခုနစ်နှစ်တောင် တောင့်ခံထားနိုင်ခဲ့တာလဲ?"

ကင်မရာရိုက်ကွက်က တဖြည်းဖြည်းဝေးကွာလို့သွားတယ်။

ဘဝရုပ်ရှင်ရုံထဲက ပိတ်ကားချပ်‌ပေါ်မှာပြသနေတဲ့ သူမရဲ့ထုံထိုင်းတွေဝေနေတဲ့အကြည့်က တစ်ဦးတည်းသောပရိသတ်ရဲ့ မျက်ဝန်းတွေထဲမှာ ရောင်ပြန်ဟပ်လို့နေတယ်။

ရှီကျုံးထန်ကဧည့်သည်ထိုင်ခုံမှာထိုင်နေတယ်။ သူ့မျက်နှာကိုဖုံးကွယ်ထားတဲ့ ကျောက်စိမ်းမျက်နှာဖုံးက သူ့ရဲ့အမူအရာတွေကိုပါ ကာဆီးလို့ထားတယ်။ သူ့မျက်နှာဖုံးပေါ်မှာမြင်နိုင်တဲ့ တစ်ခုတည်းသောအရာက ပိတ်ကားချပ်ကနေထင်ဟပ်နေတဲ့ အဖြူရောင်အလင်းရောင်သာဖြစ်တယ်။

သူ့ရဲ့ဘေးမှာရှိနေတာက အမှောင်ထု၊ ရှုပ်ပွနေတဲ့အခြေအနေ။

သူထိုင်နေတဲ့သစ်သားထိုင်ခုံက ဘဝရုပ်ရှင်ရုံတစ်ခုလုံးထဲမှာ အကောင်းအတိုင်းကျန်တဲ့ တစ်ခုတည်းသောထိုင်ခုံဖြစ်လောက်တယ်– အခြားထိုင်ခုံတွေရဲ့အကျိုးအပဲ့ အပျက်အစီးတွေက ကြမ်းပြင်ပေါ်မှာပြန့်ကျဲလို့နေတယ်။ နေရာတစ်ခုလုံးက အမှိုက်ပုံတစ်ခုလိုမျိုးပွကျဲနေကာ နဂိုကတည်းကအိုဟောင်းနေပြီဖြစ်တဲ့ရုပ်ရှင်ရုံက အခုပိုပြီးတော့တောင် ယိုယွင်းပျက်စီးလာခဲ့တယ်။

အော်ဟစ်နေတဲ့အသံတွေ၊ ရိုက်နှက်နေတဲ့အသံတွေ၊ တအိအိငိုကြွေးနေတဲ့အသံတွေ– ရှီကျုံးထန်က အဲ့ဒါတွေတစ်ခုကိုမှ ဂရုမစိုက်ပါချေ။ သူကရုပ်ရှင်ထဲကလူထံမှာ အပြီးအပိုင်ညှို့ယူခံထားရသလိုမျိုး တုတ်တုတ်မျှမလှုပ်ဘဲထိုင်နေကာ သူမဆက်ပြောလာမယ့်စကားကိုသာ စောင့်ဆိုင်းလို့နေတယ်။

"နှစ်ဆယ့်ခုနစ်နှစ်? မင်းဘာကိုပြောနေတာလဲ?"

"နင့်ရဲ့အစ်ကို... ရှီကျုံးထန်"

_________________

{Zawgyi}

အခန္း ၁၂၁: အဆုံးမရွိတဲ့ေသျခင္းတရား

စေနေန႔၊ ဂ်ဴလိုင္လ ၁၇ရက္၊ ၂၀၀၄ ခုႏွစ္။ စိတ္ေရာဂါေဆးခန္းတစ္ခုတြင္။

ဝမ္ယြီကလက္ဖက္ရည္ခြက္ႏွစ္ခြက္ကို စားပြဲေပၚခ်ၿပီး နင္နင့္အိတ္ကပ္ထဲကဖုန္းကို တစ္ခ်က္လွမ္းၾကည့္လာတယ္။ "ဖုန္းမကိုင္ဘူးလား?"

သူမစထိုင္ၿပီးကတည္းက ထိုဖုန္းကဆက္တိုက္ကို တုန္ခါေနတာျဖစ္တယ္။ သူမထပ္ၿပီးအသံပိတ္လိုက္ကာ သူ႔ကိုပင္ပန္းစြာနဲ႔ေျပာလာတယ္။ "ငါ့ကိုလိုက္ေနတဲ့လူေတြထဲကတစ္ေယာက္၊ ဆက္တိုက္ဖုန္းေခၚၿပီး လာမေတြ႕ရင္ သတ္ေသမယ္လို႔ၿခိမ္းေျခာက္ေနတာ"

ဝမ္ယြီ, "ဒါဆိုမင္းသြားေတြ႕မလို႔လား?"

"ငါမသြားခ်င္ဘူး" နင္နင္သက္ျပင္းခ်လိုက္တယ္။ ၿပီးေတာ့မတ္တတ္ထရပ္ၿပီး သူ႔ကိုေျပာလိုက္တယ္။ "ဒါေပမဲ့သြားမွရမယ္ထင္တယ္... ဂႏၶမာလက္ဖက္ရည္အတြက္ ေက်းဇူးပဲ"

နင္နင္တံခါးတြန္းဖြင့္ၿပီး အခန္းထဲကေနေလွ်ာက္ထြက္သြားတယ္။ တစ္မိနစ္ေလာက္အၾကာမွာ ေဆးခန္းဝန္ထမ္းတစ္ဦးက ေရေႏြးကရားတစ္ခုကိုင္ၿပီး တံခါးေခါက္လာတယ္။ "ေဒါက္တာဝမ္၊ လက္ဖက္ရည္ရပါၿပီ"

လူနာကထြက္သြားၿပီျဖစ္တယ္။ အခုတစ္ခြက္နဲ႔တင္လုံေလာက္တယ္။

ေ႐ႊဝါေရာင္ပန္းပြင့္ဖတ္ေတြနဲ႔လက္ဖက္ရည္က ေရေႏြးခြက္ထဲကိုငွဲ႔က်လာခဲ့တယ္။

နင္နင္ထြက္သြားတဲ့ဦးတည္ရာကိုၾကည့္ၿပီး ဝမ္ယြီမ်က္ခုံးျမႇင့္လိုက္မိတယ္။ ထူးဆန္းတယ္၊ ဒါကဂႏၶမာလက္ဖက္ရည္ဆိုတာကို သူမဘယ္လိုလုပ္ၿပီး ႀကိဳသိေနတာလဲ?

နင္နင္ေသခ်ာေပါက္သိတာေပါ့။

ဘာျဖစ္လို႔လဲဆိုေတာ့ ဝမ္ယြီရဲ႕႐ုံးခန္းထဲမွာထိုင္ေနရတာ သူမအတြက္ သုံးေခါက္ေျမာက္ရွိေနၿပီမလို႔ပဲျဖစ္တယ္။

ပထမတစ္ေခါက္မွာ သူမဖုန္းမကိုင္ခဲ့ေပ။ ဒုတိယတစ္ေခါက္မွာ သူမ,မထြက္သြားခဲ့ေပ။ အဆုံးမွာသူမ ထိုဂႏၶမာလက္ဖက္ရည္ကို တစ္ငုံေသာက္လိုက္တာနဲ႔ ဇာတ္ဝင္ခန္းရဲ႕အစကို ျပန္ေရာက္သြားရတယ္။

က်န္းရွင္းအိုက္က အဲ့ဒီျဖဴစင္႐ိုးသားတဲ့ေကာင္ေလးကို တကယ္ႀကီးစိတ္ပူေနတယ္ဆိုလို႔ ဘယ္သူကထင္ထားမွာလဲ? သူမတကယ္သူ႔ဖုန္းကိုကိုင္ၿပီး သူ႔ကိုေတြ႕ဖို႔ထထြက္လာခဲ့တယ္။

"ဟယ္လို" ေဆးခန္းထဲကေနထြက္ၿပီး နင္နင္ဖုန္းကိုင္လိုက္တယ္။ "မငိုေနနဲ႔ေတာ့၊ ဘာေျပာေနလဲေတာင္ ေသခ်ာနားမလည္ေတာ့ဘူး"

"ခင္ဗ်ားကြၽန္ေတာ့္ဖုန္းကိုမကိုင္ဘူး" လီရွန႔္က်ဴရဲ႕အသံက ငိုထားတာေၾကာင့္အက္ရွလို႔ေနတယ္။ "ကြၽန္ေတာ့္ကိုတစ္သက္လုံး ပစ္ထားေတာ့မယ္ထင္ေနတာ"

"ရွင့္ကိုမေန႔တုန္းကေျပာတယ္မဟုတ္လား? ကြၽန္မေနမေကာင္းဘူး၊ ေဆး႐ုံမွာခြဲစိတ္ခဲ့ရေသးတယ္" နင္နင္ေျဖရွင္းခ်က္ေပးလိုက္တယ္။

"ဒါဆိုရင္ဘာျဖစ္လို႔ ေဆး႐ုံနာမည္ကိုမေျပာတာလဲ? ဘာျဖစ္လို႔ကြၽန္ေတာ့္ကိုမလာခိုင္းတာလဲ?" လီရွန႔္က်ဴကသူမကိုေမးခြန္းထုတ္လာတယ္။ "ဘယ္...ဘယ္သူအေဖာ္လိုက္ေပးတာလဲ?"

နင္နင့္ရဲ႕ႏွလုံးသားထဲမွာ ခံစားခ်က္တစ္ခုေပါက္ကြဲထြက္လာခဲ့တယ္။ သူမအၿပဳံးတစ္ခုကိုညႇစ္ထုတ္ၿပီး ျပန္ေမးလိုက္တယ္။ "တစ္ေယာက္တည္းသြားတာေရာ မျဖစ္ႏိုင္ဘူးလား?"

လီရွန႔္က်ဴတိတ္က်သြားတယ္။

"...ဟုတ္တာေပါ့" နင္နင္သူမကိုယ္သူမရယ္လိုက္တယ္။ "ကြၽန္မလိုလူမ်ိဳးက ဘယ္လိုလုပ္ၿပီးေဆး႐ုံကို တစ္ေယာက္တည္းသြားမလဲ"

သူမရဲ႕အားအနည္းဆုံးနဲ႔ သနားစဖြယ္အေကာင္းဆုံးဘက္ျခမ္းက အၿမဲတမ္းေယာက္်ားေတြဆီကေန က႐ုဏာျခစ္ယူဖို႔ အသုံးခ်ခံခဲ့ရတာျဖစ္တယ္။ သူမလိုလူမ်ိဳးကဘယ္လိုလုပ္ၿပီး တစ္ေယာက္တည္း တိတ္တိတ္ေလး ႀကိတ္ခံစားေနမွာလဲ?

"...အခုဘယ္မွာလဲ? ကြၽန္ေတာ္လာႀကိဳမယ္" လီရွန႔္က်ဴကအဲ့အေၾကာင္းကို ဆက္မေျပာခ်င္ေတာ့တဲ့ပုံေပၚၿပီး သူအသိခ်င္ေနဆုံးေမးခြန္းကို ထုတ္ေမးလာခဲ့တယ္။

"ရတယ္၊ တကၠစီငွားလိုက္..."

"အခုဘယ္မွာလဲ?" သူမရဲ႕စကားေတာင္မဆုံးေသးခင္မွာ လီရွန႔္က်ဴျဖတ္ေျပာလာတယ္။ သူကသရဲဝင္ပူးေနသလိုမ်ိဳး ခုနကစကားကိုပဲ ထပ္ၿပီးေျပာလာခဲ့တယ္။ "ကြၽန္ေတာ္လာႀကိဳမယ္"

နင္နင္စိတ္မရွည္စြာနဲ႔ သူမေနေနတဲ့ဟိုတယ္လိပ္စာကို ေျပာျပလိုက္တယ္။

သိပ္မၾကာခင္မွာပဲ လီရွန႔္က်ဴေရာက္လာခဲ့တယ္။ သူတကၠစီေပၚကဆင္းလာၿပီးတာနဲ႔ နင္နင့္ဆီေျပးလာကာ သူမရဲ႕လက္ကိုဆြဲၿပီး ျပန္ေလွ်ာက္ထြက္သြားတယ္။

"အဲ့ေလာက္ထိေလာစရာမလိုဘူး" သူ႔ရဲ႕အခုပုံစံကအရမ္းထူးဆန္းေနတယ္လို႔ နင္နင္ခံစားမိတာေၾကာင့္ သူမလက္ကိုျဖဳတ္ခ်လိုက္တယ္။ "ေနာက္က်ေနၿပီပဲကို၊ ညစာျဖစ္ျဖစ္စားၿပီးမွျပန္မယ္ေလ"

လီရွန႔္က်ဴက ႐ုတ္တရက္ေျခလွမ္းေတြကိုရပ္လိုက္တယ္။ သူျဖည္းျဖည္းခ်င္းေခါင္းလွည့္လာၿပီး သူ႔ရဲ႕အၾကည့္က နက္ေမွာင္လို႔ေနတယ္။ သူ႔ရဲ႕ပုံမွန္ျဖဴစင္႐ိုးသားတဲ့အၿပဳံးကိုညႇစ္ထုတ္ဖို႔ သူ,မနည္းႀကိဳးစားလိုက္ရတယ္။ "ကြၽန္ေတာ့္လက္ရာျမည္းၾကည့္ခ်င္တယ္လို႔ ေျပာထားတယ္မဟုတ္လား? အခုျပန္လိုက္ခဲ့၊ ကြၽန္ေတာ္ခ်က္ေကြၽးမယ္"

လီရွန႔္က်ဴကတကယ္ဟင္းခ်က္ေတာ္ေနတယ္။

အိမ္ျပန္ေရာက္ၿပီးခဏအၾကာမွာပဲ ငါးေခါင္းဟင္းအနံ႔သင္းသင္းက လီရွန႔္က်ဴရဲ႕ေမးခြန္းနဲ႔အတူ မီးဖိုခန္းထဲကေနပ်ံ႕လြင့္လာခဲ့တယ္။ "အစပ္ဘယ္‌ေလာက္လိုခ်င္လဲ?"

"...ဘယ္‌ေလာက္ျဖစ္ျဖစ္ရတယ္" နင္နင္ျဖစ္သလိုျပန္ေျဖလိုက္တယ္။

ခုတ္ထစ္ေနတဲ့အသံေတြ တရစပ္ထြက္ေပၚလာခဲ့တယ္။ သာမန္အသီးအ႐ြက္လွီးတဲ့အသံက– အခုလိုအခ်ိန္၊ အခုလိုေနရာမွာ– နင္နင့္ရဲ႕ဆံပင္ေမြးေတြကို အဖ်ားကေနေထာင္လာေအာင္ လုပ္ႏိုင္စြမ္းရွိေနတယ္။

ေနာက္ဆုံးဟင္းလ်ာ– ငါးေခါင္းဟင္း– က စားပြဲေပၚကိုေရာက္ရွိလာတယ္။ နင္နင္သူမအေရွ႕က ဟင္းပြဲေျခာက္မ်ိဳးနဲ႔ စြပ္ျပဳတ္တစ္ပန္းကန္ကို ၿခဳံၾကည့္လိုက္တယ္။ ၿပီးေတာ့သူမနဲ႔မ်က္ႏွာခ်င္းဆိုင္မွာထိုင္ေနတဲ့ လီရွန႔္က်ဴကိုေမာ့ၾကည့္လိုက္တယ္။

သူကပန္းပြင့္႐ိုက္ေအပ႐ြန္ဝတ္ဆင္ထားတာေၾကာင့္ အနည္းငယ္ခ်စ္ဖို႔ေကာင္းလို႔ေနတယ္။ သူအျဖဴေရာင္ငါးအသားကိုတူနဲ႔ညႇပ္ၿပီး နင္နင့္ရဲ႕ပါးစပ္နားကပ္ေပးလာတယ္။ "ေရွာင္အိုက္က်ဲ၊ ကြၽန္ေတာ့္လက္ရာကိုျမည္းၾကည့္ပါဦး

နင္နင္ခုနကတည္းက တစ္ခုခုမွားေနသလိုခံစားမိေပမဲ့ သူမရဲ႕ဝမ္းဗိုက္စၿပီးေအာင့္တက္လာမွေတာ့သာ ႐ုတ္တရက္သေဘာေပါက္လိုက္ရတယ္။

"...ဘာျဖစ္လို႔လဲ?" နင္နင္ဗိုက္ကိုဆုပ္ကိုင္ရင္း နာက်င္မႈေၾကာင့္ ေခြၽးေစးေတြပါထြက္လာခဲ့တယ္။ "ဘာျဖစ္လို႔အဆိပ္ခတ္ထားတာလဲ?"

"ဘာျဖစ္လို႔လဲဆိုေတာ့ ကြၽန္ေတာ္သိလို႔ေလ" လီရွန႔္က်ဴျဖည္းျဖည္းခ်င္းေလွ်ာက္လာၿပီး သူမရဲ႕မ်က္ႏွာေပၚကေခြၽးေစးေတြကို ညင္ညင္သာသာသုတ္ေပးလာခဲ့တယ္။ "ကြၽန္ေတာ့္လက္ရာ ဘယ္ေလာက္ေကာင္းေကာင္း ကြၽန္ေတာ့္ရဲ႕ခ်စ္သူျဖစ္လာဖို႔ ခင္ဗ်ားဘယ္ေတာ့မွသေဘာတူမွာမဟုတ္ဘူး"

နင္နင္စၿပီးေသြးေခ်ာင္းဆိုးေတာ့တယ္။

"ေတာင္းပန္ပါတယ္၊ ေတာင္းပန္ပါတယ္" လီရွန႔္က်ဴဝမ္းေျမာက္ေပ်ာ္႐ႊင္စြာၿပဳံးရင္း သူမရဲ႕ႏႈတ္ခမ္းေတြကို လက္ကိုင္ပဝါနဲ႔သုတ္ေပးလာခဲ့တယ္။ "ကြၽန္ေတာ္လည္းစားမွာပါ၊ ခဏေနတာနဲ႔ ကြၽန္ေတာ္လည္းတူတူလိုက္ခဲ့မယ္"

"ရွင္၊ ရွင္လိုက္ခဲ့ေပးစရာမလိုဘူး..." နင္နင္ေနာက္ထပ္ေသြးတစ္အိုင္ကို ေထြးထုတ္လိုက္တယ္။ "ကြၽန္မကတကယ္ေတာ့ကူးေျပာင္းလာတာ..."

ဇာတ္ေကာင္ၿပိဳလဲသြားၿပီ။ ဟိုးအစကိုျပန္သြားမယ္။

သူမထပ္ၿပီးေဆးခန္းထဲကေနေလွ်ာက္ထြက္ၿပီး လီရွန႔္က်ဴနဲ႔တူတူလိုက္ျပန္လာကာ ထိုငါးေခါင္းဟင္းက စားပြဲ‌ေပၚကိုထပ္ေရာက္လာျပန္တယ္။

နင္နင္သက္ျပင္းခ်လိုက္တယ္။ သူခြံ႕ေကြၽးေနတဲ့ငါးအသားကိုမစားဘဲ အဲ့ဒီအစား သူမႏူးႏူးညံ့ညံညံ့ေျပာလိုက္တယ္။ "ကြၽန္မရွင့္ရဲ႕ေကာင္မေလးျဖစ္ေပးမယ္"

တူကိုင္ထားတဲ့လက္လႈပ္ခတ္သြားၿပီး ငါးအသားဖတ္က စားပြဲေပၚကိုျပဳတ္က်လာခဲ့တယ္။

နင္နင္မတ္တတ္ထရပ္ၿပီး သူ႔အနားေလွ်ာက္သြားကာ ညင္ညင္သာသာေပြ႕ဖက္လိုက္တယ္။

"ဒီေန႔ညစာကိုအစပ္ေခ်ာင္းပဲေကြၽးရင္ေတာင္မွ ကြၽန္မရွင့္ရဲ႕ေကာင္မေလးလုပ္ဖို႔ ေခါင္းညိတ္ဦးမွာ" သူမခ်စ္ခင္ႏွစ္သက္မႈအျပည့္နဲ႔ေျပာလိုက္တယ္။ "အေရးႀကီးတာက အစားအစာမဟုတ္ဘဲ ေကြၽးတဲ့လူေလ၊ ဟုတ္တယ္မလား?"

"...ေရွာင္အိုက္က်ဲ" လီရွန႔္က်ဴကသူမရဲ႕ပုခုံးေပၚ ေခါင္းမီထားၿပီး တိုးညႇင္းစြာေခၚလာခဲ့တယ္။

တစ္စုံတစ္ခုကနင္နင့္ရဲ႕ဝမ္းဗိုက္ထဲကို ထိုးစိုက္လာခဲ့တယ္။ ၿပီးေတာ့ထိုအရာက ျမန္ျမန္ပဲျပန္ဆုတ္ခြာသြားတယ္။

နင္နင္ေခါင္းငုံ႔ၾကည့္လိုက္ေတာ့ သူမရဲ႕ဝမ္းဗိုက္က ေရပိတ္ေခါင္းတစ္ခုလိုမ်ိဳး ေသြးေတြအဆက္မျပတ္ ပန္းထုတ္ေနတာကိုေတြ႕လိုက္ရတယ္။ လီရွန႔္က်ဴေသြးစြန္းေနတဲ့ဓားကိုကိုင္ၿပီး သူမအေရွ႕မွာ တိတ္တဆိတ္ရပ္လို႔ေနတယ္။ သူ႔ရဲ႕အျဖဴေရာင္ပန္းပြင့္႐ိုက္ေအပ႐ြန္က သူမရဲ႕လတ္လတ္ဆတ္ဆတ္ေသြးေတြေၾကာင့္ ျခင္းျခင္းနီလာခဲ့တယ္။

"ဘာ...ဘာျဖစ္လို႔လဲ?" နင္နင္သူ႔ကိုမယုံၾကည္ႏိုင္စြာနဲ႔ေမးလိုက္တယ္။ "ကြၽန္မ...ကြၽန္မရွင့္ခ်စ္သူလုပ္ဖို႔ သေဘာတူခဲ့တာပဲ"

"ဘာျဖစ္လို႔လဲဆိုေတာ့ ခင္ဗ်ားညာေနတယ္ဆိုတာကို ကြၽန္ေတာ္သိလို႔" လီရွန႔္က်ဴကသူမကို မေက်နပ္သလိုမ်ိဳး ညင္ညင္သာသာၾကည့္လာတယ္။ "အစ္ကို႔ကိုညာခဲ့သလိုမ်ိဳး၊ ဟိုင္ေကာကိုညာခဲ့သလိုမ်ိဳး၊ ေရွာင္ခယ့္ကိုညာခဲ့သလိုမ်ိဳး..."

သူဓားထိပ္ကိုလွည့္ၿပီး သူ႔ရဲ႕ဝမ္းဗိုက္ထဲစိုက္ခ်လိုက္တယ္။ ၿပီးေတာ့ဓားကိုျပန္မဆြဲထုတ္ပဲ သူ႔ရဲ႕လက္ႏွစ္ဖက္ကိုဆန႔္ကာ နင္နင့္ကိုေပြ႕ဖက္လာခဲ့တယ္။ ဓားလက္ကိုင္က နင္နင့္ရဲ႕ဗိုက္ကိုေထာက္လာၿပီး ဓားသြားကလီရွန႔္က်ဴရဲ႕ဗိုက္ထဲကို ပိုၿပီးေတာ့နက္နက္ရႈိင္းရႈိင္း တိုးဝင္လို႔သြားတယ္။

"အဲ့လိုဆိုရင္ေတာင္ ကြၽန္ေတာ္အညာခံခ်င္ေသးတယ္" လီရွန႔္က်ဴကနင္နင့္ကို တင္းတင္းက်ပ္က်ပ္ေပြ႕ဖက္ၿပီး ရႈိက္ငိုလာခဲ့တယ္။ "ကြၽန္ေတာ့္ကိုသေဘာက်တယ္လို႔ေျပာေပး၊ ကြၽန္ေတာ္ေတာင္းဆိုတာပါ ေရွာင္အိုက္က်ဲ၊ ကြၽန္ေတာ့္ကိုညာေပးပါ..."

"...မင္းတို႔လိုအ႐ိုင္းအစိုင္းျပည္သူေတြက အခ်ဳပ္အျခာအာဏာကို လာၿပီးအႏၲရာယ္ျပဳခ်င္ေနတယ္!"

ဇာတ္ေကာင္ၿပိဳလဲသြားၿပီ။ ဟိုးအစကိုထပ္သြားမယ္။

နင္နင္ေဆးခန္းထဲကေနေလွ်ာက္ထြက္လာခဲ့တယ္။ ဒီတစ္ေခါက္မွာေတာ့ လီရွန႔္က်ဴနဲ႔လိုက္သြားဖို႔ကို နင္နင္ေသေအာင္ျငင္းေတာ့တယ္။

"ကြၽန္မအခုထိေနလို႔သိပ္မေကာင္းေသးဘူး" နင္နင္သူနဲ႔ခပ္ေဝးေဝးမွာရပ္ေနတယ္။ "ခုနကပဲဆရာဝန္ဖုန္းဆက္လာတာ၊ ေနာက္တစ္ေခါက္ေဆးစစ္ဖို႔ ေဆး႐ုံကိုသြားရဦးမယ္"

လီရွန႔္က်ဴကစိတ္ပ်က္မႈေၾကာင့္ ေခါင္းငုံ႔သြားတယ္။ ေရွ႕ဆံပင္အုပ္အုပ္က သူ႔ရဲ႕မ်က္ႏွာအမူအရာကို ဖုံးကြယ္လို႔ေနတယ္။ "...အဲ့လိုလား"

"ေတာင္းပန္ပါတယ္" နင္နင္လက္ပတ္နာရီကိုငုံ႔ၾကည့္ၿပီး အလ်င္လိုေနဟန္ေဆာင္လိုက္တယ္။ "ေျပာထားတဲ့အခ်ိန္နီးေနၿပီ၊ သြားလိုက္ဦးမယ္ေနာ္"

သူမေျခလွမ္းအနည္းငယ္သာလွမ္းရေသးတယ္။ လီရွန႔္က်ဴကအေနာက္ကေန တစ္ဟုန္ထိုးေျပးလာၿပီး သူမကိုၾကမ္းၾကမ္းတမ္းတမ္းေပြ႕ဖက္လာတယ္။ သူမတို႔ႏွစ္ေယာက္လုံး ကတၱရာလမ္းေပၚကို ေခါင္းနဲ႔က်သြားၾကတယ္။ ဘတ္စ္ကားတစ္စီးက သူမတို႔အေရွ႕တည့္တည့္ကို ပိုပိုၿပီးနီးကပ္လာခဲ့တယ္...


"ႏွလုံးရပ္သြားၿပီ"

"Defibrillatorအသင့္ျပင္ၿပီး ၂၀၀ဂ်ဴးလ္တင္ထား"

"လမ္းဖယ္ၾက!"

နင္နင္ျဖည္းျဖည္းခ်င္းမ်က္လုံးေတြကိုဖြင့္လိုက္တယ္။ မီးအလင္းေရာင္တစ္ခုက မ်က္စိအေရွ႕မွာ ေပၚထြက္လာၿပီး သူမကိုမူးေဝလာေစတယ္။ အခ်ိန္အနည္းငယ္ၾကာမွ သူမတိုးညင္းစြာေမးလိုက္တယ္။ "ဘယ္အခ်ိန္ရွိၿပီလဲ?"

ဆရာဝန္နဲ႔သူနာျပဳေတြက အလုပ္ရႈပ္ေနၾကဆဲျဖစ္တယ္။ သူနာျပဳေတြထဲကတစ္ေယာက္က သူမကိုျပန္ေျဖလာခဲ့တယ္။ "လူနာအဆင္ေျပမွာပါ၊ မစိုးရိမ္ပါနဲ႔"

"ဘယ္...အခ်ိန္ရွိၿပီလဲ?" နင္နင္ထပ္ေမးလိုက္တယ္။ "ပိတ္ရက္လြန္သြားၿပီလား?"

"ဟင့္အင္း" သူနာျပဳကျပန္ေျဖလာတယ္။ "အခုမွစေနေန႔ည၊ ရွစ္နာရီထိုးေတာ့မယ္"

ထိုအေျဖကနင္နင့္ခႏၶာကိုယ္ထဲကအားအင္မွန္သမွ်ကို စုပ္ယူသြားပုံေပၚတယ္။ သူမရဲ႕အျမင္အာ႐ုံထပ္ၿပီး ေဝဝါးလာခဲ့တယ္။

သူမအသက္ရွင္ေနေသးတယ္။ လီရွန႔္က်ဴကေရာ? သူမတို႔ႏွစ္ေယာက္လုံး ဘတ္စ္ကားနဲ႔အတိုက္ခံရၿပီး လြင့္သြားတဲ့အျပင္ ေနာက္ထပ္ကားတစ္စီးေအာက္မွာပါ အႀကိတ္ခံရလိုက္ေသးတယ္။ နင္နင္အဲ့ဒီအခ်ိန္တုန္းက စဥ္းတီတုံးေပၚကအသားတစ္တုံးလိုမ်ိဳး ခံစားလိုက္ရတယ္။

"မေကာင္းေတာ့ဘူး၊ ႏွလုံးထပ္ရပ္သြားျပန္ၿပီ"

"ၾကည့္ရေအာင္..."

သူမရဲ႕အျမင္အာ႐ုံေဝဝါးလာ႐ုံတင္မကဘူး ဆရာဝန္ရဲ႕အသံပါ တျဖည္းျဖည္းေဝးကြာသြားေနတယ္။

ဟာသပဲ။ သူမဘယ္လိုလုပ္ၿပီး ဒီတိုင္းေသသြားလို႔ရမွာလဲ? သူမဘယ္လိုလုပ္ၿပီး ပိတ္ရက္မကုန္ေသးခင္ ေသလို႔ရမွာလဲ? နင္နင္ပါးစပ္ဟဖို႔႐ုန္းကန္ၿပီး အနားကဆရာဝန္နဲ႔ သူနာျပဳေတြကို ေျပာလိုက္တယ္။ "က်န္းရွင္းအိုက္မဟုတ္ဘူး၊ ကြၽန္မကနင္နင္..."

ဇာတ္ေကာင္ၿပိဳလဲသြားၿပီ။ ဟိုးအစကိုျပန္သြားမယ္။

ထပ္ခါတလဲလဲညႇိႏႈိင္းမႈ။ အဆုံးမသတ္ႏိုင္တဲ့ေသျခင္းတရား။ ထိုအႀကိမ္ေပါင္းမ်ားစြာထဲက တစ္ေခါက္မွာ သူဟင္းခ်က္ေနတုန္း နင္နင္ရဲကိုဖုန္းဆက္လိုက္တယ္။ ရဲေတြေရာက္လာၿပီး နင္နင္တံခါးေတာင္မဖြင့္ရေသးခင္ လီရွန႔္က်ဴကဂတ္စ္အိုးကို မီးရႈိ႕လိုက္ၿပီျဖစ္တယ္။

အဲ့တစ္ေခါက္၊ နင္နင္တကယ္ေသလုနီးပါးပင္။

"မင္းတို႔အ႐ိုင္းအစိုင္းျပည္သူေတြ..." စာသားကိုအသုံးခ်ၿပီး အသက္အႏၲရာယ္ကေန ႐ုန္းထြက္အၿပီးမွာ နင္နင္အသီးလွီးဓားကိုဆုပ္ကိုင္ၿပီး သူမအေရွ႕မွာရပ္ေနတဲ့ လီရွန႔္က်ဴကိုစိုက္ၾကည့္လိုက္တယ္။

ငါးေခါင္းဟင္းပန္ကန္ကို မီးဖိုခန္းထဲကေနယူထြက္လာတဲ့ လီရွန႔္က်ဴက သူမကိုျမင္ၿပီး အံ့အားသင့္သြားတယ္။ သူကအၿပဳံးတစ္ခုနဲ႔ေမးလာတယ္။ "ေရွာင္အိုက္က်ဲက ကြၽန္ေတာ့္ကိုသတ္ခ်င္ေနတာလား?"

သူလက္ထဲကပန္းကန္ကို စားပြဲေပၚခ်လိုက္တယ္။ ထိုေႂကြပန္းကန္နဲ႔စားပြဲထိခတ္သြားတဲ့အသံက နင္နင့္အတြက္ ဘာေၾကာင့္မွန္းမသိဘဲ ဂတ္စ္မီးဖိုေပါက္ကြဲသြားတဲ့အသံကို သတိျပန္ရလာေစတယ္။ သူမေအာ္ဟစ္ရင္းနဲ႔ လက္ထဲကဓားကိုေျမႇာက္ကိုင္လိုက္တယ္။

"...ေရွာင္အိုက္က်ဲ" ခဏတာတိတ္ဆိတ္သြားအၿပီးမွာ လီရွန႔္က်ဴကသူမရဲ႕အေရွ႕ကို ေလွ်ာက္လာခဲ့တယ္။ "လက္ေတြတအားတုန္ေနတာပဲ"

"အနားမကပ္လာနဲ႔!" နင္နင္ေအာ္ေျပာလိုက္တယ္။ ဓားကိုင္ထားတဲ့သူမရဲ႕လက္က တဆတ္ဆတ္တုန္ယင္လို႔ေနတယ္။

အဲ့ဒါက တုန္လႈပ္မႈလား၊ ေၾကာက္႐ြံ႕မႈလား၊ ဒါမွမဟုတ္ တြန႔္ဆုတ္မႈလား?

"...အျခားေ႐ြးခ်ယ္စရာမရွိေတာ့ဘူးလား?" နင္နင္သူ႔ကိုေမးေနတာလား သူမကိုယ္သူမျပန္ေမးေနတာလားဆိုတာကို မသဲကြဲေတာ့ေခ်။ "ရွင့္ကိုမသတ္ရင္ ကြၽန္မေသရမွာလား?"

ဒါေပမဲ့က်န္းရွင္းအိုက္အစားလူသတ္ေပးရေအာင္ သူမကဘယ္သူမလို႔လဲ?

"...ရွင္ဒီတိုင္းလက္ေလွ်ာ့လိုက္လို႔မရဘူးလား?" အဲ့ဒီေမးခြန္းကိုဘယ္ႏွစ္ေခါက္ေမးဖူးလဲဆိုတာကိုေတာင္ နင္နင္ေမ့လို႔သြားၿပီျဖစ္တယ္။ ဒီတစ္ေခါက္သူမရဲ႕အသံက အရင္ကထက္ ပိုၿပီးသနားစဖြယ္ ေအာက္က်ိဳ႕လို႔ေနတယ္။ "ကြၽန္မကိုသတ္ကိုသတ္မွရမွာလား?"

"ေသျခင္းတရားကလြဲရင္..." လီရွန႔္က်ဴဓားတစ္ေခ်ာင္းကိုထုတ္ၿပီး သူမကိုၿပဳံးျပလာတယ္။ "ကြၽန္ေတာ္တို႔ႏွစ္ေယာက္နီးစပ္ႏိုင္ဖို႔ အျခားနည္းလမ္းမရွိေတာ့ဘူး"

စေနေန႔၊ ဂ်ဴလိုင္လ ၁၇ရက္၊ ၂၀၀၄ခုႏွစ္။ စိတ္ေရာဂါေဆးခန္းတစ္ခုတြင္။

ဝမ္ယြီလက္ဖက္ရည္ခြက္ႏွစ္ခြက္ကို စားပြဲေပၚခ်ၿပီး နင္နင့္အိတ္ကပ္ထဲကဖုန္းကို တစ္ခ်က္လွမ္းၾကည့္လာတယ္။ "ဖုန္းမကိုင္ဘူးလား?"

သူမစထိုင္ခ်ၿပီးကတည္းက ထိုဖုန္းကဆက္တိုက္ကို တုန္ခါလို႔ေနတယ္။ သူမကဖုန္းကိုအသံမပိတ္လိုက္သလို ကိုင္လည္းမကိုင္ဘဲ ေနရာမွာသာ စိတ္လြတ္သလိုမ်ိဳးထိုင္လို႔ေနတယ္။

ဝန္ထမ္းတစ္ေယာက္က ေရေႏြးကရားတစ္ခုကိုကိုင္ၿပီး တံခါးေခါက္လာတယ္။ "ေဒါက္တာဝမ္၊ လက္ဖက္ရည္ရပါၿပီ"

ဝမ္ယြီသူမအေရွ႕ကလက္ဖက္ရည္ခြက္ထဲ လက္ဖက္ရည္ေလာင္းထည့္ေပးလာတယ္။

လက္ဖက္ရည္အနံ႔သင္းသင္းက တလိပ္လိပ္ျမင့္တက္လာခဲ့တယ္။ ေ႐ႊဝါေရာင္ဂႏၶမာပြင့္ဖတ္ေတြက လက္ဖက္ရည္မ်က္ႏွာျပင္ေပၚမွာ ေဝ့လည္လို႔ေနတယ္။

"သုံးရာေျခာက္ဆယ့္ႏွစ္"

ဟမ္? ဝမ္ယြီနင္နင့္ကိုေမာ့ၾကည့္လာတယ္။

နင္နင္ကထုံထိုင္းေနတဲ့အမူအရာနဲ႔ သူမအေရွ႕ကလက္ဖက္ရည္ခြက္ကို ငုံ႔ၾကည့္လို႔ေနတယ္။ "ဒါကသုံးရာေျခာက္ဆယ့္ႏွစ္ခြက္ေျမာက္ ဂႏၶမာလက္ဖက္ရည္ပဲ"

အႀကိမ္ေပါင္းမ်ားစြာထပ္ခါတလဲလဲျဖစ္ေနတဲ့ ဘယ္အရာမဆိုက လူတစ္ေယာက္ကို ထုံထိုင္းေတြေဝၿပီး ၿပိဳလဲလာႏိုင္ေစတယ္။ ထိုလူကေနာက္ဆုံးမွာ ေပါက္ကြဲရင္ေပါက္ကြဲ၊ ဒါမွမဟုတ္ ေသဆုံးရလိမ့္မယ္။

နင္နင္ဂႏၶာမာလက္ဖက္ရည္ခြက္ကို ျဖည္းျဖည္းခ်င္းေကာက္ကိုင္လိုက္တယ္။ သူမအဲ့ဒါကိုမေသာက္ပါေခ်။ အနံ႔တစ္ေဝ့နဲ႔တင္ သူမျမန္ျမန္‌ေခါင္းလွည့္ၿပီး ပ်ိဳ႕လိုက္တယ္။

အဲ့ေလာက္ထိျပင္းထန္တဲ့တုန႔္ျပန္မႈ၊ အဲ့ဒီလက္ဖက္ရည္ထဲမွာအဆိပ္ခတ္ထားလား ဒါမွမဟုတ္ သူမကဂႏၶမာပန္းနဲ႔မတည့္တာလားလို႔ေတာင္ ဝမ္ယြီသံသယျဖစ္လာတယ္။

"ေရွာင္က်န္း၊ ေရွာင္က်န္း၊ ဒီကိုတစ္ခ်က္လာဦး" သူအျပင္ဘက္ကဝန္ထမ္းကို ကပ်ာကယာေအာ္ေခၚလိုက္တယ္။ ဝန္ထမ္းကလက္ဖက္ရည္ကရားနဲ႔ ခြက္ေတြကို အျပင္ယူထုတ္သြားေပးတယ္။ ၿပီးေတာ့သူအခန္းထဲက ျပတင္းေပါက္ေတြကို ဖြင့္လိုက္တယ္။

ဆယ္မိနစ္ေလာက္ၾကာေတာ့မွ နင္နင္အသက္ရႉျပန္မွန္လာခဲ့တယ္။

"အဆင္ေျပရဲ႕လား?" ဝမ္ယြီေဘးကေန သူမကိုေမးလာတယ္။ သူ႔ရဲ႕ေလသံမွာဂ႐ုစိုက္မႈေရာ သံသယေတြေရာ ေရာယွက္လို႔ေနတယ္။

သူသတိနဲ႔စဥ္းစားၾကည့္လိုက္တယ္။ ေခါင္မိုးထပ္ကအျဖစ္အပ်က္က သ႐ုပ္ေဆာင္ေနတာျဖစ္ဖို႔မ်ားတယ္။ ဒါဆိုအခုကေရာ? အခုေရာသူမထပ္ၿပီး သ႐ုပ္ေဆာင္ေနတာလား? သူ႔ဆီကက႐ုဏာကိုရဖို႔ ေနမေကာင္းခ်င္ဟန္ေဆာင္ေနတာလား?

နင္နင္ကဆိုဖာေပၚမွာလွဲေလ်ာင္းလို႔ေနတယ္။ သူမျဖည္းျဖည္းခ်င္း အင္မတန္ထူးဆန္းတဲ့အမူအရာနဲ႔ သူ႔ကိုေမာ့ၾကည့္လာခဲ့တယ္။ နာက်င္မႈနဲ႔ လိပ္ျပာမသန႔္မႈ။ စကားလုံးေတြနဲ႔ေဖာ္ျပဖို႔ခက္ခဲတဲ့ ခံစားခ်က္တစ္ခု။ ေျမႀကီးေအာက္ထဲကေနထိုးေဖာက္ထြက္လာတဲ့ ပန္းပြင့္တစ္ခုနဲ႔ဆင္တူတဲ့ ခံစားခ်က္တစ္ခု– အႏုစိတ္တယ္၊ ေမွးမွိန္တယ္၊ ျပတ္ေတာင္းတယ္၊ ႐ုန္းကန္လႈပ္ရွားမႈေတြ ျပည့္ႏွက္လို႔ေနတယ္။

"ငါဒီလိုေန႔မ်ိဳးကို တစ္ရက္ေလးေတာင္မျဖတ္ေက်ာ္ႏိုင္တာ" သူမဝမ္ယြီကိုထုံထိုင္းစြာနဲ႔ၾကည့္လိုက္တယ္။ "ဘယ္လိုလုပ္ၿပီးေတာ့ သူ... ႏွစ္ဆယ့္ခုနစ္ႏွစ္ေတာင္ ေတာင့္ခံထားႏိုင္ခဲ့တာလဲ?"

ကင္မရာ႐ိုက္ကြက္က တျဖည္းျဖည္းေဝးကြာလို႔သြားတယ္။

ဘဝ႐ုပ္ရွင္႐ုံထဲက ပိတ္ကားခ်ပ္‌ေပၚမွာျပသေနတဲ့ သူမရဲ႕ထုံထိုင္းေတြေဝေနတဲ့အၾကည့္က တစ္ဦးတည္းေသာပရိသတ္ရဲ႕ မ်က္ဝန္းေတြထဲမွာ ေရာင္ျပန္ဟပ္လို႔ေနတယ္။

ရွီက်ဳံးထန္ကဧည့္သည္ထိုင္ခုံမွာထိုင္ေနတယ္။ သူ႔မ်က္ႏွာကိုဖုံးကြယ္ထားတဲ့ ေက်ာက္စိမ္းမ်က္ႏွာဖုံးက သူ႔ရဲ႕အမူအရာေတြကိုပါ ကာဆီးလို႔ထားတယ္။ သူ႔မ်က္ႏွာဖုံးေပၚမွာျမင္ႏိုင္တဲ့ တစ္ခုတည္းေသာအရာက ပိတ္ကားခ်ပ္ကေနထင္ဟပ္ေနတဲ့ အျဖဴေရာင္အလင္းေရာင္သာျဖစ္တယ္။

သူ႔ရဲ႕ေဘးမွာရွိေနတာက အေမွာင္ထု၊ ရႈပ္ပြေနတဲ့အေျခအေန။

သူထိုင္ေနတဲ့သစ္သားထိုင္ခုံက ဘဝ႐ုပ္ရွင္႐ုံတစ္ခုလုံးထဲမွာ အေကာင္းအတိုင္းက်န္တဲ့ တစ္ခုတည္းေသာထိုင္ခုံျဖစ္ေလာက္တယ္– အျခားထိုင္ခုံေတြရဲ႕အက်ိဳးအပဲ့ အပ်က္အစီးေတြက ၾကမ္းျပင္ေပၚမွာျပန႔္က်ဲလို႔ေနတယ္။ ေနရာတစ္ခုလုံးက အမႈိက္ပုံတစ္ခုလိုမ်ိဳးပြက်ဲေနကာ နဂိုကတည္းကအိုေဟာင္းေနၿပီျဖစ္တဲ့႐ုပ္ရွင္႐ုံက အခုပိုၿပီးေတာ့ေတာင္ ယိုယြင္းပ်က္စီးလာခဲ့တယ္။

ေအာ္ဟစ္ေနတဲ့အသံေတြ၊ ႐ိုက္ႏွက္ေနတဲ့အသံေတြ၊ တအိအိငိုေႂကြးေနတဲ့အသံေတြ– ရွီက်ဳံးထန္က အဲ့ဒါေတြတစ္ခုကိုမွ ဂ႐ုမစိုက္ပါေခ်။ သူက႐ုပ္ရွင္ထဲကလူထံမွာ အၿပီးအပိုင္ညႇိဳ႕ယူခံထားရသလိုမ်ိဳး တုတ္တုတ္မွ်မလႈပ္ဘဲထိုင္ေနကာ သူမဆက္ေျပာလာမယ့္စကားကိုသာ ေစာင့္ဆိုင္းလို႔ေနတယ္။

"ႏွစ္ဆယ့္ခုနစ္ႏွစ္? မင္းဘာကိုေျပာေနတာလဲ?"

"နင့္ရဲ႕အစ္ကို... ရွီက်ဳံးထန္"

_________________

Comment