{Unicode}
အခန်း ၁၁၈: အချိန်ရေတွက်ခြင်း
"...နောက်တာပါ" လီရှန့်ကျူပုခုံးတွန့်ပြီးပြုံးလာတယ်။ "ကျွန်တော်အောက်ထပ်စတိုးဆိုင်မှာ ကျဲအတွက်အသုံးအဆောင်တွေသွားဝယ်ဦးမယ်၊ သွားတိုက်တံရယ် မျက်နှာသုတ်ပဝါရယ်ကလွဲရင် အခြားဘာလိုဦးမလဲ?"
သူတကယ်နောက်တာလား? နင်နင်သူ့ကိုသံသယတွေနဲ့ကြည့်လိုက်တယ်။ "သူတို့မှာအတွင်းခံရောင်းလား?"
"အ၊ အတွင်းခံ?!" လီရှန့်ကျူရဲ့အသံက ရုတ်တရက် အသံ၈ဆင့်လောက်မြင့်သွားတယ်။ သူက နီရဲလာနေတဲ့သူ့ရဲ့မျက်နှာကိုကာပြီး ထစ်ထစ်အအပြောလာတယ်။ "အဲ့၊ အဲ့ဒါက..."
"နောက်တာပါ" နင်နင်ပြုံးလိုက်တယ်။ "အဲ့ဒါတွေကိုကျွန်မဘာသာဝယ်မယ်"
သူမတို့နှစ်ယောက်တူတူ အောက်ထပ်စတိုးဆိုင်ဆီ ဆင်းလာခဲ့ကြတယ်။ သူမကပဲနေကာမျက်မှန်၊ ဦးထုပ်နဲ့ နှာခေါင်းစည်းဝတ်ထားလို့လား ကျန်းရှင်းအိုက်ကပဲ အဲ့လောက်နာမည်မကြီးလို့လားမသိပေမဲ့ ဘယ်သူမှသူမကိုသတိမထားမိကြပေ။ သွားတိုက်တံ၊ မျက်နှာသုတ်ပဝါ၊ အတွင်းခံ– အားလုံးကိုလီရှန့်ကျူရဲ့ပိုက်ဆံနဲ့ ဝယ်ခဲ့တာဖြစ်တယ်။
ပိုက်ဆံရှင်းနေတဲ့အချိန်မှာ နင်နင်သူ့ရဲ့ပိုက်ဆံအိတ်ထဲကို တစ်ချက်လှမ်းကြည့်လိုက်တယ်။ တက္ကသိုလ်ကျောင်းသားတစ်ယောက်မှာ ပိုက်ဆံအများကြီးမရှိနေပါချေ။ ပိုက်ဆံရှင်းပြီးတာနဲ့ သူ့မှာရှိတာအကုန် ကုန်သွားလောက်တယ်။
"ကျွန်မ..." နင်နင်ပိုက်ဆံအိတ်ထုတ်ဖို့လုပ်လိုက်တဲ့အချိန်မှာပဲ ရုတ်တရက်ရဲစခန်းအရှေ့ကို ပြန်ရောက်သွားတယ်။
သူမဘယ်လိုလုပ်ပြီးမေ့သွားရတာလဲ? ကျန်းရှင်းအိုက်က ကပ်ဖားရပ်ဖားလုပ်တဲ့နေရာမှာ အတော်ဆုံးပဲဖြစ်တယ်– ညစာကပ်ဖားရပ်ဖားစားတယ်၊ အခွင့်အရေးကိုကပ်ဖားရပ်ဖားယူတယ်– တစ်ယောက်ယောက်က ပိုက်ဆံရှင်းပေးဖို့ပြင်နေတဲ့အချိန်မှာ သူမရဲ့ကိုယ်ပိုင်ပိုက်ဆံကို တစ်ပြားမှထုတ်သုံးမှာမဟုတ်ပါချေ။
အဲ့ဒါကြောင့်မလို့ အခုနင်နင်လက်ဗလာဖြစ်နေတာဖြစ်တယ်။ သူမကတစ်ပြားမှမပေးခဲ့တဲ့အပြင် အိတ်တွေကိုလည်းဝိုင်းမသယ်ပါချေ။ လီရှန့်ကျူအိတ်တွေကိုမနိုင်မနင်းသယ်ရင်း အပေါ်ထပ်တက်သွားနေတာကိုသာ အနောက်ကနေပြုံးပြီးကြည့်လို့နေတယ်။
လီရှန့်ကျူကတစ်ယောက်တည်း တောက်တိုမယ်ရတွေ လိုက်လုပ်နေတယ်။ သူကသူမရဲ့ပစ္စည်းတွေကို နေရာချပေးရုံတင်မကဘူး သူမအတွက်အိပ်ရာပါခင်းပေးသေးတယ်။
သူအိပ်ခန်းထဲကနေပြန်ထွက်လာတဲ့အချိန်မှာ မျက်နှာကြက်ပန်ကာကိုတစ်ချက်ကြည့်လိုက်တယ်။ ပန်ကာကငြိမ့်ငြိမ့်ညောင်းညောင်းလည်ပတ်နေပြီး နင်နင်ရဲ့လှိုင်းတွန့်ဆံနွယ်တွေက ညင်ညင်သာသာဝေ့ယမ်းလို့နေတယ်။ သူမလက်ထဲက နှုတ်ခမ်းဆီတောင့်ကိုလှည့်ဖွင့်ကာ မက်မွန်သီးတစ်လုံးလို နူးညံ့စိုစွတ်နေတဲ့ သူမရဲ့နှုတ်ခမ်းအပေါ်မှာ ပွတ်ဆွဲလိုက်တယ်။
ပြီးတော့သူမ လီရှန့်ကျူကိုမော့ကြည့်ကာ ပြောလိုက်တယ်။ "ဒီနားလာခဲ့"
လီရှန့်ကျူကသူမရဲ့နှုတ်ခမ်းကို စိတ်လွတ်နေသလိုမျိုး ကြည့်လို့နေတယ်။ သူခြေလှမ်းကျဲကျဲတွေနဲ့ သူမအနားကိုလျှောက်လာခဲ့တယ်။ သူမအနားနီးကပ်လာလေလေ သူမကိုတည့်တည့်ကြည့်ဖို့ မဝံ့ရဲလေလေပဲဖြစ်တယ်။ သူမလက်မြှောက်ပြီး နှုတ်ခမ်းဆီတောင့်ကို ဆန့်တန်းထုတ်လာတဲ့အခါ သူပိုပြီးတော့တောင် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်နေမိတယ်။
"ရှောင်၊ ရှောင်အိုက်ကျဲ..." သူပျာယာခတ်စွာပြောလာတယ်။
"မလှုပ်နဲ့" နင်နင်သူ့ကိုပြောလိုက်တယ်။ "စကားမပြောနဲ့"
လီရှန့်ကျူကနေရာမှာပဲ လိမ်လိမ်မာမာရပ်ကာ သူမလက်ထဲကနှုတ်ခမ်းဆီတောင့်နဲ့ သူ့ရဲ့နှုတ်ခမ်းပေါ် စိတ်တိုင်းကျပွတ်ဆွဲလာတာကို ငြိမ်ငြိမ်လေးခံလို့နေတယ်။
"ပြီးပြီ" နင်နင်လက်ပြန်သိမ်းပြီး ပြုံးကာပြောလိုက်တယ်။ "ရာသီဥတုကြောင့်ဖြစ်မယ် ရှင့်ရဲ့နှုတ်ခမ်းတွေခြောက်နေတာ၊ ရပြီအခု၊ ကျွန်မရေသွားချိုးတော့မယ်"
"ဟမ်၊ အမ်း..." လီရှန့်ကျူကစိတ်နဲ့ကိုယ်နဲ့မကပ်သေးပေ။ သူ့ရဲ့မျက်လုံးတွေက ခုနကဝယ်လာတဲ့ ညဝတ်အင်္ကျီနဲ့ အတွင်းခံကိုကောက်ယူပြီး ရေချိုးခန်းရှိရာကိုလျှောက်သွားနေတဲ့ နင်နင့်ရဲ့ခန္ဓာကိုယ်နောက်ကို တစ်ကောက်ကောက်လိုက်နေဆဲဖြစ်တယ်။ သူမရုတ်တရက်အနောက်လှည့်ကာ သူ့ကိုတစ်ခုခုပစ်ပေးလာတယ်။ "ဖမ်း"
လီရှန့်ကျူလက်ဆန့်ထုတ်ပြီး ထိုအရာကိုဖမ်းလိုက်တယ်။
အဲ့ဒါကနှုတ်ခမ်းဆီတောင့်ဖြစ်တယ်။
"လက်ဆောင်" နင်နင်ပြောလိုက်တယ်။
လီရှန့်ကျူကထိုနှုတ်ခမ်းဆီတောင့်ကို လက်နှစ်စလုံးနဲ့ကိုင်လို့ထားတယ်– မသိရင် ဧကရာဇ်ရဲ့အမိန့်ပြန်တမ်းကို ကိုင်ထားရသလိုပင်။ မမျှော်လင့်ထားတဲ့ အခွင့်အရေးကိုရလိုက်သလိုမျိုး ထူပူသွားတဲ့သူ့ရဲ့အမူအရာက ချစ်စရာကောင်းပြီး ရယ်ချင်စရာလည်းကောင်းလို့နေတယ်။
နင်နင်သူ့ကိုပြုံးပြပြီး ရေချိုးခန်းထဲလျှောက်ဝင်သွားလိုက်တယ်။
ဒါကကျန်းရှန်းအိုက်ပဲ။ သူမရဲ့ပိုက်ဆံတစ်ပြားတစ်ချပ်စီတိုင်းက အဲ့ဒါနဲ့တန်တဲ့တစ်စုံတစ်ခုအပေါ်မှာ အသုံးချခံရတယ်။ တစ်ဖက်လူကို သူမရဲ့ချစ်ခင်နှစ်လိုမှုကိုခံစားစေရမယ်၊ တစ်ဖက်လူကို တစ်ခုခုလက်ဆောင်ရလိုက်သလိုမျိုး ခံစားစေရမယ်၊ တစ်ဖက်လူသူမကို ပိုပြီးသဘောကျအောင် ဖန်တီးနိုင်ရမယ်။
အခုခံလိုက်ရတဲ့ လီရှန့်ကျူလိုပင်။
ဒီနေ့အကြောင်းကို အနာဂတ်တစ်ချိန်ချိန်မှာ ပြန်စဉ်းစားမိရင် သူ့ရဲ့ပိုက်ဆံအိတ်ပြားချပ်သွားတာကို စဉ်းစားမိမှာမဟုတ်သလို သူမရဲ့တောက်တိုမယ်ရတွေ လိုက်လုပ်ပေးရတာကိုလည်း စဉ်းစားမိမှာမဟုတ်ချေ။ သူသတိရနေမယ့်တစ်ခုတည်းသောအရာက– အမှတ်အရဆုံးဖြစ်နေမယ့် တစ်ခုတည်းသောအရာက– သူ့လက်ထဲကနှုတ်ခမ်းဆီတောင့်ပဲဖြစ်တယ်။
ရေစက်တွေကသူမကိုယ်ပေါ်ကို မိုးသီးမိုးပေါက်တွေလိုမျိုး ကျဆင်းလို့နေတယ်။ နင်နင်သက်ပြင်းချလိုက်တယ်။ "အချစ်ကိုပထမဆုံးခံစားဖူးတဲ့ ကောင်လေးတစ်ယောက်လိုပဲ... အဲ့နှုတ်ခမ်းဆီက ယွမ်ငါးဆယ်လောက်ပဲကျတာကို"
ရေချိုးခန်းအပြင်ဘက်ကနေ ဖုန်းသံထွက်ပေါ်လာခဲ့တယ်။ အဲ့ဒါကနင်နင့်ရဲ့ဖုန်းပဲဖြစ်တယ်။
သူမရဲ့နှလုံးတစ်ချက်ဆောင့်ခုန်သွားတယ်။ ဖုန်းခေါ်လာတဲ့လူက ဟိုင်ကော၊ ရှောင်ခယ့်၊ ဒါမှမဟုတ် သူမရဲ့အခြားရည်းစားတွေမဖြစ်ပါစေနဲ့လို့ နင်နင်ဆုတောင်းနေမိတယ်။ သူမရေကိုအလောတကြီးပိတ်ကာ အပြင်ဘက်ကိုအော်ပြောလိုက်တယ်။ "ရှန့်ကျူ၊ ဖုန်းတစ်ချက်ယူခဲ့ပေးလို့ရလား?"
ဖုန်းမြည်သံကတဖြည်းဖြည်းနီးကပ်လာကာ တံခါးအရှေ့မှာရပ်သွားတယ်။ ရေချိုးခန်းတံခါး အနည်းငယ်ပွင့်ဟသွားပြီး ဖုန်းကိုင်ထားတဲ့လက်တစ်ဖက်က သတိတရှိနဲ့လျှိုဝင်လာခဲ့တယ်။
"ကျေးဇူးနော်" နင်နင်သူ့လက်ထဲကဖုန်းကို ထိတ်ထိတ်ပျာပျာနဲ့ဆွဲယူလိုက်တယ်။ သူတစ်ခုခုကြားသွားမှာစိုးတာကြောင့် သူမရေကိုပြန်ဖွင့်ပြီးတော့မှ ဖုန်းကိုင်လိုက်တယ်။ "ဟယ်လို"
"ကိုယ်ပါ" တစ်ဖက်ကနေဖေရွှမ်ရဲ့အသံထွက်ပေါ်လာခဲ့တယ်။
...အဆက်အသွယ်ဖြတ်ဖို့အခက်ဆုံးလူ ကိုယ်ယောင်ပြလာပြီပဲ!
"ရှင်ကျွန်မကိုဖုန်းခေါ်ရဲသေးတယ်?" နင်နင်အသက်ပြင်းပြင်းရှူသွင်းလိုက်တယ်။ "ရှင့်ကိုရဲတွေအသည်းအသန်လိုက်ရှာနေကြတယ်"
"ဒါဆိုကိုယ့်ကိုသူတို့ရှာတွေ့ပါစေလို့ မင်းမျှော်လင့်နေတာလား?" ဖေရွှမ်မေးလာတယ်။
"...သေချာတာပေါ့" နင်နင်အေးစက်စွာပြောလိုက်တယ်? "ရှင်ကျွန်မအိမ်ထဲမှာလူသတ်သွားတာ ဘယ်လောက်ထိဒုက္ခများရလဲသိလား?"
"ဟားဟား၊ နှစ်နည်းနည်းလောက်မတွေ့ရတာ မင်းသူများကိုအပြစ်ဖို့တဲ့အရည်အချင်းက တိုးတက်လာပြီပဲ" ဖေရွှမ်ကရယ်မောလာတယ်။ သူချီးကျူးနေတာလား လှောင်နေတာလားဆိုတာကို နင်နင်အတိအကျမပြောနိုင်ပါချေ။ "မင်းရဲ့သတ္တိလည်းကြီးလာသားပဲ၊ လူတောင်သတ်ရဲနေပြီဆိုတော့"
"ဘာစကားတွေပြောနေတာလဲ?" နင်နင်သူ့ရဲ့စွပ်စွဲချက်ကိုကြားပြီး လန့်ဖြန့်သွားရတယ်။ "ရှင်သူ့ကိုသတ်လိုက်တာလေ!"
"ဟင့်အင်း၊ ကိုယ်ထောင်ထဲကနေထွက်လာတာ ဘယ်လောက်မှမကြာသေးတာ၊ လူသတ်ပြီးပြဿနာရှာပါ့မလား" ဖေရွှမ်ကအေးအေးဆေးဆေးပြောလာတယ်။ "ပြီးတော့ ကိုယ်ဘယ်လိုလူလဲဆိုတာကို မင်းလည်းသိသင့်နေပြီ... ကိုယ်သာလူသတ်ချင်ရင် ကိုယ့်လက်ကိုယ်အညစ်ပတ်ခံပါ့မလား?"
နင်နင်ခဏလောက်စဉ်းစားကြည့်လိုက်တယ်။ သူပြောတာလည်းမမှားနေပေ။
ဒီလူမှာနောက်လိုက်တွေရှိလာကတည်းက ညစ်ပတ်တဲ့အလုပ်တွေကို သူကိုယ်တိုင်မလုပ်တော့ပေ။ ပြီးတော့လည်း သူကမလိုအပ်ဘဲ လူသတ်တာမျိုးလည်းမရှိပေ။ သူရင့်ကျက်နေလို့မဟုတ်ပေမဲ့ သူသိထားတဲ့အသိပညာတွေက များနေလွန်းလို့ဖြစ်တယ်– လူသတ်တာကပြစ်မှုကြီးလေးတယ်ဆိုတာကို သူသိထားတာကြောင့် သူ့လက်နဲ့ကိုယ်တိုင် ဘယ်တော့မှသတ်မှာမဟုတ်ပါချေ။ လိုအပ်လာရင် အခြားလူတစ်ယောက်ရဲ့လက်နဲ့သာ အငှားသတ်မှာဖြစ်တယ်။
"...ကိုယ်အခုရထားပေါ်တက်တော့မှာ" ဖေရွှမ်ပြောလာတယ်။ "ဒါကိုယ်တို့နှစ်ယောက်ရဲ့ နောက်ဆုံးအဆက်အသွယ်ဖြစ်လောက်တယ်၊ ရှောင်အိုက် မင်းကိုယ်မင်းဂရုစိုက်နော်"
"ခဏ!" နင်နင်ကပျာကယာအော်ပြောလိုက်တယ်။ "ကျွန်မကိုယ်ကျွန်မဂရုစိုက်ဆိုတာ ဘာကိုပြောတာလဲ? ရှင်တစ်ခုခုသိထားတာလား?"
သူဘာဖြစ်လို့သူမကိုဖုန်းခေါ်လာတာလဲ? နင်နင်သေချာမသိပေ။ သူဒီတိုင်းနေကောင်းလား ကျန်းမာလားမေးချင်တာဖြစ်နိုင်သလို၊ သူမကတကယ့်လူသတ်သမားလားဆိုတာကို အတည်ပြုချင်တာလည်း ဖြစ်နိုင်တယ်။ အကယ်၍သူပြောတာသာအမှန်ဆိုရင် သူမတို့နှစ်ယောက်ထဲက တစ်ယောက်ကမှ လူသတ်သမားမဟုတ်နေပေ။ အဲ့ဒါဆိုဘယ်သူကလူသတ်သမားလဲ?
သူမရေချိုးပြီးတော့ ညအိပ်အင်္ကျီကိုမြန်မြန်ဝတ်လိုက်တယ်။ နင်နင်မျက်နှာသုတ်ပုဝါနဲ့ ဆံပင်တွေကိုသုတ်ရင်း သူမအရှေ့မှာထိုင်နေတဲ့ လီရှန့်ကျူကိုကြည့်လိုက်တယ်။ "နောက်ကျနေပြီ၊ ကျောင်းမပြန်သေးဘူးလား?"
လီရှန့်ကျူကပြတင်းအပြင်ဘက်ကို နေရခက်စွာနဲ့တစ်ချက်ကြည့်လာတယ်။
နင်နင်လည်းသူကြည့်နေတဲ့နေရာကိုကြည့်လိုက်တယ်။ မိုးသီးမိုးပေါက်တွေက ဖန်ပြတင်းပေါ်ကို အညှာအတာမဲ့စွာရိုက်ခတ်လို့နေတယ်။ လျှပ်စီးတစ်လက်က နဂါးတစ်ကောင်လို ဒါမှမဟုတ် တိမ်မည်းတွေကြားတွားသွားနေတဲ့ မြွေတစ်ကောင်လိုမျိုး ကောင်းကင်ပြင်ပေါ် ဖြတ်သန်းလို့သွားတယ်။
"လူကြီးဖြစ်နေပြီကို၊ မိုးခြိမ်းတာကြောက်တုန်းပဲလား?" နင်နင်သူ့ကိုစလိုက်တယ်။
"အဲ့လိုမဟုတ်ဘူး" လီရှန့်ကျူက သူမအထင်သေးတာခံရမှာကို ကြောက်သလိုမျိုး ကပျာကယာပြန်ငြင်းလာတယ်။ "ဒီတိုင်း၊ ဒီတိုင်းမိုးတိတ်မှသွားမလို့စောင့်နေတာ..."
"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ ယုံပါတယ်" နင်နင်ကျိတ်ရယ်ရင်းနဲ့ မီးဖိုခန်းထဲလျှောက်ဝင်သွားကာ ရေတစ်ခွက်ငှဲ့လိုက်တယ်။
ရုတ်တရက်မိုးချုန်းသံတစ်ခု မြည်ဟည်းလာတယ်။ ရေငှဲ့ထည့်နေတဲ့သူမရဲ့လက်က တုန်ယင်သွားတာကြောင့် ရေတွေဖိတ်စင်သွားကာ ကြမ်းပြင်ပေါ်ကို မြွေတစ်ကောင်လိုမျိုး စီးကျလာခဲ့တယ်။
"အခုစဉ်းစားကြည့်တော့မှ..." နင်နင်ရေကိုလောင်းထည့်ရင်း သာမန်ကာလျှံကာအမူအရာနဲ့ မေးလိုက်တယ်။ "ကျွန်မရဲတွေနဲ့လိုက်သွားတဲ့အချိန် လူသေလောင်းကိုပါ သူတို့တွေတစ်ခါတည်းနေရာရွှေ့ခဲ့ကြတာ၊ သူရေချိုးခန်းထဲမှာသေသွားတယ်ဆိုတာကို... ရှင်ဘယ်လိုလုပ်ပြီးသိနေတာလဲ?"
သူမအနောက်မှာတိတ်ဆိတ်မှုက တဖြည်းဖြည်းတိုးကပ်လာလို့နေတယ်။
ရေငှဲ့နေတဲ့အသံနဲ့ မိုးစက်တွေပြတင်းပေါက်ကို ရိုက်ခတ်နေတဲ့အသံသာ ကျန်ရစ်တော့တယ်။
"...ရေဖိတ်နေပြီ" လီရှန့်ကျူရဲ့အသံက သူမရဲ့အနောက်ကနေ ရုတ်တရက်ထွက်ပေါ်လာခဲ့တယ်။ နီးလွန်းတယ်... သူရှူထုတ်လာတဲ့လေကိုတောင် သူမရဲ့လည်ပင်းပေါ်မှာ ခံစားမိလို့နေတယ်။
နင်နင်ထိတ်ထိတ်ပျာပျာနဲ့ ရေကရားကိုချပြီး ရေလျှံပြီဖြစ်တဲ့ဖန်ခွက်ကို ငုံ့ကြည့်လိုက်တယ်။ ကြည်လင်နေတဲ့ဖန်ခွက်ပေါ်မှာ အရောင်စုံလင်တဲ့ပုံရိပ်တွေ ထင်ဟပ်လို့နေတယ်။ သူမရဲ့အရောင်ရယ်၊ သူ့ရဲ့အရောင်ရယ်။
"...ရဲတစ်ယောက်ပြောပြတာ" လီရှန့်ကျူပြောလာတယ်။ "သူကလူသစ်ဖြစ်မယ်၊ ပါးစပ်မလုံဘဲ ကျွန်တော့်ကို လူသေအလောင်းအကြောင်းပြောပြခဲ့တာ"
"အို ဟုတ်လား?" နင်နင်ဖြည်းဖြည်းချင်းခေါင်းလှည့်ပြီး သူ့အနောက်မှာရပ်နေတဲ့ လီရှန့်ကျူကိုကြည့်လိုက်တယ်။ "အဲ့လိုကိစ္စမျိုးကိုထုတ်ပြောတယ်ဆိုတော့ တကယ်လူသစ်ဖြစ်ရမယ်"
လီရှန့်ကျူကသူမနဲ့တူတူလိုက်ပြုံးလာတယ်။ အဲ့ဒါကအပြစ်ကင်းစင်တဲ့အပြုံးပဲဖြစ်တယ်။
"...အား" နင်နင်ရုတ်တရက်ခေါင်းပြန်လှည့်ပြီး ပြတင်းအပြင်ဘက်ကိုကြည့်လိုက်တယ်။ "မိုးတိတ်သွားပြီထင်တယ်"
သူမပြတင်းပေါက်ဖွင့်ပြီး အပြင်ဘက်ကိုလက်ဆန့်ထုတ်လိုက်တယ်။ "တကယ်တိတ်သွားပြီ၊ ကျောင်းပြန်ရင်ပြန်တော့လေ"
လီရှန့်ကျူကမထွက်သွားချင်သလိုမျိုး အမူအရာကိုဖော်ပြနေပေမဲ့ သူမရဲ့စကားကိုနားထောင်ဆဲပဲဖြစ်တယ်။ "ဒါဆိုကျွန်တော်သွားတော့မယ်၊ ရှောင်အိုက်ကျဲလည်း ပင်ပန်းနေလောက်ပြီ၊ စောစောအိပ်ပါ"
နင်နင်, "ဟုတ်ပါပြီ၊ ကောင်းသောည"
လီရှန့်ကျူ, "ကောင်းသောညပါ"
သူထွက်သွားတာကိုကြည့်ပြီးနောက်မှာ နင်နင်တံခါးအရှေ့ကနေ မထွက်သွားပါချေ။ သူမချောင်းကြည့်ပေါက်အပေါ် မျက်လုံးကပ်ပြီး သူလှေကားအောက်ဆင်းသွားတာကို ကြည့်နေလိုက်တယ်။ ဆယ်မိနစ်လောက်ကြာပြီးတော့မှ သူမအိပ်ခန်းထဲဝင်ကာ အဝတ်အစားလဲပြီး အပြင်ထွက်ဖို့ပြင်လိုက်တယ်။ ပြီးတော့သူမလက်ဆန့်ထုတ်ကာ တံခါးလက်ကိုင်ကိုလှည့်လိုက်တယ်။
တံခါးလက်ကိုင်က ကလက်ခနဲအသံမြည်လာပေမဲ့ သူမအရှေ့ကတံခါးကတော့ တုတ်တုတ်မျှမလှုပ်ပါချေ။
...လီရှန့်ကျူတံခါးကို အပြင်ကနေသော့ခတ်သွားတာပဲ...
"ဟယ်လို" နင်နင်လီရှန့်ကျူကိုဖုန်းဆက်ပြီး မကျေနပ်တဲ့အသံနဲ့ပြောလိုက်တယ်။ "ရှင်တံခါးကိုသော့ခတ်သွားတာလား?"
"ဟုတ်တယ်" လီရှန့်ကျူကလွယ်လွယ်ကူကူပဲဝန်ခံလာတယ်။ သူ့ရဲ့လေသံက အပြစ်ကင်းစင်ပြီး ဂရုစိုက်ဟန်ပေါ်နေတယ်။ "မိန်းကလေးတစ်ယောက်တည်း အိမ်မှာရှိနေတာကိုစိတ်မချလို့ ကျွန်တော်သော့ခတ်ထားတာ... ဘာဖြစ်လို့လဲ? ဒီလောက်နောက်ကျနေပြီကို၊ အပြင်ထွက်ပြီးဘာလုပ်မလို့လဲ?"
"...ဘာမှမဟုတ်ပါဘူး" နင်နင်ပြောလိုက်တယ်။ "အောက်ထပ်သွားပြီးတစ်ခုခုဝယ်မလို့"
"ဘာလိုလို့လဲ?" လီရှန့်ကျူကညင်ညင်သာသာပြောလာတယ်။ "ကျွန်တော်ပြန်လာပြီး ဝယ်ပို့ပေးမယ်လေ"
နင်နင်, "တမ်ပွန်"
"တ၊ တ၊ တ..." လီရှန့်ကျူရဲ့အသံက ခြင်တစ်ကောင်ရဲ့အသံလိုသေးငယ်လို့သွားတယ်။ "...ခဏနော်"
သူအဝေးကြီးကိုမရောက်သေးတာသိသာလှတယ်။ ငါးမိနစ်ဝန်းကျင်လောက်မှာပဲ သူနီရဲနေတဲ့မျက်နှာနဲ့ နင်နင့်အရှေ့ကိုပေါ်လာပြီး ပလတ်စတစ်အိတ်တစ်ခုကို နင်နင့်လက်ထဲထိုးပေးလာတယ်။
"အင်း ရပြီ၊ ကျောင်းမြန်မြန်ပြန်တော့၊ အဆောင်တံခါးပိတ်သွားဦးမယ်"
"ဟုတ်၊ သွားပြီနော်" လီရှန့်ကျူကအပြုံးတစ်ခုနဲ့ပြောလာတယ်။
သူတကယ်သွားပြီလား?
နင်နင်ဧည့်ခန်းနဲ့ အိပ်ခန်းမီးတွေအကုန်လုံးကို ပိတ်ချလိုက်တယ်။ ပြီးတော့ပြတင်းပေါက်အနားကို ခြေဖျားထောက်သွားပြီး လိုက်ကာအနည်းငယ်ဟကာ အောက်ဘက်ကိုငုံ့ကြည့်လိုက်တယ်။
လီရှန့်ကျူကတိုက်ခန်းအောက်မှာရပ်ပြီး အပြုံးတစ်ခုနဲ့ သူမကိုမော့ကြည့်လို့နေတယ်။
သူမချက်ချင်းလိုက်ကာကိုလွှတ်ချပြီး စောင်အောက်ပြေးဝင်သွားတော့တယ်။
အဲ့ဒီညမှာသူမအိပ်မပျော်ခဲ့ပေ။ သူမရဲ့မျက်ခွံတွေကတစ်ညလုံး ပွင့်ဟနေခဲ့တယ်။
ရက်စွဲက သောကြာနေ့၊ ဂျူလိုင်လ ၁၆ရက်၊ ၂၀၀၄ ခုနှစ်။
ကျန်းရှင်းအိုက်မသေခင် နှစ်ရက်အလိုဖြစ်တယ်။
_______________
စာရေးသူမှာပြောစရာရှိပါတယ်:
ရှီထို့ကော: မျက်လုံးဖွင့်ပြီးသေချာကြည့်လိုက်၊ လူတိုင်းငါ့ကိုလွမ်းနေကြတယ်!
တစ်ယောက်သော'ရှ' / စာရေးသူ: ရုပ်ရှင်ပြီးတဲ့အထိစောင့်ရမယ်လေ..... ဒါနဲ့ ဒီအချစ်ဇာတ်လမ်းလေးအပေါ် အမြင်လေးပြောပေးပါဦး?
ရှီထို့ကော [ပြုံးလျက်]: ထဝီ ဘယ်ကအချစ်ဇာတ်လမ်းလဲ၊ ဒါကဘယ်လိုပဲကြည့်ကြည့် ရှုခင်းရုပ်ရှင်ပဲကို.. ဘယ်လောက်တောင်ပူလောင်လှတဲ့ မြက်ခင်းလွင်ပြင်လဲ...
ဒီတစ်ခေါက်အတွဲက<အစ်ကို့ရဲ့ချစ်သူ>ဖြစ်တာကြောင့် ဒီညီလေးနှစ်ယောက်ရဲ့ပိုင်မြေ၊ အစ်ကိုကြီးတို့ရဲ့ပိုင်မြေက နောက်အတွဲမှာလာပါလိမ့်မယ်... နောက်လာမယ့်အတွဲမှာ ရှီထို့ရဲ့အခန်းတွေနဲ့ပဲပြည့်နေမှာမလို့ ဒီမှာလာမလုနေပါနဲ့တော့၊ စာရေးသူပြောစကားတည်တာမလို့ စိတ်ရှည်ရှည်နဲ့စောင့်ပေးပါ [အပြုံးနဲ့လက်မထောင်]
_________________
{Zawgyi}
အခန္း ၁၁၈: အခ်ိန္ေရတြက္ျခင္း
"...ေနာက္တာပါ" လီရွန႔္က်ဴပုခုံးတြန႔္ၿပီးၿပဳံးလာတယ္။ "ကြၽန္ေတာ္ေအာက္ထပ္စတိုးဆိုင္မွာ က်ဲအတြက္အသုံးအေဆာင္ေတြသြားဝယ္ဦးမယ္၊ သြားတိုက္တံရယ္ မ်က္ႏွာသုတ္ပဝါရယ္ကလြဲရင္ အျခားဘာလိုဦးမလဲ?"
သူတကယ္ေနာက္တာလား? နင္နင္သူ႔ကိုသံသယေတြနဲ႔ၾကည့္လိုက္တယ္။ "သူတို႔မွာအတြင္းခံေရာင္းလား?"
"အ၊ အတြင္းခံ?!" လီရွန႔္က်ဴရဲ႕အသံက ႐ုတ္တရက္ အသံ၈ဆင့္ေလာက္ျမင့္သြားတယ္။ သူက နီရဲလာေနတဲ့သူ႔ရဲ႕မ်က္ႏွာကိုကာၿပီး ထစ္ထစ္အအေျပာလာတယ္။ "အဲ့၊ အဲ့ဒါက..."
"ေနာက္တာပါ" နင္နင္ၿပဳံးလိုက္တယ္။ "အဲ့ဒါေတြကိုကြၽန္မဘာသာဝယ္မယ္"
သူမတို႔ႏွစ္ေယာက္တူတူ ေအာက္ထပ္စတိုးဆိုင္ဆီ ဆင္းလာခဲ့ၾကတယ္။ သူမကပဲေနကာမ်က္မွန္၊ ဦးထုပ္နဲ႔ ႏွာေခါင္းစည္းဝတ္ထားလို႔လား က်န္းရွင္းအိုက္ကပဲ အဲ့ေလာက္နာမည္မႀကီးလို႔လားမသိေပမဲ့ ဘယ္သူမွသူမကိုသတိမထားမိၾကေပ။ သြားတိုက္တံ၊ မ်က္ႏွာသုတ္ပဝါ၊ အတြင္းခံ– အားလုံးကိုလီရွန႔္က်ဴရဲ႕ပိုက္ဆံနဲ႔ ဝယ္ခဲ့တာျဖစ္တယ္။
ပိုက္ဆံရွင္းေနတဲ့အခ်ိန္မွာ နင္နင္သူ႔ရဲ႕ပိုက္ဆံအိတ္ထဲကို တစ္ခ်က္လွမ္းၾကည့္လိုက္တယ္။ တကၠသိုလ္ေက်ာင္းသားတစ္ေယာက္မွာ ပိုက္ဆံအမ်ားႀကီးမရွိေနပါေခ်။ ပိုက္ဆံရွင္းၿပီးတာနဲ႔ သူ႔မွာရွိတာအကုန္ ကုန္သြားေလာက္တယ္။
"ကြၽန္မ..." နင္နင္ပိုက္ဆံအိတ္ထုတ္ဖို႔လုပ္လိုက္တဲ့အခ်ိန္မွာပဲ ႐ုတ္တရက္ရဲစခန္းအေရွ႕ကို ျပန္ေရာက္သြားတယ္။
သူမဘယ္လိုလုပ္ၿပီးေမ့သြားရတာလဲ? က်န္းရွင္းအိုက္က ကပ္ဖားရပ္ဖားလုပ္တဲ့ေနရာမွာ အေတာ္ဆုံးပဲျဖစ္တယ္– ညစာကပ္ဖားရပ္ဖားစားတယ္၊ အခြင့္အေရးကိုကပ္ဖားရပ္ဖားယူတယ္– တစ္ေယာက္ေယာက္က ပိုက္ဆံရွင္းေပးဖို႔ျပင္ေနတဲ့အခ်ိန္မွာ သူမရဲ႕ကိုယ္ပိုင္ပိုက္ဆံကို တစ္ျပားမွထုတ္သုံးမွာမဟုတ္ပါေခ်။
အဲ့ဒါေၾကာင့္မလို႔ အခုနင္နင္လက္ဗလာျဖစ္ေနတာျဖစ္တယ္။ သူမကတစ္ျပားမွမေပးခဲ့တဲ့အျပင္ အိတ္ေတြကိုလည္းဝိုင္းမသယ္ပါေခ်။ လီရွန႔္က်ဴအိတ္ေတြကိုမႏိုင္မနင္းသယ္ရင္း အေပၚထပ္တက္သြားေနတာကိုသာ အေနာက္ကေနၿပဳံးၿပီးၾကည့္လို႔ေနတယ္။
လီရွန႔္က်ဴကတစ္ေယာက္တည္း ေတာက္တိုမယ္ရေတြ လိုက္လုပ္ေနတယ္။ သူကသူမရဲ႕ပစၥည္းေတြကို ေနရာခ်ေပး႐ုံတင္မကဘူး သူမအတြက္အိပ္ရာပါခင္းေပးေသးတယ္။
သူအိပ္ခန္းထဲကေနျပန္ထြက္လာတဲ့အခ်ိန္မွာ မ်က္ႏွာၾကက္ပန္ကာကိုတစ္ခ်က္ၾကည့္လိုက္တယ္။ ပန္ကာကၿငိမ့္ၿငိမ့္ေညာင္းေညာင္းလည္ပတ္ေနၿပီး နင္နင္ရဲ႕လႈိင္းတြန႔္ဆံႏြယ္ေတြက ညင္ညင္သာသာေဝ့ယမ္းလို႔ေနတယ္။ သူမလက္ထဲက ႏႈတ္ခမ္းဆီေတာင့္ကိုလွည့္ဖြင့္ကာ မက္မြန္သီးတစ္လုံးလို ႏူးညံ့စိုစြတ္ေနတဲ့ သူမရဲ႕ႏႈတ္ခမ္းအေပၚမွာ ပြတ္ဆြဲလိုက္တယ္။
ၿပီးေတာ့သူမ လီရွန႔္က်ဴကိုေမာ့ၾကည့္ကာ ေျပာလိုက္တယ္။ "ဒီနားလာခဲ့"
လီရွန႔္က်ဴကသူမရဲ႕ႏႈတ္ခမ္းကို စိတ္လြတ္ေနသလိုမ်ိဳး ၾကည့္လို႔ေနတယ္။ သူေျခလွမ္းက်ဲက်ဲေတြနဲ႔ သူမအနားကိုေလွ်ာက္လာခဲ့တယ္။ သူမအနားနီးကပ္လာေလေလ သူမကိုတည့္တည့္ၾကည့္ဖို႔ မဝံ့ရဲေလေလပဲျဖစ္တယ္။ သူမလက္ေျမႇာက္ၿပီး ႏႈတ္ခမ္းဆီေတာင့္ကို ဆန႔္တန္းထုတ္လာတဲ့အခါ သူပိုၿပီးေတာ့ေတာင္ ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိ ျဖစ္ေနမိတယ္။
"ေရွာင္၊ ေရွာင္အိုက္က်ဲ..." သူပ်ာယာခတ္စြာေျပာလာတယ္။
"မလႈပ္နဲ႔" နင္နင္သူ႔ကိုေျပာလိုက္တယ္။ "စကားမေျပာနဲ႔"
လီရွန႔္က်ဴကေနရာမွာပဲ လိမ္လိမ္မာမာရပ္ကာ သူမလက္ထဲကႏႈတ္ခမ္းဆီေတာင့္နဲ႔ သူ႔ရဲ႕ႏႈတ္ခမ္းေပၚ စိတ္တိုင္းက်ပြတ္ဆြဲလာတာကို ၿငိမ္ၿငိမ္ေလးခံလို႔ေနတယ္။
"ၿပီးၿပီ" နင္နင္လက္ျပန္သိမ္းၿပီး ၿပဳံးကာေျပာလိုက္တယ္။ "ရာသီဥတုေၾကာင့္ျဖစ္မယ္ ရွင့္ရဲ႕ႏႈတ္ခမ္းေတြေျခာက္ေနတာ၊ ရၿပီအခု၊ ကြၽန္မေရသြားခ်ိဳးေတာ့မယ္"
"ဟမ္၊ အမ္း..." လီရွန႔္က်ဴကစိတ္နဲ႔ကိုယ္နဲ႔မကပ္ေသးေပ။ သူ႔ရဲ႕မ်က္လုံးေတြက ခုနကဝယ္လာတဲ့ ညဝတ္အက်ႌနဲ႔ အတြင္းခံကိုေကာက္ယူၿပီး ေရခ်ိဳးခန္းရွိရာကိုေလွ်ာက္သြားေနတဲ့ နင္နင့္ရဲ႕ခႏၶာကိုယ္ေနာက္ကို တစ္ေကာက္ေကာက္လိုက္ေနဆဲျဖစ္တယ္။ သူမ႐ုတ္တရက္အေနာက္လွည့္ကာ သူ႔ကိုတစ္ခုခုပစ္ေပးလာတယ္။ "ဖမ္း"
လီရွန႔္က်ဴလက္ဆန႔္ထုတ္ၿပီး ထိုအရာကိုဖမ္းလိုက္တယ္။
အဲ့ဒါကႏႈတ္ခမ္းဆီေတာင့္ျဖစ္တယ္။
"လက္ေဆာင္" နင္နင္ေျပာလိုက္တယ္။
လီရွန႔္က်ဴကထိုႏႈတ္ခမ္းဆီေတာင့္ကို လက္ႏွစ္စလုံးနဲ႔ကိုင္လို႔ထားတယ္– မသိရင္ ဧကရာဇ္ရဲ႕အမိန႔္ျပန္တမ္းကို ကိုင္ထားရသလိုပင္။ မေမွ်ာ္လင့္ထားတဲ့ အခြင့္အေရးကိုရလိုက္သလိုမ်ိဳး ထူပူသြားတဲ့သူ႔ရဲ႕အမူအရာက ခ်စ္စရာေကာင္းၿပီး ရယ္ခ်င္စရာလည္းေကာင္းလို႔ေနတယ္။
နင္နင္သူ႔ကိုၿပဳံးျပၿပီး ေရခ်ိဳးခန္းထဲေလွ်ာက္ဝင္သြားလိုက္တယ္။
ဒါကက်န္းရွန္းအိုက္ပဲ။ သူမရဲ႕ပိုက္ဆံတစ္ျပားတစ္ခ်ပ္စီတိုင္းက အဲ့ဒါနဲ႔တန္တဲ့တစ္စုံတစ္ခုအေပၚမွာ အသုံးခ်ခံရတယ္။ တစ္ဖက္လူကို သူမရဲ႕ခ်စ္ခင္ႏွစ္လိုမႈကိုခံစားေစရမယ္၊ တစ္ဖက္လူကို တစ္ခုခုလက္ေဆာင္ရလိုက္သလိုမ်ိဳး ခံစားေစရမယ္၊ တစ္ဖက္လူသူမကို ပိုၿပီးသေဘာက်ေအာင္ ဖန္တီးႏိုင္ရမယ္။
အခုခံလိုက္ရတဲ့ လီရွန႔္က်ဴလိုပင္။
ဒီေန႔အေၾကာင္းကို အနာဂတ္တစ္ခ်ိန္ခ်ိန္မွာ ျပန္စဥ္းစားမိရင္ သူ႔ရဲ႕ပိုက္ဆံအိတ္ျပားခ်ပ္သြားတာကို စဥ္းစားမိမွာမဟုတ္သလို သူမရဲ႕ေတာက္တိုမယ္ရေတြ လိုက္လုပ္ေပးရတာကိုလည္း စဥ္းစားမိမွာမဟုတ္ေခ်။ သူသတိရေနမယ့္တစ္ခုတည္းေသာအရာက– အမွတ္အရဆုံးျဖစ္ေနမယ့္ တစ္ခုတည္းေသာအရာက– သူ႔လက္ထဲကႏႈတ္ခမ္းဆီေတာင့္ပဲျဖစ္တယ္။
ေရစက္ေတြကသူမကိုယ္ေပၚကို မိုးသီးမိုးေပါက္ေတြလိုမ်ိဳး က်ဆင္းလို႔ေနတယ္။ နင္နင္သက္ျပင္းခ်လိုက္တယ္။ "အခ်စ္ကိုပထမဆုံးခံစားဖူးတဲ့ ေကာင္ေလးတစ္ေယာက္လိုပဲ... အဲ့ႏႈတ္ခမ္းဆီက ယြမ္ငါးဆယ္ေလာက္ပဲက်တာကို"
ေရခ်ိဳးခန္းအျပင္ဘက္ကေန ဖုန္းသံထြက္ေပၚလာခဲ့တယ္။ အဲ့ဒါကနင္နင့္ရဲ႕ဖုန္းပဲျဖစ္တယ္။
သူမရဲ႕ႏွလုံးတစ္ခ်က္ေဆာင့္ခုန္သြားတယ္။ ဖုန္းေခၚလာတဲ့လူက ဟိုင္ေကာ၊ ေရွာင္ခယ့္၊ ဒါမွမဟုတ္ သူမရဲ႕အျခားရည္းစားေတြမျဖစ္ပါေစနဲ႔လို႔ နင္နင္ဆုေတာင္းေနမိတယ္။ သူမေရကိုအေလာတႀကီးပိတ္ကာ အျပင္ဘက္ကိုေအာ္ေျပာလိုက္တယ္။ "ရွန႔္က်ဴ၊ ဖုန္းတစ္ခ်က္ယူခဲ့ေပးလို႔ရလား?"
ဖုန္းျမည္သံကတျဖည္းျဖည္းနီးကပ္လာကာ တံခါးအေရွ႕မွာရပ္သြားတယ္။ ေရခ်ိဳးခန္းတံခါး အနည္းငယ္ပြင့္ဟသြားၿပီး ဖုန္းကိုင္ထားတဲ့လက္တစ္ဖက္က သတိတရွိနဲ႔လွ်ိဳဝင္လာခဲ့တယ္။
"ေက်းဇူးေနာ္" နင္နင္သူ႔လက္ထဲကဖုန္းကို ထိတ္ထိတ္ပ်ာပ်ာနဲ႔ဆြဲယူလိုက္တယ္။ သူတစ္ခုခုၾကားသြားမွာစိုးတာေၾကာင့္ သူမေရကိုျပန္ဖြင့္ၿပီးေတာ့မွ ဖုန္းကိုင္လိုက္တယ္။ "ဟယ္လို"
"ကိုယ္ပါ" တစ္ဖက္ကေနေဖ႐ႊမ္ရဲ႕အသံထြက္ေပၚလာခဲ့တယ္။
...အဆက္အသြယ္ျဖတ္ဖို႔အခက္ဆုံးလူ ကိုယ္ေယာင္ျပလာၿပီပဲ!
"ရွင္ကြၽန္မကိုဖုန္းေခၚရဲေသးတယ္?" နင္နင္အသက္ျပင္းျပင္းရႉသြင္းလိုက္တယ္။ "ရွင့္ကိုရဲေတြအသည္းအသန္လိုက္ရွာေနၾကတယ္"
"ဒါဆိုကိုယ့္ကိုသူတို႔ရွာေတြ႕ပါေစလို႔ မင္းေမွ်ာ္လင့္ေနတာလား?" ေဖ႐ႊမ္ေမးလာတယ္။
"...ေသခ်ာတာေပါ့" နင္နင္ေအးစက္စြာေျပာလိုက္တယ္? "ရွင္ကြၽန္မအိမ္ထဲမွာလူသတ္သြားတာ ဘယ္ေလာက္ထိဒုကၡမ်ားရလဲသိလား?"
"ဟားဟား၊ ႏွစ္နည္းနည္းေလာက္မေတြ႕ရတာ မင္းသူမ်ားကိုအျပစ္ဖို႔တဲ့အရည္အခ်င္းက တိုးတက္လာၿပီပဲ" ေဖ႐ႊမ္ကရယ္ေမာလာတယ္။ သူခ်ီးက်ဴးေနတာလား ေလွာင္ေနတာလားဆိုတာကို နင္နင္အတိအက်မေျပာႏိုင္ပါေခ်။ "မင္းရဲ႕သတၱိလည္းႀကီးလာသားပဲ၊ လူေတာင္သတ္ရဲေနၿပီဆိုေတာ့"
"ဘာစကားေတြေျပာေနတာလဲ?" နင္နင္သူ႔ရဲ႕စြပ္စြဲခ်က္ကိုၾကားၿပီး လန႔္ျဖန႔္သြားရတယ္။ "ရွင္သူ႔ကိုသတ္လိုက္တာေလ!"
"ဟင့္အင္း၊ ကိုယ္ေထာင္ထဲကေနထြက္လာတာ ဘယ္ေလာက္မွမၾကာေသးတာ၊ လူသတ္ၿပီးျပႆနာရွာပါ့မလား" ေဖ႐ႊမ္ကေအးေအးေဆးေဆးေျပာလာတယ္။ "ၿပီးေတာ့ ကိုယ္ဘယ္လိုလူလဲဆိုတာကို မင္းလည္းသိသင့္ေနၿပီ... ကိုယ္သာလူသတ္ခ်င္ရင္ ကိုယ့္လက္ကိုယ္အညစ္ပတ္ခံပါ့မလား?"
နင္နင္ခဏေလာက္စဥ္းစားၾကည့္လိုက္တယ္။ သူေျပာတာလည္းမမွားေနေပ။
ဒီလူမွာေနာက္လိုက္ေတြရွိလာကတည္းက ညစ္ပတ္တဲ့အလုပ္ေတြကို သူကိုယ္တိုင္မလုပ္ေတာ့ေပ။ ၿပီးေတာ့လည္း သူကမလိုအပ္ဘဲ လူသတ္တာမ်ိဳးလည္းမရွိေပ။ သူရင့္က်က္ေနလို႔မဟုတ္ေပမဲ့ သူသိထားတဲ့အသိပညာေတြက မ်ားေနလြန္းလို႔ျဖစ္တယ္– လူသတ္တာကျပစ္မႈႀကီးေလးတယ္ဆိုတာကို သူသိထားတာေၾကာင့္ သူ႔လက္နဲ႔ကိုယ္တိုင္ ဘယ္ေတာ့မွသတ္မွာမဟုတ္ပါေခ်။ လိုအပ္လာရင္ အျခားလူတစ္ေယာက္ရဲ႕လက္နဲ႔သာ အငွားသတ္မွာျဖစ္တယ္။
"...ကိုယ္အခုရထားေပၚတက္ေတာ့မွာ" ေဖ႐ႊမ္ေျပာလာတယ္။ "ဒါကိုယ္တို႔ႏွစ္ေယာက္ရဲ႕ ေနာက္ဆုံးအဆက္အသြယ္ျဖစ္ေလာက္တယ္၊ ေရွာင္အိုက္ မင္းကိုယ္မင္းဂ႐ုစိုက္ေနာ္"
"ခဏ!" နင္နင္ကပ်ာကယာေအာ္ေျပာလိုက္တယ္။ "ကြၽန္မကိုယ္ကြၽန္မဂ႐ုစိုက္ဆိုတာ ဘာကိုေျပာတာလဲ? ရွင္တစ္ခုခုသိထားတာလား?"
သူဘာျဖစ္လို႔သူမကိုဖုန္းေခၚလာတာလဲ? နင္နင္ေသခ်ာမသိေပ။ သူဒီတိုင္းေနေကာင္းလား က်န္းမာလားေမးခ်င္တာျဖစ္ႏိုင္သလို၊ သူမကတကယ့္လူသတ္သမားလားဆိုတာကို အတည္ျပဳခ်င္တာလည္း ျဖစ္ႏိုင္တယ္။ အကယ္၍သူေျပာတာသာအမွန္ဆိုရင္ သူမတို႔ႏွစ္ေယာက္ထဲက တစ္ေယာက္ကမွ လူသတ္သမားမဟုတ္ေနေပ။ အဲ့ဒါဆိုဘယ္သူကလူသတ္သမားလဲ?
သူမေရခ်ိဳးၿပီးေတာ့ ညအိပ္အက်ႌကိုျမန္ျမန္ဝတ္လိုက္တယ္။ နင္နင္မ်က္ႏွာသုတ္ပုဝါနဲ႔ ဆံပင္ေတြကိုသုတ္ရင္း သူမအေရွ႕မွာထိုင္ေနတဲ့ လီရွန႔္က်ဴကိုၾကည့္လိုက္တယ္။ "ေနာက္က်ေနၿပီ၊ ေက်ာင္းမျပန္ေသးဘူးလား?"
လီရွန႔္က်ဴကျပတင္းအျပင္ဘက္ကို ေနရခက္စြာနဲ႔တစ္ခ်က္ၾကည့္လာတယ္။
နင္နင္လည္းသူၾကည့္ေနတဲ့ေနရာကိုၾကည့္လိုက္တယ္။ မိုးသီးမိုးေပါက္ေတြက ဖန္ျပတင္းေပၚကို အညႇာအတာမဲ့စြာ႐ိုက္ခတ္လို႔ေနတယ္။ လွ်ပ္စီးတစ္လက္က နဂါးတစ္ေကာင္လို ဒါမွမဟုတ္ တိမ္မည္းေတြၾကားတြားသြားေနတဲ့ ေႁမြတစ္ေကာင္လိုမ်ိဳး ေကာင္းကင္ျပင္ေပၚ ျဖတ္သန္းလို႔သြားတယ္။
"လူႀကီးျဖစ္ေနၿပီကို၊ မိုးၿခိမ္းတာေၾကာက္တုန္းပဲလား?" နင္နင္သူ႔ကိုစလိုက္တယ္။
"အဲ့လိုမဟုတ္ဘူး" လီရွန႔္က်ဴက သူမအထင္ေသးတာခံရမွာကို ေၾကာက္သလိုမ်ိဳး ကပ်ာကယာျပန္ျငင္းလာတယ္။ "ဒီတိုင္း၊ ဒီတိုင္းမိုးတိတ္မွသြားမလို႔ေစာင့္ေနတာ..."
"ဟုတ္ပါၿပီ၊ ဟုတ္ပါၿပီ၊ ယုံပါတယ္" နင္နင္က်ိတ္ရယ္ရင္းနဲ႔ မီးဖိုခန္းထဲေလွ်ာက္ဝင္သြားကာ ေရတစ္ခြက္ငွဲ႔လိုက္တယ္။
႐ုတ္တရက္မိုးခ်ဳန္းသံတစ္ခု ျမည္ဟည္းလာတယ္။ ေရငွဲ႔ထည့္ေနတဲ့သူမရဲ႕လက္က တုန္ယင္သြားတာေၾကာင့္ ေရေတြဖိတ္စင္သြားကာ ၾကမ္းျပင္ေပၚကို ေႁမြတစ္ေကာင္လိုမ်ိဳး စီးက်လာခဲ့တယ္။
"အခုစဥ္းစားၾကည့္ေတာ့မွ..." နင္နင္ေရကိုေလာင္းထည့္ရင္း သာမန္ကာလွ်ံကာအမူအရာနဲ႔ ေမးလိုက္တယ္။ "ကြၽန္မရဲေတြနဲ႔လိုက္သြားတဲ့အခ်ိန္ လူေသေလာင္းကိုပါ သူတို႔ေတြတစ္ခါတည္းေနရာေ႐ႊ႕ခဲ့ၾကတာ၊ သူေရခ်ိဳးခန္းထဲမွာေသသြားတယ္ဆိုတာကို... ရွင္ဘယ္လိုလုပ္ၿပီးသိေနတာလဲ?"
သူမအေနာက္မွာတိတ္ဆိတ္မႈက တျဖည္းျဖည္းတိုးကပ္လာလို႔ေနတယ္။
ေရငွဲ႔ေနတဲ့အသံနဲ႔ မိုးစက္ေတြျပတင္းေပါက္ကို ႐ိုက္ခတ္ေနတဲ့အသံသာ က်န္ရစ္ေတာ့တယ္။
"...ေရဖိတ္ေနၿပီ" လီရွန႔္က်ဴရဲ႕အသံက သူမရဲ႕အေနာက္ကေန ႐ုတ္တရက္ထြက္ေပၚလာခဲ့တယ္။ နီးလြန္းတယ္... သူရႉထုတ္လာတဲ့ေလကိုေတာင္ သူမရဲ႕လည္ပင္းေပၚမွာ ခံစားမိလို႔ေနတယ္။
နင္နင္ထိတ္ထိတ္ပ်ာပ်ာနဲ႔ ေရကရားကိုခ်ၿပီး ေရလွ်ံၿပီျဖစ္တဲ့ဖန္ခြက္ကို ငုံ႔ၾကည့္လိုက္တယ္။ ၾကည္လင္ေနတဲ့ဖန္ခြက္ေပၚမွာ အေရာင္စုံလင္တဲ့ပုံရိပ္ေတြ ထင္ဟပ္လို႔ေနတယ္။ သူမရဲ႕အေရာင္ရယ္၊ သူ႔ရဲ႕အေရာင္ရယ္။
"...ရဲတစ္ေယာက္ေျပာျပတာ" လီရွန႔္က်ဴေျပာလာတယ္။ "သူကလူသစ္ျဖစ္မယ္၊ ပါးစပ္မလုံဘဲ ကြၽန္ေတာ့္ကို လူေသအေလာင္းအေၾကာင္းေျပာျပခဲ့တာ"
"အို ဟုတ္လား?" နင္နင္ျဖည္းျဖည္းခ်င္းေခါင္းလွည့္ၿပီး သူ႔အေနာက္မွာရပ္ေနတဲ့ လီရွန႔္က်ဴကိုၾကည့္လိုက္တယ္။ "အဲ့လိုကိစၥမ်ိဳးကိုထုတ္ေျပာတယ္ဆိုေတာ့ တကယ္လူသစ္ျဖစ္ရမယ္"
လီရွန႔္က်ဴကသူမနဲ႔တူတူလိုက္ၿပဳံးလာတယ္။ အဲ့ဒါကအျပစ္ကင္းစင္တဲ့အၿပဳံးပဲျဖစ္တယ္။
"...အား" နင္နင္႐ုတ္တရက္ေခါင္းျပန္လွည့္ၿပီး ျပတင္းအျပင္ဘက္ကိုၾကည့္လိုက္တယ္။ "မိုးတိတ္သြားၿပီထင္တယ္"
သူမျပတင္းေပါက္ဖြင့္ၿပီး အျပင္ဘက္ကိုလက္ဆန႔္ထုတ္လိုက္တယ္။ "တကယ္တိတ္သြားၿပီ၊ ေက်ာင္းျပန္ရင္ျပန္ေတာ့ေလ"
လီရွန႔္က်ဴကမထြက္သြားခ်င္သလိုမ်ိဳး အမူအရာကိုေဖာ္ျပေနေပမဲ့ သူမရဲ႕စကားကိုနားေထာင္ဆဲပဲျဖစ္တယ္။ "ဒါဆိုကြၽန္ေတာ္သြားေတာ့မယ္၊ ေရွာင္အိုက္က်ဲလည္း ပင္ပန္းေနေလာက္ၿပီ၊ ေစာေစာအိပ္ပါ"
နင္နင္, "ဟုတ္ပါၿပီ၊ ေကာင္းေသာည"
လီရွန႔္က်ဴ, "ေကာင္းေသာညပါ"
သူထြက္သြားတာကိုၾကည့္ၿပီးေနာက္မွာ နင္နင္တံခါးအေရွ႕ကေန မထြက္သြားပါေခ်။ သူမေခ်ာင္းၾကည့္ေပါက္အေပၚ မ်က္လုံးကပ္ၿပီး သူေလွကားေအာက္ဆင္းသြားတာကို ၾကည့္ေနလိုက္တယ္။ ဆယ္မိနစ္ေလာက္ၾကာၿပီးေတာ့မွ သူမအိပ္ခန္းထဲဝင္ကာ အဝတ္အစားလဲၿပီး အျပင္ထြက္ဖို႔ျပင္လိုက္တယ္။ ၿပီးေတာ့သူမလက္ဆန႔္ထုတ္ကာ တံခါးလက္ကိုင္ကိုလွည့္လိုက္တယ္။
တံခါးလက္ကိုင္က ကလက္ခနဲအသံျမည္လာေပမဲ့ သူမအေရွ႕ကတံခါးကေတာ့ တုတ္တုတ္မွ်မလႈပ္ပါေခ်။
...လီရွန႔္က်ဴတံခါးကို အျပင္ကေနေသာ့ခတ္သြားတာပဲ...
"ဟယ္လို" နင္နင္လီရွန႔္က်ဴကိုဖုန္းဆက္ၿပီး မေက်နပ္တဲ့အသံနဲ႔ေျပာလိုက္တယ္။ "ရွင္တံခါးကိုေသာ့ခတ္သြားတာလား?"
"ဟုတ္တယ္" လီရွန႔္က်ဴကလြယ္လြယ္ကူကူပဲဝန္ခံလာတယ္။ သူ႔ရဲ႕ေလသံက အျပစ္ကင္းစင္ၿပီး ဂ႐ုစိုက္ဟန္ေပၚေနတယ္။ "မိန္းကေလးတစ္ေယာက္တည္း အိမ္မွာရွိေနတာကိုစိတ္မခ်လို႔ ကြၽန္ေတာ္ေသာ့ခတ္ထားတာ... ဘာျဖစ္လို႔လဲ? ဒီေလာက္ေနာက္က်ေနၿပီကို၊ အျပင္ထြက္ၿပီးဘာလုပ္မလို႔လဲ?"
"...ဘာမွမဟုတ္ပါဘူး" နင္နင္ေျပာလိုက္တယ္။ "ေအာက္ထပ္သြားၿပီးတစ္ခုခုဝယ္မလို႔"
"ဘာလိုလို႔လဲ?" လီရွန႔္က်ဴကညင္ညင္သာသာေျပာလာတယ္။ "ကြၽန္ေတာ္ျပန္လာၿပီး ဝယ္ပို႔ေပးမယ္ေလ"
နင္နင္, "တမ္ပြန္"
"တ၊ တ၊ တ..." လီရွန႔္က်ဴရဲ႕အသံက ျခင္တစ္ေကာင္ရဲ႕အသံလိုေသးငယ္လို႔သြားတယ္။ "...ခဏေနာ္"
သူအေဝးႀကီးကိုမေရာက္ေသးတာသိသာလွတယ္။ ငါးမိနစ္ဝန္းက်င္ေလာက္မွာပဲ သူနီရဲေနတဲ့မ်က္ႏွာနဲ႔ နင္နင့္အေရွ႕ကိုေပၚလာၿပီး ပလတ္စတစ္အိတ္တစ္ခုကို နင္နင့္လက္ထဲထိုးေပးလာတယ္။
"အင္း ရၿပီ၊ ေက်ာင္းျမန္ျမန္ျပန္ေတာ့၊ အေဆာင္တံခါးပိတ္သြားဦးမယ္"
"ဟုတ္၊ သြားၿပီေနာ္" လီရွန႔္က်ဴကအၿပဳံးတစ္ခုနဲ႔ေျပာလာတယ္။
သူတကယ္သြားၿပီလား?
နင္နင္ဧည့္ခန္းနဲ႔ အိပ္ခန္းမီးေတြအကုန္လုံးကို ပိတ္ခ်လိုက္တယ္။ ၿပီးေတာ့ျပတင္းေပါက္အနားကို ေျခဖ်ားေထာက္သြားၿပီး လိုက္ကာအနည္းငယ္ဟကာ ေအာက္ဘက္ကိုငုံ႔ၾကည့္လိုက္တယ္။
လီရွန႔္က်ဴကတိုက္ခန္းေအာက္မွာရပ္ၿပီး အၿပဳံးတစ္ခုနဲ႔ သူမကိုေမာ့ၾကည့္လို႔ေနတယ္။
သူမခ်က္ခ်င္းလိုက္ကာကိုလႊတ္ခ်ၿပီး ေစာင္ေအာက္ေျပးဝင္သြားေတာ့တယ္။
အဲ့ဒီညမွာသူမအိပ္မေပ်ာ္ခဲ့ေပ။ သူမရဲ႕မ်က္ခြံေတြကတစ္ညလုံး ပြင့္ဟေနခဲ့တယ္။
ရက္စြဲက ေသာၾကာေန႔၊ ဂ်ဴလိုင္လ ၁၆ရက္၊ ၂၀၀၄ ခုႏွစ္။
က်န္းရွင္းအိုက္မေသခင္ ႏွစ္ရက္အလိုျဖစ္တယ္။
_______________
စာေရးသူမွာေျပာစရာရွိပါတယ္:
ရွီထို႔ေကာ: မ်က္လုံးဖြင့္ၿပီးေသခ်ာၾကည့္လိုက္၊ လူတိုင္းငါ့ကိုလြမ္းေနၾကတယ္!
တစ္ေယာက္ေသာ'ရွ' / စာေရးသူ: ႐ုပ္ရွင္ၿပီးတဲ့အထိေစာင့္ရမယ္ေလ..... ဒါနဲ႔ ဒီအခ်စ္ဇာတ္လမ္းေလးအေပၚ အျမင္ေလးေျပာေပးပါဦး?
ရွီထို႔ေကာ [ၿပဳံးလ်က္]: ထဝီ ဘယ္ကအခ်စ္ဇာတ္လမ္းလဲ၊ ဒါကဘယ္လိုပဲၾကည့္ၾကည့္ ရႈခင္း႐ုပ္ရွင္ပဲကို.. ဘယ္ေလာက္ေတာင္ပူေလာင္လွတဲ့ ျမက္ခင္းလြင္ျပင္လဲ...
ဒီတစ္ေခါက္အတြဲက<အစ္ကို႔ရဲ႕ခ်စ္သူ>ျဖစ္တာေၾကာင့္ ဒီညီေလးႏွစ္ေယာက္ရဲ႕ပိုင္ေျမ၊ အစ္ကိုႀကီးတို႔ရဲ႕ပိုင္ေျမက ေနာက္အတြဲမွာလာပါလိမ့္မယ္... ေနာက္လာမယ့္အတြဲမွာ ရွီထို႔ရဲ႕အခန္းေတြနဲ႔ပဲျပည့္ေနမွာမလို႔ ဒီမွာလာမလုေနပါနဲ႔ေတာ့၊ စာေရးသူေျပာစကားတည္တာမလို႔ စိတ္ရွည္ရွည္နဲ႔ေစာင့္ေပးပါ [အၿပဳံးနဲ႔လက္မေထာင္]
_______________