«နိဂုံး» အခန်း ၁၇၄: ဘဝရုပ်ရှင်ရုံ

{Unicode}

«နိဂုံး»

အခန်း ၁၇၄: ဘဝရုပ်ရှင်ရုံ

"လူလိမ်! လူလိမ်! လူလိမ်!" နင်နင်အော်ဟစ်ရင်းနဲ့ ရုပ်ရှင်ရုံဆီကို ပြန်ပြေးလာခဲ့တယ်။ "ရှင်လိမ်တယ်! ရှင်အစကတည်းက ပြန်လာဖို့ စိတ်ကူးကိုမရှိတာ!"

မျက်နှာဖုံးနဲ့လူတွေ နောက်ပြန်ဆုတ်သွားတဲ့ အကြောင်းရင်းကို ခန့်မှန်းဖို့ကမခက်ပါချေ။ လူတစ်ယောက်၊ လိုအပ်ချက်တွေအားလုံးနဲ့ ကိုက်ညီတဲ့လူတစ်ယောက်က တံခါးစောင့်ဖြစ်ဖို့အတွက် လျှောက်လာတာကြောင့်ပဲ ဖြစ်တယ်။

ရှင်ဖြစ်မယ့်အစား ဘာဖြစ်လို့ကျွန်မပဲ မဖြစ်လိုက်ရမှာလဲ?

"ကျွန်မဒီမှာလေ!!" နင်နင် ဘဝရုပ်ရှင်ရုံတံခါးဝကို ပိတ်ရပ်နေကြတဲ့ မျက်နှာဖုံးနဲ့လူတွေအနောက်မှာ ရပ်လိုက်တယ်။ ကားပိတ်နေတဲ့ လမ်းဆုံတစ်ခုလိုပဲ အပြင်ကလူတွေ အထဲဝင်လို့မရကြသလို အထဲကလူတွေလည်း အပြင်ထွက်လာလို့ မရနေကြပေ။ သူမအသက်ပြင်းပြင်းရှူသွင်းပြီး သူတို့ကိုအော်ပြောလိုက်တယ်။ "ရှင်တို့ကျွန်မကို မဖမ်းတော့ဘူးလား? လာလေ၊ မြန်မြန်လာဖမ်းလေ!"

သူတို့ထဲကအချို့က သူမကိုတစ်ချက်ကြည့်ပြီး ပြန်လှည်တိုးဝှေ့နေကြတယ်။

"...ဘာဖြစ်လို့မလာသေးတာလဲ?" နင်နင်သူတို့အနားကို လျှောက်သွားလိုက်တယ်။ ရုတ်တရက် သူမရဲ့လက်မောင်းက အ‌နောက်ကနေ ဆွဲကိုင်ခံလိုက်ရပြီး ဝမ်ယွီကသူမကို ဆွဲထုတ်လို့သွားတယ်။

နင်နင်အရူးတပိုင်း ရုန်းကန်နေရင်း ရုတ်ချည်း ပါးရိုက်ခံလိုက်ရတယ်။

"စိတ်ငြိမ်ငြိမ်ထား!" ဝမ်ယွီက သူမကို အော်ပြောလာခဲ့တယ်။

နင်နင်သူမရဲ့မျက်နှာကို အုပ်ကိုင်လိုက်တယ်။

"အစ်ကိုခင်ဗျားကို စိတ်ပျက်အောင်မလုပ်ခဲ့ဘူး" ဝမ်ယွီကသူမရဲ့ပုခုံးနှစ်ဖက်ကို တင်းတင်းကျပ်ကျပ် ဖိကိုင်ထားရင်းနဲ့ ပြောလာခဲ့တယ်။ "...သူ့ကိုလည်းစိတ်မပျက်စေနဲ့"

လေထုက သွေးနံ့တွေ၊ မျက်နှာဖုံးနဲ့လူတွေရဲ့ ကျယ်လောင်တဲ့ရယ်သံတွေ နဲ့ ပြည့်နှက်လို့နေတယ်။

"သစ္စာဖောက်!"

"သူ့ကိုသတ်! အသေသတ်!"

"ကောင်းတယ်ဟေ့!"

"ငါ့ကိုနောက်ဆုံးတစ်ချက်ပေးလုပ်!"

"ဘာရပ်လုပ်နေသေးတာလဲ?" ဝမ်ယွီကနင်နင့်ရဲ့လက်ကိုဆွဲကာ ပြောလာခဲ့တယ်။ "ပြေးတော့!"

"...အား!!!" နင်နင်သူနဲ့တူတူ စပြီးပြေးတော့တယ်။ ဘယ်လောက်ပဲကြိုးစားပြီး ပြေးပြေး ဘာမှမထူးလာတာကြောင့် သူမအက်ရှနေတဲ့အသံနဲ့ အော်ဟစ်ငိုကြွေးလိုက်မိတယ်။

လူသားတွေက ဘာဖြစ်လို့ဒီလောက်တောင် အားနည်းကြရတာလဲ? သူမဘာဖြစ်လို့ ဒီလောက်ထိ အားနည်းနေရတာလဲ? သူမသဘောအကျဆုံး လူတစ်ယောက်ကိုတောင် မကယ်တင်နိုင်ခဲ့ပေ။ အရေးကြီးတဲ့အချိန်တွေမှာလည်း သူမ ဘာကိုမှ မစွမ်းဆောင်နိုင်ပေ။ လမ်းဘေးခွေးတစ်ကောင်လိုသာ ရောက်တတ်ရာရာ ထွက်ပြေးနေနိုင်တယ်။

သူမအနောက်က ရုတ်ရုတ်သဲသဲအသံတွေက ထွက်ပေါ်လာနေဆဲဖြစ်တယ်။ ရုပ်ရှင်ရုံထဲက လူသတ်မှုကလည်း ဆက်လက်ဖြစ်ပွားနေဆဲပင်။ အဆုံးမှာ အသံတစ်ခုထွက်ပေါ်လို့လာတယ်...

"ပြီးသွားပြီ"

အသံတွေရပ်တန့်သွားပြီး လူတွေစတင် လူစုခွဲလာကြတယ်။ အထဲမှာတိုက်ခိုက်နေခဲ့ကြတဲ့ မျက်နှာဖုံးနဲ့လူအချို့က ရုပ်ရှင်ရုံအပြင်ဘက်ကို လျှောက်ထွက်လို့လာတယ်။ ထိုလူတွေကို ဦးဆောင်လာတဲ့လူက ယုန်မျက်နှာဖုံးနဲ့လူပင်။ ထိုယုန်မျက်နှာဖုံးရဲ့လက်ထဲမှာ ကျောက်စိမ်းမျက်နှာဖုံးတစ်ခုကို ကိုင်လို့ထားတယ်။

မက်မွန်ရောင်မျက်ဝန်းအနားသတ်တွေနဲ့ ကျောက်စိမ်းမျက်နှာဖုံး။

သူကထိုကျောက်စိမ်းမျက်နှာဖုံးကို မြေပြင်ပေါ်ပစ်ချပြီး အေးစက်စက်ရယ်မောလာတယ်။ ပြီးတော့ နင်နင့်ရဲ့ကျောပြင်ကို စိုက်ကြည့်ကာ ပြောလာခဲ့တယ်။ "နောက်တစ်ယောက်"

ဒုတ်၊ ဒုတ်– မြင်းကောင်ရေထောင်သောင်းမက ပြေးလွှားနေသလိုမျိုး ခြေသံတွေက နင်နင်ရဲ့ဝမ်ယွီအနောက်ကို လိုက်ပါလို့လာတယ်။

"မြန်မြန်!" ဝမ်ယွီကအော်ဟစ်လာခဲ့တယ်။ "သူတို့လိုက်မီလာနေပြီ!"

ရုတ်တရက် ဝမ်းသာတဲ့ခံစားချက်တစ်ခုက နင်နင့်ရဲ့စိတ်ထဲ ပေါ်ထွက်လာပေမဲ့ ခဏအတွင်းမှာ တစ်ခုခုကို သဘောပေါက်သွားမှုနဲ့အတူ သူမရဲ့မျက်ဝန်းတွေကနေ မျက်ရည်တွေ ကျဆင်းလာခဲ့တယ်။ သူမအနောက်လှည့်ကြည့်ကာ ရေရွတ်လိုက်မိတယ်။ "သူတို့တွေ သူ့ကိုလွှတ်ပေးပြီး ငါ့အနောက်လိုက်နေကြတာ မဖြစ်နိုင်ဘူး၊ ရှီထို့ကော..."

ရှင်ပြန်လာမယ်ပြောပြီးတော့၊ အခုကျွန်မအနောက်ကိုလိုက်နေကြတဲ့ မျက်နှာဖုံးတွေထဲမှာ ရှင်မပါဘူး။

အဲ့ဒီမျက်နှာဖုံးတွေအများကြီးထဲမှာ တစ်ခုကမှ ရှင့်ရဲ့... မက်မွန်ရောင်အနားသတ်မျက်ဝန်းတွေနဲ့ ကျောက်စိမ်းမျက်နှာဖုံး မပါနေဘူး။

လမ်းကြားတစ်ခုနားကိုရောက်တဲ့အချိန်မှာ ဝမ်ယွီကခြေလှမ်းတွေကိုလှည့်ပြီး သူမကိုဆွဲကာ လမ်းကြားထဲပြေးဝင်လာခဲ့တယ်။ သူ့ရဲ့ခေါင်းပေါ်မှာ ကြိုးတန်းနဲ့လှန်းထားတဲ့ စောင်တစ်ထည်ကိုဆွဲယူပြီး လေတစ်ဝေ့နဲ့အတူ ထိုစောင်က သူမတို့နှစ်ယောက်ရဲ့ကိုယ်ကို လွှမ်းခြုံပေးလို့လာတယ်။ ထိုစောင်က ဖြူစွတ်လွန်းတာကြောင့် အဖြူရောင်မြူခိုးငွေ့တွေနဲ့ တစ်သားတည်းဖြစ်လို့နေတယ်။ ဝမ်ယွီကနင်နင့်ကို‌ ပွေ့ဖက်ပြီး စောင်အောက်မှာ ကိုယ်ကိုကွေးလို့ထားတယ်။ အပြင်ဘက်ကခြေသံတွေက အုပ်စုနှစ်စုအဖြစ်ကို ကွဲသွားပြီး သူတို့ထဲကတစ်စုက လမ်းကြားထဲပြေးဝင်လာကာ သူတို့နှစ်ယောက်ဘေးကနေ ဖြတ်ပြေးသွားကြတယ်။

ခြေသံတွေစဲကာဝေးကွာသွားတော့မှ ဝမ်ယွီစောင်ကို ဘေးပစ်ချပြီး နင်နင့်ကိုဆွဲကာ လမ်းကြားထဲကနေ ပြေးထွက်လာခဲ့တယ်။

"ခဏ" နင်နင်မေးလိုက်တယ်။ "ဘယ်သွားမလို့လဲ?"

အခုသွားနေတဲ့ဦးတည်ရာက သူမတို့နဂိုထွက်ပြေးလာခဲ့တဲ့ စမှတ်ပဲဖြစ်တယ်။

"ကျန်တဲ့လမ်းတွေအကုန်ပိတ်နေပြီ" ဝမ်ယွီကပြန်ဖြေလာတယ်။ "ဒီတစ်လမ်းပဲကျန်တော့တယ်– ဘဝရုပ်ရှင်ရုံဆီ ပြန်သွားရမယ်"

"အကြံကောင်းတယ်!" နင်နင့်ရဲ့မျက်ဝန်းတွေ တောက်ပလို့လာတယ်။ သူမရဲ့မျက်နှာက မျှော်လင့်ချက်တွေ ပြည့်နှက်နေပြီး သူမရဲ့အသံက အင်မတန်တက်ကြွလို့နေတယ်။ "ရှီထို့ကော ကျွန်မတို့ကို အဲ့ဒီမှာစောင့်နေလောက်တယ်!"

ဝမ်ယွီရဲ့ခြေလှမ်းတွေ ခဏတာတန့်သွားပြီးတော့မှ သူမကိုကျောပေးထားရင်း ခေါင်းညိတ်ပြလာခဲ့တယ်။

နင်နင်သူ့အနောက်ကနေ တိတ်တဆိတ်လိုက်လာရင်း ရုတ်တရက်ပြောလိုက်တယ်။ "...ရှင်လိမ်နေတာ"

ဝမ်ယွီမှင်တက်စွာနဲ့ သူမကိုလှည့်ကြည့်လာခဲ့တယ်။

"ရှီထို့ကောကျွန်မကို လိမ်ပြောခဲ့တယ်၊ ရှင်လည်းအခု ကျွန်မကိုလိမ်နေတယ်" နင်နင့်ရဲ့မျက်နှာက မျက်ရည်တွေပြည့်နှက်လို့နေတယ်။ သူမရှိုက်ကာ ပြောလိုက်တယ်။ "ရှင်အဲ့ဒီကိုပြန်သွားတာ သူ့ကိုရှာမလို့မဟုတ်ဘူး... ရှင်လည်းသူ့လိုပဲ၊ တံခါးစောင့်ဖြစ်ချင်နေတာ"

ဝမ်ယွီတစ်ခုခုပြောမလိုမျိုး ပါးစပ်ဟပြီးနောက်မှာ သက်ပြင်းသာချလာခဲ့တယ်။ သူက မျက်ခုံးတွေကိုဖိချပြီး စိတ်မရှည်စွာနဲ့ ရေရွတ်လာတယ်။ "လိမ်ပြောတဲ့နေရာမှာ အစ်ကိုကပိုတော်တာပဲ၊ ခင်ဗျားကျွန်တော့်ကို ဒီလောက်မြန်မြန် ထိုးဖောက်မြင်သွားတယ်ဆိုတော့"

"ရှင်မသွားရဘူး!" နင်နင်သူ့ရဲ့လက်မောင်းကိုဖက်ကာ အော်ပြောလိုက်တယ်။ "ရှင်ပြေးလို့မရတော့ရင် ကျွန်မရှင့်ကိုထူသွားမယ်၊ ကျွန်မတို့တူတူ ထွက်ပြေးတာဖြစ်ဖြစ် ပုန်းတဲ့နေရာရှာတာဖြစ်ဖြစ် လုပ်မယ်၊ နေထွက်လာပြီး ရဲတွေလာတဲ့အထိ စောင့်ရင်ရပြီ..."

"နေထွက်လာရင် မျက်နှာဖုံးနဲ့လူတွေ ပျောက်ကွယ်သွားမှာမဟုတ်ဘူး၊ ရဲတွေရောက်လာရင်တောင် သူတို့ မျက်နှာဖုံးနဲ့လူတွေကို မြင်ရမှာမဟုတ်ဘူး" ဝမ်ယွီက သူ့ကိုယ်သူလှောင်သလိုမျိုး ရယ်ကာ သူမမျက်နှာပေါ်က မျက်ရည်တွေကို ထိတွေ့လာခဲ့တယ်။ "...တံခါးစောင့်ရှိမှရမယ်"

"အိပ်မက်မက်ဖို့‌တောင်မစဉ်းစားနဲ့"

ဝမ်ယွီရော နင်နင်ပါ အံ့အားသင့်သွားပြီး အရှေ့ဘက်ကို သတိအပြည့်နဲ့ ကြည့်လိုက်ကြတယ်။

ယုန်မျက်နှာဖုံးက အခြားလူလေးယောက်ကို ဦးဆောင်ရင်း မြူခိုးငွေ့တွေထဲကနေ လျှောက်ထွက်လို့လာတယ်။ သူတို့အားလုံးက လူရမ်းကားတွေလိုမျိုး ကြမ်းတမ်းခက်ထန်တဲ့ အငွေ့အသက်တွေကို ထုတ်လွှင့်နေကြတယ်။

"မင်းတို့နှစ်ယောက် ဒီကိုပြန်လာမယ်ဆိုတာ သိသားပဲ" ယုန်မျက်နှာဖုံးက ဓားမြှောင်တစ်ချောင်းကိုဆွဲထုတ်ပြီး ရယ်လာခဲ့တယ်။ "ငါစောင့်နေတာ"

ယုန်မျက်နှာဖုံးက ကိုယ်ကိုနှိမ့်ချပြီး သူမတို့နှစ်ယောက်ဆီကို တစ်ဟုန်ထိုးပြေးလို့လာတယ်။ သူ့ရဲ့ဓားမြှောင်က ဝမ်ယွီရဲ့ရင်ဘတ်တည့်တည့်ကို ထိုးချဖို့ပြေးလာနေပေမဲ့ ဝမ်ယွီဘေးဘက်ကို ရှောင်လိုက်တယ်။ ဓားမြှောင်က သူ့ရဲ့တံတောင်ကိုလှီးပြီး မြေပြင်ပေါ် ပြုတ်ကျလို့သွားတယ်။ ဓားမြှောင်နဲ့မြေကြီး ထိတွေ့တဲ့အသံ ထွက်ပေါ်လာတာနဲ့ ဝမ်ယွီရဲ့ဒူးက ယုန်မျက်နှာဖုံးရဲ့ဗိုက်ပေါ်ကို ကျရောက်လာခဲ့တယ်။

ယုန်မျက်နှာဖုံးပျို့အန်နေတဲ့အချိန်မှာ ဝမ်ယွီ မြေပြင်ပေါ်က ဓားမြှောင်ကိုကောက်ပြီး ပြောလိုက်တယ်။ "ကျေးဇူးပဲ... သွားပုန်းတော့!"

သူ့စကားရဲ့အစပိုင်းက ယုန်မျက်နှာဖုံးကိုပြောတာဖြစ်ပြီး နောက်ပိုင်းကတော့ နင်နင့်ကိုရည်ရွယ်တာဖြစ်တယ်။

နင်နင်ကပျာကယာနဲ့ ပလတ်ဖောင်းပေါ်ပြေးတက်လိုက်တယ်။ ဆိုင်အချို့က ပလတ်ဖောင်းဘေးမှာ ဖွင့်လှစ်ထားခံထားရပေမဲ့ လူတစ်ယောက်တစ်လေကိုမှ မတွေ့ရပေ။ အားလုံးထွက်ပြေးကုန်ကြပြီဖြစ်တယ်။ သူမစတိုးဆိုင်တစ်ဆိုင်ထဲပြေးဝင်ပြီး တံခါးကိုပိတ်ချလိုက်တယ်။ တစ်ခဏအတွင်းမှာ ယုန်မျက်နှာဖုံးက ဖန်တံခါးပေါ်ခုန်အုပ်ပြီး သူမကိုနီရဲနေတဲ့မျက်ဝန်းတွေနဲ့ စိုက်ကြည့်လာခဲ့တယ်။

"သူ့ကိုဒီတိုင်းထားထားတော့!" ဝမ်ယွီကိုတိုက်ခိုက်နေကြတဲ့ မျက်နှာဖုံးနဲ့လူတွေက အော်ပြောလာတယ်။ "ဒီမှာလာဝိုင်းကူ၊ ဒီကောင်ကတော်တော်မာတယ်"

"...လာပြီ!" ယုန်မျက်နှာဖုံးက ပြန်ပြောလိုက်ပေမဲ့ သူချက်ချင်းမထွက်သွားသေးပေ။ သူဘေးပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်တော့ ပလတ်ဖောင်းပေါ်မှာ ရပ်ထားတဲ့ စက်ဘီးတစ်စီးကိုတွေ့လိုက်ရတယ်။ သူထိုစက်ဘီးနဲ့ စတိုးဆိုင်တံခါးဝကိုပိတ်ဆို့ပြီး နင်နင့်ကိုရက်စက်စွာ ပြုံးပြလာခဲ့တယ်။ "ဒီမှာစောင့်နေ၊ သူပြီးရင်မင်းပဲ"

နင်နင်ဒီတိုင်းထိုင်စောင့်နေစရာ အကြောင်းကိုမရှိပေ။

သူမစတိုးဆိုင်အတွင်းဘက်ထဲကို လျှောက်ဝင်သွားလိုက်တယ်။ စတိုးဆိုင်က အရမ်းမကျယ်ပါချေ။ မုန့်ပဲသရေစာတွေတင်ထားတဲ့ စင်တွေ၊ ကောင်တာ‌ပေါ်က အကြွေစေ့အနည်းငယ်၊ ထမင်းဆုပ်နှစ်ခုနဲ့ ငါးအသားပြားစွပ်ပြုတ်တစ်အိုး။

ဆိုင်စောင့်ရော ဝယ်သူတွေရော ထွက်ပြေးသွားကြတာလား? နင်နင်ဝန်ထမ်းသီးသန့်အခန်းထဲကို လျှောက်ဝင်လာခဲ့တယ်။ ကံကောင်းစွာနဲ့ ထိုအခန်းထဲမှာရှိတဲ့ ပြတင်းပေါက်တစ်ခုကို သူမရှာတွေ့သွားတယ်။ ထိုပြတင်းပေါက်တစ်ဖက်မှာရှိတာက နောက်ထပ်ပလတ်ဖောင်းတစ်ခုပင်။

ပြတင်းပေါက်က ကျဉ်းမြောင်းပေမဲ့ အခုအချိန်မှာ နင်နင်သေချာထိန်းသိမ်းထားခဲ့ရတဲ့ မင်းသမီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်က အသုံးဝင်လို့လာတယ်။

သူမအပေါ်အင်္ကျီကိုချွတ်ပစ်ပြီး ပြတင်းပေါ်ကအပြင်ဘက်ကို တိုးထွက်လာခဲ့တယ်။ ပလတ်ဖောင်းပေါ် ကျလာအပြီးမှာ သူမဘေးပတ်ပတ်လည်ကို သတိအပြည့်နဲ့ဝေ့ဝဲကြည့်ပြီးတော့မှ ရုပ်ရှင်ရုံရှိရာဘက်ကို တစ်ဟုန်ထိုးပြေးတော့တယ်။

ဒီတိုင်းနေနေလို့ ဘာမှဖြစ်လာမှမဟုတ်ပေ။

"ငါလုပ်နိုင်တာ တစ်ခုပဲရှိတယ်..." နင်နင်ပြေးနေရင်း တွေးလိုက်တယ်။

လာတုန်းက အတူတူလာခဲ့တယ်။

ထွက်ပြေးတုန်းက အတူတူထွက်ပြေးခဲ့တယ်။

အခုတော့သူမတစ်ယောက်တည်းသာ ကျန်ရစ်တော့တယ်။

သူမပြေးပြီးရင်းပြေးနေရင်း အနောက်ကနေ ခြေသံတွေကို ထပ်မံကြားရလာပြန်တယ်။ ယုန်မျက်နှာဖုံးက အနောက်ကနေ အော်ပြောလာခဲ့တယ်။ "ငါသူ့ကိုမြင်နေရပြီ! အရှေ့! အရှေ့တည့်တည့်မှာ! လိုက်ကြ!"

မျက်ရည်တွေက သူမရဲ့မြင်ကွင်းကို ဝေဝါးလာစေတယ်။ သူတို့တွေ သူမအနောက်ကို လိုက်လာနေကြပြီ။ ဒါဆိုရင် ဝမ်ယွီ...

ရုတ်ရက် အနောက်ကနေဆန့်ထွက်လာတဲ့ လက်တစ်ဖက်က သူမရဲ့ဆံပင်ကို ရက်စက်စွာ ဆုပ်ကိုင်လာတယ်။

နင်နင်နာကျင်မှုကြောင့် အော်ဟစ်လိုက်ပေမဲ့ သူမရဲ့ခြေလှမ်းတွေကို အရှိန်မလျှော့သလို ရပ်လည်းမရပ်ပါချေ။ သူမပိုပြီးတော့ မြန်မြန်ပြေးကာ တစ်ဖက်လူရဲ့လက်ကို သွေးစွန်းနေတဲ့ ဆံပင်တစ်ဆုပ်နဲ့ ချန်ရစ်ထားခဲ့တယ်။

မြူခိုးငွေ့တွေက သမုဒ္ဓရာထဲက လှိုင်းတွေလိုမျိုး တလိပ်လိပ် ရွေ့လျားလို့နေတယ်။ ဘဝရုပ်ရှင်ရုံက သူမရဲ့မျက်စိရှေ့မှာ ပေါထွက်လာခဲ့ပြီဖြစ်တယ်။

"မင်းလိုချင်သလိုမဖြစ်စေရဘူး!" ယုန်မျက်နှာဖုံးက သူမအပေါ်ကို အနောက်ကနေ ခုန်အုပ်လာခဲ့တယ်။

"ကျွန်မကိုလွှတ်!!" နင်နင် မြေကြီးပေါ်ပစ်ကျသွားပြီး သူမအပေါ်တက်အုပ်ထားတဲ့ ယုန်မျက်နှာဖုံးဆီကနေ လွတ်မြောက်ဖို့ အစွမ်းကုန်ကြိုးစားတော့တယ်။ သူမရဲ့ခြေထောက်တွေရော လက်တွေရောကို အသုံးချကာ ရုပ်ရှင်ရုံဆီတွားသွားဖို့ ကြိုးစားရင်း မျက်ရည်တွေက သူမရဲ့ပါးနှစ်ဖက်စလုံးအပေါ်ကို အဆက်မပြတ် စီးကျလာလို့နေတယ်။ သူမငိုတာကလွဲပြီး အခြားဘာမှမလုပ်နိုင်တဲ့သူ မဖြစ်ချင်ဘူး၊ သူမငိုတာကလွဲပြီး အခြားဘယ်သူ့ကိုမှ မကယ်တင်နိုင်တဲ့သူ မဖြစ်ချင်ဘူး၊ သူမ လုပ်နိုင်တဲ့အရာ တစ်ခုပဲရှိတော့တယ်၊ သူမ လုပ်ရမယ့်အရာ တစ်ခုပဲရှိတော့တယ်...

သူမအဆုံးမှာ သူမရဲ့လက်ချောင်းတွေနဲ့ ရုပ်ရှင်ရုံအဝင်ဝအရှေ့က လှေကားထစ်ကို ထိတွေ့လိုက်တယ်။ ဒါပေမဲ့ရေတွက်လို့မရတဲ့ ခြေသံတွေက သူမအနောက်မှာ ထွက်ပေါ်လာပြန်တယ်။ နင်နင်ခေါင်းမော့ကာ ရုပ်ရှင်ရုံကိုအော်ပြောလိုက်တယ်။ "ကျွန်မတံခါးစောင့်လုပ်ဖို့ဆန္ဒရှိတယ်! ကျွန်မတံခါးစောင့်လုပ်ဖို့ ဆန္ဒရှိတယ်!!"

တံခါးကပိတ်မြဲပိတ်နေဆဲဖြစ်ပြီး ဘာအဖြေကိုမှ ပြန်မကြားရပေ။

အဲ့ဒီအစား မျက်နှာဖုံးနဲ့လူတွေရဲ့ခြေသံတွေကသာ ပိုပိုနီးကပ်လာပြီး ပိုပိုကျယ်လောင်လာလို့နေတယ်။

မျှော်လင့်ချက်ပျက်သုဉ်းလုနီး အရိပ်အယောင်က နင်နင့်ရဲ့မျက်ဝန်းတွေထဲ ဖြတ်ပြေးလို့သွားတယ်။ သူမရှုံးသွားပြီလား? ဒီအထိတောင် အရောက်လာခဲ့ပြီး နောက်ဆုံးတစ်ဆင့်ပဲ ကျန်တော့တာကို။ သူမ ရုပ်ရှင်ရုံကို ငယ်သံပါအောင် အော်ပြောလိုက်တယ်။ "ကျွန်မကိုတံခါးစောင့်ပေးလုပ်! ရှင်ပြောခဲ့တယ်လေ၊ ကျွန်မကလိုအပ်ချက်တွေနဲ့ ကိုက်ညီတယ်ဆို၊ ကျွန်မတံခါးစောင့်လုပ်မယ်! ကျေးဇူးပြုပြီး၊ ကျေးဇူးပြုပြီး!"

"ရောက်ပြီ!" ရုတ်ရုတ်သဲသဲ ခြေသံတွေနဲ့အတူ မျက်နှာဖုံးနဲ့လူတစ်အုပ်က အဆုံးတော့ရောက်ရှိလို့လာတယ်။

ခြေထောက်တစ်ဖက်က လှေကားထစ်အပေါ် မြင့်တက်လာပြီး နင်နင့်ရဲ့လက်ပေါ်ကို အားအပြည့်နဲ့နင်းချလို့လာတယ်။ ထိုခြေထောက်က သူမရဲ့လက်ကို ကြိတ်ခြေဖို့အတွက် ဘယ်ညာရွေ့လျားလို့နေတယ်။

နင်နင်လက်ကိုဖယ်မယ့်အစား အသက်သာ အသေခံလိုက်မှာ ဖြစ်တယ်။ အရိုးကျိုးတဲ့အသံ ထွက်ပေါ်လာတာတောင် သူမလက်ကိုမရုတ်ပါချေ။ သူမရဲ့မျက်နှာက မျက်ရည်တွေနဲ့ စိုရွှဲနေကာ သူမရဲ့ပါးစပ်က ထိုစကားတစ်ခွန်းတည်းကိုပဲ ထပ်ခါတလဲလဲ ပြောလို့နေတယ်။ "ကျွန်မကိုတံခါးစောင့်ပေးလုပ်ပါ! ကျွန်မကိုတံခါးစောင့်ပေးလုပ်ပါ..."

"မရဘူး"

သူမရဲ့လက်ကိုကြိတ်ခြေနေတဲ့ ခြေထောက်က ရပ်တန့်လို့သွားတယ်။ မျက်နှာဖုံးနဲ့လူတွေ တစ်ယောက်ပြီးတစ်ယောက် ထိုအသံလာရာကို လှမ်းကြည့်လာကြတယ်။

နင်နင်ကြက်သေသေစွာနဲ့ အရှေ့ဘက်ကို ငေးကြည့်လိုက်မိတယ်။

"မင်းတံခါးစောင့်လုပ်လို့မရဘူး..."

ရုပ်ရှင်ရုံရဲ့တံခါးမကြီးက ဖြည်းညင်းစွာ ပွင့်ဟလို့လာတယ်။ ပိုပြီးထူထပ်သိပ်သည်းတဲ့ မြူခိုးငွေ့တွေက အထဲကနေ တလိပ်လိပ်ထွက်ပေါ်လာကာ လူတိုင်းရဲ့အမြင်အာရုံကို ဝေဝါးသွားစေတယ်။ ရင်းနှီးနေတဲ့အသံ၊ လောကကြီးထဲမှာ ရင်ကိုအလှုပ်ခတ်နိုင်ဆုံး အသံတစ်ခုတည်းကသာ နင်နင့်ရဲ့နားရွက်ဘေးမှာ တိုးညင်းစွာထွက်ပေါ်လာခဲ့တယ်။

"ဘာဖြစ်လို့လဲဆိုတော့..."

ထူထပ်တဲ့မြူခိုးငွေ့တွေကြားထဲကနေ ကျောက်စိမ်းနဲ့ထုထွင်းထားတဲ့ မျက်နှာဖုံးတစ်ခု တိုးထွက်လို့လာတယ်။ ထိုမျက်နှာဖုံးရဲ့ မျက်ဝန်းထောင့်စွန်းတွေက မက်မွန်ရောင်တောက်ပလို့နေတယ်။

"ကိုယ်တံခါးစောင့်ဖြစ်နေပြီမလို့ပဲ"

ထိုစကားတစ်ခွန်းနဲ့အတူ မြူခိုးငွေ့တွေက အဲ့ဒီမျက်နှာဖုံးဆီကို လိပ်တက်လာခဲ့တယ်။ အနက်ရောင်ဆံပင်ရှည်၊ သွယ်လျတဲ့ခြေလက်၊ ကျန်းမာကြံ့ခိုင်တဲ့ခန္ဓာကိုယ်– မျက်နှာဖုံးနဲ့လူတိုင်းကို ကြည့်ရှုထိန်းသိမ်းနိုင်ဖို့အတွက် ဘဝရုပ်ရှင်က သူ့ကို အသန်မာဆုံးခန္ဓာကိုယ်တစ်ခု ပေးစွမ်းထားခဲ့ပြီဖြစ်တယ်။

"သူ့ကိုမြန်မြန်တား!" ယုန်မျက်နှာဖုံးက ဟိန်းဟောက်လို့လာတယ်။

ဘယ်သူမှနင်နင့်ကို အာရုံမစိုက်ကြတော့ပေ။ သူတို့အားလုံးအော်ဟစ်ရင်းနဲ့ ရှီကျုံးထန်ဆီကို ပြေးလာကြတယ်။ ယုန်မျက်နှာဖုံး တစ်ဟုန်ထိုးပြေးလာပြီး ထိုကျောက်စိမ်းမျက်နှာဖုံးကို ထိတွေ့မိတော့မယ့်အချိန်မှာ...

ရှီကျုံးထန်ရဲ့မျက်ဝန်းတွေ ဖြည်းညင်းစွာ ပွင့်ဟလို့လာတယ်။

မက်မွန်ရောင် မျက်ဝန်းအနားသတ်တွေက ရုတ်တရက် မက်မွန်ပွင့်ဖတ်တစ်ခုကို ဖြစ်တည်လာစေတယ်။ ပန်းပွင့်ဖတ်နဲ့တူသလို၊ မျက်ရည်စက်နဲ့လည်းဆင်တူတဲ့ ထိုအရာက သူ့ရဲ့မျက်ဝန်းထောင့်စွန်းကနေ လိမ့်ဆင်းလာခဲ့တယ်။

ကိုယ်တို့ပထမဆုံး ဆုံတွေ့ခဲ့တဲ့အချိန် ပွင့်လန်းနေခဲ့တဲ့ မက်မွန်ပန်းပွင့်က ကိုယ့်ရဲ့မျက်ဝန်း၊ ကိုယ့်ရဲ့နှလုံးသားထဲမှာလည်း ပွင့်လန်းလာခဲ့တယ်။

ရှီကျုံးထန် ထိုပွင့်ဖတ်ကို ထိတွေ့လိုက်တယ်။ ထိုပွင့်ဖတ်က ဓားရိုးအဖြစ်ကူးပြောင်းလာကာ ခဏအတွင်းမှာ ဓားရှည်တစ်ချောင်းကို ထွက်ပေါ်လာစေတယ်။ ဓားသွားရဲ့တစ်ဖက်ခြမ်းက မက်မွန်သစ်ကိုင်းတွေနဲ့ ရစ်ပတ်နေဆဲဖြစ်တယ်။ ရှီကျုံးထန် ဓားသွားကိုဝေ့ယမ်းလိုက်တော့ သစ်ကိုင်းတွေလှုပ်ယမ်းလာကာ လှပစုံလင်တဲ့ ပွင့်ဖတ်တွေက လေထဲလွင့်မျောလို့လာတယ်။

ထိုပွင့်ဖတ်တွေက ယုန်မျက်နှာဖုံးအပါအဝင် အခြားမျက်နှာဖုံးနဲ့လူတွေရဲ့လက်တွေကို ဖြတ်ရှလို့သွားတယ်။ သူတို့အကုန် အော်ဟစ်ရင်းနဲ့ အနောက်ဆုတ်သွားကြတယ်။

"သူကတစ်ယောက်တည်းရှိတာ!" ယုန်မျက်နှာဖုံးက ဒဏ်ရာရသွားတဲ့သူ့လက်ကိုကိုင်ရင်းနဲ့ အော်ဟစ်လိုက်တယ်။ "ဓားလည်းတစ်ချောင်းတည်း... ဟမ်?"

မက်မွန်ပွင့်ဖတ်တစ်ခုက သူ့ရဲ့မျက်နှာအရှေ့ကို ဝေ့ဝဲကျလာနေတယ်။

ယုန်မျက်နှာဖုံး ဖြည်းဖြည်းချင်း ခေါင်းမော့ကြည့်လိုက်တယ်။

ဘယ်အချိန်ကတည်းကမှန်းမသိပေမဲ့ ကောင်းကင်တစ်ပြင်လုံးက မက်မွန်ပွင့်ဖတ်တွေနဲ့ ပြည့်နှက်နေပြီဖြစ်တယ်။

ထိုပွင့်ဖတ်တွေက ဓားရိုးအဖြစ်ကူးပြောင်းလာပြီး ချက်ချင်းပဲ ဓားရှည်တွေအဖြစ် ဆန့်ထွက်လာကြတယ်။ တစ်ခုပြီးတစ်ခု၊ ကောင်းကင်အပြည့် ဓားရှည်တွေက မြေပြင်ကိုရွယ်ရင်း စိုက်ကျလို့လာတယ်။ တောက်ပြောင်တဲ့ အလင်းရောင်အစက်တွေက မျက်နှာဖုံးနဲ့လူတိုင်းရဲ့ မျက်ဆံတွေအလယ်မှာ လင်းလက်လို့နေတယ်။

"အာ... အာ..." ယုန်မျက်နှာဖုံးက အချိန်တစ်ခုအထိ ကြက်သေသေနေမိပြီးတော့မှ ရုတ်တရက် အော်ဟစ်လိုက်တယ်။ "ပြေး!!"

တစ်ချိန်တည်းမှာ ဆင်းသက်ကျဆင်းလာတဲ့ ပွင့်ဖတ်ဓားရှည်ပေါင်းများစွာက တောက်ပရွှန်းစိုတဲ့ ကြယ်ကြွေရှုခင်းတစ်ခုလိုမျိုးပင်။

လင်းလက်လှတဲ့ အလင်းရောင်တန်းများစွာအလယ်မှာ ရှီကျုံးထန်က နင်နင့်အနားကို ဖြည်းဖြည်းချင်း လျှောက်လို့လာတယ်။ သူက သူမဘေးမှာဆောင့်ကြောင့်ထိုင်ချကာ ပြောလာခဲ့တယ်။ "ဘာဖြစ်လို့ဒီလောက်ထိ ကြိုးစားရတာလဲ? မင်းမှာကိုယ်ရှိသေးတာပဲ၊ ဟုတ်တယ်မလား?"

နင်နင်ပြောစရာစကားရှာမရပေ။ သူမရဲ့မျက်ရည်တွေကသာ ထိန်းမနိုင်သိမ်းမရ ကျဆင်းလာလို့နေတယ်။

"နောက်ကျရင် ဒီလောက်ထိ ကြိုးစားစရာမလိုပါဘူး" ရှီကျုံးထန်က သူမရဲ့မျက်နှာကိုထိတွေ့ပြီး ဝမ်းနည်းမှုနဲ့ပြောလာခဲ့တယ်။ "ကိုယ်မင်းကိုကာကွယ်ပေးမယ်၊ ကိုယ်ဘယ်နေရာမှာဖြစ်ဖြစ်၊ ကိုယ်ဘာပဲဖြစ်ဖြစ်..."

မျက်နှာဖုံးတွေရဲ့အောက်က ခန္ဓာကိုယ်တွေ တစ်ခုပြီးတစ်ခု ပျောက်ကွယ်လို့သွားတယ်။ အလင်းရောင်အောက်မှာ အရောင်စုံလင်တဲ့ မျက်နှာဖုံးတွေ တစ်ခုပြီးတစ်ခု မြေပြင်ပေါ်ကျလာတဲ့အသံက ဓမ္မတေးတစ်သွားတစ်ခုနဲ့တောင် ဆင်တူလို့နေတယ်။

ထိုတေးသွား အဆုံးသတ်သွားတဲ့အချိန်မှာ ယောက်ျားမိန်းမ၊ အအိုအပျို၊ သေချာခွဲခြားလို့မရတဲ့ အသံတစ်ခုရဲ့ ရယ်မောသံထွက်ပေါ်လို့လာတယ်။

"မင်းငါ့အတွက် အကောင်းဆုံးတံခါးစောင့်တစ်ယောက် ခေါ်လာခဲ့ပေးတာပဲ၊ ကျေးဇူးတင်တယ်၊ နင်နင်" ထိုအသံကပြောလာတယ်။ "ငါလိုချင်တာရပြီးပြီဆိုတော့ မင်းလိုချင်တာလည်း သေချာပေါက် ရစေရမယ်"

နင်နင်ခဏတာမှင်တက်သွားပြီးနောက်မှာ မြန်မြန်ပြောလိုက်တယ်။ "အဲ့ဒါကဘာကိုပြောချင်တာလဲ? ခဏနေဦး! ရှီထို့ကော! ဘယ်သွားမလို့လဲ? ပြန်လာခဲ့! ပြန်လာခဲ့လို့!!"

ထူထပ်သိပ်သည်းတဲ့ မြူခိုးငွေ့တွေက ရုပ်ရှင်ရုံနဲ့အတူ ဖြည်းညင်းစွာ ပျောက်ကွယ်လို့သွားတယ်။ ရှီကျုံးထန်က သူမကို ချစ်ခင်ကြင်နာမှုအပြည့်နဲ့ ငေးစိုက်ကြည့်နေမိပေမဲ့ သူ့ရဲ့ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း ဆုတ်ခွာသွားလို့နေတယ်။

"ကျွန်မတို့နှစ်ယောက် ကတိပေးထားသေးတယ်လေ!" နင်နင်အော်ပြောလိုက်တယ်။ "ရှင်ကျွန်မဆီ ပြန်လာရမယ်နော်!"

"အင်း!" ရှီကျုံးထန်ကသူမကို ပြုံးပြလို့လာတယ်။ "အဲ့ဒါကြောင့် မင်းကိုယ့်ကို သေချာပေါက်စောင့်နေ..."

ကိုယ်တို့... ပြန်တွေ့ကြမယ့်နေ့အထိ။






တစ်နှစ်ကြာပြီးနောက်။

"ရှောင်နင်၊ ဒီလက်ဖက်ရည် နည်းနည်းအရသာခံကြည့်"

နင်နင် ဒါရိုက်တာရဲ့လက်ထဲက လက်ဖက်ရည်ကို ကမ်းယူပြီး တစ်ငုံသောက်ကာ မေးလိုက်တယ်။ "ရိုက်ကူးရေး ဘယ်တော့မှစမှာလဲ?"

ဒါရိုက်တာရဲ့မျက်နှာက မျက်နှာပူပြီး နေရခက်မှုကြောင့် နီရဲလို့နေတယ်။ "သူ့ကိုမြန်မြန်လာဖို့ ပြောထားပြီးပြီ၊ ငါးမိနစ်နေရင်ရောက်မယ်ပဲ ပြောနေတယ်"

နင်နင်ဘာမှပြန်မပြောဘဲ ပြုံးလိုက်တယ်။ ပြောစရာရှိတာတွေအကုန်လုံး ရိုက်ကူးရေးအဖွဲ့သားတွေ ပြောပြီးနှင့်ပြီဖြစ်တယ်။

"အဲ့တစ်ယောက်က ဘယ်လိုလဲဟယ်၊ တစ်နာရီလောက်ကြာတာတောင် မရောက်လာသေးဘူး၊ သူ့ကိုယ်သူဟုတ်လှပြီ ထင်နေတာလား? သူ့လိုလူက နင်ကျဲနဲ့ ယှဉ်လို့ရလို့လား?"

"သူပြဿနာကို မီးထွန်းရှာနေတာလားနော်၊ နင်ကျဲသာ စိတ်ကသိကအောက်ဖြစ်သွားလို့ကတော့ ဇာတ်လိုက်နေရာက ချက်ချင်း သူများဟာဖြစ်သွားမှာ!"

"သူ့ကိုလူလဲပစ်စမ်းပါ! ငါ့ရဲ့မင်းသားလေး ချန်ရွှမ်းဟယ်နဲ့လဲရင် အကောင်းဆုံးပဲ! ချန်ရွှမ်းဟယ်နဲ့နင်နင် အတွဲ၊ အား၊ ငါတအားကြိုက်"

"စကားကိုကြည့်ပြောဦး၊ ငါကြားတာ နင်ကျဲမှာ ကောင်လေးရှိတယ်တဲ့၊ ဒီအသိုင်းအဝိုင်းထဲက မဟုတ်ဘဲ စိတ်ရောဂါကုဆရာဝန် ဆိုလားပဲ"

ငါးမိနစ်ခန့်ကြာပြီးနောက်မှာ ဒါရိုက်တာက နာရီကိုငုံ့ကြည့်ပြီး အကြံတွေပြည့်နေတဲ့အပြုံးကို တပ်ဆင်ကာ လျှောက်ထွက်လို့သွားတယ်... သူတစ်ယောက်ယောက်ကို သင်ခန်းစာကောင်းကောင်း သွားပေးတော့မယ်ပုံပင်။

နင်နင်က လက်ဖက်ရည်ခွက်ကို ကိုင်ထားရင်း ကုလားထိုင်ပေါ်မှာထိုင်ကာ အတွေးထဲမျောနေမိတယ်။

တစ်နှစ်ဆိုတဲ့အချိန်က မသိလိုက်မသိဘာသာနဲ့ ကုန်လွန်သွားခဲ့ပြီဖြစ်တယ်။ မျက်နှာဖုံးနဲ့လူတွေ ဖန်တီးခဲ့တဲ့ ရုတ်ရုတ်သဲသဲ အဖြစ်အပျက်ကြီးကို 'ကမ္ဘာပျက်တော့မယ်' ဆိုပြီး တစ်ချိန်တုန်းက လူပြောများခဲ့ပေမဲ့ အချိန်ကုန်လွန်လာတာနဲ့အမျှ အဲ့ဒီအကြောင်းကို ပြောနေကြတဲ့လူတွေလည်း ပိုပိုပြီးနည်းပါးလာခဲ့တယ်။ အခုအချိန်မှာ အဲ့ဒီအကြောင်းအရာကို အမှတ်တရရှိတဲ့လူတောင် အများကြီးမရှိတော့ပေ။

သူမ လမ်းအနီ၊ အမှတ် (၃၅) ကို ပြန်လည်သွားရောက်ကြည့်ခဲ့ပေမဲ့ မနက်စာဆိုင်တစ်ဆိုင်ကိုသာ တွေ့ခဲ့ရတယ်။ အနီးအနားကလူတိုင်းကလည်း အဲ့ဒီမနက်စာဆိုင်က အမြဲတမ်းအဲ့ဒီနေရာမှာ ရှိနေတာဖြစ်ပြီး ဖွင့်ထားတာ ဆယ်စုနှစ်တစ်ခုလောက်တောင် ရှိနေပြီလို့သာ ပြောကြတယ်။

အရာအားလုံးက သူမတစ်ယောက်တည်းမက်ခဲ့တဲ့ အိပ်မက်တစ်ခုလိုပင်။

"ဟမ်?" နင်နင်ခေါင်းလှည့်ကြည့်လိုက်တယ်။ သူမရဲ့ဖုန်းက မြည်သံနဲ့အတူ လင်းလက်လို့လာတယ်။ သူမလက်ဆန့်ထုတ်ကာ ဖုန်းကိုယူကြည့်လိုက်ပြီးတာနဲ့ မှင်တက်သွားရတယ်။

သူမဖုန်းထဲမှာ app အိုင်ကွန် အသစ်တစ်ခု ရှိနေတယ်။

ထိုအိုင်ကွန်ပုံစံက အနီရောင်အော်ပရာဇာတ်ရုံတစ်ခု ဖြစ်တယ်။ App နာမည်က...

ဘဝရုပ်ရှင်ရုံ။

နင်နင်ထိုအိုင်ကွန်ကို အချိန်အတော်ကြာတဲ့အထိ စိုက်ကြည့်နေမိတယ်။ သူမရဲ့လက်ချောင်းက နိမ့်ချည်မြင့်ချည် အကြိမ်အနည်းငယ် ဖြစ်လို့နေတယ်။ အဆုံးမှာ သူမအံကိုကြိတ်ပြီး နှိပ်ချလိုက်တယ်။

လုပ်ဆောင်နေတဲ့စာမျက်နှာအပြီးမှာ login စာမျက်နှာတစ်ခု ပေါ်ထွက်လို့လာတယ်။

သူမတစ်ခေါက်နှိပ်ပြီးပြီဆိုကတည်းက နောက်တစ်ခေါက် ထပ်နှိပ်ရတာက သိပ်အရေးမကြီးတော့ပေ။ သူမဖုန်းမျက်နှာပြင်ပေါ်က login ခလုတ်ကို နှိပ်ချလိုက်တယ်။

ရွေးချယ်စရာသုံးခု ထွက်ပေါ်လို့လာတယ်။

တစ်: ဧည့်သည်ဝင်ပေါက်။

နှစ်: ခိုးဝင် ဝင်ပေါက်။

သုံး: ပိုင်ရှင်ဝင်ပေါက်။

နင်နင်ပထမဆုံးတစ်ခုကို နှိပ်လိုက်တယ်။ ဝင်လို့မရပေ။ သူမအကြာကြီးတွန့်ဆုတ်နေပြီးတော့ ဒုတိယတစ်ခုကို နှိပ်ချလိုက်ပြန်တယ်။ အဲ့ဒါလည်းမရပေ။

"ပိုင်ရှင်...ပဲကျန်တာလား?" နင်နင်မျက်မှောင်ကြုတ်လိုက်တယ်။ သူမရဲ့လက်ချောင်းက တတိယရွေးချယ်မှုအပေါ်ကို ဖြည်းဖြည်းချင်း ကျရောက်လာခဲ့တယ်။

ရိုက်ကူးရေးအဖွဲ့ဝင်တစ်ဦးက သူမအနောက်ကနေ ဖြတ်လျှောက်လို့သွားတယ်။

နောက်တစ်စက္ကန့်အတွင်းမှာ–

သူမအနောက်ဘက်မြင်ကွင်းက လှုပ်ရှားသွားလာနေကြတဲ့ ရုပ်ရှင်ရုံဧည့်သည်တွေနဲ့ မျက်နှာဖုံးနဲ့လူတွေအဖြစ်ကို ပြောင်းလဲလာခဲ့ပြီဖြစ်တယ်။

နင်နင်ဘေးပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်တယ်။ သူမက ဧည့်ခန်းအကျယ်ကြီးရဲ့အလယ်မှာ မတ်တတ်ရပ်လို့နေတယ်။ သလင်းကျောက်မီးဆိုင်းကြီးတစ်ခုက သူမရဲ့ခေါင်းပေါ်မှာ တွဲလွဲကျနေပြီး အခန်းတစ်ခုလုံးကို လင်းထိန်နေစေတယ်။

ပေါက်ပေါက်ဆုပ်စက်တွေနဲ့ အရုပ်ကောက်ဂိမ်းစက်တွေက ဟောခန်းထဲမှာ အခြားအရာတွေနဲ့အတူ ရှိလို့နေတယ်။ ရုပ်ရှင်စတင်မှာကိုစောင့်ဆိုင်းနေကြတဲ့ ဧည့်သည်တွေက ဒီဧည့်ခန်းထဲမှာစုစည်းကာ မျက်နှာဖုံးနဲ့လူတွေရဲ့ ညွှန်ကြားမှုအလိုက် ဈေးဝယ်ထွက်လိုက် ကစားလိုက်နဲ့ အချိန်ဖြုန်းနေကြတယ်။

"နောက်ထပ်ရုပ်ရှင်စပါတော့မယ်၊ ဧည့်သည်တို့၊ ခန်းမနံပါတ်(၁)ဆီ သွားပေးကြပါ"

နင်နင်မြန်မြန်ပဲ အနောက်လှည့်ကြည့်လိုက်တယ်။ လူတွေနဲ့ မျက်နှာဖုံးနဲ့လူတွေက အနီရောင်ကော်ဇောဦးဆောင်ထားတဲ့ ခန်းမဆီကို လျှောက်လှမ်းသွားနေကြတယ်။

"ခိုးဝင်လာသူ သုံးယောက်ရှိပါတယ်၊ လောလောဆယ် ဧည့်ခန်းထဲမှာပါ၊ ကျေးဇူးပြု၍ သူတို့ကိုထိန်းသိမ်းပြီး ခန်းမနံပါတ်(၂)ဆီ ပို့ဆောင်ပေးဖို့ တံခါးစောင့်ကို အသိပေးပါတယ်"

လူရမ်းကားတွေပုံစံနဲ့ လူသုံးယောက်က နင်နင့်ကိုဖြတ်ပြီး ကပျာကယာပြေးသွားကြတယ်။ "ဖယ်စမ်း!" သူတို့ထဲကတစ်ယောက်က နင်နင့်ကိုကြမ်းပြင်ပေါ် ပြုတ်ကျအောင်တောင် တွန်းချလို့သွားတယ်။

နောက်တစ်စက္ကန့်အတွင်းမှာ ဓားရှည်ပေါင်းများစွာက သူတို့ရဲ့ကျောအနောက်ဘက်ကနေ ထွက်ပေါ်လို့လာတယ်။ ထိုဓားရှည်တွေက သူတို့ရဲ့အင်္ကျီလက်နဲ့ ဘောင်းဘီစတွေကို ထိုးဖောက်သွားပြီး သူတို့ကိုနံရံမှာ ကပ်တွယ်သွားစေတယ်။ သူတို့သုံးယောက်လုံး ဘာဒဏ်ရာမှမရကြပေမဲ့ တစ်ယောက်က သူ့ရဲ့ဘောင်းဘီထဲ အပေါ့သွားချလိုက်မိကာ ကျန်တဲ့နှစ်ယောက်က သရဲတွေ ခွေးတွေလိုမျိုး အီနေမြည်တမ်းနေကြတယ်။

"ကျန်တာမင်းတို့ပဲဂရုစိုက်လိုက်တော့" လေးတွဲ့တဲ့အသံတစ်ခုက နင်နင့်ရဲ့အ‌နောက်ကနေ ထွက်ပေါ်လို့လာတယ်။ အဲ့ဒီနောက်မှာ လက်ဖျောက်တီးသံတစ်သံပါ တွဲပါလာခဲ့တယ်။ "မင်းတို့စိတ်ကြိုက်လုပ်လို့ရတယ်"

မျက်နှာဖုံးနဲ့လူတစ်စုက ထိုလူသုံးယောက်အနားကို စိတ်အားထက်သန်စွာနဲ့ အပြေးရောက်လာကြတယ်။ သူတို့က အဲ့ဒီခိုးဝင်သုံးယောက်ကို ‌မီးပုံပွဲအတွက်အသုံးချမယ့် သိုးတွေလိုမျိုး သူတို့ရဲ့ခေါင်းပေါ်မြှောက်တင်ပြီး ခန်းမ(၂)ဆီ ခေါ်ဆောင်လို့သွားတယ်။

"ငါ့ကိုချပေး!"

"မင်းတို့ကဘာကောင်တွေလဲ?!"

"ဒါကသောက်ကျိုးနည်း ဘယ်လိုနေရာကြီးလဲ?!"

ခိုးဝင်သုံးယောက်က အော်ဟစ်ငိုကြွေးသံတွေနဲ့အတူ ခန်းမနံပါတ်(၂)ထဲ ဝင်ရောက်ပျောက်ကွယ်လို့သွားတယ်။

နင်နင်သက်ပြင်းတစ်ချက်လွှတ်ထုတ်ပြီး ခေါင်းလှည့်ကြည့်လိုက်တယ်။ "ဒါက... ဘယ်နေရာလဲ?"

"ဘဝရုပ်ရှင်ရုံလေ" ရှီကျုံးထန်က အပြုံးတစ်ခုနဲ့ သူမဘေးကို ဒူးတစ်ဖက်ထောက်ချလာတယ်။ "မထူးဆန်းပါဘူး၊ ဘဝအော်ပရာဇာတ်ရုံက ဘဝရုပ်ရှင်ရုံဖြစ်လာတယ်၊ ဘဝရုပ်ရှင်ရုံကနေ ဘဝရုပ်ရှင်ရုံ app ဖြစ်လာတယ်– ဒီငတိက အမြဲတမ်း အဆင့်ဆင့် ပြောင်းလဲနေခဲ့တာပဲ"

"အဆင့်ဆင့်ပြောင်းလဲတယ်? ဘယ်လိုမျိုး အဆင့်ဆင့်ပြောင်းလဲတာလဲ?" နင်နင်မေးလိုက်တယ်။

ရှီကျုံးထန်က ခေါင်းငဲ့ကာ သူ့ရဲ့တံတောင်ကိုကွေးပြီး သူမအရှေ့ဆန့်ထုတ်ပေးလို့လာတယ်။ သူမရဲ့လက်မောင်းကို သူ့လက်မောင်းနဲ့ချိတ်ဖို့ အချက်ပြနေတာပင်။

"လာ၊ ကိုယ်မင်းကို ရုပ်ရှင်ကြည့်ရင်းနဲ့ ပြောပြမယ်" သူက အနည်းငယ်ခါးသီးသလိုမျိုး သက်ပြင်းချလာတယ်။ "နောက်ဆုံး ကိုယ်တို့နှစ်ယောက် ပြန်တွေ့ကြပြီကို၊ ဒီအကြောင်းချည်းပဲ ပြောမှဖြစ်မှာလား?"

"...အဲ့ဒါဆို နောက်တစ်ခေါက်မှပြောမယ်" နင်နင်သူမရဲ့လက်ကို သူ့လက်မောင်းနဲ့ချိတ်လိုက်တယ်။ သူ့ရဲ့အားအင်ကိုငှားယူကာ မတ်တတ်ထရပ်ပြီး သူမမျက်ဝန်းထောင့်က မျက်ရည်စက်ကို အခြားလက်တစ်ဖက်နဲ့ သုတ်လိုက်တယ်။ "ဒီနေ့တော့ ဒီတိုင်းချိန်းတွေ့ကြရအောင်၊ ဟုတ်ပြီလား?"

"...အင်း" ရှီကျုံးထန်က ညင်ညင်သာသာ ရယ်လာတယ်။ "ကိုယ်ဒီနေ့ကို အကြာကြီးစောင့်နေခဲ့ရတာ"

ဒီည၊ ဘဝရုပ်ရှင်ရုံမှာ ရုပ်ရှင်ဇာတ်ကားအသစ်တစ်ခု ရုံတင်ခဲ့တယ်။

နံရံပေါ်မှာချိတ်ထားတဲ့ LEDဆိုင်းဘုတ်ပေါ်မှာ စကားလုံးတွေနဲ့ ရုပ်ရှင်နာမည်အသစ်တစ်ခု ထွက်ပေါ်လို့လာတယ်။

ရုပ်ရှင်နာမည်: ဘဝရုပ်ရှင်ရုံ။

· · ┈┈┈ ·ပြီးပါပြီ· ┈┈┈ · ·


စာရေးသူမှာပြောစရာရှိပါတယ်:

ဟိုးရှေးရှေးတုန်းက သေတ္တာက လေးပိုင်းသွားကွဲခဲ့သတဲ့။ ဆိုတော့ ပိုင်ရှင်ရဲ့အစွမ်းကလည်း လေးခုကွဲသွားခဲ့ပါတယ်။ ဆိုလိုတာက အခု နင်မေ့ရဲ့နေရာကို စိန်ခေါ်နိုင်တဲ့ အလားအလာရှိတဲ့လူ အနည်းဆုံးသုံးယောက် ရှိနေပါတယ်...

ဒါပေမဲ့ အဲ့ဒါက နောက်တစ်ခေါက်အတွက် ဇာတ်လမ်း။ ဒီနှစ်ထဲရေးဖို့ စိတ်ကူးမရှိသေးပါ! ဝတ္ထုအမျိုးအစားတစ်ခုတည်းကို ဆက်တိုက်ရေးလာရတာ ငါတကယ်သေချင်လာပြီ! အခြားဟာတစ်ခုခု ရေးပါရစေ! ဖြူစင်တဲ့အချစ်ကိုရေးမယ်!! ပြောပြရဦးမယ်၊ ငါ့ရဲ့ခေါင်းထဲမှာ ဖြူစင်တဲ့အချစ်ဇာတ်လမ်း တစ်ရာနဲ့ရှစ်ပုဒ်လောက် ရှိတယ်။ အဲ့ဒါတွေထဲက လုံးဝကြောက်ဖို့မကောင်းဆုံးတစ်ခုကို ရွေးပြီးတဲ့အထိ စောင့်ပေးကြပါ...

· · ꕥ · ·

ဘာသာပြန်သူမှတ်ချက်:

ကျေးဇူးပါ။ ကျေးဇူးပါ။ ကျေးဇူးပါ။ တစ်နှစ်စွန်းစွန်းအပြီးမှာ နိဂုံးချုပ်နိုင်ခဲ့ပါပြီ။ ဒီတစ်နှစ်စွန်းစွန်းမှာ ကိုယ်ဖြတ်ကျော်ခဲ့ရတာတွေလည်း အများကြီးပါပဲ။ ဒီတစ်လျှောက်လုံး ကိုယ့်ဘေးမှာ နင်ကျဲ၊ ပါးပါးနဲ့ ရှီထို့ကောရော၊ ဒီကအားလုံးရော ရှိခဲ့တာကို တကယ်အမှတ်ရစရာလို့ ခံစားရပါတယ်။ ဟိုးအစကတည်းက တစ်ပတ်ကို၃-၄ပိုင်း အချိန်မှန်မှန်တင်ဖို့ အကောင်းဆုံးကြိုးစားလာခဲ့ပြီး အဆုံးနားလောက်မှ အချိန်မမှန်တာတွေ နည်းနည်းဖြစ်သွားတာလည်း ဆိုးတာတစ်ခုပါ... ဘာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ဘာသာပြန်တာကို ဖတ်ရအဆင်ပြေခဲ့မယ်လို့ မျှော်လင့်ပါတယ်။

နောက်ထပ်တစ်ခုခု ဘာသာပြန်ဖို့ စဉ်းစားထားတာမရှိသေးပါ။ စိတ်ဝင်စားဖို့ကောင်းပြီး မြန်မာဘာသာပြန်မရှိသေး/ ကိုယ့်ဘာသာပြန်နဲ့ လိုက်ဖက်လိမ့်မယ်လို့ထင်တဲ့ ရတနာတစ်ခုခုရှိရင် အချိန်မရွေး DM နိုင်ပါတယ်။ ကိုယ်တစ်ခုခုကို သေချာမဖတ်တာလည်း ကြာပြီမလို့ပါ။

အချပ်ပိုနှစ်ချပ်ကို သိပ်မကြာခင် တူတူတွဲတင်ပေးပါမယ်။ အားလုံးပဲ၊ အခုတော့ တာ့တာပါ!

· ┈ · ꕥ · ┈ · 

{Zawgyi}

«နိဂုံး»

အခန္း ၁၇၄: ဘဝ႐ုပ္ရွင္႐ုံ

"လူလိမ္! လူလိမ္! လူလိမ္!" နင္နင္ေအာ္ဟစ္ရင္းနဲ႔ ႐ုပ္ရွင္႐ုံဆီကို ျပန္ေျပးလာခဲ့တယ္။ "ရွင္လိမ္တယ္! ရွင္အစကတည္းက ျပန္လာဖို႔ စိတ္ကူးကိုမရွိတာ!"

မ်က္ႏွာဖုံးနဲ႔လူေတြ ေနာက္ျပန္ဆုတ္သြားတဲ့ အေၾကာင္းရင္းကို ခန႔္မွန္းဖို႔ကမခက္ပါေခ်။ လူတစ္ေယာက္၊ လိုအပ္ခ်က္ေတြအားလုံးနဲ႔ ကိုက္ညီတဲ့လူတစ္ေယာက္က တံခါးေစာင့္ျဖစ္ဖို႔အတြက္ ေလွ်ာက္လာတာေၾကာင့္ပဲ ျဖစ္တယ္။

ရွင္ျဖစ္မယ့္အစား ဘာျဖစ္လို႔ကြၽန္မပဲ မျဖစ္လိုက္ရမွာလဲ?

"ကြၽန္မဒီမွာေလ!!" နင္နင္ ဘဝ႐ုပ္ရွင္႐ုံတံခါးဝကို ပိတ္ရပ္ေနၾကတဲ့ မ်က္ႏွာဖုံးနဲ႔လူေတြအေနာက္မွာ ရပ္လိုက္တယ္။ ကားပိတ္ေနတဲ့ လမ္းဆုံတစ္ခုလိုပဲ အျပင္ကလူေတြ အထဲဝင္လို႔မရၾကသလို အထဲကလူေတြလည္း အျပင္ထြက္လာလို႔ မရေနၾကေပ။ သူမအသက္ျပင္းျပင္းရႉသြင္းၿပီး သူတို႔ကိုေအာ္ေျပာလိုက္တယ္။ "ရွင္တို႔ကြၽန္မကို မဖမ္းေတာ့ဘူးလား? လာေလ၊ ျမန္ျမန္လာဖမ္းေလ!"

သူတို႔ထဲကအခ်ိဳ႕က သူမကိုတစ္ခ်က္ၾကည့္ၿပီး ျပန္လွည္တိုးေဝွ႔ေနၾကတယ္။

"...ဘာျဖစ္လို႔မလာေသးတာလဲ?" နင္နင္သူတို႔အနားကို ေလွ်ာက္သြားလိုက္တယ္။ ႐ုတ္တရက္ သူမရဲ႕လက္ေမာင္းက အ‌ေနာက္ကေန ဆြဲကိုင္ခံလိုက္ရၿပီး ဝမ္ယြီကသူမကို ဆြဲထုတ္လို႔သြားတယ္။

နင္နင္အ႐ူးတပိုင္း ႐ုန္းကန္ေနရင္း ႐ုတ္ခ်ည္း ပါး႐ိုက္ခံလိုက္ရတယ္။

"စိတ္ၿငိမ္ၿငိမ္ထား!" ဝမ္ယြီက သူမကို ေအာ္ေျပာလာခဲ့တယ္။

နင္နင္သူမရဲ႕မ်က္ႏွာကို အုပ္ကိုင္လိုက္တယ္။

"အစ္ကိုခင္ဗ်ားကို စိတ္ပ်က္ေအာင္မလုပ္ခဲ့ဘူး" ဝမ္ယြီကသူမရဲ႕ပုခုံးႏွစ္ဖက္ကို တင္းတင္းက်ပ္က်ပ္ ဖိကိုင္ထားရင္းနဲ႔ ေျပာလာခဲ့တယ္။ "...သူ႔ကိုလည္းစိတ္မပ်က္ေစနဲ႔"

ေလထုက ေသြးနံ႔ေတြ၊ မ်က္ႏွာဖုံးနဲ႔လူေတြရဲ႕ က်ယ္ေလာင္တဲ့ရယ္သံေတြ နဲ႔ ျပည့္ႏွက္လို႔ေနတယ္။

"သစၥာေဖာက္!"

"သူ႔ကိုသတ္! အေသသတ္!"

"ေကာင္းတယ္ေဟ့!"

"ငါ့ကိုေနာက္ဆုံးတစ္ခ်က္ေပးလုပ္!"

"ဘာရပ္လုပ္ေနေသးတာလဲ?" ဝမ္ယြီကနင္နင့္ရဲ႕လက္ကိုဆြဲကာ ေျပာလာခဲ့တယ္။ "ေျပးေတာ့!"

"...အား!!!" နင္နင္သူနဲ႔တူတူ စၿပီးေျပးေတာ့တယ္။ ဘယ္ေလာက္ပဲႀကိဳးစားၿပီး ေျပးေျပး ဘာမွမထူးလာတာေၾကာင့္ သူမအက္ရွေနတဲ့အသံနဲ႔ ေအာ္ဟစ္ငိုေႂကြးလိုက္မိတယ္။

လူသားေတြက ဘာျဖစ္လို႔ဒီေလာက္ေတာင္ အားနည္းၾကရတာလဲ? သူမဘာျဖစ္လို႔ ဒီေလာက္ထိ အားနည္းေနရတာလဲ? သူမသေဘာအက်ဆုံး လူတစ္ေယာက္ကိုေတာင္ မကယ္တင္ႏိုင္ခဲ့ေပ။ အေရးႀကီးတဲ့အခ်ိန္ေတြမွာလည္း သူမ ဘာကိုမွ မစြမ္းေဆာင္ႏိုင္ေပ။ လမ္းေဘးေခြးတစ္ေကာင္လိုသာ ေရာက္တတ္ရာရာ ထြက္ေျပးေနႏိုင္တယ္။

သူမအေနာက္က ႐ုတ္႐ုတ္သဲသဲအသံေတြက ထြက္ေပၚလာေနဆဲျဖစ္တယ္။ ႐ုပ္ရွင္႐ုံထဲက လူသတ္မႈကလည္း ဆက္လက္ျဖစ္ပြားေနဆဲပင္။ အဆုံးမွာ အသံတစ္ခုထြက္ေပၚလို႔လာတယ္...

"ၿပီးသြားၿပီ"

အသံေတြရပ္တန႔္သြားၿပီး လူေတြစတင္ လူစုခြဲလာၾကတယ္။ အထဲမွာတိုက္ခိုက္ေနခဲ့ၾကတဲ့ မ်က္ႏွာဖုံးနဲ႔လူအခ်ိဳ႕က ႐ုပ္ရွင္႐ုံအျပင္ဘက္ကို ေလွ်ာက္ထြက္လို႔လာတယ္။ ထိုလူေတြကို ဦးေဆာင္လာတဲ့လူက ယုန္မ်က္ႏွာဖုံးနဲ႔လူပင္။ ထိုယုန္မ်က္ႏွာဖုံးရဲ႕လက္ထဲမွာ ေက်ာက္စိမ္းမ်က္ႏွာဖုံးတစ္ခုကို ကိုင္လို႔ထားတယ္။

မက္မြန္ေရာင္မ်က္ဝန္းအနားသတ္ေတြနဲ႔ ေက်ာက္စိမ္းမ်က္ႏွာဖုံး။

သူကထိုေက်ာက္စိမ္းမ်က္ႏွာဖုံးကို ေျမျပင္ေပၚပစ္ခ်ၿပီး ေအးစက္စက္ရယ္ေမာလာတယ္။ ၿပီးေတာ့ နင္နင့္ရဲ႕ေက်ာျပင္ကို စိုက္ၾကည့္ကာ ေျပာလာခဲ့တယ္။ "ေနာက္တစ္ေယာက္"

ဒုတ္၊ ဒုတ္– ျမင္းေကာင္ေရေထာင္ေသာင္းမက ေျပးလႊားေနသလိုမ်ိဳး ေျခသံေတြက နင္နင္ရဲ႕ဝမ္ယြီအေနာက္ကို လိုက္ပါလို႔လာတယ္။

"ျမန္ျမန္!" ဝမ္ယြီကေအာ္ဟစ္လာခဲ့တယ္။ "သူတို႔လိုက္မီလာေနၿပီ!"

႐ုတ္တရက္ ဝမ္းသာတဲ့ခံစားခ်က္တစ္ခုက နင္နင့္ရဲ႕စိတ္ထဲ ေပၚထြက္လာေပမဲ့ ခဏအတြင္းမွာ တစ္ခုခုကို သေဘာေပါက္သြားမႈနဲ႔အတူ သူမရဲ႕မ်က္ဝန္းေတြကေန မ်က္ရည္ေတြ က်ဆင္းလာခဲ့တယ္။ သူမအေနာက္လွည့္ၾကည့္ကာ ေရ႐ြတ္လိုက္မိတယ္။ "သူတို႔ေတြ သူ႔ကိုလႊတ္ေပးၿပီး ငါ့အေနာက္လိုက္ေနၾကတာ မျဖစ္ႏိုင္ဘူး၊ ရွီထို႔ေကာ..."

ရွင္ျပန္လာမယ္ေျပာၿပီးေတာ့၊ အခုကြၽန္မအေနာက္ကိုလိုက္ေနၾကတဲ့ မ်က္ႏွာဖုံးေတြထဲမွာ ရွင္မပါဘူး။

အဲ့ဒီမ်က္ႏွာဖုံးေတြအမ်ားႀကီးထဲမွာ တစ္ခုကမွ ရွင့္ရဲ႕... မက္မြန္ေရာင္အနားသတ္မ်က္ဝန္းေတြနဲ႔ ေက်ာက္စိမ္းမ်က္ႏွာဖုံး မပါေနဘူး။

လမ္းၾကားတစ္ခုနားကိုေရာက္တဲ့အခ်ိန္မွာ ဝမ္ယြီကေျခလွမ္းေတြကိုလွည့္ၿပီး သူမကိုဆြဲကာ လမ္းၾကားထဲေျပးဝင္လာခဲ့တယ္။ သူ႔ရဲ႕ေခါင္းေပၚမွာ ႀကိဳးတန္းနဲ႔လွန္းထားတဲ့ ေစာင္တစ္ထည္ကိုဆြဲယူၿပီး ေလတစ္ေဝ့နဲ႔အတူ ထိုေစာင္က သူမတို႔ႏွစ္ေယာက္ရဲ႕ကိုယ္ကို လႊမ္းၿခဳံေပးလို႔လာတယ္။ ထိုေစာင္က ျဖဴစြတ္လြန္းတာေၾကာင့္ အျဖဴေရာင္ျမဴခိုးေငြ႕ေတြနဲ႔ တစ္သားတည္းျဖစ္လို႔ေနတယ္။ ဝမ္ယြီကနင္နင့္ကို‌ ေပြ႕ဖက္ၿပီး ေစာင္ေအာက္မွာ ကိုယ္ကိုေကြးလို႔ထားတယ္။ အျပင္ဘက္ကေျခသံေတြက အုပ္စုႏွစ္စုအျဖစ္ကို ကြဲသြားၿပီး သူတို႔ထဲကတစ္စုက လမ္းၾကားထဲေျပးဝင္လာကာ သူတို႔ႏွစ္ေယာက္ေဘးကေန ျဖတ္ေျပးသြားၾကတယ္။

ေျခသံေတြစဲကာေဝးကြာသြားေတာ့မွ ဝမ္ယြီေစာင္ကို ေဘးပစ္ခ်ၿပီး နင္နင့္ကိုဆြဲကာ လမ္းၾကားထဲကေန ေျပးထြက္လာခဲ့တယ္။

"ခဏ" နင္နင္ေမးလိုက္တယ္။ "ဘယ္သြားမလို႔လဲ?"

အခုသြားေနတဲ့ဦးတည္ရာက သူမတို႔နဂိုထြက္ေျပးလာခဲ့တဲ့ စမွတ္ပဲျဖစ္တယ္။

"က်န္တဲ့လမ္းေတြအကုန္ပိတ္ေနၿပီ" ဝမ္ယြီကျပန္ေျဖလာတယ္။ "ဒီတစ္လမ္းပဲက်န္ေတာ့တယ္– ဘဝ႐ုပ္ရွင္႐ုံဆီ ျပန္သြားရမယ္"

"အႀကံေကာင္းတယ္!" နင္နင့္ရဲ႕မ်က္ဝန္းေတြ ေတာက္ပလို႔လာတယ္။ သူမရဲ႕မ်က္ႏွာက ေမွ်ာ္လင့္ခ်က္ေတြ ျပည့္ႏွက္ေနၿပီး သူမရဲ႕အသံက အင္မတန္တက္ႂကြလို႔ေနတယ္။ "ရွီထို႔ေကာ ကြၽန္မတို႔ကို အဲ့ဒီမွာေစာင့္ေနေလာက္တယ္!"

ဝမ္ယြီရဲ႕ေျခလွမ္းေတြ ခဏတာတန႔္သြားၿပီးေတာ့မွ သူမကိုေက်ာေပးထားရင္း ေခါင္းညိတ္ျပလာခဲ့တယ္။

နင္နင္သူ႔အေနာက္ကေန တိတ္တဆိတ္လိုက္လာရင္း ႐ုတ္တရက္ေျပာလိုက္တယ္။ "...ရွင္လိမ္ေနတာ"

ဝမ္ယြီမွင္တက္စြာနဲ႔ သူမကိုလွည့္ၾကည့္လာခဲ့တယ္။

"ရွီထို႔ေကာကြၽန္မကို လိမ္ေျပာခဲ့တယ္၊ ရွင္လည္းအခု ကြၽန္မကိုလိမ္ေနတယ္" နင္နင့္ရဲ႕မ်က္ႏွာက မ်က္ရည္ေတြျပည့္ႏွက္လို႔ေနတယ္။ သူမရႈိက္ကာ ေျပာလိုက္တယ္။ "ရွင္အဲ့ဒီကိုျပန္သြားတာ သူ႔ကိုရွာမလို႔မဟုတ္ဘူး... ရွင္လည္းသူ႔လိုပဲ၊ တံခါးေစာင့္ျဖစ္ခ်င္ေနတာ"

ဝမ္ယြီတစ္ခုခုေျပာမလိုမ်ိဳး ပါးစပ္ဟၿပီးေနာက္မွာ သက္ျပင္းသာခ်လာခဲ့တယ္။ သူက မ်က္ခုံးေတြကိုဖိခ်ၿပီး စိတ္မရွည္စြာနဲ႔ ေရ႐ြတ္လာတယ္။ "လိမ္ေျပာတဲ့ေနရာမွာ အစ္ကိုကပိုေတာ္တာပဲ၊ ခင္ဗ်ားကြၽန္ေတာ့္ကို ဒီေလာက္ျမန္ျမန္ ထိုးေဖာက္ျမင္သြားတယ္ဆိုေတာ့"

"ရွင္မသြားရဘူး!" နင္နင္သူ႔ရဲ႕လက္ေမာင္းကိုဖက္ကာ ေအာ္ေျပာလိုက္တယ္။ "ရွင္ေျပးလို႔မရေတာ့ရင္ ကြၽန္မရွင့္ကိုထူသြားမယ္၊ ကြၽန္မတို႔တူတူ ထြက္ေျပးတာျဖစ္ျဖစ္ ပုန္းတဲ့ေနရာရွာတာျဖစ္ျဖစ္ လုပ္မယ္၊ ေနထြက္လာၿပီး ရဲေတြလာတဲ့အထိ ေစာင့္ရင္ရၿပီ..."

"ေနထြက္လာရင္ မ်က္ႏွာဖုံးနဲ႔လူေတြ ေပ်ာက္ကြယ္သြားမွာမဟုတ္ဘူး၊ ရဲေတြေရာက္လာရင္ေတာင္ သူတို႔ မ်က္ႏွာဖုံးနဲ႔လူေတြကို ျမင္ရမွာမဟုတ္ဘူး" ဝမ္ယြီက သူ႔ကိုယ္သူေလွာင္သလိုမ်ိဳး ရယ္ကာ သူမမ်က္ႏွာေပၚက မ်က္ရည္ေတြကို ထိေတြ႕လာခဲ့တယ္။ "...တံခါးေစာင့္ရွိမွရမယ္"

"အိပ္မက္မက္ဖို႔‌ေတာင္မစဥ္းစားနဲ႔"

ဝမ္ယြီေရာ နင္နင္ပါ အံ့အားသင့္သြားၿပီး အေရွ႕ဘက္ကို သတိအျပည့္နဲ႔ ၾကည့္လိုက္ၾကတယ္။

ယုန္မ်က္ႏွာဖုံးက အျခားလူေလးေယာက္ကို ဦးေဆာင္ရင္း ျမဴခိုးေငြ႕ေတြထဲကေန ေလွ်ာက္ထြက္လို႔လာတယ္။ သူတို႔အားလုံးက လူရမ္းကားေတြလိုမ်ိဳး ၾကမ္းတမ္းခက္ထန္တဲ့ အေငြ႕အသက္ေတြကို ထုတ္လႊင့္ေနၾကတယ္။

"မင္းတို႔ႏွစ္ေယာက္ ဒီကိုျပန္လာမယ္ဆိုတာ သိသားပဲ" ယုန္မ်က္ႏွာဖုံးက ဓားေျမႇာင္တစ္ေခ်ာင္းကိုဆြဲထုတ္ၿပီး ရယ္လာခဲ့တယ္။ "ငါေစာင့္ေနတာ"

ယုန္မ်က္ႏွာဖုံးက ကိုယ္ကိုႏွိမ့္ခ်ၿပီး သူမတို႔ႏွစ္ေယာက္ဆီကို တစ္ဟုန္ထိုးေျပးလို႔လာတယ္။ သူ႔ရဲ႕ဓားေျမႇာင္က ဝမ္ယြီရဲ႕ရင္ဘတ္တည့္တည့္ကို ထိုးခ်ဖို႔ေျပးလာေနေပမဲ့ ဝမ္ယြီေဘးဘက္ကို ေရွာင္လိုက္တယ္။ ဓားေျမႇာင္က သူ႔ရဲ႕တံေတာင္ကိုလွီးၿပီး ေျမျပင္ေပၚ ျပဳတ္က်လို႔သြားတယ္။ ဓားေျမႇာင္နဲ႔ေျမႀကီး ထိေတြ႕တဲ့အသံ ထြက္ေပၚလာတာနဲ႔ ဝမ္ယြီရဲ႕ဒူးက ယုန္မ်က္ႏွာဖုံးရဲ႕ဗိုက္ေပၚကို က်ေရာက္လာခဲ့တယ္။

ယုန္မ်က္ႏွာဖုံးပ်ိဳ႕အန္ေနတဲ့အခ်ိန္မွာ ဝမ္ယြီ ေျမျပင္ေပၚက ဓားေျမႇာင္ကိုေကာက္ၿပီး ေျပာလိုက္တယ္။ "ေက်းဇူးပဲ... သြားပုန္းေတာ့!"

သူ႔စကားရဲ႕အစပိုင္းက ယုန္မ်က္ႏွာဖုံးကိုေျပာတာျဖစ္ၿပီး ေနာက္ပိုင္းကေတာ့ နင္နင့္ကိုရည္႐ြယ္တာျဖစ္တယ္။

နင္နင္ကပ်ာကယာနဲ႔ ပလတ္ေဖာင္းေပၚေျပးတက္လိုက္တယ္။ ဆိုင္အခ်ိဳ႕က ပလတ္ေဖာင္းေဘးမွာ ဖြင့္လွစ္ထားခံထားရေပမဲ့ လူတစ္ေယာက္တစ္ေလကိုမွ မေတြ႕ရေပ။ အားလုံးထြက္ေျပးကုန္ၾကၿပီျဖစ္တယ္။ သူမစတိုးဆိုင္တစ္ဆိုင္ထဲေျပးဝင္ၿပီး တံခါးကိုပိတ္ခ်လိုက္တယ္။ တစ္ခဏအတြင္းမွာ ယုန္မ်က္ႏွာဖုံးက ဖန္တံခါးေပၚခုန္အုပ္ၿပီး သူမကိုနီရဲေနတဲ့မ်က္ဝန္းေတြနဲ႔ စိုက္ၾကည့္လာခဲ့တယ္။

"သူ႔ကိုဒီတိုင္းထားထားေတာ့!" ဝမ္ယြီကိုတိုက္ခိုက္ေနၾကတဲ့ မ်က္ႏွာဖုံးနဲ႔လူေတြက ေအာ္ေျပာလာတယ္။ "ဒီမွာလာဝိုင္းကူ၊ ဒီေကာင္ကေတာ္ေတာ္မာတယ္"

"...လာၿပီ!" ယုန္မ်က္ႏွာဖုံးက ျပန္ေျပာလိုက္ေပမဲ့ သူခ်က္ခ်င္းမထြက္သြားေသးေပ။ သူေဘးပတ္ဝန္းက်င္ကို ေဝ့ၾကည့္လိုက္ေတာ့ ပလတ္ေဖာင္းေပၚမွာ ရပ္ထားတဲ့ စက္ဘီးတစ္စီးကိုေတြ႕လိုက္ရတယ္။ သူထိုစက္ဘီးနဲ႔ စတိုးဆိုင္တံခါးဝကိုပိတ္ဆို႔ၿပီး နင္နင့္ကိုရက္စက္စြာ ၿပဳံးျပလာခဲ့တယ္။ "ဒီမွာေစာင့္ေန၊ သူၿပီးရင္မင္းပဲ"

နင္နင္ဒီတိုင္းထိုင္ေစာင့္ေနစရာ အေၾကာင္းကိုမရွိေပ။

သူမစတိုးဆိုင္အတြင္းဘက္ထဲကို ေလွ်ာက္ဝင္သြားလိုက္တယ္။ စတိုးဆိုင္က အရမ္းမက်ယ္ပါေခ်။ မုန႔္ပဲသေရစာေတြတင္ထားတဲ့ စင္ေတြ၊ ေကာင္တာ‌ေပၚက အေႂကြေစ့အနည္းငယ္၊ ထမင္းဆုပ္ႏွစ္ခုနဲ႔ ငါးအသားျပားစြပ္ျပဳတ္တစ္အိုး။

ဆိုင္ေစာင့္ေရာ ဝယ္သူေတြေရာ ထြက္ေျပးသြားၾကတာလား? နင္နင္ဝန္ထမ္းသီးသန႔္အခန္းထဲကို ေလွ်ာက္ဝင္လာခဲ့တယ္။ ကံေကာင္းစြာနဲ႔ ထိုအခန္းထဲမွာရွိတဲ့ ျပတင္းေပါက္တစ္ခုကို သူမရွာေတြ႕သြားတယ္။ ထိုျပတင္းေပါက္တစ္ဖက္မွာရွိတာက ေနာက္ထပ္ပလတ္ေဖာင္းတစ္ခုပင္။

ျပတင္းေပါက္က က်ဥ္းေျမာင္းေပမဲ့ အခုအခ်ိန္မွာ နင္နင္ေသခ်ာထိန္းသိမ္းထားခဲ့ရတဲ့ မင္းသမီးတစ္ေယာက္ရဲ႕ ခႏၶာကိုယ္က အသုံးဝင္လို႔လာတယ္။

သူမအေပၚအက်ႌကိုခြၽတ္ပစ္ၿပီး ျပတင္းေပၚကအျပင္ဘက္ကို တိုးထြက္လာခဲ့တယ္။ ပလတ္ေဖာင္းေပၚ က်လာအၿပီးမွာ သူမေဘးပတ္ပတ္လည္ကို သတိအျပည့္နဲ႔ေဝ့ဝဲၾကည့္ၿပီးေတာ့မွ ႐ုပ္ရွင္႐ုံရွိရာဘက္ကို တစ္ဟုန္ထိုးေျပးေတာ့တယ္။

ဒီတိုင္းေနေနလို႔ ဘာမွျဖစ္လာမွမဟုတ္ေပ။

"ငါလုပ္ႏိုင္တာ တစ္ခုပဲရွိတယ္..." နင္နင္ေျပးေနရင္း ေတြးလိုက္တယ္။

လာတုန္းက အတူတူလာခဲ့တယ္။

ထြက္ေျပးတုန္းက အတူတူထြက္ေျပးခဲ့တယ္။

အခုေတာ့သူမတစ္ေယာက္တည္းသာ က်န္ရစ္ေတာ့တယ္။

သူမေျပးၿပီးရင္းေျပးေနရင္း အေနာက္ကေန ေျခသံေတြကို ထပ္မံၾကားရလာျပန္တယ္။ ယုန္မ်က္ႏွာဖုံးက အေနာက္ကေန ေအာ္ေျပာလာခဲ့တယ္။ "ငါသူ႔ကိုျမင္ေနရၿပီ! အေရွ႕! အေရွ႕တည့္တည့္မွာ! လိုက္ၾက!"

မ်က္ရည္ေတြက သူမရဲ႕ျမင္ကြင္းကို ေဝဝါးလာေစတယ္။ သူတို႔ေတြ သူမအေနာက္ကို လိုက္လာေနၾကၿပီ။ ဒါဆိုရင္ ဝမ္ယြီ...

႐ုတ္ရက္ အေနာက္ကေနဆန႔္ထြက္လာတဲ့ လက္တစ္ဖက္က သူမရဲ႕ဆံပင္ကို ရက္စက္စြာ ဆုပ္ကိုင္လာတယ္။

နင္နင္နာက်င္မႈေၾကာင့္ ေအာ္ဟစ္လိုက္ေပမဲ့ သူမရဲ႕ေျခလွမ္းေတြကို အရွိန္မေလွ်ာ့သလို ရပ္လည္းမရပ္ပါေခ်။ သူမပိုၿပီးေတာ့ ျမန္ျမန္ေျပးကာ တစ္ဖက္လူရဲ႕လက္ကို ေသြးစြန္းေနတဲ့ ဆံပင္တစ္ဆုပ္နဲ႔ ခ်န္ရစ္ထားခဲ့တယ္။

ျမဴခိုးေငြ႕ေတြက သမုဒၶရာထဲက လႈိင္းေတြလိုမ်ိဳး တလိပ္လိပ္ ေ႐ြ႕လ်ားလို႔ေနတယ္။ ဘဝ႐ုပ္ရွင္႐ုံက သူမရဲ႕မ်က္စိေရွ႕မွာ ေပါထြက္လာခဲ့ၿပီျဖစ္တယ္။

"မင္းလိုခ်င္သလိုမျဖစ္ေစရဘူး!" ယုန္မ်က္ႏွာဖုံးက သူမအေပၚကို အေနာက္ကေန ခုန္အုပ္လာခဲ့တယ္။

"ကြၽန္မကိုလႊတ္!!" နင္နင္ ေျမႀကီးေပၚပစ္က်သြားၿပီး သူမအေပၚတက္အုပ္ထားတဲ့ ယုန္မ်က္ႏွာဖုံးဆီကေန လြတ္ေျမာက္ဖို႔ အစြမ္းကုန္ႀကိဳးစားေတာ့တယ္။ သူမရဲ႕ေျခေထာက္ေတြေရာ လက္ေတြေရာကို အသုံးခ်ကာ ႐ုပ္ရွင္႐ုံဆီတြားသြားဖို႔ ႀကိဳးစားရင္း မ်က္ရည္ေတြက သူမရဲ႕ပါးႏွစ္ဖက္စလုံးအေပၚကို အဆက္မျပတ္ စီးက်လာလို႔ေနတယ္။ သူမငိုတာကလြဲၿပီး အျခားဘာမွမလုပ္ႏိုင္တဲ့သူ မျဖစ္ခ်င္ဘူး၊ သူမငိုတာကလြဲၿပီး အျခားဘယ္သူ႔ကိုမွ မကယ္တင္ႏိုင္တဲ့သူ မျဖစ္ခ်င္ဘူး၊ သူမ လုပ္ႏိုင္တဲ့အရာ တစ္ခုပဲရွိေတာ့တယ္၊ သူမ လုပ္ရမယ့္အရာ တစ္ခုပဲရွိေတာ့တယ္...

သူမအဆုံးမွာ သူမရဲ႕လက္ေခ်ာင္းေတြနဲ႔ ႐ုပ္ရွင္႐ုံအဝင္ဝအေရွ႕က ေလွကားထစ္ကို ထိေတြ႕လိုက္တယ္။ ဒါေပမဲ့ေရတြက္လို႔မရတဲ့ ေျခသံေတြက သူမအေနာက္မွာ ထြက္ေပၚလာျပန္တယ္။ နင္နင္ေခါင္းေမာ့ကာ ႐ုပ္ရွင္႐ုံကိုေအာ္ေျပာလိုက္တယ္။ "ကြၽန္မတံခါးေစာင့္လုပ္ဖို႔ဆႏၵရွိတယ္! ကြၽန္မတံခါးေစာင့္လုပ္ဖို႔ ဆႏၵရွိတယ္!!"

တံခါးကပိတ္ၿမဲပိတ္ေနဆဲျဖစ္ၿပီး ဘာအေျဖကိုမွ ျပန္မၾကားရေပ။

အဲ့ဒီအစား မ်က္ႏွာဖုံးနဲ႔လူေတြရဲ႕ေျခသံေတြကသာ ပိုပိုနီးကပ္လာၿပီး ပိုပိုက်ယ္ေလာင္လာလို႔ေနတယ္။

ေမွ်ာ္လင့္ခ်က္ပ်က္သုဥ္းလုနီး အရိပ္အေယာင္က နင္နင့္ရဲ႕မ်က္ဝန္းေတြထဲ ျဖတ္ေျပးလို႔သြားတယ္။ သူမရႈံးသြားၿပီလား? ဒီအထိေတာင္ အေရာက္လာခဲ့ၿပီး ေနာက္ဆုံးတစ္ဆင့္ပဲ က်န္ေတာ့တာကို။ သူမ ႐ုပ္ရွင္႐ုံကို ငယ္သံပါေအာင္ ေအာ္ေျပာလိုက္တယ္။ "ကြၽန္မကိုတံခါးေစာင့္ေပးလုပ္! ရွင္ေျပာခဲ့တယ္ေလ၊ ကြၽန္မကလိုအပ္ခ်က္ေတြနဲ႔ ကိုက္ညီတယ္ဆို၊ ကြၽန္မတံခါးေစာင့္လုပ္မယ္! ေက်းဇူးျပဳၿပီး၊ ေက်းဇူးျပဳၿပီး!"

"ေရာက္ၿပီ!" ႐ုတ္႐ုတ္သဲသဲ ေျခသံေတြနဲ႔အတူ မ်က္ႏွာဖုံးနဲ႔လူတစ္အုပ္က အဆုံးေတာ့ေရာက္ရွိလို႔လာတယ္။

ေျခေထာက္တစ္ဖက္က ေလွကားထစ္အေပၚ ျမင့္တက္လာၿပီး နင္နင့္ရဲ႕လက္ေပၚကို အားအျပည့္နဲ႔နင္းခ်လို႔လာတယ္။ ထိုေျခေထာက္က သူမရဲ႕လက္ကို ႀကိတ္ေျခဖို႔အတြက္ ဘယ္ညာေ႐ြ႕လ်ားလို႔ေနတယ္။

နင္နင္လက္ကိုဖယ္မယ့္အစား အသက္သာ အေသခံလိုက္မွာ ျဖစ္တယ္။ အ႐ိုးက်ိဳးတဲ့အသံ ထြက္ေပၚလာတာေတာင္ သူမလက္ကိုမ႐ုတ္ပါေခ်။ သူမရဲ႕မ်က္ႏွာက မ်က္ရည္ေတြနဲ႔ စို႐ႊဲေနကာ သူမရဲ႕ပါးစပ္က ထိုစကားတစ္ခြန္းတည္းကိုပဲ ထပ္ခါတလဲလဲ ေျပာလို႔ေနတယ္။ "ကြၽန္မကိုတံခါးေစာင့္ေပးလုပ္ပါ! ကြၽန္မကိုတံခါးေစာင့္ေပးလုပ္ပါ..."

"မရဘူး"

သူမရဲ႕လက္ကိုႀကိတ္ေျခေနတဲ့ ေျခေထာက္က ရပ္တန႔္လို႔သြားတယ္။ မ်က္ႏွာဖုံးနဲ႔လူေတြ တစ္ေယာက္ၿပီးတစ္ေယာက္ ထိုအသံလာရာကို လွမ္းၾကည့္လာၾကတယ္။

နင္နင္ၾကက္ေသေသစြာနဲ႔ အေရွ႕ဘက္ကို ေငးၾကည့္လိုက္မိတယ္။

"မင္းတံခါးေစာင့္လုပ္လို႔မရဘူး..."

႐ုပ္ရွင္႐ုံရဲ႕တံခါးမႀကီးက ျဖည္းညင္းစြာ ပြင့္ဟလို႔လာတယ္။ ပိုၿပီးထူထပ္သိပ္သည္းတဲ့ ျမဴခိုးေငြ႕ေတြက အထဲကေန တလိပ္လိပ္ထြက္ေပၚလာကာ လူတိုင္းရဲ႕အျမင္အာ႐ုံကို ေဝဝါးသြားေစတယ္။ ရင္းႏွီးေနတဲ့အသံ၊ ေလာကႀကီးထဲမွာ ရင္ကိုအလႈပ္ခတ္ႏိုင္ဆုံး အသံတစ္ခုတည္းကသာ နင္နင့္ရဲ႕နား႐ြက္ေဘးမွာ တိုးညင္းစြာထြက္ေပၚလာခဲ့တယ္။

"ဘာျဖစ္လို႔လဲဆိုေတာ့..."

ထူထပ္တဲ့ျမဴခိုးေငြ႕ေတြၾကားထဲကေန ေက်ာက္စိမ္းနဲ႔ထုထြင္းထားတဲ့ မ်က္ႏွာဖုံးတစ္ခု တိုးထြက္လို႔လာတယ္။ ထိုမ်က္ႏွာဖုံးရဲ႕ မ်က္ဝန္းေထာင့္စြန္းေတြက မက္မြန္ေရာင္ေတာက္ပလို႔ေနတယ္။

"ကိုယ္တံခါးေစာင့္ျဖစ္ေနၿပီမလို႔ပဲ"

ထိုစကားတစ္ခြန္းနဲ႔အတူ ျမဴခိုးေငြ႕ေတြက အဲ့ဒီမ်က္ႏွာဖုံးဆီကို လိပ္တက္လာခဲ့တယ္။ အနက္ေရာင္ဆံပင္ရွည္၊ သြယ္လ်တဲ့ေျခလက္၊ က်န္းမာႀကံ့ခိုင္တဲ့ခႏၶာကိုယ္– မ်က္ႏွာဖုံးနဲ႔လူတိုင္းကို ၾကည့္ရႈထိန္းသိမ္းႏိုင္ဖို႔အတြက္ ဘဝ႐ုပ္ရွင္က သူ႔ကို အသန္မာဆုံးခႏၶာကိုယ္တစ္ခု ေပးစြမ္းထားခဲ့ၿပီျဖစ္တယ္။

"သူ႔ကိုျမန္ျမန္တား!" ယုန္မ်က္ႏွာဖုံးက ဟိန္းေဟာက္လို႔လာတယ္။

ဘယ္သူမွနင္နင့္ကို အာ႐ုံမစိုက္ၾကေတာ့ေပ။ သူတို႔အားလုံးေအာ္ဟစ္ရင္းနဲ႔ ရွီက်ဳံးထန္ဆီကို ေျပးလာၾကတယ္။ ယုန္မ်က္ႏွာဖုံး တစ္ဟုန္ထိုးေျပးလာၿပီး ထိုေက်ာက္စိမ္းမ်က္ႏွာဖုံးကို ထိေတြ႕မိေတာ့မယ့္အခ်ိန္မွာ...

ရွီက်ဳံးထန္ရဲ႕မ်က္ဝန္းေတြ ျဖည္းညင္းစြာ ပြင့္ဟလို႔လာတယ္။

မက္မြန္ေရာင္ မ်က္ဝန္းအနားသတ္ေတြက ႐ုတ္တရက္ မက္မြန္ပြင့္ဖတ္တစ္ခုကို ျဖစ္တည္လာေစတယ္။ ပန္းပြင့္ဖတ္နဲ႔တူသလို၊ မ်က္ရည္စက္နဲ႔လည္းဆင္တူတဲ့ ထိုအရာက သူ႔ရဲ႕မ်က္ဝန္းေထာင့္စြန္းကေန လိမ့္ဆင္းလာခဲ့တယ္။

ကိုယ္တို႔ပထမဆုံး ဆုံေတြ႕ခဲ့တဲ့အခ်ိန္ ပြင့္လန္းေနခဲ့တဲ့ မက္မြန္ပန္းပြင့္က ကိုယ့္ရဲ႕မ်က္ဝန္း၊ ကိုယ့္ရဲ႕ႏွလုံးသားထဲမွာလည္း ပြင့္လန္းလာခဲ့တယ္။

ရွီက်ဳံးထန္ ထိုပြင့္ဖတ္ကို ထိေတြ႕လိုက္တယ္။ ထိုပြင့္ဖတ္က ဓား႐ိုးအျဖစ္ကူးေျပာင္းလာကာ ခဏအတြင္းမွာ ဓားရွည္တစ္ေခ်ာင္းကို ထြက္ေပၚလာေစတယ္။ ဓားသြားရဲ႕တစ္ဖက္ျခမ္းက မက္မြန္သစ္ကိုင္းေတြနဲ႔ ရစ္ပတ္ေနဆဲျဖစ္တယ္။ ရွီက်ဳံးထန္ ဓားသြားကိုေဝ့ယမ္းလိုက္ေတာ့ သစ္ကိုင္းေတြလႈပ္ယမ္းလာကာ လွပစုံလင္တဲ့ ပြင့္ဖတ္ေတြက ေလထဲလြင့္ေမ်ာလို႔လာတယ္။

ထိုပြင့္ဖတ္ေတြက ယုန္မ်က္ႏွာဖုံးအပါအဝင္ အျခားမ်က္ႏွာဖုံးနဲ႔လူေတြရဲ႕လက္ေတြကို ျဖတ္ရွလို႔သြားတယ္။ သူတို႔အကုန္ ေအာ္ဟစ္ရင္းနဲ႔ အေနာက္ဆုတ္သြားၾကတယ္။

"သူကတစ္ေယာက္တည္းရွိတာ!" ယုန္မ်က္ႏွာဖုံးက ဒဏ္ရာရသြားတဲ့သူ႔လက္ကိုကိုင္ရင္းနဲ႔ ေအာ္ဟစ္လိုက္တယ္။ "ဓားလည္းတစ္ေခ်ာင္းတည္း... ဟမ္?"

မက္မြန္ပြင့္ဖတ္တစ္ခုက သူ႔ရဲ႕မ်က္ႏွာအေရွ႕ကို ေဝ့ဝဲက်လာေနတယ္။

ယုန္မ်က္ႏွာဖုံး ျဖည္းျဖည္းခ်င္း ေခါင္းေမာ့ၾကည့္လိုက္တယ္။

ဘယ္အခ်ိန္ကတည္းကမွန္းမသိေပမဲ့ ေကာင္းကင္တစ္ျပင္လုံးက မက္မြန္ပြင့္ဖတ္ေတြနဲ႔ ျပည့္ႏွက္ေနၿပီျဖစ္တယ္။

ထိုပြင့္ဖတ္ေတြက ဓား႐ိုးအျဖစ္ကူးေျပာင္းလာၿပီး ခ်က္ခ်င္းပဲ ဓားရွည္ေတြအျဖစ္ ဆန႔္ထြက္လာၾကတယ္။ တစ္ခုၿပီးတစ္ခု၊ ေကာင္းကင္အျပည့္ ဓားရွည္ေတြက ေျမျပင္ကို႐ြယ္ရင္း စိုက္က်လို႔လာတယ္။ ေတာက္ေျပာင္တဲ့ အလင္းေရာင္အစက္ေတြက မ်က္ႏွာဖုံးနဲ႔လူတိုင္းရဲ႕ မ်က္ဆံေတြအလယ္မွာ လင္းလက္လို႔ေနတယ္။

"အာ... အာ..." ယုန္မ်က္ႏွာဖုံးက အခ်ိန္တစ္ခုအထိ ၾကက္ေသေသေနမိၿပီးေတာ့မွ ႐ုတ္တရက္ ေအာ္ဟစ္လိုက္တယ္။ "ေျပး!!"

တစ္ခ်ိန္တည္းမွာ ဆင္းသက္က်ဆင္းလာတဲ့ ပြင့္ဖတ္ဓားရွည္ေပါင္းမ်ားစြာက ေတာက္ပ႐ႊန္းစိုတဲ့ ၾကယ္ေႂကြရႈခင္းတစ္ခုလိုမ်ိဳးပင္။

လင္းလက္လွတဲ့ အလင္းေရာင္တန္းမ်ားစြာအလယ္မွာ ရွီက်ဳံးထန္က နင္နင့္အနားကို ျဖည္းျဖည္းခ်င္း ေလွ်ာက္လို႔လာတယ္။ သူက သူမေဘးမွာေဆာင့္ေၾကာင့္ထိုင္ခ်ကာ ေျပာလာခဲ့တယ္။ "ဘာျဖစ္လို႔ဒီေလာက္ထိ ႀကိဳးစားရတာလဲ? မင္းမွာကိုယ္ရွိေသးတာပဲ၊ ဟုတ္တယ္မလား?"

နင္နင္ေျပာစရာစကားရွာမရေပ။ သူမရဲ႕မ်က္ရည္ေတြကသာ ထိန္းမႏိုင္သိမ္းမရ က်ဆင္းလာလို႔ေနတယ္။

"ေနာက္က်ရင္ ဒီေလာက္ထိ ႀကိဳးစားစရာမလိုပါဘူး" ရွီက်ဳံးထန္က သူမရဲ႕မ်က္ႏွာကိုထိေတြ႕ၿပီး ဝမ္းနည္းမႈနဲ႔ေျပာလာခဲ့တယ္။ "ကိုယ္မင္းကိုကာကြယ္ေပးမယ္၊ ကိုယ္ဘယ္ေနရာမွာျဖစ္ျဖစ္၊ ကိုယ္ဘာပဲျဖစ္ျဖစ္..."

မ်က္ႏွာဖုံးေတြရဲ႕ေအာက္က ခႏၶာကိုယ္ေတြ တစ္ခုၿပီးတစ္ခု ေပ်ာက္ကြယ္လို႔သြားတယ္။ အလင္းေရာင္ေအာက္မွာ အေရာင္စုံလင္တဲ့ မ်က္ႏွာဖုံးေတြ တစ္ခုၿပီးတစ္ခု ေျမျပင္ေပၚက်လာတဲ့အသံက ဓမၼေတးတစ္သြားတစ္ခုနဲ႔ေတာင္ ဆင္တူလို႔ေနတယ္။

ထိုေတးသြား အဆုံးသတ္သြားတဲ့အခ်ိန္မွာ ေယာက္်ားမိန္းမ၊ အအိုအပ်ိဳ၊ ေသခ်ာခြဲျခားလို႔မရတဲ့ အသံတစ္ခုရဲ႕ ရယ္ေမာသံထြက္ေပၚလို႔လာတယ္။

"မင္းငါ့အတြက္ အေကာင္းဆုံးတံခါးေစာင့္တစ္ေယာက္ ေခၚလာခဲ့ေပးတာပဲ၊ ေက်းဇူးတင္တယ္၊ နင္နင္" ထိုအသံကေျပာလာတယ္။ "ငါလိုခ်င္တာရၿပီးၿပီဆိုေတာ့ မင္းလိုခ်င္တာလည္း ေသခ်ာေပါက္ ရေစရမယ္"

နင္နင္ခဏတာမွင္တက္သြားၿပီးေနာက္မွာ ျမန္ျမန္ေျပာလိုက္တယ္။ "အဲ့ဒါကဘာကိုေျပာခ်င္တာလဲ? ခဏေနဦး! ရွီထို႔ေကာ! ဘယ္သြားမလို႔လဲ? ျပန္လာခဲ့! ျပန္လာခဲ့လို႔!!"

ထူထပ္သိပ္သည္းတဲ့ ျမဴခိုးေငြ႕ေတြက ႐ုပ္ရွင္႐ုံနဲ႔အတူ ျဖည္းညင္းစြာ ေပ်ာက္ကြယ္လို႔သြားတယ္။ ရွီက်ဳံးထန္က သူမကို ခ်စ္ခင္ၾကင္နာမႈအျပည့္နဲ႔ ေငးစိုက္ၾကည့္ေနမိေပမဲ့ သူ႔ရဲ႕ခႏၶာကိုယ္က ျဖည္းျဖည္းခ်င္း ဆုတ္ခြာသြားလို႔ေနတယ္။

"ကြၽန္မတို႔ႏွစ္ေယာက္ ကတိေပးထားေသးတယ္ေလ!" နင္နင္ေအာ္ေျပာလိုက္တယ္။ "ရွင္ကြၽန္မဆီ ျပန္လာရမယ္ေနာ္!"

"အင္း!" ရွီက်ဳံးထန္ကသူမကို ၿပဳံးျပလို႔လာတယ္။ "အဲ့ဒါေၾကာင့္ မင္းကိုယ့္ကို ေသခ်ာေပါက္ေစာင့္ေန..."

ကိုယ္တို႔... ျပန္ေတြ႕ၾကမယ့္ေန႔အထိ။






တစ္ႏွစ္ၾကာၿပီးေနာက္။

"ေရွာင္နင္၊ ဒီလက္ဖက္ရည္ နည္းနည္းအရသာခံၾကည့္"

နင္နင္ ဒါ႐ိုက္တာရဲ႕လက္ထဲက လက္ဖက္ရည္ကို ကမ္းယူၿပီး တစ္ငုံေသာက္ကာ ေမးလိုက္တယ္။ "႐ိုက္ကူးေရး ဘယ္ေတာ့မွစမွာလဲ?"

ဒါ႐ိုက္တာရဲ႕မ်က္ႏွာက မ်က္ႏွာပူၿပီး ေနရခက္မႈေၾကာင့္ နီရဲလို႔ေနတယ္။ "သူ႔ကိုျမန္ျမန္လာဖို႔ ေျပာထားၿပီးၿပီ၊ ငါးမိနစ္ေနရင္ေရာက္မယ္ပဲ ေျပာေနတယ္"

နင္နင္ဘာမွျပန္မေျပာဘဲ ၿပဳံးလိုက္တယ္။ ေျပာစရာရွိတာေတြအကုန္လုံး ႐ိုက္ကူးေရးအဖြဲ႕သားေတြ ေျပာၿပီးႏွင့္ၿပီျဖစ္တယ္။

"အဲ့တစ္ေယာက္က ဘယ္လိုလဲဟယ္၊ တစ္နာရီေလာက္ၾကာတာေတာင္ မေရာက္လာေသးဘူး၊ သူ႔ကိုယ္သူဟုတ္လွၿပီ ထင္ေနတာလား? သူ႔လိုလူက နင္က်ဲနဲ႔ ယွဥ္လို႔ရလို႔လား?"

"သူျပႆနာကို မီးထြန္းရွာေနတာလားေနာ္၊ နင္က်ဲသာ စိတ္ကသိကေအာက္ျဖစ္သြားလို႔ကေတာ့ ဇာတ္လိုက္ေနရာက ခ်က္ခ်င္း သူမ်ားဟာျဖစ္သြားမွာ!"

"သူ႔ကိုလူလဲပစ္စမ္းပါ! ငါ့ရဲ႕မင္းသားေလး ခ်န္႐ႊမ္းဟယ္နဲ႔လဲရင္ အေကာင္းဆုံးပဲ! ခ်န္႐ႊမ္းဟယ္နဲ႔နင္နင္ အတြဲ၊ အား၊ ငါတအားႀကိဳက္"

"စကားကိုၾကည့္ေျပာဦး၊ ငါၾကားတာ နင္က်ဲမွာ ေကာင္ေလးရွိတယ္တဲ့၊ ဒီအသိုင္းအဝိုင္းထဲက မဟုတ္ဘဲ စိတ္ေရာဂါကုဆရာဝန္ ဆိုလားပဲ"

ငါးမိနစ္ခန႔္ၾကာၿပီးေနာက္မွာ ဒါ႐ိုက္တာက နာရီကိုငုံ႔ၾကည့္ၿပီး အႀကံေတြျပည့္ေနတဲ့အၿပဳံးကို တပ္ဆင္ကာ ေလွ်ာက္ထြက္လို႔သြားတယ္... သူတစ္ေယာက္ေယာက္ကို သင္ခန္းစာေကာင္းေကာင္း သြားေပးေတာ့မယ္ပုံပင္။

နင္နင္က လက္ဖက္ရည္ခြက္ကို ကိုင္ထားရင္း ကုလားထိုင္ေပၚမွာထိုင္ကာ အေတြးထဲေမ်ာေနမိတယ္။

တစ္ႏွစ္ဆိုတဲ့အခ်ိန္က မသိလိုက္မသိဘာသာနဲ႔ ကုန္လြန္သြားခဲ့ၿပီျဖစ္တယ္။ မ်က္ႏွာဖုံးနဲ႔လူေတြ ဖန္တီးခဲ့တဲ့ ႐ုတ္႐ုတ္သဲသဲ အျဖစ္အပ်က္ႀကီးကို 'ကမာၻပ်က္ေတာ့မယ္' ဆိုၿပီး တစ္ခ်ိန္တုန္းက လူေျပာမ်ားခဲ့ေပမဲ့ အခ်ိန္ကုန္လြန္လာတာနဲ႔အမွ် အဲ့ဒီအေၾကာင္းကို ေျပာေနၾကတဲ့လူေတြလည္း ပိုပိုၿပီးနည္းပါးလာခဲ့တယ္။ အခုအခ်ိန္မွာ အဲ့ဒီအေၾကာင္းအရာကို အမွတ္တရရွိတဲ့လူေတာင္ အမ်ားႀကီးမရွိေတာ့ေပ။

သူမ လမ္းအနီ၊ အမွတ္ (၃၅) ကို ျပန္လည္သြားေရာက္ၾကည့္ခဲ့ေပမဲ့ မနက္စာဆိုင္တစ္ဆိုင္ကိုသာ ေတြ႕ခဲ့ရတယ္။ အနီးအနားကလူတိုင္းကလည္း အဲ့ဒီမနက္စာဆိုင္က အၿမဲတမ္းအဲ့ဒီေနရာမွာ ရွိေနတာျဖစ္ၿပီး ဖြင့္ထားတာ ဆယ္စုႏွစ္တစ္ခုေလာက္ေတာင္ ရွိေနၿပီလို႔သာ ေျပာၾကတယ္။

အရာအားလုံးက သူမတစ္ေယာက္တည္းမက္ခဲ့တဲ့ အိပ္မက္တစ္ခုလိုပင္။

"ဟမ္?" နင္နင္ေခါင္းလွည့္ၾကည့္လိုက္တယ္။ သူမရဲ႕ဖုန္းက ျမည္သံနဲ႔အတူ လင္းလက္လို႔လာတယ္။ သူမလက္ဆန႔္ထုတ္ကာ ဖုန္းကိုယူၾကည့္လိုက္ၿပီးတာနဲ႔ မွင္တက္သြားရတယ္။

သူမဖုန္းထဲမွာ app အိုင္ကြန္ အသစ္တစ္ခု ရွိေနတယ္။

ထိုအိုင္ကြန္ပုံစံက အနီေရာင္ေအာ္ပရာဇာတ္႐ုံတစ္ခု ျဖစ္တယ္။ App နာမည္က...

ဘဝ႐ုပ္ရွင္႐ုံ။

နင္နင္ထိုအိုင္ကြန္ကို အခ်ိန္အေတာ္ၾကာတဲ့အထိ စိုက္ၾကည့္ေနမိတယ္။ သူမရဲ႕လက္ေခ်ာင္းက နိမ့္ခ်ည္ျမင့္ခ်ည္ အႀကိမ္အနည္းငယ္ ျဖစ္လို႔ေနတယ္။ အဆုံးမွာ သူမအံကိုႀကိတ္ၿပီး ႏွိပ္ခ်လိုက္တယ္။

လုပ္ေဆာင္ေနတဲ့စာမ်က္ႏွာအၿပီးမွာ login စာမ်က္ႏွာတစ္ခု ေပၚထြက္လို႔လာတယ္။

သူမတစ္ေခါက္ႏွိပ္ၿပီးၿပီဆိုကတည္းက ေနာက္တစ္ေခါက္ ထပ္ႏွိပ္ရတာက သိပ္အေရးမႀကီးေတာ့ေပ။ သူမဖုန္းမ်က္ႏွာျပင္ေပၚက login ခလုတ္ကို ႏွိပ္ခ်လိုက္တယ္။

ေ႐ြးခ်ယ္စရာသုံးခု ထြက္ေပၚလို႔လာတယ္။

တစ္: ဧည့္သည္ဝင္ေပါက္။

ႏွစ္: ခိုးဝင္ ဝင္ေပါက္။

သုံး: ပိုင္ရွင္ဝင္ေပါက္။

နင္နင္ပထမဆုံးတစ္ခုကို ႏွိပ္လိုက္တယ္။ ဝင္လို႔မရေပ။ သူမအၾကာႀကီးတြန႔္ဆုတ္ေနၿပီးေတာ့ ဒုတိယတစ္ခုကို ႏွိပ္ခ်လိုက္ျပန္တယ္။ အဲ့ဒါလည္းမရေပ။

"ပိုင္ရွင္...ပဲက်န္တာလား?" နင္နင္မ်က္ေမွာင္ၾကဳတ္လိုက္တယ္။ သူမရဲ႕လက္ေခ်ာင္းက တတိယေ႐ြးခ်ယ္မႈအေပၚကို ျဖည္းျဖည္းခ်င္း က်ေရာက္လာခဲ့တယ္။

႐ိုက္ကူးေရးအဖြဲ႕ဝင္တစ္ဦးက သူမအေနာက္ကေန ျဖတ္ေလွ်ာက္လို႔သြားတယ္။

ေနာက္တစ္စကၠန႔္အတြင္းမွာ–

သူမအေနာက္ဘက္ျမင္ကြင္းက လႈပ္ရွားသြားလာေနၾကတဲ့ ႐ုပ္ရွင္႐ုံဧည့္သည္ေတြနဲ႔ မ်က္ႏွာဖုံးနဲ႔လူေတြအျဖစ္ကို ေျပာင္းလဲလာခဲ့ၿပီျဖစ္တယ္။

နင္နင္ေဘးပတ္ဝန္းက်င္ကို ေဝ့ဝဲၾကည့္လိုက္တယ္။ သူမက ဧည့္ခန္းအက်ယ္ႀကီးရဲ႕အလယ္မွာ မတ္တတ္ရပ္လို႔ေနတယ္။ သလင္းေက်ာက္မီးဆိုင္းႀကီးတစ္ခုက သူမရဲ႕ေခါင္းေပၚမွာ တြဲလြဲက်ေနၿပီး အခန္းတစ္ခုလုံးကို လင္းထိန္ေနေစတယ္။

ေပါက္ေပါက္ဆုပ္စက္ေတြနဲ႔ အ႐ုပ္ေကာက္ဂိမ္းစက္ေတြက ေဟာခန္းထဲမွာ အျခားအရာေတြနဲ႔အတူ ရွိလို႔ေနတယ္။ ႐ုပ္ရွင္စတင္မွာကိုေစာင့္ဆိုင္းေနၾကတဲ့ ဧည့္သည္ေတြက ဒီဧည့္ခန္းထဲမွာစုစည္းကာ မ်က္ႏွာဖုံးနဲ႔လူေတြရဲ႕ ၫႊန္ၾကားမႈအလိုက္ ေဈးဝယ္ထြက္လိုက္ ကစားလိုက္နဲ႔ အခ်ိန္ျဖဳန္းေနၾကတယ္။

"ေနာက္ထပ္႐ုပ္ရွင္စပါေတာ့မယ္၊ ဧည့္သည္တို႔၊ ခန္းမနံပါတ္(၁)ဆီ သြားေပးၾကပါ"

နင္နင္ျမန္ျမန္ပဲ အေနာက္လွည့္ၾကည့္လိုက္တယ္။ လူေတြနဲ႔ မ်က္ႏွာဖုံးနဲ႔လူေတြက အနီေရာင္ေကာ္ေဇာဦးေဆာင္ထားတဲ့ ခန္းမဆီကို ေလွ်ာက္လွမ္းသြားေနၾကတယ္။

"ခိုးဝင္လာသူ သုံးေယာက္ရွိပါတယ္၊ ေလာေလာဆယ္ ဧည့္ခန္းထဲမွာပါ၊ ေက်းဇူးျပဳ၍ သူတို႔ကိုထိန္းသိမ္းၿပီး ခန္းမနံပါတ္(၂)ဆီ ပို႔ေဆာင္ေပးဖို႔ တံခါးေစာင့္ကို အသိေပးပါတယ္"

လူရမ္းကားေတြပုံစံနဲ႔ လူသုံးေယာက္က နင္နင့္ကိုျဖတ္ၿပီး ကပ်ာကယာေျပးသြားၾကတယ္။ "ဖယ္စမ္း!" သူတို႔ထဲကတစ္ေယာက္က နင္နင့္ကိုၾကမ္းျပင္ေပၚ ျပဳတ္က်ေအာင္ေတာင္ တြန္းခ်လို႔သြားတယ္။

ေနာက္တစ္စကၠန႔္အတြင္းမွာ ဓားရွည္ေပါင္းမ်ားစြာက သူတို႔ရဲ႕ေက်ာအေနာက္ဘက္ကေန ထြက္ေပၚလို႔လာတယ္။ ထိုဓားရွည္ေတြက သူတို႔ရဲ႕အက်ႌလက္နဲ႔ ေဘာင္းဘီစေတြကို ထိုးေဖာက္သြားၿပီး သူတို႔ကိုနံရံမွာ ကပ္တြယ္သြားေစတယ္။ သူတို႔သုံးေယာက္လုံး ဘာဒဏ္ရာမွမရၾကေပမဲ့ တစ္ေယာက္က သူ႔ရဲ႕ေဘာင္းဘီထဲ အေပါ့သြားခ်လိုက္မိကာ က်န္တဲ့ႏွစ္ေယာက္က သရဲေတြ ေခြးေတြလိုမ်ိဳး အီေနျမည္တမ္းေနၾကတယ္။

"က်န္တာမင္းတို႔ပဲဂ႐ုစိုက္လိုက္ေတာ့" ေလးတြဲ႕တဲ့အသံတစ္ခုက နင္နင့္ရဲ႕အ‌ေနာက္ကေန ထြက္ေပၚလို႔လာတယ္။ အဲ့ဒီေနာက္မွာ လက္ေဖ်ာက္တီးသံတစ္သံပါ တြဲပါလာခဲ့တယ္။ "မင္းတို႔စိတ္ႀကိဳက္လုပ္လို႔ရတယ္"

မ်က္ႏွာဖုံးနဲ႔လူတစ္စုက ထိုလူသုံးေယာက္အနားကို စိတ္အားထက္သန္စြာနဲ႔ အေျပးေရာက္လာၾကတယ္။ သူတို႔က အဲ့ဒီခိုးဝင္သုံးေယာက္ကို ‌မီးပုံပြဲအတြက္အသုံးခ်မယ့္ သိုးေတြလိုမ်ိဳး သူတို႔ရဲ႕ေခါင္းေပၚေျမႇာက္တင္ၿပီး ခန္းမ(၂)ဆီ ေခၚေဆာင္လို႔သြားတယ္။

"ငါ့ကိုခ်ေပး!"

"မင္းတို႔ကဘာေကာင္ေတြလဲ?!"

"ဒါကေသာက္က်ိဳးနည္း ဘယ္လိုေနရာႀကီးလဲ?!"

ခိုးဝင္သုံးေယာက္က ေအာ္ဟစ္ငိုေႂကြးသံေတြနဲ႔အတူ ခန္းမနံပါတ္(၂)ထဲ ဝင္ေရာက္ေပ်ာက္ကြယ္လို႔သြားတယ္။

နင္နင္သက္ျပင္းတစ္ခ်က္လႊတ္ထုတ္ၿပီး ေခါင္းလွည့္ၾကည့္လိုက္တယ္။ "ဒါက... ဘယ္ေနရာလဲ?"

"ဘဝ႐ုပ္ရွင္႐ုံေလ" ရွီက်ဳံးထန္က အၿပဳံးတစ္ခုနဲ႔ သူမေဘးကို ဒူးတစ္ဖက္ေထာက္ခ်လာတယ္။ "မထူးဆန္းပါဘူး၊ ဘဝေအာ္ပရာဇာတ္႐ုံက ဘဝ႐ုပ္ရွင္႐ုံျဖစ္လာတယ္၊ ဘဝ႐ုပ္ရွင္႐ုံကေန ဘဝ႐ုပ္ရွင္႐ုံ app ျဖစ္လာတယ္– ဒီငတိက အၿမဲတမ္း အဆင့္ဆင့္ ေျပာင္းလဲေနခဲ့တာပဲ"

"အဆင့္ဆင့္ေျပာင္းလဲတယ္? ဘယ္လိုမ်ိဳး အဆင့္ဆင့္ေျပာင္းလဲတာလဲ?" နင္နင္ေမးလိုက္တယ္။

ရွီက်ဳံးထန္က ေခါင္းငဲ့ကာ သူ႔ရဲ႕တံေတာင္ကိုေကြးၿပီး သူမအေရွ႕ဆန႔္ထုတ္ေပးလို႔လာတယ္။ သူမရဲ႕လက္ေမာင္းကို သူ႔လက္ေမာင္းနဲ႔ခ်ိတ္ဖို႔ အခ်က္ျပေနတာပင္။

"လာ၊ ကိုယ္မင္းကို ႐ုပ္ရွင္ၾကည့္ရင္းနဲ႔ ေျပာျပမယ္" သူက အနည္းငယ္ခါးသီးသလိုမ်ိဳး သက္ျပင္းခ်လာတယ္။ "ေနာက္ဆုံး ကိုယ္တို႔ႏွစ္ေယာက္ ျပန္ေတြ႕ၾကၿပီကို၊ ဒီအေၾကာင္းခ်ည္းပဲ ေျပာမွျဖစ္မွာလား?"

"...အဲ့ဒါဆို ေနာက္တစ္ေခါက္မွေျပာမယ္" နင္နင္သူမရဲ႕လက္ကို သူ႔လက္ေမာင္းနဲ႔ခ်ိတ္လိုက္တယ္။ သူ႔ရဲ႕အားအင္ကိုငွားယူကာ မတ္တတ္ထရပ္ၿပီး သူမမ်က္ဝန္းေထာင့္က မ်က္ရည္စက္ကို အျခားလက္တစ္ဖက္နဲ႔ သုတ္လိုက္တယ္။ "ဒီေန႔ေတာ့ ဒီတိုင္းခ်ိန္းေတြ႕ၾကရေအာင္၊ ဟုတ္ၿပီလား?"

"...အင္း" ရွီက်ဳံးထန္က ညင္ညင္သာသာ ရယ္လာတယ္။ "ကိုယ္ဒီေန႔ကို အၾကာႀကီးေစာင့္ေနခဲ့ရတာ"

ဒီည၊ ဘဝ႐ုပ္ရွင္႐ုံမွာ ႐ုပ္ရွင္ဇာတ္ကားအသစ္တစ္ခု ႐ုံတင္ခဲ့တယ္။

နံရံေပၚမွာခ်ိတ္ထားတဲ့ LEDဆိုင္းဘုတ္ေပၚမွာ စကားလုံးေတြနဲ႔ ႐ုပ္ရွင္နာမည္အသစ္တစ္ခု ထြက္ေပၚလို႔လာတယ္။

႐ုပ္ရွင္နာမည္: ဘဝ႐ုပ္ရွင္႐ုံ။

· · ┈┈┈ ·ၿပီးပါၿပီ· ┈┈┈ · ·


စာေရးသူမွာေျပာစရာရွိပါတယ္:

ဟိုးေရွးေရွးတုန္းက ေသတၱာက ေလးပိုင္းသြားကြဲခဲ့သတဲ့။ ဆိုေတာ့ ပိုင္ရွင္ရဲ႕အစြမ္းကလည္း ေလးခုကြဲသြားခဲ့ပါတယ္။ ဆိုလိုတာက အခု နင္ေမ့ရဲ႕ေနရာကို စိန္ေခၚႏိုင္တဲ့ အလားအလာရွိတဲ့လူ အနည္းဆုံးသုံးေယာက္ ရွိေနပါတယ္...

ဒါေပမဲ့ အဲ့ဒါက ေနာက္တစ္ေခါက္အတြက္ ဇာတ္လမ္း။ ဒီႏွစ္ထဲေရးဖို႔ စိတ္ကူးမရွိေသးပါ! ဝတၳဳအမ်ိဳးအစားတစ္ခုတည္းကို ဆက္တိုက္ေရးလာရတာ ငါတကယ္ေသခ်င္လာၿပီ! အျခားဟာတစ္ခုခု ေရးပါရေစ! ျဖဴစင္တဲ့အခ်စ္ကိုေရးမယ္!! ေျပာျပရဦးမယ္၊ ငါ့ရဲ႕ေခါင္းထဲမွာ ျဖဴစင္တဲ့အခ်စ္ဇာတ္လမ္း တစ္ရာနဲ႔ရွစ္ပုဒ္ေလာက္ ရွိတယ္။ အဲ့ဒါေတြထဲက လုံးဝေၾကာက္ဖို႔မေကာင္းဆုံးတစ္ခုကို ေ႐ြးၿပီးတဲ့အထိ ေစာင့္ေပးၾကပါ...

· · ꕥ · ·

ဘာသာျပန္သူမွတ္ခ်က္:

ေက်းဇူးပါ။ ေက်းဇူးပါ။ ေက်းဇူးပါ။ တစ္ႏွစ္စြန္းစြန္းအၿပီးမွာ နိဂုံးခ်ဳပ္ႏိုင္ခဲ့ပါၿပီ။ ဒီတစ္ႏွစ္စြန္းစြန္းမွာ ကိုယ္ျဖတ္ေက်ာ္ခဲ့ရတာေတြလည္း အမ်ားႀကီးပါပဲ။ ဒီတစ္ေလွ်ာက္လုံး ကိုယ့္ေဘးမွာ နင္က်ဲ၊ ပါးပါးနဲ႔ ရွီထို႔ေကာေရာ၊ ဒီကအားလုံးေရာ ရွိခဲ့တာကို တကယ္အမွတ္ရစရာလို႔ ခံစားရပါတယ္။ ဟိုးအစကတည္းက တစ္ပတ္ကို၃-၄ပိုင္း အခ်ိန္မွန္မွန္တင္ဖို႔ အေကာင္းဆုံးႀကိဳးစားလာခဲ့ၿပီး အဆုံးနားေလာက္မွ အခ်ိန္မမွန္တာေတြ နည္းနည္းျဖစ္သြားတာလည္း ဆိုးတာတစ္ခုပါ... ဘာပဲျဖစ္ျဖစ္ ကိုယ့္ရဲ႕ဘာသာျပန္တာကို ဖတ္ရအဆင္ေျပခဲ့မယ္လို႔ ေမွ်ာ္လင့္ပါတယ္။

ေနာက္ထပ္တစ္ခုခု ဘာသာျပန္ဖို႔ စဥ္းစားထားတာမရွိေသးပါ။ စိတ္ဝင္စားဖို႔ေကာင္းၿပီး ျမန္မာဘာသာျပန္မရွိေသး/ ကိုယ့္ဘာသာျပန္နဲ႔ လိုက္ဖက္လိမ့္မယ္လို႔ထင္တဲ့ ရတနာတစ္ခုခုရွိရင္ အခ်ိန္မေ႐ြး DM ႏိုင္ပါတယ္။ ကိုယ္တစ္ခုခုကို ေသခ်ာမဖတ္တာလည္း ၾကာၿပီမလို႔ပါ။

အခ်ပ္ပိုႏွစ္ခ်ပ္ကို သိပ္မၾကာခင္ တူတူတြဲတင္ေပးပါမယ္။ အားလုံးပဲ၊ အခုေတာ့ တာ့တာပါ!

· ┈ · ꕥ · ┈ · 

Comment