Episode - 48


သင်္ကြန်အကျနေ့.......

'' မောင် ကော်ဖီ သောက်ဦးမလား ကျွန်တော်သွားဖျော်လိုက်မယ် ''

အိမ်ထဲဝင်သွားပြီး ဆယ်မိနစ်လောက်အကြာမှ ကော်ဖီတစ်ခွက်ကိုင်ကာ ခြံထဲ ပြန်ထွက်လာသောတိမ်တိုက်။ ခွန်း ရှေ့က လုံးပြီးသား မုန့်လုံးရေပေါ်တွေ တင်ထားသော ဗန်းဘေးတွင် ချပေးလိုက်သည်။

'' ကိုကို မင်းရော သောက်ဦးမလား ငါသွားဖျော်လိုက်မယ် ''

ခွန်းဘေးက မုန့်လုံးရေပေါ်လုံးနေသော ကိုကို့ ကိုလည်း လှမ်းမေးရသေးသည်။

'' တော်တော့ တိမ်တိုက်... ။ မလုံးချင်ဘူးဆိုလည်း ငြိမ်ငြိမ်လေးထိုင်နေပါတော့ကွာ မျက်စိတွေနောက်လို့ပါ ''

တစ်ကလေးမှ အငြိမ်မနေသော တိမ်တိုက်အား ရှန်မင်း အုန်းသီးခြစ်နေရင်း လှမ်းဟောက်တော့သည်။

မနက်အစောကတည်း မုန့်လုံးရေပေါ်လုံးရန် တိမ်တိုက်တစ်ယောက် ရှန်မင်းတို့အုပ်စုအား ပတ်ခေါ် ထားတာဖြစ်သည်။ ခွန်း..တိမ်တိုက်...ကိုကို....နှင့် အဇူးတို့က မုန့်လုံးရေပေါ်လုံးနေကြပြီး ရှန်မင်းက အုန်းသီးခြစ်နေကာ...ဒေါ်ယုယမြိုင်နှင့်ဒေါ်ခိုင်ခက်ဦးတို့ကတော့ မီးဖိုနားတွင် တာဝန်ယူ ကာ...
မုန့်လုံးရေပေါ်တို့အား ဘူးအသီးသီးထဲသို့ဆယ်ထည့်ကာ အိမ်နီးနားချင်း တွေအားဝေရန် ပြင်ဆင်နေသည်။

တိမ်တိုက်တစ်ယောက်ကတော့ ထုံးစံအတိုင်းပင် ဆယ်လုံးလောက် လုံးပြီးချိန်တွင် ဖင်မငြိမ်တော့...ဟိုဟာထယူလိုက် သည်ဟာထယူလိုက်နှင့် တစ်ဝိုင်းလုံး သူတစ်ယောက်သာ ယောက်ယက်ခတ်နေသည်။ ယခုလည်း ကော်ဖီလေးတစ်ခွက်ဖျော်သည်ကို တော်တော်နှင့်ပြန်ပေါ်မလာတော့။

'' ဒီမှာ ငါ့အစား မောင် ပိုလုံးပေးနေတယ်လေ မတွေ့ဘူးလား ...နော်....မောင် ''

ခွန်းဘေးနားဝင်ထိုင်ကာ ခွန်း မျက်နှာရှေ့တည့်တည့်သွားကာ ပြောလေသည်။ ခွန်းကတော့ ဘာမှ ပြန်မပြောပဲ ပြုံးလျက်လေးသာ ခေါင်းငြိမ့်ပြသည်။ တိမ်တိုက်အပျင်းဘယ်လောက်ကြီးလဲ သူ့လောက် ဘယ်သူက သိဦးမှာလဲ။

'' ရှန်ခက်... ခနလောက် ''

ကိုကို အနောက်လှည့်ကာ ရှန်မင်းကို ခေါ်လိုက်ပြီး တိုးတိုးလေး ဘာကပ်ပြောလိုက်သည်မသိ...ရှန်မင်း ကိုကို့ ပုခုံးကို အသာနှိပ်ပေးနေသည်။

တိမ်တိုက်တစ်ယောက် သူတစ်ယောက်တည်း ဘေးတွင်အားအားယားယားဖြင့် သူများတွေအားလိုက်ကြည့်ရင်း ကိုကို့ကို ရှန်မင်း နှိပ်ပေးနေတာတွေ့ပြီး သူလည်းအားကျမခံ ခွန်းနောက်သွားပြီး ဒူးထောက်ကာ ခွန်း ပုခုံးတွေကိုသူ့လက်လေးတွေနှင့် နှိပ်ပေးတော့သည်။

'' ဟင် တိမ်တိုက်...ဘာလုပ်တာလဲ ''

ရုတ်တရက် မို့ ခွန်းကလန့်သွားပြီး အနောက်ကိုလှည့်ကြည့်ကာမေးတော့

'' မောင်ညောင်းနေမှာ စိုးလို့ ''

ခွန်း ဒီတိုင်းသာ တိမ်တိုက် နှိပ်ပေးတာခံနေလိုက်သည်။ နှိပ်ပေးသည်ဆိုသော်လည်း တိမ်တိုက်လက်လေးတွေက အားမပါသဖြင့် ပုရွတ်ဆိတ် တစ်ကောင် လျှောက်ပြေးနေသလိုပင်။

'' ဪ...''

ပါးစပ်အဟောင်းသားနှင့် မဲ့ရွဲ့ကာ ထိုနှစ်တွဲကိုကြည့်နေရသူက ဇူးကြယ်စင်မေ ။
LDRS ဘဝမို့..သူ့ခမျာ...သူများရိုတာပဲ ထိုင်ကြည့်နေရတော့သည်။

မီးဖိုနားက အမျိူးသမီးကြီးနှစ်ယောက်ကလည်း စကားတပြောပြောနှင့် အဆင်ပြေနေကြသည်။

'' ဘယ်လိုလဲ ယုယ.... သားမက်ရတာလည်း မဆိုးဘူးမလား ''

ဒေါ်ခိုင်ခက်ဦး... တိမ်တိုက်တို့ဝိုင်းကို မေးထိုးပြကာမေးတော့..ဒေါ်ယုယမြိုင် တိမ်တိုက်နှင့်ခွန်းတို့ကို ကြည့်ကာ ပြုံးလိုက်ပြီး..

'' မဆိုးဘူးဆိုတာထက် ပိုပါတယ် ခိုင်ရယ်။ သားလေးပြန်ရောက်လာတာနဲ့တင် ကိုယ်အတော်ပျော်နေပါပြီ။ တိမ်တိုက် ခွဲစိတ်ခန်းထဲရှိနေတုန်းက ခွန်းက တိမ်တိုက် ကို ဖက်ငိုနေတဲ့အချိန် တိမ်တိုက် ကပြန်ရှင်လာတာလို့ပြောတယ် ။ ဘာပဲပြောပြော သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက်သိပ်ချစ်ကြတာ ကိုယ်တို့အမြင်ပဲလေ။ ''

'' အင်း တိမ်တိုက်လေးက ကံကောင်းပါတယ် ယုယရယ်... ။ ဒါနဲ့ ယုယရော အဆင်ပြေရဲ့လား ''

'' ပြေပါတယ်... ကိုယ်မှ ဘာမှ မတတ်နိုင်တော့တာ ပြေအောင်နေရတော့မှာပေါ့ ''

နောက် သိပ်မကြာခင်တွင် ပုကြူးလေးတို့ သားအဖတွေ ရောက်ချလာသည်။ ပုကြူးတစ်ယောက်ကတော့ သင်္ကြန် ဖက်ရှင်အပြည့်ဖြစ် မင်းသားရှုံးလောက်အောင် ပြင်ဆင်လာတော့သည်။ အရင်လိုတော့ တိမ်တိုက် ကိုယ်ပေါ်ခုန်တက်တာမျိုးတော့ မလုပ်တော့ပေ။ တိမ်တိုက်နှင့်ပုကြူးအရပ်က သိပ်မကွာတော့ဘူးလေ။

ပုကြူး တစ်ယောက် ရောက်ရောက်ခြင်း တိမ်တိုက်ခွံ့သော မုန့်လုံးရေပေါ်များအား စားပြီးချိန်တွင် ဇာတ်လမ်းကစတော့သည်။

'' ကိုကိုတိမ်ကြိုး... ''

'' ဗျာ ''

'' ရပ်ကွက်ထဲ လျှောက်လည်ရအောင်လေ ''

'' သွားချင်လို့လား ''

'' အင်းလေ ''

ပုကြူးက ကလေးဆိုတော့ သင်္ကြန်လည်ချင်မှာပဲဟုတွေးကာ ဘေးက သက်ဆိုင်သူတွေဆီ ခွင့်တောင်းရပြန်သည်။ အမှန်တော့ သူလည်းလည်ချင်နေတာပင်။ အကြိုနေ့က အပြင်မထွက်ရသေးတာကြောင့်ဖြစ်သည်။

တိမ်တိုက် ခွန်းကို တစ်ချက်ကြည့်တော့ ပြောလို့ရမည့်ပုံ မပေါ်နေပေ။ မဟုတ်လျှင်လည်း သူပါလိုက်မယ် လုပ်ဦးမည်။ ခွန်းလို ကျောက်ရုပ်ကြီးကိုသာ ဘေးနားထားရင် သူ့ကိုဘယ်သူမှ ရေလာလောင်းကြမည် မဟုတ်မှန်းလည်းသိသည်။ ထို့ကြောင့်
ပုကြူးဘက်လှည့်ကာ...

'' ဖွားဖွားကိုသွားပြော... ဟိုနားဒီနား ခန ရေပက်ခံထွက်ချင်လို့....ကိုကိုတိမ်တိုက်ကို လိုက်ပို့ပေးဖို့ ပြောပေးပါလား ဆိုပြီး ''

တိမ်တိုက် သေသေချာချာ သင်ပေးနေတာပင်။ ဒီဝိုင်းထံတွင် အားယားနေသူက သူတစ်ယောက်တည်းဆိုတော့..ဒေါ်ယုယမြိုင်က သေချာပေါက် တိမ်တိုက်ကိုသာလိုက်ပို့ခိုင်းလိမ့်မည်။ ဒေါ်ယုယမြိုင်ကသွားဆိုလျှင် ခွန်းက သိပ်တားမည်မဟုတ် ။ ဒေါ်ယုယမြိုင် ခွင့်ပြုတာနှင့်လှစ်ခနဲ ထွက်လာလိုက်လျှင် ခွန်းလည်း ဘာမှပြောချိန်မှီလိုက်မှာ မဟုတ်ဘူး ဟုဆိုကာ အကွက်ဆင်လေသည်။

ပုကြူးတစ်ယောက် ဒေါ်ယုယမြိုင်ဆီသွားကာ တိုးတိုး တိုးတိုးနှင့်ကပ်ပြောလေတော့ တိမ်တိုက်ဆင်ထားသောအကွက်ဟာ ကွတ်တိဝင်သွားပုံရသည်။

'' တိမ်တိုက်ရေ..မင်းညီက ဒီနား ခန ရေပက်ခံထွက်ချင်လို့တဲ့ လိုက်ပို့ပေးလိုက်ပါဦး ''

'' ဗျာ ဟုတ် ခွန်မယ့်....''

ခွန်းဘေးနားမှ ထွက်သွားဖို့ပြင်လိုက်ချိန်တွင် တိမ်တိုက်လက်ကောက်ဝတ်ကို ခွန်း လှမ်းဆွဲလိုက်ပြီး

'' မောင်ပါ လိုက်မယ်... ''

'' မောင်ကလည်း ဒီမှာ လုံးစရာတွေ ကျန်နေသေးတယ်လေ။
ခနလေးပဲဟာ ဘာမဖြစ်စေရဘူး စိတ်ချ ''

ခွန်းလက်ထဲမှ ရုန်းကာ ထသွားပြီး ပုကြူးလက်ကိုဆွဲကာ ခြံထဲမှ ထွက်သွားတော့သည်။

'' တိမ်တိုက်...''

သွားနေသော တိမ်တိုက်ခြေလှမ်းတို့ကလှမ်းအော်သော ခွန်းအသံကြောင့်ရပ်လိုက်ပြီး လှည့်ကြည့်တော့

'' ဒီနားပဲနော် ''

'' Yes sir. .''

အလေးပြုသလို လုပ်သွားပြီး အမြန်ထွက်သွားသော အကောင်ပေါက် နှစ်ကောင်။

ခနလေးဟုဆိုကာထွက်သွားသော သူနှစ်ယောက်က နေ့လည် ရောက်တော့မည် ပြန်ရောက်မလာသေး။ စေလွန်းညိုက ပုကြူးဖုန်းကိုလှမ်းဆက်ကြည့်တော့..အလှူအိမ်မှာထမင်းဝင်စားရင်း အဲ့သည့်မှာပဲ ရေဆော့နေကြသည်ဟုပြောသည်။ ထိုအိမ်က ဒေါ်ယုယမြိုင်နှင့် ရင်းနှီးသောအိမ်ဖြစ်တာကြောင့် စိတ်မပူရန် စေလွန်းညိုနှင့် လင်းအင်္လကာရောင် တို့ကို ဒေါ်ယုယမြိုင်သေချာပြောပြသည်။ ခွန်းကတော့ စေလွန်းညိုဆီမှ ဖုန်းခနတောင်းပြီး ဂရုစိုက်ဖို့သာ တိမ်တိုက်ကိုလှမ်းမှာသည်။ ပုကြူးလေးကလည်း သည်လို တစ်ခါမှ မဆော့ဖူးတာမို့ ကလေးပီပီ တစ်ခါတလေ ဆော့ပါစေဟုဆိုကာ စေလွန်းညိုတို့ကလွှတ်ထားပေးသည်။

အဲ့တာနှင့် အိမ်မှာကျန်ခဲ့သည့်လူတွေပဲ ထမင်းအရင်စားနှင့်လိုက်ကြတော့သည်။ စားပြီးတော့ ခြံထဲမှာပဲ ထိုင်ခုံတွေထုတ်ကာ ကော်ဖီသောက်ရင်း စကားပြောကြသည်။ ဒေါ်ယုယမြိုင်ကတော့ ဒေါ်ခိုင်ခက်ဦး အိမ်ဘက်လိုက်သွားသည်။ ထို့ကြောင့် ခြံထဲတွင် K'Cloudy မှ ရှယ်ယာဝင်တွေနှင့် ဆရာဆရာမ များသာကျန်ခဲ့တော့သည်။ ပြောသည့်အကြောင်းအရာများက တူညီကြသည်မို့ တစ်ယောက်တစ်ခွန်းနှင့် စကားလက်ဆုံကြနေသည်။ အားလုံး၏ ကော်ဖီခွက်က ကုန်လုနီးပါးဖြစ်လာသော်လည်း ခွန်းကတော့တစ်စက်မှ မထိရသေးပေ။

ထိုစဉ် ခြံထဲသို့ ကုတ်ကုတ်လေးဝင်လာသော အကောင်နှစ်ကောင်။ တစ်ကိုယ်လုံးစိုရွှဲနေကာ ဆံပင်တို့က ကြွက်စုတ်ကေများဖြစ်နေကြသည်။

'' အမေလး ဟိုမှာ ပြန်လာကြပါပြီ.... ''

သူတို့ အဖွဲ့ဆီ တည့်တည့်လျှောက်လာကြသူနှစ်ယောက်မှာ လက်လေးတွေ ကိုယ်စီပိုက်လို့ချမ်းနေကြပုံပင်။

လင်းရောင်က ကားထဲမှ ပုကြူး အင်္ကျီ အပိုတွေကို ထုတ်ပေးလိုက်ပြီး အိမ်ထဲဝင်လဲစေသည်။ တိမ်တိုက် အလယ်က စားပွဲပေါ်ကိုကြည့်လိုက်တော့ သစ်သီးနှင့် ကော်ဖီခွက်များကိုတွေ့ရသည်။နောက် ခွန်းရှေ့က ကော်ဖီခွက်ကို အရင်ကောက်ယူလိုက်ပြီး

'' ချမ်းလို့ တစ်ငုံလောက် ''

ဟုဆိုကာ အေးစက်နေသောကော်ဖီကို တစ်ငုံသောက်ကာပြန်ချပေးလိုက်သည်။

'' အင်္ကျီတွေ ကုတင်ပေါ်မှာချထားပေးတယ် ''

ခွန်း မော့ကြည့်ကာပြောလိုက်တော့ တိမ်တိုက် ခေါင်းလေးငြိမ့်ကာ ပုကြူးကိုခေါ်ပြီး အိမ်ထဲဝင်သွားကြသည်။ အပြင်က
လင်းရောင်ကတော့ ပုကြူးခေါင်းကိုသုတ်ပေးရန် သဘက်လေးကိုင်ကာ ထိုင်စောင့်နေသည်။

မကြာခင် တိမ်တိုက် က ကုတင်ပေါ် ခွန်းတင်ပေးထားသော အဝါရောင် ရှပ်လက်ရှည်နှင့် ခဲရောင် ချည်ဘောင်းအတိုကိုဝတ်ဆင်ကာ သဘက် ဖြူတစ်ထည်ကိုလည်း ပုခုံးတွင် လွှားတင်လျက် အရင်ထွက်လာသည်။ ထို့အပြင် မိုင်ကော်ဖီတွေထည့်ထားသော အပူခံဘူးလေးကိုလည်း ကိုင်ထားသေးသည်။ အနောက်မှာမှ အပြာရောင်တီရှပ်ကို ဂျင်းဘောင်းဘီ အတိုနှင့် ဝတ်ကာထွက်လာသော ပုကြူးရှိသည်။

ပုကြူးက ခုံတစ်ခုံဆွဲကာ လင်းရောင်နားထိုင်တော့
လင်းရောက်က သဘက်နှင့်ရေစိုခေါင်းကို ဖွဖွ သုတ်ပေးသည်။

လင်းရောင်က ခေါင်းသုတ်ပေးသည်။ ပုကြူးက သစ်သီး ပန်းကန် ကိုင်ကာ အေးဆေး စားနေသည်။

တိမ်တိုက်ကတော့ ခွန်းအရှေ့ဝင်ကာ မြက်ခင်းစိမ်းပေါ်က ခွန်း ကတ္တီပါ ဖိနပ်ကို ဖင်ခုထိုင်ချလိုက်သည်။ ခွန်းက အလိုက်သိစွာ ပုခုံးပေါ်ကသဘက်ကိုယူပြီး တိမ်တိုက်၏ အုန်းမုက်ခွက်ဆံပင်တို့အား အသာအယာ သုတ်ပေးသည်။ တိမ်တိုက်တစ်ယောက် ကတော့အောက်ကနေရင်း မိုင်ကော်ဖီ လေးသောက်ကာ ဇိမ်ခံနေသည်။

ဆံပင်ကိုင်လျှင် အိပ်ချင်လာသည့် ထုံးစံအရ...တိမ်တိုက် စငိုက်တော့သည်။ ခွန်းတို့ပြောနေသော အကြောင်းများကလည်း သူမသိတာကြောင့်ဝင်မပြောနိုင်ပဲ ရှိသည်။ ထိုမှ တဖြည်းဖြည်း တိမ်တိုက်ခေါင်းဟာ ခွန်း၏ ဒူးတစ်ဖက်ပေါ်သို့ စောင်းကျလာပြီး ခွန်း ဒူးခေါင်းကို မှီရင်း အိပ်ပျော်သွားတော့သည်။ ဘယ်လောက်တောင် သောင်းကျန်းလာခဲ့သလဲ မသိ ။ ပုကြူးတစ်ယောက်လည်း ခြေကုန်လက်ပန်းကျကာ ခုံပေါ် အိပ်ပျော်နေပြီဖြစ်သည်။

'' တိမ်တိုက်...တိမ်တိုက်...အိပ်ချင် အခန်းထဲသွားအိပ်လေ ''

တိမ်တိုက်ကို ခွန်း လှုပ်နှိုးကြည့်တော့ အကောင်ပေါက်က နည်းနည်းလှုပ်လာကာ

'' အင်း....ခနေလးပဲ... အိပ်မှာ.....အင်း..''

ယောင်ဝါးဝါးနှင့်ခေါင်းထောင်လာကာ ဗလုံးဗထွေးပြောပြီး ဒီဘက်ဒူးခေါင်းမှ ဟိုဘက်ဒူးခေါင်းအပေါ် ပြောင်းမှီပြီးဆက်အိပ်တော့သည်။

ဆေးထိုးနေကျ ရှန်မင်းတစ်ယောက်ကတော့ ဖုန်းထုတ်ကာ ခွန်းဒူးခေါင်းပေါ် အိပ်နေသော တိမ်တိုက်ကို ထောင့်ပေါင်းစုံကနေ လိုက်ရိုက်တော့သည် ။

နောက်တော့ ခွန်းလည်း တိမ်တိုက် ကို အသာထိန်းပြီး ပွေ့ချီကာ အခန်းထဲပြောင်းသိပ်ပေးလိုက်သည်။ တိမ်တိုက်ကို အခန်းထဲထည့်ပြီး ပြန်ထွက်လာတော့
ပုကြူးကိုပါ ထပ်ချီပြီး တိမ်တိုက်ဘေးသို့ သွားချပေးထားလိုက်သည်။ ကလေးတွေအိပ်ချိန်တွင် သူတို့ လူကြီးတွေကတော့ စီးပွားရေးကိစ္စများပြောကြသည်ပေါ့။

'' ခွန်း .... ကျူရှင်ကနေ ကျောင်း ကိုပြောင်းမယ့်ကိစ္စ တိမ်တိုက်ကိုပြောပြ ပြီးပြီလား ''

စေလွန်းညို ခွန်းကိုမေးတော့ ခွန်းသက်ပြင်းလေးချကာ ခေါင်းရမ်းပြသည်။

ခွန်းကသူ့ကိုစောင့်ရှောက်ခဲ့သော ထွဋ်ခေါင်တို့ အဆင်ပြေစေရန်ရည်ရွယ်ပြီး ထွဋ်ခေါင်တို့ရွာဘက်တွင် K'Cloudy ကို အခွဲအနေနှင့်ဖွင့်ပေးရန် ဦးမာန်ခွန်းစစ် အားတောင်းဆိုခဲ့တာဖြစ်သည်။

အစက ထိုအစီအစဉ်ကို စိုင်းထွဋ်ခေါင်မင်း က လက်မခံပေ။ ဒါဟာ လျော်ကြေးသဘောမျိုးဖြစ်နေပြီး သူ​၏ အုပ်ထိန်းခွင့်ကို K'Cloudy နှင့် လာလဲနေတာမျိုးဖြစ်သည်။ ထွဋ်ခေါင် အကြိမ်ကြိမ် စဉ်းစားသည်။ လက်ခံလိုက်လျှင် မာနကိုရိုက်ချိူးခံရသလိုလည်းဖြစ်နေမည်။ လက်မခံလျှင်လည်း သူချစ်သော ရွာအတွက် နစ်နာသွားမည်။ ထွဋ်ခေါင်က ခွန်းပြီးလျှင် သူ့တပည့်တွေကို အကြည့်ဆုံးဖြစ်တာကြောင့် နောက်ဆုံး ခွန်းကိုစွန့်လွှတ်ပြီး လက်ခံခဲ့တာဖြစ်သည်။
သို့ပေမယ့် ခွန်းနှင့်စိုင်းထွဋ်ခေါင်မင်းတို့ စကားမပြောကြတော့သည်မှာလည်း သုံးလေးနှစ်လောက်ရှိနေပြီ။

ခွန်းကတော့ အပေးအယူအနေနှင့် K'Cloudy ကို Private School အဖြစ်ပြောင်းရန်လက်ခံပေးရလိမ့်မည်။

K'Cloudy က Private School ဖြစ်လာသည့်အခါ အရင်ကထက် ပိုအင်အားကြီးလာမှာဖြစ်သလို ထိုအင်အားဟာလည်း ဦးမာန်ခွန်းစစ်အတွက် တစ်ထောင့်တစ်နေရာမှ အားဖြည့်ပေးသလိုဖြစ်တော့မှာပင်။ အရင်လို သာမန်လူများ မတတ်နိုင်တော့ပဲ အကောင်ကြီးကြီး နှင့် လူကုံထံ အသိုင်းအဝိုင်း မှ ကလေးတွေကိုသာ ရွေးချယ်တော့မှာဖြစ်သည်။ K'Cloudy ကိုခွန်းတို့ စတင်ထောင်ခဲ့တာမှန်သည်။ သို့သော် တစ်စုံတစ်ရာသော ကတိစကားကြောင့် လက်ခံရင်း လက်ခံရင်း K'Cloudy ဟာ ဦးမာန်ခွန်းစစ်၏ ပုံစံဖြစ်လာတော့မှာပင်။ တစ်နည်းအားဖြင့် K' Cloudy ဟာ စီးပွားရေးဆန်လာတော့မှာပင်။

နောက်ဆုံး အချက်အနေနှင့်လက်ခံရမှာ တစ်ခုရှိနေသည်။ ဒါဟာ ခွန်းအတွက် ဘာသက်ရောက်မှုမှ မရှိသော်လည်း တိမ်တိုက်အပေါ် တစ်ခုခု ဖြစ်လာမှာစိုးရိမ်သည်။

ထိုအချက်ကတော့ K'Cloudy တွင် ခွန်းက ကျောင်းအုပ်ဖြစ်ပြီး ဒုကျောင်းအုပ်နေရာတွင် ဦးမာန်ခွန်းစစ် အရင်းနှီးဆုံး အသိမိတ်ဆွေ၏ သမီးဖြစ်သူက ရောက်လာလိမ့်မည်။ ဦးမာန်ခွန်းစစ် က တမင်ရည်ရွယ်ကာ ထိုအမျိူးသမီးကို ခွန်းနားပို့ရခြင်းလား။

ထိုအမျိူးသမီးက ဆူးအမရာနွယ်....

တိမ်တိုက်နှင့် သဘောတူကာ ကြည်ဖြူနေသည်ဟု တစ်လျှောက်လုံးထင်ထားသော်လည်း တကယ်တော့ ဦးမာန်ခွန်းစစ် က အချိန်ပေးထားခြင်းသက်သက်သာ။ နောက်ဆုံးကျလျှင် သူ့သဘောအတိုင်း ဖြစ်စေချင်သည့်သဘောပင်။

'' အမရာ့ဘက်ကရော လက်ခံတယ်လို့ပြောလား ကိုခွန်း ''

'' သူ့ဘက်က တောင်းဆိုတယ်လို့ကြားတယ် ရှန်မင်း ။ ကိုယ်တို့နှစ်ယောက်ခုထိ မတွေ့ရသေးတော့ သေချာမသိသေးဘူး ''

'' ဒါ ဆို အမရာက တိမ်တိုက် နဲ့ အကြောင်းမသိသေးလို့များလား ''

အဇူးကဝင်မေးသည်။

'' မဖြစ်နိုင်ဘူး အဇူး ။ K'Cloudy ဆိုတာနဲ့ ခွန်းက ဘာလဲဆိုတာ လူတိုင်းသိနေတာကို။ ဒါ သိရက်နဲ့ သက်သက်လုပ်တာ ''

အဇူးစကားကို ကိုကိုက ဝင်ထောက်ပြသည်။ ကိုကိုပြောတာလည်းမှန်သည်။ K'Cloudy ကိုစစုံစမ်းလျှင် ခွန်းဟာ ဂေးဖြစ်ကြောင်းနှင့်တရားဝင် ချစ်သူရှိကြောင်း လူတိုင်းသိကြသည်။

'' ဘာပဲဖြစ်ဖြစ် သတိထားပေါ့ ခွန်းရာ။ အဓိက က တိမ်တိုက်ပဲ။ အခုမှ ပြန်ကောင်းခါစဆိုတော့ ဘာမှထပ်မဖြစ်စေချင်ဘူး။ သူ မင်းကိုဘယ်လောက်ချစ်လဲ မင်းသိပါတယ် ''

ခွန်းက သက်ပြင်းတွေသာ တွင်တွင်ချပြီး ခေါင်း တငြိမ့်ငြိမ့်ပေါ့ ။ သည်လိုနှင့် စကားပြောကြရင်း ညနေသို့ရောက်လာသောအခါ ရှန်မင်း က ကိုကိုနဲ့အတူ သူ့အိမ်ပြန်သွားသည်။ အဇူးက လည်း အိမ်ပြန်သွားသည်။ နောက်တော့ ပုကြူးတစ်ယောက်အရင်နိုးလာတာကြောင့် စေလွန်းညိုတို့သားအဖတွေလည်းပြန်သွားကြသည်။

ထိုအိမ်ထဲမှာကျန်ခဲ့တာက အိပ်ပျော်နေသော တိမ်တိုက်ရယ်...ရင်မောနေရသော ခွန်းရယ်ပေါ့။

အိပ်ပျော်နေသော တိမ်တိုက်ကို ခွန်း တစိမ့်စိမ့်ထိုင်ကြည့်ကာ အတွေးတွေက ဟိုရောက်ဒီရောက်။ ဒီကလေးက ပျော်ရွှင်ရချိန် သိပ်ကိုနည်းလွန်းသည်။ တစ်ခုခုဆိုလျှင်လည်း ထိခိုက်သွားရတာက သူလေးကိုယ်တိုင်ပင်။ ထို့ကြောင့်ခြေလှမ်းတိုင်းကိုဂရုတစိုက်လှမ်းနေရတာပင်။

.............

သင်္ကြန် အတက်နေ့ညနေ.....

ဧည့်ခန်းတွင် ခွန်းတစ်ယောက် လက်ပိုက်ကာ ခြေထောက်ချိတ်ထိုင်ရင်း တည်နေသော မျက်နှာက သိပ်ကိုကြောက်စရာကောင်းနေသည်။ ဦးမာန်ခွန်းစစ် ခေါ်သဖြင့် မနက်ပိုင်း မြို့တော်ဝန် မဏ္ဍပ် သို့ သွားရသည်။ အတက်နေ့မို့ သူမပါပဲ ဘယ်မှမသွားရဘူးဟု သေချာ မှာခဲ့သော်လည်း အိမ်ရောက်တော့ သေချာကို တိမ်တိုက်က ရှိမနေတော့ပေ။

တိမ်တိုက်ဖုန်းက အိမ်မှာကျန်ခဲ့တာကြောင့် ဒေါ်ယုယမြိုင်ကို ဖုန်းဆက်မေးလိုက်သေးသည်။ သူ့ဆီလိုက်သွားမည်ဟုပြောသဖြင့် လွှတ်လိုက်သည်ဟု ဆိုသည်။

ခွန်းတွေးလေ စကားနားမထောင်သော တိမ်တိုက်ကို ပိုဒေါသထွက်လေဖြစ်ကာ အံတကြိတ်ကြိတ်။ နာရီကိုကြည့်တော့ ၅နာရီကျော်နေပြီဖြစ်သည်။ ကျေးဇူးရှင်ကပြန်မရောက်သေး။

ထိုစဥ်.... အိမ်ထဲသို့ ကုတ်ချောင်းချောင်းနှင့် ဝင်လာသော တိမ်တိုက်ကြိုး။
ခွန်းကမနက်အစောကြီးကတည်းကထွက်သွားပြီး အပြန်နောက်ကျမည်ဟုမှာခဲ့တာ​ကြောင့် ရှန်မင်းတို့ကားနှင့်လိုက်သွားခဲ့တာပင်။ ခွန်းမရောက်ခင် စောစောပြန်လာရန်စီစဥ်ထားသော်လည်း နောက်ဆုံးနေ့မို့ ကားတွေများကာ လမ်းပိတ်နေတာကြောင့် အပြန်နောက်ကျနေတာဖြစ်သည်။

တိမ်တိုက်ဝင်လာတာသိသော်လည်း ခွန်း အဖက်မလုပ်ပဲ ဒီတိုင်းသာ မျက်နှာတည်နှင့် နေနေတော့....တိမ်တိုက်နေရာမှာတင်ရပ်ပြီး ခွန်းကိုကြည့်နေမိသည်။ ထိုစဥ် ဘုန်ကြီးကျောင်း မှ ပြန်ရောက်နေသော ဒေါ်ယုယမြိုင် က အခန်းထဲမှထွက်လာပြီး

'' ဘာရပ်လုပ်နေတာလဲ အဝတ်အစားသွားလဲတော့လေ ''

ထိုအခါမှ အခန်းထဲဝင်သွားတော့သည်။ ဒေါ်ယုယမြိုင်တစ်ယောက် အနောက်က လိုက်ဝင်သွားပြီး

'' မင်း ခွန်း ကိုမပြောခဲ့ဘူးဆို ''

'' မောင် တော်တော် စိတ်တိုနေလား ခွန်မယ့်''

'' အေး ငါပြန်ရောက်ကတည်းက အဲ့ပုံအတိုင်းပဲ။ ခွန်းဒေါသကိုသိရဲ့သားနဲ့ကွယ် မင်းတစ်ယောက်နဲ့ ခက်တာပဲ ''

ဒေါ်ယုယမြိုင် တိမ်တိုက်ကို သနားသလိုလို ပုံစံလုပ်တော့

'' ဒီည မယ့် အခန်းမှာ လာအိပ်ပါရစေနော်... နော်...လာအိပ်မယ် ''

'' တိတ်စမ်း ကိုယ့်ကိစ္စကိုယ်ရှင်း ငါလော့ချထားမှာ ''

'' ခွန်မယ့်ကလည်း လုပ်ပါ။ မောင်က ကြောက်စရာကြီး''

'' ဘာလဲ မင်းပဲချစ်လှပါပြီရဲ့ဆို ။ ကိုယ့်အကြောင်းနဲ့ကိုယ်ပဲ ငါသွားပြီ ''

'' ဟာ မယ့် မထားခဲ့နဲ့လေ...မယ့်....''

တိမ်တိုက် အသံတိုးလေးအော်ခေါ်ရှာသည်။ ဒေါ်ယုယမြိုင်ကတော့ သူ့အခန်းထဲသူဝင်ပြီး တကယ်လော့ချထားလိုက်သည်။

တိမ်တိုက် ရေဝင်ချိူးကာ ခွန်းထုတ်ပေးထားသော Pajama လက်ရှည်ကို ကောက်ဝတ်လိုက်သည်။ ခွန်းကို ခေါင်းသွားသုတ်ခိုင်းရမှာကြောက်၍ ကိုယ့်ဘာသာ dryer နဲ့မှုတ်လိုက်သည်။ ဗိုက်ကလည်း တဖြည်းဖြည်းဆာလာသည်။ သို့သော်အပြင်လည်းမထွက်ရဲတာကြောင့် အခန်းထဲမှာပဲဟိုလျှောက်သည်လျှောက်လုပ်နေသည်။ ကိုက်လွန်း၍ လက်သည်းတွေလည်း ဆယ်ချောင်းလုံးကုန်နေပြီ။

'' တိမ်တိုက်ကြိုး! ထမင်းစားမယ် ထွက်ခဲ့ ''

ခွန်း၏ စိတ်ဆိုးနေသောလေသံကြီးက အခန်းအပေါက်ဝမှာ ဟိန်းခနဲ။

'' ဗျာ ဟုတ်ကဲ့။ လာပြီ လာပြီ ''

ထမင်းစားခန်းထဲတွင် နှစ်ယောက်သား မျက်နှာချင်းဆိုင်ထိုင်နေကြသည်။ အရင်က နားညီးရလောက်သည့်ထမင်းဝိုင်းက ယခု တိတ်ဆိတ်ကာ ပတ်ဝန်းကျင် လေကပါ အေးစက်နေသလိုခံစားရသည်။

တိမ်တိုက်တစ်ယောက် ခွန်းကို သိပ်မကြောက်ရှာပါဘူး....ထမင်းကို နှစ်ခါထပ်ယူသည်။ ဒီည အဆူခံဖို့ဆို သူအားရှိဖို့လိုသည်တဲ့လေ။

နောက် ထမင်းစားသောက်ပြီးတော့ အိပ်ခန်းထဲ တိမ်တိုက်အရင်ဝင်သွားသည်။ ခွန်းဝင်လာတော့ တိမ်တိုက်က ခေါင်းအုံးနှင့်စောင်ကို ပိုက်ကာ အခန်းအပြင်ထွက်မည်လုပ်တော့။

'' ဒါဘယ်လဲ ''

'' ဟို...ဟို...မောင်စိတ်ဆိုးနေလို့လေ အပြင်ထွက်အိပ်မလို့ ''

'' ဘာလို့ စိတ်ဆိုးအောင်လုပ်သလဲ ''

'' အဲ့...အဲ့..အဲ့ဒါကလေ.......''

တိမ်တိုက်တစ်ယောက် စကားတွေတောင်ထစ်နေတော့သည်။

'' တိမ်တိုက်ကြိုး...မင်း မောင့်စကားကိုတစ်စက်ကလေးတောင် အလေးမထားတာလား ဟမ်။ ပြောစမ်းပါဦး....ဒီလောက် မကြိုက်တာတွေပဲလုပ်နေရအောင် ဘယ်သူ့အားကိုးနဲ့လဲ ''

'' ဘယ်..ဘယ်သူ့မှ အားမကိုး...''

'' မောင် လိမ်တာမကြိုက်ပါဘူးလို့ အတန်တန်ပြောထားကို မင်းက ဂရုမစိုက်တာလား ဟမ်... အလိုလိုက်ထားလို့ မင်းက ပျက်စီးနေပြီ ​တိမ်တိုက်ကြိုး ''

'' မဟုတ်..မဟုတ် ပါဘူး ''

'' ဘယ်လိုလဲ မောင်မပါပဲသွားရတာ အရမ်းပျော်ခဲ့တယ်မလား။ ဟက် မင်းက လွတ်လွတ်လပ်လပ် နေချင်တဲ့ပုံပဲ။ ''

ခွန်း ကတစ်ချက်ရွဲ့ကာ ရီပြီးပြောလိုက်တော့ လက်ထဲက ကျစ်နေအောင်ပိုက်ထားသော ခေါင်းအုံး နှင့်စောင်ကိုကုတင်ပေါ်ပြန်ချကာ ခွန်းဘေး သွားလိုက်ပြီး ခွန်းလက်တွေကိုဆွဲယူလိုက်သည်။ ခွန်း ပြောနေသော စကားတွေကဘယ်ကိုဦးတည်နေပြီမှန်းတိမ်တိုက်သိသည်။ သည်တစ်ခေါက် သူလွန်သွားမှန်းလည်းသိသည်။ ဒါ့ကြောင့်....

'' မဟုတ်ဘူးနော် မောင်။ လွတ်လွတ်လပ်လပ် မနေချင်ဘူး။ မောင့်အရိပ်မှာပဲနေချင်တာ ။ ဒီနေ့ ကျွန်တော်မှားခဲ့တာပါ..ကျွန်တော်တောင်းပန်ပါတယ်... မောင့်ကိုလိမ်မိတဲ့အတွက် တောင်းပန်ပါတယ်။ နောက်ဆိုလည်း ပြောစကားနားထောင်ပါ့မယ်နော်... ဟင့်....ကျွန်တော်အပြစ်ရှိတာမို့ အပြစ်ပေးပါ။
မောင့်အနားကနေတော့ နှင်မထုတ်ပါနဲ့...ဟင့်...ကျွန်တော်တောင်းပန်ပါတယ် ဟင့်...မောင့်နားမှာပဲ နေပါရစေ။ ''

ပြောရင်း မျက်ရည်တွေ ပိုးတိုးပေါက်တောက် ကျကာ ရှိုက်သံတွေပါ ပါလာသော တိမ်တိုက်။ ခွန်း ဒီလောက်ထိ မပြောချင်သော်လည်း ဒီကလေးက ဒါနဲ့ ခြိမ်းခြောက်မှ ကြောက်တာပင်။ မဟုတ်လျှင် လူကိုမထီမဲ့မြင်ပြုလွန်းသည်။

'' မငိုစမ်းနဲ့။ မင်းက ဘာမှန်နေလို့ ငိုနေရတာလဲ..။ အခုတိတ်... ''

'' ဟင့် ''

တစ်ချက်ရှိုက်ပြီး ငိုသံကိုထိန်းလိုက်သည်။

'' သွားအိပ်တော့ ပင်ပန်းလာတယ်မလား ''

ခွန်းပြော​တော့ တိမ်တိုက် ကုတင်ပေါ်တက်ကာ စောင်ကောက်ခြုံပြီး မျက်လုံးအတင်းမှိတ်ကာ အိပ်တော့သည်။ ခွန်းက တော့ ဗီရိုထဲမှ တစ်ခုခုကိုထုတ်ကာ အပြင်သို့ပြန်ထွက်သွားသည်။

တိမ်တိုက်လည်း ခွန်းကိုစောင့်ရင်း ငိုက်လာသည်။ အိပ်ပျော်တော့မည့်အချိန် ခွန်းပြန်ဝင်လာသည်။ ဗီရိုထဲ တစ်ခုခုကို ပြန်ထည့်လိုက်ပြီး ကုတင်ပေါ်တက်သည်။ ထို့နောက် တိမ်တိုက် ခေါင်းကို အသာမကာ သူ့လက်မောင်းပေါ်တင်လိုက်ပြီး တိမ်တိုက်နဖူးပေါ်သို့ တစ်ချက်အနမ်းခြွေလိုက်သည်။

တိမ်တိုက်နှာခေါင်းထဲ ခွန်းကိုယ်သင်းနံ့ မဟုတ်တဲ့ အနံ့တစ်ခုကိုရသည်။ သေချာရှူကြည့်မှ ခွန်းအင်္ကျီ မှရတာဖြစ်ပြီး အနံ့က ဆေးလိပ်ငွေ့အနံ့ဖြစ်သည်။

'' မောင် ဆေးလိပ်တွေ သောက် လာတာလား...''

မနေနိုင်တဲ့အဆုံး တိမ်တိုက် တိုးတိုးလေးမေးတော့....

'' မင်းက ဆိုးတာကို.... ''

'' တောင်းပန်ပါတယ် မောင်ရယ်... ''

'' မောင် မင်းကိုခက်ခက်ခဲခဲ ပြန်ရထားတာ တိမ်တိုက်... မင်းက မောင့်ရဲ့အရာရာပဲ။ မင်းသာတစ်ခုခု ထပ်ဖြစ်ရင် မောင်သေမှာ ။ မောင်ကကောင်းစေချင်လို့ပြောတဲ့အခါ နားထောင်စမ်းပါ ကလေးရယ် ''

'' အင်း နောက် မဖြစ်စေရပါဘူး ''

" ဆေးလိပ်အနံ့အရမ်းပြင်းနေလား မောင် အင်္ကျီ လဲလိုက်ဦးမယ်''

ခွန်း အင်္ကျီ တစ်ထည် ထလဲကာ ကုတင်ပေါ် ပြန်လာပြီး တိမ်တိုက်ကို ရင်ခွင်ထဲ သိမ်းထည့်ထားသည်။ တိမ်တိုက် ခွန်းရင်ခွင်ထဲမှ မော့ကြည့်ကာ

'' မောင် စိတ်ဆိုးပြေပြီလားဟင် ''

'' နည်းနည်းကျန်သေးတယ် ''

အင်္ကျီ လဲလိုက်သော်လည်း ခွန်းနှုတ်ခမ်းတွေဆီမှ ဆေးလိပ်အနံ့ဟာ ရနေသေးသည်။

'' မောင့်နှုတ်ခမ်းက ဆေးလိပ်အနံ့စွဲနေပြီ ''

'' မင်း ကူဖျက်ပေးမလား ''

'' ဗျာ အွန့်...''

4.7.2022

(Zawgyi)

သၾကၤန္အက်ေန႕.......

'' ေမာင္ ေကာ္ဖီ ေသာက္ဦးမလား ကြၽန္ေတာ္သြားေဖ်ာ္လိုက္မယ္ ''

အိမ္ထဲဝင္သြားၿပီး ဆယ္မိနစ္ေလာက္အၾကာမွ ေကာ္ဖီတစ္ခြက္ကိုင္ကာ ၿခံထဲ ျပန္ထြက္လာေသာတိမ္တိုက္။ ခြန္း ေရွ႕က လုံးၿပီးသား မုန႔္လုံးေရေပၚေတြ တင္ထားေသာ ဗန္းေဘးတြင္ ခ်ေပးလိုက္သည္။

'' ကိုကို မင္းေရာ ေသာက္ဦးမလား ငါသြားေဖ်ာ္လိုက္မယ္ ''

ခြန္းေဘးက မုန႔္လုံးေရေပၚလုံးေနေသာ ကိုကို႔ ကိုလည္း လွမ္းေမးရေသးသည္။

'' ေတာ္ေတာ့ တိမ္တိုက္... ။ မလုံးခ်င္ဘူးဆိုလည္း ၿငိမ္ၿငိမ္ေလးထိုင္ေနပါေတာ့ကြာ မ်က္စိေတြေနာက္လို႔ပါ ''

တစ္ကေလးမွ အၿငိမ္မေနေသာ တိမ္တိုက္အား ရွန္မင္း အုန္းသီးျခစ္ေနရင္း လွမ္းေဟာက္ေတာ့သည္။

မနက္အေစာကတည္း မုန႔္လုံးေရေပၚလုံးရန္ တိမ္တိုက္တစ္ေယာက္ ရွန္မင္းတို႔အုပ္စုအား ပတ္ေခၚ ထားတာျဖစ္သည္။ ခြန္း..တိမ္တိုက္...ကိုကို....ႏွင့္ အဇူးတို႔က မုန႔္လုံးေရေပၚလုံးေနၾကၿပီး ရွန္မင္းက အုန္းသီးျခစ္ေနကာ...ေဒၚယုယၿမိဳင္ႏွင့္ေဒၚခိုင္ခက္ဦးတို႔ကေတာ့ မီးဖိုနားတြင္ တာဝန္ယူ ကာ...
မုန႔္လုံးေရေပၚတို႔အား ဘူးအသီးသီးထဲသို႔ဆယ္ထည့္ကာ အိမ္နီးနားခ်င္း ေတြအားေဝရန္ ျပင္ဆင္ေနသည္။

တိမ္တိုက္တစ္ေယာက္ကေတာ့ ထုံးစံအတိုင္းပင္ ဆယ္လုံးေလာက္ လုံးၿပီးခ်ိန္တြင္ ဖင္မၿငိမ္ေတာ့...ဟိုဟာထယူလိုက္ သည္ဟာထယူလိုက္ႏွင့္ တစ္ဝိုင္းလုံး သူတစ္ေယာက္သာ ေယာက္ယက္ခတ္ေနသည္။ ယခုလည္း ေကာ္ဖီေလးတစ္ခြက္ေဖ်ာ္သည္ကို ေတာ္ေတာ္ႏွင့္ျပန္ေပၚမလာေတာ့။

'' ဒီမွာ ငါ့အစား ေမာင္ ပိုလုံးေပးေနတယ္ေလ မေတြ႕ဘူးလား ...ေနာ္....ေမာင္ ''

ခြန္းေဘးနားဝင္ထိုင္ကာ ခြန္း မ်က္ႏွာေရွ႕တည့္တည့္သြားကာ ေျပာေလသည္။ ခြန္းကေတာ့ ဘာမွ ျပန္မေျပာပဲ ၿပဳံးလ်က္ေလးသာ ေခါင္းၿငိမ့္ျပသည္။ တိမ္တိုက္အပ်င္းဘယ္ေလာက္ႀကီးလဲ သူ႕ေလာက္ ဘယ္သူက သိဦးမွာလဲ။

'' ရွန္ခက္... ခနေလာက္ ''

ကိုကို အေနာက္လွည့္ကာ ရွန္မင္းကို ေခၚလိုက္ၿပီး တိုးတိုးေလး ဘာကပ္ေျပာလိုက္သည္မသိ...ရွန္မင္း ကိုကို႔ ပုခုံးကို အသာႏွိပ္ေပးေနသည္။

တိမ္တိုက္တစ္ေယာက္ သူတစ္ေယာက္တည္း ေဘးတြင္အားအားယားယားျဖင့္ သူမ်ားေတြအားလိုက္ၾကည့္ရင္း ကိုကို႔ကို ရွန္မင္း ႏွိပ္ေပးေနတာေတြ႕ၿပီး သူလည္းအားက်မခံ ခြန္းေနာက္သြားၿပီး ဒူးေထာက္ကာ ခြန္း ပုခုံးေတြကိုသူ႕လက္ေလးေတြႏွင့္ ႏွိပ္ေပးေတာ့သည္။

'' ဟင္ တိမ္တိုက္...ဘာလုပ္တာလဲ ''

႐ုတ္တရက္ မို႔ ခြန္းကလန႔္သြားၿပီး အေနာက္ကိုလွည့္ၾကည့္ကာေမးေတာ့

'' ေမာင္ေညာင္းေနမွာ စိုးလို႔ ''

ခြန္း ဒီတိုင္းသာ တိမ္တိုက္ ႏွိပ္ေပးတာခံေနလိုက္သည္။ ႏွိပ္ေပးသည္ဆိုေသာ္လည္း တိမ္တိုက္လက္ေလးေတြက အားမပါသျဖင့္ ပု႐ြတ္ဆိတ္ တစ္ေကာင္ ေလွ်ာက္ေျပးေနသလိုပင္။

'' ဪ...''

ပါးစပ္အေဟာင္းသားႏွင့္ မဲ့႐ြဲ႕ကာ ထိုႏွစ္တြဲကိုၾကည့္ေနရသူက ဇူးၾကယ္စင္ေမ ။
LDRS ဘဝမို႔..သူ႕ခမ်ာ...သူမ်ားရိုတာပဲ ထိုင္ၾကည့္ေနရေတာ့သည္။

မီးဖိုနားက အမ်ိဴးသမီးႀကီးႏွစ္ေယာက္ကလည္း စကားတေျပာေျပာႏွင့္ အဆင္ေျပေနၾကသည္။

'' ဘယ္လိုလဲ ယုယ.... သားမက္ရတာလည္း မဆိုးဘူးမလား ''

ေဒၚခိုင္ခက္ဦး... တိမ္တိုက္တို႔ဝိုင္းကို ေမးထိုးျပကာေမးေတာ့..ေဒၚယုယၿမိဳင္ တိမ္တိုက္ႏွင့္ခြန္းတို႔ကို ၾကည့္ကာ ၿပဳံးလိုက္ၿပီး..

'' မဆိုးဘူးဆိုတာထက္ ပိုပါတယ္ ခိုင္ရယ္။ သားေလးျပန္ေရာက္လာတာနဲ႕တင္ ကိုယ္အေတာ္ေပ်ာ္ေနပါၿပီ။ တိမ္တိုက္ ခြဲစိတ္ခန္းထဲရွိေနတုန္းက ခြန္းက တိမ္တိုက္ ကို ဖက္ငိုေနတဲ့အခ်ိန္ တိမ္တိုက္ ကျပန္ရွင္လာတာလို႔ေျပာတယ္ ။ ဘာပဲေျပာေျပာ သူတို႔ႏွစ္ေယာက္က တစ္ေယာက္ကို တစ္ေယာက္သိပ္ခ်စ္ၾကတာ ကိုယ္တို႔အျမင္ပဲေလ။ ''

'' အင္း တိမ္တိုက္ေလးက ကံေကာင္းပါတယ္ ယုယရယ္... ။ ဒါနဲ႕ ယုယေရာ အဆင္ေျပရဲ႕လား ''

'' ေျပပါတယ္... ကိုယ္မွ ဘာမွ မတတ္နိုင္ေတာ့တာ ေျပေအာင္ေနရေတာ့မွာေပါ့ ''

ေနာက္ သိပ္မၾကာခင္တြင္ ပုၾကဴးေလးတို႔ သားအဖေတြ ေရာက္ခ်လာသည္။ ပုၾကဴးတစ္ေယာက္ကေတာ့ သၾကၤန္ ဖက္ရွင္အျပည့္ျဖစ္ မင္းသားရႈံးေလာက္ေအာင္ ျပင္ဆင္လာေတာ့သည္။ အရင္လိုေတာ့ တိမ္တိုက္ ကိုယ္ေပၚခုန္တက္တာမ်ိဳးေတာ့ မလုပ္ေတာ့ေပ။ တိမ္တိုက္ႏွင့္ပုၾကဴးအရပ္က သိပ္မကြာေတာ့ဘူးေလ။

ပုၾကဴး တစ္ေယာက္ ေရာက္ေရာက္ျခင္း တိမ္တိုက္ခြံ႕ေသာ မုန႔္လုံးေရေပၚမ်ားအား စားၿပီးခ်ိန္တြင္ ဇာတ္လမ္းကစေတာ့သည္။

'' ကိုကိုတိမ္ႀကိဳး... ''

'' ဗ်ာ ''

'' ရပ္ကြက္ထဲ ေလွ်ာက္လည္ရေအာင္ေလ ''

'' သြားခ်င္လို႔လား ''

'' အင္းေလ ''

ပုၾကဴးက ကေလးဆိုေတာ့ သၾကၤန္လည္ခ်င္မွာပဲဟုေတြးကာ ေဘးက သက္ဆိုင္သူေတြဆီ ခြင့္ေတာင္းရျပန္သည္။ အမွန္ေတာ့ သူလည္းလည္ခ်င္ေနတာပင္။ အႀကိဳေန႕က အျပင္မထြက္ရေသးတာေၾကာင့္ျဖစ္သည္။

တိမ္တိုက္ ခြန္းကို တစ္ခ်က္ၾကည့္ေတာ့ ေျပာလို႔ရမည့္ပုံ မေပၚေနေပ။ မဟုတ္လွ်င္လည္း သူပါလိုက္မယ္ လုပ္ဦးမည္။ ခြန္းလို ေက်ာက္႐ုပ္ႀကီးကိုသာ ေဘးနားထားရင္ သူ႕ကိုဘယ္သူမွ ေရလာေလာင္းၾကမည္ မဟုတ္မွန္းလည္းသိသည္။ ထို႔ေၾကာင့္
ပုၾကဴးဘက္လွည့္ကာ...

'' ဖြားဖြားကိုသြားေျပာ... ဟိုနားဒီနား ခန ေရပက္ခံထြက္ခ်င္လို႔....ကိုကိုတိမ္တိုက္ကို လိုက္ပို႔ေပးဖို႔ ေျပာေပးပါလား ဆိုၿပီး ''

တိမ္တိုက္ ေသေသခ်ာခ်ာ သင္ေပးေနတာပင္။ ဒီဝိုင္းထံတြင္ အားယားေနသူက သူတစ္ေယာက္တည္းဆိုေတာ့..ေဒၚယုယၿမိဳင္က ေသခ်ာေပါက္ တိမ္တိုက္ကိုသာလိုက္ပို႔ခိုင္းလိမ့္မည္။ ေဒၚယုယၿမိဳင္ကသြားဆိုလွ်င္ ခြန္းက သိပ္တားမည္မဟုတ္ ။ ေဒၚယုယၿမိဳင္ ခြင့္ျပဳတာႏွင့္လွစ္ခနဲ ထြက္လာလိုက္လွ်င္ ခြန္းလည္း ဘာမွေျပာခ်ိန္မွီလိုက္မွာ မဟုတ္ဘူး ဟုဆိုကာ အကြက္ဆင္ေလသည္။

ပုၾကဴးတစ္ေယာက္ ေဒၚယုယၿမိဳင္ဆီသြားကာ တိုးတိုး တိုးတိုးႏွင့္ကပ္ေျပာေလေတာ့ တိမ္တိုက္ဆင္ထားေသာအကြက္ဟာ ကြတ္တိဝင္သြားပုံရသည္။

'' တိမ္တိုက္ေရ..မင္းညီက ဒီနား ခန ေရပက္ခံထြက္ခ်င္လို႔တဲ့ လိုက္ပို႔ေပးလိုက္ပါဦး ''

'' ဗ်ာ ဟုတ္ ခြန္မယ့္....''

ခြန္းေဘးနားမွ ထြက္သြားဖို႔ျပင္လိုက္ခ်ိန္တြင္ တိမ္တိုက္လက္ေကာက္ဝတ္ကို ခြန္း လွမ္းဆြဲလိုက္ၿပီး

'' ေမာင္ပါ လိုက္မယ္... ''

'' ေမာင္ကလည္း ဒီမွာ လုံးစရာေတြ က်န္ေနေသးတယ္ေလ။
ခနေလးပဲဟာ ဘာမျဖစ္ေစရဘူး စိတ္ခ် ''

ခြန္းလက္ထဲမွ ႐ုန္းကာ ထသြားၿပီး ပုၾကဴးလက္ကိုဆြဲကာ ၿခံထဲမွ ထြက္သြားေတာ့သည္။

'' တိမ္တိုက္...''

သြားေနေသာ တိမ္တိုက္ေျခလွမ္းတို႔ကလွမ္းေအာ္ေသာ ခြန္းအသံေၾကာင့္ရပ္လိုက္ၿပီး လွည့္ၾကည့္ေတာ့

'' ဒီနားပဲေနာ္ ''

'' Yes sir. .''

အေလးျပဳသလို လုပ္သြားၿပီး အျမန္ထြက္သြားေသာ အေကာင္ေပါက္ ႏွစ္ေကာင္။

ခနေလးဟုဆိုကာထြက္သြားေသာ သူႏွစ္ေယာက္က ေန႕လည္ ေရာက္ေတာ့မည္ ျပန္ေရာက္မလာေသး။ ေစလြန္းညိုက ပုၾကဴးဖုန္းကိုလွမ္းဆက္ၾကည့္ေတာ့..အလႉအိမ္မွာထမင္းဝင္စားရင္း အဲ့သည့္မွာပဲ ေရေဆာ့ေနၾကသည္ဟုေျပာသည္။ ထိုအိမ္က ေဒၚယုယၿမိဳင္ႏွင့္ ရင္းႏွီးေသာအိမ္ျဖစ္တာေၾကာင့္ စိတ္မပူရန္ ေစလြန္းညိုႏွင့္ လင္းအလၤကာေရာင္ တို႔ကို ေဒၚယုယၿမိဳင္ေသခ်ာေျပာျပသည္။ ခြန္းကေတာ့ ေစလြန္းညိုဆီမွ ဖုန္းခနေတာင္းၿပီး ဂ႐ုစိုက္ဖို႔သာ တိမ္တိုက္ကိုလွမ္းမွာသည္။ ပုၾကဴးေလးကလည္း သည္လို တစ္ခါမွ မေဆာ့ဖူးတာမို႔ ကေလးပီပီ တစ္ခါတေလ ေဆာ့ပါေစဟုဆိုကာ ေစလြန္းညိုတို႔ကလႊတ္ထားေပးသည္။

အဲ့တာႏွင့္ အိမ္မွာက်န္ခဲ့သည့္လူေတြပဲ ထမင္းအရင္စားႏွင့္လိုက္ၾကေတာ့သည္။ စားၿပီးေတာ့ ၿခံထဲမွာပဲ ထိုင္ခုံေတြထုတ္ကာ ေကာ္ဖီေသာက္ရင္း စကားေျပာၾကသည္။ ေဒၚယုယၿမိဳင္ကေတာ့ ေဒၚခိုင္ခက္ဦး အိမ္ဘက္လိုက္သြားသည္။ ထို႔ေၾကာင့္ ၿခံထဲတြင္ K'Cloudy မွ ရွယ္ယာဝင္ေတြႏွင့္ ဆရာဆရာမ မ်ားသာက်န္ခဲ့ေတာ့သည္။ ေျပာသည့္အေၾကာင္းအရာမ်ားက တူညီၾကသည္မို႔ တစ္ေယာက္တစ္ခြန္းႏွင့္ စကားလက္ဆုံၾကေနသည္။ အားလုံး၏ ေကာ္ဖီခြက္က ကုန္လုနီးပါးျဖစ္လာေသာ္လည္း ခြန္းကေတာ့တစ္စက္မွ မထိရေသးေပ။

ထိုစဥ္ ၿခံထဲသို႔ ကုတ္ကုတ္ေလးဝင္လာေသာ အေကာင္ႏွစ္ေကာင္။ တစ္ကိုယ္လုံးစို႐ႊဲေနကာ ဆံပင္တို႔က ႂကြက္စုတ္ေကမ်ားျဖစ္ေနၾကသည္။

'' အေမလး ဟိုမွာ ျပန္လာၾကပါၿပီ.... ''

သူတို႔ အဖြဲ႕ဆီ တည့္တည့္ေလွ်ာက္လာၾကသူႏွစ္ေယာက္မွာ လက္ေလးေတြ ကိုယ္စီပိုက္လို႔ခ်မ္းေနၾကပုံပင္။

လင္းေရာင္က ကားထဲမွ ပုၾကဴး အကၤ်ီ အပိုေတြကို ထုတ္ေပးလိုက္ၿပီး အိမ္ထဲဝင္လဲေစသည္။ တိမ္တိုက္ အလယ္က စားပြဲေပၚကိုၾကည့္လိုက္ေတာ့ သစ္သီးႏွင့္ ေကာ္ဖီခြက္မ်ားကိုေတြ႕ရသည္။ေနာက္ ခြန္းေရွ႕က ေကာ္ဖီခြက္ကို အရင္ေကာက္ယူလိုက္ၿပီး

'' ခ်မ္းလို႔ တစ္ငုံေလာက္ ''

ဟုဆိုကာ ေအးစက္ေနေသာေကာ္ဖီကို တစ္ငုံေသာက္ကာျပန္ခ်ေပးလိုက္သည္။

'' အကၤ်ီေတြ ကုတင္ေပၚမွာခ်ထားေပးတယ္ ''

ခြန္း ေမာ့ၾကည့္ကာေျပာလိုက္ေတာ့ တိမ္တိုက္ ေခါင္းေလးၿငိမ့္ကာ ပုၾကဴးကိုေခၚၿပီး အိမ္ထဲဝင္သြားၾကသည္။ အျပင္က
လင္းေရာင္ကေတာ့ ပုၾကဴးေခါင္းကိုသုတ္ေပးရန္ သဘက္ေလးကိုင္ကာ ထိုင္ေစာင့္ေနသည္။

မၾကာခင္ တိမ္တိုက္ က ကုတင္ေပၚ ခြန္းတင္ေပးထားေသာ အဝါေရာင္ ရွပ္လက္ရွည္ႏွင့္ ခဲေရာင္ ခ်ည္ေဘာင္းအတိုကိုဝတ္ဆင္ကာ သဘက္ ျဖဴတစ္ထည္ကိုလည္း ပုခုံးတြင္ လႊားတင္လ်က္ အရင္ထြက္လာသည္။ ထို႔အျပင္ မိုင္ေကာ္ဖီေတြထည့္ထားေသာ အပူခံဘူးေလးကိုလည္း ကိုင္ထားေသးသည္။ အေနာက္မွာမွ အျပာေရာင္တီရွပ္ကို ဂ်င္းေဘာင္းဘီ အတိုႏွင့္ ဝတ္ကာထြက္လာေသာ ပုၾကဴးရွိသည္။

ပုၾကဴးက ခုံတစ္ခုံဆြဲကာ လင္းေရာင္နားထိုင္ေတာ့
လင္းေရာက္က သဘက္ႏွင့္ေရစိုေခါင္းကို ဖြဖြ သုတ္ေပးသည္။

လင္းေရာင္က ေခါင္းသုတ္ေပးသည္။ ပုၾကဴးက သစ္သီး ပန္းကန္ ကိုင္ကာ ေအးေဆး စားေနသည္။

တိမ္တိုက္ကေတာ့ ခြန္းအေရွ႕ဝင္ကာ ျမက္ခင္းစိမ္းေပၚက ခြန္း ကတၱီပါ ဖိနပ္ကို ဖင္ခုထိုင္ခ်လိဳက္သည္။ ခြန္းက အလိုက္သိစြာ ပုခုံးေပၚကသဘက္ကိုယူၿပီး တိမ္တိုက္၏ အုန္းမုက္ခြက္ဆံပင္တို႔အား အသာအယာ သုတ္ေပးသည္။ တိမ္တိုက္တစ္ေယာက္ ကေတာ့ေအာက္ကေနရင္း မိုင္ေကာ္ဖီ ေလးေသာက္ကာ ဇိမ္ခံေနသည္။

ဆံပင္ကိုင္လွ်င္ အိပ္ခ်င္လာသည့္ ထုံးစံအရ...တိမ္တိုက္ စငိုက္ေတာ့သည္။ ခြန္းတို႔ေျပာေနေသာ အေၾကာင္းမ်ားကလည္း သူမသိတာေၾကာင့္ဝင္မေျပာနိုင္ပဲ ရွိသည္။ ထိုမွ တျဖည္းျဖည္း တိမ္တိုက္ေခါင္းဟာ ခြန္း၏ ဒူးတစ္ဖက္ေပၚသို႔ ေစာင္းက်လာၿပီး ခြန္း ဒူးေခါင္းကို မွီရင္း အိပ္ေပ်ာ္သြားေတာ့သည္။ ဘယ္ေလာက္ေတာင္ ေသာင္းက်န္းလာခဲ့သလဲ မသိ ။ ပုၾကဴးတစ္ေယာက္လည္း ေျခကုန္လက္ပန္းက်ကာ ခုံေပၚ အိပ္ေပ်ာ္ေနၿပီျဖစ္သည္။

'' တိမ္တိုက္...တိမ္တိုက္...အိပ္ခ်င္ အခန္းထဲသြားအိပ္ေလ ''

တိမ္တိုက္ကို ခြန္း လႈပ္ႏွိုးၾကည့္ေတာ့ အေကာင္ေပါက္က နည္းနည္းလႈပ္လာကာ

'' အင္း....ခေနလးပဲ... အိပ္မွာ.....အင္း..''

ေယာင္ဝါးဝါးႏွင့္ေခါင္းေထာင္လာကာ ဗလုံးဗေထြးေျပာၿပီး ဒီဘက္ဒူးေခါင္းမွ ဟိုဘက္ဒူးေခါင္းအေပၚ ေျပာင္းမွီၿပီးဆက္အိပ္ေတာ့သည္။

ေဆးထိုးေနက် ရွန္မင္းတစ္ေယာက္ကေတာ့ ဖုန္းထုတ္ကာ ခြန္းဒူးေခါင္းေပၚ အိပ္ေနေသာ တိမ္တိုက္ကို ေထာင့္ေပါင္းစုံကေန လိုက္ရိုက္ေတာ့သည္ ။

ေနာက္ေတာ့ ခြန္းလည္း တိမ္တိုက္ ကို အသာထိန္းၿပီး ေပြ႕ခ်ီကာ အခန္းထဲေျပာင္းသိပ္ေပးလိုက္သည္။ တိမ္တိုက္ကို အခန္းထဲထည့္ၿပီး ျပန္ထြက္လာေတာ့
ပုၾကဴးကိုပါ ထပ္ခ်ီၿပီး တိမ္တိုက္ေဘးသို႔ သြားခ်ေပးထားလိုက္သည္။ ကေလးေတြအိပ္ခ်ိန္တြင္ သူတို႔ လူႀကီးေတြကေတာ့ စီးပြားေရးကိစၥမ်ားေျပာၾကသည္ေပါ့။

'' ခြန္း .... က်ဴရွင္ကေန ေက်ာင္း ကိုေျပာင္းမယ့္ကိစၥ တိမ္တိုက္ကိုေျပာျပ ၿပီးၿပီလား ''

ေစလြန္းညို ခြန္းကိုေမးေတာ့ ခြန္းသက္ျပင္းေလးခ်ကာ ေခါင္းရမ္းျပသည္။

ခြန္းကသူ႕ကိုေစာင့္ေရွာက္ခဲ့ေသာ ထြဋ္ေခါင္တို႔ အဆင္ေျပေစရန္ရည္႐ြယ္ၿပီး ထြဋ္ေခါင္တို႔႐ြာဘက္တြင္ K'Cloudy ကို အခြဲအေနႏွင့္ဖြင့္ေပးရန္ ဦးမာန္ခြန္းစစ္ အားေတာင္းဆိုခဲ့တာျဖစ္သည္။

အစက ထိုအစီအစဥ္ကို စိုင္းထြဋ္ေခါင္မင္း က လက္မခံေပ။ ဒါဟာ ေလ်ာ္ေၾကးသေဘာမ်ိဳးျဖစ္ေနၿပီး သူ၏ အုပ္ထိန္းခြင့္ကို K'Cloudy ႏွင့္ လာလဲေနတာမ်ိဳးျဖစ္သည္။ ထြဋ္ေခါင္ အႀကိမ္ႀကိမ္ စဥ္းစားသည္။ လက္ခံလိုက္လွ်င္ မာနကိုရိုက္ခ်ိဴးခံရသလိုလည္းျဖစ္ေနမည္။ လက္မခံလွ်င္လည္း သူခ်စ္ေသာ ႐ြာအတြက္ နစ္နာသြားမည္။ ထြဋ္ေခါင္က ခြန္းၿပီးလွ်င္ သူ႕တပည့္ေတြကို အၾကည့္ဆုံးျဖစ္တာေၾကာင့္ ေနာက္ဆုံး ခြန္းကိုစြန႔္လႊတ္ၿပီး လက္ခံခဲ့တာျဖစ္သည္။
သို႔ေပမယ့္ ခြန္းႏွင့္စိုင္းထြဋ္ေခါင္မင္းတို႔ စကားမေျပာၾကေတာ့သည္မွာလည္း သုံးေလးႏွစ္ေလာက္ရွိေနၿပီ။

ခြန္းကေတာ့ အေပးအယူအေနႏွင့္ K'Cloudy ကို Private School အျဖစ္ေျပာင္းရန္လက္ခံေပးရလိမ့္မည္။

K'Cloudy က Private School ျဖစ္လာသည့္အခါ အရင္ကထက္ ပိုအင္အားႀကီးလာမွာျဖစ္သလို ထိုအင္အားဟာလည္း ဦးမာန္ခြန္းစစ္အတြက္ တစ္ေထာင့္တစ္ေနရာမွ အားျဖည့္ေပးသလိုျဖစ္ေတာ့မွာပင္။ အရင္လို သာမန္လူမ်ား မတတ္နိုင္ေတာ့ပဲ အေကာင္ႀကီးႀကီး ႏွင့္ လူကုံထံ အသိုင္းအဝိုင္း မွ ကေလးေတြကိုသာ ေ႐ြးခ်ယ္ေတာ့မွာျဖစ္သည္။ K'Cloudy ကိုခြန္းတို႔ စတင္ေထာင္ခဲ့တာမွန္သည္။ သို႔ေသာ္ တစ္စုံတစ္ရာေသာ ကတိစကားေၾကာင့္ လက္ခံရင္း လက္ခံရင္း K'Cloudy ဟာ ဦးမာန္ခြန္းစစ္၏ ပုံစံျဖစ္လာေတာ့မွာပင္။ တစ္နည္းအားျဖင့္ K' Cloudy ဟာ စီးပြားေရးဆန္လာေတာ့မွာပင္။

ေနာက္ဆုံး အခ်က္အေနႏွင့္လက္ခံရမွာ တစ္ခုရွိေနသည္။ ဒါဟာ ခြန္းအတြက္ ဘာသက္ေရာက္မႈမွ မရွိေသာ္လည္း တိမ္တိုက္အေပၚ တစ္ခုခု ျဖစ္လာမွာစိုးရိမ္သည္။

ထိုအခ်က္ကေတာ့ K'Cloudy တြင္ ခြန္းက ေက်ာင္းအုပ္ျဖစ္ၿပီး ဒုေက်ာင္းအုပ္ေနရာတြင္ ဦးမာန္ခြန္းစစ္ အရင္းႏွီးဆုံး အသိမိတ္ေဆြ၏ သမီးျဖစ္သူက ေရာက္လာလိမ့္မည္။ ဦးမာန္ခြန္းစစ္ က တမင္ရည္႐ြယ္ကာ ထိုအမ်ိဴးသမီးကို ခြန္းနားပို႔ရျခင္းလား။

ထိုအမ်ိဴးသမီးက ဆူးအမရာႏြယ္....

တိမ္တိုက္ႏွင့္ သေဘာတူကာ ၾကည္ျဖဴေနသည္ဟု တစ္ေလွ်ာက္လုံးထင္ထားေသာ္လည္း တကယ္ေတာ့ ဦးမာန္ခြန္းစစ္ က အခ်ိန္ေပးထားျခင္းသက္သက္သာ။ ေနာက္ဆုံးက်လွ်င္ သူ႕သေဘာအတိုင္း ျဖစ္ေစခ်င္သည့္သေဘာပင္။

'' အမရာ့ဘက္ကေရာ လက္ခံတယ္လို႔ေျပာလား ကိုခြန္း ''

'' သူ႕ဘက္က ေတာင္းဆိုတယ္လို႔ၾကားတယ္ ရွန္မင္း ။ ကိုယ္တို႔ႏွစ္ေယာက္ခုထိ မေတြ႕ရေသးေတာ့ ေသခ်ာမသိေသးဘူး ''

'' ဒါ ဆို အမရာက တိမ္တိုက္ နဲ႕ အေၾကာင္းမသိေသးလို႔မ်ားလား ''

အဇူးကဝင္ေမးသည္။

'' မျဖစ္နိုင္ဘူး အဇူး ။ K'Cloudy ဆိုတာနဲ႕ ခြန္းက ဘာလဲဆိုတာ လူတိုင္းသိေနတာကို။ ဒါ သိရက္နဲ႕ သက္သက္လုပ္တာ ''

အဇူးစကားကို ကိုကိုက ဝင္ေထာက္ျပသည္။ ကိုကိုေျပာတာလည္းမွန္သည္။ K'Cloudy ကိုစစုံစမ္းလွ်င္ ခြန္းဟာ ေဂးျဖစ္ေၾကာင္းႏွင့္တရားဝင္ ခ်စ္သူရွိေၾကာင္း လူတိုင္းသိၾကသည္။

'' ဘာပဲျဖစ္ျဖစ္ သတိထားေပါ့ ခြန္းရာ။ အဓိက က တိမ္တိုက္ပဲ။ အခုမွ ျပန္ေကာင္းခါစဆိုေတာ့ ဘာမွထပ္မျဖစ္ေစခ်င္ဘူး။ သူ မင္းကိုဘယ္ေလာက္ခ်စ္လဲ မင္းသိပါတယ္ ''

ခြန္းက သက္ျပင္းေတြသာ တြင္တြင္ခ်ၿပီး ေခါင္း တၿငိမ့္ၿငိမ့္ေပါ့ ။ သည္လိုႏွင့္ စကားေျပာၾကရင္း ညေနသို႔ေရာက္လာေသာအခါ ရွန္မင္း က ကိုကိုနဲ႕အတူ သူ႕အိမ္ျပန္သြားသည္။ အဇူးက လည္း အိမ္ျပန္သြားသည္။ ေနာက္ေတာ့ ပုၾကဴးတစ္ေယာက္အရင္နိုးလာတာေၾကာင့္ ေစလြန္းညိုတို႔သားအဖေတြလည္းျပန္သြားၾကသည္။

ထိုအိမ္ထဲမွာက်န္ခဲ့တာက အိပ္ေပ်ာ္ေနေသာ တိမ္တိုက္ရယ္...ရင္ေမာေနရေသာ ခြန္းရယ္ေပါ့။

အိပ္ေပ်ာ္ေနေသာ တိမ္တိုက္ကို ခြန္း တစိမ့္စိမ့္ထိုင္ၾကည့္ကာ အေတြးေတြက ဟိုေရာက္ဒီေရာက္။ ဒီကေလးက ေပ်ာ္႐ႊင္ရခ်ိန္ သိပ္ကိုနည္းလြန္းသည္။ တစ္ခုခုဆိုလွ်င္လည္း ထိခိုက္သြားရတာက သူေလးကိုယ္တိုင္ပင္။ ထို႔ေၾကာင့္ေျခလွမ္းတိုင္းကိုဂ႐ုတစိုက္လွမ္းေနရတာပင္။

.............

သၾကၤန္ အတက္ေန႕ညေန.....

ဧည့္ခန္းတြင္ ခြန္းတစ္ေယာက္ လက္ပိုက္ကာ ေျခေထာက္ခ်ိတ္ထိုင္ရင္း တည္ေနေသာ မ်က္ႏွာက သိပ္ကိုေၾကာက္စရာေကာင္းေနသည္။ ဦးမာန္ခြန္းစစ္ ေခၚသျဖင့္ မနက္ပိုင္း ၿမိဳ႕ေတာ္ဝန္ မ႑ပ္ သို႔ သြားရသည္။ အတက္ေန႕မို႔ သူမပါပဲ ဘယ္မွမသြားရဘူးဟု ေသခ်ာ မွာခဲ့ေသာ္လည္း အိမ္ေရာက္ေတာ့ ေသခ်ာကို တိမ္တိုက္က ရွိမေနေတာ့ေပ။

တိမ္တိုက္ဖုန္းက အိမ္မွာက်န္ခဲ့တာေၾကာင့္ ေဒၚယုယၿမိဳင္ကို ဖုန္းဆက္ေမးလိုက္ေသးသည္။ သူ႕ဆီလိုက္သြားမည္ဟုေျပာသျဖင့္ လႊတ္လိုက္သည္ဟု ဆိုသည္။

ခြန္းေတြးေလ စကားနားမေထာင္ေသာ တိမ္တိုက္ကို ပိုေဒါသထြက္ေလျဖစ္ကာ အံတႀကိတ္ႀကိတ္။ နာရီကိုၾကည့္ေတာ့ ၅နာရီေက်ာ္ေနၿပီျဖစ္သည္။ ေက်းဇူးရွင္ကျပန္မေရာက္ေသး။

ထိုစဥ္.... အိမ္ထဲသို႔ ကုတ္ေခ်ာင္းေခ်ာင္းႏွင့္ ဝင္လာေသာ တိမ္တိုက္ႀကိဳး။
ခြန္းကမနက္အေစာႀကီးကတည္းကထြက္သြားၿပီး အျပန္ေနာက္က်မည္ဟုမွာခဲ့တာေၾကာင့္ ရွန္မင္းတို႔ကားႏွင့္လိုက္သြားခဲ့တာပင္။ ခြန္းမေရာက္ခင္ ေစာေစာျပန္လာရန္စီစဥ္ထားေသာ္လည္း ေနာက္ဆုံးေန႕မို႔ ကားေတြမ်ားကာ လမ္းပိတ္ေနတာေၾကာင့္ အျပန္ေနာက္က်ေနတာျဖစ္သည္။

တိမ္တိုက္ဝင္လာတာသိေသာ္လည္း ခြန္း အဖက္မလုပ္ပဲ ဒီတိုင္းသာ မ်က္ႏွာတည္ႏွင့္ ေနေနေတာ့....တိမ္တိုက္ေနရာမွာတင္ရပ္ၿပီး ခြန္းကိုၾကည့္ေနမိသည္။ ထိုစဥ္ ဘုန္ႀကီးေက်ာင္း မွ ျပန္ေရာက္ေနေသာ ေဒၚယုယၿမိဳင္ က အခန္းထဲမွထြက္လာၿပီး

'' ဘာရပ္လုပ္ေနတာလဲ အဝတ္အစားသြားလဲေတာ့ေလ ''

ထိုအခါမွ အခန္းထဲဝင္သြားေတာ့သည္။ ေဒၚယုယၿမိဳင္တစ္ေယာက္ အေနာက္က လိုက္ဝင္သြားၿပီး

'' မင္း ခြန္း ကိုမေျပာခဲ့ဘူးဆို ''

'' ေမာင္ ေတာ္ေတာ္ စိတ္တိုေနလား ခြန္မယ့္''

'' ေအး ငါျပန္ေရာက္ကတည္းက အဲ့ပုံအတိုင္းပဲ။ ခြန္းေဒါသကိုသိရဲ႕သားနဲ႕ကြယ္ မင္းတစ္ေယာက္နဲ႕ ခက္တာပဲ ''

ေဒၚယုယၿမိဳင္ တိမ္တိုက္ကို သနားသလိုလို ပုံစံလုပ္ေတာ့

'' ဒီည မယ့္ အခန္းမွာ လာအိပ္ပါရေစေနာ္... ေနာ္...လာအိပ္မယ္ ''

'' တိတ္စမ္း ကိုယ့္ကိစၥကိုယ္ရွင္း ငါေလာ့ခ်ထားမွာ ''

'' ခြန္မယ့္ကလည္း လုပ္ပါ။ ေမာင္က ေၾကာက္စရာႀကီး''

'' ဘာလဲ မင္းပဲခ်စ္လွပါၿပီရဲ႕ဆို ။ ကိုယ့္အေၾကာင္းနဲ႕ကိုယ္ပဲ ငါသြားၿပီ ''

'' ဟာ မယ့္ မထားခဲ့နဲ႕ေလ...မယ့္....''

တိမ္တိုက္ အသံတိုးေလးေအာ္ေခၚရွာသည္။ ေဒၚယုယၿမိဳင္ကေတာ့ သူ႕အခန္းထဲသူဝင္ၿပီး တကယ္ေလာ့ခ်ထားလိုက္သည္။

တိမ္တိုက္ ေရဝင္ခ်ိဴးကာ ခြန္းထုတ္ေပးထားေသာ Pajama လက္ရွည္ကို ေကာက္ဝတ္လိုက္သည္။ ခြန္းကို ေခါင္းသြားသုတ္ခိုင္းရမွာေၾကာက္၍ ကိုယ့္ဘာသာ dryer နဲ႕မႈတ္လိုက္သည္။ ဗိုက္ကလည္း တျဖည္းျဖည္းဆာလာသည္။ သို႔ေသာ္အျပင္လည္းမထြက္ရဲတာေၾကာင့္ အခန္းထဲမွာပဲဟိုေလွ်ာက္သည္ေလွ်ာက္လုပ္ေနသည္။ ကိုက္လြန္း၍ လက္သည္းေတြလည္း ဆယ္ေခ်ာင္းလုံးကုန္ေနၿပီ။

'' တိမ္တိုက္ႀကိဳး! ထမင္းစားမယ္ ထြက္ခဲ့ ''

ခြန္း၏ စိတ္ဆိုးေနေသာေလသံႀကီးက အခန္းအေပါက္ဝမွာ ဟိန္းခနဲ။

'' ဗ်ာ ဟုတ္ကဲ့။ လာၿပီ လာၿပီ ''

ထမင္းစားခန္းထဲတြင္ ႏွစ္ေယာက္သား မ်က္ႏွာခ်င္းဆိုင္ထိုင္ေနၾကသည္။ အရင္က နားညီးရေလာက္သည့္ထမင္းဝိုင္းက ယခု တိတ္ဆိတ္ကာ ပတ္ဝန္းက်င္ ေလကပါ ေအးစက္ေနသလိုခံစားရသည္။

တိမ္တိုက္တစ္ေယာက္ ခြန္းကို သိပ္မေၾကာက္ရွာပါဘူး....ထမင္းကို ႏွစ္ခါထပ္ယူသည္။ ဒီည အဆူခံဖို႔ဆို သူအားရွိဖို႔လိုသည္တဲ့ေလ။

ေနာက္ ထမင္းစားေသာက္ၿပီးေတာ့ အိပ္ခန္းထဲ တိမ္တိုက္အရင္ဝင္သြားသည္။ ခြန္းဝင္လာေတာ့ တိမ္တိုက္က ေခါင္းအုံးႏွင့္ေစာင္ကို ပိုက္ကာ အခန္းအျပင္ထြက္မည္လုပ္ေတာ့။

'' ဒါဘယ္လဲ ''

'' ဟို...ဟို...ေမာင္စိတ္ဆိုးေနလို႔ေလ အျပင္ထြက္အိပ္မလို႔ ''

'' ဘာလို႔ စိတ္ဆိုးေအာင္လုပ္သလဲ ''

'' အဲ့...အဲ့..အဲ့ဒါကေလ.......''

တိမ္တိုက္တစ္ေယာက္ စကားေတြေတာင္ထစ္ေနေတာ့သည္။

'' တိမ္တိုက္ႀကိဳး...မင္း ေမာင့္စကားကိုတစ္စက္ကေလးေတာင္ အေလးမထားတာလား ဟမ္။ ေျပာစမ္းပါဦး....ဒီေလာက္ မႀကိဳက္တာေတြပဲလုပ္ေနရေအာင္ ဘယ္သူ႕အားကိုးနဲ႕လဲ ''

'' ဘယ္..ဘယ္သူ႕မွ အားမကိုး...''

'' ေမာင္ လိမ္တာမႀကိဳက္ပါဘူးလို႔ အတန္တန္ေျပာထားကို မင္းက ဂ႐ုမစိုက္တာလား ဟမ္... အလိုလိုက္ထားလို႔ မင္းက ပ်က္စီးေနၿပီ တိမ္တိုက္ႀကိဳး ''

'' မဟုတ္..မဟုတ္ ပါဘူး ''

'' ဘယ္လိုလဲ ေမာင္မပါပဲသြားရတာ အရမ္းေပ်ာ္ခဲ့တယ္မလား။ ဟက္ မင္းက လြတ္လြတ္လပ္လပ္ ေနခ်င္တဲ့ပုံပဲ။ ''

ခြန္း ကတစ္ခ်က္႐ြဲ႕ကာ ရီၿပီးေျပာလိုက္ေတာ့ လက္ထဲက က်စ္ေနေအာင္ပိုက္ထားေသာ ေခါင္းအုံး ႏွင့္ေစာင္ကိုကုတင္ေပၚျပန္ခ်ကာ ခြန္းေဘး သြားလိုက္ၿပီး ခြန္းလက္ေတြကိုဆြဲယူလိုက္သည္။ ခြန္း ေျပာေနေသာ စကားေတြကဘယ္ကိုဦးတည္ေနၿပီမွန္းတိမ္တိုက္သိသည္။ သည္တစ္ေခါက္ သူလြန္သြားမွန္းလည္းသိသည္။ ဒါ့ေၾကာင့္....

'' မဟုတ္ဘူးေနာ္ ေမာင္။ လြတ္လြတ္လပ္လပ္ မေနခ်င္ဘူး။ ေမာင့္အရိပ္မွာပဲေနခ်င္တာ ။ ဒီေန႕ ကြၽန္ေတာ္မွားခဲ့တာပါ..ကြၽန္ေတာ္ေတာင္းပန္ပါတယ္... ေမာင့္ကိုလိမ္မိတဲ့အတြက္ ေတာင္းပန္ပါတယ္။ ေနာက္ဆိုလည္း ေျပာစကားနားေထာင္ပါ့မယ္ေနာ္... ဟင့္....ကြၽန္ေတာ္အျပစ္ရွိတာမို႔ အျပစ္ေပးပါ။
ေမာင့္အနားကေနေတာ့ ႏွင္မထုတ္ပါနဲ႕...ဟင့္...ကြၽန္ေတာ္ေတာင္းပန္ပါတယ္ ဟင့္...ေမာင့္နားမွာပဲ ေနပါရေစ။ ''

ေျပာရင္း မ်က္ရည္ေတြ ပိုးတိုးေပါက္ေတာက္ က်ကာ ရွိုက္သံေတြပါ ပါလာေသာ တိမ္တိုက္။ ခြန္း ဒီေလာက္ထိ မေျပာခ်င္ေသာ္လည္း ဒီကေလးက ဒါနဲ႕ ၿခိမ္းေျခာက္မွ ေၾကာက္တာပင္။ မဟုတ္လွ်င္ လူကိုမထီမဲ့ျမင္ျပဳလြန္းသည္။

'' မငိုစမ္းနဲ႕။ မင္းက ဘာမွန္ေနလို႔ ငိုေနရတာလဲ..။ အခုတိတ္... ''

'' ဟင့္ ''

တစ္ခ်က္ရွိုက္ၿပီး ငိုသံကိုထိန္းလိုက္သည္။

'' သြားအိပ္ေတာ့ ပင္ပန္းလာတယ္မလား ''

ခြန္းေျပာေတာ့ တိမ္တိုက္ ကုတင္ေပၚတက္ကာ ေစာင္ေကာက္ၿခဳံၿပီး မ်က္လုံးအတင္းမွိတ္ကာ အိပ္ေတာ့သည္။ ခြန္းက ေတာ့ ဗီရိုထဲမွ တစ္ခုခုကိုထုတ္ကာ အျပင္သို႔ျပန္ထြက္သြားသည္။

တိမ္တိုက္လည္း ခြန္းကိုေစာင့္ရင္း ငိုက္လာသည္။ အိပ္ေပ်ာ္ေတာ့မည့္အခ်ိန္ ခြန္းျပန္ဝင္လာသည္။ ဗီရိုထဲ တစ္ခုခုကို ျပန္ထည့္လိုက္ၿပီး ကုတင္ေပၚတက္သည္။ ထို႔ေနာက္ တိမ္တိုက္ ေခါင္းကို အသာမကာ သူ႕လက္ေမာင္းေပၚတင္လိုက္ၿပီး တိမ္တိုက္နဖူးေပၚသို႔ တစ္ခ်က္အနမ္းေႁခြလိုက္သည္။

တိမ္တိုက္ႏွာေခါင္းထဲ ခြန္းကိုယ္သင္းနံ႕ မဟုတ္တဲ့ အနံ႕တစ္ခုကိုရသည္။ ေသခ်ာရႉၾကည့္မွ ခြန္းအကၤ်ီ မွရတာျဖစ္ၿပီး အနံ႕က ေဆးလိပ္ေငြ႕အနံ႕ျဖစ္သည္။

'' ေမာင္ ေဆးလိပ္ေတြ ေသာက္ လာတာလား...''

မေနနိုင္တဲ့အဆုံး တိမ္တိုက္ တိုးတိုးေလးေမးေတာ့....

'' မင္းက ဆိုးတာကို.... ''

'' ေတာင္းပန္ပါတယ္ ေမာင္ရယ္... ''

'' ေမာင္ မင္းကိုခက္ခက္ခဲခဲ ျပန္ရထားတာ တိမ္တိုက္... မင္းက ေမာင့္ရဲ႕အရာရာပဲ။ မင္းသာတစ္ခုခု ထပ္ျဖစ္ရင္ ေမာင္ေသမွာ ။ ေမာင္ကေကာင္းေစခ်င္လို႔ေျပာတဲ့အခါ နားေထာင္စမ္းပါ ကေလးရယ္ ''

'' အင္း ေနာက္ မျဖစ္ေစရပါဘူး ''

" ေဆးလိပ္အနံ႕အရမ္းျပင္းေနလား ေမာင္ အကၤ်ီ လဲလိုက္ဦးမယ္''

ခြန္း အကၤ်ီ တစ္ထည္ ထလဲကာ ကုတင္ေပၚ ျပန္လာၿပီး တိမ္တိုက္ကို ရင္ခြင္ထဲ သိမ္းထည့္ထားသည္။ တိမ္တိုက္ ခြန္းရင္ခြင္ထဲမွ ေမာ့ၾကည့္ကာ

'' ေမာင္ စိတ္ဆိုးေျပၿပီလားဟင္ ''

'' နည္းနည္းက်န္ေသးတယ္ ''

အကၤ်ီ လဲလိုက္ေသာ္လည္း ခြန္းႏႈတ္ခမ္းေတြဆီမွ ေဆးလိပ္အနံ႕ဟာ ရေနေသးသည္။

'' ေမာင့္ႏႈတ္ခမ္းက ေဆးလိပ္အနံ႕စြဲေနၿပီ ''

'' မင္း ကူဖ်က္ေပးမလား ''

'' ဗ်ာ အြန့္...''

4.7.2022

Comment