အခန်း(၅၅) ကျွန်တော့်မှာ‌ကိုယ်ဝန်ရှိနေပြီ

"သူ့ကိုထိတော့ မင်းအတွက် ဘာအကျိုးရှိလို့လဲ!"

ကုထင်ရန်က‌  မကြားလိုက်သလိုပင်။ သူကရုတ်တရက် ခေါင်းမော့လာပြီး မျက်ဝန်းတွေက ကြည်လင်ပြတ်သားနေသည်။

"ကျောက်ဝမ်ယုံး ကျွန်တော်မှာ ကိုယ်ဝန်ရှိနေပြီ"

ကျွန်တော်မှာ ကိုယ်ဝန်ရှိနေပြီ!

ရိုးရိုးရှင်းရှင်း စကားလုံးလေးလုံးက
တကျိုး၏ အမြင့်မြတ်ဆုံး‌သော ဧကရာဇ်အရှင်ကို ထိုနေရာမှာတင် တုန်လှုပ်သွား‌စေသည်။

ကျောက်ဝမ်ယုံးက နားကြားမှားတယ်လို့ ထင်လိုက်သည်။ သူ့၏ မျက်လုံးထဲမှာ မယုံကြည်နိုင်မှုတွေဖြင့် ပြည့်နှက်‌နေသည်။ အတန်ကြာမှသာ သတိပြန်ဝင်လာပြီး စကားပြောသည့် အသံက တုန်ယင်နေသည်။

" မင်းဘာပြောနေလဲဆိုတာ သိရဲ့လား"

"မင်းက ယောင်္ကျားတစ်ယောက်လေ"

သူက သူ့ကိုယ်သူ နားချနေသလိုပင်။ ခေါင်းမာမာဖြင့် ကုထင်ရန်က သူ့ကို လိမ်‌ပြောနေတယ်လို့ အခိုင်အမာ ယုံကြည်နေသည်။

သူ့ လက်ချောင်းတွေက မသိမသာတုန်ယင်နေပေမယ့်  ပြန်ထိန်းချုပ်လိုက်သည်။ နှလုံးသားထဲက တောင့်တမှုကို  မျိုသိပ်ထားပြီး ကုထင်ရန်အား  အတင်းဖျစ်ညှစ်၍ ပြုံးပြလိုက်သည်။

"မင်းလိုချင်တာမှန်သမျှ ကိုယ်ပေးမယ်၊ မင်းကိုယ့်ကို လိမ်စရာမလိုပါဘူး"

သည် အဖြစ်အပျက်က ရုတ်တရက် သိပ်ဆန်လွန်းလှသဖြင့် မသိစိတ်ကနေ
ကျောက်ဝမ်ယုံးက ငြင်းဆန်နေမိသည်။
ကုထင်ရန်က သူ့ကို နောက်ပြောင်နေတာပါလို့ ပြောသည့် အဖြေကို ပြင်းပြင်းပြပြလိုချင်နေသည်။ 

ကုထင်ရန်ကတော့ လျစ်လျူရှု၍ မကြားချင်ယောင်ဆောင်လိုက်သည်။ သူက ခိုင်မာပြတ်သားစွာဖြင့်ကျောက်ဝမ်ယုံး၏ မျက်လုံးတွေကို တည့်တည့်စိုက်ကြည့်လိုက်သည်။

"ကျွန်တော် အတည်ပြောနေတာ"

သူ ကိုယ်တိုင်ကလည်း အရင်တုန်းက လက်ခံနိုင်စွမ်းမရှိခဲ့သည့် အမှန်တရားကို တစ်လုံးချင်း တစ်ခွန်းချင်းဆီ ပြောလိုက်သည်။

"ကျွန်တော့် အမေဘက်က အဖွားက ကျန်းဝုလူမျိုး"

ကျန်းဝု၊ ထိုစကားလုံးနှစ်လုံးသည် တစ်ချိန်တုန်းက တကျိုးတွင် လော့ထင်ဖုန်း ရောက်ရှိလာမှုကြောင့် ကြီး‌လေသော ထိုးနှက်မှုတစ်ခုကို ပေးခဲ့သည်။ မူလအစက စည်ပင်သာယာဝပြော‌သည့် ကာလသို့နောက်ထပ်တစ်ကြိမ် လှမ်းနေသည့် တကျိုး၏ ခြေလှမ်းက ထိုလူကြောင့် ဖြတ်‌တောက်ခံလိုက်ရတာ ဖြစ်နိုင်သည်။

သွမ်းဝမ်၏ ရုတ်တရက် ‌ဆုံးပါးမှု၊ ဧကရာဇ်ဝူ၏ ဝမ်းနည်းဖွယ်အဆုံးသတ် အားလုံးက ထိုလူနှင့် ရှုပ်ထွေးသည့် ဆက်နွယ်မှုရှိနေသည်။

ယခုဆိုရင် နှစ်ပေါင်းလေးဆယ်နီးပါး ရှိနေပြီဖြစ်သည်။ လက်ရှိ မင်းဆက်က သိပ်မကြာခင်ကမှ  အနည်းငယ် နလန်ပြန်ထူနိုင်ခဲ့ပြီး ထူးချွန်ထက်မြက်သည့် ဧကရာဇ်တစ်ပါးကို ခရီးဦးကြိုပြုနိုင်ခဲ့သည်။

သည်အချိန်မှာ လော့ထင်ဖုန်း နောက်တစ်ယောက် ထပ်ပေါ်လာလို့ လုံးဝ မဖြစ်ပေ!။

ကျောက်ဝမ်ယုံး၏ ဦးနှောက်ထဲတွင် စဉ်းစားဆင်ခြင်နိုင်သည့် အတွေးတွေရှိပေမယ့် သူ့ရဲ့ လက်ကတော့ မထိန်းချုပ်နိုင်ဘဲ
ကုထင်ရန်၏ ဝမ်းဗိုက်ကို ထိလိုက်သည်။

ထိုနေရာမှာ ကလေးတစ်ယောက်ရှိနေသည်။ သူ အချစ်ရဆုံးဖြစ်သည့်လူက သူ့အတွက် လွယ်ထားပေးသည့် ကလေးဖြစ်သည်။ ထိုကလေးက အနာဂတ်မှာ ဘယ်လိုပုံစံဖြစ်မလဲ‌ဆိုတာတောင် သူတွေးထားလို့ရသည်။  သူ့လိုပဲ အရပ်မြင့်မြင့်နှင့် ကြံခိုင်သန်မာပြီး
ကုထင်ရန်လို အသိပညာဗဟုသုတကြွယ်ဝမှာ သေချာသည်။

ကုထင်ရန်နှင့် အများကြီး ပိုတူရင် ပိုကောင်းမည်။ ဒီလိုမှသာလျှင် သူတို့က မိသားစုတစ်စုလို ဖြစ်မည်။

ကုထင်ရန်၏ စကားက ကျောက်ဝမ်ယုံး၏ အတွေးတွေကို ရုတ်ချည်းဖြတ်တောက်ပစ်လိုက်သည်။

"ကျွန်တော် သူ့ကို မွေးချင်တယ်"

ကျောက်ဝမ်ယုံးက မဖြစ်ဘူးလို့ ပြောချင်ပေမယ့် ထိုစကားက ပါးစပ်ထဲမှာ တစ်ဆို့နေပြီး အဆုံးသတ်မှာတော့ ပြောမထွက်နိုင်လိုက်ချေ။ ထိုကလေးရောက်ရှိလာတာကို သူ ငြင်းဆန်လို့ မရနိုင်ပေ။ သူနဲ့လည်းတူသလို ကုထင်ရန်နဲ့လည်း တူသည့် ကလေးဖြစ်
သဖြင့် ထိုကလေးကို သူ ဖျက်ချလို့မရနိုင်ပေ။

သူ ကိုယ်တိုင်ပြောလိုက်သည့် အသံကို သူပြန်ကြားလိုက်သည်။

"ကောင်းပြီ၊ ကိုယ် မင်းကို ကတိပေးတယ်"

သူ့စိတ်ထဲမှာ အ‌တွေးတစ်ချို့ရှိနေသော်လည်း ကုထင်ရန်က ထွင်းဖောက်မြင်နိုင်သလိုပင်၊ အတွေးတွေကို တဲ့တိုး ထုတ်ပြောလာသည်။

"သူ့အတွက် မိခင်တစ်ယောက်လိုတာ ကျွန်တော်သိတယ်၊ ဒါပေမယ့် အဲ့ဒီလူက
ကုရို့လန်ဖြစ်လို့မရဘူး"

ကျောက်ဝမ်ယုံး၏ မျက်ခုံးတွေက ရုတ်တရက် ခပ်တင်းတင်း ကျုံ့သွားသည်။ သို့ပေမယ့် ကုထင်ရန်က သိသည်။ သူ ခုနတုန်းက ထိုသို့ တွေးမိခဲ့သည်။ ဒါက ကျောက်ဝမ်ယုံး၏ ပထမဆုံး ရင်သွေးဖြစ်သဖြင့် ကျန်းဝုသွေးပိုင်ဆိုင်ထားသည့် မိခင်တစ်ယောက် ရှိလို့ လုံးဝ မဖြစ်ပေ။ ဒီကိစ္စက လူတွေရဲ့ပါးစပ်ဖျားမှာ ပျံနှံသွားရင် ညီလာခံခန်းမမှာ ရှုပ်ထွေးမှုများ ဖြစ်လာမှာ သေချာသည်။

ထိုနှစ်တုန်းက လော့ထင်ဖုန်း၏ ဥပမာက မျက်စိရှေ့မှာ ရှိနေတော့ ဩဇာအာဏာရှိသည့် အသိုင်းအဝိုင်း က ထိုကိစ္စကို လုံးဝ သည်းညဉ်းခံမှာ မဟုတ်ပေ။

ထိုကြောင့် အပြင်ဘက်မှာ ဒီကလေးက
ကုထင်ရန်နှင့် ပတ်သက်ဆက်နွယ်မှုရှိလို့ မဖြစ်ပေ။ 

အကောင်းဆုံးကတော့ မျိုးရိုးအဆင့်အတန်းမြင့်ပြီး နောက်ကြောင်းရာဇဝင်ရှင်းသည့် မိခင်တစ်ဦး လိုအပ်သည်။ ကုရို့လန်က ထို သတ်မှတ်ချက်နှင့် ကိုက်ညီရုံသာမက
ကုထင်ရန်နှင့် ဆင်သည့်  မျက်နှာပေါက်ရှိသေးသဖြင့် အသင့်တော်ဆုံး လူဖြစ်တာ သေချာသည်။

သို့ပေမယ့် ကုထင်ရန်က ထိုကိစ္စကို လုံးဝ အကောင်အထည်ဖော်ခွင့် မပြုပေ။ သူ့ ကလေးကို သူ့ရန်သူရဲ့ အမည်ခံခွင့် လုံးဝမပြုနိုင်ပေ။

ကျောက်ဝမ်ယုံး၏ အသံက အက်ကွဲနေသော်လည်း ပြတ်ပြတ်သားသားဖြစ်နေသည်။

" သူက အသင့်တော်ဆုံးပဲ"

ဒါက အခြားသူတွေ ကြားဝင်စွက်ဖက်လို့မရပေ။

ဒီနေ့ သူ ထုတ်ပြောရဲတယ်ဆိုမှတော့ ပြီး
ပြည့်စုံအောင် အကွက်ချထားပြီဖြစ်သဖြင့် ကုထင်ရန်ကတော့ လုံးဝ မကြောက်ပေ။

"ကုကွေ့ဖေးက ပြစ်မှုကျူးလွန်လို့ ကိုယ်လုပ်တော်အဖြစ် ရာထူးလျော့ချခံရတဲ့သတင်းကို ကျွန်တော် လူတွေကို ဖြန့်ခိုင်းလိုက်ပြီ"

ကျောက်ဝမ်ယုံးက ထိုစကားကို နားထောင်ရင်း မျက်မှောင်ကျုံ့လိုက်သည်။ ဒီကိစ္စနှစ်ရပ်မှာ သေချာပေါက် ဘယ်လို ဆက်စပ်မှုရှိလဲဆိုတာ သူတကယ်မသိပေမယ့် ကုထင်ရန်က ကျေနပ်‌နေသည့်အပြုံး ပြုံးလာတာကို မြင်လိုက်သည်။

"အကြောင်းအရင်းကတော့ ကုကွေ့ဖေး နန်းဆောင်ထဲရှိ အပျိုတော်တစ်ယောက်က ဧကရာဇ်ရဲ့ နှစ်သက်မှုကိုရရှိခဲ့ပြီး ကံကောင်းထောက်မစွာနဲ့ ကိုယ်ဝန်ရခဲ့တယ်၊ ကုကွေ့ဖေးက သိပ်မကြာခင်ကမှ ကလေးဆုံးရှုံးထားတော့ မနာလိုဖြစ်ပြီး သူ့ကို လုပ်ကြံတာ ကိုယ်ဝန်ပျက်ကျတော့မလိုဖြစ်သွားတယ်၊ အဲ့ဒါကြောင့် အရှင်မင်းကြီးက အမျက်တော်ရှခဲ့တယ်လို့ ပြောတယ်"

ကုထင်ရန်၏ ပိုလို့ပင် ပျော်ရွင်စွာ ပြုံးလာသည်။

"ဒါပေမယ့် သမားတော်လီက ဆေးပညာမှာ အရမ်းကျွမ်းကျင်တော့ ကလေးကို ကာကွယ်နိုင်သွားခဲ့တယ်၊ အဲ့ဒီကလေးက နှစ်လလောက်ရှိပြီဖို့ ကြားတယ်"

ကျောက်ဝမ်ယုံးက သူ့ရဲ့ ထိုပုံစံကို ကြည့်ရင် စိတ်တိုလွန်းသဖြင့် ခေါင်းတောင် ထုံကျဉ်လာသည်။ သူ့ကိစ္စကို သူက ရှင်းရှင်လင်းလင်းအသိဆုံးဖြစ်သည်။ အဲ့ဒီနေ့က မူးပြီး မမှတ်မိခဲ့တာကလွဲရင် သူ ဘဝမှာ အခြားလူကို မထိခဲ့ဖူးချေ။

ကလေးကို အစေခံမိန်းကလေးရဲ့ ခေါင်းပေါ်လွှဲချမည်ဆိုသော ကုထင်ရန်၏ အတွေးတွေက လက်ဖျားခါလောက်သည်။

အခု သူက ဒီအနောက်နန်းဆောင်မှာ ရာထူးအမြင့်ဆုံး လူဖြစ်နေပြီ ဖြစ်သဖြင့်  ပြုစုပျိုးထောင်ဖို့ လုယူလာရင် မရနိုင်စရာအကြောင်း ရှိမှာလည်း မဟုတ်ပေ။

အခန္း(၅၅) ကြၽန္ေတာ့္မွာ‌ကိုယ္ဝန္႐ွိေနၿပီ

"သူ႕ကိုထိေတာ့ မင္းအတြက္ ဘာအက်ိဳး႐ွိလို႔လဲ!"

ကုထင္ရန္က‌  မၾကားလိုက္သလိုပင္။ သူက႐ုတ္တရက္ ေခါင္းေမာ့လာၿပီး မ်က္ဝန္းေတြက ၾကည္လင္ျပတ္သားေနသည္။

"ေက်ာက္ဝမ္ယုံး ကြၽန္ေတာ္မွာ ကိုယ္ဝန္႐ွိေနၿပီ"

ကြၽန္ေတာ္မွာ ကိုယ္ဝန္႐ွိေနၿပီ!

႐ိုး႐ိုး႐ွင္း႐ွင္း စကားလုံးေလးလုံးက
တက်ိဳး၏ အျမင့္ျမတ္ဆုံး‌ေသာ ဧကရာဇ္အ႐ွင္ကို ထိုေနရာမွာတင္ တုန္လႈပ္သြား‌ေစသည္။

ေက်ာက္ဝမ္ယုံးက နားၾကားမွားတယ္လို႔ ထင္လိုက္သည္။ သူ႕၏ မ်က္လုံးထဲမွာ မယုံၾကည္ႏိုင္မႈေတြျဖင့္ ျပည့္ႏွက္‌ေနသည္။ အတန္ၾကာမွသာ သတိျပန္ဝင္လာၿပီး စကားေျပာသည့္ အသံက တုန္ယင္ေနသည္။

" မင္းဘာေျပာေနလဲဆိုတာ သိရဲ႕လား"

"မင္းက ေယာက်ၤားတစ္ေယာက္ေလ"

သူက သူ႕ကိုယ္သူ နားခ်ေနသလိုပင္။ ေခါင္းမာမာျဖင့္ ကုထင္ရန္က သူ႕ကို လိမ္‌ေျပာေနတယ္လို႔ အခိုင္အမာ ယုံၾကည္ေနသည္။

သူ႕ လက္ေခ်ာင္းေတြက မသိမသာတုန္ယင္ေနေပမယ့္  ျပန္ထိန္းခ်ဳပ္လိုက္သည္။ ႏွလုံးသားထဲက ေတာင့္တမႈကို  မ်ိဳသိပ္ထားၿပီး ကုထင္ရန္အား  အတင္းဖ်စ္ညႇစ္၍ ျပဳံးျပလိုက္သည္။

"မင္းလိုခ်င္တာမွန္သမွ် ကိုယ္ေပးမယ္၊ မင္းကိုယ့္ကို လိမ္စရာမလိုပါဘူး"

သည္ အျဖစ္အပ်က္က ႐ုတ္တရက္ သိပ္ဆန္လြန္းလွသျဖင့္ မသိစိတ္ကေန
ေက်ာက္ဝမ္ယုံးက ျငင္းဆန္ေနမိသည္။
ကုထင္ရန္က သူ႕ကို ေနာက္ေျပာင္ေနတာပါလို႔ ေျပာသည့္ အေျဖကို ျပင္းျပင္းျပျပလိုခ်င္ေနသည္။ 

ကုထင္ရန္ကေတာ့ လ်စ္လ်ဴ႐ႈ၍ မၾကားခ်င္ေယာင္ေဆာင္လိုက္သည္။ သူက ခိုင္မာျပတ္သားစြာျဖင့္ေက်ာက္ဝမ္ယုံး၏ မ်က္လုံးေတြကို တည့္တည့္စိုက္ၾကည့္လိုက္သည္။

"ကြၽန္ေတာ္ အတည္ေျပာေနတာ"

သူ ကိုယ္တိုင္ကလည္း အရင္တုန္းက လက္ခံႏိုင္စြမ္းမ႐ွိခဲ့သည့္ အမွန္တရားကို တစ္လုံးခ်င္း တစ္ခြန္းခ်င္းဆီ ေျပာလိုက္သည္။

"ကြၽန္ေတာ္႕ အေမဘက္က အဖြားက က်န္းဝုလူမ်ိဳး"

က်န္းဝု၊ ထိုစကားလုံးႏွစ္လုံးသည္ တစ္ခ်ိန္တုန္းက တက်ိဳးတြင္ ေလာ့ထင္ဖုန္း ေရာက္႐ွိလာမႈေၾကာင့္ ႀကီး‌ေလေသာ ထိုးႏွက္မႈတစ္ခုကို ေပးခဲ့သည္။ မူလအစက စည္ပင္သာယာဝေျပာ‌သည့္ ကာလသို႔ေနာက္ထပ္တစ္ႀကိမ္ လွမ္းေနသည့္ တက်ိဳး၏ ေျခလွမ္းက ထိုလူေၾကာင့္ ျဖတ္‌ေတာက္ခံလိုက္ရတာ ျဖစ္ႏိုင္သည္။

သြမ္းဝမ္၏ ႐ုတ္တရက္ ‌ဆုံးပါးမႈ၊ ဧကရာဇ္ဝူ၏ ဝမ္းနည္းဖြယ္အဆုံးသတ္ အားလုံးက ထိုလူႏွင့္ ႐ႈပ္ေထြးသည့္ ဆက္ႏြယ္မႈ႐ွိေနသည္။

ယခုဆိုရင္ ႏွစ္ေပါင္းေလးဆယ္နီးပါး ႐ွိေနၿပီျဖစ္သည္။ လက္႐ွိ မင္းဆက္က သိပ္မၾကာခင္ကမွ  အနည္းငယ္ နလန္ျပန္ထူႏိုင္ခဲ့ၿပီး ထူးခြၽန္ထက္ျမက္သည့္ ဧကရာဇ္တစ္ပါးကို ခရီးဦးႀကိဳျပဳႏိုင္ခဲ့သည္။

သည္အခ်ိန္မွာ ေလာ့ထင္ဖုန္း ေနာက္တစ္ေယာက္ ထပ္ေပၚလာလို႔ လုံးဝ မျဖစ္ေပ!။

ေက်ာက္ဝမ္ယုံး၏ ဦးေႏွာက္ထဲတြင္ စဥ္းစားဆင္ျခင္ႏိုင္သည့္ အေတြးေတြ႐ွိေပမယ့္ သူ႕ရဲ႕ လက္ကေတာ့ မထိန္းခ်ဳပ္ႏိုင္ဘဲ
ကုထင္ရန္၏ ဝမ္းဗိုက္ကို ထိလိုက္သည္။

ထိုေနရာမွာ ကေလးတစ္ေယာက္႐ွိေနသည္။ သူ အခ်စ္ရဆုံးျဖစ္သည့္လူက သူ႕အတြက္ လြယ္ထားေပးသည့္ ကေလးျဖစ္သည္။ ထိုကေလးက အနာဂတ္မွာ ဘယ္လိုပုံစံျဖစ္မလဲ‌ဆိုတာေတာင္ သူေတြးထားလို႔ရသည္။  သူ႕လိုပဲ အရပ္ျမင့္ျမင့္ႏွင့္ ၾကံခိုင္သန္မာၿပီး
ကုထင္ရန္လို အသိပညာဗဟုသုတႂကြယ္ဝမွာ ေသခ်ာသည္။

ကုထင္ရန္ႏွင့္ အမ်ားႀကီး ပိုတူရင္ ပိုေကာင္းမည္။ ဒီလိုမွသာလွ်င္ သူတို႔က မိသားစုတစ္စုလို ျဖစ္မည္။

ကုထင္ရန္၏ စကားက ေက်ာက္ဝမ္ယုံး၏ အေတြးေတြကို ႐ုတ္ခ်ည္းျဖတ္ေတာက္ပစ္လိုက္သည္။

"ကြၽန္ေတာ္ သူ႕ကို ေမြးခ်င္တယ္"

ေက်ာက္ဝမ္ယုံးက မျဖစ္ဘူးလို႔ ေျပာခ်င္ေပမယ့္ ထိုစကားက ပါးစပ္ထဲမွာ တစ္ဆို႔ေနၿပီး အဆုံးသတ္မွာေတာ့ ေျပာမထြက္ႏိုင္လိုက္ေခ်။ ထိုကေလးေရာက္႐ွိလာတာကို သူ ျငင္းဆန္လို႔ မရႏိုင္ေပ။ သူနဲ႔လည္းတူသလို ကုထင္ရန္နဲ႔လည္း တူသည့္ ကေလးျဖစ္
သျဖင့္ ထိုကေလးကို သူ ဖ်က္ခ်လို႔မရႏိုင္ေပ။

သူ ကိုယ္တိုင္ေျပာလိုက္သည့္ အသံကို သူျပန္ၾကားလိုက္သည္။

"ေကာင္းၿပီ၊ ကိုယ္ မင္းကို ကတိေပးတယ္"

သူ႕စိတ္ထဲမွာ အ‌ေတြးတစ္ခ်ိဳ႕႐ွိေနေသာ္လည္း ကုထင္ရန္က ထြင္းေဖာက္ျမင္ႏိုင္သလိုပင္၊ အေတြးေတြကို တဲ့တိုး ထုတ္ေျပာလာသည္။

"သူ႕အတြက္ မိခင္တစ္ေယာက္လိုတာ ကြၽန္ေတာ္သိတယ္၊ ဒါေပမယ့္ အဲ့ဒီလူက
ကု႐ို႕လန္ျဖစ္လို႔မရဘူး"

ေက်ာက္ဝမ္ယုံး၏ မ်က္ခုံးေတြက ႐ုတ္တရက္ ခပ္တင္းတင္း က်ံဳ႕သြားသည္။ သို႔ေပမယ့္ ကုထင္ရန္က သိသည္။ သူ ခုနတုန္းက ထိုသို႔ ေတြးမိခဲ့သည္။ ဒါက ေက်ာက္ဝမ္ယုံး၏ ပထမဆုံး ရင္ေသြးျဖစ္သျဖင့္ က်န္းဝုေသြးပိုင္ဆိုင္ထားသည့္ မိခင္တစ္ေယာက္ ႐ွိလို႔ လုံးဝ မျဖစ္ေပ။ ဒီကိစၥက လူေတြရဲ႕ပါးစပ္ဖ်ားမွာ ပ်ံႏွံသြားရင္ ညီလာခံခန္းမမွာ ႐ႈပ္ေထြးမႈမ်ား ျဖစ္လာမွာ ေသခ်ာသည္။

ထိုႏွစ္တုန္းက ေလာ့ထင္ဖုန္း၏ ဥပမာက မ်က္စိေ႐ွ႕မွာ ႐ွိေနေတာ့ ဩဇာအာဏာ႐ွိသည့္ အသိုင္းအဝိုင္း က ထိုကိစၥကို လုံးဝ သည္းညဥ္းခံမွာ မဟုတ္ေပ။

ထိုေၾကာင့္ အျပင္ဘက္မွာ ဒီကေလးက
ကုထင္ရန္ႏွင့္ ပတ္သက္ဆက္ႏြယ္မႈ႐ွိလို႔ မျဖစ္ေပ။ 

အေကာင္းဆုံးကေတာ့ မ်ိဳး႐ိုးအဆင့္အတန္းျမင့္ၿပီး ေနာက္ေၾကာင္းရာဇဝင္႐ွင္းသည့္ မိခင္တစ္ဦး လိုအပ္သည္။ ကု႐ို႕လန္က ထို သတ္မွတ္ခ်က္ႏွင့္ ကိုက္ညီ႐ုံသာမက
ကုထင္ရန္ႏွင့္ ဆင္သည့္  မ်က္ႏွာေပါက္႐ွိေသးသျဖင့္ အသင့္ေတာ္ဆုံး လူျဖစ္တာ ေသခ်ာသည္။

သို႔ေပမယ့္ ကုထင္ရန္က ထိုကိစၥကို လုံးဝ အေကာင္အထည္ေဖာ္ခြင့္ မျပဳေပ။ သူ႕ ကေလးကို သူ႕ရန္သူရဲ႕ အမည္ခံခြင့္ လုံးဝမျပဳႏိုင္ေပ။

ေက်ာက္ဝမ္ယုံး၏ အသံက အက္ကြဲေနေသာ္လည္း ျပတ္ျပတ္သားသားျဖစ္ေနသည္။

" သူက အသင့္ေတာ္ဆုံးပဲ"

ဒါက အျခားသူေတြ ၾကားဝင္စြက္ဖက္လို႔မရေပ။

ဒီေန႔ သူ ထုတ္ေျပာရဲတယ္ဆိုမွေတာ့ ၿပီး
ျပည့္စုံေအာင္ အကြက္ခ်ထားၿပီျဖစ္သျဖင့္ ကုထင္ရန္ကေတာ့ လုံးဝ မေၾကာက္ေပ။

"ကုေကြ႕ေဖးက ျပစ္မႈက်ဴးလြန္လို႔ ကိုယ္လုပ္ေတာ္အျဖစ္ ရာထူးေလ်ာ့ခ်ခံရတဲ့သတင္းကို ကြၽန္ေတာ္ လူေတြကို ျဖန္႔ခိုင္းလိုက္ၿပီ"

ေက်ာက္ဝမ္ယုံးက ထိုစကားကို နားေထာင္ရင္း မ်က္ေမွာင္က်ံဳ႕လိုက္သည္။ ဒီကိစၥႏွစ္ရပ္မွာ ေသခ်ာေပါက္ ဘယ္လို ဆက္စပ္မႈ႐ွိလဲဆိုတာ သူတကယ္မသိေပမယ့္ ကုထင္ရန္က ေက်နပ္‌ေနသည့္အျပဳံး ျပဳံးလာတာကို ျမင္လိုက္သည္။

"အေၾကာင္းအရင္းကေတာ့ ကုေကြ႕ေဖး နန္းေဆာင္ထဲ႐ွိ အပ်ိဳေတာ္တစ္ေယာက္က ဧကရာဇ္ရဲ႕ ႏွစ္သက္မႈကိုရ႐ွိခဲ့ၿပီး ကံေကာင္းေထာက္မစြာနဲ႔ ကိုယ္ဝန္ရခဲ့တယ္၊ ကုေကြ႕ေဖးက သိပ္မၾကာခင္ကမွ ကေလးဆုံး႐ႈံးထားေတာ့ မနာလိုျဖစ္ၿပီး သူ႕ကို လုပ္ၾကံတာ ကိုယ္ဝန္ပ်က္က်ေတာ့မလိုျဖစ္သြားတယ္၊ အဲ့ဒါေၾကာင့္ အ႐ွင္မင္းႀကီးက အမ်က္ေတာ္႐ွခဲ့တယ္လို႔ ေျပာတယ္"

ကုထင္ရန္၏ ပိုလို႔ပင္ ေပ်ာ္႐ြင္စြာ ျပဳံးလာသည္။

"ဒါေပမယ့္ သမားေတာ္လီက ေဆးပညာမွာ အရမ္းကြၽမ္းက်င္ေတာ့ ကေလးကို ကာကြယ္ႏိုင္သြားခဲ့တယ္၊ အဲ့ဒီကေလးက ႏွစ္လေလာက္႐ွိၿပီဖို႔ ၾကားတယ္"

ေက်ာက္ဝမ္ယုံးက သူ႕ရဲ႕ ထိုပုံစံကို ၾကည့္ရင္ စိတ္တိုလြန္းသျဖင့္ ေခါင္းေတာင္ ထုံက်ဥ္လာသည္။ သူ႕ကိစၥကို သူက ႐ွင္း႐ွင္လင္းလင္းအသိဆုံးျဖစ္သည္။ အဲ့ဒီေန႔က မူးၿပီး မမွတ္မိခဲ့တာကလြဲရင္ သူ ဘဝမွာ အျခားလူကို မထိခဲ့ဖူးေခ်။

ကေလးကို အေစခံမိန္းကေလးရဲ႕ ေခါင္းေပၚလႊဲခ်မည္ဆိုေသာ ကုထင္ရန္၏ အေတြးေတြက လက္ဖ်ားခါေလာက္သည္။

အခု သူက ဒီအေနာက္နန္းေဆာင္မွာ ရာထူးအျမင့္ဆုံး လူျဖစ္ေနၿပီ ျဖစ္သျဖင့္  ျပဳစုပ်ိဳးေထာင္ဖို႔ လုယူလာရင္ မရႏိုင္စရာအေၾကာင္း ႐ွိမွာလည္း မဟုတ္ေပ။

Comment