အပိုင်း(၈၂) ဟာကွက် (ပထမပိုင်း)

"သခင်လေး၊ ရှာတွေ့ပြီ"

ဝမ်ကုန်းကုန်းက ကုထင်ရန်၏ နားနားကပ်ပြီးတိုးတိုးကလေးပြောလိုက်သည်။

ကုထင်ရန်၏ မျက်ခုံးက မသိမသာ တစ်ချက် လှုပ်ရှားသွားလေသည်။ သူက မေးလိုက်သည်။

"တကယ်လား"

သူက ထုံစံအတိုင်း အေးစက်စက်ပုံစံ ဖြစ်နေတုန်းဆိုပေမယ့် လေသံထဲမှာတော့ သိသာထင်ရှားသည့် ဝမ်းသာပီတိဖြစ်မှုများ ကိန်းအောင်းနေပြန်သည်။ သူကိုယ်တိုင်တောင် သတိထားမိမှာမဟုတ်ပေ။

"တကယ်ပါ၊ အန်းယိ ကိုယ်တိုင်သွားခဲ့တာ၊ နတ်ဆရာမျိုးဆက်ရဲ့ အကြီးအကဲတဲ့"

ဝမ်ကုန်းကုန်းက မိမိ၏ သခင်လေးကို စိတ်လှုပ်တရှားနဲ့ ပြောပြလိုက်သည်။

"အရင်ခေါ်လာခဲ့လိုက်၊ ငါကြည့်ဦးမယ်"

ကုထင်ရန်သည် စိတ်ထဲက မဆိုစလောက်လေး ဝမ်းသာပီတိဖြစ်နေမှုကို ဖိနှိပ်ပြီး ဝမ်ကုန်းကုန်းကို အေးတိအေးစက်နဲ့ ပြောလိုက်သည်။

"ဟုတ်ကဲ့"

ဝမ်ကုန်းကုန်းက သူ့ အမိန့်ရတော့ ဝမ်းပန်းတသာနဲ့ လှည့်ထွက်သွားတော့သည်။

ကုထင်ရန်သည် တဆတ်ဆတ်တုန်ယင်နေသော လက်ချောင်းလေးများကို ဆုပ်ကိုင်ပြီး မိမိကိုယ်ကို အတင်း ထိုင်ချခိုင်းလိုက်သည်။ ဘေးနားက ပိလော်ချွမ်း လက်ဖက်ရည်အိုးထဲကနေ မိမိအတွက် လက်ဖက်ရည်တစ်ခွက်ငှဲ့ပေးလိုက်သည်။ လက်ဖက်ရည်နွေးနွေးလေး ပါးစပ်ထဲ ရောက်သွားသည်အခိုက်တွင် ထူးဆန်းသော အတွေးတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။

ဤအရာအားလုံးက အရမ်း လွယ်ကူချောမွေ့နေသလိုပင်။

မတော်လို့ ရှောင်နုဘက်က အကွက်ချထားတာ ဖြစ်နေပြန်ရင်ရော...

ကုထင်ရန်သည် လက်ထဲက လက်ဖက်ရည်ခွက်ဖြူဖြူကို ဆုပ်ကိုင်ပြီး မျက်လုံးစုံမှိတ်လိုက်သည်။

သိပ်မကြာခင်တွင် ဝမ်ကုန်းကုန်းသည် အများပြောကြသော နတ်ဆရာမျိုးဆက်၏ အကြီးအကဲကို ခေါ်၍ ဝင်လာခဲ့သည်။ ထိုလူက အသားညိုပြီး အကြည့်က ခက်ထန်သည်။ လက်ချောင်းထိပ်များက အနည်းငယ် မည်းနေသောကြောင့် တစ်ချက်ကြည့်လိုက်တာနဲ့ တစ်နှစ်ပတ်လုံးအဆိပ်နှင့် ထိတွေ့ထားသလိုပင်။

ဤပထမအကြည့်တစ်ချက်နဲ့တင် ကုထင်ရန်က အနည်းငယ် စိတ်ချသွားခဲ့သည်။

"လူကြီးမင်း ကူအဆိပ်သုံးတာ ကျွမ်းတယ်လို့ ပြောသံကြားတယ်၊ လူကြီးမင်းကို ကျွန်တော် မေးစရာမေးခွန်းရှိလို့ပါ"

ကုထင်ရန်က သူ့ကို ရိုရိုသေသေပြောဆိုဆက်ဆံလိုက်သည်။ သို့သော် သည်လူရဲ့ ဇစ်မြစ်ကို သူမစုံစမ်းဘဲမနေနိုင် ဖြစ်နေသေးသည်။

"ခင်ဗျားပြောပါ"

ထိုလူက နှာတစ်ချက်မှုတ်ပြီးနောက်
ကုထင်ရန်ကို မရိုမသေပြောဆိုလိုက်သည်။ လေသံထဲတွင် ကျွမ်းကျင်သူပီပီ မောက်မာမှုများ ကိန်းအောင်းနေလေသည်။ ခုနက
ကုထင်ရန်၏ ယဉ်ကျေးပျူငှာသော လေသံက သူ့အား စော်ကားခြင်းတစ်မျိုး ဖြစ်နေသေးသလိုပါပင်။

"ခင်ဗျား!"

ဘေးမှာရပ်နေသည့်ဝမ်ကုန်းကုန်းက မျက်မှောင်ကျုံ့လိုက်သည်။

ကုထင်ရန်က လက်မြောက်၍ သူ့ကို ဟန့်တားလိုက်ပြီး နူးညံ့သိမ်မွှေ့စွာ ပြောလိုက်သည်။

"ကျွန်တော် အရမ်း သိချင်လို့ပါ၊ ဒီလို ထူးဆန်းတဲ့ အာနိသင်ရှိတာ ဘာကူအဆိပ်များလဲလို့၊ လူတစ်ယောက်ဆီက ရောဂါဇစ်မြစ်ကို အခြားလူဆီ လွှဲပြောင်းနိုင်တယ်ဆိုတော့လေ"

အရည်အချင်းရှိသော မောက်မာသူတစ်ယောက်ကို သူ သည်းခံပေးနိုင်ပါသည်။

သို့ပေမယ့် သူ့မှာ အရည်အချင်းအစစ်အမှန်ရှိမှရမည်။

ထိုလူက မျက်ခုံးတစ်ချက် ပင့်၍ သူ့ကို ကြည့်ပြီးနောက် အေးတိအေးစက်နဲ့ ပြောလိုက်သည်။

"တကယ့်ကို ဗဟုသုတမရှိတာပဲ၊ အဲ့ဒီ နည်းလမ်းက အံဩစရာကောင်းတယ်လို့ ပြောကြပေမယ့် တကယ်တော့ သာမန် ကူပိုးကောင်သားအမိကို သုံးထားတာ၊ ထူးခြားတဲ့ နည်းလမ်းသုံးပြီး မွေးရင် အဲ့ဒီအစွမ်း  သေချာပေါက် ရတယ်"

နည်းလမ်းကိုတော့ သူပြောမှာမဟုတ်ပေ။

"အဲ့ဒါဆို ဖြေလိုရမယ့် ဘာနည်းလမ်းရှိလဲ"

ကုထင်ရန်သည် အတွင်းကျကျမေးဖို့လောက်ထိ စိတ်မရှည်ပေ။  သူသည် လက်နားက လက်ဖက်ရည်ခွက်ကို ယူ၍ တစ်ငုံမြည်းစမ်းပြီးနောက်  အေးတိအေးစက်နဲ့ပြောလိုက်သည်။

"ကျွန်တော့်မှာ တစ်နည်းပဲရှိတယ်"

ထိုလူက မျက်မှောင်ကျုံ့ထားရင်း စိတ်မပါတပါနဲ့ ပြောလိုက်သည်။

"ကူပိုးကောင်သားလေးနဲ့ ကူပိုးကောင်အမေကို မြှားထုတ်လို့ရတယ်"

"ခင်ဗျား ပိုင်နိုင်လို့လား"

ကုထင်ရန်သည် လက်ထဲက အရာအားလုံးကို ချပြီး အေးတိအေးစက်နဲ့ ပြောလိုက်သည်။

ထိုလူက သူ့ကို တစ်ချက်ဝေ့ကြည့်လာပြီး နှာတစ်ချက်မှုတ်လိုက်ပေမယ့် စကားထပ်မပြောတော့ပေ။

ကုထင်ရန်သည် ချန်ရှင်း အခန်းထဲမှ ရှာတွေ့ထားသည့် ထို မှတ်စုများထဲက အကြောင်းအရာများကို  ခေါင်းငုံ့၍ စဉ်းစားလိုက်သည်။ သည်လူပြောတာနဲ့ သိပ်မကွာသလိုပါပင်။

သူက ခေါင်းငုံ့ထားရင်း ထပ်မေးလိုက်သည်။

"ချင်းယွီ နေကောင်းရဲ့လား"

မှတ်စုထဲမှာ ချန်ရှင်း ရေးထားဖူးသည်ကို သူမှတ်မိသည်။ နတ်ဆရာမျိုးနွယ်စုထဲတွင် ခေါင်းဆောင် ချင်းချီးက အများအသိအမှတ်ပြုထားသော ဆေးပညာမှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်သည့် လူတစ်ယောက်ဖြစ်သည်။ သို့ပေမယ့် သူက လူမျိုးခြားတစ်ယောက်ဖြစ်သောကြောင့် ခေါင်းဆောင် ချင်းချီးက သူ့ကို တွေ့တောင်မတွေ့ချင်ပေ။

ထိုအချိန်တုန်းက ချင်းယွီလို့ခေါ်သော လူတစ်ယောက်က သူ့ကို သနားသွားလို့သာ ကူညီပေးခဲ့သည်။ နတ်ဆရာမျိုးနွယ်စု၏ လျှို့ဝှက်ပညာရပ်ကို လက်ဆင့်မကမ်းခဲ့လောက်ပေ။ သို့ပေမယ့် ထိုလူက သီးသန့်နေတတ်သော လူအိုတစ်ယောက်ဖြစ်သည်။ သူ အထုံပါရမီ ထူးကဲလွန်းသည်ကို မြင်တော့ သူ့ကို မိမိ၏ စာကြည့်တိုက်ထဲ ဆွဲသွင်းခဲ့သည်။ ကြားကောင်းအောင်ပြောရလျှင် ကြွက်ဝင်မှာစိုးလို့ သူ့ကို ကူစောင့်ခိုင်းခဲ့တာဖြစ်သည်။

ထိုအချိန်တုန်းက သူ ရေးတေးတေးလေး ထင်မိသည်။ သီးသန့်နေတတ်သော လူအိုကြီးကမှ နတ်ဆေးဆရာမျိုးဆက်ထဲက အတော်ဆုံး ထိုလူ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် သူက အညာတရတစ်ယောက်ပြီး လူသူအယောက်ပေါက်နည်းသော နေရာတွင် တိတ်တဆိတ်နေထိုင်ခဲ့သည်။

"သူဆုံးသွားတာကြာပြီ"

ထိုလူက အနှီ နာမည်ကို ကြားတော့ မျက်မှောင်တစ်ချက်ကျုံ့ပြီးမှသာ ထိုစကားပြောလိုက်သည်။

ကုထင်ရန် စိတ်ထဲရှိ ထိုကျောက်တုံးကြီးက နောက်ဆုံး ကျဆင်းသွားခဲ့သည်။

"ဟုတ်လား၊ ကျွန်တော် လွန်ခဲ့တဲ့ နှစ်အချို့က သူနဲ့ တွေ့ဖူးတယ်၊ သူ့အပေါ် ကျေးဇူးကြွေးနည်းနည်းတင်ခဲ့တယ်လေ၊ အခွင့်ကြုံရင် ကျေးဇူးဆပ်ဖို့ တွေးနေသေးတာ"

အနှီစကားက ချန်ရှင်းပြောထားတာဖြစ်သည်။ သို့ပေမယ့် အခု သူ့အစား
ကုထင်ရန် ပြောလည်း ထူးဆန်းသည့်နေရာ တစ်နေရာမှ မရှိပေ။

ထိုလူက သူ့ကို အေးစက်စက် တစ်ချက်ကြည့်ပြီးနောက် ဘာမှမပြောတော့ပေ။

"ခင်ဗျား အရင်ထွက်သွားတော့၊ လိုအပ်တာရှိရင် သူတို့ကို ပြောလိုက်၊ ခင်ဗျား အတွက် သူတို့ ပြင်ဆင်ပေးကြလိမ့်မယ်"

ကုထင်ရန်က သူ့ကို အေးတိအေးစက်နဲ့ ပြောလိုက်သည်။ အနောက်က အစေခံတစ်ချို့က သူ့ကို ခေါ်ပြီး တရိုတသေနဲ့ ထွက်သွားကြမှာ သေချာပါသည်။

"အရှင်မင်းကြီးဆီကိုရော"

ဝမ်ကုန်းကုန်းက ခေါင်းငုံ့ပြီး မေးလိုက်သည်။

ကုထင်ရန်က ခဏ စဉ်းစားပြီးနောက် ပြောလိုက်သည်။

"မင်း ရှောင်အန်းဇီကို တစ်ချက်သွားမေးလိုက်၊ အဲ့ဒီလူက ဘာ ပြဿနာမှမရှိတော့ အမြန်ဆုံးစီစဉ်လိုက်ပါ"

အဆုံးမှာတော့ တစ်ရက် နောက်ကျလျှင် အန္တရာယ်တစ်ရက်များမည်ဖြစ်သည်။

ဝမ်ကုန်းကုန်းက ခေါင်းငုံ့၍ ပြန်ဖြေပြီးနောက် ထိုက်ကျီနန်းဆောင်ဘက်သို့ လှည့်ထွက်သွားလိုက်တော့သည်။

သူ ထွက်သွားပြီးပြီးချင်းမှာ ကုထင်ရန်က စိတ်မချသဖြင့် ကိုယ်တိုင်ကိုယ်ကျ ထိုက်ကျီနန်းဆောင်သို့ လိုက်သွားလိုက်သည်။
ကုထင်ရန်ရောက်သည့်အချိန်တွင်
ကျောက်ဝမ်ယုံးက နဂါးထိုင်ခုံထက်မှာ မတ်မတ်ထိုင်နေပြီး အေးတိအေးစက် မျက်နှာနဲ့ မျက်စိရှေ့က သဝဏ်လွှာကို ကြည့်နေသည်။

သူ ထိုပုံစံက ကြည့်လိုက်ရင် ဘာမှ မဖြစ်ခဲ့သလိုပါပင်။ သို့ပေမယ့် ကုထင်ရန်က ကြည့်လိုက်သည်နှင့် သူ မျက်တွင်းညိုနေသည်ကို တွေ့လိုက်ရသည်။ သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

"မကြည့်နဲ့တော့"

သူက သည်းမခံနိုင်တော့တဲ့အဆုံး ရှေ့တတ်ကာ ကျောက်ဝမ်ယုံး လက်ထဲက သဝဏ်လွှာကို ဆွဲလုပြီး မာထန်သော မျက်နှာထားနဲ့ အမိန့်ပေးလိုက်သည်။

ကုထင်ရန်၏ လေသံက သိပ်မဟန်ပေ။ မောက်မာလွန်းသည်လို့တောင် ယူဆလို့ရ
သဖြင့် ကျောက်ဝမ်ယုံး၏ ဒေါသစိတ်ကို ရုတ်ချည်း ဆွပေးခဲ့သည်။ ကျောက်ဝမ်ယုံးသည် ဒေါသကြောင့် မျက်လုံးအပြူးသွားဖြစ်သွားလေသည်။ သူက ကုထင်ရန်ကို ခက်ထန်သောလေသံနဲ့ ပြောလိုက်သည်။

"မင်း!"

ကျန်ရှိသော ထို ရန်စကားများကိုတော့ သူက အတင်း ပြန်မြိုချလိုက်သည်။

"ဘာမင်းလဲ၊ ခင်ဗျား နေမကောင်းဖြစ်နေတာကို ဒီမှာ ဘာလုပ်နေတာလဲ"

ကုထင်ရန်ကတော့ သူ့ရဲ့ အလျော့ပေးမှုကို ဂရုမစိုက်ဘဲ သဝဏ်လွှာများကို ချက်ချင်း ပစ်ထုတ်ပြီး လေသံမာမာနဲ့ ပြောလိုက်သည်။

သူက အေးစက်စက်မျက်နှာ ထုတ်ပြထားပြီး လေသံကိုလည်း အသားကုန် မာထားသည်။ သို့ပေမယ့် ကျောက်ဝမ်ယုံးသည် သူတမင် ခက်ထန်ချင်ယောင်ဆောင်ထားသည့်နောက်က စိတ်ပူနေမှုကို  ချက်ချင်း သတိထားမိသွားသည်။

ကျောက်ဝမ်ယုံးက ရုတ်တရက် ခေါင်းငုံ့ချပြီး ခြင်သံလေးနဲ့ ပြောလိုက်သည်။

"ကိုယ်သိပါပြီ"

ကုထင်ရန်က သူနဲ့ စကားနိုင်လုဖို့ စောင့်နေသေးသည်။ သည်လူကြီးရဲ့ ရန်စကားများကို ဘယ်လို တုံ့ပြန်သင့်သလဲဆိုတာကိုပါ စဉ်းစားပြီးသွားပြီဖြစ်သည်။ အဆုံးမှာတော့ ကျောက်ဝမ်ယုံးက အရှုံးပေးသွားခဲ့သည်။

ကုထင်ရန်၏ ရင်ဝယ်အပြည့် စကားများကိုထုတ်ပြောဖို့ရာ မတတ်နိုင်တော့ပေ။ နောက်ဆုံးမှာတော့ သူ့ကို ကသိကအောက်ဖြစ်စွာနဲ့ ပြောလိုက်ရသည်။

"အဲ့ဒါဆို ခင်ဗျား နည်းနည်း ဆင်ခြင်"

"နတ်ဆရာကိစ္စကို ဘယ်လိုလုပ်မလဲ ခင်ဗျား စဉ်းစားပြီးပြီလား"

သည်အနေအထားမျိုးက ကုထင်ရန်ကို ကသိကအောက်ဖြစ်စေသည်။ သူက စကားလမ်းကြောင်း တမင်ပြောင်းပြီး ကျောက်ဝမ်ယုံးကို ဂရုမစိုက်ဟန်နဲ့ ပြောလိုက်သည်။

ကျောက်ဝမ်ယုံးက ခဏလောက် ငုံ့စဉ်းစားပြီးနောက် ပြောလိုက်သည်။

"မင်းစီစဉ်လိုက်ပါ"

"ခင်ဗျားကို ကျွန်တော် ရည်ရွယ်ချက်ရှိရှိလုပ်ကြံလိုက်မှာ မကြောက်ဘူးပေါ့"

ကုထင်ရန်သည် မိမိက ရုတ်တရက်ကြီး ဤမေးခွန်းမျိုးကို ဘာလို့  မေးလိုက်မိမှန်း မသိပေ။ ပြောပြီးသည်နှင့် သူ နည်းနည်း နောင်တရသွားသည်။ သို့သော် သူမရှင်းပြရသေးခင်မှာ ကျောက်ဝမ်ယုံး၏ အသံကို ကြားလိုက်ရသည်။

သူကပြောလိုက်သည်။

"ကိုယ်မကြောက်ပါဘူး"

သူကပြောလိုက်သေးသည်။

"မင်းလက်ချက်နဲ့ သေရမယ်ဆိုရင် ဒီဘဝ ကိုယ်သေရတာ တန်ပါတယ်"

ကုထင်ရန်က သူ့ကို မာမာထန်ထန်နဲ့ ခနဲ့ချင်ပေမယ့် အဆိပ်လိုပြင်းသော ထိုရန်စကားများက လုံးဝ ပြောမထွက်နိုင်ချေ။ အဆုံးမှာတော့ ကျောက်ဝမ်ယုံးက သူ့ကို ကယ်ဖို့အတွက် သည်လို ဖြစ်သွားရတာဖြစ်သည်။ အကယ်၍ သူက သူ့နှလုံးသားထက်သို့ ဓါးနဲ့ထပ်ထိုးနေရင် သူကိုယ်တိုင်တောင် မသင့်တော်ဘူးဟု ခံစားမိသည်။

ရုတ်တရက် တိတ်ဆိတ်ကျသွားသည်။

"ဒီနေ့ နေ့လည်လုပ်ကြမယ်၊ အချိန်ဆွဲနေရင် ပိုဆိုးလာမှာစိုးလို့"

"အင်း"

ကျောက်ဝမ်ယုံးက ခေါင်းငုံ့ထားပေမယ့် သူစီစဉ်တဲ့အတိုင်း နားထောင်မည့်ပုံစံဖြစ်နေလေသည်။ ကြည့်ရတာ အနည်းငယ် သနားကောင်းသည့်ပုံပေါက်သည်။

"ကျွန်တော် ပြန်နှင့်ပြီ"

ကုထင်ရန်က ကပျာကယာနဲ့ ထွက်သွားလိုက်ပေမယ့် စိတ်ထဲမှာတော့ ယောက်ယက်ခတ်နေလေသည်။ သူခြေတစ်လှမ်း ထပ်နောက်ကျသွားလျှင် မမျှော်မှန်းထားသည့် ကိစ္စတစ်ခုခု ဖြစ်ပျက်သွားမည့်ပုံပင်။

နေ့လည်၊ ထိုက်ကျီနန်းဆောင်

"ဘယ်လိုလဲ"

ကုထင်ရန်က ကျောက်ဝမ်ယုံး၏ နံဘေးမှာ စောင့်ကြည့်နေရင်း ရုတ်တရက် မေးလိုက်သည်။ သူ့ မျက်နှာထားက အေးစက်ခက်ထန်နေပြီး ဂရုစိုက်သည့်ပုံ သိပ်မပေါ်ပေမယ့် အသံထဲမှာတော့ စိုးရိမ်ပူပန်မှုများ ကပ်ပါနေပြန်သည်။

"သူ့သွေးခုန်နှုန်းက နည်းနည်း ထူးဆန်းနေတယ်၊ ကူပိုးကောင်မိခင်ကို အဟာဖြစ်စေပြီး ထကြွအောင် တစ်စုံတစ်ယောက်က သူ့ကို ဆေးပေးခဲ့တာဖြစ်လောက်မယ်"

"ပုံမှန်ဆို တစ်နှစ် နှစ်နှစ်လောက် ထပ်ကြာမှ ဒီလိုအဖြစ်မျိုးဖြစ်တာ"

"ဒါပေမယ့် တော်ပါသေးတယ်၊ ပြဿနာမကြီးဘူး"

ထိုလူက မျက်မှောင်ကျုံ့ထားရင် စကားများကို ပြီးအောင်ပြောပြီးနောက် ကုထင်ရန် ဘက်သို့ ကြည့်လိုက်သည်။

"ကျွန်တော် မှန်းတာ မမှားဘူးဆို ကူပိုးကောင်သားလေးက ခင်ဗျား ကိုယ်ထဲမှာ ဖြစ်လောက်မယ်"

"ဟုတ်တယ်"

ကုထင်ရန်က သူ့ကို ခေါင်းငြိမ့်ပြလိုက်သည်။

"ဘယ်လက်ပေး"

ထိုလူက သူတို့ကို အေးတိအေးစက်နဲ့ ပြောလိုက်သည်။ တခြား ဘာစကားကိုမှ ထပ်မပြောတော့ပေ။

ကုထင်ရန်က အူလည်လည်နဲ့ လက်ဆန့်ထုတ်ပေးလိုက်ပေမယ့် ကျောက်ဝမ်ယုံးက တားဆီးလိုက်သည်။

"ဒါ ဘာသဘောလဲ"

ကျောက်ဝမ်ယုံးက တင်းမာခက်ထရော်သော မျက်နှာထားနဲ့ မျက်စိရှေ့က အနှီလူကို သိပ်မယုံကြည်ဟန်နဲ့ ပြောလိုက်သည်။

"သေချာပေါက် ကူပိုးကောင်သားလေးကို သုံးပြီး ကူပိုးကောင်အမေကို မြှားထုတ်မလို့ပေါ့"

ထိုလူက နှာတစ်ချက်မှုတ်ပြီးနောက်
ကျောက်ဝမ်ယုံးကို ပြန်ပက်ပြောလိုက်သည်။

ကုထင်ရန်ကတော့ ကျောက်ဝမ်ယုံး၏ လက်ကို ဆွဲပြီး ဂရုမစိုက်ဟန်နဲ့ ပြောလိုက်သည်။

"ဘာမှမဖြစ်ပါဘူး၊ သူ့ကို ယုံလိုက်ပါ"

ကျောက်ဝမ်ယုံးက မျက်မှောင်ကျုံ့ထားရင် သူ့ကို တစ်ချက်ကြည့်ပြီးမှသာ ကုထင်ရန်၏ လက်မောင်းကိုဆွဲထားသည့် လက်အား လွှတ်လိုက်တော့သည်။

ထို နတ်‌ဆရာက ထူးဆန်းသည့် ဓါးနဲ့ ကုထင်ရန်၏ လက်မောင်းကို တစ်ချက်လှီးလိုက်သည်။ နီနီရဲရဲ သွေးများက စီးကျလာလေရာ ကျောက်ဝမ်ယုံး၏ မျက်ဝန်းအစုံကို နီရဲသွားစေခဲ့သည်။

ထို့နောက် ထိုလူက ထူးဆန်းသော သေတ္တာတစ်ခု ယူထုတ်လိုက်သည်ကို သူတို့က မျက်လုံးအပြူးသားနဲ့ ကြည့်နေကြသည်။ သူက ဗူးပေါ်က စနက်တံကို မီးညှိလိုက်သည်နှင့် ချက်ချင်း အစိမ်းရောင်မီးခိုငွေ့များ ထွက်ပေါ်လာသည်။

သိပ်မကြာခင်တွင် ကုထင်ရန်သည် လက်မောင်းက အနည်းငယ် စူးရှရှနာကျင်လာသလို ခံစားမိလိုက်သည်။ ရုတ်တရက် ဖွေးစုတ်နေသော သူ့အရေပြားအောက်တွင် သေးသွယ်သော အရာတစ်ခုက စတင်ပြီး အဆက်မပြတ် တွန့်လိမ်လှုပ်ရှားလာသည်။  လက်မောင်းသို့ ရောက်တော့မည့်အချိန်တွင် ထိုလူက ရုတ်တရက် တစ်ချက် လှုပ်ရှားလိုက်ပြီးနောက် ကျောက်ဝမ်ယုံး၏ လက်မောင်းကို တူညီသော ဓါးရာပေးလိုက်သည်။

သူ့ လှုပ်ရှားမှုက လျင်မြန်လွန်းသောကြောင့် ကုထင်ရန်တောင် သေချာမမြင်လိုက်ရပေ။

သိပ်မကြာခင်တွင် ကျောက်ဝမ်ယုံး၏ လက်မောင်းထက်၌ သူ့နည်းတူ တွန့်လိမ်လှုပ်ရှားနေသော အရာတစ်ခု ပေါ်လာသည်ကိုသာ သူမြင်လိုက်ရသည်။ လူတိုင်းက စိတ်လှုပ်ရှားမှုကြောင့် စကားမပြောရဲကြပေ။ ထို နတ်ဆရာက နောက်ထပ်တစ်ကြိမ် လက်မြှောက်လိုက်သည်။

ထိုလူ၏ မြန်ဆန်သော လှုပ်ရှားမှုကို မျက်စိမှောက်ပြီး မမြင်လိုက်ရပြန်သလို
ကျောက်ဝမ်ယုံး လက်မောင်းထက်က သိသိသာသာ မို့တတ်နေသော အရာကိုလည်း မမြင်ရတော့ပေ။

"အင်း"

ကျောက်ဝမ်ယုံးက ဘာမှ မဖြစ်သလိုပါပင်။ အူတူတူအတတနဲ့ မယုံကြည်နိုင်ဖြစ်နေသေးသည်။

"ခင်ဗျား ခန္ဓာကိုယ်ထဲမှာ အအေးအဆိပ် ရှိနေသေးတော့ သေချာ ဂရုစိုက်ရမယ်"

ထိုနတ်ဆရာက သတိဝိရိယနဲ့ ကူပိုးကောင်နှစ်ကောင်ကို သေတ္တာထဲထည့်လိုက်သည်။ ထို့နောက် အစိမ်းရောင်မီးခိုး‌ငွေ့များထွက်နေသော စနက်တံကို ငြိမ်းလိုက်သည်။

ကုထင်ရန်က ပြုံးရင်း စိတ်ရင်းနဲ့ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်"

ထိုလူကတော့ ခေါင်းငုံထားပြီး သူ့ကို အဖက်မလုပ်ချေ။ ကုထင်ရန်လည်း စိတ်ထဲမထားပေ။ သူ စိတ်ကူးပေါက်ရာ တစ်ချက် ဝေ့ကြည့်လိုက်တော့ အကြည့်က ထို ကူပိုးကောင်နှစ်ကောင်ပေါ် ကျရောက်သွားသည်။

ထို ကူပိုးကောင်နှစ်ကောင်က မထင်မှတ်ပဲ ခရမ်းရောင်ဖြစ်နေလေသည်။

ဒါ မဟုတ်သေးပေ။

အပိုင္း(၈၂) ဟာကြက္ (ပထမပိုင္း)
"သခင္ေလး၊ ႐ွာေတြ႕ၿပီ"

ဝမ္ကုန္းကုန္းက ကုထင္ရန္၏ နားနားကပ္ၿပီးတိုးတိုးကေလးေျပာလိုက္သည္။

ကုထင္ရန္၏ မ်က္ခုံးက မသိမသာ တစ္ခ်က္ လႈပ္႐ွားသြားေလသည္။ သူက ေမးလိုက္သည္။

"တကယ္လား"

သူက ထုံစံအတိုင္း ေအးစက္စက္ပုံစံ ျဖစ္ေနတုန္းဆိုေပမယ့္ ေလသံထဲမွာေတာ့ သိသာထင္႐ွားသည့္ ဝမ္းသာပီတိျဖစ္မႈမ်ား ကိန္းေအာင္းေနျပန္သည္။ သူကိုယ္တိုင္ေတာင္ သတိထားမိမွာမဟုတ္ေပ။

"တကယ္ပါ၊ အန္းယိ ကိုယ္တိုင္သြားခဲ့တာ၊ နတ္ဆရာမ်ိဳးဆက္ရဲ႕ အႀကီးအကဲတဲ့"

ဝမ္ကုန္းကုန္းက မိမိ၏ သခင္ေလးကို စိတ္လႈပ္တ႐ွားနဲ႔ ေျပာျပလိုက္သည္။

"အရင္ေခၚလာခဲ့လိုက္၊ ငါၾကည့္ဦးမယ္"

ကုထင္ရန္သည္ စိတ္ထဲက မဆိုစေလာက္ေလး ဝမ္းသာပီတိျဖစ္ေနမႈကို ဖိႏွိပ္ၿပီး ဝမ္ကုန္းကုန္းကို ေအးတိေအးစက္နဲ႔ ေျပာလိုက္သည္။

"ဟုတ္ကဲ့"

ဝမ္ကုန္းကုန္းက သူ႕ အမိန္႔ရေတာ့ ဝမ္းပန္းတသာနဲ႔ လွည့္ထြက္သြားေတာ့သည္။

ကုထင္ရန္သည္ တဆတ္ဆတ္တုန္ယင္ေနေသာ လက္ေခ်ာင္းေလးမ်ားကို ဆုပ္ကိုင္ၿပီး မိမိကိုယ္ကို အတင္း ထိုင္ခ်ခိုင္းလိုက္သည္။ ေဘးနားက ပိေလာ္ခြၽမ္း လက္ဖက္ရည္အိုးထဲကေန မိမိအတြက္ လက္ဖက္ရည္တစ္ခြက္ငွဲ႔ေပးလိုက္သည္။ လက္ဖက္ရည္ေႏြးေႏြးေလး ပါးစပ္ထဲ ေရာက္သြားသည္အခိုက္တြင္ ထူးဆန္းေသာ အေတြးတစ္ခု ႐ုတ္တရက္ ေပၚလာခဲ့သည္။

ဤအရာအားလုံးက အရမ္း လြယ္ကူေခ်ာေမြ႕ေနသလိုပင္။

မေတာ္လို႔ ေ႐ွာင္ႏုဘက္က အကြက္ခ်ထားတာ ျဖစ္ေနျပန္ရင္ေရာ...

ကုထင္ရန္သည္ လက္ထဲက လက္ဖက္ရည္ခြက္ျဖဴျဖဴကို ဆုပ္ကိုင္ၿပီး မ်က္လုံးစုံမွိတ္လိုက္သည္။

သိပ္မၾကာခင္တြင္ ဝမ္ကုန္းကုန္းသည္ အမ်ားေျပာၾကေသာ နတ္ဆရာမ်ိဳးဆက္၏ အႀကီးအကဲကို ေခၚ၍ ဝင္လာခဲ့သည္။ ထိုလူက အသားညိဳၿပီး အၾကည့္က ခက္ထန္သည္။ လက္ေခ်ာင္းထိပ္မ်ားက အနည္းငယ္ မည္းေနေသာေၾကာင့္ တစ္ခ်က္ၾကည့္လိုက္တာနဲ႔ တစ္ႏွစ္ပတ္လုံးအဆိပ္ႏွင့္ ထိေတြ႕ထားသလိုပင္။

ဤပထမအၾကည့္တစ္ခ်က္နဲ႔တင္ ကုထင္ရန္က အနည္းငယ္ စိတ္ခ်သြားခဲ့သည္။

"လူႀကီးမင္း ကူအဆိပ္သုံးတာ ကြၽမ္းတယ္လို႔ ေျပာသံၾကားတယ္၊ လူႀကီးမင္းကို ကြၽန္ေတာ္ ေမးစရာေမးခြန္း႐ွိလို႔ပါ"

ကုထင္ရန္က သူ႕ကို ႐ို႐ိုေသေသေျပာဆိုဆက္ဆံလိုက္သည္။ သို႔ေသာ္ သည္လူရဲ႕ ဇစ္ျမစ္ကို သူမစုံစမ္းဘဲမေနႏိုင္ ျဖစ္ေနေသးသည္။

"ခင္ဗ်ားေျပာပါ"

ထိုလူက ႏွာတစ္ခ်က္မႈတ္ၿပီးေနာက္
ကုထင္ရန္ကို မ႐ိုမေသေျပာဆိုလိုက္သည္။ ေလသံထဲတြင္ ကြၽမ္းက်င္သူပီပီ ေမာက္မာမႈမ်ား ကိန္းေအာင္းေနေလသည္။ ခုနက
ကုထင္ရန္၏ ယဥ္ေက်းပ်ဴငွာေသာ ေလသံက သူ႕အား ေစာ္ကားျခင္းတစ္မ်ိဳး ျဖစ္ေနေသးသလိုပါပင္။

"ခင္ဗ်ား!"

ေဘးမွာရပ္ေနသည့္ဝမ္ကုန္းကုန္းက မ်က္ေမွာင္က်ံဳ႕လိုက္သည္။

ကုထင္ရန္က လက္ေျမာက္၍ သူ႕ကို ဟန္႔တားလိုက္ၿပီး ႏူးညံ့သိမ္ေမႊ႕စြာ ေျပာလိုက္သည္။

"ကြၽန္ေတာ္ အရမ္း သိခ်င္လို႔ပါ၊ ဒီလို ထူးဆန္းတဲ့ အာနိသင္႐ွိတာ ဘာကူအဆိပ္မ်ားလဲလို႔၊ လူတစ္ေယာက္ဆီက ေရာဂါဇစ္ျမစ္ကို အျခားလူဆီ လႊဲေျပာင္းႏိုင္တယ္ဆိုေတာ့ေလ"

အရည္အခ်င္း႐ွိေသာ ေမာက္မာသူတစ္ေယာက္ကို သူ သည္းခံေပးႏိုင္ပါသည္။

သို႔ေပမယ့္ သူ႕မွာ အရည္အခ်င္းအစစ္အမွန္႐ွိမွရမည္။

ထိုလူက မ်က္ခုံးတစ္ခ်က္ ပင့္၍ သူ႕ကို ၾကည့္ၿပီးေနာက္ ေအးတိေအးစက္နဲ႔ ေျပာလိုက္သည္။

"တကယ့္ကို ဗဟုသုတမ႐ွိတာပဲ၊ အဲ့ဒီ နည္းလမ္းက အံဩစရာေကာင္းတယ္လို႔ ေျပာၾကေပမယ့္ တကယ္ေတာ့ သာမန္ ကူပိုးေကာင္သားအမိကို သုံးထားတာ၊ ထူးျခားတဲ့ နည္းလမ္းသုံးၿပီး ေမြးရင္ အဲ့ဒီအစြမ္း  ေသခ်ာေပါက္ ရတယ္"

နည္းလမ္းကိုေတာ့ သူေျပာမွာမဟုတ္ေပ။

"အဲ့ဒါဆို ေျဖလိုရမယ့္ ဘာနည္းလမ္း႐ွိလဲ"

ကုထင္ရန္သည္ အတြင္းက်က်ေမးဖို႔ေလာက္ထိ စိတ္မ႐ွည္ေပ။  သူသည္ လက္နားက လက္ဖက္ရည္ခြက္ကို ယူ၍ တစ္ငုံျမည္းစမ္းၿပီးေနာက္  ေအးတိေအးစက္နဲ႔ေျပာလိုက္သည္။

"ကြၽန္ေတာ့္မွာ တစ္နည္းပဲ႐ွိတယ္"

ထိုလူက မ်က္ေမွာင္က်ံဳ႕ထားရင္း စိတ္မပါတပါနဲ႔ ေျပာလိုက္သည္။

"ကူပိုးေကာင္သားေလးနဲ႔ ကူပိုးေကာင္အေမကို ျမႇားထုတ္လို႔ရတယ္"

"ခင္ဗ်ား ပိုင္ႏိုင္လို႔လား"

ကုထင္ရန္သည္ လက္ထဲက အရာအားလုံးကို ခ်ၿပီး ေအးတိေအးစက္နဲ႔ ေျပာလိုက္သည္။

ထိုလူက သူ႕ကို တစ္ခ်က္ေဝ့ၾကည့္လာၿပီး ႏွာတစ္ခ်က္မႈတ္လိုက္ေပမယ့္ စကားထပ္မေျပာေတာ့ေပ။

ကုထင္ရန္သည္ ခ်န္႐ွင္း အခန္းထဲမွ ႐ွာေတြ႕ထားသည့္ ထို မွတ္စုမ်ားထဲက အေၾကာင္းအရာမ်ားကို  ေခါင္းငုံ႔၍ စဥ္းစားလိုက္သည္။ သည္လူေျပာတာနဲ႔ သိပ္မကြာသလိုပါပင္။

သူက ေခါင္းငုံ႔ထားရင္း ထပ္ေမးလိုက္သည္။

"ခ်င္းယြီ ေနေကာင္းရဲ႕လား"

မွတ္စုထဲမွာ ခ်န္႐ွင္း ေရးထားဖူးသည္ကို သူမွတ္မိသည္။ နတ္ဆရာမ်ိဳးႏြယ္စုထဲတြင္ ေခါင္းေဆာင္ ခ်င္းခ်ီးက အမ်ားအသိအမွတ္ျပဳထားေသာ ေဆးပညာမွာ တစ္ဖက္ကမ္းခတ္ကြၽမ္းက်င္သည့္ လူတစ္ေယာက္ျဖစ္သည္။ သို႔ေပမယ့္ သူက လူမ်ိဳးျခားတစ္ေယာက္ျဖစ္ေသာေၾကာင့္ ေခါင္းေဆာင္ ခ်င္းခ်ီးက သူ႕ကို ေတြ႕ေတာင္မေတြ႕ခ်င္ေပ။

ထိုအခ်ိန္တုန္းက ခ်င္းယြီလို႔ေခၚေသာ လူတစ္ေယာက္က သူ႕ကို သနားသြားလို႔သာ ကူညီေပးခဲ့သည္။ နတ္ဆရာမ်ိဳးႏြယ္စု၏ လွ်ိဳ႕ဝွက္ပညာရပ္ကို လက္ဆင့္မကမ္းခဲ့ေလာက္ေပ။ သို႔ေပမယ့္ ထိုလူက သီးသန္႔ေနတတ္ေသာ လူအိုတစ္ေယာက္ျဖစ္သည္။ သူ အထုံပါရမီ ထူးကဲလြန္းသည္ကို ျမင္ေတာ့ သူ႕ကို မိမိ၏ စာၾကည့္တိုက္ထဲ ဆြဲသြင္းခဲ့သည္။ ၾကားေကာင္းေအာင္ေျပာရလွ်င္ ႂကြက္ဝင္မွာစိုးလို႔ သူ႕ကို ကူေစာင့္ခိုင္းခဲ့တာျဖစ္သည္။

ထိုအခ်ိန္တုန္းက သူ ေရးေတးေတးေလး ထင္မိသည္။ သီးသန္႔ေနတတ္ေသာ လူအိုႀကီးကမွ နတ္ေဆးဆရာမ်ိဳးဆက္ထဲက အေတာ္ဆုံး ထိုလူ ျဖစ္ေကာင္းျဖစ္ႏိုင္သည္။ သို႔ေသာ္ သူက အညာတရတစ္ေယာက္ၿပီး လူသူအေယာက္ေပါက္နည္းေသာ ေနရာတြင္ တိတ္တဆိတ္ေနထိုင္ခဲ့သည္။

"သူဆုံးသြားတာၾကာၿပီ"

ထိုလူက အႏွီ နာမည္ကို ၾကားေတာ့ မ်က္ေမွာင္တစ္ခ်က္က်ံဳ႕ၿပီးမွသာ ထိုစကားေျပာလိုက္သည္။

ကုထင္ရန္ စိတ္ထဲ႐ွိ ထိုေက်ာက္တုံးႀကီးက ေနာက္ဆုံး က်ဆင္းသြားခဲ့သည္။

"ဟုတ္လား၊ ကြၽန္ေတာ္ လြန္ခဲ့တဲ့ ႏွစ္အခ်ိဳ႕က သူနဲ႔ ေတြ႕ဖူးတယ္၊ သူ႕အေပၚ ေက်းဇူးေႂကြးနည္းနည္းတင္ခဲ့တယ္ေလ၊ အခြင့္ၾကဳံရင္ ေက်းဇူးဆပ္ဖို႔ ေတြးေနေသးတာ"

အႏွီစကားက ခ်န္႐ွင္းေျပာထားတာျဖစ္သည္။ သို႔ေပမယ့္ အခု သူ႕အစား
ကုထင္ရန္ ေျပာလည္း ထူးဆန္းသည့္ေနရာ တစ္ေနရာမွ မ႐ွိေပ။

ထိုလူက သူ႕ကို ေအးစက္စက္ တစ္ခ်က္ၾကည့္ၿပီးေနာက္ ဘာမွမေျပာေတာ့ေပ။

"ခင္ဗ်ား အရင္ထြက္သြားေတာ့၊ လိုအပ္တာ႐ွိရင္ သူတို႔ကို ေျပာလိုက္၊ ခင္ဗ်ား အတြက္ သူတို႔ ျပင္ဆင္ေပးၾကလိမ့္မယ္"

ကုထင္ရန္က သူ႕ကို ေအးတိေအးစက္နဲ႔ ေျပာလိုက္သည္။ အေနာက္က အေစခံတစ္ခ်ိဳ႕က သူ႕ကို ေခၚၿပီး တ႐ိုတေသနဲ႔ ထြက္သြားၾကမွာ ေသခ်ာပါသည္။

"အ႐ွင္မင္းႀကီးဆီကိုေရာ"

ဝမ္ကုန္းကုန္းက ေခါင္းငုံ႔ၿပီး ေမးလိုက္သည္။

ကုထင္ရန္က ခဏ စဥ္းစားၿပီးေနာက္ ေျပာလိုက္သည္။

"မင္း ေ႐ွာင္အန္းဇီကို တစ္ခ်က္သြားေမးလိုက္၊ အဲ့ဒီလူက ဘာ ျပႆနာမွမ႐ွိေတာ့ အျမန္ဆုံးစီစဥ္လိုက္ပါ"

အဆုံးမွာေတာ့ တစ္ရက္ ေနာက္က်လွ်င္ အႏၲရာယ္တစ္ရက္မ်ားမည္ျဖစ္သည္။

ဝမ္ကုန္းကုန္းက ေခါင္းငုံ႔၍ ျပန္ေျဖၿပီးေနာက္ ထိုက္က်ီနန္းေဆာင္ဘက္သို႔ လွည့္ထြက္သြားလိုက္ေတာ့သည္။

သူ ထြက္သြားၿပီးၿပီးခ်င္းမွာ ကုထင္ရန္က စိတ္မခ်သျဖင့္ ကိုယ္တိုင္ကိုယ္က် ထိုက္က်ီနန္းေဆာင္သို႔ လိုက္သြားလိုက္သည္။
ကုထင္ရန္ေရာက္သည့္အခ်ိန္တြင္
ေက်ာက္ဝမ္ယုံးက နဂါးထိုင္ခုံထက္မွာ မတ္မတ္ထိုင္ေနၿပီး ေအးတိေအးစက္ မ်က္ႏွာနဲ႔ မ်က္စိေ႐ွ႕က သဝဏ္လႊာကို ၾကည့္ေနသည္။

သူ ထိုပုံစံက ၾကည့္လိုက္ရင္ ဘာမွ မျဖစ္ခဲ့သလိုပါပင္။ သို႔ေပမယ့္ ကုထင္ရန္က ၾကည့္လိုက္သည္ႏွင့္ သူ မ်က္တြင္းညိဳေနသည္ကို ေတြ႕လိုက္ရသည္။ သူက လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္လိုက္သည္။

"မၾကည့္နဲ႔ေတာ့"

သူက သည္းမခံႏိုင္ေတာ့တဲ့အဆုံး ေ႐ွ႕တတ္ကာ ေက်ာက္ဝမ္ယုံး လက္ထဲက သဝဏ္လႊာကို ဆြဲလုၿပီး မာထန္ေသာ မ်က္ႏွာထားနဲ႔ အမိန္႔ေပးလိုက္သည္။

ကုထင္ရန္၏ ေလသံက သိပ္မဟန္ေပ။ ေမာက္မာလြန္းသည္လို႔ေတာင္ ယူဆလို႔ရ
သျဖင့္ ေက်ာက္ဝမ္ယုံး၏ ေဒါသစိတ္ကို ႐ုတ္ခ်ည္း ဆြေပးခဲ့သည္။ ေက်ာက္ဝမ္ယုံးသည္ ေဒါသေၾကာင့္ မ်က္လုံးအျပဴးသြားျဖစ္သြားေလသည္။ သူက ကုထင္ရန္ကို ခက္ထန္ေသာေလသံနဲ႔ ေျပာလိုက္သည္။

"မင္း!"

က်န္႐ွိေသာ ထို ရန္စကားမ်ားကိုေတာ့ သူက အတင္း ျပန္ၿမိဳခ်လိုက္သည္။

"ဘာမင္းလဲ၊ ခင္ဗ်ား ေနမေကာင္းျဖစ္ေနတာကို ဒီမွာ ဘာလုပ္ေနတာလဲ"

ကုထင္ရန္ကေတာ့ သူ႕ရဲ႕ အေလ်ာ့ေပးမႈကို ဂ႐ုမစိုက္ဘဲ သဝဏ္လႊာမ်ားကို ခ်က္ခ်င္း ပစ္ထုတ္ၿပီး ေလသံမာမာနဲ႔ ေျပာလိုက္သည္။

သူက ေအးစက္စက္မ်က္ႏွာ ထုတ္ျပထားၿပီး ေလသံကိုလည္း အသားကုန္ မာထားသည္။ သို႔ေပမယ့္ ေက်ာက္ဝမ္ယုံးသည္ သူတမင္ ခက္ထန္ခ်င္ေယာင္ေဆာင္ထားသည့္ေနာက္က စိတ္ပူေနမႈကို  ခ်က္ခ်င္း သတိထားမိသြားသည္။

ေက်ာက္ဝမ္ယုံးက ႐ုတ္တရက္ ေခါင္းငုံ႔ခ်ၿပီး ျခင္သံေလးနဲ႔ ေျပာလိုက္သည္။

"ကိုယ္သိပါၿပီ"

ကုထင္ရန္က သူနဲ႔ စကားႏိုင္လုဖို႔ ေစာင့္ေနေသးသည္။ သည္လူႀကီးရဲ႕ ရန္စကားမ်ားကို ဘယ္လို တုံ႔ျပန္သင့္သလဲဆိုတာကိုပါ စဥ္းစားၿပီးသြားၿပီျဖစ္သည္။ အဆုံးမွာေတာ့ ေက်ာက္ဝမ္ယုံးက အ႐ႈံးေပးသြားခဲ့သည္။

ကုထင္ရန္၏ ရင္ဝယ္အျပည့္ စကားမ်ားကိုထုတ္ေျပာဖို႔ရာ မတတ္ႏိုင္ေတာ့ေပ။ ေနာက္ဆုံးမွာေတာ့ သူ႕ကို ကသိကေအာက္ျဖစ္စြာနဲ႔ ေျပာလိုက္ရသည္။

"အဲ့ဒါဆို ခင္ဗ်ား နည္းနည္း ဆင္ျခင္"

"နတ္ဆရာကိစၥကို ဘယ္လိုလုပ္မလဲ ခင္ဗ်ား စဥ္းစားၿပီးၿပီလား"

သည္အေနအထားမ်ိဳးက ကုထင္ရန္ကို ကသိကေအာက္ျဖစ္ေစသည္။ သူက စကားလမ္းေၾကာင္း တမင္ေျပာင္းၿပီး ေက်ာက္ဝမ္ယုံးကို ဂ႐ုမစိုက္ဟန္နဲ႔ ေျပာလိုက္သည္။

ေက်ာက္ဝမ္ယုံးက ခဏေလာက္ ငုံ႔စဥ္းစားၿပီးေနာက္ ေျပာလိုက္သည္။

"မင္းစီစဥ္လိုက္ပါ"

"ခင္ဗ်ားကို ကြၽန္ေတာ္ ရည္႐ြယ္ခ်က္႐ွိ႐ွိလုပ္ၾကံလိုက္မွာ မေၾကာက္ဘူးေပါ့"

ကုထင္ရန္သည္ မိမိက ႐ုတ္တရက္ႀကီး ဤေမးခြန္းမ်ိဳးကို ဘာလို႔  ေမးလိုက္မိမွန္း မသိေပ။ ေျပာၿပီးသည္ႏွင့္ သူ နည္းနည္း ေနာင္တရသြားသည္။ သို႔ေသာ္ သူမ႐ွင္းျပရေသးခင္မွာ ေက်ာက္ဝမ္ယုံး၏ အသံကို ၾကားလိုက္ရသည္။

သူကေျပာလိုက္သည္။

"ကိုယ္မေၾကာက္ပါဘူး"

သူကေျပာလိုက္ေသးသည္။

"မင္းလက္ခ်က္နဲ႔ ေသရမယ္ဆိုရင္ ဒီဘဝ ကိုယ္ေသရတာ တန္ပါတယ္"

ကုထင္ရန္က သူ႕ကို မာမာထန္ထန္နဲ႔ ခနဲ႔ခ်င္ေပမယ့္ အဆိပ္လိုျပင္းေသာ ထိုရန္စကားမ်ားက လုံးဝ ေျပာမထြက္ႏိုင္ေခ်။ အဆုံးမွာေတာ့ ေက်ာက္ဝမ္ယုံးက သူ႕ကို ကယ္ဖို႔အတြက္ သည္လို ျဖစ္သြားရတာျဖစ္သည္။ အကယ္၍ သူက သူ႕ႏွလုံးသားထက္သို႔ ဓါးနဲ႔ထပ္ထိုးေနရင္ သူကိုယ္တိုင္ေတာင္ မသင့္ေတာ္ဘူးဟု ခံစားမိသည္။

႐ုတ္တရက္ တိတ္ဆိတ္က်သြားသည္။

"ဒီေန႔ ေန႔လည္လုပ္ၾကမယ္၊ အခ်ိန္ဆြဲေနရင္ ပိုဆိုးလာမွာစိုးလို႔"

"အင္း"

ေက်ာက္ဝမ္ယုံးက ေခါင္းငုံ႔ထားေပမယ့္ သူစီစဥ္တဲ့အတိုင္း နားေထာင္မည့္ပုံစံျဖစ္ေနေလသည္။ ၾကည့္ရတာ အနည္းငယ္ သနားေကာင္းသည့္ပုံေပါက္သည္။

"ကြၽန္ေတာ္ ျပန္ႏွင့္ၿပီ"

ကုထင္ရန္က ကပ်ာကယာနဲ႔ ထြက္သြားလိုက္ေပမယ့္ စိတ္ထဲမွာေတာ့ ေယာက္ယက္ခတ္ေနေလသည္။ သူေျခတစ္လွမ္း ထပ္ေနာက္က်သြားလွ်င္ မေမွ်ာ္မွန္းထားသည့္ ကိစၥတစ္ခုခု ျဖစ္ပ်က္သြားမည့္ပုံပင္။

ေန႔လည္၊ ထိုက္က်ီနန္းေဆာင္

"ဘယ္လိုလဲ"

ကုထင္ရန္က ေက်ာက္ဝမ္ယုံး၏ နံေဘးမွာ ေစာင့္ၾကည့္ေနရင္း ႐ုတ္တရက္ ေမးလိုက္သည္။ သူ႕ မ်က္ႏွာထားက ေအးစက္ခက္ထန္ေနၿပီး ဂ႐ုစိုက္သည့္ပုံ သိပ္မေပၚေပမယ့္ အသံထဲမွာေတာ့ စိုးရိမ္ပူပန္မႈမ်ား ကပ္ပါေနျပန္သည္။

"သူ႕ေသြးခုန္ႏႈန္းက နည္းနည္း ထူးဆန္းေနတယ္၊ ကူပိုးေကာင္မိခင္ကို အဟာျဖစ္ေစၿပီး ထႂကြေအာင္ တစ္စုံတစ္ေယာက္က သူ႕ကို ေဆးေပးခဲ့တာျဖစ္ေလာက္မယ္"

"ပုံမွန္ဆို တစ္ႏွစ္ ႏွစ္ႏွစ္ေလာက္ ထပ္ၾကာမွ ဒီလိုအျဖစ္မ်ိဳးျဖစ္တာ"

"ဒါေပမယ့္ ေတာ္ပါေသးတယ္၊ ျပႆနာမႀကီးဘူး"

ထိုလူက မ်က္ေမွာင္က်ံဳ႕ထားရင္ စကားမ်ားကို ၿပီးေအာင္ေျပာၿပီးေနာက္ ကုထင္ရန္ ဘက္သို႔ ၾကည့္လိုက္သည္။

"ကြၽန္ေတာ္ မွန္းတာ မမွားဘူးဆို ကူပိုးေကာင္သားေလးက ခင္ဗ်ား ကိုယ္ထဲမွာ ျဖစ္ေလာက္မယ္"

"ဟုတ္တယ္"

ကုထင္ရန္က သူ႕ကို ေခါင္းၿငိမ့္ျပလိုက္သည္။

"ဘယ္လက္ေပး"

ထိုလူက သူတို႔ကို ေအးတိေအးစက္နဲ႔ ေျပာလိုက္သည္။ တျခား ဘာစကားကိုမွ ထပ္မေျပာေတာ့ေပ။

ကုထင္ရန္က အူလည္လည္နဲ႔ လက္ဆန္႔ထုတ္ေပးလိုက္ေပမယ့္ ေက်ာက္ဝမ္ယုံးက တားဆီးလိုက္သည္။

"ဒါ ဘာသေဘာလဲ"

ေက်ာက္ဝမ္ယုံးက တင္းမာခက္ထေရာ္ေသာ မ်က္ႏွာထားနဲ႔ မ်က္စိေ႐ွ႕က အႏွီလူကို သိပ္မယုံၾကည္ဟန္နဲ႔ ေျပာလိုက္သည္။

"ေသခ်ာေပါက္ ကူပိုးေကာင္သားေလးကို သုံးၿပီး ကူပိုးေကာင္အေမကို ျမႇားထုတ္မလို႔ေပါ့"

ထိုလူက ႏွာတစ္ခ်က္မႈတ္ၿပီးေနာက္
ေက်ာက္ဝမ္ယုံးကို ျပန္ပက္ေျပာလိုက္သည္။

ကုထင္ရန္ကေတာ့ ေက်ာက္ဝမ္ယုံး၏ လက္ကို ဆြဲၿပီး ဂ႐ုမစိုက္ဟန္နဲ႔ ေျပာလိုက္သည္။

"ဘာမွမျဖစ္ပါဘူး၊ သူ႕ကို ယုံလိုက္ပါ"

ေက်ာက္ဝမ္ယုံးက မ်က္ေမွာင္က်ံဳ႕ထားရင္ သူ႕ကို တစ္ခ်က္ၾကည့္ၿပီးမွသာ ကုထင္ရန္၏ လက္ေမာင္းကိုဆြဲထားသည့္ လက္အား လႊတ္လိုက္ေတာ့သည္။

ထို နတ္‌ဆရာက ထူးဆန္းသည့္ ဓါးနဲ႔ ကုထင္ရန္၏ လက္ေမာင္းကို တစ္ခ်က္လွီးလိုက္သည္။ နီနီရဲရဲ ေသြးမ်ားက စီးက်လာေလရာ ေက်ာက္ဝမ္ယုံး၏ မ်က္ဝန္းအစုံကို နီရဲသြားေစခဲ့သည္။

ထို႔ေနာက္ ထိုလူက ထူးဆန္းေသာ ေသတၱာတစ္ခု ယူထုတ္လိုက္သည္ကို သူတို႔က မ်က္လုံးအျပဴးသားနဲ႔ ၾကည့္ေနၾကသည္။ သူက ဗူးေပၚက စနက္တံကို မီးညႇိလိုက္သည္ႏွင့္ ခ်က္ခ်င္း အစိမ္းေရာင္မီးခိုေငြ႕မ်ား ထြက္ေပၚလာသည္။

သိပ္မၾကာခင္တြင္ ကုထင္ရန္သည္ လက္ေမာင္းက အနည္းငယ္ စူး႐ွ႐ွနာက်င္လာသလို ခံစားမိလိုက္သည္။ ႐ုတ္တရက္ ေဖြးစုတ္ေနေသာ သူ႕အေရျပားေအာက္တြင္ ေသးသြယ္ေသာ အရာတစ္ခုက စတင္ၿပီး အဆက္မျပတ္ တြန္႔လိမ္လႈပ္႐ွားလာသည္။  လက္ေမာင္းသို႔ ေရာက္ေတာ့မည့္အခ်ိန္တြင္ ထိုလူက ႐ုတ္တရက္ တစ္ခ်က္ လႈပ္႐ွားလိုက္ၿပီးေနာက္ ေက်ာက္ဝမ္ယုံး၏ လက္ေမာင္းကို တူညီေသာ ဓါးရာေပးလိုက္သည္။

သူ႕ လႈပ္႐ွားမႈက လ်င္ျမန္လြန္းေသာေၾကာင့္ ကုထင္ရန္ေတာင္ ေသခ်ာမျမင္လိုက္ရေပ။

သိပ္မၾကာခင္တြင္ ေက်ာက္ဝမ္ယုံး၏ လက္ေမာင္းထက္၌ သူ႕နည္းတူ တြန္႔လိမ္လႈပ္႐ွားေနေသာ အရာတစ္ခု ေပၚလာသည္ကိုသာ သူျမင္လိုက္ရသည္။ လူတိုင္းက စိတ္လႈပ္႐ွားမႈေၾကာင့္ စကားမေျပာရဲၾကေပ။ ထို နတ္ဆရာက ေနာက္ထပ္တစ္ႀကိမ္ လက္ေျမႇာက္လိုက္သည္။

ထိုလူ၏ ျမန္ဆန္ေသာ လႈပ္႐ွားမႈကို မ်က္စိေမွာက္ၿပီး မျမင္လိုက္ရျပန္သလို
ေက်ာက္ဝမ္ယုံး လက္ေမာင္းထက္က သိသိသာသာ မို႔တတ္ေနေသာ အရာကိုလည္း မျမင္ရေတာ့ေပ။

"အင္း"

ေက်ာက္ဝမ္ယုံးက ဘာမွ မျဖစ္သလိုပါပင္။ အူတူတူအတတနဲ႔ မယုံၾကည္ႏိုင္ျဖစ္ေနေသးသည္။

"ခင္ဗ်ား ခႏၶာကိုယ္ထဲမွာ အေအးအဆိပ္ ႐ွိေနေသးေတာ့ ေသခ်ာ ဂ႐ုစိုက္ရမယ္"

ထိုနတ္ဆရာက သတိဝိရိယနဲ႔ ကူပိုးေကာင္ႏွစ္ေကာင္ကို ေသတၱာထဲထည့္လိုက္သည္။ ထို႔ေနာက္ အစိမ္းေရာင္မီးခိုး‌ေငြ႕မ်ားထြက္ေနေသာ စနက္တံကို ၿငိမ္းလိုက္သည္။

ကုထင္ရန္က ျပဳံးရင္း စိတ္ရင္းနဲ႔ ေျပာလိုက္သည္။

"ေက်းဇူးတင္ပါတယ္"

ထိုလူကေတာ့ ေခါင္းငုံထားၿပီး သူ႕ကို အဖက္မလုပ္ေခ်။ ကုထင္ရန္လည္း စိတ္ထဲမထားေပ။ သူ စိတ္ကူးေပါက္ရာ တစ္ခ်က္ ေဝ့ၾကည့္လိုက္ေတာ့ အၾကည့္က ထို ကူပိုးေကာင္ႏွစ္ေကာင္ေပၚ က်ေရာက္သြားသည္။

ထို ကူပိုးေကာင္ႏွစ္ေကာင္က မထင္မွတ္ပဲ ခရမ္းေရာင္ျဖစ္ေနေလသည္။

ဒါ မဟုတ္ေသးေပ။






Comment