အပိုင်း(၈၄) လက်စသတ်တော့ ဒီလိုကိုး

တကယ်တော့ တခြားဘယ်သူမှ မဟုတ်သလို လုပ်ကြံဖို့ ကြံစည်ထားတာမျိုးလည်း မဟုတ်ပေ။ အားလုံးက သူကို လှည့်စားဖို့အတွက် ကျောက်ဝမ်ယုံး သုံးထားတာ လက်နက်များသာဖြစ်သည်။

ထို့အပြင် သူက အရင်တုန်းကလို သူ့ ထောင်ချောက်ထဲ အလွယ်တကူ ကျသွားခဲ့ပြန်သည်။

ကုထင်ရန်သည် သူ့ရင်ခွင်ထဲ ပြေးဝင်လာသော ကျောက်ရှန့်ရှီးကို ဖွဖွလေး ဖက်လိုက်ပေမယ့် ခေါင်းထဲမှာတော့ စကားတစ်ခွန်းက အဆက်မပျက် တဖွားဖွားပေါ်လာခဲ့သည်။

ဘာလို့လဲ

ဘာလို့ သူ ကျောက်ဝမ်ယုံးကို ယုံကြည်ချင်မိသည့် အချိန်တိုင်း အနှီလူက သူ့ရဲ့ စိတ်ကူးအိပ်မက်များအားလုံးကို ရိုက်ချိုးပစ်ပြီး လက်တွေ့ဘဝရဲ့ ရက်စက်မှုကို ပြောပြရသနည်း။

ကြားထဲက ခြေလှမ်းတိုင်းကို သူမတွေးရမနေနိုင်ဖြစ်လာသည်။ ကြောက်စရာကောင်းလှသော အတွေးတစ်ခုက သူ့နှလုံးသားအောက်ခြေထဲမှ ထွက်ပေါ်လာပြီး သူ့နှလုံးသားထိပ်ဖျားဆီသို့ ဖြေးဖြေးချင်းဆီ တတ်လာခဲ့သည်။ စစချင်းကတည်းက အရာအားလုံးကို ကျောက်ဝမ်ယုံးက ထိန်းချုပ်ထားတာများလား။

သူ စစချင်းကတည်းက ချန်ရှင်း၏ အကြံကို ရိပ်မိခဲ့ပြီး ဖြေရှင်းမည့် နည်းလမ်းကိုလည်း ရှာတွေ့ခဲ့သည်။ သို့ပေမယ့် သူ့ကို လှည့်စားဖို့အတွက် အဆင့်ဆင့်ခြေကုပ်ယူပြီး အကွက်စေ့အောင် အစီအစဉ်ချခဲ့သည်။ မဟုတ်သေး။ သူ့ကို လှည့်စားဖို့အတွက်တင် မဟုတ်ပေ။ ကျောက်ဝမ်ယုံးလိုလူစားမျိုးက  ဤမျှ ကြီးမားသော စတေးမှုကို လုပ်ဖို့ ဆန္ဒရှိခြင်းသည် သူ့အတွက် ဘာအကျိုးမှမရှိသော အရာကို လိုချင်လို့ မဟုတ်လောက်ပေ။

သူ ဤသို့ လုပ်တာက ရှောင်နုများကို တစ်ခါတည်း ဖမ်းဖို့အတွက် ဖြစ်ကောင်းဖြစ်နိုင်သည်။ အဆုံးမှာတော့ ၎င်းအရာက သူ နှစ်ပေါင်းများစွာ တောင့်တလာခဲ့သော ဆန္ဒဖြစ်သည်။

သူ ကုထင်ရန်ကတော့ ထို ကစားပွဲထဲမှာ အရံဇာတ်ကောင်တစ်ယောက်၊ အောင်နိုင်ခြင်းရဲ့ ဆုလာဘ်တစ်ခုသာဖြစ်သည်။

ကုထင်ရန်က စဉ်းစားလေ သဘာဝကျလေဖြစ်လာသည်။ သည်နှစ်တွေမှာ ရင်နင့်စရာကောင်းသည့် တန်ကြေးကို‌ သူ ပေးဆပ်ပြီးမှသာ နောက်ဆုံး သဘောပေါက်နားလည်သွားတော့သည်။ တရားမျှတသော လောကကြီးမှာ သူ ကုထင်ရန်သည် ကျောက်ဝမ်ယုံးအတွက်ကတော့ အမှန်ပင် အလွယ်တကူ စတေးပစ်လို့ရသော လူတစ်ယောက် ဖြစ်သည်။

ပန်းတိုင်ရောက်ဖို့အတွက် တခြားနည်းလမ်းရှိသေးရင်တောင် ကျောက်ဝမ်ယုံးအတွက်ကတော့ တန်ရာတန်ကြေး ပေးဆပ်ရခြင်းသည် သူလက်ခုပ်ထဲမှာ အမြဲ ရှိနေသည့်
ကုထင်ရန်ကို စတေးပစ်ရတာထက် အများကြီး ကြီးမားသည်။

သူ့ကို စွန့်ပစ်ခြင်းသည် အလွန်မှန်ကန်သော ရွေးချယ်မှုတစ်ခုဖြစ်သည်။ အသိဉာဏ်ရှိသော ခေါင်းဆောင်တိုင်းက ဤ ရွေးချယ်မှုကို ပြုလုပ်ကြလိမ့်မည်။

ကုထင်ရန်၏ စိတ်ထဲ ရုတ်တရက် ကြောက်ရွံ့လာသည်။ ဟိုးအစကတည်းက သူ့ကို အချိန်မရွေး စတေးပစ်လို့ရသည့် နေရာမှာ ထားထားလျှင် ကျောက်ဝမ်ယုံးရဲ့ ဆုံးဖြတ်ချက်တိုင်းကို သူနားလည်နိုင်သည်။

"ဖေဖေ ဘာဖြစ်လို့လဲ"

ကုထင်ရန်၏ မျက်နှာက တင်းမာခက်ထန်နေပြီး စကားတစ်လုံးမှ မပြောသဖြင့် သူ့ရင်ခွင်ထဲမှာ ရှိနေသည့် ကျောက်ရှန့်ရှီးက မသင်္ကာစိတ်နဲ့ မေးလိုက်သည်။

"ဖေဖေ ဘာမှမဖြစ်ပါဘူး"

ကုထင်ရန်က ဖက်ထားသည့် လက်ကို လွှတ်ပြီးနောက် ကျောက်ရှန့်ရှီး၏ လက်ကို ဆွဲလိုက်သည်။ ထို့နောက် တည်ငြိမ်ချင်ယောင်ဆောင်ပြီး ပြောလိုက်သည်။

"ခမည်းတော် ဘာမှမဖြစ်တော့ဘူးမလား။ အန်းကုန်းကုန်းက ပြောတယ်၊ ခမည်းတော်ရဲ့ ရောဂါက အရမ်းပြင်းထန်လို့ သလွန်ပေါ်က တောင် မဆင်းနိုင်ဘူးတဲ့၊ သားတစ်သက်မှာ ခမည်းတော်ရဲ့ အဲ့ဒီပုံစံကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ"

ကျောက်ရှန့်ရှီးက အလွန်အလိုက်သိစွာနဲ့ ထပ်မမေးတော့ဘဲ တခြားအကြောင်းပြောလိုက်သည်။

"အရမ်း ပြင်းထန်တာ..."

ကုထင်ရန်က ကြားတော့ တစ်ချက် ကြက်သေသေသွားပေမယ့် နောက်ဆုံးမှာတော့ ခက်ခက်ခဲခဲနဲ့ ပြောလိုက်သည်။

သူ့စိတ်ထဲတွင် ရုတ်တရက် အရမ်းမပြင်းထန်လောက်ကြောင်း တွေးမိနေသည်။ အဆုံးမှာတော့ သူ  တမင် ဟန်ဆောင်ထားတာဖြစ်သည်။

တကယ်တော့ ကုထင်ရန် ကိုယ်တိုင်ကလည်း ဘယ်အချိန်ကတည်းကစပြီး ကျောက်ဝမ်ယုံး ပြောသည့် စကားတိုင်းကို ယုံကြည်ဖို့ အရမ်းခက်ခဲနေမှန်းမသိတော့ချေ။ ထိုထက်ပင်မက သူပြောသည့်စကားများကို အငြိုးကြီးကြီးနဲ့ ထင်ကြေးသွားပေးဖို့တောင် မကြောက်ပေ။

သေချာပေါက် သူ သူ့ကို ယုံကြည်ချင်မိတာဖြစ်သည်။ သို့ပေမယ့် ပြဿနာကို အဦးဆုံးရှာ‌တွေ့သည့်အချိန်မှာ သူ့ကို ဖုံးကွယ်ဖို့ ရွေးချယ်ခဲ့သည်။ သူ့နှလုံးသားထဲမှာ အစောကြီးကတည်းက အဖြေကို ခန့်မှန်းမိထားပြီဖြစ်သဖြင့် ကျောက်ဝမ်ယုံးကို အမြန်ဆုံး အပြစ်ပေးချင်နေသလို ခံစားချက်မျိုး ပေါက်ဖွားလာသည်။

သေချာပေါက် မည်သည့် သက်သေမှ မရှိပေမယ့် မိမိ၏ နှလုံးသားကို ကျောက်ဝမ်ယုံးလက်ထဲ မထည့်နိုင်တော့ပေ။

"ဖေဖေ! ဖေဖေ!"

ကုထင်ရန်သည် ဘယ်အချိန်တုန်းက အတွေးရေယာဉ်ကြောထဲ ထပ်မျှောပါသွားမှန်း မသိတော့ပေ။ ကျောက်ရှန့်ရှီးက သူ့ပုံစံကို မြင်တော့ အသံကျယ်ကြီးနဲ့ ပြောလိုက်သည်။

"အာ.... သား ခုနက ဘာပြောလိုက်တာလဲ"

ကုထင်ရန်က သူ့ခေါ်သံကြောင့် သတိပြန်ဝင်သွားပြီး အထစ်အထစ်အငေါ့ငေါ့နဲ့ မေးလိုက်သည်။ ထိုပုံစံက ကြည့်လိုက်သည်နှင့် ခုနက အာရုံစိုက်နားထောင်ခဲ့ခြင်း မရှိပုံရသည်။

ကျောက်ရှန့်ရှီးက မျက်မှောင် ခပ်ယဲ့ယဲ့ကလေး ကျုံ့လိုက်ပေမယ့် ဖေဖေက အခုတလော ခမည်းတော် ကိစ္စအတွက်နဲ့ ပူပင်သောကများခဲ့သည်ကို သူတွေးမိလိုက်သည်။ အတော်လေး ခြေကုန်လက်ပန်းကျနေလောက်မည်ဖြစ်သဖြင့် သူ့ကို သည်တစ်ခေါက် နည်းနည်းလေး ခွင့်လွှတ်ပေးလိုက်ပါမည်။

"သား ဖေဖေ့ကို မေးမလို့၊ ဘယ်လိုလုပ် ဒီရောက်လာတာလဲ"

စိတ်ထဲမှာ ထိုသို့ တွေးနေမိပေမယ့်
ကျောက်ရှန့်ရှီးကတော့ မဆိုစလောက်လေး ဝမ်းနည်းနေမိသေးသဖြင့် စကားပြောတဲ့ အသံတောင် ခံစားချက်ပိစိလေး ကပ်ပါနေခဲ့သည်။

သို့ပေမယ့် ကုထင်ရန်က သတိမထားမိချေ။

သူ တစ်ချက် ခေါင်းမော့ကြည့်လိုက်တော့ မထင်မှတ်ဘဲ တွေ့လိုက်ရသည်။ လက်စသတ်တော့ သူ အမှုမဲ့အမှတ်မဲ့နဲ့ မုချန်နန်းဆောင်ဘက်သို့ ဦးတည်သွားမိခဲ့တာဖြစ်သည်။

"သားတို့ ခမည်းတော်ကို သွားကြည့်မှာမဟုတ်လား၊ ဘယ်လိုလုပ် ဒီရောက်လာတာလဲ"

ကျောက်ရှန့်ရှီးက နားမလည်သည့် အမှုအရာနဲ့ သူ့ကို ကြည့်လာလေသည်။ စိတ်ထဲက ထိုစိတ်ဆိုးနေမှုကလည်း တဖြေးဖြေး ပျောက်ကွယ်သွားခဲ့သည်။ သူက မိမိ၏ အဖေကို ကြည့်၍ ထပ်ပြောလိုက်သည်။

'ခမည်းတော်' ဆိုသော စကားလုံးနှစ်လုံးက သူ့ပါးစပ်ထဲမှ ထွက်ကျလာခဲ့ပြီး ကုထင်ရန် နားထဲ သက်ဆင်းသွားလေသည်။ ပြောပြရခက်သော နာကျည်းမှုများ ကပ်ပါနေခဲ့သည်။

သူက ဘာမှဖြစ်ဟန်ဆောင်ပြီး ရှီးအာလေးကို ပေါ့ပေါ့ပါးပါးနဲ့ ပြောလိုက်သည်။

"ဖေဖေက ညီလေးကို သွားကြည့်ချင်လို့ပါ၊ ညီလေးက တစ်နေလုံး ဖေဖေကို မတွေ့ရတော့ သူထပ်ငိုမှာ စိုးလို့"

ပြောရင်း ကုထင်ရန်က ကျောက်ရှန့်ရှီး၏ လက်ကို လွှတ်ပြီး ထပ်ဖြည့်ပြောလိုက်သည်။

"ရှီးအာလေး ခမည်းတော်ကို သွားကြည့်လိုက်၊ ဖေဖေက ညီလေးကို သွားကြည့်လိုက်မယ်၊ မကောင်းဘူးလား"

"ဒါပေမယ့်...."

ကျောက်ရှန့်ရှီး ထူးဆန်းနေသလို ခံစားမိလိုက်သည်။ ပါးစပ်ဟမလို့ပြင်လိုက်သည့်အခိုက်မှာ ကုထင်ရန်က ထပ်ပြောလိုက်သည်။

"လိမ္မာတယ်၊ ဖေဖေ့စကားနားထောင်၊ ဟုတ်ပြီလား"

ကုထင်ရန်၏ မျက်ဝန်းထဲတွင် အပူတပြင်း လော်ဆော်လိုမှုများ ကပ်ပါနေခဲ့သည်။
ကျောက်ရှန့်ရှီး စိတ်ထဲက ထိုထူးဆန်းနေမှုများကို မိမိဖာသာ ဖိနှိပ်ပြီး ဖေဖေ့ကို ခေါင်းလေးငြိမ့်၍ ပြောလိုက်တော့သည်။

"ဟုတ်...."

အသံက ဝမ်းနည်းဟန်စွက်နေပေမယ့်
ကုထင်ရန်က သတိမထားမိလိုက်ပေ။ အခု သူ့ခေါင်းထဲတွင် ရူပ်ထွေးပွေလီ‌သောအတွေးများ ဝိုင်းထားသဖြင့် နေရာတစ်နေရာရှာပြီး ထိုင်ချကာ အေးအေးဆေးဆေး စဉ်းစားကြည့်ရမည်။

အနည်းဆုံး သူ့စိတ်ထဲက အ‌တွေးများကို သေချာနားလည်မှဖြစ်မည်။

ကုထင်ရန်က ကျောက်ရှန့်ရှီး၏ ပါးလေးကို ပြုံးလျက် နမ်းလိုက်လေသည်။ ထို့နောက် ‌လှည့်တောင်မကြည့်ဘဲ ထွက်သွားလိုက်တော့သည်။

သူ့ရဲ့ ပုံရိပ်လေး တဖြေးဖြေးဝေးကွာသွားသည့်အချိန်ကျမှသာ ကျောက်ရှန့်ရှီးက ခုနက မိမိပြောအောင်မပြောလိုက်သည့် ထိုစကားကို အမြန် ပြန်စဉ်းလိုက်သည်။ သူပြောချင်တာက ထိုက်ကျီနန်းဆောင်ရဲ့ အရံနန်းဆောင်ထဲမှာ ညီလေးရှိနေတာမဟုတ်လား။ ဖေဖေက သူ့ကို ကြည့်ဖို့ မုချန်နန်းဆောင်ကို ဘာလို့ သွားရသနည်း။

ထို့အပြင် ညီလေးသူက အငိုမသန်ဘူး မဟုတ်လား။

သူ့စကားများကို ပြောခွင့်မရလိုက်သဖြင့် မိမိ၏ ဖေဖေက သူ့မျက်စိရှေ့မှာ ထွက်သွားသည်ကို မျက်လုံးအပြူးသားနဲ့ ကြည့်နေရုံသာတတ်နိုင်တော့သည်။

"မင်းငိုတော့မလို့လား"

ကျောက်ရှန့်ရှီးက မူလနေရာမှာရပ်‌၍ ဖေဖေ ထွက်သွားရာဘက်သို့ ငေးကြောင်ကြောင်နဲ့ ကြည့်နေရင်း ငိုချင်လာလေသည်။ ရုတ်တရက် နားဝင်ချိုစရာ အသံတစ်သံက သူ့နောက်မှ ထွက်ပေါ်လာလေသည်။ သူ လှည့်ကြည့်လိုက်တော့ ချီးလျှိုဖြစ်နေသည်။

"မဟုတ်ပါဘူး"

ကျောက်ရှန့်ရှီး၏ မျက်နှာက ကွက်ခနဲ ပျက်သွားပြီး အနောက်ကလူကို အော်ထည့်လိုက်တော့သည်။ ခက်ထန်ရက်စက်သည့်ပုံစံဖြင့် သူ့နှလုံးသားအောက်ခြေရှိ ပျော့ညံ့မှုကို ဖုံးကွယ်ဖို့ ကြိုးစားလိုက်သည်။

ချီးလျှိုက နည်းနည်း ထိတ်လန့်သွားလိမ့်မည်ဟု သူထင်မိလိုက်သည်။ အဆုံးမှာတော့ သူက အိမ်ရှေ့စံဖြစ်သဖြင့် သူစိတ်တိုဒေါသထွက်တိုင်း သူ့အနားရှိ လူအားလုံးက ထိတ်လန့်သွားတတ်သည်။

သို့ပေမယ့် အနှီလူကတော့ ထိုသို့ မဟုတ်ပေ။

ထိုလူက သူ့ကိုပဲကြည့်နေပြီးနောက် နူးညံ့သိမ်မွေ့စွာနဲ့ ပြောလိုက်သည်။

"အော်"

သူ့ ပုံစံက အနည်းငယ် အူကြောင်‌ကြောင်နိုင်သည့်အပြင် ခြေမကိုင်မိလက်မကိုင်မိဖြစ်တဲ့အထိ နုံအနေသေးသည်။ ကျောက်ရှန့်ရှီးက ဒေါသတကြီးနဲ့ သူ့‌ကို ကျော်ပြီး တခြားဘက်သို့ တည့်တည့် လျှောက်သွားလိုက်သည်။ ထိုလူကလည်း ကြောင်တောင်တောင်နဲ့ သူ့နောက်လိုက်လာသည်။

ခြေလှမ်းတစ်ရာတောင်မပြည့်သေးပေ။ ကျောက်ရှန့်ရှီးက သည်းမခံနိုင်တော့သဖြင့် သူက ရုတ်တရက် ခြေလှမ်းကို ရပ်ချလိုက်ပြီး အနောက်က လူကို အော်ထည့်လိုက်တော့သည်။

"မင်း ငါ့နောက်လိုက်ပြီး ဘာလုပ်ဖို့လဲ"

သူက မျက်လုံးအပြူးသားဖြစ်နေသဖြင့် ကြည့်ရတာ အလွန်အမင်း ဒေါသထွက်နေပုံရသည်။

ချီးလျှိုသည် သူ့ဆီက အော်ထည့်ခံလိုက်ရတော့ မူလနေရာမှာ ရပ်လိုက်သည်။ သူက အတန်ကြာသည်အထိ ဟိုကြည့်ဒီကြည့် ကြည့်ပြီးမှသာ ကြောင်တောင်တောင်နဲ့ မိမိကိုယ်ကို လက်ညှိုးထိုးပြီး မဝံမရဲပြောလိုက်သည်။

"ငါ...ငါ"

ကျောက်ရှန့်ရှီးသည် သူရဲ့ ထိုပုံစံကို မြင်တော့ ပိုပြီး စိတ်တိုသွားလေသည်။ သူက အသံကျယ်ကြီးနဲ့ အော်လိုက်သည်။

"မင်း မဟုတ်ရင် ဘယ်သူလဲ"

ပြောပြီး မကျေနပ်သေးသဖြင့် ထပ်ပြောလိုက်သည်။

"ငါဝမ်းမနည်းဘူးလို့ ပြောတယ်လေ၊ မင်း ငါ့နောက် ဘာလိုက်လုပ်နေတာလဲ!"

ရှီးလျှိုက သူ့ပြောပြီးတဲ့အထိ စောင့်ပြီးနောက် တစ်ချက် တုံ့ဆိုင်းသွားပြီးမှသာ အထစ်ထစ်အငေါ့ငေါ့နဲ့ ပြောလိုက်သည်။

"ငါ....ငါ ‌အဲ့ဒီဘက်မှာ နေတာလေ၊ မင်း လမ်းမှားနေပြီ"

သူ့စကားဆုံးသည်နှင့် ကျောက်ရှန့်ရှီးက မယုံသင်္ကာနဲ့ ပတ်ပတ်လည်ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် မျက်နှာက လုံးလုံးလျားလျား နီရဲသွားတော့သည်။

"ဟွန့်!"

သူ အမှန်ပင် အနည်းငယ် အိုးတိုးအမ်းတမ်းဖြစ်သွားသဖြင့် အေးစက်စက်နှာတစ်ချက် မှုတ်လိုက်သည်။ ဒေါသတကြီးနဲ့ ရှီးလျှိုကို တွန်းထုတ်ပြီးနောက် ထိုက်ကျီနန်းဆောင်ဘက်သို့ သွားလိုက်သည်။ သို့ပေမယ့် သူက ရှီးလျှိုထက် နှစ်အနည်းငယ် ငယ်သဖြင့် သူ့ခန္ဓာကိုယ်က ဘယ်လောက်ပဲ ကြံခိုင်သန်မာနေပါစေ ရှီးလျှိုထက် အရပ်မမြင့်သောကြောင့် ဗိုလ်ကျရမ်းကားသည့် အပြုအမူလုပ်လည်း ဟိတ်ဟန်မရှိချေ။

"မင်းသတိထား...."

ချီးလျှိုက နောက်ကနေ သတိပေးလိုက်သည်။ ကျောက်ရှန့်ရှီးကတော့ လှည့်တောင်မကြည့်ဘဲ ရှေ့သို့ လျှောက်သွားလိုက်သည်။

ချီးလျှိုက သူသွားရာဘက်သို့ မမှိတ်မသုန် စိုက်ကြည့်နေရင်း ရုတ်တရက် ပြုံးလိုက်သည်။

သူ့ ရုပ်ရည်သွင်ပြင်က တခြားသူတွေကို အံသြသွားစေသည့် ပုံစံမျိုး မဟုတ်ပေ။ ဖခင်ဖြစ်သူအား နေတိုင်းတွေ့နေရသည့်
ကျောက်ရှန့်ရှီးလို လူမျိုးအတွက်ကတော့ သူ့ရုပ်ရည်က အံဩစရာမဟုတ်ပေ။ သို့ပေမယ့် သူရုပ်ရည်က အရမ်း အကြည့်ခံသည်။  လူတွေ ကြည့်မိသည်နှင့် ရူမငြီးဖွယ်ချောမောခံညားသော သခင်လေးဟု တင်စားချင်ကြတဲ့ ပုံစံမျိုးဖြစ်သည်။

သို့ပေမယ့် သူက အချိန်တွေတော်တော်များများမှာ တင်းမာခက်ထရော်သော မျက်နှာထားနဲ့ အနားက လူများကို အေးတိအေးစက် ‌ဆက်ဆံလေ့ရှိသည်။

သူ့ မျက်နှာပေါ်မှာ အပြုံးမျက်နှာ မြင်ရဖို့ အင်မတန် ခဲယဉ်းသည်။

ထို့အပြင် အကြိမ်တိုင်း သူ ဤအပြုံးမျက်နှာနဲ့ ပြောဆိုဆက်ဆံသည့်လူက တကယ်တော့ တစ်ယောက်ထဲရှိသည်။

နှမြောစရာက ဘယ်သူမှမသိခဲ့ကြပေ။

"ခမည်းတော်!"

ကျောက်ရှန့်ရှီးက အသံအကျယ်ကြီးနဲ့ အော် ခေါ်လိုက်ပေမယ့် လူက ရောက်မလာသေးပေ။ ကျောက်ဝမ်ယုံးက သူ့သားလေးရဲ့ အသံကို ကြားလိုက်ရသည်။

ကျောက်ဝမ်ယုံးက မျက်နှာထားကို တင်း၍ အေးစက်ခက်ထန်သော ပုံစံ တမင်ထုတ်ပြထားသည်။ ရလဒ်ကတော့ မျက်လုံးပင့်ကြည့်လိုက်သည်နှင့် သူ့သားလေးကိုသာ မြင်လိုက်ရသည်။

"ခမည်းတော် ဘာဖြစ်လို့လဲ"

ကျောက်ရှန့်ရှီးက သူရှေ့မှာ အတော်လေး ‌ထိန်းထိန်းသိမ်းသိမ်းရှိသည်။ ချက်ချင်း ကျောကို မတ်ပြီး ခမည်းတော်အား စိတ်ပူနေဟန်နဲ့ ပြောလာသည်။

ဖေဖေ သူ့ကို ပြောပြီးပြီဖြစ်သည်။ ခမည်းတော် အရင်က နာမကျန်းဖြစ်မှုကြောင့် စိတ်အခြေအနေ မကောင်းလို့သာ သူ့အား ဒေါသထွက်တာဖြစ်သည်။ မိမိ နေမကောင်းဖြစ်တုန်းကလည်း စိတ်အခြေအနေ မကောင်းခဲ့ဘူးဟု တွေးမိလိုက်သည်။ သူ့ခမည်းတော်၏ သနားစဖွယ်ပုံစံကို မြင်တော့ သူက အင်တင်တင်နဲ့ ခွင့်လွှတ်ပေးလိုက်သည်။

ကျောက်ဝမ်ယုံးကတော့ သူသားလေး၏ အလေးအနက်ထား၍ ‌တွေးပေးမှုကို မခံစားမိပေ။ ရှီးအာလေး တစ်ယောက်ထဲ ဝင်လာသည်ကို မြင်သည့်အချိန်တွင် တမင်တကာ ထုတ်ပြထားသည့် အေးစက်ခက်ထန်သော မျက်နှာက လုံးဝဥဿုံ အေးစက်ခက်ထန်သွားတော့သည်။

"မင်း ဖေဖေရော"

သို့သော် ကျောက်ဝမ်ယုံးက စိတ်ထဲရှိ ဒေါသကို သည်းခံပြီး သားဖြစ်သူကို အတတ်နိုင်ဆုံး နူးညံ့သိမ်မွေ့စွာ ပြောလိုက်သည်။

သူစကားဆုံးသည်နှင့် ကျောက်ရှန့်ရှီး ထိုကောင်စုတ်လေးက ခေါင်းငိုက်စိုက်ကျသွားမယ်လို့ ဘယ်သူက ထင်မည်နည်း။ သူက စိတ်ပျက်လက်ပျက်နဲ့ ပြောလာသည်။

"ဖေဖေ ညီလေးကို သွားကြည့်တယ်..."

"ခမည်းတော်၊ ညီလေး ဒီမှာ မဟုတ်လား၊ ဖေဖေ့နန်းဆောင် ဘယ်လိုလို့ ရောက်သွားပြန်တာလဲ....."

လေသံထဲတွင် မကျေနပ်မှုများ ကိန်းအောင်းနေသေးသည်။

ကျောက်ဝမ်ယုံးက ကြားတော့ ကြက်သေသေသွားသည်။

"ညီလေးကို သူသွားကြည့်မယ်လို့ သားဖေဖေ သားကို ပြောတာလား"

"အင်း..."

ကျောက်ဝမ်ယုံး၏ မျက်ခုံးများက အသေကျုံ့သွားသည်။

"ခမည်းတော်သိပြီ၊ နို့ထိန်းအမေ ပြန်ချီခေါ်သွားတာဖြစ်လောက်မယ်၊ သား စိတ်မပူပါနဲ့"

ကျောက်ဝမ်ယုံးသည် စိတ်ထဲက မတည်မငြိမ်ဖြစ်နေမှုကို ထိန်းပြီး နူးညံ့ပျော့ပြောင်းသော လေသံနဲ့ အချစ်မခံရဝောာ့ဘူးလို့ ထင်နေသော သားလေးကို နှစ်သိမ့်ပေးလိုက်သည်။

သူ အာပေါက်မတတ် ပြောဆိုချော့မော့ပြီးမှသာ သူ့သားလေးက ပျော်ပျော်ရွင်ရွင်နဲ့ ထမင်းစားသွားတော့သည်။

ကျောက်ရှန့်ရှီး ထွက်သွားသည်နှင့်
ကျောက်ဝမ်ယုံး၏ မျက်နှာက ရုတ်ချည်း ပျက်ယွင်းသွားတော့သည်။ ဘေးနားက အန်းကုန်းကုန်းကို ခက်ထန်စွာ ပြောလိုက်သည်။

"ဘယ်လိုဖြစ်တာလဲ"

အန်းကုန်းကုန်းက ကြားတော့ စိတ်ထဲ ဒိန်းကနဲ ဖြစ်သွားသည်။ ကျောက်ဝမ်ယုံး၏ ရှေ့မှောက်မှာ ချက်ချင်း ဒူးထောက်ချပြီး မျက်မှောင်ကျုံ့ကာ ဦးနှောက်ခြောက်မတတ် ခဏ စဉ်းစားပြီးမှသာ သံသယလေသံနဲ့ ပြောလိုက်သည်။

"ကျွန်တော်မျိူး သိပ် နားမလည်ပါဘူး၊
ဒါပေမယ့် သခင်လေး နေ့လည်က အန်းချီးကို သွားတွေ့ခဲ့တယ်"

အန်းချီးသည် နတ်ဆေးဆရာ အယောင်ဆောင်ထားသော လူဖြစ်သည်။

အပိုင္း(၈၄) လက္စသတ္ေတာ့ ဒီလိုကိုး

တကယ္ေတာ့ တျခားဘယ္သူမွ မဟုတ္သလို လုပ္ၾကံဖို႔ ၾကံစည္ထားတာမ်ိဳးလည္း မဟုတ္ေပ။ အားလုံးက သူကို လွည့္စားဖို႔အတြက္ ေက်ာက္ဝမ္ယုံး သုံးထားတာ လက္နက္မ်ားသာျဖစ္သည္။

ထို႔အျပင္ သူက အရင္တုန္းကလို သူ႕ ေထာင္ေခ်ာက္ထဲ အလြယ္တကူ က်သြားခဲ့ျပန္သည္။

ကုထင္ရန္သည္ သူ႕ရင္ခြင္ထဲ ေျပးဝင္လာေသာ ေက်ာက္႐ွန္႔႐ွီးကို ဖြဖြေလး ဖက္လိုက္ေပမယ့္ ေခါင္းထဲမွာေတာ့ စကားတစ္ခြန္းက အဆက္မပ်က္ တဖြားဖြားေပၚလာခဲ့သည္။

ဘာလို႔လဲ

ဘာလို႔ သူ ေက်ာက္ဝမ္ယုံးကို ယုံၾကည္ခ်င္မိသည့္ အခ်ိန္တိုင္း အႏွီလူက သူ႕ရဲ႕ စိတ္ကူးအိပ္မက္မ်ားအားလုံးကို ႐ိုက္ခ်ိဳးပစ္ၿပီး လက္ေတြ႕ဘဝရဲ႕ ရက္စက္မႈကို ေျပာျပရသနည္း။

ၾကားထဲက ေျခလွမ္းတိုင္းကို သူမေတြးရမေနႏိုင္ျဖစ္လာသည္။ ေၾကာက္စရာေကာင္းလွေသာ အေတြးတစ္ခုက သူ႕ႏွလုံးသားေအာက္ေျခထဲမွ ထြက္ေပၚလာၿပီး သူ႕ႏွလုံးသားထိပ္ဖ်ားဆီသို႔ ေျဖးေျဖးခ်င္းဆီ တတ္လာခဲ့သည္။ စစခ်င္းကတည္းက အရာအားလုံးကို ေက်ာက္ဝမ္ယုံးက ထိန္းခ်ဳပ္ထားတာမ်ားလား။

သူ စစခ်င္းကတည္းက ခ်န္႐ွင္း၏ အၾကံကို ရိပ္မိခဲ့ၿပီး ေျဖ႐ွင္းမည့္ နည္းလမ္းကိုလည္း ႐ွာေတြ႕ခဲ့သည္။ သို႔ေပမယ့္ သူ႕ကို လွည့္စားဖို႔အတြက္ အဆင့္ဆင့္ေျခကုပ္ယူၿပီး အကြက္ေစ့ေအာင္ အစီအစဥ္ခ်ခဲ့သည္။ မဟုတ္ေသး။ သူ႕ကို လွည့္စားဖို႔အတြက္တင္ မဟုတ္ေပ။ ေက်ာက္ဝမ္ယုံးလိုလူစားမ်ိဳးက  ဤမွ် ႀကီးမားေသာ စေတးမႈကို လုပ္ဖို႔ ဆႏၵ႐ွိျခင္းသည္ သူ႕အတြက္ ဘာအက်ိဳးမွမ႐ွိေသာ အရာကို လိုခ်င္လို႔ မဟုတ္ေလာက္ေပ။

သူ ဤသို႔ လုပ္တာက ေ႐ွာင္ႏုမ်ားကို တစ္ခါတည္း ဖမ္းဖို႔အတြက္ ျဖစ္ေကာင္းျဖစ္ႏိုင္သည္။ အဆုံးမွာေတာ့ ၎အရာက သူ ႏွစ္ေပါင္းမ်ားစြာ ေတာင့္တလာခဲ့ေသာ ဆႏၵျဖစ္သည္။

သူ ကုထင္ရန္ကေတာ့ ထို ကစားပြဲထဲမွာ အရံဇာတ္ေကာင္တစ္ေယာက္၊ ေအာင္ႏိုင္ျခင္းရဲ႕ ဆုလာဘ္တစ္ခုသာျဖစ္သည္။

ကုထင္ရန္က စဥ္းစားေလ သဘာဝက်ေလျဖစ္လာသည္။ သည္ႏွစ္ေတြမွာ ရင္နင့္စရာေကာင္းသည့္ တန္ေၾကးကို‌ သူ ေပးဆပ္ၿပီးမွသာ ေနာက္ဆုံး သေဘာေပါက္နားလည္သြားေတာ့သည္။ တရားမွ်တေသာ ေလာကႀကီးမွာ သူ ကုထင္ရန္သည္ ေက်ာက္ဝမ္ယုံးအတြက္ကေတာ့ အမွန္ပင္ အလြယ္တကူ စေတးပစ္လို႔ရေသာ လူတစ္ေယာက္ ျဖစ္သည္။

ပန္းတိုင္ေရာက္ဖို႔အတြက္ တျခားနည္းလမ္း႐ွိေသးရင္ေတာင္ ေက်ာက္ဝမ္ယုံးအတြက္ကေတာ့ တန္ရာတန္ေၾကး ေပးဆပ္ရျခင္းသည္ သူလက္ခုပ္ထဲမွာ အၿမဲ ႐ွိေနသည့္
ကုထင္ရန္ကို စေတးပစ္ရတာထက္ အမ်ားႀကီး ႀကီးမားသည္။

သူ႕ကို စြန္႔ပစ္ျခင္းသည္ အလြန္မွန္ကန္ေသာ ေ႐ြးခ်ယ္မႈတစ္ခုျဖစ္သည္။ အသိဉာဏ္႐ွိေသာ ေခါင္းေဆာင္တိုင္းက ဤ ေ႐ြးခ်ယ္မႈကို ျပဳလုပ္ၾကလိမ့္မည္။

ကုထင္ရန္၏ စိတ္ထဲ ႐ုတ္တရက္ ေၾကာက္႐ြံ႕လာသည္။ ဟိုးအစကတည္းက သူ႕ကို အခ်ိန္မေ႐ြး စေတးပစ္လို႔ရသည့္ ေနရာမွာ ထားထားလွ်င္ ေက်ာက္ဝမ္ယုံးရဲ႕ ဆုံးျဖတ္ခ်က္တိုင္းကို သူနားလည္ႏိုင္သည္။

"ေဖေဖ ဘာျဖစ္လို႔လဲ"

ကုထင္ရန္၏ မ်က္ႏွာက တင္းမာခက္ထန္ေနၿပီး စကားတစ္လုံးမွ မေျပာသျဖင့္ သူ႕ရင္ခြင္ထဲမွာ ႐ွိေနသည့္ ေက်ာက္႐ွန္႔႐ွီးက မသကၤာစိတ္နဲ႔ ေမးလိုက္သည္။

"ေဖေဖ ဘာမွမျဖစ္ပါဘူး"

ကုထင္ရန္က ဖက္ထားသည့္ လက္ကို လႊတ္ၿပီးေနာက္ ေက်ာက္႐ွန္႔႐ွီး၏ လက္ကို ဆြဲလိုက္သည္။ ထို႔ေနာက္ တည္ၿငိမ္ခ်င္ေယာင္ေဆာင္ၿပီး ေျပာလိုက္သည္။

"ခမည္းေတာ္ ဘာမွမျဖစ္ေတာ့ဘူးမလား။ အန္းကုန္းကုန္းက ေျပာတယ္၊ ခမည္းေတာ္ရဲ႕ ေရာဂါက အရမ္းျပင္းထန္လို႔ သလြန္ေပၚက ေတာင္ မဆင္းႏိုင္ဘူးတဲ့၊ သားတစ္သက္မွာ ခမည္းေတာ္ရဲ႕ အဲ့ဒီပုံစံကို ပထမဆုံးအႀကိမ္ ျမင္ဖူးတာပဲ"

ေက်ာက္႐ွန္႔႐ွီးက အလြန္အလိုက္သိစြာနဲ႔ ထပ္မေမးေတာ့ဘဲ တျခားအေၾကာင္းေျပာလိုက္သည္။

"အရမ္း ျပင္းထန္တာ..."

ကုထင္ရန္က ၾကားေတာ့ တစ္ခ်က္ ၾကက္ေသေသသြားေပမယ့္ ေနာက္ဆုံးမွာေတာ့ ခက္ခက္ခဲခဲနဲ႔ ေျပာလိုက္သည္။

သူ႕စိတ္ထဲတြင္ ႐ုတ္တရက္ အရမ္းမျပင္းထန္ေလာက္ေၾကာင္း ေတြးမိေနသည္။ အဆုံးမွာေတာ့ သူ  တမင္ ဟန္ေဆာင္ထားတာျဖစ္သည္။

တကယ္ေတာ့ ကုထင္ရန္ ကိုယ္တိုင္ကလည္း ဘယ္အခ်ိန္ကတည္းကစၿပီး ေက်ာက္ဝမ္ယုံး ေျပာသည့္ စကားတိုင္းကို ယုံၾကည္ဖို႔ အရမ္းခက္ခဲေနမွန္းမသိေတာ့ေခ်။ ထိုထက္ပင္မက သူေျပာသည့္စကားမ်ားကို အၿငိဳးႀကီးႀကီးနဲ႔ ထင္ေၾကးသြားေပးဖို႔ေတာင္ မေၾကာက္ေပ။

ေသခ်ာေပါက္ သူ သူ႕ကို ယုံၾကည္ခ်င္မိတာျဖစ္သည္။ သို႔ေပမယ့္ ျပႆနာကို အဦးဆုံး႐ွာ‌ေတြ႕သည့္အခ်ိန္မွာ သူ႕ကို ဖုံးကြယ္ဖို႔ ေ႐ြးခ်ယ္ခဲ့သည္။ သူ႕ႏွလုံးသားထဲမွာ အေစာႀကီးကတည္းက အေျဖကို ခန္႔မွန္းမိထားၿပီျဖစ္သျဖင့္ ေက်ာက္ဝမ္ယုံးကို အျမန္ဆုံး အျပစ္ေပးခ်င္ေနသလို ခံစားခ်က္မ်ိဳး ေပါက္ဖြားလာသည္။

ေသခ်ာေပါက္ မည္သည့္ သက္ေသမွ မ႐ွိေပမယ့္ မိမိ၏ ႏွလုံးသားကို ေက်ာက္ဝမ္ယုံးလက္ထဲ မထည့္ႏိုင္ေတာ့ေပ။

"ေဖေဖ! ေဖေဖ!"

ကုထင္ရန္သည္ ဘယ္အခ်ိန္တုန္းက အေတြးေရယာဥ္ေၾကာထဲ ထပ္ေမွ်ာပါသြားမွန္း မသိေတာ့ေပ။ ေက်ာက္႐ွန္႔႐ွီးက သူ႕ပုံစံကို ျမင္ေတာ့ အသံက်ယ္ႀကီးနဲ႔ ေျပာလိုက္သည္။

"အာ.... သား ခုနက ဘာေျပာလိုက္တာလဲ"

ကုထင္ရန္က သူ႕ေခၚသံေၾကာင့္ သတိျပန္ဝင္သြားၿပီး အထစ္အထစ္အေငါ့ေငါ့နဲ႔ ေမးလိုက္သည္။ ထိုပုံစံက ၾကည့္လိုက္သည္ႏွင့္ ခုနက အာ႐ုံစိုက္နားေထာင္ခဲ့ျခင္း မ႐ွိပုံရသည္။

ေက်ာက္႐ွန္႔႐ွီးက မ်က္ေမွာင္ ခပ္ယဲ့ယဲ့ကေလး က်ံဳ႕လိုက္ေပမယ့္ ေဖေဖက အခုတေလာ ခမည္းေတာ္ ကိစၥအတြက္နဲ႔ ပူပင္ေသာကမ်ားခဲ့သည္ကို သူေတြးမိလိုက္သည္။ အေတာ္ေလး ေျခကုန္လက္ပန္းက်ေနေလာက္မည္ျဖစ္သျဖင့္ သူ႕ကို သည္တစ္ေခါက္ နည္းနည္းေလး ခြင့္လႊတ္ေပးလိုက္ပါမည္။

"သား ေဖေဖ့ကို ေမးမလို႔၊ ဘယ္လိုလုပ္ ဒီေရာက္လာတာလဲ"

စိတ္ထဲမွာ ထိုသို႔ ေတြးေနမိေပမယ့္
ေက်ာက္႐ွန္႔႐ွီးကေတာ့ မဆိုစေလာက္ေလး ဝမ္းနည္းေနမိေသးသျဖင့္ စကားေျပာတဲ့ အသံေတာင္ ခံစားခ်က္ပိစိေလး ကပ္ပါေနခဲ့သည္။

သို႔ေပမယ့္ ကုထင္ရန္က သတိမထားမိေခ်။

သူ တစ္ခ်က္ ေခါင္းေမာ့ၾကည့္လိုက္ေတာ့ မထင္မွတ္ဘဲ ေတြ႕လိုက္ရသည္။ လက္စသတ္ေတာ့ သူ အမႈမဲ့အမွတ္မဲ့နဲ႔ မုခ်န္နန္းေဆာင္ဘက္သို႔ ဦးတည္သြားမိခဲ့တာျဖစ္သည္။

"သားတို႔ ခမည္းေတာ္ကို သြားၾကည့္မွာမဟုတ္လား၊ ဘယ္လိုလုပ္ ဒီေရာက္လာတာလဲ"

ေက်ာက္႐ွန္႔႐ွီးက နားမလည္သည့္ အမႈအရာနဲ႔ သူ႕ကို ၾကည့္လာေလသည္။ စိတ္ထဲက ထိုစိတ္ဆိုးေနမႈကလည္း တေျဖးေျဖး ေပ်ာက္ကြယ္သြားခဲ့သည္။ သူက မိမိ၏ အေဖကို ၾကည့္၍ ထပ္ေျပာလိုက္သည္။

'ခမည္းေတာ္' ဆိုေသာ စကားလုံးႏွစ္လုံးက သူ႕ပါးစပ္ထဲမွ ထြက္က်လာခဲ့ၿပီး ကုထင္ရန္ နားထဲ သက္ဆင္းသြားေလသည္။ ေျပာျပရခက္ေသာ နာက်ည္းမႈမ်ား ကပ္ပါေနခဲ့သည္။

သူက ဘာမွျဖစ္ဟန္ေဆာင္ၿပီး ႐ွီးအာေလးကို ေပါ့ေပါ့ပါးပါးနဲ႔ ေျပာလိုက္သည္။

"ေဖေဖက ညီေလးကို သြားၾကည့္ခ်င္လို႔ပါ၊ ညီေလးက တစ္ေနလုံး ေဖေဖကို မေတြ႕ရေတာ့ သူထပ္ငိုမွာ စိုးလို႔"

ေျပာရင္း ကုထင္ရန္က ေက်ာက္႐ွန္႔႐ွီး၏ လက္ကို လႊတ္ၿပီး ထပ္ျဖည့္ေျပာလိုက္သည္။

"႐ွီးအာေလး ခမည္းေတာ္ကို သြားၾကည့္လိုက္၊ ေဖေဖက ညီေလးကို သြားၾကည့္လိုက္မယ္၊ မေကာင္းဘူးလား"

"ဒါေပမယ့္...."

ေက်ာက္႐ွန္႔႐ွီး ထူးဆန္းေနသလို ခံစားမိလိုက္သည္။ ပါးစပ္ဟမလို႔ျပင္လိုက္သည့္အခိုက္မွာ ကုထင္ရန္က ထပ္ေျပာလိုက္သည္။

"လိမၼာတယ္၊ ေဖေဖ့စကားနားေထာင္၊ ဟုတ္ၿပီလား"

ကုထင္ရန္၏ မ်က္ဝန္းထဲတြင္ အပူတျပင္း ေလာ္ေဆာ္လိုမႈမ်ား ကပ္ပါေနခဲ့သည္။
ေက်ာက္႐ွန္႔႐ွီး စိတ္ထဲက ထိုထူးဆန္းေနမႈမ်ားကို မိမိဖာသာ ဖိႏွိပ္ၿပီး ေဖေဖ့ကို ေခါင္းေလးၿငိမ့္၍ ေျပာလိုက္ေတာ့သည္။

"ဟုတ္...."

အသံက ဝမ္းနည္းဟန္စြက္ေနေပမယ့္
ကုထင္ရန္က သတိမထားမိလိုက္ေပ။ အခု သူ႕ေခါင္းထဲတြင္ ႐ူပ္ေထြးေပြလီ‌ေသာအေတြးမ်ား ဝိုင္းထားသျဖင့္ ေနရာတစ္ေနရာ႐ွာၿပီး ထိုင္ခ်ကာ ေအးေအးေဆးေဆး စဥ္းစားၾကည့္ရမည္။

အနည္းဆုံး သူ႕စိတ္ထဲက အ‌ေတြးမ်ားကို ေသခ်ာနားလည္မွျဖစ္မည္။

ကုထင္ရန္က ေက်ာက္႐ွန္႔႐ွီး၏ ပါးေလးကို ျပဳံးလ်က္ နမ္းလိုက္ေလသည္။ ထို႔ေနာက္ ‌လွည့္ေတာင္မၾကည့္ဘဲ ထြက္သြားလိုက္ေတာ့သည္။

သူ႕ရဲ႕ ပုံရိပ္ေလး တေျဖးေျဖးေဝးကြာသြားသည့္အခ်ိန္က်မွသာ ေက်ာက္႐ွန္႔႐ွီးက ခုနက မိမိေျပာေအာင္မေျပာလိုက္သည့္ ထိုစကားကို အျမန္ ျပန္စဥ္းလိုက္သည္။ သူေျပာခ်င္တာက ထိုက္က်ီနန္းေဆာင္ရဲ႕ အရံနန္းေဆာင္ထဲမွာ ညီေလး႐ွိေနတာမဟုတ္လား။ ေဖေဖက သူ႕ကို ၾကည့္ဖို႔ မုခ်န္နန္းေဆာင္ကို ဘာလို႔ သြားရသနည္း။

ထို႔အျပင္ ညီေလးသူက အငိုမသန္ဘူး မဟုတ္လား။

သူ႕စကားမ်ားကို ေျပာခြင့္မရလိုက္သျဖင့္ မိမိ၏ ေဖေဖက သူ႕မ်က္စိေ႐ွ႕မွာ ထြက္သြားသည္ကို မ်က္လုံးအျပဴးသားနဲ႔ ၾကည့္ေန႐ုံသာတတ္ႏိုင္ေတာ့သည္။

"မင္းငိုေတာ့မလို႔လား"

ေက်ာက္႐ွန္႔႐ွီးက မူလေနရာမွာရပ္‌၍ ေဖေဖ ထြက္သြားရာဘက္သို႔ ေငးေၾကာင္ေၾကာင္နဲ႔ ၾကည့္ေနရင္း ငိုခ်င္လာေလသည္။ ႐ုတ္တရက္ နားဝင္ခ်ိဳစရာ အသံတစ္သံက သူ႕ေနာက္မွ ထြက္ေပၚလာေလသည္။ သူ လွည့္ၾကည့္လိုက္ေတာ့ ခ်ီးလွ်ိဳျဖစ္ေနသည္။

"မဟုတ္ပါဘူး"

ေက်ာက္႐ွန္႔႐ွီး၏ မ်က္ႏွာက ကြက္ခနဲ ပ်က္သြားၿပီး အေနာက္ကလူကို ေအာ္ထည့္လိုက္ေတာ့သည္။ ခက္ထန္ရက္စက္သည့္ပုံစံျဖင့္ သူ႕ႏွလုံးသားေအာက္ေျခ႐ွိ ေပ်ာ့ညံ့မႈကို ဖုံးကြယ္ဖို႔ ႀကိဳးစားလိုက္သည္။

ခ်ီးလွ်ိဳက နည္းနည္း ထိတ္လန္႔သြားလိမ့္မည္ဟု သူထင္မိလိုက္သည္။ အဆုံးမွာေတာ့ သူက အိမ္ေ႐ွ႕စံျဖစ္သျဖင့္ သူစိတ္တိုေဒါသထြက္တိုင္း သူ႕အနား႐ွိ လူအားလုံးက ထိတ္လန္႔သြားတတ္သည္။

သို႔ေပမယ့္ အႏွီလူကေတာ့ ထိုသို႔ မဟုတ္ေပ။

ထိုလူက သူ႕ကိုပဲၾကည့္ေနၿပီးေနာက္ ႏူးညံ့သိမ္ေမြ႕စြာနဲ႔ ေျပာလိုက္သည္။

"ေအာ္"

သူ႕ ပုံစံက အနည္းငယ္ အူေၾကာင္‌ေၾကာင္ႏိုင္သည့္အျပင္ ေျခမကိုင္မိလက္မကိုင္မိျဖစ္တဲ့အထိ ႏုံအေနေသးသည္။ ေက်ာက္႐ွန္႔႐ွီးက ေဒါသတႀကီးနဲ႔ သူ႕‌ကို ေက်ာ္ၿပီး တျခားဘက္သို႔ တည့္တည့္ ေလွ်ာက္သြားလိုက္သည္။ ထိုလူကလည္း ေၾကာင္ေတာင္ေတာင္နဲ႔ သူ႕ေနာက္လိုက္လာသည္။

ေျခလွမ္းတစ္ရာေတာင္မျပည့္ေသးေပ။ ေက်ာက္႐ွန္႔႐ွီးက သည္းမခံႏိုင္ေတာ့သျဖင့္ သူက ႐ုတ္တရက္ ေျခလွမ္းကို ရပ္ခ်လိုက္ၿပီး အေနာက္က လူကို ေအာ္ထည့္လိုက္ေတာ့သည္။

"မင္း ငါ့ေနာက္လိုက္ၿပီး ဘာလုပ္ဖို႔လဲ"

သူက မ်က္လုံးအျပဴးသားျဖစ္ေနသျဖင့္ ၾကည့္ရတာ အလြန္အမင္း ေဒါသထြက္ေနပုံရသည္။

ခ်ီးလွ်ိဳသည္ သူ႕ဆီက ေအာ္ထည့္ခံလိုက္ရေတာ့ မူလေနရာမွာ ရပ္လိုက္သည္။ သူက အတန္ၾကာသည္အထိ ဟိုၾကည့္ဒီၾကည့္ ၾကည့္ၿပီးမွသာ ေၾကာင္ေတာင္ေတာင္နဲ႔ မိမိကိုယ္ကို လက္ညိႇဳးထိုးၿပီး မဝံမရဲေျပာလိုက္သည္။

"ငါ...ငါ"

ေက်ာက္႐ွန္႔႐ွီးသည္ သူရဲ႕ ထိုပုံစံကို ျမင္ေတာ့ ပိုၿပီး စိတ္တိုသြားေလသည္။ သူက အသံက်ယ္ႀကီးနဲ႔ ေအာ္လိုက္သည္။

"မင္း မဟုတ္ရင္ ဘယ္သူလဲ"

ေျပာၿပီး မေက်နပ္ေသးသျဖင့္ ထပ္ေျပာလိုက္သည္။

"ငါဝမ္းမနည္းဘူးလို႔ ေျပာတယ္ေလ၊ မင္း ငါ့ေနာက္ ဘာလိုက္လုပ္ေနတာလဲ!"

႐ွီးလွ်ိဳက သူ႕ေျပာၿပီးတဲ့အထိ ေစာင့္ၿပီးေနာက္ တစ္ခ်က္ တုံ႔ဆိုင္းသြားၿပီးမွသာ အထစ္ထစ္အေငါ့ေငါ့နဲ႔ ေျပာလိုက္သည္။

"ငါ....ငါ ‌အဲ့ဒီဘက္မွာ ေနတာေလ၊ မင္း လမ္းမွားေနၿပီ"

သူ႕စကားဆုံးသည္ႏွင့္ ေက်ာက္႐ွန္႔႐ွီးက မယုံသကၤာနဲ႔ ပတ္ပတ္လည္ကို တစ္ခ်က္ၾကည့္လိုက္သည္။ ထို႔ေနာက္ မ်က္ႏွာက လုံးလုံးလ်ားလ်ား နီရဲသြားေတာ့သည္။

"ဟြန္႔!"

သူ အမွန္ပင္ အနည္းငယ္ အိုးတိုးအမ္းတမ္းျဖစ္သြားသျဖင့္ ေအးစက္စက္ႏွာတစ္ခ်က္ မႈတ္လိုက္သည္။ ေဒါသတႀကီးနဲ႔ ႐ွီးလွ်ိဳကို တြန္းထုတ္ၿပီးေနာက္ ထိုက္က်ီနန္းေဆာင္ဘက္သို႔ သြားလိုက္သည္။ သို႔ေပမယ့္ သူက ႐ွီးလွ်ိဳထက္ ႏွစ္အနည္းငယ္ ငယ္သျဖင့္ သူ႕ခႏၶာကိုယ္က ဘယ္ေလာက္ပဲ ၾကံခိုင္သန္မာေနပါေစ ႐ွီးလွ်ိဳထက္ အရပ္မျမင့္ေသာေၾကာင့္ ဗိုလ္က်ရမ္းကားသည့္ အျပဳအမူလုပ္လည္း ဟိတ္ဟန္မ႐ွိေခ်။

"မင္းသတိထား...."

ခ်ီးလွ်ိဳက ေနာက္ကေန သတိေပးလိုက္သည္။ ေက်ာက္႐ွန္႔႐ွီးကေတာ့ လွည့္ေတာင္မၾကည့္ဘဲ ေ႐ွ႕သို႔ ေလွ်ာက္သြားလိုက္သည္။

ခ်ီးလွ်ိဳက သူသြားရာဘက္သို႔ မမွိတ္မသုန္ စိုက္ၾကည့္ေနရင္း ႐ုတ္တရက္ ျပဳံးလိုက္သည္။

သူ႕ ႐ုပ္ရည္သြင္ျပင္က တျခားသူေတြကို အံၾသသြားေစသည့္ ပုံစံမ်ိဳး မဟုတ္ေပ။ ဖခင္ျဖစ္သူအား ေနတိုင္းေတြ႕ေနရသည့္
ေက်ာက္႐ွန္႔႐ွီးလို လူမ်ိဳးအတြက္ကေတာ့ သူ႕႐ုပ္ရည္က အံဩစရာမဟုတ္ေပ။ သို႔ေပမယ့္ သူ႐ုပ္ရည္က အရမ္း အၾကည့္ခံသည္။  လူေတြ ၾကည့္မိသည္ႏွင့္ ႐ူမၿငီးဖြယ္ေခ်ာေမာခံညားေသာ သခင္ေလးဟု တင္စားခ်င္ၾကတဲ့ ပုံစံမ်ိဳးျဖစ္သည္။

သို႔ေပမယ့္ သူက အခ်ိန္ေတြေတာ္ေတာ္မ်ားမ်ားမွာ တင္းမာခက္ထေရာ္ေသာ မ်က္ႏွာထားနဲ႔ အနားက လူမ်ားကို ေအးတိေအးစက္ ‌ဆက္ဆံေလ့႐ွိသည္။

သူ႕ မ်က္ႏွာေပၚမွာ အျပဳံးမ်က္ႏွာ ျမင္ရဖို႔ အင္မတန္ ခဲယဥ္းသည္။

ထို႔အျပင္ အႀကိမ္တိုင္း သူ ဤအျပဳံးမ်က္ႏွာနဲ႔ ေျပာဆိုဆက္ဆံသည့္လူက တကယ္ေတာ့ တစ္ေယာက္ထဲ႐ွိသည္။

ႏွေျမာစရာက ဘယ္သူမွမသိခဲ့ၾကေပ။

"ခမည္းေတာ္!"

ေက်ာက္႐ွန္႔႐ွီးက အသံအက်ယ္ႀကီးနဲ႔ ေအာ္ ေခၚလိုက္ေပမယ့္ လူက ေရာက္မလာေသးေပ။ ေက်ာက္ဝမ္ယုံးက သူ႕သားေလးရဲ႕ အသံကို ၾကားလိုက္ရသည္။

ေက်ာက္ဝမ္ယုံးက မ်က္ႏွာထားကို တင္း၍ ေအးစက္ခက္ထန္ေသာ ပုံစံ တမင္ထုတ္ျပထားသည္။ ရလဒ္ကေတာ့ မ်က္လုံးပင့္ၾကည့္လိုက္သည္ႏွင့္ သူ႕သားေလးကိုသာ ျမင္လိုက္ရသည္။

"ခမည္းေတာ္ ဘာျဖစ္လို႔လဲ"

ေက်ာက္႐ွန္႔႐ွီးက သူေ႐ွ႕မွာ အေတာ္ေလး ‌ထိန္းထိန္းသိမ္းသိမ္း႐ွိသည္။ ခ်က္ခ်င္း ေက်ာကို မတ္ၿပီး ခမည္းေတာ္အား စိတ္ပူေနဟန္နဲ႔ ေျပာလာသည္။

ေဖေဖ သူ႕ကို ေျပာၿပီးၿပီျဖစ္သည္။ ခမည္းေတာ္ အရင္က နာမက်န္းျဖစ္မႈေၾကာင့္ စိတ္အေျခအေန မေကာင္းလို႔သာ သူ႕အား ေဒါသထြက္တာျဖစ္သည္။ မိမိ ေနမေကာင္းျဖစ္တုန္းကလည္း စိတ္အေျခအေန မေကာင္းခဲ့ဘူးဟု ေတြးမိလိုက္သည္။ သူ႕ခမည္းေတာ္၏ သနားစဖြယ္ပုံစံကို ျမင္ေတာ့ သူက အင္တင္တင္နဲ႔ ခြင့္လႊတ္ေပးလိုက္သည္။

ေက်ာက္ဝမ္ယုံးကေတာ့ သူသားေလး၏ အေလးအနက္ထား၍ ‌ေတြးေပးမႈကို မခံစားမိေပ။ ႐ွီးအာေလး တစ္ေယာက္ထဲ ဝင္လာသည္ကို ျမင္သည့္အခ်ိန္တြင္ တမင္တကာ ထုတ္ျပထားသည့္ ေအးစက္ခက္ထန္ေသာ မ်က္ႏွာက လုံးဝဥႆုံ ေအးစက္ခက္ထန္သြားေတာ့သည္။

"မင္း ေဖေဖေရာ"

သို႔ေသာ္ ေက်ာက္ဝမ္ယုံးက စိတ္ထဲ႐ွိ ေဒါသကို သည္းခံၿပီး သားျဖစ္သူကို အတတ္ႏိုင္ဆုံး ႏူးညံ့သိမ္ေမြ႕စြာ ေျပာလိုက္သည္။

သူစကားဆုံးသည္ႏွင့္ ေက်ာက္႐ွန္႔႐ွီး ထိုေကာင္စုတ္ေလးက ေခါင္းငိုက္စိုက္က်သြားမယ္လို႔ ဘယ္သူက ထင္မည္နည္း။ သူက စိတ္ပ်က္လက္ပ်က္နဲ႔ ေျပာလာသည္။

"ေဖေဖ ညီေလးကို သြားၾကည့္တယ္..."

"ခမည္းေတာ္၊ ညီေလး ဒီမွာ မဟုတ္လား၊ ေဖေဖ့နန္းေဆာင္ ဘယ္လိုလို႔ ေရာက္သြားျပန္တာလဲ....."

ေလသံထဲတြင္ မေက်နပ္မႈမ်ား ကိန္းေအာင္းေနေသးသည္။

ေက်ာက္ဝမ္ယုံးက ၾကားေတာ့ ၾကက္ေသေသသြားသည္။

"ညီေလးကို သူသြားၾကည့္မယ္လို႔ သားေဖေဖ သားကို ေျပာတာလား"

"အင္း..."

ေက်ာက္ဝမ္ယုံး၏ မ်က္ခုံးမ်ားက အေသက်ံဳ႕သြားသည္။

"ခမည္းေတာ္သိၿပီ၊ ႏို႔ထိန္းအေမ ျပန္ခ်ီေခၚသြားတာျဖစ္ေလာက္မယ္၊ သား စိတ္မပူပါနဲ႔"

ေက်ာက္ဝမ္ယုံးသည္ စိတ္ထဲက မတည္မၿငိမ္ျဖစ္ေနမႈကို ထိန္းၿပီး ႏူးညံ့ေပ်ာ့ေျပာင္းေသာ ေလသံနဲ႔ အခ်စ္မခံရေဝာာ့ဘူးလို႔ ထင္ေနေသာ သားေလးကို ႏွစ္သိမ့္ေပးလိုက္သည္။

သူ အာေပါက္မတတ္ ေျပာဆိုေခ်ာ့ေမာ့ၿပီးမွသာ သူ႕သားေလးက ေပ်ာ္ေပ်ာ္႐ြင္႐ြင္နဲ႔ ထမင္းစားသြားေတာ့သည္။

ေက်ာက္႐ွန္႔႐ွီး ထြက္သြားသည္ႏွင့္
ေက်ာက္ဝမ္ယုံး၏ မ်က္ႏွာက ႐ုတ္ခ်ည္း ပ်က္ယြင္းသြားေတာ့သည္။ ေဘးနားက အန္းကုန္းကုန္းကို ခက္ထန္စြာ ေျပာလိုက္သည္။

"ဘယ္လိုျဖစ္တာလဲ"

အန္းကုန္းကုန္းက ၾကားေတာ့ စိတ္ထဲ ဒိန္းကနဲ ျဖစ္သြားသည္။ ေက်ာက္ဝမ္ယုံး၏ ေ႐ွ႕ေမွာက္မွာ ခ်က္ခ်င္း ဒူးေထာက္ခ်ၿပီး မ်က္ေမွာင္က်ံဳ႕ကာ ဦးေႏွာက္ေျခာက္မတတ္ ခဏ စဥ္းစားၿပီးမွသာ သံသယေလသံနဲ႔ ေျပာလိုက္သည္။

"ကြၽန္ေတာ္မ်ိဴး သိပ္ နားမလည္ပါဘူး၊
ဒါေပမယ့္ သခင္ေလး ေန႔လည္က အန္းခ်ီးကို သြားေတြ႕ခဲ့တယ္"

အန္းခ်ီးသည္ နတ္ေဆးဆရာ အေယာင္ေဆာင္ထားေသာ လူျဖစ္သည္။









Comment