Episode - 7


သာယာသော ဥဩငှက်သံလေးများနဲ့ စတင်ဖွင့်လှစ်ထားသော နွေ တစ်နေ့လေးဖြစ်သည်။ အရုဏ်တက်ချိန်ကတည်းကပင် ရပ်ကွက်ထဲရှိ လှုပ်လှုပ်ရှားရှား အသံများကို တိမ်တိုက်တစ်ယောက် အိပ်ရာထဲကပင် နားစွင့်နေမိသည်။ နေမင်းကြီး ပင် အလုပ်ခွင် မဝင်ခင် ဟိုဘက်လမ်းမှ ပဲပြုတ်သည် အန်တီကြီး၏ ကျယ်လောင်စူးရှသော အသံသည် မှောင်ပြပြ မနက်အရုဏ်လင်း ချိန်အား စိုးမိုးထားသည်။ ဘိန်းမုန့်ရောင်းသော ဦးလေးကြီးမှာလည်း သူ့အသံအား အသံသွင်းထားသော အော်လံ အသေးစားလေးဖြင့် ဖွင့်ကာ စက်ဘီးလေးဖြင့်ရောင်းနေသည်။ ပဲပြုတ်သည်အန်တီကြီးလောက် အသံမအောင်၍ ဖြစ်နိုင်သည်။

ထို့အပြင် လမ်းထဲရှိ ဆယ်တန်းကလေးများ၏ စာအံသံများကိုလည်း ကြားနေရသည်။ ဒီနေ့သည် တက္ကသိုလ် ဝင်တန်း စာမေးပွဲ၏ ပထမဆုံးနေ့ဖြစ်သည်။ ထို့ကြောင့် ကာယကံရှင် ကျောင်းသားကျောင်းသူတွေအပြင် မိဘဆွေမျိူး သည်လည်း စိတ်လှုပ်ရှားနေကြသည်။ မိမိတို့၏ သားသမီးများ စာမေးပွဲ ဖြေနိုင်ရန်အလို့ငှာ ဗေဒင်တွေမေး ယတြာတွေချေဖြင့် ကာယကံရှင် များထက်ပင် အလုပ်ရှုပ်တတ်ကြသေးသည်။

အလုပ်သွားရန် ထွက်လာသော လမ်းတစ်လျှောက်တွင်လည်း သက်ဆိုင်ရာကျောင်းများသို့ စာဖြေသွားရန် ထွက်လာကြသော ကျောင်းသားကျောင်းသူလေးများနှင့် ဘေးတွင်လည်း သေချာဖြေရန် စိတ်မလှုပ်ရှားရန် စသည်ဖြင့် တတွတ်တွတ် မှာတမ်းချွေနေသော မိဘများလည်းရှိသည်။

ကိုယ့်မလောင်သော အပူတွေအား ကူလောင်ပေးနေသည့်အလား။

အာလုံးထက် စိတ်လှုပ်ရှားနေသူမှာ သူ၏ မသက်ဆိုင်သူ အမျိူးသားလေးပင်ဖြစ်လိမ့်မည်။ ဆရာတစ်ယောက်ဖြစ်သည့်တိုင် မိမိ၏ တပည့်များကို စိုးရိမ်ပူပန်တတ်သည်မှာ သဘာဝဖြစ်သော်လည်း ခွန်းမှာမူ တပည့်များထက်ပင် ပို၍ စိတ်လှုပ်ရှားနေပုံရသည်။ ထို့ကြောင့် ရွာပြန်သွားသော နှစ်ရက်လုံး တွင် ညဆိုလျှင် ခွန်းအား စောင့်ကာ ဖုန်းပြောပြီးမှ အိပ်သည်။

တခါတလေ တိမ်တိုက်၏ မရယ်ရသော ဟာသများကိုလည်း ခွန်းတစ်ယောက် နားထောင်ပေးရသည်။ စောစောအိပ်ခိုင်းသော်လည်း မအိပ်ပဲ ညဥ့်နက်တဲ့ထိ ဖုန်းစောင့်ခေါ်၍ စကားပြောပေးသည်။ Stress နည်းနည်း လျော့ လည်း မဆိုးဘူး ဟု ပြောလာ ​ကာ အိပ်ရေးအပျက်ခံ၍ စာသင်ပြီး ချိန်ထိ စောင့်ပေးတတ်သည်။ အမှန်တကယ်လည်း တိမ်တိုက်နှင့် စကားပြောရလျှင် စိတ်ဖိစီးမှု လျော့ကာ အိပ်ပျော်သည်။

နှစ်တိုင်း သည်အချိန်တွင် သည်လို ဖြစ်မြဲ ဖြစ်သည်။ ကျောင်းသားများမှာမူ စာတစ်ခုတည်း စိတ်ပူစရာရှိပြီး ဆရာတွေမှာတော့ ကျောင်းသားတစ်ယောက်ချင်းစီ အားပူပန်ရသည်။ ထို့အပြင် မကျက်ထားသော အပုဒ်များနှင့် တိုးလာလျှင်လည်း ဖြေနိုင်ပါ့မလား ဟူသော အတွေးမှာ တစ်ခါသတ်ပြန်သည်။

ထို့အပြင် နတ်ကြီးသည်ဟု နာမည်ကြီးသော တက္ကသိုလ် ဝင် စာမေးပွဲ နီးလျှင်လည်း
တပည့်တစ်ယောက်ချင်းစီ၏ ကျန်းမာရေး ကိုလည်း ဂရုစိုက်ပေးရသည်။ စာများ အကုန်ပိုင်နေသော်လည်း မကျန်းမာလျှင် ဘာမျှ အသုံးမဝင်တော့ချေ။
ထို့ကြောင့် စားချိန် အိပ်ချိန် စာကျက်ချိန်တို့ မျှတအောင် တခါ စီမံပေးရသည်။
နှစ်တိုင်းကြုံနေရသော်လည်း ခွန်းမှာ ​ေနသားမကျချေ။ အစစအရာရာအား ခွန်းမှာ သူ့ ဆရာထက်ပင် စိတ်ပူနေတတ် သည်။

သို့သော် တိမ်တိုက် နှင့် စကားပြောရလျှင် အနည်းငယ်သက်သာ သည်။
တိမ်တိုက်ကြိုးဆိုသည်မှာ လွတ်လွတ်လပ်လပ်နှင့် ပေါ့ပေါ့ပါးပါး သာ နေတတ်သော ကောင်လေးတစ်ယောက်ဖြစ်တာမို့ တစ်စုံတစ်ခုတွင် ဘယ်သော အခါမှ လွန်လွန်ကျူးကျူး စိတ်မနှစ်ထားတတ်။ စိတ်ညစ်စရာဆိုလျှင်တောင် ထိုကောင်လေးဆီတွင် ကြာကြာ မနေနိုင်ပေ။ တကူးတက မမောင်းထုတ်သည့်တိုင်
သူ့အလိုလို ထွက်သွားကြရတာချည်း ။ ထို့ကြောင့် လည်း တိမ်တိုက် အားကြည့်လျှင် အမြဲ ပျော်နေတတ်ကာ ဘေးကသူများကိုပါ ပျော်ရွှင်စရာတွေဖန်တီးပေးတတ်သူလေးဖြစ်သည်။

တစ်ခါတရံ တိမ်တိုက်ပြောပြသော အကြောင်းအရာများမှာ ဟိုရောက်ဒီရောက် ဖြစ်နေတတ်သည် ။ တစ်ခုနှင့်တစ်ခုဆိုတာလည်း အဆက်အစပ်မရှိချေ။ အကြောင်းအရာတစ်ခုအား ပြောနေရင်းနှင့်ပင် နောက်တစ်ခုသို့ ပြောင်းချင်ပြောင်းသွားသည်။ သို့သော် နားထောင်လို့ကောင်းသည်။ တခါတလေ ကိုယ်နားမလည်သော သူ့ဟာသများအား သူ့ဘာသာ ပြောကာ တစ်ယောက် တည်း ရီနေတတ်ပြန်သည်။

လေလှိုင်းမှ ဖြစ်စေ လူချင်းပင်ဖြစ်စေ သည်ကောင်ငယ်လေးမှာ သူ့အား ပျော်ရွှင်စေသည်။

နေ့လည် ထမင်းစားချိန်တွင် ကန်တင်း၌ ခွန်းထမင်းစားနေစဥ် ....

တီ..တီ..တီ..

'' ဟယ်လို ဆရာ ကလေးတွေ ဖြေနိုင်ရဲ့လား ''

'' အင်း ဖြေနိုင်ကြတယ် ညီ ရွေးပေးလိုက်တာတွေ အကုန်တိုးကြတယ် ''

'' ဟုတ်လား ဆရာ တော်သေးတာပေါ့ ''

'' အင်း သိပ်လည်း စိတ်ပူမနေပါနဲ့ ညီ့ တပည့်တွေက တော်ပြီးသားပါ ။ ကျန်းမာရေး ဂရုစိုက်ပြီး ညီ့ စာမေးပွဲကိုပဲ အာရုံ စိုက်တော့။ စာမေးပွဲ ကာလအတွင်းသုံးရအောင်လို့ ဆရာ ပိုက်ဆံထပ်လွှဲ ပေးလိုက်မယ် ''

'' ဟုတ်ဟုတ် ဆရာ ။ ဆရာလည်း ဂရုစိုက်ပါ ''

အသက် ၂၇နှစ်သာရှိသေးသော ခွန်း၏ဆရာ စိုင်းထွဋ်ခေါင်မင်း မှာ ခွန်း ၈တန်း ကျောင်းသားအရွယ်ကပင် ခေါ်ယူ စောင့်ရှောက်ထားပေးခြင်းဖြစ်သည်။ မိဘဟုခေါ်အပ်သော ပုဂ္ဂိုလ် များ သူ့အား ထားသွားစဥ်တွင် ဆရာမှ နေ၍ တာဝန်ယူ ထိန်းကျောင်းပေးခဲ့သည်မှာ ယနေ့တိုင်ထိဖြစ်သည်။

စိုင်းထွဋ်ခေါင်မင်း တွင် အမေ မရှိတော့ပါ။ ကျန်ခဲ့သော ညီငယ်လေးနှင့် အဖေဖြစ်သူအား စောင့်ရှောက်ကာ သည်ရွာလေးတွင်သာ ဘဝကို မြုပ်နှံထားသည်။
ထို့ကြောင့်လည်း တစ်ရွာလုံး အားကိုးရသော ကာလသားခေါင်းဆောင်လည်း ဖြစ်နေပြန်သည်။ အိမ်ခြေမများသော သည်ရွာလေးတွင် ဆရာစိုင်းထွဋ်ခေါင်မင်းအား မလေးစား မချစ်ခင်သူ မရှိပေ။

.....................

'' ကိုခွန်း ကော်ဖီသောက်လေ ''

ကော်ဖီဆိုင်တွင်ဖြစ်သည်။ သည်ကနေ့ တက္ကသိုလ် ဝင်စာမေးပွဲများ ၏ စာမေးပွဲနောက်ဆုံးနေ့ဖြစ်သည်။ ကော်ဖီဆိုင်သို့လျှောက်လာသည့် လမ်းတစ်လျှောက်တွင် ရွာမှ ကလေးများနှင့် ဖုန်းပြောလာခဲ့သည်။
တစ်ဖက်မှ ကလေးများ အကုန်ဖြေနိုင်ကြသည်ဟု ကြားရ၍ ခွန်း မျက်နှာတွင် ပျော်ရွှင်မှု အဖြာဖြာ ဝေနေခဲ့သည်။ ကော်ဖီဆိုင် သို့ ရောက်၍ ဖုန်းချလိုက်သည်အထိ အကောင်းပင်။

ဖုန်းတွင် မက်ဆေ့ချ် တစ်စောင် ဝင်လာပြီး ထိုစာအား ဖတ်ပြီးမှ သိသိသာသာ ​ငြိမ်သက်သွားခြင်း ဖြစ်သည်။

'' ဪ အင်း ဆောရီး တိမ်တိုက် ကိုယ်နည်းနည်း အတွေးများသွားလို့ ''

'' ဘာတွေ စဥ်းစား နေလို့လဲ ကျွန်တော့်ကို ပြောပြချင်ရင် ရတယ်နော် ''

'' အင်းထားလိုက်ပါတော့ကွာ ။ မင်းကော်ဖီခွက်ပေးတော့ ''

ဟုဆိုကာ ကော်ဖီခွက်ချင်း လဲလိုက်သည်။ ရွာမှ ပြန်ရောက်သည့်နေ့မှ စကာ ကော်ဖီသောက်ဖြစ်ကြလျှင် အမြဲ ခွက်ချင်းလဲ ပေးရသည်မှာ ထုံးစံပင်ဖြစ်နေတော့သည်။ တိမ်တိုက် သောက်ထားသော ကော်ဖီမှ သောက်လို့ကောင်းသည်တဲ့လေ။

နှစ်ယောက်သား ဆိုင်မှ ပြန်ထွက်လာကာ ကားဂိတ်သို့လျှောက်ကြသည််။
တစ်လမ်းလုံး ခွန်းမှာ တိတ်ဆိတ်နေသည်။ ခါတိုင်း တိမ်တိုက်ကို စနောက်နေသော်လည်း သည်နေ့တွင် ငြိမ်လှသည်။

'' တိမ်တိုက် ''

ခြေလှမ်းတို့ရပ်မသွားပဲ ရှေ့သို့ ဆက်လျှောက်နေဆဲ...

'' ဗျာ ''

'' လာမယ့် စနေ မင်းအားလား ''

'' ဟုတ် အားတယ်လေ အတန်းက နောက်အပတ်မှ ''

'' ကိုယ် သွားစရာရှိလို့ အဲ့နေ့ ကိုယ်နဲ့အတူ လိုက်ပေးပါလား ''

'' ဟုတ် ရတယ်လေ ''

'' အဲ့နေ့ ကိုယ် ကားဂိတ်ကို လာခေါ်မယ်နော် ''

'' ဟုတ်ဒါနဲ့ ဘယ်သွားမှာလဲ''

'' ကိုယ့်ညီမ မွေးနေ့ ''

...............................

ခွန်းလာခေါ်မည်ဟု ပြောထားသဖြင့် တိမ်တိုက်တစ်ယောက် မနက်စောစော ကတည်းကပင် ပုဆိုးကြီးတကားကားဖြင့် အိမ်အတွင်း ခြေချင်းလိမ်နေသည်။
ပုဆိုးဟူ၍ သုံးထည်ပင် မရှိသော တိမ်တိုက်တွင် ခွန်းညီမ မွေးနေ့အား သွားရန် ဝတ်စရာမရှိသဖြင့် အမေ့အား အပူကပ်ခဲ့ရသေးသည်။အဖြူရောင် ရှပ်လက်ရှည် သန့်သန့်ဖြင့် ဝယ်ပေးထားသော ခရမ်းရင့်ရောင် ပုဆိုးကွက်စိပ်ကို ခြေမျက်စိဖုံးသည်အထိ တွဲ၍ ဝတ်ဆင်ထားသည်။ အုန်းမုက်ခွက် ခေါင်းကိုတော့ ဒီအတိုင်းသာထားလိုက်တော့သည်။

ကျောင်းလည်း သွားစရာမရှိပါပဲ မျက်စိနောက်အောင် လျှောက်နေသော တိမ်တိုက် ကို ဒေါ်ယုယမြိုင် ကြည့်မရတော့။

'' တိမ်တိုက်ရယ် ထိုင်နေပါဦးလား ၉နာရီမှ လာမှာဆို ''

နာရီကြည့်မိတော့ ၈နာရီထိုးဖို့ ဆယ်မိနစ်ပင်လိုနေသေးသည်။

'' ခွန်မယ့် သားကြည့်ကောင်းတယ်မလားဟင် ''

တစ်ပတ်ပင်လှည့်ပြလိုက်သေးသည်။

'' မင်းသွားမှာ မွေးနေ့လား ယောက္ခမအိမ် ဆွေပြမျိူးပြလိုက်သွားမှာလား ''

'' ဟာ ခွန်မယ့်ကလည်း မဟုတ်တာ ''

ဟုဆိုကာ လက်မောင်းတစ်ဖက်ကိုလာပွေ့သည်။

'' ဖယ်စမ်း ငါဆိုင်သွားရဦးမှာနော် တိမ်တိုက် အချိန်တွေဆွဲမနေနဲ့ ''

ရွှေဆိုင်လေး တစ်ဆိုင်ဖွင့်ထားကာ သားတော်လေးကို ရှာကျွေးနေရခြင်းဖြစ်သည်။ တိမ်တိုက်၏ မဖြစ်စလောက် လစာ ကို သူမ အား အပ်သော်လည်း ပြန်တောင်းတာနဲ့တင် မကာမိချေ။

'' ခနလေးပါ ခွန်မဲကလည်း ''

ခေါင်းလေးတိုးကာချွဲနေသည်။ ဒေါ်ယုယမြိုင် တော့ သူ့သားအား နားကိုမလည်တော့ချေ။

နာရီလက်တံတို ဟာ တဖြည်းဖြည်း ဖြင့် ၉ ဟု မှတ်ထားသော နေရာသို့ ရောက်လာခဲ့သည်။ ထိုစဥ် စားပွဲ ပေါ်မှ တိမ်တိုက်ဖုန်းမြည်လာသည်။
ကားဂိတ်တွင် ခွန်းရောက်နေပြီဟု ပြောသည်။

''ရောက်ပြီတဲ့ ခွန်မယ့်...ဟီး... သား ကားဂိတ်ထိ လမ်းကြုံလိုက်စီးမယ်နော် ဟဲဟဲ ''

အလုပ်သွားလို့မရအောင် ဆွဲထားသည်မှာ ကားဂိတ်ထိ လမ်းကြုံ လိုက်ချင်နေလို့ ဖြစ်မှန်း ဒေါ်ယုယမြိုင်ခုမှ သဘောပေါက်တော့သည် ။ သားအမိနှစ်ယောက်ထဲနေသည့်အိမ်တွင် ကားတစ်စီးရှိသော်လည်း ဒေါ်ယုယမြိုင် သာမောင်းသည်။ တိမ်တိုက်ကိုတော့ ကားမောင်းခွင့်မပေးထားသလို သင်လည်း မသင်ထားပေး ပေ။

သားအမိနှစ်ယောက် အိမ်တံခါးများသေချာ သော့ခတ်ကာ ထွက်လာခဲ့ကြသည်။

'' စောစော ပြန်လာနော် သား။ တစ်ခုခုလိုတာရှိရင် ဖုန်းဆက်လိုက် ။မင်းအကောင့်ထဲ အမေ ပိုက်ဆံ နည်းနည်းထည့်ပေးထားတယ် လမ်းမှာ မွေးနေ့လက်ဆောင်လေးဘာလေး ဝယ်သွား ''

'' ဟုတ် မေမေ ''

ကားဂိတ်တွင် တိမ်တိုက်ကို ချပေးခဲ့ကာ ကားလေးမှာ ရွှတ်ခနဲ မောင်းထွက်သွားသည်။ ခွန်းနှင့် မိတ်ဆက်ပေးချိန်ပင် မရလိုက် ။

ခွန်းက လည်ကတုံးအဖြူနှင့် ကချင်အဆင် ပုဆိုး မီးခိုးရောင် ကို ဝတ်ဆင်ထားသည်။ စနေနေ့မို့ ကားရှားသည်က တစ်ကြောင်း။ စီးရမည့်ကားမှာ နဂိုကတည်းကပင် အများကြီး ထွက်လေ့ မရှိသည်က တစ်ကြောင်း ။ ကားဂိတ်တွင် အတန်ကြာအောင်စောင့်လိုက်ရသည်။ နာရီဝက်လောက်စောင့်ပြီးသည့်အခါ ကားရတော့သည်။ နေရာရ၍ တော်လှသည်။ မဟုတ်လျှင် ပုဆိုး မနိုင်သော တိမ်တိုက်မှာ ဒုက္ခကို လှလှနှင့် တွေ့ရပေလိမ့်မည်။

မှတ်တိုင်ရောက်၍ ဆင်းပြီးလျှင် လမ်းအနည်းငယ်ထပ်လျှောက်ရသေးသည်။
လူဂုဏ်ထံများနေသော ရပ်ကွက် ဖြစ်သဖြင့် ကားသံနှင့် ငှက်သံကလွဲလို့ ဘာသံမျှမကြားရ။ လမ်းသွား လမ်းလာပင် သိပ်မရှိချေ။ ကားများသာ ဟိုလမ်းက ထွက်လာလိုက် ဒီလမ်းက ထွက်လာလိုက် တွေ့ရသည်။

အေးအေးဆေးဆေးပင် လျှောက်လာရင်း ခွန်းမှာ အလွန်တည်ငြိမ်နေသည်။
ကိုယ့်ညီမမွေးနေ့မို့ ပျော်ရွှင်နေသည့် မျက်နှာလည်း မဟုတ်။ ဒေါသထွက်နေသည့်မျက်နှာလည်း မဟုတ် ။ ဝမ်းနည်းနေသည့်အရိပ်အယောင်လည်း မဟုတ်။ ထူးထူး ခြားခြားပင် တည်ငြိမ်ကာ အေးစက်နေသည်။

ခမ်းနားသော အိမ်ကြီး တစ်အိမ်ရှေ့တွင် ရပ်လိုက်သည်။ မြင့်မားထည်ဝါသော ၃ထပ်တိုက်ကြီးမှာ ဟီးနေတော့သည်။ ထို့နောက်ခြံတခါးအား မပိတ်ထားသဖြင့် ခွန်းတို့နှစ်ယောက်ဝင်သွားလိုက်သည်။ ခြံဝင်းမှာ အတော်ကျယ်သည်။ ကားများစွာကလည်း အစီစဥ် တကျ ထိုးရပ်ထားသည်။ ခွန်းတို့နှင့် သိပ်မကွာ နောက်မှ ကားတစ်စီးဝင်လာသည်။ ထိုကားအား ခြံစောင့်ဟုထင်ရသော ဦးလေး တစ်ယောက် မှ ကားတံခါးအား ရိုကျိူးစွာဖွင့်ပေးသည်။

တိမ်တိုက်တို့ အိမ်ထဲသို့ ဝင်မည်အပြု ဦးလေးကြီး တစ်ယောက် ရှေ့တွင် လာပိတ်ရပ်သည်။

'' ဒီက မောင်ရင်တို့ကို ဖိတ်ထားလားကွဲ့ ဖိတ်စာလေးပြပါဦး ''

ဦးလေးကြီးမှ လေသံအေးအေးဖြင့် မေးသည်။

ကိုယ့်မိဘ အိမ်ကိုယ်လာတာ ဖိတ်စာလိုလို့လား ဟု တိမ်တိုက်တွေးလိုက်သည်။

'' ဖိတ်စာ မပါဘူး ''

လေသံခပ်ပြတ်ပြတ်ဖြစ် ခွန်း ပြောလိုက်သည်။

'' မပါရင် ဝင်လို့မရဘူး မောင်ရင် ''

'' ဟက် ''

ခွန်း ခနဲ့တဲ့တဲ့ ရီလိုက်သည်။ ကိုယ့်ညမမွေးနေ့ကို ဖိတ်စာမပါလို့ မဝင်ရဘူးတဲ့ ရယ်ရတယ်။

'' ဘာရီတာလဲ ကွ ဒါ ဘယ်သူ့အိမ်လည်းဆိုတာ မင်းသိလား ''

'' သိတယ်လေ လွှတ်တော်အမတ် ဦးမာန်ခွန်းစစ် ရဲ့ အိမ်လေ ပြီးတော့ ကျွန်တော့် အဖေ အိမ် ''

ခွန်း အသံတို့မှာ အေးစက် ကွဲရှနေသည်။

'' မောင်ရင် ဘာတွေ လာရွှီးနေတာလည်း အဘမှာ သမီးတစ်ယောက် ပဲရှိတာ ''

ဒီခြံစောင့်မှာ အသစ်ဖြစ်ပုံရသည်။ အရင် လူများကတော့ ခွန်းကို သိကြသည်။

'' ဟဲ့ လှထွန်း ဘာတွေ လုပ်နေတာလဲ ငါ ခိုင်းစရာ ရှိ......ဟယ် သားခွန်း ရောက်ပြီလား ကြီးကြီး နုကမျှော်နေတာ ''

ကြီးကြီးနု ဆိုတာ ခွန်းတို့ မိသားစု မပြိုကွဲခင်အချိန်အထိ အိမ်တွင် ခွန်းတို့ ၃ယောက်အား ထိန်းကျောင်းပေးခဲ့သည့်အပြင် အိမ်ထိန်းလည်း ဖြစ်သည်။

စီးပွားရေးကိုသာ တစိုက်မတ်မတ်လုပ်တတ်ကြသော မိဘနှစ်ပါး အောက်တွင် ကြီးကြီး နုသည်သာ အမေလိုတစ်မျိုး အဖေလို တစ်ဖုံ ဆုံးမကာ မေတ္တာ အပြည့်အဝဖြင့် စောင့်ရှောက်ပေးခဲ့သည်။

အိမ်ထောင်ကွဲချိန်တွင် အဖေနှင့် ပါသွားသော တစ်ဦးတည်းသော ညီမလေးအား မိထွေးလက်တွင် မနေစေလို၍ အဖေ၏ နောက်အိမ်ထောင်သို့ သူမ ပါ လိုက်သွားခဲ့သည်။

'' ရောက်တာကြာပြီ ကြီးကြီးနုရဲ့ ဒီမှာလေ မသဒ္ဓါရေစာတွေ စားသောက်ပြီး လုပ်ကြံခံရမှာ လာကြောက်ပြနေတဲ့ အမတ်မင်း ဦးမာန်ခွန်းစစ်ရဲ့ ဝန်ထမ်းအသစ်နဲ့ နည်းနည်း ငြိနေလို့ ''

'' အို သားရယ် ''

'' လာလာ ခငယ် လေးက မနက်ကတည်း က သားကို မျှော်နေတာ ကြီးကြီးနုကို ကိုကိုမလာသေးဘူးလား ချည်းပဲ မေးနေတာ ''

ခွန်းခငယ်..... ခွန်းရဲ့ အချစ်ဆုံး ညီမလေး။ ခငယ်လေး ၅နှစ်သားကတည်းက ခွဲခဲ့ရသည်မှာ ယခုဆိုလျှင် ၁၂ နှစ်ပင် ပြည့်တော့မည့် မြီးကောင်ပေါက်မလေး ဖြစ်နေပြီ ဖြစ်သည်။ တစ်နှစ် ကို ၂ခေါက် ၃ခေါက် သာ တွေ့ဖြစ်ခဲ့ကြသည်။

ခငယ်လေးက ခွန်းကို ဂိုက်သင်ပေးစေချင်သော်လည်း ဒီအိမ်ကို မလာချင်လို့ တမင် ချော့မော့ကာ ငြင်းခဲ့ရသည်။

'' သူငယ်ချင်း လည်းပါလာတာကိုး လာလေ အထဲဝင်ကြရအောင် ''

ကြီးကြီးနု ရှေ့ဆုံးမှ နေ၍ ခွန်းတိူ့ ၂ယောက်အား ဦးဆောင်ခေါ်သွားသည်။
ခမ်းနားစွာ သေချာ ပြင်ဆင်ထားသော ဧည့်ခန်းကြီး အား ကျော်လွန်ပြီး အပေါ်ထပ်သို့ တက်လာကြသည်။ အပေါ်ရောက်တော့ သန့်သန့်ပြန့်ပြန့် ဖြင့် ဟိတ်ကြီး ဟန်ကြီးထည်ဝါနေသော အမျိူးသား၊အမျိူးသမီး ၂၀ ခန့်။
ရှေ့ဆုံးတွင် ဦးမာန်ခွန်းစစ် နှင့် သူ့ဇနီး ဟုထင်ရသော အမျိူးသမီး အလယ်တွင် ခွန်း ညီမလေး ခွန်းခငယ် တို့ တရားနာ၍ ရေစက်ပင် ချနေကြပြီဖြစ်သည်။

သားဖြစ်သူတောင် မစောင့်ပဲ ရေစက်ချနေကြတာလား ဟု တိမ်တိုက်တွေးမိလိုက်သည်။

ရေစက်ချ အမျှဝေပြီးချိန်တွင် ဘုန်းကြီးဆွမ်းကပ်ကြသည်။ အဲ့အချိန်ထိ ခွန်းတို့ကို မမြင်သေး။ အားလုံး သူ့အလုပ်နှင့် သူအလုပ်ရှုပ်နေကြသည်။ ဘုန်းကြီးဆွမ်း ဘုန်းပေးနေစဥ် ခွန်းခငယ်လေး အနောက်သို့ လှည့်အကြည့်တွင်
ရပ်နေသော ခွန်းတို့အား မြင်သွားသည်။

'' ကိုကို လာပြီ ''

ဟု ပြောကာ ပျော်ရွှင်စွာဖြစ် ခွန်းဆီပြေးလာသည်။ ခငယ်လေးမှာ မြန်မာ ဝမ်းဆက် ချိတ်ပိုးသား ပန်းရောင် လေးဖြင့် အပျိူပေါက်စလေးဖြစ်သည်။ ဆံပင် ဂုတ်ဝဲလေးနှင့် တိမ်တိုက်ထက် အနည်းငယ်ပဲ ပုသည်။ အရပ်ရှည်ကြသော မောင်နှမများပင်ဖြစ်သည်။

ခွန်းလည်း ဒူးတစ်ဖက် ထောက်ချလိုက်ကာ ခငယ်လေးအား ဆီးကြိုပွေ့ဖက်လိုက်သည်။ သန်မာထွားကြိုင်းသော ခွန်းကိုယ်တွင် ခငယ်လေးမှာ စုန်းစုန်းမြုပ်နေသည်။

'' ကိုကိုကလည်း ကြာလိုက်တာ ခငယ် စောင့်နေတာ မနက်ကတည်းက ''

'' ဆောရီးပါကွာ ကိုကိုကိစ္စလေး နည်းနည်းရှိလို့။ ''

''ဟော ကြည့်စမ်း ကိုကို့ ခငယ်လေးက သိပ်လှနေသကိုးကွ ''

ခငယ်လေးကိုကြည့်ကာ အသည်းယားစွာဖြင့် နှာထိပ်လေးကို ဆွဲဖြစ်လိုက်သည်။

'' ဪ သားတောင် ရောက်နေပြီပဲ ''

ခွန်းအဖေရဲ့ ဇနီး ဖြစ်သူ က နောက်မှရောက်လာကာ မေးသည်။ ဖေဖေ့ ဇနီး ဖြစ်နေသည်ကလွဲရင် အလွန် လှပ၍ ကျက်သရေ ရှိသော အမျိူးသမီးတစ်ဦးဖြစ်သည်။

'' ကျွန်တော် ခင်ဗျား သားမဟုတ်ဘူး ''

ခွန်းပတ်ခနဲ ပြန်ပြောလိုက်သည်။

'' ဟိုကောင် မင်း စကားကို ဘယ်လို ပြောနေတာလဲ ''

ဦးမာန်ခွန်းစစ် အနားကို ရောက်လာသည်။ ဒေါသသံစွတ်နေသည်။

'' ကျွန်တော် က သူ့သားမဟုတ်လို့ မဟုတ်ဘူးပြောတာလေ အဖေ့နားထဲ ဘယ်လို ကြားလိုက်လို့လဲ ''

လေသံထန်ထန်ဖြင့် အေးအေး လူလူ ပြန်ပြောသည်။

'' ခွန်းမာနမောင် မင်း ငါ့ကိုပြန်ခံပြောနေတာလား ငါမင်းအဖေနော် ''

'' အင်း ကျွန်တော်သိပါတယ် လွှတ်တော်အမတ် ဦးမာန်ခွန်းစစ် ခင်ဗျ ''

'' မင်း..... ''

အခြေအနေတွေက တိမ်တိုက်မျက်စိရှေ့တွင် တင်းမာလာသည်။ သူ သည်အိမ်ရောက်ကတည်းက စကားတစ်ခွန်းပင် မဟသေးဘဲ ရှေ့တွေ ဖြစ်ပျက်သမျှကိုသာ စနည်းနာနေသည်။

အကြည့်ချင်းပြိုင်နေသော ခွန်းတို့သားအဖ။ အေးစက်တည်ငြိမ်သည်ဆိုသော ခွန်းမျက်ဝန်းတွေပင်
ဦးမာန်ခွန်းစစ် ကို မမှီ။ လေထုမှာ ချက်ချင်းလိုပင်အေးစက်လာခဲ့သည်။

'' အို...စိတ်လျော့ပါ ကိုရယ် သားက တခါတလေ လာတာကို ''

ဦးမာန်ခွန်းစစ် လက်မောင်းအား အသာ ကိုင်တာ သူ့ဇနီးက ဝင်ပြောသည်။

'' ဟက် ''

ခွန်းတချက် ရီလိုက်သည်။

'' မင်း...မင်းနော် မင်းအမေနဲ့ တစ်ပုံစံတည်းပဲ အချိူးကို မပြေဘူး
သမီးလေးမွေးနေ့မို့ ငါသည်းခံနေတာ ''

ထိုစကားကိုကြားလိုက်ရသော ခွန်း ။ လက်သီးကို တင်းတင်းဆုပ်လိုက်သည် ကို တိမ်တိုက် မြင်လိုက်သည်။ သည်အခြေအနေကို တိမ်တိုက် နားမလည်ပါ သို့သော် ခွန်း သိသိသာသာပင် ခန္ဓာကိုယ်ကြီးတောင့်ကာ မျက်နှာကြီးပင် နီလာသည်။ ဆုပ်ထားသော လက်သီးမှာလည်း တဆတ်ဆတ်တုန်နေသည်။

တိမ်တိုက် အနောက်မှနေ၍ ခွန်း အင်္ကျီ စလေးအား ဖြည်းဖြည်းလေးဆွဲလိုက်သည်။ ရန်မဖြစ်စေချင်သော မျက်ဝန်းများနှင့် ခွန်းအား မော့​ကြည့် လိုက်သည်။

ခွန်းကြားလိုက်ရသမျှ စကားတို့အား တွေးတွေးမိကာ ဒေါသတွေ တလိပ်လိပ် တက်လာရင်း အနောက်ဘက်မှ အင်္ကျီ လာဆွဲသည်ကို သိလိုက်၍ ကြည့်လိုက်သော သူ့အား စိုးရိမ်နေသော မျက်ဝန်းလေးများနှင့် ကြုံသည်။ တိမ်တိုက် ပါလာသည်ကို ခေတ္တမျှ မေ့သွားသည်။

'' ကိုကို ခ ငယ်တို့ အောက်ဆင်းကြမယ်လေ ။ ဖေဖေ ကိုကိုနဲ့ အောက်ဆင်းလိုက်ဦးမယ်နော် ပြီးမှ ပြန်တက်ခဲ့မယ် ရလား ''

သိသင့်သလောက် သိကာ နားလည်သည့် အရွယ် ရောက်နေသော ခငယ်လေးမှာ ထိုအခြေအနေမှ သူ့အကိုအား ဆွဲထုတ်ရန် ကြိုးစားတော့သည်။ ကြာရင် အခြေအနေ မဟန်တော့ပေ။ နှစ်ယောက် လုံး၏ ဒေါသကို သူ သိသည်။ အိမ်တခါလာတိုင်း တခါ ရန်ဖြစ်ကြသည်။

'' မကြာစေနဲ့ နော်သမီး ဧည့်သည်တွေကို ဧည့်ခံရဦးမှာ ''

ဦးမာန်ခွန်းစစ် ဆီမှ ခွင့်ပြုချက်ရကာ ခငယ်လေးက ခွန်းလက်ကို ဆွဲကာ ခြံထဲသို့ ခေါ်သွားသည်။

ထိုအခြေအနေအားလုံးကို အစအဆုံးကြည့်ကာ ကြီးကြီးနု သက်ပြင်းချမိသည်။
မာနကြီးလွန်းသော သားအဖ နှစ်ယောက် အကြောင်း သူအသိဆုံးဖြစ်ရာ ဒီ တစ်သက် ပြန်တည့်ဖို့ လမ်းပင် မမြင်တော့ချေ။ ခွန်းခငယ်လေးခံနေ၍သာ သည်သားအဖ ဆက်ဆံရေး လုံးဝ မပြတ်သွားသည် ဖြစ်သည်။

ပျော်ပျော်ရွှင်ရွှင် ချစ်ချစ်ခင်ခင် ပင် မျက်စိအောက်တွင် ခွန်းတို့မောင်နှမ သုံးယောက် ကြီးပြင်းလာသည်ကို မြင်ခဲ့ရသော ကြီးကြီးနု ပင် ယခုလို မောင်နှမသုံးယောက် တကွဲတပြားစီဖြစ်နေကြသည်ကို တွေးမိတိုင်း ရင်ထဲ နာလှသည်။

မိဘတွေရဲ့ လောဘတွေနှင့် မာနပြိုင်မှုများကြားတွင် သည်ကလေးတွေမှာ မြေစာပင် ဖြစ်ခဲ့ရသည်။ မောင်နှမသုံးယောက် အနက် အသနားရဆုံးမှာ ခွန်းမာနမောင် ဖြစ်သည်။ အလယ်တန်းကျောင်းသားအရွယ်ကတည်းကပင် မိဘဟူသော ဝေါဟာရကြီး သူ့ အဘိဓာန်တွင် ပြိုကွဲ ခဲ့ရသည်ဖြစ်သည်။

အကို နှစ်ယောက် ရှိသော ခွန်းခငယ်လေးမှာ အကြီးဆုံး ဖြစ်သော ခွန်းသက်ဦး ထက် အလတ်ဖြစ်သော ခွန်းမာနမောင် ကို ပိုခင်တွယ်သည်။ ကျောင်းစာများနှင့် အလုပ်ရှုပ်နေတတ်သော ခွန်းသက်ဦးမှာ အငယ်ဆုံးဖြစ်သော ခွန်းခငယ်လေးအတွက် အချိန်မပေးနိုင်ပေ။ ကြီးကြီးနုမှာလည်း အိမ်အလုပ်များဖြင့် လုံးပန်းနေရသဖြင့် ခငယ်လေး ကို ခွန်းကသာ အတူ ကစားပေးကာ အဖော်လုပ်ပေးသည်က များသည်။မိဘနှစ်ပါး ရန်ဖြစ်ချိန်တွင်လည်း ခွန်းကသာ ခငယ်လေးကို ရင်ခွင်တွင်းထည့်ကာ အခန်းတံခါးပိတ် ၍ ပုံပြင်များပြောပြတတ်သေးသည်။

နေမကောင်းသည့် အချိန်များတွင်တောင် ခွန်းမေမေထက် ခွန်းကိုသာ ပိုကပ်သည်။ ခွန်းကျွေးသည့်အစာပဲ စားကာ ခွန်းတိုက်သည့်ဆေးပဲ သောက်သည်။ ယခုအချိန်ထိ ခငယ်လေးမှာ နေမကောင်းလျှင် ခွန်းကိုသာရှာနေတတ်ပြီး ထိုအချိန်များတွင် ခွန်းက လာနေပေးရသည်။

လာသည့် အချိန်များတွင် ဦးမာန်ခွန်းစစ် နှင့် မျက်နှာချင်းမဆိုင်မိလျှင် ဘာပြသာနာမှ မရှိပဲ အေးချမ်းသည်။ ဆိုင်မိလျှင် မာနချင်းပြိုင်နေသော သားအဖ ကြားတွင် မည်သူမျှ ဝင် မတားရဲပေ။

'' ကိုကို ခငယ်ကို နောက်နှစ်အတန်းကျ ဂိုက်ပြပေးပါလားဟင် ''

ခြံထဲရှိ ဒန်းပေါ်တွင် ထိုင်ကာ ခြေထောက်ကို တွဲလောင်းချထားရင်း လှုပ်ကာ မေးသည်။

'' ကိုကို Second sem ကျ မအားလောက်တော့ဘူး ကွ ဘာလဲ ဖေဖေ ခေါ်ပေးတဲ့ ဂိုက်တွေက မကောင်းလို့လား''

'' ခငယ်က ကိုကိုနဲ့ သင်ချင်တာ ''

ခငယ် မျက်နှာလေး ညိုးကျသွားသည်။

'' ကဲပြော ခငယ်လေး မွေးနေ့လက်ဆောင် ကို မုန့်ဖိုးယူမလား ကိုကို ဘာဝယ်ပေးရမလဲ ''

'' ရပါတယ် ကိုကိုရဲ့ ကိုကိုက လက်ဆောင်ပဲ ''

'' အမယ် ဒီကလေးမ သိပ်တတ်နေတာပဲ ဆုချရတော့မယ် ''

ခွန်း အိတ်ကပ်ထဲမှ 'kha ' ဟု စာတန်းလေးပါသော 925 ဆွဲကြိုးလေး ထုတ်ကာ ခငယ်လေး ကို ဆွဲပေးသည်။

ခငယ်လေးမှာ ဆွဲကြိုးလေး ကိုင်ကြည့်ကာ အလွန်သဘောကျ နေသည်။

ရွှတ်

ခွန်းပါးလေးအား လှမ်းနမ်းလိုက်ပြီး

'' ကိုကို အတော်ဆုံးပဲ '' ဟု ပြောကာ လည်ပင်းအား သိုင်းဖက်လိုက်သည်။

'' ဒါနဲ့ ကိုကို ဟိုဘက်က ကိုကိုက ကိုကို့သူငယ်ချင်းလားဟင် ''

'' အင်း ကိုကို့ သူငယ်ချင်း တိမ်တိုက်ကြိုးတဲ့ ''

'' အီးးးးချစ်စရာလေးနော် ''

ခငယ်တို့ မောင်နှမ နှစ်ကိုယ်ကြားရုံလေသံဖြင့် ပြောနေကြသည်။

တိမ်တိုက် တစ်ယောက် ခုထိပင် စကားတစ်ခွန်းမှ မပြောရသေးပေ။ ခွန်းသွားရာသို့သာ ငြိမ်​ငြိမ်လေး လိုက်နေခဲ့သည်။

'' ဟိုင်း ကိုကို တိမ်တိုက်ကြိုး သမီး က ခွန်းခငယ်ပါ ကိုကို့ တစ်ဦးတည်းသောညီမလေးပါ ''

၁၂နှစ်သမီးလေးက သွက်သွက်လက်လက်နှင့် ချစ်စရာကောင်းအောင် မိတ်ဆက်လာသည်။

'' ဟုတ်ပါပြီ မီးလေးရယ် တွေ့ရတာ ဝမ်းသာပါတယ်ခင်ဗျ ''

တိမ်တိုက်သဘောကျစွာ ပြုံးရင်း ခငယ် ခေါင်းလေး ကို လှမ်းပုတ်လိုက်သည်။

မိနစ်အနည်းငယ် တိတ်သွားကြပြန်သည်။ ထို့နောက် ခငယ် တိမ်တိုက်ဘက်လှည့်ကာ

'' ကိုကို တိမ်တိုက်ကြိုး ... ရည်းစားရှိပြီလားဟင် ''

'' တယ် ဒီကလေး ဘာတွေမေးနေတာတုန်း ခွန်းခငယ်နော် ကိုကို ဘာမှာထားလဲ ''

ခွန်းက ဝင်မာန်သည်။ တိမ်တိုက်ကတော့ သဘောကျနေသည်။

'' သိပါတယ် ကိုကိုရဲ့ ကျောင်းစာပဲလုပ်မှာပါ ။ ကိုကိုတိမ်တိုက်ကြိုး ကို ကျောင်းပြီးတဲ့အထိ စောင့်ပေးပါလားလို့ ပြောမလို့ပါ ဟဲဟဲ ''

စပ်ဖြဲဖြဲ လေးဖြင့် တိမ်တိုက်ကို မေးသလိုလို ခွန်းအား ပြောပြသလိုလို လုပ်နေသည်။ တိမ်တိုက်မှာလည်း ၁၂နှစ် သမီးလေး၏ propose လုပ်ခြင်းကို ခံရ၍ ပြုံးဖြီးနေတော့သည်။ မပြုံးနိုင်ပဲ မကြည်မလင် ဖြစ်နေသည်က ခွန်းတစ်ယောက်တည်းပင်။

'' တော်တော့ မိခငယ် ကလေးက ကလေးလိုပဲနေမှပေါ့ စာပဲ အာရုံစိုက် ''

'' ဪ ကိုခွန်းကလည်း ကလေးကို မဆူပါနဲ့ ''

တိမ်တိုက် ခငယ်လေးကို သူ့ဆီ ဆွဲယူဖက်လိုက်သည်။ ခငယ်လေးကတော့ သဘောတွေ ကျလို့ပင်။

ထို့နောက် ခွန်းကို ဖယ်ထားကြ ကာ တိမ်တိုက် နှင့် ခငယ် နှစ်ယောက်တည်း ရယ်ရယ်မောမော စကားပြောနေကြသည်။

သိပ်မကြာလိုက်ပေ ကြီးကြီးနု ရောက်လာပြီး ခငယ်လေးကို ဧည့်သည်တွေ ဧည့်ခံဖို့ .လာခေါ်သည်။ မွေးနေ့ရှင်ကို ခေါ်ထုတ်လာသည်မှာ နည်းနည်းကြာနေပြီဖြစ်သည်။

'' သားတို့ မုန့်စားသွားကြဦးလေ ''

'' မစားတော့ဘူး ကြီးကြီးနု သားတို့ပြန်တော့မယ် ဖေဖေ့ကိုလည်း ကြီးကြီးနု ပဲ ပြောလိုက်ပါ သားမဝင်တော့ဘူး ခငယ်လေးကိုလည်း စောင့်ရှောက်ပေးပါဦးနော် ''

'' အေးပါကွယ် သားလည်း ကျန်းမာရေးဂရုစိုက်နော် မောင်စိုင်းထွဋ်ခေါင်မင်းရော နေကောင်းလား ''

'' ဟုတ်ကောင်းပါတယ် ဆရာလည်း စာမေးပွဲ တွေ ပြီးလို့ ခန အနားယူနေတယ် ''

'' ဪ အေးအေး ဒါနဲ့ ဒီဘက်က ကလေးကို အားနာစရာကွယ် သားရယ် သူလည်း ဗိုက်ဆာနေရောပေါ့ ဝင်စားသွားပါလား ''

တိမ်တိုက် ကိုကြည့်ကာ အမှန်ပင်အားနာနေသည့်ပုံပင်ဖြစ်သည်။ သည်သားအဖလုပ်တာနှင့် ဘေးက ကလေး အနေကြပ်ရော့တော့မည်။

'' ဟုတ် ရပါတယ် ဗျ ''

တိမ်တိုက် ယဥ်ယဥ်ကျေးကျေးလေး ပြန်ပြောလိုက်သည်။

'' ကျွန်တော် အပြန် တခုခု လိုက်ကျွေးလိုက်ပါ့မယ် မဝင်တော့ဘူး ''

'' ဪ ကြီးကြီးနု သူက တိမ်တိုက်ကြိုးတဲ့ ကျွန်တော့် သူငယ်ချင်း ''

'' အေးပါကွယ် ဒီမာနခဲလေးကို သူငယ်ချင်း လုပ်ပေးလို့ ကြီးကြီးနုကပဲ ကျေးဇူးတင်ပါတယ်ကွယ် ''

တိမ်တိုက် တစ်ယောက် ရယ်ပဲ ရယ်ပြလိုက်တော့သည်။

'' ဟာ ကြီးကြီးနု ကလည်း.... ဒါဆို သားတို့ ပြန်ပြီနော် ကြီးကြီးနု လည်း ကျန်းမာရေးဂရုစိုက် ''

'' ခငယ်လေး ကိုကိုတို့သွားပြီနော် ''

ခငယ်လေး ပါးကို လှမ်းကိုင်ကာ ခွန်း နှုတ်ဆက်လိုက်သည်။

'' ခွန်းငယ်လေး ကိုကို ပြန်ပြီ နောက်မှ ထပ်တွေ့ကြမယ် ''

အမယ် ခွန်းငယ်လေးဆိုပဲ...ခွန်း တိမ်တိုက် ကို ကြည့်လိုက်သည်။

'' ဟုတ် ကိုကို တိမ်တိုက် ....''

'' ကိုကို နောက်ခါလာရင် ကိုကိုတိမ်တိုက်ကို ပါ ခေါ်လာခဲ့နော် ခစ်ခစ် ''

ပြောလည်း ပြော ခငယ်လေးတစ်ယောက် သဘောလည်း ကျနေသည်။

ထို့နောက် အိမ်မှ ထွက်လာကာ ကားဂိတ်သို့ ပြန်လျှောက်လာခဲ့ကြသည်။ အလာတုန်းကနှင့် မတူ နေမှာ ခေါင်းပေါ်ရောက်လု ဖြစ်နေပြီ ဖြစ်သည်။

28.2.2022

( Zawgyi. )

သာယာေသာ ဥဩငွက္သံေလးမ်ားနဲ႕ စတင္ဖြင့္လွစ္ထားေသာ ႏြေ တစ္ေန႕ေလးျဖစ္သည္။ အ႐ုဏ္တက္ခ်ိန္ကတည္းကပင္ ရပ္ကြက္ထဲရွိ လႈပ္လႈပ္ရွားရွား အသံမ်ားကို တိမ္တိုက္တစ္ေယာက္ အိပ္ရာထဲကပင္ နားစြင့္ေနမိသည္။ ေနမင္းႀကီး ပင္ အလုပ္ခြင္ မဝင္ခင္ ဟိုဘက္လမ္းမွ ပဲျပဳတ္သည္ အန္တီႀကီး၏ က်ယ္ေလာင္စူးရွေသာ အသံသည္ ေမွာင္ျပျပ မနက္အ႐ုဏ္လင္း ခ်ိန္အား စိုးမိုးထားသည္။ ဘိန္းမုန့္ေရာင္းေသာ ဦးေလးႀကီးမွာလည္း သူ႕အသံအား အသံသြင္းထားေသာ ေအာ္လံ အေသးစားေလးျဖင့္ ဖြင့္ကာ စက္ဘီးေလးျဖင့္ေရာင္းေနသည္။ ပဲျပဳတ္သည္အန္တီႀကီးေလာက္ အသံမေအာင္၍ ျဖစ္နိုင္သည္။

ထို႔အျပင္ လမ္းထဲရွိ ဆယ္တန္းကေလးမ်ား၏ စာအံသံမ်ားကိုလည္း ၾကားေနရသည္။ ဒီေန႕သည္ တကၠသိုလ္ ဝင္တန္း စာေမးပြဲ၏ ပထမဆုံးေန႕ျဖစ္သည္။ ထို႔ေၾကာင့္ ကာယကံရွင္ ေက်ာင္းသားေက်ာင္းသူေတြအျပင္ မိဘေဆြမ်ိဴး သည္လည္း စိတ္လႈပ္ရွားေနၾကသည္။ မိမိတို႔၏ သားသမီးမ်ား စာေမးပြဲ ေျဖနိုင္ရန္အလို႔ငွာ ေဗဒင္ေတြေမး ယၾတာေတြေခ်ျဖင့္ ကာယကံရွင္ မ်ားထက္ပင္ အလုပ္ရႈပ္တတ္ၾကေသးသည္။

အလုပ္သြားရန္ ထြက္လာေသာ လမ္းတစ္ေလွ်ာက္တြင္လည္း သက္ဆိုင္ရာေက်ာင္းမ်ားသို႔ စာေျဖသြားရန္ ထြက္လာၾကေသာ ေက်ာင္းသားေက်ာင္းသူေလးမ်ားႏွင့္ ေဘးတြင္လည္း ေသခ်ာေျဖရန္ စိတ္မလႈပ္ရွားရန္ စသည္ျဖင့္ တတြတ္တြတ္ မွာတမ္းေခြၽေနေသာ မိဘမ်ားလည္းရွိသည္။

ကိုယ့္မေလာင္ေသာ အပူေတြအား ကူေလာင္ေပးေနသည့္အလား။

အာလုံးထက္ စိတ္လႈပ္ရွားေနသူမွာ သူ၏ မသက္ဆိုင္သူ အမ်ိဴးသားေလးပင္ျဖစ္လိမ့္မည္။ ဆရာတစ္ေယာက္ျဖစ္သည့္တိုင္ မိမိ၏ တပည့္မ်ားကို စိုးရိမ္ပူပန္တတ္သည္မွာ သဘာဝျဖစ္ေသာ္လည္း ခြန္းမွာမူ တပည့္မ်ားထက္ပင္ ပို၍ စိတ္လႈပ္ရွားေနပုံရသည္။ ထို႔ေၾကာင့္ ႐ြာျပန္သြားေသာ ႏွစ္ရက္လုံး တြင္ ညဆိုလွ်င္ ခြန္းအား ေစာင့္ကာ ဖုန္းေျပာၿပီးမွ အိပ္သည္။

တခါတေလ တိမ္တိုက္၏ မရယ္ရေသာ ဟာသမ်ားကိုလည္း ခြန္းတစ္ေယာက္ နားေထာင္ေပးရသည္။ ေစာေစာအိပ္ခိုင္းေသာ္လည္း မအိပ္ပဲ ညဥ့္နက္တဲ့ထိ ဖုန္းေစာင့္ေခၚ၍ စကားေျပာေပးသည္။ Stress နည္းနည္း ေလ်ာ့ လည္း မဆိုးဘူး ဟု ေျပာလာ ကာ အိပ္ေရးအပ်က္ခံ၍ စာသင္ၿပီး ခ်ိန္ထိ ေစာင့္ေပးတတ္သည္။ အမွန္တကယ္လည္း တိမ္တိုက္ႏွင့္ စကားေျပာရလွ်င္ စိတ္ဖိစီးမႈ ေလ်ာ့ကာ အိပ္ေပ်ာ္သည္။

ႏွစ္တိုင္း သည္အခ်ိန္တြင္ သည္လို ျဖစ္ၿမဲ ျဖစ္သည္။ ေက်ာင္းသားမ်ားမွာမူ စာတစ္ခုတည္း စိတ္ပူစရာရွိၿပီး ဆရာေတြမွာေတာ့ ေက်ာင္းသားတစ္ေယာက္ခ်င္းစီ အားပူပန္ရသည္။ ထို႔အျပင္ မက်က္ထားေသာ အပုဒ္မ်ားႏွင့္ တိုးလာလွ်င္လည္း ေျဖနိုင္ပါ့မလား ဟူေသာ အေတြးမွာ တစ္ခါသတ္ျပန္သည္။

ထို႔အျပင္ နတ္ႀကီးသည္ဟု နာမည္ႀကီးေသာ တကၠသိုလ္ ဝင္ စာေမးပြဲ နီးလွ်င္လည္း
တပည့္တစ္ေယာက္ခ်င္းစီ၏ က်န္းမာေရး ကိုလည္း ဂ႐ုစိုက္ေပးရသည္။ စာမ်ား အကုန္ပိုင္ေနေသာ္လည္း မက်န္းမာလွ်င္ ဘာမွ် အသုံးမဝင္ေတာ့ေခ်။
ထို႔ေၾကာင့္ စားခ်ိန္ အိပ္ခ်ိန္ စာက်က္ခ်ိန္တို႔ မွ်တေအာင္ တခါ စီမံေပးရသည္။
ႏွစ္တိုင္းႀကဳံေနရေသာ္လည္း ခြန္းမွာ ေနသားမကျချေ။ အစစအရာရာအား ခြန္းမွာ သူ႕ ဆရာထက္ပင္ စိတ္ပူေနတတ္ သည္။

သို႔ေသာ္ တိမ္တိုက္ ႏွင့္ စကားေျပာရလွ်င္ အနည္းငယ္သက္သာ သည္။
တိမ္တိုက္ႀကိဳးဆိုသည္မွာ လြတ္လြတ္လပ္လပ္ႏွင့္ ေပါ့ေပါ့ပါးပါး သာ ေနတတ္ေသာ ေကာင္ေလးတစ္ေယာက္ျဖစ္တာမို႔ တစ္စုံတစ္ခုတြင္ ဘယ္ေသာ အခါမွ လြန္လြန္က်ဴးက်ဴး စိတ္မႏွစ္ထားတတ္။ စိတ္ညစ္စရာဆိုလွ်င္ေတာင္ ထိုေကာင္ေလးဆီတြင္ ၾကာၾကာ မေနနိုင္ေပ။ တကူးတက မေမာင္းထုတ္သည့္တိုင္
သူ႕အလိုလို ထြက္သြားၾကရတာခ်ည္း ။ ထို႔ေၾကာင့္ လည္း တိမ္တိုက္ အားၾကည့္လွ်င္ အၿမဲ ေပ်ာ္ေနတတ္ကာ ေဘးကသူမ်ားကိုပါ ေပ်ာ္႐ႊင္စရာေတြဖန္တီးေပးတတ္သူေလးျဖစ္သည္။

တစ္ခါတရံ တိမ္တိုက္ေျပာျပေသာ အေၾကာင္းအရာမ်ားမွာ ဟိုေရာက္ဒီေရာက္ ျဖစ္ေနတတ္သည္ ။ တစ္ခုႏွင့္တစ္ခုဆိုတာလည္း အဆက္အစပ္မရွိေခ်။ အေၾကာင္းအရာတစ္ခုအား ေျပာေနရင္းႏွင့္ပင္ ေနာက္တစ္ခုသို႔ ေျပာင္းခ်င္ေျပာင္းသြားသည္။ သို႔ေသာ္ နားေထာင္လို႔ေကာင္းသည္။ တခါတေလ ကိုယ္နားမလည္ေသာ သူ႕ဟာသမ်ားအား သူ႕ဘာသာ ေျပာကာ တစ္ေယာက္ တည္း ရီေနတတ္ျပန္သည္။

ေလလွိုင္းမွ ျဖစ္ေစ လူခ်င္းပင္ျဖစ္ေစ သည္ေကာင္ငယ္ေလးမွာ သူ႕အား ေပ်ာ္႐ႊင္ေစသည္။

ေန႕လည္ ထမင္းစားခ်ိန္တြင္ ကန္တင္း၌ ခြန္းထမင္းစားေနစဥ္ ....

တီ..တီ..တီ..

'' ဟယ္လို ဆရာ ကေလးေတြ ေျဖနိုင္ရဲ႕လား ''

'' အင္း ေျဖနိုင္ၾကတယ္ ညီ ေ႐ြးေပးလိုက္တာေတြ အကုန္တိုးၾကတယ္ ''

'' ဟုတ္လား ဆရာ ေတာ္ေသးတာေပါ့ ''

'' အင္း သိပ္လည္း စိတ္ပူမေနပါနဲ႕ ညီ့ တပည့္ေတြက ေတာ္ၿပီးသားပါ ။ က်န္းမာေရး ဂ႐ုစိုက္ၿပီး ညီ့ စာေမးပြဲကိုပဲ အာ႐ုံ စိုက္ေတာ့။ စာေမးပြဲ ကာလအတြင္းသုံးရေအာင္လို႔ ဆရာ ပိုက္ဆံထပ္လႊဲ ေပးလိုက္မယ္ ''

'' ဟုတ္ဟုတ္ ဆရာ ။ ဆရာလည္း ဂ႐ုစိုက္ပါ ''

အသက္ ၂၇ႏွစ္သာရွိေသးေသာ ခြန္း၏ဆရာ စိုင္းထြဋ္ေခါင္မင္း မွာ ခြန္း ၈တန္း ေက်ာင္းသားအ႐ြယ္ကပင္ ေခၚယူ ေစာင့္ေရွာက္ထားေပးျခင္းျဖစ္သည္။ မိဘဟုေခၚအပ္ေသာ ပုဂၢိုလ္ မ်ား သူ႕အား ထားသြားစဥ္တြင္ ဆရာမွ ေန၍ တာဝန္ယူ ထိန္းေက်ာင္းေပးခဲ့သည္မွာ ယေန႕တိုင္ထိျဖစ္သည္။

စိုင္းထြဋ္ေခါင္မင္း တြင္ အေမ မရွိေတာ့ပါ။ က်န္ခဲ့ေသာ ညီငယ္ေလးႏွင့္ အေဖျဖစ္သူအား ေစာင့္ေရွာက္ကာ သည္႐ြာေလးတြင္သာ ဘဝကို ျမဳပ္ႏွံထားသည္။
ထို႔ေၾကာင့္လည္း တစ္႐ြာလုံး အားကိုးရေသာ ကာလသားေခါင္းေဆာင္လည္း ျဖစ္ေနျပန္သည္။ အိမ္ေျခမမ်ားေသာ သည္႐ြာေလးတြင္ ဆရာစိုင္းထြဋ္ေခါင္မင္းအား မေလးစား မခ်စ္ခင္သူ မရွိေပ။

.....................

'' ကိုခြန္း ေကာ္ဖီေသာက္ေလ ''

ေကာ္ဖီဆိုင္တြင္ျဖစ္သည္။ သည္ကေန႕ တကၠသိုလ္ ဝင္စာေမးပြဲမ်ား ၏ စာေမးပြဲေနာက္ဆုံးေန႕ျဖစ္သည္။ ေကာ္ဖီဆိုင္သို႔ေလွ်ာက္လာသည့္ လမ္းတစ္ေလွ်ာက္တြင္ ႐ြာမွ ကေလးမ်ားႏွင့္ ဖုန္းေျပာလာခဲ့သည္။
တစ္ဖက္မွ ကေလးမ်ား အကုန္ေျဖနိုင္ၾကသည္ဟု ၾကားရ၍ ခြန္း မ်က္ႏွာတြင္ ေပ်ာ္႐ႊင္မႈ အျဖာျဖာ ေဝေနခဲ့သည္။ ေကာ္ဖီဆိုင္ သို႔ ေရာက္၍ ဖုန္းခ်လိဳက္သည္အထိ အေကာင္းပင္။

ဖုန္းတြင္ မက္ေဆ့ခ်္ တစ္ေစာင္ ဝင္လာၿပီး ထိုစာအား ဖတ္ၿပီးမွ သိသိသာသာ ၿငိမ္သက္သြားျခင္း ျဖစ္သည္။

'' ဪ အင္း ေဆာရီး တိမ္တိုက္ ကိုယ္နည္းနည္း အေတြးမ်ားသြားလို႔ ''

'' ဘာေတြ စဥ္းစား ေနလို႔လဲ ကြၽန္ေတာ့္ကို ေျပာျပခ်င္ရင္ ရတယ္ေနာ္ ''

'' အင္းထားလိုက္ပါေတာ့ကြာ ။ မင္းေကာ္ဖီခြက္ေပးေတာ့ ''

ဟုဆိုကာ ေကာ္ဖီခြက္ခ်င္း လဲလိုက္သည္။ ႐ြာမွ ျပန္ေရာက္သည့္ေန႕မွ စကာ ေကာ္ဖီေသာက္ျဖစ္ၾကလွ်င္ အၿမဲ ခြက္ခ်င္းလဲ ေပးရသည္မွာ ထုံးစံပင္ျဖစ္ေနေတာ့သည္။ တိမ္တိုက္ ေသာက္ထားေသာ ေကာ္ဖီမွ ေသာက္လို႔ေကာင္းသည္တဲ့ေလ။

ႏွစ္ေယာက္သား ဆိုင္မွ ျပန္ထြက္လာကာ ကားဂိတ္သို႔ေလွ်ာက္ၾကသည္္။
တစ္လမ္းလုံး ခြန္းမွာ တိတ္ဆိတ္ေနသည္။ ခါတိုင္း တိမ္တိုက္ကို စေနာက္ေနေသာ္လည္း သည္ေန႕တြင္ ၿငိမ္လွသည္။

'' တိမ္တိုက္ ''

ေျခလွမ္းတို႔ရပ္မသြားပဲ ေရွ႕သို႔ ဆက္ေလွ်ာက္ေနဆဲ...

'' ဗ်ာ ''

'' လာမယ့္ စေန မင္းအားလား ''

'' ဟုတ္ အားတယ္ေလ အတန္းက ေနာက္အပတ္မွ ''

'' ကိုယ္ သြားစရာရွိလို႔ အဲ့ေန႕ ကိုယ္နဲ႕အတူ လိုက္ေပးပါလား ''

'' ဟုတ္ ရတယ္ေလ ''

'' အဲ့ေန႕ ကိုယ္ ကားဂိတ္ကို လာေခၚမယ္ေနာ္ ''

'' ဟုတ္ဒါနဲ႕ ဘယ္သြားမွာလဲ''

'' ကိုယ့္ညီမ ေမြးေန႕ ''

...............................

ခြန္းလာေခၚမည္ဟု ေျပာထားသျဖင့္ တိမ္တိုက္တစ္ေယာက္ မနက္ေစာေစာ ကတည္းကပင္ ပုဆိုးႀကီးတကားကားျဖင့္ အိမ္အတြင္း ေျခခ်င္းလိမ္ေနသည္။
ပုဆိုးဟူ၍ သုံးထည္ပင္ မရွိေသာ တိမ္တိုက္တြင္ ခြန္းညီမ ေမြးေန႕အား သြားရန္ ဝတ္စရာမရွိသျဖင့္ အေမ့အား အပူကပ္ခဲ့ရေသးသည္။အျဖဴေရာင္ ရွပ္လက္ရွည္ သန့္သန့္ျဖင့္ ဝယ္ေပးထားေသာ ခရမ္းရင့္ေရာင္ ပုဆိုးကြက္စိပ္ကို ေျခမ်က္စိဖုံးသည္အထိ တြဲ၍ ဝတ္ဆင္ထားသည္။ အုန္းမုက္ခြက္ ေခါင္းကိုေတာ့ ဒီအတိုင္းသာထားလိုက္ေတာ့သည္။

ေက်ာင္းလည္း သြားစရာမရွိပါပဲ မ်က္စိေနာက္ေအာင္ ေလွ်ာက္ေနေသာ တိမ္တိုက္ ကို ေဒၚယုယၿမိဳင္ ၾကည့္မရေတာ့။

'' တိမ္တိုက္ရယ္ ထိုင္ေနပါဦးလား ၉နာရီမွ လာမွာဆို ''

နာရီၾကည့္မိေတာ့ ၈နာရီထိုးဖို႔ ဆယ္မိနစ္ပင္လိုေနေသးသည္။

'' ခြန္မယ့္ သားၾကည့္ေကာင္းတယ္မလားဟင္ ''

တစ္ပတ္ပင္လွည့္ျပလိုက္ေသးသည္။

'' မင္းသြားမွာ ေမြးေန႕လား ေယာကၡမအိမ္ ေဆြျပမ်ိဴးျပလိုက္သြားမွာလား ''

'' ဟာ ခြန္မယ့္ကလည္း မဟုတ္တာ ''

ဟုဆိုကာ လက္ေမာင္းတစ္ဖက္ကိုလာေပြ႕သည္။

'' ဖယ္စမ္း ငါဆိုင္သြားရဦးမွာေနာ္ တိမ္တိုက္ အခ်ိန္ေတြဆြဲမေနနဲ႕ ''

ေ႐ႊဆိုင္ေလး တစ္ဆိုင္ဖြင့္ထားကာ သားေတာ္ေလးကို ရွာေကြၽးေနရျခင္းျဖစ္သည္။ တိမ္တိုက္၏ မျဖစ္စေလာက္ လစာ ကို သူမ အား အပ္ေသာ္လည္း ျပန္ေတာင္းတာနဲ႕တင္ မကာမိေခ်။

'' ခနေလးပါ ခြန္မဲကလည္း ''

ေခါင္းေလးတိုးကာခြၽဲေနသည္။ ေဒၚယုယၿမိဳင္ ေတာ့ သူ႕သားအား နားကိုမလည္ေတာ့ေခ်။

နာရီလက္တံတို ဟာ တျဖည္းျဖည္း ျဖင့္ ၉ ဟု မွတ္ထားေသာ ေနရာသို႔ ေရာက္လာခဲ့သည္။ ထိုစဥ္ စားပြဲ ေပၚမွ တိမ္တိုက္ဖုန္းျမည္လာသည္။
ကားဂိတ္တြင္ ခြန္းေရာက္ေနၿပီဟု ေျပာသည္။

''ေရာက္ၿပီတဲ့ ခြန္မယ့္...ဟီး... သား ကားဂိတ္ထိ လမ္းႀကဳံလိုက္စီးမယ္ေနာ္ ဟဲဟဲ ''

အလုပ္သြားလို႔မရေအာင္ ဆြဲထားသည္မွာ ကားဂိတ္ထိ လမ္းႀကဳံ လိုက္ခ်င္ေနလို႔ ျဖစ္မွန္း ေဒၚယုယၿမိဳင္ခုမွ သေဘာေပါက္ေတာ့သည္ ။ သားအမိႏွစ္ေယာက္ထဲေနသည့္အိမ္တြင္ ကားတစ္စီးရွိေသာ္လည္း ေဒၚယုယၿမိဳင္ သာေမာင္းသည္။ တိမ္တိုက္ကိုေတာ့ ကားေမာင္းခြင့္မေပးထားသလို သင္လည္း မသင္ထားေပး ေပ။

သားအမိႏွစ္ေယာက္ အိမ္တံခါးမ်ားေသခ်ာ ေသာ့ခတ္ကာ ထြက္လာခဲ့ၾကသည္။

'' ေစာေစာ ျပန္လာေနာ္ သား။ တစ္ခုခုလိုတာရွိရင္ ဖုန္းဆက္လိုက္ ။မင္းအေကာင့္ထဲ အေမ ပိုက္ဆံ နည္းနည္းထည့္ေပးထားတယ္ လမ္းမွာ ေမြးေန႕လက္ေဆာင္ေလးဘာေလး ဝယ္သြား ''

'' ဟုတ္ ေမေမ ''

ကားဂိတ္တြင္ တိမ္တိုက္ကို ခ်ေပးခဲ့ကာ ကားေလးမွာ ႐ႊတ္ခနဲ ေမာင္းထြက္သြားသည္။ ခြန္းႏွင့္ မိတ္ဆက္ေပးခ်ိန္ပင္ မရလိုက္ ။

ခြန္းက လည္ကတုံးအျဖဴႏွင့္ ကခ်င္အဆင္ ပုဆိုး မီးခိုးေရာင္ ကို ဝတ္ဆင္ထားသည္။ စေနေန႕မို႔ ကားရွားသည္က တစ္ေၾကာင္း။ စီးရမည့္ကားမွာ နဂိုကတည္းကပင္ အမ်ားႀကီး ထြက္ေလ့ မရွိသည္က တစ္ေၾကာင္း ။ ကားဂိတ္တြင္ အတန္ၾကာေအာင္ေစာင့္လိုက္ရသည္။ နာရီဝက္ေလာက္ေစာင့္ၿပီးသည့္အခါ ကားရေတာ့သည္။ ေနရာရ၍ ေတာ္လွသည္။ မဟုတ္လွ်င္ ပုဆိုး မနိုင္ေသာ တိမ္တိုက္မွာ ဒုကၡကို လွလွႏွင့္ ေတြ႕ရေပလိမ့္မည္။

မွတ္တိုင္ေရာက္၍ ဆင္းၿပီးလွ်င္ လမ္းအနည္းငယ္ထပ္ေလွ်ာက္ရေသးသည္။
လူဂုဏ္ထံမ်ားေနေသာ ရပ္ကြက္ ျဖစ္သျဖင့္ ကားသံႏွင့္ ငွက္သံကလြဲလို႔ ဘာသံမွ်မၾကားရ။ လမ္းသြား လမ္းလာပင္ သိပ္မရွိေခ်။ ကားမ်ားသာ ဟိုလမ္းက ထြက္လာလိုက္ ဒီလမ္းက ထြက္လာလိုက္ ေတြ႕ရသည္။

ေအးေအးေဆးေဆးပင္ ေလွ်ာက္လာရင္း ခြန္းမွာ အလြန္တည္ၿငိမ္ေနသည္။
ကိုယ့္ညီမေမြးေန႕မို႔ ေပ်ာ္႐ႊင္ေနသည့္ မ်က္ႏွာလည္း မဟုတ္။ ေဒါသထြက္ေနသည့္မ်က္ႏွာလည္း မဟုတ္ ။ ဝမ္းနည္းေနသည့္အရိပ္အေယာင္လည္း မဟုတ္။ ထူးထူး ျခားျခားပင္ တည္ၿငိမ္ကာ ေအးစက္ေနသည္။

ခမ္းနားေသာ အိမ္ႀကီး တစ္အိမ္ေရွ႕တြင္ ရပ္လိုက္သည္။ ျမင့္မားထည္ဝါေသာ ၃ထပ္တိုက္ႀကီးမွာ ဟီးေနေတာ့သည္။ ထို႔ေနာက္ၿခံတခါးအား မပိတ္ထားသျဖင့္ ခြန္းတို႔ႏွစ္ေယာက္ဝင္သြားလိုက္သည္။ ၿခံဝင္းမွာ အေတာ္က်ယ္သည္။ ကားမ်ားစြာကလည္း အစီစဥ္ တက် ထိုးရပ္ထားသည္။ ခြန္းတို႔ႏွင့္ သိပ္မကြာ ေနာက္မွ ကားတစ္စီးဝင္လာသည္။ ထိုကားအား ၿခံေစာင့္ဟုထင္ရေသာ ဦးေလး တစ္ေယာက္ မွ ကားတံခါးအား ရိုက်ိဴးစြာဖြင့္ေပးသည္။

တိမ္တိုက္တို႔ အိမ္ထဲသို႔ ဝင္မည္အျပဳ ဦးေလးႀကီး တစ္ေယာက္ ေရွ႕တြင္ လာပိတ္ရပ္သည္။

'' ဒီက ေမာင္ရင္တို႔ကို ဖိတ္ထားလားကြဲ႕ ဖိတ္စာေလးျပပါဦး ''

ဦးေလးႀကီးမွ ေလသံေအးေအးျဖင့္ ေမးသည္။

ကိုယ့္မိဘ အိမ္ကိုယ္လာတာ ဖိတ္စာလိုလို႔လား ဟု တိမ္တိုက္ေတြးလိုက္သည္။

'' ဖိတ္စာ မပါဘူး ''

ေလသံခပ္ျပတ္ျပတ္ျဖစ္ ခြန္း ေျပာလိုက္သည္။

'' မပါရင္ ဝင္လို႔မရဘူး ေမာင္ရင္ ''

'' ဟက္ ''

ခြန္း ခနဲ႕တဲ့တဲ့ ရီလိုက္သည္။ ကိုယ့္ညမေမြးေန႕ကို ဖိတ္စာမပါလို႔ မဝင္ရဘူးတဲ့ ရယ္ရတယ္။

'' ဘာရီတာလဲ ကြ ဒါ ဘယ္သူ႕အိမ္လည္းဆိုတာ မင္းသိလား ''

'' သိတယ္ေလ လႊတ္ေတာ္အမတ္ ဦးမာန္ခြန္းစစ္ ရဲ႕ အိမ္ေလ ၿပီးေတာ့ ကြၽန္ေတာ့္ အေဖ အိမ္ ''

ခြန္း အသံတို႔မွာ ေအးစက္ ကြဲရွေနသည္။

'' ေမာင္ရင္ ဘာေတြ လာ႐ႊီးေနတာလည္း အဘမွာ သမီးတစ္ေယာက္ ပဲရွိတာ ''

ဒီၿခံေစာင့္မွာ အသစ္ျဖစ္ပုံရသည္။ အရင္ လူမ်ားကေတာ့ ခြန္းကို သိၾကသည္။

'' ဟဲ့ လွထြန္း ဘာေတြ လုပ္ေနတာလဲ ငါ ခိုင္းစရာ ရွိ......ဟယ္ သားခြန္း ေရာက္ၿပီလား ႀကီးႀကီး ႏုကေမွ်ာ္ေနတာ ''

ႀကီးႀကီးႏု ဆိုတာ ခြန္းတို႔ မိသားစု မၿပိဳကြဲခင္အခ်ိန္အထိ အိမ္တြင္ ခြန္းတို႔ ၃ေယာက္အား ထိန္းေက်ာင္းေပးခဲ့သည့္အျပင္ အိမ္ထိန္းလည္း ျဖစ္သည္။

စီးပြားေရးကိုသာ တစိုက္မတ္မတ္လုပ္တတ္ၾကေသာ မိဘႏွစ္ပါး ေအာက္တြင္ ႀကီးႀကီး ႏုသည္သာ အေမလိုတစ္မ်ိဳး အေဖလို တစ္ဖုံ ဆုံးမကာ ေမတၱာ အျပည့္အဝျဖင့္ ေစာင့္ေရွာက္ေပးခဲ့သည္။

အိမ္ေထာင္ကြဲခ်ိန္တြင္ အေဖႏွင့္ ပါသြားေသာ တစ္ဦးတည္းေသာ ညီမေလးအား မိေထြးလက္တြင္ မေနေစလို၍ အေဖ၏ ေနာက္အိမ္ေထာင္သို႔ သူမ ပါ လိုက္သြားခဲ့သည္။

'' ေရာက္တာၾကာၿပီ ႀကီးႀကီးႏုရဲ႕ ဒီမွာေလ မသဒ္ဓါရေစာတွေ စားေသာက္ၿပီး လုပ္ႀကံခံရမွာ လာေၾကာက္ျပေနတဲ့ အမတ္မင္း ဦးမာန္ခြန္းစစ္ရဲ႕ ဝန္ထမ္းအသစ္နဲ႕ နည္းနည္း ၿငိေနလို႔ ''

'' အို သားရယ္ ''

'' လာလာ ခငယ္ ေလးက မနက္ကတည္း က သားကို ေမွ်ာ္ေနတာ ႀကီးႀကီးႏုကို ကိုကိုမလာေသးဘူးလား ခ်ည္းပဲ ေမးေနတာ ''

ခြန္းခငယ္..... ခြန္းရဲ႕ အခ်စ္ဆုံး ညီမေလး။ ခငယ္ေလး ၅ႏွစ္သားကတည္းက ခြဲခဲ့ရသည္မွာ ယခုဆိုလွ်င္ ၁၂ ႏွစ္ပင္ ျပည့္ေတာ့မည့္ ၿမီးေကာင္ေပါက္မေလး ျဖစ္ေနၿပီ ျဖစ္သည္။ တစ္ႏွစ္ ကို ၂ေခါက္ ၃ေခါက္ သာ ေတြ႕ျဖစ္ခဲ့ၾကသည္။

ခငယ္ေလးက ခြန္းကို ဂိုက္သင္ေပးေစခ်င္ေသာ္လည္း ဒီအိမ္ကို မလာခ်င္လို႔ တမင္ ေခ်ာ့ေမာ့ကာ ျငင္းခဲ့ရသည္။

'' သူငယ္ခ်င္း လည္းပါလာတာကိုး လာေလ အထဲဝင္ၾကရေအာင္ ''

ႀကီးႀကီးႏု ေရွ႕ဆုံးမွ ေန၍ ခြန္းတိူ႕ ၂ေယာက္အား ဦးေဆာင္ေခၚသြားသည္။
ခမ္းနားစြာ ေသခ်ာ ျပင္ဆင္ထားေသာ ဧည့္ခန္းႀကီး အား ေက်ာ္လြန္ၿပီး အေပၚထပ္သို႔ တက္လာၾကသည္။ အေပၚေရာက္ေတာ့ သန့္သန့္ျပန့္ျပန့္ ျဖင့္ ဟိတ္ႀကီး ဟန္ႀကီးထည္ဝါေနေသာ အမ်ိဴးသား၊အမ်ိဴးသမီး ၂၀ ခန့္။
ေရွ႕ဆုံးတြင္ ဦးမာန္ခြန္းစစ္ ႏွင့္ သူ႕ဇနီး ဟုထင္ရေသာ အမ်ိဴးသမီး အလယ္တြင္ ခြန္း ညီမေလး ခြန္းခငယ္ တို႔ တရားနာ၍ ေရစက္ပင္ ခ်ေနၾကၿပီျဖစ္သည္။

သားျဖစ္သူေတာင္ မေစာင့္ပဲ ေရစက္ခ်ေနၾကတာလား ဟု တိမ္တိုက္ေတြးမိလိုက္သည္။

ေရစက္ခ် အမွ်ေဝၿပီးခ်ိန္တြင္ ဘုန္းႀကီးဆြမ္းကပ္ၾကသည္။ အဲ့အခ်ိန္ထိ ခြန္းတို႔ကို မျမင္ေသး။ အားလုံး သူ႕အလုပ္ႏွင့္ သူအလုပ္ရႈပ္ေနၾကသည္။ ဘုန္းႀကီးဆြမ္း ဘုန္းေပးေနစဥ္ ခြန္းခငယ္ေလး အေနာက္သို႔ လွည့္အၾကည့္တြင္
ရပ္ေနေသာ ခြန္းတို႔အား ျမင္သြားသည္။

'' ကိုကို လာၿပီ ''

ဟု ေျပာကာ ေပ်ာ္႐ႊင္စြာျဖစ္ ခြန္းဆီေျပးလာသည္။ ခငယ္ေလးမွာ ျမန္မာ ဝမ္းဆက္ ခ်ိတ္ပိုးသား ပန္းေရာင္ ေလးျဖင့္ အပ်ိဴေပါက္စေလးျဖစ္သည္။ ဆံပင္ ဂုတ္ဝဲေလးႏွင့္ တိမ္တိုက္ထက္ အနည္းငယ္ပဲ ပုသည္။ အရပ္ရွည္ၾကေသာ ေမာင္ႏွမမ်ားပင္ျဖစ္သည္။

ခြန္းလည္း ဒူးတစ္ဖက္ ေထာက္ခ်လိဳက္ကာ ခငယ္ေလးအား ဆီးႀကိဳေပြ႕ဖက္လိုက္သည္။ သန္မာထြားႀကိဳင္းေသာ ခြန္းကိုယ္တြင္ ခငယ္ေလးမွာ စုန္းစုန္းျမဳပ္ေနသည္။

'' ကိုကိုကလည္း ၾကာလိုက္တာ ခငယ္ ေစာင့္ေနတာ မနက္ကတည္းက ''

'' ေဆာရီးပါကြာ ကိုကိုကိစၥေလး နည္းနည္းရွိလို႔။ ''

''ေဟာ ၾကည့္စမ္း ကိုကို႔ ခငယ္ေလးက သိပ္လွေနသကိုးကြ ''

ခငယ္ေလးကိုၾကည့္ကာ အသည္းယားစြာျဖင့္ ႏွာထိပ္ေလးကို ဆြဲျဖစ္လိုက္သည္။

'' ဪ သားေတာင္ ေရာက္ေနၿပီပဲ ''

ခြန္းအေဖရဲ႕ ဇနီး ျဖစ္သူ က ေနာက္မွေရာက္လာကာ ေမးသည္။ ေဖေဖ့ ဇနီး ျဖစ္ေနသည္ကလြဲရင္ အလြန္ လွပ၍ က်က္သေရ ရွိေသာ အမ်ိဴးသမီးတစ္ဦးျဖစ္သည္။

'' ကြၽန္ေတာ္ ခင္ဗ်ား သားမဟုတ္ဘူး ''

ခြန္းပတ္ခနဲ ျပန္ေျပာလိုက္သည္။

'' ဟိုေကာင္ မင္း စကားကို ဘယ္လို ေျပာေနတာလဲ ''

ဦးမာန္ခြန္းစစ္ အနားကို ေရာက္လာသည္။ ေဒါသသံစြတ္ေနသည္။

'' ကြၽန္ေတာ္ က သူ႕သားမဟုတ္လို႔ မဟုတ္ဘူးေျပာတာေလ အေဖ့နားထဲ ဘယ္လို ၾကားလိုက္လို႔လဲ ''

ေလသံထန္ထန္ျဖင့္ ေအးေအး လူလူ ျပန္ေျပာသည္။

'' ခြန္းမာနေမာင္ မင္း ငါ့ကိုျပန္ခံေျပာေနတာလား ငါမင္းအေဖေနာ္ ''

'' အင္း ကြၽန္ေတာ္သိပါတယ္ လႊတ္ေတာ္အမတ္ ဦးမာန္ခြန္းစစ္ ခင္ဗ် ''

'' မင္း..... ''

အေျခအေနေတြက တိမ္တိုက္မ်က္စိေရွ႕တြင္ တင္းမာလာသည္။ သူ သည္အိမ္ေရာက္ကတည္းက စကားတစ္ခြန္းပင္ မဟေသးဘဲ ေရွ႕ေတြ ျဖစ္ပ်က္သမွ်ကိုသာ စနည္းနာေနသည္။

အၾကည့္ခ်င္းၿပိဳင္ေနေသာ ခြန္းတို႔သားအဖ။ ေအးစက္တည္ၿငိမ္သည္ဆိုေသာ ခြန္းမ်က္ဝန္းေတြပင္
ဦးမာန္ခြန္းစစ္ ကို မမွီ။ ေလထုမွာ ခ်က္ခ်င္းလိုပင္ေအးစက္လာခဲ့သည္။

'' အို...စိတ္ေလ်ာ့ပါ ကိုရယ္ သားက တခါတေလ လာတာကို ''

ဦးမာန္ခြန္းစစ္ လက္ေမာင္းအား အသာ ကိုင္တာ သူ႕ဇနီးက ဝင္ေျပာသည္။

'' ဟက္ ''

ခြန္းတခ်က္ ရီလိုက္သည္။

'' မင္း...မင္းေနာ္ မင္းအေမနဲ႕ တစ္ပုံစံတည္းပဲ အခ်ိဴးကို မေျပဘူး
သမီးေလးေမြးေန႕မို႔ ငါသည္းခံေနတာ ''

ထိုစကားကိုၾကားလိုက္ရေသာ ခြန္း ။ လက္သီးကို တင္းတင္းဆုပ္လိုက္သည္ ကို တိမ္တိုက္ ျမင္လိုက္သည္။ သည္အေျခအေနကို တိမ္တိုက္ နားမလည္ပါ သို႔ေသာ္ ခြန္း သိသိသာသာပင္ ခႏၶာကိုယ္ႀကီးေတာင့္ကာ မ်က္ႏွာႀကီးပင္ နီလာသည္။ ဆုပ္ထားေသာ လက္သီးမွာလည္း တဆတ္ဆတ္တုန္ေနသည္။

တိမ္တိုက္ အေနာက္မွေန၍ ခြန္း အကၤ်ီ စေလးအား ျဖည္းျဖည္းေလးဆြဲလိုက္သည္။ ရန္မျဖစ္ေစခ်င္ေသာ မ်က္ဝန္းမ်ားႏွင့္ ခြန္းအား ေမာ့ၾကည့္ လိုက္သည္။

ခြန္းၾကားလိုက္ရသမွ် စကားတို႔အား ေတြးေတြးမိကာ ေဒါသေတြ တလိပ္လိပ္ တက္လာရင္း အေနာက္ဘက္မွ အကၤ်ီ လာဆြဲသည္ကို သိလိုက္၍ ၾကည့္လိုက္ေသာ သူ႕အား စိုးရိမ္ေနေသာ မ်က္ဝန္းေလးမ်ားႏွင့္ ႀကဳံသည္။ တိမ္တိုက္ ပါလာသည္ကို ေခတၱမွ် ေမ့သြားသည္။

'' ကိုကို ခ ငယ္တို႔ ေအာက္ဆင္းၾကမယ္ေလ ။ ေဖေဖ ကိုကိုနဲ႕ ေအာက္ဆင္းလိုက္ဦးမယ္ေနာ္ ၿပီးမွ ျပန္တက္ခဲ့မယ္ ရလား ''

သိသင့္သေလာက္ သိကာ နားလည္သည့္ အ႐ြယ္ ေရာက္ေနေသာ ခငယ္ေလးမွာ ထိုအေျခအေနမွ သူ႕အကိုအား ဆြဲထုတ္ရန္ ႀကိဳးစားေတာ့သည္။ ၾကာရင္ အေျခအေန မဟန္ေတာ့ေပ။ ႏွစ္ေယာက္ လုံး၏ ေဒါသကို သူ သိသည္။ အိမ္တခါလာတိုင္း တခါ ရန္ျဖစ္ၾကသည္။

'' မၾကာေစနဲ႕ ေနာ္သမီး ဧည့္သည္ေတြကို ဧည့္ခံရဦးမွာ ''

ဦးမာန္ခြန္းစစ္ ဆီမွ ခြင့္ျပဳခ်က္ရကာ ခငယ္ေလးက ခြန္းလက္ကို ဆြဲကာ ၿခံထဲသို႔ ေခၚသြားသည္။

ထိုအေျခအေနအားလုံးကို အစအဆုံးၾကည့္ကာ ႀကီးႀကီးႏု သက္ျပင္းခ်မိသည္။
မာနႀကီးလြန္းေသာ သားအဖ ႏွစ္ေယာက္ အေၾကာင္း သူအသိဆုံးျဖစ္ရာ ဒီ တစ္သက္ ျပန္တည့္ဖို႔ လမ္းပင္ မျမင္ေတာ့ေခ်။ ခြန္းခငယ္ေလးခံေန၍သာ သည္သားအဖ ဆက္ဆံေရး လုံးဝ မျပတ္သြားသည္ ျဖစ္သည္။

ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ခ်စ္ခ်စ္ခင္ခင္ ပင္ မ်က္စိေအာက္တြင္ ခြန္းတို႔ေမာင္ႏွမ သုံးေယာက္ ႀကီးျပင္းလာသည္ကို ျမင္ခဲ့ရေသာ ႀကီးႀကီးႏု ပင္ ယခုလို ေမာင္ႏွမသုံးေယာက္ တကြဲတျပားစီျဖစ္ေနၾကသည္ကို ေတြးမိတိုင္း ရင္ထဲ နာလွသည္။

မိဘေတြရဲ႕ ေလာဘေတြႏွင့္ မာနၿပိဳင္မႈမ်ားၾကားတြင္ သည္ကေလးေတြမွာ ေျမစာပင္ ျဖစ္ခဲ့ရသည္။ ေမာင္ႏွမသုံးေယာက္ အနက္ အသနားရဆုံးမွာ ခြန္းမာနေမာင္ ျဖစ္သည္။ အလယ္တန္းေက်ာင္းသားအ႐ြယ္ကတည္းကပင္ မိဘဟူေသာ ေဝါဟာရႀကီး သူ႕ အဘိဓာန္တြင္ ၿပိဳကြဲ ခဲ့ရသည္ျဖစ္သည္။

အကို ႏွစ္ေယာက္ ရွိေသာ ခြန္းခငယ္ေလးမွာ အႀကီးဆုံး ျဖစ္ေသာ ခြန္းသက္ဦး ထက္ အလတ္ျဖစ္ေသာ ခြန္းမာနေမာင္ ကို ပိုခင္တြယ္သည္။ ေက်ာင္းစာမ်ားႏွင့္ အလုပ္ရႈပ္ေနတတ္ေသာ ခြန္းသက္ဦးမွာ အငယ္ဆုံးျဖစ္ေသာ ခြန္းခငယ္ေလးအတြက္ အခ်ိန္မေပးနိုင္ေပ။ ႀကီးႀကီးႏုမွာလည္း အိမ္အလုပ္မ်ားျဖင့္ လုံးပန္းေနရသျဖင့္ ခငယ္ေလး ကို ခြန္းကသာ အတူ ကစားေပးကာ အေဖာ္လုပ္ေပးသည္က မ်ားသည္။မိဘႏွစ္ပါး ရန္ျဖစ္ခ်ိန္တြင္လည္း ခြန္းကသာ ခငယ္ေလးကို ရင္ခြင္တြင္းထည့္ကာ အခန္းတံခါးပိတ္ ၍ ပုံျပင္မ်ားေျပာျပတတ္ေသးသည္။

ေနမေကာင္းသည့္ အခ်ိန္မ်ားတြင္ေတာင္ ခြန္းေမေမထက္ ခြန္းကိုသာ ပိုကပ္သည္။ ခြန္းေကြၽးသည့္အစာပဲ စားကာ ခြန္းတိုက္သည့္ေဆးပဲ ေသာက္သည္။ ယခုအခ်ိန္ထိ ခငယ္ေလးမွာ ေနမေကာင္းလွ်င္ ခြန္းကိုသာရွာေနတတ္ၿပီး ထိုအခ်ိန္မ်ားတြင္ ခြန္းက လာေနေပးရသည္။

လာသည့္ အခ်ိန္မ်ားတြင္ ဦးမာန္ခြန္းစစ္ ႏွင့္ မ်က္ႏွာခ်င္းမဆိုင္မိလွ်င္ ဘာျပသာနာမွ မရွိပဲ ေအးခ်မ္းသည္။ ဆိုင္မိလွ်င္ မာနခ်င္းၿပိဳင္ေနေသာ သားအဖ ၾကားတြင္ မည္သူမွ် ဝင္ မတားရဲေပ။

'' ကိုကို ခငယ္ကို ေနာက္ႏွစ္အတန္းက် ဂိုက္ျပေပးပါလားဟင္ ''

ၿခံထဲရွိ ဒန္းေပၚတြင္ ထိုင္ကာ ေျခေထာက္ကို တြဲေလာင္းခ်ထားရင္း လႈပ္ကာ ေမးသည္။

'' ကိုကို Second sem က် မအားေလာက္ေတာ့ဘူး ကြ ဘာလဲ ေဖေဖ ေခၚေပးတဲ့ ဂိုက္ေတြက မေကာင္းလို႔လား''

'' ခငယ္က ကိုကိုနဲ႕ သင္ခ်င္တာ ''

ခငယ္ မ်က္ႏွာေလး ညိုးက်သြားသည္။

'' ကဲေျပာ ခငယ္ေလး ေမြးေန႕လက္ေဆာင္ ကို မုန့္ဖိုးယူမလား ကိုကို ဘာဝယ္ေပးရမလဲ ''

'' ရပါတယ္ ကိုကိုရဲ႕ ကိုကိုက လက္ေဆာင္ပဲ ''

'' အမယ္ ဒီကေလးမ သိပ္တတ္ေနတာပဲ ဆုခ်ရေတာ့မယ္ ''

ခြန္း အိတ္ကပ္ထဲမွ 'kha ' ဟု စာတန္းေလးပါေသာ 925 ဆြဲႀကိဳးေလး ထုတ္ကာ ခငယ္ေလး ကို ဆြဲေပးသည္။

ခငယ္ေလးမွာ ဆြဲႀကိဳးေလး ကိုင္ၾကည့္ကာ အလြန္သေဘာက် ေနသည္။

႐ႊတ္

ခြန္းပါးေလးအား လွမ္းနမ္းလိုက္ၿပီး

'' ကိုကို အေတာ္ဆုံးပဲ '' ဟု ေျပာကာ လည္ပင္းအား သိုင္းဖက္လိုက္သည္။

'' ဒါနဲ႕ ကိုကို ဟိုဘက္က ကိုကိုက ကိုကို႔သူငယ္ခ်င္းလားဟင္ ''

'' အင္း ကိုကို႔ သူငယ္ခ်င္း တိမ္တိုက္ႀကိဳးတဲ့ ''

'' အီးးးးခ်စ္စရာေလးေနာ္ ''

ခငယ္တို႔ ေမာင္ႏွမ ႏွစ္ကိုယ္ၾကား႐ုံေလသံျဖင့္ ေျပာေနၾကသည္။

တိမ္တိုက္ တစ္ေယာက္ ခုထိပင္ စကားတစ္ခြန္းမွ မေျပာရေသးေပ။ ခြန္းသြားရာသို႔သာ ၿငိမ္ၿငိမ္ေလး လိုက္ေနခဲ့သည္။

'' ဟိုင္း ကိုကို တိမ္တိုက္ႀကိဳး သမီး က ခြန္းခငယ္ပါ ကိုကို႔ တစ္ဦးတည္းေသာညီမေလးပါ ''

၁၂ႏွစ္သမီးေလးက သြက္သြက္လက္လက္ႏွင့္ ခ်စ္စရာေကာင္းေအာင္ မိတ္ဆက္လာသည္။

'' ဟုတ္ပါၿပီ မီးေလးရယ္ ေတြ႕ရတာ ဝမ္းသာပါတယ္ခင္ဗ် ''

တိမ္တိုက္သေဘာက်စြာ ၿပဳံးရင္း ခငယ္ ေခါင္းေလး ကို လွမ္းပုတ္လိုက္သည္။

မိနစ္အနည္းငယ္ တိတ္သြားၾကျပန္သည္။ ထို႔ေနာက္ ခငယ္ တိမ္တိုက္ဘက္လွည့္ကာ

'' ကိုကို တိမ္တိုက္ႀကိဳး ... ရည္းစားရွိၿပီလားဟင္ ''

'' တယ္ ဒီကေလး ဘာေတြေမးေနတာတုန္း ခြန္းခငယ္ေနာ္ ကိုကို ဘာမွာထားလဲ ''

ခြန္းက ဝင္မာန္သည္။ တိမ္တိုက္ကေတာ့ သေဘာက်ေနသည္။

'' သိပါတယ္ ကိုကိုရဲ႕ ေက်ာင္းစာပဲလုပ္မွာပါ ။ ကိုကိုတိမ္တိုက္ႀကိဳး ကို ေက်ာင္းၿပီးတဲ့အထိ ေစာင့္ေပးပါလားလို႔ ေျပာမလို႔ပါ ဟဲဟဲ ''

စပ္ၿဖဲၿဖဲ ေလးျဖင့္ တိမ္တိုက္ကို ေမးသလိုလို ခြန္းအား ေျပာျပသလိုလို လုပ္ေနသည္။ တိမ္တိုက္မွာလည္း ၁၂ႏွစ္ သမီးေလး၏ propose လုပ္ျခင္းကို ခံရ၍ ၿပဳံးၿဖီးေနေတာ့သည္။ မၿပဳံးနိုင္ပဲ မၾကည္မလင္ ျဖစ္ေနသည္က ခြန္းတစ္ေယာက္တည္းပင္။

'' ေတာ္ေတာ့ မိခငယ္ ကေလးက ကေလးလိုပဲေနမွေပါ့ စာပဲ အာ႐ုံစိုက္ ''

'' ဪ ကိုခြန္းကလည္း ကေလးကို မဆူပါနဲ႕ ''

တိမ္တိုက္ ခငယ္ေလးကို သူ႕ဆီ ဆြဲယူဖက္လိုက္သည္။ ခငယ္ေလးကေတာ့ သေဘာေတြ က်လိဳ႕ပင္။

ထို႔ေနာက္ ခြန္းကို ဖယ္ထားၾက ကာ တိမ္တိုက္ ႏွင့္ ခငယ္ ႏွစ္ေယာက္တည္း ရယ္ရယ္ေမာေမာ စကားေျပာေနၾကသည္။

သိပ္မၾကာလိုက္ေပ ႀကီးႀကီးႏု ေရာက္လာၿပီး ခငယ္ေလးကို ဧည့္သည္ေတြ ဧည့္ခံဖို႔ .လာေခၚသည္။ ေမြးေန႕ရွင္ကို ေခၚထုတ္လာသည္မွာ နည္းနည္းၾကာေနၿပီျဖစ္သည္။

'' သားတို႔ မုန့္စားသြားၾကဦးေလ ''

'' မစားေတာ့ဘူး ႀကီးႀကီးႏု သားတို႔ျပန္ေတာ့မယ္ ေဖေဖ့ကိုလည္း ႀကီးႀကီးႏု ပဲ ေျပာလိုက္ပါ သားမဝင္ေတာ့ဘူး ခငယ္ေလးကိုလည္း ေစာင့္ေရွာက္ေပးပါဦးေနာ္ ''

'' ေအးပါကြယ္ သားလည္း က်န္းမာေရးဂ႐ုစိုက္ေနာ္ ေမာင္စိုင္းထြဋ္ေခါင္မင္းေရာ ေနေကာင္းလား ''

'' ဟုတ္ေကာင္းပါတယ္ ဆရာလည္း စာေမးပြဲ ေတြ ၿပီးလို႔ ခန အနားယူေနတယ္ ''

'' ဪ ေအးေအး ဒါနဲ႕ ဒီဘက္က ကေလးကို အားနာစရာကြယ္ သားရယ္ သူလည္း ဗိုက္ဆာေနေရာေပါ့ ဝင္စားသြားပါလား ''

တိမ္တိုက္ ကိုၾကည့္ကာ အမွန္ပင္အားနာေနသည့္ပုံပင္ျဖစ္သည္။ သည္သားအဖလုပ္တာႏွင့္ ေဘးက ကေလး အေနၾကပ္ေရာ့ေတာ့မည္။

'' ဟုတ္ ရပါတယ္ ဗ် ''

တိမ္တိုက္ ယဥ္ယဥ္ေက်းေက်းေလး ျပန္ေျပာလိုက္သည္။

'' ကြၽန္ေတာ္ အျပန္ တခုခု လိုက္ေကြၽးလိုက္ပါ့မယ္ မဝင္ေတာ့ဘူး ''

'' ဪ ႀကီးႀကီးႏု သူက တိမ္တိုက္ႀကိဳးတဲ့ ကြၽန္ေတာ့္ သူငယ္ခ်င္း ''

'' ေအးပါကြယ္ ဒီမာနခဲေလးကို သူငယ္ခ်င္း လုပ္ေပးလို႔ ႀကီးႀကီးႏုကပဲ ေက်းဇူးတင္ပါတယ္ကြယ္ ''

တိမ္တိုက္ တစ္ေယာက္ ရယ္ပဲ ရယ္ျပလိုက္ေတာ့သည္။

'' ဟာ ႀကီးႀကီးႏု ကလည္း.... ဒါဆို သားတို႔ ျပန္ၿပီေနာ္ ႀကီးႀကီးႏု လည္း က်န္းမာေရးဂ႐ုစိုက္ ''

'' ခငယ္ေလး ကိုကိုတို႔သြားၿပီေနာ္ ''

ခငယ္ေလး ပါးကို လွမ္းကိုင္ကာ ခြန္း ႏႈတ္ဆက္လိုက္သည္။

'' ခြန္းငယ္ေလး ကိုကို ျပန္ၿပီ ေနာက္မွ ထပ္ေတြ႕ၾကမယ္ ''

အမယ္ ခြန္းငယ္ေလးဆိုပဲ...ခြန္း တိမ္တိုက္ ကို ၾကည့္လိုက္သည္။

'' ဟုတ္ ကိုကို တိမ္တိုက္ ....''

'' ကိုကို ေနာက္ခါလာရင္ ကိုကိုတိမ္တိုက္ကို ပါ ေခၚလာခဲ့ေနာ္ ခစ္ခစ္ ''

ေျပာလည္း ေျပာ ခငယ္ေလးတစ္ေယာက္ သေဘာလည္း က်ေနသည္။

ထို႔ေနာက္ အိမ္မွ ထြက္လာကာ ကားဂိတ္သို႔ ျပန္ေလွ်ာက္လာခဲ့ၾကသည္။ အလာတုန္းကႏွင့္ မတူ ေနမွာ ေခါင္းေပၚေရာက္လု ျဖစ္ေနၿပီ ျဖစ္သည္။

28.2.2022

Comment