နေခြည်မောင် စီးလာတဲ့ ကားက တစ်နေရာအရောက် နေခြည်ရလိုက်တဲ့ တမာရနံလေးကြောင့် သူမ မမရှိတဲ့ အညာမြို့လေးထဲ ဝင်လာပြီဆိုတာ သိလိုက်တယ်။
ကားပြတင်းပေါက်မှာ ထိုင်သူမို့ ပြတင်းပေါက်ကနေ အပြင်ကိုကြည့်ရင် ခမ်းနားစွာ တည်ဆောက်ထားတဲ့ မြို့ဝင်ပေါက်က "မကွေးမြို့မှ လှိုက်လှဲစွာ ကြိုဆိုပါ၏ဆိုတဲ့" စာတန်းနဲ့ မြို့ဝင်တံခါး...
ကားလမ်းတလျောက်လည်း စီတန်းနေပြီး အရိပ်ရတဲ့ တမာပင်တွေ မှာ 3 လပိုင်းမှာမို့ ဖြူလွင့်လွင့် တမာပွင့်လေးများဟာ ရနံများ သင်းပျံ့လျက်...
မြို့ထဲက လမ်းတွေမှာလည်း နေ့လည်ခင်းမို့ လူသိပ်မရှုပ် ဒီမြို့လေးဟာ နေခြည့်အတွက်တော့ စိတ်ချမ်းသာစရာပါပဲလေ...
ကားကွင်းရောက်တော့ ကားပေါ်က အဆင်း သူမကို လာကြိုတဲ့ မမဟာ အပြာရောင် ပိုးချည် ဝမ်းဆက်လေးကို ဝတ်ထားပြီး ဆံပင်ကို ကျစ်ဆံမြီးကျစ်ကာ နောက်မှာ ချထားပြီး နေခြည့်ဆီ လျောက်လာတယ်။
နေခြည့် လက်ထဲက အိတ်ကို ယူကာ
"နေခြည်လာ တည်းမဲ့အိမ်ရောက်မှပဲ အေးဆေးပြောရအောင် လာ"
နေခြည်လည်း မမခေါ်တဲ့ နောက်ပဲ လိုက်ခဲ့ကာ သူတို့နဲ့ ခပ်လှမ်းလှမ်းမှာ ရပ်ထားတဲ့ ကားနက်လေးဆီ လျောက်လာကြတယ်။ကားပေါ်ရောက်တော့ နေခြည်က နောက်ခန်းမှာ ထိုင်ကာ မမကတော့ lover seat မှာထိုင်တယ်။driver နေရာမှာ ထိုင်နေတဲ့သူဟာ နီညိုရောင် မြန်မာဝမ်းဆက်လေးကို ဝတ်ထားပြီး သူမရဲ့ ဆံနွယ်ရှည်တွေကို တစ်လွှာစည်းထားတယ်။ဘေးတိုက်မြင်နေရတဲ့ သူမဟာ မိန်းကလေးချင်းတောင် အားကျရလောက်အောင် လှပါသည်။
နေခြည် မည်မျှ ငေးကြည့်နေမိသည်မသိ သူမထံမှ အသံထွက်လာမှပဲ အသိဝင်မိသည်။
"အခုမှ တွေ့ဖူးတာကို အဲ့လိုစိုက်ကြည့်နေတော့ မနေတတ်ဘူးလေကွယ်"
ထိုစကားသံကြောင့် နေခြည့်အနည်းငယ် ရှက်သလိုခံစားရပြီး ပါးလေးတွေ ပန်းရောင်သန်းလာကာ
"တောင်းပန်ပါတယ် ကျွန်တော်က ဒီတိုင်း ကြည့်လိုက်မိတာပါ"
"ဟားးးးးး
မင်းလေးက စလို့ကောင်းသားပဲ"
ရီပြီး နေခြည့်ကိုလှည့်ကြည့်လာတဲ့ သူမဟာ နေခြည့်အတွက်တော့ အသက်ရှူမှားလောက်အောင် လှပါသည်။ မိန်းကလေးတစ်ယောက်က ဘာလို့ အဲ့လောက်လှနိုင်ရတာလဲ။ နောက်ပြီး အခုမှတွေ့ဖူးတဲ့ သူနဲ့တောင် ရင်းရင်းနှီးနှီး စနောက်နေနိုင်တယ်တဲ့လား။
တကယ်ကိုပဲ ခနလေးအတွင်း နေခြည့်ရဲ့ စိတ်ကို ဖမ်းစားနိုင်ခဲ့တယ်မလား။
"မင်းလေးအကြောင်းကို ကဗျာက တွေ့တဲ့အချိန်တိုင်း ပြောပြလို့ တို့က မင်းလေးကို ရင်းနှီးနေပါပြီ"
အခုလည်းကြည့်လေ စိတ်ထဲကို ထိုးဖောက် မြင်နိုင်သလိုမျိုး နေခြည် ဘာတွေးနေမလဲ သိနေနိုင်တယ်မလား။
"ဟုတ်"
"ခရီးပန်းလာတာ ဆိုတော့ အိမ်ရောက်မှ ဆက်ပြောကြတာပေါ့ တို့မကွေးမှာက လည်စရာ ပေါပါတယ် မင်းလေး ပျင်းမှာတော့ မပူရဘူးပေါ့"
စကားကို လက်စတတ်ကာ ကားလေးလည်း ကားကွင်းမှ ထွက်လာခဲ့သည်။ခြံတစ်ခုရှေ့ရောက်တော့ တံခါးဟာ ပွင့်သွားခဲ့ပြီး...
ခြံထဲကို ဝင်လာတဲ့ တစ်လျောက် ဘေးပတ်လည်မှာ အပင်များစိုက်ထားသည်မို့ စိမ်းစိုနေသဖြင့် စိတ်ကို ကြည်လင်စေသည်။
နှစ်ထပ်တိုက်ဖြစ်ပြီး ခြံဝန်းကလည်း တော်တော်သပ်ရပ်တယ်။ခြံဝန်းထဲမှာလည်း နှင်းဆီပင်တွေ စုစိုက်ထားတဲ့ ပန်းခြံလိုမျိုး နေရာတစ်ခု အပင်တွေအလယ်မှာ တည်ရှိနေတဲ့ နီညိုရောင် ဒန်းတစ်ခု...
ပွင့်နေတဲ့ နှင်းဆီပွင့်လေးတွေဟာလည်း နီညိုရောင် တစ်မျိုးထဲသာ
ငေးကြည့်နေတဲ့ နေခြည့်ကို မမက လှမ်းခေါ်တော့မှ အိမ်ထဲဝင်ခဲ့တယ်။အိမ်ထဲရောက်တော့ ပစ္စည်းတွေဟာ သိပ်မများသလို နံရံမှာလည်း ဓာတ်ပုံတွေ အစား ပန်းချီကားတွေသာ
နေခြည်တို့လည်း ဧည့်ခန်းမှာ ဝင်ထိုင်လိုက်တော့
"ထိုင်ဦးနော် တို့ သောက်စရာ တစ်ခုခု သွားယူဦးမယ်"
သွားယူဖို့ ပြင်နေတဲ ခင့်ကို မမက
"တော်ပြီခင် ကဗျာလည်း ပြန်တော့မှာ နေခြည့်ကို ထားခဲ့မယ်နော် မနက်ဖြန်မှ ပြန်လာခဲ့မယ်"
"ကောင်းပြီ ကဗျာ သူ့အတွက် စိတ်မပူပါနဲ့ ခင် ဂရုစိုက်လိုက်ပါ့မယ်"
"ဒါဆို ကဗျာသွားပြီ ခင်"
ထို့နောက် နေခြည့်ကို လှည့်ကြည့်ကာ
"နေခြည်မောင် ခင့်ကို စိတ်အနှောက်အယှက်မပေးနဲ့နော် စကားနားထောင် ကြားလား"
"သိပါပြီမမရဲ့ "
"တို့လိုက်ပို့ရမလား ကဗျာ"
"ရတယ် ခင် ကိုကိုလာကြိုမှာ ကဗျာသွားပြီနော်"
ပြောပြီး ထွက်သွားတဲ့ကဗျာကိုကြည့်ကာ နေခြည်ကတော့ ထိုင်ခုံမှာပဲ ကြောင်ကြောင်လေး ထိုင်နေတယ် ။ခင်က နေခြည့်အိတ်ကိုဆွဲကာ
"လာ တို့မင်းလေး နေရမယ့် အခန်းလိုက်ပြမယ်"
အခုမှတွေ့ဖူးပြီး အခုသူ့အိမ်မှာ နှစ်ယောက်တည်းနေရမှာလဲ အနေခတ်သား။နေခြည် သက်ပြင်းကို ခပ်ဖွဖွချကာ ခင့်နောက်သာ လိုက်ခဲ့တယ်။အပေါ်ထပ်ရောက်တော့ လှေကားကအတတ် ဘယ်ဘက်က ထောင့်ခန်းမှာ ခင်က နေခြည့်ရဲ့ အထုတ်ကို ထားပြီး
"လာလေ ဒါက မင်းလေးအခန်း ၊ ဟိုဘက်က တို့အခန်း တစ်ခုခုလိုရင်ပြောနော် အားမနာနဲ့"
အနေမစိမ်းအောင် အရင်ဆုံးမိတ်ဆက်ဖို့ နေခြည်တွေးလိုက်တယ်။
"ဟုတ် ကျွန်တော့်နာမည် နေခြည်မောင်ပါ"
"တို့နာမည်က ထိပ်ထားခင်ပါ တွေ့ရတာ ဝမ်းသာပါတယ်မောင်"
"မောင်!!!"
နေခြည်တစ်ယောက် အံသြစွာပဲ ရေရွတ်ပြီး ခင့်ကိုကြည့်လိုက်တယ် ခင်ကတော့ ဘာမှမဖြစ်တဲ့အတိုင်း ပြုံးနေပေမဲ့ နေခြည့်မှာတော့ ပါးလေးတွေ ပန်းရောင်သန်းလို့....
"မောင်က စလို့ကောင်းသားပဲကွ"
ပြောပြောဆိုဆိုနှင့်ပဲ ခင်က အိပ်ယာပေါ်ကို ဘေးတစောင်း ထိုင်လိုက်ကာ နေခြည့်ကို ကြည့်ပြီး ပြုံးပြတယ်။
အဲ့အပြုံးတွေ ၊အဲ့အမူအရာတွေနဲ့ အခေါ်အဝေါ်တွေဟာ နေခြည့်ရင်ကို လှိုက်ဖိုစေတယ်။
နောက်ပြီး ဘယ်လိုတောင် မောင်လို့ ခေါ်နိုင်ရတာလဲ။ခင်ဟာ နေခြည့်ကို စတွေ့တွေ့ချင်တင် ဖမ်းစားနိုင်ယုံမက တဖြည်းဖြည်းလည်း ဆွဲငင်ညှို့ယူနိုင်လွန်းတယ်။
"ဘာ..ဘာလို့ မောင်လို့ခေါ်တာလဲ"
"ဘာလဲ မောင်က အဲ့လိုခေါ်တာ မကြိုက်လို့လား"
"အဲ့လိုတော့ မဟုတ်ပေမယ့် ဒီလိုမျိုး ခေါ်တာက..... "
"တို့တစ်ယောက်ပဲ ရှိတာမို့လား"
"ဟုတ်"
"အဲ့ကြောင့်ခေါ်တာပဲလေ"
"ဟင်"
တကယ်ပါ ခင်ဟာ နေခြည့်ကို အရမ်းပင် စိတ်ခံစားချက်အမျိုးမျိုးဖြစ်အောင်လုပ်နိုင်သည်လေ။အခုလည်း ထူးဆန်းတာတွေပြောနေပြန်ပြီ နေခြည်တကယ်ပဲ ခင့်ကို လိုက်မမှီတော့ပါ။
"ဒီလိုလေ မင်းကို အဲ့လိုခေါ်တာ ဘယ်သူမှမရှိဘူးမလား။တို့ကလည်း သူများမလုပ်တာမှ လုပ်ချင်တာလေ အဲ့ကြောင့် အဲ့လိုခေါ်တာပါ မင်းလေးမကြိုက်ရင်တော့ မခေါ်ပါဘူးကွယ်"
"မဟုတ်ပါဘူး ခေါ်လို့ရပါတယ်"
"ကောင်းပြီ တို့ကိုလည်း ခင်လို့ခေါ်ပါ အသက်မှ သိပ်မကွာပဲနဲ့လေနော်"
"ဟုတ်"
"ရေချိုးပြင်ဆင်ပြီး အောက်ထပ်ဆင်းခဲ့နော် ညစာစားဖို့ သွားပြင်လိုက်ဦးမယ်"
"ဟုတ် "
ခင်ကတော့ ပြောပြီး အောက်ထပ်ဆင်းသွားတယ်။ အခန်းထဲကျန်ခဲ့တဲ့ နေခြည်တစ်ယောက်ကတော့ သူ့ရဲ့ ခုန်နေတဲ့ နှလုံးသားလေးကို ထိန်းနေခဲ့တယ်။ခင်ဟာ သူတစ်ပါးအပေါ်ကို လွှမ်းမိုးနိုင်တဲ့ အစွမ်းနဲ့များ မွေးဖွားလာခဲ့လေသလား။
ခင်ပြောသမျှကို နေခြည်မလွန်ဆန်နိုင်ပါ ဒါက ထူးဆန်းနေတယ်မလား။ခင်ကလှလွန်းလို့များ ရင်ခုန်မိတာလား။အခုမှတွေ့ဖူးတဲ့ ခင့်ကို ရင်ခုန်တာကရော ဖြစ်နိုင်ပါ့မလား ။နေခြည်တစ်ယောက် အတွေးတို့ထဲ မျောလျက် ခြေလှမ်းတွေကတော့ ရေချိုးခန်းဆီသို့ ဦးတည်ခဲ့သည်။
*ဒီနှင်းဆီဟာ
ဘယ်လောက်များ
ဆူးများမလဲ။
ဒါပေမဲ့
နာကျင်ရမယ်ဆိုရင်တောင်
ဇွတ်တိုးဝင်ချင်မိအောင်
ညှို့နိုင်လွန်းတဲ့ နှင်းဆီ *
31.10.23 published
#AMALA
please vote and comment😘😘
* နောက်အပိုင်းတွေကစပြီး နေခြည့်ရဲ့ နာမ်စားကို ခင့်တစ်ယောက်တည်းအတွက်ပဲ မောင်လို့ သုံးပါမယ်နော်*
💭💭💭💭💭💭💭💭💭💭💭💭💭💭
ေနျခည္ေမာင္ စီးလာတဲ့ ကားက တစ္ေနရာအေရာက္ ေနျခည္ရလိုက္တဲ့ တမာရနံေလးေၾကာင့္ သူမ မမရွိတဲ့ အညာၿမိဳ႕ေလးထဲ ဝင္လာၿပီဆိုတာ သိလိုက္တယ္။
ကားျပတင္းေပါက္မွာ ထိုင္သူမို႔ ျပတင္းေပါက္ကေန အျပင္ကိုၾကည့္ရင္ ခမ္းနားစြာ တည္ေဆာက္ထားတဲ့ ၿမိဳ႕ဝင္ေပါက္က "မေကြးၿမိဳ႕မွ လွိုက္လွဲစြာ ႀကိဳဆိုပါ၏ဆိုတဲ့" စာတန္းနဲ႕ ၿမိဳ႕ဝင္တံခါး...
ကားလမ္းတေလ်ာက္လည္း စီတန္းေနၿပီး အရိပ္ရတဲ့ တမာပင္ေတြ မွာ 3 လပိုင္းမွာမို႔ ျဖဴလြင့္လြင့္ တမာပြင့္ေလးမ်ားဟာ ရနံမ်ား သင္းပ်ံ့လ်က္...
ၿမိဳ႕ထဲက လမ္းေတြမွာလည္း ေန႕လည္ခင္းမို႔ လူသိပ္မရႈပ္ ဒီၿမိဳ႕ေလးဟာ ေနျခည့္အတြက္ေတာ့ စိတ္ခ်မ္းသာစရာပါပဲေလ...
ကားကြင္းေရာက္ေတာ့ ကားေပၚက အဆင္း သူမကို လာႀကိဳတဲ့ မမဟာ အျပာေရာင္ ပိုးခ်ည္ ဝမ္းဆက္ေလးကို ဝတ္ထားၿပီး ဆံပင္ကို က်စ္ဆံၿမီးက်စ္ကာ ေနာက္မွာ ခ်ထားၿပီး ေနျခည့္ဆီ ေလ်ာက္လာတယ္။
ေနျခည့္ လက္ထဲက အိတ္ကို ယူကာ
"ေနျခည္လာ တည္းမဲ့အိမ္ေရာက္မွပဲ ေအးေဆးေျပာရေအာင္ လာ"
ေနျခည္လည္း မမေခၚတဲ့ ေနာက္ပဲ လိုက္ခဲ့ကာ သူတို႔နဲ႕ ခပ္လွမ္းလွမ္းမွာ ရပ္ထားတဲ့ ကားနက္ေလးဆီ ေလ်ာက္လာၾကတယ္။ကားေပၚေရာက္ေတာ့ ေနျခည္က ေနာက္ခန္းမွာ ထိုင္ကာ မမကေတာ့ lover seat မွာထိုင္တယ္။driver ေနရာမွာ ထိုင္ေနတဲ့သူဟာ နီညိုေရာင္ ျမန္မာဝမ္းဆက္ေလးကို ဝတ္ထားၿပီး သူမရဲ႕ ဆံႏြယ္ရွည္ေတြကို တစ္လႊာစည္းထားတယ္။ေဘးတိုက္ျမင္ေနရတဲ့ သူမဟာ မိန္းကေလးခ်င္းေတာင္ အားက်ရေလာက္ေအာင္ လွပါသည္။
ေနျခည္ မည္မွ် ေငးၾကည့္ေနမိသည္မသိ သူမထံမွ အသံထြက္လာမွပဲ အသိဝင္မိသည္။
"အခုမွ ေတြ႕ဖူးတာကို အဲ့လိုစိုက္ၾကည့္ေနေတာ့ မေနတတ္ဘူးေလကြယ္"
ထိုစကားသံေၾကာင့္ ေနျခည့္အနည္းငယ္ ရွက္သလိုခံစားရၿပီး ပါးေလးေတြ ပန္းေရာင္သန္းလာကာ
"ေတာင္းပန္ပါတယ္ ကြၽန္ေတာ္က ဒီတိုင္း ၾကည့္လိုက္မိတာပါ"
"ဟားးးးးး
မင္းေလးက စလို႔ေကာင္းသားပဲ"
ရီၿပီး ေနျခည့္ကိုလွည့္ၾကည့္လာတဲ့ သူမဟာ ေနျခည့္အတြက္ေတာ့ အသက္ရႉမွားေလာက္ေအာင္ လွပါသည္။ မိန္းကေလးတစ္ေယာက္က ဘာလို႔ အဲ့ေလာက္လွနိုင္ရတာလဲ။ ေနာက္ၿပီး အခုမွေတြ႕ဖူးတဲ့ သူနဲ႕ေတာင္ ရင္းရင္းႏွီးႏွီး စေနာက္ေနနိုင္တယ္တဲ့လား။
တကယ္ကိုပဲ ခနေလးအတြင္း ေနျခည့္ရဲ႕ စိတ္ကို ဖမ္းစားနိုင္ခဲ့တယ္မလား။
"မင္းေလးအေၾကာင္းကို ကဗ်ာက ေတြ႕တဲ့အခ်ိန္တိုင္း ေျပာျပလို႔ တို႔က မင္းေလးကို ရင္းႏွီးေနပါၿပီ"
အခုလည္းၾကည့္ေလ စိတ္ထဲကို ထိုးေဖာက္ ျမင္နိုင္သလိုမ်ိဳး ေနျခည္ ဘာေတြးေနမလဲ သိေနနိုင္တယ္မလား။
"ဟုတ္"
"ခရီးပန္းလာတာ ဆိုေတာ့ အိမ္ေရာက္မွ ဆက္ေျပာၾကတာေပါ့ တို႔မေကြးမွာက လည္စရာ ေပါပါတယ္ မင္းေလး ပ်င္းမွာေတာ့ မပူရဘူးေပါ့"
စကားကို လက္စတတ္ကာ ကားေလးလည္း ကားကြင္းမွ ထြက္လာခဲ့သည္။ၿခံတစ္ခုေရွ႕ေရာက္ေတာ့ တံခါးဟာ ပြင့္သြားခဲ့ၿပီး...
ၿခံထဲကို ဝင္လာတဲ့ တစ္ေလ်ာက္ ေဘးပတ္လည္မွာ အပင္မ်ားစိုက္ထားသည္မို႔ စိမ္းစိုေနသျဖင့္ စိတ္ကို ၾကည္လင္ေစသည္။
ႏွစ္ထပ္တိုက္ျဖစ္ၿပီး ၿခံဝန္းကလည္း ေတာ္ေတာ္သပ္ရပ္တယ္။ၿခံဝန္းထဲမွာလည္း ႏွင္းဆီပင္ေတြ စုစိုက္ထားတဲ့ ပန္းၿခံလိုမ်ိဳး ေနရာတစ္ခု အပင္ေတြအလယ္မွာ တည္ရွိေနတဲ့ နီညိုေရာင္ ဒန္းတစ္ခု...
ပြင့္ေနတဲ့ ႏွင္းဆီပြင့္ေလးေတြဟာလည္း နီညိုေရာင္ တစ္မ်ိဳးထဲသာ
ေငးၾကည့္ေနတဲ့ ေနျခည့္ကို မမက လွမ္းေခၚေတာ့မွ အိမ္ထဲဝင္ခဲ့တယ္။အိမ္ထဲေရာက္ေတာ့ ပစၥည္းေတြဟာ သိပ္မမ်ားသလို နံရံမွာလည္း ဓာတ္ပုံေတြ အစား ပန္းခ်ီကားေတြသာ
ေနျခည္တို႔လည္း ဧည့္ခန္းမွာ ဝင္ထိုင္လိုက္ေတာ့
"ထိုင္ဦးေနာ္ တို႔ ေသာက္စရာ တစ္ခုခု သြားယူဦးမယ္"
သြားယူဖို႔ ျပင္ေနတဲ ခင့္ကို မမက
"ေတာ္ၿပီခင္ ကဗ်ာလည္း ျပန္ေတာ့မွာ ေနျခည့္ကို ထားခဲ့မယ္ေနာ္ မနက္ျဖန္မွ ျပန္လာခဲ့မယ္"
"ေကာင္းၿပီ ကဗ်ာ သူ႕အတြက္ စိတ္မပူပါနဲ႕ ခင္ ဂ႐ုစိုက္လိုက္ပါ့မယ္"
"ဒါဆို ကဗ်ာသြားၿပီ ခင္"
ထို႔ေနာက္ ေနျခည့္ကို လွည့္ၾကည့္ကာ
"ေနျခည္ေမာင္ ခင့္ကို စိတ္အႏွောက္အယွက္မေပးနဲ႕ေနာ္ စကားနားေထာင္ ၾကားလား"
"သိပါၿပီမမရဲ႕ "
"တို႔လိုက္ပို႔ရမလား ကဗ်ာ"
"ရတယ္ ခင္ ကိုကိုလာႀကိဳမွာ ကဗ်ာသြားၿပီေနာ္"
ေျပာၿပီး ထြက္သြားတဲ့ကဗ်ာကိုၾကည့္ကာ ေနျခည္ကေတာ့ ထိုင္ခုံမွာပဲ ေၾကာင္ေၾကာင္ေလး ထိုင္ေနတယ္ ။ခင္က ေနျခည့္အိတ္ကိုဆြဲကာ
"လာ တို႔မင္းေလး ေနရမယ့္ အခန္းလိုက္ျပမယ္"
အခုမွေတြ႕ဖူးၿပီး အခုသူ႕အိမ္မွာ ႏွစ္ေယာက္တည္းေနရမွာလဲ အေနခတ္သား။ေနျခည္ သက္ျပင္းကို ခပ္ဖြဖြခ်ကာ ခင့္ေနာက္သာ လိုက္ခဲ့တယ္။အေပၚထပ္ေရာက္ေတာ့ ေလွကားကအတတ္ ဘယ္ဘက္က ေထာင့္ခန္းမွာ ခင္က ေနျခည့္ရဲ႕ အထုတ္ကို ထားၿပီး
"လာေလ ဒါက မင္းေလးအခန္း ၊ ဟိုဘက္က တို႔အခန္း တစ္ခုခုလိုရင္ေျပာေနာ္ အားမနာနဲ႕"
အေနမစိမ္းေအာင္ အရင္ဆုံးမိတ္ဆက္ဖို႔ ေနျခည္ေတြးလိုက္တယ္။
"ဟုတ္ ကြၽန္ေတာ့္နာမည္ ေနျခည္ေမာင္ပါ"
"တို႔နာမည္က ထိပ္ထားခင္ပါ ေတြ႕ရတာ ဝမ္းသာပါတယ္ေမာင္"
"ေမာင္!!!"
ေနျခည္တစ္ေယာက္ အံၾသစြာပဲ ေရ႐ြတ္ၿပီး ခင့္ကိုၾကည့္လိုက္တယ္ ခင္ကေတာ့ ဘာမွမျဖစ္တဲ့အတိုင္း ၿပဳံးေနေပမဲ့ ေနျခည့္မွာေတာ့ ပါးေလးေတြ ပန္းေရာင္သန္းလို႔....
"ေမာင္က စလို႔ေကာင္းသားပဲကြ"
ေျပာေျပာဆိုဆိုႏွင့္ပဲ ခင္က အိပ္ယာေပၚကို ေဘးတေစာင္း ထိုင္လိုက္ကာ ေနျခည့္ကို ၾကည့္ၿပီး ၿပဳံးျပတယ္။
အဲ့အၿပဳံးေတြ ၊အဲ့အမူအရာေတြနဲ႕ အေခၚအေဝၚေတြဟာ ေနျခည့္ရင္ကို လွိုက္ဖိုေစတယ္။
ေနာက္ၿပီး ဘယ္လိုေတာင္ ေမာင္လို႔ ေခၚနိုင္ရတာလဲ။ခင္ဟာ ေနျခည့္ကို စေတြ႕ေတြ႕ခ်င္တင္ ဖမ္းစားနိုင္ယုံမက တျဖည္းျဖည္းလည္း ဆြဲငင္ညွို႔ယူနိုင္လြန္းတယ္။
"ဘာ..ဘာလို႔ ေမာင္လို႔ေခၚတာလဲ"
"ဘာလဲ ေမာင္က အဲ့လိုေခၚတာ မႀကိဳက္လို႔လား"
"အဲ့လိုေတာ့ မဟုတ္ေပမယ့္ ဒီလိုမ်ိဳး ေခၚတာက..... "
"တို႔တစ္ေယာက္ပဲ ရွိတာမို႔လား"
"ဟုတ္"
"အဲ့ေၾကာင့္ေခၚတာပဲေလ"
"ဟင္"
တကယ္ပါ ခင္ဟာ ေနျခည့္ကို အရမ္းပင္ စိတ္ခံစားခ်က္အမ်ိဳးမ်ိဳးျဖစ္ေအာင္လုပ္နိုင္သည္ေလ။အခုလည္း ထူးဆန္းတာေတြေျပာေနျပန္ၿပီ ေနျခည္တကယ္ပဲ ခင့္ကို လိုက္မမွီေတာ့ပါ။
"ဒီလိုေလ မင္းကို အဲ့လိုေခၚတာ ဘယ္သူမွမရွိဘူးမလား။တို႔ကလည္း သူမ်ားမလုပ္တာမွ လုပ္ခ်င္တာေလ အဲ့ေၾကာင့္ အဲ့လိုေခၚတာပါ မင္းေလးမႀကိဳက္ရင္ေတာ့ မေခၚပါဘူးကြယ္"
"မဟုတ္ပါဘူး ေခၚလို႔ရပါတယ္"
"ေကာင္းၿပီ တို႔ကိုလည္း ခင္လို႔ေခၚပါ အသက္မွ သိပ္မကြာပဲနဲ႕ေလေနာ္"
"ဟုတ္"
"ေရခ်ိဳးျပင္ဆင္ၿပီး ေအာက္ထပ္ဆင္းခဲ့ေနာ္ ညစာစားဖို႔ သြားျပင္လိုက္ဦးမယ္"
"ဟုတ္ "
ခင္ကေတာ့ ေျပာၿပီး ေအာက္ထပ္ဆင္းသြားတယ္။ အခန္းထဲက်န္ခဲ့တဲ့ ေနျခည္တစ္ေယာက္ကေတာ့ သူ႕ရဲ႕ ခုန္ေနတဲ့ ႏွလုံးသားေလးကို ထိန္းေနခဲ့တယ္။ခင္ဟာ သူတစ္ပါးအေပၚကို လႊမ္းမိုးနိုင္တဲ့ အစြမ္းနဲ႕မ်ား ေမြးဖြားလာခဲ့ေလသလား။
ခင္ေျပာသမွ်ကို ေနျခည္မလြန္ဆန္နိုင္ပါ ဒါက ထူးဆန္းေနတယ္မလား။ခင္ကလွလြန္းလို႔မ်ား ရင္ခုန္မိတာလား။အခုမွေတြ႕ဖူးတဲ့ ခင့္ကို ရင္ခုန္တာကေရာ ျဖစ္နိုင္ပါ့မလား ။ေနျခည္တစ္ေယာက္ အေတြးတို႔ထဲ ေမ်ာလ်က္ ေျခလွမ္းေတြကေတာ့ ေရခ်ိဳးခန္းဆီသို႔ ဦးတည္ခဲ့သည္။
*ဒီႏွင္းဆီဟာ
ဘယ္ေလာက္မ်ား
ဆူးမ်ားမလဲေနာ္
နာက်င္ရမယ္ဆိုရင္ေတာင္
ဇြတ္တိုးဝင္ခ်င္မိေအာင္
ညွို႔နိုင္လြန္းတဲ့ ႏွင္းဆီ *
31.10.23 published
#AMALA
please vote and comment😘😘
* ေနာက္အပိုင္းေတြကစၿပီး ေနျခည့္ရဲ႕ နာမ္စားကို ခင့္တစ္ေယာက္တည္းအတြက္ပဲ ေမာင္လို႔ သုံးပါမယ္ေနာ္*