အပိုင်း(၂၃) ပထမဆုံးအကြိမ် အရည်အချင်း ထုတ်ပြခြင်း (တတိယပိုင်း)

အရင်က ကျောက်ဝမ်ယုံးအား ကုထင်ရန်ပြောခဲ့သည့်စကားများကို အနှီလူက စိတ်ထဲထည့်လားမထည့်လား မသိချေ။ သို့ပေမယ့် အခွန်ကိစ္စကတော့ ပြောင်းလဲမှု လုံးဝ မရှိချေ။ အခွန်ဝန်ကြီးဌာနမှ ထိုအဘိုးကြီးက နေ့တိုင်းလိုလို ကျောက်ဝမ်ယုံးထံ ပိုက်ဆံမရှိဘူးဟု ညည်းနေဆဲပင်။

ကုထင်ရန်သည် ကိုယ့်ရဲ့ အကြံက အရမ်းကောင်းသည်ဟုထင်မိသည်။
ကျောက်ဝမ်ယုံးရဲ့ အသိအမှတ်ပြုခြင်း မခံရ
သဖြင့် စိတ်ထဲမှာလည်း အနည်းငယ် မသက်မသာဖြစ်နေလေသည်။

သို့ပေမယ့် သူလည်း စိတ်ထဲမှာပဲ တွေးနေတာဖြစ်ပြီး ကျောက်ဝမ်ယုံးကို ဘာတစ်ခွန်းမှ မပြောချေ။

သို့သော် သိပ်မကြာခင်တွင် အခွန်ဝန်ကြီးဌာန၌ ပြဿနာအကြီးကြီး ဖြစ်ပွားခဲ့သည်။
ကာကွယ်ရေးဝန်ကြီးဌာန၏ ဝန်ကြီးက အခွန်ဝန်ကြီးဌာန၏ ဝန်ကြီးကို ညီလာခံခန်းမ၌ တိုက်ရိုက် တိုင်ကြားခဲ့လေသည်။
နှစ်ဖက်လုံးက အချင်းချင်း လုံးဝ မျက်နှာ
မထောက်ဘဲ ပုတ်ခတ်ခဲ့ကြလေသည်။
ပြောရရင် စစ်ရေးအသုံးစရိတ်ပြဿနာကြောင့်ဖြစ်သည်။

ထျယ်မောက်စစ်တပ်သည်
ကျောက်ဝမ်ယုံး၏ ကိုယ်ပိုင်စစ်တပ်ဖြစ်သဖြင့် အခွန်ဝန်ကြီးဌာနက မျက်နှာလုပ်နေတာကြာပြီဖြစ်သည်။ ဧကရာဇ်နေရာကို ကျောက်ဝမ်ယုံးက အတည်တကျ ဆက်ခံပြီးကတည်းက ထျယ်မောက်စစ်စပ်၏ စစ်ရေးအသုံးစရိတ်သည် လုံးဝ လျော့နည်းသွားခြင်းမရှိခဲ့ချေ။

သို့ပေမယ့် အနောက်မြောက်အရပ်၊ အနောက်တောင်အရပ်နှင့် တောင်ပိုင်းစစ်တပ်များ၏ စစ်ရေးအသုံးစရိတ်က တပြေးတည်း လုံးဝ မရှိခဲ့ချေ။ လွန်ခဲ့သည့်နှစ်အနည်းငယ်က တောင်ပိုင်းစစ်တပ်သည် နန်ကျန်းစစ်တပ်နှင့် တိုက်ပွဲဖြစ်ခဲ့ပေမယ့် ထောက်ပံ့ကြေးကို ယနေ့အချိန်ထိ ပေးဆောင်ခြင်းမရှိသေးချေ။

ကာကွယ်ရေးဝန်ကြီးသည် ငယ်ရွယ်စဉ်အခါက ရဲစွမ်းသတ္တိနှင့်ပြည့်စုံသော ယောင်္ကျားတစ်ယောက်လည်းဖြစ်သည်။ စစ်မြေပြင်ပေါ် တတ်ခဲ့ပြီး တိုက်ပွဲလည်း ဝင်ဖူးခဲ့သဖြင့် ထိုလူတွေ၏ ပင်ပန်းဆင်းရဲမှုကို နားလည်မှာ သေချာပါသည်။

ထို့ကြောင့် အခွန်ဝန်ကြီးဆီက ဖြေရှင်းချက်တစ်ခု လိုချင်သည်ဟု နေ့တိုင်းလိုလို ပိတ်‌ ပြောနေခဲ့သည်။

အရင်တုန်းက အခွန်ဝန်ကြီးသည် အရင်ဧကရာဇ်နောက် လိုက်ခဲ့သဖြင့် ဒီလိုကိစ္စမျိုးကို လွယ်လင့်တကူ ကိုင်တွယ်နိုင်သည်ဟု ဆိုလို့ရသည်။ သို့သော် စကားလေးနှစ်ခွန်းသုံးခွန်းကြောင့် ကာကွယ်ရေးဝန်ကြီးဌာနမှ ဝန်ကြီးအိုကို နင်အောင်လုပ်ရန် စကားတောင် ထွက်မလာတော့ချေ။

လူကိုမြင်တာနဲ့ သူက သူများနောက်လိုက်ပြီး အခွန်ဝန်ကြီးဌာနမှာ ပိုက်ဆံမရှိဘူးဟု ညည်းပြသည်။

ကာကွယ်ရေးဝန်ကြီးဌာနမှ ဝန်ကြီးအိုသည် ဒေါသကြောင့် အိပ်ရာထဲပါ လဲသွားလေသည်။ ရုတ်တရက် တစ်စုံတစ်ယောက်က သူ့အိမ်တိုင်ရာရောက် စာတစ်စောင်ပို့လာလေသည်။

ဝန်ကြီးအိုက စာပေါ်ပါ စာလုံးများကို ဖတ်
ကြည့်ပြီးနောက် လူတွေကို သွားထပ်စစ်ဆေးခိုင်းလိုက်သည်။ တမုဟုတ်ချင်း ခါးလည်းမနာတော့သလို ခြေထောက်လည်း မနာတော့ချေ။ ကျောက်ဝမ်ယုံးရှေ့မှောက်သို့ အားမာန်တတ်ကြွစွာဖြင့် ပြေးသွားပြီး အခွန်ဝန်ကြီးကို တိုင်တန်းလေတော့သည်။

"အရှင်မင်းကြီး ကျွန်တော်မျိုး အရာရှိမင်းအဖြစ်ထမ်းဆောင်လာတဲ့တစ်လျှောက်မှာ ရိုးသား ဖြောင့်မတ်ပြီး အဂတိတရားကင်းစင်ခဲ့ပါတယ်၊ အခွန်ဝန်ကြီးဌာနက အရှက်မရှိတဲ့ အဖိုးကြီးတွေက သူများပေးတဲ့ တံဆိုးလက်ဆောင်ကို လက်ခံပြီး သဘောတူကြောင်းစာပြန်ခဲ့ပါတယ်၊ တကယ်ပဲ တိုင်းပြည်ရဲ့ ခြကောင်တွေဖြစ်သလို ပြည်သူတွေ ဘေးဒုက္ခသင့်စေမယ့် ဇစ်မြစ်လည်း ဖြစ်ပါတယ်"

သူပြောတဲ့အသံက ဆို့နင့်နေပြီး ငိုတောင် ငိုတော့မည်ဖြစ်သည်။ လာကြည့်တဲ့သူတိုင်းက သစ္စာစောင့်သိသည့် အရာရှိ၊ စစ်သူကြီးကောင်းဟု တစ်ခုမဟုတ်တစ်ခုပြောသွားကြ‌ ပေမည်။

ကျောက်ဝမ်ယုံးက သူဆက်သလာသည့် သက်သေကို တစ်ချက်ကြည့်ပြီး စိတ်ထဲမှာ ပျော်ရွင်သွားလေသည်။ သို့ပေမယ့် မျက်နှာပေါ်မှာတော့ အလွန်အမင်း ဒေါသထွက်နေသည့် ပုံစံဖမ်း၍ မာန်မဲလိုက်လေသည်။

"မင်းပြော၊ ဒါကဘာတွေလဲ"

ဘဏ္ဍာရေးဝန်ကြီးက စိတ်ထဲမှာ ခါးသက်သွားလေသည်။ ဘဏ္ဍာရေးဝန်ကြီးဌာနမှာ ငွေနည်းနည်းပဲရှိသဖြင့် သူက ဘာတတ်နိုင်မည်နည်း။ လူလိုပေါင်းသင်းဆက်ဆံတတ်သည့် မည်သူ့ကိုမဆို သူက ငွေလျာထားပေးမှာ သဘာဝပင်။ မနှစ်က တောင်ဘက်စစ်တပ်တွင် ထိုကဲ့သို့ ဖြစ်ခဲ့သည်။ သူ့စိတ်ထဲတွင် အနောက်မြောက်စစ်တပ်ကလည်း အနောက်တောင်စစ်တပ်လို ပင်ပန်းဆင်းရဲကြမည်ဟု တွေးထားပေမယ့် တိုက်တိုက်ဆိုင်ဆိုင်ပင် အရှေ့တောင်ဘက်က ရိုသေသမှုဖြင့် လက်ဆောင်ပဏ္ဍာဆက်သလာခဲ့၍ သူက အရှေ့တောင်ဘက်ရှိ ထိုက်တျန်စစ်တပ်အတွက် ငွေကို အရင်ဆုံး‌ လျာထားပေးခဲ့သည်။

အညှာကိုင်ခံလိုက်ရမည်ဟု ဘယ်သူက သိမည်နည်း။

ဘဏ္ဍာရေးဝန်ကြီးက ကတုန်ကယင်ဖြစ်သွားသဖြင့် စကားပြောတဲ့ အသံတောင် တုန်ယင်နေလေသည်။

"ကျွန်တော်မျိုး မတရားစွပ်စွဲခံရတာပါ"

ကျောက်ဝမ်ယုံးက သူ့ကို မျက်ဆန်တစ်ချက် လှန်ပြလိုက်လေသည်။ အနှီလူက ဘယ်လောက်ပဲ ငိုကြွေးမြည်တမ်းနေပါစေ ချက်ချင်း လူများကို သူ့အား ရာထူးမှ ထုတ်ပယ်ခိုင်းလိုက်လေသည်။

အသစ်ခန့်အပ်မည့် ဘဏ္ဍာရေးဝန်ကြီးကို မဆုံးဖြတ်ရသေးချေ။ ညီလာခံခန်းမ၌ နောက်ထပ် ကိစ္စတစ်ခု မိန့်ကြားခဲ့သည်။ ဘဏ္ဍာရေးဝန်ကြီးဌာနက အခွန်တိုးအောင် လုပ်ဆောင်ရန်ဖြစ်သည်။

စကားဝိုင်းခေါင်းစဉ်ကို ကျောက်ဝမ်ယုံးက ရွေးချယ်ခဲ့တာဖြစ်သည်။ ဒရွတ်တိုက်ဆွဲထုတ်ခံလိုက်ရသည့် ဘဏ္ဍာရေးဝန်ကြီးကို ကြည့်ရင်း မျက်နှာထားက အားမလိုအားမရဖြစ်လာသဖြင့် စကားပြောတာတောင် အံတကျိတ်ကျိတ်ဖြစ်နေလေသည်။

"အမတ်တို့ ပြောကြပါဦး၊ အဲ့ဒီ ဘဏ္ဍာရေးဌာနကို တိုးတတ်အောင် ဘယ်လိုလုပ်သင့်လဲ၊ ကိုယ်တော်သူ့ကို ရာထူးကြီးကြီးပေးထားတာက စာရင်းမှတ်တဲ့ အိမ်တော်ထိန်း လုပ်ခိုင်းဖို့ မဟုတ်ဘူး"

ထိုစကားထွက်လာသည်နှင့် အကုန်လုံး တိတ်ဆိတ်သွားလေသည်။

ပထမဆုံးထွက်လာသည့်သူက အသစ်ခန့်အပ်ထားသည့် အလုပ်သမားရေးရာဝန်ကြီး ဖန်းကျင်းဖြစ်သည်။

"အရှင်မင်းကြီး ကျန်းနန်ရဲ့ တာတမံဆောက်လုပ်မယ့် ကုန်ကျစရိတ်ထဲကနေ
ငွေတစ်သန်းလောက် လျော့လို့ရတယ်လို့ ကျွန်တော်မျိုးထင်တယ်"

ကျန်းနန် တာတမံဆောက်လုပ်ရေးကို ဒီနှစ်ရဲ့ အဓိက စီမံကိန်းအဖြစ် သတ်မှတ်ထားသဖြင့် ငွေ သန်းနှစ်ရာ့ငါးဆယ်ကျော်ကို လျာထားခဲ့သည်။ ထိုကိစ္စက လူတစ်အုပ်နှင့် အကြာကြီး ဆွေးနွေးပြီးမှသာ သတ်မှတ်လိုက်သည့် အနိမ့်ဆုံး ရန်ပုံငွေဖြစ်သည်။ ဖန်းကျင်းက နည်းနည်းလောက် လျော့လိုက်မည်ဟု ပြောလာသဖြင့် ကျောက်ဝမ်ယုံး၏ အကြည့်က နောက်ဆုံးတွင် ပြောင်းလဲသွားလေသည်။

"မင်း သေချာလား"

ဖန်းကျင်းက ဧကရာဇ်အရှင်ကို မာနလည်းမကြီး ဝပ်တွားခယမှုလည်းမပြုသည့် မျက်နှာထားဖြင့် ပြောလိုက်လေသည်။

"ကျွန်တော်မျိုး ‌ဦးခေါင်းနဲ့ အာမခံပါတယ်"

ကျောက်ဝမ်ယုံးက ပြုံးလိုက်လေသည်။

"ကောင်းပြီ"

အသစ်ခန့်အပ်ထားသည့် အလုပ်သမားရေးရာဝန်ကြီးက ပွဲကြီးပွဲကောင်းတစ်ခု ချပြလိုက်သည်ဟု ပြောလို့ရသည်။ နောက်ပိုင်းတွင် ဘေးဒုက္ခ၏ ဇစ်မြစ်ဖြစ်လာမလား ဒါမှမဟုတ် အောင်မြင်သွားမလားကိုတော့ မသိရသေးချေ။ သို့ပေမယ့် ပွဲကြည့်ချင်သည့်လူများက ဘယ်တုန်းကမှ နည်းမသွားဘူးချေ။

ဖန်းကျင်းကတော့ တည်ငြိမ်သည့် ပုံစံဖြစ်နေ‌ဆဲပင်။ ကြည့်ရတာ ယုံကြည့်ချက်အပြည့်ဖြစ်နေလေသည်။

ဆက်လာမည့်အရာကမှ တကယ့် အရေးပါသည့် ဇာတ်ဖြစ်သည်။

တိတ်ဆိတ်ကျသွားသည့် ခန်းမဆောင်ထဲတွင် ရုတ်တရက် လူငယ်လေးတစ်ယောက်၏ အသံထွက်ပေါ်လာလေသည်။

"အရှင်မင်းကြီး၊ ကျွန်တော်မျိုးမှာ လျှောက်တင်စရာရှိပါတယ်"

ပြောတဲ့သူက ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမှုထမ်းလေးဖြစ်သည်။ ခါတိုင်းရက်‌တွေမှာဆိုရင် ဝင်ပြောပိုင်ခွင့် လုံးဝမရှိပေမယ့် ခန်းမဆောင်ထဲရှိ အရာရှိတော်တော်များက သူ့ကို သိကြသည်။

အလေးအနက်ထားပြီးပြောရရင် သူက နဂါးပုလ္လင်ထက်မှာထိုင်နေသည့်လူနှင့် ပတ်သက်မှု အနည်းငယ်တောင် ရှိပါသေးသည်။

အနှီလူက ဖန်ချန်ဟုခေါ်သည်။ မိခင်က မြောက်ပိုင်းမှ ဖန်အိမ်တော်၏ တရားဝင်သမီးဖြစ်သည်။

အရင်တုန်းက အရင်ဧကရာဇ်၏ သားတော်ကြီး မင်းသားချန်သည် မိန်းမလိုက်စားသဖြင့် မင်းသားအိမ်တော်ထဲတွင် ကိုယ်လုပ်တော်များက မရေမတွက်နိုင်ချေ။ စစ်တပ်တည်ထောင်ဖွဲ့စည်းရန် မြောက်ပိုင်းသို့ သွားခဲ့ရပေမယ့် မြောက်ပိုင်းက လူကုံထံမျိုးနွယ် ဖန်မိသားစု၏ တရားဝင်သမီးကို မျက်စိကျခဲ့လေသည်။

ပြန်လာပြီးနောက်ပိုင်းတွင် အိပ်မက်ထဲမှာပင် သူမကို လွမ်းဆွတ်နေမိသောကြောင့် အရင်ဧကရာဇ်ထံ သူမကို ဇနီးအဖြစ် လက်ထပ်ယူချင်သည်ဟု လျှောက်တင်ခဲ့လေသည်။

ထိုအချိန်တွင် မင်းသားချန်၌ ဝမ်ဖေး ရှိနှင့်နေပြီဖြစ်သလို အရံကြင်ယာတော်နှစ်ပါး နေရာမှာလည်း လူရှိနှင့်နေပြီဖြစ်သည်။ ပြောရလျှင် အလကားစကားသာဖြစ်သည်။

(T/N ဝမ်ဖေးက မင်းသားရဲ့ တရားဝင်ဇနီး)

သို့ပေမယ့် အရင်ဧကရာဇ်က ချစ်‌ရေးချစ်ရာကိစ္စများကို ခံစားတတ်သည့် လူဖြစ်သည်။ မင်းသားချန်က ထိုမိန်းကလေးတစ်ယောက်အတွက်နဲ့ မစားနိုင်မသောက်နိုင်ဖြစ်နေသည်ကို ကြားတော့ သူတို့နှစ်ယောက်က ကောင်းကင်ဘုံမှ သတ်မှတ်ပေးထားသည့် ဖူးစာဟု ပြောလိုက်သေးသည်။

ချက်ချင်း ရင်ထဲထိသွားပြီး ဝမ်းနည်းကြေကွဲစရာကောင်းသည့် အချစ်ဇာတ်လမ်းကြောင့် မျက်ရည်တောင် စီးကျလာလေသည်။

ရက်အနည်းငယ်အတွင်းမှာပဲ ဖန်မိသားစု၏ သမီးကို ဒုတိယတရားဝင်ဇနီးအဖြစ် သူ့သားတော်ဆီ အပ်နှင်းရန် အမိန့်ထုတ်ခဲ့လေသည်။

ဖန်မိသားစုက အိမ်မှာထိုင်နေရင်း ဘေးအန္တရာယ်ဆိုးကြီးက ကောင်းကင်ပေါ်မှ ပြုတ်ကျလာသလိုပင်။ အစကတည်းက အခြားသူနှင့် ကတိကဝတ်ပြုပြီးသားဖြစ်ပေမယ့် ကံမကောင်းစွာဖြင့် အနှီလူပေါကြော့၏ ဖျက်လို့ဖျက်ဆီးလုပ်ခြင်းကို ခံလိုက်ရလေသည်။

သို့ပေမယ့်လည်း ဘုရင့်အမိန့်ဖြစ်သဖြင့် နာခံရပေမည်။ ဖန်းမိသားစု၏ မမလေးသည် အိမ်ထဲမှာ ရက်အချို့လောက် ငိုကြွေးခဲ့ပေမယ့် နောက်ဆုံးမှာတော့ လက်ထပ်ရလိုက်လေသည်။ မင်းသားချန်က သူလိုချင်သည့် မိန်းမလှလေးကို ရတော့ ရက်အနည်းငယ်လောက် ပျော်ရွင်နေခဲ့‌ပေမယ့် နောက်ပိုင်းတွင် သူမကို ချောင်ထိုးထားလိုက်လေသည်။ ဟုတ်လည်းဟုတ်ပါသည်။ သူ့လိုလူမျိုးက သူတို့ပျော်ရွင်မှုအတွက် အခြားသူက ဘာတွေ ပေးဆပ်လိုက်ရသည်ကို ဘယ်လိုလုပ်သိမည်နည်း။

အစကတော့ နေ့ရက်တွေကို ပုံမှန်အတိုင်း ဖြတ်သန်းနေတာဖြစ်သည်။ ဖန်မိသားစု၏ သမီးက အချစ်ခံရသည်ဟု ပြောလို့မရပေမယ့် ရာထူးက တရားဝင်ဇနီးနှင့် တန်းတူနေရာမှာ ရှိနေသည့်အပြင် သားယောင်္ကျားလေးတစ်ဦးပါ မွေးဖွားလိုက်တော့ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ခဲ့သည်။ မင်းသားချန်က နောက်ပိုင်းတွင် ဆောင်ကြာမြိုင်ထဲက ပြည်တန်ဆာတစ်ယောက်ကို မျက်စိကျသွားပြီး ငွေဖြင့် တိတ်တဆိတ်ပြန်ရွေးကာ မင်းသားအိမ်တော်ထဲသို့ ခေါ်လာခဲ့မည်ဟု ဘယ်သူက ထင်ထားမည်နည်း။

ဝမ်ဖေးက မနာလိုဝန်တိုတတ်သည့် လူတစ်ယောက်ဖြစ်သည်။ သူမနှင့် အခွင့်အရေးတန်းတူရရှိနိုင်သည့် တစ်ယောက်‌သောသူကို အလွန်အမင်း မုန်းတီးနေလေသည်။ နောက်ကွယ်တွင် ထိုပြည်တန်ဆာနှင့် ပေါင်းပြီး ထိုအချိန်တုန်းက ကျောက်ဖင်ကျင့်ဟု ခေါ်နေသေးသည့် ဖန်ချန်ကို အဆိပ်ခတ်ခဲ့လေသည်။

ဖန်ဖေးက ကလေးကို ဖက်လျက် အကြာကြီး ငိုကြွေးခဲ့ပေမယ့် နောက်ဆုံးမှာတော့ အသုံးမဝင်တဲ့ သမားတော်တစ်ယောက် ရောက်လာပြီး တော်ဝင်သမားတော်‌ကိုတောင် မပင့်ပေးခဲ့ချေ။

သက်သေတွေခိုင်လုံနေတာတောင် မင်းသားချန်က မျက်ကန်းလိုမျိုး ထိုပြည့်တန်ဆာကို ကာကွယ်ပေးနေလေသည်။

သခင်မလေး ဖန်က အလွန်အမင်း ဒေါသထွက်သွားပြီး ထွက်ပေါက်ရှာမရတော့သဖြင့် ကလေးကို ပွေ့ချီလျက် ရုံးတော်အပြင်ဘက်တွင် ချိတ်ဆွဲထားသည့် ဗုံကို တီးခဲ့လေသည်။

ထိုကိစ္စက လုံးလုံးလျားလျား ပွက်လောရိုက်သွားသည်ဟု ပြောလို့ရသည်။

ဖန်ဖေးက ကြိမ်ဒဏ်အချက်သုံးဆယ်ကို အဖိုးအခအဖြစ်ပေးဆပ်ပြီး သူမသား ရှေ့လျှောက် အသက်တည်မြဲရန် အခွင့်အလမ်းနှင့် လဲလှယ်ယူခဲ့သည်။

ပြဿနာက အရင်ဧကရာဇ် ရှေ့မှောက်ထိ ရောက်သွားလေသည်။ သခင်မလေးဖန်က အရင်ဆုံး ငိုကြွေးလျက် တိုင်ကြားသည်။ ထို့နောက် ကိုယ်လုပ်တော်အဆောင်ရှိ ထိုပြည်တန်ဆာ၏ သရုပ်မှန်ကို ထပ် ဖွင့်ချလိုက်သည်။ ဒီတစ်ခေါက်မှာတော့ အရှက်မကွဲ‌အောင် ဖုံးဖိထားသည့် နောက်ဆုံး အလွှာကို လှန်ချလိုက်သည်ဟု ယူဆလို့ရသည်။

အရင်ဧကရာဇ်က သေလုမတတ် ဒေါသထွက်သွားလေသည်။ ထိုကလေးက တရားဝင်သားတစ်ယောက်လည်း ဖြစ်သည်။

ကျောက်မိသားစု၏ မြေးလေးက မမျှော်လင့်ဘဲ ဒီလိုမျိုး အနိုင်ကျင့်ခံခဲ့ရလေသည်။ ချက်ချင်း သူမအတွက် တာဝန်ယူပေးမည်ဟုဆိုကာ ထိုပြည့်တန်ဆာမကို သေမိန့်ပေးလိုက်သည်။

အဆုံးမှာတော့ မင်းသားချန်က ဒီနှစ်တွေမှာ လိုအင်ဆန္ဒပြည့်ပြည့်ဝဝဖြင့် နေခဲ့ရပေမယ့်လည်း ထိုစကားကိုကြားတော့ မှုးကြီးမတ်ရာများနှင့် တော်ဝင်မိသားစုရှေ့မှောက်တွင်
ဖန်ဖေး၏ မျက်နှာကို လက်ညှိုးထိုးပြီး သူမကို မိန်းမပျက်ဟုဆဲဆိုခဲ့သည့်အပြင် ကလေးကိုပါ ခွေးကောင်ဟု ဆဲဆိုခဲ့သေးသည်။

အရင်ဧကရာဇ်က အလွန်အမင်း ဒေါကန်သွားသဖြင့် အနှီကောင်စုတ်ကို ခပ်ပြင်းပြင်း တစ်ချက် ကန်ထည့်လိုက်လေသည်။

ဖန်ဖေးက အခွင့်အရေးရတုန်း ချက်ချင်း ဆုံးဖြတ်ချက်ချပြီး သူနှင့် ကွာရှင်းချင်သည်ဟု ပြောဆိုခဲ့လေသည်။ တော်ဝင်မိသားစုတွင် ဒီလို ကျော်မကောင်းကြားမကောင်း
သည့် သတင်းမျိုး ဘယ်တုန်းကမှ မထွက်ခဲ့ဖူးချေ။ လူပေါင်းများစွာက ချက်ချင်း မျက်နှာ ပျက်ယွင်းသွားကြလေသည်။

မင်းသားချန်က စဉ်းစားချင့်ချိန်နိုင်စွမ်း မရှိသော လူတစ်ယောက်ဖြစ်သဖြင့် ချက်ချင်း သဘောတူလိုက်လေသည်။

အရင်ဧကရာဇ်က နည်းလမ်းမရှိတော့ချေ။ သားအမိနှစ်ယောက်၏ သနားစဖွယ် ပုံစံကို ကြည့်ရင်း ဖန်မိသားစု၏ သခင်ကြီးကို တွေးနေမိလေသည်။ နောက်ဆုံးမှာတော့ အံကျိတ်၍ ထိုကိစ္စကို သဘောတူလိုက်လေသည်။ ဖန်ဖေးက ကလေးခေါ်၍ ပြန်သွားပြီးနောက် သိပ်မကြာခင်မှာ ဆုံးပါးသွားလေသည်။

ကလေးတစ်ယောက်ထဲ ကျန်ရစ်ခဲ့တော့ အတင်းအဖျင်း မြောက်မြားစွာက ပေါ်ထွက်လာလေသည်။ မင်းသားချန်လည်း သည်းမခံနိုင်သဖြင့် သူတို့မိသားစုကို အချိန်အကြာကြီး ဖိနှိပ်ခဲ့လေသည်။

ကံကောင်းထောက်မစွာဖြင့် နောက်ပိုင်းတွင် ကျောက်ဝမ်ယုံးက စစ်တပ်ကြီးကို ဦးဆောင်၍ ရုတ်တရက် ပေါ်လာခဲ့ပြီး နန်းသိမ်းခဲ့လေသည်။

ဖန်မိသားစု၏ သခင်ကြီးက စိတ်ဓါတ်ပြတ်သားသည်။ ကလေးကို နာမည်ပြောင်းချင်သည်ဟုဆိုကာ ချက်ချင်း အစီရင်ခံစာ ကောက်တင်ခဲ့လေသည်။

ဒီတစ်ခေါက်မှာတော့ ဘာအတားအဆီးမှ မရှိဘဲ ထိုကလေးကို တော်ဝင်မိသားစုထဲမှ ဖယ်ထုတ်ခိုင်းလိုက်လေသည်။

ထိုကိစ္စက ကြီးကြီးမားမား ပွက်လောရိုက်ခဲ့သဖြင့် မြို့တော်ထဲတွင် လူတိုင်းက အနည်းအကျဉ်းတော့ သိထားကြသည်။ နောက်ပိုင်းတွင် ဖန်မိသားစုက မပျက်စီးခဲ့‌
ပေမယ့် လူ‌တော်တော်များများက သူတို့ကို ပြက်ရယ်ပြုခဲ့ကြသည်။ အကယ်၍ ကလေးက လိမ်လိမ်မာမာနှင့် မင်းသားချန်နောက်လိုက်သွားလျှင် အမွှေဆက်ခံသူဖြစ်လာပြီး ဒီလိုမျိုး ပင်းပန်းဆင်းရဲမှာ မဟုတ်ဘူးဟု ဆိုကြသည်။

သို့ပေမယ့် ဖန်ချန်က စိတ်ကို ကြိုတင်ပြင်ဆင်ထားသည့် လူတစ်ယောက်ဖြစ်သည်။ မျက်နှာပေါ်မှာ ဘယ်လို အတွေးမှ မပေါ်ဖူးသဖြင့် ဘေးကလူတွေက ဟာသကြည့်ချင်ရင်တောင် ဘာမှ မတတ်နိုင်ချေ။

သူက ညီလာခံခန်းမထက်မှာ တစ်လျှောက်လုံး ရှိလည်းဖြစ် မရှိလည်းဖြစ်သည့် ဖြစ်တည်မှုတစ်ခုဖြစ်သည်။ ဒီနေ့မှာ‌တော့ ထိုစကားက လူပေါင်းများစွာ၏ စိတ်နှလုံးကို ဆွဲဆောင်ခဲ့လေသည်။

ကျောက်ဝမ်ယုံးက နောက်ဆုံးမှာတော့ ပွဲကြီးပွဲကောင်းစပြီဟု စိတ်ထဲမှာ တွေးတောလိုက်လေသည်။

မျက်နှာပေါ်မှာတော့ ဂရုမစိုက်ဟန်ဖြစ်နေဆဲပင်။ သူက ပြောလိုက်လေသည်။

"ပြော"

ဖန်ချန်က‌ ကြမ်းပြင်ထက်မှာ ဒူးထောက်ချလိုက်ပြီး သူ့ဆီက စကားထွက်ကျလာသည်နှင့် လူအပေါင်းက ထိတ်လန့်သွားလေသည်။

"ကုန်သွယ်‌ရေးလုပ်ငန်း‌တွေကို အခွန်‌ဆောင်မယ့်ထဲ ထည့်လို့ရတယ်လို့ ကျွန်တော်မျိုးထင်မိတယ်"

ထိုစကားထွက်ကျလာသည်နှင့် အောက်ဖက်က ပွက်လောရိုက်သွားလေသည်။

"မင်း ဘာလျှောက်ပြောနေတာလဲ၊ တကျိုးမှာ ကုန်သွယ်ခွန်ကောက်တာမျိုး လုံးဝ မရှိခဲ့ဘူး၊ အဲ့ဒီလိုလုပ်ရင် ရုံးတော်မှာ ကယောက်ကယက်ဖြစ်ပြီး တိုင်းပြည်မငြိမ်မသက်ဖြစ်မှာ စိုးတယ်!"

"ဟုတ်ပါတယ်၊ အရှင်မင်းကြီး၊ လုံးဝ မဖြစ်နိုင်ပါဘူး"

ဗရုတ်သုတ်ခ စကားတွေများပြောပြီး ဆူညံပွက်လောရိုက်နေသဖြင့် ကျောက်ဝမ်ယုံးက ခေါင်းကိုက်လာလေသည်။

ကျောက်ဝမ်ယုံးက ဖန်ချန်ကို တစ်ခွန်းပြောလိုက်လေသည်။

"မင်း‌ပိုင်နိုင်လို့လား"

ဖန်ချန်က စိတ်အားတင်းလိုက်လေသည်။
သူတို့ ဖန်မိသားစုက သူ့ကြောင့် ကျရှုံးသွားတာဖြစ်သည်။ ခက်ခဲသည့်အခြေအနေထဲကနေ သူ့မိသားစုကိုဆွဲထုတ်ရမည်။ သူ့ကိုယ်သူ စတေးရမည်ဆိုရင်တောင်ပေါ့။

"ကျွန်တော်မျိုး ယုံကြည်ချက်ရှိပါတယ်"

"ကောင်းပြီ"

ကျောက်ဝမ်ယုံးက ထိုစကားကို ပြောခဲ့ပေမယ့် နောက်ထပ်ပြောဆိုခြင်းမရှိချေ။ အောက်ဖက်ရှိ လူများက မှန်းဆနေကြပေမယ့် ဧကရာဇ်အရှင်ကတော့ ဖုတ်ဖတ်ခါပြီး ထွက်သွားနှင့်ပြီဖြစ်သည်။ ဒီတစ်ခေါက်လည်း အရှင်မင်းကြီးက ဘာသဘောလဲဆိုတာ မသိကြရပြန်။

ကျောက်ဝမ်ယုံးက အပြင်ရောက်သည်နှင့်
မုချန်နန်းဆောင်ဘက်သို့ တိုက်ရိုက်သွားလိုက်လေသည်။ လမ်းသွားရင်း မေးလိုက်သေးသည်။

"သူဒီနေ့ ဘာတွေလုပ်လဲ"

အန်းကုန်းကုန်းက လက်‌အောက်ငယ်သားများ၏ လျှောက်တင်ချက်များကို စဉ်းစားပြီးနောက် အမှန်အတိုင်း လျှောက်တင်လိုက်လေသည်။

"ဒီနေ့ သခင်လေးက မင်းသားငယ်လေးကို ခေါ်ပြီး တော်ဝင်ဥယျာဉ်မှာ ပန်းသွားကြည့်မယ်လို့ပြောတယ်၊ ဒါပေမယ့်...."

ကျောက်ဝမ်ယုံး၏ ခြေလှမ်းက တုံ့ခနဲ ရပ်တန့်သွားပြီး ဆယ်ခါ့တစ်ခါမှ စိတ်ကောင်းဝင်တတ်သည့် စိတ်ကပါ အနည်းငယ် အနှောက်အယှက် ဖြစ်သွားလေသည်။

"ဘာဖြစ်လို့လဲ"

အန်းကုန်းကုန်း ခေါင်းငုံ့၍ ပြန်ဖြေလိုက်လေသည်။

"ဒီနေ့ ကျင့်ဖေးမယ်မယ်ကလည်း ပန်းသွားကြည့်တယ်လို့ပြောတယ်၊ နှစ်ယောက်သား ပက်ပင်းတိုးမိမယ့်ပုံပဲ"

ကျောက်ဝမ်ယုံးက ကြားလိုက်သည်နှင့် မျက်နှာ ပျက်သွားလေသည်။ ခြေလှမ်းက အလိုလို မြန်သွားပြီး တော်ဝင်ဥယျာဉ်ဘက်သို့ တိုက်ရိုက် ဦးတည်သွားလိုက်လေသည်။
အဲ့ဒီ ကျန်းကျီလန်က ပန်းတွေတောင် ဂဂနနမသိတာ ဘာပန်းကြည့်တာလဲ။

မင်းစောင့်နေလိုက်!

အပိုင္း(၂၃) ပထမဆုံးအႀကိမ္ အရည္အခ်င္း ထုတ္ျပျခင္း (တတိယပိုင္း)

အရင္က ေက်ာက္ဝမ္ယုံးအား ကုထင္ရန္ေျပာခဲ့သည့္စကားမ်ားကို အႏွီလူက စိတ္ထဲထည့္လားမထည့္လား မသိေခ်။ သို႔ေပမယ့္ အခြန္ကိစၥကေတာ့ ေျပာင္းလဲမႈ လုံးဝ မ႐ွိေခ်။ အခြန္ဝန္ႀကီးဌာနမွ ထိုအဘိုးႀကီးက ေန႔တိုင္းလိုလို ေက်ာက္ဝမ္ယုံးထံ ပိုက္ဆံမ႐ွိဘူးဟု ညည္းေနဆဲပင္။

ကုထင္ရန္သည္ ကိုယ့္ရဲ႕ အၾကံက အရမ္းေကာင္းသည္ဟုထင္မိသည္။
ေက်ာက္ဝမ္ယုံးရဲ႕ အသိအမွတ္ျပဳျခင္း မခံရ
သျဖင့္ စိတ္ထဲမွာလည္း အနည္းငယ္ မသက္မသာျဖစ္ေနေလသည္။

သို႔ေပမယ့္ သူလည္း စိတ္ထဲမွာပဲ ေတြးေနတာျဖစ္ၿပီး ေက်ာက္ဝမ္ယုံးကို ဘာတစ္ခြန္းမွ မေျပာေခ်။

သို႔ေသာ္ သိပ္မၾကာခင္တြင္ အခြန္ဝန္ႀကီးဌာန၌ ျပႆနာအႀကီးႀကီး ျဖစ္ပြားခဲ့သည္။
ကာကြယ္ေရးဝန္ႀကီးဌာန၏ ဝန္ႀကီးက အခြန္ဝန္ႀကီးဌာန၏ ဝန္ႀကီးကို ညီလာခံခန္းမ၌ တိုက္႐ိုက္ တိုင္ၾကားခဲ့ေလသည္။
ႏွစ္ဖက္လုံးက အခ်င္းခ်င္း လုံးဝ မ်က္ႏွာ
မေထာက္ဘဲ ပုတ္ခတ္ခဲ့ၾကေလသည္။
ေျပာရရင္ စစ္ေရးအသုံးစရိတ္ျပႆနာေၾကာင့္ျဖစ္သည္။

ထ်ယ္ေမာက္စစ္တပ္သည္
ေက်ာက္ဝမ္ယုံး၏ ကိုယ္ပိုင္စစ္တပ္ျဖစ္သျဖင့္ အခြန္ဝန္ႀကီးဌာနက မ်က္ႏွာလုပ္ေနတာၾကာၿပီျဖစ္သည္။ ဧကရာဇ္ေနရာကို ေက်ာက္ဝမ္ယုံးက အတည္တက် ဆက္ခံၿပီးကတည္းက ထ်ယ္ေမာက္စစ္စပ္၏ စစ္ေရးအသုံးစရိတ္သည္ လုံးဝ ေလ်ာ့နည္းသြားျခင္းမ႐ွိခဲ့ေခ်။

သို႔ေပမယ့္ အေနာက္ေျမာက္အရပ္၊ အေနာက္ေတာင္အရပ္ႏွင့္ ေတာင္ပိုင္းစစ္တပ္မ်ား၏ စစ္ေရးအသုံးစရိတ္က တေျပးတည္း လုံးဝ မ႐ွိခဲ့ေခ်။ လြန္ခဲ့သည့္ႏွစ္အနည္းငယ္က ေတာင္ပိုင္းစစ္တပ္သည္ နန္က်န္းစစ္တပ္ႏွင့္ တိုက္ပြဲျဖစ္ခဲ့ေပမယ့္ ေထာက္ပံ့ေၾကးကို ယေန႔အခ်ိန္ထိ ေပးေဆာင္ျခင္းမ႐ွိေသးေခ်။

ကာကြယ္ေရးဝန္ႀကီးသည္ ငယ္႐ြယ္စဥ္အခါက ရဲစြမ္းသတၱိႏွင့္ျပည့္စုံေသာ ေယာက်ၤားတစ္ေယာက္လည္းျဖစ္သည္။ စစ္ေျမျပင္ေပၚ တတ္ခဲ့ၿပီး တိုက္ပြဲလည္း ဝင္ဖူးခဲ့သျဖင့္ ထိုလူေတြ၏ ပင္ပန္းဆင္းရဲမႈကို နားလည္မွာ ေသခ်ာပါသည္။

ထို႔ေၾကာင့္ အခြန္ဝန္ႀကီးဆီက ေျဖ႐ွင္းခ်က္တစ္ခု လိုခ်င္သည္ဟု ေန႔တိုင္းလိုလို ပိတ္‌ ေျပာေနခဲ့သည္။

အရင္တုန္းက အခြန္ဝန္ႀကီးသည္ အရင္ဧကရာဇ္ေနာက္ လိုက္ခဲ့သျဖင့္ ဒီလိုကိစၥမ်ိဳးကို လြယ္လင့္တကူ ကိုင္တြယ္ႏိုင္သည္ဟု ဆိုလို႔ရသည္။ သို႔ေသာ္ စကားေလးႏွစ္ခြန္းသုံးခြန္းေၾကာင့္ ကာကြယ္ေရးဝန္ႀကီးဌာနမွ ဝန္ႀကီးအိုကို နင္ေအာင္လုပ္ရန္ စကားေတာင္ ထြက္မလာေတာ့ေခ်။

လူကိုျမင္တာနဲ႔ သူက သူမ်ားေနာက္လိုက္ၿပီး အခြန္ဝန္ႀကီးဌာနမွာ ပိုက္ဆံမ႐ွိဘူးဟု ညည္းျပသည္။

ကာကြယ္ေရးဝန္ႀကီးဌာနမွ ဝန္ႀကီးအိုသည္ ေဒါသေၾကာင့္ အိပ္ရာထဲပါ လဲသြားေလသည္။ ႐ုတ္တရက္ တစ္စုံတစ္ေယာက္က သူ႕အိမ္တိုင္ရာေရာက္ စာတစ္ေစာင္ပို႔လာေလသည္။

ဝန္ႀကီးအိုက စာေပၚပါ စာလုံးမ်ားကို ဖတ္
ၾကည့္ၿပီးေနာက္ လူေတြကို သြားထပ္စစ္ေဆးခိုင္းလိုက္သည္။ တမုဟုတ္ခ်င္း ခါးလည္းမနာေတာ့သလို ေျခေထာက္လည္း မနာေတာ့ေခ်။ ေက်ာက္ဝမ္ယုံးေ႐ွ႕ေမွာက္သို႔ အားမာန္တတ္ႂကြစြာျဖင့္ ေျပးသြားၿပီး အခြန္ဝန္ႀကီးကို တိုင္တန္းေလေတာ့သည္။

"အ႐ွင္မင္းႀကီး ကြၽန္ေတာ္မ်ိဳး အရာ႐ွိမင္းအျဖစ္ထမ္းေဆာင္လာတဲ့တစ္ေလွ်ာက္မွာ ႐ိုးသား ေျဖာင့္မတ္ၿပီး အဂတိတရားကင္းစင္ခဲ့ပါတယ္၊ အခြန္ဝန္ႀကီးဌာနက အ႐ွက္မ႐ွိတဲ့ အဖိုးႀကီးေတြက သူမ်ားေပးတဲ့ တံဆိုးလက္ေဆာင္ကို လက္ခံၿပီး သေဘာတူေၾကာင္းစာျပန္ခဲ့ပါတယ္၊ တကယ္ပဲ တိုင္းျပည္ရဲ႕ ျခေကာင္ေတြျဖစ္သလို ျပည္သူေတြ ေဘးဒုကၡသင့္ေစမယ့္ ဇစ္ျမစ္လည္း ျဖစ္ပါတယ္"

သူေျပာတဲ့အသံက ဆို႔နင့္ေနၿပီး ငိုေတာင္ ငိုေတာ့မည္ျဖစ္သည္။ လာၾကည့္တဲ့သူတိုင္းက သစၥာေစာင့္သိသည့္ အရာ႐ွိ၊ စစ္သူႀကီးေကာင္းဟု တစ္ခုမဟုတ္တစ္ခုေျပာသြားၾက‌ ေပမည္။

ေက်ာက္ဝမ္ယုံးက သူဆက္သလာသည့္ သက္ေသကို တစ္ခ်က္ၾကည့္ၿပီး စိတ္ထဲမွာ ေပ်ာ္႐ြင္သြားေလသည္။ သို႔ေပမယ့္ မ်က္ႏွာေပၚမွာေတာ့ အလြန္အမင္း ေဒါသထြက္ေနသည့္ ပုံစံဖမ္း၍ မာန္မဲလိုက္ေလသည္။

"မင္းေျပာ၊ ဒါကဘာေတြလဲ"

ဘ႑ာေရးဝန္ႀကီးက စိတ္ထဲမွာ ခါးသက္သြားေလသည္။ ဘ႑ာေရးဝန္ႀကီးဌာနမွာ ေငြနည္းနည္းပဲ႐ွိသျဖင့္ သူက ဘာတတ္ႏိုင္မည္နည္း။ လူလိုေပါင္းသင္းဆက္ဆံတတ္သည့္ မည္သူ႕ကိုမဆို သူက ေငြလ်ာထားေပးမွာ သဘာဝပင္။ မႏွစ္က ေတာင္ဘက္စစ္တပ္တြင္ ထိုကဲ့သို႔ ျဖစ္ခဲ့သည္။ သူ႕စိတ္ထဲတြင္ အေနာက္ေျမာက္စစ္တပ္ကလည္း အေနာက္ေတာင္စစ္တပ္လို ပင္ပန္းဆင္းရဲၾကမည္ဟု ေတြးထားေပမယ့္ တိုက္တိုက္ဆိုင္ဆိုင္ပင္ အေ႐ွ႕ေတာင္ဘက္က ႐ိုေသသမႈျဖင့္ လက္ေဆာင္ပ႑ာဆက္သလာခဲ့၍ သူက အေ႐ွ႕ေတာင္ဘက္႐ွိ ထိုက္တ်န္စစ္တပ္အတြက္ ေငြကို အရင္ဆုံး‌ လ်ာထားေပးခဲ့သည္။

အညႇာကိုင္ခံလိုက္ရမည္ဟု ဘယ္သူက သိမည္နည္း။

ဘ႑ာေရးဝန္ႀကီးက ကတုန္ကယင္ျဖစ္သြားသျဖင့္ စကားေျပာတဲ့ အသံေတာင္ တုန္ယင္ေနေလသည္။

"ကြၽန္ေတာ္မ်ိဳး မတရားစြပ္စြဲခံရတာပါ"

ေက်ာက္ဝမ္ယုံးက သူ႕ကို မ်က္ဆန္တစ္ခ်က္ လွန္ျပလိုက္ေလသည္။ အႏွီလူက ဘယ္ေလာက္ပဲ ငိုေႂကြးျမည္တမ္းေနပါေစ ခ်က္ခ်င္း လူမ်ားကို သူ႕အား ရာထူးမွ ထုတ္ပယ္ခိုင္းလိုက္ေလသည္။

အသစ္ခန္႔အပ္မည့္ ဘ႑ာေရးဝန္ႀကီးကို မဆုံးျဖတ္ရေသးေခ်။ ညီလာခံခန္းမ၌ ေနာက္ထပ္ ကိစၥတစ္ခု မိန္႔ၾကားခဲ့သည္။ ဘ႑ာေရးဝန္ႀကီးဌာနက အခြန္တိုးေအာင္ လုပ္ေဆာင္ရန္ျဖစ္သည္။

စကားဝိုင္းေခါင္းစဥ္ကို ေက်ာက္ဝမ္ယုံးက ေ႐ြးခ်ယ္ခဲ့တာျဖစ္သည္။ ဒ႐ြတ္တိုက္ဆြဲထုတ္ခံလိုက္ရသည့္ ဘ႑ာေရးဝန္ႀကီးကို ၾကည့္ရင္း မ်က္ႏွာထားက အားမလိုအားမရျဖစ္လာသျဖင့္ စကားေျပာတာေတာင္ အံတက်ိတ္က်ိတ္ျဖစ္ေနေလသည္။

"အမတ္တို႔ ေျပာၾကပါဦး၊ အဲ့ဒီ ဘ႑ာေရးဌာနကို တိုးတတ္ေအာင္ ဘယ္လိုလုပ္သင့္လဲ၊ ကိုယ္ေတာ္သူ႕ကို ရာထူးႀကီးႀကီးေပးထားတာက စာရင္းမွတ္တဲ့ အိမ္ေတာ္ထိန္း လုပ္ခိုင္းဖို႔ မဟုတ္ဘူး"

ထိုစကားထြက္လာသည္ႏွင့္ အကုန္လုံး တိတ္ဆိတ္သြားေလသည္။

ပထမဆုံးထြက္လာသည့္သူက အသစ္ခန္႔အပ္ထားသည့္ အလုပ္သမားေရးရာဝန္ႀကီး ဖန္းက်င္းျဖစ္သည္။

"အ႐ွင္မင္းႀကီး က်န္းနန္ရဲ႕ တာတမံေဆာက္လုပ္မယ့္ ကုန္က်စရိတ္ထဲကေန
ေငြတစ္သန္းေလာက္ ေလ်ာ့လို႔ရတယ္လို႔ ကြၽန္ေတာ္မ်ိဳးထင္တယ္"

က်န္းနန္ တာတမံေဆာက္လုပ္ေရးကို ဒီႏွစ္ရဲ႕ အဓိက စီမံကိန္းအျဖစ္ သတ္မွတ္ထားသျဖင့္ ေငြ သန္းႏွစ္ရာ့ငါးဆယ္ေက်ာ္ကို လ်ာထားခဲ့သည္။ ထိုကိစၥက လူတစ္အုပ္ႏွင့္ အၾကာႀကီး ေဆြးေႏြးၿပီးမွသာ သတ္မွတ္လိုက္သည့္ အနိမ့္ဆုံး ရန္ပုံေငြျဖစ္သည္။ ဖန္းက်င္းက နည္းနည္းေလာက္ ေလ်ာ့လိုက္မည္ဟု ေျပာလာသျဖင့္ ေက်ာက္ဝမ္ယုံး၏ အၾကည့္က ေနာက္ဆုံးတြင္ ေျပာင္းလဲသြားေလသည္။

"မင္း ေသခ်ာလား"

ဖန္းက်င္းက ဧကရာဇ္အ႐ွင္ကို မာနလည္းမႀကီး ဝပ္တြားခယမႈလည္းမျပဳသည့္ မ်က္ႏွာထားျဖင့္ ေျပာလိုက္ေလသည္။

"ကြၽန္ေတာ္မ်ိဳး ‌ဦးေခါင္းနဲ႔ အာမခံပါတယ္"

ေက်ာက္ဝမ္ယုံးက ျပဳံးလိုက္ေလသည္။

"ေကာင္းၿပီ"

အသစ္ခန္႔အပ္ထားသည့္ အလုပ္သမားေရးရာဝန္ႀကီးက ပြဲႀကီးပြဲေကာင္းတစ္ခု ခ်ျပလိုက္သည္ဟု ေျပာလို႔ရသည္။ ေနာက္ပိုင္းတြင္ ေဘးဒုကၡ၏ ဇစ္ျမစ္ျဖစ္လာမလား ဒါမွမဟုတ္ ေအာင္ျမင္သြားမလားကိုေတာ့ မသိရေသးေခ်။ သို႔ေပမယ့္ ပြဲၾကည့္ခ်င္သည့္လူမ်ားက ဘယ္တုန္းကမွ နည္းမသြားဘူးေခ်။

ဖန္းက်င္းကေတာ့ တည္ၿငိမ္သည့္ ပုံစံျဖစ္ေန‌ဆဲပင္။ ၾကည့္ရတာ ယုံၾကည့္ခ်က္အျပည့္ျဖစ္ေနေလသည္။

ဆက္လာမည့္အရာကမွ တကယ့္ အေရးပါသည့္ ဇာတ္ျဖစ္သည္။

တိတ္ဆိတ္က်သြားသည့္ ခန္းမေဆာင္ထဲတြင္ ႐ုတ္တရက္ လူငယ္ေလးတစ္ေယာက္၏ အသံထြက္ေပၚလာေလသည္။

"အ႐ွင္မင္းႀကီး၊ ကြၽန္ေတာ္မ်ိဳးမွာ ေလွ်ာက္တင္စရာ႐ွိပါတယ္"

ေျပာတဲ့သူက ဘ႑ာေရးဝန္ႀကီးဌာန၏ အမႈထမ္းေလးျဖစ္သည္။ ခါတိုင္းရက္‌ေတြမွာဆိုရင္ ဝင္ေျပာပိုင္ခြင့္ လုံးဝမ႐ွိေပမယ့္ ခန္းမေဆာင္ထဲ႐ွိ အရာ႐ွိေတာ္ေတာ္မ်ားက သူ႕ကို သိၾကသည္။

အေလးအနက္ထားၿပီးေျပာရရင္ သူက နဂါးပုလႅင္ထက္မွာထိုင္ေနသည့္လူႏွင့္ ပတ္သက္မႈ အနည္းငယ္ေတာင္ ႐ွိပါေသးသည္။

အႏွီလူက ဖန္ခ်န္ဟုေခၚသည္။ မိခင္က ေျမာက္ပိုင္းမွ ဖန္အိမ္ေတာ္၏ တရားဝင္သမီးျဖစ္သည္။

အရင္တုန္းက အရင္ဧကရာဇ္၏ သားေတာ္ႀကီး မင္းသားခ်န္သည္ မိန္းမလိုက္စားသျဖင့္ မင္းသားအိမ္ေတာ္ထဲတြင္ ကိုယ္လုပ္ေတာ္မ်ားက မေရမတြက္ႏိုင္ေခ်။ စစ္တပ္တည္ေထာင္ဖြဲ႕စည္းရန္ ေျမာက္ပိုင္းသို႔ သြားခဲ့ရေပမယ့္ ေျမာက္ပိုင္းက လူကုံထံမ်ိဳးႏြယ္ ဖန္မိသားစု၏ တရားဝင္သမီးကို မ်က္စိက်ခဲ့ေလသည္။

ျပန္လာၿပီးေနာက္ပိုင္းတြင္ အိပ္မက္ထဲမွာပင္ သူမကို လြမ္းဆြတ္ေနမိေသာေၾကာင့္ အရင္ဧကရာဇ္ထံ သူမကို ဇနီးအျဖစ္ လက္ထပ္ယူခ်င္သည္ဟု ေလွ်ာက္တင္ခဲ့ေလသည္။

ထိုအခ်ိန္တြင္ မင္းသားခ်န္၌ ဝမ္ေဖး ႐ွိႏွင့္ေနၿပီျဖစ္သလို အရံၾကင္ယာေတာ္ႏွစ္ပါး ေနရာမွာလည္း လူ႐ွိႏွင့္ေနၿပီျဖစ္သည္။ ေျပာရလွ်င္ အလကားစကားသာျဖစ္သည္။

(T/N ဝမ္ေဖးက မင္းသားရဲ႕ တရားဝင္ဇနီး)

သို႔ေပမယ့္ အရင္ဧကရာဇ္က ခ်စ္‌ေရးခ်စ္ရာကိစၥမ်ားကို ခံစားတတ္သည့္ လူျဖစ္သည္။ မင္းသားခ်န္က ထိုမိန္းကေလးတစ္ေယာက္အတြက္နဲ႔ မစားႏိုင္မေသာက္ႏိုင္ျဖစ္ေနသည္ကို ၾကားေတာ့ သူတို႔ႏွစ္ေယာက္က ေကာင္းကင္ဘုံမွ သတ္မွတ္ေပးထားသည့္ ဖူးစာဟု ေျပာလိုက္ေသးသည္။

ခ်က္ခ်င္း ရင္ထဲထိသြားၿပီး ဝမ္းနည္းေၾကကြဲစရာေကာင္းသည့္ အခ်စ္ဇာတ္လမ္းေၾကာင့္ မ်က္ရည္ေတာင္ စီးက်လာေလသည္။

ရက္အနည္းငယ္အတြင္းမွာပဲ ဖန္မိသားစု၏ သမီးကို ဒုတိယတရားဝင္ဇနီးအျဖစ္ သူ႕သားေတာ္ဆီ အပ္ႏွင္းရန္ အမိန္႔ထုတ္ခဲ့ေလသည္။

ဖန္မိသားစုက အိမ္မွာထိုင္ေနရင္း ေဘးအႏၲရာယ္ဆိုးႀကီးက ေကာင္းကင္ေပၚမွ ျပဳတ္က်လာသလိုပင္။ အစကတည္းက အျခားသူႏွင့္ ကတိကဝတ္ျပဳၿပီးသားျဖစ္ေပမယ့္ ကံမေကာင္းစြာျဖင့္ အႏွီလူေပါေၾကာ့၏ ဖ်က္လို႔ဖ်က္ဆီးလုပ္ျခင္းကို ခံလိုက္ရေလသည္။

သို႔ေပမယ့္လည္း ဘုရင့္အမိန္႔ျဖစ္သျဖင့္ နာခံရေပမည္။ ဖန္းမိသားစု၏ မမေလးသည္ အိမ္ထဲမွာ ရက္အခ်ိဳ႕ေလာက္ ငိုေႂကြးခဲ့ေပမယ့္ ေနာက္ဆုံးမွာေတာ့ လက္ထပ္ရလိုက္ေလသည္။ မင္းသားခ်န္က သူလိုခ်င္သည့္ မိန္းမလွေလးကို ရေတာ့ ရက္အနည္းငယ္ေလာက္ ေပ်ာ္႐ြင္ေနခဲ့‌ေပမယ့္ ေနာက္ပိုင္းတြင္ သူမကို ေခ်ာင္ထိုးထားလိုက္ေလသည္။ ဟုတ္လည္းဟုတ္ပါသည္။ သူ႕လိုလူမ်ိဳးက သူတို႔ေပ်ာ္႐ြင္မႈအတြက္ အျခားသူက ဘာေတြ ေပးဆပ္လိုက္ရသည္ကို ဘယ္လိုလုပ္သိမည္နည္း။

အစကေတာ့ ေန႔ရက္ေတြကို ပုံမွန္အတိုင္း ျဖတ္သန္းေနတာျဖစ္သည္။ ဖန္မိသားစု၏ သမီးက အခ်စ္ခံရသည္ဟု ေျပာလို႔မရေပမယ့္ ရာထူးက တရားဝင္ဇနီးႏွင့္ တန္းတူေနရာမွာ ႐ွိေနသည့္အျပင္ သားေယာက်ၤားေလးတစ္ဦးပါ ေမြးဖြားလိုက္ေတာ့ ေကာင္းေကာင္းမြန္မြန္ ေနထိုင္ႏိုင္ခဲ့သည္။ မင္းသားခ်န္က ေနာက္ပိုင္းတြင္ ေဆာင္ၾကာၿမိဳင္ထဲက ျပည္တန္ဆာတစ္ေယာက္ကို မ်က္စိက်သြားၿပီး ေငြျဖင့္ တိတ္တဆိတ္ျပန္ေ႐ြးကာ မင္းသားအိမ္ေတာ္ထဲသို႔ ေခၚလာခဲ့မည္ဟု ဘယ္သူက ထင္ထားမည္နည္း။

ဝမ္ေဖးက မနာလိုဝန္တိုတတ္သည့္ လူတစ္ေယာက္ျဖစ္သည္။ သူမႏွင့္ အခြင့္အေရးတန္းတူရ႐ွိႏိုင္သည့္ တစ္ေယာက္‌ေသာသူကို အလြန္အမင္း မုန္းတီးေနေလသည္။ ေနာက္ကြယ္တြင္ ထိုျပည္တန္ဆာႏွင့္ ေပါင္းၿပီး ထိုအခ်ိန္တုန္းက ေက်ာက္ဖင္က်င့္ဟု ေခၚေနေသးသည့္ ဖန္ခ်န္ကို အဆိပ္ခတ္ခဲ့ေလသည္။

ဖန္ေဖးက ကေလးကို ဖက္လ်က္ အၾကာႀကီး ငိုေႂကြးခဲ့ေပမယ့္ ေနာက္ဆုံးမွာေတာ့ အသုံးမဝင္တဲ့ သမားေတာ္တစ္ေယာက္ ေရာက္လာၿပီး ေတာ္ဝင္သမားေတာ္‌ကိုေတာင္ မပင့္ေပးခဲ့ေခ်။

သက္ေသေတြခိုင္လုံေနတာေတာင္ မင္းသားခ်န္က မ်က္ကန္းလိုမ်ိဳး ထိုျပည့္တန္ဆာကို ကာကြယ္ေပးေနေလသည္။

သခင္မေလး ဖန္က အလြန္အမင္း ေဒါသထြက္သြားၿပီး ထြက္ေပါက္႐ွာမရေတာ့သျဖင့္ ကေလးကို ေပြ႕ခ်ီလ်က္ ႐ုံးေတာ္အျပင္ဘက္တြင္ ခ်ိတ္ဆြဲထားသည့္ ဗုံကို တီးခဲ့ေလသည္။

ထိုကိစၥက လုံးလုံးလ်ားလ်ား ပြက္ေလာ႐ိုက္သြားသည္ဟု ေျပာလို႔ရသည္။

ဖန္ေဖးက ႀကိမ္ဒဏ္အခ်က္သုံးဆယ္ကို အဖိုးအခအျဖစ္ေပးဆပ္ၿပီး သူမသား ေ႐ွ႕ေလွ်ာက္ အသက္တည္ၿမဲရန္ အခြင့္အလမ္းႏွင့္ လဲလွယ္ယူခဲ့သည္။

ျပႆနာက အရင္ဧကရာဇ္ ေ႐ွ႕ေမွာက္ထိ ေရာက္သြားေလသည္။ သခင္မေလးဖန္က အရင္ဆုံး ငိုေႂကြးလ်က္ တိုင္ၾကားသည္။ ထို႔ေနာက္ ကိုယ္လုပ္ေတာ္အေဆာင္႐ွိ ထိုျပည္တန္ဆာ၏ သ႐ုပ္မွန္ကို ထပ္ ဖြင့္ခ်လိုက္သည္။ ဒီတစ္ေခါက္မွာေတာ့ အ႐ွက္မကြဲ‌ေအာင္ ဖုံးဖိထားသည့္ ေနာက္ဆုံး အလႊာကို လွန္ခ်လိုက္သည္ဟု ယူဆလို႔ရသည္။

အရင္ဧကရာဇ္က ေသလုမတတ္ ေဒါသထြက္သြားေလသည္။ ထိုကေလးက တရားဝင္သားတစ္ေယာက္လည္း ျဖစ္သည္။

ေက်ာက္မိသားစု၏ ေျမးေလးက မေမွ်ာ္လင့္ဘဲ ဒီလိုမ်ိဳး အႏိုင္က်င့္ခံခဲ့ရေလသည္။ ခ်က္ခ်င္း သူမအတြက္ တာဝန္ယူေပးမည္ဟုဆိုကာ ထိုျပည့္တန္ဆာမကို ေသမိန္႔ေပးလိုက္သည္။

အဆုံးမွာေတာ့ မင္းသားခ်န္က ဒီႏွစ္ေတြမွာ လိုအင္ဆႏၵျပည့္ျပည့္ဝဝျဖင့္ ေနခဲ့ရေပမယ့္လည္း ထိုစကားကိုၾကားေတာ့ မႈးႀကီးမတ္ရာမ်ားႏွင့္ ေတာ္ဝင္မိသားစုေ႐ွ႕ေမွာက္တြင္
ဖန္ေဖး၏ မ်က္ႏွာကို လက္ညိႇဳးထိုးၿပီး သူမကို မိန္းမပ်က္ဟုဆဲဆိုခဲ့သည့္အျပင္ ကေလးကိုပါ ေခြးေကာင္ဟု ဆဲဆိုခဲ့ေသးသည္။

အရင္ဧကရာဇ္က အလြန္အမင္း ေဒါကန္သြားသျဖင့္ အႏွီေကာင္စုတ္ကို ခပ္ျပင္းျပင္း တစ္ခ်က္ ကန္ထည့္လိုက္ေလသည္။

ဖန္ေဖးက အခြင့္အေရးရတုန္း ခ်က္ခ်င္း ဆုံးျဖတ္ခ်က္ခ်ၿပီး သူႏွင့္ ကြာ႐ွင္းခ်င္သည္ဟု ေျပာဆိုခဲ့ေလသည္။ ေတာ္ဝင္မိသားစုတြင္ ဒီလို ေက်ာ္မေကာင္းၾကားမေကာင္း
သည့္ သတင္းမ်ိဳး ဘယ္တုန္းကမွ မထြက္ခဲ့ဖူးေခ်။ လူေပါင္းမ်ားစြာက ခ်က္ခ်င္း မ်က္ႏွာ ပ်က္ယြင္းသြားၾကေလသည္။

မင္းသားခ်န္က စဥ္းစားခ်င့္ခ်ိန္ႏိုင္စြမ္း မ႐ွိေသာ လူတစ္ေယာက္ျဖစ္သျဖင့္ ခ်က္ခ်င္း သေဘာတူလိုက္ေလသည္။

အရင္ဧကရာဇ္က နည္းလမ္းမ႐ွိေတာ့ေခ်။ သားအမိႏွစ္ေယာက္၏ သနားစဖြယ္ ပုံစံကို ၾကည့္ရင္း ဖန္မိသားစု၏ သခင္ႀကီးကို ေတြးေနမိေလသည္။ ေနာက္ဆုံးမွာေတာ့ အံက်ိတ္၍ ထိုကိစၥကို သေဘာတူလိုက္ေလသည္။ ဖန္ေဖးက ကေလးေခၚ၍ ျပန္သြားၿပီးေနာက္ သိပ္မၾကာခင္မွာ ဆုံးပါးသြားေလသည္။

ကေလးတစ္ေယာက္ထဲ က်န္ရစ္ခဲ့ေတာ့ အတင္းအဖ်င္း ေျမာက္ျမားစြာက ေပၚထြက္လာေလသည္။ မင္းသားခ်န္လည္း သည္းမခံႏိုင္သျဖင့္ သူတို႔မိသားစုကို အခ်ိန္အၾကာႀကီး ဖိႏွိပ္ခဲ့ေလသည္။

ကံေကာင္းေထာက္မစြာျဖင့္ ေနာက္ပိုင္းတြင္ ေက်ာက္ဝမ္ယုံးက စစ္တပ္ႀကီးကို ဦးေဆာင္၍ ႐ုတ္တရက္ ေပၚလာခဲ့ၿပီး နန္းသိမ္းခဲ့ေလသည္။

ဖန္မိသားစု၏ သခင္ႀကီးက စိတ္ဓါတ္ျပတ္သားသည္။ ကေလးကို နာမည္ေျပာင္းခ်င္သည္ဟုဆိုကာ ခ်က္ခ်င္း အစီရင္ခံစာ ေကာက္တင္ခဲ့ေလသည္။

ဒီတစ္ေခါက္မွာေတာ့ ဘာအတားအဆီးမွ မ႐ွိဘဲ ထိုကေလးကို ေတာ္ဝင္မိသားစုထဲမွ ဖယ္ထုတ္ခိုင္းလိုက္ေလသည္။

ထိုကိစၥက ႀကီးႀကီးမားမား ပြက္ေလာ႐ိုက္ခဲ့သျဖင့္ ၿမိဳ႕ေတာ္ထဲတြင္ လူတိုင္းက အနည္းအက်ဥ္းေတာ့ သိထားၾကသည္။ ေနာက္ပိုင္းတြင္ ဖန္မိသားစုက မပ်က္စီးခဲ့‌
ေပမယ့္ လူ‌ေတာ္ေတာ္မ်ားမ်ားက သူတို႔ကို ျပက္ရယ္ျပဳခဲ့ၾကသည္။ အကယ္၍ ကေလးက လိမ္လိမ္မာမာႏွင့္ မင္းသားခ်န္ေနာက္လိုက္သြားလွ်င္ အေမႊဆက္ခံသူျဖစ္လာၿပီး ဒီလိုမ်ိဳး ပင္းပန္းဆင္းရဲမွာ မဟုတ္ဘူးဟု ဆိုၾကသည္။

သို႔ေပမယ့္ ဖန္ခ်န္က စိတ္ကို ႀကိဳတင္ျပင္ဆင္ထားသည့္ လူတစ္ေယာက္ျဖစ္သည္။ မ်က္ႏွာေပၚမွာ ဘယ္လို အေတြးမွ မေပၚဖူးသျဖင့္ ေဘးကလူေတြက ဟာသၾကည့္ခ်င္ရင္ေတာင္ ဘာမွ မတတ္ႏိုင္ေခ်။

သူက ညီလာခံခန္းမထက္မွာ တစ္ေလွ်ာက္လုံး ႐ွိလည္းျဖစ္ မ႐ွိလည္းျဖစ္သည့္ ျဖစ္တည္မႈတစ္ခုျဖစ္သည္။ ဒီေန႔မွာ‌ေတာ့ ထိုစကားက လူေပါင္းမ်ားစြာ၏ စိတ္ႏွလုံးကို ဆြဲေဆာင္ခဲ့ေလသည္။

ေက်ာက္ဝမ္ယုံးက ေနာက္ဆုံးမွာေတာ့ ပြဲႀကီးပြဲေကာင္းစၿပီဟု စိတ္ထဲမွာ ေတြးေတာလိုက္ေလသည္။

မ်က္ႏွာေပၚမွာေတာ့ ဂ႐ုမစိုက္ဟန္ျဖစ္ေနဆဲပင္။ သူက ေျပာလိုက္ေလသည္။

"ေျပာ"

ဖန္ခ်န္က‌ ၾကမ္းျပင္ထက္မွာ ဒူးေထာက္ခ်လိုက္ၿပီး သူ႕ဆီက စကားထြက္က်လာသည္ႏွင့္ လူအေပါင္းက ထိတ္လန္႔သြားေလသည္။

"ကုန္သြယ္‌ေရးလုပ္ငန္း‌ေတြကို အခြန္‌ေဆာင္မယ့္ထဲ ထည့္လို႔ရတယ္လို႔ ကြၽန္ေတာ္မ်ိဳးထင္မိတယ္"

ထိုစကားထြက္က်လာသည္ႏွင့္ ေအာက္ဖက္က ပြက္ေလာ႐ိုက္သြားေလသည္။

"မင္း ဘာေလွ်ာက္ေျပာေနတာလဲ၊ တက်ိဳးမွာ ကုန္သြယ္ခြန္ေကာက္တာမ်ိဳး လုံးဝ မ႐ွိခဲ့ဘူး၊ အဲ့ဒီလိုလုပ္ရင္ ႐ုံးေတာ္မွာ ကေယာက္ကယက္ျဖစ္ၿပီး တိုင္းျပည္မၿငိမ္မသက္ျဖစ္မွာ စိုးတယ္!"

"ဟုတ္ပါတယ္၊ အ႐ွင္မင္းႀကီး၊ လုံးဝ မျဖစ္ႏိုင္ပါဘူး"

ဗ႐ုတ္သုတ္ခ စကားေတြမ်ားေျပာၿပီး ဆူညံပြက္ေလာ႐ိုက္ေနသျဖင့္ ေက်ာက္ဝမ္ယုံးက ေခါင္းကိုက္လာေလသည္။

ေက်ာက္ဝမ္ယုံးက ဖန္ခ်န္ကို တစ္ခြန္းေျပာလိုက္ေလသည္။

"မင္း‌ပိုင္ႏိုင္လို႔လား"

ဖန္ခ်န္က စိတ္အားတင္းလိုက္ေလသည္။
သူတို႔ ဖန္မိသားစုက သူ႕ေၾကာင့္ က်႐ႈံးသြားတာျဖစ္သည္။ ခက္ခဲသည့္အေျခအေနထဲကေန သူ႕မိသားစုကိုဆြဲထုတ္ရမည္။ သူ႕ကိုယ္သူ စေတးရမည္ဆိုရင္ေတာင္ေပါ့။

"ကြၽန္ေတာ္မ်ိဳး ယုံၾကည္ခ်က္႐ွိပါတယ္"

"ေကာင္းၿပီ"

ေက်ာက္ဝမ္ယုံးက ထိုစကားကို ေျပာခဲ့ေပမယ့္ ေနာက္ထပ္ေျပာဆိုျခင္းမ႐ွိေခ်။ ေအာက္ဖက္႐ွိ လူမ်ားက မွန္းဆေနၾကေပမယ့္ ဧကရာဇ္အ႐ွင္ကေတာ့ ဖုတ္ဖတ္ခါၿပီး ထြက္သြားႏွင့္ၿပီျဖစ္သည္။ ဒီတစ္ေခါက္လည္း အ႐ွင္မင္းႀကီးက ဘာသေဘာလဲဆိုတာ မသိၾကရျပန္။

ေက်ာက္ဝမ္ယုံးက အျပင္ေရာက္သည္ႏွင့္
မုခ်န္နန္းေဆာင္ဘက္သို႔ တိုက္႐ိုက္သြားလိုက္ေလသည္။ လမ္းသြားရင္း ေမးလိုက္ေသးသည္။

"သူဒီေန႔ ဘာေတြလုပ္လဲ"

အန္းကုန္းကုန္းက လက္‌ေအာက္ငယ္သားမ်ား၏ ေလွ်ာက္တင္ခ်က္မ်ားကို စဥ္းစားၿပီးေနာက္ အမွန္အတိုင္း ေလွ်ာက္တင္လိုက္ေလသည္။

"ဒီေန႔ သခင္ေလးက မင္းသားငယ္ေလးကို ေခၚၿပီး ေတာ္ဝင္ဥယ်ာဥ္မွာ ပန္းသြားၾကည့္မယ္လို႔ေျပာတယ္၊ ဒါေပမယ့္...."

ေက်ာက္ဝမ္ယုံး၏ ေျခလွမ္းက တုံ႔ခနဲ ရပ္တန္႔သြားၿပီး ဆယ္ခါ့တစ္ခါမွ စိတ္ေကာင္းဝင္တတ္သည့္ စိတ္ကပါ အနည္းငယ္ အေႏွာက္အယွက္ ျဖစ္သြားေလသည္။

"ဘာျဖစ္လို႔လဲ"

အန္းကုန္းကုန္း ေခါင္းငုံ႔၍ ျပန္ေျဖလိုက္ေလသည္။

"ဒီေန႔ က်င့္ေဖးမယ္မယ္ကလည္း ပန္းသြားၾကည့္တယ္လို႔ေျပာတယ္၊ ႏွစ္ေယာက္သား ပက္ပင္းတိုးမိမယ့္ပုံပဲ"

ေက်ာက္ဝမ္ယုံးက ၾကားလိုက္သည္ႏွင့္ မ်က္ႏွာ ပ်က္သြားေလသည္။ ေျခလွမ္းက အလိုလို ျမန္သြားၿပီး ေတာ္ဝင္ဥယ်ာဥ္ဘက္သို႔ တိုက္႐ိုက္ ဦးတည္သြားလိုက္ေလသည္။
အဲ့ဒီ က်န္းက်ီလန္က ပန္းေတြေတာင္ ဂဂနနမသိတာ ဘာပန္းၾကည့္တာလဲ။

မင္းေစာင့္ေနလိုက္!

Comment