မနေ့က သမားတော်ချန် တစ်ခေါက်လာကြည့်သည့်အချိန်တွင် အားလုံး စီစဉ်ပြီးသလောက်ဖြစ်ကြောင်း၊ ဧကရာဇ်အရှင် ရုတ်တရက်ကြီး ရောက်ချလာရင် မိသွားမှာပဲ စိုးမိကြောင်း ကုထင်ရန်အားပြောခဲ့သည်။
ကုထင်ရန် အနှီစကားကို ကြားသည့်အချိန်တွင် မည်သည့် အမူအရာမှ မပြချေ။ သူက ခေါင်းငုံထားပြီး ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
"သိပြီ၊ ငါရှင်းလိုက်မယ်"
ထို့နောက် သည်နေ့တွင် သမားတော်ချန်အား ပွဲကြီးပွဲကောင်း ကြည့်ခိုင်းလိုက်သည်။
သမားတော်ချန်က သူ့ကို ကြည့်နေပေမယ့် စိတ်ထဲမှာတော့ ရယ်နေမိသည်။
"သခင်လေးလိုလူက စိတ်ဝင်စားစရာကောင်းသားပဲ"
ကုထင်ရန်က မျက်ခုံးပင့်ပြီး သူ့ကို ကြည့်လာလေသည်။ သမားတော်ချန်က ပြုံးလျက် ဆက်ပြောလိုက်သည်။
"ကိုယ့်ကိုယ်ကိုတော့ ထိခိုက်အောင်လုပ်ရဲတယ်၊ တခြားသူအပေါ်မှာတော့ အဲ့ဒီလို သတ္တိမရှိဘူး"
ကုထင်ရန်က နောက်လက်တစ်ဖက်ဖြင့် လက်ဖက်ရည်ခွက်ကို ယူပြီး တစ်ငုံ မြည်းစမ်းလိုက်သည်။
"မင်းလည်း အဲ့ဒီလိုပဲမဟုတ်ဘူးလား"
သမားတော်ချန်က တစ်ချက် တောင့်တင်းသွားသည်။ ထို့နောက် မချိပြုံး ပြုံးပြလိုက်သည်။
"ဟုတ်ပါတယ်၊ သခင်လေးပြောတာမှန်တယ်"
ကုထင်ရန်က သူ့နှလုံးသားထက်သို့ ဓါးဖြင့် တစ်ချက်ထိုးလိုက်သောကြောင့် သမားတော်ချန်က စကားစမြည်ပြောချင်စိတ်မရှိတော့မှာ သေချာပါသည်။ အခန်းထဲတွင် တိတ်ဆိတ်ကျသွားပြီး ငှက်သံလေးများ တခါတရံ ထွက်ပေါ်လာသည်။
သိပ်မကြာခင်မှာ သမားတော်ချန်က ဆေးလိမ်းပြီးသွားပြီဖြစ်သဖြင့် ပတ်တီးထူထူ စည်းပေးလိုက်သည်။ ကုထင်ရန်က စကားမပြောသေးပေမယ့် စိတ်ကျေနပ်သည့် အပြုံး အရင်ပြုံးပြလာခဲ့သည်။
ထွက်သွားတော့မည့်အချိန်တွင် သမားတော်ချန်က တိုးတိုးလေး ပြောလိုက်သည်။
"သခင်လေး ဒီရက်ပိုင်းမှာ ကောင်းကောင်း အနားယူပါ၊ လက်မောင်းကို ရေမစိုအောင် သတိထားပေးပါ"
"ဒီလိုမှာထားရပေမယ့် လှုပ်လှုပ်ရှားရှားမနေခိုင်းတာတော့ မဟုတ်ပါဘူး၊ ကျွန်တော်မျိုး မနေ့က နက္ခတဗေဒပညာရှင်တွေ ပြောတာ ကြားခဲ့တယ်၊ သန်ဘက်ခါက ရာသီဥတုသာယာမယ့် နေ့တဲ့၊ စိတ်ပြေလက်ပျောက်ဖြစ်သွားအောင် ဥယျာဉ်ထဲမှာ သခင်လေး လမ်းလျှောက်လို့ရတယ်"
ကုထင်ရန်က သူ့ကို မျက်လုံးလှန်ကြည့်လိုက်တော့ သမားတော်ချန်က စိတ်ရင်းဖြင့်ပြုံးပြနေသည်ကို မြင်လိုက်ရသည်။ ကုထင်ရန်၏ စိတ်ထဲမှာ အကြံအစည်တစ်ချို့ရှိနေပေမယ့် ကြုံတောင့်ကြုံခဲ ပြန်ပြုံးပြလိုက်မိသည်။
"ဟုတ်ပါပြီ၊ သမားတော်ချန်ပြောတာ နားထောင်ပါ့မယ်"
သမားတော်ချန်က ရိုရိုသေသေဖြင့် ထွက်သွားလိုက်သည်။ ကုကွေ့ကျွင်း သန်ဘက်ခါ ဥယျာဉ်ထဲ လမ်းလျှောက်မည့်သတင်းကို တစ်စုံတစ်ယောက်က ဧကရာဇ်အရှင်ထံ သံတော်ဦးသွားတင်မှာ သေချာပါသည်။
ယနေ့ညတွင် မိန်းမစိုးလေးတစ်ဦးသည်
မုချန်နန်းဆောင်ထဲမှ တိတ်တဆိတ်ထွက်သွားပြီး ထိုက်ကျီနန်းဆောင်မှ မိန်းမစိုးချုပ် အန်းကုန်းကုန်းကို သွားတွေ့လေသည်။ သမားတော်ချန် မှာကြားသွားသည့် စကားများကို ခရေစေ့တွင်းကျ ပြောပြလိုက်သည်။
အန်းကုန်းကုန်းသည် နန်းဆောင်ထဲတွင် မီးလေးထွန်းပြီး အစီရင်ခံစာများကို မှတ်ချက်ချနေသေးသည့် အရှင်မင်းကြီးကို တွေးမိလိုက်တော့ အနည်းငယ် စိတ်ညစ်သွားလေသည်။
သူက လူကို ပြန်လွှတ်လိုက်ပြီး မကြာသေးမီက ပြင်ဆင်ထားသည့် လက်ဖက်ရည်ပွဲကို သယ်၍ နန်းဆောင်ထဲ ဝင်သွားလိုက်သည်။
"အရှင်မင်းကြီး၊ ညနေက ဘာမှမသုံးဆောင်ထားတော့ ကျန်းမာရေးထိခိုက် စိုးမိတယ်၊ စားတော်ကဲလေးက ခုလေးတင် အရှင်မင်းကြီးအတွက် ပြင်ဆင်ပေးထားတာ နည်းနည်းလောက် သုံးဆောင်လိုက်ပါလား"
ကျောက်ဝမ်ယုံးက ခေါင်းတောင် မော့မကြည့်ချေ။
"ပြန်ယူသွား"
"ဟုတ်ကဲ့"
အန်းကုန်းကုန်းက တစ်ချက် ကြည့်လိုက်သည်။ ထိုအစီရင်ခံစာက လွန်ခဲ့တဲ့ တစ်နာရီ၌ သူဝင်လာခဲ့သည့် အချိန်တုန်းက တစ်ခုနှင့် တစ်စောင်ထဲ ဖြစ်နေသလိုပင်။သူ မျက်စိမှောက်တာဖြစ်လောက်ပေမည်။
"ရပ်စမ်း၊ လာခဲ့!"
အန်းကုန်းကုန်းသည် တံခါးဝသို့ ရောက်ရောက်ချင်းမှာ ကျောက်ဝမ်ယုံးဆီက
အခေါ်ခံလိုက်ရပြန်သည်။
သူ့မှာ ရှေ့တိုးရခက် နောက်ဆုတ်ရခက်ဖြစ်သွားပေမယ့် လက်ဖက်ရည်ပွဲကို သယ်လျက် ပြန်သွားလိုက်ရပြန်သည်။
ကျောက်ဝမ်ယုံးက တစ်ချက်ကြည့်လာပေမယ့် မျက်နှာသိပ်မကောင်းချေ။
"မင်း အဲ့ဒါတွေကို ချထားလိုက်"
"ဟုတ်ကဲ့"
အန်းကုန်းကုန်းက ရိုရိုသေသေဖြင့် ပစ္စည်းများကို ချလိုက်လေသည်။ ထို့နောက် တစ်ဖက်မှာရပ်လျက် အရှင်မင်းကြီးဆီက အမိန့်ကို စောင့်နေလိုက်သည်။
ကျောက်ဝမ်ယုံးကတော့ မျက်မှောင်ကျုံ့လျက် အတန်ကြာသည်အထိ စကားမပြောချေ။
လက်ဖက်ရည်တစ်ခွက်စာအချိန်ကုန်ဆုံးသွားသည်အထိ ဘာမိန့်ကြားချက်မှ မလာသေးသဖြင့် ကျောက်ဝမ်ယုံး အနောက်ဘက်ရှိ အန်းကုန်းကုန်းက ခိုးသမ်းလိုက်လေသည်။
ခဏလောက်ထပ်ကြာပြီးမှ ကျောက်ဝမ်ယုံးက သုန်မှုန်နေသည့် မျက်နှာထားဖြင့် ပြောလိုက်သည်။
"ခုနက မုချန်နန်းဆောင်ကလူ ဘာလာလုပ်တာလဲ"
အန်းကုန်းကုန်းက နိုးနိုးကြားကြားရှိမနေ
ပေမယ့် အမှန်အတိုင်း ပြောလိုက်သည်။
"သမားတော်က သခင်လေးကုကို ပန်းဥယျာဉ်ထဲ လမ်းလျှောက်ခိုင်းတယ်လို့ ပြောတယ်၊ သခင်လေးကုက သဘောတူလိုက်တယ်တဲ့"
ကျောက်ဝမ်ယုံးက သူ့ကို စူးစူးရဲရဲစိုက်ကြည့်လာလေသည်။ ကြည့်ရတာ ရက်စက်ကြမ်းကြုတ်လွန်းသည့်ပုံပေါ်သည်။ ထို့နောက် သူကအံကျိတ်ပြီး ပြောလိုက်သည်။
"ကိုယ်တော်သိတယ်"
အန်းကုန်းကုန်း၏ အိပ်ချင်နေစိတ်က ကြက်ပျောက်ငှက်ပျောက် ပျောက်သွားခဲ့လေသည်။ သူက ကမန်းကတန်း စိတ်ထဲမှာ လှည့်ပတ်တွေးလိုက်မှသာ ကျောက်ဝမ်ယုံး ဘာမေးနေလဲဆိုတာ နားလည်သွားသည်။
"ကြီးကြီးမားမား မထိခိုက်သွားပါဘူး"
ကျောက်ဝမ်ယုံး၏ မျက်နှာက အနည်းငယ် ကောင်းသွားပေမယ့် အန်းကုန်းကုန်းကဆက် မပြောဘဲ ရပ်လိုက်သဖြင့် သူက သည်းမခံနိုင်တော့သည့်အဆုံး ထပ်မေးလိုက်သည်။
"မရှိတော့ဘူးလား"
အန်းကုန်းကုန်းက တုန်တက်သွားသည်။
"ရှိတယ်! ရှိတယ်! ရှိတယ်! ရှိသေးတယ်!"
"သခင်လေး အခုတလော အိပ်မပျော်လို့ နန်းဆောင်ထဲမှာ အိပ်ပျော်အောင်ကူညီပေးတဲ့ အမွှေးနံသာ ထွန်းထားဖို့ သမားတော်ချန်က ပြောသေးတယ်"
ကျောက်ဝမ်ယုံးသည် အကင်းမပါးသော သူများကို သည်းညည်းမခံနိုင်ချေ။ သူက အန်းကုန်းကုန်း၏ ခေါင်းကို ခပ်ပြင်းပြင်း တီးထည့်လိုက်ပြီး ကြမ်းကြမ်းတမ်းတမ်း ပြောလိုက်သည်။
"ကိုယ်တော် မေးတာ အဲ့ဒါမဟုတ်ဘူး"
သည်လို အသေးအမွှားကိစ္စကို သူ့အား ဘာလို့ လာပြောပြနေသနည်း။ သူ ရှေ့ရက်ကတည်းက သိပြီးသားဖြစ်သည်။
အန်းကုန်းကုန်းသည် တစ်ချက် အတီးခံလိုက်ရတော့ စိတ်ထဲမှာ ဝမ်းနည်းသွားပြီး
ကျောက်ဝမ်ယုံးကို သနားကမားမျက်လုံးဖြင့် ကြည့်နေလိုက်သည်။
ဧကရာဇ်အရှင်က မျက်နှာထားတင်းတင်းဖြင့် မရဲတရဲ ပြောလာသည်။
"သူ ဘာပြောသေးလဲ"
အန်းကုန်းကုန်းသည် မိမိရရှိခဲ့သော သတင်းများကို စဉ်းစားကြည့်ပြီးနောက် မရှိဘူးဟုထင်မိသည်။ သို့ပေမယ့် ဧကရာဇ်အရှင်ကို သူမပြောရဲချေ။
အန်းကုန်းကုန်းက ပြုံးစိစိမျက်နှာဖြင့် အရှင်မင်းကြီးကို ကြည့်ပြီး အသေအလဲ မျက်နှာချိုသွေးတော့သည်။
"အရှင်မင်းကြီး...အဲ့ဒါက..."
"ကျွန်တော်မျိုး ပြောသံမကြားဘူး"
နောက်ဆုံး စကားကို အထူး သတိထား၍ ပြောလိုက်သည်။ ကျောက်ဝမ်ယုံး ကြားပြီးနောက် မျက်နှာက ပိုပြီး မဲမှောင်သွားလေသည်။
သူ့လက်ထဲက အစီရင်ခံစာကို လွှင့်ပစ်လိုက်ပြီး စိတ်ထဲက ဒေါသက လွှတ်ထုတ်စရာ နေရာမရှိ ဖြစ်သွားလေသည်။
အန်းကုန်းကုန်းက သူ့ကို သတိထား၍ တစ်ချက်ကြည့်လိုက်လေသည်။ ကျောက်ဝမ်ယုံးသည် မိမိက ကုထင်ရန်ကို ဒီလောက်ထိဂရုစိုက်ကြောင်း ရုတ်တရက် ခံစားမိလိုက်ပေမယ့် တစ်ဖက်လူက ထိုအချိုးချိုးသဖြင့် စိတ်ထဲမှာ ပိုပြီး ဒေါသထွက်သွားလေသည်။
ကိုယ်တိုင်က ကုထင်ရန်အတွက်နဲ့ ဒေါသထွက်နေရသည်ကိုလည်း ဝန်မခံချင်ပေ။ ဖုံးလေပေါ်လေဖြစ်နေသောကြောင့် တစ်ခွန်း ပြောလိုက်ရသည်။
"ဘယ်လိုခွေးမျိုးလဲဟ! ကိုယ်တော့်ဆီ သူပြောသမျှ အကုန် လျှောက်တင်ရမှာလေ"
အပြစ်မရှိသည့် လာရောက်လျှောက်တင်သော သူကို ဆဲထည့်လိုက်သည်။
ထို့နောက် ထပ်ပြောလိုက်သည်။
"မင်း အဲ့ဒီကလူတွေကို သေချာခစားခိုင်းလိုက်၊ ဘာကိစ္စပဲရှိရှိ ကိုယ်တော်အစား မင်းမေးထား"
အန်းကုန်းကုန်းက တိုးတိုးလေး အဖြေပြန်ပေးပြီးသည်နှင့် ကျောက်ဝမ်ယုံးဆီက မောင်းထုတ်ခံလိုက်ရသည်။
ကျောက်ဝမ်ယုံးက တစ်ယောက်ထဲ နန်းဆောင်ထဲမှာ ထိုင်နေပေမယ့် စိတ်ထဲမှာတော့ ယောက်ယက်ခက်နေသည်။ သူ သည်းမခံနိုင်တော့သဖြင့် ခေါက်တုံ့ ခေါက်ပြန်လမ်းလျှောက်လိုက်သည်။ သို့ပေမယ့် ဘယ်လိုပဲလုပ်လုပ် စိတ်ထဲမှာ တည်ငြိမ်မလာချေ။
မျက်စိကစားရင်း အနားက စာအုပ်စင်ကို မြင်မိလိုက်သည်။
သူ့စိတ်ထဲမှာ ရုတ်တရက် စကားတစ်ခွန်း ပေါ်လာသည်။
(အဲ့ဒီမှာ မုချန်နန်းဆောင်ဆီသွားလို့ရသည့် လျှို့ဝှက်လမ်းတစ်လမ်းရှိတယ်)
သေးငယ်လှသည့် ထိုခလုတ်က ဖြားယောင်းသွေးဆောင်နေသည့် မိစ္ဆာပမာ
ကျောက်ဝမ်ယုံးအား ၎င်းဆီ လှမ်းလာအောင် ဆွဲဆောင်နေလေသည်။
ကျောက်ဝမ်ယုံး၏ ခေါင်းထဲမှာ ရုတ်တရက် ဗလာကျင်းသွားပြီး သူက ထိုခလုတ်ကို ထိရင်း ကိုယ်ဘာသာကိုယ် တရစပ် ပြောနေလေသည်။
"ဘာမှမဖြစ်ဘူး၊ တကယ်ဘာမှမဖြစ်ဘူး၊ သူ အိပ်ပျော်နေမှာ သေချာတယ်၊ ငါတိတ်တိတ်ကလေးသွားရင် ဘယ်သူမှ သိမှာမဟုတ်ဘူး"
"ငါတစ်ချက်လောက်ပဲကြည့်မှာ၊ တစ်ချက်လောက်ပဲ၊ ကြည့်ပြီးတာနဲ့ ငါချက်ချင်းသွားမယ်"
ကျောက်ဝမ်ယုံးက ခလုတ်ကို တိတ်တိတ်ကလေး လှည့်လိုက်သည်နှင့် အနောက်ဘက်ရှိ လျှို့ဝှက်တံခါးက ချက်ချင်းပွင့်သွားလေသည်။ ကျောက်ဝမ်ယုံးက တံခါးဝသို့ ပြုံးလျက် လျှောက်သွားလိုက်ပေမယ့် အသံတစ်သံကြားလိုက်ရပြန်သည်။
ကုထင်ရန်၏ ညနေတုန်းက ပုံရိပ်က သူ့ခေါင်းထဲမှာ ရုတ်တရက် ပေါ်လာလေသည်။
သူ့ရဲ့ လက်မောင်းက သွေးများဖြင့် ရွှဲနေပေမယ့် သူ့ကို ပြုံးပြနေတုန်းပင်။
မြင်လိုက်ရတော့ သူ ကျောက်ဝမ်ယုံး၏ နှလုံးသားကို တစ်စုံတစ်ယောက်က နှိုက်ထုတ်နေသလို ခံစားမိလိုက်ရသည်။
သူ သေချာ ထပ်စဉ်းစားလိုက်သည်။ သည်နှစ်တွေမှာ ကုထင်ရန်၏ ဆန္ဒကို သူ လုံးဝ မဖြည့်ဆည်းပေးခဲ့သလိုပင်။
အစတုန်းက ကုထင်ရန်သည် သူ့အနားကထွက်သွားချင်ခဲ့သော်လည်း ကျောက်ဝမ်ယုံးက သဘောမတူခဲ့ချေ။ ကြာပွတ်စာကျွေးပြီး သူ့ကို အသံတိတ်အောင် လုပ်ခဲ့သဖြင့် နောက်ဆုံး၌ အရှုံးပေးသွားခဲ့လေသည်။
ထို့နောက် ကုထင်ရန်က ကလေးခေါ်ထားချင်ခဲ့သည်။ သူ့ ပါးစပ်ကနေတော့ ပေးမည်ဟု ပြောနေပေမယ့် တခြားအကြံအစည် ကြံနေခဲ့ပြန်သည်။
သူ့ဆန္ဒကို တစ်ခါမှ မဖြည့်ဆည်းပေးခဲ့ချေ။
အမြဲတမ်း သူ့ကို အခက်အခဲတွေကြားထဲမှာ တစ်ယောက်ထဲ ရုန်းကန်ခိုင်းခဲ့သည်။
သူ့ကို ကာကွယ်ချင်ပေးမည်၊ သူ့ကို ကူညီပေးမယ်ဟု ပြောနေပေမယ့် တစ်ခါမှ မလုပ်ခဲ့ချေ။
အတိတ်က ထိုမြင်ကွင်းများသည် သူ့မျက်စိရှေ့၌ တစ်ခုချင်းဆီ ပေါ်လာလေသည်။ ကျောက်ဝမ်ယုံးသည် မိမိ၏ ခြေထောက်ကပျော့ခွေသွားသလို ခံစားမိလိုက်ပြီး ခြေလှမ်း ထပ်မလှမ်းနိုင်တော့ချေ။
အခု ကုထင်ရန်က သူ့ကို မမြင်ချင်ပေ။ သူ့ကျန်းမာရေး မကောင်းသောကြောင့် အမွှေးနံသာထွန်းမှသာ အိပ်ပျော်သည်ဟု သမားတော်က ပြောသည်။ သည် မဆိုစလောက်ဆန္ဒလေးတစ်ခုကို ဖြည့်ဆည်းပေးသင့်ပါသည်။
ထို့အပြင် သူ့ကို လာမနှောက်ယှက်ဘူးဟု သူ ကတိပေးထားသည်။
ကုထင်ရန်၏ စိတ်ထဲတွင် များပြားလှသည့် ဒေါသများ၊ အမုန်းများ စုပြုံနေသဖြင့် အကယ်၍ နည်းနည်းလေးတောင် လွှတ်ထုတ်ခွင့်မပေးလျှင် သူရူးသွားလောက်ပေမည်။
နောက်ဆုံးမှာတော့ ကျောက်ဝမ်ယုံးသည် ခြေလှမ်းကို ပြန်ရုတ်လိုက်သည်။ တစ်ယောက်ထဲ အတွင်းနန်းဆောင်သို့ ပြန်သွားခဲ့ပြီး မအိပ်ဖြစ်တာကြာပြီဖြစ်သော နဂါးသလွန်ထက်၌ အိပ်လိုက်လေသည်။
ဘာစိတ်ကူးပေါက်လို့လည်း မသိချေ။
ကုထင်ရန်ကို မုချန်နန်းဆောင်သို့ ခေါ်လာခဲ့ သည့် ထိုနှစ်တုန်းက ကျောက်ဝမ်ယုံး သူ့အတွက် ပြင်ဆင်ပေးထားသည့် သလွန်သည် ထိုက်ကျီနန်းဆောင်ထဲက သလွန်နှင့် တစ်ပုံစံတည်းဖြစ်သည်။
အနှီကိစ္စက စည်းမျဉ်းနှင့်မကိုက်ညီသည့်ကိစ္စဖြစ်ပေမယ့် သူ့ကတော့ ပျော်ရွင်နေလေသည်။
နှစ်တွေကြာညောင်းသွားပေမယ့် ထိုသလွန်ကို တစ်ခါမှ မလဲခဲ့ဖူးချေ။
ထိုသလွန်ထက်မှာ သူအိပ်တိုင်း အမြဲ
ပျော်ရွင်မိသည်။
သို့ပေမယ့် ဒီနေ့တွင် တစ်ထပ်တည်းတူသော သလွန်ထက်မှာ သူလဲလှောင်းနေပေမယ့် အေးသလိုခံစားမိလာသည်။
ကျောက်ဝမ်ယုံးက မဖြစ်သင့်ဘူးဟု တွေးလိုက်သည်။ သူ့ ခန္ဓာကိုယ်က အမြဲတမ်း ကျန်းမာသန်စွမ်းပြီး မြောက်ပိုင်းဒေသရဲ့ ဆောင်းတွင်းမှာတောင် မီးလင်းဖို တစ်ခုလို ဖြစ်နေလေသည်။ အရင် ကုထင်ရန်၏ ခန္ဓာကိုယ်အေးတုန်းက အနွေးဓါတ်ရအောင် သန်းခေါင်ယံကြီးမှာ သူ့ခြေထောက်တွေကို ကျောက်ဝမ်ယုံး၏ ဝမ်းဗိုက်ပေါ် ခိုးတင်ပြီး သူ့အား ကြောင်ရိုင်းလေးတစ်ကောင်လို ပြုံးပြလိုက်သေးသည်။
အေးစက်စက်ခြေထောက်များကို သူ့ဝမ်းဗိုက်ပေါ်တင်ထားမယ့် သူက နွေးသည်ဟု ထင်မိလိုက်သေးသည်။ သူက ကျီးချင်း၏ ခြေထောက်လေးတွေကို ခပ်တင်းတင်း ဖက်ထားပေးလိုက်သည်။
သည်နေ့တွင် ထူထဲလှသည့် ဂွမ်းစောင်များ ခြုံထားပေမယ့် ဘာလို့ အေးနေရသနည်း။
တကယ့်ကို အံဩစရာကောင်းလှသည်။
သန်ဘက်ခါသည် နက္ခတဗေဒဌာနမှ ထိုလူကြီးမင်းပြောတဲ့အတိုင်း နေသာသော နေ့ဖြစ်နေလေသည်။
ကုထင်ရန်သည် အခြွေအရံများကို ခေါ်၍ တော်ဝင်ဥယျာဉ်သို့သွားလိုက်လေသည်။ သည်နေ့တွင် ထိုအစောင့်တစ်စုက သူ့ကို မတားကြချေ။ ကျောက်ဝမ်ယုံး မှာကြားထားလို့ ဖြစ်လောက်မည်။ ကုထင်ရန်က တစ်ချက်တောင် မကြည့်ဘဲ လူများကို ခေါ်၍ ထွက်သွားလိုက်တော့သည်။
လူကြီးမင်း ကျူးကောယွီက သည်နေ့တွင် ဘာလို့လဲမသိ ခွင့်ထပ်ယူပြန်သဖြင့်
ကျောက်ရှန့်ရှီးက အားလပ်ချိန်ရသွားခဲ့လေသည်။ သူက ဖေဖေ၏ လက်ကိုဆွဲ၍ ပြောလိုက်သည်။
"ဖေဖေ သားလည်း လိုက်ချင်တယ်"
အသံလေးက တိုးပေမယ့်မှာ အားငယ်သံ နည်းနည်း ကပ်ပါနေလေသည်။
ကုထင်ရန်က ပြုံးလျက် သူ့နှာခေါင်းကို ညှစ်ပြီး ပြောလိုက်သည်။
"ကောင်းပြီလေ၊ တူတူသွားရအောင်"
ကျောက်ရှန့်ရှီး၏ အပြုံးက ရုတ်ချည်း ပီပြင်လာခဲ့သည်။
သည်အချိန်အပိုင်းအခြားမှာ ရှီးအာလေး၏ အပြုံးမျက်နှာကို သိပ်မမြင်ခဲ့ရချေ။
ကုထင်ရန်မှာ မြင်တော့ နှာခေါင်းက စူးခနဲ ဖြစ်သွားလေသည်။
စိတ်ထဲက လှိမ့်တတ်လာသည့် ဝမ်းနည်းစိတ်ကို သည်းခံလိုက်ပြီး ပြုံးလျက် ရှီးအာလေး၏ လက်ကို ဆွဲ၍ တော်ဝင်ဥယျာဉ်သို့ သွားလိုက်သည်။
သည်နေ့က ဟိုနားဒီနားလမ်းလျှောက်ရုံပဲဖြစ်သည်။ ကုထင်ရန်က ရှီးအာလေးကို ခေါ်ပြီး မေဟွားဉယျာဉ်သို့ တိုက်ရိုက်သွားလိုက်လေသည်။ ဆောင်းဝင်ပြီဖြစ်သောကြောင့် မေဟွားဥယျာဉ်ရှိ မေဟွားပန်းများက ပွင့်လောက်တော့မည်ဖြစ်သည်။
ရောက်တော့မည့်အချိန်တွင် ကုထင်ရန်က အဝေးကနေ တစ်ချက် လှမ်းကြည့်လိုက် တော့ သစ်ပင်ထက်၌ ပန်းဖူးများ အများအပြား ရှိနေပြီဖြစ်သည်။
သူတို့က လူတစ်ပုံကို ခေါ်၍ ဝင်သွားလိုက် ပေမယ့် ပန်းပင်များကို ပြုစုယုယနေသည့် မိန်းမစိုးတစ်ယောက်နှင့် တိုးမိလေသည်။
ကုထင်ရန်၏ အကြည့်က ခက်ထန်သွားပြီး မေးလိုက်သည်။
"ခင်ဗျား ဒီမှာ ဘာလုပ်နေတာလဲ"
ထိုမိန်းမစိုးက ခေါင်းငုံထားသဖြင့် မျက်နှာကို သေချာမမြင်ရချေ။
"ကျွန်တော်မျိုးက ဥယျာဉ်တော်ကပါ၊ ဒီနေရာမှာ ပန်းပင်တွေကို ကြည့်ရူစောင့် ရှောက်နေတာပါ"
ကုထင်ရန်က ပြုံးပြီး ထပ်ပြောလိုက်သည်။
"အော်၊ အဲ့ဒါဆို ဆောင်းတွင်းဆိုတော့ ဥယျာဉ်ထဲမှာ ဘာပန်းတွေရှိလဲ၊ ငါ့နန်းဆောင်ထဲက ပန်းတွေက ကြည့်ရတာ သိပ်မလန်းသလိုပဲ၊ ငါလဲချင်လို့"
ထိုမိန်းမစိုးက ပြုံးလျက် အပြာရောင် ပန်းအိုးကို ယူထုတ်လာလေသည်။ ကုထင်ရန်လည်း ဘာပန်းမှန်းမသိချေ။ သို့ပေမယ့် အနှီပန်းက အလွန်အမင်း လှပစွာ ပွင့်လန်းနေသဖြင့် အနောက်က လူကို ပြောလိုက်သည်။
"ငါ့အခန်းထဲမှာ ထားဖို့ အဲ့ဒီပန်းကိုယူသွားလိုက်"
ဝမ်ကုန်းကုန်းက ချက်ချင်း ရှေ့တတ်လာပြီး ပန်းကို လူတစ်ယောက်အား ယူသွားခိုင်းလိုက်လေသည်။
ပြောပြီး ကုထင်ရန်က လူများကို ခေါ်၍ မေဟွားဥယျာဉ်ထဲ ဝင်သွားလိုက်သည်။ ထို မိန်းမစိုးက ခေါင်းငုံ့လျက် လူတစ်သီတစ်တန်းကြီး ထွက်သွားပြီးသည်အထိစောင့်ပြီးမှ ခေါင်းမော့၍ ပြုံးလိုက်သည်။
အပိုင္း(၄၂) ထြက္ေျပးျခင္း(ပထမပိုင္း)
မေန႔က သမားေတာ္ခ်န္ တစ္ေခါက္လာၾကည့္သည့္အခ်ိန္တြင္ အားလုံး စီစဥ္ၿပီးသေလာက္ျဖစ္ေၾကာင္း၊ ဧကရာဇ္အ႐ွင္ ႐ုတ္တရက္ႀကီး ေရာက္ခ်လာရင္ မိသြားမွာပဲ စိုးမိေၾကာင္း ကုထင္ရန္အားေျပာခဲ့သည္။
ကုထင္ရန္ အႏွီစကားကို ၾကားသည့္အခ်ိန္တြင္ မည္သည့္ အမူအရာမွ မျပေခ်။ သူက ေခါင္းငုံထားၿပီး ဂ႐ုမစိုက္ဟန္ျဖင့္ ေျပာလိုက္သည္။
"သိၿပီ၊ ငါ႐ွင္းလိုက္မယ္"
ထို႔ေနာက္ သည္ေန႔တြင္ သမားေတာ္ခ်န္အား ပြဲႀကီးပြဲေကာင္း ၾကည့္ခိုင္းလိုက္သည္။
သမားေတာ္ခ်န္က သူ႕ကို ၾကည့္ေနေပမယ့္ စိတ္ထဲမွာေတာ့ ရယ္ေနမိသည္။
"သခင္ေလးလိုလူက စိတ္ဝင္စားစရာေကာင္းသားပဲ"
ကုထင္ရန္က မ်က္ခုံးပင့္ၿပီး သူ႕ကို ၾကည့္လာေလသည္။ သမားေတာ္ခ်န္က ျပဳံးလ်က္ ဆက္ေျပာလိုက္သည္။
"ကိုယ့္ကိုယ္ကိုေတာ့ ထိခိုက္ေအာင္လုပ္ရဲတယ္၊ တျခားသူအေပၚမွာေတာ့ အဲ့ဒီလို သတၱိမ႐ွိဘူး"
ကုထင္ရန္က ေနာက္လက္တစ္ဖက္ျဖင့္ လက္ဖက္ရည္ခြက္ကို ယူၿပီး တစ္ငုံ ျမည္းစမ္းလိုက္သည္။
"မင္းလည္း အဲ့ဒီလိုပဲမဟုတ္ဘူးလား"
သမားေတာ္ခ်န္က တစ္ခ်က္ ေတာင့္တင္းသြားသည္။ ထို႔ေနာက္ မခ်ိျပဳံး ျပဳံးျပလိုက္သည္။
"ဟုတ္ပါတယ္၊ သခင္ေလးေျပာတာမွန္တယ္"
ကုထင္ရန္က သူ႕ႏွလုံးသားထက္သို႔ ဓါးျဖင့္ တစ္ခ်က္ထိုးလိုက္ေသာေၾကာင့္ သမားေတာ္ခ်န္က စကားစျမည္ေျပာခ်င္စိတ္မ႐ွိေတာ့မွာ ေသခ်ာပါသည္။ အခန္းထဲတြင္ တိတ္ဆိတ္က်သြားၿပီး ငွက္သံေလးမ်ား တခါတရံ ထြက္ေပၚလာသည္။
သိပ္မၾကာခင္မွာ သမားေတာ္ခ်န္က ေဆးလိမ္းၿပီးသြားၿပီျဖစ္သျဖင့္ ပတ္တီးထူထူ စည္းေပးလိုက္သည္။ ကုထင္ရန္က စကားမေျပာေသးေပမယ့္ စိတ္ေက်နပ္သည့္ အျပဳံး အရင္ျပဳံးျပလာခဲ့သည္။
ထြက္သြားေတာ့မည့္အခ်ိန္တြင္ သမားေတာ္ခ်န္က တိုးတိုးေလး ေျပာလိုက္သည္။
"သခင္ေလး ဒီရက္ပိုင္းမွာ ေကာင္းေကာင္း အနားယူပါ၊ လက္ေမာင္းကို ေရမစိုေအာင္ သတိထားေပးပါ"
"ဒီလိုမွာထားရေပမယ့္ လႈပ္လႈပ္႐ွား႐ွားမေနခိုင္းတာေတာ့ မဟုတ္ပါဘူး၊ ကြၽန္ေတာ္မ်ိဳး မေန႔က နကၡတေဗဒပညာ႐ွင္ေတြ ေျပာတာ ၾကားခဲ့တယ္၊ သန္ဘက္ခါက ရာသီဥတုသာယာမယ့္ ေန႔တဲ့၊ စိတ္ေျပလက္ေပ်ာက္ျဖစ္သြားေအာင္ ဥယ်ာဥ္ထဲမွာ သခင္ေလး လမ္းေလွ်ာက္လို႔ရတယ္"
ကုထင္ရန္က သူ႕ကို မ်က္လုံးလွန္ၾကည့္လိုက္ေတာ့ သမားေတာ္ခ်န္က စိတ္ရင္းျဖင့္ျပဳံးျပေနသည္ကို ျမင္လိုက္ရသည္။ ကုထင္ရန္၏ စိတ္ထဲမွာ အၾကံအစည္တစ္ခ်ိဳ႕႐ွိေနေပမယ့္ ၾကဳံေတာင့္ၾကဳံခဲ ျပန္ျပဳံးျပလိုက္မိသည္။
"ဟုတ္ပါၿပီ၊ သမားေတာ္ခ်န္ေျပာတာ နားေထာင္ပါ့မယ္"
သမားေတာ္ခ်န္က ႐ို႐ိုေသေသျဖင့္ ထြက္သြားလိုက္သည္။ ကုေကြ႕ကြၽင္း သန္ဘက္ခါ ဥယ်ာဥ္ထဲ လမ္းေလွ်ာက္မည့္သတင္းကို တစ္စုံတစ္ေယာက္က ဧကရာဇ္အ႐ွင္ထံ သံေတာ္ဦးသြားတင္မွာ ေသခ်ာပါသည္။
ယေန႔ညတြင္ မိန္းမစိုးေလးတစ္ဦးသည္
မုခ်န္နန္းေဆာင္ထဲမွ တိတ္တဆိတ္ထြက္သြားၿပီး ထိုက္က်ီနန္းေဆာင္မွ မိန္းမစိုးခ်ဳပ္ အန္းကုန္းကုန္းကို သြားေတြ႕ေလသည္။ သမားေတာ္ခ်န္ မွာၾကားသြားသည့္ စကားမ်ားကို ခေရေစ့တြင္းက် ေျပာျပလိုက္သည္။
အန္းကုန္းကုန္းသည္ နန္းေဆာင္ထဲတြင္ မီးေလးထြန္းၿပီး အစီရင္ခံစာမ်ားကို မွတ္ခ်က္ခ်ေနေသးသည့္ အ႐ွင္မင္းႀကီးကို ေတြးမိလိုက္ေတာ့ အနည္းငယ္ စိတ္ညစ္သြားေလသည္။
သူက လူကို ျပန္လႊတ္လိုက္ၿပီး မၾကာေသးမီက ျပင္ဆင္ထားသည့္ လက္ဖက္ရည္ပြဲကို သယ္၍ နန္းေဆာင္ထဲ ဝင္သြားလိုက္သည္။
"အ႐ွင္မင္းႀကီး၊ ညေနက ဘာမွမသုံးေဆာင္ထားေတာ့ က်န္းမာေရးထိခိုက္ စိုးမိတယ္၊ စားေတာ္ကဲေလးက ခုေလးတင္ အ႐ွင္မင္းႀကီးအတြက္ ျပင္ဆင္ေပးထားတာ နည္းနည္းေလာက္ သုံးေဆာင္လိုက္ပါလား"
ေက်ာက္ဝမ္ယုံးက ေခါင္းေတာင္ ေမာ့မၾကည့္ေခ်။
"ျပန္ယူသြား"
"ဟုတ္ကဲ့"
အန္းကုန္းကုန္းက တစ္ခ်က္ ၾကည့္လိုက္သည္။ ထိုအစီရင္ခံစာက လြန္ခဲ့တဲ့ တစ္နာရီ၌ သူဝင္လာခဲ့သည့္ အခ်ိန္တုန္းက တစ္ခုႏွင့္ တစ္ေစာင္ထဲ ျဖစ္ေနသလိုပင္။သူ မ်က္စိေမွာက္တာျဖစ္ေလာက္ေပမည္။
"ရပ္စမ္း၊ လာခဲ့!"
အန္းကုန္းကုန္းသည္ တံခါးဝသို႔ ေရာက္ေရာက္ခ်င္းမွာ ေက်ာက္ဝမ္ယုံးဆီက
အေခၚခံလိုက္ရျပန္သည္။
သူ႕မွာ ေ႐ွ႕တိုးရခက္ ေနာက္ဆုတ္ရခက္ျဖစ္သြားေပမယ့္ လက္ဖက္ရည္ပြဲကို သယ္လ်က္ ျပန္သြားလိုက္ရျပန္သည္။
ေက်ာက္ဝမ္ယုံးက တစ္ခ်က္ၾကည့္လာေပမယ့္ မ်က္ႏွာသိပ္မေကာင္းေခ်။
"မင္း အဲ့ဒါေတြကို ခ်ထားလိုက္"
"ဟုတ္ကဲ့"
အန္းကုန္းကုန္းက ႐ို႐ိုေသေသျဖင့္ ပစၥည္းမ်ားကို ခ်လိုက္ေလသည္။ ထို႔ေနာက္ တစ္ဖက္မွာရပ္လ်က္ အ႐ွင္မင္းႀကီးဆီက အမိန္႔ကို ေစာင့္ေနလိုက္သည္။
ေက်ာက္ဝမ္ယုံးကေတာ့ မ်က္ေမွာင္က်ံဳ႕လ်က္ အတန္ၾကာသည္အထိ စကားမေျပာေခ်။
လက္ဖက္ရည္တစ္ခြက္စာအခ်ိန္ကုန္ဆုံးသြားသည္အထိ ဘာမိန္႔ၾကားခ်က္မွ မလာေသးသျဖင့္ ေက်ာက္ဝမ္ယုံး အေနာက္ဘက္႐ွိ အန္းကုန္းကုန္းက ခိုးသမ္းလိုက္ေလသည္။
ခဏေလာက္ထပ္ၾကာၿပီးမွ ေက်ာက္ဝမ္ယုံးက သုန္မႈန္ေနသည့္ မ်က္ႏွာထားျဖင့္ ေျပာလိုက္သည္။
"ခုနက မုခ်န္နန္းေဆာင္ကလူ ဘာလာလုပ္တာလဲ"
အန္းကုန္းကုန္းက ႏိုးႏိုးၾကားၾကား႐ွိမေန
ေပမယ့္ အမွန္အတိုင္း ေျပာလိုက္သည္။
"သမားေတာ္က သခင္ေလးကုကို ပန္းဥယ်ာဥ္ထဲ လမ္းေလွ်ာက္ခိုင္းတယ္လို႔ ေျပာတယ္၊ သခင္ေလးကုက သေဘာတူလိုက္တယ္တဲ့"
ေက်ာက္ဝမ္ယုံးက သူ႕ကို စူးစူးရဲရဲစိုက္ၾကည့္လာေလသည္။ ၾကည့္ရတာ ရက္စက္ၾကမ္းၾကဳတ္လြန္းသည့္ပုံေပၚသည္။ ထို႔ေနာက္ သူကအံက်ိတ္ၿပီး ေျပာလိုက္သည္။
"ကိုယ္ေတာ္သိတယ္"
အန္းကုန္းကုန္း၏ အိပ္ခ်င္ေနစိတ္က ၾကက္ေပ်ာက္ငွက္ေပ်ာက္ ေပ်ာက္သြားခဲ့ေလသည္။ သူက ကမန္းကတန္း စိတ္ထဲမွာ လွည့္ပတ္ေတြးလိုက္မွသာ ေက်ာက္ဝမ္ယုံး ဘာေမးေနလဲဆိုတာ နားလည္သြားသည္။
"ႀကီးႀကီးမားမား မထိခိုက္သြားပါဘူး"
ေက်ာက္ဝမ္ယုံး၏ မ်က္ႏွာက အနည္းငယ္ ေကာင္းသြားေပမယ့္ အန္းကုန္းကုန္းကဆက္ မေျပာဘဲ ရပ္လိုက္သျဖင့္ သူက သည္းမခံႏိုင္ေတာ့သည့္အဆုံး ထပ္ေမးလိုက္သည္။
"မ႐ွိေတာ့ဘူးလား"
အန္းကုန္းကုန္းက တုန္တက္သြားသည္။
"႐ွိတယ္! ႐ွိတယ္! ႐ွိတယ္! ႐ွိေသးတယ္!"
"သခင္ေလး အခုတေလာ အိပ္မေပ်ာ္လို႔ နန္းေဆာင္ထဲမွာ အိပ္ေပ်ာ္ေအာင္ကူညီေပးတဲ့ အေမႊးနံသာ ထြန္းထားဖို႔ သမားေတာ္ခ်န္က ေျပာေသးတယ္"
ေက်ာက္ဝမ္ယုံးသည္ အကင္းမပါးေသာ သူမ်ားကို သည္းညည္းမခံႏိုင္ေခ်။ သူက အန္းကုန္းကုန္း၏ ေခါင္းကို ခပ္ျပင္းျပင္း တီးထည့္လိုက္ၿပီး ၾကမ္းၾကမ္းတမ္းတမ္း ေျပာလိုက္သည္။
"ကိုယ္ေတာ္ ေမးတာ အဲ့ဒါမဟုတ္ဘူး"
သည္လို အေသးအမႊားကိစၥကို သူ႕အား ဘာလို႔ လာေျပာျပေနသနည္း။ သူ ေ႐ွ႕ရက္ကတည္းက သိၿပီးသားျဖစ္သည္။
အန္းကုန္းကုန္းသည္ တစ္ခ်က္ အတီးခံလိုက္ရေတာ့ စိတ္ထဲမွာ ဝမ္းနည္းသြားၿပီး
ေက်ာက္ဝမ္ယုံးကို သနားကမားမ်က္လုံးျဖင့္ ၾကည့္ေနလိုက္သည္။
ဧကရာဇ္အ႐ွင္က မ်က္ႏွာထားတင္းတင္းျဖင့္ မရဲတရဲ ေျပာလာသည္။
"သူ ဘာေျပာေသးလဲ"
အန္းကုန္းကုန္းသည္ မိမိရ႐ွိခဲ့ေသာ သတင္းမ်ားကို စဥ္းစားၾကည့္ၿပီးေနာက္ မ႐ွိဘူးဟုထင္မိသည္။ သို႔ေပမယ့္ ဧကရာဇ္အ႐ွင္ကို သူမေျပာရဲေခ်။
အန္းကုန္းကုန္းက ျပဳံးစိစိမ်က္ႏွာျဖင့္ အ႐ွင္မင္းႀကီးကို ၾကည့္ၿပီး အေသအလဲ မ်က္ႏွာခ်ိဳေသြးေတာ့သည္။
"အ႐ွင္မင္းႀကီး...အဲ့ဒါက..."
"ကြၽန္ေတာ္မ်ိဳး ေျပာသံမၾကားဘူး"
ေနာက္ဆုံး စကားကို အထူး သတိထား၍ ေျပာလိုက္သည္။ ေက်ာက္ဝမ္ယုံး ၾကားၿပီးေနာက္ မ်က္ႏွာက ပိုၿပီး မဲေမွာင္သြားေလသည္။
သူ႕လက္ထဲက အစီရင္ခံစာကို လႊင့္ပစ္လိုက္ၿပီး စိတ္ထဲက ေဒါသက လႊတ္ထုတ္စရာ ေနရာမ႐ွိ ျဖစ္သြားေလသည္။
အန္းကုန္းကုန္းက သူ႕ကို သတိထား၍ တစ္ခ်က္ၾကည့္လိုက္ေလသည္။ ေက်ာက္ဝမ္ယုံးသည္ မိမိက ကုထင္ရန္ကို ဒီေလာက္ထိဂ႐ုစိုက္ေၾကာင္း ႐ုတ္တရက္ ခံစားမိလိုက္ေပမယ့္ တစ္ဖက္လူက ထိုအခ်ိဳးခ်ိဳးသျဖင့္ စိတ္ထဲမွာ ပိုၿပီး ေဒါသထြက္သြားေလသည္။
ကိုယ္တိုင္က ကုထင္ရန္အတြက္နဲ႔ ေဒါသထြက္ေနရသည္ကိုလည္း ဝန္မခံခ်င္ေပ။ ဖုံးေလေပၚေလျဖစ္ေနေသာေၾကာင့္ တစ္ခြန္း ေျပာလိုက္ရသည္။
"ဘယ္လိုေခြးမ်ိဳးလဲဟ! ကိုယ္ေတာ့္ဆီ သူေျပာသမွ် အကုန္ ေလွ်ာက္တင္ရမွာေလ"
အျပစ္မ႐ွိသည့္ လာေရာက္ေလွ်ာက္တင္ေသာ သူကို ဆဲထည့္လိုက္သည္။
ထို႔ေနာက္ ထပ္ေျပာလိုက္သည္။
"မင္း အဲ့ဒီကလူေတြကို ေသခ်ာခစားခိုင္းလိုက္၊ ဘာကိစၥပဲ႐ွိ႐ွိ ကိုယ္ေတာ္အစား မင္းေမးထား"
အန္းကုန္းကုန္းက တိုးတိုးေလး အေျဖျပန္ေပးၿပီးသည္ႏွင့္ ေက်ာက္ဝမ္ယုံးဆီက ေမာင္းထုတ္ခံလိုက္ရသည္။
ေက်ာက္ဝမ္ယုံးက တစ္ေယာက္ထဲ နန္းေဆာင္ထဲမွာ ထိုင္ေနေပမယ့္ စိတ္ထဲမွာေတာ့ ေယာက္ယက္ခက္ေနသည္။ သူ သည္းမခံႏိုင္ေတာ့သျဖင့္ ေခါက္တုံ႔ ေခါက္ျပန္လမ္းေလွ်ာက္လိုက္သည္။ သို႔ေပမယ့္ ဘယ္လိုပဲလုပ္လုပ္ စိတ္ထဲမွာ တည္ၿငိမ္မလာေခ်။
မ်က္စိကစားရင္း အနားက စာအုပ္စင္ကို ျမင္မိလိုက္သည္။
သူ႕စိတ္ထဲမွာ ႐ုတ္တရက္ စကားတစ္ခြန္း ေပၚလာသည္။
(အဲ့ဒီမွာ မုခ်န္နန္းေဆာင္ဆီသြားလို႔ရသည့္ လွ်ိဳ႕ဝွက္လမ္းတစ္လမ္း႐ွိတယ္)
ေသးငယ္လွသည့္ ထိုခလုတ္က ျဖားေယာင္းေသြးေဆာင္ေနသည့္ မိစၧာပမာ
ေက်ာက္ဝမ္ယုံးအား ၎ဆီ လွမ္းလာေအာင္ ဆြဲေဆာင္ေနေလသည္။
ေက်ာက္ဝမ္ယုံး၏ ေခါင္းထဲမွာ ႐ုတ္တရက္ ဗလာက်င္းသြားၿပီး သူက ထိုခလုတ္ကို ထိရင္း ကိုယ္ဘာသာကိုယ္ တရစပ္ ေျပာေနေလသည္။
"ဘာမွမျဖစ္ဘူး၊ တကယ္ဘာမွမျဖစ္ဘူး၊ သူ အိပ္ေပ်ာ္ေနမွာ ေသခ်ာတယ္၊ ငါတိတ္တိတ္ကေလးသြားရင္ ဘယ္သူမွ သိမွာမဟုတ္ဘူး"
"ငါတစ္ခ်က္ေလာက္ပဲၾကည့္မွာ၊ တစ္ခ်က္ေလာက္ပဲ၊ ၾကည့္ၿပီးတာနဲ႔ ငါခ်က္ခ်င္းသြားမယ္"
ေက်ာက္ဝမ္ယုံးက ခလုတ္ကို တိတ္တိတ္ကေလး လွည့္လိုက္သည္ႏွင့္ အေနာက္ဘက္႐ွိ လွ်ိဳ႕ဝွက္တံခါးက ခ်က္ခ်င္းပြင့္သြားေလသည္။ ေက်ာက္ဝမ္ယုံးက တံခါးဝသို႔ ျပဳံးလ်က္ ေလွ်ာက္သြားလိုက္ေပမယ့္ အသံတစ္သံၾကားလိုက္ရျပန္သည္။
ကုထင္ရန္၏ ညေနတုန္းက ပုံရိပ္က သူ႕ေခါင္းထဲမွာ ႐ုတ္တရက္ ေပၚလာေလသည္။
သူ႕ရဲ႕ လက္ေမာင္းက ေသြးမ်ားျဖင့္ ႐ႊဲေနေပမယ့္ သူ႕ကို ျပဳံးျပေနတုန္းပင္။
ျမင္လိုက္ရေတာ့ သူ ေက်ာက္ဝမ္ယုံး၏ ႏွလုံးသားကို တစ္စုံတစ္ေယာက္က ႏိႈက္ထုတ္ေနသလို ခံစားမိလိုက္ရသည္။
သူ ေသခ်ာ ထပ္စဥ္းစားလိုက္သည္။ သည္ႏွစ္ေတြမွာ ကုထင္ရန္၏ ဆႏၵကို သူ လုံးဝ မျဖည့္ဆည္းေပးခဲ့သလိုပင္။
အစတုန္းက ကုထင္ရန္သည္ သူ႕အနားကထြက္သြားခ်င္ခဲ့ေသာ္လည္း ေက်ာက္ဝမ္ယုံးက သေဘာမတူခဲ့ေခ်။ ၾကာပြတ္စာေကြၽးၿပီး သူ႕ကို အသံတိတ္ေအာင္ လုပ္ခဲ့သျဖင့္ ေနာက္ဆုံး၌ အ႐ႈံးေပးသြားခဲ့ေလသည္။
ထို႔ေနာက္ ကုထင္ရန္က ကေလးေခၚထားခ်င္ခဲ့သည္။ သူ႕ ပါးစပ္ကေနေတာ့ ေပးမည္ဟု ေျပာေနေပမယ့္ တျခားအၾကံအစည္ ၾကံေနခဲ့ျပန္သည္။
သူ႕ဆႏၵကို တစ္ခါမွ မျဖည့္ဆည္းေပးခဲ့ေခ်။
အၿမဲတမ္း သူ႕ကို အခက္အခဲေတြၾကားထဲမွာ တစ္ေယာက္ထဲ ႐ုန္းကန္ခိုင္းခဲ့သည္။
သူ႕ကို ကာကြယ္ခ်င္ေပးမည္၊ သူ႕ကို ကူညီေပးမယ္ဟု ေျပာေနေပမယ့္ တစ္ခါမွ မလုပ္ခဲ့ေခ်။
အတိတ္က ထိုျမင္ကြင္းမ်ားသည္ သူ႕မ်က္စိေ႐ွ႕၌ တစ္ခုခ်င္းဆီ ေပၚလာေလသည္။ ေက်ာက္ဝမ္ယုံးသည္ မိမိ၏ ေျခေထာက္ကေပ်ာ့ေခြသြားသလို ခံစားမိလိုက္ၿပီး ေျခလွမ္း ထပ္မလွမ္းႏိုင္ေတာ့ေခ်။
အခု ကုထင္ရန္က သူ႕ကို မျမင္ခ်င္ေပ။ သူ႕က်န္းမာေရး မေကာင္းေသာေၾကာင့္ အေမႊးနံသာထြန္းမွသာ အိပ္ေပ်ာ္သည္ဟု သမားေတာ္က ေျပာသည္။ သည္ မဆိုစေလာက္ဆႏၵေလးတစ္ခုကို ျဖည့္ဆည္းေပးသင့္ပါသည္။
ထို႔အျပင္ သူ႕ကို လာမေႏွာက္ယွက္ဘူးဟု သူ ကတိေပးထားသည္။
ကုထင္ရန္၏ စိတ္ထဲတြင္ မ်ားျပားလွသည့္ ေဒါသမ်ား၊ အမုန္းမ်ား စုျပဳံေနသျဖင့္ အကယ္၍ နည္းနည္းေလးေတာင္ လႊတ္ထုတ္ခြင့္မေပးလွ်င္ သူ႐ူးသြားေလာက္ေပမည္။
ေနာက္ဆုံးမွာေတာ့ ေက်ာက္ဝမ္ယုံးသည္ ေျခလွမ္းကို ျပန္႐ုတ္လိုက္သည္။ တစ္ေယာက္ထဲ အတြင္းနန္းေဆာင္သို႔ ျပန္သြားခဲ့ၿပီး မအိပ္ျဖစ္တာၾကာၿပီျဖစ္ေသာ နဂါးသလြန္ထက္၌ အိပ္လိုက္ေလသည္။
ဘာစိတ္ကူးေပါက္လို႔လည္း မသိေခ်။
ကုထင္ရန္ကို မုခ်န္နန္းေဆာင္သို႔ ေခၚလာခဲ့ သည့္ ထိုႏွစ္တုန္းက ေက်ာက္ဝမ္ယုံး သူ႕အတြက္ ျပင္ဆင္ေပးထားသည့္ သလြန္သည္ ထိုက္က်ီနန္းေဆာင္ထဲက သလြန္ႏွင့္ တစ္ပုံစံတည္းျဖစ္သည္။
အႏွီကိစၥက စည္းမ်ဥ္းႏွင့္မကိုက္ညီသည့္ကိစၥျဖစ္ေပမယ့္ သူ႕ကေတာ့ ေပ်ာ္႐ြင္ေနေလသည္။
ႏွစ္ေတြၾကာေညာင္းသြားေပမယ့္ ထိုသလြန္ကို တစ္ခါမွ မလဲခဲ့ဖူးေခ်။
ထိုသလြန္ထက္မွာ သူအိပ္တိုင္း အၿမဲ
ေပ်ာ္႐ြင္မိသည္။
သို႔ေပမယ့္ ဒီေန႔တြင္ တစ္ထပ္တည္းတူေသာ သလြန္ထက္မွာ သူလဲေလွာင္းေနေပမယ့္ ေအးသလိုခံစားမိလာသည္။
ေက်ာက္ဝမ္ယုံးက မျဖစ္သင့္ဘူးဟု ေတြးလိုက္သည္။ သူ႕ ခႏၶာကိုယ္က အၿမဲတမ္း က်န္းမာသန္စြမ္းၿပီး ေျမာက္ပိုင္းေဒသရဲ႕ ေဆာင္းတြင္းမွာေတာင္ မီးလင္းဖို တစ္ခုလို ျဖစ္ေနေလသည္။ အရင္ ကုထင္ရန္၏ ခႏၶာကိုယ္ေအးတုန္းက အေႏြးဓါတ္ရေအာင္ သန္းေခါင္ယံႀကီးမွာ သူ႕ေျခေထာက္ေတြကို ေက်ာက္ဝမ္ယုံး၏ ဝမ္းဗိုက္ေပၚ ခိုးတင္ၿပီး သူ႕အား ေၾကာင္႐ိုင္းေလးတစ္ေကာင္လို ျပဳံးျပလိုက္ေသးသည္။
ေအးစက္စက္ေျခေထာက္မ်ားကို သူ႕ဝမ္းဗိုက္ေပၚတင္ထားမယ့္ သူက ေႏြးသည္ဟု ထင္မိလိုက္ေသးသည္။ သူက က်ီးခ်င္း၏ ေျခေထာက္ေလးေတြကို ခပ္တင္းတင္း ဖက္ထားေပးလိုက္သည္။
သည္ေန႔တြင္ ထူထဲလွသည့္ ဂြမ္းေစာင္မ်ား ျခဳံထားေပမယ့္ ဘာလို႔ ေအးေနရသနည္း။
တကယ့္ကို အံဩစရာေကာင္းလွသည္။
သန္ဘက္ခါသည္ နကၡတေဗဒဌာနမွ ထိုလူႀကီးမင္းေျပာတဲ့အတိုင္း ေနသာေသာ ေန႔ျဖစ္ေနေလသည္။
ကုထင္ရန္သည္ အေႁခြအရံမ်ားကို ေခၚ၍ ေတာ္ဝင္ဥယ်ာဥ္သို႔သြားလိုက္ေလသည္။ သည္ေန႔တြင္ ထိုအေစာင့္တစ္စုက သူ႕ကို မတားၾကေခ်။ ေက်ာက္ဝမ္ယုံး မွာၾကားထားလို႔ ျဖစ္ေလာက္မည္။ ကုထင္ရန္က တစ္ခ်က္ေတာင္ မၾကည့္ဘဲ လူမ်ားကို ေခၚ၍ ထြက္သြားလိုက္ေတာ့သည္။
လူႀကီးမင္း က်ဴးေကာယြီက သည္ေန႔တြင္ ဘာလို႔လဲမသိ ခြင့္ထပ္ယူျပန္သျဖင့္
ေက်ာက္႐ွန္႔႐ွီးက အားလပ္ခ်ိန္ရသြားခဲ့ေလသည္။ သူက ေဖေဖ၏ လက္ကိုဆြဲ၍ ေျပာလိုက္သည္။
"ေဖေဖ သားလည္း လိုက္ခ်င္တယ္"
အသံေလးက တိုးေပမယ့္မွာ အားငယ္သံ နည္းနည္း ကပ္ပါေနေလသည္။
ကုထင္ရန္က ျပဳံးလ်က္ သူ႕ႏွာေခါင္းကို ညႇစ္ၿပီး ေျပာလိုက္သည္။
"ေကာင္းၿပီေလ၊ တူတူသြားရေအာင္"
ေက်ာက္႐ွန္႔႐ွီး၏ အျပဳံးက ႐ုတ္ခ်ည္း ပီျပင္လာခဲ့သည္။
သည္အခ်ိန္အပိုင္းအျခားမွာ ႐ွီးအာေလး၏ အျပဳံးမ်က္ႏွာကို သိပ္မျမင္ခဲ့ရေခ်။
ကုထင္ရန္မွာ ျမင္ေတာ့ ႏွာေခါင္းက စူးခနဲ ျဖစ္သြားေလသည္။
စိတ္ထဲက လွိမ့္တတ္လာသည့္ ဝမ္းနည္းစိတ္ကို သည္းခံလိုက္ၿပီး ျပဳံးလ်က္ ႐ွီးအာေလး၏ လက္ကို ဆြဲ၍ ေတာ္ဝင္ဥယ်ာဥ္သို႔ သြားလိုက္သည္။
သည္ေန႔က ဟိုနားဒီနားလမ္းေလွ်ာက္႐ုံပဲျဖစ္သည္။ ကုထင္ရန္က ႐ွီးအာေလးကို ေခၚၿပီး ေမဟြားဉယ်ာဥ္သို႔ တိုက္႐ိုက္သြားလိုက္ေလသည္။ ေဆာင္းဝင္ၿပီျဖစ္ေသာေၾကာင့္ ေမဟြားဥယ်ာဥ္႐ွိ ေမဟြားပန္းမ်ားက ပြင့္ေလာက္ေတာ့မည္ျဖစ္သည္။
ေရာက္ေတာ့မည့္အခ်ိန္တြင္ ကုထင္ရန္က အေဝးကေန တစ္ခ်က္ လွမ္းၾကည့္လိုက္ ေတာ့ သစ္ပင္ထက္၌ ပန္းဖူးမ်ား အမ်ားအျပား ႐ွိေနၿပီျဖစ္သည္။
သူတို႔က လူတစ္ပုံကို ေခၚ၍ ဝင္သြားလိုက္ ေပမယ့္ ပန္းပင္မ်ားကို ျပဳစုယုယေနသည့္ မိန္းမစိုးတစ္ေယာက္ႏွင့္ တိုးမိေလသည္။
ကုထင္ရန္၏ အၾကည့္က ခက္ထန္သြားၿပီး ေမးလိုက္သည္။
"ခင္ဗ်ား ဒီမွာ ဘာလုပ္ေနတာလဲ"
ထိုမိန္းမစိုးက ေခါင္းငုံထားသျဖင့္ မ်က္ႏွာကို ေသခ်ာမျမင္ရေခ်။
"ကြၽန္ေတာ္မ်ိဳးက ဥယ်ာဥ္ေတာ္ကပါ၊ ဒီေနရာမွာ ပန္းပင္ေတြကို ၾကည့္႐ူေစာင့္ ေ႐ွာက္ေနတာပါ"
ကုထင္ရန္က ျပဳံးၿပီး ထပ္ေျပာလိုက္သည္။
"ေအာ္၊ အဲ့ဒါဆို ေဆာင္းတြင္းဆိုေတာ့ ဥယ်ာဥ္ထဲမွာ ဘာပန္းေတြ႐ွိလဲ၊ ငါ့နန္းေဆာင္ထဲက ပန္းေတြက ၾကည့္ရတာ သိပ္မလန္းသလိုပဲ၊ ငါလဲခ်င္လို႔"
ထိုမိန္းမစိုးက ျပဳံးလ်က္ အျပာေရာင္ ပန္းအိုးကို ယူထုတ္လာေလသည္။ ကုထင္ရန္လည္း ဘာပန္းမွန္းမသိေခ်။ သို႔ေပမယ့္ အႏွီပန္းက အလြန္အမင္း လွပစြာ ပြင့္လန္းေနသျဖင့္ အေနာက္က လူကို ေျပာလိုက္သည္။
"ငါ့အခန္းထဲမွာ ထားဖို႔ အဲ့ဒီပန္းကိုယူသြားလိုက္"
ဝမ္ကုန္းကုန္းက ခ်က္ခ်င္း ေ႐ွ႕တတ္လာၿပီး ပန္းကို လူတစ္ေယာက္အား ယူသြားခိုင္းလိုက္ေလသည္။
ေျပာၿပီး ကုထင္ရန္က လူမ်ားကို ေခၚ၍ ေမဟြားဥယ်ာဥ္ထဲ ဝင္သြားလိုက္သည္။ ထို မိန္းမစိုးက ေခါင္းငုံ႔လ်က္ လူတစ္သီတစ္တန္းႀကီး ထြက္သြားၿပီးသည္အထိေစာင့္ၿပီးမွ ေခါင္းေမာ့၍ ျပဳံးလိုက္သည္။