Episode - 46

အဝါရောင်​ခြယ်သော  ရွက်ဟောင်းတွေဟာ ပင်မြင့်ထက်မှ အလှည့်ကျ ကြွေဆင်းလာကြလေပြီ။ နွေဦး....နွေရဲ့ စတင်ခြင်းဟာ နွေဦးဆိုရင် ကျွန်တော့်ရဲ့စတင်ခြင်းက..မောင်ပေါ့....။ အဓိပ္ပါယ် မရှိလောက်ဘူးမလား...အင်း အဲ့လိုပဲ အဓိပ္ပါယ် တွေမသိတော့လောက်အောင် မောင့်ကို ကျွန်တော်ချစ်ပါတယ်။

မောင်နဲ့ စတွေ့ခဲ့တဲ့ နွေဦးကိုလည်းချစ်တယ်။ မောင့်ကြောင့် ငိုခဲ့ရတဲ့ မိုးရာသီကိုလည်း မမေ့ဘူး။ မောင်နဲ့အတူ လွမ်းခြင်း တေးတွေ အတူသီရခဲ့တဲ့ ဆောင်းရာသီကိုလည်း အမြဲအမှတ်ရနေမှာ။

ပျော်ရွှင်မှုလား..ဝမ်းနည်းမှုလား...ဥပေက္ခာ တွေလား...မောင်ပေးတာတွေဆို... အဲ့တာ ကျွန်တော်အတွက် အချစ်တွေပေါ့။

မောင်က မသွားနဲ့ဆိုတုန်းကလည်း မောင့်အနားမှာပဲနေပေးခဲ့သည်။
နာကျင်စရာတွေများခဲ့တာတောင် လက်မလွှတ်ချင်ခဲ့ဘူး။
နောက်တော့ မောင်က သွား ဆိုပြီး နှင်ထုတ်ပြန်တော့..မောင်ရှိတဲ့ရပ်ဝန်းကနေ ထွက်ပြေးပေးခဲ့ရပြန်သည်။

အခုလည်း မောင်က ရောက်အောင်ပြန်လာလို့ အမိန့်ပေးပြန်လေ တော့
လွန်ဆန်လေ့မရှိသည့် ဒီလူသားက မောင့်ဆီ မရောက်ရောက်အောင် ပြန်လာပေးခဲ့သည်။

မည်သို့ပင်ဖြစ်စေ.... မောင့်အား ကျွန်တော် ချစ်သည် ။
မည်သို့ပင်ဖြစ်စေ..... မောင့်အား ကျွန်တော် ချစ်ခဲ့သည် ။
မည်သို့ပင်ဖြစ်စေ..... မောင့်အား ကျွန်တော် ဆက်၍ ချစ်သွားမည်။

ဤဘဝအတွက် တာဝန်ဟာ မောင့်ထံပါး ချစ်ခြင်းတို့နှင့်ခစား ၍သာ အဆုံးသတ်ပေလိမ့်မည်။

.............

တိမ်ဖြူတွေပေါ် ကျရောက်နေသည့် အနောက်အရပ်ဆီမှ နေဝန်းကြီး၏အလင်းရောင်ကြောင့်..အဖြူရောင်တိမ်တွေဟာ အဝါရောင်သန်းနေသည်။ ကြည်လင်နေသော ညနေခင်း ကောင်းကင်မှာ အဝါရောင်တိမ်တိုက်တို့ဟာ အနှောင်အဖွဲ့ကင်းစွာ ပျံသန်းနေကြ သည်။

တိမ်တွေကို မော့ကြည့်ရတာကြိုက်သည်။ အထူးသဖြင့် ချစ်သူ၏ လက်မောင်းရင်းကို ဆုပ်ကိုင်ပြီး မော့ကြည့်ရသည့်အခါ မြင်ရသည့် တိမ်တွေကိုပိုသဘောကျသည်။

'' မောင်...အဝါရောင်တိမ်လေးတွေက လှတယ်နော် ''

'' မောင့်ဘေးက တိမ်တိုက်လောက်တော့ ဘယ်တိမ်တွေကလှနိုင်ပါ့မလဲ ''

အကျည်းတန်လှချိန်လို့အများခေါ်ကြသည့် ညနေ ​ဆည်းဆာ နေရောင် က ခွန်း၏ အညိုရောင် မျက်နှာအပေါ် လှပစွာပျော်မြူးနေကြသည်။ ခွန်းအရပ်ကြောင့် တိမ်တိုက်ကတော့ ထိုနေရောင်နဲ့တွေ့ဆုံခွင့်မရ။

'' ခြေထောက်နာနေပြီလား ပြန်ကြမယ်လေ ''

တိမ်တိုက်၏ ခြေထောက်အစုံက ခွန်း၏ကူညီပေးမှုနှင့် တိမ်တိုက်၏ စိတ်အားထက်သန်မှုတို့ကြောင့် ​ကောင်းကောင်းပြန်လျှောက်နိုင်နေပြီဖြစ်သည်။ သို့သော်အကြာကြီးတော့ လမ်းမလျှောက်နိုင်သေး။

'' မနာသေးပါဘူး ဟိုခုံလေးမှာ ခနထိုင်မယ် ''

လက်ညိုးလေးထိုးကာ ဆေးရုံပေါက်ဝနှင့် မလှမ်းမကမ်းမှာရှိသည့် အဖြူရောင်ခုံတန်းလျားလေးကို ပြသည်။ နှစ်ယောက်သားထိုခုံမှာပဲ ထိုင်လိုက်တော့ နေရောင်နွေးနွေးဟာ နှစ်ယောက်လုံးဆီကိုတိုက်ရိုက် ကျရောက်လာသည်။

'' နေပူတယ်. ..''

ဧရိယာ ကျယ်လှသည့် အညိုရောင်လက်ဖဝါးတစ်ဖက်ဖြင့် တိမ်တိုက်မျက်နှာပေါ် နေရောင်မကျရောက်အောင် ကာပေးလိုက်တော့ တိမ်တိုက်က ထိုလက်ဖဝါးကို ယူကာ သူ့လက်လေးနှစ်ဖက်ကြား ထည့်ကာ အုပ်ကိုင်ထားလိုက်သည်။
နောက်ပြီး သူ့ခေါင်းနားက လက်မောင်းကို ခေါင်း အသာမှီလိုက်ကာ မျက်လုံးကိုမှိတ်ထားလိုက်သည်။

'' မပူပါဘူး နွေးနွေးလေး နေလို့ကောင်းတယ်။ ''

'' ဟုတ်ပါပြီ ''

မိနစ် အတော်ကြာ လောက်အထိ တိမ်တိုက် မျက်လုံးလေးမှိတ်ကာ အသာငြိမ်နေလိုက်သည်။ ပူနွေးသည့် နေရောင်ကိုလည်း ခံစားရင်း လက်မောင်းနားက အနက်ရောင် အင်္ကျီ ပေါ်ကနေ ခွန်း ကိုယ်သင်းနံ့ ကိုခိုးနမ်းရင်း လောကစည်းစိမ်ကို ပျော်ပျော်ကြီး စံစားနေလေသည်။

အမှန်ဆို ဆေးရုံကနေတောင် ဆင်းချင်စိတ်မရှိ။ ခွန်းနှင့် ဖြတ်သန်းရသည့်နေ့တွေက တကယ်ကိုကြည်နူးစရာကောင်းသည်။ အိမ်ပြန်သွားလျှင် သည်လိုနေရဖို့ဆိုတာမကျိန်းသေ သလို...ကျောင်းတွေပြန်ဖွင့်ရင်လည်း အနားနားရှိဖို့ဆိုတာ ဆုတောင်းရပေဦးမည်။ ဖြစ်နိုင်လျှင် သည်အခြေအနေ လေးမှာတင် အရာအားလုံး ရပ်တန့်စေချင်သည်။

'' ဟိတ်ကောင်လေး...ဘာတွေ တွေးနေတာလဲ ''

'' အင်း....ဒီလိုလေး နေ့တိုင်းသာဆိုရင်ဘယ်လောက်ကောင်းမလဲလို့လေ။ အိမ်တောင်မပြန်ချင်တော့ဘူး ။ မောင်က သိပ်အလုပ်ရှုပ်တတ်တာလေ ။ ''

ခွန်းက လက်မောင်းနားက ခေါင်းလေးကို သူ၏ တခြားလက်တစ်ဖက်ဖြင့် သပ်ပေးရင် ခပ်ဟဟလေးရီသည်။ ရီသံကြား၍ မျက်လုံးဖွင့်လာသော ကလေးငယ်က ဘာသဘောလဲဟု မော့ကြည့်တော့ အသံထွက်ကာ ရီမောပစ်လိုက်တော့သည်။

'' ဪ အဲ့တာကြောင့် ဟိုနေ့က ခြေထောက် ကောင်းရင် ဆေးရုံဆင်းလို့ရပြီပြောတာကို အတင်း မကောင်းသေးဘူးဆိုပြီး ဆရာဝန်ကို ဂျင်းထည့်လိုက်တာပေါ့လေ။ ဟုတ်စ ''

'' ဟီးဟီး....''

မဟုတ်တာလုပ်ထားသည့် သွားတက်တွေက ဖွေးသန့်စွာ ပေါ်ထွက်လာတော့သည်။ ခွန်း တစ်ယောက် အသည်းယားစွာ ထုရန်ပြင်လိုက်ပြီးမှ ခေါင်းနားရောက်ချိန်တွင် လက်သီးဆုပ်တို့ပြေကာ လက်ဖဝါးဖြင့် ခေါင်းလေးအား အပေါ်မှနေ၍ ဖိသပ်ချတော့ တိမ်တိုက်ဇက်လေးပုကာဝင်လေသည်။

'' မောင်ကလည်း အိမ်ပြန်သွားရင် မောင်က မောင့်တိုက်ခန်းမှာပဲနေမှာ မေမေကလည်း သူ့ဆိုင်တွေနဲ့သူ လက်မလည်ဘူးလေ အဲ့တော့ ကျွန်တော် က အလုပ်လည်းမရှိ ဘာမရှိနဲ့ အိမ်မှာတစ်ယောက်တည်းနေရမှာ။ ''

'' မောင့်ကျူရှင်မှာ ဂိုက်လာသင်လေ ''

'' ဟင် မောင်က တကယ်ခန့်မှာလား ''

တိမ်တိုက် ကိုယ်ကို မတ်မတ်ထားပြီး ဝမ်းသာအားရ ထမေးသည်။ ခွန်းက ဆရာဆရာမတွေကိုသေချာ စိစစ်ရွေးချယ်ပုံကို ရှန်မင်းတို့က အမြင်ကပ်စွာပြောပြထားသောကြောင့် K' Cloudy တွင် အလုပ်ဝင်ရန် မည်မျှခက်ခဲကြောင်းသိသည်။ ထို့​ကြောင့် ခွန်းမှနေ၍ ဂိုက်သင်ခိုင်းမည်ဟု ဆိုလာသောကြောင့် ပျော်သွားတာပင်။

'' တကယ်ပေါ့..မင်းအတွက် မူလတန်းလေးတွေ လက်ရေးလှသင်တန်းလုပ်ပေးမယ် ''

'' ဟွန်း...မောင်ကလည်း... ''

ခွန်းကအတည်ပြောသည်ကို စသည်ဟုထင်ကာ မဲ့ရွဲ့သွားသောတိမ်တိုက်။
တိမ်တိုက်​က တကယ်ကို လက်ရေးလှသူတစ်ဦးဖြစ်သည်။ ယောကျာ်းလေးတစ်ယောက်က သည်လောက် လက်ရေးလှနေသည်မှာ အံ့ဩစရာပင်။ ကွန်ပျူတာ စာစီထားသကဲ့သို့ ထောင့်ချိူးညီညီနှင့် ဝိုင်းစက်နေသောလက်ရေးကြောင့် တကူးတက စာရိုက်စရာမလိုပေ။

'' မောင် အတည်ပြောတာ မင်းက လက်ရေးလှတယ်လေ ''

'' တော်ပါပြီ မောင်ရာ ကလေးတွေကို ကျွန်တော်စိတ်မရှည်ပါဘူး ။ ''

''. ......''

'' ဒီလိုလုပ်မယ်လေ ဆရာ မလုပ်တော့ဘူး။ မောင့်လက်ထောက်ပဲလုပ်မယ်လေရလား။ ''

'' အဲ့တာဆို ဆယ့်ခြောက်လီ ဆိုပြ ''

'' အမယ် လူကိုများအထင်သေးလို့ ဆိုပြမယ်...
ဆယ့််ခြောက်တစ်လီ ဆယ်ခြောက်...
ဆယ့်ခြောက်နှစ်လီ သုံးဆယ့်နှစ်...
ဆယ့်ခြောက်သုံးလီ လေးဆယ့်ရှစ်....
ဆယ့်ခြောက်လေးလီ ခြောက်ဆယ့်လေး...
ဆယ်ခြောက်ငါးလီ...ရှစ်ဆယ်...
ဆယ့်ခြောက် ခြောက်လီ....ဆယ့်ခြောက် ခြောက်လီ..... ''

တိမ်တိုက် စက္ကန့်အတော်ကြာသည်အထိ အဲ့ကနေ မတက်တော့။ စဥ်းစားနေပုံက နှုတ်ခမ်းဆူပြီး ကောင်းကင်ကိုမော့ကာ မေးစေ့ကိုလက်ညိုးနှင့် တတောက်တောက် လုပ်လိုက်သေး သည်။ လူနာဝတ်စုံနှင့် ဆယ့်ခြောက် ခြောက်လီ ကိုစဥ်းစားနေသော ကလေးပေါက်စက တကယ်ကို အူယားစရာပင်။ စူထော်နေသော ပန်းဆီရောင်နှုတ်ခမ်းက တလှုပ်လှုပ်နှင့် ခွန်းကို လာနမ်းလှည့်ပါ ဟု ဖိတ်ခေါ်နေသလိုပင်။

နောက်ဆုံး ခွန်း ထိန်းမနိုင်တော့ပဲ လက်ချောင်းများဖြင့် ပါးနှစ်ဖက်ကို ဖျစ်ညစ်ကာ သူ့ဘက်ဆွဲယူလိုက်တော့..နဂိုကတည်းစူနေသော နှုတ်ခမ်းက... ပါးနှစ်ဖက်ထဲသို့နစ်ဝင်ကာ ဖိထားသော ခွန်းလက်ချောင်းများကြောင့် အရှေ့သို့ တစ်စုတစည်းထဲ စူထွက်လာသည်။

ပြွတ်စ်....

မျက်တောင်ကော့လေးတွေကို တဖျတ်ဖျတ်ခပ်ရင်း လှပသည့်မျက်ဝန်းတွေနှင့် ကြည့်လာတော့ ခွန်းတစ်ယောက် ထိုနှုတ်ခမ်းတစ်စုံကို မက်မက်မောမော စုပ်ယူနမ်းရှိုက်လိုက်တော့ သည်။ ၃နှစ်နီးပါးကြာပြီးမှ ပြန်ရသော အထိအတွေ့မို့ နှစ်ယောက်လုံးရင်တွေ ပြောင်းဆန်ကုန်သည်။

ဖိညှပ်ထားသော ခွန်း လက်ချောင်းတွေက ပါးပေါ်ကနေ နားရွက်နောက်သို့ ရောက်သွားပြီး တိမ်တိုက်ခေါင်းလေးကို ထိန်းပေးထားကာ စိတ်ကြိုက် နမ်းတော့သည်။ ကျွမ်းကျင်လှသော နှုတ်ခမ်းတစ်စုံ၏ လှုပ်ရှားမှုများကြောင့်
ရင်ခုန်လွန်း၍ တိမ်တိုက် အသက်ရှုသံတွေမြန်လာသည်။

နွေးထွေးလှသည့် ညနေဆည်းဆာ ချိန်တွင် နွေးထွေးလွန်းသည့် အနမ်းများက တိမ်တိုက် နှလုံးသားတို့အား အမြန်ခုန်လာစေရန် လုံလောက်သည်။

ဘယ်လောက်တောင် လွမ်းနေတာမို့လဲ.....

ကိုယ်ပင်ပန်းမှာစိုး၍ စောင့်ထိန်းခဲ့သော မောင်က ဒီ နှုတ်ခမ်းတွေကို ဘယ်လောက်တောင် လွမ်းနေခဲ့တာလဲ....

မြန်သထက်မြန်လာသော တိမ်တိုက် နှလုံးခုန်နှုန်းနှင့် အသက်ရှုသံတွေကြောင့် ခွန်း တစ်မိနစ်လောက်ကြာတော့ တိမ်တိုက် နှုတ်ခမ်းတွေကိုလွှတ်ပေးလာသည်။
အရင်ကဆို တဇွတ်ထိုးနမ်းတတ်သော ခွန်းက ခနလေးနှင့်လွှတ်ပေးလာသဖြင့် တိမ်တိုက်တစ်ယောက် မကျေနပ်တော့။ ခွန်းက မနမ်းရင််လည်း လုံးဝ.... တကယ်နမ်းရင်လည်း လူကိုအားပြတ်သွားသည်အထိ နမ်းတတ်တာပင်။

ထို့ကြောင့် ကွဲကွာသွားသော ခွန်းမျက်နှာကို တိမ်တိုက် သူ့လက်လေးနှစ်ဖက်ဖြင့် ပြန်ဆွဲယူချလိုက်ကာ သူ့ဘက်မှ အနမ်းတို့ကို ဦးဆောင်လိုက်သည်။ ထိန်းနေသည့်ကြားက ရှေ့တိုးလာသော တိမ်တိုက်ကြောင့် ခွန်းလည်းစိတ်တွေကိုတဆုံးလွှတ်ပေးလိုက်ကာ ဝါးစားမတတ် တိမ်တိုက်နှုတ်ခမ်းတို့အား နမ်းရှိုက်တော့သည်။

တစ်စ တစ်စ ပြင်းထန်လာသော အနမ်းတို့နှင့်အတူ နေမင်းကြီးတောင် တဖြည်းဖြည်းပျောက်ကွယ်သွားကာ ကောင်းကင်ဝယ် အဝါနုရောင်တိမ်တိုက်တို့ပဲကျန်ခဲ့တော့သည်။

မည်မျှကြာအောင် နမ်းနေကြသည်မသိ နေရောင်တောင်ကွယ်ပျောက်လုနီးပါး ဖြစ်နေပြီ။ နောက်ဆုံး နှစ်ယောက်လုံး ကျေနပ်ကြသည်ဆိုမှ နှုတ်ခမ်းနှစ်ခုကိုခွာတော့ ငွေမျှင်ရောင်အတန်းလေးတွေက အလင်းရောင်သဲ့သဲ့ကြားတွင် လက်ခနဲ။

ခွန်းဘယ်လောက်ကြမ်းမိလဲမသိ... တိမ်တိုက်နှုတ်ခမ်းလေးဟာ အရင်ကထက်နီရဲကာပိုထူနေတော့သည်။ တစ်မျိူးခေါ်လျှင် နှုတ်ခမ်းယောင်သွားသည်ပေါ့။

ကျေနပ်သွားကြလေသော သူနှစ်​ယောက် မျက်နှာထက်မှာတော့ အပြုံးကိုယ်စီ နဲ့ပေါ့။

'' ပြန်ကြမယ်လေ မှောင်နေပြီ ''

'' အင်း ''

ခွန်းပြောတော့ ခေါင်းလေးငြိမ့်ကာ ခွန်းလက်ကိုတွဲရင်း ဆေးရုံအခန်းထဲသို့ ပြန်ဝင်လာခဲ့ကြသည်။

နောက်တော့ ညစာစားပြီး ဆေးသောက်ကာ အိပ်ယာဝင်ဖို့ ပြင်လိုက်ကြသည်။
ခွန်းက ဒီနေ့ စာဖတ်ပြရမည့်နေမို့ စာအုပ်တစ်အုပ်ကို ထုတ်ကာ ဘေးကခုံတွင်ထိုင်လိုက်သည်။

တကယ်တော့ ခွန်း လာနေနေပေးကတည်းက သုတကို အနားပေးထားတာဖြစ်သည်။ ခွန်း အပြင်ထွက်ရသည့်နေ့မှ သုတကိုဖုန်းဆက်လှမ်းခေါ်တာဖြစ်သည်။

'' မောင် ''

'' အင်း ''

ကုတင်ပေါ်က တိမ်တိုက် ခွန်းဘက်စောင်းကာ ခေါင်းအောက်ထဲ လက်နှစ်ဖက်ခုအိပ်လိုက်ပြီး

'' ကျွန်တော်အိပ်နေတုန်းကလေ မောင်သီချင်းဆိုပြဖူးသေးလား ''

'' ဘာလို့လဲ ''

'' ကျွန်တော်လေ မောင်သီချင်းဆို​​​ပြ တာကို နားထောင်ဖူးတယ်လို့ ခံစားနေရတယ် ''

'' အင်းဆိုပြဖူးတယ် ခွဲမစိတ်ခင်ညက ''

တိမ်တိုက်စိတ်ဝင်စားသွားပြီး စပ်စုချင်နေသော မျက်ဝန်းတို့က အရောင်တလက်လက်။

'' ဟုတ်လား ပြန်ဆိုပြပါလား ''

'' ဟင် အခုလား ''

'' အင်း အခု... ပေး အဲ့စာအုပ် ''

ခွန်းလက်ထဲက စာအုပ်ကို ဆွဲယူလိုက်ကာ ဘေးနားချလိုက်သည်။

'' ဒီနေ့က စာဖတ်ရမယ့်နေ့လေ နောက်နေ့မှ ဆိုမယ် ''

ခွန်းစာအုပ်ကို ပြန်ဆွဲယူမယ်ကြံတော့ တိမ်တိုက် လက်တစ်ဖက်က စာအုပ်အပေါ် ဖုန်းခနဲရောက်သွားပြီး ဖိထားလိုက်သည်။

'' No No No Mg. ..Now ''

ခွန်းလည်းပြောမရတော့သည်မို့ အခန်းထောင့်တွင်ချထားသော ရှန်မင်း၏ ဂီတာလေးကိုသွားယူလိုက်သည်။

'' အောက်ဆင်းမလား။ ဂီတာသံနဲ့သူများတွေကိုနှောင့်ယှက်သလိုဖြစ်နေမယ် ''

ဘယ်တုန်းကတည်း​က အပြင်ထွက်ချင်နေမှန်းမသိသော တိမ်တိုက်က ကုတင်အောက် ပြေးဆင်းကာ လက်ရှည်အပါးကို အမြန်ကောက်စွပ်လိုက်သည်။

မနိုင်ဘူးဟူသော မျက်စောင်းက တိမ်တိုက်ဆီလှပစွာရောက်လာပြီး ဂီတာကိုလက်တစ်ဖက်က ကိုင်ပြီး တစ်ဖက်က တိမ်တိုက်လက်ကိုဆွဲကာ ဆေးရုံ ပန်းခြံထဲသို့ သူနာပြုဆရာမတွေအား ခွင့်တောင်းပြီး ဆင်းခဲ့လိုက်သည်။

ခုံတန်းလျားကိုနှစ်ယောက်အတူယှဥ်ထိုင်လိုက်သည်။ တိမ်တိုက်ကတော့ ခွန်း သီချင်း ဆိုသည်ကို တကယ် တွေ့ရတော့မှာမို့ ရင်ခုန်နေသည်။

ခွန်း ဂီတာကြိုးကို ညှိလိုက်ပြီး ချစ်ခြင်းတွေနှင့် ဖွဲ့သီထားသော သီချင်းတစ်ပုဒ်ဟာ ခွန်း၏ စွဲမက်ဖွယ် နှုတ်ခမ်းတို့မှ လှပစွာ
ပွင့်အန်ထွက်လာသည်။

🎶အိပ်စက်သွားတဲ့ ငါ့နှလုံးသား မင်းနဲ့တွေ့မှ နိုးလာတယ်.....

🎶ကွဲအက်သွားတဲ့အသည်းဒဏ်ရာ ....

🎶မင်းရဲ့လက်နဲ့ ပျောက်ကုန်ပြီ. .....

🎶ဟောင်းနွမ်းခဲ့တဲ့ အိမ်မက်များ အေးစက်မဲမှောင် ငါ့ညများ .....

🎶အိမ်မက်သစ်တွေမွေးဖွားလို့ ရင်ကိုနွေးထွေးသွား .....

🎶အကြင်နာညများ လင်းလက်သွား...

🎶 သွေးကြောထဲမှာလည်ပတ်နေ မင်းလေးပေးတဲ့အားအင်တွေ

🎶ကိုယ့်ဘဝရဲ့ အနက်အဓိပ္ပာယ်ဟာ ......

🎶မင်းတစ်ယောက် တည်းအတွက် ဖြစ်လာတယ် အိုး.....

ကြယ်ရောင်တွေချည်း ပက်ဖြန်းထားသည့် ပျိူးဥယျာဥ်ခြံထဲတွင် ခွန်း၏ ခပ်ရှရှ အသံက တိတ်ဆိတ်နေသော ပတ်ဝန်းကျင်ကို သာယာငြိမ့်ညောင်းစွာ လွှမ်းခြုံသွားသည်။ တဖြည်းဖြည်း တိမ်တိုက်ခေါင်းလေးဟာ ခွန်း၏ လက်မောင်းပေါ်သို့ မှီကျလာသည်။ ခွန်းတစ်ချက်ငဲ့ကြည့်ပြီး သီချင်း​ကိုသာဆက်ဆိုနေလိုက်သည်။

🎶ဘဝရဲ့ခရီးကို အတူလျှောက်မယ် ဆင်းရဲချမ်းသာမျှဝေမယ်

🎶အားပေးနားလည် ချစ်သူရယ်.....

🎶သေချာတဲ့အဖြေဟာ .....ကိုယ်နဲ့မင်းနဲ့မခွဲတော့ဘူး......

...........

နောက်တစ်ကြောင်းကစ၍ လက်မောင်းရင်းနားက တိမ်တိုက်က ခွန်းဆိုနေသော သီချင်းကို သံယောင်သေးသေးလေးလိုက်ဆိုသည်။
..............

🎶အရာရာပိုင်ဆိုင်သမျှ အားလုံးမင်းအတွက် စိတ်နဲ့ခန္ဓာ အကုန်လုံးပဲ

🎶ယုံကြည်နားလည်မှု ရှင်သန် နေမယ် ချစ်ချင်းတရား

🎶ဒဏ်ရာတွေမရှိဘူး.....ကိုယ့်ရဲ့နံဘေးနား မင်းရှိနေရင် ရင်ဆိုင်ရဲတယ်..

🎶အန္တရယ် အားလုံး နင်းဖြတ်သွားမယ် အချစ်စွမ်းအား

🎶....အို...အချစ်....

.......
......
......

တဖြည်းဖြည်း တိမ်ဝင်လာသော တိမ်တိုက်အသံက အိပ်စက်ခြင်းကို ကိုယ်စားပြုလာသည်။ အသံတိတ်သွား၍ ဘေးကိုကြည့်တော့ အကောင်ငယ်လေးက အိပ်ပျော်နေပြီဖြစ်သည်။ ထို့ကြောင့် သီချင်းကိုအဆုံးသတ်လိုက်ပြီး ဂီတာကို ဘေးသို့ချလိုက်သည်။

နောက်တော့ အိပ်ပျော်နေသော တိမ်တိုက်မနိုးအောင် ဂရုတစိုက် ပွေ့ချီ၍ ရင်ခွင်ထဲထည့်ကာ ဆေးရုံပေါ်ပြန်တက်လာခဲ့သည်။ ဘယ်လောက် အအိပ်မက်သည် မသိ လူတစ်ယောက်လုံးကို သူ့ကိုချီ၍ လမ်းလျှောက်နေတာတောင်မနိုး။
သိပ်ကိုစိတ်ချချင်စရာပင်။

အကြောင်းသိနေပြီဖြစ်ကြသော ဆေးရုံတစ်ရုံလုံးက ခွန်းကို အံ့ဩနပန်းနှင့်ကြည့်နေကြသည်။

လွန်ခဲ့သည့် ၃နှစ်အတွင်း ခွန်းက သူ့ရဲ့ ဆရာဝန်နှင့် ဆွေးနွေးကုသပြီးသောအခါ
လူရှေ့ ရဲရဲဝင့်ဝင့်သွားလာနိုင်နေပြီဖြစ်သည်။ တစွန်းရောက်သွားသည်ဟုဆိုရမလား.... ကြည့်ပြီးအတင်းပြောသူကိုသာမက မျက်စိရှေ့ အပုပ်လာချနေသည်ကိုပါ ခပ်တည်တည်နှင့် ချေပနိုင်နေပြီဖြစ်သည်။ ထိုကတည်း ခွန်းက သူပြုလုပ်သည့်အရာတွေအတွက် ပတ်ဝန်းကျင်ကို သေးသေးလေးတောင် ဂရုမစိုက်တော့ပေ။

အခန်းထဲပြန်ရောက်ပြီး ကုတင်ပေါ်တင်ကာ စောင်တွေသေချာခြုံပေးသည်အထိ တိမ်တိုက်တစ်ယောက် အအိပ်မပျက်ပေ။ အိမ်မက်တွေလှနေသည်ထင်ပါရဲ့...အိပ်နေရင် ပြုံးနေသောမျက်နှာလေးကကြည်လင်လျက်။

.................

တစ်ဖက်မှာတော့ ဒေါ်ယုယမြိုင်တစ်ယောက် ခရီးကပြန်လာကတည်းက တမှိုင်မှိုင် တထွေထွေ ဖြစ်နေခဲ့တာအတော်ကြာပြီဖြစ်သည်။ ဆိုင်တွေလည်း သိပ်မထိုင်ဖြစ်တော့ပဲ အိပ်ယာထဲပဲလှဲနေခဲ့သည်။ တိမ်တိုက်ကလည်း ခွန်းရှိနေပြီမို့ သိပ်လှည့်ကြည့်စရာမလိုခဲ့ပေ။

'' ယုယရေ အခန်းထဲမှာလား ဝင်ခဲ့ပြီနော် ''

ရှန်မင်းအမေ ဒေါ်ခိုင်ခက်ဦး တစ်ယောက် ချိူင့်လေးဆွဲကာ အိမ်ထဲဝင်လာသည်။ ဧည့်ခန်းထဲမှာမတွေ့သည်မို့မုန့်တွေထည့်လာသော ချိူင့်ကို ထမင်း
စားခန်းထဲ တင်ခဲ့ပြီး ဒေါ်ယုယမြိုင်အခန်းထဲသို့ဝင်ခဲ့သည်။

ကုတင်ပေါ် အားနည်းစွာလှဲနေသူက ဒေါ်ခိုင်ခက်ဦး အနားရောက်လာမှ သတိထားမိကာ ထထိုင်တော့သည်။

အမြဲ သန်မာလျက်ရှိသော ဒေါ်ယုယမြိုင်ကို ယခုလို ပုံစံတွေ့လိုက်ရ၍ ဒေါ်ခိုင်ခက်ဦး တစ်ယောက် စိုးရိမ်သွားသည်။

'' ယုယရယ် ဘယ်လိုဖြစ်တာလဲ....ကြည့်ပါဦး ဖြူဖတ်နေတာပဲ...ထမင်းတွေဘာတွေရောစားရဲ့လားကွယ် ''

'' စားပါတယ် ခိုင်ရယ် နည်းနည်း အားနည်းသွားလို့ပါ ''

မဖြစ်နိုင် ဒေါ်ယုယမြိုင် အားနည်း၍ ဒီပုံပေါက်နေသည်မှာ မဖြစ်နိုင်။ တိမ်တိုက် မေ့နေတုန်းကတောင် သန်သန်မာမာနှင့်အားတင်းခဲ့သူက ယခုကျမှ အားနည်း၍ ဒီလို ဂျူန်းဂျူန်းကျနေသည်တဲ့လား။

ညိုးငယ်နေသော မျက်နှာက စိတ်ပိုင်းဆိုင်ရာတစ်ခုခုတွင်ထိခိုက်ထားမှန်း သိပ်ကိုသိသာသည်။

'' ယုယ...ဒီမယ်..ကိုယ့်ကိုကြည့်စမ်း...ယုယဘာတွေဖြစ်နေတာလဲ...ခရီးမှာ ဘာတွေဖြစ်ခဲ့လို့လဲ ။ ခရီးကပြန်လာကတည်း ယုယဒီလိုဖြစ်နေတာ ''

'' မဟုတ်ပါဘူး ခိုင်ရယ် ''

သားအမိနှစ်ယောက် ကသိပ်တူသည်။ ခံစားနေရတာကို အတင်းဖုံးကွယ်နေမှန်းသိသာအောင်ကို နေတတ်သည်။

'' ဘာဖြစ်ခဲ့မှန်း ကိုယ်တော့မသိဘူး ယုယရယ် ဒါပေမယ့် ဒီလိုပုံစံနဲ့ ယုယကို ကိုယ်ပထမဦးဆုံးမြင်ဖူးတာပဲ ''

ဒေါ်ယုယမြိုင်​ငြိမ်ကျသွားကာ တစ်ခုခုကိုလေးလေးနက်နက် စဥ်းစားနေသည်။
ရင်ထဲသိမ်းထားသည့် အပူတစ်ရပ်ဟာ ဝေမျှပေးလိုက်ရင် အနည်းငယ်သက်သာသွားလေမလား အထင်နဲ့ပေါ့။

'' ခိုင်...ကိုယ်လေ ''

'' အင်း ပြောလေ ယုယ။ ''

စကားတစ်ခွန်းကို ထပ်ဖွင့်ဟလာဖို့ရာ ဒေါ်ယုယမြိုင်အတော်လေး ကြိုးစားနေရသည့်ပုံပင်။ နောက်တော့ ပင်ပန်းကြီးစွာ သက်ပြင်းတစ်ခုကိုရှိုက်လိုက်ပြီး

'' ကိုယ်...ကိုယ်...တိမ်တိုက် အဖေကို တွေ့ခဲ့တယ်... ''

'' ဟင် ဟုတ်လား ။ အဲ့တာဆို တိမ်တိုက် အဖေက အသက်ရှင်နေသေးတာပေါ့ ။တော်သေးတာပေါ့ ယုယရယ်....အဲ့ဒါကို ယုယက ဘာလို့...''

'' တိမ်တိုက် အဖေက ကျန်းကျန်းမာမာ ပါပဲ ခိုင်။ ဘာတွေဘယ်လိုမှားသွားလဲဆိုတာ မသိဘူး။ အခု တိမ်တိုက်အဖေမှာ အိမ်ထောင် ရှိနေတယ် ''

'' ဘယ်လို ဘယ်လို... ယုယ...ကိုယ်နားရှုပ်နေပြီ ''

'' ဒီလို... ''

Flash back

ဒေါ်ယုယမြိုင်တစ်ယောက် ချင်းပြည်နယ် ဘက်အလုပ်ကိစ္စနှင့်သွားရင်း
ရွာလေးတစ်ရွာသို့ဝင်ကာ ထိုရွာအတွက် လိုအပ်သည့် အထောက်အပံ့လေးများ လှူဒါန်းခဲ့သည်။

ကျောင်းဖြစ်သော်လည်း ကျောင်းလို့မခေါ်သာသည့်နေရာ......အဆောက်အဦးလေး တစ်ခုအတွင်း ခုံလေးတွေခင်းကျင်းထားကာ အခမဲ့စာသင်ပေးသောနေရာ ဖြစ်သည်။

ထိုကျောင်းလေးအတွက် ငွေလှူဒါန်း ရန်ထိုကျောင်းမှ ကျောင်းအုပ်ဆိုသူနှင့်တွေ့ရသည်။ အနည်းငယ် ကောင်းဟန်ပေါ်သော အခန်းလေးက ကျောင်းအုပ် ရုံးခန်း
တဲ့လေ။ ဒေါ်ယုယမြိုင် ဝင်သွားလိုက်တော့..ကျောင်းအုပ်ဆိုသည်သူ က ဝင်လာထိုင်ရန်အပြုံးချိူချိူလေးနှင့်နှုတ်ခွန်းဆက်သည်။

အသက်အရွယ်အတိမ်းမယိမ်းဟုထင်ရသော ကျောင်းအုပ်က ရီလိုက်လျှင် သွားတက်လေးတွေပါသတဲ့။

ဝင်လာကတည်းက ကျောင်းအုပ်ဆီမှ အကြည့်လုံးဝမခွာရသေးပေ။ နောက်တော့ ဘေးမှ ရွာလူကြီးက အသံဝဲဝဲနှင့် မိတ်ဆက်ပေးတော့....

'' ဒါက ဒီရွာရဲ့ အားကိုးရာ ကျောင်းအုပ်...မန်အုပ်ထန်လို့ ခေါ်တယ် ။ ဆရာကြီး ဒီဘက်ကတော့ ဒေါ်ယုယမြိုင်တဲ့ ကျောင်းရဲ့ အလှူရှင် ''

'' ဟုတ်ကဲ့ခင်ဗျ တွေ့ရတာဝမ်းသာပါတယ် ။ အခုလို လှူဒါန်းပေးမှုအတွက်လည်း ကျွန်တော်တို့ဘက်မှ ဝမ်းသာရပါတယ် ''

အသံခပ်ဝဲဝဲလေးနှင့်ကျောင်းအုပ်။ ပြုံးရွှင်လာသော ဒေါ်ယုယမြိုင်မျက်နှာက ပျောက်ဆုံးသွားသော အရာတစ်ခုခုကို ပြန်တွေ့လိုက်ရသလို...ဝမ်းသာအားရနှင့် ခေါ်ရန်ပြင်လိုက်ပြီးမှ

'' တိမ်...စိုင်...''

စကားမဆုံးခင် အခန်းထဲသို့ ခပ်ချောချော အမျိူးသမီးတစ်ဦး ဝင်လာ၍ ရပ်လိုက်သည်။

'' ဪ တစ်ခါတည်း မိတ်ဆက်ပေးရဦးမယ်..သူက ဆရာကြီးရဲ့ အမျိူးသမီး. ''

'' အမျိူးသမီး... ''

ဒေါ်ယုယမြိုင် အံ့ဩတကြီး ဖြတ်မေးတော့ အကုန်လုံးက သူမကို စိုက်ကြည့်လာကြသည်။

'' ဟုတ်ကဲ့ ကျွန်တော့် ဇနီး ပါ ''

မန်အုပ်ထန်လို့ခေါ်သည့် တိမ်စိုင်ဦး ပါးစပ် မှ သူမ မဟုတ်ပဲ တခြားအမျိူးသမီးဟာ သူ့ဇနီးပါဟု ပြောလာသောအခါ ဒေါ်ယုယမြိုင်ရင်ထဲ အပူလုံးကြီးဟာ ချက်ချင်း တက်လာခဲ့သည်။ မေးခွန်းများစွာကို မြိုချပြီး စကားလက်စကိုအမြန်သတ်ကာ ပြန်ထွက်လာခဲ့သည်။

မွန်းကြပ်မှုတွေက တိမ်ခိုး တိမ်ငွေ့တွေကြား ပျောက်ပျက်မသွားခဲ့ပေ။ တိမ်စိုင့်ကိုကြည့်ရတာလည်း သူမကို လုံးဝ မမှတ်မိနေ။ ဘယ်ကနေ ဘယ်သူ့ကိုစမေးရမလဲမသိသော ဒေါ်ယုယမြိုင်တစ်ယောက် သူစိမ်းတွေကြားထဲမယ် ယောင်လည်လည်နှင့် မျက်ရည်ခရပြန်သည်။

ဆယ်စုနှစ်နှစ်ခု ကျော်ဖြတ်ကာ စောင့်ဆိုင်းလာပြီးမှ ပြန်တွေ့ရသော အချစ်က သူတစ်ပါး လက်ထဲမှာတဲ့လေ။ တိမ်တွေ
အဆင့်ဆင့်ဖုံးနေသော အဝေးမှ တောင်တန်းတွေအားကြည့်ရင်း ရင်ကွဲမတက်နာကျင်ရသည်။

နောက် ရွာလူကြီးကို တိမ်စိုင့်အကြောင်း မေးကြည့်တော့ တိမ်စိုင်က လွန်ခဲ့သည့်နှစ် နှစ်ဆယ် လောက်တုန်းက ဒီက တောင်ခြေတစ်ခုမှာ ဒဏ်ရာတွေနှင့်လဲနေသည်ကို ရွာသားတစ်ယောက်က မြင်၍ ခေါ်ခဲ့သည်။ ဆေးဆရာအိမ်မှာ ဆေးကုပေးပြီး ပြန်ကောင်းလာတော့ နာမည်တောင်မမှတ်မိပဲ အတိတ်မေ့နေခဲ့သည်။ နောက်တော့ ထိုဆေးဆရာအိမ်မှာပဲနေပြီး ကလေးလေးတွေ ကိုစာသင်ပေးရင်းနဲ့ပဲ အချိန်တစ်ခုရောက်တော့ ဆေးဆရာကြီး၏ သမီးနှင့် လက်ဆက်လိုက်သည်တဲ့။

အကြောင်းစုံကိုသိလိုက်ရသော ဒေါ်ယုယမြိုင် ခမျာ ဘာမှ ထပ်မပြောနိုင်ခဲ့။
နောက်နေ့ သူဟာ ဘယ်သူဖြစ်ကြောင်း အကြောင်းစုံကိုပြောပြရန် ကျောင်းကိုထပ်သွားကြည့်တော့ သွားတက်လေးတွေ ဖုံးအုပ်မသွားအောင် အမြဲရယ်လျက် စာသင်နေသော
တိမ်စိုင်ဦးကိုတွေ့ရသည်။ အကြာကြီး နေမှ ပြန်မြင် ရသော အပြုံးလှလှလေးတစ်ခု။ အတိတ်ဆိုတာ ဒီအချိန်မှာ သိပ်ကိုလွမ်းမောဖွယ်ရာ အတိ။

အရာရာဟာ သူ့နေရာနှင့်သူ နေသားကျနေခဲ့ကြပြီဖြစ်သည်မို့ ပြန်ပြင်ဆင်လို့မရတော့သော အတိတ်တွေကို ပြောပြဖို့ရာတန်ပါရဲ့လားဟုတောင်တွေးမိသည်။
နာကျင်စရာအတိတ်တွေကို ပြန်ပြောပြလိုက်လို့ရော...ဒီအပြုံးလေးတွေက နှုတ်ခမ်းပေါ်မှာ ထပ်တည်မြဲပါဦးမလား။

ဝေခွဲရခက်နေသော အဖြေနှစ်ခုကြားမှာ ဒေါ်ယုယမြိုင်ခေါင်းရှုပ်နေရပြီ ဖြစ်သည်။ ထို့ကြောင့်အဲ့သည့်နေက ဒီအတိုင်းပြန်လှည့်လာခဲ့သည်။

နောက်တစ်နေ့ရောက်တော့ တိမ်စိုင် တို့ဇနီးမောင်နှံက ထမင်းဖိတ်ကျွေးချင်လို့ ဆိုသည့်ရွာလူကြီး၏ အမှာစကားနောက်တွင် ကိုယ်မရှိသည့် နှစ်တွေအတွင်း ချစ်ရသူဖြတ်သန်းခဲ့သောနေအိမ်လေးသို့ရောက်လာခဲ့သည်။

မထင်မှတ်ထားသည်က ဧည့်ခန်းတည့်တည့်တွင် တိမ်စိုင်တို့ဇနီးမောင်နှံနှင့် သုံးနှစ်သားအရွယ် ကလေးလေးတို့၏ ဓာတ်ပုံကိုတွေ့ရလိမ့်မည်လို့ပေါ့။

ကမ္ဘာ ကြီးဟာပြောင်းပြန်ဆန်သွားပြီး အနောက်က ချောက်ထဲသာ ပြေးခုန်ဆင်းချပလိုက်ချင်သည်။ တိမ်စိုင် က ဧည့်ခန်းတွင် ကလေးငယ်ကိုပေါင်ပေါ်တင်ကာ စာအုပ်ဖတ်ပြနေသည်။

တိမ်တိုက်လေး အဲ့အရွယ်တုန်းကတောင် သူ့အဖေနဲ့အဲ့လိုမနေခဲ့ရ။ တိမ်တိုက်ကိုမြင်လျှင် ကောင်းကင်ကိုသတိရပြီး အပြစ်ရှိသလိုခံစားရသည်ဟုဆိုကာ တိမ်တိုက်နှင့် ဖက်လှဲတကင်း မနေခဲ့ပေ။ အခု...အခုတော့...

အရင်က ကိုယ်ချက်သည့်ဟင်းတွေက မကောင်းလည်း ကြိုက်သည်ဟု ဆိုခဲ့သူက ထိုအမျိူးသမီးလက်ရာကို နှစ်သက်ပုံပင် မြိန်ရေယှက်ရေ စားနေလိုက်တာများ။

စားသောက်ပြီးတော့ တိမ်စိုင်ဦး နှင့် ဒေါ်ယုယမြိုင် တို့ ဧည့်ခန်းမှာထိုင်းစကားပြောဖြစ်ကြသည်။ သူ့ဇနီးကတော့ မီးဖိုချောင်ထဲသိမ်းဆည်းနေလျက်။

သူ၏ သားငယ်လေးကို အသီးခွံကျွေးနေရင်း

'' ဒါနဲ့လေ မယုယမြိုင် ကျူပ်တစ်ခုလောက်မေးချင်လို့ ''

'' ဟုတ်ကဲ့ မေးပါရှင့် ''

'' မယုယနဲ့ ကျွန်တော်နဲ့ တစ်နေရာရာမှာ ဆုံဖူးကြသလားဟင်။ ''

'' ရှင် ''

'' ဪ ဒီလိုပါ မယုယကို မြင်တုန်းက တော်တော်လေးရင်းနှီးနေသလိုပဲ အဲ့တာကြောင့် ပါ ''

ဪ တိမ်စိုင် ရယ်....အသွေးအသားတွေတောင်ပေါင်းစပ်ခဲ့ဖူးကြတာကို ရင်းနှီးနေသလို ခံစားရတာ ဖြစ်သင့်ပါတယ်လေ။

'' ပေါက်ပေါက်ရှာရှာ ကိုမန်အုပ်ထန်ရယ် ကျွန်မ ဖြင့် အခုမှ ဒီကိုရောက်ဖူးတာပါ။ ''

'' အင်းနော်...''

နောက်တော့ မီးဖိုခန်းထဲမှ သူ့ဇနီးထွက်လာပြီး ကလေးကို သူမ ပေါင်ပေါ်ထားရင်း တိမ်စိုင်ကတော့ အသီးတွေတစ်ခုပြီးတစ်ခု ကလေးကို ခွံကျွေးနေလေသည်။

ဒါဘယ်လောက်တောင် ကြည်နူးဖို့ကောင်းသည့်မြင်ကွင်းလဲ။

မိသားစု သုံးယောက်ကိုကြည့်ပြီး ပျော်နေရင်းနှင့်ပင် ရင်ထဲ တဆစ်ဆစ်နာကျင်ရသည်။ အတိတ်တွေအားလုံးကိုမေ့ကာ ဘဝသစ်မှာ မန်အုပ်ထန် အဖြစ် ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေသည်။

ကလေးတစ်ယောက်နှင့် မိန်းမသားပီပီ ရုန်းကန်ခဲ့ရသည့်အတွက် မတရားဘူးဟု ဆိုနိုင်သော်လည်း...တရားခြင်း မတရားခြင်းဆိုတာ ချစ်သောသူတစ်ယောက်ကသာ ဆုံးဖြတ်ပါစေတော့။

မျက်ရည်စတစ်ချိူ့ကို ဘယ်သူမှ မမြင်အောင်သုတ်ပစ်ရင်း စိတ်ကိုလျော့လိုက်သည်။

ထိုလူသားဟာ ကျွန်မအပိုင်ပါလို့ ပြဖို့ရာ သက်သေတွေ ကျွန်မ မှာအများကြီး..
နေပါစေတော့...သူလည်းသူ့ဘဝမှာနေသားကျနေပြီး
ကိုယ်လည်း ကိုယ့်ဘဝမှာ သူမရှိပဲ နေသားကျနေခဲ့ပြီးပြီလေ...

ဘယ်လိုအတ္တကြီးကြပါသည်ပြောပြော ကျွန်မအတွက်ကတော့ ချစ်ရသူ ပျော်ရွှင်နေဖို့ကအဓိကပါလေ...အတိတ်ကိုပြန်ဆွဲခေါ်ပြီး ငိုခိုင်းရလောက်အောင်လည်း ကျွန်မ အဲ့လောက် မရက်စက်တော့ပါဘူး...
သူ့အရပ် သူ့အသိုက်အမြုံမှာ သူ့ဘာသာ ပျော်မွေ့ပါစေလေ.....

ဒီဇာတ်လမ်း ဒီဘဝ ဒီအမျှ မှာပဲ အဆုံးသတ်ပါရစေ။

..................

'' ဒါဆို ယုယ ဘာမှ အသိမပေးခဲ့ဘူးပေါ့ ''

'' မပေးတော့ပါဘူး ခိုင်ရယ်...ပေးလည်း ကိုယ်ပြန်ရမှာ မကျိန်းသေဘူး။ ဒီလိုပဲနေလက်စနဲ့ ရှိပါစေတော့ ခိုင်ရယ် ''

မျက်ရည်တွေနှင့် ပြောပြနေသော ဒေါ်ယုယမြိုင်ကို ကရုဏာသက်ကာ အားပေးနှစ်သိမ့်ရုံကလွဲရင် ဘာမှ မပြောတတ်တော့။ ကိုယ့်ယောကျာ်းကိုသူတစ်ပါးလက်ထဲ ကြည်ကြည်ဖြူဖြူ ထည့်ပေးနိုင်ခဲ့တယ်ဆိုသည့် ဒေါ်ယုယမြိုင် အချစ်ကလည်း ပေါ့သေးသေးမှ မဟုတ်ပဲကိုး..

'' တိမ်တိုက်တို့ကို ပြောပြမှာလား ''

'' မပြောပြတော့ပါဘူး ခိုင်ရယ်။ သားလည်း အခုက သူ့အဖေကို မေ့မေ့ပျောက်ပျောက်ပါပဲ ''

'' သူငယ်ချင်းသုံးယောက်ရှိတာ ယုယက ကံကောင်းမလိုလိုနဲ့ ကံအဆိုးဆုံးဖြစ်နေပါပေါ့လားကွယ် ''

အဲ့သည်လိုနှင့် တိမ်စိုင်ဦး ဆိုတာ ဒေါ်ယုယမြိုင်တို့ ဘဝထဲကနေ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့မှာပင်။

တီ...တီ....တီ....

ဖုန်းဝင်လာသဖြင့် မျက်ရည်တို့ကို သုတ်ကာ ဖုန်းကိုကိုင်လိုက်သည်။

'' ဟယ်လို ''

'' ခွန်မယ့် သားကိုမေ့နေပြီလား ။ မွေးထားပြီး တာဝန်မယူချင်ရင် လျော်ကြေးပေးရမှာနော်။ ''

'' အမလေး သားရယ် မေ့စရာလား။ မင်းက အမေနဲ့နေချင်တာရောဟုတ်လို့လား။ အမေက ရှောင်ပေးထားတာနော်။ ဒီလောက်အလိုလိုက်ပေးထားတဲ့ အမေကိုကျေးဇူးတင် ''

'' ဟဲဟဲ...ဒေါက်တာထင်လင်း က ခွန်မယ့်ကို ဆေးရုံခနလာဦးတဲ့ ''

'' ဟုတ်ပါပြီ နောက်နေ့လာခဲ့မယ် ''

တိမ်တိုက် ဘက်မှ ဖုန်းချသွားတော့ ဒေါ်ယုယမြိုင် သက်ပြင်းလေး ချမိသည်။

'' ကဲ ထ ယုယ ။ ကိုယ်တို့လည်း ကိုယ်တို့ ဘဝမှာ ဆက်ရှင်သန်ရအောင်။ အရင်လိုပဲပေါ့ ယုယရာ ။ ''

'' အင်း ''

'' လာ ရေသွားချိူး shopping ထွက်ကြမယ် ''

..................

တိမ်တိုက်ကတော့ လက်နှစ်ဖက် မုန့်တွေ အပြည့်ဖြင့် ပါးစပ်တွင်လည်း ပလုတ်ပလောင်း။

'' အမေက ဘာတဲ့လဲ ''

'' နက်ဖြန် လာမယ်တဲ့ အဟွတ် ဟွတ် ''

ပါးစပ်ထဲ မုန့်အပြည့်ဖြင့် စကားပြောတော့သီးကုန်သည်။ ခွန်းရေခွက်ထဲ ရေအမြန်ထည့်ကာ တိမ်တိုက်ဆီယူသွားကာ ကျောကိုသပ်ချပေးရင်း ရေတိုက်သည်။

'' ဖြည်းဖြည်းစားလေကွာ ဘယ်သူလုစားမှာမို့လဲ ''

ထိုစဥ် အခန်းထဲသို ဒေါက်တာထင်လင်း ဝင်လာသည်။

'' မောင် တိမ်တိုက်ကြိုး...မင်း ဆေးရုံမှာပဲ အခြေချဖို့ စိတ်ကူးထားသလား ''

ဆင်းလို့ရပါပြီဟုပြောတိုင်း တစ်ခုခုအကြောင်းပြကာ ဆက်နေနေသည်။ ဒေါက်တာထင်လင်း ပြောတော့ တိမ်တိုက်မျက်နှာက စပ်ဖြီးဖြီး။

ပါလာသည့်သူနာပြုလေးက စစ်ဆေးစရာရှိသည်များကို စစ်ဆေးပေးလိုက်သည်။

'' အကုန်လုံး ကောင်းတယ် ဒေါက်တာ ''

သူနာပြုလေးက ပြောတော့

'' ကဲဒါဆို တိမ်တိုက် နောက် နေ့ ဆေးရုံဆင်း...''

'' အား....အင်း....ခေါင်းမူးလာပြီး ဒေါက်တာ....အစာအိမ် မကောင်းတာထင်တယ် ''

အဲ့လိုပါ...ဆင်းဖို့ပြောတိုင်း တစ်ခုခုလုပ်ပြပြီးကို ပေကပ်ပြီး နေနေတာပင်။

'' ဟင်.... ဪ...အေးအေး ဆင်းချင်တဲ့အချိန်မှဆင်းတော့ အခန်းခက ငါ​ပေးရတာမှ မဟုတ်တာ မင်းယောက္ခမပေးထားတာပဲ မင်းသဘောသဘော ''

'' ဟဲဟဲ ကောင်းကောင်းနေပါ့မယ်ခင်ဗျ ''

သွားတက်တွေဖြီးကာ ရယ်ပြတော့ ဒေါက်တာထင်လင်း ခေါင်းတခါခါနှင့်

'' မင်းကလေး မင်းဘာသာကြည့်ပြော​တော့ ငါ့ကောင်ရေ.. ''

ဆိုပြီး ပြန်ထွက်သွားတော့သည်။

ခွန်း မျက်မှောင်တွေကြုံ့ကာ တိမ်တိုက်ရှေ့ တည့်တည့်ထိုင်လိုက်သည်။

'' မောင်.. ကျွန်တော်ကလေ...''

'' သင်္ကြန်မတိုင်ခင် ပြန်ရမယ်။ ဒါ မောင့်အမိန့် ပဲ ''

'' ဟွန့် ''

စိတ်ဆိုးသလို တစ်ချက်မဲ့ကာ စောင်ပုံထဲ တိုးဝင်သွားတော့သည်။

'' တိမ်တိုက်ကြိုး ဒါမောင့်ကို စိတ်ဆိုးတယ်ပေါ့ ''

'' ဘယ်မှာဆိုးလို့လဲ....လို့ ''

ခွန်းကအသံခပ်တည်တည်နှင့်ပြောတော့ စောင်ပုံကြားထဲမှ တိမ်တိုက် ပြန်ဖြေသံလေးက သနားကမား။ သူ့ခမျာ စိတ်ကလည်းဆိုးချင်သည်။ ဆိုးကလည်းမဆိုးရဲ ဖြစ်နေပုံပင်။

'' မဆိုးရင် အဲ့စောင်ပုံထဲက အခုထွက်လာခဲ့ ''

'' မောင်ကလည်း...''

'' တိမ်တိုက် ! ''

ခွန်း၏ အာဏာစက်ကြောင့် စောင်ပုံထဲက ပြန်ထွက်လာသော အကောင်ပေါက်စ။ ရှုပ်ပွသွားသော အုန်းမုက်ခွက် လေးကို ခွန်းပြန်သပ်ပေးရင်း။

'' ဆေးရုံဆိုတာ အကြာကြီးနေလို့မကောင်းဘူး ကလေးရဲ့။ ပြီးတော့ ကလေးပဲ အပြင်တွေဘာတွေသွားချင်သေးတာဆို။ သင်္ကြန် ပြီးရင်မောင်မအားတော့ဘူးလို့ပြောထားတယ်လေ ။ အဲ့ဒါကြောင့် အခုအိမ်ပြန်ပြီးတော့မှ မောင်နဲ့လျှောက်လည်ဖို့အချိန်ရမှာပေါ့ ကလေးရဲ့။ နားလည်ရဲ့လား ''

'' ..... ''

ခေါင်းလုံးလုံးလေးကို အောက်ထိအောင် ငြိမ့်ချလိုက်တော့...ခွန်း သဘောကျစွာရီတော့သည်။ နားမလည်တာလည်းမဟုတ်ပဲ သက်သက် ပေတေနေတာဖြစ်သည်။ ဆိုးလွန်းနေတာလား။

နောက် ခွန်းရီနေတာကို အရှိန်သတ်ပြီး သက်ပြင်းတိုးလေးချကာ

'' သင်္ကြန်ပြီးရင် မောင်တို့ရွာသွားရမယ် ကလေး။ ''

'' ဘာအတွက်လဲမောင် ''

'' နောက်တော့ သိရမှာပေါ့ ကလေးရယ်...''

30.6.2022

( Zawgyi)

အဝါေရာင္ျခယ္ေသာ ႐ြက္ေဟာင္းေတြဟာ ပင္ျမင့္ထက္မွ အလွည့္က် ေႂကြဆင္းလာၾကေလၿပီ။ ႏြေဦး....ႏြေရဲ႕ စတင္ျခင္းဟာ ႏြေဦးဆိုရင္ ကြၽန္ေတာ့္ရဲ႕စတင္ျခင္းက..ေမာင္ေပါ့....။ အဓိပ္ပါယ် မရွိေလာက္ဘူးမလား...အင္း အဲ့လိုပဲ အဓိပ္ပါယ် ေတြမသိေတာ့ေလာက္ေအာင္ ေမာင့္ကို ကြၽန္ေတာ္ခ်စ္ပါတယ္။

ေမာင္နဲ႕ စေတြ႕ခဲ့တဲ့ ႏြေဦးကိုလည္းခ်စ္တယ္။ ေမာင့္ေၾကာင့္ ငိုခဲ့ရတဲ့ မိုးရာသီကိုလည္း မေမ့ဘူး။ ေမာင္နဲ႕အတူ လြမ္းျခင္း ေတးေတြ အတူသီရခဲ့တဲ့ ေဆာင္းရာသီကိုလည္း အၿမဲအမွတ္ရေနမွာ။

ေပ်ာ္႐ႊင္မႈလား..ဝမ္းနည္းမႈလား...ဥေပကၡာ ေတြလား...ေမာင္ေပးတာေတြဆို... အဲ့တာ ကြၽန္ေတာ္အတြက္ အခ်စ္ေတြေပါ့။

ေမာင္က မသြားနဲ႕ဆိုတုန္းကလည္း ေမာင့္အနားမွာပဲေနေပးခဲ့သည္။
နာက်င္စရာေတြမ်ားခဲ့တာေတာင္ လက္မလႊတ္ခ်င္ခဲ့ဘူး။
ေနာက္ေတာ့ ေမာင္က သြား ဆိုၿပီး ႏွင္ထုတ္ျပန္ေတာ့..ေမာင္ရွိတဲ့ရပ္ဝန္းကေန ထြက္ေျပးေပးခဲ့ရျပန္သည္။

အခုလည္း ေမာင္က ေရာက္ေအာင္ျပန္လာလို႔ အမိန့္ေပးျပန္ေလ ေတာ့
လြန္ဆန္ေလ့မရွိသည့္ ဒီလူသားက ေမာင့္ဆီ မေရာက္ေရာက္ေအာင္ ျပန္လာေပးခဲ့သည္။

မည္သို႔ပင္ျဖစ္ေစ.... ေမာင့္အား ကြၽန္ေတာ္ ခ်စ္သည္ ။
မည္သို႔ပင္ျဖစ္ေစ..... ေမာင့္အား ကြၽန္ေတာ္ ခ်စ္ခဲ့သည္ ။
မည္သို႔ပင္ျဖစ္ေစ..... ေမာင့္အား ကြၽန္ေတာ္ ဆက္၍ ခ်စ္သြားမည္။

ဤဘဝအတြက္ တာဝန္ဟာ ေမာင့္ထံပါး ခ်စ္ျခင္းတို႔ႏွင့္ခစား ၍သာ အဆုံးသတ္ေပလိမ့္မည္။

.............

တိမ္ျဖဴေတြေပၚ က်ေရာက္ေနသည့္ အေနာက္အရပ္ဆီမွ ေနဝန္းႀကီး၏အလင္းေရာင္ေၾကာင့္..အျဖဴေရာင္တိမ္ေတြဟာ အဝါေရာင္သန္းေနသည္။ ၾကည္လင္ေနေသာ ညေနခင္း ေကာင္းကင္မွာ အဝါေရာင္တိမ္တိုက္တို႔ဟာ အႏွောင္အဖြဲ႕ကင္းစြာ ပ်ံသန္းေနၾက သည္။

တိမ္ေတြကို ေမာ့ၾကည့္ရတာႀကိဳက္သည္။ အထူးသျဖင့္ ခ်စ္သူ၏ လက္ေမာင္းရင္းကို ဆုပ္ကိုင္ၿပီး ေမာ့ၾကည့္ရသည့္အခါ ျမင္ရသည့္ တိမ္ေတြကိုပိုသေဘာက်သည္။

'' ေမာင္...အဝါေရာင္တိမ္ေလးေတြက လွတယ္ေနာ္ ''

'' ေမာင့္ေဘးက တိမ္တိုက္ေလာက္ေတာ့ ဘယ္တိမ္ေတြကလွနိုင္ပါ့မလဲ ''

အက်ည္းတန္လွခ်ိန္လို႔အမ်ားေခၚၾကသည့္ ညေန ဆည္းဆာ ေနေရာင္ က ခြန္း၏ အညိုေရာင္ မ်က္ႏွာအေပၚ လွပစြာေပ်ာ္ျမဴးေနၾကသည္။ ခြန္းအရပ္ေၾကာင့္ တိမ္တိုက္ကေတာ့ ထိုေနေရာင္နဲ႕ေတြ႕ဆုံခြင့္မရ။

'' ေျခေထာက္နာေနၿပီလား ျပန္ၾကမယ္ေလ ''

တိမ္တိုက္၏ ေျခေထာက္အစုံက ခြန္း၏ကူညီေပးမႈႏွင့္ တိမ္တိုက္၏ စိတ္အားထက္သန္မႈတို႔ေၾကာင့္ ေကာင္းေကာင္းျပန္ေလွ်ာက္နိုင္ေနၿပီျဖစ္သည္။ သို႔ေသာ္အၾကာႀကီးေတာ့ လမ္းမေလွ်ာက္နိုင္ေသး။

'' မနာေသးပါဘူး ဟိုခုံေလးမွာ ခနထိုင္မယ္ ''

လက္ညိုးေလးထိုးကာ ေဆး႐ုံေပါက္ဝႏွင့္ မလွမ္းမကမ္းမွာရွိသည့္ အျဖဴေရာင္ခုံတန္းလ်ားေလးကို ျပသည္။ ႏွစ္ေယာက္သားထိုခုံမွာပဲ ထိုင္လိုက္ေတာ့ ေနေရာင္ႏြေးႏြေးဟာ ႏွစ္ေယာက္လုံးဆီကိုတိုက္ရိုက္ က်ေရာက္လာသည္။

'' ေနပူတယ္. ..''

ဧရိယာ က်ယ္လွသည့္ အညိုေရာင္လက္ဖဝါးတစ္ဖက္ျဖင့္ တိမ္တိုက္မ်က္ႏွာေပၚ ေနေရာင္မက်ေရာက္ေအာင္ ကာေပးလိုက္ေတာ့ တိမ္တိုက္က ထိုလက္ဖဝါးကို ယူကာ သူ႕လက္ေလးႏွစ္ဖက္ၾကား ထည့္ကာ အုပ္ကိုင္ထားလိုက္သည္။
ေနာက္ၿပီး သူ႕ေခါင္းနားက လက္ေမာင္းကို ေခါင္း အသာမွီလိုက္ကာ မ်က္လုံးကိုမွိတ္ထားလိုက္သည္။

'' မပူပါဘူး ႏြေးႏြေးေလး ေနလို႔ေကာင္းတယ္။ ''

'' ဟုတ္ပါၿပီ ''

မိနစ္ အေတာ္ၾကာ ေလာက္အထိ တိမ္တိုက္ မ်က္လုံးေလးမွိတ္ကာ အသာၿငိမ္ေနလိုက္သည္။ ပူႏြေးသည့္ ေနေရာင္ကိုလည္း ခံစားရင္း လက္ေမာင္းနားက အနက္ေရာင္ အကၤ်ီ ေပၚကေန ခြန္း ကိုယ္သင္းနံ႕ ကိုခိုးနမ္းရင္း ေလာကစည္းစိမ္ကို ေပ်ာ္ေပ်ာ္ႀကီး စံစားေနေလသည္။

အမွန္ဆို ေဆး႐ုံကေနေတာင္ ဆင္းခ်င္စိတ္မရွိ။ ခြန္းႏွင့္ ျဖတ္သန္းရသည့္ေန႕ေတြက တကယ္ကိုၾကည္ႏူးစရာေကာင္းသည္။ အိမ္ျပန္သြားလွ်င္ သည္လိုေနရဖို႔ဆိုတာမက်ိန္းေသ သလို...ေက်ာင္းေတြျပန္ဖြင့္ရင္လည္း အနားနားရွိဖို႔ဆိုတာ ဆုေတာင္းရေပဦးမည္။ ျဖစ္နိုင္လွ်င္ သည္အေျခအေန ေလးမွာတင္ အရာအားလုံး ရပ္တန့္ေစခ်င္သည္။

'' ဟိတ္ေကာင္ေလး...ဘာေတြ ေတြးေနတာလဲ ''

'' အင္း....ဒီလိုေလး ေန႕တိုင္းသာဆိုရင္ဘယ္ေလာက္ေကာင္းမလဲလို႔ေလ။ အိမ္ေတာင္မျပန္ခ်င္ေတာ့ဘူး ။ ေမာင္က သိပ္အလုပ္ရႈပ္တတ္တာေလ ။ ''

ခြန္းက လက္ေမာင္းနားက ေခါင္းေလးကို သူ၏ တျခားလက္တစ္ဖက္ျဖင့္ သပ္ေပးရင္ ခပ္ဟဟေလးရီသည္။ ရီသံၾကား၍ မ်က္လုံးဖြင့္လာေသာ ကေလးငယ္က ဘာသေဘာလဲဟု ေမာ့ၾကည့္ေတာ့ အသံထြက္ကာ ရီေမာပစ္လိုက္ေတာ့သည္။

'' ဪ အဲ့တာေၾကာင့္ ဟိုေန႕က ေျခေထာက္ ေကာင္းရင္ ေဆး႐ုံဆင္းလို႔ရၿပီေျပာတာကို အတင္း မေကာင္းေသးဘူးဆိုၿပီး ဆရာဝန္ကို ဂ်င္းထည့္လိုက္တာေပါ့ေလ။ ဟုတ္စ ''

'' ဟီးဟီး....''

မဟုတ္တာလုပ္ထားသည့္ သြားတက္ေတြက ေဖြးသန့္စြာ ေပၚထြက္လာေတာ့သည္။ ခြန္း တစ္ေယာက္ အသည္းယားစြာ ထုရန္ျပင္လိုက္ၿပီးမွ ေခါင္းနားေရာက္ခ်ိန္တြင္ လက္သီးဆုပ္တို႔ေျပကာ လက္ဖဝါးျဖင့္ ေခါင္းေလးအား အေပၚမွေန၍ ဖိသပ္ခ်ေတာ့ တိမ္တိုက္ဇက္ေလးပုကာဝင္ေလသည္။

'' ေမာင္ကလည္း အိမ္ျပန္သြားရင္ ေမာင္က ေမာင့္တိုက္ခန္းမွာပဲေနမွာ ေမေမကလည္း သူ႕ဆိုင္ေတြနဲ႕သူ လက္မလည္ဘူးေလ အဲ့ေတာ့ ကြၽန္ေတာ္ က အလုပ္လည္းမရွိ ဘာမရွိနဲ႕ အိမ္မွာတစ္ေယာက္တည္းေနရမွာ။ ''

'' ေမာင့္က်ဴရွင္မွာ ဂိုက္လာသင္ေလ ''

'' ဟင္ ေမာင္က တကယ္ခန့္မွာလား ''

တိမ္တိုက္ ကိုယ္ကို မတ္မတ္ထားၿပီး ဝမ္းသာအားရ ထေမးသည္။ ခြန္းက ဆရာဆရာမေတြကိုေသခ်ာ စိစစ္ေ႐ြးခ်ယ္ပုံကို ရွန္မင္းတို႔က အျမင္ကပ္စြာေျပာျပထားေသာေၾကာင့္ K' Cloudy တြင္ အလုပ္ဝင္ရန္ မည္မွ်ခက္ခဲေၾကာင္းသိသည္။ ထို႔ေၾကာင့္ ခြန္းမွေန၍ ဂိုက္သင္ခိုင္းမည္ဟု ဆိုလာေသာေၾကာင့္ ေပ်ာ္သြားတာပင္။

'' တကယ္ေပါ့..မင္းအတြက္ မူလတန္းေလးေတြ လက္ေရးလွသင္တန္းလုပ္ေပးမယ္ ''

'' ဟြန္း...ေမာင္ကလည္း... ''

ခြန္းကအတည္ေျပာသည္ကို စသည္ဟုထင္ကာ မဲ့႐ြဲ႕သြားေသာတိမ္တိုက္။
တိမ္တိုက္က တကယ္ကို လက္ေရးလွသူတစ္ဦးျဖစ္သည္။ ေယာက်ာ္းေလးတစ္ေယာက္က သည္ေလာက္ လက္ေရးလွေနသည္မွာ အံ့ဩစရာပင္။ ကြန္ပ်ဴတာ စာစီထားသကဲ့သို႔ ေထာင့္ခ်ိဴးညီညီႏွင့္ ဝိုင္းစက္ေနေသာလက္ေရးေၾကာင့္ တကူးတက စာရိုက္စရာမလိုေပ။

'' ေမာင္ အတည္ေျပာတာ မင္းက လက္ေရးလွတယ္ေလ ''

'' ေတာ္ပါၿပီ ေမာင္ရာ ကေလးေတြကို ကြၽန္ေတာ္စိတ္မရွည္ပါဘူး ။ ''

''. ......''

'' ဒီလိုလုပ္မယ္ေလ ဆရာ မလုပ္ေတာ့ဘူး။ ေမာင့္လက္ေထာက္ပဲလုပ္မယ္ေလရလား။ ''

'' အဲ့တာဆို ဆယ့္ေျခာက္လီ ဆိုျပ ''

'' အမယ္ လူကိုမ်ားအထင္ေသးလို႔ ဆိုျပမယ္...
ဆယ့္္ေျခာက္တစ္လီ ဆယ္ေျခာက္...
ဆယ့္ေျခာက္ႏွစ္လီ သုံးဆယ့္ႏွစ္...
ဆယ့္ေျခာက္သုံးလီ ေလးဆယ့္ရွစ္....
ဆယ့္ေျခာက္ေလးလီ ေျခာက္ဆယ့္ေလး...
ဆယ္ေျခာက္ငါးလီ...ရွစ္ဆယ္...
ဆယ့္ေျခာက္ ေျခာက္လီ....ဆယ့္ေျခာက္ ေျခာက္လီ..... ''

တိမ္တိုက္ စကၠန့္အေတာ္ၾကာသည္အထိ အဲ့ကေန မတက္ေတာ့။ စဥ္းစားေနပုံက ႏႈတ္ခမ္းဆူၿပီး ေကာင္းကင္ကိုေမာ့ကာ ေမးေစ့ကိုလက္ညိုးႏွင့္ တေတာက္ေတာက္ လုပ္လိုက္ေသး သည္။ လူနာဝတ္စုံႏွင့္ ဆယ့္ေျခာက္ ေျခာက္လီ ကိုစဥ္းစားေနေသာ ကေလးေပါက္စက တကယ္ကို အူယားစရာပင္။ စူေထာ္ေနေသာ ပန္းဆီေရာင္ႏႈတ္ခမ္းက တလႈပ္လႈပ္ႏွင့္ ခြန္းကို လာနမ္းလွည့္ပါ ဟု ဖိတ္ေခၚေနသလိုပင္။

ေနာက္ဆုံး ခြန္း ထိန္းမနိုင္ေတာ့ပဲ လက္ေခ်ာင္းမ်ားျဖင့္ ပါးႏွစ္ဖက္ကို ဖ်စ္ညစ္ကာ သူ႕ဘက္ဆြဲယူလိုက္ေတာ့..နဂိုကတည္းစူေနေသာ ႏႈတ္ခမ္းက... ပါးႏွစ္ဖက္ထဲသို႔နစ္ဝင္ကာ ဖိထားေသာ ခြန္းလက္ေခ်ာင္းမ်ားေၾကာင့္ အေရွ႕သို႔ တစ္စုတစည္းထဲ စူထြက္လာသည္။

ႁပြတ္စ္....

မ်က္ေတာင္ေကာ့ေလးေတြကို တဖ်တ္ဖ်တ္ခပ္ရင္း လွပသည့္မ်က္ဝန္းေတြႏွင့္ ၾကည့္လာေတာ့ ခြန္းတစ္ေယာက္ ထိုႏႈတ္ခမ္းတစ္စုံကို မက္မက္ေမာေမာ စုပ္ယူနမ္းရွိုက္လိုက္ေတာ့ သည္။ ၃ႏွစ္နီးပါးၾကာၿပီးမွ ျပန္ရေသာ အထိအေတြ႕မို႔ ႏွစ္ေယာက္လုံးရင္ေတြ ေျပာင္းဆန္ကုန္သည္။

ဖိညွပ္ထားေသာ ခြန္း လက္ေခ်ာင္းေတြက ပါးေပၚကေန နား႐ြက္ေနာက္သို႔ ေရာက္သြားၿပီး တိမ္တိုက္ေခါင္းေလးကို ထိန္းေပးထားကာ စိတ္ႀကိဳက္ နမ္းေတာ့သည္။ ကြၽမ္းက်င္လွေသာ ႏႈတ္ခမ္းတစ္စုံ၏ လႈပ္ရွားမႈမ်ားေၾကာင့္
ရင္ခုန္လြန္း၍ တိမ္တိုက္ အသက္ရႈသံေတြျမန္လာသည္။

ႏြေးေထြးလွသည့္ ညေနဆည္းဆာ ခ်ိန္တြင္ ႏြေးေထြးလြန္းသည့္ အနမ္းမ်ားက တိမ္တိုက္ ႏွလုံးသားတို႔အား အျမန္ခုန္လာေစရန္ လုံေလာက္သည္။

ဘယ္ေလာက္ေတာင္ လြမ္းေနတာမို႔လဲ.....

ကိုယ္ပင္ပန္းမွာစိုး၍ ေစာင့္ထိန္းခဲ့ေသာ ေမာင္က ဒီ ႏႈတ္ခမ္းေတြကို ဘယ္ေလာက္ေတာင္ လြမ္းေနခဲ့တာလဲ....

ျမန္သထက္ျမန္လာေသာ တိမ္တိုက္ ႏွလုံးခုန္ႏႈန္းႏွင့္ အသက္ရႈသံေတြေၾကာင့္ ခြန္း တစ္မိနစ္ေလာက္ၾကာေတာ့ တိမ္တိုက္ ႏႈတ္ခမ္းေတြကိုလႊတ္ေပးလာသည္။
အရင္ကဆို တဇြတ္ထိုးနမ္းတတ္ေသာ ခြန္းက ခနေလးႏွင့္လႊတ္ေပးလာသျဖင့္ တိမ္တိုက္တစ္ေယာက္ မေက်နပ္ေတာ့။ ခြန္းက မနမ္းရင္္လည္း လုံးဝ.... တကယ္နမ္းရင္လည္း လူကိုအားျပတ္သြားသည္အထိ နမ္းတတ္တာပင္။

ထို႔ေၾကာင့္ ကြဲကြာသြားေသာ ခြန္းမ်က္ႏွာကို တိမ္တိုက္ သူ႕လက္ေလးႏွစ္ဖက္ျဖင့္ ျပန္ဆြဲယူခ်လိဳက္ကာ သူ႕ဘက္မွ အနမ္းတို႔ကို ဦးေဆာင္လိုက္သည္။ ထိန္းေနသည့္ၾကားက ေရွ႕တိုးလာေသာ တိမ္တိုက္ေၾကာင့္ ခြန္းလည္းစိတ္ေတြကိုတဆုံးလႊတ္ေပးလိုက္ကာ ဝါးစားမတတ္ တိမ္တိုက္ႏႈတ္ခမ္းတို႔အား နမ္းရွိုက္ေတာ့သည္။

တစ္စ တစ္စ ျပင္းထန္လာေသာ အနမ္းတို႔ႏွင့္အတူ ေနမင္းႀကီးေတာင္ တျဖည္းျဖည္းေပ်ာက္ကြယ္သြားကာ ေကာင္းကင္ဝယ္ အဝါႏုေရာင္တိမ္တိုက္တို႔ပဲက်န္ခဲ့ေတာ့သည္။

မည္မွ်ၾကာေအာင္ နမ္းေနၾကသည္မသိ ေနေရာင္ေတာင္ကြယ္ေပ်ာက္လုနီးပါး ျဖစ္ေနၿပီ။ ေနာက္ဆုံး ႏွစ္ေယာက္လုံး ေက်နပ္ၾကသည္ဆိုမွ ႏႈတ္ခမ္းႏွစ္ခုကိုခြာေတာ့ ေငြမွ်င္ေရာင္အတန္းေလးေတြက အလင္းေရာင္သဲ့သဲ့ၾကားတြင္ လက္ခနဲ။

ခြန္းဘယ္ေလာက္ၾကမ္းမိလဲမသိ... တိမ္တိုက္ႏႈတ္ခမ္းေလးဟာ အရင္ကထက္နီရဲကာပိုထူေနေတာ့သည္။ တစ္မ်ိဴးေခၚလွ်င္ ႏႈတ္ခမ္းေယာင္သြားသည္ေပါ့။

ေက်နပ္သြားၾကေလေသာ သူႏွစ္ေယာက္ မ်က္ႏွာထက္မွာေတာ့ အၿပဳံးကိုယ္စီ နဲ႕ေပါ့။

'' ျပန္ၾကမယ္ေလ ေမွာင္ေနၿပီ ''

'' အင္း ''

ခြန္းေျပာေတာ့ ေခါင္းေလးၿငိမ့္ကာ ခြန္းလက္ကိုတြဲရင္း ေဆး႐ုံအခန္းထဲသို႔ ျပန္ဝင္လာခဲ့ၾကသည္။

ေနာက္ေတာ့ ညစာစားၿပီး ေဆးေသာက္ကာ အိပ္ယာဝင္ဖို႔ ျပင္လိုက္ၾကသည္။
ခြန္းက ဒီေန႕ စာဖတ္ျပရမည့္ေနမို႔ စာအုပ္တစ္အုပ္ကို ထုတ္ကာ ေဘးကခုံတြင္ထိုင္လိုက္သည္။

တကယ္ေတာ့ ခြန္း လာေနေနေပးကတည္းက သုတကို အနားေပးထားတာျဖစ္သည္။ ခြန္း အျပင္ထြက္ရသည့္ေန႕မွ သုတကိုဖုန္းဆက္လွမ္းေခၚတာျဖစ္သည္။

'' ေမာင္ ''

'' အင္း ''

ကုတင္ေပၚက တိမ္တိုက္ ခြန္းဘက္ေစာင္းကာ ေခါင္းေအာက္ထဲ လက္ႏွစ္ဖက္ခုအိပ္လိုက္ၿပီး

'' ကြၽန္ေတာ္အိပ္ေနတုန္းကေလ ေမာင္သီခ်င္းဆိုျပဖူးေသးလား ''

'' ဘာလို႔လဲ ''

'' ကြၽန္ေတာ္ေလ ေမာင္သီခ်င္းဆိုျပ တာကို နားေထာင္ဖူးတယ္လို႔ ခံစားေနရတယ္ ''

'' အင္းဆိုျပဖူးတယ္ ခြဲမစိတ္ခင္ညက ''

တိမ္တိုက္စိတ္ဝင္စားသြားၿပီး စပ္စုခ်င္ေနေသာ မ်က္ဝန္းတို႔က အေရာင္တလက္လက္။

'' ဟုတ္လား ျပန္ဆိုျပပါလား ''

'' ဟင္ အခုလား ''

'' အင္း အခု... ေပး အဲ့စာအုပ္ ''

ခြန္းလက္ထဲက စာအုပ္ကို ဆြဲယူလိုက္ကာ ေဘးနားခ်လိဳက္သည္။

'' ဒီေန႕က စာဖတ္ရမယ့္ေန႕ေလ ေနာက္ေန႕မွ ဆိုမယ္ ''

ခြန္းစာအုပ္ကို ျပန္ဆြဲယူမယ္ႀကံေတာ့ တိမ္တိုက္ လက္တစ္ဖက္က စာအုပ္အေပၚ ဖုန္းခနဲေရာက္သြားၿပီး ဖိထားလိုက္သည္။

'' No No No Mg. ..Now ''

ခြန္းလည္းေျပာမရေတာ့သည္မို႔ အခန္းေထာင့္တြင္ခ်ထားေသာ ရွန္မင္း၏ ဂီတာေလးကိုသြားယူလိုက္သည္။

'' ေအာက္ဆင္းမလား။ ဂီတာသံနဲ႕သူမ်ားေတြကိုႏွောင့္ယွက္သလိုျဖစ္ေနမယ္ ''

ဘယ္တုန္းကတည္းက အျပင္ထြက္ခ်င္ေနမွန္းမသိေသာ တိမ္တိုက္က ကုတင္ေအာက္ ေျပးဆင္းကာ လက္ရွည္အပါးကို အျမန္ေကာက္စြပ္လိုက္သည္။

မနိုင္ဘူးဟူေသာ မ်က္ေစာင္းက တိမ္တိုက္ဆီလွပစြာေရာက္လာၿပီး ဂီတာကိုလက္တစ္ဖက္က ကိုင္ၿပီး တစ္ဖက္က တိမ္တိုက္လက္ကိုဆြဲကာ ေဆး႐ုံ ပန္းၿခံထဲသို႔ သူနာျပဳဆရာမေတြအား ခြင့္ေတာင္းၿပီး ဆင္းခဲ့လိုက္သည္။

ခုံတန္းလ်ားကိုႏွစ္ေယာက္အတူယွဥ္ထိုင္လိုက္သည္။ တိမ္တိုက္ကေတာ့ ခြန္း သီခ်င္း ဆိုသည္ကို တကယ္ ေတြ႕ရေတာ့မွာမို႔ ရင္ခုန္ေနသည္။

ခြန္း ဂီတာႀကိဳးကို ညွိလိုက္ၿပီး ခ်စ္ျခင္းေတြႏွင့္ ဖြဲ႕သီထားေသာ သီခ်င္းတစ္ပုဒ္ဟာ ခြန္း၏ စြဲမက္ဖြယ္ ႏႈတ္ခမ္းတို႔မွ လွပစြာ
ပြင့္အန္ထြက္လာသည္။

အိပ္စက္သြားတဲ့ ငါ့ႏွလုံးသား မင္းနဲ႕ေတြ႕မွ နိုးလာတယ္.....

ကြဲအက္သြားတဲ့အသည္းဒဏ္ရာ ....

မင္းရဲ႕လက္နဲ႕ ေပ်ာက္ကုန္ၿပီ. .....

ေဟာင္းႏြမ္းခဲ့တဲ့ အိမ္မက္မ်ား ေအးစက္မဲေမွာင္ ငါ့ညမ်ား .....

အိမ္မက္သစ္ေတြေမြးဖြားလို႔ ရင္ကိုႏြေးေထြးသြား .....

အၾကင္နာညမ်ား လင္းလက္သြား...

ေသြးေၾကာထဲမွာလည္ပတ္ေန မင္းေလးေပးတဲ့အားအင္ေတြ

ကိုယ့္ဘဝရဲ႕ အနက္အဓိပၸာယ္ဟာ ......

မင္းတစ္ေယာက္ တည္းအတြက္ ျဖစ္လာတယ္ အိုး.....

ၾကယ္ေရာင္ေတြခ်ည္း ပက္ျဖန္းထားသည့္ ပ်ိဴးဥယ်ာဥ္ၿခံထဲတြင္ ခြန္း၏ ခပ္ရွရွ အသံက တိတ္ဆိတ္ေနေသာ ပတ္ဝန္းက်င္ကို သာယာၿငိမ့္ေညာင္းစြာ လႊမ္းၿခဳံသြားသည္။ တျဖည္းျဖည္း တိမ္တိုက္ေခါင္းေလးဟာ ခြန္း၏ လက္ေမာင္းေပၚသို႔ မွီက်လာသည္။ ခြန္းတစ္ခ်က္ငဲ့ၾကည့္ၿပီး သီခ်င္းကိုသာဆက္ဆိုေနလိုက္သည္။

ဘဝရဲ႕ခရီးကို အတူေလွ်ာက္မယ္ ဆင္းရဲခ်မ္းသာမွ်ေဝမယ္

အားေပးနားလည္ ခ်စ္သူရယ္.....

ေသခ်ာတဲ့အေျဖဟာ .....ကိုယ္နဲ႕မင္းနဲ႕မခြဲေတာ့ဘူး......

...........

ေနာက္တစ္ေၾကာင္းကစ၍ လက္ေမာင္းရင္းနားက တိမ္တိုက္က ခြန္းဆိုေနေသာ သီခ်င္းကို သံေယာင္ေသးေသးေလးလိုက္ဆိုသည္။
..............

အရာရာပိုင္ဆိုင္သမွ် အားလုံးမင္းအတြက္ စိတ္နဲ႕ခႏၶာ အကုန္လုံးပဲ

ယုံၾကည္နားလည္မႈ ရွင္သန္ ေနမယ္ ခ်စ္ခ်င္းတရား

ဒဏ္ရာေတြမရွိဘူး.....ကိုယ့္ရဲ႕နံေဘးနား မင္းရွိေနရင္ ရင္ဆိုင္ရဲတယ္..

အႏၱရယ္ အားလုံး နင္းျဖတ္သြားမယ္ အခ်စ္စြမ္းအား

....အို...အခ်စ္....

.......
......
......

တျဖည္းျဖည္း တိမ္ဝင္လာေသာ တိမ္တိုက္အသံက အိပ္စက္ျခင္းကို ကိုယ္စားျပဳလာသည္။ အသံတိတ္သြား၍ ေဘးကိုၾကည့္ေတာ့ အေကာင္ငယ္ေလးက အိပ္ေပ်ာ္ေနၿပီျဖစ္သည္။ ထို႔ေၾကာင့္ သီခ်င္းကိုအဆုံးသတ္လိုက္ၿပီး ဂီတာကို ေဘးသို႔ခ်လိဳက္သည္။

ေနာက္ေတာ့ အိပ္ေပ်ာ္ေနေသာ တိမ္တိုက္မနိုးေအာင္ ဂ႐ုတစိုက္ ေပြ႕ခ်ီ၍ ရင္ခြင္ထဲထည့္ကာ ေဆး႐ုံေပၚျပန္တက္လာခဲ့သည္။ ဘယ္ေလာက္ အအိပ္မက္သည္ မသိ လူတစ္ေယာက္လုံးကို သူ႕ကိုခ်ီ၍ လမ္းေလွ်ာက္ေနတာေတာင္မနိုး။
သိပ္ကိုစိတ္ခ်ခ်င္စရာပင္။

အေၾကာင္းသိေနၿပီျဖစ္ၾကေသာ ေဆး႐ုံတစ္႐ုံလုံးက ခြန္းကို အံ့ဩနပန္းႏွင့္ၾကည့္ေနၾကသည္။

လြန္ခဲ့သည့္ ၃ႏွစ္အတြင္း ခြန္းက သူ႕ရဲ႕ ဆရာဝန္ႏွင့္ ေဆြးႏြေးကုသၿပီးေသာအခါ
လူေရွ႕ ရဲရဲဝင့္ဝင့္သြားလာနိုင္ေနၿပီျဖစ္သည္။ တစြန္းေရာက္သြားသည္ဟုဆိုရမလား.... ၾကည့္ၿပီးအတင္းေျပာသူကိုသာမက မ်က္စိေရွ႕ အပုပ္လာခ်ေနသည္ကိုပါ ခပ္တည္တည္ႏွင့္ ေခ်ပနိုင္ေနၿပီျဖစ္သည္။ ထိုကတည္း ခြန္းက သူျပဳလုပ္သည့္အရာေတြအတြက္ ပတ္ဝန္းက်င္ကို ေသးေသးေလးေတာင္ ဂ႐ုမစိုက္ေတာ့ေပ။

အခန္းထဲျပန္ေရာက္ၿပီး ကုတင္ေပၚတင္ကာ ေစာင္ေတြေသခ်ာၿခဳံေပးသည္အထိ တိမ္တိုက္တစ္ေယာက္ အအိပ္မပ်က္ေပ။ အိမ္မက္ေတြလွေနသည္ထင္ပါရဲ႕...အိပ္ေနရင္ ၿပဳံးေနေသာမ်က္ႏွာေလးကၾကည္လင္လ်က္။

.................

တစ္ဖက္မွာေတာ့ ေဒၚယုယၿမိဳင္တစ္ေယာက္ ခရီးကျပန္လာကတည္းက တမွိုင္မွိုင္ တေထြေထြ ျဖစ္ေနခဲ့တာအေတာ္ၾကာၿပီျဖစ္သည္။ ဆိုင္ေတြလည္း သိပ္မထိုင္ျဖစ္ေတာ့ပဲ အိပ္ယာထဲပဲလွဲေနခဲ့သည္။ တိမ္တိုက္ကလည္း ခြန္းရွိေနၿပီမို႔ သိပ္လွည့္ၾကည့္စရာမလိုခဲ့ေပ။

'' ယုယေရ အခန္းထဲမွာလား ဝင္ခဲ့ၿပီေနာ္ ''

ရွန္မင္းအေမ ေဒၚခိုင္ခက္ဦး တစ္ေယာက္ ခ်ိဴင့္ေလးဆြဲကာ အိမ္ထဲဝင္လာသည္။ ဧည့္ခန္းထဲမွာမေတြ႕သည္မို႔မုန့္ေတြထည့္လာေသာ ခ်ိဴင့္ကို ထမင္း
စားခန္းထဲ တင္ခဲ့ၿပီး ေဒၚယုယၿမိဳင္အခန္းထဲသို႔ဝင္ခဲ့သည္။

ကုတင္ေပၚ အားနည္းစြာလွဲေနသူက ေဒၚခိုင္ခက္ဦး အနားေရာက္လာမွ သတိထားမိကာ ထထိုင္ေတာ့သည္။

အၿမဲ သန္မာလ်က္ရွိေသာ ေဒၚယုယၿမိဳင္ကို ယခုလို ပုံစံေတြ႕လိုက္ရ၍ ေဒၚခိုင္ခက္ဦး တစ္ေယာက္ စိုးရိမ္သြားသည္။

'' ယုယရယ္ ဘယ္လိုျဖစ္တာလဲ....ၾကည့္ပါဦး ျဖဴဖတ္ေနတာပဲ...ထမင္းေတြဘာေတြေရာစားရဲ႕လားကြယ္ ''

'' စားပါတယ္ ခိုင္ရယ္ နည္းနည္း အားနည္းသြားလို႔ပါ ''

မျဖစ္နိုင္ ေဒၚယုယၿမိဳင္ အားနည္း၍ ဒီပုံေပါက္ေနသည္မွာ မျဖစ္နိုင္။ တိမ္တိုက္ ေမ့ေနတုန္းကေတာင္ သန္သန္မာမာႏွင့္အားတင္းခဲ့သူက ယခုက်မွ အားနည္း၍ ဒီလို ဂ်ဴန္းဂ်ဴန္းက်ေနသည္တဲ့လား။

ညိုးငယ္ေနေသာ မ်က္ႏွာက စိတ္ပိုင္းဆိုင္ရာတစ္ခုခုတြင္ထိခိုက္ထားမွန္း သိပ္ကိုသိသာသည္။

'' ယုယ...ဒီမယ္..ကိုယ့္ကိုၾကည့္စမ္း...ယုယဘာေတြျဖစ္ေနတာလဲ...ခရီးမွာ ဘာေတြျဖစ္ခဲ့လို႔လဲ ။ ခရီးကျပန္လာကတည္း ယုယဒီလိုျဖစ္ေနတာ ''

'' မဟုတ္ပါဘူး ခိုင္ရယ္ ''

သားအမိႏွစ္ေယာက္ ကသိပ္တူသည္။ ခံစားေနရတာကို အတင္းဖုံးကြယ္ေနမွန္းသိသာေအာင္ကို ေနတတ္သည္။

'' ဘာျဖစ္ခဲ့မွန္း ကိုယ္ေတာ့မသိဘူး ယုယရယ္ ဒါေပမယ့္ ဒီလိုပုံစံနဲ႕ ယုယကို ကိုယ္ပထမဦးဆုံးျမင္ဖူးတာပဲ ''

ေဒၚယုယၿမိဳင္ၿငိမ္က်သြားကာ တစ္ခုခုကိုေလးေလးနက္နက္ စဥ္းစားေနသည္။
ရင္ထဲသိမ္းထားသည့္ အပူတစ္ရပ္ဟာ ေဝမွ်ေပးလိုက္ရင္ အနည္းငယ္သက္သာသြားေလမလား အထင္နဲ႕ေပါ့။

'' ခိုင္...ကိုယ္ေလ ''

'' အင္း ေျပာေလ ယုယ။ ''

စကားတစ္ခြန္းကို ထပ္ဖြင့္ဟလာဖို႔ရာ ေဒၚယုယၿမိဳင္အေတာ္ေလး ႀကိဳးစားေနရသည့္ပုံပင္။ ေနာက္ေတာ့ ပင္ပန္းႀကီးစြာ သက္ျပင္းတစ္ခုကိုရွိုက္လိုက္ၿပီး

'' ကိုယ္...ကိုယ္...တိမ္တိုက္ အေဖကို ေတြ႕ခဲ့တယ္... ''

'' ဟင္ ဟုတ္လား ။ အဲ့တာဆို တိမ္တိုက္ အေဖက အသက္ရွင္ေနေသးတာေပါ့ ။ေတာ္ေသးတာေပါ့ ယုယရယ္....အဲ့ဒါကို ယုယက ဘာလို႔...''

'' တိမ္တိုက္ အေဖက က်န္းက်န္းမာမာ ပါပဲ ခိုင္။ ဘာေတြဘယ္လိုမွားသြားလဲဆိုတာ မသိဘူး။ အခု တိမ္တိုက္အေဖမွာ အိမ္ေထာင္ ရွိေနတယ္ ''

'' ဘယ္လို ဘယ္လို... ယုယ...ကိုယ္နားရႈပ္ေနၿပီ ''

'' ဒီလို... ''

Flash back

ေဒၚယုယၿမိဳင္တစ္ေယာက္ ခ်င္းျပည္နယ္ ဘက္အလုပ္ကိစၥႏွင့္သြားရင္း
႐ြာေလးတစ္႐ြာသို႔ဝင္ကာ ထို႐ြာအတြက္ လိုအပ္သည့္ အေထာက္အပံ့ေလးမ်ား လႉဒါန္းခဲ့သည္။

ေက်ာင္းျဖစ္ေသာ္လည္း ေက်ာင္းလို႔မေခၚသာသည့္ေနရာ......အေဆာက္အဦးေလး တစ္ခုအတြင္း ခုံေလးေတြခင္းက်င္းထားကာ အခမဲ့စာသင္ေပးေသာေနရာ ျဖစ္သည္။

ထိုေက်ာင္းေလးအတြက္ ေငြလႉဒါန္း ရန္ထိုေက်ာင္းမွ ေက်ာင္းအုပ္ဆိုသူႏွင့္ေတြ႕ရသည္။ အနည္းငယ္ ေကာင္းဟန္ေပၚေသာ အခန္းေလးက ေက်ာင္းအုပ္ ႐ုံးခန္း
တဲ့ေလ။ ေဒၚယုယၿမိဳင္ ဝင္သြားလိုက္ေတာ့..ေက်ာင္းအုပ္ဆိုသည္သူ က ဝင္လာထိုင္ရန္အၿပဳံးခ်ိဴခ်ိဴေလးႏွင့္ႏႈတ္ခြန္းဆက္သည္။

အသက္အ႐ြယ္အတိမ္းမယိမ္းဟုထင္ရေသာ ေက်ာင္းအုပ္က ရီလိုက္လွ်င္ သြားတက္ေလးေတြပါသတဲ့။

ဝင္လာကတည္းက ေက်ာင္းအုပ္ဆီမွ အၾကည့္လုံးဝမခြာရေသးေပ။ ေနာက္ေတာ့ ေဘးမွ ႐ြာလူႀကီးက အသံဝဲဝဲႏွင့္ မိတ္ဆက္ေပးေတာ့....

'' ဒါက ဒီ႐ြာရဲ႕ အားကိုးရာ ေက်ာင္းအုပ္...မန္အုပ္ထန္လို႔ ေခၚတယ္ ။ ဆရာႀကီး ဒီဘက္ကေတာ့ ေဒၚယုယၿမိဳင္တဲ့ ေက်ာင္းရဲ႕ အလႉရွင္ ''

'' ဟုတ္ကဲ့ခင္ဗ် ေတြ႕ရတာဝမ္းသာပါတယ္ ။ အခုလို လႉဒါန္းေပးမႈအတြက္လည္း ကြၽန္ေတာ္တို႔ဘက္မွ ဝမ္းသာရပါတယ္ ''

အသံခပ္ဝဲဝဲေလးႏွင့္ေက်ာင္းအုပ္။ ၿပဳံး႐ႊင္လာေသာ ေဒၚယုယၿမိဳင္မ်က္ႏွာက ေပ်ာက္ဆုံးသြားေသာ အရာတစ္ခုခုကို ျပန္ေတြ႕လိုက္ရသလို...ဝမ္းသာအားရႏွင့္ ေခၚရန္ျပင္လိုက္ၿပီးမွ

'' တိမ္...စိုင္...''

စကားမဆုံးခင္ အခန္းထဲသို႔ ခပ္ေခ်ာေခ်ာ အမ်ိဴးသမီးတစ္ဦး ဝင္လာ၍ ရပ္လိုက္သည္။

'' ဪ တစ္ခါတည္း မိတ္ဆက္ေပးရဦးမယ္..သူက ဆရာႀကီးရဲ႕ အမ်ိဴးသမီး. ''

'' အမ်ိဴးသမီး... ''

ေဒၚယုယၿမိဳင္ အံ့ဩတႀကီး ျဖတ္ေမးေတာ့ အကုန္လုံးက သူမကို စိုက္ၾကည့္လာၾကသည္။

'' ဟုတ္ကဲ့ ကြၽန္ေတာ့္ ဇနီး ပါ ''

မန္အုပ္ထန္လို႔ေခၚသည့္ တိမ္စိုင္ဦး ပါးစပ္ မွ သူမ မဟုတ္ပဲ တျခားအမ်ိဴးသမီးဟာ သူ႕ဇနီးပါဟု ေျပာလာေသာအခါ ေဒၚယုယၿမိဳင္ရင္ထဲ အပူလုံးႀကီးဟာ ခ်က္ခ်င္း တက္လာခဲ့သည္။ ေမးခြန္းမ်ားစြာကို ၿမိဳခ်ၿပီး စကားလက္စကိုအျမန္သတ္ကာ ျပန္ထြက္လာခဲ့သည္။

မြန္းၾကပ္မႈေတြက တိမ္ခိုး တိမ္ေငြ႕ေတြၾကား ေပ်ာက္ပ်က္မသြားခဲ့ေပ။ တိမ္စိုင့္ကိုၾကည့္ရတာလည္း သူမကို လုံးဝ မမွတ္မိေန။ ဘယ္ကေန ဘယ္သူ႕ကိုစေမးရမလဲမသိေသာ ေဒၚယုယၿမိဳင္တစ္ေယာက္ သူစိမ္းေတြၾကားထဲမယ္ ေယာင္လည္လည္ႏွင့္ မ်က္ရည္ခရျပန္သည္။

ဆယ္စုႏွစ္ႏွစ္ခု ေက်ာ္ျဖတ္ကာ ေစာင့္ဆိုင္းလာၿပီးမွ ျပန္ေတြ႕ရေသာ အခ်စ္က သူတစ္ပါး လက္ထဲမွာတဲ့ေလ။ တိမ္ေတြ
အဆင့္ဆင့္ဖုံးေနေသာ အေဝးမွ ေတာင္တန္းေတြအားၾကည့္ရင္း ရင္ကြဲမတက္နာက်င္ရသည္။

ေနာက္ ႐ြာလူႀကီးကို တိမ္စိုင့္အေၾကာင္း ေမးၾကည့္ေတာ့ တိမ္စိုင္က လြန္ခဲ့သည့္ႏွစ္ ႏွစ္ဆယ္ ေလာက္တုန္းက ဒီက ေတာင္ေျခတစ္ခုမွာ ဒဏ္ရာေတြႏွင့္လဲေနသည္ကို ႐ြာသားတစ္ေယာက္က ျမင္၍ ေခၚခဲ့သည္။ ေဆးဆရာအိမ္မွာ ေဆးကုေပးၿပီး ျပန္ေကာင္းလာေတာ့ နာမည္ေတာင္မမွတ္မိပဲ အတိတ္ေမ့ေနခဲ့သည္။ ေနာက္ေတာ့ ထိုေဆးဆရာအိမ္မွာပဲေနၿပီး ကေလးေလးေတြ ကိုစာသင္ေပးရင္းနဲ႕ပဲ အခ်ိန္တစ္ခုေရာက္ေတာ့ ေဆးဆရာႀကီး၏ သမီးႏွင့္ လက္ဆက္လိုက္သည္တဲ့။

အေၾကာင္းစုံကိုသိလိုက္ရေသာ ေဒၚယုယၿမိဳင္ ခမ်ာ ဘာမွ ထပ္မေျပာနိုင္ခဲ့။
ေနာက္ေန႕ သူဟာ ဘယ္သူျဖစ္ေၾကာင္း အေၾကာင္းစုံကိုေျပာျပရန္ ေက်ာင္းကိုထပ္သြားၾကည့္ေတာ့ သြားတက္ေလးေတြ ဖုံးအုပ္မသြားေအာင္ အၿမဲရယ္လ်က္ စာသင္ေနေသာ
တိမ္စိုင္ဦးကိုေတြ႕ရသည္။ အၾကာႀကီး ေနမွ ျပန္ျမင္ ရေသာ အၿပဳံးလွလွေလးတစ္ခု။ အတိတ္ဆိုတာ ဒီအခ်ိန္မွာ သိပ္ကိုလြမ္းေမာဖြယ္ရာ အတိ။

အရာရာဟာ သူ႕ေနရာႏွင့္သူ ေနသားက်ေနခဲ့ၾကၿပီျဖစ္သည္မို႔ ျပန္ျပင္ဆင္လို႔မရေတာ့ေသာ အတိတ္ေတြကို ေျပာျပဖို႔ရာတန္ပါရဲ႕လားဟုေတာင္ေတြးမိသည္။
နာက်င္စရာအတိတ္ေတြကို ျပန္ေျပာျပလိုက္လို႔ေရာ...ဒီအၿပဳံးေလးေတြက ႏႈတ္ခမ္းေပၚမွာ ထပ္တည္ၿမဲပါဦးမလား။

ေဝခြဲရခက္ေနေသာ အေျဖႏွစ္ခုၾကားမွာ ေဒၚယုယၿမိဳင္ေခါင္းရႈပ္ေနရၿပီ ျဖစ္သည္။ ထို႔ေၾကာင့္အဲ့သည့္ေနက ဒီအတိုင္းျပန္လွည့္လာခဲ့သည္။

ေနာက္တစ္ေန႕ေရာက္ေတာ့ တိမ္စိုင္ တို႔ဇနီးေမာင္ႏွံက ထမင္းဖိတ္ေကြၽးခ်င္လို႔ ဆိုသည့္႐ြာလူႀကီး၏ အမွာစကားေနာက္တြင္ ကိုယ္မရွိသည့္ ႏွစ္ေတြအတြင္း ခ်စ္ရသူျဖတ္သန္းခဲ့ေသာေနအိမ္ေလးသို႔ေရာက္လာခဲ့သည္။

မထင္မွတ္ထားသည္က ဧည့္ခန္းတည့္တည့္တြင္ တိမ္စိုင္တို႔ဇနီးေမာင္ႏွံႏွင့္ သုံးႏွစ္သားအ႐ြယ္ ကေလးေလးတို႔၏ ဓာတ္ပုံကိုေတြ႕ရလိမ့္မည္လို႔ေပါ့။

ကမၻာ ႀကီးဟာေျပာင္းျပန္ဆန္သြားၿပီး အေနာက္က ေခ်ာက္ထဲသာ ေျပးခုန္ဆင္းခ်ပလိုက္ခ်င္သည္။ တိမ္စိုင္ က ဧည့္ခန္းတြင္ ကေလးငယ္ကိုေပါင္ေပၚတင္ကာ စာအုပ္ဖတ္ျပေနသည္။

တိမ္တိုက္ေလး အဲ့အ႐ြယ္တုန္းကေတာင္ သူ႕အေဖနဲ႕အဲ့လိုမေနခဲ့ရ။ တိမ္တိုက္ကိုျမင္လွ်င္ ေကာင္းကင္ကိုသတိရၿပီး အျပစ္ရွိသလိုခံစားရသည္ဟုဆိုကာ တိမ္တိုက္ႏွင့္ ဖက္လွဲတကင္း မေနခဲ့ေပ။ အခု...အခုေတာ့...

အရင္က ကိုယ္ခ်က္သည့္ဟင္းေတြက မေကာင္းလည္း ႀကိဳက္သည္ဟု ဆိုခဲ့သူက ထိုအမ်ိဴးသမီးလက္ရာကို ႏွစ္သက္ပုံပင္ ၿမိန္ေရယွက္ေရ စားေနလိုက္တာမ်ား။

စားေသာက္ၿပီးေတာ့ တိမ္စိုင္ဦး ႏွင့္ ေဒၚယုယၿမိဳင္ တို႔ ဧည့္ခန္းမွာထိုင္းစကားေျပာျဖစ္ၾကသည္။ သူ႕ဇနီးကေတာ့ မီးဖိုေခ်ာင္ထဲသိမ္းဆည္းေနလ်က္။

သူ၏ သားငယ္ေလးကို အသီးခြံေကြၽးေနရင္း

'' ဒါနဲ႕ေလ မယုယၿမိဳင္ က်ဴပ္တစ္ခုေလာက္ေမးခ်င္လို႔ ''

'' ဟုတ္ကဲ့ ေမးပါရွင့္ ''

'' မယုယနဲ႕ ကြၽန္ေတာ္နဲ႕ တစ္ေနရာရာမွာ ဆုံဖူးၾကသလားဟင္။ ''

'' ရွင္ ''

'' ဪ ဒီလိုပါ မယုယကို ျမင္တုန္းက ေတာ္ေတာ္ေလးရင္းႏွီးေနသလိုပဲ အဲ့တာေၾကာင့္ ပါ ''

ဪ တိမ္စိုင္ ရယ္....အေသြးအသားေတြေတာင္ေပါင္းစပ္ခဲ့ဖူးၾကတာကို ရင္းႏွီးေနသလို ခံစားရတာ ျဖစ္သင့္ပါတယ္ေလ။

'' ေပါက္ေပါက္ရွာရွာ ကိုမန္အုပ္ထန္ရယ္ ကြၽန္မ ျဖင့္ အခုမွ ဒီကိုေရာက္ဖူးတာပါ။ ''

'' အင္းေနာ္...''

ေနာက္ေတာ့ မီးဖိုခန္းထဲမွ သူ႕ဇနီးထြက္လာၿပီး ကေလးကို သူမ ေပါင္ေပၚထားရင္း တိမ္စိုင္ကေတာ့ အသီးေတြတစ္ခုၿပီးတစ္ခု ကေလးကို ခြံေကြၽးေနေလသည္။

ဒါဘယ္ေလာက္ေတာင္ ၾကည္ႏူးဖို႔ေကာင္းသည့္ျမင္ကြင္းလဲ။

မိသားစု သုံးေယာက္ကိုၾကည့္ၿပီး ေပ်ာ္ေနရင္းႏွင့္ပင္ ရင္ထဲ တဆစ္ဆစ္နာက်င္ရသည္။ အတိတ္ေတြအားလုံးကိုေမ့ကာ ဘဝသစ္မွာ မန္အုပ္ထန္ အျဖစ္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ျဖတ္သန္းေနသည္။

ကေလးတစ္ေယာက္ႏွင့္ မိန္းမသားပီပီ ႐ုန္းကန္ခဲ့ရသည့္အတြက္ မတရားဘူးဟု ဆိုနိုင္ေသာ္လည္း...တရားျခင္း မတရားျခင္းဆိုတာ ခ်စ္ေသာသူတစ္ေယာက္ကသာ ဆုံးျဖတ္ပါေစေတာ့။

မ်က္ရည္စတစ္ခ်ိဴ႕ကို ဘယ္သူမွ မျမင္ေအာင္သုတ္ပစ္ရင္း စိတ္ကိုေလ်ာ့လိုက္သည္။

ထိုလူသားဟာ ကြၽန္မအပိုင္ပါလို႔ ျပဖို႔ရာ သက္ေသေတြ ကြၽန္မ မွာအမ်ားႀကီး..
ေနပါေစေတာ့...သူလည္းသူ႕ဘဝမွာေနသားက်ေနၿပီး
ကိုယ္လည္း ကိုယ့္ဘဝမွာ သူမရွိပဲ ေနသားက်ေနခဲ့ၿပီးၿပီေလ...

ဘယ္လိုအတၱႀကီးၾကပါသည္ေျပာေျပာ ကြၽန္မအတြက္ကေတာ့ ခ်စ္ရသူ ေပ်ာ္႐ႊင္ေနဖို႔ကအဓိကပါေလ...အတိတ္ကိုျပန္ဆြဲေခၚၿပီး ငိုခိုင္းရေလာက္ေအာင္လည္း ကြၽန္မ အဲ့ေလာက္ မရက္စက္ေတာ့ပါဘူး...
သူ႕အရပ္ သူ႕အသိုက္အၿမဳံမွာ သူ႕ဘာသာ ေပ်ာ္ေမြ႕ပါေစေလ.....

ဒီဇာတ္လမ္း ဒီဘဝ ဒီအမွ် မွာပဲ အဆုံးသတ္ပါရေစ။

..................

'' ဒါဆို ယုယ ဘာမွ အသိမေပးခဲ့ဘူးေပါ့ ''

'' မေပးေတာ့ပါဘူး ခိုင္ရယ္...ေပးလည္း ကိုယ္ျပန္ရမွာ မက်ိန္းေသဘူး။ ဒီလိုပဲေနလက္စနဲ႕ ရွိပါေစေတာ့ ခိုင္ရယ္ ''

မ်က္ရည္ေတြႏွင့္ ေျပာျပေနေသာ ေဒၚယုယၿမိဳင္ကို က႐ုဏာသက္ကာ အားေပးႏွစ္သိမ့္႐ုံကလြဲရင္ ဘာမွ မေျပာတတ္ေတာ့။ ကိုယ့္ေယာက်ာ္းကိုသူတစ္ပါးလက္ထဲ ၾကည္ၾကည္ျဖဴျဖဴ ထည့္ေပးနိုင္ခဲ့တယ္ဆိုသည့္ ေဒၚယုယၿမိဳင္ အခ်စ္ကလည္း ေပါ့ေသးေသးမွ မဟုတ္ပဲကိုး..

'' တိမ္တိုက္တို႔ကို ေျပာျပမွာလား ''

'' မေျပာျပေတာ့ပါဘူး ခိုင္ရယ္။ သားလည္း အခုက သူ႕အေဖကို ေမ့ေမ့ေပ်ာက္ေပ်ာက္ပါပဲ ''

'' သူငယ္ခ်င္းသုံးေယာက္ရွိတာ ယုယက ကံေကာင္းမလိုလိုနဲ႕ ကံအဆိုးဆုံးျဖစ္ေနပါေပါ့လားကြယ္ ''

အဲ့သည္လိုႏွင့္ တိမ္စိုင္ဦး ဆိုတာ ေဒၚယုယၿမိဳင္တို႔ ဘဝထဲကေန တျဖည္းျဖည္း ေပ်ာက္ကြယ္သြားေတာ့မွာပင္။

တီ...တီ....တီ....

ဖုန္းဝင္လာသျဖင့္ မ်က္ရည္တို႔ကို သုတ္ကာ ဖုန္းကိုကိုင္လိုက္သည္။

'' ဟယ္လို ''

'' ခြန္မယ့္ သားကိုေမ့ေနၿပီလား ။ ေမြးထားၿပီး တာဝန္မယူခ်င္ရင္ ေလ်ာ္ေၾကးေပးရမွာေနာ္။ ''

'' အမေလး သားရယ္ ေမ့စရာလား။ မင္းက အေမနဲ႕ေနခ်င္တာေရာဟုတ္လို႔လား။ အေမက ေရွာင္ေပးထားတာေနာ္။ ဒီေလာက္အလိုလိုက္ေပးထားတဲ့ အေမကိုေက်းဇူးတင္ ''

'' ဟဲဟဲ...ေဒါက္တာထင္လင္း က ခြန္မယ့္ကို ေဆး႐ုံခနလာဦးတဲ့ ''

'' ဟုတ္ပါၿပီ ေနာက္ေန႕လာခဲ့မယ္ ''

တိမ္တိုက္ ဘက္မွ ဖုန္းခ်သြားေတာ့ ေဒၚယုယၿမိဳင္ သက္ျပင္းေလး ခ်မိသည္။

'' ကဲ ထ ယုယ ။ ကိုယ္တို႔လည္း ကိုယ္တို႔ ဘဝမွာ ဆက္ရွင္သန္ရေအာင္။ အရင္လိုပဲေပါ့ ယုယရာ ။ ''

'' အင္း ''

'' လာ ေရသြားခ်ိဴး shopping ထြက္ၾကမယ္ ''

..................

တိမ္တိုက္ကေတာ့ လက္ႏွစ္ဖက္ မုန့္ေတြ အျပည့္ျဖင့္ ပါးစပ္တြင္လည္း ပလုတ္ပေလာင္း။

'' အေမက ဘာတဲ့လဲ ''

'' နက္ျဖန္ လာမယ္တဲ့ အဟြတ္ ဟြတ္ ''

ပါးစပ္ထဲ မုန့္အျပည့္ျဖင့္ စကားေျပာေတာ့သီးကုန္သည္။ ခြန္းေရခြက္ထဲ ေရအျမန္ထည့္ကာ တိမ္တိုက္ဆီယူသြားကာ ေက်ာကိုသပ္ခ်ေပးရင္း ေရတိုက္သည္။

'' ျဖည္းျဖည္းစားေလကြာ ဘယ္သူလုစားမွာမို႔လဲ ''

ထိုစဥ္ အခန္းထဲသို ေဒါက္တာထင္လင္း ဝင္လာသည္။

'' ေမာင္ တိမ္တိုက္ႀကိဳး...မင္း ေဆး႐ုံမွာပဲ အေျခခ်ဖိဳ႕ စိတ္ကူးထားသလား ''

ဆင္းလို႔ရပါၿပီဟုေျပာတိုင္း တစ္ခုခုအေၾကာင္းျပကာ ဆက္ေနေနသည္။ ေဒါက္တာထင္လင္း ေျပာေတာ့ တိမ္တိုက္မ်က္ႏွာက စပ္ၿဖီးၿဖီး။

ပါလာသည့္သူနာျပဳေလးက စစ္ေဆးစရာရွိသည္မ်ားကို စစ္ေဆးေပးလိုက္သည္။

'' အကုန္လုံး ေကာင္းတယ္ ေဒါက္တာ ''

သူနာျပဳေလးက ေျပာေတာ့

'' ကဲဒါဆို တိမ္တိုက္ ေနာက္ ေန႕ ေဆး႐ုံဆင္း...''

'' အား....အင္း....ေခါင္းမူးလာၿပီး ေဒါက္တာ....အစာအိမ္ မေကာင္းတာထင္တယ္ ''

အဲ့လိုပါ...ဆင္းဖို႔ေျပာတိုင္း တစ္ခုခုလုပ္ျပၿပီးကို ေပကပ္ၿပီး ေနေနတာပင္။

'' ဟင္.... ဪ...ေအးေအး ဆင္းခ်င္တဲ့အခ်ိန္မွဆင္းေတာ့ အခန္းခက ငါေပးရတာမွ မဟုတ္တာ မင္းေယာကၡမေပးထားတာပဲ မင္းသေဘာသေဘာ ''

'' ဟဲဟဲ ေကာင္းေကာင္းေနပါ့မယ္ခင္ဗ် ''

သြားတက္ေတြၿဖီးကာ ရယ္ျပေတာ့ ေဒါက္တာထင္လင္း ေခါင္းတခါခါႏွင့္

'' မင္းကေလး မင္းဘာသာၾကည့္ေျပာေတာ့ ငါ့ေကာင္ေရ.. ''

ဆိုၿပီး ျပန္ထြက္သြားေတာ့သည္။

ခြန္း မ်က္ေမွာင္ေတြႀကဳံ႕ကာ တိမ္တိုက္ေရွ႕ တည့္တည့္ထိုင္လိုက္သည္။

'' ေမာင္.. ကြၽန္ေတာ္ကေလ...''

'' သၾကၤန္မတိုင္ခင္ ျပန္ရမယ္။ ဒါ ေမာင့္အမိန့္ ပဲ ''

'' ဟြန့္ ''

စိတ္ဆိုးသလို တစ္ခ်က္မဲ့ကာ ေစာင္ပုံထဲ တိုးဝင္သြားေတာ့သည္။

'' တိမ္တိုက္ႀကိဳး ဒါေမာင့္ကို စိတ္ဆိုးတယ္ေပါ့ ''

'' ဘယ္မွာဆိုးလို႔လဲ....လို႔ ''

ခြန္းကအသံခပ္တည္တည္ႏွင့္ေျပာေတာ့ ေစာင္ပုံၾကားထဲမွ တိမ္တိုက္ ျပန္ေျဖသံေလးက သနားကမား။ သူ႕ခမ်ာ စိတ္ကလည္းဆိုးခ်င္သည္။ ဆိုးကလည္းမဆိုးရဲ ျဖစ္ေနပုံပင္။

'' မဆိုးရင္ အဲ့ေစာင္ပုံထဲက အခုထြက္လာခဲ့ ''

'' ေမာင္ကလည္း...''

'' တိမ္တိုက္ ! ''

ခြန္း၏ အာဏာစက္ေၾကာင့္ ေစာင္ပုံထဲက ျပန္ထြက္လာေသာ အေကာင္ေပါက္စ။ ရႈပ္ပြသြားေသာ အုန္းမုက္ခြက္ ေလးကို ခြန္းျပန္သပ္ေပးရင္း။

'' ေဆး႐ုံဆိုတာ အၾကာႀကီးေနလို႔မေကာင္းဘူး ကေလးရဲ႕။ ၿပီးေတာ့ ကေလးပဲ အျပင္ေတြဘာေတြသြားခ်င္ေသးတာဆို။ သၾကၤန္ ၿပီးရင္ေမာင္မအားေတာ့ဘူးလို႔ေျပာထားတယ္ေလ ။ အဲ့ဒါေၾကာင့္ အခုအိမ္ျပန္ၿပီးေတာ့မွ ေမာင္နဲ႕ေလွ်ာက္လည္ဖို႔အခ်ိန္ရမွာေပါ့ ကေလးရဲ႕။ နားလည္ရဲ႕လား ''

'' ..... ''

ေခါင္းလုံးလုံးေလးကို ေအာက္ထိေအာင္ ၿငိမ့္ခ်လိဳက္ေတာ့...ခြန္း သေဘာက်စြာရီေတာ့သည္။ နားမလည္တာလည္းမဟုတ္ပဲ သက္သက္ ေပေတေနတာျဖစ္သည္။ ဆိုးလြန္းေနတာလား။

ေနာက္ ခြန္းရီေနတာကို အရွိန္သတ္ၿပီး သက္ျပင္းတိုးေလးခ်ကာ

'' သၾကၤန္ၿပီးရင္ ေမာင္တို႔႐ြာသြားရမယ္ ကေလး။ ''

'' ဘာအတြက္လဲေမာင္ ''

'' ေနာက္ေတာ့ သိရမွာေပါ့ ကေလးရယ္...''

30.6.2022

Comment