အခန်း(၄၂) မြင်းဇောင်း

ဧကရာဇ်မင်း အပြင်ထွက်ရင် သေချာပေါက် တော်ဝင်မိသားစုပိုင် သီးသန့်နေရာကို သွားမည်ဖြစ်သည်။

ထိုနေ့နေခင်းမှာ ကျောက်ဝမ်ယုံးက အားကောင်း‌ မောင်းသန် လူတစ်စုကို ခေါ်ဆောင်ကာ ဆောင်းတွင်းကာလကြီးမှာ မြို့စွန်ရှိ တော်ဝင်မိသားစုပိုင် မြင်းဇောင်းသို့ သွားခဲ့သည်။

ကျောက်ဝမ်ယုံး ခေါ်ဆောင်လာတာက သူ၏ ကျင်းဖုန်းဖြစ်၏။ ဒါပေမယ့် ကုထင်ရန်က မြင်းမစီးဖူးသလို အလေ့အကျင့်လည်း သေချာပေါက်မရှိသဖြင့် ကျောက်ဝမ်ယုံးက သူကို ကိုယ်တိုင်ကိုယ်ကျ တစ်ကောင် ရွေးခိုင်းလိုက်ရသည်။ တိုက်ဆိုင်စွာဖြင့် တောင်ဝင်မြင်းဇောင်းမှာ အဖိုးတန်မြင်းအသစ်တွေ အများကြီး ရောက်နေသည်။

ကုထင်ရန်က အတော်လေး လိမ္မာမည့်ပုံပေါက်သည့် မြင်းဖြူတစ်ကောင်ကို ရွေးခဲ့သည်။ ကျောက်ဝမ်ယုံးက သူ့ကို အဖော်ပြုလျက် ‌မြင်းစီးကွင်းမှာ ခဏလောက် လှည့်ပတ်စီးပေးနေရင်း ရုတ်တရက် အမဲလိုက်ချင်သည့် ဆန္ဒဖြစ်ပေါ်လာသည်။

သို့ပေမယ့် ကုထင်ရန်၏ စိတ်အားထက်သန်မှုက အစောကြီးကတည်းကပင် ပျောက်ကွယ်သွားပြီဖြစ်သည်။ သူက ထိုအရာ‌တွေကို ပိုင်နိုင်ကျွမ်းကျင်သော လူတစ်ယောက်လည်း မဟုတ်ပေ။ ခဏလောက်ကြာတော့ မောပန်းလာပြီး လူက တမှိုင်မှိုင်တထွေထွေဖြစ်လာသည်။

ကျောက်ဝမ်ယုံးက‌ သူ့ကို ခက်ခဲအောင်မလုပ်ပေ။ နဂိုထဲက သူနဲ့အတူ စိတ်ပြေလက် ပျောက်ဖြစ်အောင် ထွက်လာတာဖြစ်သဖြင့် သူ မပျော်အောင်လုပ်လို့ မဖြစ်ပေ။

သို့ပေမယ့် ကျောက်ဝမ်ယုံးက သူ့ပုံစံကို ကြည့်ရင်း မရယ်ဘဲ မနေနိုင်တော့ပေ။

"လာချင်တယ်လို့ ပူဆာတာ မင်းမဟုတ်ဘူးလား"

ထိုစကားက ကျီဆယ်ချင်သည့် သဘောသက်ရောက်နေတုန်းပင်။

ကုထင်ရန်က သူ့ကို အဖက်လုပ်ဖို့ ပျင်းလွန်းသဖြင့် တစ်ယောက်ထဲ မြင်းဖြူလေးပေါ်မှာ ထိုင်ရင်း အလွန့်အလွန်ပျင်းရိငြီးငွေ့နေကာ ပြန်ဖြေတဲ့စကားတောင် ပျင်းရိပျင်းတွဲဖြစ်နေသည်။ ကျောက်ဝမ်ယုံးက ကုထင်ရန်၏ ထိုပုံစံကို ကြည့်ရင်း ချစ်စရာကောင်းတယ်လို့သာ ထင်မိသည်။ နှလုံးသားထဲရှိ တစ်နေရာကို လူတစ်ယောက်က ငှက်မွေးနဲ့ လာပွတ်သတ်နေသလို ယားကျိကျိဖြစ်‌နေပေမယ့် လူကို အတော်လေးလည်း သက်တောင့်သက်သာဖြစ်စေသည်။

"အဲ့ဒါဆို မင်းခဏလောက် အနားသွားယူလိုက်"

ကျောက်ဝမ်ယုံးလည်း သူ့ကို ဖိအားမပေးတော့ချေ။ ပြောပြီးသည်နှင့် အလျင်စလိုဖြင့်
ကိုယ်ရံတော်တစ်ချို့ကို ခေါ်ဆောင်ပြီး တောထဲသို့ ဝင်သွားသည်။

သွားတဲ့အချိန်မှာ ကုထင်ရန်ကို စိုက်ကြည့်ပြီး မျက်စိတစ်ဖက်မှိတ်ပြလိုက်သေးသည်။

"ကိုယ်တော် မင်းအတွက် ဆော့ဖို့ ယုန်လေးတစ်ကောင် ဖမ်းခဲ့ပေးမယ်"

ကြည့်ရတာ လူကို ပျော်ရွင်အောင်လုပ်ပေးရန် မစောင့်နိုင်တော့သလို အခိုးအငွေ့ပမာအရိပ်အယောင်ပင်မကျန် ပျောက်ကွယ်သွား တော့သည်။

ကုထင်ရန်က မြင်းပေါ်ကနေ ဆင်းလာပြီး အဆောင်ထဲကို အနားယူရန် ဝင်သွားလိုက်သည်။ သူ့ကို ကြည့်ရတာ သိပ်မပျော်‌ပုံ‌ပေါ်ပေါက်နေသော်လည်း အခန့်မသင့်ရင်ကံဆိုးနိုင်သည့် သူ့အနားကို ဘယ်သူမှ မကပ်ရဲကြသဖြင့် အချောင်ခိုပြီး ပုန်းရှောင်နေလိုက်ကြသည်။

အချိန်တစ်နာရီလောက်ကြာပြီးနောက်
ကုထင်ရန်က ရုတ်တရက် အပြင်ကနေ ပြန်ရောက်လာသည်။

တံခါးဝကနေ ဖြတ်‌လျှောက်သွားသည့် အစောင့်တစ်ယောက်က သူ့ကို မြင်ပြီး တစ်ချက် လန့်သွား၏။ သည်လူ ဘယ်အချိန်က ထွက်သွားမှန်း မသိလိုက်ပေ။

နှစ်ယောက်သား မျက်လုံးချင်းဆုံနေသည့်အချိန်မှာ ကုထင်ရန်က ထိုအစောင့်လေးကို မသိမသာ ခေါင်းညိတ်ပြလိုက်၏။ သူ့မျက်နှာကို ကြည့်ရတာ ပျော်ရွင်နေပြီး အနည်းငယ် စိတ်လှုပ်ရှားနေလေသည်။ အစောင့်လေးတောင် အနည်းငယ် ပျာယာခတ်သွားပြီး ရုတ်တရက် ထိုနေရာမှာတင် ကြောင်အသွားသည်။

ကျောက်ဝမ်ယုံးက နောက်ထပ်တစ်နာရီလောက်မှ ပြန်လာခဲ့သည်။ အနောက်မှ လိုက်လာသည့် လူတွေက ဆတ်ကြီးတစ်ကောင်ကို တရွတ်တိုက်ဆွဲလာသည်။ ထို့အပြင် သားကောင် နှစ်ကောင်သုံးကောင်အချို့ ပါသေးသည်။

ကျောက်ဝမ်ယုံး၏ လက်ထဲမှာ နှင်းလိုဖြူဖွေးသည့် အရာတစ်ခုကို ပိုက်ထားသည်။
ကုထင်ရန်ဆီသို့ ပေးမလို့လုပ်သည့်အချိန်မှာ ထိုအရာလေးက ခေါင်းထောင်လာသည်။ မွေးခါစ ယုန်လေးတစ်ကောင်ဖြစ်သည်။

"ကြည့်ကြည့်၊ သဘောကျလား"

ထိုယုန်လေးက ဖြူဖွေးစွတ်နေ၏။ ကြောက်လည်းကြောက်တတ်သည်။
ကျောက်ဝမ်ယုံး၏ လက်ထဲမှာ အလုံးလေးတစ်လုံးကို ကွေးနေသည်။

ကုထင်ရန်ကို မြင်လိုက်တဲ့ချိန်မှာ ရုတ်တရက် ရဲတင်းလာပြီး သူ၏ ရင်ခွင်ထဲ ခုန်ဝင်လာသည်။ နှစ်ယောက်သား စစချင်းမှာ ဘာတုံ့ပြန်မှုမှမရှိဘဲ အမူအရာတွေက ကြောင်အမ်းအမ်းဖြစ်သွားကြသည်။

ကျောက်ဝမ်ယုံးက ထိုယုန်လေးကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက်ရယ်လိုက်၏။

"ဒီကောင်လေးက အသွက်လေးပဲ"

ကုထင်ရန်က ကြည့်လိုက်ရင် အေးတိအေးစက်ပုံစံဖြစ်နေပေမယ့် ယုန်လေးကို ပွတ်သတ်ပေးနေတဲ့လက်က အနည်းငယ် တောင့်တင်းနေသည်။ ထိုအကောင်လေး၏ ရုတ်တရက် မှီခိုအားကိုးလိုမှုကို မြင်လိုက်တာနဲ့တင် သူ့က အနည်းငယ် ခြေမကိုင်လက်မကိုင်မိဖြစ်သွားသည်။

ကျောက်ဝမ်ယုံးက ကြည့်နေရင်းတောင် အနည်းငယ် ချဉ်တူးလာသဖြင့် ထိုအကောင်လေးကို ဆွဲထုတ်ပစ်ချင်လာသည်။

ကုထင်ရန်က ရုတ်ချည်းပြောလိုက်သည်။

"ကျွန်တော်အရမ်းသဘောကျတယ်"

အသံကသိပ်မကျယ်ပေမယ့် ပျော်ရွင်ကျေနပ်နေမှုများက ဖုံးကွယ်လို့မရနိုင်ပေ။

ကျောက်ဝမ်ယုံးက ရှက်တက်တက်ဖြင့် ကိုယ့်ရဲ့ လက်ကို ပြန်ရုတ်လိုက်ပြီး အပြောနဲ့အတွေးမညီသည့် စကားကိုပြောလိုက်သည်။

"မင်းသဘောကျရင် ပြီးရော"

အခန္း(၄၂) ျမင္းေဇာင္း

ဧကရာဇ္မင္း အျပင္ထြက္ရင္ ေသခ်ာေပါက္ ေတာ္ဝင္မိသားစုပိုင္ သီးသန္႔ေနရာကို သြားမည္ျဖစ္သည္။

ထိုေန႔ေနခင္းမွာ ေက်ာက္ဝမ္ယုံးက အားေကာင္း‌ ေမာင္းသန္ လူတစ္စုကို ေခၚေဆာင္ကာ ေဆာင္းတြင္းကာလႀကီးမွာ ၿမိဳ႕စြန္႐ွိ ေတာ္ဝင္မိသားစုပိုင္ ျမင္းေဇာင္းသို႔ သြားခဲ့သည္။

ေက်ာက္ဝမ္ယုံး ေခၚေဆာင္လာတာက သူ၏ က်င္းဖုန္းျဖစ္၏။ ဒါေပမယ့္ ကုထင္ရန္က ျမင္းမစီးဖူးသလို အေလ့အက်င့္လည္း ေသခ်ာေပါက္မ႐ွိသျဖင့္ ေက်ာက္ဝမ္ယုံးက သူကို ကိုယ္တိုင္ကိုယ္က် တစ္ေကာင္ ေ႐ြးခိုင္းလိုက္ရသည္။ တိုက္ဆိုင္စြာျဖင့္ ေတာင္ဝင္ျမင္းေဇာင္းမွာ အဖိုးတန္ျမင္းအသစ္ေတြ အမ်ားႀကီး ေရာက္ေနသည္။

ကုထင္ရန္က အေတာ္ေလး လိမၼာမည့္ပုံေပါက္သည့္ ျမင္းျဖဴတစ္ေကာင္ကို ေ႐ြးခဲ့သည္။ ေက်ာက္ဝမ္ယုံးက သူ႕ကို အေဖာ္ျပဳလ်က္ ‌ျမင္းစီးကြင္းမွာ ခဏေလာက္ လွည့္ပတ္စီးေပးေနရင္း ႐ုတ္တရက္ အမဲလိုက္ခ်င္သည့္ ဆႏၵျဖစ္ေပၚလာသည္။

သို႔ေပမယ့္ ကုထင္ရန္၏ စိတ္အားထက္သန္မႈက အေစာႀကီးကတည္းကပင္ ေပ်ာက္ကြယ္သြားၿပီျဖစ္သည္။ သူက ထိုအရာ‌ေတြကို ပိုင္ႏိုင္ကြၽမ္းက်င္ေသာ လူတစ္ေယာက္လည္း မဟုတ္ေပ။ ခဏေလာက္ၾကာေတာ့ ေမာပန္းလာၿပီး လူက တမိႈင္မိႈင္တေထြေထြျဖစ္လာသည္။

ေက်ာက္ဝမ္ယုံးက‌ သူ႕ကို ခက္ခဲေအာင္မလုပ္ေပ။ နဂိုထဲက သူနဲ႔အတူ စိတ္ေျပလက္ ေပ်ာက္ျဖစ္ေအာင္ ထြက္လာတာျဖစ္သျဖင့္ သူ မေပ်ာ္ေအာင္လုပ္လို႔ မျဖစ္ေပ။

သို႔ေပမယ့္ ေက်ာက္ဝမ္ယုံးက သူ႕ပုံစံကို ၾကည့္ရင္း မရယ္ဘဲ မေနႏိုင္ေတာ့ေပ။

"လာခ်င္တယ္လို႔ ပူဆာတာ မင္းမဟုတ္ဘူးလား"

ထိုစကားက က်ီဆယ္ခ်င္သည့္ သေဘာသက္ေရာက္ေနတုန္းပင္။

ကုထင္ရန္က သူ႕ကို အဖက္လုပ္ဖို႔ ပ်င္းလြန္းသျဖင့္ တစ္ေယာက္ထဲ ျမင္းျဖဴေလးေပၚမွာ ထိုင္ရင္း အလြန္႔အလြန္ပ်င္းရိၿငီးေငြ႕ေနကာ ျပန္ေျဖတဲ့စကားေတာင္ ပ်င္းရိပ်င္းတြဲျဖစ္ေနသည္။ ေက်ာက္ဝမ္ယုံးက ကုထင္ရန္၏ ထိုပုံစံကို ၾကည့္ရင္း ခ်စ္စရာေကာင္းတယ္လို႔သာ ထင္မိသည္။ ႏွလုံးသားထဲ႐ွိ တစ္ေနရာကို လူတစ္ေယာက္က ငွက္ေမြးနဲ႔ လာပြတ္သတ္ေနသလို ယားက်ိက်ိျဖစ္‌ေနေပမယ့္ လူကို အေတာ္ေလးလည္း သက္ေတာင့္သက္သာျဖစ္ေစသည္။

"အဲ့ဒါဆို မင္းခဏေလာက္ အနားသြားယူလိုက္"

ေက်ာက္ဝမ္ယုံးလည္း သူ႕ကို ဖိအားမေပးေတာ့ေခ်။ ေျပာၿပီးသည္ႏွင့္ အလ်င္စလိုျဖင့္
ကိုယ္ရံေတာ္တစ္ခ်ိဳ႕ကို ေခၚေဆာင္ၿပီး ေတာထဲသို႔ ဝင္သြားသည္။

သြားတဲ့အခ်ိန္မွာ ကုထင္ရန္ကို စိုက္ၾကည့္ၿပီး မ်က္စိတစ္ဖက္မွိတ္ျပလိုက္ေသးသည္။

"ကိုယ္ေတာ္ မင္းအတြက္ ေဆာ့ဖို႔ ယုန္ေလးတစ္ေကာင္ ဖမ္းခဲ့ေပးမယ္"

ၾကည့္ရတာ လူကို ေပ်ာ္႐ြင္ေအာင္လုပ္ေပးရန္ မေစာင့္ႏိုင္ေတာ့သလို အခိုးအေငြ႕ပမာအရိပ္အေယာင္ပင္မက်န္ ေပ်ာက္ကြယ္သြား ေတာ့သည္။

ကုထင္ရန္က ျမင္းေပၚကေန ဆင္းလာၿပီး အေဆာင္ထဲကို အနားယူရန္ ဝင္သြားလိုက္သည္။ သူ႕ကို ၾကည့္ရတာ သိပ္မေပ်ာ္‌ပုံ‌ေပၚေပါက္ေနေသာ္လည္း အခန္႔မသင့္ရင္ကံဆိုးႏိုင္သည့္ သူ႕အနားကို ဘယ္သူမွ မကပ္ရဲၾကသျဖင့္ အေခ်ာင္ခိုၿပီး ပုန္းေ႐ွာင္ေနလိုက္ၾကသည္။

အခ်ိန္တစ္နာရီေလာက္ၾကာၿပီးေနာက္
ကုထင္ရန္က ႐ုတ္တရက္ အျပင္ကေန ျပန္ေရာက္လာသည္။

တံခါးဝကေန ျဖတ္‌ေလွ်ာက္သြားသည့္ အေစာင့္တစ္ေယာက္က သူ႕ကို ျမင္ၿပီး တစ္ခ်က္ လန္႔သြား၏။ သည္လူ ဘယ္အခ်ိန္က ထြက္သြားမွန္း မသိလိုက္ေပ။

ႏွစ္ေယာက္သား မ်က္လုံးခ်င္းဆုံေနသည့္အခ်ိန္မွာ ကုထင္ရန္က ထိုအေစာင့္ေလးကို မသိမသာ ေခါင္းညိတ္ျပလိုက္၏။ သူ႕မ်က္ႏွာကို ၾကည့္ရတာ ေပ်ာ္႐ြင္ေနၿပီး အနည္းငယ္ စိတ္လႈပ္႐ွားေနေလသည္။ အေစာင့္ေလးေတာင္ အနည္းငယ္ ပ်ာယာခတ္သြားၿပီး ႐ုတ္တရက္ ထိုေနရာမွာတင္ ေၾကာင္အသြားသည္။

ေက်ာက္ဝမ္ယုံးက ေနာက္ထပ္တစ္နာရီေလာက္မွ ျပန္လာခဲ့သည္။ အေနာက္မွ လိုက္လာသည့္ လူေတြက ဆတ္ႀကီးတစ္ေကာင္ကို တ႐ြတ္တိုက္ဆြဲလာသည္။ ထို႔အျပင္ သားေကာင္ ႏွစ္ေကာင္သုံးေကာင္အခ်ိဳ႕ ပါေသးသည္။

ေက်ာက္ဝမ္ယုံး၏ လက္ထဲမွာ ႏွင္းလိုျဖဴေဖြးသည့္ အရာတစ္ခုကို ပိုက္ထားသည္။
ကုထင္ရန္ဆီသို႔ ေပးမလို႔လုပ္သည့္အခ်ိန္မွာ ထိုအရာေလးက ေခါင္းေထာင္လာသည္။ ေမြးခါစ ယုန္ေလးတစ္ေကာင္ျဖစ္သည္။

"ၾကည့္ၾကည့္၊ သေဘာက်လား"

ထိုယုန္ေလးက ျဖဴေဖြးစြတ္ေန၏။ ေၾကာက္လည္းေၾကာက္တတ္သည္။
ေက်ာက္ဝမ္ယုံး၏ လက္ထဲမွာ အလုံးေလးတစ္လုံးကို ေကြးေနသည္။

ကုထင္ရန္ကို ျမင္လိုက္တဲ့ခ်ိန္မွာ ႐ုတ္တရက္ ရဲတင္းလာၿပီး သူ၏ ရင္ခြင္ထဲ ခုန္ဝင္လာသည္။ ႏွစ္ေယာက္သား စစခ်င္းမွာ ဘာတုံ႔ျပန္မႈမွမ႐ွိဘဲ အမူအရာေတြက ေၾကာင္အမ္းအမ္းျဖစ္သြားၾကသည္။

ေက်ာက္ဝမ္ယုံးက ထိုယုန္ေလးကို တစ္ခ်က္ၾကည့္လိုက္ၿပီး ႐ုတ္တရက္ရယ္လိုက္၏။

"ဒီေကာင္ေလးက အသြက္ေလးပဲ"

ကုထင္ရန္က ၾကည့္လိုက္ရင္ ေအးတိေအးစက္ပုံစံျဖစ္ေနေပမယ့္ ယုန္ေလးကို ပြတ္သတ္ေပးေနတဲ့လက္က အနည္းငယ္ ေတာင့္တင္းေနသည္။ ထိုအေကာင္ေလး၏ ႐ုတ္တရက္ မွီခိုအားကိုးလိုမႈကို ျမင္လိုက္တာနဲ႔တင္ သူ႕က အနည္းငယ္ ေျခမကိုင္လက္မကိုင္မိျဖစ္သြားသည္။

ေက်ာက္ဝမ္ယုံးက ၾကည့္ေနရင္းေတာင္ အနည္းငယ္ ခ်ဥ္တူးလာသျဖင့္ ထိုအေကာင္ေလးကို ဆြဲထုတ္ပစ္ခ်င္လာသည္။

ကုထင္ရန္က ႐ုတ္ခ်ည္းေျပာလိုက္သည္။

"ကြၽန္ေတာ္အရမ္းသေဘာက်တယ္"

အသံကသိပ္မက်ယ္ေပမယ့္ ေပ်ာ္႐ြင္ေက်နပ္ေနမႈမ်ားက ဖုံးကြယ္လို႔မရႏိုင္ေပ။

ေက်ာက္ဝမ္ယုံးက ႐ွက္တက္တက္ျဖင့္ ကိုယ့္ရဲ႕ လက္ကို ျပန္႐ုတ္လိုက္ၿပီး အေျပာနဲ႔အေတြးမညီသည့္ စကားကိုေျပာလိုက္သည္။

"မင္းသေဘာက်ရင္ ၿပီးေရာ"

Comment