Episode - 2

မြူနှင်းခြုံသောဟေမာန်ဆောင်းမှာ ပြာသိုလ တစ်လလုံးအား အအေးဓာတ်တို့ဖြင့် အပြည့်အဝလွှမ်းခြုံကာ သူ့ တာဝန် သူထမ်းဆောင်ပေး နေတော့သည်။ မနက်ခင်းတိုင်းမြင်တွေ့ရတတ်သည့် မြူတွေဆိုတာကလည်း နေရာတိုင်းမှာပင်။

ထိုဆောင်းအလယ်တွင် တိမ်တိုက်တစ်ယောက် ကျောင်းတက်လိုက် အလုပ်သွားလိုက် ကျူရှုင်ပြေးလိုက် နှင့်ပင် အချိန် ကုန်နေတော့သည်။

ကျောင်းတက်ရက်တွေမှာတော့ ကျောင်းသို့ အမြဲ နောက်ကျပြီးမှရောက်လေ့ရှိသည် ​။ဘယ်သောအခါမှ ပထမဆုံးအတန်းချိန်အား သူမမှီ။ ဆောင်းက​ မနက်ပိုင်းပိုကွေးလို့ကောင်းသည် မဟုတ်လား။

ကျောင်းရောက်လျှင်လည်း Practical အချိန်တွေလောက်ပဲ အတန်းတက်ဖြစ်တော့သည်။ Lecture အချိန်ဆို တက်ချင်မှသာ တက်ဖြစ်ကြတော့သည်။

ကျောင်း၂ရက် တက်ပြီးလျှင် အလုပ်သွားကာ Cus တွေရဲ့
ပြသာနာပေါင်းသောင်းခြောက်ထောင်ကို ကူရှင်းပေးရသည်။ အရစ်ခံရသည် အဆဲခံရသည်။ အငေါက်ခံရသည်။ လုပ်သက် ၃နှစ်အတွင်း စိတ်ရှည်ရသည်။ သည်းခံရသည်။ မှားမှားမှန်မှန် အချိူသာဆုံး လေသံ မှန်မှန်ဖြင့်သာ ပြန်ပြောရသည်။

နော​က်ဆုံး ရလဒ်မှာ တိမ်တိုက်တစ်ယောက် ခန္ဓီ ပါရမီတွင် အထွတ်အထိပ်သို့ရောက်နှင့်နေပြီဖြစ်သည်။

.....................................

မတ်လတွင်တော့ ဆောင်းလေအချိူ့ ပြေးကုန်၍ နွေရိပ်များ တဖြည်းဖြည်းနေရာယူလာကြပြီဖြစ်သည်။ မအေးမပူသော ဒီနွေဦး ကာလကို ဆယ့်နှစ်ရာသီထဲတွင် အထူးကြိုက်နှစ်သက်မိသည်။ နွေဦး၏ ပြရုပ် ဖြစ်သော ဥဩငှက် သံလေးများလည်း ကြားနေရပြီဖြစ်သည်။

နွေဦးကို မည်မျှပင်နှစ်သက်သည်ဆိုဦးတော့....
နောက်ဆုံးတွင် အလုံပိတ်ရုံးခန်းထဲရှိဆောင်းရာသီဖြင့်သာ နှစ်ပါးသွားရသည်မဟုတ်လား။

နွေဦး၏ သာယာလှသော တစ်ရက်၌်
ဆယ့်နှစ်ရာသီ ဆောင်းဝင်နေသော တိမ်တိုက်တို့
ရုံးခန်းထဲတွင် နေ့လည်စာ သုံးဆောင်နေစဥ်

တီ တီ တီ တီ! ! ရှန်မင်းဆီမှဖုန်း....

ပလုတ်ပလောင်းဖြင့်

'' အေ့ပြော ''

'' ညနေ OT လား အဒွေးက သူ့ မွေးနေ့ မုန့်ကျွေးချင်လို့တဲ့ ''

'' ဟင် ဒီနေ့လား ကြိုလည်းမပြောဘူးကွာ ငါဘာမှ မဝယ်ရသေးဘူးကွ ''

အဒွေးက တဇွတ်ထိုးလုပ်တတ်တာကလွဲရင် တကယ်ကို ခင်ရပါသည်။ သို့ပေမယ့် အဒွေးကောင်းမှု အကြောင်းပြု၍ အပတ်တိုင်း မျက်ခုံးမွှေ ရိတ်ရိတ်နေရသည်။ အကြောင်းမှာ ပြန်ထွက်လာသော အမွှေးကြမ်းလေးတွေက တကယ်ကို ရုပ်ဆိုးသောကြောင့်ဖြစ်သည်.။

'' မသိဘူးကွာ ငါဘယ်ချိန်လာခေါ်ရမှာလဲပဲ ပြော ''

'' OT နေ့ဆိုတော့ ၆ခွဲ ပေါ့ကွာ ''

'' အေးအေး ဒါပဲ "

ရုတ်တရက်ဆိုတော့ ပိုက်ဆံမပါလာတာနဲ့ မမသက်ဆီက ခနချေးပြီး နေ့လည်စာ စားခြင်းကို အမြန် လက်စသတ်ကာ ရှော့ပင်းစင်တာဆီ အမြန်သွား၍ း လက်ဆောင်ပြေးဝယ်ရသည်။

ပြန်ရောက်​သည်နှင့် ထုံးစံအတိုင်း မမသက် ၏ ဘယ်သူ့အတွက်လဲ? ဘာကြောင့်လဲ? ဘယ်လိုဆိုင်တာလဲ သားလေး ? ဟုအစချီကာ တရားခံစစ် စစ်​​ခြင်းစတင်တော့သည် ။

လူကို မယုံသလိုလို လင်ပဲရနေသလိုလို ထင်ကြေးပေးခံရသည့် ထိုအချိန်တိုင်းတွင်
သူ ပြန်ပြောသည်မှာ တစ်ခုပဲရှိသည်..

'' ကျွန်တော်က အဖြောင့် ''။

အလုပ်ပြန်တော့ ရှန်မင်းက ကားဂိတ်မှာ ကြိုစောင့်နှင့်နေသည်။ဘေးတွင် သူ့ကောင်လေး ရောင်ဖြာငယ် ​ပါ ပါလာသည်။ ဟိုတစ်ခေါက် ညစျေး ပွဲတွင် တွေ့ဖူး၍ မှတ်မိနေခြင်းဖြစ်သည်။ ရောင်ဖြာမှာ တကယ်ကို ချစ်စရာကောင်းသည့် ကောင်လေးဖြစ်သည့်အပြင် ချမ်းသာသည့်အသိုင်းအဝိုင်းက ဖြစ်သည်။

'' မြန်မြန်လာ တိမ်တိုက်ရာ ''

ရှန်မင်းကို အဖတ်မလုပ်ပဲ ရောင်ဖြာ့ ဘက်လှည့်ကာ

'' ရောင်ဖြာငယ် နေကောင်းလား မတွေ့တာကြာပြီနော်....''

ရှန်မင်းဘေးမှ အကောင်သေးလေးအား ​အပြုံးနဲ့လှမ်းနှုတ်ဆက်လိုက်သည်။

'' ဟုတ် အကို ကောင်းပါတယ် ''

'' ငါကောင်းအောင် ထားတယ်ကွ မင်းမရှည်နဲ့ ''

အမလေး ဟဲ့.. ရှန်မင်းတို့များ ကြည့်နေပုံက အခုပဲ ကိုယ်က သူ့မယားထလုတော့မယ့်ပုံနဲ့....

ဟားဟား တိမ်တိုက်တို့က သေးသေးကွေးကွေး တွေ မကြိုက်ဘူးကွ ဟားးဟားး !!

ဪ မေ့လို့ ငါက ​အဖြောင့်ပဲ ။

''Look at bro. ..my middle finger is for you!''

'' လာကိုက်မနေနဲ့ကွာ Market Place မှာ လူစုံနေပြီဟ မင်းပဲကျန်တာ.. ''

ဘာ!Market Place... တိမ်တိုက် ကိုယ့်ကိုကိုယ် ပြန်ငုံကြည့်လိုက်မိသည်.။.ယူနီဖောင်း T shirt အဖြူမှာ မနက်က အအေးသောက်ရင်း မှောက်ကျထားလို့ အစွန်းကွက် ဖြစ် နေပြီး ရုံးခန်းသန့်ရှင်းရေးပါလုပ်ထား၍ တော်တော် စုတ်ပဲ့နေပြီဖြစ်သည်။.အောက်က Pants အရှည် ကို အနက် ဝတ်လာ၍ သာ တော်တော့သည်။ သတိတရဖြင့် အောက်ငုံ့ကြည့်လိုက်တော့ '' ဟူးးး တော်သေးတယ် ဖိနပ်လဲစီးလာလို့ '' ကြိတ်တွေးရင်း ဝမ်းသာမိသွားသည်။ တစ်ပတ်တွင် ၃ရက်လောက်မှာ ဖိနပ်မလဲမိပဲ ကျန်းမာရေးဖိနပ်ဖြင့်သာ အိမ်ပြန်ရသည်။

Bus ကားစောင့်နေရင်း ဖရိုဖရဲ ဖြစ်နေသည့် တီရှပ်ကို ဘောင်းဘီထဲ အတင်း ထိုးထည့်လိုက်ပြီး အင်္ကျီ ကို ပြန့် အောင်ခါလိုက်သည်။..ထို့နောက် လွယ်အိတ်ထဲမှ တစ်ခုခုကို သတိရသွားဟန်ဖြင့် မျက်လုံးလေး အရောင်တောက်သွားသည်။

ရုံးခန်းမှာ အဲလ်ကွန်းအလွန်အေးသောကြောင့် ဖလန်နယ်လက်ရှည် အကွက် ကျဲ ကြီးတစ်ထည် အမြဲ ထည့်ထားလေ့ရှိသည်။
အိတ်ထဲမှ နက်ပြာရောင် ဖလန်နယ်ကို ထုတ်ကာ အပေါ်မှ ထပ်ဝတ်ပြီး ကြယ်သီးတွေကို ဒီတိုင်း မတပ်ပဲ ထားလိုက်သည်။

ပြီးမှ ဆံပင်ကို သေချာလက်နဲ့ ပြန်သပ်ပြီး ရှန်မင်း ကောင်လေးလက်ထဲမှ တစ်ရှူး တစ်ရွက်ကို တောင်းလိုက်သည်။ ပြီးတော့ နဖူးပေါ်က ဆံပင်တွေကို လှန်လိုက်ပြီး အဆီပြန်နေတဲ့ မျက်နှာအား သုတ်ချလိုက်တော့ လူရုပ်နဲနဲ ပြန်ပေါက်လာသည်။

'' တိမ်တိုက်ကြိုး ရေ သွားမဲ့နေရာ ယောကျာ်းလေးတွေပဲ ပါတာပါခင်ဗျ စွတ်ပြင် မနေနဲ့ ''

ပြင်ဆင်လွန်းနေသော တိမ်တိုက်ကို ကြည့်ပြီး ရှန်မင်း မျက်စိစပါးမွေးစူးနေပြီဖြစ်သည်။

'' သူများမွေးနေ့လေကွာ အားနာလို့ပါ... မင်းကျတော့ရော ပြင်ထားလိုက်တာများ ဘယ်သူ့ကို ထပ်ငမ်းချင်လို့လဲ ဗျ ''

'' ဟျောင့် ..မင်းရည်းစားမရှိတိုင်း လိုက်ချွန်မနေနဲ့ ငယ် အထင်လွဲသွားမယ်ကွ ''

''ကိုကို ကားလာပြီ ''

ရှန်မင်းကောင်လေးမှ ဆော်ဩ သဖြင့် ရန်ဖြစ်တာရပ်ပြီး ၃ယောက်သား ကားပေါ်တက်ကာ ကျောင်းကွေ့မှတ်တိုင်မှာဆင်းပြီး Market place သို့ ပြန်လျှောက်လာလိုက်တော့သည်.။

ဆိုင်ထဲတွင်.....စားပွဲ ၂ခုကို ဆက်ထားပြီး အဒွေးတို့က အတွင်းဘက်သို့ မျက်နှာမူ လျက် တခြမ်း အပြည့်နေရာယူထားကြသည်။ တိမ်တိုက်တို့ သုံးယောက်လည်း ဒီဘက် တစ်ခြမ်းအလွတ်တွင် နေရာဝင်ယူလိုက်ကြတော့သည်။. တိမ်တိုက်က နံရံဘက်ထောင့်စွန်းသို့ ဝင်ထိုင်လိုက်ကာ ဘေးမှာ ရှန်မင်းနဲ့ သူ့ကောင်လေး အစဥ်လိုက် ဝင်ထိုင်လိုက်သည်...

တိမ်တိုက်၏ အရှေ့တည့်တည့်မျက်နှာချင်းဆိုင်တွင် လူမရှိ။
ထို ခုံအလွတ်ဘေးတွင် အဒွေး နှင့် သူ၏ ချစ်လင် ပြီးတော့ အဆောင်က တိမ်တိုက်နှင့်ရင်းနှီးသော ကောင်လေး ၂ယောက်ပါ ရှိနေသည် ။ မျက်နှာစိမ်းမပါ၍ သက်ပြင်းလေးချမိသည်.။.မဟုတ်ရင် အနေရခက်သည်မလား။

'' တိမ်တိုက် စားချင်တာရှိရင်သွားမှာနော် ရှန်မင်း စောစောက ကားဂိတ်မှာ ဖုန်းဆက်ပြီးလှမ်းပြောတာတွေပဲ မှာထားလိုက်တယ် ''

ရှန်မင်းကို '' တော်လှချည်လား ''ဆိုသည့် အထာနှင့် မျက်ခုံး တစ်ဖက် ပင့်ပြလိုက်သည် ။

'' ရတယ် အဒွေး... မှာထားတာပဲ စားလိုက်မယ်...
Happy Birthday ပါ အဒွေး မွေးနေ့လက်ဆောင်အတွက် သိပ်မပြင်ဆင်လိုက်ရလို့ အဆင်မပြေဖြစ်ရင် နားလည်ပေးနော် ''

'' မလိုပါဘူး တိမ်တိုက် ရယ် မွေးနေ့လက်ဆောင်က ယူပြီးသား ''

ဟုဆိုကာ ပြုံးစိစိဖြင့် သူ့မျက်ခုံးကို လက်နဲ့ ပွတ်ပြလေသည်။

'' စိတ်ချမ်းသာရင် ပြီးတာပါပဲ ဗျာ ''

မနိုင်တော့...အဒွေးကို မနိုင်တော့ပေ...
ထို့နောက် ရှေ့ရှိ Green tea cake လေးကို ဇွန်းလေးနဲ့ ဖဲ့ကာ ငုံ့ပြီး စားနေခိုက်....

နှာခေါင်းထဲ တိုးဝင်လာတဲ့ အနံ့တစ်ခု
ရှေ့မှ နွားနို့ပူပူ အနံ့မဟုတ်
ကိတ်နံ့ မဟုတ်
ရေမွှေးနံ့မဟုတ်
ရင်းနှီးနေသော အနံ့တစ်ခု...
တော်တော်လေးဆွဲဆောင်မှုရှိသည်...

ထိုအနံ့ကို ရဖူးသော်လည်း ဘယ်မှာမှန်း စဥ်းစားမရ..
ရှေ့က ခုံ တွင် ထို အနံ့ပိုင်ရှင် ဝင်ထိုင်လိုက်လေသည်။

ငြိမ့်ငြိမ့်လေးဝင်ချလာသည့်အရှိန်အဝါကြောင့်
မျက်နှာကို မော့မကြည့်ရဲသေးပဲ ငုံ့လျက် ကိတ်ကို ဖဲ့နေရင်း မြင်ကွင်းထဲ ဝင်လာတဲ့ အရာများကို တစ်ခုချင်း အာရုံစိုက်မိနေသည်။

စားပွဲပေါ် ရောက်လာသော ပြောင်လက်နေသော ဖုန်းအနက်ရောင် ။ ထိုဖုန်းအား ကိုင်ဆောင်ထားသော စိမ်းညိုရောင်သွေးကြောများ ထောင် ထနေသည့် အညိုနုရောင် လက်တစ်စုံ။

လက်သည်းများကို အတိညှပ်ထားပြီး လက်ချောင်းများမှာ ရှည်သလို သွယ်လည်းသွယ်သည့် ယောကျာ်းဆန်ဆန် လက်ချောင်းများကို ပိုင်ဆိုင်ထားသည်။

အပြာရောင် ဒိုင်ခွက်ဖြင့် ငွေရောင် Seiko နာရီသည်လည်း Classic ဆန်ဆန်ပင် ထိုသူ၏ လက်ကောက်ဝတ် အစပ်တွင် ဟန်ပန်အပြည့်နဲ့ နေရာ ယူထားသည်။

ကြီးမားသပ်ရပ်လှသော ကိုယ်ခန္ဓာတွင် နက်ပြာရောင် ရှပ်လက်ရှည် ကို ကြယ်သီး အပြည့်တပ်ထားကာ ယောပုဆိုး အနက်ရောင်နဲ့ တွဲဖက် ဝတ်ဆင်ထားသည်။

ထို့အပြင် တိကျ​သေသပ်စွာ ခေါက်ချထားသော ကော်လံ က လည်ပင်းတွင် ကပ်လျက်ရှိကာ....မျက်လုံးကိုအပေါ်နည်းနည်းကစားမိတော့
အညိုရောင် လည်ပင်းပေါ်တွင် လှုပ်စိလှုပ်စိ ဖြစ်နေသော လည်စေ့ မှာ ထိုသူအား မဟားတရားကို ယောကျာ်း ဆန်နေစေသည်။

တိမ်တိုက်မှာလည်း ပါ ပေမယ့် ဤလူသားလောက် မရှိပေ။ လည်စေ့နော်။ လည်စေ့။

ထိုင်နေရင်းတောင်မှ အရပ်ရှည်မှန်းသိသာလွန်းသော လူဖြစ်သည်။. မျက်နှာမမြင်ရသေးပဲ ဒီလူက သူ့အတွက် တော်တော်ကို ချောနေနှင့်ပြီ။

တိမ်တိုက်တစ်ယောက် ရှေ့ကလူ၏ အညိုစင်ဋီကာကျမ်း အား တစ်ယောက်တည်းဖွင့်နေရင်း...

'' တိမ်တိုက်ကြိုး... ''

ရှန်မင်းခေါ်သံ...

'' ငါခေါ်နေတာကြာပြီ မင်းစိတ်တွေဘယ်ရောက်...
ကိတ်မုန့်လည်း သနားပါဦးကွာ ရုပ်ပျက်ဆင်းပျက် ဖြစ်နေပြီ ကြည့်ဦး.. ''

ရှန်မင်းမှာ သွားကြားထဲကလေဖြင့် တိုးတိုးလေးကပ် ပြောမှ ကိတ်မုန့်ကိုပြန်ကြည့်မိတော့သည်။.ပြီးမှ ရှန်မင်းဘက်လှည့်ကာ
ဟီးးခနဲဖြင့် ​သွားတက်ပေါ်အောင် ရီပြလိုက်သည်။

ထို့နောက် ရှန်မင်းက သူ့ဟာစားဟု ဆိုကာ ကိတ်မုန့် ပန်းကန် လဲပေးသည်။ အတူမှာထားတာမို့ ရှန်မင်းလည်း Green tea cake ဖြစ်သည်။တိမ်တိုက်ရဲ့ အညိုရောင် မုန်တိုင်းဝင်တိုက်သွားတဲ့ ကိတ်မုန့်ပန်းကန်လေးကတော့ ရှန်မင်းရှေ့ရောက်သွားသည်.။

''တိမ်တိုက် ! မိတ်ဆက်ပေးရဦး မယ် ဒါက ငါ့ အခန်းဖော်လေ ကို ခွန်းမာနမောင် တဲ့ ''

ဟင်! ခွန်းမာနမောင်

'' ကိုခွန်း ဒါက တိမ်တိုက်ကြိုး တဲ့.. ရှန်မင်း ရဲ့ သူငယ်ချင်း။ကိုခွန်း ကုတင် တက်အိပ်သွားတဲ့ ဂြိုဟ် သား''

ခွန်း ဆိုင်ထဲဝင်လာကတည်းက ခုထိ ခေါင်းမဖော်သေးတဲဲ့ သူကို အကဲခတ်နေမိတာပြီ။ .အုန်းမုက်ခွက် ဆံပင်လုံးလုံး လေး ပဲ မြင်ရသည် အထိ ကိတ်ကိုသာ တငုံ့ငုံ့ဖြင့် ထိုးဖွနေတာ ကောင်လေးကို ခွန်း အာရုံစိုက်မိပါသည်။

ပြီးတော့ ဟိုတစ်ခေါက် ခွန်းအိပ်ရာပေါ်မှာ စွဲကျန်ခဲ့တဲ့ ကလေး အနံ့ ပိုင်ရှင်က သူ့အရှေ့က ထိုကောင်လေးတဲ့လား...အဲ့တာကြောင့် စစဝင်လာချင်းတုန်းက
'' သည်ရနံ့ ကို ရင်းနှီးပါတယ်'' ဟု စဥ်းစားမိနေတာပေ။

လူပျိူပေါက်ဘယ်နှယောက်ကများ ကလေးပေါင်ဒါတွေ သုံးပြီး ကလေးအနံကိုယ်မှာစွဲနေမှာတဲ့လဲ။
...............

အဒွေး၏ အချိူးမပြေသော မိတ်ဆက် စကားကြောင့် တိမ်တိုက် မျက်လုံးပြူးသွားသည်....
'' ခွန်းမာနမောင် '' သူစွဲလမ်းခဲ့သော အသံ ပိုင်ရှင်..
မော့ကြည့်လိုက်တော့....

စူးရှ၍ မာန်အပြည့်ပါတဲ့ မျက်လုံးအကြည့် တွေ ....
မရိတ်ထားပဲတိကျသေသပ်ကာ မည်းနက်နေ တဲ့ မျက်ခုံးတန်းတွေ...
နက်မှောင်နေသော ဆံပင်ကိုလည်း သပ်ရပ်စွာ ဖီးတင်ထားသော အနှီ လူသား ...
ညိုလည်းညိုမနေ နီလည်းနီမနေသည့် မထူမပါး နှုတ်ခမ်းတစ်စုံ..
မေးရိုးများထင်းကာ ရှိရင်းစွဲထက် ယောကျာ်း ပိုဆန်နေသည်မှာ ကျေနပ်စရာပင်။

ပြည့်စုံခြင်းလို့ မဆိုသာတဲ့ ပြည့်စုံခြင်းမျိူးကတိမ်တိုက်ရှေ့ တွင် ရှိနေလေပြီ။

'' တွေ့ရတာဝမ်းသာပါတယ် တိမ်တိုက်ကြိုး
ကိုယ့်ကုတင်ပေါ် အိပ်သွားတဲ့ ကလေးက မင်းကိုး ''

'' ဟို..ဟုတ်....ကျွန်တော်...''

အမလေး Cus complain သေလောက်အောင် တက်နေလည်း အမြဲစိတ်အေးအေးဖြင့် ပြန်ဖြေရှင်းနိုင်သည့် တိမ်တိုက်မှာ ဒီလူ ဒါလေးမေးတာကိုပင်
စကားတွေ ထစ်ကုန်တော့သည်။

ဟိုတခါ အိပ်သည်က ဒီလူ့ ကုတင်လား.... အဒွေးကို ကြည့်မိတော့

'' ငါအော်သားပဲ မင်း မှ မကြားလိုက်တာ.. ကိုခွန်းကလည်း ကလေးကို ခြောက်နေပြန်ပါပြီ တို့ တောင်းပန်ပြီသားကို.. ''

အဒွေးလည်း အဲ့တုန်းက ..ခွန်းက ရုတ်တရက်
ကုတင်ပေါ် လာအိပ်သေးလားဟု မေးစဥ်က အဒွေး ခေါင်းနပန်းကြီးသွားသည်။ အသန့်ကြိုက်ကာ ပစ္စည်း တွေကိုလည်း သီးသန့်သုံးတတ်သော ထိုလူသားရဲ့
ကုတင်နဲ့ ခေါင်းအုံးပေါ်မှ တက်အိပ်သွားသော တိမ်တိုက်ကို အဲ့နေ့က အတော်မေတ္တာ ပို့ပေးဖြစ်သည်။ နောက်နေ့ကျမှ တောင်းပန်လိုက်ပြီး အဒွေး အားနာကာ ခွန်းမရှိခင် အိပ်ယာခင်းလျှော်ပေးလိုက်သည်။

'' ဟိုလေ ကျွန်တော် မသိလိုက်လို့ပါ တောင်းပန်ပါတယ်နော် တကယ်မရည်ရွယ်တာပါ ''

ပြာပြာသလဲ တောင်းပန်မိသည်။ ထိုလူသား သူ့အပေါ် စိတ်ကွက်မှာ အင်မတန် ကြောက်နေမိသည်။.. အခုမှ စတွေ့ဖူးပေမယ့် ထိုသူ သည် သူ့အပေါ် အပြည့်အဝ လွှမ်းမိုးထားသလို ခံစားရသည်။

'' ရပါတယ် တိမ်တိုက် ရယ် ကိုယ်က စလိုက်တာပါ ''

ခွန်းက စိတ်လိုလက်ရ ရယ်လိုက်ကာ သူ့ရဲ့ လက်တံရှည်နဲ့ တိမ်တိုက်ရဲ့ အုန်းမုက်ခွက် လုံးလုံးလေးအား အသာ လှမ်း ဖွသည်။

တိမ်တိုက် ကမ္ဘာကြီး ပြောင်းပြန်လည်နေသလားဟု ထင် မှတ်ရလောက်အောင် ​ဗြောင်းဆန်သွားသည် ။
အသက်ပင် အောင့်ထား ရသည့်အဖြစ်။

တိမ်တိုက်တစ်ယောက်တည်း လား ဟု မထင်လိုက်ပါနဲ့။

ဝိုင်းတွင်ရှိသော အဒွေးတို့ ရှန်မင်းတို့ပါ ပါးစပ်အဟောင်းသားဖြစ် သွားကုန်သည်။ ကျောင်းတွင်အနေအေးကာ နာမည်နှင့်လိုက်အောင်ပင် နေတတ်သည်။. အခန်းဖော်နဲ့တောင် မေးထူးခေါ်ပြောအဆင့်သာရှိသည့် ထို လူသားမှာ အခုမှစတွေ့ဖူးသည့် တိမ်တိုက်ကို စသည်တဲ့လား။..ထို့အပြင် Skinship တောင် ရီပြီး လုပ်​လိုက် သေးသည်။

ဒါ ကိုခွန်းမာနမောင် ဟုတ်ရဲ့လား ဟု.တွေဝေကုန်သည်။

အံ့ဩချင်းများစွာ ပြည့်နှက်နေသည့် မျက်လုံးများနဲ့
တိမ်တိုက်ကို ကြည့်လိုက်၊ ခွန်းကို ကြည့်လိုက်နှင့် အဖြေရှာနေကြသည်။

ခွန်း ကတော့ ဘာမှ မသိသည့်အလား တိမ်တိုက်ကို သာ ကြည့်ပြီး အတန်ကြာအောင် ပြုံးနေပြီးမှ ချောကလက်ကိတ်အား ဖဲ့စားနေတော့သည်။
သူကိုယ်တိုင်လည်း ဘာလို့ သည်အပြုအမူကိုလုပ်မိလည်းမရှင်းပြတတ်။ မျက်စိရှေ့က လှုပ်တုတ်တုတ် ဆံသားပျော့ပျော့လေးတွေကို သူထိချင်နေခဲ့တာတော့ အမှန်ပင်။

ချွင်.!!

တိမ်တိုက်တစ်ယောက် ရင်တွေ တဒိတ်ဒိတ်ခုန်ကာ..လက်တွေပါ တုန်လာသောကြောင့် ကိုင်ထားတော့ ခက်ရင်းမှာ ခုံအောက်သို့ ပြေးဆင်းပါတော့သည်။

လူရှေ့သူရှေ့ဆို လုပ်ပြီ တိမ်တိုက် ရာ။

'' ဒုတ်.''

ကျသွားသည်ကို ပြန်ကောက်ရန် ခုံအောက် ဝင်စဥ်
စားပွဲနဲ့ နဖူးပါ ထပ်ဆောင့် လေသည်။

ခက်ရင်းကို တစ်ဖက်ပြန်ကောက်ရင်း တစ်ဖက်ကလည်း နဖူးအား ပွတ်နေရသည်။

ခုံစောင်းက အတော်နာတာပဲဟ !!

'' မင်း ဘယ်လိုတွေ...ဟင်..! နေမကောင်းဘူးလား မျက်နှာက နီရဲနေတာပဲ ''

ရှန်မင်းက စိုးရိမ်တကြီး မေးရှာသည်။
ရှန်မင်း အသံကြောင့် ခွန်း ခေါင်းထောင်လာကာ တိမ်တိုက်ကို စူးစမ်းသလို သေချာ စိုက်ကြည့်နေသည်။ သူကြည့်နေသည်က တိမ်တိုက် ပုခုံးပေါ်က ရှန်မင်း၏ လက်တစ်ဖက်။

'' လက်ဖျားတွေလည်း အေးစက် နေတာပဲ မင်း အဆင်ပြေရဲ့လား..''

ရှန်မင်းမှာ အသံ ဖျော့သွားပြီး စိုးရိမ်တကြီးနဲ့ လက်တွေကို ဆုပ်ကိုင်လာကာ နဖူးကိုလည်း ဟိုစမ်း ဒီစမ်း လုပ်နေလေသည် ။

'' ဘာမှ မဖြစ်ပါဘူးကွာ နဲနဲ ပင်ပန်းလာလို့ ...
ငါယောကျာ်း ပါကွ ''

ကိုယ့်အကြောင်း ကိုယ်သာသိ ဆိုသလို လှည့်ပတ်ဖြေကာ နောက်ဆုံး စာကြောင်းရောက်မှ အသံကို နှိမ့်ကာ ရှန်မင်း နားနား ကပ်ပြောလိုက်သည် ။

'' အင်း မင်းက ယောကျာ်းပါကွာ ကျားကိုမှ
အဖြောင့် ဟုတ်ပြီလား ဟားဟားး ''

နာနေသည့်နဖူးကို လှမ်းတောက်လိုက်တော့...

''ဒီ ....''

ဆဲခါနီးမှ ခွန်းရှိသည်ကို သတိရကာ ခုံအောက်ကပဲ ရှန်မင်းကို လက်ခလယ် ထောင်ပြလိုက်တော့သည်.။
ခွန်းကို မော့ကြည့်မိတော့ တစ်ခုခုကို အလိုမကျ ဟန်ဖြင့် မျက်ခုံးတွေကို တွန့်ချိူးထားသည်...

စားလို့သောက်လို့ပြီးတဲ့အခါ ကိတ်ခွဲ ၍ ကားဂိတ်သို့ ပြန်ထွက်လာကြတော့သည်။ ရှန်မင်းနဲ့ အဒွေးကတော့ ကောင်လေးလက်ဆွဲကာ ကော့တော့ ကော့တော့နဲ့ ရှေ့ဆုံးက ထွက်သွားကြသည်။

တိမ်တိုက် မှာမူ လွယ်အိတ်က ခုံနဲ့ညှပ်နေသဖြင့် ထုတ်ဖို့ ကြိုးစားနေရသည်...အကုန်ထွက်သွားကြပြီထင်နေတုန်း...

ကတ္တီပါ ခြေညှပ်ဖိနပ် အနက်ရောင် နှင့် လိုက်ဖက်စွာ ရှိနေသော အညိုရောင်ခြေဖမိုး တစ်စုံကို မြင်လိုက်၍ မော့ကြည့်သောအခါ 'ခွန်း'

နောက်ဆုံး ထုတ်လို့ ရသွား၍ နှစ်ယောက်သားဆိုင်ထဲမှ ထွက်လာကြသည်...

'' ရော့... သုတ်လိုက်ဦး ''

ချွေးထွက်နေ၍ တစ်ရှူး တစ်ရွက် ထုတ်ပေးလာသည်။
မြန်မြန်ပင် သုတ်ကာ ရှန်မင်း တို့နောက် အမှီလိုက်ရတော့သည်။
ဘယ်လိုလျှောက်လျှောက် ခွန်းက ဘေးမှာ ပါလာမြဲ...
သူကပဲ ခြေတံတိုတာလား ခွန်းကပဲ ရှည်နေတာလား.. တွေးရတော့သည်..။

ခွန်းသည် တိမ်တိုက်ထက် ပိုမြင့်ကာ ရင်အုပ်ကျယ်ကျယ် နှင့် တော်တော်လေး လူကြီးဆန်ဆန် ဖြစ်နေကာ ကြည့်ကောင်းသည်။

''ဘယ်ထိ ပြန်ရမှာလဲ ''

'' $^$$^@* ''

'' ဝေးတယ်နော် ကိုယ်ကားငှားပေးလိုက်ရမလား ''

'' ရပါတယ် ဒီအချိန် bus ရှိသေးတယ် ရှန်မင်းနဲ့အတူပြန်မှာ ဒါနဲ့ ကိုခွန်း အသက်က ''

'' ၂၂ လေ ကိုယ်လည်း တတိယနှစ် ပဲ ရှိသေးတာ
နှစ်အောက်ထားတာတွေ ရှိလို့ ''

''ဪ ကျွန်တော် က ဒဂုံက ''

'' အင်း ကိုယ်သိတယ် ''

စကားစပြတ်သွားသည်မို့ ဘယ်ကနေ စကားပြန်စရမလဲ စဥ်းစားနေစဥ်...

'' တိမ်တိုက် မြန်မြန်လာ ဟိုမှာ ဘတ်စ်ကား တစ်စီးလာနေပြီ... ''

ရှန်မင်း ကားဂိတ်သို့ ရောက်နှင့်နေပြီး လှမ်းအော်နေလေသည်။

'' အေးအေး ''

''ဟို ...ပြန်ပြီနော်....တာ့တာ ''

ညာဘက် လက်လေး လှုပ်ပြလိုက်ပြီးတော့ ကားပေါ် အပြေးတက်သွားတော့သည်။..ခွန်းလည်း ယောင်ကာ လက်ကို လေပေါ်မြောက်လိုက်မိသည် ပြီးမှ...

ခွန်း ဘယ်ဘက်လက်လေး လေပေါ်မှာ တန့်နေသည်.။

ဒီကလေး က ငါ့ကို တာ့တာ လုပ်သွားတာလား။

ခွန်းလည်း မကြုံစဖူးမို့ နည်းနည်း ကြောင်အသွားမိသည်။

ဒီကာလများတွင် ခွန်းစိတ်လိုလက်ရ ဒီကောင်လေးကို ပထမဆုံး ပြုံးပြမိသည်။.သူ မပြုံးဖြစ်သည်မှာ အတော်ကြာခဲ့ပြီ။

.............

.............................

ကျောင်းကန်တင်းတွင် ရှန်မင်းနဲ့ ရောင်ဖြာငယ်တို့ နေ့လည်စာစားနေစဥ်....ရှန်မင်း ပန်းကန်ထဲသို့ ဟင်းခပ်ထည့်ပေးနေရင်း...

'' ကိုကို... ငယ်တစ်ခုလောက်မေးမို့ ''

''အင်း မေးလေ ''

''အကိုတိမ်တိုက် ဟိုတလောက ပိုက်ဆံ အိတ် အနှိုက်ခံရတာလေ.....''

''အင်း ''

'' အဲ့လက ဘာလို့ ကိုကိုက သူ့ကိုမုန့်တွေ ဝယ်ဝယ်ကျွေးရတာလဲ ''

''ဪ သူက သရေစာ သိပ်ကြိုက်တာလေ ကျောင်းကတည်းက ခုထိ သူမုန့်မစားပဲနေတဲ့ ရက်ဆိုတာ မရှိသလောက်ပဲ။...ထမင်းသာအငတ်ခံနိုင်တယ် မုန့်တော့ အငတ်မခံနိုင်ဘူး ဆိုတဲ့ လူမျိူးလေ။ ကျောင်းတည်းက ကိုကိုကသူ့မုန့် တွေ ဝယ်ဝယ်ပေးနေကျ အခုတောင် Uni မတူလို့ မဟုတ်ရင် သူက ခိုင်းစားဦးမှာ ''

အပြောကသာ မကျေနပ်သလိုဖြစ်နေကာ ရှန်မင်းမျက်နှာတွင် ကြည်နူးရိပ်သန်းနေသည်....
ဒါကို ရောင်ဖြာငယ် သတိထားမိကာ

'' သူ့အသက်က ၂၀တောင် ပြည့်တော့မှာကို... အဲ့နေ့က ကားဂိတ်မှာ ငိုနေတာ ကိုကို မနည်းချော့လိုက်ရတာမလား...''

''အဲ့ကောင်က အဲ့လိုပါပဲငယ်ရာ
.. ငယ်နိုင်ဖြစ်နေတော့ ကိုယ်ကပဲ လျော့ပေးလိုက်တာ မဟုတ်ရင် သူက အိမ်ထိ လာနားငြီးတာကွ ပြီးရင် ကိုယ့်ကို မေမေက ဆူရော ''

''ကိုကို အဲ့လတုန်းက ဝယ်ကျွေးထားတာတွေ သူပြန်မပေးဘူးမို့လား...ငယ် သိသားပဲ...ကိုကိုက ပြန်ဝယ်ကျွေးမှာသိလို့ သက်သက် ငိုပြတာနေမှာ မျက်ရည်လည်း မထွက်ပဲ နဲ့ ပြီးတော့လေ
သူက ကိုကို့ ကိုဆို အရမ်းကပ်တယ်နော် အကိုဒွေးမင်းခ မွေးနေ့တုန်းကလည်း သူ့ဘာသာ ကိတ်ကို ဖျက်စီးပြီး ကိုကို့ ကိတ်နဲ့ လာလဲတာမလား သူက သက်သက် ကိုကို့ ကို attention ယူနေသလိုကြီး ​မဟုတ်မှလွဲရော သူ....''

''ရောင်ဖြာငယ်! !! ''

အသံအနည်းငယ် ကျယ်သွား၍ ကန်တင်းထဲမှ ကျောင်းသားများ မှာ ရှန်မင်းတို့ဝိုင်း သို့အကဲခတ်လာကြသည်။
ရှန်မင်း မျက်နှာကြီး နီနေကာ အံကို တင်းတင်းကြိတ်ထားမိသည်...

'' သူ့ကို ဝေဖန်နေရအောင် မင်းကိုမင်း ဘာထင်နေလဲ ''

'' ကိုကို ငယ်ကလေ...''

''ပါးစပ်ကို ပိတ်ထား...မင်းနောက်နေ့ ငါ့ကိုဆက်သွယ်စရာမလိုတော့ဘူး ရောင်ဖြာငယ် ဒီဝိုင်းကို ငါရှင်းခဲ့မယ်.. ''

ရှန်မင်း ပိုက်ဆံရှင်းပြီး ထွက်လာလိုက်တော့သည်။ ရောင်ဖြာငယ် သူ့ကို ကြည့်နေတာ သိသော်လည်း တစ်ချက်မျှ လှည့်မကြည့်ပဲ ရှေ့ကိုသာ ဆက်လျှောက်သွားသည်။

သူ့သူငယ်ချင်းကို ဘယ်သူမှ ပြောစရာမလို သူပဲပြောမည်။ သူ့သူငယ်ချင်းကို သူကလွဲပြီး ဘယ်သူမှ ဝေဖန်စရာမလို။..သူ့သူငယ်ချင်းကို မကောင်းပြောတဲ့ သူကိုလည်း သူဆက်တွဲစရာ အကြောင်းမရှိ။. သူ့အဘိဓာန်တွေ ရည်းစားဆိုတာ မရှား ။
ရှန်မင်း အတွေးထဲတွင် ဒါတွေသာ အကြိမ်ကြိမ်ရေရွတ်နေရင်း ခနငြိမ်သွားကာ....

'' ငါ့သူ..ငယ်..ချင်း... '' ခပ်တိုးတိုးလေး ပြောမိသည်။

ဒီနေ့ အတန်းလည်း ဆက်မတက်ချင်တော့သလို အဆောင်လည်း သွားမနေချင်တော့...ရှန်မင်း ကားဂိတ်ကိုသာ တန်းတန်းလျှောက်လာခဲ့မိတော့သည်။

'' ဟို ဒီက ဆရာလေး ဗျ ''

ဘာလဲဟ ဆရာလေးတဲ့ သီလရှင်နဲ့ မှားနေတာများလား ??

ရှန်မင်း အရပ်နဲ့ မတိမ်းမယိမ်း ရှိသည့် ထို သူအား ခေါင်းလှည့်ကာ ကြည့်လိုက်ပြီး ဘာလဲ ဟူသည့် သဘောဖြစ် မေးဆတ်ပြလိုက်သည်။

'' ကျွန်တော် သူငယ်ချင်းတွေနဲ့ လူစုကွဲလာလို့ ဟို...အဲ့တာ ဖုန်းဘေလ်ကလည်း ကုန်သွားတော့.. ဖုန်းလေးတစ်ကောလ်လောက်.''

အစကတည်း စိတ်ကြည်မနေသည့် ရှန်မင်းတစ်ယောက် စိတ်ပျက်လက်ပျက်ပင် ဖြစ်နေသည်..

'' ကျစ်.. အာရုံတွေ ရော့. ''

ဒီနေ့ သူတွေ့သမျှ လူတွေ တစ်ယောက်မှ မျက်စိထဲ အချိူးပြေ မနေပါ..အခုလည်း တောသားလိုလို ဘာလိုလိုနဲ့ တိုက်ဂေါ်တစ်ယောက်နဲ့ လာတိုးနေသည်.။..အသံက ခပ်ဝဲဝဲမို့ တိုင်းရင်းသား ဖြစ်ရမည်ဟု စိတ်ထဲက တွေးလိုက်သည်။

'' ဟို ပြီးပြီ ကျေးဇူးပါဗျ ''

ရှန်မင်း တစ်ယောက် ဘာမှ ပြန်မပြောပဲ ဖုန်းကို ပြန်ယူကာ တိမ်တိုက်တို့ ရုံးဘက် လမ်းလျှောက်ခဲ့လိုက်တော့သည်.။

တိမ်တိုက်ကို စောင့်ပြီးမှ ပြန်မည် ဟုသာ ဆုံးဖြတ်လိုက်တော့သည်...
ရုံးရှေ့ကော်ရိတ်ဒါက ခုံမှာ mini store က ကော်ဖီတစ်ခွက်ဝယ်ပြီး နားကြပ်နဲ့ သွားငြိမ့်လိုက်တော့သည်။

သူ့ သူငယ်ချင်းရုံးဆင်းရန် အတော်လိုသေးသည်မလား......

ခွန်း ပတ်ထားတဲ့နာရီပါ မြန်မာ ငွေ လေးသိန်းခွဲကျော်လောက်ပေးရပါတယ်။
ဘယ်သူဝယ်ပေးတာလဲဆို​တော့ စာရေးသူဝယ်ပေးထားတာပါ😆


19.2.2022

( Zawgyi)

ျမဴႏွင္းၿခဳံေသာေဟမာန္ေဆာင္းမွာ ျပာသိုလ တစ္လလုံးအား အေအးဓာတ္တို႔ျဖင့္ အျပည့္အဝလႊမ္းၿခဳံကာ သူ႕ တာဝန္ သူထမ္းေဆာင္ေပး ေနေတာ့သည္။ မနက္ခင္းတိုင္းျမင္ေတြ႕ရတတ္သည့္ ျမဴေတြဆိုတာကလည္း ေနရာတိုင္းမွာပင္။

ထိုေဆာင္းအလယ္တြင္ တိမ္တိုက္တစ္ေယာက္ ေက်ာင္းတက္လိုက္ အလုပ္သြားလိုက္ က်ဴရႈင္ေျပးလိုက္ ႏွင့္ပင္ အခ်ိန္ ကုန္ေနေတာ့သည္။

ေက်ာင္းတက္ရက္ေတြမွာေတာ့ ေက်ာင္းသို႔ အၿမဲ ေနာက္က်ၿပီးမွေရာက္ေလ့ရွိသည္ ။ဘယ္ေသာအခါမွ ပထမဆုံးအတန္းခ်ိန္အား သူမမွီ။ ေဆာင္းက မနက္ပိုင္းပိုေကြးလို႔ေကာင္းသည္ မဟုတ္လား။

ေက်ာင္းေရာက္လွ်င္လည္း Practical အခ်ိန္ေတြေလာက္ပဲ အတန္းတက္ျဖစ္ေတာ့သည္။ Lecture အခ်ိန္ဆို တက္ခ်င္မွသာ တက္ျဖစ္ၾကေတာ့သည္။

ေက်ာင္း၂ရက္ တက္ၿပီးလွ်င္ အလုပ္သြားကာ Cus ေတြရဲ႕
ျပသာနာေပါင္းေသာင္းေျခာက္ေထာင္ကို ကူရွင္းေပးရသည္။ အရစ္ခံရသည္ အဆဲခံရသည္။ အေငါက္ခံရသည္။ လုပ္သက္ ၃ႏွစ္အတြင္း စိတ္ရွည္ရသည္။ သည္းခံရသည္။ မွားမွားမွန္မွန္ အခ်ိဴသာဆုံး ေလသံ မွန္မွန္ျဖင့္သာ ျပန္ေျပာရသည္။

ေနာက္ဆုံး ရလဒ္မွာ တိမ္တိုက္တစ္ေယာက္ ခႏၶီ ပါရမီတြင္ အထြတ္အထိပ္သို႔ေရာက္ႏွင့္ေနၿပီျဖစ္သည္။

.....................................

မတ္လတြင္ေတာ့ ေဆာင္းေလအခ်ိဴ႕ ေျပးကုန္၍ ႏြေရိပ္မ်ား တျဖည္းျဖည္းေနရာယူလာၾကၿပီျဖစ္သည္။ မေအးမပူေသာ ဒီႏြေဦး ကာလကို ဆယ့္ႏွစ္ရာသီထဲတြင္ အထူးႀကိဳက္ႏွစ္သက္မိသည္။ ႏြေဦး၏ ျပ႐ုပ္ ျဖစ္ေသာ ဥဩငွက္ သံေလးမ်ားလည္း ၾကားေနရၿပီျဖစ္သည္။

ႏြေဦးကို မည္မွ်ပင္ႏွစ္သက္သည္ဆိုဦးေတာ့....
ေနာက္ဆုံးတြင္ အလုံပိတ္႐ုံးခန္းထဲရွိေဆာင္းရာသီျဖင့္သာ ႏွစ္ပါးသြားရသည္မဟုတ္လား။

ႏြေဦး၏ သာယာလွေသာ တစ္ရက္၌္
ဆယ့္ႏွစ္ရာသီ ေဆာင္းဝင္ေနေသာ တိမ္တိုက္တို႔
႐ုံးခန္းထဲတြင္ ေန႕လည္စာ သုံးေဆာင္ေနစဥ္

တီ တီ တီ တီ! ! ရွန္မင္းဆီမွဖုန္း....

ပလုတ္ပေလာင္းျဖင့္

'' ေအ့ေျပာ ''

'' ညေန OT လား အေဒြးက သူ႕ ေမြးေန႕ မုန့္ေကြၽးခ်င္လို႔တဲ့ ''

'' ဟင္ ဒီေန႕လား ႀကိဳလည္းမေျပာဘူးကြာ ငါဘာမွ မဝယ္ရေသးဘူးကြ ''

အေဒြးက တဇြတ္ထိုးလုပ္တတ္တာကလြဲရင္ တကယ္ကို ခင္ရပါသည္။ သို႔ေပမယ့္ အေဒြးေကာင္းမႈ အေၾကာင္းျပဳ၍ အပတ္တိုင္း မ်က္ခုံးေမႊ ရိတ္ရိတ္ေနရသည္။ အေၾကာင္းမွာ ျပန္ထြက္လာေသာ အေမႊးၾကမ္းေလးေတြက တကယ္ကို ႐ုပ္ဆိုးေသာေၾကာင့္ျဖစ္သည္.။

'' မသိဘူးကြာ ငါဘယ္ခ်ိန္လာေခၚရမွာလဲပဲ ေျပာ ''

'' OT ေန႕ဆိုေတာ့ ၆ခြဲ ေပါ့ကြာ ''

'' ေအးေအး ဒါပဲ "

႐ုတ္တရက္ဆိုေတာ့ ပိုက္ဆံမပါလာတာနဲ႕ မမသက္ဆီက ခနေခ်းၿပီး ေန႕လည္စာ စားျခင္းကို အျမန္ လက္စသတ္ကာ ေရွာ့ပင္းစင္တာဆီ အျမန္သြား၍ း လက္ေဆာင္ေျပးဝယ္ရသည္။

ျပန္ေရာက္သည္ႏွင့္ ထုံးစံအတိုင္း မမသက္ ၏ ဘယ္သူ႕အတြက္လဲ? ဘာေၾကာင့္လဲ? ဘယ္လိုဆိုင္တာလဲ သားေလး ? ဟုအစခ်ီကာ တရားခံစစ္ စစ္ျခင္းစတင္ေတာ့သည္ ။

လူကို မယုံသလိုလို လင္ပဲရေနသလိုလို ထင္ေၾကးေပးခံရသည့္ ထိုအခ်ိန္တိုင္းတြင္
သူ ျပန္ေျပာသည္မွာ တစ္ခုပဲရွိသည္..

'' ကြၽန္ေတာ္က အေျဖာင့္ ''။

အလုပ္ျပန္ေတာ့ ရွန္မင္းက ကားဂိတ္မွာ ႀကိဳေစာင့္ႏွင့္ေနသည္။ေဘးတြင္ သူ႕ေကာင္ေလး ေရာင္ျဖာငယ္ ပါ ပါလာသည္။ ဟိုတစ္ေခါက္ ညေစ်း ပြဲတြင္ ေတြ႕ဖူး၍ မွတ္မိေနျခင္းျဖစ္သည္။ ေရာင္ျဖာမွာ တကယ္ကို ခ်စ္စရာေကာင္းသည့္ ေကာင္ေလးျဖစ္သည့္အျပင္ ခ်မ္းသာသည့္အသိုင္းအဝိုင္းက ျဖစ္သည္။

'' ျမန္ျမန္လာ တိမ္တိုက္ရာ ''

ရွန္မင္းကို အဖတ္မလုပ္ပဲ ေရာင္ျဖာ့ ဘက္လွည့္ကာ

'' ေရာင္ျဖာငယ္ ေနေကာင္းလား မေတြ႕တာၾကာၿပီေနာ္....''

ရွန္မင္းေဘးမွ အေကာင္ေသးေလးအား အၿပဳံးနဲ႕လွမ္းႏႈတ္ဆက္လိုက္သည္။

'' ဟုတ္ အကို ေကာင္းပါတယ္ ''

'' ငါေကာင္းေအာင္ ထားတယ္ကြ မင္းမရွည္နဲ႕ ''

အမေလး ဟဲ့.. ရွန္မင္းတို႔မ်ား ၾကည့္ေနပုံက အခုပဲ ကိုယ္က သူ႕မယားထလုေတာ့မယ့္ပုံနဲ႕....

ဟားဟား တိမ္တိုက္တို႔က ေသးေသးေကြးေကြး ေတြ မႀကိဳက္ဘူးကြ ဟားးဟားး !!

ဪ ေမ့လို႔ ငါက အေျဖာင့္ပဲ ။

''Look at bro. ..my middle finger is for you!''

'' လာကိုက္မေနနဲ႕ကြာ Market Place မွာ လူစုံေနၿပီဟ မင္းပဲက်န္တာ.. ''

ဘာ!Market Place... တိမ္တိုက္ ကိုယ့္ကိုကိုယ္ ျပန္ငုံၾကည့္လိုက္မိသည္.။.ယူနီေဖာင္း T shirt အျဖဴမွာ မနက္က အေအးေသာက္ရင္း ေမွာက္က်ထားလို႔ အစြန္းကြက္ ျဖစ္ ေနၿပီး ႐ုံးခန္းသန့္ရွင္းေရးပါလုပ္ထား၍ ေတာ္ေတာ္ စုတ္ပဲ့ေနၿပီျဖစ္သည္။.ေအာက္က Pants အရွည္ ကို အနက္ ဝတ္လာ၍ သာ ေတာ္ေတာ့သည္။ သတိတရျဖင့္ ေအာက္ငုံ႕ၾကည့္လိုက္ေတာ့ '' ဟူးးး ေတာ္ေသးတယ္ ဖိနပ္လဲစီးလာလို႔ '' ႀကိတ္ေတြးရင္း ဝမ္းသာမိသြားသည္။ တစ္ပတ္တြင္ ၃ရက္ေလာက္မွာ ဖိနပ္မလဲမိပဲ က်န္းမာေရးဖိနပ္ျဖင့္သာ အိမ္ျပန္ရသည္။

Bus ကားေစာင့္ေနရင္း ဖရိုဖရဲ ျဖစ္ေနသည့္ တီရွပ္ကို ေဘာင္းဘီထဲ အတင္း ထိုးထည့္လိုက္ၿပီး အကၤ်ီ ကို ျပန့္ ေအာင္ခါလိုက္သည္။..ထို႔ေနာက္ လြယ္အိတ္ထဲမွ တစ္ခုခုကို သတိရသြားဟန္ျဖင့္ မ်က္လုံးေလး အေရာင္ေတာက္သြားသည္။

႐ုံးခန္းမွာ အဲလ္ကြန္းအလြန္ေအးေသာေၾကာင့္ ဖလန္နယ္လက္ရွည္ အကြက္ က်ဲ ႀကီးတစ္ထည္ အၿမဲ ထည့္ထားေလ့ရွိသည္။
အိတ္ထဲမွ နက္ျပာေရာင္ ဖလန္နယ္ကို ထုတ္ကာ အေပၚမွ ထပ္ဝတ္ၿပီး ၾကယ္သီးေတြကို ဒီတိုင္း မတပ္ပဲ ထားလိုက္သည္။

ၿပီးမွ ဆံပင္ကို ေသခ်ာလက္နဲ႕ ျပန္သပ္ၿပီး ရွန္မင္း ေကာင္ေလးလက္ထဲမွ တစ္ရႉး တစ္႐ြက္ကို ေတာင္းလိုက္သည္။ ၿပီးေတာ့ နဖူးေပၚက ဆံပင္ေတြကို လွန္လိုက္ၿပီး အဆီျပန္ေနတဲ့ မ်က္ႏွာအား သုတ္ခ်လိဳက္ေတာ့ လူ႐ုပ္နဲနဲ ျပန္ေပါက္လာသည္။

'' တိမ္တိုက္ႀကိဳး ေရ သြားမဲ့ေနရာ ေယာက်ာ္းေလးေတြပဲ ပါတာပါခင္ဗ် စြတ္ျပင္ မေနနဲ႕ ''

ျပင္ဆင္လြန္းေနေသာ တိမ္တိုက္ကို ၾကည့္ၿပီး ရွန္မင္း မ်က္စိစပါးေမြးစူးေနၿပီျဖစ္သည္။

'' သူမ်ားေမြးေန႕ေလကြာ အားနာလို႔ပါ... မင္းက်ေတာ့ေရာ ျပင္ထားလိုက္တာမ်ား ဘယ္သူ႕ကို ထပ္ငမ္းခ်င္လို႔လဲ ဗ် ''

'' ေဟ်ာင့္ ..မင္းရည္းစားမရွိတိုင္း လိုက္ခြၽန္မေနနဲ႕ ငယ္ အထင္လြဲသြားမယ္ကြ ''

''ကိုကို ကားလာၿပီ ''

ရွန္မင္းေကာင္ေလးမွ ေဆာ္ဩ သျဖင့္ ရန္ျဖစ္တာရပ္ၿပီး ၃ေယာက္သား ကားေပၚတက္ကာ ေက်ာင္းေကြ႕မွတ္တိုင္မွာဆင္းၿပီး Market place သို႔ ျပန္ေလွ်ာက္လာလိုက္ေတာ့သည္.။

ဆိုင္ထဲတြင္.....စားပြဲ ၂ခုကို ဆက္ထားၿပီး အေဒြးတို႔က အတြင္းဘက္သို႔ မ်က္ႏွာမူ လ်က္ တျခမ္း အျပည့္ေနရာယူထားၾကသည္။ တိမ္တိုက္တို႔ သုံးေယာက္လည္း ဒီဘက္ တစ္ျခမ္းအလြတ္တြင္ ေနရာဝင္ယူလိုက္ၾကေတာ့သည္။. တိမ္တိုက္က နံရံဘက္ေထာင့္စြန္းသို႔ ဝင္ထိုင္လိုက္ကာ ေဘးမွာ ရွန္မင္းနဲ႕ သူ႕ေကာင္ေလး အစဥ္လိုက္ ဝင္ထိုင္လိုက္သည္...

တိမ္တိုက္၏ အေရွ႕တည့္တည့္မ်က္ႏွာခ်င္းဆိုင္တြင္ လူမရွိ။
ထို ခုံအလြတ္ေဘးတြင္ အေဒြး ႏွင့္ သူ၏ ခ်စ္လင္ ၿပီးေတာ့ အေဆာင္က တိမ္တိုက္ႏွင့္ရင္းႏွီးေသာ ေကာင္ေလး ၂ေယာက္ပါ ရွိေနသည္ ။ မ်က္ႏွာစိမ္းမပါ၍ သက္ျပင္းေလးခ်မိသည္.။.မဟုတ္ရင္ အေနရခက္သည္မလား။

'' တိမ္တိုက္ စားခ်င္တာရွိရင္သြားမွာေနာ္ ရွန္မင္း ေစာေစာက ကားဂိတ္မွာ ဖုန္းဆက္ၿပီးလွမ္းေျပာတာေတြပဲ မွာထားလိုက္တယ္ ''

ရွန္မင္းကို '' ေတာ္လွခ်ည္လား ''ဆိုသည့္ အထာႏွင့္ မ်က္ခုံး တစ္ဖက္ ပင့္ျပလိုက္သည္ ။

'' ရတယ္ အေဒြး... မွာထားတာပဲ စားလိုက္မယ္...
Happy Birthday ပါ အေဒြး ေမြးေန႕လက္ေဆာင္အတြက္ သိပ္မျပင္ဆင္လိုက္ရလို႔ အဆင္မေျပျဖစ္ရင္ နားလည္ေပးေနာ္ ''

'' မလိုပါဘူး တိမ္တိုက္ ရယ္ ေမြးေန႕လက္ေဆာင္က ယူၿပီးသား ''

ဟုဆိုကာ ၿပဳံးစိစိျဖင့္ သူ႕မ်က္ခုံးကို လက္နဲ႕ ပြတ္ျပေလသည္။

'' စိတ္ခ်မ္းသာရင္ ၿပီးတာပါပဲ ဗ်ာ ''

မနိုင္ေတာ့...အေဒြးကို မနိုင္ေတာ့ေပ...
ထို႔ေနာက္ ေရွ႕ရွိ Green tea cake ေလးကို ဇြန္းေလးနဲ႕ ဖဲ့ကာ ငုံ႕ၿပီး စားေနခိုက္....

ႏွာေခါင္းထဲ တိုးဝင္လာတဲ့ အနံ႕တစ္ခု
ေရွ႕မွ ႏြားနို႔ပူပူ အနံ႕မဟုတ္
ကိတ္နံ႕ မဟုတ္
ေရေမႊးနံ႕မဟုတ္
ရင္းႏွီးေနေသာ အနံ႕တစ္ခု...
ေတာ္ေတာ္ေလးဆြဲေဆာင္မႈရွိသည္...

ထိုအနံ႕ကို ရဖူးေသာ္လည္း ဘယ္မွာမွန္း စဥ္းစားမရ..
ေရွ႕က ခုံ တြင္ ထို အနံ႕ပိုင္ရွင္ ဝင္ထိုင္လိုက္ေလသည္။

ၿငိမ့္ၿငိမ့္ေလးဝင္ခ်လာသည့္အရွိန္အဝါေၾကာင့္
မ်က္ႏွာကို ေမာ့မၾကည့္ရဲေသးပဲ ငုံ႕လ်က္ ကိတ္ကို ဖဲ့ေနရင္း ျမင္ကြင္းထဲ ဝင္လာတဲ့ အရာမ်ားကို တစ္ခုခ်င္း အာ႐ုံစိုက္မိေနသည္။

စားပြဲေပၚ ေရာက္လာေသာ ေျပာင္လက္ေနေသာ ဖုန္းအနက္ေရာင္ ။ ထိုဖုန္းအား ကိုင္ေဆာင္ထားေသာ စိမ္းညိုေရာင္ေသြးေၾကာမ်ား ေထာင္ ထေနသည့္ အညိုႏုေရာင္ လက္တစ္စုံ။

လက္သည္းမ်ားကို အတိညွပ္ထားၿပီး လက္ေခ်ာင္းမ်ားမွာ ရွည္သလို သြယ္လည္းသြယ္သည့္ ေယာက်ာ္းဆန္ဆန္ လက္ေခ်ာင္းမ်ားကို ပိုင္ဆိုင္ထားသည္။

အျပာေရာင္ ဒိုင္ခြက္ျဖင့္ ေငြေရာင္ Seiko နာရီသည္လည္း Classic ဆန္ဆန္ပင္ ထိုသူ၏ လက္ေကာက္ဝတ္ အစပ္တြင္ ဟန္ပန္အျပည့္နဲ႕ ေနရာ ယူထားသည္။

ႀကီးမားသပ္ရပ္လွေသာ ကိုယ္ခႏၶာတြင္ နက္ျပာေရာင္ ရွပ္လက္ရွည္ ကို ၾကယ္သီး အျပည့္တပ္ထားကာ ေယာပုဆိုး အနက္ေရာင္နဲ႕ တြဲဖက္ ဝတ္ဆင္ထားသည္။

ထို႔အျပင္ တိက်ေသသပ္စြာ ေခါက္ခ်ထားေသာ ေကာ္လံ က လည္ပင္းတြင္ ကပ္လ်က္ရွိကာ....မ်က္လုံးကိုအေပၚနည္းနည္းကစားမိေတာ့
အညိုေရာင္ လည္ပင္းေပၚတြင္ လႈပ္စိလႈပ္စိ ျဖစ္ေနေသာ လည္ေစ့ မွာ ထိုသူအား မဟားတရားကို ေယာက်ာ္း ဆန္ေနေစသည္။

တိမ္တိုက္မွာလည္း ပါ ေပမယ့္ ဤလူသားေလာက္ မရွိေပ။ လည္ေစ့ေနာ္။ လည္ေစ့။

ထိုင္ေနရင္းေတာင္မွ အရပ္ရွည္မွန္းသိသာလြန္းေသာ လူျဖစ္သည္။. မ်က္ႏွာမျမင္ရေသးပဲ ဒီလူက သူ႕အတြက္ ေတာ္ေတာ္ကို ေခ်ာေနႏွင့္ၿပီ။

တိမ္တိုက္တစ္ေယာက္ ေရွ႕ကလူ၏ အညိုစင္ဋီကာက်မ္း အား တစ္ေယာက္တည္းဖြင့္ေနရင္း...

'' တိမ္တိုက္ႀကိဳး... ''

ရွန္မင္းေခၚသံ...

'' ငါေခၚေနတာၾကာၿပီ မင္းစိတ္ေတြဘယ္ေရာက္...
ကိတ္မုန့္လည္း သနားပါဦးကြာ ႐ုပ္ပ်က္ဆင္းပ်က္ ျဖစ္ေနၿပီ ၾကည့္ဦး.. ''

ရွန္မင္းမွာ သြားၾကားထဲကေလျဖင့္ တိုးတိုးေလးကပ္ ေျပာမွ ကိတ္မုန့္ကိုျပန္ၾကည့္မိေတာ့သည္။.ၿပီးမွ ရွန္မင္းဘက္လွည့္ကာ
ဟီးးခနဲျဖင့္ သြားတက္ေပၚေအာင္ ရီျပလိုက္သည္။

ထို႔ေနာက္ ရွန္မင္းက သူ႕ဟာစားဟု ဆိုကာ ကိတ္မုန့္ ပန္းကန္ လဲေပးသည္။ အတူမွာထားတာမို႔ ရွန္မင္းလည္း Green tea cake ျဖစ္သည္။တိမ္တိုက္ရဲ႕ အညိုေရာင္ မုန္တိုင္းဝင္တိုက္သြားတဲ့ ကိတ္မုန့္ပန္းကန္ေလးကေတာ့ ရွန္မင္းေရွ႕ေရာက္သြားသည္.။

''တိမ္တိုက္ ! မိတ္ဆက္ေပးရဦး မယ္ ဒါက ငါ့ အခန္းေဖာ္ေလ ကို ခြန္းမာနေမာင္ တဲ့ ''

ဟင္! ခြန္းမာနေမာင္

'' ကိုခြန္း ဒါက တိမ္တိုက္ႀကိဳး တဲ့.. ရွန္မင္း ရဲ႕ သူငယ္ခ်င္း။ကိုခြန္း ကုတင္ တက္အိပ္သြားတဲ့ ၿဂိဳဟ္ သား''

ခြန္း ဆိုင္ထဲဝင္လာကတည္းက ခုထိ ေခါင္းမေဖာ္ေသးတဲဲ့ သူကို အကဲခတ္ေနမိတာၿပီ။ .အုန္းမုက္ခြက္ ဆံပင္လုံးလုံး ေလး ပဲ ျမင္ရသည္ အထိ ကိတ္ကိုသာ တငုံ႕ငုံ႕ျဖင့္ ထိုးဖြေနတာ ေကာင္ေလးကို ခြန္း အာ႐ုံစိုက္မိပါသည္။

ၿပီးေတာ့ ဟိုတစ္ေခါက္ ခြန္းအိပ္ရာေပၚမွာ စြဲက်န္ခဲ့တဲ့ ကေလး အနံ႕ ပိုင္ရွင္က သူ႕အေရွ႕က ထိုေကာင္ေလးတဲ့လား...အဲ့တာေၾကာင့္ စစဝင္လာခ်င္းတုန္းက
'' သည္ရနံ႕ ကို ရင္းႏွီးပါတယ္'' ဟု စဥ္းစားမိေနတာေပ။

လူပ်ိဴေပါက္ဘယ္ႏွေယာက္ကမ်ား ကေလးေပါင္ဒါေတြ သုံးၿပီး ကေလးအနံကိုယ္မွာစြဲေနမွာတဲ့လဲ။
...............

အေဒြး၏ အခ်ိဴးမေျပေသာ မိတ္ဆက္ စကားေၾကာင့္ တိမ္တိုက္ မ်က္လုံးျပဴးသြားသည္....
'' ခြန္းမာနေမာင္ '' သူစြဲလမ္းခဲ့ေသာ အသံ ပိုင္ရွင္..
ေမာ့ၾကည့္လိုက္ေတာ့....

စူးရွ၍ မာန္အျပည့္ပါတဲ့ မ်က္လုံးအၾကည့္ ေတြ ....
မရိတ္ထားပဲတိက်ေသသပ္ကာ မည္းနက္ေန တဲ့ မ်က္ခုံးတန္းေတြ...
နက္ေမွာင္ေနေသာ ဆံပင္ကိုလည္း သပ္ရပ္စြာ ဖီးတင္ထားေသာ အႏွီ လူသား ...
ညိုလည္းညိုမေန နီလည္းနီမေနသည့္ မထူမပါး ႏႈတ္ခမ္းတစ္စုံ..
ေမးရိုးမ်ားထင္းကာ ရွိရင္းစြဲထက္ ေယာက်ာ္း ပိုဆန္ေနသည္မွာ ေက်နပ္စရာပင္။

ျပည့္စုံျခင္းလို႔ မဆိုသာတဲ့ ျပည့္စုံျခင္းမ်ိဴးကတိမ္တိုက္ေရွ႕ တြင္ ရွိေနေလၿပီ။

'' ေတြ႕ရတာဝမ္းသာပါတယ္ တိမ္တိုက္ႀကိဳး
ကိုယ့္ကုတင္ေပၚ အိပ္သြားတဲ့ ကေလးက မင္းကိုး ''

'' ဟို..ဟုတ္....ကြၽန္ေတာ္...''

အမေလး Cus complain ေသေလာက္ေအာင္ တက္ေနလည္း အၿမဲစိတ္ေအးေအးျဖင့္ ျပန္ေျဖရွင္းနိုင္သည့္ တိမ္တိုက္မွာ ဒီလူ ဒါေလးေမးတာကိုပင္
စကားေတြ ထစ္ကုန္ေတာ့သည္။

ဟိုတခါ အိပ္သည္က ဒီလူ႕ ကုတင္လား.... အေဒြးကို ၾကည့္မိေတာ့

'' ငါေအာ္သားပဲ မင္း မွ မၾကားလိုက္တာ.. ကိုခြန္းကလည္း ကေလးကို ေျခာက္ေနျပန္ပါၿပီ တို႔ ေတာင္းပန္ၿပီသားကို.. ''

အေဒြးလည္း အဲ့တုန္းက ..ခြန္းက ႐ုတ္တရက္
ကုတင္ေပၚ လာအိပ္ေသးလားဟု ေမးစဥ္က အေဒြး ေခါင္းနပန္းႀကီးသြားသည္။ အသန့္ႀကိဳက္ကာ ပစၥည္း ေတြကိုလည္း သီးသန့္သုံးတတ္ေသာ ထိုလူသားရဲ႕
ကုတင္နဲ႕ ေခါင္းအုံးေပၚမွ တက္အိပ္သြားေသာ တိမ္တိုက္ကို အဲ့ေန႕က အေတာ္ေမတၱာ ပို႔ေပးျဖစ္သည္။ ေနာက္ေန႕က်မွ ေတာင္းပန္လိုက္ၿပီး အေဒြး အားနာကာ ခြန္းမရွိခင္ အိပ္ယာခင္းေလွ်ာ္ေပးလိုက္သည္။

'' ဟိုေလ ကြၽန္ေတာ္ မသိလိုက္လို႔ပါ ေတာင္းပန္ပါတယ္ေနာ္ တကယ္မရည္႐ြယ္တာပါ ''

ျပာျပာသလဲ ေတာင္းပန္မိသည္။ ထိုလူသား သူ႕အေပၚ စိတ္ကြက္မွာ အင္မတန္ ေၾကာက္ေနမိသည္။.. အခုမွ စေတြ႕ဖူးေပမယ့္ ထိုသူ သည္ သူ႕အေပၚ အျပည့္အဝ လႊမ္းမိုးထားသလို ခံစားရသည္။

'' ရပါတယ္ တိမ္တိုက္ ရယ္ ကိုယ္က စလိုက္တာပါ ''

ခြန္းက စိတ္လိုလက္ရ ရယ္လိုက္ကာ သူ႕ရဲ႕ လက္တံရွည္နဲ႕ တိမ္တိုက္ရဲ႕ အုန္းမုက္ခြက္ လုံးလုံးေလးအား အသာ လွမ္း ဖြသည္။

တိမ္တိုက္ ကမၻာႀကီး ေျပာင္းျပန္လည္ေနသလားဟု ထင္ မွတ္ရေလာက္ေအာင္ ေျဗာင္းဆန္သြားသည္ ။
အသက္ပင္ ေအာင့္ထား ရသည့္အျဖစ္။

တိမ္တိုက္တစ္ေယာက္တည္း လား ဟု မထင္လိုက္ပါနဲ႕။

ဝိုင္းတြင္ရွိေသာ အေဒြးတို႔ ရွန္မင္းတို႔ပါ ပါးစပ္အေဟာင္းသားျဖစ္ သြားကုန္သည္။ ေက်ာင္းတြင္အေနေအးကာ နာမည္ႏွင့္လိုက္ေအာင္ပင္ ေနတတ္သည္။. အခန္းေဖာ္နဲ႕ေတာင္ ေမးထူးေခၚေျပာအဆင့္သာရွိသည့္ ထို လူသားမွာ အခုမွစေတြ႕ဖူးသည့္ တိမ္တိုက္ကို စသည္တဲ့လား။..ထို႔အျပင္ Skinship ေတာင္ ရီၿပီး လုပ္လိုက္ ေသးသည္။

ဒါ ကိုခြန္းမာနေမာင္ ဟုတ္ရဲ႕လား ဟု.ေတြေဝကုန္သည္။

အံ့ဩခ်င္းမ်ားစြာ ျပည့္ႏွက္ေနသည့္ မ်က္လုံးမ်ားနဲ႕
တိမ္တိုက္ကို ၾကည့္လိုက္၊ ခြန္းကို ၾကည့္လိုက္ႏွင့္ အေျဖရွာေနၾကသည္။

ခြန္း ကေတာ့ ဘာမွ မသိသည့္အလား တိမ္တိုက္ကို သာ ၾကည့္ၿပီး အတန္ၾကာေအာင္ ၿပဳံးေနၿပီးမွ ေခ်ာကလက္ကိတ္အား ဖဲ့စားေနေတာ့သည္။
သူကိုယ္တိုင္လည္း ဘာလို႔ သည္အျပဳအမူကိုလုပ္မိလည္းမရွင္းျပတတ္။ မ်က္စိေရွ႕က လႈပ္တုတ္တုတ္ ဆံသားေပ်ာ့ေပ်ာ့ေလးေတြကို သူထိခ်င္ေနခဲ့တာေတာ့ အမွန္ပင္။

ခြၽင္.!!

တိမ္တိုက္တစ္ေယာက္ ရင္ေတြ တဒိတ္ဒိတ္ခုန္ကာ..လက္ေတြပါ တုန္လာေသာေၾကာင့္ ကိုင္ထားေတာ့ ခက္ရင္းမွာ ခုံေအာက္သို႔ ေျပးဆင္းပါေတာ့သည္။

လူေရွ႕သူေရွ႕ဆို လုပ္ၿပီ တိမ္တိုက္ ရာ။

'' ဒုတ္.''

က်သြားသည္ကို ျပန္ေကာက္ရန္ ခုံေအာက္ ဝင္စဥ္
စားပြဲနဲ႕ နဖူးပါ ထပ္ေဆာင့္ ေလသည္။

ခက္ရင္းကို တစ္ဖက္ျပန္ေကာက္ရင္း တစ္ဖက္ကလည္း နဖူးအား ပြတ္ေနရသည္။

ခုံေစာင္းက အေတာ္နာတာပဲဟ !!

'' မင္း ဘယ္လိုေတြ...ဟင္..! ေနမေကာင္းဘူးလား မ်က္ႏွာက နီရဲေနတာပဲ ''

ရွန္မင္းက စိုးရိမ္တႀကီး ေမးရွာသည္။
ရွန္မင္း အသံေၾကာင့္ ခြန္း ေခါင္းေထာင္လာကာ တိမ္တိုက္ကို စူးစမ္းသလို ေသခ်ာ စိုက္ၾကည့္ေနသည္။ သူၾကည့္ေနသည္က တိမ္တိုက္ ပုခုံးေပၚက ရွန္မင္း၏ လက္တစ္ဖက္။

'' လက္ဖ်ားေတြလည္း ေအးစက္ ေနတာပဲ မင္း အဆင္ေျပရဲ႕လား..''

ရွန္မင္းမွာ အသံ ေဖ်ာ့သြားၿပီး စိုးရိမ္တႀကီးနဲ႕ လက္ေတြကို ဆုပ္ကိုင္လာကာ နဖူးကိုလည္း ဟိုစမ္း ဒီစမ္း လုပ္ေနေလသည္ ။

'' ဘာမွ မျဖစ္ပါဘူးကြာ နဲနဲ ပင္ပန္းလာလို႔ ...
ငါေယာက်ာ္း ပါကြ ''

ကိုယ့္အေၾကာင္း ကိုယ္သာသိ ဆိုသလို လွည့္ပတ္ေျဖကာ ေနာက္ဆုံး စာေၾကာင္းေရာက္မွ အသံကို ႏွိမ့္ကာ ရွန္မင္း နားနား ကပ္ေျပာလိုက္သည္ ။

'' အင္း မင္းက ေယာက်ာ္းပါကြာ က်ားကိုမွ
အေျဖာင့္ ဟုတ္ၿပီလား ဟားဟားး ''

နာေနသည့္နဖူးကို လွမ္းေတာက္လိုက္ေတာ့...

''ဒီ ....''

ဆဲခါနီးမွ ခြန္းရွိသည္ကို သတိရကာ ခုံေအာက္ကပဲ ရွန္မင္းကို လက္ခလယ္ ေထာင္ျပလိုက္ေတာ့သည္.။
ခြန္းကို ေမာ့ၾကည့္မိေတာ့ တစ္ခုခုကို အလိုမက် ဟန္ျဖင့္ မ်က္ခုံးေတြကို တြန့္ခ်ိဴးထားသည္...

စားလို႔ေသာက္လို႔ၿပီးတဲ့အခါ ကိတ္ခြဲ ၍ ကားဂိတ္သို႔ ျပန္ထြက္လာၾကေတာ့သည္။ ရွန္မင္းနဲ႕ အေဒြးကေတာ့ ေကာင္ေလးလက္ဆြဲကာ ေကာ့ေတာ့ ေကာ့ေတာ့နဲ႕ ေရွ႕ဆုံးက ထြက္သြားၾကသည္။

တိမ္တိုက္ မွာမူ လြယ္အိတ္က ခုံနဲ႕ညွပ္ေနသျဖင့္ ထုတ္ဖို႔ ႀကိဳးစားေနရသည္...အကုန္ထြက္သြားၾကၿပီထင္ေနတုန္း...

ကတၱီပါ ေျခညွပ္ဖိနပ္ အနက္ေရာင္ ႏွင့္ လိုက္ဖက္စြာ ရွိေနေသာ အညိုေရာင္ေျခဖမိုး တစ္စုံကို ျမင္လိုက္၍ ေမာ့ၾကည့္ေသာအခါ 'ခြန္း'

ေနာက္ဆုံး ထုတ္လို႔ ရသြား၍ ႏွစ္ေယာက္သားဆိုင္ထဲမွ ထြက္လာၾကသည္...

'' ေရာ့... သုတ္လိုက္ဦး ''

ေခြၽးထြက္ေန၍ တစ္ရႉး တစ္႐ြက္ ထုတ္ေပးလာသည္။
ျမန္ျမန္ပင္ သုတ္ကာ ရွန္မင္း တို႔ေနာက္ အမွီလိုက္ရေတာ့သည္။
ဘယ္လိုေလွ်ာက္ေလွ်ာက္ ခြန္းက ေဘးမွာ ပါလာၿမဲ...
သူကပဲ ေျခတံတိုတာလား ခြန္းကပဲ ရွည္ေနတာလား.. ေတြးရေတာ့သည္..။

ခြန္းသည္ တိမ္တိုက္ထက္ ပိုျမင့္ကာ ရင္အုပ္က်ယ္က်ယ္ ႏွင့္ ေတာ္ေတာ္ေလး လူႀကီးဆန္ဆန္ ျဖစ္ေနကာ ၾကည့္ေကာင္းသည္။

''ဘယ္ထိ ျပန္ရမွာလဲ ''

'' $^$$^@* ''

'' ေဝးတယ္ေနာ္ ကိုယ္ကားငွားေပးလိုက္ရမလား ''

'' ရပါတယ္ ဒီအခ်ိန္ bus ရွိေသးတယ္ ရွန္မင္းနဲ႕အတူျပန္မွာ ဒါနဲ႕ ကိုခြန္း အသက္က ''

'' ၂၂ ေလ ကိုယ္လည္း တတိယႏွစ္ ပဲ ရွိေသးတာ
ႏွစ္ေအာက္ထားတာေတြ ရွိလို႔ ''

''ဪ ကြၽန္ေတာ္ က ဒဂုံက ''

'' အင္း ကိုယ္သိတယ္ ''

စကားစျပတ္သြားသည္မို႔ ဘယ္ကေန စကားျပန္စရမလဲ စဥ္းစားေနစဥ္...

'' တိမ္တိုက္ ျမန္ျမန္လာ ဟိုမွာ ဘတ္စ္ကား တစ္စီးလာေနၿပီ... ''

ရွန္မင္း ကားဂိတ္သို႔ ေရာက္ႏွင့္ေနၿပီး လွမ္းေအာ္ေနေလသည္။

'' ေအးေအး ''

''ဟို ...ျပန္ၿပီေနာ္....တာ့တာ ''

ညာဘက္ လက္ေလး လႈပ္ျပလိုက္ၿပီးေတာ့ ကားေပၚ အေျပးတက္သြားေတာ့သည္။..ခြန္းလည္း ေယာင္ကာ လက္ကို ေလေပၚေျမာက္လိုက္မိသည္ ၿပီးမွ...

ခြန္း ဘယ္ဘက္လက္ေလး ေလေပၚမွာ တန့္ေနသည္.။

ဒီကေလး က ငါ့ကို တာ့တာ လုပ္သြားတာလား။

ခြန္းလည္း မႀကဳံစဖူးမို႔ နည္းနည္း ေၾကာင္အသြားမိသည္။

ဒီကာလမ်ားတြင္ ခြန္းစိတ္လိုလက္ရ ဒီေကာင္ေလးကို ပထမဆုံး ၿပဳံးျပမိသည္။.သူ မၿပဳံးျဖစ္သည္မွာ အေတာ္ၾကာခဲ့ၿပီ။

.............

.............................

ေက်ာင္းကန္တင္းတြင္ ရွန္မင္းနဲ႕ ေရာင္ျဖာငယ္တို႔ ေန႕လည္စာစားေနစဥ္....ရွန္မင္း ပန္းကန္ထဲသို႔ ဟင္းခပ္ထည့္ေပးေနရင္း...

'' ကိုကို... ငယ္တစ္ခုေလာက္ေမးမို႔ ''

''အင္း ေမးေလ ''

''အကိုတိမ္တိုက္ ဟိုတေလာက ပိုက္ဆံ အိတ္ အႏွိုက္ခံရတာေလ.....''

''အင္း ''

'' အဲ့လက ဘာလို႔ ကိုကိုက သူ႕ကိုမုန့္ေတြ ဝယ္ဝယ္ေကြၽးရတာလဲ ''

''ဪ သူက သေရစာ သိပ္ႀကိဳက္တာေလ ေက်ာင္းကတည္းက ခုထိ သူမုန့္မစားပဲေနတဲ့ ရက္ဆိုတာ မရွိသေလာက္ပဲ။...ထမင္းသာအငတ္ခံနိုင္တယ္ မုန့္ေတာ့ အငတ္မခံနိုင္ဘူး ဆိုတဲ့ လူမ်ိဴးေလ။ ေက်ာင္းတည္းက ကိုကိုကသူ႕မုန့္ ေတြ ဝယ္ဝယ္ေပးေနက် အခုေတာင္ Uni မတူလို႔ မဟုတ္ရင္ သူက ခိုင္းစားဦးမွာ ''

အေျပာကသာ မေက်နပ္သလိုျဖစ္ေနကာ ရွန္မင္းမ်က္ႏွာတြင္ ၾကည္ႏူးရိပ္သန္းေနသည္....
ဒါကို ေရာင္ျဖာငယ္ သတိထားမိကာ

'' သူ႕အသက္က ၂၀ေတာင္ ျပည့္ေတာ့မွာကို... အဲ့ေန႕က ကားဂိတ္မွာ ငိုေနတာ ကိုကို မနည္းေခ်ာ့လိုက္ရတာမလား...''

''အဲ့ေကာင္က အဲ့လိုပါပဲငယ္ရာ
.. ငယ္နိုင္ျဖစ္ေနေတာ့ ကိုယ္ကပဲ ေလ်ာ့ေပးလိုက္တာ မဟုတ္ရင္ သူက အိမ္ထိ လာနားၿငီးတာကြ ၿပီးရင္ ကိုယ့္ကို ေမေမက ဆူေရာ ''

''ကိုကို အဲ့လတုန္းက ဝယ္ေကြၽးထားတာေတြ သူျပန္မေပးဘူးမို႔လား...ငယ္ သိသားပဲ...ကိုကိုက ျပန္ဝယ္ေကြၽးမွာသိလို႔ သက္သက္ ငိုျပတာေနမွာ မ်က္ရည္လည္း မထြက္ပဲ နဲ႕ ၿပီးေတာ့ေလ
သူက ကိုကို႔ ကိုဆို အရမ္းကပ္တယ္ေနာ္ အကိုေဒြးမင္းခ ေမြးေန႕တုန္းကလည္း သူ႕ဘာသာ ကိတ္ကို ဖ်က္စီးၿပီး ကိုကို႔ ကိတ္နဲ႕ လာလဲတာမလား သူက သက္သက္ ကိုကို႔ ကို attention ယူေနသလိုႀကီး မဟုတ္မွလြဲေရာ သူ....''

''ေရာင္ျဖာငယ္! !! ''

အသံအနည္းငယ္ က်ယ္သြား၍ ကန္တင္းထဲမွ ေက်ာင္းသားမ်ား မွာ ရွန္မင္းတို႔ဝိုင္း သို႔အကဲခတ္လာၾကသည္။
ရွန္မင္း မ်က္ႏွာႀကီး နီေနကာ အံကို တင္းတင္းႀကိတ္ထားမိသည္...

'' သူ႕ကို ေဝဖန္ေနရေအာင္ မင္းကိုမင္း ဘာထင္ေနလဲ ''

'' ကိုကို ငယ္ကေလ...''

''ပါးစပ္ကို ပိတ္ထား...မင္းေနာက္ေန႕ ငါ့ကိုဆက္သြယ္စရာမလိုေတာ့ဘူး ေရာင္ျဖာငယ္ ဒီဝိုင္းကို ငါရွင္းခဲ့မယ္.. ''

ရွန္မင္း ပိုက္ဆံရွင္းၿပီး ထြက္လာလိုက္ေတာ့သည္။ ေရာင္ျဖာငယ္ သူ႕ကို ၾကည့္ေနတာ သိေသာ္လည္း တစ္ခ်က္မွ် လွည့္မၾကည့္ပဲ ေရွ႕ကိုသာ ဆက္ေလွ်ာက္သြားသည္။

သူ႕သူငယ္ခ်င္းကို ဘယ္သူမွ ေျပာစရာမလို သူပဲေျပာမည္။ သူ႕သူငယ္ခ်င္းကို သူကလြဲၿပီး ဘယ္သူမွ ေဝဖန္စရာမလို။..သူ႕သူငယ္ခ်င္းကို မေကာင္းေျပာတဲ့ သူကိုလည္း သူဆက္တြဲစရာ အေၾကာင္းမရွိ။. သူ႕အဘိဓာန္ေတြ ရည္းစားဆိုတာ မရွား ။
ရွန္မင္း အေတြးထဲတြင္ ဒါေတြသာ အႀကိမ္ႀကိမ္ေရ႐ြတ္ေနရင္း ခနၿငိမ္သြားကာ....

'' ငါ့သူ..ငယ္..ခ်င္း... '' ခပ္တိုးတိုးေလး ေျပာမိသည္။

ဒီေန႕ အတန္းလည္း ဆက္မတက္ခ်င္ေတာ့သလို အေဆာင္လည္း သြားမေနခ်င္ေတာ့...ရွန္မင္း ကားဂိတ္ကိုသာ တန္းတန္းေလွ်ာက္လာခဲ့မိေတာ့သည္။

'' ဟို ဒီက ဆရာေလး ဗ် ''

ဘာလဲဟ ဆရာေလးတဲ့ သီလရွင္နဲ႕ မွားေနတာမ်ားလား ??

ရွန္မင္း အရပ္နဲ႕ မတိမ္းမယိမ္း ရွိသည့္ ထို သူအား ေခါင္းလွည့္ကာ ၾကည့္လိုက္ၿပီး ဘာလဲ ဟူသည့္ သေဘာျဖစ္ ေမးဆတ္ျပလိုက္သည္။

'' ကြၽန္ေတာ္ သူငယ္ခ်င္းေတြနဲ႕ လူစုကြဲလာလို႔ ဟို...အဲ့တာ ဖုန္းေဘလ္ကလည္း ကုန္သြားေတာ့.. ဖုန္းေလးတစ္ေကာလ္ေလာက္.''

အစကတည္း စိတ္ၾကည္မေနသည့္ ရွန္မင္းတစ္ေယာက္ စိတ္ပ်က္လက္ပ်က္ပင္ ျဖစ္ေနသည္..

'' က်စ္.. အာ႐ုံေတြ ေရာ့. ''

ဒီေန႕ သူေတြ႕သမွ် လူေတြ တစ္ေယာက္မွ မ်က္စိထဲ အခ်ိဴးေျပ မေနပါ..အခုလည္း ေတာသားလိုလို ဘာလိုလိုနဲ႕ တိုက္ေဂၚတစ္ေယာက္နဲ႕ လာတိုးေနသည္.။..အသံက ခပ္ဝဲဝဲမို႔ တိုင္းရင္းသား ျဖစ္ရမည္ဟု စိတ္ထဲက ေတြးလိုက္သည္။

'' ဟို ၿပီးၿပီ ေက်းဇူးပါဗ် ''

ရွန္မင္း တစ္ေယာက္ ဘာမွ ျပန္မေျပာပဲ ဖုန္းကို ျပန္ယူကာ တိမ္တိုက္တို႔ ႐ုံးဘက္ လမ္းေလွ်ာက္ခဲ့လိုက္ေတာ့သည္.။

တိမ္တိုက္ကို ေစာင့္ၿပီးမွ ျပန္မည္ ဟုသာ ဆုံးျဖတ္လိုက္ေတာ့သည္...
႐ုံးေရွ႕ေကာ္ရိတ္ဒါက ခုံမွာ mini store က ေကာ္ဖီတစ္ခြက္ဝယ္ၿပီး နားၾကပ္နဲ႕ သြားၿငိမ့္လိုက္ေတာ့သည္။

သူ႕ သူငယ္ခ်င္း႐ုံးဆင္းရန္ အေတာ္လိုေသးသည္မလား......

19.2.2022

Comment