Episode - 50

ပူကျစ်နေသော နွေရာသီ ၏ နေ့လည်ခင်းတစ်ခု တွင် အရိပ်အာဝါသအပြည့်ပေးထားသည့် ပိတောက်ပင်ကြီးအောက်တွင် စာထိုင်ဖတ်နေသော ကောင်လေးတစ်ယောက်ရှိသည်။ တစ်ချက်တစ်ချက် အောက်သို့ ငိုက်ငိုက်ကျသွားသည့် ပုံအရ စာဖတ်နေတာလား အိပ်ငိုက်နေတာလား ဆိုတာကတော့ မသဲကွဲ။

ပိုင်ရှင်တွေ အုပ်ထိန်းသူတွေ အကုန်အလုပ်ကိုယ်စီသွားနေကြသည်မို့ သူတစ်ယောက်သာ ဘွဲ့လက်မှတ်တစ်ခုနှင့် အိမ်မှာ ထိုင်စားနေတာဖြစ်သည်။ သင်္ကြန် ပြီးကတည်းက ခွန်းက လုံးလုံးမအားတော့ပေ။ ထွဋ်ခေါင်တို့ရွာတွင် ကျူရှင်ခွဲ
​ဖွင့်ပြီး ပြန်ရောက်လာတာနှင့် ဒီက K'Cloudy ကို Private School ပြောင်းဖို့အတွက် အလုပ်ရှုပ်နေခဲ့တာဖြစ်သည်။ ဒေါ်ယုယမြိုင်ကလည်း သူ့ဆိုင်တွေနှင့်သူ မအား။

အိမ်မှာတစ်ယောက်တည်း ပျင်တာမို့ ခွန်းနောက်လျှောက်လိုက်ချင်သော်လည်း ခွန်းက ဟိုပြေးဒီပြေး လုပ်နေရတာမို့ မခေါ်ပေ။ ဒေါ်ယုယမြိုင်ကတော့ သူ့ဆိုင်ကို တစ်ခါ သွားထိုင်ပြီးကတည်းက လက်လန်သွားတာဖြစ်သည်။ ရွှေကို တစ်ကျပ်သားနှင့်တစ်မတ်သား မှားတွက်ကာ ရောင်းလိုက်သောကြောင့်ဖြစ်သည်။

ထို့ကြောင့် ဖြစ်နိုင်လျှင်တိမ်တိုက်က အိမ်မှာပဲနေရသည်။
ရှန်မင်းကလည်း ကျောင်းမဖွင့်ခင်ထိ ကိုကို့ နယ်ကို လိုက်သွားသည် မို့ သူတစ်ယောက်တည်းပျင်းရိစွာပေါ့။

ခွန်းက စာအုပ် တွေသယ်လာပြီး စာများများဖတ်ခိုင်းတာမို့ အားနေလျှင်စာဖတ်ရသေးသည်။ အခုလည်း အိမ်ထဲကပူတာမို့အပြင်တွင်ခုံချကာ စာထိုင်ဖတ်ရင်းငိုက်နေလေသည်။

ထိုစဥ် ခြံထဲသို့ ဝင်လာသော မိန်းမပျိူလေးတစ်ဦး ....အသားအရည်ဖြူဖွေးလွန်းတာကြောင့် နေပူပူထဲတွင် မျက်နှာလေးက နီရဲလျက်။ ဂုတ်ထောက် ဆံပင်ဝဲဝဲလေးနှင့် ဆန်းသစ်လှသော မြန်မာဝတ်စုံ အပြာနုရောင်လေးကို ဝတ်ဆင်ထားသော ထိုမိန်းမပျိူလေးဟာ သိပ်ကိုလှပသည်။
တိမ်တိုက်သူမကို ရင်းရင်းနှီးနှီး သိသည်။သို့ပေမယ့် ဘယ်မှာရင်းနှီးခဲ့မှန်းစဥ်းစားလို့မရ။

'' တိမ်တိုက်ကြိုး... ''

သာယာနူးညံ့သော အသံခပ်ဝဲဝဲလေးကတိုင်းရင်းသူမှန်းတန်းသိစေသည်။

'' ဟုတ်ကဲ့...ဘယ်သူလဲ မသိ...''

'' နန်းပါ...နန်းဆုမွန်ဦး ''

နန်းဆုတစ်ယောက် သူ့ကိုယ်သူမိတ်ဆက်လိုက်မှ တိမ်တိုက် တစ်ခေါက်သေချာပြန်ကြည့်ရသည်။ ထိုအခါမှ တဖြည်းဖြည်းပြန်မှတ်မိလာတာဖြစ်သည်။ အရင်က နန်းဆုက အခုလိုမဟုတ်... ဆံပင်အရှည်နှင့် နန်းဆန်ဆန်လှနေခဲ့တာဖြစ်သည်။ အခုတော့ ဆံပင်အတိုနှင့် ခေတ်ဆန်ဆန် ယဥ်နေပြန်ရော။

'' ဪ နန်းဆု... လာလေ ခနလေးစောင့် ''

တိမ်တိုက် နန်းဆုကို ခနစောင့် ခိုင်းပြီး အိမ်ထဲမှ ခုံတစ်လုံးထုတ်ကာ အမြန်ပြန်ထွက်လာသည်။

'' ထိုင် နန်းဆု အထဲမှာ ပူတယ် ''

'' အင်း ''

ညင်သာစွာပဲ တိမ်တိုက်ချပေးသောခုံတွင်နန်းဆု ဝင်ထိုင်လိုက်သည်။

'' ဘယ်ကနေ ဘယ်လိုရောက်လာတာလဲ ''

'' ရန်ကုန်မှာ ပြိုင်ပွဲလေးတစ်ခု လာပြိုင်ရင်း တိမ်တိုက်နိုးလာပြီ ကြားတာနဲ့လာတွေ့တာ ''

'' ဟုတ်လား ဘာပြိုင်ပွဲလဲ ''

နန်းဆုလို ခပ်ရိုးရိုး မိန်းမပျိူလေးက ရန်ကုန်လိုနေရာကို ပြိုင်ပွဲအတွက် တစ်ယောက်တည်းတက်လာသည်ဆိုတာက တိမ်တိုက်အတွက် စပ်စုချင်စရာပင်။

'' ဒီဇိုင်နာ ပြိုင်ပွဲ ပါ ။ နိုင်ငံခြား စကောလာ ပါရမယ့် ​ပွဲ။ အဲ့တာကြောင့် ဒီမှာ တစ်လလောက်နေပြီး ပြင်ဆင်စရာရှိတာတွေပြင်ဆင်ရအောင်ပါ ''

ရှန်မင်းတို့ နှင့် ပြသာနာတက်ပြီးကတည်းက နန်းဆုတစ်ယောက် သူဝါသနာပါရာ ဝတ်စုံဒီဇိုင်း ဘက်တစ်ခုတည်းကိုသာ အာရုံစိုက်ခဲ့တာဖြစ်သည်။ သူ့မြို့သူ့နယ်တွင် နန်းဆုက နာမည်ကြီးပြီးသားဖြစ်သော်လည်း နိုင်ငံခြား တွင် ဒီဇိုင်းပညာကို စေ့စပ်စွာ လေ့လာသင်ယူချင်တာကြောင့် ထိုပြိုင်ပွဲကိုဝင်ပြိုင်ရခြင်းဖြစ်သည်။

'' ဟုတ်လား ။ နန်းဆုကတော့ မယုံနိုင်စရာပဲ.. ကြည့်ပါဦးဗျာ စောက်ချိူးမပြေတဲ့အချစ်ကို စွန့်လွှတ်ပြီး တောက်ပနေလိုက်တာများ အားကျစရာကြီး။ ''

'' အမယ်တိမ်တိုက်ကတော့ လုပ်ပြီ ။ ဒီက ရှင့်ကို အားပြန်ကျနေတာပါနော် ။ ကိုခွန်းဆိုတဲ့လူက ရှင့်ကိုဘယ်လောက်တောင် ချစ်လိုက်သလဲ ။ မိုင်းကိုင်အထိ သတင်းတွေကရောက်တယ်ရော် ''

'' ဟာဗျာ လိုင်းပေါ်ကဟာတွေက ပကာသနတွေပါ။ အခုပဲကြည့်လေ နွေရာသီရဲ့ရက်တွေကို တစ်ယောက်တည်းဖြတ်သန်းနေရတာ ။ ဘာဝါသနာ ဘာရည်မှန်းချက်မှလဲမရှိပဲ သူများလုပ်စာ ထိုင်စားနေရတာပျင်းစရာကြီး ''

တိမ်တိုက် စိတ်ပျက်သလို ထိုင်ခုံနောက်မှီကို ပစ်စလက်ခတ် မှီချလိုက်ပြီး ပြော​တော့ နန်းဆုက သဘောတကျနဲ့ ခပ်အုပ်အုပ်လေးရီတော့သည်။

'' ဖြစ်ရမယ် တိမ်တိုက်ရယ် ။ ''

'' ဒါနဲ့ နန်းဆု ကျွန်တော်တစ်ခုလောက်မေးဦးမယ် ''

'' အင်း မေးလေ ''

'' သူတို့ကို မုန်းနေတုန်းလား ဟင် ''

'' မုန်းတယ်ရယ်လို့တော့ မရှိတော့ပါဘူး တိမ်တိုက်။ ဒါပေမယ့်စိတ်တော့နာနေသေးတာပေါ့။ အရမ်းကြီးတော့မဟုတ်ပါဘူး။ ဟို တိမ်တိုက် တန်ဆောင်တိုင် တုန်းက တောင်ကြီးကို နန်းဆုတို့ နဲ့အတူသွားသေးတာမှတ်မိလား။ ''

'' အင်း မှတ်မိတယ် ''

'' အဲ့တုန်းက ကိုကိုကပြောတယ် ။သူက အားနည်းချက်ရှိတဲ့သူမို့ ရှန်မင်းခက်ကို သူ့ကိုပေးပါတဲ့လေ။ ရှန်မင်းခက်ကို နန်းဆုထက် သူက ပိုလို လို့ပါတဲ့။ သူပိုင်ပြီးသားပစ္စည်းတစ်ခုကို တောင်းသွားသေးတယ်။''

'' .... ''

'' ကိုယ်လည်းပြောလိုက်ပါတယ် တောင်းစရာမလိုအောင် ရှန်မင်းခက်ကို ကိုကို ကပိုင်နေနှင့်ပြီးသားပါလို့။ တကယ်တော့ ရှန်မင်းခက်က ကိုယ့်အပိုင် ဘယ်တော့မှ မဟုတ်ခဲ့ဘူးလေ။ အဲ့တော့ကိုယ်လည်း ဆုံးရှုံးသွားတယ်လို့တော့ မဆိုသာပါဘူး။ ဒီလိုပါပဲ အရာအားလုံးက အချိန်ကြာလာရင် သူ့နေရာနဲ့သူ နေသားပြန်ကျသွားမှာပဲလေ။ ပစ္စည်းတစ်ခုဆိုတာက ဖြစ်တည်လာတာ နဲ့ပိုင်ရှင်ဆိုတာ သတ်မှတ်ပြီးသားဆိုတဲ့သဘော ကိုတော့ နားလည်လိုက်တယ်''

'' ဘာပဲပြောပြော နန်းဆု အခုပုံစံကို ကျွန်​တော်အရမ်းသဘောကျတာပဲ သိလား။ နန်းဆုလို သန်မာချင်လိုက်တာဆိုရင်လေ မဟားတရားပဲ။ ခက်နေတာက ကျွန်တော်ကိုက နုလွန်းနေတာ ''

'' နုတယ်ဆိုတာကလည်း နုလို့ရတဲ့သူ ရှိလို့မလား ''

နန်းဆု မျက်စောင်းလေးခဲကာ တိမ်တိုက် မေးတော့ သွားတက်လေးတွေပေါ်အောင်ထိ စပ်ဖြဲဖြဲရီပြ​တော့သည်။ တကယ်လည်း သူက နုလို့ရတဲ့သူရှိတာမို့ သူ့စိတ်က ဘယ်​တော့မှ သန်မာမှာမဟုတ်။

ခွန်းကများ လေသံနည်းနည်းတင်းသွားလျှင် တိမ်တိုက်တစ်ကောင်နေစရာနေရာမရှိတော့ပေ။ ယောကျာ်းချင်း မင်းဘာလဲ ငါဘာလဲ လုပ်ဖို့အထိလည်း ခွန်းက ဟိတ် ဆိုတာနှင့် မရှိတဲ့ အမြီးလေးကကုတ်နေပြီးသားလေ။

နောက်တော့ နန်းဆုနှင့် ရပ်ကွက်ထဲက ကော်ဖီဆိုင်တစ်ဆိုင်မှာပဲ သွားထိုင်ဖြစ်ကြကာ သူ့အကြောင်းကိုယ့်အကြောင်းတွေ ရယ်မောကာ ပြောကြသည်။

ရပ်ကွက်ထဲ ကတော့ သိတဲ့ အတိုင်း ယောကျာ်းလေးနှင့်မိန်းကလေး တွဲသွားလျှင်ပြူးပြဲအောင်လိုက်ကြည့်ကြသည်။ခွန်းနှင့် သွားတုန်းကတောင် အဲ့လောက်မကြည့်ကြ။ တစ်ခါတလေ လက်တွဲလျှောက်ရင်တောင် သတိမထားမိကြပေ။ အခုတော့ အလှပဂေးလေးကိုဘေးနားထားလျှောက်သည့်အခါမှာ​တော့ ဒေါ်ယုယမြိုင်သား ဟာ ကောင်မလေးတစ်ယောက်နှင့်ဆိုတာမျိူးက တစ်ယောက်တစ်ပေါက်ထွက်လာသည်။

ညနေ ပြန်တော့လည်း တိမ်တိုက် က နန်းဆုကို ကားဂိတ်ထိ လမ်းလျှောက်ကာ လိုက်ပို့ပေးလိုက်သေးသည်။ စကားတပြောပြောနှင့်လျှောက်ရင်း ဘယ်လိုရောက်သွားမှန်းမသိ။ ကားဂိတ်ကနေမှ နန်းဆုကို တက်စီပေါ်တင်ပေးလိုက်ပြီး ဂိတ်မှာ ခနထိုင်နားရသေးသည်။ ဘာလို့ဆို ခြေထောက်က နည်းနည်းနာနေတာကြောင့်ဖြစ်သည်။ မနေ့ကလည်း ကလေးတွေနှင့်ဆော့ထားသေးတာကြောင့်လည်းဖြစ်သည်။ လျှောက်နေတုန်းက မသိသာပေမယ့် ရပ်လိုက်သည့်အခါမှာ နာလာတာဖြစ်သည်။

ခရီး လမ်းအဝေးကြီး ခုထိတိမ်တိုက် မလျှောက်နိုင်သေးပေ။ ဟိုးတစ်နေ့က ခွန်းနှင့်ကန်ဘောင်တွင်လမ်းလျှောက်တုန်းကလည်း လမ်းတစ်ဝက်တောင်မရောက်ခင် ခြေထောက်နာလို့ ပြန်လှည့်လာရသည်။

ညနေ အလုပ်တွေပြန်ချိန်မို့ ဒေါ်ယုယမြိုင်ကားကို ကားဂိတ်မှာထိုင်နေရင်း စောင့်နေလိုက်သည်။ ဖုန်းကလည်း အားကုန်နေပြီမို့ ဒေါ်ယုယမြိုင်ကားရောက်လာတော့မှ တားစီးလိုက်တော့မည်ဟု တွေးကာအေးဆေးထိုင်စောင့် နေလိုက်သည်။ ဒူးလေးနံ့ သီချင်းလေးညည်းရင်း ကားအလာကို စောင့်နေလိုက်သည်။

ထိုစဥ် မိန်းကလေး နှစ်ယောက်က ဘေးတွင်လာရပ်သည်။ သန့်သန့်ပြန့်ပြန့်နှင့် ခပ်လန်းလန်းဝတ်ထားသော ကောင်မလေးတွေက တိမ်တိုက်နှင့် အသက်အတူတူလောက်ပဲဟုထင်ရသည်။

'' ဟဲ့ ဟိုမှာ တိမ်တိုက်ကြိုး မလား ''

ထိုထဲမှ တစ်ယောက်က တိုးတိုးလေးတခြားတစ်ယောက်ကိုပြောလိုက်သော်လည်း နားပါးလွန်းသည့်တိမ်တိုက်က ကြားလိုက်သေးသည်။ ထို့ကြောင့် ကောင်မလေးနှစ်ယောက်ကိုတစ်ချက်ဝေ့ကြည့်လိုက်တော့ မြင်ဖူးသလိုလိုရှိသည်။

'' အင်း တွေ့သားပဲ။ ''

'' အဲ့ကောင်လေးမလား နင့်ကို ၉တန်းတုန်းက မမ မမ ဆိုပြီး လိုက်ကပ်ခဲ့တဲ့ကောင်လေးလေ ''

ထိုစကားသံ တိုးတိုးလေးကြောင့်တိမ်တိုက် ထို မိန်းကလေးကိုသေချာကြည့်မိတော့ အထက်တန်းတုန်းက သူသဘောကျခဲ့ဖူးသည့်အမကြီးဖြစ်နေသည်။ ထိုအမကြီးက လှသည်။ သိပ်ကိုလှသည်။ ဒါ့ကြောင့်လည်း ငယ်လေးကတည်း မာနက သေအောင်ကြီးသည်။ အခုလည်းကြည့်လေ...သူ့ကိုလိုက်ဖူးတယ်ဆိုတာနှင့် ရုပ်က ချက်ချင်း ပြောင်းသွားတာ။

မောင့်ကြိမ်လုံးနဲ့ပြေးရိုက်လိုက်ရ....

'' ဟက် ဟုတ်တယ်လေ။ အလကားပါဟာ...ကလေးတွေ ''

တစ်ယောက်ကလည်း လူကိုရှေ့မှာ ထားပြီးအတင်းတုပ်တယ်။တစ်ယောက်ကလည်း မျက်နှာကို မော့ချီထားကာ မာန်တက်နေသလို ဂုဏ်ဆာပြနေတယ်။
ဟုတ်တော့ဟုတ်နေတာပဲ...

'' အဲ့တုန်းက နင် သူ့ကိုငြင်းပြီး သူ့သူငယ်ချင်း ရှန်မင်းခက်ကို အဖြေပေးလိုက်တာလေ ။ အဲ့တုန်းကဆိုဟယ် သူ ကျောင်းတောင်မလာနိုင်ဘူးလေ။ ''

ဪ ကိုယ့်ဘာသာ အိမ်နဲ့ဘုရားဖူးပါသွားတာကို သူ့ကြောင့် ကျောင်းမလာဘူးပဲဖြစ်ရတယ် အံ့ဩဘ။

'' ငါက အဲ့တာတွေမကြိုက်တာ ။ယောကျာ်းလေးဖြစ်ပြီး နုလွန်းနေတာ။ ''

ဘယ်သူက အတင်းကြိုက်ခိုင်းနေလို့လဲ အမရယ်...

တိမ်တိုက် မကြားချင်ပဲကြားနေရသော အဘေးကအတင်းများကြောင့် စိတ်က အတော်လေး မရှည်ချင်တော့။ ဘယ်နှယ့် တစ်ခါလိုက်ဖူးတာကို တစ်သက်လုံး သူ့ကြိုက်နေတယ်များထင်နေသလား။

'' ဒါမဲ့ ချစ်စရာလေးပါဟယ် ''

'' နေပါဟာ။ ရုပ်ရည်လေးကလွဲရင် ကျန်တာ ပုံတုံးကြီး။ ကြည့်ပါလား ကျောင်းတုန်းကတည်း အဲ့ဆံပင်ကေက ခုထိ အဲ့ကေပဲ။ ''

အမလေးလေး ဒီအုန်းမုက်ခွက်လေး ကိုမောင်ဘယ်လောက်သဘောကျလဲ သိကြရဲ့လား....

'' သူရော ရည်းစားတွေဘာတွေရနေပြီလားမသိဘူးနော် ငါတို့လည်း အခုမှ ဒီပြန်ရောက်တာဆိုတော့ ''

'' ရရမရရ နင့်အပူလားဟဲ့။ ရှိမယ့်ပုံလည်းပေါ်မနေပါဘူး ။ အဲ့ တိုက်ဂေါ်ကြီးကို ဘယ်မိန်းကလေးမှ မကြိုက်ဘူး ''

တကယ်ကို လူဘေးနားထားပြီး ပိုးစိုးပက်စက် ပြောနေသော ကောင်မလေးပါ။ လှလည်းလှ ပိုက်ဆံလည်း ချမ်းသာဆိုတော့ မာန်က တက်ပြီးရင်းတက် ။ ဘေးကတစ်ယောက်ကလည်း သာပေါင်းညာစား မှန်းသိသာအောင် သူ့အကြိုက်စကားတွေချည်းပြောနေပုံများ။ ထိုမိန်းကလေးက အခုမှ နိုင်ငံခြား ကပြန်လာသည့်အတွက် ဘေးကတစ်ယောက်က အသားကုန်ကပ်ဖားနေတာပင်။

'' နင်တို့ ဘက်ကလည်း တက်စီရှားလိုက်တာဟယ် ။ အဲ့လိုမှန်းသိ ဒယ်ဒီ့ကား ယူလာပါတယ် ငါ့ကားက ဝပ်ရှော့ပို့ထားရလို့ ''

'' လိုင်းကားစီးသွားမလား ဒီကနေဆို တန်းရောက်တဲ့ကားရှိတယ် ။နေရာလည်းရတယ် ''

'' ဟဲ့ စီးစရာလား ။ လိုင်းကားက လူပေါင်းစုံနဲ့ ''

'' အေးပါအေးပါ ''

ဘေးက မိန်းကလေး ပါးစပ် ပိတ်သွားတော့သည်။ တိမ်တိုက်တစ်​ယောက်လည်း ဒေါ်ယုယမြိုင် ကားအမြန်ရောက်လာပါစေလို့သား ဆုတောင်းနေမိသည်။ မဟုတ်လျှင် ဘေးက ချီး သူဌေးသမီးနှင့် ပွဲကဖြစ်တော့မှာပင်။ ပြောသမျှ စကားတိုင်းက သောက်ချိူးတစ်စက်ကလေးမှ မပြေနေပေ။ ချက်ချင်းထသာပြန်သွားချင်သော်လည်း အိမ်ထိ ရောက်အောင် လမ်းလျှောက်နိုင်ဖို့ဆိုတာမသေချာတာကြောင့် ကားအလာကိုသာမျှော်နေရသည်။

'' ဟဲ့ဟဲ့ ဟိုမှာ အကိုကြီးတစ်ယောက် ကားပေါ်က ဆင်းပြီးငါတို့နား လျှောက်လာနေပြီ ။ နင့်ဆီလာတာများလား ''

အနက်ရောင် မြန်မာ ဝတ်စုံဖြင့် ခန့်ညားစွာ လျှောက်လာနေသောအမျိူးသားတစ်ဦးကို ရည်ညွှန်းကာ ထိုမိန်းကလေးနှစ်ဦး တွတ်ထိုးနေကြသည်။

'' ဪ ငါသိသားပဲ။ Meeting တစ်ခုမှ တွေ့ဖူးတယ်။ K' Cloudy ကျောင်းအုပ်လေ။ သူအခုဖွင့်မယ့်ကျောင်းမှာ ဒယ်ဒီတို့ရှယ်ယာဝင်ထားတာ ။ ''

'' ဟယ်ဟုတ်လား ။ ဒါနဲ့ နင့်ဆီလာတာလားမသိဘူး ။ ဒီဘက်လျှောက်လာတာဆိုတော့ ဒီမှာက သူနဲ့သိတာနင်ပဲရှိတယ် ။ ''

'' မသိဘူးလေ ဟုတ်မှာပေါ့ ''

သူ့အတွေးနဲ့သူတော့ဟုတ်နေတာပဲ...

တိမ်တိုက်ကတော့ K'Cloudy ဆိုတာနှင့် ခွန်းမှန်းတန်းသိသည်။ အခုကလည်း သူ့ကိုတွေ့လို့ဆင်းလာတာပဲဖြစ်မှာ။ ဒါကိုဘေးက တလွဲဆံပင်ကောင်းနေသော ကောင်မလေးတွေကြောင့် တိမ်တိုက်ပြုံးစိစိ။

တဖြည်းဖြည်း ခွန်းက တိမ်တိုက်တို့နားရောက်လာသည်။ ထိုအချိန်မှာတော့ ဘေးက ခင်ကြီးကျယ်မလေးကတော့ ခွန်းကို မ​မြင်ချင်ယောင်ဆောင်လိုက်ကာ ခပ်ချေချေ လုပ်နေသည်။

'' တိမ်တိုက် ''

ခွန်း၏ခေါ်သံကြောင့် ဘေးက ကောင်မလေးတွေ ဖျတ်ခနဲတိမ်တိုက်ကိုလှည့်ကြည့်လာသည်။ မယုံနိုင်ခြင်းများစွာ နှင့်ပြည့်နေသော မျက်ဝန်းတွေနဲ့ပေါ့။

'' မောင့် ''

တိမ်တိုက်၏ ခေါ်လိုက်သော နာမ်စားကြောင့် ပါးစပ်တွေပါဟလျက် အံ့ဩကုန်သည်။

'' ဘာလုပ်နေတာလဲ ''

'' မောင့်ကို လာကြိုတာ ''

မယုံသလို ခွန်း ခေါင်းလေးစောင်းပြီး မျက်မှောင်ကြုတ်ကြည့်လိုက်တော့ စပ်ဖြီးဖြီး ပြုံးပြသည်။ ပြန်လာမည်ဟုမပြောထားတာကြောင့် လာစောင့်နေတာက မဖြစ်နိုင်။ ကားပေါ်ကနေ လှမ်းတွေ့လိုက်တာမို့ သူကသာ ဆင်းလာပြီးလာခေါ်တာဖြစ်သည်။

'' ဟုတ်ပါပြီ။ ဒါဆို သွားမယ် ''

ခွန်း လက်လေးတစ်ဖက်ကို ကမ်းပေးတော့ထိုလက်ကို ဆွဲပြီး တိမ်တိုက် ခုံမှ ထလိုက်သည်။ လမ်းလျှောက်တော့ တိမ်တိုက် ခြေထောက်က ထော့နဲ့ထော့နဲ့ ဖြစ်နေတာမို့ ခွန်း သတိထားမိသွားသည်။

'' ခြေထောက်နာနေတာလား ''

'' အင်း ''

တိမ်တိုက် ခေါင်းငြိမ့်ပြတော့ ခွန်း အနည်းငယ်စဥ်းစားလိုက်ပြီး နောက်တော့ တိမ်တိုက်ကို ဒူးကနေ ကောက်ပွေ့လိုက်တော့သည်။ နောက် ကားဆီလျှောက်သွားပြီး ကားတံခါးနားရောက်တော့ ခွန်းကလက်မအားသည်မို့...တိမ်တိုက်ကိုတံခါးဖွင့်ခိုင်းလိုက်သည်။

'' တံခါးဖွင့်လိုက် ''

တံခါးဖွင့်ပြီးတော့ ခွန်း တိမ်တိုက်ကို အထဲသို့ဖြည်းဖြည်းလေးချပေးရင်း

'' ခြေထော​က်နာနေတာကို အပြင်ထွက်လာတယ်ဟက်လား... ဟင်းဟင်း
..တွေ့မယ် အိမ်ရောက်ရင်... ''

ရွှတ်....

အိမ်ရောက်ရင် အဆူခံထိတော့မည့် အရိပ်အယောင်တွေမြင်နေရပြီမို့....
ခါးပတ်ပတ်ပေးနေသော ခွန်း ၏ အညိုရောင်ပါးတစ်ဖက်ကို ရွှတ်ခနဲ လှမ်းနမ်းလိုက်ပြီး ခွန်းကြည့်လာသောအခါ သွားတက်လေးတွေနဲ့ပြုံးပြလိုက်သည်။
သည်လောက်ဆို အဆူခံရတာ နည်းနည်းသက်သာလိမ့်မည်။

နောက်တော့ ခွန်းတို့၏ ကားလေးဟာ တရွေ့ရွေ့မောင်းရင်း လမ်းချိူးလေးတစ်ခုရောက်တော့ချိူးဝင်သွားတော့သည်။ ဒါတွေကို ပါးစပ်အဟောင်းသားနှင့်မျက်စိမခတ်တမ်းကြည့်နေသော မိန်းကလေးနှစ်ယောက်ကတော့ နေရာမှာတင်ကြက်သေသေလျက်။

တိမ်တိုက် အိမ်ရောက်တော့ ခွန်းကပဲ ချီပြီး အခန်းထဲထည့်ပေးသည်။ ခုထိရေမချိူးရသေးသောတိမ်တိုက်ကြောင့် ခွန်း ကိုယ်တိုင်ပဲ တိမ်တိုက်ကို ရေချိူးပေးလိုက်သည်။ နောက်တော့ အဝတ်လည်း ကိုယ်တိုင်လဲပေးသည်။
ခွန်းသည်လိုအစအဆုံး လုပ်ပေးနေသည်ဆိုတာက ခနနေ သူဆူတော့မှာမို့ အရင်ချော့ထားခြင်းဖြစ်သည်။ အကုန်လုံး ခေါင်းစခြေအဆုံးလုပ်ပေးပြီးမှ ဆူတော့မှာပင်။

ကုတင်ပေါ်မှာ ပုံ့ပုံ့လေးထိုင်ကာခွန်းကိုလိုက်ကြည့်နေမိသော တိမ်တိုက်....

အဝတ်အစားလဲပြီး သူ့ကိုကုတင်ပေါ်ချပေးကာ ခွန်းက သူ့လက်က နာရီတွေချွတ်သည်။ ပုဆိုးကိုပြင်ဝတ်လိုက်ပြီး လည်ကတုံး အမည်းကို အပေါ်က ကြယ်သီး နှစ်လုံးဖြုတ်လိုက်သည်။ လက်ရှည်ကို တံတောင်ဆစ်အထိခေါက်တင်လိုက်ပြီး ကုတင်ပေါ် အားကြီးနှင့်တက်လာကာ တိမ်တိုက်အပေါ် တဖြည်းဖြည်း အုပ်မိုးလာသည်။

ခွန်းဘာလုပ်မယ်မှန်းမသိသော တိမ်တိုက်ကတော့ ရင်တထိတ်ထိတ်...

'' ဒုက္ခပဲ သွားမတိုက်ရသေးဘူး '' ဟု တိမ်တိုက် ၏ မဟုတ်မဟက် အတွေးတွေက ပြန့်ကျဲလျက်။

နောက်တော့မှ ခွန်းက သူ့ကိုကျော်ပြီး ဟိုဘက်စားပွဲပေါ်က ပရုပ်ဆီဘူးကို လှမ်းယူလိုက်သည်။ ပြီးတော့ တိမ်တိုက် ခြေထောက်ကို ဆင်းခိုင်းလိုက်သည်။ချည် ဘောင်းဘီ အတိုဝတ်ပေးထားတာမို့ ဒူးခေါင်းမှစကာ ခြေဖျားတွေထိ ပရုပ်ဆီတွေလိမ်းကာ အသာအယာ နှိပ်နယ်ပေးသည်။ သည်တစ်ခါအံ့ဩရတာတော့ တိမ်တိုက်ကိုယ်တိုင်ပင် ။

'' ကဲပြော..ခြေထောက်နာရတဲ့အကြောင်းက ''

တိမ်တိုက် နန်းဆုရောက်လာသည့်အကြောင်းကိုအစအဆုံးပြောပြလိုက်တော့ ခွန်းက ခေါင်းတငြိမ့်ငြိမ့် နှင့်ဆက်နှိပ်ပေးနေသည်။

'' နောက်တစ်ခါ ဖုန်းအားကို အကုန်မသုံးပစ်နဲ့ ။ အရေးအကြောင်းဆို ဘယ်လိုလုပ်မလဲ။ အကယ်၍ ဒီနေ့ မောင်ရော အမေရော မင်းကို မမြင်ပဲ ကျော်သွားရင် ဘယ်လိုလုပ်မလဲ ''

'' ဘယ်လိုမှမလုပ်ဘူးလေ ။ ကျွန်တော်ပျောက်နေမှန်းသိရင် မောင်တို့က ရှာကြမှာပဲလေ။ အဲ့တော့ ကျွန်တော်ကရောက်နေတဲ့နေရာမှာ ငြိမ်ငြိမ်လေးထိုင်နေယုံပဲ ''

'' အမလေးဗျာ ထက်မြက်လိုက်တဲ့ဉာဏ်ကြီးရှင်ပါလား ။ နောက်ခါ အဲ့လိုမျိုုးဆို ဘာအကြောင်းပြချက်မှ နားမထောင်ပဲ အရင်ရိုက်မှာ ဟိုမှာတွေ့လား ကြိမ်လုံး ''

ခွန်း အခန်းထောင့်က ကြိမ်လုံးကိုမျက်စပစ်ပြတော့ တိမ်တိုက်မျက်နှာက မဲ့ခနဲ့။ အဲ့သည့်ကြိမ်လုံးက တိမ်တိုက်အတွက်သီးသန့်ထားထားတာဖြစ်သည်။ တိမ်တိုက်နောက်ပိုင်းပြောရခက်လာသည်မို့ ခွန်း တုတ်နဲ့သာခြိမ်းခြောက်တော့သည်။ တကယ်လည်း ခွန်းကရိုက်တာမို့ တိမ်တိုက်ခမျာ စကားနားမထောင်ပဲ မနေရဲ။

'' မောင် ဒီည ဒီမှာ အိပ်မှာလား ''

'' အင်း မနက်ကျရင်တော့ အစောကြီး ပြန်သွားရမှာ ''

'' မောင်တို့ နည်းနည်းများ လောနေသလားလို့လေ ''

'' မလောပါဘူးကလေးရယ်။ မောင် ရှေ့ကနားထားတဲ့ရက်တွေအစား ပြန်လုပ်ပေးနေရလို့ ''

'' ဟင် ဒါဆို သင်္ကြန် မတိုင်ခင်ကတည်း ကျောင်းပြောင်းဖို့ စီစဥ်နေတာလား ။ ''

ခွန်းသူ့စကားနှင့် သူကြပ်သွားသည်။ သင်္ကြန်ပြီးမှ ခွန်းကပြောပြထားတာကြောင့် သင်္ကြန် ပြီးမှ ပြောင်းဖို့ဖြစ်လာသည်ဟု တိမ်တိုက် သိထားတာဖြစ်သည်။
အမရာ့အကြောင်းလည်း ခွန်းအခုထိ မပြောပြရသေးပေ။

'' အယ် အရင်က မပြီးသေးတဲ့အလုပ်တွေကြောင့်ပါ ''

'' ဪ....ရပြီ မောင်။ မနာတော့ဘူး ''

တိမ်တိုက်ခြေထောက်ကိုစောင်လေးနှင့်အုပ်ပေးခဲ့ပြီး ခွန်းလက်ဝင်ဆေးကာ ပြန်ထွက်လာသည်။

'' ကလေး ထမင်းကြော်စားမလား ''

'' ဟာ မောင်ကလည်း ပင်ပန်းလာတာကို ဘာမှမလုပ်နဲ့လာ ကျွန်တော့်နားလာနေ ။ ဒီမှာ တော်တော်လွမ်းနေတာ မောင်က အလုပ်တွေ သိပ်ရှုပ်နေတာလေ ''

တိမ်တိုက် သူ့ဘေးကို ပုတ်ပြတော့ ခွန်း ကုတင်အပေါ် ဘေးတစောင်းဝင်ထိုင်လိုက်သည်။ တိမ်တိုက်ဆံပင်တွေဆီ လက်လေးဖြင့်သပ်တင်ပေးတော့.... တိမ်တိုက်က ထလာကာ ခွန်းပေါင်ပေါ် အတင်းဝင်ခေါင်းအုံးပြီး ခါးကိုဖက်၍ ဗိုက်ကိုမျက်နှာအပ်ကာ ခွန်းကိုယ်သင်းနံ့ ကိုတဝကြီး ရှူရှိိုက်နေလေသည်။

'' ရေမချိူးရသေးဘူး တိမ်တိုက်လေးရဲ့...ဖယ် ဖယ်''

'' မဖယ်ဘူး ကျွန်တော် မောင့်ကို လွမ်းနေတာ ။ ''

'' မတွေ့ရတာ တစ်ရက်နဲ့တစ်ပိုင်းပဲရှိသေးတာပါကွ ''

'' မောင်နဲ့ ပိစိလေးတောင် ခွဲချင်တာမဟုတ်ဘူး။ ဘာလဲ မောင်ကငြိုငြင်နေပြီလား။ ''

'' ငြိုငြင်ရဲပါ့မလားကွာ...မောင့်တိမ်တိုက်လေးကို ''

အဲ့ပုံစံအတိုင်း မိနစ်သုံးဆယ်လောက် တိမ်တိုက် အလွမ်းဖြေနေလေရဲ့။

အနှောင့်အယှက်ဆိုတာမျိူးတွေသာမရှိရင်...
အချစ်တွေက ဒီလို အမြဲလှပနေမှာ...

8.7.2022

( Zawgyi)

ပူက်စ္ေနေသာ ႏြေရာသီ ၏ ေန႕လည္ခင္းတစ္ခု တြင္ အရိပ္အာဝါသအျပည့္ေပးထားသည့္ ပိေတာက္ပင္ႀကီးေအာက္တြင္ စာထိုင္ဖတ္ေနေသာ ေကာင္ေလးတစ္ေယာက္ရွိသည္။ တစ္ခ်က္တစ္ခ်က္ ေအာက္သို႔ ငိုက္ငိုက္က်သြားသည့္ ပုံအရ စာဖတ္ေနတာလား အိပ္ငိုက္ေနတာလား ဆိုတာကေတာ့ မသဲကြဲ။

ပိုင္ရွင္ေတြ အုပ္ထိန္းသူေတြ အကုန္အလုပ္ကိုယ္စီသြားေနၾကသည္မို႔ သူတစ္ေယာက္သာ ဘြဲ႕လက္မွတ္တစ္ခုႏွင့္ အိမ္မွာ ထိုင္စားေနတာျဖစ္သည္။ သၾကၤန္ ၿပီးကတည္းက ခြန္းက လုံးလုံးမအားေတာ့ေပ။ ထြဋ္ေခါင္တို႔႐ြာတြင္ က်ဴရွင္ခြဲ
ဖြင့္ၿပီး ျပန္ေရာက္လာတာႏွင့္ ဒီက K'Cloudy ကို Private School ေျပာင္းဖို႔အတြက္ အလုပ္ရႈပ္ေနခဲ့တာျဖစ္သည္။ ေဒၚယုယၿမိဳင္ကလည္း သူ႕ဆိုင္ေတြႏွင့္သူ မအား။

အိမ္မွာတစ္ေယာက္တည္း ပ်င္တာမို႔ ခြန္းေနာက္ေလွ်ာက္လိုက္ခ်င္ေသာ္လည္း ခြန္းက ဟိုေျပးဒီေျပး လုပ္ေနရတာမို႔ မေခၚေပ။ ေဒၚယုယၿမိဳင္ကေတာ့ သူ႕ဆိုင္ကို တစ္ခါ သြားထိုင္ၿပီးကတည္းက လက္လန္သြားတာျဖစ္သည္။ ေ႐ႊကို တစ္က်ပ္သားႏွင့္တစ္မတ္သား မွားတြက္ကာ ေရာင္းလိုက္ေသာေၾကာင့္ျဖစ္သည္။

ထို႔ေၾကာင့္ ျဖစ္နိုင္လွ်င္တိမ္တိုက္က အိမ္မွာပဲေနရသည္။
ရွန္မင္းကလည္း ေက်ာင္းမဖြင့္ခင္ထိ ကိုကို႔ နယ္ကို လိုက္သြားသည္ မို႔ သူတစ္ေယာက္တည္းပ်င္းရိစြာေပါ့။

ခြန္းက စာအုပ္ ေတြသယ္လာၿပီး စာမ်ားမ်ားဖတ္ခိုင္းတာမို႔ အားေနလွ်င္စာဖတ္ရေသးသည္။ အခုလည္း အိမ္ထဲကပူတာမို႔အျပင္တြင္ခုံခ်ကာ စာထိုင္ဖတ္ရင္းငိုက္ေနေလသည္။

ထိုစဥ္ ၿခံထဲသို႔ ဝင္လာေသာ မိန္းမပ်ိဴေလးတစ္ဦး ....အသားအရည္ျဖဴေဖြးလြန္းတာေၾကာင့္ ေနပူပူထဲတြင္ မ်က္ႏွာေလးက နီရဲလ်က္။ ဂုတ္ေထာက္ ဆံပင္ဝဲဝဲေလးႏွင့္ ဆန္းသစ္လွေသာ ျမန္မာဝတ္စုံ အျပာႏုေရာင္ေလးကို ဝတ္ဆင္ထားေသာ ထိုမိန္းမပ်ိဴေလးဟာ သိပ္ကိုလွပသည္။
တိမ္တိုက္သူမကို ရင္းရင္းႏွီးႏွီး သိသည္။သို႔ေပမယ့္ ဘယ္မွာရင္းႏွီးခဲ့မွန္းစဥ္းစားလို႔မရ။

'' တိမ္တိုက္ႀကိဳး... ''

သာယာႏူးညံ့ေသာ အသံခပ္ဝဲဝဲေလးကတိုင္းရင္းသူမွန္းတန္းသိေစသည္။

'' ဟုတ္ကဲ့...ဘယ္သူလဲ မသိ...''

'' နန္းပါ...နန္းဆုမြန္ဦး ''

နန္းဆုတစ္ေယာက္ သူ႕ကိုယ္သူမိတ္ဆက္လိုက္မွ တိမ္တိုက္ တစ္ေခါက္ေသခ်ာျပန္ၾကည့္ရသည္။ ထိုအခါမွ တျဖည္းျဖည္းျပန္မွတ္မိလာတာျဖစ္သည္။ အရင္က နန္းဆုက အခုလိုမဟုတ္... ဆံပင္အရွည္ႏွင့္ နန္းဆန္ဆန္လွေနခဲ့တာျဖစ္သည္။ အခုေတာ့ ဆံပင္အတိုႏွင့္ ေခတ္ဆန္ဆန္ ယဥ္ေနျပန္ေရာ။

'' ဪ နန္းဆု... လာေလ ခနေလးေစာင့္ ''

တိမ္တိုက္ နန္းဆုကို ခနေစာင့္ ခိုင္းၿပီး အိမ္ထဲမွ ခုံတစ္လုံးထုတ္ကာ အျမန္ျပန္ထြက္လာသည္။

'' ထိုင္ နန္းဆု အထဲမွာ ပူတယ္ ''

'' အင္း ''

ညင္သာစြာပဲ တိမ္တိုက္ခ်ေပးေသာခုံတြင္နန္းဆု ဝင္ထိုင္လိုက္သည္။

'' ဘယ္ကေန ဘယ္လိုေရာက္လာတာလဲ ''

'' ရန္ကုန္မွာ ၿပိဳင္ပြဲေလးတစ္ခု လာၿပိဳင္ရင္း တိမ္တိုက္နိုးလာၿပီ ၾကားတာနဲ႕လာေတြ႕တာ ''

'' ဟုတ္လား ဘာၿပိဳင္ပြဲလဲ ''

နန္းဆုလို ခပ္ရိုးရိုး မိန္းမပ်ိဴေလးက ရန္ကုန္လိုေနရာကို ၿပိဳင္ပြဲအတြက္ တစ္ေယာက္တည္းတက္လာသည္ဆိုတာက တိမ္တိုက္အတြက္ စပ္စုခ်င္စရာပင္။

'' ဒီဇိုင္နာ ၿပိဳင္ပြဲ ပါ ။ နိုင္ငံျခား စေကာလာ ပါရမယ့္ ပြဲ။ အဲ့တာေၾကာင့္ ဒီမွာ တစ္လေလာက္ေနၿပီး ျပင္ဆင္စရာရွိတာေတြျပင္ဆင္ရေအာင္ပါ ''

ရွန္မင္းတို႔ ႏွင့္ ျပသာနာတက္ၿပီးကတည္းက နန္းဆုတစ္ေယာက္ သူဝါသနာပါရာ ဝတ္စုံဒီဇိုင္း ဘက္တစ္ခုတည္းကိုသာ အာ႐ုံစိုက္ခဲ့တာျဖစ္သည္။ သူ႕ၿမိဳ႕သူ႕နယ္တြင္ နန္းဆုက နာမည္ႀကီးၿပီးသားျဖစ္ေသာ္လည္း နိုင္ငံျခား တြင္ ဒီဇိုင္းပညာကို ေစ့စပ္စြာ ေလ့လာသင္ယူခ်င္တာေၾကာင့္ ထိုၿပိဳင္ပြဲကိုဝင္ၿပိဳင္ရျခင္းျဖစ္သည္။

'' ဟုတ္လား ။ နန္းဆုကေတာ့ မယုံနိုင္စရာပဲ.. ၾကည့္ပါဦးဗ်ာ ေစာက္ခ်ိဴးမေျပတဲ့အခ်စ္ကို စြန့္လႊတ္ၿပီး ေတာက္ပေနလိုက္တာမ်ား အားက်စရာႀကီး။ ''

'' အမယ္တိမ္တိုက္ကေတာ့ လုပ္ၿပီ ။ ဒီက ရွင့္ကို အားျပန္က်ေနတာပါေနာ္ ။ ကိုခြန္းဆိုတဲ့လူက ရွင့္ကိုဘယ္ေလာက္ေတာင္ ခ်စ္လိုက္သလဲ ။ မိုင္းကိုင္အထိ သတင္းေတြကေရာက္တယ္ေရာ္ ''

'' ဟာဗ်ာ လိုင္းေပၚကဟာေတြက ပကာသနေတြပါ။ အခုပဲၾကည့္ေလ ႏြေရာသီရဲ႕ရက္ေတြကို တစ္ေယာက္တည္းျဖတ္သန္းေနရတာ ။ ဘာဝါသနာ ဘာရည္မွန္းခ်က္မွလဲမရွိပဲ သူမ်ားလုပ္စာ ထိုင္စားေနရတာပ်င္းစရာႀကီး ''

တိမ္တိုက္ စိတ္ပ်က္သလို ထိုင္ခုံေနာက္မွီကို ပစ္စလက္ခတ္ မွီခ်လိဳက္ၿပီး ေျပာေတာ့ နန္းဆုက သေဘာတက်နဲ႕ ခပ္အုပ္အုပ္ေလးရီေတာ့သည္။

'' ျဖစ္ရမယ္ တိမ္တိုက္ရယ္ ။ ''

'' ဒါနဲ႕ နန္းဆု ကြၽန္ေတာ္တစ္ခုေလာက္ေမးဦးမယ္ ''

'' အင္း ေမးေလ ''

'' သူတို႔ကို မုန္းေနတုန္းလား ဟင္ ''

'' မုန္းတယ္ရယ္လို႔ေတာ့ မရွိေတာ့ပါဘူး တိမ္တိုက္။ ဒါေပမယ့္စိတ္ေတာ့နာေနေသးတာေပါ့။ အရမ္းႀကီးေတာ့မဟုတ္ပါဘူး။ ဟို တိမ္တိုက္ တန္ေဆာင္တိုင္ တုန္းက ေတာင္ႀကီးကို နန္းဆုတို႔ နဲ႕အတူသြားေသးတာမွတ္မိလား။ ''

'' အင္း မွတ္မိတယ္ ''

'' အဲ့တုန္းက ကိုကိုကေျပာတယ္ ။သူက အားနည္းခ်က္ရွိတဲ့သူမို႔ ရွန္မင္းခက္ကို သူ႕ကိုေပးပါတဲ့ေလ။ ရွန္မင္းခက္ကို နန္းဆုထက္ သူက ပိုလို လို႔ပါတဲ့။ သူပိုင္ၿပီးသားပစၥည္းတစ္ခုကို ေတာင္းသြားေသးတယ္။''

'' .... ''

'' ကိုယ္လည္းေျပာလိုက္ပါတယ္ ေတာင္းစရာမလိုေအာင္ ရွန္မင္းခက္ကို ကိုကို ကပိုင္ေနႏွင့္ၿပီးသားပါလို႔။ တကယ္ေတာ့ ရွန္မင္းခက္က ကိုယ့္အပိုင္ ဘယ္ေတာ့မွ မဟုတ္ခဲ့ဘူးေလ။ အဲ့ေတာ့ကိုယ္လည္း ဆုံးရႈံးသြားတယ္လို႔ေတာ့ မဆိုသာပါဘူး။ ဒီလိုပါပဲ အရာအားလုံးက အခ်ိန္ၾကာလာရင္ သူ႕ေနရာနဲ႕သူ ေနသားျပန္က်သြားမွာပဲေလ။ ပစၥည္းတစ္ခုဆိုတာက ျဖစ္တည္လာတာ နဲ႕ပိုင္ရွင္ဆိုတာ သတ္မွတ္ၿပီးသားဆိုတဲ့သေဘာ ကိုေတာ့ နားလည္လိုက္တယ္''

'' ဘာပဲေျပာေျပာ နန္းဆု အခုပုံစံကို ကြၽန္ေတာ္အရမ္းသေဘာက်တာပဲ သိလား။ နန္းဆုလို သန္မာခ်င္လိုက္တာဆိုရင္ေလ မဟားတရားပဲ။ ခက္ေနတာက ကြၽန္ေတာ္ကိုက ႏုလြန္းေနတာ ''

'' ႏုတယ္ဆိုတာကလည္း ႏုလို႔ရတဲ့သူ ရွိလို႔မလား ''

နန္းဆု မ်က္ေစာင္းေလးခဲကာ တိမ္တိုက္ ေမးေတာ့ သြားတက္ေလးေတြေပၚေအာင္ထိ စပ္ၿဖဲၿဖဲရီျပေတာ့သည္။ တကယ္လည္း သူက ႏုလို႔ရတဲ့သူရွိတာမို႔ သူ႕စိတ္က ဘယ္ေတာ့မွ သန္မာမွာမဟုတ္။

ခြန္းကမ်ား ေလသံနည္းနည္းတင္းသြားလွ်င္ တိမ္တိုက္တစ္ေကာင္ေနစရာေနရာမရွိေတာ့ေပ။ ေယာက်ာ္းခ်င္း မင္းဘာလဲ ငါဘာလဲ လုပ္ဖို႔အထိလည္း ခြန္းက ဟိတ္ ဆိုတာႏွင့္ မရွိတဲ့ အၿမီးေလးကကုတ္ေနၿပီးသားေလ။

ေနာက္ေတာ့ နန္းဆုႏွင့္ ရပ္ကြက္ထဲက ေကာ္ဖီဆိုင္တစ္ဆိုင္မွာပဲ သြားထိုင္ျဖစ္ၾကကာ သူ႕အေၾကာင္းကိုယ့္အေၾကာင္းေတြ ရယ္ေမာကာ ေျပာၾကသည္။

ရပ္ကြက္ထဲ ကေတာ့ သိတဲ့ အတိုင္း ေယာက်ာ္းေလးႏွင့္မိန္းကေလး တြဲသြားလွ်င္ျပဴးၿပဲေအာင္လိုက္ၾကည့္ၾကသည္။ခြန္းႏွင့္ သြားတုန္းကေတာင္ အဲ့ေလာက္မၾကည့္ၾက။ တစ္ခါတေလ လက္တြဲေလွ်ာက္ရင္ေတာင္ သတိမထားမိၾကေပ။ အခုေတာ့ အလွပေဂးေလးကိုေဘးနားထားေလွ်ာက္သည့္အခါမွာေတာ့ ေဒၚယုယၿမိဳင္သား ဟာ ေကာင္မေလးတစ္ေယာက္ႏွင့္ဆိုတာမ်ိဴးက တစ္ေယာက္တစ္ေပါက္ထြက္လာသည္။

ညေန ျပန္ေတာ့လည္း တိမ္တိုက္ က နန္းဆုကို ကားဂိတ္ထိ လမ္းေလွ်ာက္ကာ လိုက္ပို႔ေပးလိုက္ေသးသည္။ စကားတေျပာေျပာႏွင့္ေလွ်ာက္ရင္း ဘယ္လိုေရာက္သြားမွန္းမသိ။ ကားဂိတ္ကေနမွ နန္းဆုကို တက္စီေပၚတင္ေပးလိုက္ၿပီး ဂိတ္မွာ ခနထိုင္နားရေသးသည္။ ဘာလို႔ဆို ေျခေထာက္က နည္းနည္းနာေနတာေၾကာင့္ျဖစ္သည္။ မေန႕ကလည္း ကေလးေတြႏွင့္ေဆာ့ထားေသးတာေၾကာင့္လည္းျဖစ္သည္။ ေလွ်ာက္ေနတုန္းက မသိသာေပမယ့္ ရပ္လိုက္သည့္အခါမွာ နာလာတာျဖစ္သည္။

ခရီး လမ္းအေဝးႀကီး ခုထိတိမ္တိုက္ မေလွ်ာက္နိုင္ေသးေပ။ ဟိုးတစ္ေန႕က ခြန္းႏွင့္ကန္ေဘာင္တြင္လမ္းေလွ်ာက္တုန္းကလည္း လမ္းတစ္ဝက္ေတာင္မေရာက္ခင္ ေျခေထာက္နာလို႔ ျပန္လွည့္လာရသည္။

ညေန အလုပ္ေတြျပန္ခ်ိန္မို႔ ေဒၚယုယၿမိဳင္ကားကို ကားဂိတ္မွာထိုင္ေနရင္း ေစာင့္ေနလိုက္သည္။ ဖုန္းကလည္း အားကုန္ေနၿပီမို႔ ေဒၚယုယၿမိဳင္ကားေရာက္လာေတာ့မွ တားစီးလိုက္ေတာ့မည္ဟု ေတြးကာေအးေဆးထိုင္ေစာင့္ ေနလိုက္သည္။ ဒူးေလးနံ႕ သီခ်င္းေလးညည္းရင္း ကားအလာကို ေစာင့္ေနလိုက္သည္။

ထိုစဥ္ မိန္းကေလး ႏွစ္ေယာက္က ေဘးတြင္လာရပ္သည္။ သန့္သန့္ျပန့္ျပန့္ႏွင့္ ခပ္လန္းလန္းဝတ္ထားေသာ ေကာင္မေလးေတြက တိမ္တိုက္ႏွင့္ အသက္အတူတူေလာက္ပဲဟုထင္ရသည္။

'' ဟဲ့ ဟိုမွာ တိမ္တိုက္ႀကိဳး မလား ''

ထိုထဲမွ တစ္ေယာက္က တိုးတိုးေလးတျခားတစ္ေယာက္ကိုေျပာလိုက္ေသာ္လည္း နားပါးလြန္းသည့္တိမ္တိုက္က ၾကားလိုက္ေသးသည္။ ထို႔ေၾကာင့္ ေကာင္မေလးႏွစ္ေယာက္ကိုတစ္ခ်က္ေဝ့ၾကည့္လိုက္ေတာ့ ျမင္ဖူးသလိုလိုရွိသည္။

'' အင္း ေတြ႕သားပဲ။ ''

'' အဲ့ေကာင္ေလးမလား နင့္ကို ၉တန္းတုန္းက မမ မမ ဆိုၿပီး လိုက္ကပ္ခဲ့တဲ့ေကာင္ေလးေလ ''

ထိုစကားသံ တိုးတိုးေလးေၾကာင့္တိမ္တိုက္ ထို မိန္းကေလးကိုေသခ်ာၾကည့္မိေတာ့ အထက္တန္းတုန္းက သူသေဘာက်ခဲ့ဖူးသည့္အမႀကီးျဖစ္ေနသည္။ ထိုအမႀကီးက လွသည္။ သိပ္ကိုလွသည္။ ဒါ့ေၾကာင့္လည္း ငယ္ေလးကတည္း မာနက ေသေအာင္ႀကီးသည္။ အခုလည္းၾကည့္ေလ...သူ႕ကိုလိုက္ဖူးတယ္ဆိုတာႏွင့္ ႐ုပ္က ခ်က္ခ်င္း ေျပာင္းသြားတာ။

ေမာင့္ႀကိမ္လုံးနဲ႕ေျပးရိုက္လိုက္ရ....

'' ဟက္ ဟုတ္တယ္ေလ။ အလကားပါဟာ...ကေလးေတြ ''

တစ္ေယာက္ကလည္း လူကိုေရွ႕မွာ ထားၿပီးအတင္းတုပ္တယ္။တစ္ေယာက္ကလည္း မ်က္ႏွာကို ေမာ့ခ်ီထားကာ မာန္တက္ေနသလို ဂုဏ္ဆာျပေနတယ္။
ဟုတ္ေတာ့ဟုတ္ေနတာပဲ...

'' အဲ့တုန္းက နင္ သူ႕ကိုျငင္းၿပီး သူ႕သူငယ္ခ်င္း ရွန္မင္းခက္ကို အေျဖေပးလိုက္တာေလ ။ အဲ့တုန္းကဆိုဟယ္ သူ ေက်ာင္းေတာင္မလာနိုင္ဘူးေလ။ ''

ဪ ကိုယ့္ဘာသာ အိမ္နဲ႕ဘုရားဖူးပါသြားတာကို သူ႕ေၾကာင့္ ေက်ာင္းမလာဘူးပဲျဖစ္ရတယ္ အံ့ဩဘ။

'' ငါက အဲ့တာေတြမႀကိဳက္တာ ။ေယာက်ာ္းေလးျဖစ္ၿပီး ႏုလြန္းေနတာ။ ''

ဘယ္သူက အတင္းႀကိဳက္ခိုင္းေနလို႔လဲ အမရယ္...

တိမ္တိုက္ မၾကားခ်င္ပဲၾကားေနရေသာ အေဘးကအတင္းမ်ားေၾကာင့္ စိတ္က အေတာ္ေလး မရွည္ခ်င္ေတာ့။ ဘယ္ႏွယ့္ တစ္ခါလိုက္ဖူးတာကို တစ္သက္လုံး သူ႕ႀကိဳက္ေနတယ္မ်ားထင္ေနသလား။

'' ဒါမဲ့ ခ်စ္စရာေလးပါဟယ္ ''

'' ေနပါဟာ။ ႐ုပ္ရည္ေလးကလြဲရင္ က်န္တာ ပုံတုံးႀကီး။ ၾကည့္ပါလား ေက်ာင္းတုန္းကတည္း အဲ့ဆံပင္ေကက ခုထိ အဲ့ေကပဲ။ ''

အမေလးေလး ဒီအုန္းမုက္ခြက္ေလး ကိုေမာင္ဘယ္ေလာက္သေဘာက်လဲ သိၾကရဲ႕လား....

'' သူေရာ ရည္းစားေတြဘာေတြရေနၿပီလားမသိဘူးေနာ္ ငါတို႔လည္း အခုမွ ဒီျပန္ေရာက္တာဆိုေတာ့ ''

'' ရရမရရ နင့္အပူလားဟဲ့။ ရွိမယ့္ပုံလည္းေပၚမေနပါဘူး ။ အဲ့ တိုက္ေဂၚႀကီးကို ဘယ္မိန္းကေလးမွ မႀကိဳက္ဘူး ''

တကယ္ကို လူေဘးနားထားၿပီး ပိုးစိုးပက္စက္ ေျပာေနေသာ ေကာင္မေလးပါ။ လွလည္းလွ ပိုက္ဆံလည္း ခ်မ္းသာဆိုေတာ့ မာန္က တက္ၿပီးရင္းတက္ ။ ေဘးကတစ္ေယာက္ကလည္း သာေပါင္းညာစား မွန္းသိသာေအာင္ သူ႕အႀကိဳက္စကားေတြခ်ည္းေျပာေနပုံမ်ား။ ထိုမိန္းကေလးက အခုမွ နိုင္ငံျခား ကျပန္လာသည့္အတြက္ ေဘးကတစ္ေယာက္က အသားကုန္ကပ္ဖားေနတာပင္။

'' နင္တို႔ ဘက္ကလည္း တက္စီရွားလိုက္တာဟယ္ ။ အဲ့လိုမွန္းသိ ဒယ္ဒီ့ကား ယူလာပါတယ္ ငါ့ကားက ဝပ္ေရွာ့ပို႔ထားရလို႔ ''

'' လိုင္းကားစီးသြားမလား ဒီကေနဆို တန္းေရာက္တဲ့ကားရွိတယ္ ။ေနရာလည္းရတယ္ ''

'' ဟဲ့ စီးစရာလား ။ လိုင္းကားက လူေပါင္းစုံနဲ႕ ''

'' ေအးပါေအးပါ ''

ေဘးက မိန္းကေလး ပါးစပ္ ပိတ္သြားေတာ့သည္။ တိမ္တိုက္တစ္ေယာက္လည္း ေဒၚယုယၿမိဳင္ ကားအျမန္ေရာက္လာပါေစလို႔သား ဆုေတာင္းေနမိသည္။ မဟုတ္လွ်င္ ေဘးက ခ်ီး သူေဌးသမီးႏွင့္ ပြဲကျဖစ္ေတာ့မွာပင္။ ေျပာသမွ် စကားတိုင္းက ေသာက္ခ်ိဴးတစ္စက္ကေလးမွ မေျပေနေပ။ ခ်က္ခ်င္းထသာျပန္သြားခ်င္ေသာ္လည္း အိမ္ထိ ေရာက္ေအာင္ လမ္းေလွ်ာက္နိုင္ဖို႔ဆိုတာမေသခ်ာတာေၾကာင့္ ကားအလာကိုသာေမွ်ာ္ေနရသည္။

'' ဟဲ့ဟဲ့ ဟိုမွာ အကိုႀကီးတစ္ေယာက္ ကားေပၚက ဆင္းၿပီးငါတို႔နား ေလွ်ာက္လာေနၿပီ ။ နင့္ဆီလာတာမ်ားလား ''

အနက္ေရာင္ ျမန္မာ ဝတ္စုံျဖင့္ ခန့္ညားစြာ ေလွ်ာက္လာေနေသာအမ်ိဴးသားတစ္ဦးကို ရည္ၫႊန္းကာ ထိုမိန္းကေလးႏွစ္ဦး တြတ္ထိုးေနၾကသည္။

'' ဪ ငါသိသားပဲ။ Meeting တစ္ခုမွ ေတြ႕ဖူးတယ္။ K' Cloudy ေက်ာင္းအုပ္ေလ။ သူအခုဖြင့္မယ့္ေက်ာင္းမွာ ဒယ္ဒီတို႔ရွယ္ယာဝင္ထားတာ ။ ''

'' ဟယ္ဟုတ္လား ။ ဒါနဲ႕ နင့္ဆီလာတာလားမသိဘူး ။ ဒီဘက္ေလွ်ာက္လာတာဆိုေတာ့ ဒီမွာက သူနဲ႕သိတာနင္ပဲရွိတယ္ ။ ''

'' မသိဘူးေလ ဟုတ္မွာေပါ့ ''

သူ႕အေတြးနဲ႕သူေတာ့ဟုတ္ေနတာပဲ...

တိမ္တိုက္ကေတာ့ K'Cloudy ဆိုတာႏွင့္ ခြန္းမွန္းတန္းသိသည္။ အခုကလည္း သူ႕ကိုေတြ႕လို႔ဆင္းလာတာပဲျဖစ္မွာ။ ဒါကိုေဘးက တလြဲဆံပင္ေကာင္းေနေသာ ေကာင္မေလးေတြေၾကာင့္ တိမ္တိုက္ၿပဳံးစိစိ။

တျဖည္းျဖည္း ခြန္းက တိမ္တိုက္တို႔နားေရာက္လာသည္။ ထိုအခ်ိန္မွာေတာ့ ေဘးက ခင္ႀကီးက်ယ္မေလးကေတာ့ ခြန္းကို မျမင္ခ်င္ေယာင္ေဆာင္လိုက္ကာ ခပ္ေခ်ေခ် လုပ္ေနသည္။

'' တိမ္တိုက္ ''

ခြန္း၏ေခၚသံေၾကာင့္ ေဘးက ေကာင္မေလးေတြ ဖ်တ္ခနဲတိမ္တိုက္ကိုလွည့္ၾကည့္လာသည္။ မယုံနိုင္ျခင္းမ်ားစြာ ႏွင့္ျပည့္ေနေသာ မ်က္ဝန္းေတြနဲ႕ေပါ့။

'' ေမာင့္ ''

တိမ္တိုက္၏ ေခၚလိုက္ေသာ နာမ္စားေၾကာင့္ ပါးစပ္ေတြပါဟလ်က္ အံ့ဩကုန္သည္။

'' ဘာလုပ္ေနတာလဲ ''

'' ေမာင့္ကို လာႀကိဳတာ ''

မယုံသလို ခြန္း ေခါင္းေလးေစာင္းၿပီး မ်က္ေမွာင္ၾကဳတ္ၾကည့္လိုက္ေတာ့ စပ္ၿဖီးၿဖီး ၿပဳံးျပသည္။ ျပန္လာမည္ဟုမေျပာထားတာေၾကာင့္ လာေစာင့္ေနတာက မျဖစ္နိုင္။ ကားေပၚကေန လွမ္းေတြ႕လိုက္တာမို႔ သူကသာ ဆင္းလာၿပီးလာေခၚတာျဖစ္သည္။

'' ဟုတ္ပါၿပီ။ ဒါဆို သြားမယ္ ''

ခြန္း လက္ေလးတစ္ဖက္ကို ကမ္းေပးေတာ့ထိုလက္ကို ဆြဲၿပီး တိမ္တိုက္ ခုံမွ ထလိုက္သည္။ လမ္းေလွ်ာက္ေတာ့ တိမ္တိုက္ ေျခေထာက္က ေထာ့နဲ႕ေထာ့နဲ႕ ျဖစ္ေနတာမို႔ ခြန္း သတိထားမိသြားသည္။

'' ေျခေထာက္နာေနတာလား ''

'' အင္း ''

တိမ္တိုက္ ေခါင္းၿငိမ့္ျပေတာ့ ခြန္း အနည္းငယ္စဥ္းစားလိုက္ၿပီး ေနာက္ေတာ့ တိမ္တိုက္ကို ဒူးကေန ေကာက္ေပြ႕လိုက္ေတာ့သည္။ ေနာက္ ကားဆီေလွ်ာက္သြားၿပီး ကားတံခါးနားေရာက္ေတာ့ ခြန္းကလက္မအားသည္မို႔...တိမ္တိုက္ကိုတံခါးဖြင့္ခိုင္းလိုက္သည္။

'' တံခါးဖြင့္လိုက္ ''

တံခါးဖြင့္ၿပီးေတာ့ ခြန္း တိမ္တိုက္ကို အထဲသို႔ျဖည္းျဖည္းေလးခ်ေပးရင္း

'' ေျခေထာက္နာေနတာကို အျပင္ထြက္လာတယ္ဟက္လား... ဟင္းဟင္း
..ေတြ႕မယ္ အိမ္ေရာက္ရင္... ''

႐ႊတ္....

အိမ္ေရာက္ရင္ အဆူခံထိေတာ့မည့္ အရိပ္အေယာင္ေတြျမင္ေနရၿပီမို႔....
ခါးပတ္ပတ္ေပးေနေသာ ခြန္း ၏ အညိုေရာင္ပါးတစ္ဖက္ကို ႐ႊတ္ခနဲ လွမ္းနမ္းလိုက္ၿပီး ခြန္းၾကည့္လာေသာအခါ သြားတက္ေလးေတြနဲ႕ၿပဳံးျပလိုက္သည္။
သည္ေလာက္ဆို အဆူခံရတာ နည္းနည္းသက္သာလိမ့္မည္။

ေနာက္ေတာ့ ခြန္းတို႔၏ ကားေလးဟာ တေ႐ြ႕ေ႐ြ႕ေမာင္းရင္း လမ္းခ်ိဴးေလးတစ္ခုေရာက္ေတာ့ခ်ိဴးဝင္သြားေတာ့သည္။ ဒါေတြကို ပါးစပ္အေဟာင္းသားႏွင့္မ်က္စိမခတ္တမ္းၾကည့္ေနေသာ မိန္းကေလးႏွစ္ေယာက္ကေတာ့ ေနရာမွာတင္ၾကက္ေသေသလ်က္။

တိမ္တိုက္ အိမ္ေရာက္ေတာ့ ခြန္းကပဲ ခ်ီၿပီး အခန္းထဲထည့္ေပးသည္။ ခုထိေရမခ်ိဴးရေသးေသာတိမ္တိုက္ေၾကာင့္ ခြန္း ကိုယ္တိုင္ပဲ တိမ္တိုက္ကို ေရခ်ိဴးေပးလိုက္သည္။ ေနာက္ေတာ့ အဝတ္လည္း ကိုယ္တိုင္လဲေပးသည္။
ခြန္းသည္လိုအစအဆုံး လုပ္ေပးေနသည္ဆိုတာက ခနေန သူဆူေတာ့မွာမို႔ အရင္ေခ်ာ့ထားျခင္းျဖစ္သည္။ အကုန္လုံး ေခါင္းစေျခအဆုံးလုပ္ေပးၿပီးမွ ဆူေတာ့မွာပင္။

ကုတင္ေပၚမွာ ပုံ႕ပုံ႕ေလးထိုင္ကာခြန္းကိုလိုက္ၾကည့္ေနမိေသာ တိမ္တိုက္....

အဝတ္အစားလဲၿပီး သူ႕ကိုကုတင္ေပၚခ်ေပးကာ ခြန္းက သူ႕လက္က နာရီေတြခြၽတ္သည္။ ပုဆိုးကိုျပင္ဝတ္လိုက္ၿပီး လည္ကတုံး အမည္းကို အေပၚက ၾကယ္သီး ႏွစ္လုံးျဖဳတ္လိုက္သည္။ လက္ရွည္ကို တံေတာင္ဆစ္အထိေခါက္တင္လိုက္ၿပီး ကုတင္ေပၚ အားႀကီးႏွင့္တက္လာကာ တိမ္တိုက္အေပၚ တျဖည္းျဖည္း အုပ္မိုးလာသည္။

ခြန္းဘာလုပ္မယ္မွန္းမသိေသာ တိမ္တိုက္ကေတာ့ ရင္တထိတ္ထိတ္...

'' ဒုကၡပဲ သြားမတိုက္ရေသးဘူး '' ဟု တိမ္တိုက္ ၏ မဟုတ္မဟက္ အေတြးေတြက ျပန့္က်ဲလ်က္။

ေနာက္ေတာ့မွ ခြန္းက သူ႕ကိုေက်ာ္ၿပီး ဟိုဘက္စားပြဲေပၚက ပ႐ုပ္ဆီဘူးကို လွမ္းယူလိုက္သည္။ ၿပီးေတာ့ တိမ္တိုက္ ေျခေထာက္ကို ဆင္းခိုင္းလိုက္သည္။ခ်ည္ ေဘာင္းဘီ အတိုဝတ္ေပးထားတာမို႔ ဒူးေခါင္းမွစကာ ေျခဖ်ားေတြထိ ပ႐ုပ္ဆီေတြလိမ္းကာ အသာအယာ ႏွိပ္နယ္ေပးသည္။ သည္တစ္ခါအံ့ဩရတာေတာ့ တိမ္တိုက္ကိုယ္တိုင္ပင္ ။

'' ကဲေျပာ..ေျခေထာက္နာရတဲ့အေၾကာင္းက ''

တိမ္တိုက္ နန္းဆုေရာက္လာသည့္အေၾကာင္းကိုအစအဆုံးေျပာျပလိုက္ေတာ့ ခြန္းက ေခါင္းတၿငိမ့္ၿငိမ့္ ႏွင့္ဆက္ႏွိပ္ေပးေနသည္။

'' ေနာက္တစ္ခါ ဖုန္းအားကို အကုန္မသုံးပစ္နဲ႕ ။ အေရးအေၾကာင္းဆို ဘယ္လိုလုပ္မလဲ။ အကယ္၍ ဒီေန႕ ေမာင္ေရာ အေမေရာ မင္းကို မျမင္ပဲ ေက်ာ္သြားရင္ ဘယ္လိုလုပ္မလဲ ''

'' ဘယ္လိုမွမလုပ္ဘူးေလ ။ ကြၽန္ေတာ္ေပ်ာက္ေနမွန္းသိရင္ ေမာင္တို႔က ရွာၾကမွာပဲေလ။ အဲ့ေတာ့ ကြၽန္ေတာ္ကေရာက္ေနတဲ့ေနရာမွာ ၿငိမ္ၿငိမ္ေလးထိုင္ေနယုံပဲ ''

'' အမေလးဗ်ာ ထက္ျမက္လိုက္တဲ့ဉာဏ္ႀကီးရွင္ပါလား ။ ေနာက္ခါ အဲ့လိုမျိုုးဆို ဘာအေၾကာင္းျပခ်က္မွ နားမေထာင္ပဲ အရင္ရိုက္မွာ ဟိုမွာေတြ႕လား ႀကိမ္လုံး ''

ခြန္း အခန္းေထာင့္က ႀကိမ္လုံးကိုမ်က္စပစ္ျပေတာ့ တိမ္တိုက္မ်က္ႏွာက မဲ့ခနဲ႕။ အဲ့သည့္ႀကိမ္လုံးက တိမ္တိုက္အတြက္သီးသန့္ထားထားတာျဖစ္သည္။ တိမ္တိုက္ေနာက္ပိုင္းေျပာရခက္လာသည္မို႔ ခြန္း တုတ္နဲ႕သာၿခိမ္းေျခာက္ေတာ့သည္။ တကယ္လည္း ခြန္းကရိုက္တာမို႔ တိမ္တိုက္ခမ်ာ စကားနားမေထာင္ပဲ မေနရဲ။

'' ေမာင္ ဒီည ဒီမွာ အိပ္မွာလား ''

'' အင္း မနက္က်ရင္ေတာ့ အေစာႀကီး ျပန္သြားရမွာ ''

'' ေမာင္တို႔ နည္းနည္းမ်ား ေလာေနသလားလို႔ေလ ''

'' မေလာပါဘူးကေလးရယ္။ ေမာင္ ေရွ႕ကနားထားတဲ့ရက္ေတြအစား ျပန္လုပ္ေပးေနရလို႔ ''

'' ဟင္ ဒါဆို သၾကၤန္ မတိုင္ခင္ကတည္း ေက်ာင္းေျပာင္းဖို႔ စီစဥ္ေနတာလား ။ ''

ခြန္းသူ႕စကားႏွင့္ သူၾကပ္သြားသည္။ သၾကၤန္ၿပီးမွ ခြန္းကေျပာျပထားတာေၾကာင့္ သၾကၤန္ ၿပီးမွ ေျပာင္းဖို႔ျဖစ္လာသည္ဟု တိမ္တိုက္ သိထားတာျဖစ္သည္။
အမရာ့အေၾကာင္းလည္း ခြန္းအခုထိ မေျပာျပရေသးေပ။

'' အယ္ အရင္က မၿပီးေသးတဲ့အလုပ္ေတြေၾကာင့္ပါ ''

'' ဪ....ရၿပီ ေမာင္။ မနာေတာ့ဘူး ''

တိမ္တိုက္ေျခေထာက္ကိုေစာင္ေလးႏွင့္အုပ္ေပးခဲ့ၿပီး ခြန္းလက္ဝင္ေဆးကာ ျပန္ထြက္လာသည္။

'' ကေလး ထမင္းေၾကာ္စားမလား ''

'' ဟာ ေမာင္ကလည္း ပင္ပန္းလာတာကို ဘာမွမလုပ္နဲ႕လာ ကြၽန္ေတာ့္နားလာေန ။ ဒီမွာ ေတာ္ေတာ္လြမ္းေနတာ ေမာင္က အလုပ္ေတြ သိပ္ရႈပ္ေနတာေလ ''

တိမ္တိုက္ သူ႕ေဘးကို ပုတ္ျပေတာ့ ခြန္း ကုတင္အေပၚ ေဘးတေစာင္းဝင္ထိုင္လိုက္သည္။ တိမ္တိုက္ဆံပင္ေတြဆီ လက္ေလးျဖင့္သပ္တင္ေပးေတာ့.... တိမ္တိုက္က ထလာကာ ခြန္းေပါင္ေပၚ အတင္းဝင္ေခါင္းအုံးၿပီး ခါးကိုဖက္၍ ဗိုက္ကိုမ်က္ႏွာအပ္ကာ ခြန္းကိုယ္သင္းနံ႕ ကိုတဝႀကီး ရႉရွိိုက္ေနေလသည္။

'' ေရမခ်ိဴးရေသးဘူး တိမ္တိုက္ေလးရဲ႕...ဖယ္ ဖယ္''

'' မဖယ္ဘူး ကြၽန္ေတာ္ ေမာင့္ကို လြမ္းေနတာ ။ ''

'' မေတြ႕ရတာ တစ္ရက္နဲ႕တစ္ပိုင္းပဲရွိေသးတာပါကြ ''

'' ေမာင္နဲ႕ ပိစိေလးေတာင္ ခြဲခ်င္တာမဟုတ္ဘူး။ ဘာလဲ ေမာင္ကၿငိဳျငင္ေနၿပီလား။ ''

'' ၿငိဳျငင္ရဲပါ့မလားကြာ...ေမာင့္တိမ္တိုက္ေလးကို ''

အဲ့ပုံစံအတိုင္း မိနစ္သုံးဆယ္ေလာက္ တိမ္တိုက္ အလြမ္းေျဖေနေလရဲ႕။

အႏွောင့္အယွက္ဆိုတာမ်ိဴးေတြသာမရွိရင္...
အခ်စ္ေတြက ဒီလို အၿမဲလွပေနမွာ...

8.7.2022

Comment