Extra - 1

နေ့လည် ထမင်းစားသောက်ပြီးကတည်းက တိမ်တိုက်တို့ သားအဖနှစ်ယောက် ရေမိုးချိူးကာ သပ်သပ်ရပ်ရပ် ဝတ်စားထားကြနေပြီးဖြစ်သည်။ ပုဆိုးဝတ်ရတာသိပ်မကြိုက်ပေမယ့်လည်း ဒီနေ့တော့ တိမ်တိုက်တစ်ယောက် ပုဆိုး အပြာလေးနဲ့ ခန့်ညားနေတော့သည်။ ဆည်းဆာမောင်လေးကိုတော့ ကလေးမို့ တီရှပ်လေးနဲ့ ချည်ဘောင်းဘီ လေးကိုသာ ပေါ့ပေါ့ပါးပါး ဝတ်ပေးထားလိုက်သည်။

အနက်ရောင်ကြိုက်သည့် ခွန်း နှင့် အဝါရောင်ကြိုက်သည့် တိမ်တိုက် တို့၏ သား ဆည်းဆာမောင်ကတော့ မိုးပြာရောင်လွင်လွင်လေးကို ကြိုက်ပါသတဲ့။ ညိုဝင်းလှသော သူ့အသားအရည်နဲ့ သိပ်မလိုက်ပေဘူး ဆိုပေမယ့် သူတကယ်ကို ကြိုက်ပါသည်တဲ့လေ။

သုံးနှစ်သားကလေးလေးက တစ်ခါတလေ ကောင်းကင်ပေါ်ကို မော့ကြည့်ရင်း '' ဖော့ က ရှုပ်လိုက်တာ '' တဲ့ ။ အမှန်တော့ ကောင်းကင်မှာ အဖြူရောင်တိမ်တိုက်တွေက သူကြည့်ချင်သော အပြာရောင် ကောင်းကင်ကြီးကို လာလာကွယ်နေလို့တဲ့လေ။

အများစုက တိမ်ဖြူတိမ်ရိပ်တွေ ပြန့်ကျဲနေတဲ့ကောင်းကင်ကို သဘောတကျ ကြည့်တတ်ကြပေမယ့် ဆည်းဆာကတော့ တိမ်တွေကင်းစင်နေတဲ့ အပြာရောင် ကောင်းကင်ကိုသာ နှစ်သက်လေသည်။

အခုလည်း မိုးပြာရောင်တီရှပ်နဲ့ ဆည်းဆာက အညိုရောင်ပါးဖောင်းဖောင်းလေးတွေနဲ့ သိပ်လိုက်ဖက်နေပြန်တယ်။

'' ခွန်ဖော့ သားချောလား ''

မှန်ရှေ့ ပုဆိုးဝတ်နေရင်း ဘေးတွင်လာရပ်ကာမေးသော ဆည်းဆာမောင်။

တိမ်တိုက် ပုဆိုးဝတ်ပြီးတော့ ဆည်းဆာရှေ့ ဒူးထောက်ထိုင်ချလိုက်ကာ ပုခုံးနှစ်ဖက်ကို ဖွဖွလေး ဆုပ်ကိုင်လိုက်ပြီး ဆည်းဆာ ပါးဖောင်းဖောင်းလေး တစ်ဖက်ကို ရွှတ်ခနဲ တစ်ချက်နမ်းလိုက်သည်။

'' ချောတာပေါ့ ဒါပေမယ့်ကွာ မူရင်းကို ဘယ်မိတ္တူက မှီပါ့မလဲ ''

ဪ တိမ်တိုက်ကြိုးတစ်ယောက် သားအဖချင်းတောင်မရှောင် ကပ်ဖဲ့။

'' မူရင်း...မိတ္တူ ''

ဆည်းဆာမောင်တစ်​ယောက် တိမ်တိုက်ပြောသည့် စကားအဓိပ္ပါယ်ကို မသိပေ။

'' နားမလည်ဘူး ''

ခေါင်းကုတ်ရင်း ပြောတော့ တိမ်တိုက်တစ်ယောက် ဟက်ဟက်ပက်ပက် ရီချတော့သည်။ ဒါကို ဘုကြည့်ကြည့်နေသူက ဆည်းဆာမောင်။

အဖေတူသားမို့ထင်ပါရဲ့...သူမသိတာနဲ့လာလှောင်လျှင် ရေမြေဆုံး လိုက်မေးတော့မှာပင်။

'' မရီနဲ့လို့ သားမေးတာဖြေ ''

'' သိချင် မင်းအဖေကို သွားမေး ဟား..ဟား...''

တိမ်တိုက် ရီရင်း ဆည်းဆာကို ကောက်ချီကာ အောက်ထပ်ဆင်းသွားတော့သည်။

ဒီနေ့ သူတို့ သားအဖနှစ်ယောက် ခွန်းကျောင်းကို လိုက်သွားကြမှာပင်။

ခွန်းက အရေးမကြီးလျှင် ကျောင်းကို ခေါ်လေ့သိပ်မရှိ။ လာဖို့လည်း ခွင့်မပြုထား။ သို့သော်လည်း အိမ်မှာချည်းပဲ နေနေရသော သားအဖနှစ်ယောက် က တစ်နည်းမဟုတ် တစ်နည်း အပြင်ထွက်ဖို့ကို ကြံဖန်နေကြတာပင်။

ကျောင်းပိတ်ရက်တွေမှာတောင် အလုပ်လုပ်နေရသော ခွန်း က တိမ်တိုက်တို့သားအဖကို အပြင်ခေါ်ထွက်ဖို့ မအားလပ်ပေ။ နှစ်ယောက်တည်းကျတော့လည်း စိတ်မချ၍ ဘယ်မှ မသွားရဟု အမိန့်ချထားလေသည်။

ဒေါ်ယုယမြိုင် လာခေါ်သည့်အခါမျိူးမှသာ အပြင်ထွက်ရသည်။

သို့ပေမယ့် ဒီနေ့တော့ ကျောင်းကို သွားလည်မည်ဟု သားအဖနှစ်ယောက် လုံး စီစဥ်ထားကြသည်။ ဒီအစီအစဥ်ကို နေ့လည်ကမှ ထမင်းစားသောက်ပြီး တိမ်တိုက်တို့ ချလိုက်တာပင်။ ဆည်းဆာလေးကလည်း သူ့အဖေ ကျောင်းသို့် သွားချင်သည်ဟု ပူဆာနေတာကြောင့်လည်းပါသည်။ သူကိုယ်တိုင်ကလည်း သွားချင်နေတာပင်။ သို့ပေမယ့် ခွန်းကတော့ တိမ်တိုက်တို့လာမည့်အကြောင်း မသိထားပေ။

ခွန်းက အရင်ကလို ကျောင်းကို ဝင်ထွက်သွားလာခွင့် တိမ်တိုက်ကို မပေးထားတော့ပေ။ တိတိကျကျဆို ခွန်းတို့ ကျောင်းမှာ နောက်ဆုံးပွဲလုပ်သည့် အချိန်မှ စ၍ပင်။
အရင်ကဆို တစ်ပတ်ကို တစ်ခေါက်လောက်တော့ ကျောင်းကို ရောက်ဖြစ်သည်။ အဲ့သည့်နောက်တော့ ခွန်းက မလာရဘူး ဟု တစ်ချက်လွှတ်အမိန့်နှင့် တိမ်တိုက်လည်း မသွားဖြစ်တော့။ တစ်ခါတလေ ခွန်းကို သွားကြိုချင်ရင်တောင် ကျောင်းပေါက်ဝက လုံခြုံရေးအခန်းထဲမှာသာ စောင့်ခိုင်းပြီး ချက်ချင်းဆင်းလာတတ်သည်။

အကြောင်းပြချက်တောင်းချင်သော်လည်း ခွန်းကိုယုံတာမို့ ခွန်းဆန္ဒအတိုင်းသာ လိုက်လျောပေးလိုက်သည်။ ကျောင်းထဲ မဝင်ရလို့လည်း ဘာမှ မထိခိုက်သွားဘူးလေ။ ဒါကြောင့်လည်း အိမ်ထဲက အိမ်ပြင်မထွက်သော သားအဖကိုတွေ့ချင်လျှင် ကျောင်းဆင်းချိန် ခွန်းနှင့်အတူလိုက်လာပြီး တွေ့တတ်ကြလေသည်။

အခုတော့ တိမ်တိုက်တို့ သားအဖ လမ်းမထက်မှာ Taxi ငှားနေကြသည်။ အပြင်လျှောက်သွားမှာစိုး၍ ခွန်းက တိမ်တိုက်ကားကိုပါ ဒေါ်ယုယမြိုင် အိမ်ပြန်ပို့ထားတာပင်။

Taxi နှင့် ကျောင်းသို့ရောက်လာကြသော သားအဖနှစ်ယောက် ။ တစ်ယောက်လက် တစ်ယောက်ဆွဲကာ ကျောင်းပေါက်ဝမှာ ရပ်နေကြသည်။ မပြောပဲ ရောက်လာကြ၍ ခွန်းများ စိတ်ဆိုးလေမလားဆိုသည့် စိတ်က ကျောင်းထဲကို ဝင်မည့်ခြေလှမ်းတွေကို မဝံ့မရဲ ဖြစ်စေသည်။

'' သားတို့ ဘာကိစ္စရှိလို့လဲ... ဟော...''

လုံခြုံရေးဝန်ထမ်း ဦးဝင်းက အခုထိ ဒီရာထူး ဒီနေရာမှာပင်။ မှုန်နေသော မျက်စိကြောင့် အရှေ့တိုးကြည့်တော့မှ တိမ်တိုက်မှန်း သိသွားလေတော့သည်။

'' မောင်တိမ်တိုက်ကြိုး ပါလား။ မတွေ့တာကြာရောပေါ့ ''

'' ဟုတ် ဦးဝင်း နေကောင်းတယ်မလား ''

ဦးဝင်းက ခေါင်းငြိမ့်ပြပြီး တံခါးဖွင့်ပေးလိုက်သည်။ အထဲရောက်တော့ တိမ်တို်က်ဘေးက အကောင်သေးသေးလေးကို ငုံ့ကြည့်လိုက်သည်။

'' ဆာဝါဒီ...အယ်လေ...မင်္ဂလာပါ ခင်ဂျ ''

လက်အုပ်လေးချီကာ တရုိတသေ နှုတ်ဆတ်နေသော ဆည်းဆာမောင်။ ဒါကို ခွန်းသင်ပေးထားတာဖြစ်သည်။

'' အေးအေး မင်္ဂလာပါကွယ်။ ဒါလေးက ဆည်းဆာမောင်လေးဖြစ်မယ် ဟုတ်စ မောင်ရင် ''

'' ဟုတ် ဦးဝင်း ''

'' အတော်တောင်ကြီးနေပြီပဲ။ ဦးလေးက တွေ့ချင်နေတာကွ ။ကြည့်ပါဦး ဆရာ့သားလေးက ဆရာနဲ့ တူလိုက်တာ ''

ဦးဝင်းက အသည်းယားစွာ ခါးလေးကိုင်းပြီး ဆည်းဆာကို ထိမည်အလုပ် တိမ်တိုက်နောက်ကို ပြေးပုန်းသွားသော ပေါက်စလေး။ သူစိမ်းဆိုလည်း ကြောက်တတ်လိုက်တာ သူ့အပြင်မရှိ။ ခင်ရင်လည်း တောက်တဲ့လို လိုက်တွယ်ကပ်နေရောပဲ။

'' ရှိတယ်မလားဟင် ''

ခွန်းရုံးခန်းရှိရာကို မေးငေါ့ပြကာ တိမ်တိုက်မေးလိုက်သည်။

'' ရှိတယ် ရှိတယ် ''

'' ဒါဆို ကျွန်တော်တို့ကို ခွင့်ပြုပါဦးနော် ''

'' ကောင်းပါပြီကွယ် ''

တိမ်တို်က် တစ်ယောက် ဆည်းဆာ လက်ကိုဆွဲကာ ခွန်းရှိရာ ရုံးခန်းအဆောင်သို့် ဦးတည်လျှောက်သွားလိုက်သည်။

အပေါ်ကြယ်သီး တစ်လုံးကို ဖြုတ်ထားကာ မျက်ဝန်းနက် ခပ်စူးစူးက အရှေ့က Desktop ပေါ်မှာ။ လက်ကောက်ဝတ်ထိ ဖုံးအုပ်ထားတဲ့ အဖြူရောင် လက်ရှည်ကလည်းကြယ်သီးအပြည့်။

ညာဘက် လက်သူကြွယ်မှာ ဝတ်ဆင်ထားတဲ့ ရွှေရောင်မောင်းကွင်းလက်စွပ်လေးက အညိုရောင် ရှည်ရှည်သွယ်သွယ်လက်ချောင်းလေးတွေနဲ့ လိုက်ဖက်နေပြန်သည်။

ဟော ဆည်းဆာလက်သေးသေးလေးကို ဆုပ်ကိုင်ထားတဲ့ တိမ်တိုက်လက်ရဲ့ ဖြူဖြူသွယ်သွယ် လက်သူကြွယ်မှာလည်း ဆင်တူ လက်စွပ်လေးတစ်ကွင်း။

ဒေါ်ယုယမြိုင် ဆင်ပေးထားတဲ့ လက်ဖွဲ့လေးတစ်ခုပေါ့။

အညိုရောင်လက်ချောင်းလေးတွေက Keyboard ဆီ အလုပ်နေချိန် စုကြုံ့ထားတဲ့မျက်ခုံးတန်းတွေအောက်က မျက်ဝန်းတစ်စုံကလည်း အဖြူရောင် မျက်နှာပြင်ပေါ်မှာ အာရုံစိုက်နေရင်း.....အစိမ်းရောင် ပုဆိုးစ ကိုတစ်ယောက်ယောက်က လာဆွဲနေသည်ဟုခံစားရ၍ ကြည့်လိုက်တော့....မိုးပြာရောင်တီရှပ်နဲ့ ခွန်းပေါက်စေလေးက မျက်လုံးဝိုင်းကြီးတွေနှင့် သူ့အားမော့ကြည့်နေလေသည်။

'' သား...''

ခွန်း ရုတ်တရက် သူ့သားကိုတွေ့လိုက်ရတာမို့ ခနကြောင်သွားပြီးမှ ဆည်းဆာကို ကောက်ချီကာ ပေါင်ပေါ်တင်လိုက်သည်။

'' ဘယ်လိုရောက်လာတာလဲ။ ဘယ်သူနဲ့လာတာလဲ ''

'' ကျွန်တော်နဲ့ ဟီး...ဟီး...''

သွားတက်ဖွေးဖွေးလေးက အခန်းအပေါက်ဝကနေ သူ့အား ရီပြနေလေသည်။

'' တိမ်တိုက်....''

တိမ်တိုက် အခန်းထဲ ဝင်လာပြီး ခွန်းဘေး လာရပ်နေလေသည်။ အပြုံးကလည်းမပျက်သေးပေ။

ခွန်းက ဘယ်လိုလဲ ဆိုသည့်သဘောဖြင့် မေးငေါ့ကာ မေးတော့...

'' ပျင်းလို့... မောင့်ကို လာကြိုတာ ဟဲဟဲ ''

လာကြိုကြသည်ဟုပြော၍ နာရီကို ကြည့်တော့ တစ်နာရီပဲ ရှိသေး။ ခွန်း အဓိပ္ပာယ် ပါသော အကြည့်စူးစူးကို တိမ်တိုက်အား ကြည့်ပေးလိုက်လေသည်။ ထိုအခါ...တိမ်တိုက်တစ်ယောက် သွားကြီးဖြီး၍ ခွန်းခုံအနောက်ကိုသွားရပ်ကာ ခွန်းပုခုံးတွေအား နှိပ်နယ်ပေးပြီး ဖားနေလေသည်။ ဆည်းဆာကလည်း အားကျ မခံ အဲလ်ကွန်းဖွင့်ထားသော အခန်းထဲတွင် သူ့အဖေ ခွန်းအား သူ့လက်သေးသေးလေးနှင့် ယက်ခပ်ပေးနေလေသည်။

'' ဟင်း...ဟင်း...ဒီသားအဖကတော့နော် ''

နှစ်ယောက်လုံးရဲ့လက်တွေကို ဖမ်းကိုင်လိုက်ပြီး

'' ကဲကဲ ထားတော့။ နေ့လည်စာ စားပြီးကြပြီလား ''

'' စားပြီးပြီ ဖေဖေ ''

ဆည်းဆာခေါင်းလေးကို ခွန်း လက်လေးဖြင့် သပ်ကာ... သဘောတကျ ကြည့်ကာ ပြုံးလေသည်။

သားအဖသုံးယောက် ချစ်ကြည်နူးနေစဥ်...

'' ဒေါက် ဒေါက် ဒေါက်... အဟမ်း...အဟမ်း ''

တံခါးပြန်မပိတ်ခဲ့တာကြောင့် အပေါက်ဝကို လှမ်းကြည့်တော့....

'' ပါးပါး....''

ဆည်းဆာမောင် တစ်ယောက် တံခါးဝက စောမဟာသွေး ကိုကြည့်ကာ ခေါ်လိုက်ခြင်းပင်။

'' လူစိမ်း ဝင်လာတယ်ပြောလို့ လာကြည့်တာ ပါးပါး ဘေဘီလေးဖြစ်နေတာပဲ ''

တကယ်ကို ကျောင်းစည်းကမ်းထိန်းသိမ်းရေးဥက္ကဌ ပီသပါပေတယ်။

'' လာပါဦး ပါးပါးဆီ ''

လက်လေးဆန့်ကာ ကိုကိုခေါ်တော့ ဆည်းဆာတစ်ယောက် ခွန်းပေါင်ပေါ်က ဆင်းကာ ကိုကို့ဆီသွားလိုက်သည်။

ကိုကို့ ကိုယ်ပေါ် ရောက်သည်နှင့် ကိုကိုတစ်ယောက် ဆည်းဆာ လေးအား တရွှတ်ရွှတ် နမ်းတော့သည်။ သူ့အဖွား ဒေါ်ယုယမြိုင် လာခေါ်သွားပြီးကတည်းက ခုထိ ကောင်းကောင်းမတွေ့ရသေးတာပင်။

'' ဘေဘီ ပါးပါးတို့ ဒယ်ဒီစာသင်နေတာသွားကြည့်ကြမလား ''

မျက်လုံးလေးတွေ လဲ့ကာ ခေါင်းတဆတ်ဆတ် ငြိမ့်ပြလေသော ဆည်းဆာမောင်။

ကိုကို တိမ်တိုက်နှင့် ခွန်းတို့ကို တစ်ချက်ကြည့်လိုက်တော့ ခွန်းက ခေါင်းငြိမ့်ပြတာနှင့်ဆည်းဆာလေးကို ခေါ်ကာ အပြင်သို့ထွက်သွားတော့သည်။

ထိုအခါမှ ခွန်း သူ့ခုံအနောက်က တိမ်တိုက်ကို ဆွဲထုတ်ကာ သူ့ဘေး လာရပ်ခိုင်းလိုက်သည်။ ဆုံလည်ခုံကို တိမ်တိုက် ဘက် လှည့်ကာ တိမ်တိုက်ကိုမော့ကြည့်ပြီး...

'' ကဲ....ပြော ဘာစိတ်ကူးတွေပေါက်လဲ....မောင့်တိမ်တိုက် ''

'' မောင်ကလည်း ကိုယ့်ယောကျာ်းဆီ ကိုယ်လာတာ စိတ်ကူးပေါက်မှ လာရမှာလား ''

ခွန်း တိမ်တိုက်လက်လေးကို ယူကိုင်လိုက်ပြီး...သက်ပြင်းလေးချကာ

'' မောင် ဘာပြောထားလဲ တိမ်တိုက် ''

ထိုအခါ တိမ်တိုက် မျက်နှာလေး ညိုးသွားကာ ခေါင်းငုံ့ကျသွားတော့သည်။

'' အပြင်မထွက်နဲ့ဆိုလို့အပြင်မထွက်ဘူးလေ ထွက်လည်း မောင့်ဆီပဲလာတာကို။ တစ်နေ့တစ်နေ့ အိမ်ထဲမှာပဲ နေရတာ ဘယ်လောက်ပျင်းဖို့ကောင်းလဲ မောင်သိလား။ ပြီးတော့ သားကလည်း ပြင်ပ အထိအတွေ့ လိုလာပြီလေ ။ ''

ဝမ်းနည်းနေသော အသံလေးတွေကြား မကျေနပ်သံလေးတွေကလည်း ရောစွက်နေလေသည်။

ထိုအခါမှ သူလွန်များလွန်းသွားပြီလားဟု တွေးမိကာ တိမ်တိုက် ခါးလေးကို လက်တစ်ဖက်ဖြင့်ဆွဲပွေ့လိုက်ပြီး ငုံ့ကျနေသောမေးစေ့လေးကို ကျန်လက်တစ်ဖက်ဖြင့် လှမ်းကိုင်လိုက်ကာ...

'' မောင် တောင်းပန်တယ်နော်။ မောင်နည်းနည်း လွန်သွားတာ။ နားလည်ပေးမယ် မဟုတ်လား ဟင် ''

မော့ကြည့်ကာ မေးလာသော တောင်းပန် မျက်ဝန်းတစ်စုံကြောင့် တိမ်တိုက် အရည်ပင် ပျော်ကျချင်နေလေပြီ။

မောင်ချွဲလျှင်သိပ်နေရခက်တာပဲ...

'' မောင့်ကို နားလည်မပေးဖူးတာ ရှိခဲ့လားေပြာ ''

မျက်စောင်းလေးကို မျက်တောင်ကော့ကော့တွေကြား ခဲကာ နှုတ်ခမ်းစူကာပြောတော့ အသည်းတယားယားဖြင့် တိမ်တိုက်နှာခေါင်းကို ခွန်း လှမ်းဆွဲရမ်းလိုက်လေသည်။

'' မောင် အလုပ်များနေလား ''

'' အင်း နည်းနည်းများတယ် ''

'' ကျွန်တော် ကျောင်းထဲ ခနလိုက်ကြည့်ချင်တယ် မရောက်တာလည်း ကြာပြီဆိုတော့ ''

'' အင်း အာ့ဆို ခနလေး ''

ခနလေးဟုဆိုကာ desktop ပေါ်က ဆရာဆရာမများ အတန်းချိန်စာရင်းကို ခွန်း သေချာကြည့်နေစဥ် တိမ်တိုက်က ခွန်းမေးစေ့လေးကို လက်ဖြင့်ထိန်းကာ သူ့ဘက် လှည့်ယူလိုက်ပြီး ခွန်းမျက်ဝန်းတွေထဲ စေ့စေ့ကြည့်ကာ

'' မောင် ကျွန်တော် ကလေး မဟုတ်တော့ဘူး ''

ခွန်းလည်း တိမ်တိုက်ကို သေချာကြည့်ကာ သက်ပြင်းလေးချလိုက်သည်။

'' သွားပြီနော် မွ ''

ပါးတစ်ဖက်ကို ဖြတ်ခနဲ နမ်းသွားသေးသည်။

တကယ်ကို မလွယ်ပါလား တိမ်တိုက်ကြိုးရယ်။

တိမ်တိုက် ကျောင်းထဲ လှည့်ပတ်ကြည့်ရင်း အသိ ဆရာဆရာမ များတွေ့လျှင် နှုတ်ဆက်လိုက် စကားရပ်ပြောလိုက်ဖြင့် အဆင်ပြေနေသည်။ ဆည်းဆာကလည်း ရှန်မင်းတို့နှစ်ယောက်နှင့် ကိုကို့ အခန်းထဲတွင် မုန့်များနှင့် ဇိမ်ကျနေလေသည်။

တိမ်တိုက် သွားနေရင်း အပေါ့သွားချင်လာ၍ နီးစပ်ရာ အိမ်သာထဲသို့ဝင်လာလိုက်သည်။

အပြင်ပြန်ထွက်မည်အလုပ်...ရုန်းကန်သံတစ်ချိူ့နှင့်

'' ငြိမ်ငြိမ်နေ အသံမထွက်နဲ့ ''

ဲအံကြိတ်သံတိုးတိုးကို တိမ်တိုက်ကြားလိုက်ရသည်။

ထို့ကြောင့် တိမ်တိုက် အပြင်ပြန်ထွက်မလိုလိုနှင့် အိမ်သာတံခါးကို ပြန်ပိတ်ကာ ထွက်သွားသည့်ပုံ လုပ်ပြီး အထဲက အသံတွေအား ဆက်နားစွင့်နေလိုက်သည်။ည

ဘုန်း.....

တစ်စုံတစ်ယောက် ကျောကုန်းအား လက်ဖြင့်ရိုက်၍ ထွက်လာသော အသံက တိမ်တိုက်ကိုယ်လေးကို တုန်တက်သွားစေသည်။

'' မင်းမလား...ဟမ်....ကျောင်းအုပ်ထိ သွားတိုင်ရအောင် မင်းက ဘာစောက်ဆင့်ရှိလဲ ဘုန်း..ဘုန်း....''

''..... ''

'' မေးနေရင်ဖြေလေ...ဟာ...ဒီငါ-ိုးမသားကတော့ ခွပ်..ခွပ် ''

'' အာ့....အား.... ''

အသံက စုစုပေါင်း လေး​ယောက်သံ ဖြစ်သည်။

ဒါဟာ ကြားဖူးသည့် ကျောင်းတွင်း အနိုင်ကျင့်မှုပဲ ဖြစ်လိမ့်မယ်ဟု တိမ်တိုက် ထင်လိုက်သည်။

စည်းကမ်းကြီးသော ကျောင်းမှာ နာမည်ဆိုးနှင့်ကျော်ကြားသော ရွှေဇွန်းကိုက် ကျောင်းသား သုံးယောက်နှင့် စကောလာရှစ်နှင့် လာတက်ရသော စာတော်သည့် အညတရ ကျောင်းသားလေးတစ်ဦး တို့ ရန်ပွဲ ဖြစ်သည်။

ထိုကောင်လေးကို စာတော်လွန်း၍ ကြည့်လို့မရတာကြာပြီဖြစ်သည်။ သူတို့သုံးယောက် က ကျောင်းအုပ်ကြီးမှ လွဲ၍ ကျန်သည့် ဆရာဆရာမများအား မကြောက်။ ထိုသုံးယောက်က ဦးမာန်ခွန်းစစ် တို့ လွှတ်တော် အထက်ပိုင်းမှ အမတ်များ၏ သား မြေးတွေ ဖြစ်သည့်အလျောက် အုပ်ထိန်းသူ တွေကလည်း K'Cloudy တွင်ရှယ်ယာအတော်အသင့်ပါဝင်ထားကြ၍ ထိုသုံးယောက်အား တော်ရုံ မထိရဲ ကြပေ။

အခုကိစ္စမှာလည်း ကျောင်းတွင်း အပြင်းအထန်တားမြစ်ထားသည့် ဆေးလိပ်ကို ခိုးသောက်နေချိန် လူမိသွားပြီး ကျောင်းအုပ်မှ မိဘခေါ်ကာ လက်မှတ်ထိုးခိုင်းသည်။

တကယ်တော့ ကျောင်းအုပ်ကို သွားတိုင်သည်က ထိုသုံးယောက်ကို ကြည့်မရသော အတန်းထဲမှ ကောင်မလေးတစ်ယောက်ဖြစ်သည်။

အခု ပြသာနာတွေ မဖြစ်ခင် ထမင်းစားဆင်းချိန်တွင်.....

ဘုန်း !

'' ဟဲ့ နင် မှတ်လား ကျောင်းအုပ်ကိုသွားတိုင်တာ ''

ထို ကောင်မလေး ခုံပေါ် စာအုပ်တွေ ပစ်ချကာ မေးလေသည်။

ယောကျာ်း လေးသုံးယောက်က ဝိုင်းထား၍ ကောင်မလေးလည်း ကြောက်ကြောက်လန့်လန့်ဖြစ​်နေသည်။

'' ဘာလဲ နင်က ငါတို့နဲ့ကစားချင်နေတာလား ဟမ် ''

ကောင်မလေး စည်းထားသော ဆံပင်ကို ခေါင်းစီးကွင်းဖြုတ်လိုက်ကြတော့ ဆံပင်ရှည်တွေက မညီမညာ ပုခုံးပေါ်ကျလာသည်။

'' ပြောလေ နင့်စောက်ပေါက်က သွားတိုင်တုန်းကလို ဖွင့်လေ ''

ကောင်မလေး ပါးနှစ်ဖက်အား လက်တစ်ဖက်ဖြင့် ဖြစ်ညစ်ကာ လှုပ်မေးနေလေသည်။ ဒါကို အစအဆုံး သေချာကြည့်နေသော အတန်းထဲက လူအေးလေး တစ်ယောက်။ သူတောင် ခေါင်းစခြေဆုံး မြတ်နိုးလွန်း၍ မထိရက်လေးကို ထို သကောင့်သားသုံးယောက်က စိတ်လိုလက်ရ အကြမ်းပတမ်းကိုင်တွယ်နေကြတာပင်။

'' ငါတိုင်လိုက်တာ ''

အနောက်တစ်နေရာမှ အသံထွက်လာ၍ ထိုသုံးယောက်
လှည့်ကြည့်တော့ အမြဲ Roll 1 ချိတ်နေသည့် စာဂျပိုး။

'' ဟက်.... မင်းလား... ဪ ''

ကောင်မလေး ဆီကနေ သူ့ဆီ ထိုသုံးယောက်ရောက်လာသည်။

'' ငါတို့ပေးထားတဲ့ ပိုက်ဆံနဲ့ကျောင်းတက်နေပြီး ငါတို့ကို စော်ကားတယ်ပေါ့လေ ''

အင်္ကျီ ကော်လံကို ဆွဲကာ ထိုးဖို့လုပ်ချိန် ဆရာမ ဝင်လာ၍ ရပ်လိုက်ရသည်။ ဒါကို မကျေနပ်သေး၍ ထိုကောင်လေး အိမ်သာသွားချိန်အနောက်မှ လိုက်ကာ အိမ်သာထဲပိတ်ကာ ပညာပေးနေကြတာဖြစ်သည်။

ကောင်လေးကို ဘိုထိုင်ပေါ်ထိုင်ခိုင်းကာ သုံးယောက်သား ဘေးကဝိုင်းပြီး မေးလိုက် ဆော်လိုက် လုပ်နေကြသည်။

'' မင်းတို့ သတ္တိ ရှိရင် တစ်ယောက်ချင်းချ ။ အဖွဲ့လိုက်ဟောင်မနေနဲ့ ''

အပြင်ကနေ နားထောင်နေသော တိမ်တိုက်ကတော့ ကြက်သီးတဖြန်းဖြန်း။ သုံးယောက်တစ်ယောက်တောင် ထိုကောင်လေးလေသံက သိ်ပ်ကိုရဲတင်းလွန်းနေသည်။

'' ဘာကွ..ခွပ်...ခွပ်...''

'' ဟျောင့်ရေ နေဦး ။ ငါတစ်ခု စဥ်းစားမိတယ်။ မနေ့က ကျောင်းအုပ် ရုံးခန်းထဲက ဧကရီ ထွက်လာတာ ငါကိုယ်တိုင်မြင်လိုက်တာကွ။ မဟုတ်မှ လွဲရော.....
သူရိန်...မင်း ဧကရီကို ကြိုက်နေတာလား ''

'' ဘာ... ဟား...ဟား....ဧကရီကို မင်းလို ငမွဲက ဟား..ဟား...''

'' မင်း ဧကရီ့အစား ဝင်ခံပေးလို့လည်း ဧကရီ လွတ်မယ်ထင်လား ဟား...ဟား...ဒီကောင် ငါတို့သုံးယောက်က ဒီကျောင်းမှာ ဘာလဲဆိုတာ မစုံစမ်း ထားဘူးထင်တယ် ''

တစ်​ယောက်တစ်ခွန်း ဟားတိုက်သံတွေကို တိမ်တိုက် အတိုင်းသားကြားနေရသည်။

'' မင်းတို့ဘာသာ ဘာကောင်ဖြစ်ဖြစ် ငါစိတ်မဝင်စားဘူး ရှင်းလား....''

'' ဝိုး....အလာ ကြီးပါလား ငါ့ကောင်ရေ ။ ဧကရီတော့ ကံကောင်းတာပဲဟေ့....ဒီလို ဘာမှ မရှိတဲ့ စာဂျပိုး ငမွဲက သူ့ကိုကြိုက်နေလို့လေ ဟားး....ဟား.....''

မမြင်ရသေးတဲ့ သူရဲကောင်းကိုတော့တိမ်တိုက်တော်တော်လေး လေးစားနေနှင့်ပြီ။ သူခံနေရသည့်တိုင်ကို လေသံက တစ်ချက်လေး မယိုင်သွား။

သူတို့စကားကို နားထောင်ရင်း တိမ်တိုက် ဇာတ်ရည်တောင်လည်နေပြီဖြစ်သည်။

'' အေး ဒီငမွဲက မင်းတို့လိုတော့ စိတ်ဓာတ်အောက်တန်းမကျဘူး ''

'' ဒီခွေးမသား....ခွပ်....ခွပ်...ခွပ် ''

ဝိုင်းဆော်နေကြပြီမို့ တိမ်တိုက် မနေနိုင်တော့ အိမ်သာတံခါးကို ဆွဲဖွင့်လိုက်တော့ ကောင်လေးမျက်နှာက အတော်လေး ဖူးယောင်နေလေပြီ။ ရပ်နေတဲ့သုံးယောက်ကလည်း သူနဲ့ အရပ်မတိမ်းမယိမ်းတွေ....

ထိုးနေတဲ့သုံးယောက်က ရပ်ကာ တိမ်တိုက်ကို ကြောင်ကြည့်နေကြသည်။ အပြင်ဝတ်နဲ့လူစိမ်းက ကျောင်းအိမ်သာထဲထိ ဘယ်လိုဝင်လာသလဲပေါ့။

'' ဟ ဘာလဲ ဟ ''

'' တော်သင့်ပြီ ကောင်လေးတို့ ''

တိမ်တိုက်ပြောတော့

'' ေဟျာင့် ဒီဦးလေးကြီးက ဘယ်သူလဲ ''

'' မသိဘူးလေ သန့်ရှင်းရေး အသစ်နေမှာပေါ့ ဒါမှမဟုတ်လည်း ကျောင်းစောင့် ပေါ့ ''

'' ဒီမှာ ဦးလေးကြီး ကိုယ့်ကိစ္စမဟုတ်ရင် ဝင်မပါနဲ့ လစ် ''

တိမ်တိုက် ရင်ဘတ်ကို လက်နဲ့ တွန်းထုတ်လိုက်၍ အနည်းငယ်တောင် ယိုင်သွားချင်သည်။

'' ဒီကလေးတွေ ရိုင်းလှချည်လား ''

'' အဲ့တာ ခင်ဗျား စောက်ပူပါလား ''

တိမ်တိုက် ဒေါသ ထောင်းခနဲ ထွက်သွားတော့သည်။ သူ့ထက်အများကြီးငယ်သည့်ကလေးတွေက သူ့ကို ဒီလိုပြောရမလား ဆိုပြီးတော့ပေါ့။

'' မင်းတို့ ယောကျာ်း မဟုတ်ဘူးလား။ တစ်ယောက်ချင်း
ယှဥ်ချလေ။ အုပ်စုလိုက်ကိုက်တာ ခွေးပဲ ရှိတယ်ကွ ''

တိမ်တိုက်၏ ဒေါသတွေက အထွတ်အထိပ်မို့ စကားလုံးတွေ မရွေးမိတော့။

'' ဟာ စောက်ဘဲ ကြီး စကားများတယ် ချကွာ ''

သုံးယောက်လုံး တိမ်တိုက်ဆီ ဝင်လုံးတော့သည်။ ထိုသုံးယောက်က ဒီကျောင်းမှာ ဘယ်သူ့ကိုမှ စောက်ဂရုမစိုက်ဆုံး သုံးယောက်ပင်။ သူဌေးသားတွေပီပီ ငွေဂုဏ်ကလည်းမောက်သေးသည်။ ပြသာနာဖြစ်လည်း ငွေနှင့်ဖြေရှင်းလို့ရသည်ဟု စိတ်ထဲ တထစ်ချယုံနေကြသူများပင်။

တိမ်တိုက် လည်း ငုပ်လျိူးနေသော ပညာများ ထုတ်ကာ ရှောင်တော့သည်။ ကျောင်းသားတွေမို့ သူထိုးလိုက်လို့ တစ်ခုခု ဖြစ်သွားလျှင် ခွန်းမျက်နှာပျက်ရမည်။ ထို့ကြောင့် အတတ်နိုင်ဆုံးရှောင်ကာ အင်္ကျီ ဖုံးနေသည့် ဗိုက်ကိုသာ ထိုးသည်။ မျက်နှာကိုထိုးလျှင် သိသာမည်မဟုတ်လား။

နောက်က တစ်ယောက်ကလည်း အားပြန်ပြည့်ပုံရပြီ ထလာကာ ထိုသုံးေယာက်ကို ဝင်ထိုးပြန်သည်။ သူကတော့ကျောင်းသားချင်းမို့ မျက်နှာတွေချည်း တည်ထိုးတာပင်။

အခုဆို သုံးယောက်နှစ်ယောက် အိမ်သာထဲတွင် ချနေကြတာပင်။ တိမ်တိုက် သူ့မျက်နှာကို လာမထိအောင် ဂရုတစိုက်ကို ကာသည်။ ဟိုစာဂျပိုးလေး လက်ဆကလည်းမသေးပေ။ ထိုသုံးယောက်မျက်နှာပေါ်က အရာတွေက သူချည်းထိုးထားတာပင်။

ခွပ် !

အာ့!

အငိုက်အမိမှာ တိမ်တိုက် မျက်နှာကို လက်သီးတစ်ချက်ဝင်လာသည်။ တိမ်တိုက်လည်းစိတ်ပိုဆိုးသွားကာ အသားကုန်ပွဲကြမ်းတော့လေသည်။

'' ရပ်လိုက်ကြစမ်း! !''

ဩဇာ အပြည့်နဲ့ အမိန့်အသံကြီးက အိမ်သာထဲ ပဲ့တင်ထပ်ကာ ထိုးသတ်နေကြသူများအားလုံး ရပ်သွားကြသည်။

K'Cloudy ၏ ကျောင်းအုပ် ခွန်းမာနမောင် အား မြင်သည်နှင့် ကျောင်းသားလေးယောက်လုံး ဘေးသို့ တန်းစီ ကပ်ရပ်ကာ လက်လေးတွေ ပိုက်ရက်သား။

စောစောက နင်လားငါလား ချနေကြတာ သူတို့မဟုတ်သည့်အတိုင်း။

ခွန်း တိမ်တိုက်ဆီ ခြေလှမ်းကျယ်ကြီးတွေနဲ့ လျှောက်သွားကာ တိမ်တိုက်ကို သူ့နောက်ပို့လိုက်ပြီး ကျောင်းသားလေးယောက်ရှေ့ တည့်တည့်ရပ်ကာ မျက်မှောင်ကြုံ့ပြီးကြည့်နေသည်။

'' တိမ်တိုက် ''

ကြားနေကျ စိုးရိမ်သံနဲ့အတူ အနောက်မှ ပါလာသော ရှန်မင်းက ခွန်းနောက်ရှိ တိမ်တိုက်ဆီ ပြေးသွားကာ နှုတ်ခမ်းထောင့်က ညိုမဲနေသော နေရာကို ဖွဖွလေးထိကြည့်သည်။ နောက်တော့ ရှေ့က လေးယောက်ကို ခွန်းကြည့်သလို စူးစိုက်ကာ ကြည့်နေသည်။

ကျောင်းရဲ့ ဩဇာအရှိဆုံး ဆရာနှစ်​ယောက်က ဝါးစားမတတ်ကြည့်နေကြတာမို့ လေးယောက်လုံး ခေါင်းမဖော်ရဲ။

အဖြူအစိမ်းတွေကြားထဲမှာ အပြာရောင် ပုဆိုးလေးနဲ့ တိမ်တိုက်မှာ ဆံပင်တွေကလည်း ဖရုိဖရဲ ဖြစ်လျက်။ အင်္ကျီ တွေလည်း ရွဲ့စောင်းလို့။

ကျောင်းသားကြီးတွေ ရန်ဖြစ်နေကြသည်ဟု ဆရာမတစ်ယောက်က လာပြောသဖြင့် လိုက်လာတာဖြစ်သည်။
ဆရာမကိုယ်တိုင်လာပြောတာမို့ ဘယ်ကျောင်းသားတွေဆိုတာ ခွန်းသိပြီးသားပင်။ ဒီသုံး​ယောက်က သူကလွဲရင် ဘယ်သူ့မှ မကြောက်တာပင်။

အဒွေးလည်း သတင်းကြားတာနှင့် ရောက်လာသည်။ အနောက်က တိမ်တိုက်ကို တစ်ချက်ကြည့်လိုက်ပြီး အခြေအနေကိုသုံးသပ်လိုက်သည်။

'' သူတို့ကို ရုံးခန်းထဲမှာ စောင့်ခိုင်းလိုက် ''

စိတ်ဆိုးနေသည့် ခွန်းလေသံက အကုန်ကျောချမ်းရသည်။ အဒွေးက ဦးဆောင်ကာ ထိုလေးယောက်ကို ခေါ်သွားသည်။

'' မင်းတို့တော့ ပျားအုံကို တုတ်နဲ့သွားထိုးမိပြီ ''

သွားနေတုန်း လမ်းမှာ ထိုလေးယောက်ကို အဒွေးပြောလိုက်တော့ အကုန်လုံးက နားမလည်။

တစ်ဖက်က ကျန်ခဲ့သော အိမ်သာထဲမှာတော့ အခြေအနေက အေးစက်ငြိမ်သက်လျက်။

'' နာနေလား ''

မေးလာသူက ရှန်မင်းခက်။ နှုတ်ခမ်းထောင့်က ဒဏ်ရာကို တကြည့်ကြည့်နဲ့ ဘာလုပ်ရမှန်းမသိ။

ထိုအချိန်ခွန်းကတော့ ငြိမ်သက်နေကာ ..... တစ်ခုခုကို စဥ်းစားနေသည်။

'' ရှန်မင်း ဟိုလေးယောက်ကို ဒူးထောက်ပြီး လက်မြောက်ခိုင်းထားလိုက် ''

'' မောင်...ဟိုကောင်လေးမပါဘူး ''

ခွန်း၏ မီးဝင်းဝင်းတောက်နေဆဲ အကြည့်က တိမ်တိုက်ဆီ ဒိုင်းခနဲ။

'' ကိုခွန်း....''

ရှန်မင်း က တိမ်တိုက်ကိုကြည့်ပြီး ခွန်းကိုခေါ်လိုက်တော့...

'' ကိုယ် တိမ်တိုက်ကို ဆေးထည့်ပေးပြီးရင် လိုက်လာခဲ့မယ် ''

ထိုအခါမှ ရှန်မင်းထွက်လာခဲ့တော့သည်။ အခန်းထဲက လေးယောက်ကတော့ ရှန်မင်းမလာခင်အထိ အေးဆေးနေကြပြီး ရှန်မင်းရောက်လာသည်နှင့် အပြစ်ပေးခြင်းအမှုစတင်တော့သည်။

ဒူးထောက်လက်မြောက်ရုံတင်ပဲတော့မဟုတ်... ပါးစပ်ကနေ အလီတွေပါ ဆိုခိုင်းနေသေးသည်။ စာဂျပိုးကောင်လေး မျက်နှာပေါ်က ဒဏ်ရာတွေကိုကြည့်ပြီး ဘယ်သူက ဘယ်သူ့ကို အနိုင့်ကျင့်လဲ အသိသာကြီးပင်။ ထို့ပြင် ထိုသုံးယောက်အကြောင်းလည်း သိထား၍ ရိုက်မမေးလည်း သိသာနေတာပင်။

ထို့ကြောင့် လက်မြောက်ဒူးထောက်ရင်း အလီမေးလိုက် စာမေးလိုက် လုပ်နေသော ရှန်မင်း။ စာဂျပိုးက တော့ မေးသမျှ အကုန်ရ၍ မတ်တပ်ရပ်ကာ လက်ပိုက်ခိုင်းထားသည်။ ဘေးက မိုးကျရွှေကိုယ်သုံးယောက်ကတော့ ဒီအတိုင်းပင်။

'' ဆရာ ''

'' ဘာလဲ ပြော ''

'' ဟိုဦးလေးကြီးက ဘယ်သူလဲ ''

ထိုသုံးယောက်ထဲမှ တစ်ယောက်က မေးတော့ ရှန်မင်း မဲ့ပြုံးပြုံးလိုက်သည်။

'' မင်းတို့ထဲက သူ့မျက်နှာကို ဘယ်သူထိုးလိုက်တာလဲ ''

'' ကျွန်တော် ပါ ''

အလယ်ကဘုဆတ်ဆတ် ကောင်လေးက ယုံကြည်ချက်ရှိရှိထဖြေသည်။ အရင်အခေါက်တွေတုန်းကလို ငွေနှင့်ဖြေရှင်းလို့ရသည်ဟု ထင်နေပုံပင်။

'' သိပ်ပျော်မနေနဲ့ ကောင်လေး။ အရင်လိုငွေနဲ့ဖြေရှင်းလို့ရတဲ့သူမဟုတ်ဘူး ''

ထိုသုံးယောက်မျက်လုံးပြူးသွားသည်။ ဘယ်သူမို့ မရတာလဲ။

သူတို့က ကျောင်းတွင်းအချမ်းသာဆုံး သုံးယောက်မို့ ပြသာနာသက်သက်ရှာပြီး ငွေတောင်းကြသူများလည်း ရှိဖူးသည်။ ဒီတစ်ခေါက်တော့ သူတို့ဘက်က စခဲ့တာမို့ နည်းနည်းတော့ တုန်လှုပ်နေမိသည်။

'' ဘယ်သူမို့လို့လဲ ဆရာ ''

ရှန်မင်း ခွန်းစားပွဲပေါ်က ဓာတ်ပုံဘောင်အသေးလေးကို ထိုသုံးယောက်ဘက်လှည့်ပြလိုက်သည်။ အစကတော့ အပေါ်ယံသာကြည့်ကြပြီး နောက်မှ ပြူးပြဲကာ သေချာကြည့်မိကြတော့မှ သူတို့နဲ့ရန်ဖြစ်ခဲ့တာ သူတို့ကျောင်းအုပ် ရဲ့ အမျိုးသားတဲ့လေ။

အကုန်လုံး တံတွေးတွေ မြိုချကြကုန်သည်။ သူတို့ ဆိုးလွန်းသည့်သတင်းက မွှေးပြန့်လွန်းတော့ တော်ရုံကျောင်းတွေဆို လက်မခံကြပေ။ K'Cloudy တောင် ရှယ်ယာရှင် သားသမီး ဖြစ်နေ၍ လက်ခံပေးထားတာဖြစ်သည်။

သူတို့ရှာသမျှ ပြသာနာက ခွန်းဆီ မရောက်ခင် ငွေနှင့် ဖျောက်ဖျက်လိုက်တာများသည်။ ခွန်းဆီတိုက်ရိုက်ရောက်လျှင် သူတို့အတွက်တော့ မတတ်သာချေ။ ခွန်းက ကျောင်းအုပ်ဖြစ်သည့်အပြင် ရှယ်ယာအများဆုံးပိုင်ဆိုင်ထားသော K'Cloudy CEO လည်း ဖြစ်သည်။ နိုင်ငံရေးဘက်မှာလည်း ဦးမာန်ခွန်းစစ် အရှိန်အဝါနှင့် ခွန်းလည်း ဩဇာညောင်းသူတစ်ယောက်ဖြစ်နေပြီ ဖြစ်သည်။

ထို့ကြောင့် ခွန်း ကိုယ်တိုင် သူတို့မိဘတွေအား ပြန်တိုင်လျှင်တော့ သူတို့အဖို့ မုန့်ဖိုးအဖြတ်ခံရတာတို့ ဖုန်းအသိမ်းခံရတာတို​့ စသည့် ဆုံးရှုံးမှု ကြီးကြီးမားမားဖြစ်တတ်သည်။ ထို့ပြင် မိဘတွေကိုယ်တိုင် ခွင့်ပြုထား၍ ခွန်းရိုက်လျှင်လည်း ခံရသေးသည်။

K'Cloudy ကျောင်းအုပ်က ကြိမ်လုံးကိုင်ခဲသည်။ ကိုင်လျှင်လည်း ဆိမ့်နေအောင်ခံရတော့တာပင်။

'' အာ့...မောင့်....အာ့...အာ့ ''

'' ဆောရီး ဆောရီး အရမ်းနာသွားလား ''

ကျောင်းဆေးခန်းအတွင်း တိမ်တိုက်၏ အော်သံက ခပ်စာစာပင်။ ထိုးနေကြိတ်နေတုန်းက ဒီအသံမဟုတ်။

'' မောင့် ကလေးက သူရဲကောင်းကြီးမှန်းမသိခဲ့ဘူးကွာ ''

ခွန်း၏ သဘောကျသလို ပြောစကားက တိမ်တိုက်ကို အံ့ဩစေသည်။ အမှန်ဆို စိတ်ဆိုးနေရမှာလေ။ ကိုယ်နဲ့မဆိုင်တဲ့ကိစ္စ ဝင်ပါတယ်ဆိုပြီးတော့ပေါ့။

ဆေးလိမ်းပေးသော ခွန်းလက်ကို ဖမ်းကိုင်လိုက်ပြီး

'' မောင့် ''

မေးခွန်းတွေပါသည့်ခေါ်သံကို ခွန်း နားလည်သည်။

'' ဗျာ...''

ခွန်းက နူးနူးညံ့ညံ့ သံရှည်ဆွဲကာ ထူးတော့ တိမ်တိုက် တစ်ယောက်ပိုတောင် အံ့ဩပြီး ခွန်းနဖူးပေါ် လက်တင်ကာ စမ်းပြီး....

'' မောင်နေမကောင်းဘူးလား ဟင် ''

'' ဟောဗျာ ဘာဆိုင်လို့တုန်း ''

'' မောင်ကဘယ်လိုတုန်း ဆူရမှာကို ဆူလေ။ နေတောင်မနေတတ်တော့ဘူး ဖယ်ဖယ် ''

ကုတင်ပေါ်က အတင်းဆင်းမယ်လုပ်နေသည့်တိမ်တိုက်ကို ခါးမှ ပြန်မချီကာ ကုတင်ပေါ်ပြန်ထိုင်စေသည်။

'' မင်း မမှားမှန်း မောင်သိတယ်လေ ကလေးရဲ့။ တစ်ယောက်ယောက်ကို ဝင်ကူညီတာမှ မဟုတ်ရင် မင်းလား မောင့်ကျောင်းမှာ ရန်ဖြစ်ရဲမှာ ''

'' မောင်ပြောတာကို ကျွန်တော်နားမလည်ဘူး ''

'' မောင့်အတွက်ပဲ ဒီဦးနှောက်သေးသေးလေးက အမြဲ
စဥ်းစားနေတာလေ။ အဲ့တော့ မောင်အုပ်ချူပ်တဲ့ဒီကျောင်းမှာ မင်းကိုယ်တိုင် ရန်ဝင်ဖြစ်တယ်ဆိုတာ အခြေအနေတစ်ခုကြောင့်ဆိုတာ မောင် တွေးမိပြီးသား။ ''

'' ဪ ဟီးးးဟီးးး ''

သူ့ကိုချီးမွမ်းနေမှန်းသဘောပေါက်သွားတော့ သွားလေးတွေဖြီးကာ ရယ်ပြလေသည်။

'' ကဲလာ သွားမယ် ။ အဆိုးလေးတွေနဲ့ စာရင်းရှင်းရဦးမယ် ''

'' ဪ မောင့် သားရော ''

'' စောမဟာသွေး နဲ့ရှိနေတယ် ''

သည်လိုနဲ့ နှစ်ယောက်သား ခွန်းရုံးခန်းရှိရာကို တက်လာခဲ့ကြသည်။ အခန်းထဲရောက်တော့ ကျောင်းသားလေးယောက်လုံး မော်မကြည့်ရဲကြပေ။ ဟိုသုံးယောက်က ပိုဆိုးသည်။ ကျောင်းအုပ်အမျိူးသားကိုမှ သွားထိုးမိတာကိုး။

'' ကဲ ပွဲတိုင်းကျော်လေးတို့ မတ်တပ်ရပ်ကြပါဦး ''

ွအကုန်လုံး တန်းစီ မတ်တပ်ရပ်ကာ လက်လေးတွေပိုက် ထားကြသည်။

'' ဘယ်သူ စပြောချင်လဲ ''

''. .....''

'' ဟုတ်ပြီလေ.....ပြောချင်တဲ့သူမရှိဘူးပေါ့။ သူရိန် မင်းစပြော ''

အကြောင်းအရာ အစအဆုံးကို ပြောပြတော့ ခွန်း ခေါင်းတငြိမ့်ငြိမ့်။

'' အဲ့တော့ သူပြောတာတွေ အကုန် အမှန်လား မင်းတို့ဖြေ။ မဟုတ်ဘူးဆိုရင် ပြော ။...ဪ လိမ်ဖို့တော့ မကြိုးစားကြနဲ့နော် ဒီက သက်သေက အကုန်ကြားထားတယ်ပြောတယ်။ ပြီးတော့ ဒီတစ်ခေါက် ကို ဒီတိုင်းကျော်သွားဖို့ အစီအစဥ်မရှိဘူး။ ''

'' ဗျာ မ..မ...မလုပ်ပါနဲ့ ဆရာ ''

'' မင်းတို့ကိုလွှတ်ထားပေးတယ်ဆိုတာ ငါမနိုင်တော့လို့ လို့ မင်းတို့ထင်နေတာလား။ မင်းတို့ ကိစ္စ တွေ အကုန် ငါသိတယ်ဆိုတာ မမေ့နဲ့။ မင်းတို့ကို ဒီကျောင်းကနေ ထုတ်လို့ရတဲ့အထိ ငါလုပ်လို့ရတယ်ဆိုတာ မင်းတို့သိပါတယ်နော်။ နောက်တစ်ခါ ဘာအသံမှ မကြားချင်ဘူး။ အလားတူ ဖြစ်ရပ်မျိူး ထပ်ဖြစ်ရင် ငါ့အဆိုးမဆိုကြနဲ့။ ''

'' ဟုတ် ဟုတ်ကဲ့ပါဆရာ ''

အပိုးကျိူးနေပုံများ စောစောကနဲ့များကွာပ။

'' ရပြီ ဆေးပေးခန်းကို သွားကြ တော့။ မင်းတို့အတွက် အပြစ်ဒဏ်ကို ညနေကျောင်းမဆင်းခင် ဆရာ
စောမဟာသွေး လာပြောပြ လိမ့်မယ် ''

'' ဟုတ်ကဲ့ပါဆရာ ''

လေးယောက်လုံးကို အဒွေး ဆေးပေးခန်းခေါ်သွားသည်။ ထိုအခါမှ ရှန်မင်းလည်း တိမ်တိုက်နားကပ်ကာ ထိုဒဏ်ရာကိုပဲ စူးစိုက်ကြည့်နေပြန်သည်။

'' ရှန်မင်းခက်ရယ် ။ မင်းဒုက္ခကလည်းမသေးပါလား ။ ''

ွခွန်းတစ်ယောက် ရှန်မင်းကိုကြည့်ကာ ပြောတော့...

'' မတတ်နိုင်တော့ဘူးကိုခွန်းရေ သောက်ကျင့်က အရုိးစွဲနေပြီ ''

'' အေးအေး လုပ်လုပ် ကိုကိုသိရင် အလကားနေရင်း ငါက အဆဲ ခံရဦးမယ် ''

တိမ်တိုက် ပေစောင်းစောင်းပြောတော့ ရှန်မင်း အမြင်ကတ်သွားကာ ဒဏ်ရာရှိတဲ့ပါးတစ်ဖက်ကို လက်တဲ့ ပွတ်ချလိုက်တော့မှ အားခနဲ ထအော်တော့သည်။

'' စေတနာကို နားမလည်ဘူး နွား ''

ရှန်မင်း အခန်းထဲက ထွက်သွားတော့မှာ ဒဏ်ရာလေးကို လက်လေးဖြင့်အုပ်ကိုင်ကာ ခွန်းဘက်လှည့်ရင်း...

'' ဟင့်...မောင့်....နာသွားပြီ ''

နှုတ်ခမ်းေလးစူကာ ချွဲနေသော တိမ်တိုက်ကြောင့် ခွန်း သဘောအကြီးကြီးကျနေတော့သည်။ အသက်ပဲ သုံးဆယ်ဝန်းကျင်ဖြစ်နေပြီ ကလေးက လုပ်ချင်နေတုန်း။

'' မောင့်..နာသွားပြီလို့ ''

'' အို့...အို့...အုံဖွ...အုံဖွ ဒီကောင်ကွာ....မောင့်ကလေးလေးကို ''

ရင်ခွင်ထဲထည့်ကာ ပြောတော့ နှစ်ယောက် သားသဘောကျစွာ ပြိုင်တူ ရီမိကျသည်။ မသိလျှင် ဆယ်ကျော်သက်လေးတွေ ကျလို့။

အဲ့ဒီညနေက သားအဖတွေ အတူတူပြန်ကြပြီး အိမ်မပြန်ခင် အပြင်လျှောက်သွားကျသေးသည်။ ကြိုတင်စီစဥ်လာသော တိမ်တိုက်ကတော့ ခွန်းအဝတ်အစားလဲဖို့ တစ်စုံပါ ပိုထည့်လာပေးခဲ့တာပင်။ ခွန်းက အဖြူအစိမ်းနဲ့ အပြင်တွေလျှောက်သွားရတာမျိုးကို မနှစ်သက်ဘူးမလား။
ညစာကိုလည်း အပြင်မှာ စားသောက်ပြီး မိုးချူပ်မှ အိမ်ပြန်လာခဲ့ကြသည်။

အဆော့လွန်သွားသော ဆည်းဆာကတော့ အပြန်ကားပေါ်မှာကတည်းက အနောက်ခန်းထဲတွင် အိပ်ပျော်နေလေပြီ။
ခွန်းပဲ ဆည်းဆာကို အပေါ်ထပ်ထိချီကာ သူ့အိပ်ရာပေါ်တင်ပေးလိုက်သည်။

သူတို့နှစ်ယောက်ကတော့ ရေမိုးချိူးပြီးမှ အိပ်ရာဝင်ကြသည်။

'' မောင် ''

'' ဗျာ ''

'' ချစ်သေးလားဟင် ''

'' မောင်ရှိနေသ၍ပေါ့ ''

20.9.2022

(Zawgyi)

ေန႕လည္ ထမင္းစားေသာက္ၿပီးကတည္းက တိမ္တိုက္တို႔ သားအဖႏွစ္ေယာက္ ေရမိုးခ်ိဴးကာ သပ္သပ္ရပ္ရပ္ ဝတ္စားထားၾကေနၿပီးျဖစ္သည္။ ပုဆိုးဝတ္ရတာသိပ္မႀကိဳက္ေပမယ့္လည္း ဒီေန႕ေတာ့ တိမ္တိုက္တစ္ေယာက္ ပုဆိုး အျပာေလးနဲ႕ ခန့္ညားေနေတာ့သည္။ ဆည္းဆာေမာင္ေလးကိုေတာ့ ကေလးမို႔ တီရွပ္ေလးနဲ႕ ခ်ည္ေဘာင္းဘီ ေလးကိုသာ ေပါ့ေပါ့ပါးပါး ဝတ္ေပးထားလိုက္သည္။

အနက္ေရာင္ႀကိဳက္သည့္ ခြန္း ႏွင့္ အဝါေရာင္ႀကိဳက္သည့္ တိမ္တိုက္ တို႔၏ သား ဆည္းဆာေမာင္ကေတာ့ မိုးျပာေရာင္လြင္လြင္ေလးကို ႀကိဳက္ပါသတဲ့။ ညိုဝင္းလွေသာ သူ႕အသားအရည္နဲ႕ သိပ္မလိုက္ေပဘူး ဆိုေပမယ့္ သူတကယ္ကို ႀကိဳက္ပါသည္တဲ့ေလ။

သုံးႏွစ္သားကေလးေလးက တစ္ခါတေလ ေကာင္းကင္ေပၚကို ေမာ့ၾကည့္ရင္း '' ေဖာ့ က ရႈပ္လိုက္တာ '' တဲ့ ။ အမွန္ေတာ့ ေကာင္းကင္မွာ အျဖဴေရာင္တိမ္တိုက္ေတြက သူၾကည့္ခ်င္ေသာ အျပာေရာင္ ေကာင္းကင္ႀကီးကို လာလာကြယ္ေနလို႔တဲ့ေလ။

အမ်ားစုက တိမ္ျဖဴတိမ္ရိပ္ေတြ ျပန့္က်ဲေနတဲ့ေကာင္းကင္ကို သေဘာတက် ၾကည့္တတ္ၾကေပမယ့္ ဆည္းဆာကေတာ့ တိမ္ေတြကင္းစင္ေနတဲ့ အျပာေရာင္ ေကာင္းကင္ကိုသာ ႏွစ္သက္ေလသည္။

အခုလည္း မိုးျပာေရာင္တီရွပ္နဲ႕ ဆည္းဆာက အညိုေရာင္ပါးေဖာင္းေဖာင္းေလးေတြနဲ႕ သိပ္လိုက္ဖက္ေနျပန္တယ္။

'' ခြန္ေဖာ့ သားေခ်ာလား ''

မွန္ေရွ႕ ပုဆိုးဝတ္ေနရင္း ေဘးတြင္လာရပ္ကာေမးေသာ ဆည္းဆာေမာင္။

တိမ္တိုက္ ပုဆိုးဝတ္ၿပီးေတာ့ ဆည္းဆာေရွ႕ ဒူးေထာက္ထိုင္ခ်လိဳက္ကာ ပုခုံးႏွစ္ဖက္ကို ဖြဖြေလး ဆုပ္ကိုင္လိုက္ၿပီး ဆည္းဆာ ပါးေဖာင္းေဖာင္းေလး တစ္ဖက္ကို ႐ႊတ္ခနဲ တစ္ခ်က္နမ္းလိုက္သည္။

'' ေခ်ာတာေပါ့ ဒါေပမယ့္ကြာ မူရင္းကို ဘယ္မိတၱဴက မွီပါ့မလဲ ''

ဪ တိမ္တိုက္ႀကိဳးတစ္ေယာက္ သားအဖခ်င္းေတာင္မေရွာင္ ကပ္ဖဲ့။

'' မူရင္း...မိတၱဴ ''

ဆည္းဆာေမာင္တစ္ေယာက္ တိမ္တိုက္ေျပာသည့္ စကားအဓိပ္ပါယ်ကို မသိေပ။

'' နားမလည္ဘူး ''

ေခါင္းကုတ္ရင္း ေျပာေတာ့ တိမ္တိုက္တစ္ေယာက္ ဟက္ဟက္ပက္ပက္ ရီခ်ေတာ့သည္။ ဒါကို ဘုၾကည့္ၾကည့္ေနသူက ဆည္းဆာေမာင္။

အေဖတူသားမို႔ထင္ပါရဲ႕...သူမသိတာနဲ႕လာေလွာင္လွ်င္ ေရေျမဆုံး လိုက္ေမးေတာ့မွာပင္။

'' မရီနဲ႕လို႔ သားေမးတာေျဖ ''

'' သိခ်င္ မင္းအေဖကို သြားေမး ဟား..ဟား...''

တိမ္တိုက္ ရီရင္း ဆည္းဆာကို ေကာက္ခ်ီကာ ေအာက္ထပ္ဆင္းသြားေတာ့သည္။

ဒီေန႕ သူတို႔ သားအဖႏွစ္ေယာက္ ခြန္းေက်ာင္းကို လိုက္သြားၾကမွာပင္။

ခြန္းက အေရးမႀကီးလွ်င္ ေက်ာင္းကို ေခၚေလ့သိပ္မရွိ။ လာဖို႔လည္း ခြင့္မျပဳထား။ သို႔ေသာ္လည္း အိမ္မွာခ်ည္းပဲ ေနေနရေသာ သားအဖႏွစ္ေယာက္ က တစ္နည္းမဟုတ္ တစ္နည္း အျပင္ထြက္ဖို႔ကို ႀကံဖန္ေနၾကတာပင္။

ေက်ာင္းပိတ္ရက္ေတြမွာေတာင္ အလုပ္လုပ္ေနရေသာ ခြန္း က တိမ္တိုက္တို႔သားအဖကို အျပင္ေခၚထြက္ဖို႔ မအားလပ္ေပ။ ႏွစ္ေယာက္တည္းက်ေတာ့လည္း စိတ္မခ်၍ ဘယ္မွ မသြားရဟု အမိန့္ခ်ထားေလသည္။

ေဒၚယုယၿမိဳင္ လာေခၚသည့္အခါမ်ိဴးမွသာ အျပင္ထြက္ရသည္။

သို႔ေပမယ့္ ဒီေန႕ေတာ့ ေက်ာင္းကို သြားလည္မည္ဟု သားအဖႏွစ္ေယာက္ လုံး စီစဥ္ထားၾကသည္။ ဒီအစီအစဥ္ကို ေန႕လည္ကမွ ထမင္းစားေသာက္ၿပီး တိမ္တိုက္တို႔ ခ်လိဳက္တာပင္။ ဆည္းဆာေလးကလည္း သူ႕အေဖ ေက်ာင္းသို့္ သြားခ်င္သည္ဟု ပူဆာေနတာေၾကာင့္လည္းပါသည္။ သူကိုယ္တိုင္ကလည္း သြားခ်င္ေနတာပင္။ သို႔ေပမယ့္ ခြန္းကေတာ့ တိမ္တိုက္တို႔လာမည့္အေၾကာင္း မသိထားေပ။

ခြန္းက အရင္ကလို ေက်ာင္းကို ဝင္ထြက္သြားလာခြင့္ တိမ္တိုက္ကို မေပးထားေတာ့ေပ။ တိတိက်က်ဆိဳ ခြန္းတို႔ ေက်ာင္းမွာ ေနာက္ဆုံးပြဲလုပ္သည့္ အခ်ိန္မွ စ၍ပင္။
အရင္ကဆို တစ္ပတ္ကို တစ္ေခါက္ေလာက္ေတာ့ ေက်ာင္းကို ေရာက္ျဖစ္သည္။ အဲ့သည့္ေနာက္ေတာ့ ခြန္းက မလာရဘူး ဟု တစ္ခ်က္လႊတ္အမိန့္ႏွင့္ တိမ္တိုက္လည္း မသြားျဖစ္ေတာ့။ တစ္ခါတေလ ခြန္းကို သြားႀကိဳခ်င္ရင္ေတာင္ ေက်ာင္းေပါက္ဝက လုံၿခဳံေရးအခန္းထဲမွာသာ ေစာင့္ခိုင္းၿပီး ခ်က္ခ်င္းဆင္းလာတတ္သည္။

အေၾကာင္းျပခ်က္ေတာင္းခ်င္ေသာ္လည္း ခြန္းကိုယုံတာမို႔ ခြန္းဆႏၵအတိုင္းသာ လိုက္ေလ်ာေပးလိုက္သည္။ ေက်ာင္းထဲ မဝင္ရလို႔လည္း ဘာမွ မထိခိုက္သြားဘူးေလ။ ဒါေၾကာင့္လည္း အိမ္ထဲက အိမ္ျပင္မထြက္ေသာ သားအဖကိုေတြ႕ခ်င္လွ်င္ ေက်ာင္းဆင္းခ်ိန္ ခြန္းႏွင့္အတူလိုက္လာၿပီး ေတြ႕တတ္ၾကေလသည္။

အခုေတာ့ တိမ္တိုက္တို႔ သားအဖ လမ္းမထက္မွာ Taxi ငွားေနၾကသည္။ အျပင္ေလွ်ာက္သြားမွာစိုး၍ ခြန္းက တိမ္တိုက္ကားကိုပါ ေဒၚယုယၿမိဳင္ အိမ္ျပန္ပို႔ထားတာပင္။

Taxi ႏွင့္ ေက်ာင္းသို႔ေရာက္လာၾကေသာ သားအဖႏွစ္ေယာက္ ။ တစ္ေယာက္လက္ တစ္ေယာက္ဆြဲကာ ေက်ာင္းေပါက္ဝမွာ ရပ္ေနၾကသည္။ မေျပာပဲ ေရာက္လာၾက၍ ခြန္းမ်ား စိတ္ဆိုးေလမလားဆိုသည့္ စိတ္က ေက်ာင္းထဲကို ဝင္မည့္ေျခလွမ္းေတြကို မဝံ့မရဲ ျဖစ္ေစသည္။

'' သားတို႔ ဘာကိစၥရွိလို႔လဲ... ေဟာ...''

လုံၿခဳံေရးဝန္ထမ္း ဦးဝင္းက အခုထိ ဒီရာထူး ဒီေနရာမွာပင္။ မႈန္ေနေသာ မ်က္စိေၾကာင့္ အေရွ႕တိုးၾကည့္ေတာ့မွ တိမ္တိုက္မွန္း သိသြားေလေတာ့သည္။

'' ေမာင္တိမ္တိုက္ႀကိဳး ပါလား။ မေတြ႕တာၾကာေရာေပါ့ ''

'' ဟုတ္ ဦးဝင္း ေနေကာင္းတယ္မလား ''

ဦးဝင္းက ေခါင္းၿငိမ့္ျပၿပီး တံခါးဖြင့္ေပးလိုက္သည္။ အထဲေရာက္ေတာ့ တိမ္တို္က္ေဘးက အေကာင္ေသးေသးေလးကို ငုံ႕ၾကည့္လိုက္သည္။

'' ဆာဝါဒီ...အယ္ေလ...မဂၤလာပါ ခင္ဂ် ''

လက္အုပ္ေလးခ်ီကာ တရုိတသေ ႏႈတ္ဆတ္ေနေသာ ဆည္းဆာေမာင္။ ဒါကို ခြန္းသင္ေပးထားတာျဖစ္သည္။

'' ေအးေအး မဂၤလာပါကြယ္။ ဒါေလးက ဆည္းဆာေမာင္ေလးျဖစ္မယ္ ဟုတ္စ ေမာင္ရင္ ''

'' ဟုတ္ ဦးဝင္း ''

'' အေတာ္ေတာင္ႀကီးေနၿပီပဲ။ ဦးေလးက ေတြ႕ခ်င္ေနတာကြ ။ၾကည့္ပါဦး ဆရာ့သားေလးက ဆရာနဲ႕ တူလိုက္တာ ''

ဦးဝင္းက အသည္းယားစြာ ခါးေလးကိုင္းၿပီး ဆည္းဆာကို ထိမည္အလုပ္ တိမ္တိုက္ေနာက္ကို ေျပးပုန္းသြားေသာ ေပါက္စေလး။ သူစိမ္းဆိုလည္း ေၾကာက္တတ္လိုက္တာ သူ႕အျပင္မရွိ။ ခင္ရင္လည္း ေတာက္တဲ့လို လိုက္တြယ္ကပ္ေနေရာပဲ။

'' ရွိတယ္မလားဟင္ ''

ခြန္း႐ုံးခန္းရွိရာကို ေမးေငါ့ျပကာ တိမ္တိုက္ေမးလိုက္သည္။

'' ရွိတယ္ ရွိတယ္ ''

'' ဒါဆို ကြၽန္ေတာ္တို႔ကို ခြင့္ျပဳပါဦးေနာ္ ''

'' ေကာင္းပါၿပီကြယ္ ''

တိမ္တို္က္ တစ္ေယာက္ ဆည္းဆာ လက္ကိုဆြဲကာ ခြန္းရွိရာ ႐ုံးခန္းအေဆာင္သို့္ ဦးတည္ေလွ်ာက္သြားလိုက္သည္။

အေပၚၾကယ္သီး တစ္လုံးကို ျဖဳတ္ထားကာ မ်က္ဝန္းနက္ ခပ္စူးစူးက အေရွ႕က Desktop ေပၚမွာ။ လက္ေကာက္ဝတ္ထိ ဖုံးအုပ္ထားတဲ့ အျဖဴေရာင္ လက္ရွည္ကလည္းၾကယ္သီးအျပည့္။

ညာဘက္ လက္သူႂကြယ္မွာ ဝတ္ဆင္ထားတဲ့ ေ႐ႊေရာင္ေမာင္းကြင္းလက္စြပ္ေလးက အညိုေရာင္ ရွည္ရွည္သြယ္သြယ္လက္ေခ်ာင္းေလးေတြနဲ႕ လိုက္ဖက္ေနျပန္သည္။

ေဟာ ဆည္းဆာလက္ေသးေသးေလးကို ဆုပ္ကိုင္ထားတဲ့ တိမ္တိုက္လက္ရဲ႕ ျဖဴျဖဴသြယ္သြယ္ လက္သူႂကြယ္မွာလည္း ဆင္တူ လက္စြပ္ေလးတစ္ကြင္း။

ေဒၚယုယၿမိဳင္ ဆင္ေပးထားတဲ့ လက္ဖြဲ႕ေလးတစ္ခုေပါ့။

အညိုေရာင္လက္ေခ်ာင္းေလးေတြက Keyboard ဆီ အလုပ္ေနခ်ိန္ စုႀကဳံ႕ထားတဲ့မ်က္ခုံးတန္းေတြေအာက္က မ်က္ဝန္းတစ္စုံကလည္း အျဖဴေရာင္ မ်က္ႏွာျပင္ေပၚမွာ အာ႐ုံစိုက္ေနရင္း.....အစိမ္းေရာင္ ပုဆိုးစ ကိုတစ္ေယာက္ေယာက္က လာဆြဲေနသည္ဟုခံစားရ၍ ၾကည့္လိုက္ေတာ့....မိုးျပာေရာင္တီရွပ္နဲ႕ ခြန္းေပါက္ေစေလးက မ်က္လုံးဝိုင္းႀကီးေတြႏွင့္ သူ႕အားေမာ့ၾကည့္ေနေလသည္။

'' သား...''

ခြန္း ႐ုတ္တရက္ သူ႕သားကိုေတြ႕လိုက္ရတာမို႔ ခနေၾကာင္သြားၿပီးမွ ဆည္းဆာကို ေကာက္ခ်ီကာ ေပါင္ေပၚတင္လိုက္သည္။

'' ဘယ္လိုေရာက္လာတာလဲ။ ဘယ္သူနဲ႕လာတာလဲ ''

'' ကြၽန္ေတာ္နဲ႕ ဟီး...ဟီး...''

သြားတက္ေဖြးေဖြးေလးက အခန္းအေပါက္ဝကေန သူ႕အား ရီျပေနေလသည္။

'' တိမ္တိုက္....''

တိမ္တိုက္ အခန္းထဲ ဝင္လာၿပီး ခြန္းေဘး လာရပ္ေနေလသည္။ အၿပဳံးကလည္းမပ်က္ေသးေပ။

ခြန္းက ဘယ္လိုလဲ ဆိုသည့္သေဘာျဖင့္ ေမးေငါ့ကာ ေမးေတာ့...

'' ပ်င္းလို႔... ေမာင့္ကို လာႀကိဳတာ ဟဲဟဲ ''

လာႀကိဳၾကသည္ဟုေျပာ၍ နာရီကို ၾကည့္ေတာ့ တစ္နာရီပဲ ရွိေသး။ ခြန္း အဓိပၸာယ္ ပါေသာ အၾကည့္စူးစူးကို တိမ္တိုက္အား ၾကည့္ေပးလိုက္ေလသည္။ ထိုအခါ...တိမ္တိုက္တစ္ေယာက္ သြားႀကီးၿဖီး၍ ခြန္းခုံအေနာက္ကိုသြားရပ္ကာ ခြန္းပုခုံးေတြအား ႏွိပ္နယ္ေပးၿပီး ဖားေနေလသည္။ ဆည္းဆာကလည္း အားက် မခံ အဲလ္ကြန္းဖြင့္ထားေသာ အခန္းထဲတြင္ သူ႕အေဖ ခြန္းအား သူ႕လက္ေသးေသးေလးႏွင့္ ယက္ခပ္ေပးေနေလသည္။

'' ဟင္း...ဟင္း...ဒီသားအဖကေတာ့ေနာ္ ''

ႏွစ္ေယာက္လုံးရဲ႕လက္ေတြကို ဖမ္းကိုင္လိုက္ၿပီး

'' ကဲကဲ ထားေတာ့။ ေန႕လည္စာ စားၿပီးၾကၿပီလား ''

'' စားၿပီးၿပီ ေဖေဖ ''

ဆည္းဆာေခါင္းေလးကို ခြန္း လက္ေလးျဖင့္ သပ္ကာ... သေဘာတက် ၾကည့္ကာ ၿပဳံးေလသည္။

သားအဖသုံးေယာက္ ခ်စ္ၾကည္ႏူးေနစဥ္...

'' ေဒါက္ ေဒါက္ ေဒါက္... အဟမ္း...အဟမ္း ''

တံခါးျပန္မပိတ္ခဲ့တာေၾကာင့္ အေပါက္ဝကို လွမ္းၾကည့္ေတာ့....

'' ပါးပါး....''

ဆည္းဆာေမာင္ တစ္ေယာက္ တံခါးဝက ေစာမဟာေသြး ကိုၾကည့္ကာ ေခၚလိုက္ျခင္းပင္။

'' လူစိမ္း ဝင္လာတယ္ေျပာလို႔ လာၾကည့္တာ ပါးပါး ေဘဘီေလးျဖစ္ေနတာပဲ ''

တကယ္ကို ေက်ာင္းစည္းကမ္းထိန္းသိမ္းေရးဥကၠဌ ပီသပါေပတယ္။

'' လာပါဦး ပါးပါးဆီ ''

လက္ေလးဆန့္ကာ ကိုကိုေခၚေတာ့ ဆည္းဆာတစ္ေယာက္ ခြန္းေပါင္ေပၚက ဆင္းကာ ကိုကို႔ဆီသြားလိုက္သည္။

ကိုကို႔ ကိုယ္ေပၚ ေရာက္သည္ႏွင့္ ကိုကိုတစ္ေယာက္ ဆည္းဆာ ေလးအား တ႐ႊတ္႐ႊတ္ နမ္းေတာ့သည္။ သူ႕အဖြား ေဒၚယုယၿမိဳင္ လာေခၚသြားၿပီးကတည္းက ခုထိ ေကာင္းေကာင္းမေတြ႕ရေသးတာပင္။

'' ေဘဘီ ပါးပါးတို႔ ဒယ္ဒီစာသင္ေနတာသြားၾကည့္ၾကမလား ''

မ်က္လုံးေလးေတြ လဲ့ကာ ေခါင္းတဆတ္ဆတ္ ၿငိမ့္ျပေလေသာ ဆည္းဆာေမာင္။

ကိုကို တိမ္တိုက္ႏွင့္ ခြန္းတို႔ကို တစ္ခ်က္ၾကည့္လိုက္ေတာ့ ခြန္းက ေခါင္းၿငိမ့္ျပတာႏွင့္ဆည္းဆာေလးကို ေခၚကာ အျပင္သို႔ထြက္သြားေတာ့သည္။

ထိုအခါမွ ခြန္း သူ႕ခုံအေနာက္က တိမ္တိုက္ကို ဆြဲထုတ္ကာ သူ႕ေဘး လာရပ္ခိုင္းလိုက္သည္။ ဆုံလည္ခုံကို တိမ္တိုက္ ဘက္ လွည့္ကာ တိမ္တိုက္ကိုေမာ့ၾကည့္ၿပီး...

'' ကဲ....ေျပာ ဘာစိတ္ကူးေတြေပါက္လဲ....ေမာင့္တိမ္တိုက္ ''

'' ေမာင္ကလည္း ကိုယ့္ေယာက်ာ္းဆီ ကိုယ္လာတာ စိတ္ကူးေပါက္မွ လာရမွာလား ''

ခြန္း တိမ္တိုက္လက္ေလးကို ယူကိုင္လိုက္ၿပီး...သက္ျပင္းေလးခ်ကာ

'' ေမာင္ ဘာေျပာထားလဲ တိမ္တိုက္ ''

ထိုအခါ တိမ္တိုက္ မ်က္ႏွာေလး ညိုးသြားကာ ေခါင္းငုံ႕က်သြားေတာ့သည္။

'' အျပင္မထြက္နဲ႕ဆိုလို႔အျပင္မထြက္ဘူးေလ ထြက္လည္း ေမာင့္ဆီပဲလာတာကို။ တစ္ေန႕တစ္ေန႕ အိမ္ထဲမွာပဲ ေနရတာ ဘယ္ေလာက္ပ်င္းဖို႔ေကာင္းလဲ ေမာင္သိလား။ ၿပီးေတာ့ သားကလည္း ျပင္ပ အထိအေတြ႕ လိုလာၿပီေလ ။ ''

ဝမ္းနည္းေနေသာ အသံေလးေတြၾကား မေက်နပ္သံေလးေတြကလည္း ေရာစြက္ေနေလသည္။

ထိုအခါမွ သူလြန္မ်ားလြန္းသြားၿပီလားဟု ေတြးမိကာ တိမ္တိုက္ ခါးေလးကို လက္တစ္ဖက္ျဖင့္ဆြဲေပြ႕လိုက္ၿပီး ငုံ႕က်ေနေသာေမးေစ့ေလးကို က်န္လက္တစ္ဖက္ျဖင့္ လွမ္းကိုင္လိုက္ကာ...

'' ေမာင္ ေတာင္းပန္တယ္ေနာ္။ ေမာင္နည္းနည္း လြန္သြားတာ။ နားလည္ေပးမယ္ မဟုတ္လား ဟင္ ''

ေမာ့ၾကည့္ကာ ေမးလာေသာ ေတာင္းပန္ မ်က္ဝန္းတစ္စုံေၾကာင့္ တိမ္တိုက္ အရည္ပင္ ေပ်ာ္က်ခ်င္ေနေလၿပီ။

ေမာင္ခြၽဲလွ်င္သိပ္ေနရခက္တာပဲ...

'' ေမာင့္ကို နားလည္မေပးဖူးတာ ရှိခဲ့လားေပြာ ''

မ်က္ေစာင္းေလးကို မ်က္ေတာင္ေကာ့ေကာ့ေတြၾကား ခဲကာ ႏႈတ္ခမ္းစူကာေျပာေတာ့ အသည္းတယားယားျဖင့္ တိမ္တိုက္ႏွာေခါင္းကို ခြန္း လွမ္းဆြဲရမ္းလိုက္ေလသည္။

'' ေမာင္ အလုပ္မ်ားေနလား ''

'' အင္း နည္းနည္းမ်ားတယ္ ''

'' ကြၽန္ေတာ္ ေက်ာင္းထဲ ခနလိုက္ၾကည့္ခ်င္တယ္ မေရာက္တာလည္း ၾကာၿပီဆိုေတာ့ ''

'' အင္း အာ့ဆို ခနေလး ''

ခနေလးဟုဆိုကာ desktop ေပၚက ဆရာဆရာမမ်ား အတန္းခ်ိန္စာရင္းကို ခြန္း ေသခ်ာၾကည့္ေနစဥ္ တိမ္တိုက္က ခြန္းေမးေစ့ေလးကို လက္ျဖင့္ထိန္းကာ သူ႕ဘက္ လွည့္ယူလိုက္ၿပီး ခြန္းမ်က္ဝန္းေတြထဲ ေစ့ေစ့ၾကည့္ကာ

'' ေမာင္ ကြၽန္ေတာ္ ကေလး မဟုတ္ေတာ့ဘူး ''

ခြန္းလည္း တိမ္တိုက္ကို ေသခ်ာၾကည့္ကာ သက္ျပင္းေလးခ်လိဳက္သည္။

'' သြားၿပီေနာ္ မြ ''

ပါးတစ္ဖက္ကို ျဖတ္ခနဲ နမ္းသြားေသးသည္။

တကယ္ကို မလြယ္ပါလား တိမ္တိုက္ႀကိဳးရယ္။

တိမ္တိုက္ ေက်ာင္းထဲ လွည့္ပတ္ၾကည့္ရင္း အသိ ဆရာဆရာမ မ်ားေတြ႕လွ်င္ ႏႈတ္ဆက္လိုက္ စကားရပ္ေျပာလိုက္ျဖင့္ အဆင္ေျပေနသည္။ ဆည္းဆာကလည္း ရွန္မင္းတို႔ႏွစ္ေယာက္ႏွင့္ ကိုကို႔ အခန္းထဲတြင္ မုန့္မ်ားႏွင့္ ဇိမ္က်ေနေလသည္။

တိမ္တိုက္ သြားေနရင္း အေပါ့သြားခ်င္လာ၍ နီးစပ္ရာ အိမ္သာထဲသို႔ဝင္လာလိုက္သည္။

အျပင္ျပန္ထြက္မည္အလုပ္...႐ုန္းကန္သံတစ္ခ်ိဴ႕ႏွင့္

'' ၿငိမ္ၿငိမ္ေန အသံမထြက္နဲ႕ ''

ဲအံႀကိတ္သံတိုးတိုးကို တိမ္တိုက္ၾကားလိုက္ရသည္။

ထို႔ေၾကာင့္ တိမ္တိုက္ အျပင္ျပန္ထြက္မလိုလိုႏွင့္ အိမ္သာတံခါးကို ျပန္ပိတ္ကာ ထြက္သြားသည့္ပုံ လုပ္ၿပီး အထဲက အသံေတြအား ဆက္နားစြင့္ေနလိုက္သည္။ည

ဘုန္း.....

တစ္စုံတစ္ေယာက္ ေက်ာကုန္းအား လက္ျဖင့္ရိုက္၍ ထြက္လာေသာ အသံက တိမ္တိုက္ကိုယ္ေလးကို တုန္တက္သြားေစသည္။

'' မင္းမလား...ဟမ္....ေက်ာင္းအုပ္ထိ သြားတိုင္ရေအာင္ မင္းက ဘာေစာက္ဆင့္ရွိလဲ ဘုန္း..ဘုန္း....''

''..... ''

'' ေမးေနရင္ေျဖေလ...ဟာ...ဒီငါ-ိုးမသားကေတာ့ ခြပ္..ခြပ္ ''

'' အာ့....အား.... ''

အသံက စုစုေပါင္း ေလးေယာက္သံ ျဖစ္သည္။

ဒါဟာ ၾကားဖူးသည့္ ေက်ာင္းတြင္း အနိုင္က်င့္မႈပဲ ျဖစ္လိမ့္မယ္ဟု တိမ္တိုက္ ထင္လိုက္သည္။

စည္းကမ္းႀကီးေသာ ေက်ာင္းမွာ နာမည္ဆိုးႏွင့္ေက်ာ္ၾကားေသာ ေ႐ႊဇြန္းကိုက္ ေက်ာင္းသား သုံးေယာက္ႏွင့္ စေကာလာရွစ္ႏွင့္ လာတက္ရေသာ စာေတာ္သည့္ အညတရ ေက်ာင္းသားေလးတစ္ဦး တို႔ ရန္ပြဲ ျဖစ္သည္။

ထိုေကာင္ေလးကို စာေတာ္လြန္း၍ ၾကည့္လို႔မရတာၾကာၿပီျဖစ္သည္။ သူတို႔သုံးေယာက္ က ေက်ာင္းအုပ္ႀကီးမွ လြဲ၍ က်န္သည့္ ဆရာဆရာမမ်ားအား မေၾကာက္။ ထိုသုံးေယာက္က ဦးမာန္ခြန္းစစ္ တို႔ လႊတ္ေတာ္ အထက္ပိုင္းမွ အမတ္မ်ား၏ သား ေျမးေတြ ျဖစ္သည့္အေလ်ာက္ အုပ္ထိန္းသူ ေတြကလည္း K'Cloudy တြင္ရွယ္ယာအေတာ္အသင့္ပါဝင္ထားၾက၍ ထိုသုံးေယာက္အား ေတာ္႐ုံ မထိရဲ ၾကေပ။

အခုကိစၥမွာလည္း ေက်ာင္းတြင္း အျပင္းအထန္တားျမစ္ထားသည့္ ေဆးလိပ္ကို ခိုးေသာက္ေနခ်ိန္ လူမိသြားၿပီး ေက်ာင္းအုပ္မွ မိဘေခၚကာ လက္မွတ္ထိုးခိုင္းသည္။

တကယ္ေတာ့ ေက်ာင္းအုပ္ကို သြားတိုင္သည္က ထိုသုံးေယာက္ကို ၾကည့္မရေသာ အတန္းထဲမွ ေကာင္မေလးတစ္ေယာက္ျဖစ္သည္။

အခု ျပသာနာေတြ မျဖစ္ခင္ ထမင္းစားဆင္းခ်ိန္တြင္.....

ဘုန္း !

'' ဟဲ့ နင္ မွတ္လား ေက်ာင္းအုပ္ကိုသြားတိုင္တာ ''

ထို ေကာင္မေလး ခုံေပၚ စာအုပ္ေတြ ပစ္ခ်ကာ ေမးေလသည္။

ေယာက်ာ္း ေလးသုံးေယာက္က ဝိုင္းထား၍ ေကာင္မေလးလည္း ေၾကာက္ေၾကာက္လန့္လန့္ျဖစ္ေနသည္။

'' ဘာလဲ နင္က ငါတို႔နဲ႕ကစားခ်င္ေနတာလား ဟမ္ ''

ေကာင္မေလး စည္းထားေသာ ဆံပင္ကို ေခါင္းစီးကြင္းျဖဳတ္လိုက္ၾကေတာ့ ဆံပင္ရွည္ေတြက မညီမညာ ပုခုံးေပၚက်လာသည္။

'' ေျပာေလ နင့္ေစာက္ေပါက္က သြားတိုင္တုန္းကလို ဖြင့္ေလ ''

ေကာင္မေလး ပါးႏွစ္ဖက္အား လက္တစ္ဖက္ျဖင့္ ျဖစ္ညစ္ကာ လႈပ္ေမးေနေလသည္။ ဒါကို အစအဆုံး ေသခ်ာၾကည့္ေနေသာ အတန္းထဲက လူေအးေလး တစ္ေယာက္။ သူေတာင္ ေခါင္းစေျခဆုံး ျမတ္နိုးလြန္း၍ မထိရက္ေလးကို ထို သေကာင့္သားသုံးေယာက္က စိတ္လိုလက္ရ အၾကမ္းပတမ္းကိုင္တြယ္ေနၾကတာပင္။

'' ငါတိုင္လိုက္တာ ''

အေနာက္တစ္ေနရာမွ အသံထြက္လာ၍ ထိုသုံးေယာက္
လွည့္ၾကည့္ေတာ့ အၿမဲ Roll 1 ခ်ိတ္ေနသည့္ စာဂ်ပိဳး။

'' ဟက္.... မင္းလား... ဪ ''

ေကာင္မေလး ဆီကေန သူ႕ဆီ ထိုသုံးေယာက္ေရာက္လာသည္။

'' ငါတို႔ေပးထားတဲ့ ပိုက္ဆံနဲ႕ေက်ာင္းတက္ေနၿပီး ငါတို႔ကို ေစာ္ကားတယ္ေပါ့ေလ ''

အကၤ်ီ ေကာ္လံကို ဆြဲကာ ထိုးဖို႔လုပ္ခ်ိန္ ဆရာမ ဝင္လာ၍ ရပ္လိုက္ရသည္။ ဒါကို မေက်နပ္ေသး၍ ထိုေကာင္ေလး အိမ္သာသြားခ်ိန္အေနာက္မွ လိုက္ကာ အိမ္သာထဲပိတ္ကာ ပညာေပးေနၾကတာျဖစ္သည္။

ေကာင္ေလးကို ဘိုထိုင္ေပၚထိုင္ခိုင္းကာ သုံးေယာက္သား ေဘးကဝိုင္းၿပီး ေမးလိုက္ ေဆာ္လိုက္ လုပ္ေနၾကသည္။

'' မင္းတို႔ သတၱိ ရွိရင္ တစ္ေယာက္ခ်င္းခ် ။ အဖြဲ႕လိုက္ေဟာင္မေနနဲ႕ ''

အျပင္ကေန နားေထာင္ေနေသာ တိမ္တိုက္ကေတာ့ ၾကက္သီးတျဖန္းျဖန္း။ သုံးေယာက္တစ္ေယာက္ေတာင္ ထိုေကာင္ေလးေလသံက သိ္ပ္ကိုရဲတင္းလြန္းေနသည္။

'' ဘာကြ..ခြပ္...ခြပ္...''

'' ေဟ်ာင့္ေရ ေနဦး ။ ငါတစ္ခု စဥ္းစားမိတယ္။ မေန႕က ေက်ာင္းအုပ္ ႐ုံးခန္းထဲက ဧကရီ ထြက္လာတာ ငါကိုယ္တိုင္ျမင္လိုက္တာကြ။ မဟုတ္မွ လြဲေရာ.....
သူရိန္...မင္း ဧကရီကို ႀကိဳက္ေနတာလား ''

'' ဘာ... ဟား...ဟား....ဧကရီကို မင္းလို ငမြဲက ဟား..ဟား...''

'' မင္း ဧကရီ႕အစား ဝင္ခံေပးလို႔လည္း ဧကရီ လြတ္မယ္ထင္လား ဟား...ဟား...ဒီေကာင္ ငါတို႔သုံးေယာက္က ဒီေက်ာင္းမွာ ဘာလဲဆိုတာ မစုံစမ္း ထားဘူးထင္တယ္ ''

တစ္ေယာက္တစ္ခြန္း ဟားတိုက္သံေတြကို တိမ္တိုက္ အတိုင္းသားၾကားေနရသည္။

'' မင္းတို႔ဘာသာ ဘာေကာင္ျဖစ္ျဖစ္ ငါစိတ္မဝင္စားဘူး ရွင္းလား....''

'' ဝိုး....အလာ ႀကီးပါလား ငါ့ေကာင္ေရ ။ ဧကရီေတာ့ ကံေကာင္းတာပဲေဟ့....ဒီလို ဘာမွ မရွိတဲ့ စာဂ်ပိဳး ငမြဲက သူ႕ကိုႀကိဳက္ေနလို႔ေလ ဟားး....ဟား.....''

မျမင္ရေသးတဲ့ သူရဲေကာင္းကိုေတာ့တိမ္တိုက္ေတာ္ေတာ္ေလး ေလးစားေနႏွင့္ၿပီ။ သူခံေနရသည့္တိုင္ကို ေလသံက တစ္ခ်က္ေလး မယိုင္သြား။

သူတို႔စကားကို နားေထာင္ရင္း တိမ္တိုက္ ဇာတ္ရည္ေတာင္လည္ေနၿပီျဖစ္သည္။

'' ေအး ဒီငမြဲက မင္းတို႔လိုေတာ့ စိတ္ဓာတ္ေအာက္တန္းမက်ဘဴး ''

'' ဒီေခြးမသား....ခြပ္....ခြပ္...ခြပ္ ''

ဝိုင္းေဆာ္ေနၾကၿပီမို႔ တိမ္တိုက္ မေနနိုင္ေတာ့ အိမ္သာတံခါးကို ဆြဲဖြင့္လိုက္ေတာ့ ေကာင္ေလးမ်က္ႏွာက အေတာ္ေလး ဖူးေယာင္ေနေလၿပီ။ ရပ္ေနတဲ့သုံးေယာက္ကလည္း သူနဲ႕ အရပ္မတိမ္းမယိမ္းေတြ....

ထိုးေနတဲ့သုံးေယာက္က ရပ္ကာ တိမ္တိုက္ကို ေၾကာင္ၾကည့္ေနၾကသည္။ အျပင္ဝတ္နဲ႕လူစိမ္းက ေက်ာင္းအိမ္သာထဲထိ ဘယ္လိုဝင္လာသလဲေပါ့။

'' ဟ ဘာလဲ ဟ ''

'' ေတာ္သင့္ၿပီ ေကာင္ေလးတို႔ ''

တိမ္တိုက္ေျပာေတာ့

'' ေဟျာင့် ဒီဦးေလးႀကီးက ဘယ္သူလဲ ''

'' မသိဘူးေလ သန့္ရွင္းေရး အသစ္ေနမွာေပါ့ ဒါမွမဟုတ္လည္း ေက်ာင္းေစာင့္ ေပါ့ ''

'' ဒီမွာ ဦးေလးႀကီး ကိုယ့္ကိစၥမဟုတ္ရင္ ဝင္မပါနဲ႕ လစ္ ''

တိမ္တိုက္ ရင္ဘတ္ကို လက္နဲ႕ တြန္းထုတ္လိုက္၍ အနည္းငယ္ေတာင္ ယိုင္သြားခ်င္သည္။

'' ဒီကေလးေတြ ရိုင္းလွခ်ည္လား ''

'' အဲ့တာ ခင္ဗ်ား ေစာက္ပူပါလား ''

တိမ္တိုက္ ေဒါသ ေထာင္းခနဲ ထြက္သြားေတာ့သည္။ သူ႕ထက္အမ်ားႀကီးငယ္သည့္ကေလးေတြက သူ႕ကို ဒီလိုေျပာရမလား ဆိုၿပီးေတာ့ေပါ့။

'' မင္းတို႔ ေယာက်ာ္း မဟုတ္ဘူးလား။ တစ္ေယာက္ခ်င္း
ယွဥ္ခ်ေလ။ အုပ္စုလိုက္ကိုက္တာ ေခြးပဲ ရွိတယ္ကြ ''

တိမ္တိုက္၏ ေဒါသေတြက အထြတ္အထိပ္မို႔ စကားလုံးေတြ မေ႐ြးမိေတာ့။

'' ဟာ ေစာက္ဘဲ ႀကီး စကားမ်ားတယ္ ခ်ကြာ ''

သုံးေယာက္လုံး တိမ္တိုက္ဆီ ဝင္လုံးေတာ့သည္။ ထိုသုံးေယာက္က ဒီေက်ာင္းမွာ ဘယ္သူ႕ကိုမွ ေစာက္ဂ႐ုမစိုက္ဆုံး သုံးေယာက္ပင္။ သူေဌးသားေတြပီပီ ေငြဂုဏ္ကလည္းေမာက္ေသးသည္။ ျပသာနာျဖစ္လည္း ေငြႏွင့္ေျဖရွင္းလို႔ရသည္ဟု စိတ္ထဲ တထစ္ခ်ယဳံေနၾကသူမ်ားပင္။

တိမ္တိုက္ လည္း ငုပ္လ်ိဴးေနေသာ ပညာမ်ား ထုတ္ကာ ေရွာင္ေတာ့သည္။ ေက်ာင္းသားေတြမို႔ သူထိုးလိုက္လို႔ တစ္ခုခု ျဖစ္သြားလွ်င္ ခြန္းမ်က္ႏွာပ်က္ရမည္။ ထို႔ေၾကာင့္ အတတ္နိုင္ဆုံးေရွာင္ကာ အကၤ်ီ ဖုံးေနသည့္ ဗိုက္ကိုသာ ထိုးသည္။ မ်က္ႏွာကိုထိုးလွ်င္ သိသာမည္မဟုတ္လား။

ေနာက္က တစ္ေယာက္ကလည္း အားျပန္ျပည့္ပုံရၿပီ ထလာကာ ထိုသုံးေယာက်ကို ဝင္ထိုးျပန္သည္။ သူကေတာ့ေက်ာင္းသားခ်င္းမို႔ မ်က္ႏွာေတြခ်ည္း တည္ထိုးတာပင္။

အခုဆို သုံးေယာက္ႏွစ္ေယာက္ အိမ္သာထဲတြင္ ခ်ေနၾကတာပင္။ တိမ္တိုက္ သူ႕မ်က္ႏွာကို လာမထိေအာင္ ဂ႐ုတစိုက္ကို ကာသည္။ ဟိုစာဂ်ပိဳးေလး လက္ဆကလည္းမေသးေပ။ ထိုသုံးေယာက္မ်က္ႏွာေပၚက အရာေတြက သူခ်ည္းထိုးထားတာပင္။

ခြပ္ !

အာ့!

အငိုက္အမိမွာ တိမ္တိုက္ မ်က္ႏွာကို လက္သီးတစ္ခ်က္ဝင္လာသည္။ တိမ္တိုက္လည္းစိတ္ပိုဆိုးသြားကာ အသားကုန္ပြဲၾကမ္းေတာ့ေလသည္။

'' ရပ္လိုက္ၾကစမ္း! !''

ဩဇာ အျပည့္နဲ႕ အမိန့္အသံႀကီးက အိမ္သာထဲ ပဲ့တင္ထပ္ကာ ထိုးသတ္ေနၾကသူမ်ားအားလုံး ရပ္သြားၾကသည္။

K'Cloudy ၏ ေက်ာင္းအုပ္ ခြန္းမာနေမာင္ အား ျမင္သည္ႏွင့္ ေက်ာင္းသားေလးေယာက္လုံး ေဘးသို႔ တန္းစီ ကပ္ရပ္ကာ လက္ေလးေတြ ပိုက္ရက္သား။

ေစာေစာက နင္လားငါလား ခ်ေနၾကတာ သူတို႔မဟုတ္သည့္အတိုင္း။

ခြန္း တိမ္တိုက္ဆီ ေျခလွမ္းက်ယ္ႀကီးေတြနဲ႕ ေလွ်ာက္သြားကာ တိမ္တိုက္ကို သူ႕ေနာက္ပို႔လိုက္ၿပီး ေက်ာင္းသားေလးေယာက္ေရွ႕ တည့္တည့္ရပ္ကာ မ်က္ေမွာင္ႀကဳံ႕ၿပီးၾကည့္ေနသည္။

'' တိမ္တိုက္ ''

ၾကားေနက် စိုးရိမ္သံနဲ႕အတူ အေနာက္မွ ပါလာေသာ ရွန္မင္းက ခြန္းေနာက္ရွိ တိမ္တိုက္ဆီ ေျပးသြားကာ ႏႈတ္ခမ္းေထာင့္က ညိုမဲေနေသာ ေနရာကို ဖြဖြေလးထိၾကည့္သည္။ ေနာက္ေတာ့ ေရွ႕က ေလးေယာက္ကို ခြန္းၾကည့္သလို စူးစိုက္ကာ ၾကည့္ေနသည္။

ေက်ာင္းရဲ႕ ဩဇာအရွိဆုံး ဆရာႏွစ္ေယာက္က ဝါးစားမတတ္ၾကည့္ေနၾကတာမို႔ ေလးေယာက္လုံး ေခါင္းမေဖာ္ရဲ။

အျဖဴအစိမ္းေတြၾကားထဲမွာ အျပာေရာင္ ပုဆိုးေလးနဲ႕ တိမ္တိုက္မွာ ဆံပင္ေတြကလည္း ဖရုိဖရဲ ျဖစ္လ်က္။ အကၤ်ီ ေတြလည္း ႐ြဲ႕ေစာင္းလို႔။

ေက်ာင္းသားႀကီးေတြ ရန္ျဖစ္ေနၾကသည္ဟု ဆရာမတစ္ေယာက္က လာေျပာသျဖင့္ လိုက္လာတာျဖစ္သည္။
ဆရာမကိုယ္တိုင္လာေျပာတာမို႔ ဘယ္ေက်ာင္းသားေတြဆိုတာ ခြန္းသိၿပီးသားပင္။ ဒီသုံးေယာက္က သူကလြဲရင္ ဘယ္သူ႕မွ မေၾကာက္တာပင္။

အေဒြးလည္း သတင္းၾကားတာႏွင့္ ေရာက္လာသည္။ အေနာက္က တိမ္တိုက္ကို တစ္ခ်က္ၾကည့္လိုက္ၿပီး အေျခအေနကိုသုံးသပ္လိုက္သည္။

'' သူတို႔ကို ႐ုံးခန္းထဲမွာ ေစာင့္ခိုင္းလိုက္ ''

စိတ္ဆိုးေနသည့္ ခြန္းေလသံက အကုန္ေက်ာခ်မ္းရသည္။ အေဒြးက ဦးေဆာင္ကာ ထိုေလးေယာက္ကို ေခၚသြားသည္။

'' မင္းတို႔ေတာ့ ပ်ားအုံကို တုတ္နဲ႕သြားထိုးမိၿပီ ''

သြားေနတုန္း လမ္းမွာ ထိုေလးေယာက္ကို အေဒြးေျပာလိုက္ေတာ့ အကုန္လုံးက နားမလည္။

တစ္ဖက္က က်န္ခဲ့ေသာ အိမ္သာထဲမွာေတာ့ အေျခအေနက ေအးစက္ၿငိမ္သက္လ်က္။

'' နာေနလား ''

ေမးလာသူက ရွန္မင္းခက္။ ႏႈတ္ခမ္းေထာင့္က ဒဏ္ရာကို တၾကည့္ၾကည့္နဲ႕ ဘာလုပ္ရမွန္းမသိ။

ထိုအခ်ိန္ခြန္းကေတာ့ ၿငိမ္သက္ေနကာ ..... တစ္ခုခုကို စဥ္းစားေနသည္။

'' ရွန္မင္း ဟိုေလးေယာက္ကို ဒူးေထာက္ၿပီး လက္ေျမာက္ခိုင္းထားလိုက္ ''

'' ေမာင္...ဟိုေကာင္ေလးမပါဘူး ''

ခြန္း၏ မီးဝင္းဝင္းေတာက္ေနဆဲ အၾကည့္က တိမ္တိုက္ဆီ ဒိုင္းခနဲ။

'' ကိုခြန္း....''

ရွန္မင္း က တိမ္တိုက္ကိုၾကည့္ၿပီး ခြန္းကိုေခၚလိုက္ေတာ့...

'' ကိုယ္ တိမ္တိုက္ကို ေဆးထည့္ေပးၿပီးရင္ လိုက္လာခဲ့မယ္ ''

ထိုအခါမွ ရွန္မင္းထြက္လာခဲ့ေတာ့သည္။ အခန္းထဲက ေလးေယာက္ကေတာ့ ရွန္မင္းမလာခင္အထိ ေအးေဆးေနၾကၿပီး ရွန္မင္းေရာက္လာသည္ႏွင့္ အျပစ္ေပးျခင္းအမႈစတင္ေတာ့သည္။

ဒူးေထာက္လက္ေျမာက္႐ုံတင္ပဲေတာ့မဟုတ္... ပါးစပ္ကေန အလီေတြပါ ဆိုခိုင္းေနေသးသည္။ စာဂ်ပိဳးေကာင္ေလး မ်က္ႏွာေပၚက ဒဏ္ရာေတြကိုၾကည့္ၿပီး ဘယ္သူက ဘယ္သူ႕ကို အနိုင့္က်င့္လဲ အသိသာႀကီးပင္။ ထို႔ျပင္ ထိုသုံးေယာက္အေၾကာင္းလည္း သိထား၍ ရိုက္မေမးလည္း သိသာေနတာပင္။

ထို႔ေၾကာင့္ လက္ေျမာက္ဒူးေထာက္ရင္း အလီေမးလိုက္ စာေမးလိုက္ လုပ္ေနေသာ ရွန္မင္း။ စာဂ်ပိဳးက ေတာ့ ေမးသမွ် အကုန္ရ၍ မတ္တပ္ရပ္ကာ လက္ပိုက္ခိုင္းထားသည္။ ေဘးက မိုးက်ေ႐ႊကိုယ္သုံးေယာက္ကေတာ့ ဒီအတိုင္းပင္။

'' ဆရာ ''

'' ဘာလဲ ေျပာ ''

'' ဟိုဦးေလးႀကီးက ဘယ္သူလဲ ''

ထိုသုံးေယာက္ထဲမွ တစ္ေယာက္က ေမးေတာ့ ရွန္မင္း မဲ့ၿပဳံးၿပဳံးလိုက္သည္။

'' မင္းတို႔ထဲက သူ႕မ်က္ႏွာကို ဘယ္သူထိုးလိုက္တာလဲ ''

'' ကြၽန္ေတာ္ ပါ ''

အလယ္ကဘုဆတ္ဆတ္ ေကာင္ေလးက ယုံၾကည္ခ်က္ရွိရွိထေျဖသည္။ အရင္အေခါက္ေတြတုန္းကလို ေငြႏွင့္ေျဖရွင္းလို႔ရသည္ဟု ထင္ေနပုံပင္။

'' သိပ္ေပ်ာ္မေနနဲ႕ ေကာင္ေလး။ အရင္လိုေငြနဲ႕ေျဖရွင္းလို႔ရတဲ့သူမဟုတ္ဘူး ''

ထိုသုံးေယာက္မ်က္လုံးျပဴးသြားသည္။ ဘယ္သူမို႔ မရတာလဲ။

သူတို႔က ေက်ာင္းတြင္းအခ်မ္းသာဆုံး သုံးေယာက္မို႔ ျပသာနာသက္သက္ရွာၿပီး ေငြေတာင္းၾကသူမ်ားလည္း ရွိဖူးသည္။ ဒီတစ္ေခါက္ေတာ့ သူတို႔ဘက္က စခဲ့တာမို႔ နည္းနည္းေတာ့ တုန္လႈပ္ေနမိသည္။

'' ဘယ္သူမို႔လို႔လဲ ဆရာ ''

ရွန္မင္း ခြန္းစားပြဲေပၚက ဓာတ္ပုံေဘာင္အေသးေလးကို ထိုသုံးေယာက္ဘက္လွည့္ျပလိုက္သည္။ အစကေတာ့ အေပၚယံသာၾကည့္ၾကၿပီး ေနာက္မွ ျပဴးၿပဲကာ ေသခ်ာၾကည့္မိၾကေတာ့မွ သူတို႔နဲ႕ရန္ျဖစ္ခဲ့တာ သူတို႔ေက်ာင္းအုပ္ ရဲ႕ အမ်ိဳးသားတဲ့ေလ။

အကုန္လုံး တံေတြးေတြ ၿမိဳခ်ၾကကုန္သည္။ သူတို႔ ဆိုးလြန္းသည့္သတင္းက ေမႊးျပန့္လြန္းေတာ့ ေတာ္႐ုံေက်ာင္းေတြဆို လက္မခံၾကေပ။ K'Cloudy ေတာင္ ရွယ္ယာရွင္ သားသမီး ျဖစ္ေန၍ လက္ခံေပးထားတာျဖစ္သည္။

သူတို႔ရွာသမွ် ျပသာနာက ခြန္းဆီ မေရာက္ခင္ ေငြႏွင့္ ေဖ်ာက္ဖ်က္လိုက္တာမ်ားသည္။ ခြန္းဆီတိုက္ရိုက္ေရာက္လွ်င္ သူတို႔အတြက္ေတာ့ မတတ္သာေခ်။ ခြန္းက ေက်ာင္းအုပ္ျဖစ္သည့္အျပင္ ရွယ္ယာအမ်ားဆုံးပိုင္ဆိုင္ထားေသာ K'Cloudy CEO လည္း ျဖစ္သည္။ နိုင္ငံေရးဘက္မွာလည္း ဦးမာန္ခြန္းစစ္ အရွိန္အဝါႏွင့္ ခြန္းလည္း ဩဇာေညာင္းသူတစ္ေယာက္ျဖစ္ေနၿပီ ျဖစ္သည္။

ထို႔ေၾကာင့္ ခြန္း ကိုယ္တိုင္ သူတို႔မိဘေတြအား ျပန္တိုင္လွ်င္ေတာ့ သူတို႔အဖို႔ မုန့္ဖိုးအျဖတ္ခံရတာတို႔ ဖုန္းအသိမ္းခံရတာတို့ စသည့္ ဆုံးရႈံးမႈ ႀကီးႀကီးမားမားျဖစ္တတ္သည္။ ထို႔ျပင္ မိဘေတြကိုယ္တိုင္ ခြင့္ျပဳထား၍ ခြန္းရိုက္လွ်င္လည္း ခံရေသးသည္။

K'Cloudy ေက်ာင္းအုပ္က ႀကိမ္လုံးကိုင္ခဲသည္။ ကိုင္လွ်င္လည္း ဆိမ့္ေနေအာင္ခံရေတာ့တာပင္။

'' အာ့...ေမာင့္....အာ့...အာ့ ''

'' ေဆာရီး ေဆာရီး အရမ္းနာသြားလား ''

ေက်ာင္းေဆးခန္းအတြင္း တိမ္တိုက္၏ ေအာ္သံက ခပ္စာစာပင္။ ထိုးေနႀကိတ္ေနတုန္းက ဒီအသံမဟုတ္။

'' ေမာင့္ ကေလးက သူရဲေကာင္းႀကီးမွန္းမသိခဲ့ဘူးကြာ ''

ခြန္း၏ သေဘာက်သလို ေျပာစကားက တိမ္တိုက္ကို အံ့ဩေစသည္။ အမွန္ဆို စိတ္ဆိုးေနရမွာေလ။ ကိုယ္နဲ႕မဆိုင္တဲ့ကိစၥ ဝင္ပါတယ္ဆိုၿပီးေတာ့ေပါ့။

ေဆးလိမ္းေပးေသာ ခြန္းလက္ကို ဖမ္းကိုင္လိုက္ၿပီး

'' ေမာင့္ ''

ေမးခြန္းေတြပါသည့္ေခၚသံကို ခြန္း နားလည္သည္။

'' ဗ်ာ...''

ခြန္းက ႏူးႏူးညံ့ညံ့ သံရွည္ဆြဲကာ ထူးေတာ့ တိမ္တိုက္ တစ္ေယာက္ပိုေတာင္ အံ့ဩၿပီး ခြန္းနဖူးေပၚ လက္တင္ကာ စမ္းၿပီး....

'' ေမာင္ေနမေကာင္းဘူးလား ဟင္ ''

'' ေဟာဗ်ာ ဘာဆိုင္လို႔တုန္း ''

'' ေမာင္ကဘယ္လိုတုန္း ဆူရမွာကို ဆူေလ။ ေနေတာင္မေနတတ္ေတာ့ဘူး ဖယ္ဖယ္ ''

ကုတင္ေပၚက အတင္းဆင္းမယ္လုပ္ေနသည့္တိမ္တိုက္ကို ခါးမွ ျပန္မခ်ီကာ ကုတင္ေပၚျပန္ထိုင္ေစသည္။

'' မင္း မမွားမွန္း ေမာင္သိတယ္ေလ ကေလးရဲ႕။ တစ္ေယာက္ေယာက္ကို ဝင္ကူညီတာမွ မဟုတ္ရင္ မင္းလား ေမာင့္ေက်ာင္းမွာ ရန္ျဖစ္ရဲမွာ ''

'' ေမာင္ေျပာတာကို ကြၽန္ေတာ္နားမလည္ဘူး ''

'' ေမာင့္အတြက္ပဲ ဒီဦးႏွောက္ေသးေသးေလးက အၿမဲ
စဥ္းစားေနတာေလ။ အဲ့ေတာ့ ေမာင္အုပ္ခ်ဴပ္တဲ့ဒီေက်ာင္းမွာ မင္းကိုယ္တိုင္ ရန္ဝင္ျဖစ္တယ္ဆိုတာ အေျခအေနတစ္ခုေၾကာင့္ဆိုတာ ေမာင္ ေတြးမိၿပီးသား။ ''

'' ဪ ဟီးးးဟီးးး ''

သူ႕ကိုခ်ီးမြမ္းေနမွန္းသေဘာေပါက္သြားေတာ့ သြားေလးေတြၿဖီးကာ ရယ္ျပေလသည္။

'' ကဲလာ သြားမယ္ ။ အဆိုးေလးေတြနဲ႕ စာရင္းရွင္းရဦးမယ္ ''

'' ဪ ေမာင့္ သားေရာ ''

'' ေစာမဟာေသြး နဲ႕ရွိေနတယ္ ''

သည္လိုနဲ႕ ႏွစ္ေယာက္သား ခြန္း႐ုံးခန္းရွိရာကို တက္လာခဲ့ၾကသည္။ အခန္းထဲေရာက္ေတာ့ ေက်ာင္းသားေလးေယာက္လုံး ေမာ္မၾကည့္ရဲၾကေပ။ ဟိုသုံးေယာက္က ပိုဆိုးသည္။ ေက်ာင္းအုပ္အမ်ိဴးသားကိုမွ သြားထိုးမိတာကိုး။

'' ကဲ ပြဲတိုင္းေက်ာ္ေလးတို႔ မတ္တပ္ရပ္ၾကပါဦး ''

ြအကုန္လုံး တန္းစီ မတ္တပ္ရပ္ကာ လက္ေလးေတြပိုက္ ထားၾကသည္။

'' ဘယ္သူ စေျပာခ်င္လဲ ''

''. .....''

'' ဟုတ္ၿပီေလ.....ေျပာခ်င္တဲ့သူမရွိဘူးေပါ့။ သူရိန္ မင္းစေျပာ ''

အေၾကာင္းအရာ အစအဆုံးကို ေျပာျပေတာ့ ခြန္း ေခါင္းတၿငိမ့္ၿငိမ့္။

'' အဲ့ေတာ့ သူေျပာတာေတြ အကုန္ အမွန္လား မင္းတို႔ေျဖ။ မဟုတ္ဘူးဆိုရင္ ေျပာ ။...ဪ လိမ္ဖို႔ေတာ့ မႀကိဳးစားၾကနဲ႕ေနာ္ ဒီက သက္ေသက အကုန္ၾကားထားတယ္ေျပာတယ္။ ၿပီးေတာ့ ဒီတစ္ေခါက္ ကို ဒီတိုင္းေက်ာ္သြားဖို႔ အစီအစဥ္မရွိဘူး။ ''

'' ဗ်ာ မ..မ...မလုပ္ပါနဲ႕ ဆရာ ''

'' မင္းတို႔ကိုလႊတ္ထားေပးတယ္ဆိုတာ ငါမနိုင္ေတာ့လို႔ လို႔ မင္းတို႔ထင္ေနတာလား။ မင္းတို႔ ကိစၥ ေတြ အကုန္ ငါသိတယ္ဆိုတာ မေမ့နဲ႕။ မင္းတို႔ကို ဒီေက်ာင္းကေန ထုတ္လို႔ရတဲ့အထိ ငါလုပ္လို႔ရတယ္ဆိုတာ မင္းတို႔သိပါတယ္ေနာ္။ ေနာက္တစ္ခါ ဘာအသံမွ မၾကားခ်င္ဘူး။ အလားတူ ျဖစ္ရပ္မ်ိဴး ထပ္ျဖစ္ရင္ ငါ့အဆိုးမဆိုၾကနဲ႕။ ''

'' ဟုတ္ ဟုတ္ကဲ့ပါဆရာ ''

အပိုးက်ိဴးေနပုံမ်ား ေစာေစာကနဲ႕မ်ားကြာပ။

'' ရၿပီ ေဆးေပးခန္းကို သြားၾက ေတာ့။ မင္းတို႔အတြက္ အျပစ္ဒဏ္ကို ညေနေက်ာင္းမဆင္းခင္ ဆရာ
ေစာမဟာေသြး လာေျပာျပ လိမ့္မယ္ ''

'' ဟုတ္ကဲ့ပါဆရာ ''

ေလးေယာက္လုံးကို အေဒြး ေဆးေပးခန္းေခၚသြားသည္။ ထိုအခါမွ ရွန္မင္းလည္း တိမ္တိုက္နားကပ္ကာ ထိုဒဏ္ရာကိုပဲ စူးစိုက္ၾကည့္ေနျပန္သည္။

'' ရွန္မင္းခက္ရယ္ ။ မင္းဒုကၡကလည္းမေသးပါလား ။ ''

ြခြန္းတစ္ေယာက္ ရွန္မင္းကိုၾကည့္ကာ ေျပာေတာ့...

'' မတတ္နိုင္ေတာ့ဘူးကိုခြန္းေရ ေသာက္က်င့္က အရုိးစွဲနေပြီ ''

'' ေအးေအး လုပ္လုပ္ ကိုကိုသိရင္ အလကားေနရင္း ငါက အဆဲ ခံရဦးမယ္ ''

တိမ္တိုက္ ေပေစာင္းေစာင္းေျပာေတာ့ ရွန္မင္း အျမင္ကတ္သြားကာ ဒဏ္ရာရွိတဲ့ပါးတစ္ဖက္ကို လက္တဲ့ ပြတ္ခ်လိဳက္ေတာ့မွ အားခနဲ ထေအာ္ေတာ့သည္။

'' ေစတနာကို နားမလည္ဘူး ႏြား ''

ရွန္မင္း အခန္းထဲက ထြက္သြားေတာ့မွာ ဒဏ္ရာေလးကို လက္ေလးျဖင့္အုပ္ကိုင္ကာ ခြန္းဘက္လွည့္ရင္း...

'' ဟင့္...ေမာင့္....နာသြားၿပီ ''

နှုတ်ခမ်းေလးစူကာ ခြၽဲေနေသာ တိမ္တိုက္ေၾကာင့္ ခြန္း သေဘာအႀကီးႀကီးက်ေနေတာ့သည္။ အသက္ပဲ သုံးဆယ္ဝန္းက်င္ျဖစ္ေနၿပီ ကေလးက လုပ္ခ်င္ေနတုန္း။

'' ေမာင့္..နာသြားၿပီလို႔ ''

'' အို႔...အို႔...အုံဖြ...အုံဖြ ဒီေကာင္ကြာ....ေမာင့္ကေလးေလးကို ''

ရင္ခြင္ထဲထည့္ကာ ေျပာေတာ့ ႏွစ္ေယာက္ သားသေဘာက်စြာ ၿပိဳင္တူ ရီမိက်သည္။ မသိလွ်င္ ဆယ္ေက်ာ္သက္ေလးေတြ က်လိဳ႕။

အဲ့ဒီညေနက သားအဖေတြ အတူတူျပန္ၾကၿပီး အိမ္မျပန္ခင္ အျပင္ေလွ်ာက္သြားက်ေသးသည္။ ႀကိဳတင္စီစဥ္လာေသာ တိမ္တိုက္ကေတာ့ ခြန္းအဝတ္အစားလဲဖို႔ တစ္စုံပါ ပိုထည့္လာေပးခဲ့တာပင္။ ခြန္းက အျဖဴအစိမ္းနဲ႕ အျပင္ေတြေလွ်ာက္သြားရတာမ်ိဳးကို မႏွစ္သက္ဘူးမလား။
ညစာကိုလည္း အျပင္မွာ စားေသာက္ၿပီး မိုးခ်ဴပ္မွ အိမ္ျပန္လာခဲ့ၾကသည္။

အေဆာ့လြန္သြားေသာ ဆည္းဆာကေတာ့ အျပန္ကားေပၚမွာကတည္းက အေနာက္ခန္းထဲတြင္ အိပ္ေပ်ာ္ေနေလၿပီ။
ခြန္းပဲ ဆည္းဆာကို အေပၚထပ္ထိခ်ီကာ သူ႕အိပ္ရာေပၚတင္ေပးလိုက္သည္။

သူတို႔ႏွစ္ေယာက္ကေတာ့ ေရမိုးခ်ိဴးၿပီးမွ အိပ္ရာဝင္ၾကသည္။

'' ေမာင္ ''

'' ဗ်ာ ''

'' ခ်စ္ေသးလားဟင္ ''

'' ေမာင္ရွိေနသ၍ေပါ့ ''

20.9.2022

Comment