အခန်း(၄၁) ဖုံးကွယ်ထားသော (တတိယပိုင်း)

ဒီကိစ္စက ဒုတိယသခင်လေးလျှို မြို့ထဲကထွက်သွားသည့် ထိုနေ့ကို အစချီပြီးပြောရပေမည်။ ထိုနေ့က ရခဲလှသော သာယာသည့်‌ နေ့လေးတစ်နေ့ဖြစ်သည်။ ဒီဆောင်းတွင်းကာလရက်တွေမှာ ထူးထူးခြားခြား နွေးထွေးပြီး နေသာ‌ နေသည်။

ကုထင်ရန်က ထိုနေ့မှာ အစောကြီးနိုးနေသည်။ ကျောက်ဝမ်ယုံးသည် နံနက်ခင်းညီလာခံပြီးသည့်အချိန်တွင် အခုတလော အလွန့်အလွန်ပျင်းရိနေသည့် ထိုလူက ပျင်းရိလေးတွဲစွာဖြင့် ဥယျာဉ်အတွင်းရှိ နူးညံပျော့ပျောင်းသည့် နောက်မှီခုံရှည်ပေါ်မှာထိုင်ရင်း နေပူစာလှုံနေတာကို အံဩဖွယ် တွေ့လိုက်ရသည်။

သူ့ကို ကြည့်ရတာ အတော်လေး သက်တောင့်သက်သာရှိနေသည့်ပုံပေါ်ပြီး ဇိမ်ကျနေသည့် ကြောင်လေးတစ်ကောင်နှင့်တူနေသည်။
ကြည့်နေရင်း ကျောက်ဝမ်ယုံး၏ နှလုံးသားထဲမှာ ယားကျိကျိဖြစ်လာသည်။ မထိန်းချုပ်နိုင်‌တော့တဲ့အဆုံး အနားသို့ချဉ်းကပ်သွားပြီး ကုထင်ရန်၏ ပါးပြင်ကို နမ်းလိုက်သည်။

ကျောက်ဝမ်ယုံး၏ နှုတ်ခမ်းမှာ နှုတ်ခမ်းမွေးငုတ်တိုလေးတွေ အနည်းငယ် ရှိနေသေး
သဖြင့် အပ်နှင့်ထိုးသလို ကုထင်ရန်အား အတော်လေး ခံရခက်စေသည်။ မျက်လုံးဖွင့်ကာ ကျောက်ဝမ်ယုံးကို တွန်းဖယ်‌နေသည်။

ကျောက်ဝမ်ယုံးကတော့ စိတ်ဆိုးခြင်းလည်းမရှိပေ။ အဲ့ဒီအစား ကုထင်ရန်က အနည်းငယ် ချွဲနွဲ့လိုသည့်သဘောဖြင့် သူ့ရင်ဘတ်ကို လက်ဖြင့် ထုရိုက်နေတယ်လို့ ထင်သွားသည်။ အဲ့ဒါက သူ့ကို ပိုပြီး ဝမ်းသာလုံးစို့စေသည်။

"ကျွန်တော့်ကိုလာမရှုပ်နဲ့"

သူ့ရဲ့ မရိုးဖြောင့်သည့် အတွေးတွေကို
ကုထင်ရန် ဂရုစိုက်ချင်စိတ်မရှိချေ။ သူ့ အမူအရာက အေးတိအေးစက်နှင့် ပြောလိုက်သည့် စကားက အနည်းငယ် ဒေါသသံစွတ်နေသေးသည်။ ကျောက်ဝမ်ယုံးက သူ့ရဲ့ ဒေါသတွေပြည့်နှက်နေသည့် ပုံစံကို အရေးမစိုက်ဘဲ ချွဲနွဲ့နေတယ်လို့ အပြီးအပိုင်မှတ်ယူလိုက်သည်။

သူက ရယ်ရင်း ထိုလူ၏ လက်ကိုဆွဲပြီး နူးညံပျော့ပျောင်းသည့် ခုံရှည်ထဲ၌ နစ်မြုပ်နေသည့် ခန္ဓာကိုယ်ကို ဆွဲယူလိုက်သည်။ အစောကြီးထဲက အလိုက်တသိဖြင့် ဘေးမှာရှိ‌နေသည့် နန်းတွင်းသူလေးက မြေခွေးသားမွှေးဝတ်ရုံကို ဆက်သလာသည်။
ကျောက်ဝမ်ယုံးက ကိုယ်တိုင်ကိုယ်ကျ
ကုထင်ရန်၏ ကိုယ်ပေါ်သို့ လွှမ်းခြုံပေးလိုက်သည်။

နှစ်ယောက်သား လက်တွဲရင်း နံနက်စာစားရန် နန်းဆောင်ထဲသို့ အတူတူဝင်သွားကြသည်။ တဝက်လောက်စားပြီးနောက်
ကုထင်ရန်က တစ်ခုခုပြောချင်ဟန်ဖြင့် ကျောက်ဝမ်ယုံး၏ မျက်နှာကို တမင် အကဲခတ်လိုက်သည်။  သူ့ရဲ့ အပြုအမူတွေက အရမ်းသိသာနေသဖြင့်
ကျောက်ဝမ်ယုံးက တစ်ချက်ကြည့်တာနဲ့တင် သဘောပေါက်လိုက်သည်။ 

ကျောက်ဝမ်ယုံးဘက်က စပြီး မေးမြန်းခြင်းမျိုးလည်းမရှိပေ။ သူက ကုထင်ရန်၏ ထိုပုံစံကိုကြည့်ရင်း တကယ့်ကို စိတ်ဝင်စားစရာကောင်းတယ်လို့ ထင်မိသွားပြီး ကျီဆယ်ချင်လာသည်။ ကုထင်ရန်၏ အကဲခတ်နေမှုကို တမင်တကာ မမြင်ချင်ယောင်ဆောင်လိုက်သည်။

ကျောက်ဝမ်ယုံးက အတန်ကြာသည်အထိ သူ့အား မေးမြန်းခြင်းမရှိတာကို မြင်တော့ စိတ်ထဲမှာ မရိုးမရွဖြစ်လာသည်။ ရုတ်တရက် မျက်နှာထား တင်းသွားပြီး ရှားရှားပါးပါး လေသံကတောင် အနည်းငယ် ခက်ထန်သွားသည်။

" အရှင် တမင်သက်သက် လုပ်နေတာမလား"

ထိုစကားက ကျောက်ဝမ်ယုံး၏ နားထဲမှာတော့ ချွဲနွဲ့လိုသည့်သဘော ပို၍ပင် ပေါ်လွင်နေသည်။

သူက ရုတ်ချည်း ရယ်လိုက်ပြီး

"မင်းဘာကိုပြောနေတာလဲ"

ကျောက်ဝမ်ယုံးက ဘာမှ နားမလည်သည့် ပုံစံဖြစ်‌နေသဖြင့် ကုထင်ရန်က အ‌တော်လေး စိတ်ဆိုးသွားသည်။ သူကစိတ်‌ဆိုးလွန်းသဖြင့် တူကို စောင့်ချလိုက်ပြီး ကြည့်ရတာ ဒေါသပေါက်ကွဲထွက်တော့မည့်ပုံပေါ်သည်။

ကျောက်ဝမ်ယုံးက မျက်နှာပေါ်ရှိ အပြုံးကို ထပ်ပြီးတော့လည်း မထိန်းထားနိုင်တော့ချေ။ ချစ်ရသူ၏ ထိုပုံစံကို ကြည့်ရင်း
ကုထင်ရန်က သူ့ရှေ့မှာ အများကြီး ပွင့်လင်းလာတယ်လို့ ကျောက်ဝမ်ယုံးက  မတွေးဘဲမနေနိုင်ဖြစ်လာသည်။ သည်ကာလအပိုင်းအခြားမှာ မျက်နှာချိုသွေးခဲ့တာတွေက အချည်းနှီးမဖြစ်ခဲ့ပေ။

သူ့စိတ်ထဲမှာ အောင်နိုင်သည့် ခံစားချက်များနှင့် ပြည့်နှက်သွားလေသည်။ ပြောလိုက်သည့်စကားက ပိုလို့တောင် ချိုသာနေပြီး အလိုလိုက်သည့် သဘောဆောင်နေသည်။

"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ ကိုယ်တော်ရဲ့အမှားပါ၊ မင်းဘာလုပ်ချင်လဲပြော"

ကုထင်ရန်က အေးတိအေးစက်ပုံစံဖြစ်နေဆဲပင်။ သို့ပေမယ့် ကျောက်ဝမ်ယုံးက ဘာလို့လဲမသိပေ၊ ကုထင်ရန်က သူ့ရှေ့မှာ အရင်ကနဲ့ လုံးဝမတူတော့သ‌လို ခံစားမိလိုက်သည်။

ကုထင်ရန်က စစချင်းမှာ ဘာစကားမှမပြောချေ။ သူ့ကို ဒီလိုမျိုး လွယ်လွယ်နဲ့ မလွှတ်ပေးချင်ပုံရသည်။ ကျောက်ဝမ်ယုံးလည်း ဘေးကနေ အလောတကြီး မတိုက်တွန်းပေ။ ကျောက်ဝမ်ယုံး၏ ထိုပုံစံက ဘယ်နေရာက ကုထင်ရန်ကို စိတ်ကျေနပ်စေလဲမသိပေ။ မထင်မှတ်ဘဲ ကုထင်ရန်၏ နှလုံးသားထဲမှာအနည်းငယ်ပျော်ရွင်လာသည်။

သူက အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။

" ကျွန်တော်ဒီနေ့ မြင်းသွားစီးချင်တယ်"

ဆောင်းရာသီကြီးမှာ မြင်းစီးမယ်၊ သူတွေးမိတာကို ကျေးဇူးတင်ရမည်။

ကျောက်ဝမ်ယုံး၏ ပထမဆုံး တုံပြန်မှုက
"မရဘူး" ဆိုတာပဲဖြစ်သည်။ သို့ပေမယ့်
ကုထင်ရန်၏ စိတ်အားထက်သန်နေသည့် ပုံစံက သူ့ရဲ့ "မရဘူး"ဆိုသည့် စကားကို ဘယ်လိုမှ ပြောမထွက်နိုင်ပေ။

ကုထင်ရန် အတန်ကြာသည်အထိ စောင့်ဆိုင်းခဲ့ပေမယ့် လိုချင်သည့် အဖြေကို မရသဖြင့် လှပသည့် မျက်ခုံးအစုံကို မသိမသာ ကျုံလိုက်ပြီး မျက်ဝန်း‌တွေကို ကြည့်ရတာ ‌ဒေါသထွက်‌တော့မည့် ပုံပေါ်သည်။

ကျောက်ဝမ်ယုံးက သူ့ရဲ့ ထိုပုံစံကို ကြည့်ရင်း ဝမ်းမနည်းစေချင်သဖြင့် ရယ်ရင်းပြောလိုက်သည်။

"ရတယ်၊ ကိုယ်တော် နေ့ခင်းကျရင် မင်းကို အဖော်ပြုပေးမယ်"

ကုထင်ရန်က ထိုစကားကို ကြားတော့မှပဲ ကျောက်ဝမ်ယုံးကို ပြုံးပြတော့သည်။
ကျောက်ဝမ်ယုံးက သူ့ရဲ့ ထိုပုံစံကို ကြည့်ရင်း နောက်ဆုံး စိတ်ထဲက စိတ်ရှုပ်မှု‌တွေက နည်းနည်းလေးတောင် မရှိတော့ပေ။ ဘာပဲဖြစ်ဖြစ် ကိစ္စကြီးကြီးမားမားလည်း မဟုတ်‌တော့ သူပျော်နေဖို့ကသာ အရေးကြီးဆုံးဖြစ်သည်။

ကျောက်ဝမ်ယုံးက နေ့ခင်းကျရင် ချစ်ရသူကို အဖော်ပြုရင်း ပျော်ပါးဖို့အတွက် မွန်းတည့်
ချိန်ကြီးမှာ တိုင်းရေးပြည်ရေးကိစ္စကို ကိုင်တွယ်ရန် အပြေးအလွှားထွက်သွား တော့သည်။

သူထွက်သွားသည်နှင့် ကုထင်ရန် မျက်နှာက အပြုံးက သူ့ကိုယ်ပေါ်က ပျင်းရိမှုတွေနှင့်အတူ ပျောက်ကွယ်သွားသည်။ မျက်ဝန်းထဲက အေးစက်မှုတွေက ဖုံးဖိလို့တောင်မရနိုင်ပေ။

ရူရွေ့က မျက်စိရှေ့က သခင်လေးကို ကြည့်ရင်း ဘာလို့လည်းမသိပေ။ ကြောက်ရွံ့မှုကို ခပ်ရေးရေးလေး ခံစားမိလိုက်သည်။

အခန္း(၄၁) ဖုံးကြယ္ထားေသာ (တတိယပိုင္း)

ဒီကိစၥက ဒုတိယသခင္ေလးလွ်ိဳ ၿမိဳ႕ထဲကထြက္သြားသည့္ ထိုေန႔ကို အစခ်ီၿပီးေျပာရေပမည္။ ထိုေန႔က ရခဲလွေသာ သာယာသည့္‌ ေန႔ေလးတစ္ေန႔ျဖစ္သည္။ ဒီေဆာင္းတြင္းကာလရက္ေတြမွာ ထူးထူးျခားျခား ေႏြးေထြးၿပီး ေနသာ‌ ေနသည္။

ကုထင္ရန္က ထိုေန႔မွာ အေစာႀကီးႏိုးေနသည္။ ေက်ာက္ဝမ္ယုံးသည္ နံနက္ခင္းညီလာခံၿပီးသည့္အခ်ိန္တြင္ အခုတေလာ အလြန္႔အလြန္ပ်င္းရိေနသည့္ ထိုလူက ပ်င္းရိေလးတြဲစြာျဖင့္ ဥယ်ာဥ္အတြင္း႐ွိ ႏူးညံေပ်ာ့ေပ်ာင္းသည့္ ေနာက္မွီခုံ႐ွည္ေပၚမွာထိုင္ရင္း ေနပူစာလႈံေနတာကို အံဩဖြယ္ ေတြ႕လိုက္ရသည္။

သူ႕ကို ၾကည့္ရတာ အေတာ္ေလး သက္ေတာင့္သက္သာ႐ွိေနသည့္ပုံေပၚၿပီး ဇိမ္က်ေနသည့္ ေၾကာင္ေလးတစ္ေကာင္ႏွင့္တူေနသည္။
ၾကည့္ေနရင္း ေက်ာက္ဝမ္ယုံး၏ ႏွလုံးသားထဲမွာ ယားက်ိက်ိျဖစ္လာသည္။ မထိန္းခ်ဳပ္ႏိုင္‌ေတာ့တဲ့အဆုံး အနားသို႔ခ်ဥ္းကပ္သြားၿပီး ကုထင္ရန္၏ ပါးျပင္ကို နမ္းလိုက္သည္။

ေက်ာက္ဝမ္ယုံး၏ ႏႈတ္ခမ္းမွာ ႏႈတ္ခမ္းေမြးငုတ္တိုေလးေတြ အနည္းငယ္ ႐ွိေနေသး
သျဖင့္ အပ္ႏွင့္ထိုးသလို ကုထင္ရန္အား အေတာ္ေလး ခံရခက္ေစသည္။ မ်က္လုံးဖြင့္ကာ ေက်ာက္ဝမ္ယုံးကို တြန္းဖယ္‌ေနသည္။

ေက်ာက္ဝမ္ယုံးကေတာ့ စိတ္ဆိုးျခင္းလည္းမ႐ွိေပ။ အဲ့ဒီအစား ကုထင္ရန္က အနည္းငယ္ ခြၽဲႏြဲ႕လိုသည့္သေဘာျဖင့္ သူ႕ရင္ဘတ္ကို လက္ျဖင့္ ထု႐ိုက္ေနတယ္လို႔ ထင္သြားသည္။ အဲ့ဒါက သူ႕ကို ပိုၿပီး ဝမ္းသာလုံးစို႔ေစသည္။

"ကြၽန္ေတာ့္ကိုလာမ႐ႈပ္နဲ႔"

သူ႕ရဲ႕ မ႐ိုးေျဖာင့္သည့္ အေတြးေတြကို
ကုထင္ရန္ ဂ႐ုစိုက္ခ်င္စိတ္မ႐ွိေခ်။ သူ႕ အမူအရာက ေအးတိေအးစက္ႏွင့္ ေျပာလိုက္သည့္ စကားက အနည္းငယ္ ေဒါသသံစြတ္ေနေသးသည္။ ေက်ာက္ဝမ္ယုံးက သူ႕ရဲ႕ ေဒါသေတြျပည့္ႏွက္ေနသည့္ ပုံစံကို အေရးမစိုက္ဘဲ ခြၽဲႏြဲ႕ေနတယ္လို႔ အၿပီးအပိုင္မွတ္ယူလိုက္သည္။

သူက ရယ္ရင္း ထိုလူ၏ လက္ကိုဆြဲၿပီး ႏူးညံေပ်ာ့ေပ်ာင္းသည့္ ခုံ႐ွည္ထဲ၌ နစ္ျမဳပ္ေနသည့္ ခႏၶာကိုယ္ကို ဆြဲယူလိုက္သည္။ အေစာႀကီးထဲက အလိုက္တသိျဖင့္ ေဘးမွာ႐ွိ‌ေနသည့္ နန္းတြင္းသူေလးက ေျမေခြးသားေမႊးဝတ္႐ုံကို ဆက္သလာသည္။
ေက်ာက္ဝမ္ယုံးက ကိုယ္တိုင္ကိုယ္က်
ကုထင္ရန္၏ ကိုယ္ေပၚသို႔ လႊမ္းျခဳံေပးလိုက္သည္။

ႏွစ္ေယာက္သား လက္တြဲရင္း နံနက္စာစားရန္ နန္းေဆာင္ထဲသို႔ အတူတူဝင္သြားၾကသည္။ တဝက္ေလာက္စားၿပီးေနာက္
ကုထင္ရန္က တစ္ခုခုေျပာခ်င္ဟန္ျဖင့္ ေက်ာက္ဝမ္ယုံး၏ မ်က္ႏွာကို တမင္ အကဲခတ္လိုက္သည္။  သူ႕ရဲ႕ အျပဳအမူေတြက အရမ္းသိသာေနသျဖင့္
ေက်ာက္ဝမ္ယုံးက တစ္ခ်က္ၾကည့္တာနဲ႔တင္ သေဘာေပါက္လိုက္သည္။ 

ေက်ာက္ဝမ္ယုံးဘက္က စၿပီး ေမးျမန္းျခင္းမ်ိဳးလည္းမ႐ွိေပ။ သူက ကုထင္ရန္၏ ထိုပုံစံကိုၾကည့္ရင္း တကယ့္ကို စိတ္ဝင္စားစရာေကာင္းတယ္လို႔ ထင္မိသြားၿပီး က်ီဆယ္ခ်င္လာသည္။ ကုထင္ရန္၏ အကဲခတ္ေနမႈကို တမင္တကာ မျမင္ခ်င္ေယာင္ေဆာင္လိုက္သည္။

ေက်ာက္ဝမ္ယုံးက အတန္ၾကာသည္အထိ သူ႕အား ေမးျမန္းျခင္းမ႐ွိတာကို ျမင္ေတာ့ စိတ္ထဲမွာ မ႐ိုးမ႐ြျဖစ္လာသည္။ ႐ုတ္တရက္ မ်က္ႏွာထား တင္းသြားၿပီး ႐ွား႐ွားပါးပါး ေလသံကေတာင္ အနည္းငယ္ ခက္ထန္သြားသည္။

" အ႐ွင္ တမင္သက္သက္ လုပ္ေနတာမလား"

ထိုစကားက ေက်ာက္ဝမ္ယုံး၏ နားထဲမွာေတာ့ ခြၽဲႏြဲ႕လိုသည့္သေဘာ ပို၍ပင္ ေပၚလြင္ေနသည္။

သူက ႐ုတ္ခ်ည္း ရယ္လိုက္ၿပီး

"မင္းဘာကိုေျပာေနတာလဲ"

ေက်ာက္ဝမ္ယုံးက ဘာမွ နားမလည္သည့္ ပုံစံျဖစ္‌ေနသျဖင့္ ကုထင္ရန္က အ‌ေတာ္ေလး စိတ္ဆိုးသြားသည္။ သူကစိတ္‌ဆိုးလြန္းသျဖင့္ တူကို ေစာင့္ခ်လိုက္ၿပီး ၾကည့္ရတာ ေဒါသေပါက္ကြဲထြက္ေတာ့မည့္ပုံေပၚသည္။

ေက်ာက္ဝမ္ယုံးက မ်က္ႏွာေပၚ႐ွိ အျပဳံးကို ထပ္ၿပီးေတာ့လည္း မထိန္းထားႏိုင္ေတာ့ေခ်။ ခ်စ္ရသူ၏ ထိုပုံစံကို ၾကည့္ရင္း
ကုထင္ရန္က သူ႕ေ႐ွ႕မွာ အမ်ားႀကီး ပြင့္လင္းလာတယ္လို႔ ေက်ာက္ဝမ္ယုံးက  မေတြးဘဲမေနႏိုင္ျဖစ္လာသည္။ သည္ကာလအပိုင္းအျခားမွာ မ်က္ႏွာခ်ိဳေသြးခဲ့တာေတြက အခ်ည္းႏွီးမျဖစ္ခဲ့ေပ။

သူ႕စိတ္ထဲမွာ ေအာင္ႏိုင္သည့္ ခံစားခ်က္မ်ားႏွင့္ ျပည့္ႏွက္သြားေလသည္။ ေျပာလိုက္သည့္စကားက ပိုလို႔ေတာင္ ခ်ိဳသာေနၿပီး အလိုလိုက္သည့္ သေဘာေဆာင္ေနသည္။

"ဟုတ္ပါၿပီ၊ ဟုတ္ပါၿပီ၊ ကိုယ္ေတာ္ရဲ႕အမွားပါ၊ မင္းဘာလုပ္ခ်င္လဲေျပာ"

ကုထင္ရန္က ေအးတိေအးစက္ပုံစံျဖစ္ေနဆဲပင္။ သို႔ေပမယ့္ ေက်ာက္ဝမ္ယုံးက ဘာလို႔လဲမသိေပ၊ ကုထင္ရန္က သူ႕ေ႐ွ႕မွာ အရင္ကနဲ႔ လုံးဝမတူေတာ့သ‌လို ခံစားမိလိုက္သည္။

ကုထင္ရန္က စစခ်င္းမွာ ဘာစကားမွမေျပာေခ်။ သူ႕ကို ဒီလိုမ်ိဳး လြယ္လြယ္နဲ႔ မလႊတ္ေပးခ်င္ပုံရသည္။ ေက်ာက္ဝမ္ယုံးလည္း ေဘးကေန အေလာတႀကီး မတိုက္တြန္းေပ။ ေက်ာက္ဝမ္ယုံး၏ ထိုပုံစံက ဘယ္ေနရာက ကုထင္ရန္ကို စိတ္ေက်နပ္ေစလဲမသိေပ။ မထင္မွတ္ဘဲ ကုထင္ရန္၏ ႏွလုံးသားထဲမွာအနည္းငယ္ေပ်ာ္႐ြင္လာသည္။

သူက အထစ္ထစ္အေငါ့ေငါ့ျဖင့္ ေျပာလိုက္သည္။

" ကြၽန္ေတာ္ဒီေန႔ ျမင္းသြားစီးခ်င္တယ္"

ေဆာင္းရာသီႀကီးမွာ ျမင္းစီးမယ္၊ သူေတြးမိတာကို ေက်းဇူးတင္ရမည္။

ေက်ာက္ဝမ္ယုံး၏ ပထမဆုံး တုံျပန္မႈက
"မရဘူး" ဆိုတာပဲျဖစ္သည္။ သို႔ေပမယ့္
ကုထင္ရန္၏ စိတ္အားထက္သန္ေနသည့္ ပုံစံက သူ႕ရဲ႕ "မရဘူး"ဆိုသည့္ စကားကို ဘယ္လိုမွ ေျပာမထြက္ႏိုင္ေပ။

ကုထင္ရန္ အတန္ၾကာသည္အထိ ေစာင့္ဆိုင္းခဲ့ေပမယ့္ လိုခ်င္သည့္ အေျဖကို မရသျဖင့္ လွပသည့္ မ်က္ခုံးအစုံကို မသိမသာ က်ံဳလိုက္ၿပီး မ်က္ဝန္း‌ေတြကို ၾကည့္ရတာ ‌ေဒါသထြက္‌ေတာ့မည့္ ပုံေပၚသည္။

ေက်ာက္ဝမ္ယုံးက သူ႕ရဲ႕ ထိုပုံစံကို ၾကည့္ရင္း ဝမ္းမနည္းေစခ်င္သျဖင့္ ရယ္ရင္းေျပာလိုက္သည္။

"ရတယ္၊ ကိုယ္ေတာ္ ေန႔ခင္းက်ရင္ မင္းကို အေဖာ္ျပဳေပးမယ္"

ကုထင္ရန္က ထိုစကားကို ၾကားေတာ့မွပဲ ေက်ာက္ဝမ္ယုံးကို ျပဳံးျပေတာ့သည္။
ေက်ာက္ဝမ္ယုံးက သူ႕ရဲ႕ ထိုပုံစံကို ၾကည့္ရင္း ေနာက္ဆုံး စိတ္ထဲက စိတ္႐ႈပ္မႈ‌ေတြက နည္းနည္းေလးေတာင္ မ႐ွိေတာ့ေပ။ ဘာပဲျဖစ္ျဖစ္ ကိစၥႀကီးႀကီးမားမားလည္း မဟုတ္‌ေတာ့ သူေပ်ာ္ေနဖို႔ကသာ အေရးႀကီးဆုံးျဖစ္သည္။

ေက်ာက္ဝမ္ယုံးက ေန႔ခင္းက်ရင္ ခ်စ္ရသူကို အေဖာ္ျပဳရင္း ေပ်ာ္ပါးဖို႔အတြက္ မြန္းတည့္
ခ်ိန္ႀကီးမွာ တိုင္းေရးျပည္ေရးကိစၥကို ကိုင္တြယ္ရန္ အေျပးအလႊားထြက္သြား ေတာ့သည္။

သူထြက္သြားသည္ႏွင့္ ကုထင္ရန္ မ်က္ႏွာက အျပဳံးက သူ႕ကိုယ္ေပၚက ပ်င္းရိမႈေတြႏွင့္အတူ ေပ်ာက္ကြယ္သြားသည္။ မ်က္ဝန္းထဲက ေအးစက္မႈေတြက ဖုံးဖိလို႔ေတာင္မရႏိုင္ေပ။

႐ူေ႐ြ႕က မ်က္စိေ႐ွ႕က သခင္ေလးကို ၾကည့္ရင္း ဘာလို႔လည္းမသိေပ။ ေၾကာက္႐ြံ႕မႈကို ခပ္ေရးေရးေလး ခံစားမိလိုက္သည္။

Comment