Episode - 32


'' မွေးနေ့ ဘယ်သွားချင်လဲ တိမ်တိုက် မောင်လိုက်ပို့ပေးမယ် ''

အိမ်​​ပြန်ရန်ကားဂိတ်သို့လမ်းလျှောက်နေစဥ် ခွန်းက ရုတ်တရက်မေးလာသည်မို့ တိမ်တိုက် သူ့မွေးနေ့ သူပြန်စဥ်းစားနေရသည်။ ဩဂုတ်လနောက်ဆုံးအပတ်ထဲက နေ့တစ်နေ့က တိမ်တိုက် မွေးနေ့။

'' ဪ ဟုတ်သား မွေးနေ့တောင် နီးနေပြီ ဘယ်သွားရင်ကောင်းမလဲနော့် ''

အညိုရောင်လက်မောင်းထက်တွင် ဖြူဖြူသွယ်သွယ် လက်သေးသေးလေးတွေက အားကိုးတကြီး ဖက်တွယ်ထားရှာသည်။ ရှားရှားပါးပါး မိုးလေကင်းစင်နေသော နေ့တစ်နေ့​ဖြစ်သည့်တိုင် ညနေစောင်းတဲ့ထိ မည်သည့်မိုးသားမှ ရောက်မလာပဲ ကောင်းကင်ကြီးဟာ ပျော်ပျော်ရွှင်ရွှင် ကိုအပြာရောင်တို့ဖြင့် တောက်ပနေသည်။ အနောက်ရပ်ဝန်းမှာရှိတဲ့ ကောင်းကင်ကြီးကတော့ ဝင်ခါနီး နေမင်းကြီးကြောင့် လိမ္မော်ရောင်သန်းနေလေသည်။

သည်လိုနွေးထွေးလှပလွန်းတဲ့ညနေခင်းတွေမှာ မောင်နဲ့အတူရှိခွင့်ရခြင်းက ဘယ်ဘဝက ကောင်းခဲ့တဲ့ ဆုတောင်းတွေပါလိမ့်...

'' သိပြီ ''

'' ပြောပါဦး ''

'' ခနလေး ဟိုဘက်ရောက်ရင်ပြောမယ် ''

ခွန်း လက်မောင်းထက်က အနွေးဓာတ်လေး ပျယ်သွားသည်။ တွဲခိုထားသော လက်လေးအား တိမ်တိုက်ကပြန်ယုတ်သိမ်းသွားကာ ဘယ်ကြည့်ညာကြည့်ဖြင့် ကားလမ်းကူးရန် လုပ်နေသည်။ တိမ်တိုက်က ရန်ကုန်သားစစ်စစ်မို့ ခွန်းထက် လမ်းကူးကျွမ်းမှန်းသိသည်။ သို့သော်လည်း ဒီသေးသေးလေးက ခြေဆုံးခေါင်းဆုံးကြည့်လိုက်လျှင် စိတ်ချစရာတစ်ကွက်မှရှိမနေပါ။

ကားလာသည့်ဘက်ကနေ ခွန်းဝင်ရပ်ကာ တိမ်တိုက်ကို သူ့အနောက်သို့ဆွဲပို့လိုက်ပြီး ကားရှင်းသည်အထိစောင့်သည်။ သို့ပေမယ့် ရှည်လွန်းသော အမောင်တိမ်တိုက်ကြိုးက ခွန်းအနောက်က ထွက်ကာ ကားလာသည်ဘက်ကို သူကအရှေ့ကနေ သွားရပ်သည်။

အဲ့သည့်အချိန်မှာ ခွန်း စိတ်ထဲ ကသိကအောက်ဖြစ်သွားသည်။ အားကိုးစေချင်ပါတယ်ဆိုနေ သူကချည်း တော်ချင်တတ်ချင်လုပ်နေသည်။

တိမ်တိုက်က နေမကောင်းသည့်အချိန်လောက်ပင် အနားနားကပ်ကာ ဟိုဟာလုပ်ပေးဒီဟာလုပ်ပေးဟု တဂျီဂျီလုပ်၍ ချွဲနေတတ်သော်လည်း ပုံမှန်အချိန်များတွင် သူတတ်နိုင်သည့်ကိစ္စတွေအား ခွန်းအကူအညီကိုယူလေ့မရှိပေ။

ခွန်းကလည်း သေးသေးမွှားမွှား လေးတွေကအစ သူ့ကိုအားကိုးတာခံချင်သည်။ တိမ်တိုက်က သူ့ကိုလိုအပ်နေတာမျိုးသာ အမြဲဖြစ်စေချင်သည်။

'' ဒီဘက်ကိုလာ... ''

တိမ်တိုက်လက်ကိုဆွဲကာ တခြားဘက်ကို ပို့ပြန်သည်။

'' ရတယ်မောင် ကျွန်တော် ကူးတတ်....''

'' မကြားချင်ဘူးကွာ မောင့်နောက်မှာပဲနေ ''

တိမ်တိုက်ပြောလို့တောင်မဆုံးသည့်အချိန်တွင် ကြားကအသံခပ်တင်းတင်းဖြင့် ဝင်မာန်သည်။ တိမ်တိုက်မှာတော့ ဘုမသိဘမသိဖြင့် ဇက်ကလေးတောင် ပုဝင်သွားသည်။ အလကားနေရင်း အအော်ခံလိုက်ရတာကိုး...

နောက် ကားတွေကြား တိမ်တိုက်လက်ကိုဆွဲကာ ခွန်းက အရှေ့ကနေ သွားသည်။ တိမ်တိုက်ကတော့ အနောက်ကနေ သူ့ချစ်သူကို နားမလည်သလိုလုပ်ရင်းပါသွားသည်။ ဟိုဘက်ကားဂိတ်ရောက်တော့ တိမ်တိုက် လက်ကို ဖြည်းဖြည်း လွှတ်ချပေးလိုက်သည်။

ကားဂိတ်တွင် လူသိပ်မရှိသည်မို့ ခွန်းနား နည်းနည်းတိုးကပ်လိုက်ပြီး လက်မောင်းနားက အင်္ကျီ စကို လက်ညိုးနှင့် လက်မလေးသုံးကာ အသာဆွဲရမ်းလိုက်သည်။ ခပ်တည်တည် နေနေသည့် ခွန်းက လှုပ်ရမ်းနေသော လက်အင်္ကျီစကြောင့် အနောက်ကို ခပ်စောင်းစောင်းကြည့်လိုက်တော့ အကောင်ပေါက်က သူ့အားမော့ကာ သွားတက်တွေ ထုပ်ပြပြီးစပ်ဖြဲဖြဲလုပ်နေသည်။

'' ဟီးဟီး ''

'' ဘာလဲပြော ''

ခွန်းအသံက တမင်လုပ်ယူထားသော ခပ်ပြတ်ပြတ်အသံဖြစ်သည်။

'' မွေးနေ့ ဘယ်သွားချင်လဲပြောလို့ရပြီလား ''

'' အင်းပြော ''

'' ဘုရားသွားရအောင်..... မောင်နဲ့အတူ ဘုရားသွားချင်တာ ''

'' ဘယ်ဘုရားလဲ ''

'' ရေလည်ကျောက်တန်း ''

တိမ်တိုက်ဆီမှစကားကြားပြီး ခွန်းမိနစ်အတော်ကြာ တိတ်သွားသည်။ တိမ်တိုက်က သူစီးရမည့်ကားတွေရောက်လာသော်လည်း အဖြေမပေးသေးသောခွန်းကြောင့်အနားမှာ ပေကပ်နေသည်။ သိပ်မကြာခင် ကားဂိတ်သို့လူများစုပြုံပြီးများလာသည်မို့ ခွန်း အင်္ကျီ စကိုလွှတ်ကာ ခွန်းနားက အနည်းငယ်ခွာလိုက်သည်။

မောင်က လူတွေအာရုံစိုက်ခံရတာမကြိုက်ဘူးလေ....

ခွန်းက ကားဂိတ်ရှိ လူတွေစုပြုံနေသည့်နေရာမှ လူရှင်းသော ခပ်လှမ်းလှမ်းက သစ်ပင်အောက်ကို လျှောက်သွားသည်။ တိမ်တိုက်လည်း အနောက်က ထပ်ကြပ်မကွာလိုက်ကာ ခွန်းအနောက် ဝင်ရပ်သည်။ ထိုအခါမှ ခွန်းက တိမ်တိုက်ဘက် မျက်နှာချင်းဆိုင်လှည့်လိုက်ပြီး လက်ကိုဟန်ပါပါ ပိုက်လိုက်သည်။

'' တခြားဟာပြော ''

'' ဟင် ''

'' တခြားဘုရားပြောလို့ ကျောက်တန်းဘုရားကတော့ မောင်လိုက်မပို့နိုင်ဘူး ''

လူတွေနှင့်လှမ်းသည်မို့ သူတို့နှစ်ယောက် စကားပြောနေသည်ကို ကြားကြမှာမဟုတ်ပေ။

'' ဘာလို့လဲ ကျွန်တော်က အဲ့ဘုရား မရောက်ဖူးလို့ဟာကို..။ပြီးတော့ မောင့်ရွာနဲ့လည်းနီးတာပဲ''

'' မရဘူး ကျောက်တန်းဘုရားကလွဲရင် ကျန်တာပြော... ပုဂံဆိုရင်တောင် မောင်ရောက်အောင်လိုက်ပို့ပေးမယ် ''

ခွန်းက ခါးခါးသီးသီး ကိုငြင်းနေတော့သည်။ ခွန်းဘာလို့ငြင်းသည်ဆိုတာကိုတော့ တိမ်တိုက် မသိပေ။ သူသိတာတစ်ခုက သူကျောက်တန်းဘုရားကိုသွားချင်သည်။ ရန်ကုန်မှာရှိသည့်ဘုရားအတော်များများနှင့် ပုဂံ ကျိူက်ထီးရိုးကဲ့သို့သော တခြားတန်ခိုးကြီးဘုရားပေါင်းစုံရောက်ဖူးသော်လည်း ရေလည်ကျောက်တန်းကို လုံးဝမရောက်ဖူးသေးချေ။

စက်လှေနှင့်တစ်ဆင့် စီးပြီးမှ သွားရသည့်ဘုရားမို့ တိမ်တိုက်ရောက်ဖူးချင်လှသည်။ သို့သော် ခွန်းကလည်း လုံးဝအလျော့ပေးမည့်ပုံပေါက်မနေချေ။

'' တခြားဘုရားသွားကြရအောင် နော် ။မောင့် တိမ်တိုက်လေးက လိမ္မာပါတယ် မောင့်စကားနားထောင်နော် ''

တိမ်တိုက် ပုခုံးတစ်ဖက်ကို ခွန်းလက်တစ်ဖက်ဖြင့် အသာတင်ပြီး ချော့မော့ပြောသည်။

အရာရာ အလျော့ပေးလာသော တိမ်တိုက်ကလည်း သည်တစ်ခါတော့ခွန်းကိုစမ်းကြည့်ချင်သည်။ အရင်က ဘာနေနေ ခွန်းသဘောအတိုင်းသာဖြစ်စေခဲ့သော်လည်း သည်တစ်ခါကတော့ သူ့မွေးနေ့ဖြစ်သည့်အပြင် ခွန်း၏ အလိုလိုက်မှုအတိုင်းအတာကိုလည်း သိချင်တာကြောင့် လုံးဝ အလျော့မပေးဖို့ဆုံးဖြတ်လိုက်သည်။

'' မသိဘူးနော် ရေလည်ကျောက်တန်းလိုက်မပို့ရင် ဘယ်မှလည်းမသွားဘူး။မောင့်ကိုလည်းမခေါ်တော့ဘူး ဒါပဲ ''

ပုခုံးပေါ်က လက်တစ်ဖက်ကို တွန့်ကာ ဖယ်လိုက်စေပြီး စိတ်ဆိုးသည့်ပုံစံဖြင့် ပြောကာ ရောက်လာသည့် YBS ပေါ်ကို ဆောင့်အောင့်ကာ ကောက်တတ်သွားသည်။ ခွန်းက လူကြားထဲ လိုက်ချော့လေ့မရှိတာကို သိတာကြောင့် လူကြားထဲသက်သက် ကောက်ပြလိုက်ခြင်းဖြစ်သည်။

အဲ့တာမှ ကလိကလိဖြစ်ပြီး ကျန်ခဲ့မှာ။
ဒီအချိန်က လက်စားချေဖို့အကောင်းဆုံးအချိန်ပင်။

လက်ရှိအနေအထားအရ ခွန်းက သူ့ကို ပထမ ထွဋ်ခေါင် နှင့် ကိစ္စကြောင့် အားနာနေတုန်းဆိုတာ တိမ်တိုက်ကောင်းကောင်းကြီးသိသည်။ ဒါ့ကြောင့်လည်း နည်းနည်းပညာပြလိုက်ခြင်းဖြစ်သည်။ ရေလည်ဘုရား ကို မသွားရလည်း တိမ်တိုက်အတွက် ပြသာနာမရှိသလို ခွန်းက ကန့်ကွက်နေတာကြောင့်လည်း သွားချင်စိတ်က သိပ်မရှိတော့ပေ။ သို့သော် ခွန်းစိတ်ကိုသိချင်တာကြောင့် သက်သက် ညစ်ခြင်းဖြစ်သည်။

အလိုလိုက်လေ​ ရောင့်တက်လေ ဆိုတာမျိူးကို တိမ်တိုက်ကြိုး ကကောင်းကောင်းကြီး ပုံဖော်နေသည်။

ကားပေါ်သို့တက်လာပြီး ပြတင်းပေါက် ဘေးမှာ ဝင်ထိုင်လိုက်သည်။ မျက်လုံးထောင့်ကနေ သစ်ပင်အောက်က အနက်ရောင် ပုံရိပ်၏ ဂနာမငြိမ်နေသော ပုံစံကို မြင်နေရသည်။ တစ်ချက်မှ လှည့်မကြည့်ပဲ ခပ်တည်တည်သာနေပြီးနောက် ကားလေးက တဖြည်းဖြည်း မှတ်တိုင်နှင့်ဝေးကွာလာသည်။

'' ဟွန့်..သိသားပဲ..ချီး တစ်ကိုယ်ကောင်းသမားကြီး သူဖြစ်ချင်တာပဲသိတယ် ''

ကားပေါ်မှာ တိမ်တိုက်တစ်ယောက်တည်း တိုးတိုးလေး ခွန်းကို ကျိန်ဆဲနေ သည်။

ကွယ်ရာမှာမို့ပြောရဲတာပေါ့နော် ရှေ့တွင်တော့ တမောင်မောင်နဲ့ပေါ့။

ကားဂိတ်တွင်ကျန်ရစ်ခဲ့သူကတော့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေသည်။ ပြန်တည့်ထားတာမှမကြာသေးတာကို စိတ်ထပ်ကောက်သွားသော တိမ်တိုက်ကြောင့် ခွန်းစိတ်ထဲ ပြာယာခတ်နေတော့သည်။ ဒီကလေးကို ထပ်မနာကျင်စေရပါဘူးလို့ တွေးထားပြီးမှ ဒီလိုဖြစ်သွားတာကြောင့် ခွန်း နေမထိထိုင်မသာဖြစ်ရသည်။ ထို့ပြင် လူတွေအများကြီးမို့ ကားပေါ်ထိလိုက်ပြီးလည်း မချော့နိုင်။
ဖုန်းတွေခေါ်သည် အကောင်ပေါက်က မကိုင်ပဲ ချချပစ်သည်။ လုံးဝ စိတ်ဆိုးနေသည့်ပုံပင်။ သူ့ဆန္ဒကိုမလိုက်လျောမချင်း ကျေနပ်မည့်ပုံမပေါ်။

ခွန်းတော်တော်လေး အခက်တွေ့နေသည်။ ကျောက်တန်းဘုရားကို တစ်ယောက်တည်း ဆို မကြာခဏ ရောက်သော်လည်း တိမ်တိုက်နှင့်သွားဖို့ကျ မသွားချင်ဖြစ်နေသည်။ဘာလို့ဆို တိမ်တိုက်က သူ့ချစ်သူလေ။

.......................

ရှန်မင်း ကိုကို့ကို ကျောင်းကနေ ခေါ်ထုတ်လာပြီး ပထမဆုံး ရွှေတိဂုံ ဘုရားသွားကြသည်။ ရွှေသင်္ကန်း အတူကပ်ကာ အလှူငွေဖြတ်ပိုင်းတွင်လည်း '' ရှန်မင်းခက် + စောမဟာသွေး '' ဟု အလယ်မှာ အပေါင်းလက္ခဏာခံကာ ရေးခိုင်းသေးသည်။ ပထမဆုံးနေ့မှာ အလှူဒါနပြုကြသည်ပေါ့။

ဘားတွေ ကလပ်တွေမှာသာ ပျော်မွေ့နေလေသော ရှန်မင်းတစ်ယောက် ကိုကိုနဲ့ကျမှ ဘုရားတွေဘာတွေရောက်နေသည်။ သို့သော်အကောင်းသွားသည်ဟုမထင်လိုက်ပါနှင့်။ မကွဲမကွာအမြဲပေါင်းရပါစေသားဟု ဘုရားကို အပူသွားကပ်ခြင်းဖြစ်သည်။

ဆုတောင်းပုံကလည်း

'' လတိုင်း ကိုကိုသာ အနားမှရှိနေရင် လတိုင်း ရွှေသင်္ကန်းလာလှူပါ့မယ် ဘုရား ''
တဲ့လေ။ ခါတိုင်း အိမ်ကဘုရားတောင်မကန်တော့သည့်ရှန်မင်းက အခုမှ ဘုရားတရားကိုင်းရှိုင်းနေတော့သည်။

ပိုင်ဆိုင်ခွင့်ရလိုက်သည်နှင့် တစ်ပြိုင်တည်း ဆုံးရှုံးရမှာကြောက်လာမိပြီး ဘုရားကို လိုသုံးလာလုပ်နေခြင်းဖြစ်သည်။

ကိုကိုပြန်ပလေးသွားမှာကြောက်နေပုံရသည်။ သူများတွေကို သူပလေးခဲ့တာနည်းတာမှ မဟုတ် ။ဝဋ်ဆိုတဲ့အရာကို သူကောင်းကောင်းကြီးခံစားပြီးပြီဖြစ်၍ ဖင်တုန်အောင်ကြောက်နေတော့သည်။

ဘုရားကအပြန် အိမ်ကိုပါတခါတည်းခေါ်ကာ မေမေနှင့်မိတ်ဆက်ပေးလိုက်သည်။ တခါတည်း အပြီချူပ်ထားလိုက်သာ။

'' မေမေ ဒါ စောမဟာသွေး တဲ့ သားကောင်လေး။ မေမေ သဘောတူတယ်မလား တူလိုက်နော် ။ ဘာလို့ဆို
အမေ့သားမက်က တိုင်းရင်းသားလေး ''

'' မင်း ဘယ်လိုဖြစ်နေတာလဲ ''

ကိုကိုက ရှန်မင်းခါးကို တံတောင်နဲ့တွတ်ရင်း အန်တီခိုင့်ကို အားနာသလိုရယ်ပြသည်။

ဘယ် ရည်းစား မှအိမ်ခေါ်လာလေ့မရှိတာကြောင့် ကိုကို့ကို အိမ်ခေါ်သွားသောအခါ၌ ဒေါ်ခိုင်ခက်ဦး တစ်ယောက်ကတော့ အကြီးအကျယ် အံ့ဩနေသည်။
သူမ၏သား ဂေးဆိုတာကို သိထားသော်လည်း ဘယ်ယောကျာ်းလေးနဲ့မှ သူမရှေ့မတွဲဖူးပေ။ မိတ်ဆက်ပေးတာဆို ဝေးလာဝေး။

ရှန်မင်းပွေသည်ကို ထုတ်မပြောသော်လည်း သူမ သားအကြောင်း သူမသိသည်။ ဒါ့​ကြောင့်လည်း ဘယ်သူနဲ့မှ မိတ်ဆက်မပေးသေး တာဟု ထင်မိသည်။ သို့သော် အခုမှရုတ်တရက်ကြီး သူနှင့်ရွယ်တူကောင်လေးတစ်ယောက်ကိုခေါ်လာပြီး သားကောင်လေး ဟု မိတ်ဆက်ပေးလာသဖြင့် အခုတစ်ခေါက်ကောင်လေးကို ရှန်မင်းက အတည်ဆိုတာကို သူမ ရိပ်မိလေသည်။

'' ဪ အခုတလော ခြေငြိမ်နေတာ ဒါ့ကြောင့်ကိုး ။ နောက်ဆုံးတော့ အတည် တွေ့သွားပြီပေါ့ ''

'' အင်း အင်း အတည် အတည် တကယ် အတည် ။ အာ့ကြောင့် ဖေဖေ့ကို ကူပြောပေးနော် ''

ရှန်မင်း ပြာပြာယာယာ ခေါင်းတဆတ်ဆတ်ငြိမ့်ကား ပြောသည်။ ဘေးက ကိုကိုကတော့ ဒီသားအမိနှစ်ယောက်ကြား မျက်နှာပူကာ နီရဲနေတော့သည်။ သူမိတ်ဆက်ပေးပုံက သောက်ချိုးပြေမနေပေ။

'' ရှန်ခက် ငါတို့က ဒီနေ့မှ စတွဲတာလေ ဘယ်လိုဖြစ်နေတာလဲ ''

ကိုကို ရှန်မင်း နားကို လက်နှင့်ကာ ကာတိုးတိုးလေးကပ်ပြောသည်။ မှန်သည်လေ အခုမှ ပထမဆုံးရက်ကို သူက မိဘတွေနဲ့ပါမိတ်ဆက်ပေးပြီး အတင်းသဘောတူခိုင်းနေသည်။

'' ကိုကို မသိပါဘူး ငြိမ်ငြိမ်နေ ''

ရှန်မင်းလည်း ကိုကိုလုပ်သလို လက်လေးကာ ကာတိုးတိုးလေးပြန်ပြောသည်။

ဒေါ်ခိုင်ခက်ဦး ကတော့ ရှေ့က တိုးတိုး တိုးတိုးလုပ်နေသော သားနှစ်ယောက်ကို သေချာကြည့်နေသည်။

'' သားက တိုင်းရင်းသား ဆိုတော့ ကရင်လား ''

'' မဟုတ်.... ''

'' မဟုတ်ဘူးမေမေ ကိုကိုက ရှမ်း လူမျိူး ''

ကိုကိုဖြေခါနီး ရှန်မင်းက ဝင်ဖြေတော့ ကိုကို့မှာ ရှိုးတိုးရှက်တန့်။

'' ဟိုတခေါက်က ညဘက်ကြီးဖြစ်နေလို့သေချာမနှုတ်ဆက်လိုက်ရပါဘူးကွယ် ဒါနဲ့ သားက ရှန်မင်းတို့ကျောင်းကပဲလား ''

'' မ..... ''

'' ကိုကိုက တိမ်တိုက်နဲ့အတူတူပဲ မေမေရဲ့ ''

ဒီတစ်ခါလည်း ရှန်မင်းက ဖြတ်ဖြေပြန်သည်။ မေးနေတာက ကိုကို့ ကိုဖြစ်ကာ သူကချည်းဝင်ဖြေနေသည်။

'' ဒါဆို နယ်ကနေ ကျောင်းလာတက်တာပေါ့။ ဒီမှာ အမျိူးတွေဘာတွေရှိတာလား ''

'' ဟုတ်...''

'' ဟုတ်တယ်မေမေ...ကိုကို့ အဒေါ်...''

'' ရှန်မင်းခက်! ''

ဒေါ်ခိုင်ခက်ဦး စိတ်မရှည်စွာ သူ့သားကိုထအော်တော့သည်။ ဘယ်နှယ့် မေးတာက တစ်ယောက် ဖြေတာက တစ်ယောက်နဲ့ သူ့သား တော်တော်ဖြစ်နေသည်။ ဟိုကလေးက ​ဖြေမလိုလုပ်တိုင်း သူက လျှာဝင်ရှည်နေသည်။

'' ငါနင့်ကို မေးလား ''

'' မေမေကလည်း ဗျာ ကိုယ့်သားအချင်းချင်း ဘယ်သူဖြေဖြေအတူတူပဲကို ''

ရှန်မင်းခက် တစ်ယောက် ဆေးမမှီတော့ပါ ။တော်တော်လေးဖြစ်နေသည်။

သူတို့သားအမိ ရန်ဖြစ်နေတာကိုစောင့်ရင်း နောက်မှကိုကိုက ဝင်ဖြေတော့သည်။

'' ဟုတ်ကဲ့ အန်တီ သားက ဒီမှာအဒေါ်တွေနဲ့ လာနေနေတာပါ။ အဒေါ်တွေကတော့ ကော်ဖီ ဆိုင်လေးဖွင့်ထားပါတယ် ''

'' ဪ အေးအေး မင်းတော့ အန်တီ့သားဒဏ်ခံရတော့မှာပဲကွယ် ဒီကောင်က သိပ်ဆိုးတာကွဲ့ ''

'' ဟာ မေမေကဗျာ ခုမှခေါ်လာတယ် ခုပဲ အထုတ်ဖြည်နေပြီ ''

'' အမလေးတော် နောက် ငါမပြောလည်း သိမှာပဲဟာ ။အဆန်းတွေလာလုပ်နေတယ်။ နင်က သူများသားသမီးကို ဒုက္ခပေးတော့မှာလေ ''

ရှန်မင်းနှင့် သူ့အမေ ဒေါသတွေမပါပဲ အပျော်ရန်ဖြစ်နေသည်ကို ကိုကိုကြည့်ကာ ပြုံးရင်းသဘောကျနေသည်။ ရှန်မင်းက သူ့မေမေနှင့် သူငယ်ချင်းလိုပေါင်းကာ ပွင့်ပွင့်လင်းလင်းရှိသည်။

ကိုကိုနှင့် ကိုကို့အမေ တို့ကျတော့ ရှန်မင်းတို့လို ဖက်လှယ်တကင်းတော့မရှိ။ ကိုကိုက စည်းကမ်းကြီးသည့် မိဘနှစ်ပါးကို ရှိန်ရသည်။ ရှန်မင်းလို ရည်းစားကို အိမ်ခေါ်မိတ်ဆက်ဖို့ မပြောနဲ့ မိန်းကလေးသူငယ်ချင်း အိမ်လာတာတောင် သိပ်မသဘောမကျချင်ကြပေ။ အခုလို ယောကျာ်း လေးတစ်ယောက်ကို အိမ်ခေါ်သွားပြီး ချစ်သူဟုမိတ်ဆက်ပေးလိုက်လျှင် ပြန်ရလာမည့်ရလဒ်ကို တွေးတောင် မတွေးရဲပေ။

'' တော်ပြီဗျာ သားဗိုက်ဆာတယ် ဘာရှိလဲဟင် ''

'' ရှမ်းခေါက်ဆွဲချက်ဖို့ လုပ်နေတုန်း မင်းတို့ရောက်လာတာပဲ ဘာမှကိုမလုပ်ရသေးတာ ''

'' သား လုပ်လို့ရမလား အန်တီ ။ သားကောင်းကောင်းချက်တတ်တယ် ''

ကိုကိုအပိုင်ဆုံး က ရှမ်းခေါက်ဆွဲ လုပ်တာပင်ဖြစ်သည်။ မေမေ့ဆီမှ အမွေရတာဖြစ်ပြီး မေမေ့နီးပါးလည်း ကိုကို့ရှမ်းခေါက်ဆွဲကစားကောင်းသည်။

ထိုစဥ်....

'' ခိုင်ရေ...''

'' ဟယ် ယုယ လာလေ ''

တိမ်တိုက်အမေ ဒေါ်ယုယမြိုင် အိမ်ထဲသို့ဝင်လာသည်။ ထို့နောက် အတူထိုင်နေကြသော ကိုကိုနှင့်ရှန်မင်းကို ကြည့်ကာပြုံးပြသည်။

'' တိမ်တိုက် အိမ်ပြန်ရောက်ပြီလား အန်တီယုယ ''

ရှန်မင်းက ထုံးစံအတိုင်း စိတ်ပူတတ်သည့်အကျင့်က မပျောက်ပဲ မေးလိုက်သော်လည်း အစကတည်းက တိမ်တိုက်နဲ့ဆို သဝန်ခပ်တိုတို ဖြစ်နေသော ကိုကို မျက်လုံးအကြည့်တို့က ရှန်မင်းဆီ တိုက်ရိုက်ပင်။

'' မင်းအပူပါလား '' ဆိုသော အကြည့်မျိူးပေါ့....

'' ခွန်းဆီသွားတယ် သား... ''

'' ဟင် သွားပြန်ပြီလား... ''

ရှန်မင်းက အလိုမကျ စွာစိတ်ပျက်လက်ပျက် ပြောတော့ ကိုကိုက နားနားကပ်လာကာ လက်ကိုကာလိုက်ပြီး..

'' အဲ့တာသူ့ကိစ္စလေ..မင်းနဲ့ဆိုင်လား ''

သဝန်တိုမှုနှင့်အပြိုင် ကိုကို့နှုတ်ခမ်းပါးလေးက အနည်းငယ်ဆူချင်နေသည်။ ပြောင်းလဲသွားသော မျက်နှာအနေအထားတို့အား အသေးစိတ်ကြည့်ကာကိုကို့ ကိုရှန်မင်း အသည်းတယားယား ။

ဒေါ်ယုယမြိုင်ကတော့ အသက်မပါတဲ့အပြုံးတုလေးသာ ပြုံးပြသည်။ သူမကိုကြည့်ရတာ နည်းနည်းနွမ်းနေသည်။

'' အဲ့တာဆို သားတို့ ရှမ်းခေါက်ဆွဲ သွားချက်လိုက်မယ် မေမေတို့ စကားပြောနှင့် ''

'' အေးအေး ''

ရှန်မင်း ကိုကို့လက်ဆွဲကာ မီးဖိုချောင် ကိုခေါ်သွားသည်။ ဧည့်ခန်းတွင် ဒေါ်ခိုင်ခက်ဦး နှင့် ဒေါ်ယုယမြိုင် တို့နှစ်ယောက်သာကျန်သည်။

ဒေါ်ယုယမြိုင် က ဒေါ်ခိုင်ခက်ဦး နားသွားကပ်ထိုင်လိုက်သည်။

'' ဟိုကလေးက ဘယ်သူလဲ ခိုင် ''

'' ရှန်မင်းလေ သူ့ကောင်လေးတဲ့ ခိုင့်ကိုလာမိတ်ဆတ်ပေးတာဆိုပဲ ယုယရဲ့။ ဪ အဲ့ကလေးက တိမ်တိုက်နဲ့ကျောင်းအတူတူပဲပြောတယ် ''

'' ခိုင်ကလက်ခံတာလား ယောကျာ်း လေးအချင်းချင်းကြီးလေ ''

ရှန်မင်း အကြောင်းကိုနည်းနည်းသိထားသော်လည်း အခုလို လက်တွေ့မြင်လိုက်ရတော့ ဒေါ်ယုယမြိုင် အနည်းငယ် အံ့ဩနေသည်။

'' လက်ခံတယ်လို့လည်း ဘယ်ဟုတ်ပါ့မလဲ ယုယရယ် ။ကိုယ့်မယ် ဒီသားလေးတစ်ယောက်ပဲရှိတာဆိုတော့ မိန်းမပဲယူစေချင်ပြီး မျိူးဆက်လေးဘာလေးချန်စေချင်တာပေါ့။ဒါပေမယ့်လည်း ဘယ်တတ်နိုင်မလဲ ယုယရယ်။ ကိုယ့်သားက ဘာလဲဆိုတာ ကိုယ်သိနေတာပဲလေ။ ပြီးတော့ ဒီခေါတ်မှာ ဒါတွေက အဆန်းမဟုတ်တော့ပါဘူး။ ပုံမှန်လိုပါပဲ ။ ယုယကသာ အနေလည်းအေးပြီး social မသုံးဘာမသုံးနဲ့မို့ ဒါတွေနဲ့စိမ်းနေတာ ။ ''

'' ရှန်မင်း ဂေးဆိုတာကို ခိုင် စစသိချင်းကတည်းက လက်ခံခဲ့တာလား ''

'' ဘယ်ဟုတ်မလဲယုယရဲ့...စစချင်းသူကဂေးပါဆိုပြီးပြောပြတုန်းက ကိုယ့်မှာဒေါသတွေဖြစ်ပြီး ဆူရပူရနဲ့။ သူ့အဖေကိုလည်းပြောပြလို့မရ။ ကိုယ်တကယ် ကြိတ်ခံခဲ့ရတာ ။ နောက်ဆုံးတော့လည်း ကိုယ်လက်ခံပေးလိုက်ရတာပါပဲ။ လက်ခံမပေးရင် ကိုယ့်သားပဲစိတ်ဆင်းရဲနေရမှာလေ။ သူတောင် ကိုယ့်ကိုယုံလို့ သတ္တိရှိရှိ ထုတ်ပြောပြရဲသေးတာပဲ။ ကိုယ်က အရမ်းတင်းကြပ်နေလို့ ဘယ်ဖြစ်မလဲ။ မပြောင်းလဲနိုင်တဲ့အဆုံး လက်ခံပေးလိုက်ရတဲ့သဘောပါပဲ ယုယရယ်။ ''

'' ဒါဆို ရှန်မင်းက ယောကျာ်း လေးကိုပဲယူမယ်ဆိုရင်ရော ခိုင်သဘောတူမှာလား ''

'' အမှန်တိုင်းပြောရရင် ကိုယ်တကယ်သဘောမကျပါဘူး. ကိုယ်က လက်ခံနိုင်ပေမယ့် ပတ်ဝန်းကျင်ကရှိသေးတယ်။ ပတ်ဝန်းကျင် ဆိုတာက အစကတည်းက အပုတ်ချတဲ့နေရာမှာ ဆရာတစ်ဆူလေ။ ကိုယ့်ကလေးတွေကိုလာထိမှာပဲကိုယ်ကကြောက်တာ ။ရှန်မင်းကိုလည်း..ပုံမှန်ယောကျာ်းလေးတွေလိုပဲ မိန်းမယူစေချင်တာပေါ့။ ဒါပေမယ့်လည်း သူ့သဘောပါပဲ ယုယရယ်။ ကိုယ်တောင် ကိုယ်ချစ်တဲ့သူနဲ့ လက်ထက်ထားတာပဲ ။သူလည်း သူချစ်တဲ့သူနဲ့ပဲ လက်ထက်ပါစေ ။ ယောကျာ်း လေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ်ပေါ့ ''

'' ဟင်းးး ခိုင်မှန်ပါတယ် ''

သက်​ပြင်းရှည်ကြီး တစ်ချက်ချပြီး ဒေါ် ယုယမြိုင် အသံတို့က အားယုတ်စွာပင် ထွက်ပေါ်လာသည်။

'' ဘာကိစ္စတွေရှိလို့လဲ ယုယ။ မျက်နှာလည်းမကောင်းဘူး ''

'' ဘာမှ မဟုတ်ပါဘူး ခိုင်ရယ် ။ ဒါနဲ့ကိုယ်ပြန်ဦးမယ် ထမင်းအိုးကြီးထားခဲ့တာ ''

ဒေါ်ယုယမြိုင် ၏ လေးတိလေးလံ ခြေလှမ်းတို့ကရှန်မင်းတို့အိမ်ထဲမှ တဖြည်းဖြည်း ထွက်ခွာသွားသည်။ ဘာကြောင့်မှန်းမသိ ဒေါ်ယုယမြိုင်၏ နောက်ကျောမှာ စိုးရိမ်ပူပန်ခြင်းတွေကို ဒေါ်ခိုင်ခက်ဦး တစ်ယောက် သတိထားမိသည်။

နောက်အိမ်ထောင်လည်းမပြုပါပဲ သားတစ်ယောက်ကို သူ့တစ်ယောက်တည်း အားနဲ့ပြုစုပျိူးထောင်ခဲ့သော အာဂ အမျိူးသမီးတစ်ဦးဖြစ်သည်။ တစ်ခုခုဆိုတိုင်ပင်စရာ အမျိူးသားမရှိပေ။ လူဖြစ်ဖြစ် စိတ်ဖြစ်ဖြစ် ပင်ပန်းသောကာလများတွင် သူမအတွက် ခိုဝင်စရာ ရင်ခွင်မရှိပေ။

မိန်းမသားတစ်ယောက်တည်းမို့ ထိပါးစော်ကားချင်ကြသော လူများကြားထဲတွင် တိမ်တိုက်မျက်နှာ တစ်ခုတည်းကြည့်ကာ ရှေ့ဆက်ခဲ့သော အမျိုးသမီးတစ်ဦးဖြစ်သည်။ ဘာပဲပြောပြော လူရော စိတ်ဓာတ်ရော မာကြောလှသည့် ဒီအမျိုးသမီးထံတွင် ဒီနေ့မှ ထူးထူးခြားခြား စိုးရိမ်ပူပန်ခြင်းပုံရိပ်တွေထင်ဟပ်နေသည်တဲ့လေ။

ဒေါ်ခိုင်ခက်ဦး သူမအတွက် သက်ပြင်းလေးတစ်ချက်ချကာ မီးဖိုချောင်ထဲက သားနှစ်ယောက်ဆီ အခြေအနေ သွားကြည့်ရသေးသည်။ အထဲမဝင်ပဲ အပေါက်ဝကနေသာ ကြည့်လိုက်တော့..သူမ၏ သားရှန်မင်းခက်က ထိုင်ကာ အရွက်တစ်ချို့ကို လှီးဖြတ်နေသည်ကိုဘေးက ကိုကိုက သေချာရပ် ကြည့်နေသည်။

'' သေးသေးလေးတွေ မလှီးနဲ့လေ အကုန်အရည်ပျော်ကုန်မှာပေါ့ ''

''.....''

'' ဟာ အဲ့လောက်ကြီး ကြီးတော့လည်း တစ်ပင်လုံးသာထည့်လိုက်ပါတော့လား ရှန်ခက်ရယ် ပေးပေး ကိုယ်ပြမယ် ''

ကိုကိုမတ်တပ်ရပ်နေရင်း ရှန်မင်းလက်ထဲက ဓားကိုယူလိုက်ပြီး ခါးကိုကုန်းကာ အရွက်တွေကို အစမ်းလှီးပြသည်။ ထိုအခါ
ကိုကို့ပါး ဖြူဖြူလေးတစ်ဖက်က ရှန်မင်းမျက်နှာ နားမှာ။

'' မွ ''

အရွက်ငုံ့လှီးနေသော ကိုကို့ပါးကို ရှန်မင်း ဖြတ်ခနဲနမ်းလိုက်တော့ ကိုကိုက သူ့ကိုမျက်ထောင့်နီနဲ့ လှည့်ကြည့်လာသည်။ ထိုအခါ မျက်စိရှေ့တည့်တည့်ထပ်ရောက်လာသော ကိုကို့နှုတ်ခမ်းပါး ထက်ကို ဖျတ်ခနဲ ထပ်နမ်းလိုက်ပြီး
စပ်ဖြဲဖြဲလုပ်နေသည်။ ဒီအခါတော့ ကိုကို့မျက်နှာကြီး နီလာကာ

'' ဒီမှာတွေ့လား လက်ထဲမှာကိုင်ထားတာ ဓားလို့ခေါ်တယ် တစ်ချက်တည်းနဲ့ နိဗ္ဗာန်ရောက်တယ် ''

'' ကိုကိုနဲ့ဆို ဘယ်ပဲ ဖြစ်ဖြစ် ''

ဓားထောင်ပြရင်း အံကြိတ်ပြောနေသော ကိုကို့ကို ရှန်မင်း ရအောင်စလိုက်သေးသည်။

'' မင်း....''

'' ပေး ပေး ရုပ်လေးနဲ့မှမလိုက် တုတ်ပြ ဓားပြနဲ့ကွာ..ပြချင် ဟိုဟာပြ ''

'' ရှန်မင်းခက် ''

ကိုကို့အသံကြီးက စိတ်တိုနေမှန်းသိသာလိုက်ပုံများ ရှန်မင်းကိုယ်တောင်တုန်သွားသည်။ မျက်စောင်းကြီးကလည်း နဂါးသာဆို ပြာဖြစ်နေလောက်ပြီ။ တရှူးရှူး တရှဲရှဲ ဖြစ်နေသော်
ကိုကို့ ကိုရှန်မင်းလန့်ကာ နေရာကနေအသာထပြီး ဘေးသို့ထွက်လိုက်သည်။ နောက်တော့

'' ဟိုဟာပြတော့မလား လာလေသွားမယ် အခန်းထဲ... ''

မီးလောင်နေပါတယ်ဆို အောက်စီဂျင်က ထပ်ပေးလိုက်သေးသည်။ ကိုကို့မျက်နှာကြီး မှာပေါက်ကွဲမတက် နီရဲနေကာ ဓားကိုထောင်လိုက်ပြီး ရှန်မင်းနားတဖြည်းဖြည်းကပ်လာတော့သည်။

ရုပ်တည်ကြီးကြောင့် ရှန်မင်း စပြေးတော့သည်။ ကိုကိုလည်း ဒေါသတွေထက်ကာ တရှူးရှူး နဲ့အနောက်ကလိုက်တော့သည်။

စားပွဲကို အလယ်မှာ ခံကာ တစ်ဖက်စီရပ်ရင်း ရန်ဖြစ်နေကြသည်။

'' မောင်က စတာလို့....ကိုကိုရဲ့...တကယ်ကြီးလုပ်မို့လား ''

'' အသာတကြည်အမိခံလိုက်ရင်မင်းသက်သာမယ်နော်ရှန်ခက် ''

သက်သာမယ်ပြောတဲ့သူရဲ့လက်ထဲက ဓားက ရှန်မင်းကို သရော်နေသည်။

နောက် စားပွဲကို နှစ်ယောက်သားပတ်ပြေးနေကြသည်။ ကလေးမဟုတ်သူငယ်မဟုတ် ရန်ဖြစ်နေကြသော လူပျိူနှစ်ယောက်ကို ဒေါ်ခိုင်ခက်ဦး ကြည့်ကာ အတော်လေးသဘောကျနေသည်။ ဂေးဟုပြောကြသော်လည်း သူ့မျက်စိရှေ့က နှစ်ယောက်မှာ ထူးထူးခြားခြား နွဲ့နှောင်းနေတာမျိုုးမရှိပဲ နှစ်ယောက်လုံး ကျားကျားယားယား ပင်။ ဓားကိုင်ပြီလိုက်နေတာပဲကြည့်...... မိလျှင် တကယ်လုပ်မည့်ရုပ်ကြီးဖြစ်သည်။

'' ဓားကိုချလိုက်ပါကိုကိုရယ် မဟုတ်ရင် ကိုကိုပဲ ငတ်မှာနော်...''

'' ဘာ မင်း ....ပြောလေ ကဲလေ ပါလား ။ ရပ်နေ အဲ့နေရာမှာ မပြေးနဲ့ ''

ရှန်မင်းပြေးနေရင်း အပေါက်ဝက သူ့အမေကိုမြင်ရော တစ်ချိူးတည်းပြေးသွားကာ ဒေါ်ခိုင်ခက်ဦး ခန္ဓာ ကိုယ်နှင့် အကာအကွယ်ယူလိုက်သည်။

'' အမလေး အိုမားရေ ကယ်ပါဦး.....အမေ့သားမက် သားကိုအနိုင်ကျင့်နေတယ် ''

'' အေး ခံလိုက်လေ...''

ရှင်းလား...ရှန်မင်းခက် ။

ကိုကို ဒေါ်ခိုင်ခက်ဦး ကိုမြင်မှ ရပ်လိုက်ကာ ဓားကို သူ့နောက်ပို့လိုက်သည်။ဒေါသကြောင့်နီနေသော မျက်နှာ မှာလည်းအရောင်ဖျော့သွားသည်။

စိတ်တိုလွန်း၍ သူများအိမ်ရောက်နေတာတောင် သတိမထားမိတော့ပေ။ ရှန်မင်းက သူ့အိမ်မှာဆိုပြီး ပြောချင်သလိုပြောနေတာဖြစ်သည်။

နောက် မီးဖိုချောင်ထဲက ရှန်မင်း ကို ထုတ်ပြီး ကိုကိုနှင့် ဒေါ်ခိုင်ခက်ဦး တို့နှစ်ယောက်သာ ချက်ပြုတ်ကြသည်။

ရှန်မင်း ကတော့ အပေါ်တက်ကာ အဝတ်အစားလဲပြီးပြန်ဆင်းလာသည်။ မီးဖိုချောင်ထဲလှမ်းကြည့်တော့ အမေနဲ့ သားမက် အတော်လေး အပေးအယူမျှနေတာကို တွေ့ရ၍ ကျေနပ်မိသည်။

'' သားရေ အန်တီ့ကို ဟိုစင်ပေါ်က အနီရောင်ဘူးလေး ယူပေးပါ ''

အဲ့မှာ ကိုကို စ ပြသာနတက်သည်။ အရောင်တွေမခွဲခြားနိုင်သူမို့ သူ့မျက်လုံးထဲ အကုန်လုံးက အဖြူအမည်း သာသာပင်။ ဘူးလေးဘူးရှိနေတာကြောင့် ဟိုဟာယူနိုးနိုး ဒီဟာ ယူနိုးနိုး ဖြစ်နေသည်။

ကိုကိုဘာလုပ်ရမလဲ မသိဖြစ်နေချိန်တွင် သူ့ ပုခုံးပေါ်မှ ဖြတ်သွားသော အဖြူရောင် လက်သွယ်လေး တစ်ဖက်က ဘူးတစ်ဘူးကို ယူကာ သူ့လက်ထဲလာထည့်ပေးသည်။

'' ဒီဟာ ''

လှည့်ကြည့်လိုက်တော့ တူညီသောအရပ်တို့ကြောင့် မျက်နှာနှစ်ခုမှာ မျက်နှာချင်းဆိုင် တည့်တည့်ဖြစ်သွားစဥ် ရှန်မင်းက ကိုကို့ ကို အသာပြုံးပြသည်။

ကိုကိုကတော့ အံ့ဩနေရုံမှတစ်ပါး တခြားမရှိတော့။ အရောင်တွေမခွဲခြားနိုင်သည့်အကြောင်းကို ရှန်မင်းကို သူမပြောပြရသေးတာကြောင့်ဖြစ်သည်။

..........................

'' ခွန်မယ့် နေမကောင်းဘူးလား မျက်နှာလည်း မကောင်းဘူး ''

တိမ်တိုက်တို့ သားအမိ ထမင်းအတူစားနေရင်း ဒေါ်ယုယမြိုင် ၏ ညှိုးငယ်နေသော မျက်နှာကို တိမ်တိုက်သတိထားမိကာမေးသည်။

'' ဘာမှ မဖြစ်ပါဘူး သားရဲ့ နည်းနည်း ပင်ပန်းလို့ပါ ''

ဒေါက် ဒေါက် ဒေါက်

အိမ်ရှေ့တံခါးမကြီးမှ တံခါးခေါက်သံထွက်လာသည်။

'' နေနေ သား မေမေ သွားကြည့်လိုက်မယ် ''

ဒေါ်ယုယမြိုင် တံခါးကို သွားဖွင့်ပေးလိုက်တော့ လွယ်အိတ်တစ်လုံးဖြင့် ခပ်မတ်မတ်ရပ်နေသော အသားခပ်ညိုညို ထောင်ထောင်မောင်းမောင်း အမျိုးသားတစ်ယောက် ။

'' ဟယ် သားခွန်း ဘယ်လိုဖြစ်လို့လဲ ''

'' ကျွန်တော်အကူအညီတစ်ခုလောက်တောင်းချင်လို့ပါ အန်တီ ''

'' ဪ အေး လာလေ ဝင်ထိုင်ပြီးမှပြော.. လာ လာ ''

ဒေါ်ယုယမြိုင်က ဖော်ဖော်ရွေရွေ ပဲခေါ်ကာ ထိုင်စေသည်။

'' ပြောလေသား ဘာဖြစ်လို့လဲ ''

'' သားတို့ တိုက်ခန်းပိုင်ရှင်ကလေ သူ့တိုက်ကို ရေပိုက်တွေဘာတွေ အကုန်အသစ်ပြန်လဲပေးမလို့ ၂ရက် ၃ရက်လောက် ခနဖယ်ပေးပါဆိုလို့။ ကျွန်​တော်လည်း သွားစရာနေရာမရှိတာနဲ့ အန်တီ့ဆီအကူအညီလာတောင်းတာပါ
အန်တီအဆင်ပြေမှပါ ။ မပြေရင် မိုတယ်မှာပဲဖြစ်ဖြစ် သွားနေလိုက်လို့ရပါတယ် ''

ခွန်း ဉာဏ်ဆင်တာမဟုတ်ပဲ တကယ်ပြောနေတာဖြစ်သည်။ သူစိတ်ညစ်ညစ်နဲ့ တိုက်ခန်းကိုပြန်နေတုန်း ပိုင်ရှင်ဆီမှ ဖုန်းဝင်လာသည်။ မနက်ဖြန် အလုပ်စမည်ဟုပြောသဖြင့် ဒီညအပြီး ပြောင်းပေးထားရမည်ဖြစ်သည်။ မနက်ကတည်းကခေါ်နေသော်လည်း ခွန်းက ဖုန်းမကိုင်ဘူးဟု ပြောလာသည်။

အဆောင်ကိုလည်း သွားမနေချင်။ ကိုစေတို့ကလည်း ယောက္ခတွေနှင့် ခရီးထွက်သွားရာ တစ်ပတ်လောက်က အိမ်မှာ မရှိဘူးဟုပြောသည်။ ဦးမာန်ခွန်းစစ် ပေးထားတဲ့ကွန်ဒိုကိုသွားဖို့ကျ​တော့လည်း မာနက ခံနေသေးသည်။

ဒါ့ကြောင့် တိမ်တိုက်ဆီ တန်းတန်းမတ်မတ်ကိုရောက်လာခြင်းဖြစ်သည်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ဖြစ်သည်။ နေခွင့်ရရင် တိမ်တိုက်ကိုလည်း အဝချော့လို့ရမည်။

'' အို ကျောင်းသားက မိုတယ်မှာ ဘယ်လိုလုပ်ဖြစ်မှာလဲ။ အကြာကြီးမှမဟုတ်တာ ဒီမှာပဲနေလိုက်လေ။ အန်တီခွင့်ပြုပါတယ်။ ဒီကနေပဲကျောင်းတက်ပေါ့ ။ ''

'' ဟုတ် ဟုတ် အန်တီ တကယ်ကျေးဇူးတင်ပါတယ်။ ''

'' ရပါတယ် သားရယ် ဒါနဲ့ ထမင်းရောစားပြီးပြီလား ။ မစားရသေးရင် တစ်ခါတည်း စားလိုက်တော့ အန်တီတို့လည်း ထမင်းစားနေကြတာ ''

'' ဟုတ်ကဲ့ အန်တီ ''

ဒေါ်ယုယမြိုင် က ရှေ့ကနေပြီး ထမင်းစားခန်းထဲ ဝင်သွားသည်။ လွယ်အိတ်ကိုချထားခဲ့ကာ ခွန်းကနောက်ကနေလိုက်ဝင်တော့ ထမင်းကိုပလုတ်ပလောင်းစားနေတဲ့အကောင်ပေါက်နဲ့ တန်းတိုးသည်။

'' မယ့်ကလည်း ကြာလိုက်...ဖလူး....ဖူး....ဖလွတ်...အဟွတ်...အဟွတ်....''

ခွန်းကိုမြင်ပြီး တိမ်တိုက် ထမင်းထသီးတော့သည်။ ခွန်းက အနားအမြန်သွားလိုက်ကာ ရေခွက်ထဲရေထည့်ပြီး တိမ်တိုက်ကို ပေးလိုက်သည်။ နောက် ရေသောက်နေသော တိမ်တိုက်ကျောကုန်းကိုလည်း ဖြေးဖြေးလည်း သပ်ပေးနေသေးသည်။

'' အဆင်ပြေလား ''

ခွန်းမေးတော့ တိမ်တိုက်က ခေါင်းလေးငြိမ့်ပြသည်။ အိမ်မှာနေရင်းမို့ နဖူးပေါ်က ဆံပင်တို့ အား စုသိမ်းကာ ထိပ်မှာ ကြက်တောင်စီးလေး စီးထားသည်မို့ ခေါင်းငြိမ့်လိုက်တော့ ထိုကြက်တောင်စီလေးက တလှုပ်လှုပ်။

'' သား လာ အဲ့ မောင်ရှပ်ပြာကို ထားခဲ့လိုက် ထမင်းလာစားတော့။''

ခွန်းလည်း လွတ်နေသော ခုံတွင် ဝင်ထိုင်လိုက်ပြီး တိမ်တိုက်မေမေ က ထမင်းထည့်ပေးသည်။

'' ကိုခွန်းက ဘယ်လိုလုပ်ပြီး...''

'' ဪ ဒါက ဒီလို....''

ဒေါ်ယုယမြိုင် ဖြစ်ကြောင်းရယ်ကုန်စင်ကို တိမ်တိုက်အားရှင်းပြသည်။ ခွန်းကတော့ ထည့်ပေးသော ဟင်းတွေနဲ့ ကောင်းကောင်းစားနေသည်။

တိမ်တိုက်က မယုံသလို ခွန်းကို ကြည့်လိုက်တော့ ဖုန်းကို ထိုးပေးကာ

'' မယုံရင် ဖုန်းဆက်မေးကြည့်လိုက်... ''

'' ကျွန်တော်ဘာပြောလို့လဲ ''

တိမ်တိုက် မသိချင်ယောင်ဆောင်ကာ ဟိုဘက်လှည့်သွားသည်။

'' အဲ့ဒါဆို သားခွန်းက တိမ်တိုက် အခန်းထဲမှာပဲ အိပ်.......''

'' ဟာ မေမေကလည်း အပြင်က ဆိုဖာက ကြီးတာပဲကို အဲ့မှာပဲအိပ်ခိုင်းလိုက် ။
ကိုခွန်း ကိုယ်ကအကြီးကြီးပဲ သားကုတင်နဲ့မဆန့်ဘူး ''

ဪ အေးအေး ဟိုတစ်ခါ အိပ်သွားတာ ခွန်းမာနမောင် မဟုတ်ဘူးဆိုတော့လေ။

ဒေါ်ယုယမြိုင် စကားမဆုံးခင် တိမ်တိုက်ဝင်ပြောသည်။ သူစိတ်ကောက်နေသည့်အကြောင်းကို ခွန်းသိအောင် လုပ်ရမည်။

'' ဟုတ် ရပါတယ် အန်တီ။ ကျွန်တော်အပြင်မှာပဲအိပ်လို့ရပါတယ် ''

ခွန်းက အသာတကြည်လက်ခံတော့ တိမ်တိုက်သိပ်မကျေနပ်ပေ။ မသိရင် သူကပဲ အသားလွတ်ကြီး ရန်ရှာနေသည့်ပုံပေါက်နေသည်။
ဟုတ်လည်းဟုတ်တာပဲကို တိမ်တိုက်ရယ်။

'' အခန်းထဲသွားတော့မယ် မေမေ့ ဧည့်သည်ကိုမေမေ့ဘာသာ ဧည့်ခံလိုက်တော့ ဟွန့် ''

ခွန်းကို မျက်စောင်းမမည်သော ယောကျာ်း မျက်စောင်းဖြင့် တစ်ချက်ထိုးပြီး စားပွဲဝိုင်းကထလိုက်သည်။

'' ကြွ ကြွ ငါ့သား ကို ငါ့ဘာသာ စီစဥ်ပေးလိုက်မယ် ''

တိမ်တိုက်တစ်ယောက် ဆူပုတ်ဆောင့်အောင့်ကာ ထွက်သွားပြီး သူ့အခန်းတံခါးကိုလည်း ဝုန်းခနဲ အသံမြည်အောင် ပိတ်လိုက်သေးသည်။

'' တကယ် မနိုင်စိန်ပါကွယ်....တိမ်တိုက်က ဆိုးတယ်မလား သား ''

'' ဆိုးတယ် အန်တီရေ ကျွန်တော့်ကို ဘုရားလိုက်မပို့ပေးလို့တဲ့ စိတ်ကောက်နေတာ ''

'' အေးကွယ် မင်းကပဲ သည်းခံပေးပါဦး ။ သူကအဲ့လိုပဲ အလိုလိုက်တဲ့သူဆို အရမ်းဆိုးတာ ''

'' ဟုတ် အန်တီ။ ဒါနဲ့ အန်တီ နေရောကောင်းရဲ့လားဟင် မျက်နှာက နည်းနည်းညှိုးနေသလားလို့။ အသံကလည်း အားမရှိသလိုပဲ ဆေးခန်းသွားပြမလား ကျွန်တော်လိုက်ပို့ပေးမယ်လေ ''

'' ရပါတယ်ကွယ်...နည်းနည်း ပင်ပန်းထားလို့ပါ အနားယူလိုက်ရင်ကောင်းသွားမှာပါ ''

ပြောရင်း စားပြီးသားပန်းကန်တွေ သိမ်းနေလေသည်။

'' ထားခဲ့လိုက်အန်တီ ကျွန်တော်သိမ်းလိုက်မယ် အန်တီသွားနားတော့ ''

'' မဟုတ်တာကွယ် အားနာစရာကြီး ''

'' ဟာ အားမနာပါနဲ့ အန်တီရယ် ကိုယ့်တူ ကိုယ့်သားလိုပဲ သဘောထားပါ ''

ခွန်း ပန်းကန်တွေကို ဘေစင်ဘက် သယ်သွားကာ စားပွဲပေါ်ကဟာတွေကိုလည်း သေချာရှင်းလိုက်သည်။ ပြောမရတော့သည်မို့ ဒေါ်ယုယမြိုင်လည်း ဧည့်ခန်းဘက်ထွက်လာလိုက်တော့သည်။

ခွန်းပန်းကန်တွေ ဆေးနေတုန်း တိမ်တိုက် မီးဖိုချောင်ထဲ ဝင်လာသည်။ ခွန်းလှည့်ကြည့်တော့ မျက်စောင်းတစ်ချက်ထိုးကာ ရေခဲသေတ္တာထဲက ပန်းသီးတစ်လုံးကို ယူသွားပြီး အခန်းထဲ ပြန်ဝင်သွားသည်။

သည်နဂါးပေါက်လေးက သည်နေ့ မျက်စောင်းထိုးရတာ သဘောခွေ့နေပုံပင်။

ခွန်းပန်းကန်ဆေးပြီး ပြန်ထွက်လာတော့ TV ရှေ့တွင် ထိုင်ကာ ဇက်ကို ဘယ်ချိူးညာချိူး လုပ်နေသော ဒေါ်ယုယမြိုင်ကို တွေ့ရသည်။ ခွန်းအနားကိုလျှောက်သွားလိုက်ကာ

'' အန်တီ ကျွန်တော် နှိပ်ပေးမယ် ''

'' ရပါတယ် သားရယ် ''

'' အားမနာပါနဲ့ဆို အန်တီရာ ဟိုဘက်လှည့် ကျွန်တော်နှိပ်ပေးမယ်နော် ''

ခွန်း ဘေးတစ်စောင်း ဝင်ထိုင်ကာဒေါ်ယုယမြိုင်ကို သေချာနှိပ်ပေးသည်။

'' သား လက်က ပေါက်လိုက်တာကွယ် ။နှိပ်ပေးနေကျလား ''

'' ရွာမှာဆိုရင်တော့ မွေးစားအဖေကို နှိပ်ပေးနေကျ အန်တီရဲ့ ''

'' ဟုတ်လား ဒါနဲ့ အန်တီ သိချင်တာ တစ်ခုရှိတယ်။ သားမိဘတွေက မရှိတော့ဘူးဆိုတော့ ဆုံးသွားကြတာလား ဒါမှမဟုတ် အဝေးမှာရှိသေးတာလား ။ သားမှာညီအကို မောင်နှမတွေရော ရှိသေးလား ''

'' အဝေးမှာရှိနေကြတာပါ။ ကျွန်တော့် မှာက အကိုတစ်ယောက် ညီမလေးတစ်ယောက်ရှိတယ် ''

'' ဟုတ်လား သားကအလတ်ပေါ့ သူတို့ကရော ဘယ်လိုနေကြတာလဲ သားလိုပဲလား ''

ခွန်းတို့ကို မိဘမဲ့ဂေဟာ က ကလေးတွေလို့ထင်လိုက်တာကြောင့်မေးခြင်းဖြစ်သည်။

'' အကိုကြီးကတော့ မေမေနဲ့ နေတယ်။ ညီမလေးကတော့ ဖေဖေ နဲ့နေတယ် ''

'' ဟင် သား ကရော ဘာလို့ ဘယ်သူနဲ့မှလိုက်မနေတာလဲ ''

ဒေါ်ယုယမြိုင်အံ့ဩသွားသည်။ မိဘမဲ့တွေမဟုတ်ကြပဲ ခွန်းတစ်ယောက်တည်းသာ မွေးစားအဖေနှင့်နေနေတာဖြစ်သည်။

'' အမှန်တော့ ကျွန်တော် ငယ်ငယ်တုန်းက ဖေဖေနဲ့မေမေ ရန်ဖြစ်ပြီး ကွာကြတယ်ပေါ့ အန်တီရယ်။ အဲ့ဒီမှာ ဖေဖေက ညီမလေးကိုခေါ်သွားပြီး မေမေက အကိုကြီးကိုခေါ်သွားတာ ကျွန်တော့်ကို ဒီအတိုင်း ဘာမှမပြောကြပဲ ပိုက်ဆံတစ်ထုပ်နဲ့ အိမ်အလွတ်ကြီးမှာ ထားခဲ့ကြတာ။ အဲ့တာကို ရွာက ကျူရှင်ဆရာက ခေါ်ပြီးမွေးစားထားတာ ။ အဲ့ကနေမှ ကျွန်တော် ဒီအထိ ရောက်လာတာ ''

'' အို ငါ့သားရယ် ဆိုးလိုက်တဲ့ ကံပါလားနော် လိမ္မာတဲ့ကလေးမှ ဒီလိုအဖြစ်ဆိုးမျိူးကြုံရတယ်လို့ ''

'' ကျွန်တော်ကလေ ဒီလိုမျိူး အန်တီ့ကို နှိပ်ပေးသလို ညမအိပ်ခင် မိဘတွေကိုခြေစုပ်လက်နှယ် ပြုစုပေးချင်တာ ။ တစ်ခါတလေပါပဲ အမေဆိုတာမျိူးကို ကျွန်တော် တကယ်တောင့်တမိတယ်။ အမေချက်ကျွေးတဲ့ ထမင်းဟင်းတွေပဲစားပြီးကြီးပြင်းချင်ခဲ့တာ။ အမေဆိုတဲ့အမျိူးသမီးနားကပ်ပြီး တိမ်တိုက်က
အန်တီ့ကိုဆိုးသလိုမျိူး ကျွန်တော်ဆိုးကြည့်ချင်ခဲ့တာ ။ ဒါပေမယ့် ဒါတွေက စိတ်ကူးယဥ်ရုံသက်သက်ပါပဲ ဘယ်တော့မှလည်း အမှန်တကယ်ဖြစ်လာမှ မဟုတ်ဘူး။ ပြီးတော့ သူတို့တွေ ကျွန်တော့်ဆီလည်း ဘယ်တော့မှပြန်လာကြမှာမဟုတ်ဘူး။ ကျွန်တော်က ကျန်ခဲ့တာမဟုတ်ပဲ သက်သက်ချန်ထားခံခဲ့ရတာမို့။ ကျွန်တော်က သူတို့မလိုချင်လို့ ပစ်ချခဲ့တဲ့ ကလေးတစ်ယောက် သာသာပါပဲ ''

နှိပ်ပေးနေသော ခွန်းလက်တွေ အားလျော့ကုန်သည်။ ဒါတွေပြောမိရန် မကြံစည်ထားသော်လည်း အခြေအနေ အကြောင်းကြောင့် နှုတ်က တရစပ်ထွက်သွားခြင်းဖြစ်ကာ....မျက်ရည်တို့ပါရစ်သိုင်းလာသည်။

တိမ်ဝင်သွားသော အသံတို့ကြောင့် ဒေါ်ယုယမြိုင်တစ်ယောက် အနောက်ကိုလှည့်ကြည့်လိုက်တော့ သူမထင်သည့်အတိုင်းပင် ထိုသူငယ်လေးမျက်ဝန်းမှာ မျက်ရည်စတွေဝေ့နေသည်။

ပြောနေတဲ့သူတော့မသိ နားထောင်နေရတဲ့သူမတောင် ရင်ထဲတဆစ်ဆစ်နာကျင်ရသည်။

ငိုလုဆဲဆဲ အရှေ့က ကလေးကြီးကို ဒေါ်ယုယမြိုင် ရင်ခွင်ထဲထည့်လိုက်ကာ ကျောကုန်းကို အသာပွတ်ပေးပြီးနှစ်သိမ့်တော့ ခွန်းတစ်ယောက် ရှိုက်သံထွက်လာသည်။

အားကိုးရာ ရင်ခွင်တွေ့သွားသည့်ကလေးလို သန်မာပါတယ်ဆိုသည့်ခွန်းကလည်း ဝမ်းနည်းစွာငိုရပြန်သည်။

ဘယ်လောက် စိတ်မာသည်ပြောပြော ခွန်းဟာလည်း လူသားထဲက လူပါပဲလေ။

'' အို....ကလေးရယ် ။ စိတ်မကောင်းစရာတွေ တွေးမနေနဲ့တော့ အန်တီတစ်ယောက်လုံးရှိတယ် ။ သားကလည်း အန်တီ့သားပါပဲကွယ်။ မင်းစားချင်တာတွေအမေချက်ကျွေးမယ်။ တိမ်တိုက်လို ဆိုးလည်းရတယ်။ ဖြစ်မလာတော့တဲ့အရာကို ဝမ်းနည်းမနေနဲ့တော့။ ဒီက အမေက သားမေမေဖြစ်ပေးမယ် ဟုတ်ပြီလား တိတ်....တိတ်...မငိုနဲ့တော့ တိမ်တိုက်ထွက်လာရင် သားကိုလှောင်ဦးမယ် ။ ''

ထိုအခါမှ ငိုတာကိုချက်ချင်းရပ်ပြီး ခေါင်းထောင်လာသည်။ ဒေါ်ယုယမြိုင်က ပါးပေါ်က မျက်ရည်စတို့အား သူမလက်ဖြင့်ဖယ်ရှားသန့်စင်ပေးသည်။

သည်လိုကျပြန်တော့လည်း သားတစ်ယောက် ကောက်ရလိုက်သလိုပင်။ တစ်နေ့လုံး စိတ်ထဲရှိနေတဲ့ ကိစ္စကိုတောင် မေ့လုနီးပါးဖြစ်နေသည်။

'' အားနာလိုက်တာအန်တီရယ် အန်တီပင်ပန်းနေတာကို မလိုတာတွေပြောမိပြီ ''

'' ရပါတယ်သားရယ်... မင်းအလိုရှိရင် အန်တီလို့မခေါ်နဲ့တော့ အမေလို့ပြောင်းခေါ်ပေါ့ မင်းကို အမေမွေးစားလိုက်မယ်လေ ''

'' အဲ့လိုရလား.....အမေ ''

'' ဒါပေါ့ ''

ခွန်း ပျော်လွန်း၍ ဒေါ်ယုယမြိုင်ကို သူ့အားကြီးနဲ့ ဆွဲဖက်လိုက်လေ သည်။

မဟုတ်လည်း တိမ်တိုက်အမေက သူ့အမေ ဖြစ်လာမှာပဲလေ။

'' ဟိုသားအမိ ကျွန်တော် အိမ်ထောင်စု စာရင်းထဲက ထွက်ပေးရမလား ခင်ဗျ ''

ညအိပ်ဝတ်စုံလဲပြီး ခေါင်းအုံးလေးပိုက်ကာ ထွက်လာသော တိမ်တိုက်က ရွဲ့သလိုလို ပြောသည်။
ဒေါ်ယုယမြိုင်၏ အမေလို့ ပြောင်း ခေါ်ဆိုပြီး ပြောကတည်းက ရောက်နေတာဖြစ်သည်မို့ အကဲပိုနေကြသူနှစ်ဦးအား တိမ်တိုက် ကြည့်မရတော့။

'' တိမ်တိုက် မအိပ်သေးဘူးလား ''

'' အခန်းထဲမှာ ပိုးဟပ်တွေ နဲ့ မအိပ်ချင်ဘူး ။ ဒီဆိုဖာမှာအိပ်မှာ ကိုခွန်း အထဲသွားအိပ် ''

'' အပြင်မှာ အေးမှာပေါ့ တိမ်တိုက်ရ ''

'' မသိဘူး အပြင်မှာပဲ အိပ်မယ် ကိုခွန်းအထဲသွား ''

နှုတ်ခမ်းကြီးဆူကာ အလိုမကျ စွာ ပြောနေသည်။ ဒေါ်ယုယမြိုင် ကတော့ သူ့သား ဆိုးနေပုံ ကိုကြည့်သဘောကျနေသည်။

'' ဖယ်ကြတော့ဗျာ အိပ်ချင်နေပြီ ''

လူနှစ်ယောက် ရဲ့ နောက်ကျောကနေ ခေါင်းအုံးကို လှမ်းချကာ အတင်း တိုးဝင်သည်။ ဒေါ်ယုယမြိုင်က တိမ်တိုက် ကို လွှတ်ထားပေးရန် မျက်နှာရိပ် မျက်နှာ ကဲ ပြတော့ ခွန်းအသာ ခေါင်းငြိမ့်ပြီး လွယ်အိတ်ကို ဆွဲကာ တိမ်တိုက်အခန်းထဲဝင်ခဲ့သည်။ ဒေါ်ယုယမြိုင် ကလည်းသူ့အခန်းထဲသူဝင်သွားသည်။

ခွန်းအခန်းထဲ ရောက်တော့ တိမ်တိုက်ပြောသည့် ပိုးဟပ်ကိုလိုက်ရှာသည်။ တစ်ကောင် တမှီးမှ မတွေ့။

တကယ်တော့ တိမ်တိုက် ကစိတ်သာကောက်နေတာဖြစ်ပြီး ခွန်းအဆင်မပြေမှာကိုတွေးပူကာ ခွန်းကို အခန်းပေးလိုက်ခြင်းဖြစ်သည်။ အပြင်က ဆိုဖာက ကြီးသည်ဆိုတာ တိမ်တိုက် ခန္ဓာ ကိုယ်နဲ့ ဖြစ်သည်။ ခွန်းအိပ်လျှင် မနက်ကျ ကိုယ်လက်တွေ ကိုက်နေလိမ့်မည်။

ခွန်းရေချိူး အဝတ်အစားလဲကာ ကုတင်ပေါ် တက်အိပ်သည်။ မအိပ်လို့ကလည်းမရ အပြင်က စိတ်ကောက်နေသူကိုလည်းကြောက်ရသေးသည်။

၁ဝ နာရီလောက်ကျတော့ ခွန်းအပြင်ကို ထွက်ကြည့်သည်။ ဆိုဖာထက်တွင် ခွေခွေလေး တိမ်တိုက် အိပ်ပျော်နေသည်။ မည်မျှပင် ဆိုဖာက ကြီးကြီး အိပ်ရာလောက်တော့ ဘယ်ဟာမှ သက်တောင့်သက်သာ မရှိပေ။

သို့သော် အသက်ရှူ သံမှန်မှန်နှင့် တိမ်တိုက် အိပ်မောကျနေသည်။ တစ်ခွက်စာကျန်နေသော ဆေးအရှိန်​ကြောင့်လည်း ပါလိမ့်မည်။

ခွန်း တိမ်တိုက်ကို ဒူးခေါင်းအောက်မှ လက်ထိုးထည့်ကာ ပွေ့ချီလိုက်တော့ ခန္ဓာ ကိုယ်ပေါ့ပေါ့လေးက အလွယ်တကူ လေထဲမှာ ပါလာသည်။ လူတစ်ကိုယ်လုံး မြောက်တက်သွားတာတောင် ပေါက်စက မနိုးသေးပေ။

စိတ်ချရတဲ့ ချစ်သောပါပဲ။

နောက်....အခန်းထဲက ကုတင်ပေါ် အသာချကာ စောင်ခြုံပေးလိုက်သည်။ နောက်တော့ ခွန်း တံခါးတွေ ပိတ်ပြီး တိမ်တိုက်ဘေးဝင်လှဲကာတိမ်တိုက်ခေါင်းလေးကို အသာမပြီး သူ့လက်မောင်းပေါ်တင်ကာ ခေါင်းအုံးစေသည်။ တဖြည်းဖြည်း သူ့ဘက်ဆွဲရင်း တိမ်တိုက်ကိုယ်လေးကို ရင်ခွင်ထဲ နစ်ဝင်စေသည်။

ကြက်တောင်စီး လေးကြောင့်ပြောင်တင်းနေသောနဖူးလေးထက်တွင် အနူးညံ့ဆုံး အနမ်းလေးတစ်ပွင့်ကို သက်ဆင်းစေကာ ညရဲ့ အိပ်စက်ခြင်းကို စတင်လိုက်တော့သည်။

16.5.2022

( Zawgyi)

'' ေမြးေန႕ ဘယ္သြားခ်င္လဲ တိမ္တိုက္ ေမာင္လိုက္ပို႔ေပးမယ္ ''

အိမ္ျပန္ရန္ကားဂိတ္သို႔လမ္းေလွ်ာက္ေနစဥ္ ခြန္းက ႐ုတ္တရက္ေမးလာသည္မို႔ တိမ္တိုက္ သူ႕ေမြးေန႕ သူျပန္စဥ္းစားေနရသည္။ ဩဂုတ္လေနာက္ဆုံးအပတ္ထဲက ေန႕တစ္ေန႕က တိမ္တိုက္ ေမြးေန႕။

'' ဪ ဟုတ္သား ေမြးေန႕ေတာင္ နီးေနၿပီ ဘယ္သြားရင္ေကာင္းမလဲေနာ့္ ''

အညိုေရာင္လက္ေမာင္းထက္တြင္ ျဖဴျဖဴသြယ္သြယ္ လက္ေသးေသးေလးေတြက အားကိုးတႀကီး ဖက္တြယ္ထားရွာသည္။ ရွားရွားပါးပါး မိုးေလကင္းစင္ေနေသာ ေန႕တစ္ေန႕ျဖစ္သည့္တိုင္ ညေနေစာင္းတဲ့ထိ မည္သည့္မိုးသားမွ ေရာက္မလာပဲ ေကာင္းကင္ႀကီးဟာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ကိုအျပာေရာင္တို႔ျဖင့္ ေတာက္ပေနသည္။ အေနာက္ရပ္ဝန္းမွာရွိတဲ့ ေကာင္းကင္ႀကီးကေတာ့ ဝင္ခါနီး ေနမင္းႀကီးေၾကာင့္ လိေမၼာ္ေရာင္သန္းေနေလသည္။

သည္လိုႏြေးေထြးလွပလြန္းတဲ့ညေနခင္းေတြမွာ ေမာင္နဲ႕အတူရွိခြင့္ရျခင္းက ဘယ္ဘဝက ေကာင္းခဲ့တဲ့ ဆုေတာင္းေတြပါလိမ့္...

'' သိၿပီ ''

'' ေျပာပါဦး ''

'' ခနေလး ဟိုဘက္ေရာက္ရင္ေျပာမယ္ ''

ခြန္း လက္ေမာင္းထက္က အႏြေးဓာတ္ေလး ပ်ယ္သြားသည္။ တြဲခိုထားေသာ လက္ေလးအား တိမ္တိုက္ကျပန္ယုတ္သိမ္းသြားကာ ဘယ္ၾကည့္ညာၾကည့္ျဖင့္ ကားလမ္းကူးရန္ လုပ္ေနသည္။ တိမ္တိုက္က ရန္ကုန္သားစစ္စစ္မို႔ ခြန္းထက္ လမ္းကူးကြၽမ္းမွန္းသိသည္။ သို႔ေသာ္လည္း ဒီေသးေသးေလးက ေျခဆုံးေခါင္းဆုံးၾကည့္လိုက္လွ်င္ စိတ္ခ်စရာတစ္ကြက္မွရွိမေနပါ။

ကားလာသည့္ဘက္ကေန ခြန္းဝင္ရပ္ကာ တိမ္တိုက္ကို သူ႕အေနာက္သို႔ဆြဲပို႔လိုက္ၿပီး ကားရွင္းသည္အထိေစာင့္သည္။ သို႔ေပမယ့္ ရွည္လြန္းေသာ အေမာင္တိမ္တိုက္ႀကိဳးက ခြန္းအေနာက္က ထြက္ကာ ကားလာသည္ဘက္ကို သူကအေရွ႕ကေန သြားရပ္သည္။

အဲ့သည့္အခ်ိန္မွာ ခြန္း စိတ္ထဲ ကသိကေအာက္ျဖစ္သြားသည္။ အားကိုးေစခ်င္ပါတယ္ဆိုေန သူကခ်ည္း ေတာ္ခ်င္တတ္ခ်င္လုပ္ေနသည္။

တိမ္တိုက္က ေနမေကာင္းသည့္အခ်ိန္ေလာက္ပင္ အနားနားကပ္ကာ ဟိုဟာလုပ္ေပးဒီဟာလုပ္ေပးဟု တဂ်ီဂ်ီလုပ္၍ ခြၽဲေနတတ္ေသာ္လည္း ပုံမွန္အခ်ိန္မ်ားတြင္ သူတတ္နိုင္သည့္ကိစၥေတြအား ခြန္းအကူအညီကိုယူေလ့မရွိေပ။

ခြန္းကလည္း ေသးေသးမႊားမႊား ေလးေတြကအစ သူ႕ကိုအားကိုးတာခံခ်င္သည္။ တိမ္တိုက္က သူ႕ကိုလိုအပ္ေနတာမ်ိဳးသာ အၿမဲျဖစ္ေစခ်င္သည္။

'' ဒီဘက္ကိုလာ... ''

တိမ္တိုက္လက္ကိုဆြဲကာ တျခားဘက္ကို ပို႔ျပန္သည္။

'' ရတယ္ေမာင္ ကြၽန္ေတာ္ ကူးတတ္....''

'' မၾကားခ်င္ဘူးကြာ ေမာင့္ေနာက္မွာပဲေန ''

တိမ္တိုက္ေျပာလို႔ေတာင္မဆုံးသည့္အခ်ိန္တြင္ ၾကားကအသံခပ္တင္းတင္းျဖင့္ ဝင္မာန္သည္။ တိမ္တိုက္မွာေတာ့ ဘုမသိဘမသိျဖင့္ ဇက္ကေလးေတာင္ ပုဝင္သြားသည္။ အလကားေနရင္း အေအာ္ခံလိုက္ရတာကိုး...

ေနာက္ ကားေတြၾကား တိမ္တိုက္လက္ကိုဆြဲကာ ခြန္းက အေရွ႕ကေန သြားသည္။ တိမ္တိုက္ကေတာ့ အေနာက္ကေန သူ႕ခ်စ္သူကို နားမလည္သလိုလုပ္ရင္းပါသြားသည္။ ဟိုဘက္ကားဂိတ္ေရာက္ေတာ့ တိမ္တိုက္ လက္ကို ျဖည္းျဖည္း လႊတ္ခ်ေပးလိုက္သည္။

ကားဂိတ္တြင္ လူသိပ္မရွိသည္မို႔ ခြန္းနား နည္းနည္းတိုးကပ္လိုက္ၿပီး လက္ေမာင္းနားက အကၤ်ီ စကို လက္ညိုးႏွင့္ လက္မေလးသုံးကာ အသာဆြဲရမ္းလိုက္သည္။ ခပ္တည္တည္ ေနေနသည့္ ခြန္းက လႈပ္ရမ္းေနေသာ လက္အကၤ်ီစေၾကာင့္ အေနာက္ကို ခပ္ေစာင္းေစာင္းၾကည့္လိုက္ေတာ့ အေကာင္ေပါက္က သူ႕အားေမာ့ကာ သြားတက္ေတြ ထုပ္ျပၿပီးစပ္ၿဖဲၿဖဲလုပ္ေနသည္။

'' ဟီးဟီး ''

'' ဘာလဲေျပာ ''

ခြန္းအသံက တမင္လုပ္ယူထားေသာ ခပ္ျပတ္ျပတ္အသံျဖစ္သည္။

'' ေမြးေန႕ ဘယ္သြားခ်င္လဲေျပာလို႔ရၿပီလား ''

'' အင္းေျပာ ''

'' ဘုရားသြားရေအာင္..... ေမာင္နဲ႕အတူ ဘုရားသြားခ်င္တာ ''

'' ဘယ္ဘုရားလဲ ''

'' ေရလည္ေက်ာက္တန္း ''

တိမ္တိုက္ဆီမွစကားၾကားၿပီး ခြန္းမိနစ္အေတာ္ၾကာ တိတ္သြားသည္။ တိမ္တိုက္က သူစီးရမည့္ကားေတြေရာက္လာေသာ္လည္း အေျဖမေပးေသးေသာခြန္းေၾကာင့္အနားမွာ ေပကပ္ေနသည္။ သိပ္မၾကာခင္ ကားဂိတ္သို႔လူမ်ားစုၿပဳံၿပီးမ်ားလာသည္မို႔ ခြန္း အကၤ်ီ စကိုလႊတ္ကာ ခြန္းနားက အနည္းငယ္ခြာလိုက္သည္။

ေမာင္က လူေတြအာ႐ုံစိုက္ခံရတာမႀကိဳက္ဘူးေလ....

ခြန္းက ကားဂိတ္ရွိ လူေတြစုၿပဳံေနသည့္ေနရာမွ လူရွင္းေသာ ခပ္လွမ္းလွမ္းက သစ္ပင္ေအာက္ကို ေလွ်ာက္သြားသည္။ တိမ္တိုက္လည္း အေနာက္က ထပ္ၾကပ္မကြာလိုက္ကာ ခြန္းအေနာက္ ဝင္ရပ္သည္။ ထိုအခါမွ ခြန္းက တိမ္တိုက္ဘက္ မ်က္ႏွာခ်င္းဆိုင္လွည့္လိုက္ၿပီး လက္ကိုဟန္ပါပါ ပိုက္လိုက္သည္။

'' တျခားဟာေျပာ ''

'' ဟင္ ''

'' တျခားဘုရားေျပာလို႔ ေက်ာက္တန္းဘုရားကေတာ့ ေမာင္လိုက္မပို႔နိုင္ဘူး ''

လူေတြႏွင့္လွမ္းသည္မို႔ သူတို႔ႏွစ္ေယာက္ စကားေျပာေနသည္ကို ၾကားၾကမွာမဟုတ္ေပ။

'' ဘာလို႔လဲ ကြၽန္ေတာ္က အဲ့ဘုရား မေရာက္ဖူးလို႔ဟာကို..။ၿပီးေတာ့ ေမာင့္႐ြာနဲ႕လည္းနီးတာပဲ''

'' မရဘူး ေက်ာက္တန္းဘုရားကလြဲရင္ က်န္တာေျပာ... ပုဂံဆိုရင္ေတာင္ ေမာင္ေရာက္ေအာင္လိုက္ပို႔ေပးမယ္ ''

ခြန္းက ခါးခါးသီးသီး ကိုျငင္းေနေတာ့သည္။ ခြန္းဘာလို႔ျငင္းသည္ဆိုတာကိုေတာ့ တိမ္တိုက္ မသိေပ။ သူသိတာတစ္ခုက သူေက်ာက္တန္းဘုရားကိုသြားခ်င္သည္။ ရန္ကုန္မွာရွိသည့္ဘုရားအေတာ္မ်ားမ်ားႏွင့္ ပုဂံ က်ိဴက္ထီးရိုးကဲ့သို႔ေသာ တျခားတန္ခိုးႀကီးဘုရားေပါင္းစုံေရာက္ဖူးေသာ္လည္း ေရလည္ေက်ာက္တန္းကို လုံးဝမေရာက္ဖူးေသးေခ်။

စက္ေလွႏွင့္တစ္ဆင့္ စီးၿပီးမွ သြားရသည့္ဘုရားမို႔ တိမ္တိုက္ေရာက္ဖူးခ်င္လွသည္။ သို႔ေသာ္ ခြန္းကလည္း လုံးဝအေလ်ာ့ေပးမည့္ပုံေပါက္မေနေခ်။

'' တျခားဘုရားသြားၾကရေအာင္ ေနာ္ ။ေမာင့္ တိမ္တိုက္ေလးက လိမၼာပါတယ္ ေမာင့္စကားနားေထာင္ေနာ္ ''

တိမ္တိုက္ ပုခုံးတစ္ဖက္ကို ခြန္းလက္တစ္ဖက္ျဖင့္ အသာတင္ၿပီး ေခ်ာ့ေမာ့ေျပာသည္။

အရာရာ အေလ်ာ့ေပးလာေသာ တိမ္တိုက္ကလည္း သည္တစ္ခါေတာ့ခြန္းကိုစမ္းၾကည့္ခ်င္သည္။ အရင္က ဘာေနေန ခြန္းသေဘာအတိုင္းသာျဖစ္ေစခဲ့ေသာ္လည္း သည္တစ္ခါကေတာ့ သူ႕ေမြးေန႕ျဖစ္သည့္အျပင္ ခြန္း၏ အလိုလိုက္မႈအတိုင္းအတာကိုလည္း သိခ်င္တာေၾကာင့္ လုံးဝ အေလ်ာ့မေပးဖို႔ဆုံးျဖတ္လိုက္သည္။

'' မသိဘူးေနာ္ ေရလည္ေက်ာက္တန္းလိုက္မပို႔ရင္ ဘယ္မွလည္းမသြားဘူး။ေမာင့္ကိုလည္းမေခၚေတာ့ဘူး ဒါပဲ ''

ပုခုံးေပၚက လက္တစ္ဖက္ကို တြန့္ကာ ဖယ္လိုက္ေစၿပီး စိတ္ဆိုးသည့္ပုံစံျဖင့္ ေျပာကာ ေရာက္လာသည့္ YBS ေပၚကို ေဆာင့္ေအာင့္ကာ ေကာက္တတ္သြားသည္။ ခြန္းက လူၾကားထဲ လိုက္ေခ်ာ့ေလ့မရွိတာကို သိတာေၾကာင့္ လူၾကားထဲသက္သက္ ေကာက္ျပလိုက္ျခင္းျဖစ္သည္။

အဲ့တာမွ ကလိကလိျဖစ္ၿပီး က်န္ခဲ့မွာ။
ဒီအခ်ိန္က လက္စားေခ်ဖိဳ႕အေကာင္းဆုံးအခ်ိန္ပင္။

လက္ရွိအေနအထားအရ ခြန္းက သူ႕ကို ပထမ ထြဋ္ေခါင္ ႏွင့္ ကိစၥေၾကာင့္ အားနာေနတုန္းဆိုတာ တိမ္တိုက္ေကာင္းေကာင္းႀကီးသိသည္။ ဒါ့ေၾကာင့္လည္း နည္းနည္းပညာျပလိုက္ျခင္းျဖစ္သည္။ ေရလည္ဘုရား ကို မသြားရလည္း တိမ္တိုက္အတြက္ ျပသာနာမရွိသလို ခြန္းက ကန့္ကြက္ေနတာေၾကာင့္လည္း သြားခ်င္စိတ္က သိပ္မရွိေတာ့ေပ။ သို႔ေသာ္ ခြန္းစိတ္ကိုသိခ်င္တာေၾကာင့္ သက္သက္ ညစ္ျခင္းျဖစ္သည္။

အလိုလိုက္ေလ ေရာင့္တက္ေလ ဆိုတာမ်ိဴးကို တိမ္တိုက္ႀကိဳး ကေကာင္းေကာင္းႀကီး ပုံေဖာ္ေနသည္။

ကားေပၚသို႔တက္လာၿပီး ျပတင္းေပါက္ ေဘးမွာ ဝင္ထိုင္လိုက္သည္။ မ်က္လုံးေထာင့္ကေန သစ္ပင္ေအာက္က အနက္ေရာင္ ပုံရိပ္၏ ဂနာမၿငိမ္ေနေသာ ပုံစံကို ျမင္ေနရသည္။ တစ္ခ်က္မွ လွည့္မၾကည့္ပဲ ခပ္တည္တည္သာေနၿပီးေနာက္ ကားေလးက တျဖည္းျဖည္း မွတ္တိုင္ႏွင့္ေဝးကြာလာသည္။

'' ဟြန့္..သိသားပဲ..ခ်ီး တစ္ကိုယ္ေကာင္းသမားႀကီး သူျဖစ္ခ်င္တာပဲသိတယ္ ''

ကားေပၚမွာ တိမ္တိုက္တစ္ေယာက္တည္း တိုးတိုးေလး ခြန္းကို က်ိန္ဆဲေန သည္။

ကြယ္ရာမွာမို႔ေျပာရဲတာေပါ့ေနာ္ ေရွ႕တြင္ေတာ့ တေမာင္ေမာင္နဲ႕ေပါ့။

ကားဂိတ္တြင္က်န္ရစ္ခဲ့သူကေတာ့ ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိျဖစ္ေနသည္။ ျပန္တည့္ထားတာမွမၾကာေသးတာကို စိတ္ထပ္ေကာက္သြားေသာ တိမ္တိုက္ေၾကာင့္ ခြန္းစိတ္ထဲ ျပာယာခတ္ေနေတာ့သည္။ ဒီကေလးကို ထပ္မနာက်င္ေစရပါဘူးလို႔ ေတြးထားၿပီးမွ ဒီလိုျဖစ္သြားတာေၾကာင့္ ခြန္း ေနမထိထိုင္မသာျဖစ္ရသည္။ ထို႔ျပင္ လူေတြအမ်ားႀကီးမို႔ ကားေပၚထိလိုက္ၿပီးလည္း မေခ်ာ့နိုင္။
ဖုန္းေတြေခၚသည္ အေကာင္ေပါက္က မကိုင္ပဲ ခ်ခ်ပစ္သည္။ လုံးဝ စိတ္ဆိုးေနသည့္ပုံပင္။ သူ႕ဆႏၵကိုမလိုက္ေလ်ာမခ်င္း ေက်နပ္မည့္ပုံမေပၚ။

ခြန္းေတာ္ေတာ္ေလး အခက္ေတြ႕ေနသည္။ ေက်ာက္တန္းဘုရားကို တစ္ေယာက္တည္း ဆို မၾကာခဏ ေရာက္ေသာ္လည္း တိမ္တိုက္ႏွင့္သြားဖို႔က် မသြားခ်င္ျဖစ္ေနသည္။ဘာလို႔ဆို တိမ္တိုက္က သူ႕ခ်စ္သူေလ။

.......................

ရွန္မင္း ကိုကို႔ကို ေက်ာင္းကေန ေခၚထုတ္လာၿပီး ပထမဆုံး ေ႐ႊတိဂုံ ဘုရားသြားၾကသည္။ ေ႐ႊသကၤန္း အတူကပ္ကာ အလႉေငြျဖတ္ပိုင္းတြင္လည္း '' ရွန္မင္းခက္ + ေစာမဟာေသြး '' ဟု အလယ္မွာ အေပါင္းလကၡဏာခံကာ ေရးခိုင္းေသးသည္။ ပထမဆုံးေန႕မွာ အလႉဒါနျပဳၾကသည္ေပါ့။

ဘားေတြ ကလပ္ေတြမွာသာ ေပ်ာ္ေမြ႕ေနေလေသာ ရွန္မင္းတစ္ေယာက္ ကိုကိုနဲ႕က်မွ ဘုရားေတြဘာေတြေရာက္ေနသည္။ သို႔ေသာ္အေကာင္းသြားသည္ဟုမထင္လိုက္ပါႏွင့္။ မကြဲမကြာအၿမဲေပါင္းရပါေစသားဟု ဘုရားကို အပူသြားကပ္ျခင္းျဖစ္သည္။

ဆုေတာင္းပုံကလည္း

'' လတိုင္း ကိုကိုသာ အနားမွရွိေနရင္ လတိုင္း ေ႐ႊသကၤန္းလာလႉပါ့မယ္ ဘုရား ''
တဲ့ေလ။ ခါတိုင္း အိမ္ကဘုရားေတာင္မကန္ေတာ့သည့္ရွန္မင္းက အခုမွ ဘုရားတရားကိုင္းရွိုင္းေနေတာ့သည္။

ပိုင္ဆိုင္ခြင့္ရလိုက္သည္ႏွင့္ တစ္ၿပိဳင္တည္း ဆုံးရႈံးရမွာေၾကာက္လာမိၿပီး ဘုရားကို လိုသုံးလာလုပ္ေနျခင္းျဖစ္သည္။

ကိုကိုျပန္ပေလးသြားမွာေၾကာက္ေနပုံရသည္။ သူမ်ားေတြကို သူပေလးခဲ့တာနည္းတာမွ မဟုတ္ ။ဝဋ္ဆိုတဲ့အရာကို သူေကာင္းေကာင္းႀကီးခံစားၿပီးၿပီျဖစ္၍ ဖင္တုန္ေအာင္ေၾကာက္ေနေတာ့သည္။

ဘုရားကအျပန္ အိမ္ကိုပါတခါတည္းေခၚကာ ေမေမႏွင့္မိတ္ဆက္ေပးလိုက္သည္။ တခါတည္း အၿပီခ်ဴပ္ထားလိုက္သာ။

'' ေမေမ ဒါ ေစာမဟာေသြး တဲ့ သားေကာင္ေလး။ ေမေမ သေဘာတူတယ္မလား တူလိုက္ေနာ္ ။ ဘာလို႔ဆို
အေမ့သားမက္က တိုင္းရင္းသားေလး ''

'' မင္း ဘယ္လိုျဖစ္ေနတာလဲ ''

ကိုကိုက ရွန္မင္းခါးကို တံေတာင္နဲ႕တြတ္ရင္း အန္တီခိုင့္ကို အားနာသလိုရယ္ျပသည္။

ဘယ္ ရည္းစား မွအိမ္ေခၚလာေလ့မရွိတာေၾကာင့္ ကိုကို႔ကို အိမ္ေခၚသြားေသာအခါ၌ ေဒၚခိုင္ခက္ဦး တစ္ေယာက္ကေတာ့ အႀကီးအက်ယ္ အံ့ဩေနသည္။
သူမ၏သား ေဂးဆိုတာကို သိထားေသာ္လည္း ဘယ္ေယာက်ာ္းေလးနဲ႕မွ သူမေရွ႕မတြဲဖူးေပ။ မိတ္ဆက္ေပးတာဆို ေဝးလာေဝး။

ရွန္မင္းေပြသည္ကို ထုတ္မေျပာေသာ္လည္း သူမ သားအေၾကာင္း သူမသိသည္။ ဒါ့ေၾကာင့္လည္း ဘယ္သူနဲ႕မွ မိတ္ဆက္မေပးေသး တာဟု ထင္မိသည္။ သို႔ေသာ္ အခုမွ႐ုတ္တရက္ႀကီး သူႏွင့္႐ြယ္တူေကာင္ေလးတစ္ေယာက္ကိုေခၚလာၿပီး သားေကာင္ေလး ဟု မိတ္ဆက္ေပးလာသျဖင့္ အခုတစ္ေခါက္ေကာင္ေလးကို ရွန္မင္းက အတည္ဆိုတာကို သူမ ရိပ္မိေလသည္။

'' ဪ အခုတေလာ ေျခၿငိမ္ေနတာ ဒါ့ေၾကာင့္ကိုး ။ ေနာက္ဆုံးေတာ့ အတည္ ေတြ႕သြားၿပီေပါ့ ''

'' အင္း အင္း အတည္ အတည္ တကယ္ အတည္ ။ အာ့ေၾကာင့္ ေဖေဖ့ကို ကူေျပာေပးေနာ္ ''

ရွန္မင္း ျပာျပာယာယာ ေခါင္းတဆတ္ဆတ္ၿငိမ့္ကား ေျပာသည္။ ေဘးက ကိုကိုကေတာ့ ဒီသားအမိႏွစ္ေယာက္ၾကား မ်က္ႏွာပူကာ နီရဲေနေတာ့သည္။ သူမိတ္ဆက္ေပးပုံက ေသာက္ခ်ိဳးေျပမေနေပ။

'' ရွန္ခက္ ငါတို႔က ဒီေန႕မွ စတြဲတာေလ ဘယ္လိုျဖစ္ေနတာလဲ ''

ကိုကို ရွန္မင္း နားကို လက္ႏွင့္ကာ ကာတိုးတိုးေလးကပ္ေျပာသည္။ မွန္သည္ေလ အခုမွ ပထမဆုံးရက္ကို သူက မိဘေတြနဲ႕ပါမိတ္ဆက္ေပးၿပီး အတင္းသေဘာတူခိုင္းေနသည္။

'' ကိုကို မသိပါဘူး ၿငိမ္ၿငိမ္ေန ''

ရွန္မင္းလည္း ကိုကိုလုပ္သလို လက္ေလးကာ ကာတိုးတိုးေလးျပန္ေျပာသည္။

ေဒၚခိုင္ခက္ဦး ကေတာ့ ေရွ႕က တိုးတိုး တိုးတိုးလုပ္ေနေသာ သားႏွစ္ေယာက္ကို ေသခ်ာၾကည့္ေနသည္။

'' သားက တိုင္းရင္းသား ဆိုေတာ့ ကရင္လား ''

'' မဟုတ္.... ''

'' မဟုတ္ဘူးေမေမ ကိုကိုက ရွမ္း လူမ်ိဴး ''

ကိုကိုေျဖခါနီး ရွန္မင္းက ဝင္ေျဖေတာ့ ကိုကို႔မွာ ရွိုးတိုးရွက္တန့္။

'' ဟိုတေခါက္က ညဘက္ႀကီးျဖစ္ေနလို႔ေသခ်ာမႏႈတ္ဆက္လိုက္ရပါဘူးကြယ္ ဒါနဲ႕ သားက ရွန္မင္းတို႔ေက်ာင္းကပဲလား ''

'' မ..... ''

'' ကိုကိုက တိမ္တိုက္နဲ႕အတူတူပဲ ေမေမရဲ႕ ''

ဒီတစ္ခါလည္း ရွန္မင္းက ျဖတ္ေျဖျပန္သည္။ ေမးေနတာက ကိုကို႔ ကိုျဖစ္ကာ သူကခ်ည္းဝင္ေျဖေနသည္။

'' ဒါဆို နယ္ကေန ေက်ာင္းလာတက္တာေပါ့။ ဒီမွာ အမ်ိဴးေတြဘာေတြရွိတာလား ''

'' ဟုတ္...''

'' ဟုတ္တယ္ေမေမ...ကိုကို႔ အေဒၚ...''

'' ရွန္မင္းခက္! ''

ေဒၚခိုင္ခက္ဦး စိတ္မရွည္စြာ သူ႕သားကိုထေအာ္ေတာ့သည္။ ဘယ္ႏွယ့္ ေမးတာက တစ္ေယာက္ ေျဖတာက တစ္ေယာက္နဲ႕ သူ႕သား ေတာ္ေတာ္ျဖစ္ေနသည္။ ဟိုကေလးက ေျဖမလိုလုပ္တိုင္း သူက လွ်ာဝင္ရွည္ေနသည္။

'' ငါနင့္ကို ေမးလား ''

'' ေမေမကလည္း ဗ်ာ ကိုယ့္သားအခ်င္းခ်င္း ဘယ္သူေျဖေျဖအတူတူပဲကို ''

ရွန္မင္းခက္ တစ္ေယာက္ ေဆးမမွီေတာ့ပါ ။ေတာ္ေတာ္ေလးျဖစ္ေနသည္။

သူတို႔သားအမိ ရန္ျဖစ္ေနတာကိုေစာင့္ရင္း ေနာက္မွကိုကိုက ဝင္ေျဖေတာ့သည္။

'' ဟုတ္ကဲ့ အန္တီ သားက ဒီမွာအေဒၚေတြနဲ႕ လာေနေနတာပါ။ အေဒၚေတြကေတာ့ ေကာ္ဖီ ဆိုင္ေလးဖြင့္ထားပါတယ္ ''

'' ဪ ေအးေအး မင္းေတာ့ အန္တီ့သားဒဏ္ခံရေတာ့မွာပဲကြယ္ ဒီေကာင္က သိပ္ဆိုးတာကြဲ႕ ''

'' ဟာ ေမေမကဗ်ာ ခုမွေခၚလာတယ္ ခုပဲ အထုတ္ျဖည္ေနၿပီ ''

'' အမေလးေတာ္ ေနာက္ ငါမေျပာလည္း သိမွာပဲဟာ ။အဆန္းေတြလာလုပ္ေနတယ္။ နင္က သူမ်ားသားသမီးကို ဒုကၡေပးေတာ့မွာေလ ''

ရွန္မင္းႏွင့္ သူ႕အေမ ေဒါသေတြမပါပဲ အေပ်ာ္ရန္ျဖစ္ေနသည္ကို ကိုကိုၾကည့္ကာ ၿပဳံးရင္းသေဘာက်ေနသည္။ ရွန္မင္းက သူ႕ေမေမႏွင့္ သူငယ္ခ်င္းလိုေပါင္းကာ ပြင့္ပြင့္လင္းလင္းရွိသည္။

ကိုကိုႏွင့္ ကိုကို႔အေမ တို႔က်ေတာ့ ရွန္မင္းတို႔လို ဖက္လွယ္တကင္းေတာ့မရွိ။ ကိုကိုက စည္းကမ္းႀကီးသည့္ မိဘႏွစ္ပါးကို ရွိန္ရသည္။ ရွန္မင္းလို ရည္းစားကို အိမ္ေခၚမိတ္ဆက္ဖို႔ မေျပာနဲ႕ မိန္းကေလးသူငယ္ခ်င္း အိမ္လာတာေတာင္ သိပ္မသေဘာမက်ခ်င္ၾကေပ။ အခုလို ေယာက်ာ္း ေလးတစ္ေယာက္ကို အိမ္ေခၚသြားၿပီး ခ်စ္သူဟုမိတ္ဆက္ေပးလိုက္လွ်င္ ျပန္ရလာမည့္ရလဒ္ကို ေတြးေတာင္ မေတြးရဲေပ။

'' ေတာ္ၿပီဗ်ာ သားဗိုက္ဆာတယ္ ဘာရွိလဲဟင္ ''

'' ရွမ္းေခါက္ဆြဲခ်က္ဖို႔ လုပ္ေနတုန္း မင္းတို႔ေရာက္လာတာပဲ ဘာမွကိုမလုပ္ရေသးတာ ''

'' သား လုပ္လို႔ရမလား အန္တီ ။ သားေကာင္းေကာင္းခ်က္တတ္တယ္ ''

ကိုကိုအပိုင္ဆုံး က ရွမ္းေခါက္ဆြဲ လုပ္တာပင္ျဖစ္သည္။ ေမေမ့ဆီမွ အေမြရတာျဖစ္ၿပီး ေမေမ့နီးပါးလည္း ကိုကို႔ရွမ္းေခါက္ဆြဲကစားေကာင္းသည္။

ထိုစဥ္....

'' ခိုင္ေရ...''

'' ဟယ္ ယုယ လာေလ ''

တိမ္တိုက္အေမ ေဒၚယုယၿမိဳင္ အိမ္ထဲသို႔ဝင္လာသည္။ ထို႔ေနာက္ အတူထိုင္ေနၾကေသာ ကိုကိုႏွင့္ရွန္မင္းကို ၾကည့္ကာၿပဳံးျပသည္။

'' တိမ္တိုက္ အိမ္ျပန္ေရာက္ၿပီလား အန္တီယုယ ''

ရွန္မင္းက ထုံးစံအတိုင္း စိတ္ပူတတ္သည့္အက်င့္က မေပ်ာက္ပဲ ေမးလိုက္ေသာ္လည္း အစကတည္းက တိမ္တိုက္နဲ႕ဆို သဝန္ခပ္တိုတို ျဖစ္ေနေသာ ကိုကို မ်က္လုံးအၾကည့္တို႔က ရွန္မင္းဆီ တိုက္ရိုက္ပင္။

'' မင္းအပူပါလား '' ဆိုေသာ အၾကည့္မ်ိဴးေပါ့....

'' ခြန္းဆီသြားတယ္ သား... ''

'' ဟင္ သြားျပန္ၿပီလား... ''

ရွန္မင္းက အလိုမက် စြာစိတ္ပ်က္လက္ပ်က္ ေျပာေတာ့ ကိုကိုက နားနားကပ္လာကာ လက္ကိုကာလိုက္ၿပီး..

'' အဲ့တာသူ႕ကိစၥေလ..မင္းနဲ႕ဆိုင္လား ''

သဝန္တိုမႈႏွင့္အၿပိဳင္ ကိုကို႔ႏႈတ္ခမ္းပါးေလးက အနည္းငယ္ဆူခ်င္ေနသည္။ ေျပာင္းလဲသြားေသာ မ်က္ႏွာအေနအထားတို႔အား အေသးစိတ္ၾကည့္ကာကိုကို႔ ကိုရွန္မင္း အသည္းတယားယား ။

ေဒၚယုယၿမိဳင္ကေတာ့ အသက္မပါတဲ့အၿပဳံးတုေလးသာ ၿပဳံးျပသည္။ သူမကိုၾကည့္ရတာ နည္းနည္းႏြမ္းေနသည္။

'' အဲ့တာဆို သားတို႔ ရွမ္းေခါက္ဆြဲ သြားခ်က္လိုက္မယ္ ေမေမတို႔ စကားေျပာႏွင့္ ''

'' ေအးေအး ''

ရွန္မင္း ကိုကို႔လက္ဆြဲကာ မီးဖိုေခ်ာင္ ကိုေခၚသြားသည္။ ဧည့္ခန္းတြင္ ေဒၚခိုင္ခက္ဦး ႏွင့္ ေဒၚယုယၿမိဳင္ တို႔ႏွစ္ေယာက္သာက်န္သည္။

ေဒၚယုယၿမိဳင္ က ေဒၚခိုင္ခက္ဦး နားသြားကပ္ထိုင္လိုက္သည္။

'' ဟိုကေလးက ဘယ္သူလဲ ခိုင္ ''

'' ရွန္မင္းေလ သူ႕ေကာင္ေလးတဲ့ ခိုင့္ကိုလာမိတ္ဆတ္ေပးတာဆိုပဲ ယုယရဲ႕။ ဪ အဲ့ကေလးက တိမ္တိုက္နဲ႕ေက်ာင္းအတူတူပဲေျပာတယ္ ''

'' ခိုင္ကလက္ခံတာလား ေယာက်ာ္း ေလးအခ်င္းခ်င္းႀကီးေလ ''

ရွန္မင္း အေၾကာင္းကိုနည္းနည္းသိထားေသာ္လည္း အခုလို လက္ေတြ႕ျမင္လိုက္ရေတာ့ ေဒၚယုယၿမိဳင္ အနည္းငယ္ အံ့ဩေနသည္။

'' လက္ခံတယ္လို႔လည္း ဘယ္ဟုတ္ပါ့မလဲ ယုယရယ္ ။ကိုယ့္မယ္ ဒီသားေလးတစ္ေယာက္ပဲရွိတာဆိုေတာ့ မိန္းမပဲယူေစခ်င္ၿပီး မ်ိဴးဆက္ေလးဘာေလးခ်န္ေစခ်င္တာေပါ့။ဒါေပမယ့္လည္း ဘယ္တတ္နိုင္မလဲ ယုယရယ္။ ကိုယ့္သားက ဘာလဲဆိုတာ ကိုယ္သိေနတာပဲေလ။ ၿပီးေတာ့ ဒီေခါတ္မွာ ဒါေတြက အဆန္းမဟုတ္ေတာ့ပါဘူး။ ပုံမွန္လိုပါပဲ ။ ယုယကသာ အေနလည္းေအးၿပီး social မသုံးဘာမသုံးနဲ႕မို႔ ဒါေတြနဲ႕စိမ္းေနတာ ။ ''

'' ရွန္မင္း ေဂးဆိုတာကို ခိုင္ စစသိခ်င္းကတည္းက လက္ခံခဲ့တာလား ''

'' ဘယ္ဟုတ္မလဲယုယရဲ႕...စစခ်င္းသူကေဂးပါဆိုၿပီးေျပာျပတုန္းက ကိုယ့္မွာေဒါသေတြျဖစ္ၿပီး ဆူရပူရနဲ႕။ သူ႕အေဖကိုလည္းေျပာျပလို႔မရ။ ကိုယ္တကယ္ ႀကိတ္ခံခဲ့ရတာ ။ ေနာက္ဆုံးေတာ့လည္း ကိုယ္လက္ခံေပးလိုက္ရတာပါပဲ။ လက္ခံမေပးရင္ ကိုယ့္သားပဲစိတ္ဆင္းရဲေနရမွာေလ။ သူေတာင္ ကိုယ့္ကိုယုံလို႔ သတၱိရွိရွိ ထုတ္ေျပာျပရဲေသးတာပဲ။ ကိုယ္က အရမ္းတင္းၾကပ္ေနလို႔ ဘယ္ျဖစ္မလဲ။ မေျပာင္းလဲနိုင္တဲ့အဆုံး လက္ခံေပးလိုက္ရတဲ့သေဘာပါပဲ ယုယရယ္။ ''

'' ဒါဆို ရွန္မင္းက ေယာက်ာ္း ေလးကိုပဲယူမယ္ဆိုရင္ေရာ ခိုင္သေဘာတူမွာလား ''

'' အမွန္တိုင္းေျပာရရင္ ကိုယ္တကယ္သေဘာမက်ပါဘူး. ကိုယ္က လက္ခံနိုင္ေပမယ့္ ပတ္ဝန္းက်င္ကရွိေသးတယ္။ ပတ္ဝန္းက်င္ ဆိုတာက အစကတည္းက အပုတ္ခ်တဲ့ေနရာမွာ ဆရာတစ္ဆူေလ။ ကိုယ့္ကေလးေတြကိုလာထိမွာပဲကိုယ္ကေၾကာက္တာ ။ရွန္မင္းကိုလည္း..ပုံမွန္ေယာက်ာ္းေလးေတြလိုပဲ မိန္းမယူေစခ်င္တာေပါ့။ ဒါေပမယ့္လည္း သူ႕သေဘာပါပဲ ယုယရယ္။ ကိုယ္ေတာင္ ကိုယ္ခ်စ္တဲ့သူနဲ႕ လက္ထက္ထားတာပဲ ။သူလည္း သူခ်စ္တဲ့သူနဲ႕ပဲ လက္ထက္ပါေစ ။ ေယာက်ာ္း ေလးျဖစ္ျဖစ္ မိန္းကေလးျဖစ္ျဖစ္ေပါ့ ''

'' ဟင္းးး ခိုင္မွန္ပါတယ္ ''

သက္ျပင္းရွည္ႀကီး တစ္ခ်က္ခ်ၿပီး ေဒၚ ယုယၿမိဳင္ အသံတို႔က အားယုတ္စြာပင္ ထြက္ေပၚလာသည္။

'' ဘာကိစၥေတြရွိလို႔လဲ ယုယ။ မ်က္ႏွာလည္းမေကာင္းဘူး ''

'' ဘာမွ မဟုတ္ပါဘူး ခိုင္ရယ္ ။ ဒါနဲ႕ကိုယ္ျပန္ဦးမယ္ ထမင္းအိုးႀကီးထားခဲ့တာ ''

ေဒၚယုယၿမိဳင္ ၏ ေလးတိေလးလံ ေျခလွမ္းတို႔ကရွန္မင္းတို႔အိမ္ထဲမွ တျဖည္းျဖည္း ထြက္ခြာသြားသည္။ ဘာေၾကာင့္မွန္းမသိ ေဒၚယုယၿမိဳင္၏ ေနာက္ေက်ာမွာ စိုးရိမ္ပူပန္ျခင္းေတြကို ေဒၚခိုင္ခက္ဦး တစ္ေယာက္ သတိထားမိသည္။

ေနာက္အိမ္ေထာင္လည္းမျပဳပါပဲ သားတစ္ေယာက္ကို သူ႕တစ္ေယာက္တည္း အားနဲ႕ျပဳစုပ်ိဴးေထာင္ခဲ့ေသာ အာဂ အမ်ိဴးသမီးတစ္ဦးျဖစ္သည္။ တစ္ခုခုဆိုတိုင္ပင္စရာ အမ်ိဴးသားမရွိေပ။ လူျဖစ္ျဖစ္ စိတ္ျဖစ္ျဖစ္ ပင္ပန္းေသာကာလမ်ားတြင္ သူမအတြက္ ခိုဝင္စရာ ရင္ခြင္မရွိေပ။

မိန္းမသားတစ္ေယာက္တည္းမို႔ ထိပါးေစာ္ကားခ်င္ၾကေသာ လူမ်ားၾကားထဲတြင္ တိမ္တိုက္မ်က္ႏွာ တစ္ခုတည္းၾကည့္ကာ ေရွ႕ဆက္ခဲ့ေသာ အမ်ိဳးသမီးတစ္ဦးျဖစ္သည္။ ဘာပဲေျပာေျပာ လူေရာ စိတ္ဓာတ္ေရာ မာေၾကာလွသည့္ ဒီအမ်ိဳးသမီးထံတြင္ ဒီေန႕မွ ထူးထူးျခားျခား စိုးရိမ္ပူပန္ျခင္းပုံရိပ္ေတြထင္ဟပ္ေနသည္တဲ့ေလ။

ေဒၚခိုင္ခက္ဦး သူမအတြက္ သက္ျပင္းေလးတစ္ခ်က္ခ်ကာ မီးဖိုေခ်ာင္ထဲက သားႏွစ္ေယာက္ဆီ အေျခအေန သြားၾကည့္ရေသးသည္။ အထဲမဝင္ပဲ အေပါက္ဝကေနသာ ၾကည့္လိုက္ေတာ့..သူမ၏ သားရွန္မင္းခက္က ထိုင္ကာ အ႐ြက္တစ္ခ်ိဳ႕ကို လွီးျဖတ္ေနသည္ကိုေဘးက ကိုကိုက ေသခ်ာရပ္ ၾကည့္ေနသည္။

'' ေသးေသးေလးေတြ မလွီးနဲ႕ေလ အကုန္အရည္ေပ်ာ္ကုန္မွာေပါ့ ''

''.....''

'' ဟာ အဲ့ေလာက္ႀကီး ႀကီးေတာ့လည္း တစ္ပင္လုံးသာထည့္လိုက္ပါေတာ့လား ရွန္ခက္ရယ္ ေပးေပး ကိုယ္ျပမယ္ ''

ကိုကိုမတ္တပ္ရပ္ေနရင္း ရွန္မင္းလက္ထဲက ဓားကိုယူလိုက္ၿပီး ခါးကိုကုန္းကာ အ႐ြက္ေတြကို အစမ္းလွီးျပသည္။ ထိုအခါ
ကိုကို႔ပါး ျဖဴျဖဴေလးတစ္ဖက္က ရွန္မင္းမ်က္ႏွာ နားမွာ။

'' မြ ''

အ႐ြက္ငုံ႕လွီးေနေသာ ကိုကို႔ပါးကို ရွန္မင္း ျဖတ္ခနဲနမ္းလိုက္ေတာ့ ကိုကိုက သူ႕ကိုမ်က္ေထာင့္နီနဲ႕ လွည့္ၾကည့္လာသည္။ ထိုအခါ မ်က္စိေရွ႕တည့္တည့္ထပ္ေရာက္လာေသာ ကိုကို႔ႏႈတ္ခမ္းပါး ထက္ကို ဖ်တ္ခနဲ ထပ္နမ္းလိုက္ၿပီး
စပ္ၿဖဲၿဖဲလုပ္ေနသည္။ ဒီအခါေတာ့ ကိုကို႔မ်က္ႏွာႀကီး နီလာကာ

'' ဒီမွာေတြ႕လား လက္ထဲမွာကိုင္ထားတာ ဓားလို႔ေခၚတယ္ တစ္ခ်က္တည္းနဲ႕ နိဗၺာန္ေရာက္တယ္ ''

'' ကိုကိုနဲ႕ဆို ဘယ္ပဲ ျဖစ္ျဖစ္ ''

ဓားေထာင္ျပရင္း အံႀကိတ္ေျပာေနေသာ ကိုကို႔ကို ရွန္မင္း ရေအာင္စလိုက္ေသးသည္။

'' မင္း....''

'' ေပး ေပး ႐ုပ္ေလးနဲ႕မွမလိုက္ တုတ္ျပ ဓားျပနဲ႕ကြာ..ျပခ်င္ ဟိုဟာျပ ''

'' ရွန္မင္းခက္ ''

ကိုကို႔အသံႀကီးက စိတ္တိုေနမွန္းသိသာလိုက္ပုံမ်ား ရွန္မင္းကိုယ္ေတာင္တုန္သြားသည္။ မ်က္ေစာင္းႀကီးကလည္း နဂါးသာဆို ျပာျဖစ္ေနေလာက္ၿပီ။ တရႉးရႉး တရွဲရွဲ ျဖစ္ေနေသာ္
ကိုကို႔ ကိုရွန္မင္းလန့္ကာ ေနရာကေနအသာထၿပီး ေဘးသို႔ထြက္လိုက္သည္။ ေနာက္ေတာ့

'' ဟိုဟာျပေတာ့မလား လာေလသြားမယ္ အခန္းထဲ... ''

မီးေလာင္ေနပါတယ္ဆို ေအာက္စီဂ်င္က ထပ္ေပးလိုက္ေသးသည္။ ကိုကို႔မ်က္ႏွာႀကီး မွာေပါက္ကြဲမတက္ နီရဲေနကာ ဓားကိုေထာင္လိုက္ၿပီး ရွန္မင္းနားတျဖည္းျဖည္းကပ္လာေတာ့သည္။

႐ုပ္တည္ႀကီးေၾကာင့္ ရွန္မင္း စေျပးေတာ့သည္။ ကိုကိုလည္း ေဒါသေတြထက္ကာ တရႉးရႉး နဲ႕အေနာက္ကလိုက္ေတာ့သည္။

စားပြဲကို အလယ္မွာ ခံကာ တစ္ဖက္စီရပ္ရင္း ရန္ျဖစ္ေနၾကသည္။

'' ေမာင္က စတာလို႔....ကိုကိုရဲ႕...တကယ္ႀကီးလုပ္မို႔လား ''

'' အသာတၾကည္အမိခံလိုက္ရင္မင္းသက္သာမယ္ေနာ္ရွန္ခက္ ''

သက္သာမယ္ေျပာတဲ့သူရဲ႕လက္ထဲက ဓားက ရွန္မင္းကို သေရာ္ေနသည္။

ေနာက္ စားပြဲကို ႏွစ္ေယာက္သားပတ္ေျပးေနၾကသည္။ ကေလးမဟုတ္သူငယ္မဟုတ္ ရန္ျဖစ္ေနၾကေသာ လူပ်ိဴႏွစ္ေယာက္ကို ေဒၚခိုင္ခက္ဦး ၾကည့္ကာ အေတာ္ေလးသေဘာက်ေနသည္။ ေဂးဟုေျပာၾကေသာ္လည္း သူ႕မ်က္စိေရွ႕က ႏွစ္ေယာက္မွာ ထူးထူးျခားျခား နွဲ့နှောင်းနေတာမျိုုးမရှိပဲ ႏွစ္ေယာက္လုံး က်ားက်ားယားယား ပင္။ ဓားကိုင္ၿပီလိုက္ေနတာပဲၾကည့္...... မိလွ်င္ တကယ္လုပ္မည့္႐ုပ္ႀကီးျဖစ္သည္။

'' ဓားကိုခ်လိဳက္ပါကိုကိုရယ္ မဟုတ္ရင္ ကိုကိုပဲ ငတ္မွာေနာ္...''

'' ဘာ မင္း ....ေျပာေလ ကဲေလ ပါလား ။ ရပ္ေန အဲ့ေနရာမွာ မေျပးနဲ႕ ''

ရွန္မင္းေျပးေနရင္း အေပါက္ဝက သူ႕အေမကိုျမင္ေရာ တစ္ခ်ိဴးတည္းေျပးသြားကာ ေဒၚခိုင္ခက္ဦး ခႏၶာ ကိုယ္ႏွင့္ အကာအကြယ္ယူလိုက္သည္။

'' အမေလး အိုမားေရ ကယ္ပါဦး.....အေမ့သားမက္ သားကိုအနိုင္က်င့္ေနတယ္ ''

'' ေအး ခံလိုက္ေလ...''

ရွင္းလား...ရွန္မင္းခက္ ။

ကိုကို ေဒၚခိုင္ခက္ဦး ကိုျမင္မွ ရပ္လိုက္ကာ ဓားကို သူ႕ေနာက္ပို႔လိုက္သည္။ေဒါသေၾကာင့္နီေနေသာ မ်က္ႏွာ မွာလည္းအေရာင္ေဖ်ာ့သြားသည္။

စိတ္တိုလြန္း၍ သူမ်ားအိမ္ေရာက္ေနတာေတာင္ သတိမထားမိေတာ့ေပ။ ရွန္မင္းက သူ႕အိမ္မွာဆိုၿပီး ေျပာခ်င္သလိုေျပာေနတာျဖစ္သည္။

ေနာက္ မီးဖိုေခ်ာင္ထဲက ရွန္မင္း ကို ထုတ္ၿပီး ကိုကိုႏွင့္ ေဒၚခိုင္ခက္ဦး တို႔ႏွစ္ေယာက္သာ ခ်က္ျပဳတ္ၾကသည္။

ရွန္မင္း ကေတာ့ အေပၚတက္ကာ အဝတ္အစားလဲၿပီးျပန္ဆင္းလာသည္။ မီးဖိုေခ်ာင္ထဲလွမ္းၾကည့္ေတာ့ အေမနဲ႕ သားမက္ အေတာ္ေလး အေပးအယူမွ်ေနတာကို ေတြ႕ရ၍ ေက်နပ္မိသည္။

'' သားေရ အန္တီ့ကို ဟိုစင္ေပၚက အနီေရာင္ဘူးေလး ယူေပးပါ ''

အဲ့မွာ ကိုကို စ ျပသာနတက္သည္။ အေရာင္ေတြမခြဲျခားနိုင္သူမို႔ သူ႕မ်က္လုံးထဲ အကုန္လုံးက အျဖဴအမည္း သာသာပင္။ ဘူးေလးဘူးရွိေနတာေၾကာင့္ ဟိုဟာယူနိုးနိုး ဒီဟာ ယူနိုးနိုး ျဖစ္ေနသည္။

ကိုကိုဘာလုပ္ရမလဲ မသိျဖစ္ေနခ်ိန္တြင္ သူ႕ ပုခုံးေပၚမွ ျဖတ္သြားေသာ အျဖဴေရာင္ လက္သြယ္ေလး တစ္ဖက္က ဘူးတစ္ဘူးကို ယူကာ သူ႕လက္ထဲလာထည့္ေပးသည္။

'' ဒီဟာ ''

လွည့္ၾကည့္လိုက္ေတာ့ တူညီေသာအရပ္တို႔ေၾကာင့္ မ်က္ႏွာႏွစ္ခုမွာ မ်က္ႏွာခ်င္းဆိုင္ တည့္တည့္ျဖစ္သြားစဥ္ ရွန္မင္းက ကိုကို႔ ကို အသာၿပဳံးျပသည္။

ကိုကိုကေတာ့ အံ့ဩေန႐ုံမွတစ္ပါး တျခားမရွိေတာ့။ အေရာင္ေတြမခြဲျခားနိုင္သည့္အေၾကာင္းကို ရွန္မင္းကို သူမေျပာျပရေသးတာေၾကာင့္ျဖစ္သည္။

..........................

'' ခြန္မယ့္ ေနမေကာင္းဘူးလား မ်က္ႏွာလည္း မေကာင္းဘူး ''

တိမ္တိုက္တို႔ သားအမိ ထမင္းအတူစားေနရင္း ေဒၚယုယၿမိဳင္ ၏ ညွိုးငယ္ေနေသာ မ်က္ႏွာကို တိမ္တိုက္သတိထားမိကာေမးသည္။

'' ဘာမွ မျဖစ္ပါဘူး သားရဲ႕ နည္းနည္း ပင္ပန္းလို႔ပါ ''

ေဒါက္ ေဒါက္ ေဒါက္

အိမ္ေရွ႕တံခါးမႀကီးမွ တံခါးေခါက္သံထြက္လာသည္။

'' ေနေန သား ေမေမ သြားၾကည့္လိုက္မယ္ ''

ေဒၚယုယၿမိဳင္ တံခါးကို သြားဖြင့္ေပးလိုက္ေတာ့ လြယ္အိတ္တစ္လုံးျဖင့္ ခပ္မတ္မတ္ရပ္ေနေသာ အသားခပ္ညိုညို ေထာင္ေထာင္ေမာင္းေမာင္း အမ်ိဳးသားတစ္ေယာက္ ။

'' ဟယ္ သားခြန္း ဘယ္လိုျဖစ္လို႔လဲ ''

'' ကြၽန္ေတာ္အကူအညီတစ္ခုေလာက္ေတာင္းခ်င္လို႔ပါ အန္တီ ''

'' ဪ ေအး လာေလ ဝင္ထိုင္ၿပီးမွေျပာ.. လာ လာ ''

ေဒၚယုယၿမိဳင္က ေဖာ္ေဖာ္ေ႐ြေ႐ြ ပဲေခၚကာ ထိုင္ေစသည္။

'' ေျပာေလသား ဘာျဖစ္လို႔လဲ ''

'' သားတို႔ တိုက္ခန္းပိုင္ရွင္ကေလ သူ႕တိုက္ကို ေရပိုက္ေတြဘာေတြ အကုန္အသစ္ျပန္လဲေပးမလို႔ ၂ရက္ ၃ရက္ေလာက္ ခနဖယ္ေပးပါဆိုလို႔။ ကြၽန္ေတာ္လည္း သြားစရာေနရာမရွိတာနဲ႕ အန္တီ့ဆီအကူအညီလာေတာင္းတာပါ
အန္တီအဆင္ေျပမွပါ ။ မေျပရင္ မိုတယ္မွာပဲျဖစ္ျဖစ္ သြားေနလိုက္လို႔ရပါတယ္ ''

ခြန္း ဉာဏ္ဆင္တာမဟုတ္ပဲ တကယ္ေျပာေနတာျဖစ္သည္။ သူစိတ္ညစ္ညစ္နဲ႕ တိုက္ခန္းကိုျပန္ေနတုန္း ပိုင္ရွင္ဆီမွ ဖုန္းဝင္လာသည္။ မနက္ျဖန္ အလုပ္စမည္ဟုေျပာသျဖင့္ ဒီညအၿပီး ေျပာင္းေပးထားရမည္ျဖစ္သည္။ မနက္ကတည္းကေခၚေနေသာ္လည္း ခြန္းက ဖုန္းမကိုင္ဘူးဟု ေျပာလာသည္။

အေဆာင္ကိုလည္း သြားမေနခ်င္။ ကိုေစတို႔ကလည္း ေယာကၡေတြႏွင့္ ခရီးထြက္သြားရာ တစ္ပတ္ေလာက္က အိမ္မွာ မရွိဘူးဟုေျပာသည္။ ဦးမာန္ခြန္းစစ္ ေပးထားတဲ့ကြန္ဒိုကိုသြားဖို႔က်ေတာ့လည္း မာနက ခံေနေသးသည္။

ဒါ့ေၾကာင့္ တိမ္တိုက္ဆီ တန္းတန္းမတ္မတ္ကိုေရာက္လာျခင္းျဖစ္သည္။ တစ္ခ်က္ခုတ္ ႏွစ္ခ်က္ျပတ္ျဖစ္သည္။ ေနခြင့္ရရင္ တိမ္တိုက္ကိုလည္း အဝေခ်ာ့လို႔ရမည္။

'' အို ေက်ာင္းသားက မိုတယ္မွာ ဘယ္လိုလုပ္ျဖစ္မွာလဲ။ အၾကာႀကီးမွမဟုတ္တာ ဒီမွာပဲေနလိုက္ေလ။ အန္တီခြင့္ျပဳပါတယ္။ ဒီကေနပဲေက်ာင္းတက္ေပါ့ ။ ''

'' ဟုတ္ ဟုတ္ အန္တီ တကယ္ေက်းဇူးတင္ပါတယ္။ ''

'' ရပါတယ္ သားရယ္ ဒါနဲ႕ ထမင္းေရာစားၿပီးၿပီလား ။ မစားရေသးရင္ တစ္ခါတည္း စားလိုက္ေတာ့ အန္တီတို႔လည္း ထမင္းစားေနၾကတာ ''

'' ဟုတ္ကဲ့ အန္တီ ''

ေဒၚယုယၿမိဳင္ က ေရွ႕ကေနၿပီး ထမင္းစားခန္းထဲ ဝင္သြားသည္။ လြယ္အိတ္ကိုခ်ထားခဲ့ကာ ခြန္းကေနာက္ကေနလိုက္ဝင္ေတာ့ ထမင္းကိုပလုတ္ပေလာင္းစားေနတဲ့အေကာင္ေပါက္နဲ႕ တန္းတိုးသည္။

'' မယ့္ကလည္း ၾကာလိုက္...ဖလူး....ဖူး....ဖလြတ္...အဟြတ္...အဟြတ္....''

ခြန္းကိုျမင္ၿပီး တိမ္တိုက္ ထမင္းထသီးေတာ့သည္။ ခြန္းက အနားအျမန္သြားလိုက္ကာ ေရခြက္ထဲေရထည့္ၿပီး တိမ္တိုက္ကို ေပးလိုက္သည္။ ေနာက္ ေရေသာက္ေနေသာ တိမ္တိုက္ေက်ာကုန္းကိုလည္း ေျဖးေျဖးလည္း သပ္ေပးေနေသးသည္။

'' အဆင္ေျပလား ''

ခြန္းေမးေတာ့ တိမ္တိုက္က ေခါင္းေလးၿငိမ့္ျပသည္။ အိမ္မွာေနရင္းမို႔ နဖူးေပၚက ဆံပင္တို႔ အား စုသိမ္းကာ ထိပ္မွာ ၾကက္ေတာင္စီးေလး စီးထားသည္မို႔ ေခါင္းၿငိမ့္လိုက္ေတာ့ ထိုၾကက္ေတာင္စီေလးက တလႈပ္လႈပ္။

'' သား လာ အဲ့ ေမာင္ရွပ္ျပာကို ထားခဲ့လိုက္ ထမင္းလာစားေတာ့။''

ခြန္းလည္း လြတ္ေနေသာ ခုံတြင္ ဝင္ထိုင္လိုက္ၿပီး တိမ္တိုက္ေမေမ က ထမင္းထည့္ေပးသည္။

'' ကိုခြန္းက ဘယ္လိုလုပ္ၿပီး...''

'' ဪ ဒါက ဒီလို....''

ေဒၚယုယၿမိဳင္ ျဖစ္ေၾကာင္းရယ္ကုန္စင္ကို တိမ္တိုက္အားရွင္းျပသည္။ ခြန္းကေတာ့ ထည့္ေပးေသာ ဟင္းေတြနဲ႕ ေကာင္းေကာင္းစားေနသည္။

တိမ္တိုက္က မယုံသလို ခြန္းကို ၾကည့္လိုက္ေတာ့ ဖုန္းကို ထိုးေပးကာ

'' မယုံရင္ ဖုန္းဆက္ေမးၾကည့္လိုက္... ''

'' ကြၽန္ေတာ္ဘာေျပာလို႔လဲ ''

တိမ္တိုက္ မသိခ်င္ေယာင္ေဆာင္ကာ ဟိုဘက္လွည့္သြားသည္။

'' အဲ့ဒါဆို သားခြန္းက တိမ္တိုက္ အခန္းထဲမွာပဲ အိပ္.......''

'' ဟာ ေမေမကလည္း အျပင္က ဆိုဖာက ႀကီးတာပဲကို အဲ့မွာပဲအိပ္ခိုင္းလိုက္ ။
ကိုခြန္း ကိုယ္ကအႀကီးႀကီးပဲ သားကုတင္နဲ႕မဆန့္ဘူး ''

ဪ ေအးေအး ဟိုတစ္ခါ အိပ္သြားတာ ခြန္းမာနေမာင္ မဟုတ္ဘူးဆိုေတာ့ေလ။

ေဒၚယုယၿမိဳင္ စကားမဆုံးခင္ တိမ္တိုက္ဝင္ေျပာသည္။ သူစိတ္ေကာက္ေနသည့္အေၾကာင္းကို ခြန္းသိေအာင္ လုပ္ရမည္။

'' ဟုတ္ ရပါတယ္ အန္တီ။ ကြၽန္ေတာ္အျပင္မွာပဲအိပ္လို႔ရပါတယ္ ''

ခြန္းက အသာတၾကည္လက္ခံေတာ့ တိမ္တိုက္သိပ္မေက်နပ္ေပ။ မသိရင္ သူကပဲ အသားလြတ္ႀကီး ရန္ရွာေနသည့္ပုံေပါက္ေနသည္။
ဟုတ္လည္းဟုတ္တာပဲကို တိမ္တိုက္ရယ္။

'' အခန္းထဲသြားေတာ့မယ္ ေမေမ့ ဧည့္သည္ကိုေမေမ့ဘာသာ ဧည့္ခံလိုက္ေတာ့ ဟြန့္ ''

ခြန္းကို မ်က္ေစာင္းမမည္ေသာ ေယာက်ာ္း မ်က္ေစာင္းျဖင့္ တစ္ခ်က္ထိုးၿပီး စားပြဲဝိုင္းကထလိုက္သည္။

'' ႂကြ ႂကြ ငါ့သား ကို ငါ့ဘာသာ စီစဥ္ေပးလိုက္မယ္ ''

တိမ္တိုက္တစ္ေယာက္ ဆူပုတ္ေဆာင့္ေအာင့္ကာ ထြက္သြားၿပီး သူ႕အခန္းတံခါးကိုလည္း ဝုန္းခနဲ အသံျမည္ေအာင္ ပိတ္လိုက္ေသးသည္။

'' တကယ္ မနိုင္စိန္ပါကြယ္....တိမ္တိုက္က ဆိုးတယ္မလား သား ''

'' ဆိုးတယ္ အန္တီေရ ကြၽန္ေတာ့္ကို ဘုရားလိုက္မပို႔ေပးလို႔တဲ့ စိတ္ေကာက္ေနတာ ''

'' ေအးကြယ္ မင္းကပဲ သည္းခံေပးပါဦး ။ သူကအဲ့လိုပဲ အလိုလိုက္တဲ့သူဆို အရမ္းဆိုးတာ ''

'' ဟုတ္ အန္တီ။ ဒါနဲ႕ အန္တီ ေနေရာေကာင္းရဲ႕လားဟင္ မ်က္ႏွာက နည္းနည္းညွိုးေနသလားလို႔။ အသံကလည္း အားမရွိသလိုပဲ ေဆးခန္းသြားျပမလား ကြၽန္ေတာ္လိုက္ပို႔ေပးမယ္ေလ ''

'' ရပါတယ္ကြယ္...နည္းနည္း ပင္ပန္းထားလို႔ပါ အနားယူလိုက္ရင္ေကာင္းသြားမွာပါ ''

ေျပာရင္း စားၿပီးသားပန္းကန္ေတြ သိမ္းေနေလသည္။

'' ထားခဲ့လိုက္အန္တီ ကြၽန္ေတာ္သိမ္းလိုက္မယ္ အန္တီသြားနားေတာ့ ''

'' မဟုတ္တာကြယ္ အားနာစရာႀကီး ''

'' ဟာ အားမနာပါနဲ႕ အန္တီရယ္ ကိုယ့္တူ ကိုယ့္သားလိုပဲ သေဘာထားပါ ''

ခြန္း ပန္းကန္ေတြကို ေဘစင္ဘက္ သယ္သြားကာ စားပြဲေပၚကဟာေတြကိုလည္း ေသခ်ာရွင္းလိုက္သည္။ ေျပာမရေတာ့သည္မို႔ ေဒၚယုယၿမိဳင္လည္း ဧည့္ခန္းဘက္ထြက္လာလိုက္ေတာ့သည္။

ခြန္းပန္းကန္ေတြ ေဆးေနတုန္း တိမ္တိုက္ မီးဖိုေခ်ာင္ထဲ ဝင္လာသည္။ ခြန္းလွည့္ၾကည့္ေတာ့ မ်က္ေစာင္းတစ္ခ်က္ထိုးကာ ေရခဲေသတၱာထဲက ပန္းသီးတစ္လုံးကို ယူသြားၿပီး အခန္းထဲ ျပန္ဝင္သြားသည္။

သည္နဂါးေပါက္ေလးက သည္ေန႕ မ်က္ေစာင္းထိုးရတာ သေဘာေခြ႕ေနပုံပင္။

ခြန္းပန္းကန္ေဆးၿပီး ျပန္ထြက္လာေတာ့ TV ေရွ႕တြင္ ထိုင္ကာ ဇက္ကို ဘယ္ခ်ိဴးညာခ်ိဴး လုပ္ေနေသာ ေဒၚယုယၿမိဳင္ကို ေတြ႕ရသည္။ ခြန္းအနားကိုေလွ်ာက္သြားလိုက္ကာ

'' အန္တီ ကြၽန္ေတာ္ ႏွိပ္ေပးမယ္ ''

'' ရပါတယ္ သားရယ္ ''

'' အားမနာပါနဲ႕ဆို အန္တီရာ ဟိုဘက္လွည့္ ကြၽန္ေတာ္ႏွိပ္ေပးမယ္ေနာ္ ''

ခြန္း ေဘးတစ္ေစာင္း ဝင္ထိုင္ကာေဒၚယုယၿမိဳင္ကို ေသခ်ာႏွိပ္ေပးသည္။

'' သား လက္က ေပါက္လိုက္တာကြယ္ ။ႏွိပ္ေပးေနက်လား ''

'' ႐ြာမွာဆိုရင္ေတာ့ ေမြးစားအေဖကို ႏွိပ္ေပးေနက် အန္တီရဲ႕ ''

'' ဟုတ္လား ဒါနဲ႕ အန္တီ သိခ်င္တာ တစ္ခုရွိတယ္။ သားမိဘေတြက မရွိေတာ့ဘူးဆိုေတာ့ ဆုံးသြားၾကတာလား ဒါမွမဟုတ္ အေဝးမွာရွိေသးတာလား ။ သားမွာညီအကို ေမာင္ႏွမေတြေရာ ရွိေသးလား ''

'' အေဝးမွာရွိေနၾကတာပါ။ ကြၽန္ေတာ့္ မွာက အကိုတစ္ေယာက္ ညီမေလးတစ္ေယာက္ရွိတယ္ ''

'' ဟုတ္လား သားကအလတ္ေပါ့ သူတို႔ကေရာ ဘယ္လိုေနၾကတာလဲ သားလိုပဲလား ''

ခြန္းတို႔ကို မိဘမဲ့ေဂဟာ က ကေလးေတြလို႔ထင္လိုက္တာေၾကာင့္ေမးျခင္းျဖစ္သည္။

'' အကိုႀကီးကေတာ့ ေမေမနဲ႕ ေနတယ္။ ညီမေလးကေတာ့ ေဖေဖ နဲ႕ေနတယ္ ''

'' ဟင္ သား ကေရာ ဘာလို႔ ဘယ္သူနဲ႕မွလိုက္မေနတာလဲ ''

ေဒၚယုယၿမိဳင္အံ့ဩသြားသည္။ မိဘမဲ့ေတြမဟုတ္ၾကပဲ ခြန္းတစ္ေယာက္တည္းသာ ေမြးစားအေဖႏွင့္ေနေနတာျဖစ္သည္။

'' အမွန္ေတာ့ ကြၽန္ေတာ္ ငယ္ငယ္တုန္းက ေဖေဖနဲ႕ေမေမ ရန္ျဖစ္ၿပီး ကြာၾကတယ္ေပါ့ အန္တီရယ္။ အဲ့ဒီမွာ ေဖေဖက ညီမေလးကိုေခၚသြားၿပီး ေမေမက အကိုႀကီးကိုေခၚသြားတာ ကြၽန္ေတာ့္ကို ဒီအတိုင္း ဘာမွမေျပာၾကပဲ ပိုက္ဆံတစ္ထုပ္နဲ႕ အိမ္အလြတ္ႀကီးမွာ ထားခဲ့ၾကတာ။ အဲ့တာကို ႐ြာက က်ဴရွင္ဆရာက ေခၚၿပီးေမြးစားထားတာ ။ အဲ့ကေနမွ ကြၽန္ေတာ္ ဒီအထိ ေရာက္လာတာ ''

'' အို ငါ့သားရယ္ ဆိုးလိုက္တဲ့ ကံပါလားေနာ္ လိမၼာတဲ့ကေလးမွ ဒီလိုအျဖစ္ဆိုးမ်ိဴးႀကဳံရတယ္လို႔ ''

'' ကြၽန္ေတာ္ကေလ ဒီလိုမ်ိဴး အန္တီ့ကို ႏွိပ္ေပးသလို ညမအိပ္ခင္ မိဘေတြကိုေျခစုပ္လက္ႏွယ္ ျပဳစုေပးခ်င္တာ ။ တစ္ခါတေလပါပဲ အေမဆိုတာမ်ိဴးကို ကြၽန္ေတာ္ တကယ္ေတာင့္တမိတယ္။ အေမခ်က္ေကြၽးတဲ့ ထမင္းဟင္းေတြပဲစားၿပီးႀကီးျပင္းခ်င္ခဲ့တာ။ အေမဆိုတဲ့အမ်ိဴးသမီးနားကပ္ၿပီး တိမ္တိုက္က
အန္တီ့ကိုဆိုးသလိုမ်ိဴး ကြၽန္ေတာ္ဆိုးၾကည့္ခ်င္ခဲ့တာ ။ ဒါေပမယ့္ ဒါေတြက စိတ္ကူးယဥ္႐ုံသက္သက္ပါပဲ ဘယ္ေတာ့မွလည္း အမွန္တကယ္ျဖစ္လာမွ မဟုတ္ဘူး။ ၿပီးေတာ့ သူတို႔ေတြ ကြၽန္ေတာ့္ဆီလည္း ဘယ္ေတာ့မွျပန္လာၾကမွာမဟုတ္ဘူး။ ကြၽန္ေတာ္က က်န္ခဲ့တာမဟုတ္ပဲ သက္သက္ခ်န္ထားခံခဲ့ရတာမို႔။ ကြၽန္ေတာ္က သူတို႔မလိုခ်င္လို႔ ပစ္ခ်ခဲ့တဲ့ ကေလးတစ္ေယာက္ သာသာပါပဲ ''

ႏွိပ္ေပးေနေသာ ခြန္းလက္ေတြ အားေလ်ာ့ကုန္သည္။ ဒါေတြေျပာမိရန္ မႀကံစည္ထားေသာ္လည္း အေျခအေန အေၾကာင္းေၾကာင့္ ႏႈတ္က တရစပ္ထြက္သြားျခင္းျဖစ္ကာ....မ်က္ရည္တို႔ပါရစ္သိုင္းလာသည္။

တိမ္ဝင္သြားေသာ အသံတို႔ေၾကာင့္ ေဒၚယုယၿမိဳင္တစ္ေယာက္ အေနာက္ကိုလွည့္ၾကည့္လိုက္ေတာ့ သူမထင္သည့္အတိုင္းပင္ ထိုသူငယ္ေလးမ်က္ဝန္းမွာ မ်က္ရည္စေတြေဝ့ေနသည္။

ေျပာေနတဲ့သူေတာ့မသိ နားေထာင္ေနရတဲ့သူမေတာင္ ရင္ထဲတဆစ္ဆစ္နာက်င္ရသည္။

ငိုလုဆဲဆဲ အေရွ႕က ကေလးႀကီးကို ေဒၚယုယၿမိဳင္ ရင္ခြင္ထဲထည့္လိုက္ကာ ေက်ာကုန္းကို အသာပြတ္ေပးၿပီးႏွစ္သိမ့္ေတာ့ ခြန္းတစ္ေယာက္ ရွိုက္သံထြက္လာသည္။

အားကိုးရာ ရင္ခြင္ေတြ႕သြားသည့္ကေလးလို သန္မာပါတယ္ဆိုသည့္ခြန္းကလည္း ဝမ္းနည္းစြာငိုရျပန္သည္။

ဘယ္ေလာက္ စိတ္မာသည္ေျပာေျပာ ခြန္းဟာလည္း လူသားထဲက လူပါပဲေလ။

'' အို....ကေလးရယ္ ။ စိတ္မေကာင္းစရာေတြ ေတြးမေနနဲ႕ေတာ့ အန္တီတစ္ေယာက္လုံးရွိတယ္ ။ သားကလည္း အန္တီ့သားပါပဲကြယ္။ မင္းစားခ်င္တာေတြအေမခ်က္ေကြၽးမယ္။ တိမ္တိုက္လို ဆိုးလည္းရတယ္။ ျဖစ္မလာေတာ့တဲ့အရာကို ဝမ္းနည္းမေနနဲ႕ေတာ့။ ဒီက အေမက သားေမေမျဖစ္ေပးမယ္ ဟုတ္ၿပီလား တိတ္....တိတ္...မငိုနဲ႕ေတာ့ တိမ္တိုက္ထြက္လာရင္ သားကိုေလွာင္ဦးမယ္ ။ ''

ထိုအခါမွ ငိုတာကိုခ်က္ခ်င္းရပ္ၿပီး ေခါင္းေထာင္လာသည္။ ေဒၚယုယၿမိဳင္က ပါးေပၚက မ်က္ရည္စတို႔အား သူမလက္ျဖင့္ဖယ္ရွားသန့္စင္ေပးသည္။

သည္လိုက်ျပန္ေတာ့လည္း သားတစ္ေယာက္ ေကာက္ရလိုက္သလိုပင္။ တစ္ေန႕လုံး စိတ္ထဲရွိေနတဲ့ ကိစၥကိုေတာင္ ေမ့လုနီးပါးျဖစ္ေနသည္။

'' အားနာလိုက္တာအန္တီရယ္ အန္တီပင္ပန္းေနတာကို မလိုတာေတြေျပာမိၿပီ ''

'' ရပါတယ္သားရယ္... မင္းအလိုရွိရင္ အန္တီလို႔မေခၚနဲ႕ေတာ့ အေမလို႔ေျပာင္းေခၚေပါ့ မင္းကို အေမေမြးစားလိုက္မယ္ေလ ''

'' အဲ့လိုရလား.....အေမ ''

'' ဒါေပါ့ ''

ခြန္း ေပ်ာ္လြန္း၍ ေဒၚယုယၿမိဳင္ကို သူ႕အားႀကီးနဲ႕ ဆြဲဖက္လိုက္ေလ သည္။

မဟုတ္လည္း တိမ္တိုက္အေမက သူ႕အေမ ျဖစ္လာမွာပဲေလ။

'' ဟိုသားအမိ ကြၽန္ေတာ္ အိမ္ေထာင္စု စာရင္းထဲက ထြက္ေပးရမလား ခင္ဗ် ''

ညအိပ္ဝတ္စုံလဲၿပီး ေခါင္းအုံးေလးပိုက္ကာ ထြက္လာေသာ တိမ္တိုက္က ႐ြဲ႕သလိုလို ေျပာသည္။
ေဒၚယုယၿမိဳင္၏ အေမလို႔ ေျပာင္း ေခၚဆိုၿပီး ေျပာကတည္းက ေရာက္ေနတာျဖစ္သည္မို႔ အကဲပိုေနၾကသူႏွစ္ဦးအား တိမ္တိုက္ ၾကည့္မရေတာ့။

'' တိမ္တိုက္ မအိပ္ေသးဘူးလား ''

'' အခန္းထဲမွာ ပိုးဟပ္ေတြ နဲ႕ မအိပ္ခ်င္ဘူး ။ ဒီဆိုဖာမွာအိပ္မွာ ကိုခြန္း အထဲသြားအိပ္ ''

'' အျပင္မွာ ေအးမွာေပါ့ တိမ္တိုက္ရ ''

'' မသိဘူး အျပင္မွာပဲ အိပ္မယ္ ကိုခြန္းအထဲသြား ''

ႏႈတ္ခမ္းႀကီးဆူကာ အလိုမက် စြာ ေျပာေနသည္။ ေဒၚယုယၿမိဳင္ ကေတာ့ သူ႕သား ဆိုးေနပုံ ကိုၾကည့္သေဘာက်ေနသည္။

'' ဖယ္ၾကေတာ့ဗ်ာ အိပ္ခ်င္ေနၿပီ ''

လူႏွစ္ေယာက္ ရဲ႕ ေနာက္ေက်ာကေန ေခါင္းအုံးကို လွမ္းခ်ကာ အတင္း တိုးဝင္သည္။ ေဒၚယုယၿမိဳင္က တိမ္တိုက္ ကို လႊတ္ထားေပးရန္ မ်က္ႏွာရိပ္ မ်က္ႏွာ ကဲ ျပေတာ့ ခြန္းအသာ ေခါင္းၿငိမ့္ၿပီး လြယ္အိတ္ကို ဆြဲကာ တိမ္တိုက္အခန္းထဲဝင္ခဲ့သည္။ ေဒၚယုယၿမိဳင္ ကလည္းသူ႕အခန္းထဲသူဝင္သြားသည္။

ခြန္းအခန္းထဲ ေရာက္ေတာ့ တိမ္တိုက္ေျပာသည့္ ပိုးဟပ္ကိုလိုက္ရွာသည္။ တစ္ေကာင္ တမွီးမွ မေတြ႕။

တကယ္ေတာ့ တိမ္တိုက္ ကစိတ္သာေကာက္ေနတာျဖစ္ၿပီး ခြန္းအဆင္မေျပမွာကိုေတြးပူကာ ခြန္းကို အခန္းေပးလိုက္ျခင္းျဖစ္သည္။ အျပင္က ဆိုဖာက ႀကီးသည္ဆိုတာ တိမ္တိုက္ ခႏၶာ ကိုယ္နဲ႕ ျဖစ္သည္။ ခြန္းအိပ္လွ်င္ မနက္က် ကိုယ္လက္ေတြ ကိုက္ေနလိမ့္မည္။

ခြန္းေရခ်ိဴး အဝတ္အစားလဲကာ ကုတင္ေပၚ တက္အိပ္သည္။ မအိပ္လို႔ကလည္းမရ အျပင္က စိတ္ေကာက္ေနသူကိုလည္းေၾကာက္ရေသးသည္။

၁ဝ နာရီေလာက္က်ေတာ့ ခြန္းအျပင္ကို ထြက္ၾကည့္သည္။ ဆိုဖာထက္တြင္ ေခြေခြေလး တိမ္တိုက္ အိပ္ေပ်ာ္ေနသည္။ မည္မွ်ပင္ ဆိုဖာက ႀကီးႀကီး အိပ္ရာေလာက္ေတာ့ ဘယ္ဟာမွ သက္ေတာင့္သက္သာ မရွိေပ။

သို႔ေသာ္ အသက္ရႉ သံမွန္မွန္ႏွင့္ တိမ္တိုက္ အိပ္ေမာက်ေနသည္။ တစ္ခြက္စာက်န္ေနေသာ ေဆးအရွိန္ေၾကာင့္လည္း ပါလိမ့္မည္။

ခြန္း တိမ္တိုက္ကို ဒူးေခါင္းေအာက္မွ လက္ထိုးထည့္ကာ ေပြ႕ခ်ီလိုက္ေတာ့ ခႏၶာ ကိုယ္ေပါ့ေပါ့ေလးက အလြယ္တကူ ေလထဲမွာ ပါလာသည္။ လူတစ္ကိုယ္လုံး ေျမာက္တက္သြားတာေတာင္ ေပါက္စက မနိုးေသးေပ။

စိတ္ခ်ရတဲ့ ခ်စ္ေသာပါပဲ။

ေနာက္....အခန္းထဲက ကုတင္ေပၚ အသာခ်ကာ ေစာင္ၿခဳံေပးလိုက္သည္။ ေနာက္ေတာ့ ခြန္း တံခါးေတြ ပိတ္ၿပီး တိမ္တိုက္ေဘးဝင္လွဲကာတိမ္တိုက္ေခါင္းေလးကို အသာမၿပီး သူ႕လက္ေမာင္းေပၚတင္ကာ ေခါင္းအုံးေစသည္။ တျဖည္းျဖည္း သူ႕ဘက္ဆြဲရင္း တိမ္တိုက္ကိုယ္ေလးကို ရင္ခြင္ထဲ နစ္ဝင္ေစသည္။

ၾကက္ေတာင္စီး ေလးေၾကာင့္ေျပာင္တင္းေနေသာနဖူးေလးထက္တြင္ အႏူးညံ့ဆုံး အနမ္းေလးတစ္ပြင့္ကို သက္ဆင္းေစကာ ညရဲ႕ အိပ္စက္ျခင္းကို စတင္လိုက္ေတာ့သည္။

16.5.2022

Comment