27{ U+ Z }

"နေခြည်မောင် အဆင်ပြေရဲ့လား "

"ပြေပါတယ် ရတီရဲ့ မမရဲ့ ကိစ္စတွေကလည်း ပြီးပြီးဆိုတော့ "

"အင်းပါ နင်အဆင်ပြေရင် ပြီးတာပါပဲ"

"အော် ဒါနဲ့ ယမုံရော...ငါပြန်ရောက်ရင် သူ့ကို လာချော့မှာမို့ အခုတော့ သူ့ကို ဂရုစိုက်လိုက်ပါဦး"

"နေခြည်မောင်...."

"အင်းပြောလေ..."

"ဟို...ယမုံက... ယမုံကလေ..."

"ယမုံက....ယမုံဘာဖြစ်လို့လဲ ရတီ"

"ယမုံ လွန်ခဲ့တဲ့ သုံးရက်လောက်ကပဲ သူ့မြို့ကို ပြန်သွားပြီ နေခြည်မောင်..."

"ဘာ...ယမုံပြန်သွားပြီ ဟုလား ရတီ...ဘာလို့..."

"အင်း.....အခြေအနေတွေက ငါလည်း သေချာမသိပေမယ့်...... ဥက္ကာလည်း ပြည်ပ ထွက်သွားပြီဟာ.. နောက်ပြီး သူတို့နှစ်ယောက်လုံးက အဆက်အသွယ်ပါ ဖြတ်သွားတာဟ"

"ဒါဆို ယမုံကရော ငါ့ကို တစ်ခုခုမပြောခဲ့ဘူးလား.."

"တစ်နေ့တော့....အင်း...တစ်နေ့တော့ပေါ့  ငါ နင့်ကို ပြောပြပါဦးမယ်.."

"နားမလည်ဘူး ရတီ"

"တစ်နေ့ပေါ့ဟာ တစ်နေ့ပေါ့"

"အင်းပါ...ဒါဆိုလည်း ငါနားတော့မယ် သူတို့နဲ့ အဆက်အသွယ်ရရင်တော့ ပြောဦးနော်"

"အင်းပါ"

ချသွားတဲ့ ဖုန်းလေးကိုကြည့်လို့ ခြံထဲက အပင်လေးတွေဘက် ငေးကာ

"ဘာတွေများ ဖြစ်ခဲ့တာလည်း ယမုံရယ်...."

သက်ပြင်းချသံနှင့်အတူ တစ်စုံတစ်ခုကို ဆုံးရှုံးလိုက်ရသလို စိတ်ကြောင့် ဝဲတတ်လာတဲ့ မျက်ရည်တွေကို ကောင်ကင်ကို မော့ကြည့်လို့ ပုတ်ခတ်သိမ်းစည်းလိုက်ရသည်။တစ်ဖက်မှာလည်း အဝါရောင် စာအိတ်လေးကိုကိုင်လို့ သက်ပြင်းရှိုက်သံနှင့်အတူ လွန်ခဲ့သော ရက်အနည်းငယ်ဆီသို့

"ယမုံ အထုတ်တွေနဲ့ ဘယ်သွားမလို့လည်း"

အပေါ်ထပ်ကနေ အထုတ်ဆွဲကာ ဆင်းလာတဲ့ ယမုံ့ကိုမေးတော့ ရတီ့ကို လှည့်ကြည့်လို့ အညင်သာဆုံး ပြုံးပြသည်။သို့သော် သူ့အပြုံးမှာ အသက်မဲ့နေသည်။နောက်ပြီး လက်ထဲမှာ ကိုင်ထားတဲ့ စာအိတ်ဝါလေးကို လှမ်းပေးလို့

"ဒီစာလေးကို မောင့်ကို ပေးပေးပါ ရတီ"

"နေခြည်မောင်​​ပြန်လာရင် ပေးလိုက်လေ ယမုံရဲ့"

ရတီ့စကားကို ခပ်တိုးတိုး ရယ်သံလေးနဲ့ တုံ့ပြန်လို့ တိုးဖွစွာပဲ

"ရတီကပဲ ယမုံ့ကိုယ်စား ပေးပေးပါနော်...နောက်ပြီး အခုမဟုတ်ပဲ တစ်နေ့ မောင်ယမုံ့ရှေ့ကို ရောက်လာတဲ့တစ်နေ့ကျမှ ပေးပေးပါ "

တွေးတွေးဆဆနဲ့ စာအိတ်လေးကိုငေးလို့ မှိုင်တွေးတွေးလေး ဖြစ်နေတဲ့ ယမုံ့ လက်ကို အုတ်ကိုင်လိုက်တော့ အသက်မဲ့နေသော မျက်ဝန်းတွေနဲ့ ရတီ့ကိုကြည့်သည်။သူလေး ကောင်းကောင်းမှ အိပ်ပျော်ရဲ့လား ၊တစ်ညလုံးများ ငိုထားလေသလား၊မျက်နှာက ဖြူဖျော့နေပြီး မျက်ဝန်းအိမ်တွေလည်း မို့လို့နေသည်။ယမုံကို ဘာမှ မမေးနိုင်ပဲ ကြည့်နေမိတော့ ယမုံ့က ရတီ့ကို ပြုံးပြလို့ လက်ကို ပြန်အုတ်ကိုင်ကာ

"ယမုံ အဆင်ပြေတာမို့ ရတီ မစိုးရိမ်ပါနဲ့နော်။တစ်ချို့အရာလေးတွေက ပြောပြဖို့ကျ အဆင်မပြေတာမို့ ရတီက ယမုံ ပြောတာလေးပဲ လုပ်ပေးပါနော်"

ချော့မြူသလိုပြောပြီး ရတီ့လက်ကို လွှတ်လို့

"ဒါဆို ယမုံသွားတော့မယ်ကွယ်နော်...."

ပြောကာသာ ထွက်သွားဖို့ ပြင်နေတဲ့ ယမုံ့ကို

"နေခြည်မောင်ကရော....​နေ​ခြည်မောင့်ကိုရော ယမုံ...သူ မေးလာခဲ့ရင် ဘယ်လိုပြောရမလဲ"

ရတီမေးတော့ ယမုံ့ရဲ့ ခြေလှမ်းတွေရပ်လို့ ရတီ့ဘက်လှည့်ကာ

"ယမုံ ​သူ့မြို့သူ ပြန်သွားပြီလို့ ပြောလိုက်ပါ ရတီ။"

"ယမုံ နေခြည်မောင့်ကို စိတ်ဆိုးနေလို့ အခုလိုလုပ်နေတာလား"

ရတီပြောတော့ ယမုံက ရယ်သည်။မျက်ရည်လေးတွေ ဝဲတတ်လာပြီး ခပ်ရေးရေးလေး ပြုံးကာ

"မောင့်ကို စိတ်ဆိုးရက်ပါ့မလားရတီရယ်"

ယမုံ့ရဲ့အသံဟာ ဝေးကွာနေသလို လေးပင်ကာ အက်ကွဲနေသည်။ထို့နောက် ယမုံက ရတီ့ကိုကျောပေးလို့

"ရတီ...မောင်ကလေ....မောင်က.... ယမုံ့အတွက်တော့ အနှစ်သက်ရဆုံး ဒဏ်ရာလေးပေါ့ကွယ်...."

ပြောကာသာ နောက်ကို တစ်ချက်လှည့်မကြည့်ပဲ ထွက်ခွာသွားသည်။နားမလည်နိုင်ပါ။ယမုံ့ကိုလည်း မေးချင်တာတွေ များပေမယ့် မမေးနိုင်ခဲ့သလို..အဲ့တစ်နေ့ကရော ဘယ်နေ့လည်းဆိုတာ မသေချာခြင်းတွေနဲ့ လက်ထဲက စာအိတ်လေးကို ကိုင်ကာသာ အတွေးကမ္ဘာထဲ လမ်းပျောက်နေသူဟာ ရတီရယ်ပါ။
သူ့မြို့လေးကို ပြန်သွားသူဟာလည်း ထာဝရနှုတ်ဆက်သွားသလို...ဖြစ်သမျှအရာရာ ရှင်းလင်းခဲ့တော့ အချိန်တွေဟာ ပစ္စုပ္ပန်ဆီ ဦးတည်ခဲ့လေပြီ။

......................

လက်ရှိအချိန်.......

သုသာန်က အဖြူရောင် အုပ်ဂူလေးရဲ့ ရှေ့မှာ ရပ်နေသူ​တွေဟာ နေခြည်မောင် ၊ခင် နဲ့ရတီ....ဖြစ်ပြီး။အုပ်ဂူလေးထက် ရေးထိုးထားတဲ့ အမည်နာမလေးဟာတော့

' ကွယ်လွန်သူ
မယမုံခင်
အသက်
19
............' တဲ့လေ.....

တိတ်ဆိတ်နေတဲ့ လေထုကို စကားစဖြတ်လိုက်သူဟာ ရတီ..။ရတီက သူ့ရဲ့ အိတ်ကပ်ထဲက စာအိတ်အဝါလေးကိုထုတ်လို့ မောင့်ဆီကမ်းပေးပြီး

"ယမုံခင်က သိပ်လည်တာပဲ နေခြည်မောင်..
ဒီလိုဖြစ်လာမယ်ဆိုတာကို ကြိုသိခဲ့သလားတောင် ထင်ရတယ်ဟာ...ရော့ ယမုံက ဒီလို နေ့ရောက်လာရင် နင့်ကို ပေးပေးပါတဲ့။ရော့...ယူ နေခြည်မောင်...သူ့စကားတွေကို နားထောင်ပေးလိုက်ပါတော့ဟာ..."

နေခြည်မောင့်ကို ပေးတော့ မောင်က ရတီ့ကိုကြည့်လို့ စာအိတ်လေးကို ကိုင်ကာ ခင့်ကို လှည့်ကြည့်သည်။ဒီထဲမှာ ဘာရေးထားလည်း မသိပေမယ့် မောင်ကတော့ ဒီထဲက အရာကြောင့် ခင်မုန်းသွားမှာ စိုးရိမ်နေဟန်။ခင်က မောင့်ပုခုံးကို အသာပုတ်လို့ အဆင်ပြေတယ်ဆိုသော သဘောဖြင့် ခေါင်းငြိမ့်ပြတော့ မောင်က အုပ်ဂူလေးကိုကြည့် သက်ပြင်းလေးရှိုက်လို့ စာအိတ်လေးကို ဖွင့်ကာ စာရွက်လေးကို လှန်လိုက်ချိန် ပါးစပ်က တိုးဖွစွာ ​ရေရွတ်လိုက်မိသည့် နာမ်စားလေးဟာ စို့နစ်ဖွယ် ဂရုဏာသံလေးရောတဲ့

"ယမုံရယ်........"တဲ့လေ

20.3.24 published

* အဆက်လေးကို မနက်ဖြန် ဆက်တင်ပေးပါ့မယ်နော်။အခုတော့ ဒါလေးနဲ့ပဲ ကျေနပ်ပေးပါလို့ ရီဒါလေးတွေကို တောင်းဆိုပါရစေကွယ်။ အမြဲအတူရှိပေးတဲ့အတွက်လည်း ရီဒါလေးတွေကို ကျေးဇူးပါကွယ်😘😘😘*

💭💭💭💭💭💭💭💭💭💭💭💭💭💭


"ေနျခည္ေမာင္ အဆင္ေျပရဲ႕လား "

"ေျပပါတယ္ ရတီရဲ႕ မမရဲ႕ ကိစၥေတြကလည္း ၿပီးၿပီးဆိုေတာ့ "

"အင္းပါ နင္အဆင္ေျပရင္ ၿပီးတာပါပဲ"

"ေအာ္ ဒါနဲ႕ ယမုံေရာ...ငါျပန္ေရာက္ရင္ သူ႕ကို လာေခ်ာ့မွာမို႔ အခုေတာ့ သူ႕ကို ဂ႐ုစိုက္လိုက္ပါဦး"

"ေနျခည္ေမာင္...."

"အင္းေျပာေလ..."

"ဟို...ယမုံက... ယမုံကေလ..."

"ယမုံက....ယမုံဘာျဖစ္လို႔လဲ ရတီ"

"ယမုံ လြန္ခဲ့တဲ့ သုံးရက္ေလာက္ကပဲ သူ႕ၿမိဳ႕ကို ျပန္သြားၿပီ ေနျခည္ေမာင္..."

"ဘာ...ယမုံျပန္သြားၿပီ ဟုလား ရတီ...ဘာလို႔..."

"အင္း.....အေျခအေနေတြက ငါလည္း ေသခ်ာမသိေပမယ့္...... ဥကၠာလည္း ျပည္ပ ထြက္သြားၿပီဟာ.. ေနာက္ၿပီး သူတို႔ႏွစ္ေယာက္လုံးက အဆက္အသြယ္ပါ ျဖတ္သြားတာဟ"

"ဒါဆို ယမုံကေရာ ငါ့ကို တစ္ခုခုမေျပာခဲ့ဘူးလား.."

"တစ္ေန႕ေတာ့....အင္း...တစ္ေန႕ေတာ့ေပါ့  ငါ နင့္ကို ေျပာျပပါဦးမယ္.."

"နားမလည္ဘူး ရတီ"

"တစ္ေန႕ေပါ့ဟာ တစ္ေန႕ေပါ့"

"အင္းပါ...ဒါဆိုလည္း ငါနားေတာ့မယ္ သူတို႔နဲ႕ အဆက္အသြယ္ရရင္ေတာ့ ေျပာဦးေနာ္"

"အင္းပါ"

ခ်သြားတဲ့ ဖုန္းေလးကိုၾကည့္လို႔ ၿခံထဲက အပင္ေလးေတြဘက္ ေငးကာ

"ဘာေတြမ်ား ျဖစ္ခဲ့တာလည္း ယမုံရယ္...."

သက္ျပင္းခ်သံႏွင့္အတူ တစ္စုံတစ္ခုကို ဆုံးရႈံးလိုက္ရသလို စိတ္ေၾကာင့္ ဝဲတတ္လာတဲ့ မ်က္ရည္ေတြကို ေကာင္ကင္ကို ေမာ့ၾကည့္လို႔ ပုတ္ခတ္သိမ္းစည္းလိုက္ရသည္။တစ္ဖက္မွာလည္း အဝါေရာင္ စာအိတ္ေလးကိုကိုင္လို႔ သက္ျပင္းရွိုက္သံႏွင့္အတူ လြန္ခဲ့ေသာ ရက္အနည္းငယ္ဆီသို႔

"ယမုံ အထုတ္ေတြနဲ႕ ဘယ္သြားမလို႔လည္း"

အေပၚထပ္ကေန အထုတ္ဆြဲကာ ဆင္းလာတဲ့ ယမုံ႕ကိုေမးေတာ့ ရတီ့ကို လွည့္ၾကည့္လို႔ အညင္သာဆုံး ၿပဳံးျပသည္။သို႔ေသာ္ သူ႕အၿပဳံးမွာ အသက္မဲ့ေနသည္။ေနာက္ၿပီး လက္ထဲမွာ ကိုင္ထားတဲ့ စာအိတ္ဝါေလးကို လွမ္းေပးလို႔

"ဒီစာေလးကို ေမာင့္ကို ေပးေပးပါ ရတီ"

"ေနျခည္ေမာင္ျပန္လာရင္ ေပးလိုက္ေလ ယမုံရဲ႕"

ရတီ့စကားကို ခပ္တိုးတိုး ရယ္သံေလးနဲ႕ တုံ႕ျပန္လို႔ တိုးဖြစြာပဲ

"ရတီကပဲ ယမုံ႕ကိုယ္စား ေပးေပးပါေနာ္...ေနာက္ၿပီး အခုမဟုတ္ပဲ တစ္ေန႕ ေမာင္ယမုံ႕ေရွ႕ကို ေရာက္လာတဲ့တစ္ေန႕က်မွ ေပးေပးပါ "

ေတြးေတြးဆဆနဲ႕ စာအိတ္ေလးကိုေငးလို႔ မွိုင္ေတြးေတြးေလး ျဖစ္ေနတဲ့ ယမုံ႕ လက္ကို အုတ္ကိုင္လိုက္ေတာ့ အသက္မဲ့ေနေသာ မ်က္ဝန္းေတြနဲ႕ ရတီ့ကိုၾကည့္သည္။သူေလး ေကာင္းေကာင္းမွ အိပ္ေပ်ာ္ရဲ႕လား ၊တစ္ညလုံးမ်ား ငိုထားေလသလား၊မ်က္ႏွာက ျဖဴေဖ်ာ့ေနၿပီး မ်က္ဝန္းအိမ္ေတြလည္း မို႔လို႔ေနသည္။ယမုံကို ဘာမွ မေမးနိုင္ပဲ ၾကည့္ေနမိေတာ့ ယမုံ႕က ရတီ့ကို ၿပဳံးျပလို႔ လက္ကို ျပန္အုတ္ကိုင္ကာ

"ယမုံ အဆင္ေျပတာမို႔ ရတီ မစိုးရိမ္ပါနဲ႕ေနာ္။တစ္ခ်ိဳ႕အရာေလးေတြက ေျပာျပဖို႔က် အဆင္မေျပတာမို႔ ရတီက ယမုံ ေျပာတာေလးပဲ လုပ္ေပးပါေနာ္"

ေခ်ာ့ျမဴသလိုေျပာၿပီး ရတီ့လက္ကို လႊတ္လို႔

"ဒါဆို ယမုံသြားေတာ့မယ္ကြယ္ေနာ္...."

ေျပာကာသာ ထြက္သြားဖို႔ ျပင္ေနတဲ့ ယမုံ႕ကို

"ေနျခည္ေမာင္ကေရာ....ေနျခည္ေမာင့္ကိုေရာ ယမုံ...သူ ေမးလာခဲ့ရင္ ဘယ္လိုေျပာရမလဲ"

ရတီေမးေတာ့ ယမုံ႕ရဲ႕ ေျခလွမ္းေတြရပ္လို႔ ရတီ့ဘက္လွည့္ကာ

"ယမုံ သူ႕ၿမိဳ႕သူ ျပန္သြားၿပီလို႔ ေျပာလိုက္ပါ ရတီ။"

"ယမုံ ေနျခည္ေမာင့္ကို စိတ္ဆိုးေနလို႔ အခုလိုလုပ္ေနတာလား"

ရတီေျပာေတာ့ ယမုံက ရယ္သည္။မ်က္ရည္ေလးေတြ ဝဲတတ္လာၿပီး ခပ္ေရးေရးေလး ၿပဳံးကာ

"ေမာင့္ကို စိတ္ဆိုးရက္ပါ့မလားရတီရယ္"

ယမုံ႕ရဲ႕အသံဟာ ေဝးကြာေနသလို ေလးပင္ကာ အက္ကြဲေနသည္။ထို႔ေနာက္ ယမုံက ရတီ့ကိုေက်ာေပးလို႔

"ရတီ...ေမာင္ကေလ....ေမာင္က.... ယမုံ႕အတြက္ေတာ့ အႏွစ္သက္ရဆုံး ဒဏ္ရာေလးေပါ့ကြယ္...."

ေျပာကာသာ ေနာက္ကို တစ္ခ်က္လွည့္မၾကည့္ပဲ ထြက္ခြာသြားသည္။နားမလည္နိုင္ပါ။ယမုံ႕ကိုလည္း ေမးခ်င္တာေတြ မ်ားေပမယ့္ မေမးနိုင္ခဲ့သလို..အဲ့တစ္ေန႕ကေရာ ဘယ္ေန႕လည္းဆိုတာ မေသခ်ာျခင္းေတြနဲ႕ လက္ထဲက စာအိတ္ေလးကို ကိုင္ကာသာ အေတြးကမၻာထဲ လမ္းေပ်ာက္ေနသူဟာ ရတီရယ္ပါ။
သူ႕ၿမိဳ႕ေလးကို ျပန္သြားသူဟာလည္း ထာဝရႏႈတ္ဆက္သြားသလို...ျဖစ္သမွ်အရာရာ ရွင္းလင္းခဲ့ေတာ့ အခ်ိန္ေတြဟာ ပစၥဳပၸန္ဆီ ဦးတည္ခဲ့ေလၿပီ။

......................

လက္ရွိအခ်ိန္.......

သုသာန္က အျဖဴေရာင္ အုပ္ဂူေလးရဲ႕ ေရွ႕မွာ ရပ္ေနသူေတြဟာ ေနျခည္ေမာင္ ၊ခင္ နဲ႕ရတီ....ျဖစ္ၿပီး။အုပ္ဂူေလးထက္ ေရးထိုးထားတဲ့ အမည္နာမေလးဟာေတာ့

' ကြယ္လြန္သူ
မယမုံခင္
အသက္
19
............' တဲ့ေလ.....

တိတ္ဆိတ္ေနတဲ့ ေလထုကို စကားစျဖတ္လိုက္သူဟာ ရတီ..။ရတီက သူ႕ရဲ႕ အိတ္ကပ္ထဲက စာအိတ္အဝါေလးကိုထုတ္လို႔ ေမာင့္ဆီကမ္းေပးၿပီး

"ယမုံခင္က သိပ္လည္တာပဲ ေနျခည္ေမာင္..
ဒီလိုျဖစ္လာမယ္ဆိုတာကို ႀကိဳသိခဲ့သလားေတာင္ ထင္ရတယ္ဟာ...ေရာ့ ယမုံက ဒီလို ေန႕ေရာက္လာရင္ နင့္ကို ေပးေပးပါတဲ့။ေရာ့...ယူ ေနျခည္ေမာင္...သူ႕စကားေတြကို နားေထာင္ေပးလိုက္ပါေတာ့ဟာ..."

ေနျခည္ေမာင့္ကို ေပးေတာ့ ေမာင္က ရတီ့ကိုၾကည့္လို႔ စာအိတ္ေလးကို ကိုင္ကာ ခင့္ကို လွည့္ၾကည့္သည္။ဒီထဲမွာ ဘာေရးထားလည္း မသိေပမယ့္ ေမာင္ကေတာ့ ဒီထဲက အရာေၾကာင့္ ခင္မုန္းသြားမွာ စိုးရိမ္ေနဟန္။ခင္က ေမာင့္ပုခုံးကို အသာပုတ္လို႔ အဆင္ေျပတယ္ဆိုေသာ သေဘာျဖင့္ ေခါင္းၿငိမ့္ျပေတာ့ ေမာင္က အုပ္ဂူေလးကိုၾကည့္ သက္ျပင္းေလးရွိုက္လို႔ စာအိတ္ေလးကို ဖြင့္ကာ စာ႐ြက္ေလးကို လွန္လိုက္ခ်ိန္ ပါးစပ္က တိုးဖြစြာ ေရ႐ြတ္လိုက္မိသည့္ နာမ္စားေလးဟာ စို႔နစ္ဖြယ္ ဂ႐ုဏာသံေလးေရာတဲ့

"ယမုံရယ္........"တဲ့ေလ

20.3.24 published

* အဆက္ေလးကို မနက္ျဖန္ ဆက္တင္ေပးပါ့မယ္ေနာ္။အခုေတာ့ ဒါေလးနဲ႕ပဲ ေက်နပ္ေပးပါလို႔ ရီဒါေလးေတြကို ေတာင္းဆိုပါရေစကြယ္။ အၿမဲအတူရွိေပးတဲ့အတြက္လည္း ရီဒါေလးေတြကို ေက်းဇူးပါကြယ္😘😘😘*








Comment