ပြင်ဆင်ပြီးလို့ လှေကားကနေ ဆင်းလာတော့ ဧည့်ခန်းမှာ ထိုင်ပြီး စာအုပ်တစ်အုပ် ဖတ်နေတဲ့ ခင်ဟာ အဝါရောင် မြန်မာဝမ်းဆက်လေးကို ဝတ်ထားပြီး ဆံနွယ်တွေကိုတော့ ထုံးစံအတိုင်း တစ်လွှာစည်းထားတယ် ကော့ညွှတ်နေတဲ့ မျက်တောင်လေးတွေ တစ်ချက်တစ်ချက် လှုပ်ခတ်သွားပုံလေးကလည်း မောင့်ကို ရင်ခုန်စေသည်မှာ အမှန် ။
မောင်ကတော့ အဝါနုရောင် တီရှပ်အပွကို ဂိင်းပွနဲ့ တွဲဝတ်ထားပြီး အထပ်ကေ ဆံပင်တွေကိုတော့ တစ်လွှာ စည်းထားတယ်။မောင်ဟာ ကောင်လေးတစ်ယောက်မဟုတ်ပေမဲ့ ကောင်လေးတစ်ယောက်လို ခန့်ညားတယ်။
ခင်ဟာ ဘယ်အချိန်ကြည့်ကြည့် အမြဲ လှပါသည်။အမြဲလည်း ရင်ခုန်အောင် လုပ်နိုင်ပါသည်။ခင်ရဲ့ နှုတ်ခမ်းမှာ အမြဲတမ်း နီညိုရောင်လေးကို ဆေးခြည်လေ့ရှိတယ်။ခင်က နီညိုရောင်ကို ကြိုက်တာများလား။
"အဲ့တိုင်းရပ်နေတော့မှာလားမောင် လာထိုင်လေ"
"ဟုတ် မမ မလာသေးဘူးလားခင်"
မောင်ကမေးတော့ ခင်က လက်ထဲက စာအုပ်ကို ရှေ့က စားပွဲပေါ်ချလိုက်ပြီး မောင့်မျက်ဝန်းတွေကို တည့်တည့်ကြည့်ကာ
"မောင်က တို့နဲ့မနေချင်လို့လား"
"မ...မဟုတ်တာခင်ရယ် ကျွန်တော်က မမလာခေါ်မယ်ဆိုလို့ပါ"
"စောစောကပဲ ကဗျာ ဖုန်းဆက်တယ် အရေးကြီးကိစ္စမို့ ခရီးထွက်ရမှာတဲ့ မောင့်ကိုတော့ နောက်မှ ဖုန်းဆက်မယ် ပြောတယ်"
"ဟုတ် အဲ့ဒါဆို ကျွန်တော် ဘယ်လို လည်ရမလဲ"
"အို....တို့တစ်ယောက်လုံးရှိပါရဲ့ ေမာင်ရယ်"
"ဟို..အဲ့တာက ခင်က အလုပ်တွေ ရှိသေးတယ်မလား အားနာလို့ပါ"
"မလိုပါဘူးကွယ် ဒီရောက်တုန်း တို့က ဧည့်ဝတ်ကျေပါရစေ
ပြန်သွားမှ ဧည့်ဝတ်မကျေဘူးလို့ အပြောမခံချင်ပါ"
"အဲ့လိုပြောစရာလား ခင်ရယ်"
ပြောကာ ခေါင်းကို အသာငုံ့ပြီး ဂုတ်ကို လက်နဲ့ ပွတ်နေတော့ ခင်က ရီတယ် ။ခင်က ထိုင်ရာက ထလိုက်ပြီး မောင့်ကို လက်ကမ်းပေးတယ်။မောင်က မျက်ဝန်းပြူးပြူးလေးတွေနဲ့ နားမလည်သလိုမော့ကြည့်တော့
"လာလေ မောင် အပြင်သွားမယ် နေရာစုံ လိုက်ပို့ပေးမယ်
တို့လက်ကို ဒီတိုင်းထားတော့မလို့လား"
ကမ်းပေးလာတဲ့ လက်ကိုမျက်စာပစ်ပြကာ ပြောတော့ မောင်လည်း မဝံမရဲလေး လှမ်းဆွဲလိုက်တယ်။ ခင့်နားမှာ ကြာကြာနေလေ မောင်တော့ အမည်မသိတဲ့ နွံထဲ နစ်လေပဲ ။ခင်တော့မသိပေမဲ့ ခင့်ရဲ့ လက်လေးကို ထိမိတဲ့ခန လူက လျှပ်လပ်သလိုပဲ တုန်သွားပြီး ခံစားချက်တွေက ထူးဆန်းနေတယ်။
လက်တွဲပြီး ခြံထဲလျှောက်လာတော့ နှင်းဆီပင်တွေမှာ နှင်းဆီပန်းတွေဟာ ပွင့်ဝေနေသည်မှာ လောက ကိုသူ့နည်းသူ့ဟန်နှင့် အလှဆင်နေသည့်ဟန်။မောင်လည်း ပန်းပင်တွေဆီ ေလျှာက်သွားတော့ ခင်က ရပ်ကြည့်ပြီး ကျန်ခဲ့တယ်။နီညိုရောင် နှင်းဆီတစ်ပွင့်ကိုခူးမယ်လုပ်ပြီးမှ ခင့်ကိုလှမ်းကြည့်ကာ
"ခင် ဒါခူးလို့ရမလားဟင်"
ခင်က ရတယ်ဆိုတဲ့ဟန်ဖြင့် ခေါင်းညိမ့်ပြတော့မှ မောင် နှင်းဆီပွင့်ကို ခူးလိုက်တယ်။ထို့နောက် ခင့်ဆီ ပြန်လျှောက်လာပြီး
"ဟို...ခင်...."
ခင်ကပြောဆိုတဲ့ သဘောဖြင့် မေးဆက်ပြတော့
"ခင့်ကို ကျွန်တော် ဒီပန်းလေးပေးချင်တယ် "
အဲ့လိုပြောတော့ ခင်က နှုတ်ခမ်းထောင့်လေးတွေ ကွေးရုံမျှသာ ပြုံးတယ်။ဟုပါတယ်လေ ခင့်အိမ်ကပန်းနဲ့ ခင့်ကို ပြန်ပြီး မျက်နှာလုပ်နေတာမလား။
"မောင်က တို့ကို အရှုံးပေးတယ်ပေါ့"
"ဟင်"
"ဟုတယ်လေ မောင်က ပန်းပေးတယ်ဆိုတော့ အရှုံးပေးတာပေါ့ မဟုတ်ဘူးလား"
'ခင်သာဆို မောင်အရာရာကို အရှုံးပေးပြီးသားပါ'
အဲ့စကားကိုတော့ စိတ်ထဲတွင်သာ ပြောလိုက်မိသည်။အပြင်မှာတော့ ပြုံးရုံသာ
ခင်က သူမခေါင်းလေးကို မောင့်ဘက် အသာတိုးပေးကာ
"စပြီးရင် ဆုံးအောင်လုပ်ရတယ်လေမောင်
ပန်ပေးဖို့မလား ပန်ပေးလေ"
ခင်ဟာ အခု မောင်နှလုံးသားကို ကစားနေတဲ့ မာယာရှင်လေးဆိုတာ မောင်သိနေပြီ။ခင့်ရဲ့ တစ်လွှာစည်းထားတဲ့ ဆံနွယ်ထက်မှာ ပန်ပေးလိုက်တော့ ပန်းလေးတောင် ခင်နဲ့ယှဥ်ရင် သိမ်ငယ်ရလောက်အောင် ခင်က လှပါသည်။မောင့်မျက်လုံးထဲတော့ ခင်ဟာ အလှဆုံးပဲ။
"လှလားမောင်"
မောင့်ကိုကြည့်ကာ မေးနေတဲ့ ခင်ဟာ တစ်ကယ်ပင် ချစ်စဖွယ် ။
"လှတယ်ခင် ခင်က အလှဆုံးပဲ"
ခင်နဲ့ဆိုရင် အရာရာကို သတိလက်လွတ် မိန်းမောနေမိသည် အထိ ခင်က မောင့်ကို ပြုစားနိုင်တယ်။မည်မျှတောင်စိုက်ကြည့်နေမိသည်မသိ ခင်ပြောမှပဲ သတိဝင်တော့တယ်။
"အို....ခင့်ကို မရှက်တတ်ဘူးလို့များ ထင်နေသလားမောင်...
အဲ့လိုစိုက်ကြည့်နေတော့ မနေတတ်တော့ဘူးလေကွယ်"
"တောင်း...တောင်းပန်ပါတယ်ခင်"
"လာပါ မနက်စာအရင်သွားစားရအောင်လေနော်"
ထို့နောက် ကားနက်လေးဟာ ခြံဝန်းထဲမှ ထွက်ခါ စားသောက်ဆိုင်ဆီသို့.....
💭💭💭💭
"ဘာစားမလဲမောင် "
"ကျွန်တော် ဘာဂါနဲ့ ကော်ဖီအေးပဲ "
"တို့က မိုခါတစ်ခွက်"
"ခင်ဘာမှ မစားတော့ဘူးလား"
"တို့က မနက်ဆို ကော်ဖီပဲသောက်ဖြစ်တာ"
"မခါးဘူးလား ခင်"
"တို့မှာတာကို ပြောတာလား"
"ဟုတ်"
"အင်းးးးးးး
တို့ဘဝလို့ပါပဲ"
ခင်ကပြောပြီး ပြုံးကာသာ ကော်ဖီကို တစ်ငုံသောက်လိုက်တယ်။ခင့်အကြောင်းကို ဘာမှမသိရသလို ခင်က မောင့်အကြောင်းကိုလည်း ဘာမှမမေးပေမဲ့ တစ်ခါတစ်လေ သိနေသလိုမျိုး ခံစားရတယ်။တကယ်ပဲ ခင်ဟာ ဘယ်လိုလူလည်း သိချင်လာပြီခင်။
"ခင် ဘာအရောင်ကြိုက်လဲ"
မောင်မေးတော့ ခင်က လက်ထဲက ကော်ဖီခွက်ကိုချပြီး မောင့်ကိုကြည့်တယ်။ထို့နောက် လိုချင်တာ ရသည့်နှယ် ပြုံးပြီး
"မောင်က တို့အကြောင်းကို သိချင်လို့လား"
"အမှန်အတိုင်းပြောရရင် သိချင်ပါတယ်ခင်"
"အေးဆေးပေါ့မောင်ရယ် သိရမှာပေါ့ အချိန်တန်ရင်"
အဲ့လိုပါပဲ ခင်ဟာ ပွင့်လင်းတယ် ထင်ရသလောက် လျှို့ဝှက်တတ်သူပါ။ဒါကလည်း ခင့်ရဲ့ ပါရမီပဲလေ။တစ်ပါးသူရဲ့ စိတ်ကို ထိန်းချုပ်နိုင်တာကလည်း ခင့်ရဲ့ အရည်အချင်းပဲပေါ့။
*ခင်ဟာ မီးတောက်တစ်ခုဆို
မောင်ဟာ အဲ့မီးတောက်ထဲကို
ရူးရူးမိုက်မိုက် တိုးဝင်မဲ့
ပိုးဖလံငယ်လေးပါခင်*
1.11.23 published
#AMALA
please vote and comments 😘😘😘
💭💭💭💭💭💭💭💭💭💭💭💭💭💭
ျပင္ဆင္ၿပီးလို႔ ေလွကားကေန ဆင္းလာေတာ့ ဧည့္ခန္းမွာ ထိုင္ၿပီး စာအုပ္တစ္အုပ္ ဖတ္ေနတဲ့ ခင္ဟာ အဝါေရာင္ ျမန္မာဝမ္းဆက္ေလးကို ဝတ္ထားၿပီး ဆံႏြယ္ေတြကိုေတာ့ ထုံးစံအတိုင္း တစ္လႊာစည္းထားတယ္ ေကာ့ၫႊတ္ေနတဲ့ မ်က္ေတာင္ေလးေတြ တစ္ခ်က္တစ္ခ်က္ လႈပ္ခတ္သြားပုံေလးကလည္း ေမာင့္ကို ရင္ခုန္ေစသည္မွာ အမွန္ ။
ေမာင္ကေတာ့ အဝါႏုေရာင္ တီရွပ္အပြကို ဂိင္းပြနဲ႕ တြဲဝတ္ထားၿပီး အထပ္ေက ဆံပင္ေတြကိုေတာ့ တစ္လႊာ စည္းထားတယ္။ေမာင္ဟာ ေကာင္ေလးတစ္ေယာက္မဟုတ္ေပမဲ့ ေကာင္ေလးတစ္ေယာက္လို ခန့္ညားတယ္။
ခင္ဟာ ဘယ္အခ်ိန္ၾကည့္ၾကည့္ အၿမဲ လွပါသည္။အၿမဲလည္း ရင္ခုန္ေအာင္ လုပ္နိုင္ပါသည္။ခင္ရဲ႕ ႏႈတ္ခမ္းမွာ အၿမဲတမ္း နီညိုေရာင္ေလးကို ေဆးျခည္ေလ့ရွိတယ္။ခင္က နီညိုေရာင္ကို ႀကိဳက္တာမ်ားလား။
"အဲ့တိုင္းရပ္ေနေတာ့မွာလားေမာင္ လာထိုင္ေလ"
"ဟုတ္ မမ မလာေသးဘူးလားခင္"
ေမာင္ကေမးေတာ့ ခင္က လက္ထဲက စာအုပ္ကို ေရွ႕က စားပြဲေပၚခ်လိဳက္ၿပီး ေမာင့္မ်က္ဝန္းေတြကို တည့္တည့္ၾကည့္ကာ
"ေမာင္က တို႔နဲ႕မေနခ်င္လို႔လား"
"မ...မဟုတ္တာခင္ရယ္ ကြၽန္ေတာ္က မမလာေခၚမယ္ဆိုလို႔ပါ"
"ေစာေစာကပဲ ကဗ်ာ ဖုန္းဆက္တယ္ အေရးႀကီးကိစၥမို႔ ခရီးထြက္ရမွာတဲ့ ေမာင့္ကိုေတာ့ ေနာက္မွ ဖုန္းဆက္မယ္ ေျပာတယ္"
"ဟုတ္ အဲ့ဒါဆို ကြၽန္ေတာ္ ဘယ္လို လည္ရမလဲ"
"အို....တို႔တစ္ေယာက္လုံးရွိပါရဲ႕ ေမာင်ရယ်"
"ဟို..အဲ့တာက ခင္က အလုပ္ေတြ ရွိေသးတယ္မလား အားနာလို႔ပါ"
"မလိုပါဘူးကြယ္ ဒီေရာက္တုန္း တို႔က ဧည့္ဝတ္ေက်ပါရေစ
ျပန္သြားမွ ဧည့္ဝတ္မေက်ဘဴးလို႔ အေျပာမခံခ်င္ပါ"
"အဲ့လိုေျပာစရာလား ခင္ရယ္"
ေျပာကာ ေခါင္းကို အသာငုံ႕ၿပီး ဂုတ္ကို လက္နဲ႕ ပြတ္ေနေတာ့ ခင္က ရီတယ္ ။ခင္က ထိုင္ရာက ထလိုက္ၿပီး ေမာင့္ကို လက္ကမ္းေပးတယ္။ေမာင္က မ်က္ဝန္းျပဴးျပဴးေလးေတြနဲ႕ နားမလည္သလိုေမာ့ၾကည့္ေတာ့
"လာေလ ေမာင္ အျပင္သြားမယ္ ေနရာစုံ လိုက္ပို႔ေပးမယ္
တို႔လက္ကို ဒီတိုင္းထားေတာ့မလို႔လား"
ကမ္းေပးလာတဲ့ လက္ကိုမ်က္စာပစ္ျပကာ ေျပာေတာ့ ေမာင္လည္း မဝံမရဲေလး လွမ္းဆြဲလိုက္တယ္။ ခင့္နားမွာ ၾကာၾကာေနေလ ေမာင္ေတာ့ အမည္မသိတဲ့ ႏြံထဲ နစ္ေလပဲ ။ခင္ေတာ့မသိေပမဲ့ ခင့္ရဲ႕ လက္ေလးကို ထိမိတဲ့ခန လူက လွ်ပ္လပ္သလိုပဲ တုန္သြားၿပီး ခံစားခ်က္ေတြက ထူးဆန္းေနတယ္။
လက္တြဲၿပီး ၿခံထဲေလွ်ာက္လာေတာ့ ႏွင္းဆီပင္ေတြမွာ ႏွင္းဆီပန္းေတြဟာ ပြင့္ေဝေနသည္မွာ ေလာက ကိုသူ႕နည္းသူ႕ဟန္ႏွင့္ အလွဆင္ေနသည့္ဟန္။ေမာင္လည္း ပန္းပင္ေတြဆီ ေလျှာက်သွားတော့ ခင္က ရပ္ၾကည့္ၿပီး က်န္ခဲ့တယ္။နီညိုေရာင္ ႏွင္းဆီတစ္ပြင့္ကိုခူးမယ္လုပ္ၿပီးမွ ခင့္ကိုလွမ္းၾကည့္ကာ
"ခင္ ဒါခူးလို႔ရမလားဟင္"
ခင္က ရတယ္ဆိုတဲ့ဟန္ျဖင့္ ေခါင္းညိမ့္ျပေတာ့မွ ေမာင္ ႏွင္းဆီပြင့္ကို ခူးလိုက္တယ္။ထို႔ေနာက္ ခင့္ဆီ ျပန္ေလွ်ာက္လာၿပီး
"ဟို...ခင္...."
ခင္ကေျပာဆိုတဲ့ သေဘာျဖင့္ ေမးဆက္ျပေတာ့
"ခင့္ကို ကြၽန္ေတာ္ ဒီပန္းေလးေပးခ်င္တယ္ "
အဲ့လိုေျပာေတာ့ ခင္က ႏႈတ္ခမ္းေထာင့္ေလးေတြ ေကြး႐ုံမွ်သာ ၿပဳံးတယ္။ဟုပါတယ္ေလ ခင့္အိမ္ကပန္းနဲ႕ ခင့္ကို ျပန္ၿပီး မ်က္ႏွာလုပ္ေနတာမလား။
"ေမာင္က တို႔ကို အရႈံးေပးတယ္ေပါ့"
"ဟင္"
"ဟုတယ္ေလ ေမာင္က ပန္းေပးတယ္ဆိုေတာ့ အရႈံးေပးတာေပါ့ မဟုတ္ဘူးလား"
'ခင္သာဆို ေမာင္အရာရာကို အရႈံးေပးၿပီးသားပါ'
အဲ့စကားကိုေတာ့ စိတ္ထဲတြင္သာ ေျပာလိုက္မိသည္။အျပင္မွာေတာ့ ၿပဳံး႐ုံသာ
ခင္က သူမေခါင္းေလးကို ေမာင့္ဘက္ အသာတိုးေပးကာ
"စၿပီးရင္ ဆုံးေအာင္လုပ္ရတယ္ေလေမာင္
ပန္ေပးဖို႔မလား ပန္ေပးေလ"
ခင္ဟာ အခု ေမာင္ႏွလုံးသားကို ကစားေနတဲ့ မာယာရွင္ေလးဆိုတာ ေမာင္သိေနၿပီ။ခင့္ရဲ႕ တစ္လႊာစည္းထားတဲ့ ဆံႏြယ္ထက္မွာ ပန္ေပးလိုက္ေတာ့ ပန္းေလးေတာင္ ခင္နဲ႕ယွဥ္ရင္ သိမ္ငယ္ရေလာက္ေအာင္ ခင္က လွပါသည္။ေမာင့္မ်က္လုံးထဲေတာ့ ခင္ဟာ အလွဆုံးပဲ။
"လွလားေမာင္"
ေမာင့္ကိုၾကည့္ကာ ေမးေနတဲ့ ခင္ဟာ တစ္ကယ္ပင္ ခ်စ္စဖြယ္ ။
"လွတယ္ခင္ ခင္က အလွဆုံးပဲ"
ခင္နဲ႕ဆိုရင္ အရာရာကို သတိလက္လြတ္ မိန္းေမာေနမိသည္ အထိ ခင္က ေမာင့္ကို ျပဳစားနိုင္တယ္။မည္မွ်ေတာင္စိုက္ၾကည့္ေနမိသည္မသိ ခင္ေျပာမွပဲ သတိဝင္ေတာ့တယ္။
"အို....ခင့္ကို မရွက္တတ္ဘူးလို႔မ်ား ထင္ေနသလားေမာင္...
အဲ့လိုစိုက္ၾကည့္ေနေတာ့ မေနတတ္ေတာ့ဘူးေလကြယ္"
"ေတာင္း...ေတာင္းပန္ပါတယ္ခင္"
"လာပါ မနက္စာအရင္သြားစားရေအာင္ေလေနာ္"
ထို႔ေနာက္ ကားနက္ေလးဟာ ၿခံဝန္းထဲမွ ထြက္ခါ စားေသာက္ဆိုင္ဆီသို႔.....
"ဘာစားမလဲေမာင္ "
"ကြၽန္ေတာ္ ဘာဂါနဲ႕ ေကာ္ဖီေအးပဲ "
"တို႔က မိုခါတစ္ခြက္"
"ခင္ဘာမွ မစားေတာ့ဘူးလား"
"တို႔က မနက္ဆို ေကာ္ဖီပဲေသာက္ျဖစ္တာ"
"မခါးဘူးလား ခင္"
"တို႔မွာတာကို ေျပာတာလား"
"ဟုတ္"
"အင္းးးးးးး
တို႔ဘဝလို႔ပါပဲ"
ခင္ကေျပာၿပီး ၿပဳံးကာသာ ေကာ္ဖီကို တစ္ငုံေသာက္လိုက္တယ္။ခင့္အေၾကာင္းကို ဘာမွမသိရသလို ခင္က ေမာင့္အေၾကာင္းကိုလည္း ဘာမွမေမးေပမဲ့ တစ္ခါတစ္ေလ သိေနသလိုမ်ိဳး ခံစားရတယ္။တကယ္ပဲ ခင္ဟာ ဘယ္လိုလူလည္း သိခ်င္လာၿပီခင္။
"ခင္ ဘာအေရာင္ႀကိဳက္လဲ"
ေမာင္ေမးေတာ့ ခင္က လက္ထဲက ေကာ္ဖီခြက္ကိုခ်ၿပီး ေမာင့္ကိုၾကည့္တယ္။ထို႔ေနာက္ လိုခ်င္တာ ရသည့္ႏွယ္ ၿပဳံးၿပီး
"ေမာင္က တို႔အေၾကာင္းကို သိခ်င္လို႔လား"
"အမွန္အတိုင္းေျပာရရင္ သိခ်င္ပါတယ္ခင္"
"ေအးေဆးေပါ့ေမာင္ရယ္ သိရမွာေပါ့ အခ်ိန္တန္ရင္"
အဲ့လိုပါပဲ ခင္ဟာ ပြင့္လင္းတယ္ ထင္ရသေလာက္ လွ်ို႔ဝွက္တတ္သူပါ။ဒါကလည္း ခင့္ရဲ႕ ပါရမီပဲေလ။တစ္ပါးသူရဲ႕ စိတ္ကို ထိန္းခ်ဳပ္နိုင္တာကလည္း ခင့္ရဲ႕ အရည္အခ်င္းပဲေပါ့။
*ခင္ဟာ မီးေတာက္တစ္ခုဆို
ေမာင္ဟာ အဲ့မီးေတာက္ထဲကို
႐ူး႐ူးမိုက္မိုက္ တိုးဝင္မဲ့
ပိုးဖလံငယ္ေလးပါခင္*
1.11.23 published
#AMALA
please vote and comments 😘😘😘