ဒီနေ့ မောင် ဒီကိုရောက်တာ 2ပတ် ရှိပြီ။တစ်ချို့နေ့တွေမှာ မမနဲ့ အပြင်ထွက် လည်တယ်၊တစ်ချို့နေ့တွေမှာ ခင်နဲ့ အပြင်သွားတယ် ၊ဒါမှမဟုတ် အိမ်မှာပဲ နေဖြစ်တယ်၊တစ်ခါတစ်ခါ ခင့်ရဲ့ ပန်းဆိုင်မှာ သွားပြီး ကူတယ်။ဒီရက်တွေမှာ ခင်နဲ့အနေနီးသလို ပိုပြီးလည်း ရင်နှီးလာခဲ့တယ်။မောင့်အတွက်ကတော့ ခင့်အပေါ် သံယောဥ်ဇဥ်တွေဟာ ခိုင်မြဲခဲ့တယ် ။
မောင်တစ်ယောက် ဒန်းပေါ်ထိုင်ပြီး အတွေးတို့ ပျံ့နေသည်မှာ ခင်ရောက်လာတာပင် မသိလိုက်။အသံကြားမှသာ
"မောင် ဘာတွေတွေးနေသလဲ"
စိမ်းပြာရောင် ဝမ်းဆက်လေးကို ဝတ်ထားတဲ့ခင်ဟာ ဒီနေ့လည်း ပန်းလေးတွေကြားမှာကို လှနေပြန်ပါပြီ။ပန်းလေးတွေကပဲ ခင့်အလှကို ပံ့ပိုးပေးသည်လား။ခင့်ကြောင့်ပဲ ပန်းလေးတွေ လှနေသလား မပြောတတ်တော့ပါဘူး။
"ခင် ကျွန်တော် ခင့်ကို သဘောကျနေမိပြီထင်တယ်"
မောင်ပြောတော့ ခင်ဟာ အံ့သြသည့် အမူအယာ ပင်မပြ မောင့်မျက်ဝန်းတွေကို ခနစိုက်ကြည့်ပြီး ပြုံးသည်။ ထို့နောက်
"မောင်က တို့ကို သဘောကျတာလား"
"ဟုတ် ကျွန်တော့ ခင့်ကို သဘောကျတယ်"
အဲ့လိုပြောတော့ ခင်ကပြုံးတယ် ပြီးတော့ နီညိုရောင်နှင်းဆီတွေကိုကြည့်ပြီး လေသံတိုးတိုးလေးနဲ့ပဲမေးတယ်
"ဘယ်လောက်ထိ သဘောကျလဲမောင်"
"ကျွန်တော် ခင့်ကို အများကြီးသဘောကျတယ်"
ခင့်ဆီက ဘာသံမှ ထွက်မလာသလို ခင့်ရဲ့ မျက်ဝန်းတွေဟာလည်း နီညိုရောင် နှင်းဆီပွင့်လေးတွေဆီမှာ အသက်ရှူသံဟာတော့ တိုးဖြော့စွာ သက်ပြင်းတစ်ရှိုက် ဖြေးညင်းစွာ ချလိုက်သည်ထင် ထို့နောက်တော့
ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး မောင့်ဆံပင်လေးတွေထဲကို ခင့်လက်ချောင်းသွယ်သွယ်လေးတွေဟာ ပေါ့ပါးစွာ တိုးဝင်ထိုးဖွတော့ မောင်ခင့်ကို မျက်ဝန်း ဝိုင်းဝိုင်းလေးတွေ နဲ့မော့ကြည့်နေမိသည်။
ခင်က ခါးကို အနည်းငယ်ကုန်းလိုက်ပြီး မောင့်မျက်နှာနဲ့ တစ်ထွာအကွာလောက်မှာ ရပ်လိုက်ပြီး မျက်ဝန်းလေးတွေ မှိတ်သွားသည်ထိ ပြုံးပြကာ လေသံလေးနဲ့ပဲ
"တို့ကို သဘောကျပေးလို့ ကျေးဇူးပါမောင်"
ထိုသို့ပြောပြီး ပူနွေးသွားတဲ့ နဖူးပြင်လေး။ခင်က မောင့်နဖူးကို ညင်သာစွာ နမ်းပြီး သူမရဲ့ ထဘီကို ပြန့်နေအောင် လက်နဲ့ပြင်ကာ
" တို့အလုပ်နောက်ကျတော့မယ် မောင့်ကို ကဗျာလာခေါ်မယ်ပြောတယ် တို့သွားပြီမောင်"
ခင်ရဲ့ကားလေး ခြံထဲက ထွက်သွားသည့်တိုင် မောင့်ဟာ ဒန်းပေါ်မှာ မိန်းမောနေတုန်း၊
အခုအချိန်မှာ မောင့်ရဲ့ ရင်ခုန်သံဟာ မောင်ကိုယ်တိုင်တောင် ရှင်းရှင်းလင်းလင်း ပြန်ကြားနေရသည်။
ရူးတော့မယ် ခင်ရယ် ။မောင့်ကို ဘယ်လိုများပြုစားနိုင်ရတာလဲ။
................
ခနအကြာ ခြံရှေ့က ကားဖြူလေးပေါ်လာတော့ မမလာပြီဆိုတာ သိလိုက်သည်။အခုတော့ မမကို ပြောပြရမယ်။ကျွန်တော် ခင့်ကို ချစ်မိနေပြီလို့။
နေခြည်ကားပေါ်တတ် ပြီးတော့ ကားလေးဟာ ခြံရှေ့မှ ထွက်ခွာခဲ့တယ်။အခုတော့ ကားပေါ်က အခြေအနေဟာ တိတ်ဆိတ်လျက်...
နေခြည်လည်း မမဘက်ကိုလှည့်ပြီး
"မမ ခင်က ဘယ်လိုလူမျိုးလဲဟင်"
မမကတော့ ကားမောင်းရင်း နေခြည့်ကို တစ်ချက်လှည့်ကြည့်ပြီး
"ဘာလို့လဲ နေခြည်
အရင်က သူများအကြောင်းတွေ စိတ်မဝင်ပဲနဲ့"
မမက အထူးအဆန်းလိုမျိုးမေးနေတော့ နေခြည်လည်း ဘာပြန်ပြောရမလဲ မသိ ၊
ကိုယ်က မမ သူငယ်ချင်းကိုမှ ချစ်မိနေတယ်လို့ ပြောရမှာလား ။
အဲ့ဆို မမ ဘယ်လိုတုန့်ပြန်မလဲ ။နေခြည်ဘက်က စကားမစခင်ပဲ မမက သက်ပြင်းတစ်ချက်ချကာ
"နေခြည် ညမလေး ခင့်ကို သဘောကျနေတာလား"
"ဟင်!!!
အဲ့တာက...အဲ့တာ...."
နေခြည်မပြောခင်ပဲ မမက အားမရှိသလို လေသံနဲ့ ထပ်ပြောတယ်။
"ညမလေး ခင့်ကို မချစ်ဖို့ မမဆုတောင်းမိတယ်။
ညမလေးဟာ ဘာဆိုတာ သိပေမဲ့ မမ ခင့်ဆီမှာ ထားခဲ့တာကလည်း ခင်က ယုံကြည်ရသူမို့
ဒါပေမဲ့ နေခြည် ညီမလေး ခင့်ကိုတော့ မချစ်နဲ့ကွယ်"
"မမ"
နေခြည်လည်း မမ ကို ခေါ်လိုက်ရုံမှလွဲ ပြောစရာမရှိ။မမကရော ဘာလို့ ခင့်ကို မချစ်စေချင်တာလဲ။ခင်ကရော ဘာလို့ ဘာမှမဖြစ်သလို နေနိုင်တာလဲ။နောက်ပြီး နေခြည် မမကို ဘယ်လိုပြောရမလဲ။နေခြည်ခေါ်တော့ မမက လှည့်ကြည့်ကာ
"နေခြည် ခင့်မှာ ချစ်တတ်တဲ့ နှလုံးသားမရှိဘူး။
ခင်ဟာ အရာအားလုံးမှာ ကောင်းပေမဲ့ သူများနှလုံးသားနဲ့ ကစားတဲ့နေရာမှာတော့ မာယာများတယ်ကွယ်။
နေခြည် ခင်ဟာ နှလုံးသား အများကြီးကို သေစေခဲ့တယ်ဆို ယုံမလားကွယ်"
နေခြည် ဘာမှပြန်မပြောနိုင်တော့ပဲ မှန်ဘက်သာ လှည့်ပြီး လမ်းမထက်သာ ငေးကြည့်နေမိသည်။ မမက ရုတ်တရက် နေခြည့်ကို
"မမတို့ အိမ်ပဲ လာနေပါ့လားကွယ်ဟင်၊
ကိုကိုက ခရီးထွက်မှာမို့ လပိုင်းလောက်ကြာမှာ လာနေပါ့လား နေခြည်"
"ဘာလို့လဲမမ"
နေခြည်ရဲ့ မျက်နှာမှာ အလိုမကျမှုများစွာ မမ သတိထားမိမှာပါ နေခြည်သိသည်။မမက သက်ပြင်းခပ်ဖွဖွချကာ
"နေခြည် မခံနိုင်အောင် ပင်ပန်းရင်တော့ အဲ့နေရာက ထွက်ခဲ့ကွယ်"
မမစိုးရိမ်နေတာကို သိပေမဲ့ နေခြည်ခင့်ကို နှစ်နှစ်ကာကာ ချစ်မိနေပြီ မမရဲ့။မမက ရုပ်ရှင်သွားကြည့်ဖို့ပြောပြီး ရုပ်ရှင်သွားကြည့်ကြပေမဲ့ နေခြည့်ရဲ့ စိတ်ကတော့ ပျံ့လွင့်လျက်...
မမလည်း နေခြည့်ကို ခင့်အိမ် ပို့ပေးပြီး ပြန်သွားတယ်။ည 8 နာရီရှိနေပြီဆိုတော့ မှောင်နေပြီလေ ။ပုံမှန်ဆို နေခြည် ပြန်မရောက်ခင် ခင်က ပြန်ရောက်နေပေမဲ့ ဒီနေ့တော့ ခင့်ရဲ့ ကားက ခြံထဲမရှိတာကြောင့် ခင်ပြန်မရောက်သေးမှန်းနေခြည်သိလိုက်သည်။
နေခြည်အိမ်ထဲဝင်ဖို့ ပြင်တော့ ခြံဝန်းနားက ကားရပ်သံကြောင့် လှည့်ကြည့်လိုက်တော့ ကားပေါ်ကနေ ခင် ဆင်းလာတယ်။ထို့နောက် ယောက်ျားတစ်ယောက်လည်း ဆင်းလာတယ်။ခင်နဲ့ ထိုလူ စကားတွေ ရပ်ပြောနေတာ ပုံမှန်ပေမဲ့ နေခြည့်ရဲ့ ရင်ထဲမှာ တော်တော်လေး အောင့်သက်သက် ဖြစ်နေတယ်။
အတော်ကြာမှ ခင်က သူတို့ကို ရပ်ကြည့်နေတဲ့ မောင့်ကို မြင်သည့်နှယ် ထိုလူနဲ့ နှုတ်ဆက်ပြီး ခြံဝန်းထဲ ဝင်လာတယ်။
မောင့်နားရောက်တော့
"အိမ်ထဲ မဝင်ပဲ ဘာလုပ်နေတာလဲမောင် "
".........."
မောင်က ဘာမှပြန်မပြော။မောင်နဲ့ခင် ဘာမှမဆိုင်တာ သိပေမဲ့ ခင့်ဘေးမှာ တစ်ခြားတစ်ယောက်ရှိနေတာကို မောင်တစ်ကယ်မကြိုက်ပါ။ခင်က ပြုံးပြီး
"အဲ့တာ တို့သူငယ်ချင်းပါ လမ်းမှာ ကားပျက်သွားလို့ လိုက်ပို့တာပါ"
ခင်က မောင့်လက်ကို ဆဲဲွပီး အိမ်ထဲဝင်တယ် ဧည့်ခန်းမှာ ထိုင်ကာ မောင့်ကိုကြည့်ပြီး
"စိတ်ဆိုးနေတာလားမောင်"
"မဆိုးပါဘူး ခင်
မောင်က ခင့်ကို စိတ်ဆိုးပိုင်ခွင့်မှမရှိပဲ"
"တို့မှာတော့ မောင့်ကို စိတ်ဆိုးခွင့်ရှိတယ်နော် "
အခုအချိန်မှာတောင် ခင်က စနေနိုင်သည်။ခင့်ကို မောင်စိတ်မဆိုးနိုင်ပါ။ခင်က မောင်လို့ တစ်ခွန်းခေါ်လိုက်တာနဲ့ စိတ်ဆိုးချင်တာတွေတောင် အငွေ့ပျံသွားသည်။
"မောင် စားပြီးပြီလား"
"မမနဲ့ စားခဲ့တယ်ခင်"
"ခင်လည်း အပြင်မှာစားခဲ့တာမို့ "
"ခင် ကျွန်တော် ခင့်ကို..."
စကားမဆုံးခင် ခင့်ရဲ့ လက်ချောင်းလေးတွေဟာ မောင့်ရဲ့ နှုတ်ခမ်းထက်နေရာယူလိုက်ပြီး
"နောက်ကျနေပြီမောင် တို့ပင်ပန်းလာတယ် နောက်မှ ဆက်ပြောရအောင်ကွယ်"
ခင်ဟာ မောင်ဖမ်းလို့မရတဲ့ ကောင်းကင်က ကြယ်လေးများလား။ခင့်ကို နီးစပ်မယ် ထင်လို့ လက်လှမ်းလိုက်ရင်လည်း ခင်ဟာ လက်လှမ်းမမှီနိုင်တဲ့ နေရာမှာ ရှိနေပြန်တယ်။ခင့်ကို မောင်ပိုင်ဆိုင်ရဖို့ ဘယ်လိုကြိုးစားရမလဲခင်။
ခင်လည်း သူ့အခန်းကို ဝင်သွားသလို မောင်လည်း ကိုယ့်အခန်းကို ဝင်ခဲ့တယ်။
ခင်ဟာ သူ့မခေါင်းရင်းက ဓာတ်ပုံကို ကြည့်ကာ အောင်နိုင်သူလိုပြုံးလိုက်ပြီး
"ခနပဲ ယမုံ ခနပဲ သိပ်မကြာခင် ယမုံ့ကို တောင်းပန်ဖို့ သူကိုယ်တိုင် ယမုံ့ဆီလာအောင် မမလုပ်မှာ"
ခင့်ရဲ့ ပါးပြင်ထက်မှာ မျက်ရည်များဟာ အတားအဆီးမရှိ စီးကျလို့နေသည်။
အခန်းနှစ်ခန်းမှာရှိတဲ့ လူနှစ်ယောက်ဟာ အတွေးကိုယ်ဆီနဲ့ပေါ့။
* အတိတ်ကအရာတွေဟာ
အခုလက်ရှိမှာ
ဆိုးရွားတဲ့အရာအဖြစ်
ဖြစ်တည်လာခဲ့ပြီ။
ဒါကပဲ မောင့်ဘဝကို
ပျက်စီးစေလိမ့်မယ်မောင်*
2.11.23 published
#AMALA
💭💭💭💭💭💭💭💭💭💭💭💭💭💭
ဒီေန႕ ေမာင္ ဒီကိုေရာက္တာ 2ပတ္ ရွိၿပီ။တစ္ခ်ိဳ႕ေန႕ေတြမွာ မမနဲ႕ အျပင္ထြက္ လည္တယ္၊တစ္ခ်ိဳ႕ေန႕ေတြမွာ ခင္နဲ႕ အျပင္သြားတယ္ ၊ဒါမွမဟုတ္ အိမ္မွာပဲ ေနျဖစ္တယ္၊တစ္ခါတစ္ခါ ခင့္ရဲ႕ ပန္းဆိုင္မွာ သြားၿပီး ကူတယ္။ဒီရက္ေတြမွာ ခင္နဲ႕အေနနီးသလို ပိုၿပီးလည္း ရင္ႏွီးလာခဲ့တယ္။ေမာင့္အတြက္ကေတာ့ ခင့္အေပၚ သံေယာဥ္ဇဥ္ေတြဟာ ခိုင္ၿမဲခဲ့တယ္ ။
ေမာင္တစ္ေယာက္ ဒန္းေပၚထိုင္ၿပီး အေတြးတို႔ ပ်ံ့ေနသည္မွာ ခင္ေရာက္လာတာပင္ မသိလိုက္။အသံၾကားမွသာ
"ေမာင္ ဘာေတြေတြးေနသလဲ"
စိမ္းျပာေရာင္ ဝမ္းဆက္ေလးကို ဝတ္ထားတဲ့ခင္ဟာ ဒီေန႕လည္း ပန္းေလးေတြၾကားမွာကို လွေနျပန္ပါၿပီ။ပန္းေလးေတြကပဲ ခင့္အလွကို ပံ့ပိုးေပးသည္လား။ခင့္ေၾကာင့္ပဲ ပန္းေလးေတြ လွေနသလား မေျပာတတ္ေတာ့ပါဘူး။
"ခင္ ကြၽန္ေတာ္ ခင့္ကို သေဘာက်ေနမိၿပီထင္တယ္"
ေမာင္ေျပာေတာ့ ခင္ဟာ အံ့ၾသသည့္ အမူအယာ ပင္မျပ ေမာင့္မ်က္ဝန္းေတြကို ခနစိုက္ၾကည့္ၿပီး ၿပဳံးသည္။ ထို႔ေနာက္
"ေမာင္က တို႔ကို သေဘာက်တာလား"
"ဟုတ္ ကြၽန္ေတာ့ ခင့္ကို သေဘာက်တယ္"
အဲ့လိုေျပာေတာ့ ခင္ကၿပဳံးတယ္ ၿပီးေတာ့ နီညိုေရာင္ႏွင္းဆီေတြကိုၾကည့္ၿပီး ေလသံတိုးတိုးေလးနဲ႕ပဲေမးတယ္
"ဘယ္ေလာက္ထိ သေဘာက်လဲေမာင္"
"ကြၽန္ေတာ္ ခင့္ကို အမ်ားႀကီးသေဘာက်တယ္"
ခင့္ဆီက ဘာသံမွ ထြက္မလာသလို ခင့္ရဲ႕ မ်က္ဝန္းေတြဟာလည္း နီညိုေရာင္ ႏွင္းဆီပြင့္ေလးေတြဆီမွာ အသက္ရႉသံဟာေတာ့ တိုးေျဖာ့စြာ သက္ျပင္းတစ္ရွိုက္ ေျဖးညင္းစြာ ခ်လိဳက္သည္ထင္ ထို႔ေနာက္ေတာ့
႐ုတ္တရက္ မတ္တပ္ရပ္လိုက္ၿပီး ေမာင့္ဆံပင္ေလးေတြထဲကို ခင့္လက္ေခ်ာင္းသြယ္သြယ္ေလးေတြဟာ ေပါ့ပါးစြာ တိုးဝင္ထိုးဖြေတာ့ ေမာင္ခင့္ကို မ်က္ဝန္း ဝိုင္းဝိုင္းေလးေတြ နဲ႕ေမာ့ၾကည့္ေနမိသည္။
ခင္က ခါးကို အနည္းငယ္ကုန္းလိုက္ၿပီး ေမာင့္မ်က္ႏွာနဲ႕ တစ္ထြာအကြာေလာက္မွာ ရပ္လိုက္ၿပီး မ်က္ဝန္းေလးေတြ မွိတ္သြားသည္ထိ ၿပဳံးျပကာ ေလသံေလးနဲ႕ပဲ
"တို႔ကို သေဘာက်ေပးလို႔ ေက်းဇူးပါေမာင္"
ထိုသို႔ေျပာၿပီး ပူႏြေးသြားတဲ့ နဖူးျပင္ေလး။ခင္က ေမာင့္နဖူးကို ညင္သာစြာ နမ္းၿပီး သူမရဲ႕ ထဘီကို ျပန့္ေနေအာင္ လက္နဲ႕ျပင္ကာ
" တို႔အလုပ္ေနာက္က်ေတာ့မယ္ ေမာင့္ကို ကဗ်ာလာေခၚမယ္ေျပာတယ္ တို႔သြားၿပီေမာင္"
ခင္ရဲ႕ကားေလး ၿခံထဲက ထြက္သြားသည့္တိုင္ ေမာင့္ဟာ ဒန္းေပၚမွာ မိန္းေမာေနတုန္း၊
အခုအခ်ိန္မွာ ေမာင့္ရဲ႕ ရင္ခုန္သံဟာ ေမာင္ကိုယ္တိုင္ေတာင္ ရွင္းရွင္းလင္းလင္း ျပန္ၾကားေနရသည္။
႐ူးေတာ့မယ္ ခင္ရယ္ ။ေမာင့္ကို ဘယ္လိုမ်ားျပဳစားနိုင္ရတာလဲ။
................
ခနအၾကာ ၿခံေရွ႕က ကားျဖဴေလးေပၚလာေတာ့ မမလာၿပီဆိုတာ သိလိုက္သည္။အခုေတာ့ မမကို ေျပာျပရမယ္။ကြၽန္ေတာ္ ခင့္ကို ခ်စ္မိေနၿပီလို႔။
ေနျခည္ကားေပၚတတ္ ၿပီးေတာ့ ကားေလးဟာ ၿခံေရွ႕မွ ထြက္ခြာခဲ့တယ္။အခုေတာ့ ကားေပၚက အေျခအေနဟာ တိတ္ဆိတ္လ်က္...
ေနျခည္လည္း မမဘက္ကိုလွည့္ၿပီး
"မမ ခင္က ဘယ္လိုလူမ်ိဳးလဲဟင္"
မမကေတာ့ ကားေမာင္းရင္း ေနျခည့္ကို တစ္ခ်က္လွည့္ၾကည့္ၿပီး
"ဘာလို႔လဲ ေနျခည္
အရင္က သူမ်ားအေၾကာင္းေတြ စိတ္မဝင္ပဲနဲ႕"
မမက အထူးအဆန္းလိုမ်ိဳးေမးေနေတာ့ ေနျခည္လည္း ဘာျပန္ေျပာရမလဲ မသိ ၊
ကိုယ္က မမ သူငယ္ခ်င္းကိုမွ ခ်စ္မိေနတယ္လို႔ ေျပာရမွာလား ။
အဲ့ဆို မမ ဘယ္လိုတုန့္ျပန္မလဲ ။ေနျခည္ဘက္က စကားမစခင္ပဲ မမက သက္ျပင္းတစ္ခ်က္ခ်ကာ
"ေနျခည္ ညမေလး ခင့္ကို သေဘာက်ေနတာလား"
"ဟင္!!!
အဲ့တာက...အဲ့တာ...."
ေနျခည္မေျပာခင္ပဲ မမက အားမရွိသလို ေလသံနဲ႕ ထပ္ေျပာတယ္။
"ညမေလး ခင့္ကို မခ်စ္ဖို႔ မမဆုေတာင္းမိတယ္။
ညမေလးဟာ ဘာဆိုတာ သိေပမဲ့ မမ ခင့္ဆီမွာ ထားခဲ့တာကလည္း ခင္က ယုံၾကည္ရသူမို႔
ဒါေပမဲ့ ေနျခည္ ညီမေလး ခင့္ကိုေတာ့ မခ်စ္နဲ႕ကြယ္"
"မမ"
ေနျခည္လည္း မမ ကို ေခၚလိုက္႐ုံမွလြဲ ေျပာစရာမရွိ။မမကေရာ ဘာလို႔ ခင့္ကို မခ်စ္ေစခ်င္တာလဲ။ခင္ကေရာ ဘာလို႔ ဘာမွမျဖစ္သလို ေနနိုင္တာလဲ။ေနာက္ၿပီး ေနျခည္ မမကို ဘယ္လိုေျပာရမလဲ။ေနျခည္ေခၚေတာ့ မမက လွည့္ၾကည့္ကာ
"ေနျခည္ ခင္မွာ ခ်စ္တတ္တဲ့ ႏွလုံးသားမရွိဘူး။
ခင္ဟာ အကုန္လုံးမွာ ေကာင္းေပမဲ့ သူမ်ားႏွလုံးသားနဲ႕ ကစားတဲ့ေနရာမွာေတာ့ မာယာမ်ားတယ္ကြယ္။
ေနျခည္ ခင္ဟာ ႏွလုံးသား အမ်ားႀကီးကို ေသေစခဲ့တယ္ဆို ယုံမလားကြယ္"
ေနျခည္ ဘာမွျပန္မေျပာနိုင္ေတာ့ပဲ မွန္ဘက္သာ လွည့္ၿပီး လမ္းမထက္သာ ေငးၾကည့္ေနမိသည္။ မမက ႐ုတ္တရက္ ေနျခည့္ကို
"မမတို႔ အိမ္ပဲ လာေနပါ့လားကြယ္ဟင္၊
ကိုကိုက ခရီးထြက္မွာမို႔ လပိုင္းေလာက္ၾကာမွာ လာေနပါ့လား ေနျခည္"
"ဘာလို႔လဲမမ"
ေနျခည္ရဲ႕ မ်က္ႏွာမွာ အလိုမက်မႈမ်ားစြာ မမ သတိထားမိမွာပါ ေနျခည္သိသည္။မမက သက္ျပင္းခပ္ဖြဖြခ်ကာ
"ေနျခည္ မခံနိုင္ေအာင္ ပင္ပန္းရင္ေတာ့ အဲ့ေနရာက ထြက္ခဲ့ကြယ္"
မမစိုးရိမ္ေနတာကို သိေပမဲ့ ေနျခည္ခင့္ကို ႏွစ္ႏွစ္ကာကာ ခ်စ္မိေနၿပီ မမရဲ႕။မမက ႐ုပ္ရွင္သြားၾကည့္ဖို႔ေျပာၿပီး ႐ုပ္ရွင္သြားၾကည့္ၾကေပမဲ့ ေနျခည့္ရဲ႕ စိတ္ကေတာ့ ပ်ံ့လြင့္လ်က္...
မမလည္း ေနျခည့္ကို ခင့္အိမ္ ပို႔ေပးၿပီး ျပန္သြားတယ္။ည 8 နာရီရွိေနၿပီဆိုေတာ့ ေမွာင္ေနၿပီေလ ။ပုံမွန္ဆို ေနျခည္ ျပန္မေရာက္ခင္ ခင္က ျပန္ေရာက္ေနေပမဲ့ ဒီေန႕ေတာ့ ခင့္ရဲ႕ ကားက ၿခံထဲမရွိတာေၾကာင့္ ခင္ျပန္မေရာက္ေသးမွန္းေနျခည္သိလိုက္သည္။
ေနျခည္အိမ္ထဲဝင္ဖို႔ ျပင္ေတာ့ ၿခံဝန္းနားက ကားရပ္သံေၾကာင့္ လွည့္ၾကည့္လိုက္ေတာ့ ကားေပၚကေန ခင္ ဆင္းလာတယ္။ထို႔ေနာက္ ေယာက္်ားတစ္ေယာက္လည္း ဆင္းလာတယ္။ခင္နဲ႕ ထိုလူ စကားေတြ ရပ္ေျပာေနတာ ပုံမွန္ေပမဲ့ ေနျခည့္ရဲ႕ ရင္ထဲမွာ ေတာ္ေတာ္ေလး ေအာင့္သက္သက္ ျဖစ္ေနတယ္။
အေတာ္ၾကာမွ ခင္က သူတို႔ကို ရပ္ၾကည့္ေနတဲ့ ေမာင့္ကို ျမင္သည့္ႏွယ္ ထိုလူနဲ႕ ႏႈတ္ဆက္ၿပီး ၿခံဝန္းထဲ ဝင္လာတယ္။
ေမာင့္နားေရာက္ေတာ့
"အိမ္ထဲ မဝင္ပဲ ဘာလုပ္ေနတာလဲေမာင္ "
".........."
ေမာင္က ဘာမွျပန္မေျပာ။ေမာင္နဲ႕ခင္ ဘာမွမဆိုင္တာ သိေပမဲ့ ခင့္ေဘးမွာ တစ္ျခားတစ္ေယာက္ရွိေနတာကို ေမာင္တစ္ကယ္မႀကိဳက္ပါ။ခင္က ၿပဳံးၿပီး
"အဲ့တာ တို႔သူငယ္ခ်င္းပါ လမ္းမွာ ကားပ်က္သြားလို႔ လိုက္ပို႔တာပါ"
ခင္က ေမာင့္လက္ကို ဆဲဲွပီး အိမ္ထဲဝင္တယ္ ဧည့္ခန္းမွာ ထိုင္ကာ ေမာင့္ကိုၾကည့္ၿပီး
"စိတ္ဆိုးေနတာလားေမာင္"
"မဆိုးပါဘူး ခင္
ေမာင္က ခင့္ကို စိတ္ဆိုးပိုင္ခြင့္မွမရွိပဲ"
"တို႔မွာေတာ့ ေမာင့္ကို စိတ္ဆိုးခြင့္ရွိတယ္ေနာ္ "
အခုအခ်ိန္မွာေတာင္ ခင္က စေနနိုင္သည္။ခင့္ကို ေမာင္စိတ္မဆိုးနိုင္ပါ။ခင္က ေမာင္လို႔ တစ္ခြန္းေခၚလိုက္တာနဲ႕ စိတ္ဆိုးခ်င္တာေတြေတာင္ အေငြ႕ပ်ံသြားသည္။
"ေမာင္ စားၿပီးၿပီလား"
"မမနဲ႕ စားခဲ့တယ္ခင္"
"ခင္လည္း အျပင္မွာစားခဲ့တာမို႔ "
"ခင္ ကြၽန္ေတာ္ ခင့္ကို..."
စကားမဆုံးခင္ ခင့္ရဲ႕ လက္ေခ်ာင္းေလးေတြဟာ ေမာင့္ရဲ႕ ႏႈတ္ခမ္းထက္ေနရာယူလိုက္ၿပီး
"ေနာက္က်ေနၿပီေမာင္ တို႔ပင္ပန္းလာတယ္ ေနာက္မွ ဆက္ေျပာရေအာင္ကြယ္"
ခင္ဟာ ေမာင္ဖမ္းလို႔မရတဲ့ ေကာင္းကင္က ၾကယ္ေလးမ်ားလား။ခင့္ကို နီးစပ္မယ္ ထင္လို႔ လက္လွမ္းလိုက္ရင္လည္း ခင္ဟာ လက္လွမ္းမမွီနိုင္တဲ့ ေနရာမွာ ရွိေနျပန္တယ္။ခင့္ကို ေမာင္ပိုင္ဆိုင္ရဖို႔ ဘယ္လိုႀကိဳးစားရမလဲခင္။
ခင္လည္း သူ႕အခန္းကို ဝင္သြားသလို ေမာင္လည္း ကိုယ့္အခန္းကို ဝင္ခဲ့တယ္။
ခင္ဟာ သူ႕မေခါင္းရင္းက ဓာတ္ပုံကို ၾကည့္ကာ ေအာင္နိုင္သူလိုၿပဳံးလိုက္ၿပီး
"ခနပဲ ယမုံ ခနပဲ သိပ္မၾကာခင္ ယမုံ႕ကို ေတာင္းပန္ဖို႔ သူကိုယ္တိုင္ ယမုံ႕ဆီလာေအာင္ မမလုပ္မွာ"
ခင့္ရဲ႕ ပါးျပင္ထက္မွာ မ်က္ရည္မ်ားဟာ အတားအဆီးမရွိ စီးက်လိဳ႕ေနသည္။
အခန္းႏွစ္ခန္းမွာရွိတဲ့ လူႏွစ္ေယာက္ဟာ အေတြးကိုယ္ဆီနဲ႕ေပါ့။
* အတိတ္ကအရာေတြဟာ
အခုလက္ရွိမွာ
ဆိုး႐ြားတဲ့အရာအျဖစ္
ျဖစ္တည္လာခဲ့ၿပီ။
ဒါကပဲ ေမာင့္ဘဝကို
ပ်က္စီးေစလိမ့္မယ္ေမာင္*
2.11.23 published
#AMALA