မမ အိမ်ရောက်ကတည်းကတိုင် အခန်းပြင်တောင်မထွက်တဲ့ နေခြည်။တစ်ပတ်ရှိပြီ ခင်နဲ့ အဆက်အသွယ်မရတာ မရတာဆို မဆက်သွယ်ဖြစ်တာလဲ ပါမည်လေ။
မဆက်သွယ်ရဲဘူး ခင့်အသံကြားရုံနဲ့တင် နေခြည့်မှာ ပျော့ညံ့ရပါသည်။အခုလည်း ခင်ပြောလာမဲ့ စကားတွေကို နားမထောင်ရဲဘူး ခင်ရယ်။ခင်နဲ့ ပတ်သတ်ရင် နေခြည် အရာရာတိုင်းမှာ ရှုံးပါတယ် ခင်ရယ်။
ဒေါက်....ဒေါက်......ဒေါက်.....
တံခါးခေါက်သံကြောင့် အတွေးတို့ကိုဖြတ် ကာ တံခါးသွားဖွင့်တော့
"နေခြည် အောက်မှာ ဧည့်သည်ရောက်နေတယ်"
"ဟုတ် မမ "
မမနဲ့အတူ အောက်ထပ်ဆင်းလာတော့ ဧည့်ခန်းမှာ ထိုင်နေတာက ရတီ။နေခြည်လည်း ရတီ့နားသွားထိုင်ပြီးတော့
"ရတီ ဖုန်းလည်း ကြိုမဆက်ဘူး လာကြိုမှာပေါ့ဟ"
"ငါ ဒါလာပေးတာ ဒီမှာက တစ်ပတ်လောက်ပဲ နေမှာပါ"
လက်ထဲက စတစ်ကို နေခြည့်လက်ထဲ ထည့်ပေးကာ ပြောသည်။
"ဒါက "
နေခြည်က လက်ထဲက စတစ်ကို ကြည့်ကာ နားမလည်သလို ရတီ့ကိုကြည့်ပြီး မေးတော့
"အော် အဲ့တာက ဥက္ကာမောင် ပေးလိုက်တာ။
သူကတော့ မြန်မာနိုင်ငံကို ပြန်အခြေမချတော့ဘူးတဲ့။နင်တို့လိုချင်တဲ့ အဖြေအားလုံး ဒီထဲမှာ ရှိတယ်တဲ့ သူပြောတယ်"
"ဒါဆို ရတီ ဥက္ကာမောင်ကို တွေ့ခဲ့တယ်ပေါ့"
"အင်း.....ခနပါပဲ "
"ကျေးဇူးပါဟာ ရတီ။ဒီမှာနေတုန်းတော့ ငါ့ဆီမှာနေလေ နင်သွားချင်တာတွေ ငါလိုက်ပို့ပါ့မယ်"
"ကတိနော် နေခြည်"
"အေးပါဟာ"
................
"နေခြည် ငါစာအုပ်ဆိုင် သွားမလို့ လိုက်ပို့ပေးဦး"
လှေကားကနေ ဆင်းလာတဲ့ ရတီဟာ ဂျင်းပေါင်တိုလေးကို ပန်းနုရောင် တီရှပ် အပွနဲ့ တွဲဝတ်ထားပြီး ဂုတ်ဝဲ ဆံပင်လေးကိုတော့ ဒီတိုင်းချထားသည်။ပုပုသေးသေးနဲ့ သူမဟာ တော်တော် လှပါသည်။
"အင်း.....သွားရအောင်လေ"
"မမ ဘာမှာဦးမလဲ ရတီ့ကို အပြင်လိုက်ပို့မလို့"
မီးဖိုခန်းထဲက ထွက်လာတဲ့မမကို လှမ်းမေးတော့ မမက
"မမှာတော့ဘူး နေခြည် ဂရုစိုက်မောင်းနော် ကားကို "
"ဟုတ်မမ"
မမနဲ့ ပြောပြီး နေခြည်တို့ ကားလေးလည်း ခြံဝန်းထဲမှ ထွက်ခဲ့သည်။စာအုပ်ဆိုင် ဝင်ပြီးနောက်
"ရိုးရှင်းမှာ ကော်ဖီသွားသောက်မလား။
3k မှာ ကြက်ကြော်သွားစားမလား ရတီ။"
ကားမောင်းရင်း ရတီ့ကိုမေးတော့
"ကော်ဖီသွားသောက်ရအောင် နေခြည်"
"ဟုတ်ပြီ"
ထို့နောက် ရိုးရှင်းသို့ ဦးတည်ခဲ့သည်။ရိုးရှင်းမှာ ကော်ဖီသောက်ရင်း ဘေးဘက်ဝိုင်းကို ကြည့်မိတော့
အမြင်ချင်ဆုံး မျက်နှာလေး ။အကြားချင်ဆုံး အသံလေး ။နှုတ်ဖျားမှု တိုးဖွဖွ ခေါ်မိလိုက်သေးသည်။
"ခင်"
ခင်ကတော့ နေခြည့်ကို မြင်ပုံမပေါ် ကိုရှိုင်းနဲ့ စကားပြောနေလေရဲ့။ကြည့်ရတာ ဒီတစ်ပတ် အတွင်း နေခြည်သာ ကမ္ဘာတွေ ပျက်နေပေမဲ့ ခင်ကတော့ ပျော်ရွှင်နေပုံပါပဲ။
ရတီက နေခြည် ကြည့်နေတဲ့ ဘက်ကို ကြည့်ကာ
"အဲ့တာက ထိပ်ထားခင် မလားနေခြည်"
"အင်း....ငါ့ရဲ့ ကမ္ဘာလေးပေါ့"
ပြောလည်းပြော မျက်ဝန်းတစ်ဝိုက်လည်း စိုစွတ်လာတော့
"ပြီးရင် ပြန်ရအောင် ရတီ ငါအဆင်ပြေမနေဘူး"
"အေးပါ ပြန်ကြတာပေါ့"
ကားနားရောက်ခါမှ နောက်က ခေါ်လိုက်တဲ့အသံကြောင့် နေခြည့်ခြေလှမ်းများ ရပ်တန့်လျက်
"မောင်"
ဒီအသံ ခင့်ဆီက မောင်လို့ ခေါ်သံဟာ နေခြည့်ရင်ထဲကို အေးချမ်းစေတာအမှန်။ဒီအခြေအနေမှာတော့ ပူလောင် မွန်းကျပ်မိတယ် ခင်ရယ်။
နောက်လှည့်ကြည့်တော့ ခင်ဟာ နေခြည့် ရှေ့မှာ ရပ်လျက် ကိုရှိုင်း လက်ကို ကိုင်ထားသည်။ဒီမြင်ကွင်း......ဒီမြင်ကွင်းဟာ နေခြည် ပြိုလဲဖို့ လုံလောက်ပါပြီခင်။
ရက်စက်လှတဲ့ ခင်ဟာ နေခြည့်ပေါ်မှ တမင် အငြိုးကြီးနေသလိုပင်။ နေခြည်လက်ကို ကိုင်ကာ
"ဒါက ခင်နဲ့ ရှိုင်းတို့ရဲ့ မဂ်လာဖိတ်စာပါ မောင်လာခဲ့ဖို့မျှော်လင့်ပါတယ်မောင်"
တစ်ချက် အပြုံးမပျက် ပြောနိုင်တဲ့ ခင် ။နေခြည့်ကို တမင်များ လုပ်နေသလား ခင်ရယ်။ဟန်ဆောင်ကောင်းလွန်းတာလား ဒါမှမဟုတ် အစကတိုင်ပဲ နေခြည့်အတွက် ခံစားချက် တစ်စုံတစ်ရာမှ မရှိခဲ့တာလား ခင်။
နေခြည် ဘာမှ ပြန်မပြောနိုင်ပါ အခုတော့ နေခြည် စိတ်ကို ထိန်းထား နေခဲ့ခြင်းမှလွဲ နေခြည် ဘာမှ မပြောနိုင်ပါ။ရတီကပဲ
"ဒါက မထိပ်ထားခင်အတွက် မဂ်လာလက်ဖွဲ့ပါ။ရတီတို့ နောက် သုံးရက်လောက်နေရင် ရန်ကုန်ပြန်တော့မှာမို့ မဂ်လာဆောင်ကိုတော့ မလာနိုင်တာ ခွင့်လွှတ်ပါ။
ရတီတို့လည်း သွားစရာလေး ရှိလို့ ပြန်ပါဦးမယ် မထိပ်ထားခင်"
ရတီက ခင့်လက်ထဲကို စတစ်လေး ထည့်ပေးကာ ပြောပြီးနောက် နေခြည့်လက်ကို ဆွဲကာ
"ပြန်ရအောင်နေခြည် ကားကို ငါမောင်းမယ်"
နေခြည်တို့ ကားလည်း ထိုရပ်ဝန်းမှ ထွက်လာခဲ့ပြီ ။အခုမှ နေခြည်ရဲ့ မျက်ရည်ဟာ တာကျိုးကျလာခဲ့ပြီ ။ရတီက ကမ်းနားဘက်မှာ ကားရပ်လိုက်ပြီး
"ငို...ငိုပစ်လိုက် နေခြည်....ဘာခံစားချက်မှ မရှိတော့အောင် နောက်ထပ် သူ့အတွက်ငိုစရာ မကျန်တော့အောင် အားရအောင် ငိုလိုက်စမ်းပါနေခြည်ရာ။"
ဒီညနေလေးဟာ နေခြည့်အတွက် ငိုပွဲတစ်ခု ဖန်တီးပေးခဲ့ရှာတယ်။
💭💭💭
ခင့်ကားလေး အိမ်ထဲဝင်လာပြီးနောက် ခင်တစ်ယောက် မိမိ အိပ်ခန်းကို အမြန်ဝင်ကာ ဓာတ်ပုံလေးကို ကြည့်ပြီး
"မောင့် မျက်ဝန်းထဲက နာကျင်မှုတွေကို မမ မြင်ခဲ့တယ် ယမုံ။ယမုံ့အတွက် လက်စားချေနိုင်လို့ ပျော်ရွှင်ရမှာ မှန်ပေမဲ့ မမ စိတ်တွေ လေးပြီး နာကျင်နေမိတယ် ယမုံရယ်။"
ခင့်မျက်ဝန်းထောင့်မှ မျက်ရည်များစီးဆင်းလာပြီးနောက်
"မမလေ....မမ တစ်ခါမှ မဖြစ်ဘူးတဲ့ ခံစားချက်မျိုး မောင်နဲ့မှ ဖြစ်လာပေမဲ့ အခုလိုမျိုး မောင့်ကိုမြင်ရတော့
မမ ရင်တွေ နာကျင်ရတယ် ယမုံရယ်။"
ဒီနေ့မှာတော့ ခင်ရော နေခြည်ရော အိပ်ယာထက် မျက်ရည်များစွာဖြင့် အိပ်စက်ခဲ့ကြရသည်။
💭💭💭
ခင် မနေ့က ဒီတိုင်း အိပ်ဆေးသောက်ပြီး အိပ်ပျော်သွားခဲ့ခြင်း ။နိုးလာတော့ ဆေးရှိန်ကြောင့် နေ့လည်တောင် ရောက်နေပြီ။ထလိုက်တော့ လက်ထဲမှာ မနေ့က စတစ်လေးကို ကိုင်လျက်သား။
လက်ထဲက စတစ်လေးကို ကြည့်ကာ လက်ပ်
တော့မှာ ထိုးပြီး ဖွင့်လိုက်တော့ vd တစ်ပုတ်။ ဖွင့်ကြည့်လိုက်တော့ ကောင်လေးတစ်ယောက်
ကောင်လေးက ဓာတ်ပုံလေး တစ်ပုံကို ကိုင်ထားပြီး အဲ့ပုံလေးဟာ ပြဲနေတယ်။နောက်တော့ ကောင်လေးက စကားစတယ်။
vd ကြည့်ပြီးနောက် အခန်းတံခါးကို မြန်မြန်ဖွင့် ကားသော့ယူပြီး အလောတကြီးမောင်းထွက်သွားခဲ့သည်။ခင်ကားလေး ဦးတည်ရာဟာ သူမနှလုံးသားရဲ့ စေစားရာ သူမ သိပ်ချစ်ရတဲ့ ဝက်ဝံပေါက်လေးဆီသို့.......
15.11.23 published
#AMALA
ခင်တို့ကို နှုတ်ဆက်ဖို့ နီးလာပါပြီနော်။
ongoing လိုက်ပေးကြတဲ့ သဲလေးတို့ကိုလည်း ဝေ က ကျေးဇူးကမ္ဘာပါပဲကွယ်။ရီဒါတစ်ယောက်ဆီကို ချစ်ပါတယ်နော်။
please vote and comments ဒါလေးတွေနဲ့ အားတင်းရှေ့ဆက်ရတာမို့ ရေးပေးခဲ့ကြပါဦးနော်😘😘😘
💭💭💭💭💭💭💭💭💭💭💭💭💭💭
မမ အိမ္ေရာက္ကတည္းကတိုင္ အခန္းျပင္ေတာင္မထြက္တဲ့ ေနျခည္။တစ္ပတ္ရွိၿပီ ခင္နဲ႕ အဆက္အသြယ္မရတာ မရတာဆို မဆက္သြယ္ျဖစ္တာလဲ ပါမည္ေလ။
မဆက္သြယ္ရဲဘူး ခင့္အသံၾကား႐ုံနဲ႕တင္ ေနျခည့္မွာ ေပ်ာ့ညံ့ရပါသည္။အခုလည္း ခင္ေျပာလာမဲ့ စကားေတြကို နားမေထာင္ရဲဘူး ခင္ရယ္။ခင္နဲ႕ ပတ္သတ္ရင္ ေနျခည္ အရာရာတိုင္းမွာ ရႈံးပါတယ္ ခင္ရယ္။
ေဒါက္....ေဒါက္......ေဒါက္.....
တံခါးေခါက္သံေၾကာင့္ အေတြးတို႔ကိုျဖတ္ ကာ တံခါးသြားဖြင့္ေတာ့
"ေနျခည္ ေအာက္မွာ ဧည့္သည္ေရာက္ေနတယ္"
"ဟုတ္ မမ "
မမနဲ႕အတူ ေအာက္ထပ္ဆင္းလာေတာ့ ဧည့္ခန္းမွာ ထိုင္ေနတာက ရတီ။ေနျခည္လည္း ရတီ့နားသြားထိုင္ၿပီးေတာ့
"ရတီ ဖုန္းလည္း ႀကိဳမဆက္ဘူး လာႀကိဳမွာေပါ့ဟ"
"ငါ ဒါလာေပးတာ ဒီမွာက တစ္ပတ္ေလာက္ပဲ ေနမွာပါ"
လက္ထဲက စတစ္ကို ေနျခည့္လက္ထဲ ထည့္ေပးကာ ေျပာသည္။
"ဒါက "
ေနျခည္က လက္ထဲက စတစ္ကို ၾကည့္ကာ နားမလည္သလို ရတီ့ကိုၾကည့္ၿပီး ေမးေတာ့
"ေအာ္ အဲ့တာက ဥကၠာေမာင္ ေပးလိုက္တာ။
သူကေတာ့ ျမန္မာနိုင္ငံကို ျပန္အေျခမခ်ေတာ့ဘူးတဲ့။နင္တို႔လိုခ်င္တဲ့ အေျဖအားလုံး ဒီထဲမွာ ရွိတယ္တဲ့ သူေျပာတယ္"
"ဒါဆို ရတီ ဥကၠာေမာင္ကို ေတြ႕ခဲ့တယ္ေပါ့"
"အင္း.....ခနပါပဲ "
"ေက်းဇူးပါဟာ ရတီ။ဒီမွာေနတုန္းေတာ့ ငါ့ဆီမွာေနေလ နင္သြားခ်င္တာေတြ ငါလိုက္ပို႔ပါ့မယ္"
"ကတိေနာ္ ေနျခည္"
"ေအးပါဟာ"
................
"ေနျခည္ ငါစာအုပ္ဆိုင္ သြားမလို႔ လိုက္ပို႔ေပးဦး"
ေလွကားကေန ဆင္းလာတဲ့ ရတီဟာ ဂ်င္းေပါင္တိုေလးကို ပန္းႏုေရာင္ တီရွပ္ အပြနဲ႕ တြဲဝတ္ထားၿပီး ဂုတ္ဝဲ ဆံပင္ေလးကိုေတာ့ ဒီတိုင္းခ်ထားသည္။ပုပုေသးေသးနဲ႕ သူမဟာ ေတာ္ေတာ္ လွပါသည္။
"အင္း.....သြားရေအာင္ေလ"
"မမ ဘာမွာဦးမလဲ ရတီ့ကို အျပင္လိုက္ပို႔မလို႔"
မီးဖိုခန္းထဲက ထြက္လာတဲ့မမကို လွမ္းေမးေတာ့ မမက
"မမွာေတာ့ဘူး ေနျခည္ ဂ႐ုစိုက္ေမာင္းေနာ္ ကားကို "
"ဟုတ္မမ"
မမနဲ႕ ေျပာၿပီး ေနျခည္တို႔ ကားေလးလည္း ၿခံဝန္းထဲမွ ထြက္ခဲ့သည္။စာအုပ္ဆိုင္ ဝင္ၿပီးေနာက္
"ရိုးရွင္းမွာ ေကာ္ဖီသြားေသာက္မလား။
3k မွာ ၾကက္ေၾကာ္သြားစားမလား ရတီ။"
ကားေမာင္းရင္း ရတီ့ကိုေမးေတာ့
"ေကာ္ဖီသြားေသာက္ရေအာင္ ေနျခည္"
"ဟုတ္ၿပီ"
ထို႔ေနာက္ ရိုးရွင္းသို႔ ဦးတည္ခဲ့သည္။ရိုးရွင္းမွာ ေကာ္ဖီေသာက္ရင္း ေဘးဘက္ဝိုင္းကို ၾကည့္မိေတာ့
အျမင္ခ်င္ဆုံး မ်က္ႏွာေလး ။အၾကားခ်င္ဆုံး အသံေလး ။ႏႈတ္ဖ်ားမႈ တိုးဖြဖြ ေခၚမိလိုက္ေသးသည္။
"ခင္"
ခင္ကေတာ့ ေနျခည့္ကို ျမင္ပုံမေပၚ ကိုရွိုင္းနဲ႕ စကားေျပာေနေလရဲ႕။ၾကည့္ရတာ ဒီတစ္ပတ္ အတြင္း ေနျခည္သာ ကမၻာေတြ ပ်က္ေနေပမဲ့ ခင္ကေတာ့ ေပ်ာ္႐ႊင္ေနပုံပါပဲ။
ရတီက ေနျခည္ ၾကည့္ေနတဲ့ ဘက္ကို ၾကည့္ကာ
"အဲ့တာက ထိပ္ထားခင္ မလားေနျခည္"
"အင္း....ငါ့ရဲ႕ ကမၻာေလးေပါ့"
ေျပာလည္းေျပာ မ်က္ဝန္းတစ္ဝိုက္လည္း စိုစြတ္လာေတာ့
"ၿပီးရင္ ျပန္ရေအာင္ ရတီ ငါအဆင္ေျပမေနဘူး"
"ေအးပါ ျပန္ၾကတာေပါ့"
ကားနားေရာက္ခါမွ ေနာက္က ေခၚလိုက္တဲ့အသံေၾကာင့္ ေနျခည့္ေျခလွမ္းမ်ား ရပ္တန့္လ်က္
"ေမာင္"
ဒီအသံ ခင့္ဆီက ေမာင္လို႔ ေခၚသံဟာ ေနျခည့္ရင္ထဲကို ေအးခ်မ္းေစတာအမွန္။ဒီအေျခအေနမွာေတာ့ ပူေလာင္ မြန္းက်ပ္မိတယ္ ခင္ရယ္။
ေနာက္လွည့္ၾကည့္ေတာ့ ခင္ဟာ ေနျခည့္ ေရွ႕မွာ ရပ္လ်က္ ကိုရွိုင္း လက္ကို ကိုင္ထားသည္။ဒီျမင္ကြင္း......ဒီျမင္ကြင္းဟာ ေနျခည္ ၿပိဳလဲဖို႔ လုံေလာက္ပါၿပီခင္။
ရက္စက္လွတဲ့ ခင္ဟာ ေနျခည့္ေပၚမွ တမင္ အၿငိဳးႀကီးေနသလိုပင္။ ေနျခည္လက္ကို ကိုင္ကာ
"ဒါက ခင္နဲ႕ ရွိုင္းတို႔ရဲ႕ မဂ္လာဖိတ္စာပါ ေမာင္လာခဲ့ဖို႔ေမွ်ာ္လင့္ပါတယ္ေမာင္"
တစ္ခ်က္ အၿပဳံးမပ်က္ ေျပာနိုင္တဲ့ ခင္ ။ေနျခည့္ကို တမင္မ်ား လုပ္ေနသလား ခင္ရယ္။ဟန္ေဆာင္ေကာင္းလြန္းတာလား ဒါမွမဟုတ္ အစကတိုင္ပဲ ေနျခည့္အတြက္ ခံစားခ်က္ တစ္စုံတစ္ရာမွ မရွိခဲ့တာလား ခင္။
ေနျခည္ ဘာမွ ျပန္မေျပာနိုင္ပါ အခုေတာ့ ေနျခည္ စိတ္ကို ထိန္းထား ေနခဲ့ျခင္းမွလြဲ ေနျခည္ ဘာမွ မေျပာနိုင္ပါ။ရတီကပဲ
"ဒါက မထိပ္ထားခင္အတြက္ မဂ္လာလက္ဖြဲ႕ပါ။ရတီတို႔ ေနာက္ သုံးရက္ေလာက္ေနရင္ ရန္ကုန္ျပန္ေတာ့မွာမို႔ မဂ္လာေဆာင္ကိုေတာ့ မလာနိုင္တာ ခြင့္လႊတ္ပါ။
ရတီတို႔လည္း သြားစရာေလး ရွိလို႔ ျပန္ပါဦးမယ္ မထိပ္ထားခင္"
ရတီက ခင့္လက္ထဲကို စတစ္ေလး ထည့္ေပးကာ ေျပာၿပီးေနာက္ ေနျခည့္လက္ကို ဆြဲကာ
"ျပန္ရေအာင္ေနျခည္ ကားကို ငါေမာင္းမယ္"
ေနျခည္တို႔ ကားလည္း ထိုရပ္ဝန္းမွ ထြက္လာခဲ့ၿပီ ။အခုမွ ေနျခည္ရဲ႕ မ်က္ရည္ဟာ တာက်ိဳးက်လာခဲ့ၿပီ ။ရတီက ကမ္းနားဘက္မွာ ကားရပ္လိုက္ၿပီး
"ငို...ငိုပစ္လိုက္ ေနျခည္....ဘာခံစားခ်က္မွ မရွိေတာ့ေအာင္ ေနာက္ထပ္ သူ႕အတြက္ငိုစရာ မက်န္ေတာ့ေအာင္ အားရေအာင္ ငိုလိုက္စမ္းပါေနျခည္ရာ။"
ဒီညေနေလးဟာ ေနျခည့္အတြက္ ငိုပြဲတစ္ခု ဖန္တီးေပးခဲ့ရွာတယ္။
ခင့္ကားေလး အိမ္ထဲဝင္လာၿပီးေနာက္ ခင္တစ္ေယာက္ မိမိ အိပ္ခန္းကို အျမန္ဝင္ကာ ဓာတ္ပုံေလးကို ၾကည့္ၿပီး
"ေမာင့္ မ်က္ဝန္းထဲက နာက်င္မႈေတြကို မမ ျမင္ခဲ့တယ္ ယမုံ။ယမုံ႕အတြက္ လက္စားေခ်နိဳင္လို႔ ေပ်ာ္႐ႊင္ရမွာ မွန္ေပမဲ့ မမ စိတ္ေတြ ေလးၿပီး နာက်င္ေနမိတယ္ ယမုံရယ္။"
ခင့္မ်က္ဝန္းေထာင့္မွ မ်က္ရည္မ်ားစီးဆင္းလာၿပီးေနာက္
"မမေလ....မမ တစ္ခါမွ မျဖစ္ဘူးတဲ့ ခံစားခ်က္မ်ိဳး ေမာင္နဲ႕မွ ျဖစ္လာေပမဲ့ အခုလိုမ်ိဳး ေမာင့္ကိုျမင္ရေတာ့
မမ ရင္ေတြ နာက်င္ရတယ္ ယမုံရယ္။"
ဒီေန႕မွာေတာ့ ခင္ေရာ ေနျခည္ေရာ အိပ္ယာထက္ မ်က္ရည္မ်ားစြာျဖင့္ အိပ္စက္ခဲ့ၾကရသည္။
ခင္ မေန႕က ဒီတိုင္း အိပ္ေဆးေသာက္ၿပီး အိပ္ေပ်ာ္သြားခဲ့ျခင္း ။နိုးလာေတာ့ ေဆးရွိန္ေၾကာင့္ ေန႕လည္ေတာင္ ေရာက္ေနၿပီ။ထလိုက္ေတာ့ လက္ထဲမွာ မေန႕က စတစ္ေလးကို ကိုင္လ်က္သား။
လက္ထဲက စတစ္ေလးကို ၾကည့္ကာ လက္ပ္
ေတာ့မွာ ထိုးၿပီး ဖြင့္လိုက္ေတာ့ vd တစ္ပုတ္။ ဖြင့္ၾကည့္လိုက္ေတာ့ ေကာင္ေလးတစ္ေယာက္
ေကာင္ေလးက ဓာတ္ပုံေလး တစ္ပုံကို ကိုင္ထားၿပီး အဲ့ပုံေလးဟာ ၿပဲေနတယ္။ေနာက္ေတာ့ ေကာင္ေလးက စကားစတယ္။
vd ၾကည့္ၿပီးေနာက္ အခန္းတံခါးကို ျမန္ျမန္ဖြင့္ ကားေသာ့ယူၿပီး အေလာတႀကီးေမာင္းထြက္သြားခဲ့သည္။ခင္ကားေလး ဦးတည္ရာဟာ သူမႏွလုံးသားရဲ႕ ေစစားရာ သူမ သိပ္ခ်စ္ရတဲ့ ဝက္ဝံေပါက္ေလးဆီသို႔.......
15.11.23 published
#AMALA
ခင္တို႔ကို ႏႈတ္ဆက္ဖို႔ နီးလာပါၿပီေနာ္။
ongoing လိုက္ေပးၾကတဲ့ သဲေလးတို႔ကိုလည္း ေဝ က ေက်းဇူးကမၻာပါပဲကြယ္။ရီဒါတစ္ေယာက္ဆီကို ခ်စ္ပါတယ္ေနာ္။
please vote and comments ဒါေလးေတြနဲ႕ အားတင္းေရွ႕ဆက္ရတာမို႔ ေရးေပးခဲ့ၾကပါဦးေနာ္😘😘😘