Episode - 49


'' မောင်..ဆရာက ကျွန်တော့်ကို ကြည်ပါ့မလား ။ ကျွန်တော်နေခဲ့လိုက်မယ်လေ ''

'' အချိန်တွေလည်းကြာနေပါပြီ ကလေးရယ်။ ဆရာ မောင်တို့ကို နားလည်မှာပါ ''

မရောက် ဖြစ်တာကြာပြီဖြစ်သော အင်းလျားကန်ဘောင်ပေါ်တွင် လမ်းလျှောက်ရင်း ခွန်းနှင့်တိမ်တိုက်တို့ သဘက်ခါ သွားရမည့် K' Cloudy II ဖွင့်ပွဲ အကြောင်းတိုင်ပင်နေကြတာဖြစ်သည်။

'' ဒါပေမယ့် မောင်....မောင်တို့ မတွေ့ဖြစ် တော့တာလည်း ကြာနေပြီဆို ။ အဲ့တော့ ပထမဆုံးပြန်တွေ့မှာကို ကျွန်တော့်ကို ခေါ်သွားရင် နည်းနည်းများ မလေးစားရာ ကျနေမလားလို့လေ ''

'' ဆရာ့ကိုကြောက်နေတာလား တိမ်တိုက် ''

လမ်းလျှောက်နေရင်း ခွန်း ရပ်လိုက်ကာ တိမ်တိုက်ဘက်
လှည့်၍ မေးသည်။

'' ကြောက်တာမဟုတ်ဘူး မောင်။ အားနာတာ....ကျွန်တော်မသိလိုက်တဲ့အချိန်တွင်း မောင်ဘာတွေဖြစ်ခဲ့လဲ ကျွန်တော်မသိပေမယ့်....ဘယ်လိုပဲဖြစ်ဖြစ် မောင်က သူ့ရဲ့ အားကိုးရဆုံးနဲ့ အချစ်ဆုံး ညီတစ်​ယောက် ဖြစ်ခဲ့တာပဲလေ။ အဲ့တာကို ကျွန်တော့်ကြောင့်....''

'' မဟုတ်ဘူး တိမ်တိုက်။ မင်းကြောင့်မဟုတ်ဘူး ''

'' ဘာပဲပြောပြော မောင်တို့ ဒီအခြေအနေအထိရောက်သွားတာ ကျွန်တော့် ပယောဂလည်းကင်းမနေဘူးလေ။ မောင်က အဓိက ဆိုတာသိပေမယ့်.... မောင့်အဓိက ကကျွန်တော်ဖြစ်ခဲ့တာလေ ။ ''

''. .....''

'' မောင်ပဲ သွားလိုက်ပါ။ ပြီးရင် မောင်ကပဲ တထစ်လျော့ပြီး
ဆရာ့ကို စခေါ်လိုက်ပါ။ မာနတွေက သိပ်မုန်းဖို့ကောင်းတယ်မောင်...။ အနည်းဆုံးတော့ ဆရာက မောင့် ကျေးဇူးရှင်လေ။ ဆရာ့အပေါ်မှာတော့ မာနမထားပါနဲ့လား မောင် ''

ခွန်း ဘက်က တိမ်တိုက်ပြောသမျှကို သေချာနားထောင်ကာ ငြိမ်သက်နေတော့သည်။

တကယ်ပါ ဒီကလေးက ကိုယ်ဘာဖြစ်နေလဲဆိုတာ ကိုယ့်မျက်ဝန်းတွေမကြည့်ပဲနဲ့တောင် သိနိုင်နေတယ်။

'' အဲ့တော့အခု မင်း ဘယ်လိုဖြစ်စေချင်လဲ ''

'' ဒီလို... ဖွင့်ပွဲကို မောင်ပဲသွားလိုက်ပါ။ နောက်မှ ကျွန်တော်နဲ့မောင် ဆရာ့ကိုသက်သက်သွားကန်တော့ကျမယ်လေ။ ပြီးတော့ ပွဲမတိုင်ခင်ညကတည်းက အဲ့ကိုသွားစေချင်တာ ။ ဆရာနဲ့ စကားတွေဘာတွေ အေးဆေးပြောပေါ့။ ''

'' အင်း ''

'' ပြီးတော့လေ မောင်...''

မရဲတရဲလေး မျက်လုံးကိုလှန်ကြည့်လာသော တိမ်တိုက်။ ခွန်း၏ ယခု စိတ်အခြေအနေကို ဝေခြမ်းစိတ်ဖြာနေပုံပင်။

'' အင်း ရတယ်ပြော ''

'' မောင်...မမှားခဲ့ဘူးဆိုတာ ကျွန်တော်ယုံပါတယ်။ ဒါပေမယ့်လေ..ဟို..ဟို..
ဆရာ့ကို တောင်းပန်လိုက်ပါလား ။ ဆရာ မောင့်ကိုဘယ်လောက်ဂရုစိုက်ပြီး ချစ်တယ်ဆိုတာ မောင်အသိဆုံးဖြစ်မှာပါ။ ဆရာက ဆုံးရှုံးလိုက်ရတာ....မောင်။ သူ့လက်နဲ့ ပျိူးထောင်ခဲ့တဲ့ပန်းလေးက သူများလက်ထဲရောက်သွားတာကို ဘာမှမတတ်နိုင်ပဲ ကြည့်နေရင်း ဆုံးရှုံးခဲ့ရတာ။ သူ့အတ္တလည်း မကင်းခဲ့ပေမယ့် မောင့်အပေါ်ထားတဲ့ သူ့စေတနာတွေက အစစ်အမှန်တွေပါမောင် ''

ခွန်း တိမ်တိုက်ပြောမှ သေချာစဥ်းစား မိသည်။ သူ့မျက်လုံးထဲတွင် ထွဋ်ခေါင်၏ မေတ္တာ စေတနာတွေပြန် မတွေးမိ ခဲ့ပဲ...
ထွဋ်ခေါင်၏ အတ္တ တစ်ခုတည်းကိုသာ မြင်ခဲ့တာဖြစ်သည်။

'' အင်းပါ မင်းပြောသလို မောင်လုပ်ပါ့မယ် ''

တိမ်တိုက်လက်လေးတွေကိုတယုတယအုပ်ကိုင်ပြီးပြောတော့ မော့ကြည့်နေသော မျက်ဝန်းဝိုင်းလေးတွေက ကြည်နူးမှု
အပြည့်။

တစ်ယောက်လိုအပ်ချက်ကို တစ်ယောက်ကဖြည့်ဆည်းပေးတာကို အချစ်လို့ခေါ်သလား....

ခွန်း တိမ်တိုက်ပြောသည့်အတိုင်း ပွဲနေ့မတိုင်ခင် ညနေကတည်းက ရွာဘက်ပြန်သွားလိုက်သည်။ ဦးမာန်ခွန်းစစ် တို့က​တော့ မနက်ကျမှ လိုက်လာမည်ဖြစ်သည်။

ခွန်းရွာကို မရောက်သည်မှာ ၃နှစ်နီးပါးရှိပြီ ဖြစ်သည်။ အတိအကျဆိုလျှင် တိမ်တိုက် မေ့မျောနေသည့်အချိန်မှစ၍ မရောက်ဖြစ်တော့တာပင်။
ရွာရောက်တော့ ခွန်း မျက်စိတောင်လည်သည်။ ငယ်ငယ်ကတည်းက ကြီးပြင်းခဲ့သော နေရာဖြစ်သော်လည်း မှတ်မိနေသော ခွန်းမှတ်ဉာဏ်ထဲတွင် သူ့ရွာ သည်လောက် တိုးတက်မနေခဲ့။ အရင်က ရွာဝင်လမ်းဟာ မြေသားလမ်းဖြစ်သော်လည်း ယခုအခါ ကွန်ကရစ်ခင်းလမ်းဖြစ်နေပြီဖြစ်သည်။ လျှပ်စစ်မီးတိုင်များကလည်း လမ်းတိုင်းလိုလိုရှိနေပြီဖြစ်သည်။

အိမ်ခြေများစေ့လာပြီး အရင်ကထက်လည်း လူဦးရေပိုများလာသည်။
ကျေးရွာဟု မသတ်မှတ်ရဲလောက်အောင်တိုးတက်စည်ကားနေပြီဖြစ်သည်။
မပြောင်းလဲသွားသောအရာဆိုလို့...ခွန်း စိတ်ညစ်သည့်အခါ သွားထိုင်နေလေ့ရှိသော လယ်ကွင်းပြင်ကြီးထဲရှိ
အရိပ်ခပ်ကြီးကြီး အပင်တစ်ပင်သာရှိသည်။

ရွာအဝင်လမ်းလေးကိုနည်းနည်းကျော်လာသောအခါ အဖြူရောင်ချည်း သုတ်ထားသော နှစ်ထပ် အဆောက်အဦးကိုအဝေးကနေလှမ်းမြင်နေရသည်။ အဆောက်အဦးထိပ်တွင်
K' Cloudy II ဟု ထွင်းထား​သော စာလုံးများက နေရာယူထားသည်။

လမ်းတွေဟာ ပြုပြင်ထားတာမို့ ခွန်းသေချာ ကြည့်ကာ
ထွဋ်ခေါင်အိမ်ဆီသို့မောင်းလာရသည်။ တရွေ့ရွေ့ မောင်းလာရင်း တစ်ချိန်က နွေးထွေးခဲ့သော ရပ်ဝန်းလေးကို ရောက်လာခဲ့သည်။ ဒီခြံဝင်းအတွင်းသို့ ပုံစံအမျိူးမျိူးနှင့် ဝင်လာခဲ့ဖူးသည်။ ကျောင်းသားအရွယ် ၊ လူပျိူပေါက်အရွယ် ၊ တက္ကသိုလ် ကျောင်းသားအရွယ်.... ဘဝ၏ ငယ်ရွယ်ချိန်တစ်ချိူ့ဟာ ဒီရွာလေးရဲ့ ခြံဝိုင်းလေးထဲတွင် ကုန်ဆုံးခဲ့တာဖြစ်သည်။

ဒီခြံဝိုင်းလေးအတွင်းမှာ ရခဲ့သည့် နွေးထွေးမှုတွေဟာ အမြဲအမှတ်ရနေမှာမျိူးဖြစ်သည်။ မိဘတွေစွန့်ပစ်သွားသော သူ့ ကို ကရုဏာသက်သက်ဖြင့် ကျွေးမွေးစောင့်ရှောက်ခဲ့သော ရပ်ဝန်း ၊ သေဆုံးနေပြီးသား ဘဝတစ်ခုကို ပြန်လည်ရှင်သန်ရန်အားပေးခဲ့သော ရပ်ဝန်း ၊ နောက်ဆုံး စိတ်ရောဂါသည်တစ်ယောက်ကိုပါ စိတ်ရှည်ရှည်နှင့် ကြင်နာပေးခဲ့သည့် ရပ်ဝန်း။

ခြံဝန်းထဲ ကားရပ်လိုက်တော့.. အိမ်ထဲမှ စိုင်းမင်းနွယ် ထွက်လာပြီး လာကြိုသည်။

'' ကိုခွန်း... တိမ်တိုက်ရော မပါလာဘူးလား ''

'' အင်း..နေသိပ်မကောင်းလို့ထားခဲ့တယ် အဘ နဲ့ဆရာရော ''

'' မနက်​​ဖြန် ပွဲအတွက် သွားစီစဥ်ကျတယ် ။ ခနနေ ပြန်လာကြတော့မှာ ။ ''

'' အဲ့တာဆို ကိုယ် ရေအရင်ချိူးလိုက်ဦးမယ် ''

'' အင်း အင်း ''

စိုင်းမင်းနွယ် က ခွန်းကို သူ့အခန်းထဲမှာပဲ နေရာချပေးသည်။

ညနေမှောင်ရီပျိူးစအချိန်တွင် ထွဋ်ခေါင်တို့ပြန်လာကြသည်။ ခွန်းကတော့ ဧည့်ခန်းထဲမှာ စာအုပ်ထိုင်ဖတ်လျက်ပေါ့။

'' ဟာ သားခွန်း ရောက်နေပါပေါ့လား ။ ဖေ့သားကြီး မတွေ့တာကြာလို့ကွာ ''

ထွဋ်ခေါင်အဖေ ဦးမင်းပြည့်က ဝမ်းသာအားရဖြင့်အနားရောက်လာသည်။ အနည်းငယ်ပိန်သွားဟန်ရှိသည့်ထွဋ်ခေါင်ကတော့ ခွန်းကိုတစ်ချက်မှ လှည့်မကြည့်ပဲ သူ့အခန်းထဲသာ တန်းဝင်သွားသည်။

'' ကျန်းမာရေးကောင်းရဲ့လား အဘ ''

'' ကောင်းတာပေါ့ကွာ ဒေါင်ဒေါင်မြည်ပဲ ။ သားရော အဆင်ပြေနေရဲ့လား ''

'' ဒီအခြေအနေနဲ့ဆို ပြေတယ်လို့ပြောမှ တော်ရာကျမှာပေါ့
အဘရာ ''

'' ဟား..ဟား.... ''

ဦးမင်းပြည့်သဘောကျစွာ ရီတော့သည်။

တယ်လည်းစကားကိုလှအောင်ပြောတတ်ပလားကွာ...

'' အဘ ကျွန်တော်လေ အဘတို့ကို တောင်းပန်ချင် ''

'' အို...ကွယ်..ထားပါ။ လူဆိုတာတစ်ချိန်ကျ ကိုယ့်လမ်းကို လျှောက်ကြရမှာပါကွယ်။ မင်းလျှောက်နေတဲ့လမ်းက မင်းလျှောက်သင့်တာမို့...အပြစ်ကြီးတစ်ခုမဟုတ်ပါဘူး သားရယ် ''

'' ဒါပေမယ့်....''

'' ဒါပေမယ့်တွေဘာတွေလုပ်မနေနဲ့... မင်းစိတ်ပူနေတာအဘသိတယ်.။ ညကျမှ ညီအကိုတွေစကားအေးဆေးပြောကြပေါ့ကွာ ။ ''

'' ဟုတ် အဘ ''

ဦးမင်းပြည့် ရေချိူးရန်ထသွားသည်။ နောက်တော့ စိုင်းမင်းနွယ်က ထမင်းဝိုင်းပြင်ထားပြီး မစားရတာကြာသော ထမင်းလက်စုံကို အတူစားကြသည်။

စိုင်းမင်းနွယ်က ခွန်းလာမယ်မှန်းသိသောကြောင့် ခွန်းကြိုက်တတ်သည်များကို ချက်ပေးထားသည်။ ယခု ထမင်းဝိုင်းတွင်ရှိနေသော အမျိူးသားလေးဦးလုံးက ထမင်းဟင်းချက်တတ်ကြသည်။ အရင် အတူရှိစဥ်ကဆို အားတဲ့သူဝင်ချက်နေကျဖြစ်သည်။

'' သားခွန်း ထည့်စားနော် ''

ဦးမင်းပြည့် ၏ စကားတစ်ခွန်းက ခွန်းကို ဟိုးအတိတ်များဆီ တစ်ဖန်ဆွဲခေါ်သွားသည်။ လွန်ခဲ့သည့် နှစ်များစွာက ဒီလိုအချိန်လေးမှာ..အစွန့်ပစ်ခံလူသားတစ်ဦးအား နွေးထွေးမှုအပြည့်ပေးခဲ့သော ထမင်းဝိုင်းလေးဖြစ်သည်။ သွေးသားအရင်းတွေတောင်မလိုချင်သည့်သူ့ကို လိုလိုလားလားကြိုဆိုခဲ့သည့် ထမင်းဝိုင်းလေးဖြစ်သည်။ အဲ့သည့်နေ့ကလည်း ဦးမင်းပြည့်က ထိုစကားကို ကရုဏာသံများစွာဖြင့်ပြောခဲ့ဖူးသည်။

ခွန်းတွေးရင်း မျက်ရည်တွေဝဲတက်လာသည်မို့...စိတ်ကိုအမြန်ထိန်းကာ မျက်ရည်တွေပြန်သိမ်းရသည်။ ဇာတ်လမ်းတစ်ခုမှာ ဗီလိန်တွေက ငိုခွင့်မရှိဘူးလေ။

ခွန်း မျက်စိရှေ့က ထွဋ်ခေါင် စားနေကျ ဟင်းအားခပ်ကာ
ထွဋ်ခေါင်ပန်းကန်ထဲ လှမ်းထည့်ပေးသည်။ ​အသက်အရွယ်တစ်ခုအရ ထွဋ်ခေါင်ဟာ အခုချိန်မှာ တည်ငြိမ်ရင့်ကျက်စွာဖြင့် ခေါင်းအသာငြိမ့်ပြသည်။

ထမင်းဝိုင်းတစ်ခုလုံးကတိတ်ဆိတ်နေပြီး ဇွန်းနှင့်ပန်းကန်ထိခတ်သံများသာ ကြားရသည်။ ခွန်းတစ်ယောက် ဟိုတွေးဒီတွေးဖြင့် ထမင်းအဖြူချည်းသာစားနေမိသည်။ ဒါကိုထွဋ်ခေါင်က သတိထားသွားကာ ဟင်းတစ်ခုကို ခွန်းပန်းကန်ထဲထည့်ပေးသည်။

'' ဟင်း နဲ့စား ''

နောက် ဦးမင်းပြည့်နှင့်စိုင်းမင်းနွယ်တို့၏ ပန်းကန်များထဲသို့ပါဟင်းများခပ်ထည့်ပေးသည်။ခွန်းလည်း အနည်းငယ်ပြုံးသွားကာ ထွဋ်ခေါင်ထည့်ပေးသော ဟင်းနှင့် စားတော့သည်။

ထမင်းစားသောက်ပြီး၍ ဧည့်ခန်းထဲ သားအဖတွေ ထိုင်ကာ စကားစမြည်ပြောကြပြီးနောက် မနက်ဖြန်ပွဲရှိသည်မို့ စောစောအိပ်ရန် အခန်းထဲသို့ ကိုယ်စီဝင်သွားသည့်အခါ အပြင်တွင်
ထွဋ်ခေါင်နှင့် ခွန်း တို့နှစ်ယောက် သာကျန်ခဲ့သည်။

'' ဆရာ ... ကျွန်တော့်ကို စိတ်နာနေတာလား ''

'' မဟုတ်ပါဘူး ဒါမင်းရွေးချယ်မှုပဲလေ..ကိုယ်လက်ခံပေးရမှာပေါ့ ''

'' ကျွန်တော် တောင်းပန်ပါတယ် ဆရာ။ ဆရာ့အပေါ် ပြုခဲ့မိတဲ့ အရာအားလုံးအတွက် ကျွန်တော် တောင်းပန်ပါတယ်။ ''

'' မလိုပါဘူး။ အဲ့အတွက် တန်ရာတန်ကြေးကို အခုပြန်ရနေပြီပဲ။ ကိုယ်နစ်နာသွားတာမရှိပါဘူး ''

အခုထိ ထွဋ်ခေါင်မျက်နှာဟာ တည်နေတုန်း။ မြင်ဖူးနေကျ ကရုဏာမျက်ဝန်းနဲ့ ထွဋ်ခေါင် မဟုတ်တော့ပေ။ ဒီလိုပြောင်းလဲသွားတာဘယ်လောက်ကြာနေပြီလဲ။

'' အဲ့လို သဘောမျိုး မဟုတ်ပါဘူးဆရာ ။ ကျွန်တော်ရှင်းပြပါရစေ ''

'' ငှက်ဆိုတာကလေ အတောင်ပံတစ်ဖက်တည်းနဲ့ဘယ်တော့မှ မပျံသန်းနိုင်ဘူး....ခွန်း။ မင်း ကိုယ့်ဆီက ထွက်သွားဖို့လုပ်နေကတည်းက မင်းမှာ ပိုကောင်းတဲ့ အတောင်ပံတစ်ဖက်နဲ့ အရိပ်အမြုံရှိနေမယ်ဆိုတာ ကိုယ်သိပြီးသားပါ။ မင်းရှင်းပြစရာမလိုပါဘူး ။ ဒါမင်းရွေးချယ်မှုပဲ ''

'' ကျွန်တော်တကယ်တောင်းပန်ပါတယ် ''

'' မင်းပုံစံအတိုင်းပဲ မင်းနေပါ ခွန်းမာနမောင်။ တောင်းပန်တယ်ဆိုတာမျိူးက မင်းနဲ့မလိုက်ဖက်ဘူး ''

ထွဋ်ခေါင် သူ့ရှေ့တွင် ခခယယ တောင်းပန်နေသော ခွန်းကိုကြည့်ပြီး နေရခက်သည်။ ဘယ်လိုတိုက်ခိုက်လာသော စကားလုံးမဆို အမြဲ မော်ချီကာ ပြန်ရင်ဆိုင်လေ့ရှိသူက မတွေ့ရသည့်အတော်အတွင်း အတော်လေးပြောင်းလဲသွားတာပင်။

'' ဆရာမို့ပါ။ ဆရာက ကျွန်တော့် တစ်ဦးတည်းသော လမ်းပြကြယ်ဖြစ်ခဲ့တာပါ။ တစ်လောကလုံး က ပစ်ပယ်ထားချိန်မှာ​တောင် ဆရာက လက်ကမ်းပေးခဲ့လို့။ ဆရာသာမရှိရင်...အခုအချိန် ခွန်းမာနမောင်ဆိုတာ ဘာမဟုတ်တဲ့ စိတ်ရောဂါသည်တစ်ယောက်သက်သက်ပါပဲ။ ဆရာပေးတဲ့ မေတ္တာတစ်ခုတည်းနဲ့ ဒီအထိရောက်လာခဲ့တာမို့။ ဆရာ့အပေါ် ကျွန်တော်မှားခဲ့သမျှအရာအားလုံးအတွက် ကျွန်တော်တောင်းပန်တာကိုလက်ခံပေးပါ ''

ခွန်းအသံတွေတုန်ယင်လာသလို နားထောင်နေသော ထွဋ်ခေါင်မျက်ဝန်းထဲတွင်လည်း မျက်ရည်စတစ်ချိူ့ဟာ မီးရောင်ကြောင့် လက် နေခဲ့သည်။

'' ထားလိုက်ပါတော့..ပြီးခဲ့တာတွေ ပြန်ပြောနေလို့လည်း ထပ်နာကျင်ရတာကလွဲရင်ဘာမှအဖက်တင်မှာ မဟုတ်ဘူး။ ကိုယ်လည်း အသက်ကြီးပြီ။ ဒါတွေ လိုက်ခံစားနေတဲ့ အရွယ်မဟုတ်တော့တာမို့။ မင်းစိတ်ပူစရာမလိုဘူး။ အရာရာဟာ သူ့ဘဝနဲ့သူ့ကံချည်းပဲ မင်းရွေးချယ် တဲ့လမ်း မင်းဘာသာလျှောက်။ တစ်ခုခုဆို မင်းကို ကူလျှောက်မပေးနိုင်တော့တာကို​တော့ မင်းနားလည်ပေး။ ''

'' ဟုတ်ကဲ့ပါ ဆရာ ကျေးဇူးတင်ပါတယ် ''

'' ဒါနဲ့တိမ်တိုက်ကြိုးရော နေပြန်ကောင်းနေပြီလား။ နိုးလာပြီလို့တော့ ကြားတယ် ''

'' ဟုတ်ကောင်းနေပါပြီ ''

'' ဘာလို့မပါလာတာလဲ ''

'' သူနည်းနည်းကြောက်နေသေးလို့ပါ။ နောက်မှ ကျွန်တော်တို့နှစ်ယောက်သက်သက်လာခဲ့ပါ့မယ် ''

'' မလာနဲ့။ ဒါ ကိုယ့်နောက်ဆုံးအတ္တပါ.. ကိုယ့်စျာပန ကလွဲရင် မင်းတို့နှစ်ယောက် ကိုယ့်ဆီဘယ်တော့မှ အတူမလာပါနဲ့''

'' ဗျာ ''

'' သွားအိပ်တော့ မနက်ကျ အစောကြီးထရဦးမှာ ''

'' ဟုတ် ဟုတ် ဆရာ ''

ခွန်း ထွဋ်ခေါင်စကားကိုနည်းနည်းရှုပ်သွားကာ နားမလည်ပေ။ နောက် အခန်းထဲဝင်လာသည့်တိုင် ထွဋ်ခေါင်တစ်ယောက် အပြင်မှာကျန်နေခဲ့သေး သည်။ နာရီက ၁၁ နာရီထိုးနေပြီဖြစ်တာမို့ ခွန်းအိပ်ဖို့ပြင်လိုက်တော့...

တောင်! !

💬 မောင် အဆင်ပြေလား...

တိမ်တိုက်ဆီမှ စာဝင်လာသည်။ ဒီအချိန် ထိမအိပ်သေးသော တိမ်တိုက်ကို ခွန်းဆူဖို့ပြင်လိုက်သည်။

💬 ဒီချိန်ထိ မအိပ်သေးပဲ စပ်စုချင်နေတာ ဟင်း..ဟင်း...ဒီကလေး နာတော့မယ် ။ အခုအိပ်တော့

💬 ခေါခွန်ရ်ခ 🙏🏻

တစ်ခါတလေ ထိုင်းလိုတွေချည်း ပြောနေတာကြောင့် ခွန်းတောင် အတော်လေးနားလည်လာပုံပင်။

မနက်ရောက်တော့ ပြင်ဆင်ပြီး သားအဖတွေ K'Cloudy II ဆီထွက်လာခဲ့ကြသည်။ သိပ်မကြာခင် ဦးမာန်ခွန်းစစ် တို့ရောက်လာကြပြီး K'Cloudy ကိုဖဲကြိုးဖြတ်၍ ဖွင့်လှစ်လိုက်တော့သည်။ နောက် ရွာမှလူများနှင့်ဧည့်သည်များကို အစားအသောက်များနှင့်တည်ခင်းဧည့်ခံကြသည်။

လူများနေသည်မို့ ခွန်း အပြင်ဘက်နည်းနည်းထွက်လိုက်တော့ K' Cloudy မျက်စောင်းထိုးတွင် တစ်ထပ်တိုက်ပုလေးကို တွေ့ရသည်။ လူမနေတာကြာသည့်ပုံမို့ အိမ်လေးဟာအတော်လေးပျက်စီးနေပြီဖြစ်သည်။ ထိုအိမ်က အရင်က ခွန်းတို့မိသားစုနေခဲ့သော အိမ်လေးဖြစ်သည်။ မိသားစုစုံစုံလင်လင်နဲ့ နေခဲ့ဖူးသော အိမ်လေးလည်းဖြစ်သည်။ ကောင်းသောအမှတ်တရတွေနှင့် ဆိုးသော အမှတ်တရတွေ ဒွန်တွဲနေသော အိမ်လေးတစ်လုံးလည်းဖြစ်သည်။

ခွန်း ထိုအိမ်ခြံဝင်းထဲဝင်လိုက်ပြီး ဟိုးအတိတ်က သူထိုင်စောင့်ဖူးသော ခြေရင်းဘက်က ​လှေကားလေးပေါ်တွင်ထိုင်လိုက်သည်။ မျက်လုံးလေးကို အသာမှိတ်လိုက်တော့ အတိတ်ဆိုသည့် အရာကထင်ထင်ရှားရှား။ တစ်ချိန်က သူဒီလှေကားလေးမှာထိုင်ပြီး ပြန်လာမခေါ်တော့မည့်သူများကိုစောင့်ဖူးသည်။ ရင်ထဲမွန်းကျပ်လာမှုနှင့်အတူ ခွန်း လက်သီးတို့ဟာ တင်းတင်းစုပ်ထားသည်။

'' မြင်လား ။ အဲ့ဒီနေ့က ခင်ဗျား သား အဲ့နေရာမှာ အဲ့ပုံစံအတိုင်းထိုင်နေပြီး ခင်ဗျားတို့ကိုစောင့်နေခဲ့တာ ''

ခွန်းကိုကြည့်နေသော ဦးမာန်ခွန်းစစ်အနောက်မှ စိုင်းထွဋ်ခေါင်မင်း ရောက်လာ၍ ပြောသည်။

'' အသက်တောင်မပြည့် သေးတဲ့ကလေးကို ပိုက်ဆံတစ်ထုတ်နဲ့ဖြစ်ချင်ရာဖြစ်ဆိုပြီး ခင်ဗျားတို့ထားခဲ့တာ အဲ့ဒီနေရာမှာ ။ ဘာမှ နားမလည်သေးတဲ့အဲ့ကလေးက ခင်ဗျားတို့ပြန်လာခေါ်မယ်ထင်ပြီး အရူးတစ်ယောက်လို အဲ့နေရာမှာ မျက်ရည်တွေနဲ့စောင့်နေခဲ့တာ ''

ဦးမာန်ခွန်းစစ် ဘာမှပြန်ပြောပဲ ခွန်းကိုသာ စိုက်ကြည့်နေမိပြီး ထွဋ်ခေါင်ပြောသမျှကို ပုံဖော်ကြည့်နေသည်။

'' ပစ်ထားချင်သလိုပစ်ထားခဲ့ပြီး သူများပျိိူးထောင်ပြီးသွားမှ ငါဥစ္စာဆိုပြီး ဂုဏ်ဆာပြနေတာ ခင်ဗျား မရှက်ဘူးလား ''

'' အဲ့ဒီအတွက် မင်းကို အခု ပေးပြီးနေပြီလေ ''

'' ဟက် ထားပါတော့ ငွေများတရားနိုင်ဆိုတာမျိုးက အလကားမဟုတ်မှန် ကျူပ်သိတာမို့ ပြိုင်မပြောတော့ပါဘူး။ ခင်ဗျားသိထားဖို့က အဲ့ဒီကလေးက ဒဏ်ရာ တွေအရမ်းများတယ်။ အဲ့ကလေး နာကျင် အောင် ခင်ဗျားထပ်လုပ်မိရင် ကျူပ်အဆိုးမဆိုပါနဲ့ ''

ထွဋ်ခေါင်ပြောပြီး ခွန်းဆီထွက်လာလိုက်သည်။ ထိုခြံဝင်းထဲဝင်လိုက်သည်နှင့် အဲ့သည့်နေ့က ခွန်းပုံကို အခုထိမျက်လုံးထဲကမထွက်။ ရှင်းမပြတတ်အောင် သနားစရာကောင်းသည်။ တစ်ဘဝလုံးကိုစောင့်ရှောက်ပေးချင်စိတ်ပေါ်အောင်ထိ ခွန်းက သနားစရာကောင်းနေခဲ့တာအမှန်ပင်။

ခွန်း သူ့ရှေ့တည့်တည့်ရောက်လာသော ခြေဖမိုးတစ်စုံကို ကြည့်လိုက်တော့ သိပ်ကိုရင်းနှီးသည်။ မော့ကြည့်မိတော့ ထိုမျက်ဝန်းတွေဟာ အဲ့သည့်နေ့က သူ အားကိုးရာဟုခံစားမိသည့်
ထွဋ်ခေါင်၏မျက်ဝန်းနှင့်တစ်ပုံစံတည်း။

အရာအားလုံးအတွက် ကျေးဇူးအတင်ချင်ဆုံးက ဆရာပါ....
လမ်းပြပေးရုံတင်မဟုတ်ပဲ လမ်းပါခင်းပေးခဲ့သည့် ကျေးဇူးရှင်ဆရာပါ....

ခံစားချက်တွေကိုရိပ်စားမိပါသည်...ဘယ်လိုမှမတတ်နိုင်ခဲ့သည်မို့ မမြင်ချင်ယောင်ဆောင်ထားရသည့်အခါ ခွင့်လွှတ်ပေးပါ...

ညနေပိုင်းရောက်တော့ ခွန်း အကုန်လုံးကိုနှုတ်ဆတ်ကာ ရွာမှထွက်လာခဲ့တော့သည်။ မပြန်ခင် ထွဋ်ခေါင် မှာလိုက်သောစကားကြောင့် ခွန်း စိတ်လုံးဝမကောင်း။

'' ဒီရွာကို အကြောင်းပြချက်မရှိပဲ မလာပါနဲ့။ မနေ့ညက ကိုယ့်စကားက အတည်ပါ။ မင်းတို့နှစ်ယောက် ကိုယ့်ဆီမလာပါနဲ့ ''

ခွန်းစိတ်တွေရှုပ်ထွေးစွာဖြင့် ကားကိုဖြည်းဖြည်းသာမောင်းလာခဲ့သည်။ မိုးကအတော်လေးချူပ်နေပြီဖြစ်ရာ တိုက်ခန်းကို မပြန်ပဲ တိမ်တိုက်တို့အိမ်ဆီပဲ ဆက်မောင်းသွားလိုက်သည်။ သည်အချိန်မှာ သူ တိမ်တိုက်ကိုလိုအပ်နေသည်။

ကားလေးကိုခြံဘေးချရပ်ပြီး အကုန်အိပ်စက်နေကြသော အိမ်လေးအတွင်းသို့ ပေးထားသော သော့အပိုနှင့်ဝင်လာခဲ့သည်။ နောက်တော့ ထူးဆန်းစွာ လော့မချထားသော တိမ်တိုက်အခန်းထဲသို့ ဝင်လာလိုက်သည်။ ခါတိုင်းလော့ချအိပ်လေ့ရှိရာမှ အထူးအဆန်းဒီနေ့ တော့လော့မချထားပေ။

အခန်းထဲရောက်တော့ အဖြူရောင်ကုတင်ပေါ်တွင် စောင်လေးခြုံကာ ကွေးကွေးလေးအိပ်နေသော တိမ်တိုက်။ လက်တွင်လည်း ဖုန်းက ကိုင်လျက်သား။
ခွန်း ဖုန်းကိုအသာဆွဲယူပြီး စားပွဲပေါ်တင်လိုက်သည်။ နောက် လူက ငြီးစီစီဖြစ်နေသည်မို့ ရေချိူးလိုက်သည်။

ရေချိူးပြီးပြန်ထွက်လာတော့ ဘေးတစောင်းကွေးကွေးလေး ကနေ တိမ်တိုက်က ပက်လက်ဖြစ်နေပြီဖြစ်သည်။ ထို့ကြောင့် ခွန်း တိမ်တိုက် ဗိုက်ပေါ်ကို ခေါင်းအုံးလိုက်ပြီး ကန့်လန့်လှဲလိုက်သည်။ အနည်းငယ်လှုပ်သွားတာကြောင့်တိမ်တိုက်နိုးသွားမှန်းခွန်းသိသည်။ တိမ်တိုက်လက်တစ်ဖက်ဟာ သူ့ဗိုက်ပေါ်က ခွန်းခေါင်းဆီရောက်သွားကာ အသာထိုးဖွပေးနေသည်။

'' အဆင်ပြေလား မောင် ''

အိပ်ချင်နေသော လေသံက တိုးတိုးလေး ထွက်လာသည်။

'' ဆရာက ထပ်မလာတော့ဖို့ပြောတယ် ''

'' အင်း...ဆရာလည်း အတော်ခက်ခဲနေမှာပဲ ''

'' မောင် အရမ်းမှားသွားလားဟင် တိမ်တိုက် ''

'' တစ်ခုကိုလိုချင်ရင် တစ်ခုကိုစွန့်လွှတ်ရမှာပဲ မောင်။ အဲ့တာကို အမှားလို့မခေါ်ဘူး။ မောင့်ရွေးချယ်မှု မှားမမှားဆိုတာ မောင့်အပေါ်မှာပဲ မူတည်တာ။ ''

လူကသာ အိပ်ချင်မူးတူးအသံဖြစ်နေတာ ပြောသမျှ စကားလုံးတွေက အကြီးကြီးတွေချည်းပဲ ။

'' မောင် အရမ်းပင်ပန်းနေပြီ တိမ်တိုက် ''

'' ကျွန်တော့်ဆီလာ... ''

မျက်လုံးလေးမှိတ်ကာ လက်လေးနှစ်ဖက်ဆန့်ပေးထားသောတိမ်တိုက်ကြောင့် ခွန်း အသာတကြည် တိမ်တိုက်ရင်ခွင်ပေါ် မှီလိုက်တော့သည်။ ရင်ခွင်ထဲက ခွန်း၏ ခေါင်းလေးကို သူ့လက်လေးနှစ်ဖက်ဖြင့် အသာဖက်ထားပြီး တစ်ဖက်ကလည်း ဆံပင်တို့အား သပ်ပေးနေသည်။

ရင်ခွင်သေးသေးလေးက နွေးလိုက်တာ.....

..................

7.7.2022

( Zawgyi )

'' ေမာင္..ဆရာက ကြၽန္ေတာ့္ကို ၾကည္ပါ့မလား ။ ကြၽန္ေတာ္ေနခဲ့လိုက္မယ္ေလ ''

'' အခ်ိန္ေတြလည္းၾကာေနပါၿပီ ကေလးရယ္။ ဆရာ ေမာင္တို႔ကို နားလည္မွာပါ ''

မေရာက္ ျဖစ္တာၾကာၿပီျဖစ္ေသာ အင္းလ်ားကန္ေဘာင္ေပၚတြင္ လမ္းေလွ်ာက္ရင္း ခြန္းႏွင့္တိမ္တိုက္တို႔ သဘက္ခါ သြားရမည့္ K' Cloudy II ဖြင့္ပြဲ အေၾကာင္းတိုင္ပင္ေနၾကတာျဖစ္သည္။

'' ဒါေပမယ့္ ေမာင္....ေမာင္တို႔ မေတြ႕ျဖစ္ ေတာ့တာလည္း ၾကာေနၿပီဆို ။ အဲ့ေတာ့ ပထမဆုံးျပန္ေတြ႕မွာကို ကြၽန္ေတာ့္ကို ေခၚသြားရင္ နည္းနည္းမ်ား မေလးစားရာ က်ေနမလားလို႔ေလ ''

'' ဆရာ့ကိုေၾကာက္ေနတာလား တိမ္တိုက္ ''

လမ္းေလွ်ာက္ေနရင္း ခြန္း ရပ္လိုက္ကာ တိမ္တိုက္ဘက္
လွည့္၍ ေမးသည္။

'' ေၾကာက္တာမဟုတ္ဘူး ေမာင္။ အားနာတာ....ကြၽန္ေတာ္မသိလိုက္တဲ့အခ်ိန္တြင္း ေမာင္ဘာေတြျဖစ္ခဲ့လဲ ကြၽန္ေတာ္မသိေပမယ့္....ဘယ္လိုပဲျဖစ္ျဖစ္ ေမာင္က သူ႕ရဲ႕ အားကိုးရဆုံးနဲ႕ အခ်စ္ဆုံး ညီတစ္ေယာက္ ျဖစ္ခဲ့တာပဲေလ။ အဲ့တာကို ကြၽန္ေတာ့္ေၾကာင့္....''

'' မဟုတ္ဘူး တိမ္တိုက္။ မင္းေၾကာင့္မဟုတ္ဘူး ''

'' ဘာပဲေျပာေျပာ ေမာင္တို႔ ဒီအေျခအေနအထိေရာက္သြားတာ ကြၽန္ေတာ့္ ပေယာဂလည္းကင္းမေနဘူးေလ။ ေမာင္က အဓိက ဆိုတာသိေပမယ့္.... ေမာင့္အဓိက ကကြၽန္ေတာ္ျဖစ္ခဲ့တာေလ ။ ''

''. .....''

'' ေမာင္ပဲ သြားလိုက္ပါ။ ၿပီးရင္ ေမာင္ကပဲ တထစ္ေလ်ာ့ၿပီး
ဆရာ့ကို စေခၚလိုက္ပါ။ မာနေတြက သိပ္မုန္းဖို႔ေကာင္းတယ္ေမာင္...။ အနည္းဆုံးေတာ့ ဆရာက ေမာင့္ ေက်းဇူးရွင္ေလ။ ဆရာ့အေပၚမွာေတာ့ မာနမထားပါနဲ႕လား ေမာင္ ''

ခြန္း ဘက္က တိမ္တိုက္ေျပာသမွ်ကို ေသခ်ာနားေထာင္ကာ ၿငိမ္သက္ေနေတာ့သည္။

တကယ္ပါ ဒီကေလးက ကိုယ္ဘာျဖစ္ေနလဲဆိုတာ ကိုယ့္မ်က္ဝန္းေတြမၾကည့္ပဲနဲ႕ေတာင္ သိနိုင္ေနတယ္။

'' အဲ့ေတာ့အခု မင္း ဘယ္လိုျဖစ္ေစခ်င္လဲ ''

'' ဒီလို... ဖြင့္ပြဲကို ေမာင္ပဲသြားလိုက္ပါ။ ေနာက္မွ ကြၽန္ေတာ္နဲ႕ေမာင္ ဆရာ့ကိုသက္သက္သြားကန္ေတာ့က်မယ္ေလ။ ၿပီးေတာ့ ပြဲမတိုင္ခင္ညကတည္းက အဲ့ကိုသြားေစခ်င္တာ ။ ဆရာနဲ႕ စကားေတြဘာေတြ ေအးေဆးေျပာေပါ့။ ''

'' အင္း ''

'' ၿပီးေတာ့ေလ ေမာင္...''

မရဲတရဲေလး မ်က္လုံးကိုလွန္ၾကည့္လာေသာ တိမ္တိုက္။ ခြန္း၏ ယခု စိတ္အေျခအေနကို ေဝျခမ္းစိတ္ျဖာေနပုံပင္။

'' အင္း ရတယ္ေျပာ ''

'' ေမာင္...မမွားခဲ့ဘူးဆိုတာ ကြၽန္ေတာ္ယုံပါတယ္။ ဒါေပမယ့္ေလ..ဟို..ဟို..
ဆရာ့ကို ေတာင္းပန္လိုက္ပါလား ။ ဆရာ ေမာင့္ကိုဘယ္ေလာက္ဂ႐ုစိုက္ၿပီး ခ်စ္တယ္ဆိုတာ ေမာင္အသိဆုံးျဖစ္မွာပါ။ ဆရာက ဆုံးရႈံးလိုက္ရတာ....ေမာင္။ သူ႕လက္နဲ႕ ပ်ိဴးေထာင္ခဲ့တဲ့ပန္းေလးက သူမ်ားလက္ထဲေရာက္သြားတာကို ဘာမွမတတ္နိုင္ပဲ ၾကည့္ေနရင္း ဆုံးရႈံးခဲ့ရတာ။ သူ႕အတၱလည္း မကင္းခဲ့ေပမယ့္ ေမာင့္အေပၚထားတဲ့ သူ႕ေစတနာေတြက အစစ္အမွန္ေတြပါေမာင္ ''

ခြန္း တိမ္တိုက္ေျပာမွ ေသခ်ာစဥ္းစား မိသည္။ သူ႕မ်က္လုံးထဲတြင္ ထြဋ္ေခါင္၏ ေမတၱာ ေစတနာေတြျပန္ မေတြးမိ ခဲ့ပဲ...
ထြဋ္ေခါင္၏ အတၱ တစ္ခုတည္းကိုသာ ျမင္ခဲ့တာျဖစ္သည္။

'' အင္းပါ မင္းေျပာသလို ေမာင္လုပ္ပါ့မယ္ ''

တိမ္တိုက္လက္ေလးေတြကိုတယုတယအုပ္ကိုင္ၿပီးေျပာေတာ့ ေမာ့ၾကည့္ေနေသာ မ်က္ဝန္းဝိုင္းေလးေတြက ၾကည္ႏူးမႈ
အျပည့္။

တစ္ေယာက္လိုအပ္ခ်က္ကို တစ္ေယာက္ကျဖည့္ဆည္းေပးတာကို အခ်စ္လို႔ေခၚသလား....

ခြန္း တိမ္တိုက္ေျပာသည့္အတိုင္း ပြဲေန႕မတိုင္ခင္ ညေနကတည္းက ႐ြာဘက္ျပန္သြားလိုက္သည္။ ဦးမာန္ခြန္းစစ္ တို႔ကေတာ့ မနက္က်မွ လိုက္လာမည္ျဖစ္သည္။

ခြန္း႐ြာကို မေရာက္သည္မွာ ၃ႏွစ္နီးပါးရွိၿပီ ျဖစ္သည္။ အတိအက်ဆိဳလွ်င္ တိမ္တိုက္ ေမ့ေမ်ာေနသည့္အခ်ိန္မွစ၍ မေရာက္ျဖစ္ေတာ့တာပင္။
႐ြာေရာက္ေတာ့ ခြန္း မ်က္စိေတာင္လည္သည္။ ငယ္ငယ္ကတည္းက ႀကီးျပင္းခဲ့ေသာ ေနရာျဖစ္ေသာ္လည္း မွတ္မိေနေသာ ခြန္းမွတ္ဉာဏ္ထဲတြင္ သူ႕႐ြာ သည္ေလာက္ တိုးတက္မေနခဲ့။ အရင္က ႐ြာဝင္လမ္းဟာ ေျမသားလမ္းျဖစ္ေသာ္လည္း ယခုအခါ ကြန္ကရစ္ခင္းလမ္းျဖစ္ေနၿပီျဖစ္သည္။ လွ်ပ္စစ္မီးတိုင္မ်ားကလည္း လမ္းတိုင္းလိုလိုရွိေနၿပီျဖစ္သည္။

အိမ္ေျခမ်ားေစ့လာၿပီး အရင္ကထက္လည္း လူဦးေရပိုမ်ားလာသည္။
ေက်း႐ြာဟု မသတ္မွတ္ရဲေလာက္ေအာင္တိုးတက္စည္ကားေနၿပီျဖစ္သည္။
မေျပာင္းလဲသြားေသာအရာဆိုလို႔...ခြန္း စိတ္ညစ္သည့္အခါ သြားထိုင္ေနေလ့ရွိေသာ လယ္ကြင္းျပင္ႀကီးထဲရွိ
အရိပ္ခပ္ႀကီးႀကီး အပင္တစ္ပင္သာရွိသည္။

႐ြာအဝင္လမ္းေလးကိုနည္းနည္းေက်ာ္လာေသာအခါ အျဖဴေရာင္ခ်ည္း သုတ္ထားေသာ ႏွစ္ထပ္ အေဆာက္အဦးကိုအေဝးကေနလွမ္းျမင္ေနရသည္။ အေဆာက္အဦးထိပ္တြင္
K' Cloudy II ဟု ထြင္းထားေသာ စာလုံးမ်ားက ေနရာယူထားသည္။

လမ္းေတြဟာ ျပဳျပင္ထားတာမို႔ ခြန္းေသခ်ာ ၾကည့္ကာ
ထြဋ္ေခါင္အိမ္ဆီသို႔ေမာင္းလာရသည္။ တေ႐ြ႕ေ႐ြ႕ ေမာင္းလာရင္း တစ္ခ်ိန္က ႏြေးေထြးခဲ့ေသာ ရပ္ဝန္းေလးကို ေရာက္လာခဲ့သည္။ ဒီၿခံဝင္းအတြင္းသို႔ ပုံစံအမ်ိဴးမ်ိဴးႏွင့္ ဝင္လာခဲ့ဖူးသည္။ ေက်ာင္းသားအ႐ြယ္ ၊ လူပ်ိဴေပါက္အ႐ြယ္ ၊ တကၠသိုလ္ ေက်ာင္းသားအ႐ြယ္.... ဘဝ၏ ငယ္႐ြယ္ခ်ိန္တစ္ခ်ိဴ႕ဟာ ဒီ႐ြာေလးရဲ႕ ၿခံဝိုင္းေလးထဲတြင္ ကုန္ဆုံးခဲ့တာျဖစ္သည္။

ဒီၿခံဝိုင္းေလးအတြင္းမွာ ရခဲ့သည့္ ႏြေးေထြးမႈေတြဟာ အၿမဲအမွတ္ရေနမွာမ်ိဴးျဖစ္သည္။ မိဘေတြစြန့္ပစ္သြားေသာ သူ႕ ကို က႐ုဏာသက္သက္ျဖင့္ ေကြၽးေမြးေစာင့္ေရွာက္ခဲ့ေသာ ရပ္ဝန္း ၊ ေသဆုံးေနၿပီးသား ဘဝတစ္ခုကို ျပန္လည္ရွင္သန္ရန္အားေပးခဲ့ေသာ ရပ္ဝန္း ၊ ေနာက္ဆုံး စိတ္ေရာဂါသည္တစ္ေယာက္ကိုပါ စိတ္ရွည္ရွည္ႏွင့္ ၾကင္နာေပးခဲ့သည့္ ရပ္ဝန္း။

ၿခံဝန္းထဲ ကားရပ္လိုက္ေတာ့.. အိမ္ထဲမွ စိုင္းမင္းႏြယ္ ထြက္လာၿပီး လာႀကိဳသည္။

'' ကိုခြန္း... တိမ္တိုက္ေရာ မပါလာဘူးလား ''

'' အင္း..ေနသိပ္မေကာင္းလို႔ထားခဲ့တယ္ အဘ နဲ႕ဆရာေရာ ''

'' မနက္ျဖန္ ပြဲအတြက္ သြားစီစဥ္က်တယ္ ။ ခနေန ျပန္လာၾကေတာ့မွာ ။ ''

'' အဲ့တာဆို ကိုယ္ ေရအရင္ခ်ိဴးလိုက္ဦးမယ္ ''

'' အင္း အင္း ''

စိုင္းမင္းႏြယ္ က ခြန္းကို သူ႕အခန္းထဲမွာပဲ ေနရာခ်ေပးသည္။

ညေနေမွာင္ရီပ်ိဴးစအခ်ိန္တြင္ ထြဋ္ေခါင္တို႔ျပန္လာၾကသည္။ ခြန္းကေတာ့ ဧည့္ခန္းထဲမွာ စာအုပ္ထိုင္ဖတ္လ်က္ေပါ့။

'' ဟာ သားခြန္း ေရာက္ေနပါေပါ့လား ။ ေဖ့သားႀကီး မေတြ႕တာၾကာလို႔ကြာ ''

ထြဋ္ေခါင္အေဖ ဦးမင္းျပည့္က ဝမ္းသာအားရျဖင့္အနားေရာက္လာသည္။ အနည္းငယ္ပိန္သြားဟန္ရွိသည့္ထြဋ္ေခါင္ကေတာ့ ခြန္းကိုတစ္ခ်က္မွ လွည့္မၾကည့္ပဲ သူ႕အခန္းထဲသာ တန္းဝင္သြားသည္။

'' က်န္းမာေရးေကာင္းရဲ႕လား အဘ ''

'' ေကာင္းတာေပါ့ကြာ ေဒါင္ေဒါင္ျမည္ပဲ ။ သားေရာ အဆင္ေျပေနရဲ႕လား ''

'' ဒီအေျခအေနနဲ႕ဆို ေျပတယ္လို႔ေျပာမွ ေတာ္ရာက်မွာေပါ့
အဘရာ ''

'' ဟား..ဟား.... ''

ဦးမင္းျပည့္သေဘာက်စြာ ရီေတာ့သည္။

တယ္လည္းစကားကိုလွေအာင္ေျပာတတ္ပလားကြာ...

'' အဘ ကြၽန္ေတာ္ေလ အဘတို႔ကို ေတာင္းပန္ခ်င္ ''

'' အို...ကြယ္..ထားပါ။ လူဆိုတာတစ္ခ်ိန္က် ကိုယ့္လမ္းကို ေလွ်ာက္ၾကရမွာပါကြယ္။ မင္းေလွ်ာက္ေနတဲ့လမ္းက မင္းေလွ်ာက္သင့္တာမို႔...အျပစ္ႀကီးတစ္ခုမဟုတ္ပါဘူး သားရယ္ ''

'' ဒါေပမယ့္....''

'' ဒါေပမယ့္ေတြဘာေတြလုပ္မေနနဲ႕... မင္းစိတ္ပူေနတာအဘသိတယ္.။ ညက်မွ ညီအကိုေတြစကားေအးေဆးေျပာၾကေပါ့ကြာ ။ ''

'' ဟုတ္ အဘ ''

ဦးမင္းျပည့္ ေရခ်ိဴးရန္ထသြားသည္။ ေနာက္ေတာ့ စိုင္းမင္းႏြယ္က ထမင္းဝိုင္းျပင္ထားၿပီး မစားရတာၾကာေသာ ထမင္းလက္စုံကို အတူစားၾကသည္။

စိုင္းမင္းႏြယ္က ခြန္းလာမယ္မွန္းသိေသာေၾကာင့္ ခြန္းႀကိဳက္တတ္သည္မ်ားကို ခ်က္ေပးထားသည္။ ယခု ထမင္းဝိုင္းတြင္ရွိေနေသာ အမ်ိဴးသားေလးဦးလုံးက ထမင္းဟင္းခ်က္တတ္ၾကသည္။ အရင္ အတူရွိစဥ္ကဆို အားတဲ့သူဝင္ခ်က္ေနက်ျဖစ္သည္။

'' သားခြန္း ထည့္စားေနာ္ ''

ဦးမင္းျပည့္ ၏ စကားတစ္ခြန္းက ခြန္းကို ဟိုးအတိတ္မ်ားဆီ တစ္ဖန္ဆြဲေခၚသြားသည္။ လြန္ခဲ့သည့္ ႏွစ္မ်ားစြာက ဒီလိုအခ်ိန္ေလးမွာ..အစြန့္ပစ္ခံလူသားတစ္ဦးအား ႏြေးေထြးမႈအျပည့္ေပးခဲ့ေသာ ထမင္းဝိုင္းေလးျဖစ္သည္။ ေသြးသားအရင္းေတြေတာင္မလိုခ်င္သည့္သူ႕ကို လိုလိုလားလားႀကိဳဆိုခဲ့သည့္ ထမင္းဝိုင္းေလးျဖစ္သည္။ အဲ့သည့္ေန႕ကလည္း ဦးမင္းျပည့္က ထိုစကားကို က႐ုဏာသံမ်ားစြာျဖင့္ေျပာခဲ့ဖူးသည္။

ခြန္းေတြးရင္း မ်က္ရည္ေတြဝဲတက္လာသည္မို႔...စိတ္ကိုအျမန္ထိန္းကာ မ်က္ရည္ေတြျပန္သိမ္းရသည္။ ဇာတ္လမ္းတစ္ခုမွာ ဗီလိန္ေတြက ငိုခြင့္မရွိဘူးေလ။

ခြန္း မ်က္စိေရွ႕က ထြဋ္ေခါင္ စားေနက် ဟင္းအားခပ္ကာ
ထြဋ္ေခါင္ပန္းကန္ထဲ လွမ္းထည့္ေပးသည္။ အသက္အ႐ြယ္တစ္ခုအရ ထြဋ္ေခါင္ဟာ အခုခ်ိန္မွာ တည္ၿငိမ္ရင့္က်က္စြာျဖင့္ ေခါင္းအသာၿငိမ့္ျပသည္။

ထမင္းဝိုင္းတစ္ခုလုံးကတိတ္ဆိတ္ေနၿပီး ဇြန္းႏွင့္ပန္းကန္ထိခတ္သံမ်ားသာ ၾကားရသည္။ ခြန္းတစ္ေယာက္ ဟိုေတြးဒီေတြးျဖင့္ ထမင္းအျဖဴခ်ည္းသာစားေနမိသည္။ ဒါကိုထြဋ္ေခါင္က သတိထားသြားကာ ဟင္းတစ္ခုကို ခြန္းပန္းကန္ထဲထည့္ေပးသည္။

'' ဟင္း နဲ႕စား ''

ေနာက္ ဦးမင္းျပည့္ႏွင့္စိုင္းမင္းႏြယ္တို႔၏ ပန္းကန္မ်ားထဲသို႔ပါဟင္းမ်ားခပ္ထည့္ေပးသည္။ခြန္းလည္း အနည္းငယ္ၿပဳံးသြားကာ ထြဋ္ေခါင္ထည့္ေပးေသာ ဟင္းႏွင့္ စားေတာ့သည္။

ထမင္းစားေသာက္ၿပီး၍ ဧည့္ခန္းထဲ သားအဖေတြ ထိုင္ကာ စကားစျမည္ေျပာၾကၿပီးေနာက္ မနက္ျဖန္ပြဲရွိသည္မို႔ ေစာေစာအိပ္ရန္ အခန္းထဲသို႔ ကိုယ္စီဝင္သြားသည့္အခါ အျပင္တြင္
ထြဋ္ေခါင္ႏွင့္ ခြန္း တို႔ႏွစ္ေယာက္ သာက်န္ခဲ့သည္။

'' ဆရာ ... ကြၽန္ေတာ့္ကို စိတ္နာေနတာလား ''

'' မဟုတ္ပါဘူး ဒါမင္းေ႐ြးခ်ယ္မႈပဲေလ..ကိုယ္လက္ခံေပးရမွာေပါ့ ''

'' ကြၽန္ေတာ္ ေတာင္းပန္ပါတယ္ ဆရာ။ ဆရာ့အေပၚ ျပဳခဲ့မိတဲ့ အရာအားလုံးအတြက္ ကြၽန္ေတာ္ ေတာင္းပန္ပါတယ္။ ''

'' မလိုပါဘူး။ အဲ့အတြက္ တန္ရာတန္ေၾကးကို အခုျပန္ရေနၿပီပဲ။ ကိုယ္နစ္နာသြားတာမရွိပါဘူး ''

အခုထိ ထြဋ္ေခါင္မ်က္ႏွာဟာ တည္ေနတုန္း။ ျမင္ဖူးေနက် က႐ုဏာမ်က္ဝန္းနဲ႕ ထြဋ္ေခါင္ မဟုတ္ေတာ့ေပ။ ဒီလိုေျပာင္းလဲသြားတာဘယ္ေလာက္ၾကာေနၿပီလဲ။

'' အဲ့လို သေဘာမ်ိဳး မဟုတ္ပါဘူးဆရာ ။ ကြၽန္ေတာ္ရွင္းျပပါရေစ ''

'' ငွက္ဆိုတာကေလ အေတာင္ပံတစ္ဖက္တည္းနဲ႕ဘယ္ေတာ့မွ မပ်ံသန္းနိုင္ဘူး....ခြန္း။ မင္း ကိုယ့္ဆီက ထြက္သြားဖို႔လုပ္ေနကတည္းက မင္းမွာ ပိုေကာင္းတဲ့ အေတာင္ပံတစ္ဖက္နဲ႕ အရိပ္အၿမဳံရွိေနမယ္ဆိုတာ ကိုယ္သိၿပီးသားပါ။ မင္းရွင္းျပစရာမလိုပါဘူး ။ ဒါမင္းေ႐ြးခ်ယ္မႈပဲ ''

'' ကြၽန္ေတာ္တကယ္ေတာင္းပန္ပါတယ္ ''

'' မင္းပုံစံအတိုင္းပဲ မင္းေနပါ ခြန္းမာနေမာင္။ ေတာင္းပန္တယ္ဆိုတာမ်ိဴးက မင္းနဲ႕မလိုက္ဖက္ဘူး ''

ထြဋ္ေခါင္ သူ႕ေရွ႕တြင္ ခခယယ ေတာင္းပန္ေနေသာ ခြန္းကိုၾကည့္ၿပီး ေနရခက္သည္။ ဘယ္လိုတိုက္ခိုက္လာေသာ စကားလုံးမဆို အၿမဲ ေမာ္ခ်ီကာ ျပန္ရင္ဆိုင္ေလ့ရွိသူက မေတြ႕ရသည့္အေတာ္အတြင္း အေတာ္ေလးေျပာင္းလဲသြားတာပင္။

'' ဆရာမို႔ပါ။ ဆရာက ကြၽန္ေတာ့္ တစ္ဦးတည္းေသာ လမ္းျပၾကယ္ျဖစ္ခဲ့တာပါ။ တစ္ေလာကလုံး က ပစ္ပယ္ထားခ်ိန္မွာေတာင္ ဆရာက လက္ကမ္းေပးခဲ့လို႔။ ဆရာသာမရွိရင္...အခုအခ်ိန္ ခြန္းမာနေမာင္ဆိုတာ ဘာမဟုတ္တဲ့ စိတ္ေရာဂါသည္တစ္ေယာက္သက္သက္ပါပဲ။ ဆရာေပးတဲ့ ေမတၱာတစ္ခုတည္းနဲ႕ ဒီအထိေရာက္လာခဲ့တာမို႔။ ဆရာ့အေပၚ ကြၽန္ေတာ္မွားခဲ့သမွ်အရာအားလုံးအတြက္ ကြၽန္ေတာ္ေတာင္းပန္တာကိုလက္ခံေပးပါ ''

ခြန္းအသံေတြတုန္ယင္လာသလို နားေထာင္ေနေသာ ထြဋ္ေခါင္မ်က္ဝန္းထဲတြင္လည္း မ်က္ရည္စတစ္ခ်ိဴ႕ဟာ မီးေရာင္ေၾကာင့္ လက္ ေနခဲ့သည္။

'' ထားလိုက္ပါေတာ့..ၿပီးခဲ့တာေတြ ျပန္ေျပာေနလို႔လည္း ထပ္နာက်င္ရတာကလြဲရင္ဘာမွအဖက္တင္မွာ မဟုတ္ဘူး။ ကိုယ္လည္း အသက္ႀကီးၿပီ။ ဒါေတြ လိုက္ခံစားေနတဲ့ အ႐ြယ္မဟုတ္ေတာ့တာမို႔။ မင္းစိတ္ပူစရာမလိုဘူး။ အရာရာဟာ သူ႕ဘဝနဲ႕သူ႕ကံခ်ည္းပဲ မင္းေ႐ြးခ်ယ္ တဲ့လမ္း မင္းဘာသာေလွ်ာက္။ တစ္ခုခုဆို မင္းကို ကူေလွ်ာက္မေပးနိုင္ေတာ့တာကိုေတာ့ မင္းနားလည္ေပး။ ''

'' ဟုတ္ကဲ့ပါ ဆရာ ေက်းဇူးတင္ပါတယ္ ''

'' ဒါနဲ႕တိမ္တိုက္ႀကိဳးေရာ ေနျပန္ေကာင္းေနၿပီလား။ နိုးလာၿပီလို႔ေတာ့ ၾကားတယ္ ''

'' ဟုတ္ေကာင္းေနပါၿပီ ''

'' ဘာလို႔မပါလာတာလဲ ''

'' သူနည္းနည္းေၾကာက္ေနေသးလို႔ပါ။ ေနာက္မွ ကြၽန္ေတာ္တို႔ႏွစ္ေယာက္သက္သက္လာခဲ့ပါ့မယ္ ''

'' မလာနဲ႕။ ဒါ ကိုယ့္ေနာက္ဆုံးအတၱပါ.. ကိုယ့္စ်ာပန ကလြဲရင္ မင္းတို႔ႏွစ္ေယာက္ ကိုယ့္ဆီဘယ္ေတာ့မွ အတူမလာပါနဲ႕''

'' ဗ်ာ ''

'' သြားအိပ္ေတာ့ မနက္က် အေစာႀကီးထရဦးမွာ ''

'' ဟုတ္ ဟုတ္ ဆရာ ''

ခြန္း ထြဋ္ေခါင္စကားကိုနည္းနည္းရႈပ္သြားကာ နားမလည္ေပ။ ေနာက္ အခန္းထဲဝင္လာသည့္တိုင္ ထြဋ္ေခါင္တစ္ေယာက္ အျပင္မွာက်န္ေနခဲ့ေသး သည္။ နာရီက ၁၁ နာရီထိုးေနၿပီျဖစ္တာမို႔ ခြန္းအိပ္ဖို႔ျပင္လိုက္ေတာ့...

ေတာင္! !

ေမာင္ အဆင္ေျပလား...

တိမ္တိုက္ဆီမွ စာဝင္လာသည္။ ဒီအခ်ိန္ ထိမအိပ္ေသးေသာ တိမ္တိုက္ကို ခြန္းဆူဖို႔ျပင္လိုက္သည္။

ဒီခ်ိန္ထိ မအိပ္ေသးပဲ စပ္စုခ်င္ေနတာ ဟင္း..ဟင္း...ဒီကေလး နာေတာ့မယ္ ။ အခုအိပ္ေတာ့

ေခါခြန္ရ္ခ 🙏

တစ္ခါတေလ ထိုင္းလိုေတြခ်ည္း ေျပာေနတာေၾကာင့္ ခြန္းေတာင္ အေတာ္ေလးနားလည္လာပုံပင္။

မနက္ေရာက္ေတာ့ ျပင္ဆင္ၿပီး သားအဖေတြ K'Cloudy II ဆီထြက္လာခဲ့ၾကသည္။ သိပ္မၾကာခင္ ဦးမာန္ခြန္းစစ္ တို႔ေရာက္လာၾကၿပီး K'Cloudy ကိုဖဲႀကိဳးျဖတ္၍ ဖြင့္လွစ္လိုက္ေတာ့သည္။ ေနာက္ ႐ြာမွလူမ်ားႏွင့္ဧည့္သည္မ်ားကို အစားအေသာက္မ်ားႏွင့္တည္ခင္းဧည့္ခံၾကသည္။

လူမ်ားေနသည္မို႔ ခြန္း အျပင္ဘက္နည္းနည္းထြက္လိုက္ေတာ့ K' Cloudy မ်က္ေစာင္းထိုးတြင္ တစ္ထပ္တိုက္ပုေလးကို ေတြ႕ရသည္။ လူမေနတာၾကာသည့္ပုံမို႔ အိမ္ေလးဟာအေတာ္ေလးပ်က္စီးေနၿပီျဖစ္သည္။ ထိုအိမ္က အရင္က ခြန္းတို႔မိသားစုေနခဲ့ေသာ အိမ္ေလးျဖစ္သည္။ မိသားစုစုံစုံလင္လင္နဲ႕ ေနခဲ့ဖူးေသာ အိမ္ေလးလည္းျဖစ္သည္။ ေကာင္းေသာအမွတ္တရေတြႏွင့္ ဆိုးေသာ အမွတ္တရေတြ ဒြန္တြဲေနေသာ အိမ္ေလးတစ္လုံးလည္းျဖစ္သည္။

ခြန္း ထိုအိမ္ၿခံဝင္းထဲဝင္လိုက္ၿပီး ဟိုးအတိတ္က သူထိုင္ေစာင့္ဖူးေသာ ေျခရင္းဘက္က ေလွကားေလးေပၚတြင္ထိုင္လိုက္သည္။ မ်က္လုံးေလးကို အသာမွိတ္လိုက္ေတာ့ အတိတ္ဆိုသည့္ အရာကထင္ထင္ရွားရွား။ တစ္ခ်ိန္က သူဒီေလွကားေလးမွာထိုင္ၿပီး ျပန္လာမေခၚေတာ့မည့္သူမ်ားကိုေစာင့္ဖူးသည္။ ရင္ထဲမြန္းက်ပ္လာမႈႏွင့္အတူ ခြန္း လက္သီးတို႔ဟာ တင္းတင္းစုပ္ထားသည္။

'' ျမင္လား ။ အဲ့ဒီေန႕က ခင္ဗ်ား သား အဲ့ေနရာမွာ အဲ့ပုံစံအတိုင္းထိုင္ေနၿပီး ခင္ဗ်ားတို႔ကိုေစာင့္ေနခဲ့တာ ''

ခြန္းကိုၾကည့္ေနေသာ ဦးမာန္ခြန္းစစ္အေနာက္မွ စိုင္းထြဋ္ေခါင္မင္း ေရာက္လာ၍ ေျပာသည္။

'' အသက္ေတာင္မျပည့္ ေသးတဲ့ကေလးကို ပိုက္ဆံတစ္ထုတ္နဲ႕ျဖစ္ခ်င္ရာျဖစ္ဆိုၿပီး ခင္ဗ်ားတို႔ထားခဲ့တာ အဲ့ဒီေနရာမွာ ။ ဘာမွ နားမလည္ေသးတဲ့အဲ့ကေလးက ခင္ဗ်ားတို႔ျပန္လာေခၚမယ္ထင္ၿပီး အ႐ူးတစ္ေယာက္လို အဲ့ေနရာမွာ မ်က္ရည္ေတြနဲ႕ေစာင့္ေနခဲ့တာ ''

ဦးမာန္ခြန္းစစ္ ဘာမွျပန္ေျပာပဲ ခြန္းကိုသာ စိုက္ၾကည့္ေနမိၿပီး ထြဋ္ေခါင္ေျပာသမွ်ကို ပုံေဖာ္ၾကည့္ေနသည္။

'' ပစ္ထားခ်င္သလိုပစ္ထားခဲ့ၿပီး သူမ်ားပ်ိိူးေထာင္ၿပီးသြားမွ ငါဥစၥာဆိုၿပီး ဂုဏ္ဆာျပေနတာ ခင္ဗ်ား မရွက္ဘူးလား ''

'' အဲ့ဒီအတြက္ မင္းကို အခု ေပးၿပီးေနၿပီေလ ''

'' ဟက္ ထားပါေတာ့ ေငြမ်ားတရားနိုင္ဆိုတာမ်ိဳးက အလကားမဟုတ္မွန္ က်ဴပ္သိတာမို႔ ၿပိဳင္မေျပာေတာ့ပါဘူး။ ခင္ဗ်ားသိထားဖို႔က အဲ့ဒီကေလးက ဒဏ္ရာ ေတြအရမ္းမ်ားတယ္။ အဲ့ကေလး နာက်င္ ေအာင္ ခင္ဗ်ားထပ္လုပ္မိရင္ က်ဴပ္အဆိုးမဆိုပါနဲ႕ ''

ထြဋ္ေခါင္ေျပာၿပီး ခြန္းဆီထြက္လာလိုက္သည္။ ထိုၿခံဝင္းထဲဝင္လိုက္သည္ႏွင့္ အဲ့သည့္ေန႕က ခြန္းပုံကို အခုထိမ်က္လုံးထဲကမထြက္။ ရွင္းမျပတတ္ေအာင္ သနားစရာေကာင္းသည္။ တစ္ဘဝလုံးကိုေစာင့္ေရွာက္ေပးခ်င္စိတ္ေပၚေအာင္ထိ ခြန္းက သနားစရာေကာင္းေနခဲ့တာအမွန္ပင္။

ခြန္း သူ႕ေရွ႕တည့္တည့္ေရာက္လာေသာ ေျခဖမိုးတစ္စုံကို ၾကည့္လိုက္ေတာ့ သိပ္ကိုရင္းႏွီးသည္။ ေမာ့ၾကည့္မိေတာ့ ထိုမ်က္ဝန္းေတြဟာ အဲ့သည့္ေန႕က သူ အားကိုးရာဟုခံစားမိသည့္
ထြဋ္ေခါင္၏မ်က္ဝန္းႏွင့္တစ္ပုံစံတည္း။

အရာအားလုံးအတြက္ ေက်းဇူးအတင္ခ်င္ဆုံးက ဆရာပါ....
လမ္းျပေပး႐ုံတင္မဟုတ္ပဲ လမ္းပါခင္းေပးခဲ့သည့္ ေက်းဇူးရွင္ဆရာပါ....

ခံစားခ်က္ေတြကိုရိပ္စားမိပါသည္...ဘယ္လိုမွမတတ္နိုင္ခဲ့သည္မို႔ မျမင္ခ်င္ေယာင္ေဆာင္ထားရသည့္အခါ ခြင့္လႊတ္ေပးပါ...

ညေနပိုင္းေရာက္ေတာ့ ခြန္း အကုန္လုံးကိုႏႈတ္ဆတ္ကာ ႐ြာမွထြက္လာခဲ့ေတာ့သည္။ မျပန္ခင္ ထြဋ္ေခါင္ မွာလိုက္ေသာစကားေၾကာင့္ ခြန္း စိတ္လုံးဝမေကာင္း။

'' ဒီ႐ြာကို အေၾကာင္းျပခ်က္မရွိပဲ မလာပါနဲ႕။ မေန႕ညက ကိုယ့္စကားက အတည္ပါ။ မင္းတို႔ႏွစ္ေယာက္ ကိုယ့္ဆီမလာပါနဲ႕ ''

ခြန္းစိတ္ေတြရႈပ္ေထြးစြာျဖင့္ ကားကိုျဖည္းျဖည္းသာေမာင္းလာခဲ့သည္။ မိုးကအေတာ္ေလးခ်ဴပ္ေနၿပီျဖစ္ရာ တိုက္ခန္းကို မျပန္ပဲ တိမ္တိုက္တို႔အိမ္ဆီပဲ ဆက္ေမာင္းသြားလိုက္သည္။ သည္အခ်ိန္မွာ သူ တိမ္တိုက္ကိုလိုအပ္ေနသည္။

ကားေလးကိုၿခံေဘးခ်ရပ္ၿပီး အကုန္အိပ္စက္ေနၾကေသာ အိမ္ေလးအတြင္းသို႔ ေပးထားေသာ ေသာ့အပိုႏွင့္ဝင္လာခဲ့သည္။ ေနာက္ေတာ့ ထူးဆန္းစြာ ေလာ့မခ်ထားေသာ တိမ္တိုက္အခန္းထဲသို႔ ဝင္လာလိုက္သည္။ ခါတိုင္းေလာ့ခ်အိပ္ေလ့ရွိရာမွ အထူးအဆန္းဒီေန႕ ေတာ့ေလာ့မခ်ထားေပ။

အခန္းထဲေရာက္ေတာ့ အျဖဴေရာင္ကုတင္ေပၚတြင္ ေစာင္ေလးၿခဳံကာ ေကြးေကြးေလးအိပ္ေနေသာ တိမ္တိုက္။ လက္တြင္လည္း ဖုန္းက ကိုင္လ်က္သား။
ခြန္း ဖုန္းကိုအသာဆြဲယူၿပီး စားပြဲေပၚတင္လိုက္သည္။ ေနာက္ လူက ၿငီးစီစီျဖစ္ေနသည္မို႔ ေရခ်ိဴးလိုက္သည္။

ေရခ်ိဴးၿပီးျပန္ထြက္လာေတာ့ ေဘးတေစာင္းေကြးေကြးေလး ကေန တိမ္တိုက္က ပက္လက္ျဖစ္ေနၿပီျဖစ္သည္။ ထို႔ေၾကာင့္ ခြန္း တိမ္တိုက္ ဗိုက္ေပၚကို ေခါင္းအုံးလိုက္ၿပီး ကန့္လန့္လွဲလိုက္သည္။ အနည္းငယ္လႈပ္သြားတာေၾကာင့္တိမ္တိုက္နိုးသြားမွန္းခြန္းသိသည္။ တိမ္တိုက္လက္တစ္ဖက္ဟာ သူ႕ဗိုက္ေပၚက ခြန္းေခါင္းဆီေရာက္သြားကာ အသာထိုးဖြေပးေနသည္။

'' အဆင္ေျပလား ေမာင္ ''

အိပ္ခ်င္ေနေသာ ေလသံက တိုးတိုးေလး ထြက္လာသည္။

'' ဆရာက ထပ္မလာေတာ့ဖို႔ေျပာတယ္ ''

'' အင္း...ဆရာလည္း အေတာ္ခက္ခဲေနမွာပဲ ''

'' ေမာင္ အရမ္းမွားသြားလားဟင္ တိမ္တိုက္ ''

'' တစ္ခုကိုလိုခ်င္ရင္ တစ္ခုကိုစြန့္လႊတ္ရမွာပဲ ေမာင္။ အဲ့တာကို အမွားလို႔မေခၚဘူး။ ေမာင့္ေ႐ြးခ်ယ္မႈ မွားမမွားဆိုတာ ေမာင့္အေပၚမွာပဲ မူတည္တာ။ ''

လူကသာ အိပ္ခ်င္မူးတူးအသံျဖစ္ေနတာ ေျပာသမွ် စကားလုံးေတြက အႀကီးႀကီးေတြခ်ည္းပဲ ။

'' ေမာင္ အရမ္းပင္ပန္းေနၿပီ တိမ္တိုက္ ''

'' ကြၽန္ေတာ့္ဆီလာ... ''

မ်က္လုံးေလးမွိတ္ကာ လက္ေလးႏွစ္ဖက္ဆန့္ေပးထားေသာတိမ္တိုက္ေၾကာင့္ ခြန္း အသာတၾကည္ တိမ္တိုက္ရင္ခြင္ေပၚ မွီလိုက္ေတာ့သည္။ ရင္ခြင္ထဲက ခြန္း၏ ေခါင္းေလးကို သူ႕လက္ေလးႏွစ္ဖက္ျဖင့္ အသာဖက္ထားၿပီး တစ္ဖက္ကလည္း ဆံပင္တို႔အား သပ္ေပးေနသည္။

ရင္ခြင္ေသးေသးေလးက ႏြေးလိုက္တာ.....

..................

7.7.2022



Comment